uz
Feedback
Channel U

Channel U

Kanalga Telegram’da o‘tish
852
Obunachilar
-124 soatlar
-47 kunlar
+2230 kunlar
Postlar arxiv
Channel အရင်Joinပါ https://t.me/+0CGXi_NmU3kxNDU1 Link https://t.me/c/2472158618/591

မစောင့်နိုင်လို့ကြိုကြည့်ချင်ကြတဲ့သူတွေအတွက် ဦးစွာ HDTC Version ကိုအရင်ဆုံးတင်ဆက်လိုက်ပါတယ်..အရသာပြည့်ပြည့်ဝဝခံစားချင်ရင်တော့ Digital Release သာ စောင့်ကြပါလို့ အကြံပေးလိုက်ပါတယ် ၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့ပြီး ကမ္ဘာတစ်လွှားမှာ အောင်မြင်မှုမှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့တဲ့ ဂန္ထဝင်ဟာသဇာတ်ကားကြီး "Shaolin Soccer" ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အခုဆိုရင်တော့ ဆယ်စုနှစ် နှစ်ခုကျော်အကြာမှာ ဟာသဘုရင်ကြီး စတီဖင်ချောင် (Stephen Chow) ကိုယ်တိုင် ရိုက်ကူးပုံဖော်ထားတဲ့ "Shaolin Women's Soccer" (သို့မဟုတ်) "Kung Fu Soccer" (功夫女足) ဆိုတဲ့ အသစ်စက်စက် ၂၀၂၆ ထွက် ဇာတ်ကားကြီးနဲ့အတူ ပရိသတ်တွေရှေ့ကို တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပါပြီ။ ဒီကားမှာတော့ နာမည်ကြီး တရုတ်မင်းသမီးချောလေး Dilraba Dilmurat ၊ Zhang Xiaofei နဲ့ နာမည်ကျော် အဆိုတော်/မင်းသား Lay Zhang တို့က အဓိကပါဝင်အားဖြည့်ထားပြီး Stephen Chow ရဲ့ နာမည်ကျော် အငွေ့အသက်တွေနဲ့အတူ အားရပါးရ ရယ်မောရမယ့် Sports Comedy ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ "Emei" (အော်မေ့) လို့ခေါ်တဲ့ အမျိုးသမီး ဘောလုံးအသင်းလေးရဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီအသင်းဟာ အစပိုင်းမှာတော့ ဘယ်သူကမှ အထင်မကြီးတဲ့၊ ပျမ်းမျှအသက် ၃၀ ကျော်အရွယ် အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းလေးတစ်ခုပေါ့။ ဒါပေမဲ့ သူတို့တွေဟာ "Supreme Invincible Cup" ဆိုတဲ့ အကြီးမားဆုံး ဘောလုံးပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့... ရိုးရိုးဘောလုံးကန်တာမျိုးမဟုတ်ဘဲ တရုတ်ရိုးရာ သိုင်းပညာ (Kung Fu) တွေကို ဘောလုံးကစားကွက်တွေထဲမှာ ထည့်သွင်းအသုံးပြုလာကြပါတော့တယ်။ပြိုင်ပွဲတစ်လျှောက်မှာ သူတို့အသင်းလေးဟာ သိုင်းပညာနဲ့ ဘောလုံးပေါင်းစပ်ထားတဲ့ ထူးခြားတဲ့ စွမ်းရည်တွေကြောင့် အောင်ပွဲတွေ ဆက်တိုက်ရလာခဲ့ပေမဲ့၊ မထင်မှတ်ထားတဲ့ အတွင်းလူရဲ့ သစ္စာဖောက်မှုကြောင့် အကြီးအကျယ် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒီလို အခက်အခဲတွေ၊ အကြပ်အတည်းတွေကြားထဲကနေ Emei အမျိုးသမီး ဘောလုံးအသင်းလေး ဘယ်လို ပြန်လည်ထလာမလဲ၊ ပြိုင်ဘက်တွေကို သိုင်းကွက်ဆန်းတွေနဲ့ ဘယ်လို အကြိတ်အနယ် ယှဉ်ပြိုင်သွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားဟာ အရင် Shaolin Soccer ရဲ့ အငွေ့အသက်တွေကို အပြည့်အဝ ပြန်လည်ခံစားရစေမယ့်အပြင်၊ Stephen Chow ရဲ့ ကိုယ်ပိုင်ဟန်ဖြစ်တဲ့ အဓိပ္ပါယ်မဲ့ ဟာသ (Nonsense Comedy) တွေ၊ အမိုက်စား CGI အထူးပြုလုပ်ချက်တွေနဲ့ သိုင်းကွက်ဆန်းတွေကို ခေတ်မီမီ မြင်တွေ့ရမှာပါ။ ဒါ့အပြင် Carina Lau နဲ့ ဂျပန်မင်းသား Takeru Satoh တို့လို နာမည်ကြီး သရုပ်ဆောင်တွေကလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ထားသေးတာမို့ အရင် Shaolin Soccer ကို သဘောကျခဲ့တဲ့ ပရိသတ်တွေရော၊ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမော ကြည့်ချင်တဲ့ ပရိသတ်တွေပါ လုံးဝ (လုံးဝ) လက်မလွတ်သင့်တဲ့ ဇာတ်ကားကြီးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ရပါတယ်။

