uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 11 418 obunachidan iborat bo'lib, Yangiliklar & Media toifasida 16 330-o'rinni va Myanma mintaqasida 9 947-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 11 418 obunachiga ega bo‘ldi.

27 Noyabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -136 ga, so‘nggi 24 soatda esa -9 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 5.67% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 4.32% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 648 marta ko‘riladi; birinchi sutkada odatda 493 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 10 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 28 Noyabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

11 418
Obunachilar
-924 soatlar
-317 kun
-13630 kun
Postlar arxiv
ယခုကဲ့သို့ သာသနာတော်အကျိုးကို ဆောင်ရွက်တော်မူခဲ့သည့် နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ဘုရားကြီး ပျံလွန်တော်မူခဲ့ခြင်းသည် သာသနာတော်နှင့် နိုင်ငံတော်အတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ခုပင်ဖြစ်ပြီး ဆရာတော်ဘုရားကြီး၏ အန္တိမ အဂ္ဂိဈာပန ပူဇာသဘင်အခမ်းအနားကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
20 Sen, 10:49

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် အဖွဲ့ဝင်များသည် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုကြပြီး ဆရာတော်ကြီး ရေးသားပြုစုပူဇော်ခဲ့သည့် ဗုဒ္ဓဓမ္မစာပေ ကျမ်းဂန်များအား ကြည့်ရှုပူဇော်ကြသည်။   အဆိုပါချမ်းမြေ့ရိပ်သာဆရာတော်ဘုရားကြီး အလောင်းလျာကို မြန်မာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ ဝါခေါင်လဆန်း (၈) ရက်၊ အင်္ဂါနေ့တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပျဉ်းမကျေးရွာ၌ ခမည်းတော် ဦးဖြူမင်း၊ မယ်တော် ဒေါ်ရွှေရည်တို့မှ ဖွားမြင်တော်မူခဲ့ကြောင်း၊ ၁၃၀၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်နေ့တွင် တောင်တွင်းကြီးမြို့၊ တောရဗိမာန်ကျောင်းဆရာတော် ဘဒ္ဒန္တမာလာဝံသကို ဥပဇ္ဈယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၀၉ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၅ ရက်တွင် တောင်တွင်းကြီးမြို့၊ တောရဗိမာန်ကျောင်းတိုက်၊ ခဏ္ဍသိမ်၌ ဆရာတော်ဘဒ္ဒန္တပဒုမကို ဥပဇ္ဈယ်ပြု၍ တောင်တွင်းကြီးမြို့၊ ရွှေအိုးရပ်၊ ကုန်သည်ကြီး ဦးစိန်ညို+ဒေါ်လှနှစ်တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာမြင့်မြတ်သာ ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ခြင်းဖြစ်ကြောင်း။   ဆရာတော်လောင်းလျာသည် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ တောရဗိမာန်ကျောင်းဆရာတော် ဘဒ္ဒန္တမာလဝံသ၊ မန္တလေးမြို့၊ ဝိသုဒ္ဓါရုံတိုက်သစ်၊ စည်ရှင်ဆရာတော် ဘဒ္ဒန္တ ကောသလ္လ၊ ပိုက်ကျုံးဆရာတော် ဘဒ္ဒန္တ ဇာနေယျဗုဒ္ဓိ၊ အသောကာရုံ ဆရာတော် ဘဒ္ဒန္တ သုဝဏ္ဏဇောတိ၊ ဗာရာဏသီဆရာတော် ဘဒ္ဒန္တ အာနန္ဒပဏ္ဍိတ၊ သံတော်ဆင့်ဆရာတော် ဘဒ္ဒန္တ ဝါသဝ၊ မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ စသောဆရာတော်ကြီးများထံတွင် ပရိယတ္တိစာပေများကို သင်ယူဆည်းပူးတော်မူခဲ့ပြီး “ပရိယတ္တိသာသနဟိတ ဓမ္မာစရိယဘွဲ့၊ သာသနာဓဇသိရီပဝရ ဓမ္မာစရိယဘွဲ့” တို့ကို ရရှိတော်မူခဲ့ကြောင်း။   ဆရာတော်ဘုရားကြီးသည် မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ တောင်တွင်းကြီးမြို့၊ တောရဗိမာန်စာသင်တိုက်တို့၌ စသင်သား ရဟန်း၊ သာမဏေများကို ပရိယတ္တိစာပေကျန်းဂန်များ သင်ကြားပို့ချပေးတော်မူခဲ့ခြင်း၊ ဆဋ္ဌသံဂါယနာတင်ပွဲကြီး၌ ပါဠိပဋိသောဓကအဖြစ် ဆောင်ရွက်တော်မူခဲ့ခြင်း၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်တည်ထောင်၍ တရားဟော တရားပြ ကမ္မဋ္ဌာနာစရိယတာဝန်များ ဆောင်ရွက်တော်မူခဲ့ခြင်း၊ မြန်မာဘာသာကျမ်းစာ ၃၄ အုပ်နှင့် အင်္ဂလိပ်ဘာသာကျမ်းစာ ၁၀ အုပ်စသော စာပေကျမ်းဂန်များ ရေးသားပြုစုတော်မူခဲ့ခြင်း၊ ရန်ကုန်မြို့၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်နှင့် ရိပ်သာခွဲများအဖြစ် ဟင်္သာတမြို့၊ ပြင်ဦးလွင်မြို့၊ မှော်ဘီမြို့၊ အောင်ပန်းမြို့၊ တောင်ကြီးမြို့၊ လယ်ဝေးမြို့၊ တမူးမြို့တို့၌ တည်ထောင်ဖွင့်လှစ်တော်မူခဲ့ခြင်း၊ ပြည်ပနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌လည်းကောင်း၊ တောင်အာဖရိကနိုင်ငံ၊ ဒါဘန်မြို့၌လည်းကောင်း၊ အမေရိကန်နိုင်ငံ၊ စပရင်းဖီးမြို့၌လည်းကောင်း၊ ပဋိပတ္တိကမ္မဋ္ဌာန်းရိပ်သာများ တည်ထောင်ဖွင့်လှစ်၍ သာသနာပြုတော်မူခဲ့ခြင်း၊ ဆရာတော်သည် နိုင်ငံပေါင်းများစွာသို့ သာသနာပြုခရီး အကြိမ် (၇၀) ကျော်ကြွရောက်ခဲ့ပြီး အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ်တက္ကသိုလ်၊ ကိန်းဘရစ်ချ်တက္ကသိုလ်၊ အမေရိကန်နိုင်ငံ၊ အီလီနွိုက်တက္ကသိုလ်၊ ဟာဝိုင်ရီတက္ကသိုလ်၊ ဗန်ကူးမားတက္ကသိုလ်၊ အိုဘာလင်တက္ကသိုလ်စသော ပြည်ပနိုင်ငံတက္ကသိုလ်များ၌ ကမ္မဋ္ဌာန်းတရားများ ဟောကြားပြသတော်မူခဲ့ခြင်းနှင့် ၂၀၁၉ ခုနှစ်မှ ယနေ့အထိ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်အဖြစ် သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူခဲ့ကြောင်း။   ထိုကဲ့သို့ ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သောဝီရိယဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သော သာသနဓုရာဝဟဂုဏ်၊ ပရဟိတာဝဟဂုဏ်၊ သာသနဟိတဓရဂုဏ်၊ ကမ္မဋ္ဌာနနယဒေသကဂုဏ်၊ ဝိပဿနာဓုရာဝဟဂုဏ်၊ ပဋိပတ္တိဝိသာရဒဂုဏ်၊ ခမာ ဇာဂရိယဂုဏ်၊ လဇ္ဇီပေသလ သိက္ခာကာမဂုဏ် စသည်တို့နှင့် ပြည့်စုံတော်မူခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၁၉၉၅ ခုနှစ်တွင် “အဂ္ဂမဟာကမ္မဋ္ဌာန စရိယ” ဘွဲ့တံဆိပ်တော်နှင့် ၂၀၀၉ ခုနှစ်တွင် “အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက” ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါကြောင်း၊ “သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ” ဆိုသည့် မေတ္တာပို့ဆုတောင်စကားသည် ချမ်းမြေ့ဆရာတော် ဘုရားကြီး၏ ထင်ရှားသည့် လက်သုံးမေတ္တာပို့ဩဝါဒ ကထာဖြစ်ကြောင်း၊ ဆရာတော်ဘုရားကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော် (၉၉) နှစ်၊ သိက္ခာတော် ၇၉ ဝါအရ၊ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်၊ စနေနေ့ နံနက် ၁၁ နာရီ ၃ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
20 Sen, 10:48

