AA Info Desk
https://www.arakanarmy.net https://vk.com/arakanarmyinfodesk
Ko'proq ko'rsatish📈 Telegram kanali AA Info Desk analitikasi
AA Info Desk (@aainfodesk) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 45 690 obunachidan iborat bo'lib, Yangiliklar & Media toifasida 5 671-o'rinni va Myanma mintaqasida 3 164-o'rinni egallagan.
📊 Auditoriya ko‘rsatkichlari va dinamika
невідомо sanasidan buyon loyiha tez o‘sib, 45 690 obunachiga ega bo‘ldi.
28 Avgust, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -280 ga, so‘nggi 24 soatda esa -22 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.
- Tasdiqlash holati: Tasdiqlanmagan
- Jalb etish (ER): Auditoriya o‘rtacha 29.95% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 14.49% ini tashkil etuvchi reaksiyalarni to‘playdi.
- Post qamrovi: Har bir post o‘rtacha 13 696 marta ko‘riladi; birinchi sutkada odatda 6 625 ta ko‘rish yig‘iladi.
- Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 379 ta reaksiya keladi.
📝 Tavsif va kontent siyosati
Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“https://www.arakanarmy.net
https://vk.com/arakanarmyinfodesk”
Yuqori yangilanish chastotasi (oxirgi ma’lumot 29 Avgust, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.
Ma'lumot yuklanmoqda...
| Sana | Obunachilarni jalb qilish | Esdaliklar | Kanallar | |
| 29 Avgust | 0 | |||
| 28 Avgust | 0 | |||
| 27 Avgust | +11 | |||
| 26 Avgust | +13 | |||
| 25 Avgust | +1 | |||
| 24 Avgust | 0 | |||
| 23 Avgust | 0 | |||
| 22 Avgust | +19 | |||
| 21 Avgust | +7 | |||
| 20 Avgust | 0 | |||
| 19 Avgust | 0 | |||
| 18 Avgust | +5 | |||
| 17 Avgust | +2 | |||
| 16 Avgust | +14 | |||
| 15 Avgust | 0 | |||
| 14 Avgust | +71 | |||
| 13 Avgust | +27 | |||
| 12 Avgust | 0 | |||
| 11 Avgust | +9 | |||
| 10 Avgust | +7 | |||
| 09 Avgust | +2 | |||
| 08 Avgust | 0 | |||
| 07 Avgust | 0 | |||
| 06 Avgust | +7 | |||
| 05 Avgust | +24 | |||
| 04 Avgust | +1 | |||
| 03 Avgust | +31 | |||
| 02 Avgust | 0 | |||
| 01 Avgust | 0 |
| 2 | စိမ်းညှင်းဝကျေးရွာအား ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်စဉ်အတွင်း ဘုန်းကြီးကျောင်းထဲရှိ မူလတန်းကျောင်းသား/သူများ စာသင်နေသည့် ဓမ္မာရုံ အနီးကို ဗုံးသီးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဓမ္မာရုံနှင့် ဘုန်းကြီးကျောင်းဆောင်များ ပျက်စီးခဲ့သည့် မှတ်တမ်းဓာတ်ပုံများ | 9 410 |
| 3 | ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့၊ နံနက် (၁၁) နာရီ (၉) မိနစ်အချိန်ခန့်တွင် ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာအား ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့ကြသည့် မူလတန်းကျောင်းသား/သူ များနှင့် အပြစ်မဲ့အရပ်သားပြည်သူများ | 8 610 |
