uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 11 418 підписників, посідаючи 16 330 місце в категорії Новини і ЗМІ та 9 947 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 11 418 підписників.

За останніми даними від 27 листопада, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -136, а за останні 24 години на -9, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 5.67%. Протягом перших 24 годин після публікації контент зазвичай збирає 4.32% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 648 переглядів. Протягом першої доби публікація в середньому набирає 493 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 10.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Завдяки високій частоті оновлень (останні дані отримано 28 листопада, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

11 418
Підписники
-924 години
-317 днів
-13630 днів
Архів дописів
အမေရိကန် ဗိုလ်ချုပ်ကြီးများနှင့် ရေတပ် ဗိုလ်ချုပ်ကြီးများ ရာထူးလျှော့ချမှု ဟက်ဂ်ဆက်သ် နှစ်ဆတိုးလိုက် - FOX NEWS ကာကွယ်ရေးဝန်ကြီး ဟက်ဂ်ဆက်သ် သည် ကြည်း၊ လေ၊ ရေတပ် ဗိုလ်ချုပ်ကြီး ရာထူးနေရာများကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချရန် စီစဉ်နေပြီး ဒါဟာ လွန်ခဲ့သည့်နှစ်က လျှော့ချရန် လျာထားချက် ၁၀ ရာခိုင်နှုန်း၏ နှစ်ဆပင် ဖြစ်သည်။ ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် ဤအပြောင်းအလဲများကို ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မတိုင်မီ အပြီးသတ်ဆောင်ရွက်ရန်ညွှန်ကြားထားသည်။ NOM
29 вер, 12:46

ရုရှားပိုင်နက်ကိုထိပါးကအနူမြူလက်နက်သုံးမည်ဟုရုရှားပြော NOM ရုရှားက ယူကေနှင့် နေတိုးအား ကာလီနင်ဂရက် (ရုရှားပိုင်နက်ဖြစ်သော်လည်းရုရှားနှင့်နယ်မြေထိစပ်မှုမရှိပဲကြားတွင်လစ်သူရေးနီးယား၊လတ်ဗီးယား၊ပိုလန်တို့ပတ်လည်ဝိုင်းသည့်မြေ)အပေါ် စစ်ရေးအရ အရေးယူမှုမှန်သမျှသည် နျူကလီးယားလက်နက်များအပါအဝင် ရုရှား၏ အသုံးချနိုင်သော နည်းလမ်းအားလုံးကို အသုံးပြု၍ တုံ့ပြန်မှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု သတိပေးလိုက်သည်။ မော်စကိုက နေတိုး သို့မဟုတ် ဥရောပနှင့် ထိပ်တိုက်ရင်ဆိုင်ရန် မရည်ရွယ်သော်လည်း ရုရှားနယ်မြေအပေါ် စစ်ရေးအရ အရေးယူမှု စတင်ပါက တုံ့ပြန်မည်ဟု ပြောကြားခဲ့သည်။
29 вер, 12:21

ပြင်ဦးလွင်မြို့နယ်၊ (၁၉) မိုင်အတက်လမ်းတွင် (၂၂) ဘီးယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ ယာဉ်မောင်းသေဆုံး NOM စက်တင်ဘာ ၂၉၊ ၂၀၂၆ မန္တလေ
ပြင်ဦးလွင်မြို့နယ်၊ (၁၉) မိုင်အတက်လမ်းတွင် (၂၂) ဘီးယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ ယာဉ်မောင်းသေဆုံး NOM စက်တင်ဘာ ၂၉၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ (၁၉) မိုင်အတက်လမ်းတွင် ယနေ့ စက်တင်ဘာ ၂၉ ရက်မွန်းလွဲ ၂ နာရီ ၄၇ မိနစ်အချိန်က တွဲကား (၂၂) ဘီးယာဥ် တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းသေဆုံးပြီး ယာဉ်နောက်လိုက် ဒဏ်ရာရရှိခဲ့ကြောင်းပြင် ဦးလွင်မြို့နယ် မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဥ်မှာ ပြင်ဦးလွင်မြို့နယ်၊ (၁၉) မိုင် (၁) ဖာလုံအဆင်းလမ်း တွင် ပြင်ဦးလွင်မြို့မှ ကျောက်ဆည်မြို့ရှိ ကြံ့ (၂) ကောင်ဘိလပ်မြေစက်ရုံသို့ မြေနီများတင်ဆောင်၍ မောင်းနှင်လာသော တွဲကား (၂၂) ဘီးအဖြူရောင် Dong Feng အမျိုးအစားယာဉ်သည် ဂီယာ Free ဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ညာဘက်ခြမ်းသို့တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။ "ယာဥ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားတယ်လို့ သတင်းအရ ချက်ခြင်းသွားရောက်ကူညီခဲ့ပါတယ်။ ယာဥ်ပေါ်မှာ ယာဥ်မောင်းဦးဝင်းဗိုလ် (အသက် ၃၇ နှစ်)နဲ့ ယာဉ်နောက်လိုက် ဦးစိုင်းမြတ်ချစ် (အသက် ၂၃ နှစ်) တို့ နှစ်ဦးသာပါပြီး ယာဉ်မောင်းကတော့ နေရာမှာဘဲသေဆုံးခဲ့ပါတယ်။ ယာဉ်နောက်လိုက်ကတော့ ယာဘက်ခြေထောက်ပေါက်ပြဲဒဏ်ရာနဲ့ ဦးခေါင်းပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး ပြင်ဦးလွင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်" ဟု ပြင်ဦးလွင်မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
29 вер, 12:19