ချမ်းမြေ့ရိပ်သာကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင် နိကာယရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ကမ
+1
ချမ်းမြေ့ရိပ်သာကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင် နိကာယရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ ဆဋ္ဌသင်္ဂီတိ ပါဠိပဋိဝိသောဓက၊ သကျသီဟနှင့် အစိုးရသိရီ ပဝရဓမ္မာစရိယ ဘဒ္ဒန္တဇနကာဘိဝံသ၏ ဥတုဇရုပ်ကလပ်တော်အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ သွားရောက်ဖူးမြော်ကြည်ညို   စက်တင်ဘာ ၂၀၊ ၂၀၂၆   ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက် ပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူမဟာနာယက၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ ဆဋ္ဌသင်္ဂီတိ ပါဠိပဋိဝိသောဓက၊ သကျသီဟနှင့် အစိုးရသိရီ ပဝရဓမ္မာစရိယ ဘဒ္ဒန္တဇနကာဘိဝံသ မဟာထေရ်မြတ်ကြီး သက်တော် (၉၉) နှစ်၊ သိက္ခာတော် (၇၉) ဝါသည် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း (၈) ရက် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် (စနေနေ့) ၁၁ နာရီ ၃ မိနစ်တွင် ဘဝနတ် ထံပျံလွန်တော်မူခဲ့သည်။   ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား ချမ်းမြေ့ရိပ်သာကျောင်းတိုက်၌ ပူဇော်ထားရှိရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် သွားရောက်ဖူးမြော်ကြည်ညိုသည်။   ဦးစွာ နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အဖွဲ့ဝင်များသည် နိုင်ငံတော်ဩဝါဒါစရိယ ချမ်းမြေ့ရိပ်သာကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘုရားကြီး၏ ဥတုဇ ရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုကြသည်။ ယင်းနောက် ချမ်းမြေ့ရိပ်သာများ၏ ပဓာနနာယက ဆရာတော်ဘုရားကြီး ဉ္ဇူးသောဘိတာ ဘိဝံသ အမှူးပြုသည့် ဆရာတော်ကြီးများအား ဖူမြော်ကြည်ညိုသည်။   ထို့နောက် ဗဟန်းမြို့နယ်၊ တိပိဋက မဟာဝိသုဒ္ဓါရုံကျောင်း၊ တိုက်အုပ်ဆရာတော် ဥုးသီရိကစ္စနက နိုင်ငံတော်ဩဝါဒါစရိယ ချမ်းမြေ့ရိပ်သာကျောင်းတိုက် ပဓာန နာယက ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနားကျင်းပပြုလုပ်မည့် အစီအစဉ်လျာထားမှုကို ရှင်းလင်းမိန့်ကြားသည်။   ယင်းနောက် နိုင်ငံတော်သမ္မတက လျှောက်ထားရာတွင် ယခုကဲ့သို့ ပြည်တွင်း၊ ပြည်ပ သာသနာပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံသာသနာ့ တာဝန်များဆောင်ရွက်လျက်ရှိသည့် သာသနာ့အာဇာနည် ဆရာတော်ကြီးတစ်ပါး ဆုံးရှုံးရခြင်းကြောင့် နိုင်ငံတော်နှင့် ဗုဒ္ဓသာသနာတော်အတွက် ကြီးမားသည့်ဆုံးရှုံးမှုပင်ဖြစ်ပြီး မိမိတို့အနေဖြင့် များစွာဝမ်းနည်းရပါကြောင်း၊ ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိ ဈာပန ပူဇာသဘင်အခမ်းအနားကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပူဇော်သွားနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား လာရောက်ဖူးမြော်ကြည်ညိုကြမည့် ပြည်တွင်း၊ ပြည်ပမှ ရဟန်းသံဃာများ၊ ဒါယကာ၊ ဒါယိကာမများနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာဖြင့် သွားလာနိုင်ရေးနှင့် ဆွမ်း၊ ကွမ်းဝေယျာဝစ္စနှင့် စားသောက်တည်းခိုနေထိုင်မှုများ အဆင်ပြေစေရေး စနစ်တကျ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရာသီဥတုပူပြင်းပြီး မိုးရွာသွန်းမှုများလည်း ရှိနေသေးသဖြင့် လာရောက်သည့် ဆရာတော်၊ သံဃာတော်များ အဆင်ပြေချောမွေ့ စွာသီတင်းသုံးနိုင်ရေးနှင့် ဒါယကာ၊ ဒါယိကာမများ အဆင်ပြေစွာနေထိုင် ဖူးမြော်နိုင်ရေးတို့အတွက် ကျောင်းတိုက်အတွင်း အရိပ်အာဝါသများရရှိအောင် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင်အခမ်းအနားကို ခမ်းခမ်းနားနား အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် ကော်မတီများ စနစ်တကျဖွဲ့စည်း၍ တာဝန်များ ခွဲဝေဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်းနှင့် အခြားသာသနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာနှင့်ပတ်သက်၍ ဆွေးနွေးလျှောက်ထားတင်ပြသည်။   ဆက်လက်၍ နိုင်ငံတော်သမ္မတက ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိ ဈာပန ပူဇာသဘင်အခမ်းအနားကို ခမ်းခမ်းနားနားဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များ ဝိုင်းဝန်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပြည်ထောင်စုဝန်ကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့အား လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး နိုင်ငံတော်သမ္မတနှင့်ဇနီးတို့က အန္တိမအဂ္ဂိဈာပန ပူဇာသဘင်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ လှူဒါန်းသည့် ငွေကျပ်သိန်း ၅၀၀ အား ပေးအပ်လှူဒါန်းရာ ချမ်းမြေ့ရိပ်သာကျောင်း ဝေယျာဝစ္စအဖွဲ့ဥက္ကဋ္ဌ ဦးစောလှိုင်က လက်ခံရယူ၍ နိုင်ငံတော်သမ္မတထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။   ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့က ချမ်းမြေ့ရိပ်သာများ၏ ပဓာနနာယက ဆရာတော်ဘုရားကြီး ဉ္ဇူးသောဘိတာ ဘိဝံသထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးက နိုင်ငံတော်ဩဝါဒါစရိယ ချမ်းမြေ့ရိပ်သာကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘုရားကြီး ရေးသားပြုစုပူဇော်ခဲ့သည့် ဗုဒ္ဓဓမ္မ စာပေကျမ်းဂန်များအား ဓမ္မလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သည်။
20 Sen, 10:48

ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၂၃) ကြိမ်မြောက် တရုတ်
ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိ   စက်တင်ဘာ ၂၀၊ ၂၀၂၆   ဒုတိယသမ္မတ ဦးညိုစောသည် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပသည့် (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ကျိုးမြို့မှထွက်ခွာရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။   ဒုတိယသမ္မတ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ကောင်စီဥက္ကဌ ဦးကံမြင့်သန်း၊ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဦးခင်လတ်၊ နေပြည်တော်ကောင်စီဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။   စက်တင်ဘာ ၁၈ ရက် ညနေပိုင်းကလည်း ဒုတိယသမ္မတသည် နန်နင်းမြို့ မြန်မာကုန်သွယ်ရေးကိုယ်စားလှယ်ရုံး၌ မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းဆိုင်ရာ ပိုမိုတိုးမြှင့်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။   ခရီးစဉ်အတွင်း ဒုတိယသမ္မတသည် XPENG မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီနှင့် GAC မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီများသို့ သွားရောက်ပြီး ကုမ္ပဏီထုတ်မော်တော်ယာဉ်များနှင့် မော်တော်ယာဉ်များ ထုတ်လုပ်နေမှုကို ကြည့်ရှုလေ့လာရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။
20 Sen, 10:47

