uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 497 підписників, посідаючи 16 044 місце в категорії Новини і ЗМІ та 10 054 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 497 підписників.

За останніми даними від 23 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -266, а за останні 24 години на -1, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 10.24%. Протягом перших 24 годин після публікації контент зазвичай збирає 5.31% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 279 переглядів. Протягом першої доби публікація в середньому набирає 664 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 15.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 24 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 497
Підписники
-124 години
-597 днів
-26630 день
Архів дописів
သေဒဏ်ပေးမှုဆန့်ကျင်သည့်အဖွားအိုကိုအစ္စရေးရဲများကတိုက်ခိုက် NOM ပါလက်စတိုင်းအကျဉ်းသားများကိုကြိုးပေးကွပ်မျက်မည့်ဥပဒေကိုဆန့်ကျင်ဆန္ဒပြသောအစ္စရေးအဖွားအိုကိုရဲများကတိုက်ခိုက်ပြီးမြေကြီးပေါ်တွန်းချခံ့သည်။

အမေရိကန်နှင့်ဇီယွန်နယ်ချဲ့ အစ္စရေးတို့ကအီရန်ရှိဗလီကိုလေကြောင်းမှတိုက် NOM အီရန်အနောက်မြောက်ပိုင်းရှိ ဗလီတစ်ခုသည် အမေရိကန်-အစ္
အမေရိကန်နှင့်ဇီယွန်နယ်ချဲ့ အစ္စရေးတို့ကအီရန်ရှိဗလီကိုလေကြောင်းမှတိုက် NOM အီရန်အနောက်မြောက်ပိုင်းရှိ ဗလီတစ်ခုသည် အမေရိကန်-အစ္စရေးလေကြောင်းတိုက်ခိုက်မှုများကြောင့် ပျက်စီးခဲ့ရသည်။ ရှီးယိုက်ဘာသာရေးစင်တာ၏ အစိတ်အပိုင်းများ၊ အဆောက်အအုံနှင့် ပတ်ဝန်းကျင်အဆောက်အအုံများ၏ အစိတ်အပိုင်းများသည်တိုက်ခိုက်မှုအတွင်း ထိမှန်ခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များကို တိုက်ခိုက်မှုအပြီးတွင် အပျက်အစီးများကြားတွင် ရှာဖွေရန် စေလွှတ်ခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ မြင့်တက်နေစဉ်အတွင်းတောင်ကိုရီးယားအနေဖြင့် ရုရှားထံမှ ရေနံပြန်လည်ဝယ်ယူရန် ဆုံးဖြတ်ထားကြောင်း ကိုရီးယား-ရုရှား စီးပွားရေးကောင်စီဥက္ကဋ္ဌ Park Jung-ho က ပြောကြားခဲ့သည်။ ရေနံထောက်ပံ့မှု ရရှိရေးသည် ကိုရီးယားသမ္မတနိုင်ငံအတွက် အထူးစိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်းလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ NOM

အလားတူ ဘားအံ-ကော့ကရိတ်-မြဝတီ(အာရှလမ်း)လမ်းပိုင်းကို အသုံးပြုသွားလာသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီတွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြဝတီမြို့၊ မြသုခ (၂၇၅) တပ်ဦး ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဂန္တဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တပညာနန္ဒအမှူးပြုသော သံဃာတော် (၁၂) ပါးတို့သည် အာရှလမ်းထိပ် သင်္ဃန်းညီနောင်ကျေးရွာ၊ ဈေးကုန်းရပ်တွင် အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်၍ မော်တော်ယာဉ်များဖြင့် သင်္ဃန်းညီနောင်ကျေးရွာမှ ကော့ကရိတ်မြို့နယ် လှိုင်ဝကျေးရွာအထိ အာရှလမ်းမကြီးတစ်လျှောက် အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ကြောင်း သိရသည်။

