uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 497 obunachidan iborat bo'lib, Yangiliklar & Media toifasida 16 044-o'rinni va Myanma mintaqasida 10 054-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 497 obunachiga ega bo‘ldi.

23 Iyun, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -266 ga, so‘nggi 24 soatda esa -1 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 10.24% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.31% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 279 marta ko‘riladi; birinchi sutkada odatda 664 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 15 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 24 Iyun, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 497
Obunachilar
-124 soatlar
-597 kunlar
-26630 kunlar
Postlar arxiv
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးသ
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးသေဆုံး။ NOM

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ မြန်မာ့ရိုးရာအတာသင်္ကြန် နှစ်သစ်ကူးဆုမွန်ကောင်းတောင်း

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးသေဆ
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးသေဆုံး NOM

ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ NOM၊ဧပြီ၁၃၊၂၀၂၆ ၁၃၈၇ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ် ဖွင့်
+2
ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ NOM၊ဧပြီ၁၃၊၂၀၂၆ ၁၃၈၇ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့က ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦး‌ အောင်နိုင်သူ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်ဦးမျိုးမြင့်‌အောင်တို့ကဖွင့်လှစ်‌ပေးကြသည်။ အဆိုပါရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်တွင် ဧပြီလ ၁၃ ရက်မှ၁၆ရက်အထိ ယိမ်းအကအလှပြိုင်ပွဲများ၊ အနုပညာ ရှင်များ၏ခေတ် ပေါ် တေးဂီတဖျော်ဖြေပွဲများ၊ K Pop Music အဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုများ၊ မြန်မာ့ဇာတ်သဘင် အကအလှများ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။ သင်္ကြန်ကာလအတွင်း နေ့စဉ် ယိမ်းအကအလှပြိုင်ပွဲများ၊ ရုပ်ရှင်၊ ဘဘင် ၊ဂီတအစည်းအရုံး ၃ ခု၏အလှည့်ကျ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး ညပိုင်းတွင် မြန်မာ့ဇာတ်သဘင်အစီအစဉ်များဖြင့်ဖျော်ဖြေသွားမည်ဖြစ်‌ကြောင်းသိရသည်။

နွားထိုးကြီးမြို့နယ်၊ သာယာကုန်းကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ
နွားထိုးကြီးမြို့နယ်၊ သာယာကုန်းကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ ဧပြီ ၁၃၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဧပြီလ ၁၁ ရက်နေ့ ည ၆ နာရီအချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ နေ့လယ် ၁၂ နာရီအချိန်၌ နွားထိုးကြီးမြို့နယ်၊ သာယာကုန်းကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က အများ ပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးမောင်လှ (၂၉) နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

ယင်းမာပင်မြို့နယ်၊ ဗြမ္မာဒါတ်ကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့ ပစ်ချလိုက်သည့် Drop Bomb တစ်လုံးကျရ
ယင်းမာပင်မြို့နယ်၊ ဗြမ္မာဒါတ်ကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့ ပစ်ချလိုက်သည့် Drop Bomb တစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ ဧပြီ ၁၃၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဧပြီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲ စထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်၌ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်နေ ဦးချစ်ငွေ (၅၇) နှစ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဗြမ္မာဒါတ်ကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် ၎င်းအနီးသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ချလိုက်သည့် Drop Bomb တစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ NOM

ပန်တောင်းတပ်နယ်မှ ထွက်ပြေးသည့် စစ်သည်များကို စစ်ကော်မရှင်က ဖမ်းဆီး၍ မျက်နှာပေါ်တွင် တပ်ပြေးဟု တက်တူးများထိုးကာ ညှဉ်းပန်းနှိပ်
ပန်တောင်းတပ်နယ်မှ ထွက်ပြေးသည့် စစ်သည်များကို စစ်ကော်မရှင်က ဖမ်းဆီး၍ မျက်နှာပေါ်တွင် တပ်ပြေးဟု တက်တူးများထိုးကာ ညှဉ်းပန်းနှိပ်စက်ပြီး အသက်အန္တရာယ်ခြိမ်းခြောက်ဟု မဟုတ်မမှန် သတင်းများရေးသားဖြန့်ဝေလျက်ရှိ ဧပြီ ၁၃၊ ၂၀၂၆ NOM