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် ဦးဆောင်မှုဖြင့် ဖလမ်းမြို့နေရပ်ပြ
+6
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် ဦးဆောင်မှုဖြင့် ဖလမ်းမြို့နေရပ်ပြန်ပြည်သူများ ဂုဏ်ပြုဖျော်ဖြေပွဲ အောင်မြင်စွာကျင်းပ   စက်တင်ဘာ ၂၀၊ ၂၀၂၆   ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ရန်ရောက်ရှိနေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် ဦးဆောင်မှုဖြင့် ဖလမ်းနေရပ်ပြန်ပြည်သူများ၏ စိတ်ဒဏ်ရာ ကုစားရန် ရည်ရွယ်ပြီး နေရပ်ပြန်ပြည်သူများ ကြိုဆိုဂုဏ်ပြုဖျော်ဖြေပွဲကို စက်တင်ဘာ (၁၉) ရက်နေ့တွင် ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။   ဖျော်ဖြေပွဲအခမ်းအနားကို မွန်းလွဲ ၁ နာရီတွင် စတင်ကျင်းပရာ ဖလမ်းနေရပ်ပြန်ပြည်သူများအား ဂုဏ်ပြုဖျော်ဖြေရန် ရောက်ရှိနေသည့် နိုင်ငံကျော်တေးသံရှင် ထူးအယ်လင်းနှင့်အတူ ဒေသခံအဆိုရှင်များက တေးသီချင်းများဖြင့် ‌ဖျော်ဖြေကြပြီး၊ ဇာဟောင်ယဥ်ကျေးမှု လူငယ်များမှ ဝါးညှပ်အက၊ ဇာန်ညက်ယဥ်ကျေးမှုအဖွဲ့မှ ဇာန်ညက်ရိုးရာ ကောက်သစ်စားဒေါင်းပွီးအက၊ လိုင်လွန်ဆွန်ထလာရွာသားများက အမဲလိုက်အောင်ပွဲခံ အကများဖြင့်လည်းကောင်း၊ ကျောင်းသူလေးများက ခေတ်ပေါ်အကများဖြင့်လည်းကောင်း ကပြဖျော်ဖြေကြသည်။   အခမ်းအနားတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဖလမ်းတစ်မြို့နယ်လုံး လူဦးရေ၏ ၇၉.၇၁ ရာခိုင်နှုန်း နေရပ်ပြန်လာကြပြီဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များသည် ဖလမ်းမြို့တွင် အခြေချကာ တီးတိန်မြို့၊ တွန်းဇံမြို့နှင့် ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည်မှာ အားလုံးအသိဖြစ်ကြောင်း၊ “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေး” ဆိုသည့်ခေါင်းစဥ်ဖြင့် နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် မူဝါဒချမှတ်၍ တိုင်းပြည်အေးချမ်းသာယာအောင် ဆောင်ရွက်နေကြောင်း၊ ယခင်အကြမ်းဖက်ဖြစ်စဥ်များကို လေ့လာကြည့်ပါက သဘောထားကွဲလွဲမှုများနှင့် လိုလားချက်များအတွက် လက်နက်ကိုင်တိုက်ပွဲဝင်ကြသည့်အတွက်  လူငယ်များစွာ၏ ဘဝပျက်ရပြီး မြို့များပျက်စီးသွားသည်ကို အားလုံးက သိရှိပြီးဖြစ်ကြောင်း၊ လိုလားချက်များကို လက်နက်ကိုင်နည်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့် အဖြေရှာဖြေရှင်းရန် ငြိမ်းချမ်းရေးအတွက် လက်ကမ်းကြိုဆိုကြောင်း ထည့်သွင်းပြောကြားသည်။ ဖျော်ဖြေပွဲသို့ ဖလမ်းမြို့ပေါ်နှင့် အနီးအနားကျေးရွာများမှ နေရပ်ပြန်ပြည်သူအများအပြား လာရောက်ပါဝင်ကြပြီး ရိုးရာအကများကို ချစ်ခင်ရင်းနှီးစွာ၊ ဝိုင်းဖွဲ့ကကာ အခမ်းအနားအား ညနေ (၆) နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းကြသည်။   ပွဲဖြစ်မြောက်ရေးအတွက် ဒုတိယဝန်ကြီးဦးဆောင်သည့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် ဖလမ်းမြို့ဒေသခံလူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး နေရပ်ပြန်ကာလ (၄)လအတွင်း ယခုလို အစီအစဉ်အား အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် နယ်မြေလုံခြုံမှုရှိခြင်းကို ပြသနေခြင်းဖြစ်သည့်နည်းတူ  နေရပ်ပြန်ပြည်သူများ၏ စိတ်လုံခြုံမှုအများကြီး ရရှိစေကြောင်း သိရသည်။   စက်တင်ဘာ (၁၉) ယမန်နေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးသည်။ ဖလမ်းခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ စုပေါင်းလုပ်အားပေးအဖွဲ့သည် ကျင်မွာလ်ရပ်ကွက် စွယ်တော်လမ်းတစ်လျှောက်နှင့် ကျင်မွာလ်ရပ်ကွက်ပိုင်း ဗိုလ်ချုပ်လမ်းတစ်လျှောက် လမ်းဘေးဝဲယာရှိ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ စနစ်တကျစွန့်ပစ်ခြင်းများ ဆောင်ရွက်ကြရာ ဒုတိယဝန်ကြီးနှင့်အဖွဲ့များက လုပ်အားပေးအင်အား (၂၃၁) ဦးအတွက် မုန့်များထောက်ပံ့ပေးအပ်ကြောင်းသိရသည်။
20 Sen, 08:05

စမ်းချောင်းတွင် ပထမနှစ် IT ကျောင်းသားနှစ်ဦးကို အမည်မသိလူငယ်တစ်စုက ဝိုင်းဝန်းရိုက်နှက်တိုက်ခိုက် NOM စက်တင်ဘာ ၂၀၊ ၂၀၂၆ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းမပေါ်ရှိ စမ်းချောင်းလင့်မုန့်ဈေးတန်းတွင် စက်တင်ဘာလ ၁၇ ရက်နေ့၌ IT ပထမနှစ်ကျောင်းသားနှစ်ဦးကို အမည်မသိလူငယ်တစ်စုက ဆဲဆိုခြိမ်းခြောက်ပြီး ဝိုင်းဝန်းရိုက်နှက်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ မောင်ဇူဇင်ဝင်းထွဋ် (၂၃ နှစ်) (IT ပထမနှစ်) နှင့် ၎င်း​၏သူငယ်ချင်းဖြစ်သူ မောင်အာကာကျော် (၁၈ နှစ်) (IT ပထမနှစ်) တို့အား အမည်မသိလူငယ်တစ်စုမှ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းမပေါ်ရှိ စမ်းချောင်းလင့်မုန့်ဈေးတန်းတွင် ညစ်ညမ်းစွာဆဲဆိုခြိမ်းခြောက်ပြီး ဝိုင်းဝန်းထိုးကြိတ်ပြီး မောင်ဇူဇင်ဝင်းထွဋ်အား ကျောက်ခဲ့ဖြင့် ဦးခေါင်းအား ထုခဲ့ခြင်းကြောင့် ၎င်းတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ယာပါးဖူးရောင် ဒဏ်ရာနှင့် ဝဲလက်ဖျံ ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး မောင်အာကာကျော်အား အဆိုပါအမည်မသိလူငယ်တစ်စုမှ လက်သီးဖြင့်ထိုးခြင်း၊ ချွန်ထက်သောအရာဖြင့် ထိုးသွင်းခဲ့ခြင်းကြောင့် အာကာကျော်တွင် ယာဘက်၊ ရင်ဘက်၊ ကျောနှင့် ညှပ်ရိုးအတွင်း ထိုးသွင်းဒဏ်ရာနှင့် ယာပါးဖူးရောင်ဒဏ်ရာ (မစိုးရိမ်ရ) တို့ရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည်။ ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ NOM
20 Sen, 08:03

ရိုးရိုးလက်နက်များသုံးသည့် စစ်ပွဲတွင် ရုရှားကို အနိုင်ယူရန် မဖြစ်နိုင်ကြောင်း၊ "နျူကလီးယားလက်နက်နဲ့ပဲ ရနိုင်မှာဖြစ်ပြီး ရုရှားရဲ့ နျူကလီးယားလက်နက်အင်အားကို သိတဲ့သူတိုင်း ဒါဟာ အမှန်တကယ် ဘာကိုဆိုလိုသလဲဆိုတာ သိကြပါတယ်" ဟု ဖီကို က သုံးသပ်ပြောကြားခဲ့သည်။ စစ်မျက်နှာပေါင်းစုံတွင် စစ်ဆင်ရေးများ ဆက်လက်ဖြစ်ပွားနေစဉ် အနောက်နိုင်ငံရေးသမားများသည် စစ်ပွဲကို ပိုမိုကြီးထွားအောင် လုပ်ဆောင်ခြင်း၏ အကျိုးမဲ့မှုကို ပိုမိုသိရှိလာကြပြီး ရုရှားတပ်ဖွဲ့များကမူ အဓိကကဏ္ဍများတွင် ဖိအားများကို ဆက်လက်မြှင့်တင်လျက်ရှိသည်။
20 Sen, 07:34