Kung Fu Soccer (2026)
Kung Fu Soccer (2026)

Channel အရင်Joinပါ https://t.me/+0CGXi_NmU3kxNDU1 Link https://t.me/c/2472158618/590

Night of Blood (2026) လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်တုန်းကအကြီးအကျယ်ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ဝိဉာဉ်တွေခြောက်လှန့်တယ်လို့ သတင်းတွေထွက်နေတဲ့ Val Verde ဟိုတယ်ကြီးမှာ ဒေါ်လာ ၁ သန်း ရမယ့် "တစ်ညတာ စိန်ခေါ်ပွဲ" ကို မသိကျွမ်းကြတဲ့ လူစိမ်း ၆ ယောက် လာရောက် ယှဉ်ပြိုင်ကြပါတယ်။ သူတို့အားလုံးဟာလည်း ဒီငွေကို အသည်းအသန်လိုချင်နေကြတဲ့ ဇာတ်လမ်းကိုယ်စီရှိကြပြီး အချင်းချင်း မကျေလည်မှုတွေ ပြဿနာလေးတွေရှိနေကြပါတယ်။ အစပိုင်းမှာတော့ ဟိုတယ်ဘက်က စီစဉ်ထားတဲ့ သရုပ်ဆောင်တွေရဲ့ခြောက်လှန့်မှုလို့ထင်ခဲ့ကြပေမယ့် တစ်ဖြည်းဖြည်းဟိုတယ်ကြီးထဲမှာ စွဲကပ်နေတဲ့ မကျွတ်မလွတ်သူတွေရဲ့ဝိဉာဉ်တွေပါ ပါဝင် ရန်မူလာချိန်မှာတော့ သူတို့အားလုံးဟာ လာရင်းဖြစ်တဲ့ဆုကြေးငွေရဖို့အပြင် အသက်ရှင်ကျန်ရစ်ဖို့ကိုပါ အသည်းအသန်စွန့်စားရုန်းကန်ရမယ့် အသက်လုပွဲတစ်ခုဖြစ်လာပါတော့တယ်

Night of Blood (2026)
Night of Blood (2026)

Channel အရင်Joinပါ https://t.me/+0CGXi_NmU3kxNDU1 Link https://t.me/c/2472158618/589