+6
ဘာလူချီ (Balochi) အကြမ်းဖက်အဖွဲ့ဖြစ်သည့် ဂျေးရှ် အယ်လ်-အာဒယ်လ် Jaish Al-Adl (ISIS နှင့် ပတ်သက်မှုရှိနိုင်) သည် အီရန်နိုင်ငံ၊ အီရန်ရှာဟာ (Iranshahr) မြို့ရှိ လုံခြုံရေးတပ်ဖွဲ့များကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ လက်ရှိတွင် အီရန်လုံခြုံရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်သမားများအကြား ပြင်းထန်သော ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေသည်။ အခြေအနေကို ထိန်းချုပ်နိုင်ရန် အီရန်က သံချပ်ကာယာဉ်များနှင့် RPG လောင်ချာကိုင် တပ်ဖွဲ့များကို တပ်ဖြန့်ထားသည်။ လွန်ခဲ့သည့် သီတင်းပတ်များအတွင်း ဆွန်နီသူပုန်အုပ်စုများနှင့် ဘာလူချီ ခွဲထွက်ရေးဝါဒီများ၏ အကြမ်းဖက်လှုပ်ရှားမှုများ သိသိသာသာ မြင့်တက်လာခဲ့သည်။ အီရန်နိုင်ငံ တည်ငြိမ်မှုပျက်ပြားစေရန် အမေရိကန်နှင့် အစ္စရေးတို့က ယင်းအုပ်စုများအား ထောက်ပံ့ကူညီမှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်လာနေပုံရသည်။ NOM
29 вер, 12:15

လပွတ္တာမြို့၌ ရွေးမြစ်ရေတိုက်စားမှုကြောင့် လမ်းတာဘောင်များပြိုကျ NOM၊စက်တင်ဘာ၂၉၊၂၀၂၆ ဧရာဝတီတိုင်း၊ လပွတ္တာမြို့၌ ယနေ့( စက်တင်
လပွတ္တာမြို့၌ ရွေးမြစ်ရေတိုက်စားမှုကြောင့် လမ်းတာဘောင်များပြိုကျ NOM၊စက်တင်ဘာ၂၉၊၂၀၂၆ ဧရာဝတီတိုင်း၊ လပွတ္တာမြို့၌ ယနေ့( စက်တင်ဘာ ၂၉ ရက်) နံနက်ပိုင်းက ရွေးမြစ်ရေတိုက်စားမှုကြောင့် လမ်းတာဘောင်များ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှသိရသည်။ လပွတ္တာမြို့နယ်၊ လပွတ္တာ-သင်ကန်းကြီး-ပြင်စလူကားလမ်း၊ မိုင်တိုင်အမှတ်(၂/၁)နှင့် (၂/၂)ကြား၌ ရွေးမြစ်ရေတိုက်စားမှုကြောင့် သစ်သားပိုင် ကျောက် စီမြေကာနံရံ ပြိုကျပြီး အလျား(၁၂၀)ပေ၊ အနံ(၂၄)ပေနှင့် ကတ္တရာလမ်းပိုင်း(၆)ပေအပါ အမြင့် (၁၅)ပေခန့် လမ်းတာဘောင်ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ပြိုကျခဲ့သည့်နေရာအား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လပွတ္တာခရိုင်/မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍သစ်သားပိုင်ရိုက်ခြင်း၊ ဝါးကပ်ကာရံခြင်း၊ သဲအိတ်ဖို့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
29 вер, 12:04

ရုရှား၏တိုက်လေယာဉ်သစ်ပုံစံထုတ်ဖော်ပြသ NOM ရုရှားလေယာဉ်ကုမ္ပဏီရော့စ်တက်သည်တိုက်လေယာဉ်သစ် SU-75၏ပုံစံငယ်ကိုထုတ်ဖော်ပြသခဲ့ပြီးမက
ရုရှား၏တိုက်လေယာဉ်သစ်ပုံစံထုတ်ဖော်ပြသ NOM ရုရှားလေယာဉ်ကုမ္ပဏီရော့စ်တက်သည်တိုက်လေယာဉ်သစ် SU-75၏ပုံစံငယ်ကိုထုတ်ဖော်ပြသခဲ့ပြီးမကြာတော့သည့်ကါလတွင်စမ်းသပ်ပျံသန်းရန်စီစဉ်ထားသည်။လေယာဉ်တစ်စီး၏တန်ဘိုးမှာဒေါ်လာ၂၅သန်းနှင့်သန်း၃၀ကြားရှိပြီးအမေရိကန်ထုတ် F-35လေယာဉ်တစ်စီး၏တန်ဖိုးဒေါ်လာ၈၂သန်းဖြင့်ယှဉ်ပါကများစွာသက်သာသလိုတစ်နာရီပျံသန်းစရိတ်မှာအမေရိကန်လေယာဉ်ထက်၆ဆမှ၇ဆထိသက်သာကြောင်းသိရသည်။SU-75လေယာဉ်သည်အမြန်နှုန်းအသံထက်၂ဆအထိပျံသန်းနိုင်ပြီးအမြင့်၁၆၅၀၀မီတာအထိတက်နိုင်ရန်ဒီဇိုင်းဆွဲထားသည်။
29 вер, 08:05

