တပ်သားလေး ဖိုးထောင် 🇲🇲🪖
Kanalga Telegram’da o‘tish
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
Ko'proq ko'rsatish8 218
Obunachilar
-324 soatlar
-337 kunlar
-15530 kunlar
Postlar arxiv
ဖြစ်လာမှာ သေချာပါတယ်။ ခေါင်းဆောင်တွေလဲ လာအခြေစိုက်ကြလိမ့်မယ်။
အင်းစိန်ထောင်ထဲမှာ
တပ်သားလေးဖိုးထောင်
Repost from Nay Zin Latt
.
☯️
( ဇလန်စကီး ပြောတဲ့အတိုင်းလုပ်သွားပြီ )
မော်စကို ကိုအဓိကပစ်မှတ်ထားပြီး ဇလန်စကီးက ဒရုန်းအုပ်စုနဲ့ တိုက်ခိုက်ခဲ့တာ ထိခိုက်မှုအတော်ရှိခဲ့တယ်၊
တန်ဘိုးနည်း ဒရုန်းတွေအုပ်စုလိုက် ပျံသန်းလာတဲ့ စစ်ဆင်ရေးကို ဒီနေ့အထိ မတုန့်ပြန်နိုင်ကြသေးပါဘူး၊
ရက်ပိုင်းအတွင်းကျင်းပတော့မဲ့ ရုရှားရဲ့ အောင်ပွဲနေ့ကိုတော့ ကမ္ဘာ့ခေါင်းဆောင်တွေအတော်များများ တက်ရောက်ကြမှာဖြစ်လို့ ဇလန်စကီးအနေနဲ့ မတိုက်ခိုက်လောက်ဖူးလို့ သုံးသပ်ရပါတယ်၊ တိုက်ရင်လဲ သူ့သေတွင်း သူတူးသလိုဖြစ်သွားပါလိမ့်မယ်၊
လောလောဆယ်တိုက်ခိုက်မှုကြောင့်တော့ ရုရှားဖက်မှာ ပျက်စီးမှု ကြီးကြီးမားမားရှိသွားတာ ငြင်းမရပါဘူး။
BaMg ☯️
.
ဖမ်းဆီးရမိတဲ့ ဘိန်းဖြူထုတ်တွေကိုတပ်မ၈၈တပ်မမှူးဖြစ်သူဗိုလ်မှူးကြီးသန်းရွှေရှေ့မှာ လက်တဖက်ထဲနဲ့ ကိုင်ပြတယ်။
သူ့ ကြည့်တော့ ဗိုလ်ကြီး အဆင့် ရုပ်ကလဲ စပ်ဖြဲဖြဲနဲ့ နောက်က လူတွေလဲရီရီမောမောပဲ။
ဘယ်သူ့မှာမှ attention မရှိသလို
ဘယ်သူမှလဲ ကြောက်မနေကြဘူး။
ခါးပတ်ကြီးကလဲ အမေရိကန် ခါးပတ်နဲ့ ရှေ့ကစားပွဲမှာ စားပွဲခင်းကိုစောင်ကြားနဲ့ ခင်းပြီး အဆင်ပြေသလိုလေးထားတယ်။
အရင်ကတပ်မတော်ဟာတပ်နေပျော်၍စစ်တိုက်တော်ကြတယ်။အဆင့်တန်းအားလုံး ကိုယ့်အလုပ်ကိုယ်လုပ်ပြီးbrotherly တာဝန်ထမ်းဆောင်ကြတယ်။အထက်ကလည်း သိပ်မကြပ်ဘူး။အဆင့်တိုင်းမှာသူ့တန်ဖိုးနဲ့သူရှိခဲ့တယ် ထင်တယ်။
နဝတခေတ်(၁၉၈၈) နအဖခေတ်(၁၉၉၇)နဲ့
ဦးခင်ညွန့် အထိန်းသိမ်းခံရတဲ့(၂၀၀၃-၂၀၀၄)
နောက်ပိုင်း တပ်မတော်မှာ အနေအထိုင်တတ်မှ နေရာရပြီး အခြေအနေတည်မြဲမယ်ဆိုတာ
သဘာပေါက်လာကြတယ်။
ဒါကြောင့် လိုအပ်တာထက်ပိုတဲ့
အထက်ဖား(မဟားတရားဖား)အောက်ဖိ
လုပ်ရပ်တွေ များလာတယ်။
တာဝန်ခံမှု တာဝန်ယူမှု နဲလာပြီး
မှန်နေတာကိုလည်း ပြန်မပြောဝံ့တော့ဘူး။
မဆလခေတ်မှာ တပ်မတော်က သူ့လမ်းကြောင်း အတိုင်း သွားနေတဲ့အတွက် အထက်အောက် ဆက်ဆံရေးမှာ (နေရာရရေး အာဏာတည်မြဲရေး
မပါတဲ့အတွက်) ရိုးရှင်းတယ်။
အခုခေတ်က ရာထူးတိုးတာထက်
ထွက်ခွင့်ရတာကို ပိုပြီးတော့
ကွန်ကရက်ကျူလေးရှင်း လုပ်နေကြတဲ့ခေတ်
တာဝန်ရှိလူကြီးတွေ အောက်ခြေအထိ ပြန်ဆင်းကြည့်ဖို့ လိုအပ်နေပြီ။