Kill Trip (2026) +++++++++ Texas က ဂီတပွဲတော်တစ်ခုကို ပျော်ပျော်ပါးပါး သွားဖို့ ပြင်ဆင်နေတဲ့ မိန်းကလေးသူငယ်ချင်းတစ်စု လမ်းမှာ ကားပျက်သွားလို့ ကားကြုံလိုက်ဖို့ ဖြစ်လာရာကနေ သူတို့ရဲ့ ပျော်စရာ ခရီးစဉ်ကြီးဟာ ငရဲခန်းတစ်ခုလို ပြောင်းလဲသွားပါတော့တယ်။ စကားပြောကောင်းပြီး ပေါင်းသင်းရလွယ်ပုံပေါ်တဲ့ ဗန်ကားမောင်းသမားနောက်ကို လိုက်သွားမိရာကနေ လူသူဝေးတဲ့ ဟိုတယ်အိုကြီးတစ်ခုဆီ ရောက်သွားခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် သဲလွန်စမရှိ ပျောက်ဆုံးသွားတဲ့အခါမှာတော့ ကားမောင်းသမားရဲ့ နောက်ကွယ်က ကြောက်စရာ အမှောင်ဖုံးနေတဲ့ လျှို့ဝှက်ချက်တွေကို စတင်သိရှိလာရပါတော့တယ်။ လွတ်မြောက်ဖို့ လမ်းစမရှိတဲ့ နေရာမှာ ကွယ်ဝှက်နေတဲ့ လူသတ်သမားလက်ကနေ မနက်မိုးမလင်းခင်အထိ အသက်ရှင်ကျန်ရစ်အောင် ဘယ်လိုရုန်းကန်ကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ။ Samaire Armstrong နဲ့ Corin Nemec တို့လို သရုပ်ဆောင်တွေ ပါဝင်ထားပြီး မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့ ခြောက်ခြားစရာ အငွေ့အသက်တွေကို ခံစားရမယ့် Independent Horror Thriller ကားကောင်းလေးမို့ သွေးပျက်ခြောက်ခြားဖွယ် ဇာတ်ကားမျိုး ကြိုက်တတ်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားအ

Kill Trip (2026)
Kill Trip (2026)

Channel အရင်Joinပါ https://t.me/+0CGXi_NmU3kxNDU1 Link https://t.me/c/2472158618/588

The Death of Robin Hood (2026) IMDb Rating (6.2) / Rotten Tomatoes (66%) The Death of Robin Hood က ၂၀၂၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမေရိကန် သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားပါ။ ရိုဘင်ဟုဒ်ဆိုတဲ့ နာမည်ကျော် ဇာတ်ကောင်ကို ပုံစံတစ်မျိုး ပြောင်းရိုက်ထားပြီး၊ အရင်လို လူဆိုးသူခိုးတွေကို နှိမ်နင်းတဲ့ ဟီးရိုးပုံစံမျိုး မဟုတ်ဘဲ အတိတ်က သူသတ်ခဲ့တဲ့ လူတွေအတွက် နောင်တတွေရနေတဲ့ အတ္တကြီးပြီး အိုမင်းနေတဲ့ လူသတ်သမားတစ်ယောက်အနေနဲ့ မြင်တွေ့ရမှာပါ။ ဒီဇာတ်ကားကို ဒါရိုက်တာ မိုက်ကယ် ဆာနိုစကီး က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းက အရမ်းကို မှောင်မိုက်ပြီး အကြမ်းဖက်ခန်းတွေ များလွန်းတာကြောင့် ပေါ့ပေါ့ပါးပါးဇာတ်လမ်းတော့ မဟုတ်ပါဘူး။ ဇာတ်လမ်းအကျဉ်း ၁၂၄၇ ခုနှစ် အင်္ဂလန်နိုင်ငံကို အခြေခံထားပြီး၊ ရိုဘင်က သူ့ကို ဟီးရိုးတစ်ယောက်လို့ သတ်မှတ်ထားကြတဲ့ ပုံပြင်တွေကို လက်မခံပါဘူး။ သူက လူတွေနဲ့ဝေးရာမှာ တစ်ယောက်တည်း သီးသန့်ခွဲနေပေမဲ့ သူ့သူငယ်ချင်းဟောင်း လစ်တဲလ်ဂျွန်ရဲ့ ခြံကို ပြန်ယူဖို့အတွက် ကြမ်းတမ်းတဲ့ တိုက်ပွဲတစ်ခုမှာ ပါဝင်ဖို့ အကြောင်းဖန်လာပါတယ်။ အဲဒီတိုက်ပွဲမှာ ရိုဘင်က အပြင်းအထန် ဒဏ်ရာရသွားပြီး ဝေးလံခေါင်ဖျားတဲ့ ကျွန်းပေါ်က ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ ကျန်ခဲ့ပါတယ်။ သူက နာမည်လွှဲနဲ့ နေပြီး အဲဒီက ကျောင်းထိုင်သီလရှင် ဘရစ်ဂျစ်က သူ့ကို ပြုစုပေးပါတယ်။ ဒဏ်ရာသက်သာလာတဲ့အခါ ရိုဘင်က စိတ်ဒဏ်ရာရနေတဲ့ ဂျွန်ရဲ့သမီးလေး မာဂရက်ကို လေးပစ်သင်ပေးရင်း တစ်ဖက်မှာလည်း သူ့ရဲ့ ရက်စက်ကြမ်းကြုတ်ခဲ့တဲ့ အတိတ်အတွက် နောင်တတွေနဲ့ ရုန်းကန်နေရပါတယ်။ ဇာတ်လမ်းက သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားရမှုတွေနဲ့ အဆုံးသတ်မှာ သူ့ရဲ့ အမှားတွေကို ဘယ်လို ပြင်ဆင်သွားမလဲဆိုတာကို ဝမ်းနည်းဖွယ် အဆုံးသတ်နဲ့ ရိုက်ပြထားပါတယ်။ ဒီကားထဲမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ ရိုဘင်ဟုဒ် နေရာမှာ ဟျူး ဂျက်မန်း က သရုပ်ဆောင်ထားပြီး၊ သီလရှင် ဘရစ်ဂျစ် အဖြစ် ဂျိုဒီ ကိုမာ က ပါဝင်ထားပါတယ်။ ဒါ့အပြင် လစ်တဲလ်ဂျွန် နေရာမှာ ဘီလ် စကားစဂတ် နဲ့ မာဂရက် နေရာမှာတော့ ဖိတ်သ် ဒီလာနီ တို့က အသီးသီး ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