ကုန်သွယ်မှုပမာဏအများဆုံးစီးဆင်းရာ ဘားအံ-ကော့ကရိတ်-မြဝတီ (အာရှလမ်းပိုင်း) အား ပြန်လည်ဖွင့်လှစ် ဧပြီ ၂၊ ၂၀၂၆ ကရင်ပြည်နယ်၏ အဓိကဆ
+8
ကုန်သွယ်မှုပမာဏအများဆုံးစီးဆင်းရာ ဘားအံ-ကော့ကရိတ်-မြဝတီ (အာရှလမ်းပိုင်း) အား ပြန်လည်ဖွင့်လှစ် ဧပြီ ၂၊ ၂၀၂၆ ကရင်ပြည်နယ်၏ အဓိကဆက်သွယ်ရေးလမ်းမကြီးဖြစ်သော နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီး၊ မဟာမဲခေါင်ဒေသ (ခွဲ) အရှေ့-အနောက်စီးပွားရေးစင်္ကြံ (Greater Mekong Sub-region East–West Economic Corridor) လမ်းပိုင်းတွင်ပါဝင်သည့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ဧပြီလ ၂ ရက်နေ့ နံနက် ၈ နာရီက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်နှင့် တာဝန်ရှိသူများက ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါလမ်းသည် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပမာဏအများဆုံးစီးဆင်းရာ တိုင်းရင်းသားပြည်သူများ၏ အဓိကအသက်သွေးကြောလမ်းမကြီးဖြစ်ပြီး ဘားအံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာမှ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁) ထိ ၁၆၅ ဒဿမ ၃၆၀ ကီလိုမီတာ ရှည်လျားကာ အဆိုပါလမ်းကြောင်းပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ပွဲဖော်ဆောင်မှု၊ လမ်းသားများ တူးထုတ်ဖျက်ဆီး၍ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု၊ ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားပြည်သူများအား အကြမ်းဖက်နှောက်ယှက်ဟန့်တားမှုတို့ကြောင့် အသုံးပြုသွားလာနိုင်ခြင်းမရှိခဲ့ဘဲ ယခုအခါ တပ်မတော်စစ်ကြောင်းများက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်နေကြသော အကြမ်းဖက်သောင်းကျန်းသူများကို ထိထိရောက်ရောက်ချေမှုန်းနိုင်ခဲ့ပြီး နယ်မြေစိုးမိုးမှုပြန်လည်ရရှိခဲ့သည့်အတွက် ပျက်စီးသွားသောလမ်း/ တံတားများအား ပြည်ထောင်စု၊ပြည်နယ်ရန်ပုံငွေများဖြင့် ပြန်လည်ပြုပြင်ပြီးစီး၍ ယနေ့ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် လမ်းပန်း ဆက်သွယ်ရေးကဏ္ဍသည် အဓိကအခြေခံလိုအပ်ချက်တစ်ခုဖြစ်သကဲ့သို့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးသည်လည်း အလွန်အရေးကြီးလှပါကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိလျှင် ယခုကဲ့သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် မဟုတ်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့်လည်း နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်မှသာ ဒေသခံတိုင်းရင်းသားပြည်သူများ၏ စီးပွားရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ၊ ဒေသတွင်းကုန်စည်စီးဆင်းမှုများ၊ ရောင်းဝယ်ဖောက်ကားမှုများ အဆင်ပြေချောမွေ့စွာ သွားလာလုပ်ဆောင်နိုင်မည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ယခုထက်မကမြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်က ဘားအံ-ကော့ကရိတ်-မြဝတီ (အာရှလမ်မကြီး) လမ်းပိုင်းအား ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်းနှင့် တာဝန်ရှိသူများက အဆိုပါလမ်းပိုင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသည့် ဘင်ခရာ၊ ပန်းပွားအဖွဲ့များနှင့် ယဉ်ကျေး မှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြကာ ဘားအံမြို့မှ မြဝတီမြို့သို့ သွားရောက်ကြမည့် ခရီးသည်တင်ယာဉ်များ၊ ကုန်ပစ္စည်းတင်ယာဉ်များနှင့် အိမ်စီးကားများ ဖြတ်သန်းသွားလာမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး အချိုရည်နှင့်မုန့်များဝေငှပေးခဲ့ကြသည်။ အလားတူ ဘားအံမြို့နှင့်မြဝတီမြို့တို့မှ ထွက်ခွာရောက်ရှိလာကြသော မော်တော်ယဉ်များကို ကော့ကရိတ်မြို့နယ် တံတားကျိုး စုပေါင်းစစ်ဆေးရေးစခန်းတွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန် အစရှိသော ဌာနဆိုင်ရာများက လိုအပ်သည့်စစ်ဆေးမှုများကို ဆောင်ရွက်၍ အများပြည်သူ စိတ်အေးချမ်းသာစွာသွားလာနိုင်ရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်လွယ်ကူစေရေး ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