စေတနာဖြင့်
မိုးဆွေ
တပ်သားလေးဖိုးထောင်
မြန်မာ့တပ်မတော် စစ်ရေးပြ စစ်ကြောင်းကို အားပေးနေကြတဲ့ ရုရှားပြည်သူများ
တပ်သားလေးဖိုးထောင်
ရွှေတိဂုံစေတီတော် အနီး ဒရုန်းတစ်စီး ပျံသန်းမှု ဖြစ်ခဲ့ပါတယ်။
ဒရုန်းဂန်းနဲ့ ပစ်ချခဲ့ပေမဲ့ ပစ်ချနိုင်ခြင်းမရှိပဲ လွတ်မြောက်သွားပါတယ်။
ရည်ရွယ်ချက်မသိပေမဲ့ ရန်ကုန်မြို့လည်ခေါင်မှာ ဒရုန်းပျံသန်းနိုင်တာ လခရ ကျိုးပေါက်မှုတစ်ခုပါပဲ။
တပ်သားလေးဖိုးထောင်
ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီ၌ ကျင်းပမည့် စစ်အောင်ပွဲ Victory Day နှစ် (၈၀) ပြည့် စစ်ရေးပြ အခမ်းအနားတွင် ပါဝင်ချီတက် ဂုဏ်ပြုမည့် မြန်မာ့တပ်မတော် ကိုယ်စားပြု တပ်ဖွဲ့ရဲ့ အစမ်းလေ့ကျင့်မှုမြင်ကွင်း
တကယ့် စစ်ရေးပြကတော့ မေလ ၉ ရက်နေ့ပါ။ တပ်ချုပ်ကြီးလဲ တက်ရောက်ပါမယ်။
ယူကရိန်းသမ္မတ ဇာလန်စကီးကတော့ တိုက်ခိုက်မှု ဖြစ်နိုင်တယ်။ ထိခိုက်ခဲ့ရင် တာဝန်မယူဘူးဆိုပြီး ဖြဲခြောက်နေပါတယ်။ နိုင်ငံ့ခေါင်းဆောင် အများကြီး တက်မဲ့ပွဲကို ဇရှိရင် လုပ်ကြည့်ပေါ့။
တပ်သားလေးဖိုးထောင်
Repost from Ma Mi Mi
4 .5 25
ဗန်မော် မကျရေး
အထူဂရုစိုက်ရန်လိုအပ်ပါကြောင်း
ဗန်မော် သို့ ကြေးစားအငှားလိုက်သည့်
အေအေ အဖွဲ့ များ ညက အင်အားထောင်ကျော် ရောက်ရှိလာပြီး
မိမိ တပ်ဖွဲ့ တည်ရှိရာ အပြင်မှ
ပတ်ချာလည် ဝိုင်းထားကြတယ်လို့ သိရပါတယ်ရှင်
ဗန်မော်မှာ မသာပေါ်တာ
အများဆုံးက ဗမာPdfတွေဖြစ်နေပြီး kia က အနောက်ကနေတော့
မသာပေါ်တာ နည်းပါတယ်
တပ်မတော်မှ လူကြီးမင်းများ
ဗန်မော် မကျရေးအတွက် ဖိဖိစီးစီးကြိတ်ဖို့ လိုပါတယ်ရှင့်
အမွှေစိန် အရင်ကတည်းကပြောထားပါတယ် kia တွေက ဗန်မော်ကို အရ တိုက်ယူမည့်အကြောင်းကို ပေါ့ဆလျှင်တော့ ပေးရပါလိမ့်မယ်
အမွှေစိန်
မျိုးချစ်မြန်မာ🇲🇲🇲🇲🇲🇲🇲🇲🇲🇲
https://t.me/+zwYKvcWlC605Mjk1
+1
ဗန်းမော်တိုက်ပွဲမှာ အသေများနေတဲ့ အီအီ တပ်သားတွေကို ထွန်းမြတ်နိုင်ကိုယ်တိုင် အားပေးနေရ
မေ ၃/ ၂၀၂၅
ဗန်းမော်တိုက်ပွဲမှာ KIA အပါအဝင် မအခြားအဖွဲ့များနဲ့ ပါဝင် တိုက်ခိုက်ပြီး အသေများပြီး စိတ်ဓာတ်ကျနေတဲ့ AA ရဲဘော်တွေကို ထွန်းမြတ်နိုင်က ဖုန်းမှတစ်ဆင့် ဗီဒီယိုကော ခေါ်ကာ အားပေးစကား ပြောနေရတယ်လို့ သတင်းထုတ်ပြန်လာပါတယ်။
တပ်သားလေးဖိုးထောင်
အညတြသူရဲကောင်းများကို ဂုဏ်ပြုခြင်း။
၂၀၂၅ ခုနှစ် မတ်လ (၂၈)ရက်နေ့
နေ့လည် (၁၂)နာရီ (၅၂)မိနစ်။
နေပြည်တော်က မန္တလေးကို သွားမည့် လေအိတ်အမြန်ရထားကြီးက အရှိန်အဟုန်ဖြင့် မောင်းနှင်လို့ နေလေသည်။
