cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

MDY image✍️

သတင်းမှန်များ ဖြန့်ဝေရာ.....✍️✍️✍️ https://www.facebook.com/profile.php?id=100092390323095&mibextid=ZbWKwL

Ko'proq ko'rsatish
Reklama postlari
19 882
Obunachilar
+124 soatlar
+147 kunlar
+12230 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

PDF နဲ့ ကျားဖြန့်တွေဆီပိုမဲ့ တစ်လုံး ကျပ် သိန်း ၁၀၀ အထက် တန်ကြေးရှိ အင်တာနက်သုံး Starlink ၅၈ စုံကို ထိုင်းရဲဖမ်းမိ ၂၀. ၆. ၂၀၂၄ Translated by Nay Moe PDF နဲ့ ကျားဖြန့်တွေဆီပို့မဲ့ ပြည်တွင်းပေါက်စျေးမှာ တစ်လုံး ကျပ် သိန်း ၁၀၀ အထက် တန်ကြေးရှိတဲ့ ဂြိုဟ်တုကနေ အင်တာနက်ဖမ်းယူသုံးနိုင်တဲ့ အင်တာနက်သုံး Starlink ၅၈ စုံကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
Hammasini ko'rsatish...
Photo unavailableShow in Telegram
မုံရွာမြို့ စီးပွါးရေးတက္ကသိုလ်မှ ဆရာမတစ်ဦးကို PDF တွေ ပြန်ပေးဆွဲသွား ………………………………… နေပြည်တော်၊ ဇွန် ၂၀ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ စီးပွါးရေးတက္ကသိုလ် (ဒေသအခေါ် ECO ကျောင်း)မှ ဆရာမတစ်ဦးကို PDF အဖွဲ့ဝင်များမှ ပြန်ပေးဆွဲခေါ်ဆောင်သွားကြောင်း သိရသည်။
Hammasini ko'rsatish...
😱 1🙏 1
Photo unavailableShow in Telegram
ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား စော်ကားမှုများ လုပ်ဆောင်နေသော NLD ပါတီမှ ပေါ်ပေါက်လာသည့် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များနှင့် ပြည်ဖျက်မီဒီယာများ၏ လုပ်ရပ်များနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်
Hammasini ko'rsatish...
Photo unavailableShow in Telegram
ရုရှားရေတပ်ဦးစီးချုပ် က နိုင်ငံတကာ ရေကြောင်းကာကွယ်ရေး စစ်သုံးရေယာဉ်ပြပွဲ ဖွင့်လှစ် KROONSTADT၊ ဇွန် ၁၉ ရုရှားရေတပ်ဦးစီးချုပ် Alexander Moiseyev သည် Kronstadt တွင် "Fleet 2024" International Maritime Defense Show (MVMS) ကို တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ "Fleet 2024" International Maritime Defence Show ကို ဖွင့်လှစ်ကြောင်း ဖွင့်ပွဲအခမ်းအနားတွင် Moiseyev က ပြောကြားခဲ့သည်။ ပြပွဲတွင် ပါဝင်သူများသည် ဆန်းသစ်သော ဒီဇိုင်းများ၊ ဒီဇိုင်းဖြေရှင်းချက်အသစ်များနှင့် အဆင့်မြင့်နည်းပညာများကို ရုရှားနှင့် နိုင်ငံခြား စစ်ဘက်-စက်မှုဆိုင်ရာ ဆက်စပ်သော ကုမ္ပဏီကြီးများ၏ အဆင့်မြင့်နည်းပညာများ ပြသနိုင်မည်ဟု မျှော်လင့်ကြောင်း ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။ "ဒီထူးခြားတဲ့ ပြပွဲက အကောင်းဆုံး သင်္ဘောတည်ဆောက်သူတွေ၊ ဒီဇိုင်းတွေနဲ့ လက်နက်တွေ၊ စစ်ယာဉ်ထုတ်လုပ်သူတွေရဲ့ အကောင်းဆုံး ဒီဇိုင်းတွေကို စုစည်းထားတယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့ဟာ အပြန်အလှန် အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ထူထောင်ပြီး လိုအပ်တဲ့ စာချုပ်တွေကို ချုပ်ဆိုသွားမှာပါ" ဟု Moiseyev က အလေးပေးပြောကြားခဲ့သည်။
Hammasini ko'rsatish...
👍 18
အကြမ်းဖက် PDF (ကားလေးအဖွဲ့)မှ အလောင်း လက်နက် ခဲယမ်းများ သိမ်းဆည်းရမိ ဇွန်လ ၁၉ ရက်နေ့ ညနေ ၅ နာရီခန့်က စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်တွင်  အကြမ်းဖက် PDF (ကားလေးတို့အဖွဲ့)မှ ဓားပြတိုက်နေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းခဲ့ရာ - အကြမ်းဖက် pdf ၁ လောင်း - လက်လုပ်ပစ္စတို ၁ လက် -ကျည်အိမ် ၁ ခု - ကျည်မျိုးစုံ ၁၄ တောင့် - ဖုန်း ၂ လုံး - ဆိုင်ကယ် ၂ စီးတို့အား သိမ်းဆည်းရမိကြောင်း သိရပါသည်။
Hammasini ko'rsatish...
👍 12