အီရန်စစ်တပ် - "သင်တို့မသိနိုင်သော နေရာများတွင် ထုတ်လုပ်မှုများ လုပ်ဆောင်နေသည်" "ကျွန်ုပ်တို့၏ ကျယ်ပြန့်လှသော မဟာဗျူဟာမြောက် စ
အီရန်စစ်တပ် - "သင်တို့မသိနိုင်သော နေရာများတွင် ထုတ်လုပ်မှုများ လုပ်ဆောင်နေသည်" "ကျွန်ုပ်တို့၏ ကျယ်ပြန့်လှသော မဟာဗျူဟာမြောက် စွမ်းဆောင်ရည်များကို သင်တို့ ဘာမျှမသိရှိပါ" ဟု တက်စ်နင်းသတင်းဌာနက ဖော်ပြသော ထုတ်ပြန်ချက်တစ်ခုတွင် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ "ကျွန်ုပ်တို့၏ မဟာဗျူဟာမြောက် ဒုံးကျည်ထုတ်လုပ်ရေးစင်တာများ၊ အဝေးပစ် တိုက်ခိုက်ရေးနှင့် ပစ်မှတ်တိကျ ဒရုန်းများ၊ ခေတ်မီ လေကြောင်းရန်ကာကွယ်ရေးနှင့် အီလက်ထရောနစ် စစ်ဆင်ရေးစနစ်များအပြင် အထူးပစ္စည်းကိရိယာများကိုပါ သင်တို့ ဖျက်ဆီးနိုင်ခဲ့ပြီဟု မျှော်လင့်မထားကြပါနှင့်။" ဟု ၎င်းက ဆိုသည်။ "ကျွန်ုပ်တို့၏ မဟာဗျူဟာမြောက် စစ်ဘက်ဆိုင်ရာ ထုတ်လုပ်မှုများသည် သင်တို့ လုံးဝမသိနိုင်သည့်အပြင် မည်သည့်အခါမျှလည်း လက်လှမ်းမမီနိုင်သော နေရာများတွင် လုပ်ဆောင်နေခြင်းဖြစ်သည်။ " ဟု ၎င်းက အခိုင်အမာ ပြောကြားခဲ့ပြီး ယခုအချိန်အထိ ပစ်မှတ်ထားခံရသော စင်တာများသည် "အရေးမပါသော နေရာများ" သာဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။ ပြောရေးဆိုခွင့်ရှိသူက "ပိုမိုပြင်းထန်ပြီး ကျယ်ပြန့်ကာ ဖျက်ဆီးအားကောင်းသော လုပ်ဆောင်ချက်များ" ရှိလာမည်ဟုလည်း သတိပေးခဲ့ပြီး သင်တို့ "အပြီးသတ် အရှုံးပေးသည့်တိုင်အောင်" စစ်ပွဲကို ဆက်လက်ဆင်နွှဲသွားမည်ဟု ကတိပြုခဲ့သည်။ NOM

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့၌ KIA/ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်မှုကြောင့် လက်နက်ကြီးစများထိမှန်
+3
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့၌ KIA/ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်မှုကြောင့် လက်နက်ကြီးစများထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြသည့် ဖားကန့်မြို့မှ ပြည်သူများ။ (1) Slg. Hprup Tu Hkawng ဆွတ်ဂျက်ကုန်း (2) Maran Lawt Awng ဖခင် Damau Naw အသက် (၂၆) နှစ် (3) Sharoi Ja Awng ဖခင် Sharoi Mung Ra အသက် (၁၇) နှစ် (4) Shd. Bung Ring Awn အသက် (၉) နှစ် (5) Ne Thiha Maw အသက် (၁၇) နှစ် ဆွတ်ငိုင်ယန် Photo- Ah brang Marip

ရွေးချယ်တင်ပြထားသည့် ဒုသမ္မတ (၃) ဦးသည် သတ်မှတ်ထားသည့် နိုင်ငံတော်သမ္မတအရည်အချင်းများနှင့်ပြည့်စုံဟု ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု NOM၊ဧပြီ၂၊၂၀၂၆ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့(ဧပြီ၂ ရက်)တွင် ကျင်းပခဲ့ရာ လက်ရှိရွေးချယ်တင်ပြထားသည့် ဒုသမ္မတ (၃) ဦးသည် သတ်မှတ်ထားသည့် နိုင်ငံတော်သမ္မတအရည်အချင်းများနှင့်ပြည့်စုံသည့်ဟု ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့် မတ်လ၃၁ရက် ပြည်သူ့လွှတ်တော်၊ တင်သွင်းထားသည့် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နှင့် အမျိုးသားလွတ်တော်တင်သွင်းထားသည့် ဒုသမ္မတ ဒေါ်နန်းနီနီအေးနှင့်တပ်မတော်သားအစုအဖွဲ့မှတင်သွင်းထားသည့် ဒုသမ္မတ ဒုတိယဗိုလ်ချုပ် ကြီးညိုစော တို့ သုံးဦးကို နိုင်ငံတော်သမ္မတအရည်အချင်းများနှင့်ပြည့်စုံသည့်ဟု ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ခဲ့ကြောင်းသိရသည်။

