ch
Feedback
Channel U

Channel U

前往频道在 Telegram
844
订阅者
无数据24 小时
-27
-1230
帖子存档

Toy Story 5 (2026) ++++++++ IMDb Rating (7.5) / Rotten Tomatoes (93%) ကမ္ဘာကြီးရဲ့ တစ်ဟုန်ထိုး တိုးတက်ပြောင်းလဲလာမှုတွေနဲ့အတူ ကလေးတွေရဲ့ ပျော်ရွှင်မှုကို ရှာဖွေပုံကလည်း အလားတူ ပြောင်းလဲလာပါတယ်။ တစ်ချိန်က အရုပ်လေးတွေနဲ့ စကားပြောဆော့ကစားရင်း ပျော်ခဲ့ကြတဲ့ ကလေးတွေက အခုချိန်မှာ ဖုန်းဆိုတဲ့ အီလက်ထရောနစ် စက်ပစ္စည်း သူငယ်ချင်းအသစ်နဲ့ ပျော်မွေ့နေကြပါပြီ။ အရုပ်တွေနဲ့ ဆော့ကစားနေသေးတဲ့ ကလေးတစ်ယောက်ကို ဖုန်းကိုင်တဲ့ကလေးတွေက လူရာသွင်းသူငယ်ချင်း မလုပ်ချင်တော့တဲ့ အခြေအနေတစ်ခုကို ရောက်လာခဲ့တယ်။ ဒီမှိုင်းကိုမိသွားတဲ့ အရုပ်ချစ်သူ ကလေးတွေထဲမှာ ဘော်နီဆိုတဲ့ ကလေးမလေးလည်း အပါအဝင်ပေါ့။ အရုပ်တွေနဲ့ပဲ ဆော့နေသေးတဲ့ ဘော်နီ့ကို ဘယ်သူကမှ အဖက်လုပ်ပြီး သူငယ်ချင်းမလုပ်ချင်ကြတဲ့အခါ သူ့မိဘတွေက Lilypad ဆိုတဲ့ tablet လေး တစ်လုံး ဝယ်ပေးလိုက်ပါတယ်။ Lilypad လေး အိမ်ကို စရောက်လာကတည်းက ဘော်နီဟာ အရင်က သူအမြတ်တနိုးထားခဲ့ရတဲ့ နွားကျောင်းသူအရုပ်မလေး ဂျက်စီနဲ့ ဘက်ဇ် အပါအဝင် တခြားသောအရုပ်‌လေးတွေကို စိတ်မဝင်စားတော့ပါဘူး။ ဒီလိုနဲ့ စုံစမ်းကြည့်လိုက်တဲ့အခါ Lilypad လို စက်ပစ္စည်းတွေကြောင့် သူတို့အရုပ်တွေ ချောင်ထိုးခံရတာ ကြာပြီဆိုတာကို ဂျက်စီတို့ သိလိုက်ရပါတယ်။ ဒီအဖြစ်ဆိုးကြီးက သူတို့အပေါ်ကိုလည်း စပြီး ကျရောက်နေပြီဖြစ်လို့ အမေ့ပျောက်ခံ အရုပ်များ မဖြစ်ဖို့အရေး စစ်ဆင်ရေး စရပါတော့တယ်

Toy Story 5 (2026)
Toy Story 5 (2026)

photo content

My Little Pony: Equestria Girls - Rainbow Rocks (2014) -------------- Equestria Girls စီးရီးတွေထဲမှာ အကောင်းဆုံးနဲ့ အအောင်မြင်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ ကာတွန်းကားဖြစ်ပြီး အရောင်အသွေး စုံလင်လှပါတယ် ဇာတ်လမ်းကတော့ သာမန် အထက်တန်းကျောင်းသားလေးတွေအဖြစ် ပြောင်းလဲနေထိုင်နေကြတဲ့ Sunset Shimmer နဲ့ သူမရဲ့ သူငယ်ချင်းအဖွဲ့ဆီကို... Equestria ပြည်နယ်ကနေ နယ်နှင်ဒဏ်ပေးခြင်း ခံထားရတဲ့ Sirens သုံးကောင် ဖြစ်တဲ့ Adagio, Aria နဲ့ Sonata တို့ ရောက်ရှိလာရာကနေ စတင်ထားတာပါ။ ဒီ Sirens သုံးကောင်ဟာ Canterlot High ကျောင်းမှာ ရှိနေတဲ့ မော်ဂျစ်စွမ်းအားတွေကို ရရှိသွားပြီးနောက် ကျောင်းသားတွေကြားထဲမှာ အချင်းချင်း စည်းဝမ်းကွဲပြားအောင် သွေးခွဲကာ... ကျောင်းရဲ့ ရိုးရိုးဂီတပွဲတော်ကို အချင်းချင်း ရန်ဖြစ်စိန်ခေါ်ကြရတဲ့ ဂီတတိုက်ပွဲ အဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ် ဒါကို သိရှိသွားတဲ့အခါ Twilight Sparkle တစ်ယောက် Equestria ကနေ လူ့ကမ္ဘာဆီ ပြန်လည်ရောက်ရှိလာပြီး... သူမရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ Applejack, Rainbow Dash, Pinkie Pie, Rarity, Fluttershy တို့နဲ့အတူ "The Rainbooms" ဆိုတဲ့ တီးဝိုင်းဖွဲ့ကာ ဂီတစွမ်းအားဖြင့် သွေးခွဲနတ်ဆိုးတွေကို စည်းလုံးစွာ ပြန်လည်တိုက်ခိုက်သွားကြရပုံကို မိသားစုနဲ့ကြည့်လို့ရမယ့် animation ကောင်းလေး ဖြစ်ပါတယ်

