fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 504 مشترک است و جایگاه 16 047 را در دسته اخبار و رسانه‌ها و رتبه 10 071 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 504 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 21 ژوئن, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -276 و در ۲۴ ساعت گذشته برابر -4 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 10.23% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.29% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 1 279 بازدید دریافت می‌کند. در اولین روز معمولاً 662 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 15 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 22 ژوئن, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 504
مشترکین
-424 ساعت
-717 روز
-27630 روز
آرشیو پست ها
တနင်္သာရီမြို့နယ်၊ ထုံမခါကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ ရမ်းသန်းပစ်ခတ်လိုက်သည့် လက်နက်
တနင်္သာရီမြို့နယ်၊ ထုံမခါကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ ရမ်းသန်းပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည်ထိမှန်ခဲ့မှုကြောင့် ငါးဖမ်းနေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ ဧပြီ ၁၁၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံသို့ ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်၌ ကျည်ထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ် အား စိစစ်ခဲ့ရာ မွန်းလွဲ ၂ နာရီအချိန်၌ တနင်္သာရီမြို့နယ်၊ ထုံမခါကျေးရွာနေ ဦးသန်းလွင် (၄၆) နှစ်သည် ကျေးရွာအနီးရှိ အင်းအတွင်း ငါးဖမ်းနေစဉ် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ ရမ်းသန်းပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည်ထိမှန်ခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ အမှတ် ၂၇/ ၂၀၂၆ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်) ရုပ်
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ အမှတ် ၂၇/ ၂၀၂၆ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်) ရုပ်ရှင်ဆင်ဆာအဖွဲ့ပြင်ဆင်ဖွဲ့စည်းခြင်း။

တနိုင်းမြို့နယ်၊ မိုင်းခွန်း (မုံ့ခေါင်မ်) ကျေးရွာအနီးတွင် KIA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မ
+1
တနိုင်းမြို့နယ်၊ မိုင်းခွန်း (မုံ့ခေါင်မ်) ကျေးရွာအနီးတွင် KIA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ငါးဖမ်းရန်သွားသည့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဧပြီ ၁၁၊ ၂၀၂၆ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ဧပြီလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၀ နာရီအချိန်၌ တနိုင်းမြို့နယ်၊ မိုင်းခွန်း (မုံ့ခေါင်မ်) ကျေးရွာနေ ဦးစိုးထိုက်လင်း (၃၅) နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ညိုမာထွန်း (၂၆) နှစ်နှင့်အတူ ကျေးရွာအနီးရှိ ဒေသအခေါ် ချောင်းသာချောင်းသို့ ငါးဖမ်းရန် သွားရောက်စဉ် ချောင်းအနီးအရောက် KIA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့ နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိုနှိုင်းရေးဖွဲ့စည်းခြင်း ဧပြီ ၁၁၊ ၂၀၂၆ NOM
+3
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိုနှိုင်းရေးဖွဲ့စည်းခြင်း ဧပြီ ၁၁၊ ၂၀၂၆ NOM

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း ဧပြီ ၁၁၊ ၂၀၂၆ NOM
+4
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း ဧပြီ ၁၁၊ ၂၀၂၆ NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးသည် အမိန့်အမှတ် (၃၈/၂၀၂၆) ကို ဧပြီလ(၁၁)ရက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန် (အ
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးသည် အမိန့်အမှတ် (၃၈/၂၀၂၆) ကို ဧပြီလ(၁၁)ရက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန် (အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေးကော်မတီ ဖွဲစည်း

ပွင့်ဖြူမြို့နယ်၊ သနပ်ဝကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အ
ပွင့်ဖြူမြို့နယ်၊ သနပ်ဝကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး သေဆုံး ဧပြီ ၁၁၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ ဧပြီလ ၉ ရက်နေ့ နံနက် ၁ နာရီ ၂၀ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဧပြီလ ၈ ရက်နေ့ ည ၁၀ နာရီခွဲအချိန်၌ ပွင့်ဖြူမြို့နယ်၊ သနပ်ဝကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများကျရောက်ပေါက်ကွဲခဲ့မှု ကြောင့် အဆိုပါကျေးရွာနေ မဖြူဖြူသင်း (၂၉) နှစ်တွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လျှပ်စစ်ဓာတ်အားလိုင်းတိ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လျှပ်စစ်ဓာတ်အားလိုင်းတိုင် ၄ တိုင်အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ရပ်ကွက်များနှင့် ကျေးရွာများ၌ ဓါတ်အားပြတ်တောက်မှုများဖြစ် ဧပြီ ၁၁၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ထုံးဘိုကြီးကျေးရွာအနီးရှိ သံတောင်ကြီးမြို့မှ လိပ်သိုမြို့လျှပ်စစ်ဓာတ်အားခွဲရုံသို့ သွယ်တန်းထားသည့် 33 KV ဓာတ်အားလိုင်းတိုင်သို့ ဧပြီလ ၈ ရက်နေ့ ည ၇ နာရီအချိန်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား(စိစစ်ဆဲ)ရောက်ရှိလာပြီး မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် အဆိုပါလျှပ်စစ်ဓာတ်အားလိုင်း၏ ကွန်ကရစ်ဓာတ်တိုင် ၄ တိုင်လဲကျ ပျက်စီးဆုံးရှုံးခဲ့ပြီး လိပ်သိုမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများ၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့ကြောင်းသိရသည်။ NOM