ဒေါ်နယ်ထရမ့်က သူ့ရဲ့ ထရု(ပ်) ဆိုရှယ်မီဒီယာမှာ ပုပ်ရဟန်းမင်းကြီးနဲ့ ပတ်သက်ပြီး အခုလို ပို့စ်ရေးတင်ခဲ့ပါတယ်။ "ပုပ်ရဟန်းမင်းကြီး
ဒေါ်နယ်ထရမ့်က သူ့ရဲ့ ထရု(ပ်) ဆိုရှယ်မီဒီယာမှာ ပုပ်ရဟန်းမင်းကြီးနဲ့ ပတ်သက်ပြီး အခုလို ပို့စ်ရေးတင်ခဲ့ပါတယ်။ "ပုပ်ရဟန်းမင်းကြီး လီယို (Pope Leo) ဟာ ရာဇဝတ်မှုနှိမ်နင်းရေးမှာ ပျော့ညံ့ပြီး နိုင်ငံခြားရေးမူဝါဒမှာလည်း အလွန်ညံ့ဖျင်းပါတယ်။ သူက ထရမ့်အစိုးရအပေါ် 'ကြောက်ရွံ့မှု' အကြောင်းတွေ ပြောနေပေမဲ့ ကိုဗစ်ကာလတုန်းက ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ အဖွဲ့အစည်းတွေ ကြုံခဲ့ရတဲ့ ကြောက်ရွံ့မှုတွေအကြောင်းတော့ သူ ထည့်မပြောပါဘူး။ အဲဒီတုန်းက အပြင်မှာ တစ်ဦးနဲ့တစ်ဦး ၁၀ ပေ၊ ပေ ၂၀ စီ ဝေးဝေးနေပြီး ဘုရားကျောင်းဝတ်ပြုပွဲ လုပ်တာကိုတောင် ဘုန်းတော်ကြီးတွေနဲ့ လူတိုင်းကို လိုက်ဖမ်းခဲ့ကြတာပါ။ ကျွန်တော်ကတော့ သူ့ညီ လူးဝစ် (Louis) ကို ပိုသဘောကျပါတယ်။ ဘာလို့လဲဆိုတော့ လူးဝစ်က MAGA (ထရမ့်၏ ဆောင်ပုဒ်) ကို အပြည့်အဝ ထောက်ခံသူ ဖြစ်လို့ပါ။ သူက အခြေအနေကို နားလည်တယ်၊ လီယိုကတော့ နားမလည်ဘူး။ အီရန်က နျူကလီးယားလက်နက် ပိုင်ဆိုင်တာကို လက်ခံပေးတဲ့ ပုပ်ရဟန်းမင်းကြီးမျိုးကို ကျွန်တော် အလိုမရှိပါဘူး။ အမေရိကန်ထဲကို မူးယစ်ဆေးဝါးတွေ အမြောက်အမြား ပို့နေတဲ့အပြင် သူတို့ထောင်ထဲက လူသတ်သမားတွေနဲ့ မူးယစ်ဆေးကုန်သည်တွေကို ကျွန်တော်တို့နိုင်ငံထဲ လွှတ်ပေးနေတဲ့ ဗင်နီဇွဲလားကို အမေရိကန်က တိုက်ခိုက်တာကို 'ဆိုးရွားတယ်' လို့ ထင်တဲ့ ပုပ်ရဟန်းမင်းကြီးမျိုးကိုလည်း ကျွန်တော် အလိုမရှိပါဘူး။ ပြီးတော့ အမေရိကန်သမ္မတကို ဝေဖန်တဲ့ ပုပ်ရဟန်းမင်းကြီးမျိုးကိုလည်း ကျွန်တော် အလိုမရှိဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ မဲအပြတ်အသတ်နဲ့ ရွေးကောက်ခံရတဲ့အတိုင်း ရာဇဝတ်မှုနှုန်းကို အနိမ့်ဆုံးဖြစ်အောင် လျှော့ချနေပြီး သမိုင်းမှာ အကောင်းဆုံး စတော့ရှယ်ယာဈေးကွက်ကို ဖော်ဆောင်ပေးနေလို့ပါ။ တကယ်တော့ လီယိုဟာ ကျေးဇူးတင်သင့်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း သူ ပုပ်ရဟန်းမင်းကြီး ဖြစ်လာတာက အားလုံးကို အံ့အားသင့်စေခဲ့တာပါ။ သူဟာ ပုပ်ရဟန်းမင်းကြီးဖြစ်ဖို့ စာရင်းထဲမှာတောင် မပါခဲ့ပါဘူး။ သူက အမေရိကန်လူမျိုးဖြစ်နေလို့ ဒေါ်နယ်ထရမ့်နဲ့ ဆက်ဆံရေး အဆင်ပြေအောင် ဘုရားကျောင်းက သူ့ကို အဲဒီနေရာမှာ ထားခဲ့တာပါ။ ကျွန်တော်သာ အိမ်ဖြူတော်မှာ မရှိရင် လီယိုလည်း ဗာတီကန်မှာ ရှိနေမှာ မဟုတ်ပါဘူး။ ကံမကောင်းတာက လီယိုဟာ ရာဇဝတ်မှုနဲ့ နျူကလီးယားကိစ္စတွေမှာ ပျော့ညံ့လွန်းနေပြီး ဒေးဗစ် အက်ဆယ်ရော့ဒ် (David Axelrod) လိုမျိုး လက်ဝဲယိမ်း အိုဘားမား ထောက်ခံသူတွေနဲ့ တွေ့ဆုံနေတာကို ကျွန်တော် လက်မခံနိုင်ပါဘူး။ လီယိုအနေနဲ့ ပုပ်ရဟန်းမင်းကြီးတစ်ယောက်လို ပြုမူနေထိုင်သင့်ပြီး သာမန်အသိတရားကို သုံးကာ လက်ဝဲအစွန်းရောက်တွေရဲ့ အလိုကို လိုက်နေတာကို ရပ်တန့်သင့်ပါတယ်။ နိုင်ငံရေးသမား မလုပ်ဘဲ ပုပ်ရဟန်းမင်းကြီးကောင်းတစ်ယောက် ဖြစ်ဖို့သာ အာရုံစိုက်သင့်ပါတယ်။ အခုလို လုပ်ရပ်တွေက သူ့ကိုတင်မကဘဲ ကက်သလစ်ဘုရားကျောင်းတော်ကြီးကိုပါ အကြီးအကျယ် ထိခိုက်စေပါတယ်။" NOM