My Little Pony: Equestria Girls - Rainbow Rocks (2014)
My Little Pony: Equestria Girls - Rainbow Rocks (2014)

စိတ်အပန်းဖြေချင်တဲ့ ပရိသတ်တွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမယ့် ၂၀၀၀ ပြည့်လွန်နှစ်တွေက Classic Romantic Comedy ဇာတ်ကားဟောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ မင်းသား Jason Biggs နဲ့ မင်းသမီး Isla Fisher တို့ အဓိကပါဝင်ထားတဲ့ "Wedding Daze" (တစ်နည်းအားဖြင့် The Pleasure of Your Company) ဆိုတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ Anderson ဟာ သူ့ရဲ့ချစ်သူကောင်မလေးကို အရမ်းရိုမန်တစ်ဆန်ဆန် Cupid ဝတ်စုံကြီးဝတ်ပြီ) လက်ထပ်ခွင့်တောင်းဖို့ ကြိုးစားရာကနေ... ကောင်မလေးက အလွန်အမင်း အံ့ဩဝမ်းသာသွားပြီး နှလုံးရပ်သေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် Anderson တစ်ယောက် စိတ်ဒဏ်ရာရပြီး တစ်နှစ်လောက်ကြာတဲ့အထိ အချစ်သစ်မရှာနိုင်ဘဲ အထီးကျန်ဖြစ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူ့သူငယ်ချင်းက နောက်ထပ် အချစ်သစ်ပြန်ရှာဖို့ တိုက်တွန်းတာကြောင့် စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးနေတဲ့ မိန်းကလေး Katie (Isla Fisher) ကို ဘာစိတ်ကူးပေါက်သွားမှန်းမသိဘဲ ရမ်းပြီး လက်ထပ်ခွင့်တောင်းလိုက်ပါတော့တယ်။ ပိုအံ့ဩစရာကောင်းတာက Katie ဟာလည်း သူ့ရဲ့ ငြီးငွေ့စရာကောင်းတဲ့ ဘဝကြီးကနေ ရုန်းထွက်ချင်နေတဲ့အချိန်ဖြစ်နေတော့ ဘာမတွေးညာမတွေးနဲ့ လက်ခံလိုက်တဲ့အခါ... လုံးဝမသိကျွမ်းတဲ့ သူစိမ်းနှစ်ယောက်ရဲ့ ကမောက်ကမ စေ့စပ်ပွဲကြီး စတင်ပါတော့တယ်။ ဒီကားလေးက ၂၀၀၀ ပြည့်လွန်နှစ်တွေက Rom-Com တွေရဲ့ ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါးနဲ့ ဟာသနှောထားတဲ့ (Feel-good) ဇာတ်ကားမျိုးပါ။ တစ်ယောက်ကိုတစ်ယောက် လုံးဝမသိဘဲ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့ သူစိမ်းနှစ်ယောက်၊ သူတို့နှစ်ယောက်ရဲ့ ဂွကျတဲ့ မိသားစုတွေနဲ့ မထင်မှတ်ထားတဲ့ ပြဿနာတွေကြားမှာ တဖြည်းဖြည်း သံယောဇဉ်တွယ်လာပုံတွေကို ဟာသလေးတွေနဲ့ ချစ်စရာကောင်းအောင် ရိုက်ကူးထားပါတယ်။ အထူးသဖြင့် Isla Fisher ရဲ့ သွက်လက်ပြီး ချစ်စရာကောင်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့ Jason Biggs ရဲ့ အူကြောင်ကြောင် ဟာသတွေက ဇာတ်လမ်းကို ပိုပြီး အသက်ဝင်စေပါတယ်။ ယုတ္တိမတန်တဲ့ အစပြုမှုလေးကနေ တကယ့် စစ်မှန်တဲ့ အချစ်ကို ရှာတွေ့သွားတဲ့ ပုံစံမျိုးလေးမို့ စိတ်ဖိစီးမှုတွေပျောက်ပြီး ရယ်မောချင်သူတွေအတွက် လုံးဝ အံကိုက်ပါပဲ