ငါး၊ ပုစွန်သားပေါက်ပွားသည့် ရာသီချိန်တွင် ငါးနှင့် သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် ကမ်းဝေးငါးဖမ်းရေယာဉ်များ ငါးမဖမ်း
ငါး၊ ပုစွန်သားပေါက်ပွားသည့် ရာသီချိန်တွင် ငါးနှင့် သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် ကမ်းဝေးငါးဖမ်းရေယာဉ်များ ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရဧရိယာများသတ်မှတ် ဧပြီ ၁၊ ၂၀၂၆ ငါး၊ ပုစွန်သားပေါက်ပွားသည့်ရာသီချိန်၌ ငါးနှင့်သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်းရှိ ငါးဖမ်းကွက်များအတွင်း ကမ်းဝေးငါးဖမ်းရေယာဉ်များကို ဧပြီ ၁ ရက် မှ စတင်ကာ ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရဧရိယာများကို ငါးလုပ်ငန်းဦးစီးဌာနက ငါးမဖမ်းရကာလ သုံးလ သတ်မှတ်ဆောင်ရွက်ခဲ့ရာ ငါးဖမ်း ရေယာဉ်များ ဆိပ်ကမ်းများသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။ “ငါးမဖမ်းရ ရာသီ၊ ငါးမဖမ်းရ ကာလ၊ ငါးမဖမ်းရဧရိယာများ သတ်မှတ်ရတဲ့ အဓိကအကြောင်းရင်းက ငါးမျိုးပြုန်းတီးမှုကာကွယ်ဖို့၊ ငါးသယံဇာတတွေ တိုးပွားလာဖို့အတွက် ရည်ရွယ်ပြီးတော့ ငါးတွေ ပေါက်ပွားနိုင်တဲ့ ရာသီမှာ ထိန်းသိမ်းတဲ့အနေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တာက သုတေသနရလဒ်တွေအပေါ်မှာ အခြေခံ ပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်” ဟု မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းဦးက ပြောသည်။  မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသော ကမ်းဝေးငါးဖမ်း ရေယာဉ်များအားလုံးကို ငါးနှင့် သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရ ဧရိယာများအတွင်း ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ငါးဖမ်းဆီး ခြင်းမပြုလုပ်ရန် တားမြစ်ထားရှိပြီး မတ် ၃၁ ရက် နောက်ဆုံးထားရှိ၍ ဆိပ်ကမ်းများသို့ ပြန်လည်ဝင်ရောက်ကြရန် ငါးလုပ်ငန်းဦးစီးဌာနက ညွှန်ကြားထားခဲ့သည်။ ငါးမဖမ်းရ ရာသီ၊ ငါးမဖမ်းရ ကာလ စတင်သတ်မှတ်ချက်များကို ညွှန်ကြားချက် ထုတ်ပြန်ချက်များ ဆောင်ရွက်ခြင်းအပေါ် ငါးဖမ်းလှေ များအနေဖြင့် ဆိပ်ကမ်းများသို့ ပြန်လည်ဝင်ရောက်ရမည်ဖြစ်ပြီး အကယ်၍ ဆိပ်ကမ်းများသို့ ပြန်လည်ဝင်ရောက်လာခြင်းမရှိပါက စည်းကမ်းပျက်သည့်ငါးဖမ်းလှေများကို ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ငါးဖမ်းလှေများကို VMS ထိန်းချုပ်ရေးစင်တာမှ စောင့်ကြည့်လျက်ရှိရာ ယနေ့တွင် ပင်လယ်ပြင်၌ ငါးဖမ်းလှေများ ပြန်လည်ဝင်ရောက်လျက်ရှိကြကြောင်း သိရသည်။ ငါးမဖမ်းရ ကာလ၊ ငါးမဖမ်းရ ဧရိယာများ သတ်မှတ်ဆောင်ရွက်ခြင်း သည် ငါးများပေါက်ပွားနိုင်သည့် ရာသီတွင် ငါးနှင့်သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရန် သုတေသနရလဒ်များဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ တနင်္သာရီကမ်းရိုးတန်းပင်လယ်ရေပြင်၏ ငါးနှင့်ငါးနေထိုင်ကျက်စားသည့် ရေအောက်ဇီဝဗေဒအခြေအနေများနှင့် မြန်မာ့ငါးလုပ်ငန်းရေပြင်အတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့စွာတည်ရှိစေရန် သုတေသနပညာရှင်များဖြင့် သုတေသနလုပ်ငန်းကို ဖေဖော်ဝါရီတွင် မီတာ ၂၀ အောက် တနင်္သာရီကမ်းရိုးတန်းရေပြင်၌ ရက်ပေါင်း ၃၀ ကြာ ငါး သယံဇာတ သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီးဖြစ်သည်။ တနင်္သာရီကမ်းရိုးတန်းရေပြင်တွင် မြိတ်ခရိုင်အခြေပြု ကမ်းဝေး ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့် ငါးဖမ်းရေယာဉ် ၁၁၈၆ စင်းရှိကာ ရေလုပ်သားဖြင့် ရေလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသည်။ ငါးသယံဇာတများကို ယခင်က မိရိုးဖလာဖမ်းဆီးရောင်းချခြင်း၊ စားသောက်ခြင်းများသာရှိခဲ့ပြီး ယနေ့အချိန်အခါတွင် ခေတ်စနစ်များ ပြောင်းလဲလာ၍ နည်းပညာများတိုးတက်လာကာ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ငါးသယံဇာတများကို ခေတ်မီနည်းပညာများ ဖြင့် ဖမ်းဆီးကြကာ ပြည်တွင်းပြည်ပသို့တင်ပို့ရောင်းချခြင်း၊ ရေပေါ်ရေအောက် ငါးသယံဇာတများ မွေးမြူထုတ်လုပ်ခြင်း၊ အအေးခန်းစက်ရုံ များဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ဆောင်ရွက်လာကြကြောင်း သိရသည်။

အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံတွင် ငတ်မွတ်ခေါင်းပါးမှုဖြစ်ပွားစေရန် ရည်ရွယ်၍ အီရန်၏ မွေးမြူရေးကဏ္ဍကို တိုက်ခိုက် ဖျက
+8
အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံတွင် ငတ်မွတ်ခေါင်းပါးမှုဖြစ်ပွားစေရန် ရည်ရွယ်၍ အီရန်၏ မွေးမြူရေးကဏ္ဍကို တိုက်ခိုက် ဖျက်ဆီးနေ အမေရိကန်နှင့် အစ္စရေးအစိုးရတို့သည် အီရန်နိုင်ငံအနောက်မြောက်ပိုင်း တာဘရစ်ဇ် (Tabriz) မြို့အနီးရှိ မွေးမြူရေးခြံတစ်ခုကို တိုက်ခိုက်ခဲ့ရာ ကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးများအောက်တွင် ပိတ်မိနေသော တိရစ္ဆာန်များကို ကယ်ထုတ်ရန် ကြိုးပမ်းနေကြသည်။ အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်နိုင်ငံအတွင်းရှိ မွေးမြူရေးခြံအများအပြားကို တိုက်ခိုက်ခဲ့ကြသည်။ မွေးမြူရေးကဏ္ဍကို ဖျက်ဆီးခြင်းသည် အစားအစာ ပြတ်လပ်မှုနှင့် ငတ်မွတ်ခေါင်းပါးမှုများ ဖြစ်ပေါ်စေရန် ဖန်တီးခြင်းဖြစ်ပြီးအခြေခံစားနပ်ရိက္ခာ မလုံလောက်မှုကြောင့် အရပ်သားပြည်သူများ ထွက်ပြေးတိမ်းရှောင်ရစေရန် သို့မဟုတ် လက်နက်ချလာစေရန် ဖိအားပေးခြင်း ဖြစ်သည် — ဤသည်မှာ ငတ်မွတ်ခေါင်းပါးမှုကို လက်နက်သဖွယ် အသုံးပြုခြင်းပင် ဖြစ်သည်။ NOM