တနင်္သာရီတိုင်းတွင် မိုးကြီးရေကြီးမှုကြောင့်မြေပြိုကျမှုပွားခဲ့ရာ လက်ရှိ ၁၄ဥဦးသေဆုံးလျက်တွေ့ရှိ၃၀ကျော် ပျောက်ဆုံး NOM၊စက်တင်ဘ
တနင်္သာရီတိုင်းတွင် မိုးကြီးရေကြီးမှုကြောင့်မြေပြိုကျမှုပွားခဲ့ရာ လက်ရှိ ၁၄ဥဦးသေဆုံးလျက်တွေ့ရှိ၃၀ကျော် ပျောက်ဆုံး NOM၊စက်တင်ဘာ၂၉၊၂၀၂၆ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လောင်းလုံးမြို့နယ်အတွင်းမိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ ယနေ့(စက်တင်ဘာ၂၉ရက်)ထိ ထိ၁၄ ဥဦးသေဆုံးလျက်တွေ့ရှိပြီး၃၀ကျော်ပျောက်ဆုံးနေ သည့်ဟု ဇမ္ဗူသီရီအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(ထားဝယ်)မှတာဝန်ရှိသူတစ်ဥဦးကျပြာသည်။ "ရေဘေးကယ်ဆယ်ရေးစခန်းလိုသီးသန့်ဖွင့်ထားတာတော့မရှိပါဘူး သူတို့တွေနဲ့နီးစပ်တဲ့ဘုန်းကြီးကျောင်းတွေဆွေမျိုးအိမ်တွေမှာဘဲနေကြတော့ ရေဘေးသင့်ပြည်သူဘယ် လောက်ရှိတယ်ဆိုတာတော့စရင်အတိကျတာ့မသိပါဘူး၊ရေကြီးမှုကြောင့် သရက်ချောင်းမြို့နယ်က စိတ်မနှံ့တဲ့သူတစ်ဦး ရေစီးနဲ့မျောပါပြီးသေဆုံးသွားတာပါ၊ကျန်တာကတော့ရေကြီပြီးမြေပြိုပြီးပိသေတာပါ"ဟုဇမ္ဗူသီရီအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (ထားဝယ်)မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ရေကြီးမှုနှင့်မြေပြိုမှုတွင်အဆိုးဆုံးဖြစ်သည့်ကျေးရွာမှာလောင်းလုံးမြို့နယ်ရှိ ကဒက်ငယ်ဆိတ်ကျေးရွာဖြစ်ပြီးသေဆုံးမှုနှင့်လူပျောက်ဆုံးမှုတွင်လည်းအများဆုံးဖြစ်ကြောင်းသိရသည်။
29 вер, 07:52

မင်းလှမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အပြစ်မဲ့အမျိုးသမီးနှစ်ဦးကို ဒလန် ဟုစွပ်စွဲသတ်ဖြတ် NOM စက်တင်ဘာ ၂၉ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ရွာမကျေးရွာနေ ဒေါ်မစု (၅၇) နှစ်နှင့် ဂန့်ဂေါ်ပင်ရွာသစ်ကျေးရွာနေ ဒေါ်စန်းစန်းဝေ (ခ) ဒေါ်စန်းစန်းလွင် (၃၃) နှစ်တို့သည် စက်တင်ဘာလ ၂၇ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန်၌ ၎င်းတို့၏ နေအိမ်အသီးသီးတွင်ရှိနေစဉ် PDF အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး "ဒလန်" များဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM
29 вер, 06:34

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် သံဃာတော်တစ်ပါးအပါအဝင် အပြစ်မဲ့
+3
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် သံဃာတော်တစ်ပါးအပါအဝင် အပြစ်မဲ့ ခရီးသွားပြည်သူလေးဦးသေဆုံး/ ထိခိုက်ဒဏ်ရာရရှိ NOM စက်တင်ဘာ ၂၉၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်ပြည်သူ့ဆေးရုံသို့ စက်တင်ဘာ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံး/ ဒဏ်ရာရရှိသူများရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နေ့လယ် ၁၂ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ လင်းတကောကျေးရွာနေ ဦးဇင်ကိုအောင် (၂၈) နှစ်မောင်းနှင်ပြီး ရေစကြိုမြို့နယ်၊ နိပဆေးတော ကျေးရွာနေ မမီမီသန့် (၂၃) နှစ်၊ နိပဆေးတောကျေးရွာဘုန်းကြီးကျောင်းမှ လက်ထောက် ကျောင်းထိုင်ဆရာတော် ဥူးသီလာစာရ (၃၅) နှစ် (၁၆) ဝါ၊ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတော မြို့နယ်၊ သက္ကယ်ချောင်းကျေးရွာနေ ဒေါ်ဝေဝေလွင် (၄၀) နှစ်တို့လိုက်ပါလာသည့် FF/3862 AD VAN မော်တော်ယာဉ်သည် မန္တလေးမြို့ဘက်မှ မုံရွာမြို့ဘက်သို့ မောင်းနှင်လာစဉ် မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာအနီး မန္တလေး-မုံရွာကားလမ်းမိုင်တိုင်အမှတ် ၄၂ မိုင် ၅ ဖာလုံအရောက် PDF အကြမ်းဖက်အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် ယာဉ်ပေါ်ပါလာသူ ဒေါ်ဝေဝေလွင်တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဆရာတော် ဥူးသီလာစာရ၊ မမီမီသန့်နှင့် ဦးဇင်ကိုအောင်တို့သုံးဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM
29 вер, 06:29

မြန်မာနိုင်ငံ တောင်တွင်းကြီးမြို့အနီး ဖြတ်ကျော်လျက်ရှိသည့် ကုန်းတွင်းမုန်တိုင်းငယ်အခြေအနေ
+1
မြန်မာနိုင်ငံ တောင်တွင်းကြီးမြို့အနီး ဖြတ်ကျော်လျက်ရှိသည့် ကုန်းတွင်းမုန်တိုင်းငယ်အခြေအနေ
29 вер, 06:18

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီအချိန် ထုတ်ပြန်ချက် ======================== ယမန်နေ့နံနက် ၀၉:၃၀ နာရီအချိန်မှ ယနေ့နံနက် ၀၉:၃၀ နာရီအချိန်အထိ မိုးလေဝသတိုင်းထွာချက် အကျဉ်းချုပ်။ လွန်ခဲ့သော ၂၄ နာရီအတွင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မကွေးတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာခဲ့ပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ကွမ်းခြံကုန်းမြို့တွင် ၁၀.၂၈ လက်မ၊ ပေါင်မြို့တွင် ၈.၈၆ လက်မ၊ ဒေးဒရဲမြို့တွင် ၈.၆၆ လက်မ၊ သထုံမြို့တွင် ၇.၇၂ လက်မ၊ ဘားအံမြို့တွင် ၇.၆၈ လက်မ၊ မုဒုံမြို့တွင် ၆.၄၂ လက်မ၊ ကျိုက်မရောမြို့တွင် ၆.၂၂ လက်မ၊ မော်လမြိုင်မြို့တွင် ၅.၅၉ လက်မ၊ မော်လမြိုင်ကျွန်းမြို့တွင် ၅.၅၇ လက်မနှင့် လှည်းကူးမြို့တွင် ၅.၅၁ လက်မတို့ ဖြစ်ကြပါသည်။ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံ၊ ရေတာရှည်မြို့ (Yedashe) ၏ အနောက်ဘက်အနီးမှ ဖြတ်ကျော်ခဲ့သော ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ တောင်တွင်းကြီးမြို့၏ အနောက်ဘက် အနီးမှ ဆက်လက်ဖြတ်ကျော်လျက်ရှိပါသည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ရေနံချောင်းမြို့ (Yenangyaung) ၏ အရှေ့တောင်ဘက် မိုင် ၄၀ ခန့်၊ မကွေးမြို့(Magway)၏ အရှေ့-အရှေ့တောင်ဘက် ၂၅ မိုင်ခန့် နှင့် ကျောက်ပန်းတောင်းမြို့ (Kyaukpadaung) ၏ တောင်-အရှေ့တောင်ဘက် မိုင် ၆၀ ခန့်အကွာကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။ ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။ မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၉ ပေမှ ၁၁ ပေခန့်ရှိနိုင်ပါသည်။ နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မိုးပိုလာနိုင်ပါသည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာပြီး တစ်ခါတစ်ရံ သည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာပြီး တစ်ခါတစ်ရံ သည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာပြီး တစ်ခါတစ်ရံ သည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ Ref; မိုး/ဇလ
29 вер, 05:59