Wedding Daze
Wedding Daze

The Break-Up (2006) IMDb Rating (5.8) / Rotten Tomatoes (34%) ဒီဇာတ်ကားလေးကတော့ ကျနော်တို့ငယ်ငယ်ကတည်းက ရင်းနှီးလာခဲ့တဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသမီးကြီး ဂျနီဖာ အန်နီစတန်အပြင် တခြားသရုပ်ဆောင်တွေနဲ့အတူ ၂၀ ရာစုအစောပိုင်းက အမေရိကန် ချီကာဂိုမြို့ကြီးရဲ့ ခံစားချက်နဲ့အတူ Romance Comedy ကားလေးကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂယ်ရီနှင့် ဘရွတ်ခ်ဟာ ဘေ့စ်ဘောပွဲမှာ ပထမဆုံး တွေ့ဖူးခဲ့ကြပြီး စကားပြောဖြစ်ရာကနေ သမီးရည်းစားဖြစ်သွားကြပြီး နှစ်ယောက်တစ်အိပ်မက်မက်တာ ဈေးမြောက်တဲ့ကွန်ဒိုတိုက်ခန်းတစ်ခုကိုတောင် အတူတူစပ်ပြီး အရစ်ကျ ငွေသွင်းကာ ဘဝကို အတူတူ ဖြတ်သန်းခဲ့ကြပါတယ်။ ဒါပေမယ့် အချစ်ခရီးလမ်းက မဖြောင့်ဖြူးဘူးဆိုတဲ့အတိုင်း ချီကာဂိုမြို့ကြီးကို လှည့်လည်ပြသရတဲ့ ဧည့်လမ်းညွှန်လုပ်တဲ့ ဂယ်ရီက အိမ်ပြန်လာရင် ဂိမ်းလေးဆော့၊ နားအေးပါအေး အနားယူချင်သူပါ။ တစ်ဖက်မှာတော့ ပန်းချီပြခန်းမှာ အလုပ်လုပ်တဲ့ဘရွတ်ခ်ကလည်း အိမ်ပြန်လာရင် နှစ်ယောက်စာ စားဖို့သောက်ဖို့ ချက်ပြုတ်၊ ဂယ်ရီချွတ်ထားတဲ့ဘောင်းဘီတွေ ခြေအိတ်တွေ လိုက်သိမ်းရ၊ ဂယ်ရီကလည်း ကူဖော်လောင်ဖက်မရတော့ စိတ်ချဉ်ပေါက်လာပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့နှစ်ယောက်ဟာ အကြီးအကျယ် ရန်ဖြစ်ပေါက်ကွဲကြပြီး လမ်းခွဲလိုက်ကြပေမဲ့ ကွန်ဒိုက တူတူစပ်ဝယ်နေတာဖြစ်လို့ နှစ်ယောက်ကလည်း တခြားသွားစရာနေရာမရှိပဲ အတူတူ ဆက်နေရဖို့ ဖြစ်လာပါတယ်။ ဒီတော့ သူတို့နှစ်ယောက် တိုက်ခန်းတစ်ခုကို အတူစပ်နေရင်း ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊ သူတို့တွေ ကွဲကွာသွားကြမလား၊ ပြန်ပေါင်းထုပ်သွားမလားဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်

The Break-Up (2006)
The Break-Up (2006)