အမျိုးသမီးကို ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေသူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၁နှစ်ချမှတ် NOM၊ဧပြီ၂၊၂၀၂၆ အမျိုးသမီးကို ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေပြီး ရရှိသောငွေကြေးအကျိုးအမြတ်ကို ခေါင်းပုံဖြတ်သူအား အင်းစိန်ခရိုင်တရားရုံးမှလူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။ ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဒညင်းကုန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးကို တစ်ရပ် ကွက်တည်းနေ မသီတာမိုး(ခ)ချယ်ရီက ကျိုင်းတုံမြို့ရှိKTV ဆိုင်တွင် အလုပ်ရှိကြောင်း၊ တစ်လလျှင် ငွေကျပ်သိန်း ၃၀ ခန့်ရရှိမည်၊ လုပ်ကိုင်လိုပါက သွားရောက်မည့်နေ့တွင် လက်ကိုင်ဖုန်းဝယ်ပေးပြီး ကျိုင်းတုံမြို့သို့ရောက်သည်အထိ တာဝန်ယူ ပို့ဆောင်ပေးမည်ဟု စည်းရုံးပြောဆိုသဖြင့် သဘောတူခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ကျိုင်းတုံမြို့သို့ သွားရောက်ရမည်ဖြစ်၍ အောင်မင်္ဂလာအဝေးပြေးကားဝင်း သို့ လိုက်ပါပို့ဆောင်ကာ လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေငါးသောင်းကျပ်ပေးပြီး ကျိုင်းတုံမြို့သို့ရောက်လျှင် ဆက်သွယ်ရန် ဖုန်းနံပါတ်ပေးကာကားပေါ်တင်ပေးခဲ့ကြောင်းသိရသည်။ ကျိုင်းတုံမြို့သို့ရောက်ရှိ၍ သဲအိဖြူကိုင်ဆောင်သည့် ဖုန်းနံပါတ်သို့ဆက်သွယ်ခဲ့ရာ အငှားကားတစ်စီးလွှတ်ပေးထားရှိပြီး ၎င်းကားနှင့်လိုက်ခဲ့ရန်ပြောဆိုသဖြင့် လိုက်ပါခဲ့ကြောင်း၊ ၆ နာရီခန့်အကြာတွင် သဲအိဖြူနေထိုင်သည့် ပန်ဆန်းမြို့ရှိ တရုတ်စာတမ်းများရေးသားထားသည့် “ဖန်ကျွမ်းလိုင်” ဆိုသည့် ဆိုင်သို့ရောက်ရှိခဲ့ပြီး သဲအိဖြူကိုတွေ့ရှိခဲ့ကြောင်း၊ သဲအိဖြူက မှတ်ပုံတင်အား သိမ်းဆည်းပြီးနောက်နေ့တွင် အမျိုးသားဖောက်သည်များနှင့် ဆက်ဆံရမည်ဟုပြောဆိုသဖြင့် ပြည့်တန်ဆာအလုပ် မလုပ်နိုင်ကြောင်း၊ ပြန်လိုကြောင်းပြောဆိုခဲ့ရာ ပြန်လိုပါက မသီတာမိုး(ခ)ချယ်ရီကို ထုတ်ပေးထားသည့် ငွေကျပ်သိန်း ၃၀ ပြန်ပေးပါက ပြန်လို့ရကြောင်း၊ မပေးနိုင်ပါက ပြည့်တန်ဆာအလုပ်လုပ်ကိုင်ရမည်၊ ထွက်ပြေးပါကလိုက်၍  သတ်ခိုင်းမည်ဟု ခြိမ်းခြောက်ပြောဆိုကာ ပြည့်တန်ဆာအလုပ်အား အဓမ္မခိုင်းစေသဖြင့် လုပ်ကိုင်ခဲ့ရကြောင်း၊ သဲအိဖြူကရရှိသည့်ငွေကို တစ်ဝက်ပေးမည်ဟု ပြောခဲ့သော်လည်း မရရှိခဲ့ကြောင်း ယင်းမှ ဆက်လက်မလုပ်ကိုင်လိုတော့၍ ဧည့်သည်အမျိုးသားတစ်ဦးကို အကူအညီတောင်းခံခဲ့ရာ ကျိုင်းတုံမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့ သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်းသိရသည်။ ယင်ဖြစ်စဉ်များစိစစ်ပေါ်ပေါက်သဖြင့် အမှတ်(၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ အင်းစိန်မြို့ရဲစခန်း(ပ)၃၉/၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး မတ် ၃၀ ရက်နေ့တွင် အင်းစိန်ခရိုင်တရားရုံးမှ မသီတာမိုး(ခ)ချယ်ရီအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားတွင်ပြင်းအား၇.၄ရှိငလျင်လှုတ် NOM အင်ဒိုနီးရှားနိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းဆူလာဝေစီကျွန်းနှင့်မာလုကုကျွန်းကြားမိုလ
အင်ဒိုနီးရှားတွင်ပြင်းအား၇.၄ရှိငလျင်လှုတ် NOM အင်ဒိုနီးရှားနိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းဆူလာဝေစီကျွန်းနှင့်မာလုကုကျွန်းကြားမိုလူကါပင်လယ်ပြင်အောက်အနက်၃၅မီတာတွင်ပြင်းအားမဂ္ဂနီကျု၇.၄အဆင့်ရှိငလျင်ကြာသပတေးနေ့ယနေ့နက်ကလှုတ်ခတ်ရာလူတစ်ဦးသေဆုံးပြီးဆူနာမီသတိပေးချက်ထုတ်ပြန်ထားသည်။

ထိုင်း-မြန်မာ နယ်စပ်အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအား ယနေ့ ဧပြီလ ၂ ရက် နံနက်ပိုင်းက ပြန်လည်
+7
ထိုင်း-မြန်မာ နယ်စပ်အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအား ယနေ့ ဧပြီလ ၂ ရက် နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များကို တွေ့မြင်ရပုံ။ NOM

အီရန်ကို ကျောက်ခေတ်ရောက်အောင် လုပ်ပစ်မည်ဟု ထရန့် ကြိမ်းဝါး "လာမယ့် နှစ်ပတ်ကနေ သုံးပတ်အတွင်းမှာ သူတို့ကို ကျနော်တို့ အပြင်းထန်ဆုံး တိုက်ခိုက်သွားမှာပါ။ သူတို့နဲ့ ထိုက်တန်တဲ့ ကျောက်ခေတ်ဆီရောက်အောင် သူတို့ကို ပြန်ပို့ပစ်ပါ့မယ်။" — အီရန်နိုင်ငံအပေါ် ထရန့်၏ ပြောကြားချက်။ NOM