| 4 | Matn yo'q... | 9 463 |
| 5 | ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့၊ နံနက် (၁၁) နာရီ (၉) မိနစ်အချိန်ခန့်တွင် ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာအား ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသွားသည့် အပြစ်မဲ့အရပ်သားပြည်သူများ | 7 479 |
| 6 | ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာအား ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းမှ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်၊ မူလတန်းကျောင်းသား/သူများနှင့်အတူ အပြစ်မဲ့ အရပ်သားပြည်သူ (၅) ဦးသေဆုံးကာ (၁၇) ဦး အထိ ဒဏ်ရာရ
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်
ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာအား ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်တပ်မှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့၊ နံနက် (၁၁) နာရီ (၉) မိနစ်မှ (၁၁) နာရီ (၁၆) မိနစ်အချိန်အထိ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် လှည့်ပတ်ကာ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စိမ်းညှင်းဝကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် ကျေးရွာအတွင်းသို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်း၌ အေးချမ်းစွာ ပညာသင်ကြားနေကြသော မူလတန်းကျောင်းသား (၁) ဦး နှင့် ၎င်းပတ်ဝန်းကျင်အနီးအနားမှ အသက် (၁) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူတို့ စုစုပေါင်း (၅) ဦးမှာ အဆိုပါနေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့သည်။ ထို့အတူ အသက် (၁၀) နှစ်အောက် မူလတန်းကလေးငယ် (၈) ဦး အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း (၁၇) ဦး မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။
ဒဏ်ရာရရှိသူများထဲတွင် ပြင်းထန်ဒဏ်ရာရရှိ၍ စိုးရိမ်ရသူ မူလတန်းကျောင်းသား/သူ များအပါအဝင် ပြည်သူ (၆) ဦးအထိ ရှိခဲ့ပြီး သေဆုံးသူအရေအတွက်မှာ နောက်ထပ်လည်း မြင့်တက်လာနိုင်ခြေ ရှိသည်။ ထို့အပြင် စိမ်းညှင်းဝရွာရှိ လူနေအိမ် (၁၇) လုံး နှင့် ဘုန်းကြီးကျောင်းဆောင် အချို့ မှာလည်း ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်တပ်၏ အဆိုပါလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ပျက်စီး ဆုံးရှုံးသွားခဲ့သည်။
ထို့အတူ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၁၊ ၁၂) ရက်နေ့များ၌လည်း ပလက်ဝမြို့နှင့် ဆမီးမြို့များအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် ကျောင်းသား/ကျောင်းသူ/ကလေးငယ်များအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော် | 9 105 |
| 7 | ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ သံတွဲ နှင့် ဂွ မြို့နယ်တို့အား ညအချိန် လေယာဉ်အုပ်စုလိုက်ဖြင့် ထပ်မံအကြမ်းဖက်ဗုံးကြဲတိုက်ခိုက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၂) ရက်
အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ ၌ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ စခန်းချတပ်စွဲခဲ့သော တပ်ရင်းနေရာဟောင်းများဖြစ်ကြသည့် ခလရ (၅၅) နှင့် ခမရ (၅၆၆) တပ်ရင်းများ နှင့် အရပ်သားပြည်သူ၊ စစ်ဘေးရှောင်ပြည်သူတို့နေထိုင်ရာ ပတ်ဝန်းကျင်များအား ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့၊ ညသန်းခေါင် အများပြည်သူ အိပ်မောကျနေချိန်တို့၌ ဂျက်တိုက်လေယာဉ် (၈) စီး၊ Y12 (၁) စီး၊ Y8 (၁) စီး စုစုပေါင်း လေယာဉ် (၁၀) စီးဖြင့် အုပ်စုလိုက် ဗုံးအလုံးရေ (၁၀၀) ခန့် ကြဲချကာ အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။
ဩဂုတ် (၂၁) ရက်၊ နံနက် (၀၁း၅၇) မှ (၀၃း၁၈) အချိန်အထိ (၁) နာရီကျော်ကြာမြင့်သော အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ငပလီမြို့ ၌ လာရောက် စစ်ဘေးရှောင်နေကြသည့် အပြစ်မဲ့ အရပ်သားပြည်သူ (၁) ဦး သေဆုံးခဲ့ပြီး (၁၄) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။
ထို့အတူ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့၊ နံနက် (၅) နာရီခန့်အချိန်တွင်လည်း ဂွမြို့နယ်၊ ညောင်ချောင်းကျေးရွာအား ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် (၂) ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
ပထမ တစ်ကြိမ် နံနက် (၀၅း၀၁) နာရီအချိန်တွင် ညောင်ချောင်းကျေးရွာ အထက်တန်း စာသင်ကျောင်းကို ပေါင် (၅၀၀) ဗုံးတစ်လုံးကြဲချတိုက်ခိုက်ခဲ့သောဖြစ်စဉ်အတွင်း အဆိုပါစာသင်ကျောင်း၌ ခေတ္တလာရောက် စစ်ရှောင်နေကြသည့် စစ်ဘေးရှောင် အပြစ်မဲ့အရပ်သားပြည်သူ (၇) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြပြီး စာသင်ကျောင်းဆောင် တစ်ခုလုံးမှာ လုံးဝပျက်စီးသွားခဲ့သည်။
အလားတူ ဒုတိယတစ်ကြိမ် နံနက် (၀၅း၀၅) နာရီအချိန်တွင် ညောင်ချောင်းကျေးရွာရှိ ဓမ္မရက္ခိတ ဘုန်းကြီးကျောင်းကို နောက်ထပ် ဗုံးတစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ အရပ်သားပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်များနှင့် အနီးအနားရှိ ပြည်သူများ၏ နေအိမ် (၃) လုံးအပါအဝင် ပြည်သူပိုင်ပစ္စည်းအချို့၊ ပဲဆီကြိတ်စက် (၁) လုံး၊ ဆိုင်ကယ် (၁) စီးနှင့် စက်ဘီး (၁) စီး တို့မှာ ပျက်စီး ဆုံးရှုံးသွားခဲ့ရသည်။
ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် အာရက္ခဒေသအပြင် မြန်မာပြည်အနှံ့တွင် စစ်ရေးနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများ နေထိုင်ရာ နေရာများကို လေကြောင်းမှ တရားလက်လွတ် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် အိုးအိမ်အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုမှာ တစ်ရက်ထက်တစ်ရက် မြင့်တက်လျက်ရှိသည်။
အာရက္ခဒေသအတွင်းနေ မိဘပြည်သူများအနေဖြင့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်း နှင့် ရေကြောင်းရန်တို့ကို ယခင်ထက်ပိုမိုသတိထားကြပါရန် ထပ်မံအသိပေး တိုက်တွန်းလိုက်ပါသည်။
(ဓာတ်ပုံ- ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့ညတွင် ငပလီ နှင့် ညောင်ချောင်းကျေးရွာတို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဗုံးကြဲတိုက်ခိုက်စဉ်အတွင်း အပြစ်မဲ့ အရပ်သား ပြည်သူ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု မှတ်တမ်းအချို့ )
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော် | 12 118 |
| 8 | Matn yo'q... | 9 754 |
| 9 | Matn yo'q... | 11 245 |
| 10 | Matn yo'q... | 9 917 |