ဒီရထားကြီးက အမြန် ဆိုသည့်အတိုင်း တကယ်ကို မြန်သည်။တစ်နာရီ ကီလို ၁၀၀ နှုန်း။တစ်ခါ တစ်ခါ လမ်းဘေးမှာ ယှဉ်သွားသည့် ကားတွေကိုတောင် ကျော်တက်သွားလိုက်သေးသည်။
ဒီရထားကြိးကို တာဝန်ခံမောင်းနှင်လာသူ နှစ်ဦးက စက်ခေါင်းမောင်း ဦးသန်းဝင်းနှင့် လက်ထောက် စက်ခေါင်းမောင်း ဦးဇင်ပိုင်စိုးတို့ ဖြစ်လေသည်။
အဲဒီအချိန်မှာ သူတို့ မိုင်တိုင် ၂၅၈/၁၄ ကို ရောက်လို့လာခဲ့ပြီ။မကျီးပင် - ညောင်လွန်းဘူတာအကြား။ဒီအချိန်မှာ ရထားကြီးကို မောင်းနှင်လာသူ နှစ်ဦး တစ်ခုခုကို သတိပြုမိလိုက်ကြသည်။ရထားကြီးပုံမှန်မဟုတ်တော့။ လှုပ်ခါနေသည်။ ထိမ်းလို့လည်း သိပ်မရတော့။
ပထမတော့ ငလျင်လှုပ်မှန်း မသိသေး။
ထူးခြားတာကိုတော့ သတိပြုမိခဲ့ကြသည်။ကြည့်နေရင်းမှာပင် သူတို့ရှေ့က မြေကြီး ကျွံကျတော့မည်ကို လှမ်းမြင်နေရသည်။ရထားကြီး သွားနေသည့် speed က ကီလို ၁၀၀ ။ရထားပေါ်မှာ ခရီးသည်တွေကုန်စည်တွေ အများအပြား။လူ့အသက်ပေါင်းများစွာကို တင်လာသည့် ရထားကြီး။
ရှေ့မှာ မြေတွေက ကျွံကျနေပြီ။
သံလမ်းတွေ ကောက်ကွေးလို့။
ရထားဆိုသည်က ကားလို ချက်ချင်း ဘရိတ်အုပ်လို့ ရသည်မဟုတ်။ကျွမ်းကျင်မှု လိုသည်။ အချိန်အဆလိုသည်။သူတို့ နှစ်ဦး အခြေအနေကို သဘောပေါက်လိုက်ကြသည်။
ချက်ချင်းပင် ကီလို ၁၀၀ နှုန်းသွားနေသော ရထားကြီးကို အရှိန်သတ်ဖို့ ကြိုးစားရတော့သည်။ရထားလည်း မမှောက်စေရ။ မြေကျွံသည့် နေရာသို့လည်း မရောက်စေရ။
သူတို့နှစ်ဦး ချွေးတွေ ပေါက်ပေါက်ကျနေကြသည်။
ရထားပေါ်မှာ ပါလာသူတွေက ဒါကို သတိထားမိကြမည် မထင်။
ဒီ speed အတိုင်း မြေကျွံကျနေသည့် နေရာကို ရောက်သွားလို့ကတော့ အားလုံး အရိုးတခြား အသားတခြား ဖြစ်သွားတော့မှာ အသေအချာပင်။သူတို့မှာတော့ ဒီခရီးသည်တွေ မသေစေဖို့ အရေး နဖူးမှာ ချွေးတွေ သီးထွက်လာအောင် စိုးရိမ်ကြီးစွာ ရထားကြီးကို ရပ်ဖို့ ကြိုးစားခဲ့ကြသည်။
မြေကျွံသည့်နေရာကို ရောက်တော့မည်။ ရထား အရှိန်မသေသေး။ဘုရား ဘုရား ၊ ကြိုးစားကြဦးစို့။
အင်မတိ အင်မတန် ကံကောင်းစွာပင် မြေတွေကျွံကျသည့် နေရာကို မရောက်လိုက်ခင်လေးမှာ ရထားကြီး ရပ်တန့်သွားတော့သည်။
ခရီးသည်တွေကတော့ ဒီအဖြစ်ကို သိတောင် သိကြမည်မထင်။သူတို့နှစ်ယောက်ကတော့ ချွေးတွေသီးရင်း သူတို့အဖြစ်ကို သူတို့ မယုံနိုင်။
ခရီးသည် ရာပေါင်းများစွာ အသက်ကို သူတို့ကယ်တင်နိုင်ခဲ့ပြီ။ဘယ်သူမှ မသိလိုက်သော ငလျင်ကြားက သူရဲကောင်းများ။
ဒီနေ့ မေလ(၁)ရက်နေ့ မြန်မာ့မိးရထား (၁၄၈)နှစ်မြောက် နှစ်ပတ်လည်နေ့မှာတော့ စက်ခေါင်းမောင်း ဦးသန်းဝင်းနှင့် လက်ထောက် စက်ခေါင်းမောင်း ဦး ဇင်ပိုင်စိုးတို့ကို မြန်မာ့မီးရထားက ဂုဏ်ပြုဆုတွေ ပေးအပ်ချီးမြှင့်လိုက်ပါသည်။