အော့စခိုလ်မြစ်၏ အရှေ့ဘက်တွင် လွန်ခဲ့သောသီတင်းပတ်များအတွင်း တိုးတက်မှု ကန့်သတ်ချက်ရှိခဲ့သည်။ ယခုအခါ အဓိကတိုက်ပွဲမှာ ပွင့်လင်းသော ကွင်းပြင် မိုင်ပေါင်းများစွာအတွက် မဟုတ်တော့ဘဲ မြို့ပြဧရိယာများ၊ စက်မှုဇုန်များနှင့် ကိုဗ်ရှာရို့ဗ်ကာ–ကူပယန့်စ်ခ်-ဥဇလိုဗွီ ချိတ်ဆက်မှုများအတွက် ဖြစ်လာသည်။ ကိုဗ်ရှာရို့ဗ်ကာသည် မြို့ငယ်လေးဖြစ်သော်လည်း အရေးပါသော စစ်ရေးဗျူဟာနေရာ ဖြစ်သည်။ ထို့အပြင် တောင်ဘက်တွင် တည်ရှိသော ကူပယန့်စ်ခ်-ဥဇလိုဗွီ သည် အဓိက ရထားလမ်းဆုံများထဲမှ တစ်ခုဖြစ်ပြီး ကူပယန့်စ်ခ် စစ်မျက်နှာကို တောင်ဘက်သို့ ဆက်သွယ်ပေးသည့် လမ်းကြောင်းများအားလုံး ထိုနေရာကို ဖြတ်သန်းသွားသည်။ ဆလာဗယန့်စ်ခ် (Slavyansk) စစ်မျက်နှာ တောင်ဘက်ကဏ္ဍတွင် ရုရှားတပ်ဖွဲ့များသည် ယူရီးယက်ဗ်ကာ (Yuryevka) မြောက်ဘက်ရှိ သစ်တောတန်းများမှ စခန်းအချို့ကို ရှင်းလင်းလိုက်ပြီး ဆဲဗာစခီ ဒိုးနက်စ်–ဒွန်းဘက်စ် (Seversky Donets–Donbass) မြောင်းအတိုင်း အိုရက်ခိုဗတ်ကာ (Orekhovatka) ဘက်သို့ တိုက်ခိုက်မှုများကို မြှင့်တင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် တိုက်ခိုက်ရေးအဖွဲ့များသည် ထိုဒေသမြောက်ဘက်ရှိ သစ်တောအုပ်များအတွင်းသို့ ဝင်ရောက်လျက်ရှိသည်။ အိုရက်ခိုဗတ်ကာ မြို့အနောက်ဘက်တွင် ရုရှားတပ်များ၏ စစ်ဆင်ရေးနယ်မြေ ပိုမိုကျယ်ပြန့်လာပြီး အခြားတပ်ဖွဲ့များသည် ဇာပိုဗက်နိုရီ (Zapovednoye) သို့ ဝင်ရောက်ကာ မြောက်အနောက်ဘက်တွင် အင်အားတိုးမြှင့်ခဲ့သည်။ ထို့ကြောင့် ဆလာဗယန့်စ်ခ်မြို့၏ တောင်ဘက်ချဉ်းကပ်လမ်းများအပေါ် ဖိအားများ တဖြည်းဖြည်း ပြန့်နှံ့လာနေသည်။ အရှေ့မြောက်ဘက်တွင် ရုရှားတပ်များသည် ရိုင်-အလက်ဇန်းဒရို့ဗ်ကာ (Rai-Aleksandrovka) မြောက်ဘက်ရှိ ယူကရိန်းတပ်ဖွဲ့များ၏ ခံစစ်စက်ဝိုင်းစွန်းကို ချေမှုန်းနိုင်ခဲ့ပြီး ခံစစ်စခန်းအများအပြားကို ထိန်းချုပ်လိုက်သည်။ ထို့ကြောင့် နီကိုလာယက်ဗ်ကာ (Nikolayevka) ဘက်သို့ ထိုးစစ်ဆင်မှုကို တိုးမြှင့်နိုင်ခဲ့သည်။ ရုရှားတပ်များသည် နီကိုလာယက်ဗ်ကာ တောင်ဘက်ပိုင်းနှင့် ပတ်ဝန်းကျင် သစ်တောများမှတစ်ဆင့် ရှေ့သို့ တိုးတက်နေပြီး အရှေ့ဘက်ရှိ အထပ်မြင့်အဆောက်အအုံများတွင်လည်း ရုရှားတပ်များ ရောက်ရှိနေကြောင်း တွေ့ရသည်။ သို့သော် မြို့တွင်းတိုက်ပွဲများမှာ ခက်ခဲနေဆဲ ဖြစ်သည်၊ ယူကရိန်းဘက်က ဖြည့်တင်းလိုက်သော အရန်တပ်များကြောင့် အခြေအနေကို အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းနိုင်ခဲ့ပြီး မြို့ပြဧရိယာအတွင်း ရုရှားတပ်များ သိသာသော တိုးတက်မှု မရှိသေးပေ။ ထို့အပြင် မြောက်ဘက်တွင် ရုရှားတပ်များသည် ကာလန်နီကီ (Kaleniki) အနောက်ဘက်ရှိ စက်ဝိုင်းစွန်းကို ရှင်းလင်းခဲ့ပြီး ရထားလမ်းများအတိုင်း ခံစစ်စခန်းအများအပြားနှင့် သစ်တောအပိုင်းအစများကို သိမ်းပိုက်ခဲ့သည်။ အခြားတိုက်ခိုက်ရေးအဖွဲ့များသည် ပစ်စခွန်နို့ဗ်ကာ (Piskunovka) မှ နီကိုလာယက်ဗ်ကာ၏ မြောက်ဘက်နှင့် မြောက်အရှေ့ဘက် အစွန်အဖျားများသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ခဲ့ကြသည်။ သုံးသပ်ချက် နိဂုံး (Conclusion) စစ်ပွဲ၏ အဓိကလက္ခဏာမှာ မြို့ကြီးများသို့ အလျင်အမြန် ဝင်ရောက်ခြင်းထက် သစ်တောများ၊ အမြင့်ပိုင်းများ၊ လမ်းများနှင့် အနီးနားရှိ ကျေးရွာများကို သိမ်းပိုက်ခြင်းဖြင့် မြို့များ၏ ပတ်ဝန်းကျင် ထိန်းချုပ်မှုကို တဖြည်းဖြည်း ချဲ့ထွင်သည့် ဗျူဟာ ဖြစ်သည်။ ဆူမီနှင့် ခါကော့ဗ် စစ်မျက်နှာများတွင် ယင်းဗျူဟာက ခံစစ်ကို ဖိအားပေးနိုင်ပြီး တပ်ဖွဲ့အချို့ကို ဝိုင်းရံပိတ်ဆို့နိုင်သည့် ခြိမ်းခြောက်မှုကို ဖန်တီးပေးသည်။ ကူပယန့်စ်ခ် စစ်မျက်နှာတွင် မြို့ပြဧရိယာများ၌ စစ်အင်အားတိုးမြှင့်ကာ အဓိက လမ်းပန်းဆက်သွယ်ရေး စက်ဝိုင်းများသို့ ချဉ်းကပ်နိုင်စေပြီး ဆလာဗယန့်စ်ခ် စစ်မျက်နှာတွင်မူ မြို့ပြနယ်မြေကို စနစ်တကျ ဝိုင်းရံပိတ်ဆို့ကာ ယူကရိန်းတပ်များ၏ စစ်ရေးလှုပ်ရှားနိုင်စွမ်းကို ဟန့်တားပေးသည်။ ဒရုန်းအများအပြား အသုံးပြုနေမှုနှင့် အကာအကွယ်မဲ့ ကွင်းပြင်နယ်မြေများကို ဖြတ်သန်းရသည့် ခက်ခဲမှုများကြောင့် ရုရှားတို့​၏ ချီတက်မှုနှုန်း နှေးကွေးနေသော်လည်း ရုရှားတို့​၏ တဖြည်းဖြည်း နယ်မြေချဲ့ထွင်စိုးမိုးလာသည့် စစ်ပွဲ​၏ အဓိက လားရာ/အခြေအနေအရွေ့ကို ယူကရိန်းတို့က တားဆီးနိုင်ခြင်းမရှိပေ။ ဆလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ် ဖီကို (Robert Fico) က အချို့သော အနောက်နိုင်ငံရေးသမားများသည် ယူကရိန်းကို ကူညီသည့် ဗျူဟာ ပျက်စီးသွားသည့်အတွက် နေတိုး (NATO) နှင့် ရုရှားအကြား ထိပ်တိုက်တွေ့ဆုံမှုဖြစ်အောင် တွန်းပို့လိုကြသည်ဟု ပြောကြားခဲ့သည်။ "ကျွန်တော်တို့ဟာ သေရေးရှင်ရေး အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ယူကရိန်းပဋိပက္ခကနေတစ်ဆင့် ရုရှားကို ဖျက်ဆီးမယ့် ဗျူဟာ ပျက်စီးသွားတာဟာ အနောက်နိုင်ငံက နိုင်ငံရေးသမားအချို့ကို ယူကရိန်းတပ်မတော်နဲ့ အပြည့်အဝထောက်ပံ့မှုနဲ့ မအောင်မြင်ဘူးဆိုရင် နေတိုးနဲ့ ရုရှားအကြား ပဋိပက္ခဖြစ်အောင် အရာရာ လုပ်ရမယ်ဆိုတဲ့ အသိမျိုး ဖြစ်စေပါတယ်။ ဒီထဲက တစ်ယောက်ယောက်တော့ ရူးသွပ်သွားတာ ဖြစ်ရမယ်" ဟု ဖီကို က သူ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာတွင် တင်ဆက်ခဲ့သော ဗီဒီယိုမိန့်ခွန်း၌ ပြောကြားခဲ့သည်။
20 Sen, 07:34