| 11 | ရသေ့တောင်မြို့နယ်၊ အောက်ဇီးကိုင်းကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်
အာရက္ခပြည်၊ ရသေ့တောင်မြို့နယ်၊ အောက်ဇီးကိုင်းကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်နေ့၊ နံနက် (၁၁) နာရီ (၅၀) မိနစ် အချိန်ခန့်တွင် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အောက်ဇီးကိုင်းကျေးရွာမှ အပြစ်မဲ့အရပ်သားပြည်သူ ဒေါ်သန်းမေနု (၄၈ နှစ်) မှာ နဖူး၌ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူလူထု၏ နေအိမ် (၃) လုံးမှာလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။
ယမန်နေ့ ဩဂုတ်လ (၁၆) ရက်နေ့၌လည်း သံတွဲမြို့ပတ်ဝန်းကျင်အနီးတစ်ဝိုက်အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သားအဖနှစ်ဦး သေဆုံးခဲ့ကာ အပြစ်မဲ့အရပ်သားပြည်သူ (၆) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် အာရက္ခတပ်တော်မှ သိမ်းပိုက်ထိန်းချုပ်ထားသော မြို့၊ ရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်ရက်ဆက် ပြုလုပ်နေသောကြောင့် အပြစ်မဲ့အရပ်သားပြည်သူ သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် နေအိမ် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုတို့မှာ တစ်ရက်ပြီးတစ်ရက် မြင့်တက်လျက်ရှိသည်။
(ဓာတ်ပုံ - ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော အောက်ဇီးကိုင်းကျေးရွာသူ ဒေါ်သန်းမေနု (၄၈ နှစ်) နှင့် နေအိမ်များပျက်စီးမှု မှတ်တမ်း)
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော် | 19 756 |
| 12 | သံတွဲမြို့တစ်ဝိုက်အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ရက်ဆက်ဗုံးကြဲတိုက်ခိုက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်
အာရက္ခပြည်၊ သံတွဲမြို့ပေါ်ရှိ အမှတ် (၈) (က) ရပ်ကွက်ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်၊ ယနေ့ နံနက် (၆) နာရီ (၄၀) မိနစ်အချိန်ခန့်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ၎င်းရပ်ကွက်၌ နေထိုင်သည့် ဦးမင်းနောင် (၅၀ နှစ်) နှင့် သမီးဖြစ်သူ မချွန်းလဲ့ရွှေရည် (၁၄ နှစ်) တို့ သားအဖ နှစ်ဦးမှာ ၎င်းနေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။
ထို့အပြင် ၎င်းရပ်ကွက်၌နေထိုင်သည့် အပြစ်မဲ့အရပ်သားပြည်သူများဖြစ်ကြသော ဦးဇေယျာမင်းလွှင် (၄၅ နှစ်)၊ မောင်ရွှေမိုးယံဇော် (၂ နှစ်) နှင့် ဒေါ်ဌေးဌေးမော် (၄၀ နှစ်) တို့ (၃) ဦးတို့မှာလည်း ဗုံးစထိမှန်မှုကြောင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြပြီး လူနေအိမ် နှင့် အဆောက်အအုံ စုစုပေါင်း (၇) လုံး မှာ ပျက်စီး ဆုံးရှုံးခဲ့ရသည်။
အလားတူ ယနေ့နံနက် (၆) နာရီ (၄၉) မိနစ်အချိန်ခန့်တွင်လည်း သံတွဲမြို့နယ်၊ မောင်ရွှေလေးကျေးရွာ အနီးဝန်းကျင်ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု တစ်ကြိမ်ပြုလုပ်ခဲ့သေးသည်။ ဤတိုက်ခိုက်မှုဖြစ်စဉ်အတွင်း၌လည်း သန့်ရှင်းရေးလုပ်သား ဝန်ထမ်း (၃) ဦးမှာ အသေးစားဒဏ်ရာများရရှိခဲ့ကြသည်။
(ဓာတ်ပုံ-၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်၊ နံနက် (၆) နာရီ (၄၀) မိနစ်အချိန်ခန့်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ သံတွဲမြို့ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် နေအိမ်များပျက်စီးမှု မှတ်တမ်း)