သူတို့သာ မက အဲဒီနေ့ အဲဒီအချိန်မှာ ရထားကြီးတွေ မှောက်မသွားအောင် ကြိုးစားခဲ့ကြသူများ ဖြစ်သည့် ဦးသက်ဇော်မျိုး နှင့် ဦးသန့်ဇင်(ဘဲလင်း မလွှကုန်း ကုန်ရထားမောင်းနှင်သူ၊ စမုံတံတားကျိုးနေချိန် အချိန်မီ ရပ်တန့်နိုင်သူ)တို့ကိုလည်း ဂုဏ်ပြုဆုတွေ ချီးမြှင့်ခဲ့ကြပါသည်။
သူတို့တွေ၏ ကျေးဇူးကြောင့် လူရာပေါင်းများစွာ မသေတော့။ အသက်ရှင်သန်ခွင့် ရခဲ့ကြပြီ။
သန်းပေါင်းများစွာ တန်သော ရထားကြီးလည်း မပျက်စိးတော့။
လူ ရာပေါင်းများစွာ၏ အသက်ကို ကယ်တင်ပေးခဲ့သော အညတြသူရဲကောင်း ရထားစက်ခေါင်းမောင်းများအကြောင်းကို မိဘပြည်သူတွေ သိသင့်သည်လို့ ထင်၍ ဒီစာစုလေးကို ရေးကာ မှတ်တမ်းတင်လိုက်ရပါသည်။
အညတြ သူရဲကောင်းများကို ဂုဏ်ပြုကြပါဦးစို့။
@Than Min Htut
@Hein Htet Zaw
တပ်သားလေးဖိုးထောင်
ဒီနေ့ ဒီသတင်းတက်လာပါတယ် ။
ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်တဲ့ တပ်မတော်ကိုယ်စားလှယ် အဖွဲ့က TNLA ကို သူ့ရဲ့မူလနေရာပြန်ဖို့ ပြောခဲ့တာပါ။
ဒါနဲ့ပတ်သက်ပြီး ကျတော်မနေ့ကရေးခဲ့တဲ့ အတိုင်းပါပဲ
Tnla ဆုတ်ရပါလိမ့်မယ်။မဆုတ်ရင်တိုက်ပွဲတွေဖြစ်နိုင်ပေမယ့် TNLA အတီက် MNDAA နဲ့ UWSA အဖွဲ့တွေရဲ့အကူအညီမရနိုင်တော့ပါဘူး။
နောက်တစ်ခုအနေနဲ့ ဗမာ PDF တွေက အနှိမ်ခံ၊အဖိခံ၊အနိုင်ကျင့်ခံခဲ့ရတာတွေကြောင့် Pdf တွေရဲ့ တက်ကြွစွာပါဝင်မှုကို TNLA အနေနဲ့ မရနိုင်တော့ပါဘူး။
မိုးကုတ်ဒေသ ပြည်သူတွေ ဒီရက်ထဲအခက်အခဲများစွာကြုံလာရနိုင်ပါတယ်။
ယောသား (ကျွန်းလှမီးအိမ်ရှင်)
တပ်သားလေးဖိုးထောင်
Repost from Truth Media🇲🇲🇲🇲
င့လက်ကလွှတ်လြှဗွတ်
ညီလေးရေရှမ်းမြောက်ကနေစစ်ဘေးရှောင်ပြေးလာတဲ့ဝန်ထမ်းတွေကိုအခုမိခင်ဌာနလားရှိုးကိုပြန်ဝင်ခိုင်းနေပါတယ်၊လာတုန်းကအသက်လုဖက်နဲ့ထုပ်လာတာဆိုတော့တကွဲတပြားပေါ့အခုလက်ရိှရှမ်းတောင်၊တောင်ကြီးဘက်မှာတွဲဘက်အလုပ်လုပ်ကြရတော့တစ်စုတစ်စည်းတည်းရှိနေကြတယ်၊ပြောချင်တာကလားရှိုးကိုသက်ဆိုင်ရာဌာန၊ညွှန်မှူး၊ဝန်ကြီးတွေကမိမိဝန်ထမ်းတွေကိုစုစည်းပြီးသွားလာရေးအဆင်ပြေအောင်မစီစဥ်ပေးကြဘူး
ကိုယ့်အစီအစဥ်နဲ့သွားခိုင်းနေတာကားခကလည်း၁သိန်းခွဲ မိသားစုတွေနဲ့ဆိုအဆင်သိပ်မပြေကြဘူးသက်ဆိုင်ရာဝန်ကြီးေတွလူကြီးတွေတာဝန်ယူမှုမရှိကြဘူး၊ညွှန်မှူးတွေ၊ပြည်နယ်မှူးတွေ၊ခရိုင်မှူးတွေတာဝန်ခံမှုလည်းမရှိကြဘူး
ဝန်ထမ်းတွေကိုပစ်စလခတ်ပြန်လွှတ်နေကြတာပြောပေးပါအုံးဗျာ
ထရုမီဒီယာ
သတင်းအပြည့်အစုံဖတ်ရန်>Join👉
https://t.me/Snowqueen1111233
GpJoin👉https://t.me/+5k3A3laHdx8zZGFl