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံအပေါ် ပင်လယ်ရေကြောင်းပိတ်ဆို့မှုတွင် ဗြိတိန်က ပါဝင်မည် မဟုတ်ကြောင်း ယနေ့အစောပိုင်းတွင် ကြေညာခဲ့ပြီးနောက် ယခုအခါ သြစတြေးလျနိုင်ငံကလည်း ၎င်းတို့အနေဖြင့် ထိုပိတ်ဆို့မှုတွင် ပါဝင်မည်မဟုတ်ကြောင်း ထပ်မံကြေညာလိုက်သည်။ NOM

ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် အီရန်၏ တိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီးသွားသော အမေရိကန် ဘိုအင်း KC-135R ဝေဟင်ဆီဖြည့်လေယာဉ်သည် ပြုပြင်ရန်အတွက် ယူကေသို့ ရောက်ရှိလာသည်။ လေယာဉ်၏ ကိုယ်ထည်အစိတ်အပိုင်း တော်တော်များများတွင် လက်နက်ပေါက်ကွဲစများ ထိမှန်ထားသည်များကို မြင်တွေ့ရသည်။ NOM

လားရှိုး - သီပေါလမ်း၊ ခေးနင်း တိုးဂိတ်အနီး အံစာတုံးယာဉ်တိမ်းမှောက်‌ေလးဦး သေဆုံး NOMဧပြီ ၁၂၊ ၂၀၂၆ လားရှိုး - သီပေါလမ်း၊ ခေးနင်
လားရှိုး - သီပေါလမ်း၊ ခေးနင်း တိုးဂိတ်အနီး အံစာတုံးယာဉ်တိမ်းမှောက်‌ေလးဦး သေဆုံး NOMဧပြီ ၁၂၊ ၂၀၂၆ လားရှိုး - သီပေါလမ်း၊ ခေးနင်း တိုးဂိတ်အနီးတွင် အံစာတုံးယာဉ် တိမ်းမှောက်၍ လေး ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာ ရကြောင်း သိရသည်။ ဖြစ်စဉ်မှာရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး-သီပေါလမ်း ၊ ခေးနင်းတိုးဂိတ်အနီးတွင် ဧပြီ၁၁ ရက်မွန်းလွဲ၂ နာရီခန့်ကအရှိန်မထိန်းနိုင်ဘဲ ခရီးသည်တင်အံစာတုံးယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အမျိုးသား နှစ်ဦး ၊ အမျိုးသမီး နှစ် ဦးလေးဦးသေဆုံး ခဲ့ပြီးရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

စပိန်နိုင်ငံတွင် နေတန်ယာဟု၏ရုပ်တုကို မီးရှို့ NOM အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက စပိန်နိုင်ငံတွင် ဘင်ဂျမင်နေတန်ယာဟု၏ရုပ်တုက
စပိန်နိုင်ငံတွင် နေတန်ယာဟု၏ရုပ်တုကို မီးရှို့ NOM အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက စပိန်နိုင်ငံတွင် ဘင်ဂျမင်နေတန်ယာဟု၏ရုပ်တုကို မီးရှို့ခြင်းကို “ပြောင်တင်းတင်း ဂျူးဆန့်ကျင်ရေး အမုန်းတရား” လုပ်ရပ်အဖြစ် ရှုတ်ချခဲ့သည်။ မီးရှူးမီးပန်းများ အပါအဝင် ဖျော်ဖြေပွဲကို အယ်လ်ဘာဂိုမြို့တွင် ကျင်းပခဲ့စဉ်အစ္စရေးဝန်ကြီးချုပ်ရုပ်ထုကိုမီးရှို့ခြင်းဖြစ်သည်။ အီရန်အပေါ် အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စပိန်အာဏာပိုင်များ၏ ဝေဖန်မှုများကြားတွင် ယင်းပွဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။

