uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 499 obunachidan iborat bo'lib, Yangiliklar & Media toifasida 16 048-o'rinni va Myanma mintaqasida 10 057-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 499 obunachiga ega bo‘ldi.

22 Iyun, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -276 ga, so‘nggi 24 soatda esa -10 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 10.30% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.31% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 287 marta ko‘riladi; birinchi sutkada odatda 663 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 15 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 23 Iyun, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 499
Obunachilar
-1024 soatlar
-707 kunlar
-27630 kunlar
Postlar arxiv
ဆော်ဒီရေနံပိုက်လိုင်းဒရုန်းထိ NOM ပင်လယ်ကွေ့ကမ်းရိုးတန်းမှ ပင်လယ်နီသို့ ရေနံသယ်ယူပို့ဆောင်ပေးသော ဆော်ဒီအာရေဗျ၏ အရေးပါသော အရှေ
ဆော်ဒီရေနံပိုက်လိုင်းဒရုန်းထိ NOM ပင်လယ်ကွေ့ကမ်းရိုးတန်းမှ ပင်လယ်နီသို့ ရေနံသယ်ယူပို့ဆောင်ပေးသော ဆော်ဒီအာရေဗျ၏ အရေးပါသော အရှေ့-အနောက် ရေနံစိမ်းပိုက်လိုင်းသည် ဗုဒ္ဓဟူးနေ့က ဒရုန်းတိုက်ခိုက်မှုတစ်ခုတွင် ထိမှန်ခဲ့ပြီး လမ်းကြောင်းတစ်လျှောက်ရှိ ရေနံစုပ်စက်တစ်ခုကို ထိမှန်ခဲ့သည်။ အမေရိကန်နှင့် အီရန်တို့ ၎င်းတို့၏ လက်ရှိပဋိပက္ခတွင် အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီး နာရီပိုင်းအကြာတွင် ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့သည်။ ပိုက်လိုင်းပျက်စီးမှုကို လက်ရှိတွင် အကဲဖြတ်နေပြီး Saudi Aramco က ယခုအချိန်အထိ လူသိရှင်ကြား မှတ်ချက်ပေးရန် ငြင်းဆိုထားသည်။

အမေရိကန်တပ်များအီရန်တို့၏ထောင်ချောက်အတွင်းကျဟုအီရန်ပြော NOM မအောင်မြင်သော Isfahan စစ်ဆင်ရေးနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များ ထွက်ပေါ်လာသည်။ အီရန်သတင်းရင်းမြစ်များက ယခုအခါ ၎င်းသည် လေယာဉ်မှူးကယ်ဆယ်ရေးမစ်ရှင်မဟုတ်ကြောင်း အတည်ပြုခဲ့သည်။ ၎င်းသည် နျူကလီးယားစက်ရုံတစ်ခုကို ဝင်ရောက်စီးနင်းခြင်းဖြစ်သည်။ ထရမ့်၏ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင် အိမ်ဖြူတော်တွင် စစ်ဆင်ရေးစမည့်အချိန်ကိုသတ်မှတ်ခဲ့သည်။ စွန့်ပစ်ထားသော လေယာဉ်ကွင်းတစ်ခုဖြစ်သည့် ဆင်းသက်ရာနေရာကို Isfahan နျူကလီးယားစက်ရုံနှင့် နီးကပ်သောကြောင့် အထူးရွေးချယ်ခဲ့သည်။ စစ်ဆင်ရေးကို သတိပေးကန့်ကွက်သော ဗိုလ်ချုပ်ကြီးများကို စတင်မလုပ်ဆောင်မီ ရက်အနည်းငယ်အလိုတွင် ရာထူးမှ ထုတ်ပယ်ခဲ့သည်။ အီရန်သည် ပထမဆုံး အမေရိကန်C-130 ကို ဆင်းသက်ခွင့်ပြုခဲ့ပြီး ကွန်မန်ဒိုများကို ဆင်းသက်ခွင့်ပြုခဲ့သည်။ဒုတိယလေယာဉ် ချဉ်းကပ်လာသောအခါ စတင်တိုက်ခိုက်ခဲ့သည်။ အမေရိကန်တိုက်လေယာဉ်များသည် ဖမ်းဆီးခံရခြင်းမှ ကာကွယ်ရန် ၎င်းတို့၏ C-130လေယာဉ်များကို ဗုံးကြဲခဲ့သည်။ အမေရိကန်ကွန်မန်ဒိုများသည် အလွန်လျင်မြန်စွာ ထွက်ပြေးခဲ့ကြပြီး ၎င်းတို့၏ မှတ်ပုံတင်စာရွက်စာတမ်းများကို ချန်ထားခဲ့သည်။ အီရန်သတင်းရင်းမြစ်များက ၎င်းကို Tabas 1980 ၁၉၈၀ခုနှစ်ကအီရန်ဓားစာခံများကိုကယ်တင်ရန်ဆောင်ရွက်ခဲ့သည့်စစ်ဆင်ရေးထက် ပိုဆိုးသည်ဟု ဆိုကြပြီး အကျိုးဆက်သည် ထရမ့်၏ နိုင်ငံရေးအနာဂတ်ကို နှစ်ပေါင်းများစွာ ထိခိုက်စေမည်ဖြစ်သည်။