ရုရှားတပ်မတော်က ခါကော့ဗ်ဒေသ၊ ဗီလီကီးဘူလုခ် မြောက်ဘက်ရှိ ယူကရိန်းတပ်များအား ဝန်းရံပိတ်ဆို့လိုက်ပြီ ဆူမီ (Sumy) စစ်မျက်နှာ ဆူမီဒေသတွင်းရှိ စစ်မျက်နှာပြင်အားလုံးတွင် ရုရှား "မြောက်ပိုင်း" စစ်ကြောင်းများက ယူကရိန်း၏ ခံစစ်အပေါ် ဖိအားပေးမှုများကို တိုးမြှင့်လျက်ရှိသည်။ ယူကရိန်းဘက်ကလည်း ဆူမီဒေသ၌ ခိုင်မာသော ခံစစ်ပြင်ဆင်နိုင်ရန် အရန်တပ်အင်အားများကို ဆက်လက် ရှာဖွေဖြည့်တင်းနေရသည်။ ဆူမီခရိုင်အတွင်း ရုရှားတိုက်ခိုက်ရေးအဖွဲ့များသည် ကီယာနစ်ဆာ (Kiyanitsa) နှင့် ခိုတမ် (Khoten) ဒေသများသို့ ဆက်လက်ထိုးဖောက်ဝင်ရောက်နေပြီး မာလာယာ ရိုင်ဘစ်ဆာ (Malaya Rybitsa) အနီးတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ ယူကရိန်း၏ အမှတ် ၁၀၆ နယ်မြေကာကွယ်ရေးတပ်မဟာသည် အကျအဆုံး များပြားလျက်ရှိသည်။ ရုရှား "မြောက်ပိုင်း" စစ်ကြောင်း၏ ဒရုန်းအဖွဲ့များသည် ဗိုလ်ကော့ဗ်ကာ (Volkovka) အနီးရှိ ယူကရိန်းစခန်းများကို ပုံမှန်တိုက်ခိုက်နေသည့်အပြင်၊ ယူကရိန်းစစ်ဌာနချုပ်သည် ထိုတပ်မဟာမှ တပ်ဖွဲ့ဝင်များကို ဆူမီပတ်ဝန်းကျင် ခံစစ်ဟာကွက်များကို ပိတ်ဆို့ရန်အတွက် တပ်ဖြန့်အသုံးပြုနေရသည်။ ရှော့စတာ (Shostka) ခရိုင်တွင် စစ်ရေးအခြေအနေ သိသာစွာ ပြောင်းလဲမှုမရှိသေးပေ၊ ရုရှားလေကြောင်းတပ်ဖွဲ့များက ဖော်ထုတ်ရရှိထားသော ပစ်မှတ်များကို အဆက်မပြတ် တိုက်ခိုက်လျက်ရှိသည်။ ကရက်စနိုပိုလီယာ (Krasnopolye) ခရိုင်တွင် ရုရှားတပ်ဖွဲ့များသည် စတီပေါ့ခ် (Stepok) အနီးသို့ ဆက်တိုး၍ချီတက်လာခဲ့ပြီး လွန်ခဲ့သောတစ်ရက်အတွင်း မီတာ ၂၀၀ ခန့် ရှေ့သို့ တိုးတက်နိုင်ခဲ့သည်။ ခါကော့ဗ် (Kharkiv) စစ်မျက်နှာ ရုရှားတပ်ဖွဲ့များသည် ခါကော့ဗ်ဒေသ မြောက်အရှေ့ဘက်တွင် ဝိုင်းခံထားရသော ယူကရိန်းတပ်များကို ဆက်လက်ချေမှုန်းလျက်ရှိသည်။ ယူကရိန်းဘက်ကလည်း ပြင်းထန်စွာ ပြန်လည်ခုခံနေပြီး နည်းဗျူဟာမြောက် အရန်တပ်များကို စေလွှတ်လျက်ရှိသည်။ လစ်ပစီ (Liptsy) စစ်မျက်နှာတွင် ရုရှားတိုက်ခိုက်ရေးတပ်များသည် ဂိုပတော့ဗ်ကာ (Goptovka) တောင်ဘက်၌ တိုက်ပွဲများ ဖြစ်ပွားနေသည်။ ဗိုလ်ချန့်စ်ခ် (Volchansk) စစ်မျက်နှာတွင် ရုရှားတပ်ဖွဲ့များသည် ဘီလီကိုလိုဒက်ဇ် (Bely Kolodez) နှင့် အနီးဝန်းကျင် ရွာများကို ထိန်းချုပ်နိုင်သည့် နယ်မြေကို ဆက်လက်ချဲ့ထွင်နေသည်။ ဗီလီကီးဘူလုခ် (Veliky Burluk) စစ်မျက်နှာတွင် ရုရှားတိုက်ခိုက်ရေးအဖွဲ့များသည် ရုရှားနယ်စပ်အနီး လုံခြုံရေးဇုန်ကို ချဲ့ထွင်လျက်ရှိပြီး ကဏ္ဍ ၁၀ ခု၌ မီတာ ၈၀၀ အထိ တိုးတက်လာခဲ့သည်။ ရုရှားစစ်သည်များသည် ဗီလီကီးဘူလုခ် မြောက်ဘက်ရှိ ဝိုင်းရံပိတ်ဆို့နယ်မြေကို ဆက်လက်ပိတ်ဆို့နေသည်။ အောင်မြင်သော ထိုးစစ်များကြောင့် ဗိုလိုခို့ဗ်ကာ (Volokhovka) မှ ဗာစီလက်ဗ်ကာ (Vasilevka) အထိ နယ်မြေများကို ထိန်းချုပ်နိုင်ခဲ့သည်။ ညာဘက်စစ်တောင်ပံတွင် ရုရှားတပ်များက ချိုနိုရီ (Chornoye) အနီးကို တိုက်ခိုက်နေသဖြင့် ပိတ်ဆို့နယ်မြေ၏ ထွက်ပေါက်သည် ယခုအခါ ၅ ကီလိုမီတာထက်ပင် ကျဉ်းမြောင်းသွားပြီဖြစ်သည်။ အိုလ်ခိုဗတ်ကာ (Olkhovatka) မှ ခတ်တနီးရီ (Khatneye) အထိ ရုရှားတပ်ဖွဲ့များသည် ခံစစ်ပြင်ထားသော ယူကရိန်းတပ်စခန်းများကို ဗုံးကြဲတိုက်ခိုက်နေသည်။ ဒက်ဂ်တျာနိုရီ (Degtyarnoye) နှင့် အိုခရီးမို့ဗ်ကာ (Okhrimovka) ဒေသများတွင် ရုရှားတပ်များက မြောက်ဘက်မှ ဖိအားပေးနေသဖြင့် ကျန်ရှိနေသော ယူကရိန်းတပ်ကြွင်းတပ်ကျန်များသည် ပိတ်ဆို့နယ်မြေ ထွက်ပေါက်ဘက်သို့ ဆုတ်ခွာနေရပြီး လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှုများအောက်သို့ ကျရောက်နေရသည်။ ကူပယန့်စ်ခ် (Kupyansk) စစ်မျက်နှာ မြောက်ဘက်စစ်တောင်ပံတွင် ယူကရိန်းတပ်များသည် ဒဗူရက်ချနားယား–ဇာပဒ်နိုရီ (Dvurechnaya–Zapadnoye) လိုင်းတွင် လှုပ်ရှားလျက်ရှိသည်။ ဇာပဒ်နိုရီ အနီးတွင် ယူကရိန်းဘက်က အော့စခိုလ် (Oskol) မြစ်သို့ ရောက်ရှိရန်နှင့် မြစ်အနောက်ဘက်ရှိ ရုရှားခြေကုပ်စခန်းကို ဖျက်ဆီးရန် ထိုးစစ်စဆင်မှုများ ဆက်လက်လုပ်ဆောင်နေသည်။ ကူပယန့်စ်ခ်အနီးရှိ အော့စခိုလ်မြစ်သည် သိသိသာသာ ရေနည်းပါးသွားသဖြင့် အချို့နေရာများတွင် ခြေလျင်ဖြတ်ကူးနိုင်ပြီဖြစ်သည်။ ကွန်ဒရာရှို့ဗ်ကာ (Kondrashovka) အနီးတွင် ရုရှားတိုက်ခိုက်ရေးအဖွဲ့ငယ်များသည် တီရှ်ချန်ခို့ဗ်ကာ (Tishchenkovka) ဝန်းကျင်တွင် ဆက်လက်လှုပ်ရှားနေသည်။ ထိုကဏ္ဍရှိ အခြေအနေမှာ လှုပ်ရှားပြောင်းလဲမှုရှိနေပြီး အဓိကတိုက်ပွဲများမှာ မြောက်ဘက်စစ်တောင်ပံတွင် စုစည်းနေဆဲဖြစ်သည်။ ကူပယန့်စ်ခ် စစ်မျက်နှာတွင် လွန်ခဲ့သောနှစ်ပတ်အတွင်း ပြင်းထန်သော်လည်း ဒေသတွင်း ကန့်သတ်ချက်ရှိသော တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ စစ်မျက်နှာပြင်မျဉ်း အဓိကပြောင်းလဲမှု မရှိသေးသော်လည်း ရုရှားတပ်များသည် ကူပယန့်စ်ခ် တောင်ဘက်၊ အထူးသဖြင့် ကိုဗ်ရှာရို့ဗ်ကာ (Kovsharovka) နှင့် ကူပယန့်စ်ခ်-ဥဇလိုဗွီ (Kupyansk-Uzlovoy) ဒေသများတွင် စစ်အင်အားကို တဖြည်းဖြည်း ချဲ့ထွင်နေသည်။
20 Sen, 07:34