◾️ NCA ဟာ မြန်မာ့ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး မော်ဒယ်တစ်ခုဆိုတာ ငြင်းစရာ မရှိဘူး။ သူ့မှာ ယာယီအပစ်ရပ်ပြီးတဲ့နောက် စောင့်ကြည့်ထိန်းသိမ်းရေးဆိုတဲ့ ယန္တရား တွေပါတယ်။ ဆိုလိုတာက…အပစ်ရပ်ချိန်မှာ ညှိနှိုင်းတိုင်ပင်လို့ရတဲ့ အသင်းအဖွဲ့ တွေရှိတယ်။ တစ်ဖက်မှာ နိုင်ငံရေးအရ စကားပြောဆိုခွင့်ရှိတယ်။ ဒဲ့ပြောရရင် ၂၀၀၈ ခြေဥကို လူထု/ခြေဥ ပြဌာန်းချက်ထဲ ပုဒ်မတွေတိုင်းမဟုတ်ဘဲ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ EAO ဆိုတဲ့ အဖွဲ့ အစည်း (၄) ခုနဲ့တင် ပြင်ခွင့်ရနိုင်တဲ့ ထွက်ပေါက်လည်း ဖြစ် တယ်။ --------- ◾️ ခက်တာက…ဘယ် EAO မှ သိက္ခာ မရှိနေတာပဲ။ KNU ဆိုလည်း မြဝတီမှာ ကျားဖျန့်တွေ ခေါ်သွင်းလာတာ…တကကမ္ဘာလုံး သိတဲ့ကိစ္စပဲ။ တခြား ငြိမ်းချမ်းရေး ယူထားပါတယ်ဆိုတဲ့ လက်နက်ကိုင်တွေလည်း ဒီဖြစ်စဉ်တွေမှာ အတူတူပဲ။ လက်ရှိ ကျောက်မဲနား၊ တန့်ယန်းနားတွေမှာတောင် ကျားဖျန့်တွေကို ပေါ်ပေါ်တင်တင် လုံခြုံရေးယူပြီး အခကြေးငွေရယူနေတာ ဒီ EAO တွေပဲ မဟုတ်ဘူးလား။ ဘယ်မှာ လူမျိုးစုခေါင်းစားဖို့၊ ဘယ်မှာ ဖက်ဒရယ်ဆိုတဲ့ ရည်မှန်းချက်တွေ ရှိနေခဲ့ကြလို့လဲ။ အဆိုးဆုံးကတော့ ၁၀၂၇ ပေါ်လာပြီး အပြိုင်အဆိုင် ရွှေတူးကြတဲ့ လုပ်ကွက်တွေ ပေါ်ပေါက် လာပြီးကတည်းက EAO တင်မကတော့ဘူး အညာက ပဒက်တွေပါ ရွှေပဲ ပတ်တူးနေကြတော့တယ်။ ဆိုတော့… လက်နက်ကိုင်ကြတာက ဖက်ဒရယ်ခေါင်းစဉ် အမည်ခံ၊ ဆိတ်ခေါင်းချိတ်ပြီး ခွေးသား ရောင်းနေကြတဲ့ ကိစ္စတွေဆိုတာ ရှင်းရှင်း လင်းလင်း မြင်နိုင်တာပဲ။ --------- ◾️ အစိုးရဘက်ကကြည့်ရင်တော့…နိုင်ငံရေးအရ လုပ်သင့်လုပ်ထိုက်တာ လုပ်မှာပဲ။ ဖြစ်စေချင်တာက…အစိုးရသွားတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ တပ်က လည်း လုပ်သင့် လုပ်ထိုက်တာလုပ်စေ ချင်မိတာတစ်ခုပဲ။ အရင် မုန်းမြို့ အရှေ့ဘက်မှာ ကာထားတဲ့ ရှေ့တန်းစခန်းတွေ ရှိခဲ့တယ်။ NCA ထိုးပြီးတဲ့နောက် ဒီစခန်းတွေ ရုတ်လိုက်ရတယ်။ ဒီစခန်းတွေ မရှိတော့…စစ်တောင်းမြစ်ကို ရန်သူက ကျော်ပြီး မန္တလေးလမ်းဟောင်းကို လုပ်ချင်သလို လုပ်နေကြတာ မြင်နိုင်တာပဲ။ ၂၀၂၁ကနေ လက်ရှိအချိန်အတွင်းမှာတောင် တောကျွဲအင်းနား မိုင်းထောင်ဖျက်စီးတာ ဘယ်နှစ်ကြိမ်မှန်းမသိတော့ဘူး။ ----------- ◾️ ကိုယ်တွေအတွက်က တစ်နိုင်ငံလုံးကို ဖြန့်ပြီး တာဝန်ယူနေရချိန်မှာ ရန်သူ့အတွက်က စခန်းတစ်ခုရလည်း ဂုဏ်ဆာလို့ရတာပဲ။ ငြိမ်းချမ်းရေးသာ လိုချင်နေရင်…. စစ်တိုက် ဖို့ဆိုတာ ဘယ် EAO မှ အသံထွက်မယ် မထင်ဘူး။ ခုလည်း ရခိုင်မှာ ထွန်းမြတ်နိုင်က သူ့ရဲ့ စစ်ရေးရည်မှန်းချက် ပြောပြီးသွားပြီ။ အဆိုးမြင်သူ မဟုတ်ပေမယ့်…သူပြောသလိုဖြစ် လာရင်…အပစ်ရပ်ဆိုတဲ့ ခေါင်းစဉ်နဲ့ အိမ်နီးချင်းက ဒိုင်ဆိုပြီး ဝင်လာတာကို ခံရဦးမယ်။ ရခိုင်မှာပဲဖြစ်ဖြစ်၊ ဘယ်မှာပဲဖြစ်ဖြစ်ပါ…ကိုယ့်ဘက်က စစ်နိုင်မှ…ဘယ်ငြိမ်းချမ်း ရေးဖြစ်ဖြစ်…အပေါ်စီးက ပြောခွင့်ရှိမယ်။ လူထုကလည်း တပ်မတော်အပေါ် ယုံကြည် ကိုယ်းစားမှုရှိမယ်။ အဓိက တပ်မတော်ရဲ့ ဩဇာ၊ အာဏာကို အမြင့်ဆုံးအထိ တည်ဆောက် ထားစေချင်တာပါ။ ဥပမာ-ကိုယ့်စခန်း တစ်ခုကျရင်…ရန်သူ့ဘက်မှာ နေစရာမရှိအောင် ပြန်တုန့် ပြန်တာမျိုးဖြစ်ဖြစ်ပေါ့။ (နရီမိုး)