ဗီယက်နမ်ကဝန်ကြီးချုပ်သစ်ခန့် NOM ဗီယက်နမ်လွှတ်တော်ကယခင်ဗီယက်နမ်ဗဟိုဘဏ်ဥက္ကဌဖြစ်သူလီမင်းဟန်အားဝန်ကြီးချုပ်သစ်အဖြစ်ယနေ့ရွေးချယ်
ဗီယက်နမ်ကဝန်ကြီးချုပ်သစ်ခန့် NOM ဗီယက်နမ်လွှတ်တော်ကယခင်ဗီယက်နမ်ဗဟိုဘဏ်ဥက္ကဌဖြစ်သူလီမင်းဟန်အားဝန်ကြီးချုပ်သစ်အဖြစ်ယနေ့ရွေးချယ်လိုက်သည်။

အစ္စရေး၏တိုက်ခိုက်မှုကြောင့်လက်ဘနွန်တွင်သေဆုံးသူရာဂဏန်းရှိလာ NOM အစ္စရေး၏လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့်လက်ဘနွန်တွင်သေဆုံးသူရာဂဏန်းရှိပြီဟုလက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနကကြေညာသည်။

မြိတ်မြို့နယ်အတွင်းရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ ဧပြီ ၈၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွင်းရှိ ပ
မြိတ်မြို့နယ်အတွင်းရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ ဧပြီ ၈၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွင်းရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ယမန်နေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများက တိုင်းရန်အောင်ခန်းမ၌ တွေ့ဆုံခဲ့သည်။

သပိတ်ကျင်းမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဧ
သပိတ်ကျင်းမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဧပြီ ၈၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဧပြီလ ၇ ရက်နေ့ ညနေ ၅ နာရီအချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၀ နာရီအချိန်၌ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာနေ ဦးဇော်မင်း (၄၂) နှစ်သည် ၎င်း၏နေအိမ်မှ ရှားတောကျေးရွာသို့ ခြေလျင်သွားရောက်စဉ် ရှားတောကျေးရွာ၏ တောင်ဘက် ၁ မိုင်ခွဲခန့်အကွာ အရောက် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။ NOM

နတ်မောက်မြို့နယ်၊ ထုံးပေါက်ချိုင်းကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်သမားများက ဒလန် ဟု စွပ်စွဲသတ်ဖြတ် NOM ဧ
နတ်မောက်မြို့နယ်၊ ထုံးပေါက်ချိုင်းကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်သမားများက ဒလန် ဟု စွပ်စွဲသတ်ဖြတ် NOM ဧပြီလ ၈၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ထုံးပေါက်ချိုင်းကျေးရွာနေ ဦးကျော်ခိုင်မြဲ (၄၂) နှစ်သည် ဧပြီလ ၇ ရက်နေ့ နံနက် ၅ နာရီအချိန်၌ ၎င်း၏ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမား ၁၀ ဦးခန့်ရောက်လာပြီး "ဒလန်" ဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ဦးကျော်ခိုင်မြဲတွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