နီပေါသို့ သွားမည့် မြန်မာများ လူကြုံပစ္စည်း သယ်ယူခြင်းသတိပြုရန် အသိပေး NOM
နီပေါသို့ သွားမည့် မြန်မာများ လူကြုံပစ္စည်း သယ်ယူခြင်းသတိပြုရန် အသိပေး NOM
20 Sen, 04:12

တောင်ဥက္ကလာပတွင် သားအမိနှစ်ဦး ကားတိုက်ခံရ၊မိခင်ဖြစ်သူ သေဆုံး စက်တင်ဘာ ၂၀၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ သုမ
တောင်ဥက္ကလာပတွင် သားအမိနှစ်ဦး ကားတိုက်ခံရ၊မိခင်ဖြစ်သူ သေဆုံး စက်တင်ဘာ ၂၀၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာလမ်းမကြီး၊ နန္ဒဝန်ဈေးရှေ့တွင်ယာဉ်တိုက်မှု‌ ကြောင့်အမျိုးသမီးတစ်ဦးသေ ဆုံးခဲ့‌ ကြောင်းလူမှုကူညီ‌ေရးအသင်းမှသိရသည်။ ဖြစ်စဉ်မှာစက်တင်ဘာ ၁၉ ရက် ည ၁၀ နာရီဝန်းခန်တွင် တွန်းလှည်းဖြင့် ဈေးသိမ်းပြီး ပြန်လာသည့် သားအမိနှစ်ဦး ကားတိုက်ခံရပြီး မိခင်ဖြစ်သူ အသက် ၃၂ နှစ်ခန့်သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းသားအမိနှစ်ဦးဝင်တိုက်ခဲ့သောကါးသည်ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ သေဆုံးသူ၏ ရုပ်အလောင်းကို မေတ္တာသီတာရစင်အသင်းက မြောက်ဥက္ကလာပဆေးရုံ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
20 Sen, 04:10

ထားဝယ်မြို့၌ ၂၀၂၆ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင်ဖြေဆိုအောင်မြင်ကြသော သံဃာတော်များ၊ သီလရှင်မျာနှင့် လူပုဂ္ဂိုလ် တို့အား ဆုချီး
+9
ထားဝယ်မြို့၌ ၂၀၂၆ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင်ဖြေဆိုအောင်မြင်ကြသော သံဃာတော်များ၊ သီလရှင်မျာနှင့် လူပုဂ္ဂိုလ် တို့အား ဆုချီးမြှင့်သည့်ဆုနှင်းသဘင် အခမ်းအနားကျင်းပ စက်တင်ဘာ ၂၀၊ ၂၀၂၆ ၂ဝ၂၆ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ကြသော သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ် တို့အား ဆုချီးမြှင့်သည့်ဆုနှင်းသဘင် အခမ်းအနားကို ယနေ့နံနက် ၇ နာရီက ထားဝယ်မြို့၊ မဟာသိဒ္ဓိမာရ်အောင် ထန်းတော အရှေ့ပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး အမှူးပြုသောဖိတ်ကြားထားသည့် ဧည့်သည်တော်များက အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မင်္ဂလာဝိုင်းတော်အဖွဲ့က ထူးမခြားနားသီချင်းဖြင့် သီဆိုပူဇော်ကာ ထားဝယ်မြို့၊ မဟာသိဒ္ဓိမာရ်အောင်ထန်းတောအရှေ့ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက၊ မြို့နယ်သံဃနာယကအဖွဲ့ (သုဓမ္မာဂိုဏ်း)ဥက္ကဋ္ဌ၊ အဂ္ဂမဟာဂန္ထဝါစ ပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇောဒယထံမှ ငါးပါးသီလ ခံယူဆောက်ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးသက်နိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းနှင့်တာဝန်ရှိသူများက ထားဝယ်စာဖြေဌာနမှအောင်မြင်တော်မူသည့် ပထမကြီးတန်း ၄ ပါး၊ ပထမလတ် တန်း ၅ ပါး၊ ပထမငယ်တန်း ၂၄ ပါး၊ အခြေပြု မူလတန်း ၃၃ ပါး တို့အား အောင်လက်မှတ်၊ စာအောင်ဆုနှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် မဟာသိဒ္ဓိမာရ်အောင်ထန်းတောအရှေ့ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက၊ မြို့နယ်သံဃနာယကအဖွဲ့ (သုဓမ္မာဂိုဏ်း)ဥက္ကဋ္ဌ၊အဂ္ဂမဟာဂန္ထဝါစပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇောဒယထံမှလှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းလောင်း အမျှပေးဝေသည်။ ယင်းနောက် တက်ရောက်လာကြသောဧည့်သည်တော်များကဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ မင်္ဂလာဝိုင်းတော်အဖွဲ့က အောင်စေပိုင်စေ ဓမ္မတေးဖြင့် သီဆိုပူဇော်၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
20 Sen, 02:23