ပြင်သစ်သမ္မတဟောင်း၏မြေးကရုရှားနိုင်ငံသားလျောက်ထား NOM ပြင်သစ်စစ်ဦးစီးချုပ်နှင့်သမ္မတဟောင်းချားလ်စ်ဒီဂေါလ်၏မြေးဖြစ်သူက ရုရှားနိုင်ငံသားရယူလိုကြောင်း ပြောကြားခဲ့သော်လည်း ဆုံးဖြတ်ချက်ချရန်မှာ ရုရှားဖက်ဒရေးရှင်းသမ္မတ၏ဆုံးဖြတ်ချက်ဖြစ်ကြောင်းပြောသည်။ ပီယာဒီဂေါလ်က TASSသတင်းဌာန နှင့် စကားပြောဆိုမှုတစ်ခုတွင် "သူ့မိသားစုနှင့်ကလေးများနှင့်အတူ ရုရှားတွင်အခြေချနေထိုင်ရန် အခွင့်အရေးကို မျှော်လင့်နေပြီး ပြင်သစ်နှင့်ရုရှားအကြား ဆက်ဆံရေးကို ခိုင်မာစေရန် လုပ်ဆောင်နေသည်" ဟု မှတ်ချက်ပြုခဲ့သည်။
29 вер, 05:57

အပစ်အခတ်ရပ်ရေးရုရှားပယ်ချ NOM ကေါက်ပဲသီးနှံတင်သ င်ေ္ဘာများကိုဆိပ်ကမ်းတွင်အပစ်အခတ်ရပ်စဲထားရန်ယူကရိန်း၏ကမ်းလှမ်းချက်ကိုရုရှားကပယ်ချလိုက်သည်။ထို့ကြောင့်ယခုနှစ်တွင်ယူကရိန်းကပြည်ပသို့ပို့မည်ကေါက်ပဲသီးနှံတန်ချ်န်သန်း၃၀သည်ပို့မရတော့မည့်အခြေအနေနှင့်ရင်ဆိုင်နေရသည်။
29 вер, 05:44

ကျွန်းလှမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား ဆန်ထောက်ပံ့ပေးအပ် NOM၊စက်တင်ဘာ၂၉၊၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလ
ကျွန်းလှမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား ဆန်ထောက်ပံ့ပေးအပ် NOM၊စက်တင်ဘာ၂၉၊၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ရေဘေးသင့်ပြည်သူများအား ဆန်ထောက်ပံ့ပေးအပ်ပွဲကို စက်တင်ဘာ၂၉ရက်က မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင်က ဆန်ထောက်ပံ့ပေးရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။ထို့နောက် ရေဘေးသင့်အိမ်ထောင်စု (၈၁) စု၊ လူဦးရေ (၃၁၃) ဦးအား တစ်ဦးလျှင် ဆန် (၇) Kg နှုန်းဖြင့် စုစုပေါင်းဆန် (၂,၁၉၁) Kg ကို တာဝန်ရှိသူများက တစ်ဦးချင်းလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
29 вер, 05:19

မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီးတွင် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ပြည်သူ ၁၈,၇၁၂ ဦး ရေဘေးဒဏ်ခံစားရ NOM၊စက်တင်ဘာ ၂၉ ၊၂၀၂၆
မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီးတွင် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ပြည်သူ ၁၈,၇၁၂ ဦး ရေဘေးဒဏ်ခံစားရ NOM၊စက်တင်ဘာ ၂၉ ၊၂၀၂၆ မြန်မာနိုင်ငံ တောင်ပိုင်းတနင်္သာရီ တိုင်းဒေသကြီးတွင် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ပြည်သူ ၁၈,၇၁၂ ဦး ရေဘေးဒဏ်ခံစားခဲ့ရကြောင်းကူညီသယ်ဆောင်ရေးအဖွဲ့( ထားဝယ်)မှသိရသည်။ စက်တင်ဘာ ၂၅ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၂၆ ရက်တွင် မြေပြိုကျမှုဖြစ်ပွားခဲ့ရာ အချို့နေရာများသို့ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိရန် ခက်ခဲခဲ့ကြောင်းသိရသည်။
29 вер, 03:32