The Death of Robin Hood (2026)
The Death of Robin Hood (2026)

Channel အရင်Joinပါ https://t.me/+0CGXi_NmU3kxNDU1 Link https://t.me/c/2472158618/587

The Bay 2026
The Bay 2026

ထိုင်းနိုင်ငံက လှပတဲ့ ပင်လယ်ပြင်မှာ အပန်းဖြေရင်း မင်္ဂလာဆောင်ပွဲလေး ဆင်နွှဲနေချိန်... ရုတ်တရက် ကျားငါးမန်း (Tiger Sharks) တွေ ဝိုင်းနေတဲ့ အလယ်မှာ လှေနစ်ပြီး ပိတ်မိသွားခဲ့ရင် သင် ဘာဆက်လုပ်မလဲ? Emma နဲ့ Lani ဆိုတဲ့ အချစ်ဆုံး သူငယ်ချင်း နှစ်ယောက်ဟာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် Destination Wedding (အပန်းဖြေခရီးသွားရင်း ကျင်းပတဲ့ မင်္ဂလာဆောင်) ကို တက်ရောက်ဖို့ ရောက်လာကြပါတယ်။ လှပတဲ့ ထိုင်းပင်လယ်ပြင်မှာ အပျော်စီးလှေ (Tour boat) လေးစီးရင်း ပျော်ရွှင်စရာ အချိန်လေးတွေကို ဖြတ်သန်းနေချိန်မှာပဲ... မထင်မှတ်ထားတဲ့ အဖြစ်ဆိုးကြီးနဲ့ ကြုံပြီး သူတို့စီးလာတဲ့ လှေလေးဟာ ရုတ်တရက် ပျက်စီးနစ်မြုပ်လာပါတော့တယ်။ အဆိုးဆုံးကတော့ သူတို့ နစ်နေတဲ့ နေရာက သာမန် ပင်လယ်ပြင် မဟုတ်ဘဲ၊ ကြောက်စရာကောင်းတဲ့ ကျားငါးမန်းတွေ (Tiger Sharks) အများဆုံး ကျက်စားရာ နယ်မြေ (Sanctuary) ရဲ့ အလယ်ဗဟိုတည့်တည့် ဖြစ်နေတာပါပဲ။ ကယ်ဆယ်ရေးလည်း မလာ၊ လှေကလည်း တဖြည်းဖြည်း နစ်နေတဲ့ အချိန်မှာ ရေအောက်ကနေ သွေးဆာနေတဲ့ ငါးမန်းတွေရဲ့ အန္တရာယ်ကနေ ဒီသူငယ်ချင်း နှစ်ယောက် ဘယ်လို အသက်လု ထွက်ပြေးကြမလဲ ဆိုတာကို ရင်တဖိုဖိုနဲ့ ကြည့်ရမှာပါ။ သာမန် ငါးမန်းကားတွေလို ကြီးမားတဲ့ CGI ဧရာမငါးမန်းကြီးတွေထက် တကယ်လက်တွေ့မှာ လူကို အန္တရာယ်ပေးနိုင်တဲ့ ကျားငါးမန်းတွေကို အသုံးပြုထားတာမို့ ပိုပြီး သဘာဝကျသလို၊ သွေးထွက်သံယို အက်ရှင်အခန်းတွေကလည်း အတော်လေး ကြည့်ကောင်းပါတယ်။ဂန္ထဝင်မင်းသားကြီး Clint Eastwood ရဲ့ သမီးဖြစ်သူ မင်းသမီး Francesca Eastwood က Emma အဖြစ် ပါဝင်ထားပြီး အသက်လုရုန်းကန်ရတဲ့ ပြကွင်းပြကွက်တွေမှာ သဘာဝကျကျ အကောင်းဆုံး ပုံဖော်ပေးသွားပါတယ်