အွန်လိုင်းလိမ်လည်မှုကျူးလွန်ထားသော တရုတ်နိုင်ငံသား ၁၅၀ ကို မြန်မာအစိုးရ ထပ်မံလွှပြောင်းပေးမှုတွင် တရုတ်က ဖမ်းဝရမ်းထုတ်ထားသူ ၁၄ ဦးပါဝင် ၁၉.၆. ၂၀၂၄ မြန်မာအစိုးရ ဖမ်းမိထားသူများအနက် အွန်လိုင်းမှလိမ်လည်မှု ကျူးလွန်နေသည်ဟု သံသယရှိမှုဖြင့် ဖမ်းဆီးထားသော တရုတ်နိုင်ငံသား ၁၅၀ ကို ဇွန်လ ၁၈ ရက်နေ့က ထပ်မံလွှပြောင်းပေးခဲ့ကြောင်း တရုတ်ပြည်သူရေးရာ လုံခြုံရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုလိုက်သည်။ မြန်မာအာဏာပိုင်များမှ ပြန်လည်လွှပြောင်းပေးခဲ့သော တရုတ်နိုင်ငံသား ၁၅၀ ဦးထဲတွင် ဖမ်းဝရမ်းထုတ်ထားသောခေါင်းဆောင် ၁၄ ဦး ပါဝင်ခဲ့ကြောင်း၊ တာချီလိတ်မြိုရှိ အွန်လိုင်းအသုံးပြုကာလိမ်လည်နေသည့်ဂိုဏ်းများကို တရုတ်ရဲတပ်ဖွဲနှင့် မြန်မာအာဏာပိုင်များ ပူးပေါင်းဖြိုခွင်းခဲ့ခြင်းဖြစ်ကြောင်း၊ အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုကျူးလွန်နေသူများကို နိုင်ငံတကာအဖွဲအစည်းများနှင့် ပူးပေါင်းပြီး ထိရောက်စွာဖြိုခွင်းသွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူရေးရာလုံခြုံရေးဝန်ကြီးဌာနက ပြောသည်။ တရုတ်ပြည်သူရေးရာလုံခြုံရေးဝန်ကြီးဌာနသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ်တည်းက မြန်မာရဲတပ်ဖွဲနှင့်ပူးပေါင်းပြီး အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသူများကို ဖမ်းဆီးအရေးယူနိုင်ရန် အရှိန်မြင့်ကြိုးပမ်းခဲ့သလို မြန်မာအစိုးရကလည်း အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုကျူးလွန်နေသူများအဖြစ် သံသယရှိသူ ၄၉၀၀၀ ကျော်ကို တရုတ် ပြည်သူရေးရာလုံခြုံရေးဝန်ကြီးဌာနသို လွှပြောင်းပေးခဲ့ကြောင်း သိရသည်။ မြန်မာအာဏာပိုင်များသည် ပြီးခဲ့သောရက်ပိုင်းက ရှမ်းပြည်နယ်၊ တာချီလိတ်မြိုဝန်းကျင်နားတွင် အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုကျူးလွန်နေသူများကို ဖြိုခွင်းခဲ့ရာ တရုတ်နိုင်ငံသားများကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။ တရုတ်ပြည်သူရေးရာလုံခြုံရေးဝန်ကြီးဌာနကလည်း တာချီလိတ်မြိုတွင် အခြေပြုလှုပ်ရှားနေသည့် အွန်လိုင်းမှတစ်ဆင့် လိမ်လည်သည့် ဂိုဏ်း ၁၀ ခုကို အောင်မြင်စွာ စီးနင်းဖြိုခွင်းနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
Hammasini ko'rsatish...
👍 12
ပျော်ဘွယ်မြို့မှ နန့်စီးအောင်နှင့် မော်လူးမြို့သို့ သယ်ဆောင်လာသည့် ကာလတန်ဖိုး ကျပ်သိန်း ၄၂၀ ခန့်ရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်းသိရသည်
Hammasini ko'rsatish...
👍 9👏 1
Photo unavailableShow in Telegram
ယနေ့စက်သုံးဆီစျေးနှုန်းများ
Hammasini ko'rsatish...
👍 14
Photo unavailableShow in Telegram
😁😁😁
Hammasini ko'rsatish...
👍 20
Photo unavailableShow in Telegram
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၃/၂၀၂၄)သို့ တက်ရောက်အမှာစကားပြောကြားစဉ် ပြောကြားချက်များမှ ကောက်နုတ်ချက် ================================= နိုင်ငံတစ်ခုတိုးတက်ကောင်းမွန်ရေးအတွက် နိုင်ငံတွင် နေထိုင်ကြသူများက ဆောင်ရွက်ရခြင်းဖြစ်သကဲ့သို့ နိုင်ငံကို ပျက်စီးအောင်လည်း အဖျက်သမားစိတ်ဓာတ်ရှိသည့် ၎င်းနိုင်ငံသားများကပင် အဓိကပြုလုပ်ခြင်းဖြစ်ကြောင်း၊ အလားတူပင် ဒေသတစ်ခု ပျက်စီးစေရန်အတွက် လုပ်ဆောင်ကြသူများမှာ အဆိုပါဒေသတွင် နေထိုင်ကြသည့် ဒေသခံအဖျက်သမားအကြမ်းဖက်များပင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်ဖြစ်ပေါ်နေသည့် အကြမ်းဖက်လုပ်ရပ်များကို အဆိုပါဒေသတွင်နေထိုင်ကြသည့် ဒေသခံအကြမ်းဖက်များက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ အခြားဒေသတွင်နေထိုင်သူများက လာရောက်လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း၊ မိမိဒေသကိုဖျက်ဆီးနေသူများဖြစ်ကြောင်း၊ ဉပမာပေးရမည်ဆိုပါက “အရိပ်နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေသူများဖြစ်ကြောင်း၊  ၎င်းကဲ့သို့ အကြမ်းဖက်အဖျက်သမားများကိုလူထုအားဖြင့် ကာကွယ်ထိန်းသိမ်းရန်လိုကြောင်း။
Hammasini ko'rsatish...
👍 24 3