🚨 အီရန်အပေါ် ပင်လယ်ရေကြောင်းမှ ပိတ်ဆို့မှု ပြုလုပ်မည်ဖြစ်ကြောင်း သမ္မတ ထရန့် ကြေညာ သမ္မတ ထရန့်က အီရန်နိုင်ငံအပေါ် 'ချက်ချင်း
🚨 အီရန်အပေါ် ပင်လယ်ရေကြောင်းမှ ပိတ်ဆို့မှု ပြုလုပ်မည်ဖြစ်ကြောင်း သမ္မတ ထရန့် ကြေညာ သမ္မတ ထရန့်က အီရန်နိုင်ငံအပေါ် 'ချက်ချင်း' အကျိုးသက်ရောက်စေမည့် ပင်လယ်ရေကြောင်းမှ ပိတ်ဆို့မှုတစ်ရပ်ကို ကြေညာလိုက်သည်။ ထို့အပြင် နိုင်ငံတကာရေပြင်တွင် သွားလာနေသော အရပ်ဘက်သင်္ဘောများအနက် အီရန်နိုင်ငံသို့ ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခ ပေးဆောင်ထားသည့် မည်သည့်သင်္ဘောကိုမဆို သိမ်းဆည်းရန် အမေရိကန်ရေတပ်ကို ညွှန်ကြားထားသည်။ NOM

ပျဉ်းမနားမြို့နယ်ကင်ပွန်းတန်းကျေးရွာဂျင်ဝိုင်းတိုင်ကြားသော််လည်းဖမ်းဆီးသူမရှိ NOM၊ဧပြီ၁၂၊၂၀၂၆ ပျဉ်းမနားမြို့နယ်၊ကင်ပွန်းတန်းကျေးရွာတောင်ဖက်၊အာဟာရသုခစျေးရှေ့တွင်အဆောက်အဦးအခိုင်အမာဆောက်ပြီးညနေ၅နာရီမှနံနက်၆နာရီအထိဂျင်ဝိုင်းအကြီးအကျယ်လုပ်နေကြောင်း၊မြို့နယ်ရဲတပ်ဖွဲ့မှူးကိုတိုင်ကြားသော်လည်းဖမ်းဆီးခြင်းမရှိကြောင်း၊အဆိုပါဂျင်ဝိုင်းကြောင့်ကင်ပွန်းတန်းကျေးရွာတွင်ဆိုင်ကယ်များပစ္စည်းများပျောက်ဆုံးနေသော်လည်းရဲတပ်ဖွဲ့မှအရေးယူဆောင်ရွက်ခြင်းမရှိကြောင်း၊ထို့ ကြောင့်ရွာသူရွာသားများကပြည်ထဲရေးဝန်ကြီးနှင့်ရဲချုပ်ထံတိုင်တန်းထားကြောင်းသိရသည်။