သတင်းပေးလိုလျှင်👉
@KKM2864097
Repost from SittNweOo
ကျုံဒိုးတိုက်ပွဲမှာ
ကျနော်နဲ့ ရင်းနှီးတဲ့
ဗိုလ်ကြီး RPGထိလို့
အာရုံကြောပါ ထိသွားတယ်
ဗက လည်းအတော်လေး
အသက်ပြင်းတယ် ပြောရမလား
ရှမ်းမြောက်မှာ တိုက်ပွဲဖြစ်တော့
စစ်ကူသွားတုန်းက
လနက ထိတာ အဲ့တုန်းက
ဒဏ်ရာက အရမ်းပြင်းတယ်
ဗက စိတ်မာတာလည်း
ပါမယ် ဆေးကုသမှု
၁နှစ်လောက် ခံယူလိုက်
ရတယ်
ဆေးရုံကဆင်းပြီး
ကရင်ဘက် ရတထွက်ရပြန်တယ်
ဒီတခါလည်း ဒဏ်ရာအရမ်းပြင်းတယ်
အရိုးသာမက အာရုံကြောပါ
ထိထားတယ်။
ဗကအတော်လေးကို
အသက်ပြင်းတယ် ကံကောင်းတယ်
ဆိုရမှာပါ
စိတ်ဓါတ်ကြံ့ခိုင်တာလည်း
ပါတယ် အဆိုးထဲက အကောင်းလို့
ယူဆရမှာပါ အသက်ရှင်နေတာကိုပဲ
ကျနော်ကော မိသားစု၀င်တွေကပါ
၀်မ်းသာနေကြပါတယ်။
ဗကရဲ့ စိတ်ဓါတ်
ရဲရင့်မှု တကယ်ကိုအရှားပါးဆုံးပါပဲ
ကျနော် မြင်ဖူးသမျှထဲမှာ
ပထမအကြိမ် ရန်သူတွေ
၀ိုင်းခံထားရတယ်။
စိတ်ဓါတ်မကျဘဲ
တွန်းလှန်တိုက်ခိုက် ဒဏ်ရာတွေနဲ့
ဖောက်ထွက်လာခဲ့တာ။
တပ်မတော်ထဲမှာ
ဒီလို ရဲရင့်တဲ့ စစ်သားကြီးတွေ
များစွာကျန်ရှိနေတဲ့ အတွက်
လေးစား ဂုဏ်ယူပါတယ်
#SittNwayOo
Repost from D.I Thameedaw 🇲🇲
ကျွန်တော်ညီလေးနဲ့ ကျွန်တော့်တူလေး 28.4.2025 ရက်နေ့မှာ လူမဆန်စွာ တစ်မိသားစုလုံးရဲ့ဝိုင်းဝန်းသတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်😖
ဖြစ်စဉ်အစကတော့ ကျွန်တော်သိသလောက် ကျွန်တော်
မှန်းစရသလောက် အကျဉ်းချုပ် ကျွန်တော်ပြောပြပေးချင်ပါတယ်…
လုံးဝမခံမရပ်နိုင် သီးမခံနိုင်တော့လို့ပြောပြရခြင်းဖြစ်ပါတယ်….
ဒီလိုအမှုကိုလည်း ထောင်ကျယုံ လောက်နဲ့လည်းလုံးဝမဖြစ်စေချင်ပါဘူး…
#အမှုခင်းဖြစ်တဲ့နေရာက ရန်ကုန်တိုင်းဒေသကြီး/တိုက်ကြီးမြို့နယ် / လိမ္မော်ခြံ(ပိုက်လုံးစုကျေးရွာ) မှာဖြစ်တာပါ…
ဆုံးပါးသွားတဲ့ ကျွန်တော်ညီလေးနာမည်က ဂျွန်ဆင်ပါ…
ကျွန်တော့်တူလေးနာမည်က အောင်မြင့်မြတ်ပါ…
ကျွန်တော့်ညီလေးအသက်က ၁၃နှစ်ပဲရှိပါသေးတယ်…
တူလေးက ၈နှစ် /၉နှစ်လောက်ပဲရှိပါအုံးမယ်….
ကလေးတွေကရွာမှာဆို လူချစ်လူခင်ပေါများတဲ့ကလေးတွေပါ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှလည်းကြီးကြီးမားမားဒုက္ခပေးဖူးတာမရှိပါဘူး…
ဖြစ်စဉ်ဖြစ်တဲ့ညက ကလေးတွေကကလေးသဘာဝကလေးအတွေး အိမ်ကနေပြီးတော့ ည ၈ နာရီ / ၉နာရီငှက်ပစ်ထွက်မယ်ဆိုပြီး အိမ်ကနေထွက်သွားခဲ့ပါတယ်…
ထွက်သွားပြီးတဲ့နောက်မှာပဲ 10 နာရီ/ 11 နာရီလောက် တော်တော်ညဉ့်နက်တဲ့ထိပြန်မရောက်လို့ ကျွန်တော့်တူလေး၏အမေ ကျွန်တော့်အမတွေ ရွာသားလေးငါးယောက်နဲ့ လိုက်လံရှာဖွေခဲ့ပါတယ်….