မတ္တရာမြို့နယ်၊ တံငါကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးသေဆုံးပြီး တစ်ဦ
+1
မတ္တရာမြို့နယ်၊ တံငါကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ NOM ဧပြီ ၈၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ဧပြီလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးနှင့် ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးတို့ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၉ နာရီအချိန်၌ မတ္တရာမြို့နယ်၊ တံငါကျေးရွာနေသူများဖြစ်ကြသည့် မောင်ဝင်းသော်မောင် (၁၄) နှစ်နှင့် မောင်ချမ်းမြေ့ဇော် (၁၆) နှစ်တို့သည် အဆိုပါကျေးရွာအနီးရှိ ငှက်ပျောတောအတွင်း၌ ငှက်ပျောခိုင် ခုတ်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှု ကြောင့် မောင်ဝင်းသော်မောင်တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မောင်ချမ်းမြေ့ဇော်တွင် ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။ NOM

သဘာဝဓာတ်ငွေ့သုံး (CNG) မော်တော်ယာဉ်များ လိုက်နာရန်စွမ်းအင်ဝန်ကြီးဌာနကကြေညာချက်ထုတ် NOM၊ဧပြီ၈၊၂၀၂၆ ၁။ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာန အနေဖြင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပြည်သူများ လွယ်ကူချောမွေ့စွာသွားလာနိုင်စေရန် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ အရောင်းဆိုင်များကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပလိပ်နှင့် မကွေးတိုင်းဒေသကြီး ချောက်မြို့နှင့် ရေနံချောင်းမြို့တို့တွင် CNG အရောင်းဆိုင်များဖွင့်လှစ်ကာ သဘာဝဓာတ်ငွေ့သုံးမော်တော်ယာဉ်များကို ဈေးနှုန်းချိုသာစွာဖြင့် ပိတ်ရက်မရှိ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ ၂။ ဖိအားမြှင့်သဘာဝဓာတ်ငွေ့ (CNG; Compressed Natural Gas) သည် သဘာဝဓာတ်ငွေ့ကို ဆလင်ဒါအိုးများအတွင်း မြင့်မားသောဖိအားဖြင့် ဖိသိပ်မောင်းသွင်းထားသောကြောင့် အိုးများမှ ကြံ့ခိုင်မှုမရှိခြင်း၊ ဘားများမလုံခြင်း၊ ပိုက်များကြံ့ခိုင်မှုမရှိခြင်းတို့ကြောင့် ပြင်ပသို့ ဓာတ်ငွေ့ယိုစိမ့်ပါက မီးလောင်ပေါက်ကွဲပြီး သုံးစွဲသူများ ထိခိုက်ပျက်စီးနိုင်ပြီးအန္တရာယ်ရှိပါသဖြင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန် CNG မော်တော်ယာဉ်များကို နှစ်စဉ်နှစ်ပတ်လည် (Annual Inspection) စစ်ဆေးခြင်းကို မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနက အထူးအလေးထား စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး စစ်ဆေးမှုအောင်မြင်သော ယာဉ်များကိုသာ CNG အသုံးပြုခွင့်စာအုပ်နှင့် ကတ်ဆက်လက်ခွင့်ပြုပေးလျက်ရှိပါသည်။ ၃။ ထို့အပြင်စတင်ထုတ်လုပ်သည့် ခုနှစ်မှစ၍ (၅) နှစ်ပြည့်ပြီးသော CNG ဆလင်ဒါအိုးများအား ပထမအကြိမ် စစ်ဆေးခြင်း၊ ဒုတိယ(၅) နှစ်ပြည့်လျှင် ဒုတိယအကြိမ် ထပ်မံဖိအားခံနိုင်မှု စစ်ဆေးခြင်းများကိုလည်း CNG မော်တော် ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနက စနစ်တကျ စက်ကိရိယာများဖြင့် သေချာစွာ စမ်းသပ်စစ်ဆေးပေးလျက်ရှိပါသည်။ CNG အိုး သက်တမ်း (၁၅)နှစ် ကျော်လွန်သည့်အိုးများအတွက် ထုတ်လုပ်သည့် နိုင်ငံ/ အရည်အသွေး အာမခံမှုပေါ်မူတည်၍ သီးခြားထပ်မံစစ်ဆေးကာ သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်း အိုးအများစုကို ပယ်ဖျက် ( Reject) စာရင်း သတ်မှတ်ဖျက်ဆီးလျက်ရှိပါသည်။ ၄။ CNG မော်တော်ယာဉ်ပိုင်ရှင်ပြည်သူများအနေဖြင့် အများပြည်သူလုံခြုံဘေးကင်းရေးအတွက် ဌာနကဆောင်ရွက်သည့် နှစ်ပတ်လည် စစ်ဆေးခြင်းများကို မဖြစ်မနေစစ်ဆေးမှုခံယူသွားပါရန်နှင့် သတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ နှစ်ကျော်အိုးများကိုသုံးစွဲနေကြောင်း စစ်ဆေးတွေ့ရှိရပါက CNG ယာဉ်အဖြစ် ဓာတ်ငွေ့ရောင်းချမှုကို အပြီးတိုင် ရပ်ဆိုင်းသွားမည်ဖြစ်ပါသည်။ ၅။ CNG မော်တော်ယာဉ်ပိုင်ဆိုင်သူ ပြည်သူများအနေဖြင့် နှစ်ပတ်လည်စစ်ဆေးခြင်းနှင့် ဆလင်ဒါအိုး စစ်ဆေးခံယူခြင်း များကို ၂၀၂၆ ခုနှစ်၊ ဧပြီလ (၃ဝ) ရက်အတွင်း CNG ဌာနသို့ လာရောက်ဆက်သွယ် စစ်ဆေးခံယူကာ CNG ဝယ်ယူခွင့်စာအုပ်နှင့် ကတ်သစ်ထုတ်ယူခြင်းများကို လာရောက်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော် အသိပေး အကြောင်းကြားအပ်ပါသည်။ ၆။ အကယ်၍ လာရောက်စစ်ဆေးခံယူခြင်းမရှိသည့် နှစ်ပြည့်သက်တမ်း (၅) နှစ်ကျော်လွန်သည့် မော်တော်ယာဉ်များကို ၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်မှစ၍ CNG ယာဉ်စာရင်းမှ (အပြီးအပိုင်) ပယ်ဖျက်သွားမည်ဖြစ်ပြီး နှစ်ပတ်လည် စစ်ဆေးခြင်းခံယူမှု (၅) နှစ်အောက် ဖြစ်သည့် မော်တော်ယာဉ်များ အနေဖြင့် ၂ဝ၂၆ ခုနှစ်၊ မေလ (၁) ရက်မှစ၍ (၁) နှစ်ကျော်လွန်ပါက CNG ဝယ်ယူခွင့် (၃) လ၊ (၂) နှစ်ကျော်လွန်ပါက CNG ဝယ်ယူခွင့် (၆) လ၊ (၃) နှစ် ကျော်လွန်ပါက CNG ဝယ်ယူခွင့် (၉) လ နှင့် (၄) နှစ်ကျော်လွန်ပါက CNG ဝယ်ယူခွင့် (၁) နှစ် အဖြစ် ပြစ်ဒဏ်များသတ်မှတ်ပြီး ဓာတ်ငွေ့ရောင်းချပေးမှုကို ရပ်ဆိုင်ခြင်းခံရမည်ဖြစ်ပါသည်။ ၇။ သို့ဖြစ်ပါ၍ CNG မော်တော်ယာဉ် ပိုင်ရှင်ပြည်သူများအနေဖြင့် ခရီးသွားပြည်သူများ လုံခြုံအေးချမ်းစွာဖြင့် ခရီးသွားလာနိုင်ရေးအတွက် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် ဘေးကင်းလုံခြုံမှုစစ်ဆေးခြင်း အစီအစဉ်များကို အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် အသိပေးနှိုးဆော်အပ်ပါသည်။ စွမ်းအင်ဝန်ကြီးဌာန