ယင်းမာပင်မြို့နယ်လည်ငေါက်ရွာတိုက်ပွဲတွင် AA နှင့် PDF ၁၅လောင်း၊လက်နက်မျိုးစုံ၁၇လက်ရ NOM၊ဧပြီ၁၂၊၂၀၂၆ ယင်းမာပင်မြို့နယ်၊လည်ငေါက
+1
ယင်းမာပင်မြို့နယ်လည်ငေါက်ရွာတိုက်ပွဲတွင် AA နှင့် PDF ၁၅လောင်း၊လက်နက်မျိုးစုံ၁၇လက်ရ NOM၊ဧပြီ၁၂၊၂၀၂၆ ယင်းမာပင်မြို့နယ်၊လည်ငေါက်ရွာအနီးတွင်နယ်မြေရှင်းစစ်ကြောင်းနှင့်အကြမ်းဖက်သမားများယနေ့ဧပြီလ၁၂ရက်နံနက်၁၁း၃၀နာရီမှ၁၄း၄၅နာရီအထိတိုက်ပွဲပြင်းထန်စွာဖြစ်ပြီးရန်သူများဆုတ်ခွါထွက်ပြေးသွားကါAAယူနီဖောင်းဝတ်အလောင်း၅လောင်း၊PDF အလောင်း၁၀လောင်းနှင့်လက်နက်မျိုးစုံ၁၇လက်သိမ်းဆည်းရမိပြီးမိမိလုံခြုံရေးစစ်ကြောင်းမှသုံးဦးဒဏ်ရာရကြောင်းသိရသည်။ ဖြစ်စဉ်မှာသရက်ကန်ရွာဘက်မှနယ်မြေရှင်းလင်းလာသောတပ်နှင့်ရဲကွန်မန်ဒိုစစ်ကြောင်းကိုလည်ငေါက်ကျေးရွာအနီး၌AAနှင့် PDFအင်အားရာကျော်ကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရာလေကြောင်းပစ်ကူဖြင့်ပြန်လည်တိုက်ခိုက်သဖြင့်နေ့လယ်၁၄း၄၅နာရီတွင်ရန်သူများဆုတ်ခွါထွက်ပြေးသွားပြီးရန်သူ့ထံမှအလောင်း၁၅လောင်းနှင့်အမ်အေသေနတ်၁၀လက်၊စနိုက်ပါတစ်လက်၊စက်လတ်တစ်လက်၊AKနှစ်လက်၊M-79လောင်ချာတစ်လက်၊RPGတစ်လက်သိမ်းဆည်းရမိကြောင်းသိရသည်။