(အမှုခင်းဖြစ်သွားတဲ့နေရာက ရွာရဲ့ မြောက်ဘက်ခြမ်း ရွာနဲ့မလှမ်းမကမ်း ရောဘာခြံထဲမှာဖြစ်တာပါ…
ရောဘာခြံရဲ့ဘေးမှာ ကြက်ခြံရယ် အုတ်ကွင်းရယ် ခြံဝန်းအကျယ်ကြီးတွေပဲရှိပါတယ်)
ဖြစ်စဉ်ဖြစ်တဲ့ ရောဘာခြံထဲမှာ ( ပြစ်မှုကျူးလွန်သူ) အစောင့်မိသားစုရှိပါတယ်…
ကျွန်တော့်အမတွေလိုက်လံရှာဖွေတဲ့အချိန်မှာ အဲ့လူတွေကိုလည်းမေးခဲ့ပါတယ် ကလေးနှစ်ယောက် တွေ့မိကြသေးလား အသံလေးဘာလေးကြားမိရဲ့လားလို့မေးတဲ့အချိန်မှာ ဘာကလေးမှမလာဘူး အိမ်ထဲမှာတီဗီ ကြည့်နေတာဆိုပြီး ပြန်ပြောခဲ့ပါတယ်(မသိချင်ယောင်ဆောင်ပြီးရှောင်တာပါ)
ကျွန်တော်တို့ ကလေးတွေရဲ့ Dead body ကို ရဲတွေနဲ့ ပြန်ရှာတွေ့တဲ့အချိန်မှာမနက်မိုးလင်းနေပါပြီ…
သူတို့ခြံထဲမှာတွေ့တဲ့အတွက် သူတို့ကိုဖမ်းပြီးစစ်ဆေးပါတယ်…
သူတို့ကမဟုတ်ဘူး ပဲဇွတ်ငြင်းပါတယ်… Dead body ကိုပြန်ရှာတဲ့အချိန်မှာလည်း ရွာသားတွေနဲ့သူတို့မလုပ်သလိုလိုက်လံရှာဖွေပါတယ်…
Dead body တွေကိုပြန်ရှာတဲ့အချိန်မှာ ကလေးတွေရဲ့ဝိညာဉ်တွေက ဝင်ရောက်ပူးကပ်ပြီး ကူရှာပေးခဲ့လို့ပြန်တွေ့တာပါ…
ဝင်ရောက်ပူးကပ်ပြီး သူတို့လုပ်တာ ယောင်္ကျားတွေကော မိန်းမတွေကော အကုန်ဖမ်းဆိုပြီးလက်ညိုးထိုးပြီးပြပါတယ်တဲ့….
(ကျွန်တော့်အထင်တော့တစ်မိသားစုလုံးကြံရာပါ လို့ထင်ပါတယ်…)
ကြားသူမြင်သူတွေပြန်ပြောပြချက်အရတော့ ကလေးတွေ ငှက်ပစ်ရင်းလောက်စလုံး အိမ်ပေါ်ကျလို့ထွက်ပြောပြီးသတ်တာလို့သိရပါတယ်…
သတ်ထားတာမှလူမဆန်စွာ ရက်ရက်စက်ကို ဓားမနဲ့ခုတ်သတ်ကြတာပါ…
ကြားသူသိသူတွေရဲ့ပြောပြချက်အရတော့ အရင်ဆုံးထိုကြိတ်ရိုက်နှက်ပါတယ်တဲ့ ကလေးတွေမှာနာလို့ကျင်လို့ ကူကြပါအုံး ကယ်ကြပါအုံး လို့အော်တာကို ကြက်ခြံစောင့် ဝန်ထမ်းတစ်ဦးက ကြားပါတယ်တဲ့ ဒါပေမဲ့ တာဝန်ရှိနေတော့ အပြင်ထွက်ကြည့်မရဘူးတဲ့…
ကလေးတွေအဲ့လိုအော်လို့ဆိုပြီးပါးစပ်ထဲကိုအင်္ကျီတွေထည့် ပြီထပ်ရိုက်နှပ်ပါတယ်…
ပြီးတော့အိမ်ပေါ်မှာရှိတဲ့ ဓားမကို ရည်ရွယ်ချက်ရှိရှိနဲ့ပြန်ယူပြီး ခုတ်သတ်တာပါ…
အရင်ဆုံးခုတ်သတ်နေတာကျွန်တော့်ညီလေးကိုပါ…
ကျွန်တော့်တူလေးက မြင်ပြီးထွက်ပြေးတဲ့အချိန်မှာ တစ်ရွတ်တိုက်ဆွဲလာပြီးခုတ်သတ်ပါတယ်တဲ့….