Channel အရင်Joinပါ https://t.me/+0CGXi_NmU3kxNDU1 Link https://t.me/c/2472158618/585

Mieruko-chan (2025) ******************** ဒီဂျပန်ဇာတ်ကားလေးကတော့ anime ကို live action အဖြစ် ပြန်ရိုက်ထားတဲ့ Supernatural Horror အမျိုးအစား သည်းထိတ်ရင်ဖို သရဲဝိညာဉ်ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကြီးဒါရိုက်တာ Yoshihiro Nakamura ရဲ့လက်ရာဖြစ်ပြီး Nanoka Hara ၊ Rinka Kumada နဲ့ Naenano တို အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ချာယုဆုယာမာ အမျိုးသမီးအထက်တန်းကျောင်းက မိကိုနဲ့ ယူရီယာဟာ ငယ်ငယ်လေးကတည်းက သရဲဝိညာဉ်တွေကို မြင်နေရသူပါ။ သူတို့ရဲ့နေ့စဉ်ဘဝမှာ အဲဒီဝိညာဉ်တွေက နည်းမျိုးစုံနဲ့ လာနှောင့်ယှက်ကာ သူတို့ဆီကနေ အာရုံစိုက်ခံရဖို့ ကြိုးစားနေကြပါတယ်။ မိကိုကတော့ မမြင်သလိုသာ ဟန်ဆောင်နေရင်း အေးဆေးနေဖို့ရာဆုံးဖြတ်ထားခဲ့ပါတယ်။ တစ်ရက်မှာတော့ မိကိုရဲ့ အခင်ဆုံးသူငယ်ချင်း ဟာနဆီမှာ သရဲဝိညာဉ်ပူးကပ်နေတာကို မြင်မိပြီး မလိမ့်တစ်ပတ်နဲ့ ဟာနကို နတ်နန်းဆီခေါ်ကာ အဲဒီသရဲဝိညာဉ်ကို ခွာထုတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူတို့ကျောင်းကို သရဲဝိညာဉ်ပူးကပ်နေတဲ့ ဆရာအသစ်ရောက်လာပြီး အဲဒီဝိညာဉ်က ဟာနကို နှောင့်ယှက်နေတာကို မိကို မြင်သွားခဲ့ပါတယ်။ မိကိုက အရင်တစ်ခါလို ခွာထုတ်ပေးဖို့ ကြိုးစားပေမဲ့ ဟာနက လက်မခဲ့ပါဘူး။ နောက်နေ့မှာတော့ ဟာနကို ဆေးရုံတင်လိုက်ရပါတော့တယ်။ ဟာနဆီက သရဲဝိညာဉ်ကို မိကိုနဲ့ ယူရီယာတို့ ပေါင်းပြီး ဘယ်လိုတွေ စုံစမ်းဖော်ထုတ်ကာ နှိမ်နင်းပေးကြမလဲဆိုတာကိုတော့ ......