V V Chen
+1
V V Chen

ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် ဝါး
ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် ဝါးခုတ်ရန်သွားသည့် ကလေးတစ်ဦး ခြေချင်းဝတ်ပြတ်ထွက် ဒဏ်ရာရ NOM ဧပြီ ၂၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ မတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် ကလေးငယ်တစ်ဦး ရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၆ နာရီအချိန်၌ ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာနေ မနှင်းထက်ထက်လှိုင် (၁၂) နှစ်သည် ၎င်း၏မိသားစုများနှင့်အတူ ကျေးရွာ၏မြောက်ဘက် ၁ မိုင်ခန့်အကွာရှိ တောအတွင်းသို့ ဝါးခုတ်ရန် ထွက်ခွာလာစဉ် အဆိုပါတောအနီးအရောက် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ခြေချင်းဝတ်ပြတ်ထွက် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

ခွင့်ပြုစာရင်း (Whitelist) ဝင်ဖုန်းများအတွက် IMEI Code တစ်ခုခုသည် Unpaid ဖြစ်နေပါက အခွန်ပေးဆောင်ရန် မလိုအပ်ပါကြောင်း နှင့် Pa
ခွင့်ပြုစာရင်း (Whitelist) ဝင်ဖုန်းများအတွက် IMEI Code တစ်ခုခုသည် Unpaid ဖြစ်နေပါက အခွန်ပေးဆောင်ရန် မလိုအပ်ပါကြောင်း နှင့် Paid ဖြစ်စေရန် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ် အသိပေးကြေညာခြင်း။ ၁။ အများပြည်သူတို့ လက်ရှိအသုံးပြုနေသော မိုဘိုင်းလက်ကိုင်ဖုန်း (Handset) များကို အခွန်ပေးဆောင်ရန်မလိုဘဲ CEIR စနစ်ရှိ ခွင့်ပြုစာရင်း (Whitelist) တွင် ပါရှိနိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မိုဘိုင်းလက်ကိုင်ဖုန်း (Handset) ၏ SIM Slot အားလုံးတွင် SIM Card (MPT ၊ ATOM ၊ U9 ၊ Mytel) များ ထည့်သွင်း၍ ဖွင့်လှစ်အသုံးပြုထားရန် အသိပေးကြေညာထားရှိပြီးဖြစ်ပါ သည်။ ၂။ 1SIM + eSIM ထည့်သွင်းအသုံးပြုနိုင်သည့် မိုဘိုင်းလက်ကိုင်ဖုန်း (Handset) နှင့် SIM1, SIM2 + eSIM ထည့်သွင်းအသုံးပြုနိုင်သည့် မိုဘိုင်းလက်ကိုင်ဖုန်း(Handset)များရှိ SIM Slot များတွင် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မတိုင်မီ အနည်းဆုံး SIM Card တစ်ခု ထည့်သွင်းအသုံးပြုထားပြီးဖြစ်ပါက ၎င်း Handset များသည် ခွင့်ပြုစာရင်း (Whitelist) တွင် စာရင်းထည့်သွင်းပြီး ဖြစ်ပါသည်။ ၃။ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နောက်ပိုင်းတွင် အဆိုပါခွင့်ပြုစာရင်း (Whitelist) ဝင် Handset များ၏ ကျန် SIM Slot များ၌ Physical SIM Card (သို့မဟုတ်) eSIM ထပ်မံထည့်သွင်း အသုံးပြုပါက IMEI Code သည် Unpaid အဖြစ် ဖော်ပြနေမည်ဖြစ်ပြီး အခွန်ပေးဆောင်ရန် တောင်းဆိုသည့်အချက်အလက်များ ဖော်ပြမည်ဖြစ်သော်လည်း ၎င်း Handset များအတွက် အခွန်ပေးဆောင်ရန် လိုအပ်မည်မဟုတ်ပါ။ ၄။ ထိုသို့ ခွင့်ပြုစာရင်း (Whitelist) ဝင် ဖုန်းများတွင် IMEI Code တစ်ခုသည် Paid ဖြစ်နေသော်လည်းအခြား IMEI Code တစ်ခုသည် Unpaid ဖြစ်နေခြင်း (သို့မဟုတ်) eSIM ထည့်သွင်းအသုံးပြုချိန် IMEI Code သည် Unpaid ဖြစ်နေခြင်းတို့အတွက် CEIR စနစ်၏ အင်တာနက်စာမျက်နှာဖြစ်သော https://ceir.gov.mm တွင် Check Status ကိုနှိပ်၍ အဆင့်ဆင့်ဝင်ရောက်ပြီး အဆိုပါ Unpaid ဖြစ်နေသည့် IMEI Code နှင့် လိုအပ်သည့်အချက်အလက်များ ထည့်သွင်းပေးပို့ပါက CEIR စနစ်မှ ယင်း IMEI Code အား Paid အဖြစ် အလိုအလျောက်သတ်မှတ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ ၅။ အသေးစိတ်သိရှိလိုပါက CEIR Call Center ၁၅၇၇ နှင့် ၁၇၅၅ သို့လည်းကောင်း၊ တွေ့ဆုံမေးမြန်းလိုပါက CEIR စနစ်ပိုင်းဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုအဖွဲ့ (CEIR One Stop Service - OSS) (အကောက်ခွန် ဦးစီးဌာန၊ အမှတ် ၁၃၂၊ ကမ်းနားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့) နှင့် (အလယ်အလတ်အခွန်ထမ်း များဆိုင်ရာအခွန်ရုံး - ၅၊ လမ်း ၆၀၊ ၁၀၁ (A) လမ်းနှင့် ၁၀၂ လမ်းကြား၊ မြို့သစ် (၁) ရပ်ကွက်၊ ချမ်းမြသာစည် မြို့နယ်၊ မန္တလေးမြို့) တို့သို့လည်းကောင်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ် ပါသည်။ CEIR နှင့် EIR စနစ် စီမံကိန်းစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ NOM