မှတ်ပုံမတင်ထားသည့် တိုင်းရင်းဆေးဝါး ၄ မျိုးကိုအများပြည် သူသုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အသိပေး NOM စက်တင်ဘာ၂၉၊
မှတ်ပုံမတင်ထားသည့် တိုင်းရင်းဆေးဝါး ၄ မျိုးကိုအများပြည် သူသုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အသိပေး NOM စက်တင်ဘာ၂၉၊ ၂၀၂၆ တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးဝါး ၄ မျိုးကို ဆေးဝါးစစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သော်ကြောင့်အများပြည်သူများ သုံးစွဲရန်မသင့်ကြောင်း ယမန်နေ့ (စက်တင်ဘာ ၂၈ ရက်)နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ကျန်းမာရေးဝန်ကြီးဌာနမှ သုံးစွဲရန် မသင့်ကြောင်းထုတ်ပြန်ထားသည့်တိုင်းရင်းဆေးဝါး ၄ မျိုးမှာ ကချင်အမှတ်တံဆိပ် သွေးတိုးကျလေနင်ဆေး၊ လေးပါးရာဇာ အမှတ်တံဆိပ် သွေးတိုးပျောက်ဆေး၊ရှင်းအမှတ်တံဆိပ် သွေးတိုးကျဆေးနှင့်ရွှေမင်းသားအမှတ်တံဆိပ် အားတိုးဆေးတို့ဖြစ်ကြောင်းသိရသည်။ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ဆရာကြီးဦးတင်အေး၏ ကချင်အမှတ်တံဆိပ် သွေးတိုးကျလေနင် ဆေး(ဆေးလုံး+ဆေးမှုန့ဆေးဘူး) သည် တိုင်းရင်းဆေးဝါး မှတ်ပုံတင် ရရှိခဲ့ဖူးသော်လည်း တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်လျှောက်ထားမှုမရှိခြင်း၊ တိုင်းရင်းဆေးဝါး မှတ်ပုံတင်သက်တမ်းကုန်ဆုံးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ထိုပြင် လေးပါးရာဇာ အမှတ်တံဆိပ် သွေးတိုးပျောက်ဆေးကြီး (ဆေးပြား/ဆေးထုပ်)သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်ရရှိခဲ့သော်လည်း သက်တမ်းတိုး လျှောက်ထားမှုမရှိခြင်း၊ သက်တမ်းကုန်ဆုံးခြင်း၊ ရှင်းအမှတ်တံဆိပ် သွေးတိုးကျဆေး (ဆေးပြား/ဆေးထုပ်)သည် တိုင်းရင်းဆေး ဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင် ခွင့်ပြုထားမှု မရှိခြင်းနှင့် ရွှေမင်းသားအမှတ်တံဆိပ် အားတိုးဆေး(ဆေးမှုန့်/ဆေးထုပ်)သည် တိုင်းရင်းဆေးဝါး မှတ်ပုံတင်မရှိခြင်း၊ အခြားဆေး၏ တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ်- TMR နံပါတ်အား ထည့်သွင်းအသုံးပြုခြင်းများကို တွေ့ရှိခဲ့ကြောင်းသိရသည်။ အဆိုပါ တိုင်းရင်းဆေးဝါးများသည် တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင်ခွင့်ပြုထားမှုမရှိသော တိုင်းရင်းဆေးဝါးများ ဖြစ်သဖြင့် ဆေးဝါးစီစစ်မှန်ကန်မှု အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန်မသင့်ကြောင်း အသိပေးထားခြင်း ဖြစ်သည်။
29 вер, 02:40

မြိုင်မြို့နယ် လက်ပံတို-ကျောက်ခွက်ရေနံမြေနယ်မြေ တဲကြီးကျေးရွာအနီးဝန်းကျင်ရှိ တရားမဝင် ရေနံတူးဖော်လုပ်ကိုင်နေသည့် ရေနံတွင်းမျာ
+2
မြိုင်မြို့နယ် လက်ပံတို-ကျောက်ခွက်ရေနံမြေနယ်မြေ တဲကြီးကျေးရွာအနီးဝန်းကျင်ရှိ တရားမဝင် ရေနံတူးဖော်လုပ်ကိုင်နေသည့် ရေနံတွင်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ရှင်းလင်း   စက်တင်ဘာ ၂၈၊ ၂၀၂၆   အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်၏ အဖိုးတန်သယံဇာတပစ္စည်းများ တရားမဝင်တူးဖော်လုပ်ကိုင်၍ ၎င်းမှရရှိသည့် ငွေကြေးများဖြင့် လက်နက်ခဲယမ်းများ မှောင်ခိုဝယ်ယူကာ အင်အားတိုးချဲ့တည်ဆောက်ပြီး အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိသည်။ ထို့ကြောင့် တပ်မတော်စစ်ကြောင်းများက ဒေသခံပြည်သူများ၏ တိကျသောသတင်းပေးပို့ မှုများအရ မြိုင်မြို့နယ် လက်ပံတို-ကျောက်ခွက်ရေနံမြေနယ်မြေ တဲကြီးကျေးရွာအနီး တရားမဝင်ရေနံတူးဖော်လုပ်ကိုင်၍ ဒေသခံပြည်သူများအပေါ် အနိုင်ကျင့်ဗိုလ်ကျစိုးမိုးနေသော PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏နေရာများကို လုံခြုံရေးလုပ်ငန်းများဆောင်ရွက်၍ တရားမဝင် ရေနံတူးဖော်ချက်လုပ်ရာနေရာများကို မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့သည်။   မကွေးတိုင်းဒေသကြီးအတွင်း နယ်မြေလုံခြုံရေးလုပ်ငန်း များဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြိုင်မြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်း သူများအနေဖြင့်တရားမဝင်ရေနံတွင်း တူးဖော်ချက်လုပ်ခြင်း ဆောင်ရွက်နေကြောင်းနှင့် ဒေသခံများ၏ လက်ယက်တွင်းများဖြင့် ရေနံတူးဖော်ခြင်းလုပ်ငန်းမှ ဆက်ကြေးကောက်ခံနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ လိုအပ်သည့် ရှာဖွေစစ်ဆေးမှုများ စတင်ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၃၁ ရက်တွင် (၁)နေရာ၊ စက်တင်ဘာ ၃ ရက်တွင် (၂) နေရာ၊ စက်တင်ဘာ ၄ ရက်တွင် (၁) နေရာ၊ စက်တင်ဘာ ၅ ရက်တွင် (၂) နေရာ၊ စက်တင်ဘာ ၆ ရက်တွင် (၃) နေရာ၊ စက်တင်ဘာ ၇ ရက်တွင်(၃) နေရာ၊ စက်တင်ဘာ ၈ ရက်တွင် (၃) နေရာ၊ စက်တင်ဘာ ၉ ရက်တွင် (၅) နေရာ၊ စက်တင်ဘာ ၁၀ ရက်တွင် (၆) နေရာ၊ စက်တင်ဘာ ၁၁ ရက်တွင် (၅) နေရာ၊ စက်တင်ဘာ ၁၂ ရက်တွင် (၅) နေရာ၊ စက်တင်ဘာ ၁၃ ရက်တွင် (၅) နေရာ၊ စက်တင်ဘာ ၁၄ ရက်တွင် (၇) နေရာ၊ စက်တင်ဘာ ၁၅ ရက်တွင် (၇) နေရာ၊ စက်တင်ဘာ ၁၆ ရက်တွင် (၆) နေရာ၊ စက်တင်ဘာ ၁၇ ရက် တွင် (၆) နေရာ၊ စက်တင်ဘာ ၁၈ ရက်တွင် (၆) နေရာ၊ စက်တင်ဘာ ၁၉ ရက်တွင် (၆) နေရာ၊ စက်တင်ဘာ ၂၀ ရက်တွင် (၆) နေရာ၊ စက်တင်ဘာ ၂၁ ရက်တွင် (၆) နေရာ၊ စက်တင်ဘာ ၂၂ ရက်တွင် (၆) နေရာ၊ စက်တင်ဘာ ၂၃ ရက် တွင် (၆) နေရာ၊ စက်တင်ဘာ ၂၄ ရက်တွင် (၆) နေရာ၊ စက်တင်ဘာ ၂၅ ရက်တွင် (၆) နေရာ၊ စက်တင် ဘာ ၂၆ ရက်တွင် (၈) နေရာနှင့် စက်တင်ဘာ ၂၇ ရက်တွင် (၈)နေရာ စုစုပေါင်း တရားမဝင်တူးဖော်လုပ်ကိုင်နေသည့် ရေနံတွင်းနေရာ ပေါင်း ၁၃၁ နေရာတို့အား ဖော်ထုတ်တွေ့ရှိပြီး ရေနံချက်လုပ်ရာတွင် အသုံးပြုခဲ့သည့် လုပ်ငန်းသုံးပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများ ခိုအောင်းခဲ့သည့် ယာယီတဲအဆောက်အအုံ ၂၄၆ လုံးတို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။   အဆိုပါ သိမ်းဆည်းရမိ တရားမဝင်ရေနံတူးဖော်ခြင်းများ လုပ်ဆောင်နေသည့် ရေနံတွင်းနေရာများနှင့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျမီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းဒေသတစ်ဝိုက်တွင်လည်း တရားမဝင်ရေနံတူးဖော်ခြင်းများ ဆောင်ရွက်မှုမရှိစေရေး လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
29 вер, 00:36