မင်းဘူးမြို့သည် ကမ္ဘာ့အပူချိန်အမြင့်ဆုံး နိုင်ငံများစာရင်းတွင်ဒုတိယ‌ နေရာရပ်တည်နေ NOM၊ဧပြီ၈၊၂၀၂၆ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမ
မင်းဘူးမြို့သည် ကမ္ဘာ့အပူချိန်အမြင့်ဆုံး နိုင်ငံများစာရင်းတွင်ဒုတိယ‌ နေရာရပ်တည်နေ NOM၊ဧပြီ၈၊၂၀၂၆ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့သည်ကမ္ဘာ့အပူချိန်အမြင့်ဆုံး နိုင်ငံများစာရင်းတွင် ဒုတိယ‌ရှိနေကြောင်း နိုင်ငံတကာ မိုးလေဝသသတင်းအချက်အလက်များကိုနေ့စဉ်ဖော်ပြသည့် El Dorado Weather ၏ ယနေ့(ဧပြီ ၈ ရက်)ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါ ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၅ နိုင်ငံစာရင်းတွင် မကွေးတိုင်း၊မင်းဘူးမြို့သည် အပူချိန် ၄၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်ဖြင့် ဒုတိနေရာ၌ သည့်အပြင် ချောက်နှင့် မကွေးမြို့တို့သည် ကမ္ဘာ့အပူချိန် အမြင့်ဆုံး စာရင်းတွင်ပါဝင် နေကြောင်း El Dorado Weatherမှ ထုတ်ပြန် ထားသည်။ နေ့အပူချိန်များမြင့်တက်လာသောကြောင့် နေ့စဉ်နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအတွင်း နေရောင် အောက်တွင်သွားလာခြင်း၊ အလုပ်လုပ်ခြင်းကိုအတတ်နိုင်ဆုံးရှောင်ကြဉ်သင့်ကြောင်း၊ မဖြစ်မနေ အပြင်သို့ထွက်ခွာလျှင် ထီး၊ ဦးထုပ်နှင့် နေကာမျက်မှန် စသည့်အကာအကွယ်များတပ်ဆင်ခြင်းနှင့် လေဝင်လေထွက်ကောင်းပြီး ချည်ထည်များကိုသာဝတ်ဆင်သင့်ကြောင်း၊ အရက်သေစာသောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်ဖို့လိုအပ်ပြီးရေ(သို့)ဓာတ်ဆားရည်ကို သောက်သုံးပေးရန် ကျန်းမာရေးပညာရှင်များကအသိပေးနှိုးဆော် ထားသည်။

အမေရိကန်-အီရန်အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များ NOM – အမေရိကန်သည် အီရန်အပေါ် တိုက်ခိုက်မှုအားလုံးကို နှစ်ပတ်ကြာ ရပ်တန့်ရန် သဘောတူညီခဲ့သည်။ – အပြန်အလှန်အားဖြင့် အီရန်သည် ထိုအချိန်ကာလအတွင်း ပါရှန်ပင်လယ်ကွေ့ရှိ အမေရိကန်ပိုင်ဆိုင်မှုများ သို့မဟုတ် အခြားပစ်မှတ်များကို တိုက်ခိုက်မည်မဟုတ်ပါ။ – ဟော်မုဇ်ရေလက်ကြားကို ဤနှစ်ပတ်အတွင်း ပိတ်ထားဆဲဖြစ်သော်လည်း အီရန်က ၎င်းကို မဖွင့်ပါက စစ်ပွဲသည် ပြန်လည်စတင်မည် (ထရမ့်၏ အဆိုအရ) – အစ္စရေးသည် အပစ်အခတ်ရပ်စဲရေး၏ အစိတ်အပိုင်းတစ်ခု မဟုတ်ဘဲ အီရန်သည် ၎င်းကို ဆက်လက်ပစ်မှတ်ထားမည်ဖြစ်သည်။