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော် | 19 330 |
| 13 | ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့၊ ည (၁၁) နာရီခွဲအချိန်ခန့်တွင် ကျိန္တလီမြို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှု စာရင်း
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်
#AAInfoDesk | 16 090 |
| 14 | အာရက္ခပြည်၊ ဂွမြို့နယ်၊ ကိုင်းခုံကျေးရွာနှင့် ကျိန္တလီမြို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ညအချိန် ဗုံးကြဲ၊ အပြစ်မဲ့ပြည်သူ (၈) ဦး သီဆုံး
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်
ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မြို့များ၌ အပြစ်မဲ့ပြည်သူများ နေထိုင်ရာ နေရာများကို ဂျက်ဖိုက်တာများဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ယမန်နေ့ ညသန်းခေါင်၌လည်း ထပ်မံအကြမ်းဖက်တိုက်ခိုက်ခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့၊ ည (၁၁) နာရီခွဲအချိန်ခန့်တွင် ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက်၊ မေတ္တာပေါင်းကူးလမ်းပေါ်ရှိ အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ကွက်များအတွင်းသို့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ လေတပ်မှ ဂျက်တိုက်လေယာဉ် တစ်စီးသည် ဗုံးသီး (၂) လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူများဖြစ်ကြသည့်
(၁) ဒေါ်ခင်မိုးရွှေ (၆၀ နှစ်)၊
(၂) ဒေါ်ခင်စန္ဒာထွန်း (၄၅ နှစ်)
(၃) ဦးထွန်းလင်း (၄၆ နှစ်)
(၄) မဖြိုးဖြိုးကျော် (၃၆ နှစ်)၊
(၅) မောင်မင်းဝေခန့် (၃၅ နှစ်)၊
(၆) မဝင်းအိကျော် (၂၆ နှစ်)၊
(၇) မောင်ဉာဏ်လင်းသန့် (၁၂ နှစ်) နှင့်
(၈) မောင်နေလင်းသန့် (၇ နှစ်)၊
တို့မှာ နေအိမ်ပေါ်၌ပင် အစုလိုက် အပြုံလိုက် သေဆုံးသွားခဲ့ကြသည်။ ထို့အပြင် ပြည်သူတို့၏ နေအိမ် (၅) လုံးနှင့် သုံးဘီးဆိုင်ကယ် (၁) စီး မှာလည်းပျက်စီးသွားခဲ့သည်။
အခြားသော အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုနှင့် နေအိမ်အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုများ ရှိ/မရှိ ထပ်မံ စုံစမ်းလျက်ရှိသည်။
ထို့အပြင် ဂွမြို့နယ်၊ ကိုင်းခုံကျေးရွာကိုလည်း ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့၊ ည (၁၀) နာရီ (၅၅) မိနစ်အချိန်ခန့်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သေးသည်။ အဆိုပါ တိုက်ခိုက်မှုတွင် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။
အာရက္ခတပ်တော်နှင့် မြေပြင်တိုက်ပွဲတိုင်းတွင် အထိနာနေသော ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ရှုံးမဲမဲသောအနေဖြင့် အပြစ်မဲ့အရပ်သားပြည်သူလူထုများအပေါ် နေ့ညအချိန်မရွေး လေကြောင်းမှ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်ရက်ဆက် ပြုလုပ်လာနေသောကြောင့် အာရက္ခဒေသတစ်ခုလုံး လေကြောင်းရန်ကို "အချိန်ပြည့်" အထူး ဂရုစိုက်ကြရန် ထပ်မံတိုက်တွန်းလိုက်ပါသည်။
(ဓာတ်ပုံ- ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့၊ ည (၁၁) နာရီခွဲအချိန်ခန့်တွင် ကျိန္တလီမြို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသွားသည့် အပြစ်မဲ့အရပ်သားပြည်သူများ)