ပခုက္ကူမြို့နယ် ရေနံချပ်ကျေးရွာအနီး အကြမ်းဖက်သောင်းကျန်းသူများထံ ဆက်ကြေးပေးဆောင်၍ တရားမဝင်တူးဖော်နေသည့် လက်လုပ်ရေနံတွင်းများအ
+2
ပခုက္ကူမြို့နယ် ရေနံချပ်ကျေးရွာအနီး အကြမ်းဖက်သောင်းကျန်းသူများထံ ဆက်ကြေးပေးဆောင်၍ တရားမဝင်တူးဖော်နေသည့် လက်လုပ်ရေနံတွင်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ရှင်းလင်း   စက်တင်ဘာ ၂၈၊ ၂၀၂၆   လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်သယံဇာတများ တရားမဝင်တူးဖော်ထုတ်လုပ် ခြင်းလုပ်ငန်းများ တားဆီးကာကွယ်နှိမ်နင်းရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်ပူးပေါင်း၍ တားဆီးကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။   အကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံအတွင်းရှိ သဘာဝ အဖိုးတန် သယံဇာတများကို ခိုးယူတူးဖော်၍ တရားမဝင် ခိုးထုတ်ရောင်းချခြင်း၊ ၎င်းမှရရှိသည့် ငွေကြေးများဖြင့် လက်နက်ခဲယမ်းများ ဝယ်ယူစုဆောင်းကာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ ကျူးလွန်နေကြောင်း ဒေသခံများ၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်အတွင်း ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၈ ရက်တွင် ရေနံချပ်ကျေးရွာအနီး တရားမဝင်ရေနံတူးဖော်ခြင်းများ လုပ်ဆောင်နေသည့် လက်လုပ်ရေနံတွင်း နေရာ (၃၉) နေရာ၊ စက်တင်ဘာ ၁၉ ရက်တွင် (၃၅) နေရာ၊ စက်တင်ဘာ ၂၀ ရက်တွင် (၄၄) နေရာ၊ စက်တင်ဘာ ၂၁ ရက် တွင်(၁၇၆)နေရာ၊ စက်တင်ဘာ ၂၂ ရက်တွင် (၁၈၄) နေရာ၊ စက်တင် ဘာ ၂၃ ရက်တွင် (၁၃၈) နေရာ၊ စက်တင်ဘာ ၂၄ ရက်တွင် (၆၈) နေရာ၊ စက်တင်ဘာ ၂၅ ရက်တွင် (၂၅)နေရာ၊ စက်တင်ဘာ ၂၆ ရက် တွင် (၁၈) နေရာနှင့် စက်တင်ဘာ ၂၇ ရက်တွင် (၈) နေရာ စုစုပေါင်း (၇၃၅) နေရာတို့အား ရှာဖွေဖော်ထုတ်တွေ့ရှိပြီး ရေနံချက်လုပ်ရာတွင် အသုံးပြုခဲ့သည့် လုပ်ငန်းသုံးပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ နေထိုင်ခဲ့သည့် ယာယီတဲအဆောက် အအုံ ၅၀၉ လုံးတို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။   အဆိုပါ သိမ်းဆည်းရမိတရားမဝင် ရေနံတူးဖော်ခြင်းများ လုပ်ဆောင်နေသည့် ရေနံတွင်းနေရာများနှင့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများ နှင့်အညီ စနစ်တကျမီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းဒေသတစ်ဝိုက်တွင်လည်း တရားမဝင်ရေနံ တူးဖော်ခြင်းများ ဆောင်ရွက်မှုမရှိစေရေး လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။   PDF အမည်ခံအကြမ်းဖက် အဖွဲ့များအနေဖြင့် ရပ်ရွာလူထုကို အနိုင်ကျင့်ဗိုလ်ကျပြီး တရားမဝင် ရေနံတွင်းများကို ကိုယ်တိုင်တူးဖော်ခြင်း၊ ဒေသန္တရလုပ်ကိုင်သူများထံမှ ဆက်ကြေးကောက်ခံ ခြင်းများပြုလုပ်၍ ရရှိသည့် ငွေကြေးများဖြင့် လက်နက်/ခဲယမ်းဝယ်ယူကာ အင်အားတည်ဆောက်ပြီး အဖျက်အမှောင့် လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူလူထု၏ သတင်းပေးပို့မှုအရ နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် တာဝန်သိပြည်သူများနှင့်ပူးပေါင်း၍ အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
29 вер, 00:29