ပန်ခမ်းမြိုအနီး ရုံခမ်းကျေးရွာတွင် UWSA ​၏ ယမ်းချက်စက်ရုံတစ်ခုပေါက်ကွဲပြီး လူ ၂၀၀ နီးပါးသေဆုံး။ NOM
+3
ပန်ခမ်းမြိုအနီး ရုံခမ်းကျေးရွာတွင် UWSA ​၏ ယမ်းချက်စက်ရုံတစ်ခုပေါက်ကွဲပြီး လူ ၂၀၀ နီးပါးသေဆုံး။ NOM

၂ ပတ်ကြာအပစ်အခတ်ရပ်စဲရေးသတင်းကြောင့် ၂၀၂၂ ခုနှစ်နောက်ပိုင်း တစ်ရက်အတွင်း ရေနံဈေးနှုန်းကျဆင်းမှု - Brent ရေနံဈေး ၉၄ ဒေါ်လာအထိ
၂ ပတ်ကြာအပစ်အခတ်ရပ်စဲရေးသတင်းကြောင့် ၂၀၂၂ ခုနှစ်နောက်ပိုင်း တစ်ရက်အတွင်း ရေနံဈေးနှုန်းကျဆင်းမှု - Brent ရေနံဈေး ၉၄ ဒေါ်လာအထိ ကျဆင်း NOM

အစ္စရေးအတိုက်အခံခေါင်းဆောင် ယာအီယာ လာပစ်ဒ် Yair Lapid က ၂ ပတ်ကြာအပစ်အခတ်ရပ်စဲမှုနှင့် ပတ်သက်ပြီး ၎င်း​၏ လူမှုကွန်ရက် (X/Twitt
အစ္စရေးအတိုက်အခံခေါင်းဆောင် ယာအီယာ လာပစ်ဒ် Yair Lapid က ၂ ပတ်ကြာအပစ်အခတ်ရပ်စဲမှုနှင့် ပတ်သက်ပြီး ၎င်း​၏ လူမှုကွန်ရက် (X/Twitter) ပေါ်တွင် အောက်ပါအတိုင်းရေးသားခဲ့သည်။ "ကျွန်ုပ်တို့၏ သမိုင်းတစ်လျှောက် တွင် ဤကဲ့သို့သော နိုင်ငံရေးဆိုင် ရာ ကပ်ဘေးဆိုးမျိုး တစ်ခါမျှ မကြုံဖူးခဲ့ပါ။ ကျွန်ုပ်တို့၏ အမျိုးသားလုံခြုံရေး၏ ပင်မအနှစ်သာရနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို ချမှတ်သည့်အခါတွင် အစ္စရေးနိုင်ငံသည် ဆွေးနွေးပွဲစားပွဲပေါ်တွင် (ပါဝင်ခွင့်) ပင် မရှိခဲ့ပါ။ အစ္စရေးစစ်တပ်ကတော့ ခိုင်းသမျှ အရာအားလုံးကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ပြည်သူတွေကလည်း အံ့ဩလောက်စရာ ကြံ့ခိုင်မှုကို ပြသခဲ့ကြပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ် နေတန်ယာဟု ကတော့ နိုင်ငံရေးအရရော၊ ဗျူဟာမြောက် စီမံခန့်ခွဲမှုမှာပါ ကျရှုံးခဲ့ပြီး သူကိုယ်တိုင်ချမှတ်ထားခဲ့တဲ့ ပန်းတိုင်တစ်ခုကိုမှ မအောင်မြင်ခဲ့ပါဘူး။ နေတန်ယာဟု ရဲ့ မောက်မာမှု၊ ပေါ့ဆမှုနဲ့ ဗျူဟာမြောက် စီမံကိန်းချမှတ်နိုင်စွမ်း မရှိမှုတွေကြောင့် ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးနဲ့ ဗျူဟာမြောက်ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည်ကုစားဖို့အတွက် ကျွန်ုပ်တို့မှာ နှစ်ပေါင်းများစွာ အချိန်ယူရပါလိမ့်မယ်။" NOM