လုပ်ရက်လိုက်ကြတာဗျာ…
သတ်တဲ့သူရဲ့အသက်က 50/60 လောက်ရှိပါပြီ…
သူဘေးနားမှာသူ့ရဲ့သားတွေလည်းပါပါတယ်…
တစ်မိသားစုလုံးကကြံရာပါပါပဲ…
သူတို့လေးတွေအမှားလုပ်ခဲ့သည်ပဲဖြစ်စေ ထိုးကြိတ်ပြီးဆုံးမရင်တောင် ရတဲ့အရွယ်လေးတွေကို ဘယ်လိုစိတ်မျိုး တွေကြောင့်အဲ့လောက်တောင်လုပ်ရက်တာလည်းဗျာ…
ရဲတွေကတရားခံသုံးယောက်ကိုခေါ်ပြီး အချုပ်ထဲစစ်မေးပါတယ်…
ဒါပေမဲ့ တရားခံကသူသတ်တာပါတခြားသူတွေမပါပါဘူးဆိုပြီး ဝန်ခံပါတယ်…
(ဒါလုံးဝမဖြစ်နိုင်ပါဘူး သူတစ်ယောက်ထဲလုပ်တယ်ဆိုရင် ဝင်တားရမှာပါမိသားစုက အခုက ဒီလောက်ကြီးလုပ်တယ်ဆိုတာအကုန်လုံးကကြံရာပါ ပြီးလုပ်တဲ့သူတွေပါ)
အဲ့တာကိုရွာလူကြီးတစ်ယောက်က ကျန်တဲ့သားနှစ်ယောက်ကိုအာမခံနဲ့ပြန်လွှတ်လာပါတယ်တဲ့(အဲ့ရွာလူကြီးနာမည်ကိုတော့မပြောတော့ပါ)
ဒါမဖြစ်သင့်ပါဘူး အခုဖြစ်စဉ်က အသက်မပြည့်သေးတဲ့ကလေး နှစ်ယောက်ကို မသေမချင်း သတ်တဲ့လူသတ်မှုပါ…
တစ်မိသားစုလုံးကိုကြိုးစဉ်တင်သင့်ပါတယ်…
အမှုတွေထပ်တိုးရင် အများကြီးလုပ်လို့ ရပါတယ်
အခုဟာကသူတို့မိသားစုကဘာမှမဖြစ်တဲ့အတိုင်း ရွာထဲမှာသွားလာ စားသောက် လုပ်နေကြပါတယ်…
ဒါလုံးဝမဖြစ်သင့်တဲ့အရာပါ…
ရွာမှာရှိတဲ့ အာဏာရှိလူကြီးများလည်းလွှတ်မထားသင့်ပါဘူး…
ပြီးတော့အဲ့ခြံစောင့်တွေကိုငှါးပြီးထားတဲ့ သူဌေးမတွေလည်းတာဝန်ယူမှုတာဝန်ခံမှုရှိစေချင်ပါတယ်…
ကျွန်တော့်ဘက်ကဒါကိုခံပြင်းလို့တင်ရခြင်းပါ…
ကျွန်တော်ပြောပြတာတွေကသိပ်မပြည့်စုံပါဘူး…
ဖြစ်ခဲ့တာလုပ်ခဲ့တာတွေကအဲ့ထက်ပိုဆိုးပါတယ်…
**ကြိုးမိန့်ပေးသင့်ပါတယ်တရားခံတစ်မိသားစုလုံးကို
**ဥပဒေတိုင်းဖြစ်ပါစေ
https://www.facebook.com/share/p/18zcqDSZGo/
DI Thameedaw
ဗျူဟာမှူးကင် အသုဘပွဲ။
ဗန်းမော်မှာ ဘုရားသခင်နဲ့ တွေ့ဆုံခဲ့ရသူ။
တပ်သားလေးဖိုးထောင်
Repost from K S News
ရခိုင် ကို ဘင်း က မျက်စောင်းထိုး
ကဘော်ချိုင့်ဝှမ်းကို အိန္ဒိယအမတ်က
မျက်စောင်းထိုး
ကချင်မြောက်ပိုင်း ပန်ဝါဒေသ ကထွက်တဲ့
မြေရှားမှန်သမျှ တရုတ်နဲ့kia ပေါင်းခိုးယူ
နေကြတယ်။
လောက်ကိုင် သိန္ဒိ အထိ ခွေးကန့် တရုတ်
က ယူထားတယ်။
အရှိတရားတွေပါ။ လက်မခံချင်လို့မရ
ပါဘူး။
ဒါတွေ ဒီလို ဖြစ်လာတာ ဟိုနိုင်ငံကြောင့်
ဒီနိုင်ငံကြောင့်ဆိုပြီး ဖင်ယားနေကြလား။
ယားမနေနဲ့ အားလုံးက ဒီနိုင်ငံထဲမှာနေတဲ့
လူတွေ ရဲ့ ညံ့ဖျဉ်းမှု၊ အသိတရားမရှိမှု၊
အတ္တကြီးမှု၊ မစည်းလုံးမှု တွေကြောင့်ပဲ။
လက်ညိုးထိုး စောက်ပြစ်တင်နေကြမည့်
အစား စောက်ချိုးတွေကို ပြင်ကြရမှာပါ။
မပြင်လည်း ဘာမှမဖြစ်ဘူး။ အကျိုးဆက်ကို
ခံစားကြရတာသည် ဒီနိုင်ငံက လူတွေအားလုံး
ပါပဲ။
https://youtube.com/@kyawswarkyawswar-jw8ru?si=KfF-mZZbcIGUMuhB