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော် | 23 707 |
| 15 | Matn yo'q... | 12 532 |
| 16 | တိုက်ပွဲသတင်းထုတ်ပြန်ချက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်
ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် အာရက္ခပြည်အတွင်းသို့ ထိုးဖောက်ဝင်ရောက် နိုင်ရန်အတွက် အာရက္ခဒေသနှင့်ထိစပ်လျက်ရှိသော တိုင်း (၃) နှင့် ပြည်နယ် (၁) ခုနှင့် နယ်မြေထိစပ်နေသည့် နေရာများမှ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးဖြင့် အကြိမ်ကြိမ် ပြုလုပ်နေခဲ့သည်မှာ တစ်နှစ်ကျော် နှစ်နှစ်နီးပါးခန့် ရှိလာခဲ့ပြီဖြစ်သည်။ ထိုသို့ ထိုးဖောက်ဝင်ရောက်ရန် အားထုတ်လျက်ရှိသော နေရာများထဲမှ တစ်ခုဖြစ်သည့် ရက္ခိုင်-ဧရာဝတီ အစပ်နေရာများ၌ တိုက်ပွဲများမှာ ယခုရက်များအတွင်း ဆက်လက်ပြင်းထန်လာနေခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ပွိုင့် (၁၀၁) အနီးဝန်းကျင်နှင့် သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာအနီးဝန်းကျင်ရှိ အာရက္ခတပ်တော်စစ်ကြောင်းများရှိရာ နေရာများသို့ ဖက်ဆစ် အကြမ်းဖက်စစ်ကော်မရှင်သည် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် ယင်းနေ့တစ်ရက်တည်းတွင် နေရာ (၅) နေရာ၌ တိုက်ပွဲများ မှာ တစ်နေ့လုံးနီးပါး တောက်လျှောက်ဖြစ်ပွားနေခဲ့သည်။
ဩဂုတ်လ (၁၂) ရက်နေ့တွင် သာပေါင်းမြို့နယ်ဘက်မှ ထိုးစစ်ဆင်လာသော ရန်သူ၏ တပ်မ (၆၆) လက်အောက်ခံ၊ ခလရ (၁၀၁) တပ်ရင်း နှင့် အာရက္ခတပ်တော်တို့သည် သာပေါင်းကလေးကျေးရွာ၏ အရှေ့ဘက် မီတာ (၁၀၀၀) ခန့်အကွာတွင် နံနက် (၆း၅၃) မှ (၉း၅၃) အချိန်အထိ (၃) နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ရန်သူသည် ၎င်းတို့ ၏အားသာချက်ဖြစ်သောလေကြောင်း၊ ဒရုန်း နှင့် မြေပြင်မှ လက်နက်ကြီးပစ်ကူတို့ကို အများအပြားသုံးပြီး အပြင်းအထန် ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အာရက္ခတပ်တော် စစ်သည်တော်များမှ ခုခံစစ်၊ တန်ပြန်ထိုးစစ်တို့ဖြင့် အကောင်းဆုံး ခုခံတိုက်ခိုက်နိုင်ခဲ့သောကြောင့် ရန်သူ့ဘက်မှ အထိအခိုက်အကျအဆုံးများဖြင့် တပ်လန်ကာ ထွက်ပြေး ဆုတ်ခွာသွားခဲ့သည်။ မိမိတို့ဘက်မှ လိုက်လံရှင်းလင်းခဲ့ရာ ရန့်သူ့အလောင်းအချို့နှင့် လက်နက် ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ရေကြည်မြို့နယ်ဘက်မှ ထိုးစစ်ဆင်လာသော ရန်သူ၏ တပ်မ (၆၆) လက်အောက်ခံ၊ ခလရ (၁) ၊ (၁၁) တပ်ရင်းများနှင့် အာရက္ခတပ်တော်၊ စစ်ကြောင်းအချို့သည် ပွိုင့် (၁၀၁) ကုန်း၏ တောင်ဘက် မီတာ (၃၇၃) ခန့်တွင် နံနက် (၇) နာရီမှ နေ့လယ် (၂) နာရီ (၃၉) မိနစ်အထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နည်းတူ ပွိုင့် (၁၀၁) ကုန်း၏ အနောက်တောင်ဘက် (၁.၁၃) ကီလိုမီတာခန့် အကွာတွင်လည်း နံနက် (၉) နာရီ (၂၄) မိနစ်မှ နေ့လယ် (၁) နာရီ (၄၀) မိနစ် အထိတိုက်ပွဲဖြစ်ပွားခဲ့သည်။
ထို့အတူ ယခုတိုက်ပွဲဖြစ်ပွားရာ မလှမ်းမကမ်းနေရာ (၂) ခု၌လည်း ရန်သူမှ မိမိတို့ရှိရာနေရာများသို့ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