ကချင်ပြည်နယ်အစိုးရအဖွဲ့သစ်အတွက် ဝန်ကြီးချုပ်မှတင်သွင်းခဲ့သည့် ဝန်ကြီးဌာနနှင့်အမည်စာရင်းများ NOM၊ဧပြီ ၇၊၂၀၂၆ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်၏ ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဧပြီလ၇ရက်တွင်ကျင်းပခဲ့ရာအဆိုပါအစည်းအဝေးတွင်ပြည်နယ်ဝန်ကြီးချုပ်မှ အဆိုပြုတင်သွင်းလိုက်သည့် ဝန်ကြီးလောင်းများနှင့် ၎င်းတို့၏ သက်ဆိုင်ရာ မဲဆန္ဒနယ်များမှာ အောက်ပါအတိုင်း ဖြစ် ကြောင်းသိရသည်- ၁။ ဗိုလ်မှူးကြီး ကျော်သူရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၂။ ဦးတိန့်ဆာင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၃။ ဦးကျော်မင်းခိုင် (ဗန်မော်မြို့နယ်ကိုယ်စားလှယ်အမှတ်-၁) လူမှုရေးရာဝန်ကြီးဌာန ၄။ ဦးအောင်နိုင် (ရွှေကူမြို့နယ် ကိုယ်စားလှယ် အမှတ် -၁) လျှပ်စစ်စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၅။ ဦးချန်တန်ခင် (နောင်မွန်မြို့နယ် ကိုယ်စားလှယ်အမှတ်-၁)စိုက်ပျိုး‌ရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၆။ ဒေါက်တာအောင်ဝင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၇။ ဦးရဲရင့်ဆွေ (တနိုင်းမြို့နယ် ကိုယ်စားလှယ် အမှတ် ၂) စည်ပင်သာယာရေးဝန်ကြီးဌာန

အီရန်မီဒီယာများ၏ ဖော်ပြချက် - အီရန်နိုင်ငံအတွင်းရှိ မည်သည့်အရာရှိကမျှ အမေရိကန် သို့မဟုတ် ထရန့်ကို ယုံကြည်ခြင်းမရှိပါ။ အပစ်အခတ်ရပ်စဲရေး ကြေညာထားသည့်တိုင်အောင် ကျွန်ုပ်တို့၏ လက်နက်ကိုင်တပ်ဖွဲ့များသည် "လက်ညှိုးကို ခလုတ်ပေါ်တွင် အဆင်သင့်တင်ထားဆဲ" ဖြစ်ပြီး အပြည့်အဝ နိုးနိုးကြားကြားဖြင့် အသင့်ရှိနေကြသည်။ အမေရိကန်ပြည်ထောင်စုနှင့် ထရန့်အစိုးရသည် ယခုပဋိပက္ခတွင် ၎င်းတို့ကြေညာထားသည့် ရည်မှန်းချက်များထဲမှ တစ်ခုကိုမျှ အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ပါ။ • အစိုးရအပြောင်းအလဲ မဖြစ်ပေါ်ခဲ့ပါ။ • အစ္စလာမ်မစ်သမ္မတနိုင်ငံတော် ပြိုလဲပျက်စီးခြင်း မရှိခဲ့ပါ။ • အီရန်နိုင်ငံအား အစိတ်စိတ်အမွှာမွှာ ခွဲထုတ်နိုင်ခြင်း မရှိခဲ့ပါ။ • ကျွန်ုပ်တို့၏ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူလူထု အားနည်းသွားအောင် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပါ။ NOM