ဓာတ်မြေဩဇာများ တင်သွင်းမှုအပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပြုမည် ၁။ နိုင်ငံတော်၏ စီးပွားရေးဖ
ဓာတ်မြေဩဇာများ တင်သွင်းမှုအပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပြုမည် ၁။ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ်များ လျော့ကျစေရန်အတွက် ဓာတ်မြေဩဇာများ တင်သွင်းမှုအပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) ကို ၁-၄-၂၀၂၆ ရက်နေ့မှ ၃၀-၄-၂၀၂၆ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ ၂။ ယင်းအခွန်ကင်းလွတ်ခွင့်သည် ၁-၄-၂၀၂၆ ရက်နေ့မှ ၃၀-၄-၂၀၂၆ ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် ဓာတ်မြေဩဇာများအပေါ် အကျိုးဝင်မည်ဖြစ်ပါသည်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန NOM

ဒီဇယ်တင်သွင်းမှုအပေါ် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပြုမည် ၁။ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီ
ဒီဇယ်တင်သွင်းမှုအပေါ် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပြုမည် ၁။ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်နေချိန်တွင် ပြည်တွင်းရှိ စက်သုံးဆီဈေးနှုန်းများလည်း တဖြည်းဖြည်း မြင့်တက်လျက်ရှိရာ စက်သုံးဆီ (ဒီဇယ်ဆီ) အသုံးပြု မောင်းနှင်ရသည့် မော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင် အသုံးပြုလျက်ရှိသည့် အခြေခံစားသောက်ကုန်၊ ကုန်စည်ဈေးနှုန်းများကို ထိန်းညှိပေးရန် ဆောင်ရွက်လျက်ရှိပါသည်။ ၂။ ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုတွင် အများဆုံးအဓိက အသုံးပြုလျက်ရှိသည့် ဒီဇယ်ဆီ HSD (500 ppm) ဈေးနှုန်း တည်ငြိမ်လျော့ကျစေရေး ဆောင်ရွက်ပေးခြင်းဖြင့် ကုန်ဈေးနှုန်း တည်ငြိမ်လျော့ကျစေနိုင်မည် ဖြစ်ပါသည်။ ၃။ သို့ဖြစ်ပါ၍ ကုန်ဈေးနှုန်းတည်ငြိမ်လျော့ကျစေရေးအတွက် ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအပေါ် ကောက်ခံသော အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) တို့ကို ၁-၄-၂၀၂၆ ရက်နေ့မှ ၃၀-၄-၂၀၂၆ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုသွားမည် ဖြစ်ပါသည်။ ၄။ အဆိုပါ အခွန်ကင်းလွတ်ခွင့်သည် ဖော်ပြပါကာလအတွင်း အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် ဒီဇယ်ဆီ HSD (500 ppm) များအတွက်သာ အကျိုးဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန NOM

ကူဝိတ်နှင့် ဆော်ဒီအာရေးဗီးယားရှိ အမေရိကန်စစ်တပ် အသုံးပြုနေသော စက်ပစ္စည်းသိုလှောင်ရုံများ၊ ပြုပြင်ထိန်းသိမ်းရေး အဆောက်အအုံများ
+4
ကူဝိတ်နှင့် ဆော်ဒီအာရေးဗီးယားရှိ အမေရိကန်စစ်တပ် အသုံးပြုနေသော စက်ပစ္စည်းသိုလှောင်ရုံများ၊ ပြုပြင်ထိန်းသိမ်းရေး အဆောက်အအုံများနှင့် တပ်ဖြန့်ထားသည့် နေရာများ ပျက်စီးသွားကြောင်း ဂြိုဟ်တုဓာတ်ပုံအသစ်များက ဖော်ပြနေသည်။ NOM