အမျိုးသမီးရေးရာဝန်ကြီးဌာနက ရေဘေးသင့်အိမ်ထောင်စု ၄၅၅ စုမှ အမျိုးသမီးများအတွက် အမျိုးသမီးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ် စက်တင်ဘ
အမျိုးသမီးရေးရာဝန်ကြီးဌာနက ရေဘေးသင့်အိမ်ထောင်စု ၄၅၅ စုမှ အမျိုးသမီးများအတွက် အမျိုးသမီးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်   စက်တင်ဘာ ၂၈၊ ၂၀၂၆   အမျိုးသမီးရေးရာဝန်ကြီးဌာနက ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်မှ ရေဘေးသင့်အိမ်ထောင်စု ၂၈၀၊ လူဦးရေ ၄၀၀ နှင့် ရေကြည်မြို့နယ်မှ အိမ်ထောင်စု ၁၇၅ စု၊ လူဦးရေ ၃၅၀ စုစုပေါင်း ရေဘေးသင့် အိမ်ထောင်စု ၄၅၅ စုမှ အမျိုးသမီးများအတွက် အမျိုးသမီးသုံးပစ္စည်းများ (Dignity Kits)၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဆန်၊ ဆီ၊ ကုလားပဲစသည့် စားသောက်ကုန်များကို ယနေ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။   အဆိုပါ ထောက်ပံ့ပစ္စည်းများကို အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာ ဥက္ကဋ္ဌတို့နှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။   အားပေးစကားပြောကြား   ထိုသို့ သွားရောက်ထောက်ပံ့စဉ် ပြည်ထောင်စုဝန်ကြီးက ရေဘေးသင့်မိသားစုများ၏ လိုအပ်ချက်များကို သိရှိနိုင်ရန်၊ အရေးပေါ်ကာလကို ကျော်လွန်ပြီး ပြန်လည်ထူထောင်ရေးအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဆောင်ရွက်လိုပါက တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီပေးရန် လာရောက်ခြင်းဖြစ်ကြောင်း အားပေးစကား ပြောကြားသည်။   ထို့အတူတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးတို့ကလည်း ရေဘေးသင့်ပြည်သူများကို အားပေးစကား ပြောကြားကြသည်။   အဆိုပါခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ရေကြည်မြို့ရှိ Bella Interiors Company Limited နှင့် ဒေသခံအမျိုးသမီးများအတွက် ကြိမ် လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
29 вер, 00:28