ပြင်သစ်တွင် စက်သုံးဆီ ပြတ်လပ်မှုများ စတင်ဖြစ်ပေါ် - စက်သုံးဆီဆိုင် ၁၁% ခန့် ပစ္စည်းပြတ်လပ်ပြီး ဈေးနှုန်းများ စံချိန်တင်မြင့်တ
ပြင်သစ်တွင် စက်သုံးဆီ ပြတ်လပ်မှုများ စတင်ဖြစ်ပေါ် - စက်သုံးဆီဆိုင် ၁၁% ခန့် ပစ္စည်းပြတ်လပ်ပြီး ဈေးနှုန်းများ စံချိန်တင်မြင့်တက်ခဲ့ရာ သမ္မတ မက်ခရွန်၏ ၂၀၁၈ ခုနှစ် အိမ်မက်ဆိုး ပြန်လာ ပြင်သစ်အစိုးရ၏ ကိန်းဂဏန်းအချက်အလက်များအရ နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီဆိုင်များ၏ ၁၁ ရာခိုင်နှုန်းတွင် ဓာတ်ဆီ သို့မဟုတ် ဒီဇယ်ဆီများ ပြတ်လပ်လျက်ရှိပြီး စက်သုံးဆီပြတ်လပ်မှုပြဿနာ မြင့်တက်လာနေကာ နိုင်ငံရေးအရလည်း အခြေအနေများ အတော်ပင် တင်းမာလာနေပါသည်။ စိုးရိမ်ထိတ်လန့်မှု နောက်ကွယ်မှ စက်သုံးဆီဈေးနှုန်းများ - ဒီဇယ်ဆီဈေးနှုန်းမှာ တစ်လီတာလျှင် ပျှမ်းမျှ ၂.၃၈ ယူရို (တစ်ဂါလန်လျှင် ၁၀.၃၃ ဒေါ်လာခန့်) အထိ ရှိနေပါသည်။ ဓာတ်ဆီဈေးနှုန်းများမှာလည်း သမိုင်းဝင်စံချိန်တင် ပမာဏအထိ မြင့်တက်ရန် နီးကပ်နေပါသည်။ ယခုကဲ့သို့ စက်သုံးဆီဈေး မြင့်တက်လာခြင်းမှာ အီရန်စစ်ပွဲနှင့် ဟော်မုဇ် ရေလက်ကြားပိတ်ဆို့မှုတို့ကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ ပြင်သစ်အစိုးရကမူ စက်သုံးဆီပြတ်လပ်ရခြင်းမှာ စက်သုံးဆီ လုံလောက်စွာ မရှိ၍ မဟုတ်ဘဲ ပို့ဆောင်ဖြန့်ဖြူးရေးဆိုင်ရာ အခက်အခဲများကြောင့်သာ ဖြစ်ကြောင်းနှင့် နိုင်ငံအတွင်း မဟာဗျူဟာမြောက် စက်သုံးဆီ အရန်အင်အား လုံလောက်စွာ ရှိသေးကြောင်း အခိုင်အမာ ပြောကြားထားပါသည်။ လွန်ခဲ့သော ၂၀၁၈ ခုနှစ်တုန်းကလည်း စက်သုံးဆီဈေးနှုန်း မြင့်တက်မှုနှင့် စက်သုံးဆီအခွန် တိုးမြှင့်မှုတို့ကြောင့် မက်ခရွန်၏ သမ္မတသက်တမ်းကိုပင် ပြုတ်ကျမတတ် လှုပ်ခါသွားစေခဲ့သည့် "အဝါရောင်အင်္ကျီ (Yellow Vest)" ဆန္ဒပြပွဲများ နိုင်ငံတစ်ဝန်း ပေါ်ပေါက်ခဲ့ဖူးပါသည်။ ယခု ဒီဇယ်တစ်လီတာလျှင် ၂.၃၈ ယူရိုဆိုသည့် ပမာဏမှာ ထိုစဉ်က ဆန္ဒပြပွဲများ ဖြစ်ပွားစေခဲ့သည့် ဈေးနှုန်းထက်ပင် ပိုမိုများပြားနေပြီဖြစ်သည်။ လက်ရှိအစိုးရ၏ "ပို့ဆောင်ဖြန့်ဖြူးရေး အခက်အခဲ" ဟု ရိုးရိုးရှင်းရှင်း ငြင်းဆိုနေမှုမှာလည်း ၂၀၁၈ ဆန္ဒပြပွဲမတိုင်မီက သဘောထားမသိကျိုးကျွန်ပြုခဲ့သည့် အခြေအနေများနှင့် ပုံစံတူဖြစ်နေပါသည်။ ပြင်သစ်ယာဉ်မောင်းများအနေဖြင့် ယခုကဲ့သို့သော ဈေးနှုန်းများနှင့် ကြုံတွေ့ခဲ့ရသည့် နောက်ဆုံးအကြိမ်တွင် နိုင်ငံတစ်ဝန်းလုံးကို ပိတ်ဆို့ဆန္ဒပြခဲ့ကြပြီး သမ္မတမှာ ရာထူးကိုပင် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ဖူးသည်။ ယခုတစ်ကြိမ်တွင်ရော မက်ခရွန်အနေဖြင့် ယခုအကျပ်အတည်းကို ကျော်လွှားနိုင်ပါ့မလား။
20 Sen, 02:19

ရန်ကုန်မြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ပုဂ္ဂလိကရုပ်သံကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်နေမှုမျာ
ရန်ကုန်မြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ပုဂ္ဂလိကရုပ်သံကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး စက်တင်ဘာ ၁၉၊ ၂၀၂၆ ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ပုဂ္ဂလိကရုပ်သံကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်းအတွင်း Myansat DTH ထုတ်လွှင့်ရေးနှင့် ဖြန့်ချိရေးရုံးရှိ Control Room ၌ ရုပ်သံထုတ်လွှင့်ရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ ရုပ်သံနှင့် အသံအချက်ပြမှုများ စီမံထိန်းချုပ်နေမှု၊ ထုတ်လွှင့်ရေးဆိုင်ရာစက်ပစ္စည်းများနှင့် နည်းပညာစနစ်များ တပ်ဆင်အသုံးပြုထားရှိမှု၊ ပြည်တွင်း/ ပြည်ပ ရုပ်သံလိုင်းပေါင်း ၁၅၀ ကျော်ဖြင့် စီစဉ်ထုတ်လွှင့်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။ ထို့အတူ Shwe FM ရုံး၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ရေဒီယိုအဆောင်ရှိ Studio(G/H) များတွင် ရေဒီယိုအစီအစဉ်များ၊ ထုတ်လွှင့်မှုတွင် အသုံးပြုလျက်ရှိသည့် အသံပိုင်းဆိုင်ရာစက်ပစ္စည်းများ၊ Studio များ၏ နည်းပညာပိုင်းဆိုင်ရာအခြေအနေနှင့် ရေဒီယိုအစီအစဉ်များ ထုတ်လွှင့်တင်ဆက်မှုတို့ကိုလည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်းအတွင်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ တိုက်ရိုက်ထုတ်လွှင့်ရေးမော်တော်ယာဉ်များ၊ ရေဒီယိုအဆောင်အခန်းအမှတ်(၁၄၄) တွင် Playout စနစ်အသုံးပြု၍ အစီအစဉ်များ စီမံခန့်ခွဲထုတ်လွှင့်ပေးနေမှုနှင့် ရုပ်သံ၊ အသံအချက်ပြမှုများ စောင့်ကြည့်ထိန်းချုပ်နေမှုတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။ အလားတူ 9 Meter Earth Station ၏ လုပ်ငန်းဆောင်ရွက်မှု၊ ဂြိုဟ်တုဆက်သွယ်ရေးစနစ်မှတစ်ဆင့် ရုပ်မြင်သံကြားနှင့် အသံလွှင့်အစီအစဉ်များ ထုတ်လွှင့်ပေးပို့မှုအခြေအနေကိုလည်းကောင်း၊ မီတာ ၂၀၀ တာဝါတိုင်စက်ခန်းတွင် ရုပ်မြင်သံကြားနှင့် အသံလွှင့်အစီအစဉ်များ ထုတ်လွှင့်ရာ၌ အသုံးပြုလျက်ရှိသည့် ထုတ်လွှင့်စက်များ၊ စက်ပစ္စည်းများနှင့် နည်းပညာဆိုင်ရာစနစ်များ တပ်ဆင်အသုံးပြုထားရှိမှုတို့ကိုလည်းကောင်း၊ မန္တလေး FM ရေဒီယိုထုတ်လွှင့်မှု အခြေအနေ၊ ရေဒီယိုထုတ်လွှင့်ရေးလုပ်ငန်းများ၊ အစီအစဉ်များ ထုတ်လွှင့်တင်ဆက်နေမှု၊ နည်းပညာပိုင်းဆိုင်ရာ စီမံဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ဗိုလ်တထောင် မြို့နယ်ရှိ Sky Net ရုံးချုပ်တွင် ရုပ်သံလိုင်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းများ၊ ရုပ်သံအစီအစဉ်များ ထုတ်လွှင့်မှု၊ နည်းပညာပိုင်းဆိုင်ရာ ဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း၊ တာမွေမြို့နယ် ရွှေထွဋ်တင်ဝင်း၌ ရုပ်သံအစီအစဉ်များ ထုတ်လွှင့်တင်ဆက်နေမှု၊ Studio များ အသုံးပြုဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသနေ ပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသိပညာပေးအစီအစဉ်များ ဦးစားပေးရိုက်ကူး ထုတ်လွှင့်ပေးရန်၊ ပြည်သူများ အသိပညာနှင့် ဗဟုသုတတိုးပွားစေမည့် အစီ အစဉ်များကို ခေတ်နှင့်အညီ ထုတ်လုပ်တင်ဆက်ရန်၊ ရုပ်မြင်သံကြား၊ အသံလွှင့်မီဒီယာများအပြင် ဒီဂျစ်တယ်မီဒီယာပလက် ဖောင်းများကိုပါ ထိရောက်စွာအသုံးချ၍ အကြောင်းအရာများ ပိုမိုကျယ်ပြန့်စွာရောက်ရှိစေရေး ဆောင်ရွက်ရန်မှာကြားသည်။ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက၊ ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပြီး နိုင်ငံတော်အနေဖြင့် အနုပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ ရုပ်ရှင်အနုပညာကဏ္ဍသည် နိုင်ငံတော်၏ ယဉ်ကျေးမှုဖွံ့ဖြိုး တိုးတက်ရေးတွင်ပါဝင်သည့် အရေးပါသောကဏ္ဍဖြစ်သဖြင့် ရုပ်ရှင်အနုပညာရှင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ အခန်းကဏ္ဍကို အလေးထားပြီး နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးရှိစေမည့် အနုပညာလက်ရာကောင်းများ ဖန်တီးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားကာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရှိ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
20 Sen, 01:18