“သရဲတွေကို မယုံတဲ့သူတွေက သရဲကို စိန်ခေါ်မိတဲ့အခါ...." သရဲတစ္ဆေတွေကိုမယုံကြည်ဘဲ “သရဲကိုစိန်ခေါ်တဲ့” ဗီဒီယိုတွေ ရိုက်ကူးပြီး အွန်လိုင်းမှာ နာမည်ကြီးလာတဲ့ ကျောင်းသားလူငယ်တစ်စုတို့ဟာ View တွေများလာတာနဲ့အမျှ သူတို့ရဲ့ စိန်ခေါ်မှုတွေက ပိုပြီး ရဲတင်းလာပြီး၊ တစ်နေ့မှာ သင်္ချိုင်းတစ်ခုထဲအထိ ဝင်ရောက်ပြီး ဗီဒီယိုရိုက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အဲဒီနေရာမှာ အလောင်းကို​ပြန်တူးဖော်ရင်း သေဆုံးသူရဲ့ပါးစပ်ထဲက ရွှေဒင်္ဂါးတစ်ပြားကို တွေ့ခဲ့ပြီး အလောင်းရဲ့ ပါးစပ်ထဲက ဒင်္ဂါးပြားကို နှုတ်ယူလိုက်ချိန်မှာတော့ မြှုပ်နှံထားတဲ့ ဝိညာဉ်ဆိုး ရုတ်တရက် နိုးထလာပြီး သူတို့ကို ကြောက်မက်ဖွယ်ကောင်းအောင် ခြောက်လှန့်ပါတော့တယ် အဲဒီနောက်မှာတော့ မမြင်နိုင်တဲ့အရာတစ်ခုက သူတို့နောက်ကို လိုက်လာပြီး အစပိုင်းမှာ အပျော်သဘောနဲ့ စတင်ခဲ့တဲ့ သရဲစိန်ခေါ်မှုက အသက်ရှင်လွတ်မြောက်ဖို့ ကြိုးစားရတဲ့ ကြောက်စရာအဖြစ်အပျက် တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါတော့တယ် ​အမှောင်ထုထဲမှာ တစ်ယောက်ပြီးတစ်ယောက် သရဲခြောက်ခံရပြီး အသက်လုပြေးကြရတဲ့အခါ သူတို့ လွတ်မြောက်အောင် ဘယ်လိုရုန်းကန်ကြမလဲ...... ရွှေဒင်္ဂါးပြားတွေရဲ့ နောက်ကွယ်က ဝှက်ထားတဲ့ လျှို့ဝှက်ချက်ကရော ဘာဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားပဲဖြစ်ပါတယ်

Ghost Coins
Ghost Coins

Minions & Monsters (2026) ++++++++++++++ IMDb Rating (6.5) / Rotten Tomatoes (89%) အားလုံးရဲ့ အသဲကျော် မီနီယံတွေ ပြန်လာပါပြီ။ ဒီဇာတ်ကားကတော့ Animation, Adventure နဲ့ Comedy အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Pierre Coffin က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအဖြစ် Pierre Coffin, Christoph Waltz, Jesse Eisenberg, Allison Janney နဲ့ Jeff Bridges တို့က အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ၁၉၂၀ ပြည့်လွန်နှစ်တွေရဲ့ ဟောလိဝုဒ် ရုပ်ရှင်ခေတ်ဦးမှာ ဂရူးနဲ့ မဆုံတွေ့သေးခင် မီနီယံအုပ်စုဟာ မတော်တဆ ရုပ်ရှင်ရိုက်ကွင်းတစ်ခုထဲ ရောက်သွားရင်းကနေ ရုတ်တရက် နာမည်ကြီး မင်းသားတွေ ဖြစ်လာခဲ့ကြရာကနေ ဇာတ်လမ်းစတာပါ။ ဒါပေမဲ့ အသံပါတဲ့ ရုပ်ရှင်ခေတ် ပြောင်းလဲလာတဲ့အခါ မီနီယံဘာသာစကားပဲ ပြောတတ်တဲ့ သူတို့ဟာ ရုပ်ရှင်လောကကနေ စွန့်ပစ်ခံလိုက်ရပါတော့တယ်။ ဒါကို လက်မလျှော့ချင်တဲ့ James, Henry နဲ့ Ed ဆိုတဲ့ မီနီယံသုံးကောင်ဟာ သူတို့ကိုယ်ပိုင် မကောင်းဆိုးဝါး ရုပ်ရှင်ကားကြီး ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ရုပ်ရှင်ထဲမှာ သရုပ်ဆောင်ဖို့အတွက် ရှေးဟောင်း ဂါထာစာအုပ်တစ်အုပ်ကို သုံးပြီး မကောင်းဆိုးဝါးတွေကို ဆင့်ခေါ်လိုက်ရာကနေ မထင်မှတ်ဘဲ ကမ္ဘာကြီးကို ဖျက်ဆီးမယ့် မိစ္ဆာကြီး ထွက်ပေါ်လာတဲ့အခါ မီနီယံတွေဟာ ကမ္ဘာကြီးကို ပြန်လည်ကယ်တင်ဖို့ ပရမ်းပတာ စွန့်စားကြရပါတော့တယ်

Minions & Monsters (2026)
Minions & Monsters (2026)