🚨 ခိုင်လုံသော သတင်းရင်းမြစ်အချို့၏ အဆိုအရ ရှေ့လာမည့် နှစ်ပတ်တာကာလအတွင်း ဟော်မုဇ် ရေလက်ကြား ကို ဖြတ်သန်းခွင့်ပြုမည့် သင်္ဘောအရေအတွက်မှာ တစ်ရက်လျှင် ၁၀ စီးမှ ၂၀ စီးခန့်သာ ရှိမည်ဖြစ်ကြောင်းသိရသည်။ (သို့သော် ဤအချက်မှာ အတည်ပြုနိုင်ခြင်း မရှိသေးပေ။) NOM

(၂) ပတ်ကြာအပစ်အခတ်ရပ်စဲရေးတွင် လက်ဘနွန်ကို မထည့်နိုင်ဟု အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက ပြောဆိုကာ လက်ဘနွန်အားဆက်လက်တိုက်ခိုက်နေ။ NOM

(၂) ပတ်ကြာ အပစ်အခတ်ရပ်စဲရေး ကာလအတွင်း ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမယ့် သင်္ဘောတွေအားလုံးဆီကနေ အီရန်နဲ့ အိုမန်နိုင်ငံတို့က လမ
(၂) ပတ်ကြာ အပစ်အခတ်ရပ်စဲရေး ကာလအတွင်း ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမယ့် သင်္ဘောတွေအားလုံးဆီကနေ အီရန်နဲ့ အိုမန်နိုင်ငံတို့က လမ်းခွန် (Tolls) ကောက်ခံသွားမယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။ ဒါဟာ အဆိုပါရေလက်ကြားအပေါ် အီရန်ရဲ့ လက်တွေ့ကျကျ ထိန်းချုပ်နိုင်စွမ်းကို ပိုမိုခိုင်မာစေသလို၊ ရေလမ်းဖြတ်သန်းမှုအတွက် ဥပဒေကြောင်းအရ မူဘောင်အသစ်တစ်ခုကိုလည်း သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ NOM

🚨 အီရန်က အောင်ပွဲခံကြောင်း ကြေညာ — အီရန်အဆင့်မြင့်အမျိုးသားလုံခြုံရေးကောင်စီ တီဟီရန် (အီရန်) ရဲ့ အချက် (၁၀) ချက်ပါ အစီအစဉ်ကို လက်ခံဖို့ အမေရိကန်ဟာ ဖိအားကြောင့် လက်ခံလိုက်ရသည်။ ဟော်မုဇ် (Hormuz) ရေလက်ကြားကို အီရန်က ထိန်းချုပ်မှာကို အမေရိကန်က သဘောတူသည်။ ယူရေနီယံ သန့်စင်မှုကို လက်ခံသည်။ အီရန်အပေါ် ပင်မ ပိတ်ဆို့အရေးယူမှုများ (Primary sanctions) အားလုံးကို ဖယ်ရှားပေးမည်။ ဆင့်ပွား ပိတ်ဆို့အရေးယူမှုများ (Secondary sanctions) အားလုံးကို ဖယ်ရှားပေးမည်။ လျော်ကြေးငွေများ ပေးချေမည်။ အမေရိကန်တပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းမည်။ ကျူးကျော်စော်ကားမှုများ မပြုလုပ်ရ။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်များအားလုံးကို အဆုံးသတ်မည်။ (အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ) အုပ်ချုပ်ရေးမှူးများအဖွဲ့ရဲ့ ဆုံးဖြတ်ချက်များအားလုံးကို အဆုံးသတ်မည်။ လက်ဘနွန်ရှိ သူရဲကောင်းဆန်သော အစ္စလာမ်မစ် ခုခံရေးတပ်ဖွဲ့ (ဟစ်ဇဘိုလာ) အပေါ် စစ်ပွဲများအပါအဝင် စစ်မျက်နှာအားလုံးမှာ စစ်ပွဲများကို ရပ်တန့်မည်။ NOM

News Of Myanmar - Telegram kanali @newsofmyanmar statistikasi va tahlili