စက်တင်ဘာလအတွင်း အီရန်၏ ရေနံရောင်းချရမှု ဒေါ်လာ ၃ ဘီလီယံကျော်လွန်ခဲ့ပြီး ၂ နှစ်အတွင်း အမြင့်ဆုံး လစဉ်စံချိန်တင်ခဲ့ အမေရိကန်က ၎
စက်တင်ဘာလအတွင်း အီရန်၏ ရေနံရောင်းချရမှု ဒေါ်လာ ၃ ဘီလီယံကျော်လွန်ခဲ့ပြီး ၂ နှစ်အတွင်း အမြင့်ဆုံး လစဉ်စံချိန်တင်ခဲ့ အမေရိကန်က ၎င်းတို့၏ ပိတ်ဆို့တားဆီးမှု အောင်မြင်နေသည်ဟု ပြောဆိုနေသော်လည်း အီရန်၏ စီမံကိန်းနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းကို ကိုးကား၍ Mehr သတင်းအေဂျင်စီ၏ အစီရင်ခံစာအရ အီရန်၏ ရေနံတင်ပို့မှုသည် ၂ နှစ်အတွင်း အကောင်းဆုံးလဖြစ်ခဲ့သည်။ စက်တင်ဘာ ၁၈ ရက်နေ့ ဘရန့် (Brent) ရေနံစိမ်းစျေးနှုန်း ဒေါ်လာ ၁၀၃.၈၇ ဖြင့် တွက်ချက်ပါက ဒေါ်လာ ၃ ဘီလီယံသည် ရေနံစိမ်းစည်ပေါင်း ၂၉.၁ သန်းခန့် ရှိပြီး တစ်ရက်လျှင် စည်ပေါင်း ၁.၅၃ သန်းခန့် တင်ပို့ခဲ့ခြင်း ဖြစ်သည်။ အမှန်တကယ် တင်ပို့သည့် ပမာဏမှာ အီရန်က လျှော့စျေး ပေးထားမှုအပေါ် မူတည်သဖြင့် လက်တွေ့ကိန်းဂဏန်းမှာ ဒီထက်မက ပိုမိုများပြားနိုင်သည်။ ထို့အပြင် သတင်းထုတ်ပြန်ထားသည့် ရောင်းအားများထဲတွင် ဇူလိုင် ၁၄ ရက်နေ့၌ အမေရိကန်က ပိတ်ဆို့တားဆီးမှု ပြန်လည်မစတင်မီ တင်ဆောင်ထားသည့် ကုန်စည်များလည်း ပါဝင်နိုင်သည်။ ဒါကို ကြည့်ခြင်းအားဖြင့် ပိတ်ဆို့တားဆီးမှုသည် အမေရိကန် ကြေညာထားသလောက် မတင်းကျပ်ဘဲ ရှိနေခြင်း သို့မဟုတ် အီရန်သည် မှောင်ခို/ အရိပ်အောက်မှ ရေနံရောင်းချနည်းကို တတ်မြောက်သွားခြင်း ဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် အမေရိကန်၏ ဖိအားပေးကမ်ပိန်းသည် ကတိပြုထားသလိုမျိုး အီရန်၏ ပြိုလဲမှုကို မဖြစ်ပေါ်စေနိုင်ပေ။
20 Sen, 01:16

တောင်ကြီး-ဟိုပုံး ကားလမ်းပေါ်ရှိ ရှမ်းပြည်နယ် သတ္တုတွင်းဦးစီးဌာနရုံး အနောက်ဘက် တောင်ပေါ်မှ အလျား ၄၁ ပေ၊ အနံ ၂၀ ပေရှိ ကျောက်တု
+9
တောင်ကြီး-ဟိုပုံး ကားလမ်းပေါ်ရှိ ရှမ်းပြည်နယ် သတ္တုတွင်းဦးစီးဌာနရုံး အနောက်ဘက် တောင်ပေါ်မှ အလျား ၄၁ ပေ၊ အနံ ၂၀ ပေရှိ ကျောက်တုံးကြီး မြေသားအိကျ၍ စက်တင်ဘာလ ၁၉ ရက် ညပိုင်းက လိမ့်ကျခဲ့တာကြောင့် လမ်းပိတ်ဆိုလျက်ရှိပြီး လက်ရှိတွင် လမ်းကို ယာယီပိတ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများ နှင့် မီးသတ်တပ်ဖွဲ့တို့က ဖယ်ရှားရှင်းလင်းလျက်ရှိ တိုက်ပွဲသတင်းစုံ
20 Sen, 01:13

နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိ စက်တင်ဘာ ၁၉၊ ၂၀၂၆ နိုင်ငံတော်၏ လူမှ
နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိ စက်တင်ဘာ ၁၉၊ ၂၀၂၆ နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်နိုင်ရေး၊ နိုင်ငံတော်အတွက် လိုအပ်သည့်နည်းပညာများ အထောက်အကူပြုနိုင်ရေးတို့အတွက် နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် Polytechnic University များ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယမန်နေ့က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တွေ့ဆုံဆွေးနွေးသည်။ တက္ကသိုလ်များအနေဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်နားလည်တတ်မြောက်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်နိုင်ရန် နိုင်ငံတကာအဆင့်မီ သင်ထောက်ကူပစ္စည်းများ အသုံးပြုနေမှု၊ သုတေသနလုပ်ငန်းများဆောင်ရွက်နေမှု၊ တက္ကသိုလ်၏ သင်ကြားသင်ယူမှုလုပ်ငန်းများ ပိုမိုထိရောက်စေရန်အတွက် ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ သင်ကြားသင်ယူမှုကောင်းမွန်သော ပတ်ဝန်းကျင်ဖြစ်စေရေးအတွက် ဆောင်ရွက်နေမှု၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Master Plan များရေးဆွဲ၍ တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။  
20 Sen, 01:11

အမေရိကန်၏ F-35 တိုက်လေယာဉ်ဆိုင်ရာ လျှို့ဝှက်နည်းပညာများ တရုတ်နိုင်ငံ၊ ဟောင်ကောင်သို့ မမျှော်လင့်ဘဲ လမ်းကြောင်းလွဲရောက်ရှိသွား
အမေရိကန်၏ F-35 တိုက်လေယာဉ်ဆိုင်ရာ လျှို့ဝှက်နည်းပညာများ တရုတ်နိုင်ငံ၊ ဟောင်ကောင်သို့ မမျှော်လင့်ဘဲ လမ်းကြောင်းလွဲရောက်ရှိသွားခဲ့ အမေရိကန်၏ အလွန်လျှို့ဝှက်ဆန်းကြယ်သော လက်နက်စနစ်မှ အဓိကအစိတ်အပိုင်းများကို တရုတ်နိုင်ငံက ရရှိသွားနိုင်သည့် စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာပြီးနောက် အမေရိကန်လွှတ်တော်က စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။ ပြင်ဆင်ထိန်းသိမ်းရန်အတွက် အမေရိကန်သို့ ပြန်လည်ပေးပို့သည့် F-35 အစိတ်အပိုင်းများပါဝင်သော ကုန်ပစ္စည်းသည် သြစတြေးလျမှ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းသယ်ဆောင်စဉ် လမ်းကြောင်းလွဲသွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ် သုံးဦးက ဆိုသည်။ ပင်တဂွန်စစ်ဌာနချုပ်ကလည်း အစိတ်အပိုင်းအချို့ ပျောက်ဆုံးသွားကြောင်း အတည်ပြုထားသည်။ ထိုပျောက်ဆုံးသွားသော ပစ္စည်းများထဲတွင် အမေရိကန်နှင့် ယင်း၏ မဟာမိတ်များသာ သုံးစွဲခွင့်ရှိသည့် Stealth (ရေဒီယိုလှိုင်းရှောင်) နည်းပညာများ ပါဝင်သော F-35 လေယာဉ်၏ မောင်းနှင်ခန်းအဖုံး (Canopy) တစ်ခုလည်း ပါဝင်ကြောင်း သတင်းရင်းမြစ် နှစ်ဦးက ပြောကြားခဲ့သည်။ အမေရိကန် အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ ရုံး (GAO) မှ ၂၀၂၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း F-35 အပိုပစ္စည်း အရေအတွက် ၁ သန်းကျော် ပျောက်ဆုံးခဲ့ဖူးကြောင်း သိရသည်။
19 Sen, 11:34

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့်လျ
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန် ကြေညာချက်
19 Sen, 11:28

ပြည်မြို့နယ်၊ သဲကြဲကြီးကျေးရွာနေ သစ်ချိုပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့ကသတ်ဖြတ် NOM စက်တင်ဘာ ၁၉၊ ၂၀၂၆
ပြည်မြို့နယ်၊ သဲကြဲကြီးကျေးရွာနေ သစ်ချိုပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့ကသတ်ဖြတ် NOM စက်တင်ဘာ ၁၉၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ သဲကြဲကြီးကျေးရွာနေ သစ်ချိုပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျော်ဆန်း (၅၈) နှစ်သည် စက်တင်ဘာ ၁၈ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ဦးကျော်ဆန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM
19 Sen, 09:12