https://t.me/kyawswar49111
29/4/2025 ရက်နေ့ ကျွန်တော်က မြင်သာ ကညနရုံးမှာ အလုပ်တွေကများ တနေကုန် နေပူထဲမှာလုပ်နေရတော့အရမ်းကို မောနေတာ နေ့လည်ကျတော့ မိုးတွေက အကြီး
အကျယ်ရွာပါရော မိုးရွာတော့အလုပ်ကမပြီး ဒါပေမယ့်
4:00နာရီ တက္ကသိုလ် နဲ့ သစ္စာအားမန် League Cup ဘောလုံးပွဲက ရှိနေတော့ မဖြစ်မနေသွားရအုန်းမယ် ကျန်
တဲ့အလုပ်တွေ ကလေးတွေနဲ့ထားခဲ့ပြီး မြင်သာကနေ သထုံလမ်းကွင်းကို အမှီပြေးချင်တော့ 3နာရီ10မိနစ်လောက်စထွက်သွားခဲ့တယ်ကံက မကောင်းတော့ တစ်လမ်းလုံး လမ်းပိတ်တာ 4နာရီထိုးလောက်မှ ကမ္ဘာအေး Myanmar Palazar ရှေ့ရောက်တယ် အရှေ့မှာလည်း တံတားအောက် ရေတွေကြီးနေလို့ လမ်း ကထပ်ပိတ်နေတယ် ကားမောင်းသူ သမက်က ရေတွေအရမ်းကြီးနေတယ်မောင်းလို့ဖြစ်ပါ
မလားတဲ့ ရတယ်ထိုးမရပ်သ၍မောင်း ရပ်သွားရင်တော့ မ
တတ်နိုင်ဘူးဆိုပြီမောင်းခိုင်းတာ ဘာမှမဖြစ်လိုက်ဘူး
4နာရီ35လောက်မှာ ရောက်သွားတယ် ပထမပိုင်း 10 မိနစ်လောက်မှီတာပေါ့ ထားပါ ဒါပေမယ့် ပြောချင်တာက အခုမှစမှာ မိုးတွေရွာလို့နေရာ အတော်များများမှာ ရေတွေကြီးတယ် ရေကြီးတော့လမ်းတွေကအရမ်းပိတ်တယ် ဒါလည်းအားလုံးသိပါတယ် ကမ္ဘာအေး တံတားအောက် ရေကြီး
နေတာ မြန်မာနိုင်ငံ ယာဥ်ထိန်းတပ်ဖွဲ့က ယာဥ်ထိန်းတစ်ဦး
ပြည်သူတွေသွားလာဖို့အဆင်ပြေအောင် ပိတ်နေတဲ့ရေ
မြောင်းတွေပွင့်ဖို့ မိုးရေထဲမှာ အလုပ်လုပ်နေပုံက ရင်ကို အတော်ထိစေတယ်ဗျာ ကျွန်တော်လည်း မြန်မာနိုင်ငံမှာနေတာ ကောင်းတာလုပ်ရင် မသိချင်ယောင်ဆောင်ပြီး မကောင်းတာလုပ်ရင် ဝေဖန်မယ်ဆိုတဲ့လူတွေနဲ့အသားကျနေပါပြီ ဒါပေမယ့် ဒီယာဥ်ထိန်းကိုမြင်တော့ကိုယ်တိုင် ဓါတ်ပုံရိုက်ပြီးချီးကျုးချင်စိတ်တွေက တစ်ကယ်ကိုပေါ်လာတော့ကိုယ်တိုင် တိတ်တခိုး ဓါတ်ပုံရိုက်မှတ်တမ်းတင်ခဲ့ပါတယ်
ပြည်သူအတွက် အလုပ်ကြိုးစားနေတဲ့ ယာဥ်ထိန်းခဗျာတော့ကျွန်တော် ဓာတ်ပုံရိုက်နေတာကို တောင်သတိမထားနိုင်ဘဲမိုးထဲရေထဲ အလုပ်တွေလုပ်နေခဲ့ပါတယ် ထိုနည်းတူစွာ ကျွန်တော်တို့တိုင်းပြည် ဌာန အသီသီးမှာ ပြည်သူတွေအတွက် အလုပ်ကြိုစားပေးနေ့တဲ့ ဝန်ထမ်းများစွာ ရှိနေတယ်ဆိုတာ Media တွေက ဖော်ပြကြရင်သိပ်ကောင်းမှာဘဲနော်
Crd
တပ်သားလေးဖိုးထောင်
Repost from SittNweOo
မန္တလေးPDF၃ဦး လက်နက်နဲ့တကွ ဘက်ပြောင်းခိုလှုံ
မန္တလေးတိုင်း တောင်သာနဲ့
မြင်းခြံPDFအဖွဲ့၀င် ၃ဦးမန္တလေး
ပြည်သူ့စစ်အဖွဲ့ထံ လက်နက်နဲ့
တကွ ဘက်ပြောင်းခိုလှုံလာပါတယ်။
နိုင်ငံတ၀ှမ်းစစ်ပွဲတွေမှာ ထိုးကျွေး
ခံနေရပြီး သေဆုံးမှုများလာတဲ့
pdfများ အမြင်မှန်ရ အလင်း၀င်
လာခဲ့ကြပါတယ်။
#SittNwayOo
Endi mavjud! Telegram Tadqiqoti 2025 — yilning asosiy insaytlari 