ဘားအံမြို့လင်းနို့ဂူအနီးတွင် ရေနစ်ပျောက်ဆုံးနေသည့်ကလေး တစ်ဦးကို သေဆုံးလျက်ပြန်တွေ့ NOM၊ဧပြီ၁၂၊၂၀၂၆ ကရင်ပြည်နယ်၊ ဘားအံမြို့၊
ဘားအံမြို့လင်းနို့ဂူအနီးတွင် ရေနစ်ပျောက်ဆုံးနေသည့်ကလေး တစ်ဦးကို သေဆုံးလျက်ပြန်တွေ့ NOM၊ဧပြီ၁၂၊၂၀၂၆ ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြိုင်ကလေးနယ်မြေ၊ ဘားကပ်ကျေးရွာ၊ လင်းနို့ဂူအနီးတွင် ရေနစ်ပျောက်ဆုံးနေသည့်ကလေး တစ်ဦးကိုယနေ့(ဧပြီ၁၂ရက်)နံနက်၈နာရီ ၄၀မိနစ်တွင်ပြန်လည်တွေ့ရှိခဲ့သည့်ဟုမီးသတ်မှသတင်းထုတ်ပြန် ထားကြောင်းသိရသည်။ ဖြစ်စဉ်မှာ ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြိုင်ကလေးနယ်မြေ၊ ဘားကပ်ကျေးရွာ၊ လင်းနို့ဂူအနီး၊ သံလွင်မြစ်သောင်ထွန်းသည့်နေရာတွင်ဧပြီ၁၁ရက်ညနေ၅နာရီ ၁၅မိနစ်ခန့်တွင် အသက်၁၀နှစ်ကျော်ယောကျ်ာလေး နှစ်ဦး ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးခဲ့သဖြင့်သွား ရောက်ရှာဖွေည၈နာရီ ၁၂မိနစ်ခန့်တွင်တစ်ဦးကိုရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။ "မိုးကလည်းချုပ်တော့ရှာဖွေမှုတွေကအဆင်မပြေတော့ဘူးဒါကြောင့်ည ၉နာရီလောက်မှာ ရှာဖွေမှုကိုရပ်ဆိုင်လိုက်တယ်ဒီနေ့မနက်မှဆက်လက်ရှာဖွေခဲ့တာနံနက် ၈နာရီမှာ တွေ့ရှိခဲ့ပါတယ်"ဟု ကရင်ပြည်နယ်မီးသတ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ပွဲက အချိန်မရွေး ပြန်ဖြစ်လာနိုင်ပေမဲ့ အမေရိကန်အနေနဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို ဗုံးကြဲတာ (အကြမ်းဖက်မှု) ကလွဲရင် တခြား
စစ်ပွဲက အချိန်မရွေး ပြန်ဖြစ်လာနိုင်ပေမဲ့ အမေရိကန်အနေနဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို ဗုံးကြဲတာ (အကြမ်းဖက်မှု) ကလွဲရင် တခြားအသုံးချနိုင်တဲ့ နည်းလမ်းမရှိတော့ပါဘူး။ အခုဆိုရင် ကမ္ဘာကြီးဟာ ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုရဲ့ အကျိုးဆက်တွေကို စတင်ခံစားနေရပြီဖြစ်ပေမဲ့ အီရန်ဘက်က ထုတ်မသုံးရသေးတဲ့ တခြားနည်းလမ်းတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ ဘပ်အယ်လ်မန်ဒက်ဘ် (Bab al-Mandeb) ရေလက်ကြားပဲ ဖြစ်ပါတယ်။ ယီမင်မှာရှိတဲ့ အီရန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ အန်ဆာရဲလား Ansarallah အဖွဲ့ဟာ ဂါဇာမှာ အစ္စရေးရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ ဘပ်အယ်လ်မန်ဒက်ဘ် ရေလက်ကြားကို ပိတ်ပစ်နိုင်စွမ်းရှိကြောင်း သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ ဒါကို ဘိုင်ဒန်ရော ထရမ့်ပါ ပြန်ဖွင့်ဖို့ ကြိုးစားခဲ့ကြပေမဲ့ အရှက်တကွဲနဲ့ ကျရှုံးခဲ့ကြပါတယ်။ NOM

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သဘောထားထုတ်ပြန်ကြေညာချက် အမှတ်စဥ် (၁/၂၀၂၆)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သဘောထားထုတ်ပြန်ကြေညာချက် အမှတ်စဥ် (၁/၂၀၂၆)

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း နေပြည်တော်ရင်ပြင်၌ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ စစ
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း နေပြည်တော်ရင်ပြင်၌ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ စစ်ဆေး ဧပြီ ၁၁၊ ၂၀၂၆ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းနှင့် ဒုတိယဝန်ကြီး ဦးရဲတင့်တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရင်ပြင်၌ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် မုခ်ဦးတည်ဆောက်နေမှု၊ ဖွင့်ပွဲအခမ်းအနားကျင်းပနိုင်ရေး ဆောင်ရွက်ထားမှု၊ ယိမ်းအဖွဲ့များဇာတ်တိုက်လေ့ကျင့်ရေးကိစ္စ၊ သင်္ကြန်မဏ္ဍပ်များတည်ဆောက်နေမှု၊ ရေရရှိရေး ဆောင်ရွက်ထားရှိမှုနှင့် လျှပ်စစ်မီးရရှိရေးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ နေပြည်တော်ရင်ပြင်၌ကျင်းပမည့် လမ်းလျှောက်သင်္ကြန်၌ နိုင်ငံကျော်တေးသံရှင်များက အကြိုနေ့နံနက်ပိုင်းမှ စတင်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။ NOM