ဖက်ဆစ် အကြမ်းဖက်စစ်ကော်မရှင်တပ်သည် ဂျက်၊ Y12 ၊ ဒရုန်းနှင့် မြေပြင်လက်နက်ကြီးပစ်ကူ အများအပြားသုံးပြီး စစ်ကြောင်းများဖြန့်ခွဲကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခဲ့ခြင်း ဖြစ်သည်။ ယခုတိုက်ပွဲများတွင်လည်း မိမိတို့ဘက်မှ အကောင်းဆုံး ခုခံတိုက်ထုတ်နိုင်ခဲ့သောကြောင့် ရန်သူ့အလောင်းနှင့် လက်နက်ခဲယမ်းအချို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ရန်သူ၏ ထိုးစစ်တိုင်းကို တည်ငြိမ်စွာဖြင့် ခုခံစစ်ဆင်နွှဲရင်း ရန်သူတပ်လန်သွားသည်အထိ ရဲရင့်ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့ကြသော အာရက္ခစစ်သည်တော်များအား အာရက္ခတပ်တော်၊ စစ်ရုံးချုပ်မှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
(ဓာတ်ပုံ - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း သိမ်းဆည်းရမိခဲ့သော ရန်သူ့အလောင်းအချို့နှင့် လက်နက်ခဲယမ်းအချို့)
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော် | 19 874 |
| 17 | အာရက္ခပြည်၊ ဂွမြို့ ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ညအချိန် ဗုံးကြဲတိုက်ခိုက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်
အာရက္ခပြည်၊ ဂွမြို့ နယ်၊ ကိုင်းခုံကျေးရွာကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်၊ ည (၉) နာရီ အချိန်ခန့်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် (၂) ကြိမ် ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့သည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူများ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့သော်လည်း ပြည်သူလူထုတို့၏ လူနေအိမ် (၇) လုံးမှာ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်နေ့၊ နေ့လယ် (၁) နာရီကျော် အချိန်ခန့်တွင် သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုဖြစ်စဉ် နှင့်ပတ်သက်၍ နောက်ဆုံးရရှိထားသော သတင်းများအရ အပြစ်မဲ့အရပ်သားပြည်သူများသေဆုံးမှုမှာ (၁၆) ဦးအထိ ရှိလာခဲ့ပြီဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိသူများမှာလည်း (၁၈) ဦးအထိရှိလာခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် အာရက္ခဒေသနှင့် နယ်မြေချင်းထိစပ်နေသော ချင်းပြည်နယ်၊ ဆမီးမြို့ ရှိ အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ နေရာများကိုလည်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ည (၁၁) နာရီ (၂၅) မိနစ်အချိန်မှ (၁၁) နာရီ (၄၀) မိနစ်အထိ (၁၅) မိနစ်ကြာ ဂျက်ဖိုက်တာများဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဆမီးမြို့ ရပ်ကွက် (၂) ရှိ အပြစ်မဲ့အရပ်သားပြည်သူ ဦးနိုင်တင်း၏ နေအိမ်ကို ဗုံးသီးထိမှန်ခဲ့ပြီး ဦးနိုင်တင်း၏ သမီးဖြစ်သူ မမထွီးမေ(မထွေးမေ) (၁၆ နှစ်)မှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့သည်။ ထို့အပြင် ဦးနိုင်တင်း နှင့် ဇနီး ဒေါ်ပြောင်နွဲ့ အပါအဝင် အသက် (၁၂) ခန့်အရွယ်ရှိကြသော ၎င်းတို့၏ သားသုံးယောက်ဖြစ်ကြသည့် မောင်ခိုင်လင်းအောင်၊ မောင်ထွန်းလင်းနိုင် နှင့် မောင်စိုးမိုးအောင် တို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။
ထို့အပြင် ဆမီးမြို့အဝင်ဝ အနီးဝန်းကျင်မှ နောက်ထပ် အပြစ်မဲ့ပြည်သူ (၄) ဦးတို့မှာလည်း ၎င်းဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဗုံးစများထိမှန်၍ ဒဏ်ရာအသီးသီးရရှိခဲ့ကြသည်။