Mieruko-chan (2025)
Mieruko-chan (2025)

Channel အရင်Joinပါ https://t.me/+0CGXi_NmU3kxNDU1 Link https://t.me/c/2472158618/584

Freakier Friday (2025) ++++++++++ IMDb Rating (6.8) / Rotten Tomatoes (74%) "Freakier Friday" ကတော့ ၂၀၀၃ ခုနှစ်က ရိုက်ကူးခဲ့တဲ့ "Freaky Friday" ဇာတ်ကားရဲ့ တိုက်ရိုက်နောက်ဆက်တွဲ ဇာတ်ကားဖြစ်ပါတယ်။ ယခင်ဇာတ်ကားက မိခင်နဲ့ သမီးဖြစ်တဲ့ တက်စ်နဲ့အန်နာဟာ ယခုတစ်ကြိမ်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာပြီးတဲ့နောက် ခန္ဓာကိုယ်လဲသွားတာကို ထပ်မံကြုံတွေ့ရပြန်ပါတယ်။ အန်နာက ယခုအခါ ဂီတထုတ်လုပ်ရေးသမားတစ်ဦးဖြစ်လာပြီး သူ့သမီး ဟာပါကို တစ်ကိုယ်တော်မိခင် တစ်ဦးအနေနှင့် ပြုစုပျိုးထောင်လျက်ရှိပါတယ်။ အန်နာက သူ့သမီး ဟာပါရဲ့ကျောင်းနေဖက်နဲ့ ရန်သူလိုဖြစ်နေတဲ့ လီလီဆိုတဲ့ မိန်းကလေးရဲ့ဖခင် အဲရစ်နဲ့ချစ်ကြိုက်ပြီး လက်ထပ်ဖို့ ပြင်ဆင်နေချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ ဟာပါနဲ့လီလီက ဒီအိမ်ထောင်ရေးကို မလိုလားကြပါဘူး။ အဲဒီနောက်မှာဖြစ်ပေါ်လာတဲ့ မှော်ဆန်တဲ့ငလျင် လှုပ်ခတ်မှုတစ်ခုကြောင့် ဇာတ်ကောင်လေးဦးဖြစ်တဲ့ တက်စ်၊ အန်နာ၊ ဟာပါနဲ့ လီလီ တို့ရဲ့ဝိညာဉ်တွေက အချင်းချင်းရဲ့ ခန္ဓာကိုယ်တွေထဲကို ရောထွေးဝင်ရောက်လဲလှယ်သွားခဲ့ပါတော့တယ်။ ဒီအခြေအနေမှာ သူတို့လေးဉီးဟာ မိသားစုအသစ်ကို လိုက်လျောညီထွေဖြစ်အောင် လိုက်လံလုပ်ဆောင်ရင်း တစ်ဦးနဲ့တစ်ဦး ပိုမိုနားလည်လာစေဖို့ ခန္ဓာကိုယ်အသစ်တွေနဲ့နေထိုင်ကြည့်ကြရပါတော့တယ်။ နောက်ဆုံးမှာ သူတို့အားလုံးရဲ့စိတ်ခံစားချက်တွေပြောင်းလဲလာပြီး မူလခန္ဓာကိုယ်တွေကို ပြန်လည်ရောက်ရှိသွားကြပါတယ်။ ဇာတ်ကားမှာ မူရင်းဇာတ်ကောင်တွေကို Jamie Lee Curtis နဲ့ Lindsay Lohan တို့ကပဲပြန်လည်သရုပ်ဆောင်ထားပြီး လူငယ်သရုပ်ဆောင်တွေဖြစ်တဲ့ Julia Butters နဲ့ Sophia Hammons တို့က ခန္ဓာလဲသွားတဲ့ရှုပ်ထွေးမှုတွေကို ရယ်စရာကောင်းအောင် သရုပ်ဖော်ထားကြပါတယ်။