ကျောက်တော်မှာ မနေ့က တပ်ကနေ လေကြောင်းတိုက်ခိုက်မှု လုပ်တယ်။ ထုံးစံအတိုင်း မြို့ပေါ်လို့ အော်ကြပေမယ့် ဈေးနဲ့ တံတားပါပဲ။ ခက်တာက အဲ့ဈေးက ဘာအတွက် အသုံးချလဲ သိရင်တော့ ဆင်ခြေ ပေးလို့မရဘူး။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရခိုင် သတင်းထောက် ဆိုတဲ့သူက ဈေးမှာ ကလေးတွေ၊ သက်ကြီးရွယ်အို မိဘတွေဆိုပြီး ရေးတယ်။ ရယ်လို့ ရလား မသိဘူး။ ကြည့်ရတာ ...ဖိဖိဖော့ဖော့ ရေးတတ်တဲ့ ဗီဇ ရှိတယ်ထင်တယ်။ တကယ်တော့ ကျောက်တော်ရဲ့ ဒီဈေးက ရခိုင် AA ရဲ့ ကြားစခန်း၊ ထောက်ပို့ နေရာပါပဲ။ အောက်ဘက်က ပုဏ္ဏားကျွန်းနဲ့ ဆက်စပ်နေရာတွေကို ဒီကနေပဲ အများစု ပို့ကြရတယ်။ ကြားစခန်းဆိုတော့လည်း AA တွေ တရုန်းရုန်းပဲ။ ဟုတ်၊ မဟုတ် ဒေသခံတွေ အသိဆုံး ဖြစ်မှာပေါ့။ ရခိုင်စာရေးဆရာ တစ်ယောက်ကလည်း အပြစ်မဲ့ ပြည်သူတွေ ဆိုပြီး ငိုချင်းချတယ်။ လေကြောင်း တိုက်ခိုက်တာဆိုတော့လည်း အယောက် ၅၀ ဆိုတာက နည်းသေးတယ်။ ခက်တာက ရှေ့ဖုံးနောက်ဖော်အနေနဲ့ တံတားပေါ်က လင်မယား စုံတွဲက‌လည်း AA ဖြစ်နေပြန်တယ်။ ဒါနဲ့ပတ်သက်ပြီး တစ်ချိန်တုန်းက ငါတို့အားလုံးက AA ဆိုပြီး ကြွေးကြော်ခဲ့တာ လေးသတိရတယ်။ တကယ်တော့ AA ရခိုင်တွေက သစ္စာမဲ့တဲ့အပြင် အစွန်းရောက်စိတ်ရှိတဲ့ အဖွဲ့၊ ကောက်ကျစ်တဲ့ အဖွဲ့လို့ ပြောလို့ရတယ်။ တပ်မတော် စစ်သုံးပန်းတွေကို သံဇကာလှောင်ထဲ ထည့်ပြီး မီးတိုက်သွင်း သတ်ဖြတ်ခဲ့တာ သတိရမိကြဦးမယ် ထင်တယ်။ လေကြောင်းတိုက်ခိုက်တာလို့ တစ်ဖက်မှာ ပုံဖျက်ဝါဒဖြန့်ပေမယ့် ဘေးက ဓနိအိမ်လေးတောင် မီးမစွဲခဲ့ဘူး။ စဉ်းစားကြည့် ပေါ့၊ စစ်သည် အယောက် ၁၀၀ ကျော်ကို အရှင်လတ်လတ် ဓားနဲ့မွှန်းပြီး မီးလောင်တိုက် သွင်းခဲ့တာ။ ဘယ်လောက်တောင် လူစိတ်မရှိခဲ့သလဲလို့။ ဒါတောင် ပေါင် ၅၀၀ ဗုံးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်ဆိုပြီး ဖျံကျသေးတာ။ တစ်ခါ......ကျောက်တော်ကနေ တပ်က ခွာစစ်ဆင်တော့ သင်္ဘောပေါ်ပါလာကြတဲ့သူတွေက မှီခို ကလေးတွေ ၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေ၊ ဝန်ထမ်းတွေ။ အလံဖြူ ပြထားပါရက်၊ ကမ်းဘေးပေါ် ရေကူးတက်လာတာတောင် ဓားနဲ့ ပိုင်းခုတ်ကြတဲ့ လူမျိုးတွေ။ လူကြီးတွေကတော့ အမုန်းတရား ဖြစ်မှာစိုးလို့ သတင်းတောင် မထုတ်ပေမယ့် အသက်ပေးခဲ့ကြရတဲ့ မိသားစုတွေကတော့ အရှင်လတ်လတ် ငရဲကျ သလို ခံစားခဲ့ကြရတာ အမှန်ပဲ။ ဒါတောင် လူ ၉၀၀ ဆိုတာက ဖြစ်စဉ် တစ်ခုတည်းပေါ်ပဲ ရှိသေးတယ်။ လေကြောင်းတိုက်ခိုက်လို့ အယောက် ၅၀ သေတာကို ရက်စက်တယ်လို့ ပြောရင်....လူပေါင်း ၉၀၀ ပါတဲ့ သင်္ဘောကို တိုက်ခိုက်ခဲ့တုန်းက ပါးစပ်ပေါက်တွေ ဘာလို့ ပိတ်နေခဲ့ကြတာလဲ။ တချိန်တုန်းက ....ကာကာဝါ ရောက်လာတော့ ရခိုင်မှာ အပစ်ရပ်ဆိုပြီ ငြိမ်းချမ်းရေး စဖြစ်တယ်။ တစ်နိုင်ငံလုံး တခြားဒေသတွေ စစ်ဖြစ်နေတာတောင် ရခိုင်မှာ သင်္ကြန်နှစ်သစ်ကူး ပွဲတော်ကို တစ်လလောက် လုပ်လိုက်ရတယ်။ နောက်တော့လည်း တပ်ရဲ့ ယာဉ်တန်းတွေ မိုင်းဆွဲတယ်။ ကုလယာဉ်တန်းကို စနိုက်ပါနဲ့ ချောင်းပစ်တယ်။ ခုလည်း ရခိုင် လွတ်မြောက်ရေးပြောပြီး မူဆယ် ၁၀၅ မိုင်မှာ AA က ဘာလို့ရှိနေရတာလဲ။ ပူးပေါင်းရေးတွေ၊ မဟာမိတ်တွေက ဟန်ပြသပ်သပ်ပါ။ AA က လူမျိုးရေး အကြောင်းပြပြီး ကြေးစားသာသာ ဖြစ်နေခဲ့တာလည်း ကြာပြီ။ တကယ်တော့ ရခိုင် AAဖြောင့်တယ် ဆိုတာ တံစဉ်း ကောက်သလောက်ပဲ ရှိတယ်။ ရခိုင်မှာ ရခိုင်လူမျိုး တစ်စုတည်းနေရမယ် ဆိုတဲ့ အဖရခိုင်ပြည် အစွဲက ဝဋ်ကြီးလွန်းတယ်။ အစိုးရက ဖြတ် ၄ ဖြတ်လုပ်လည်း ချောင်းထဲက ငါးတွေ ရှာစားလို့ရတယ်။ စစ်တွေထက်တောင် AA အုပ်ချုပ်တဲ့ နေရာတွေက ကုန်ဈေနှုန်း သက်သာတယ်လို့ ဝါဒဖြန့်နေကြတယ်မဟုတ်လား ။ ကြိုက်တာပေါ့။ ငြိမ်းချမ်းရေး လေသံ မပစ်နဲ့ဦး။ အချိန်စောသေးတယ်။ အမှည့်ခြွေ ချွေပြီး တစိမ့်စိမ့် ပျက်စီးတာကို ထိုင်ကြည့်နေချင်သေးတာ။ လိုင်းပေါ်မှာ မျက်ရည်လည်း မခြူနဲ့။ လေကြောင်းတိုက်ခိုက်တာ မခံချင်ရင် လေယာဉ်ပစ် လက်နက်ဝယ်။ ငါတို့တုန်းကလည်း ကြိတ်ပြီး ခံခဲ့ရတာ။ ပေအလှည့်ရောက်ရင် ဘယ်လိုခံရသလဲ ဆိုတာ ကြိတ်သာ ခံလိုက်ကြဦး။ (နရီမိုး)
29 вер, 00:27