ဓာတ်ပုံ-ဩဂုတ်လ (၁၂) ရက်နေ့ ညတွင် ဆမီးမြို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသွားကြသည့် အပြစ်မဲ့ပြည်သူများ
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော် | 13 654 |
| 18 | ပလက်ဝမြို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ် ဗုံးကြဲ၊ အပြစ်မဲ့ အရပ်သားပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရ
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်၊ ယနေ့ နံနက် (၇) နာရီခွဲ အချိန်ခန့်တွင်လည်း ပလက်ဝမြို့ အဝင်
ဆိုင်းဘုတ်အနီးကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ တစ်စီးဖြင့် တစ်ကြိမ် ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် မြို့အဝင်ဝ အနီးရှိ ဦးသောကြာ၏ နေအိမ်အား ဗုံးစများထိမှန်ခဲ့ပြီး ဦးသောကြာ၏သမီးဖြစ်သူ မထွီးစိန်(ထွေးစိန်) (၁၉ နှစ်) မှာ ညာဘက်ခြေထောက်၌ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ရေတံခွန်ကျေးရွာမှ ပလက်ဝမြို့တွင်ပညာသင်ကြားရန်အတွက် ဦးသောကြာ၏ နေအိမ်သို့ရောက်ရှိနေသော ဦးကင်းနောင်၏သမီး ကျောင်းသူ မသန္တာထိုက် (၁၃ နှစ်) မှာလည်း ညာဖက်ခြေထောက်၌ ဗုံးစထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် စစ်ဘက်နှင့်မသက်ဆိုင်သည့် အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို နေစဉ်နှင့်အမျှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် အာရက္ခ မိဘပြည်သူများအနေဖြင့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်း နှင့် ရေကြောင်း ရန်တို့ကို ယခင်ကထက် ပိုမိုဂရုစိုက်ကြပါရန် ထပ်မံအသိပေး တိုက်တွန်းအပ်ပါသည်။
ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ဩဂုတ်လ (၃) ရက်၊ (၄) ရက်၊ (၈) ရက် နှင့် (၁၀) ရက် နေ့တို့တွင်လည်း သံတွဲ၊ မြောက်ဦး၊ အမ်း စသည့်မြို့များကို နေ့ညအချိန်မရွေး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့ပြည်သူ အများအပြား သေဆုံး၊ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ထို့အပြင် ပြည်သူတို့၏ အိုးအိမ်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် တိရစ္ဆာန်များ သေကျေ ပျက်စီးဆုံးရှုံးမှု အများအပြားရှိခဲ့သည်။
ဓာတ်ပုံ - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်၊ နံနက်ပိုင်းတွင် ပလက်ဝမြို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဒဏ်ရာရရှိသွားခဲ့ကြသော အပြစ်မဲ့ ပြည်သူနှစ်ဦး
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော် | 14 813 |
| 19 | ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်၊ နေ့လယ် (၁) နာရီကျော်အချိန်တွင် အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ၏ နေအိမ် အဆောက်အအုံများ ပျက်စီး ဆုံးရှုံးမှု စာရင်း
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်
#AAInfoDesk | 13 663 |
| 20 | ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်၊ နေ့လယ် (၁) နာရီကျော်အချိန်တွင် အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသော အပြစ်မဲ့ အရပ်သားပြည်သူများ စာရင်း
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်
#AAInfoDesk | 11 595 |