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဖွဲ့စည်းခြင်း ဧပြီ ၁၁၊ ၂၀၂၆ NOM
+2
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဖွဲ့စည်းခြင်း ဧပြီ ၁၁၊ ၂၀၂၆ NOM

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ ဧပြီ ၁၁၊ ၂၀၂၆ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။ ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “phoepyae” TikTok အကောင့်ပိုင်ရှင်ဖြစ်သူ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ သပြေကန် ကျေးရွာနေ သန့်ဇင်ကျော်(ခ)ဖိုးပြည့်အား ညနေ ၄ နာရီခွဲတွင် အမရပူရမြို့မရဲစခန်း၌ တရား ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။ NOM

အီရန်၏ ပြင်းထန်သော သတိပေးချက်ကြောင့် အမေရိကန်ဖျက်သင်္ဘော ဟော်မုဇ်ရေလက်ကြားမှ ပြန်လှည့်သွား အီရန်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်အရ သံတမန်နည်းလမ်းအရ ချက်ချင်းတုံ့ပြန်မှုနှင့် ပြင်းထန်သော စစ်ရေးသတိပေးချက်တို့ကြောင့် အပစ်အခတ်ရပ်စဲရေး ချိုးဖောက်နိုင်ခြေရှိသည့် အခြေအနေကို တားဆီးနိုင်ခဲ့ကြောင်း သိရသည်။ Fars သတင်းဌာန၏ အဆိုအရ အာရပ်စော်ဘွားများပြည်ထောင်စု ဖူဂျိုင်းရ်ဟာ (Fujairah) မှ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ဘက်သို့ ဦးတည်လာသော အမေရိကန်ဖျက်သင်္ဘောတစ်စင်းကို အီရန်လက်နက်ကိုင်တပ်ဖွဲ့များက အချိန်မီ ဟန့်တားနိုင်ခဲ့ခြင်းဖြစ်သည်။ အီရန်အစိုးရသည် အဆိုပါသင်္ဘောကို စောင့်ကြည့်ခဲ့ပြီး ပါကစ္စတန်ရှိ ၎င်းတို့၏ ကိုယ်စားလှယ်အဖွဲ့ထံ အခြေအနေများကို အကြောင်းကြားခဲ့သည်။ ထိုမှတစ်ဆင့် ပါကစ္စတန်ကြားဝင်စေ့စပ်သူကို အသုံးပြု၍ အမေရိကန်ထံ သတိပေးချက်ပေးပို့ခဲ့ရာ "ရေလက်ကြားသို့ ချဉ်းကပ်လာပါက ပစ်မှတ်ထားတိုက်ခိုက်ခံရမည်" ဟု ပါရှိသည်။ ထို့အပြင် အီရန်ဘက်က အဆိုပါသင်္ဘောသာ ဆက်လက်ခရီးနှင်လာပါက မိနစ် ၃၀ အတွင်း တိုက်ခိုက်ခံရမည်ဖြစ်ပြီး ဆွေးနွေးပွဲများကိုလည်း ထိခိုက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စစ်ရေးနှင့် သံတမန်ရေးအရ ပူးပေါင်းတုံ့ပြန်မှုကြောင့် အဆိုပါ အမေရိကန်သင်္ဘောကို ရပ်တန့်ရန် အမိန့်ပေးခဲ့ရကြောင်း သိရှိရသည်။ NOM

အကြမ်းဖက်မှုနှင့် လှုံ့ဆော်မှုများအား ဖော်ထုတ်အရေးယူမည်။
အကြမ်းဖက်မှုနှင့် လှုံ့ဆော်မှုများအား ဖော်ထုတ်အရေးယူမည်။

+2
အီရန်နိုင်ငံရဲ့ လက်ထဲကို အဆင့်မြင့် "LAIRCM "စနစ်တွေ ရောက်ရှိသွားပါတယ်။ ဒီစနစ်ဟာ အမေရိကန် C-130 လိုမျိုး လူစီးနဲ့ ကုန်တင်လေယာဉ်ကြီးတွေကို အပူရှိန်ရှာဖွေပြီး လိုက်လံပစ်ခတ်တဲ့ ဒုံးကျည် (Heat-seeking weapons) အန္တရာယ်ကနေ ကာကွယ်ပေးဖို့ ထုတ်လုပ် ထားတာ ဖြစ်ပါတယ်။ NOM

အင်ဒိုနီးရှားနိုင်ငံက Asean Chater ကို ကိုယ်တိုင်ချိုးဖောက်မယ် ထင်ပါသလား? ဧပြီလ ၆ ရက်နေ့ကတည်းက ဆန့်ကျင်ဘက်မီဒီယာတွေမှာ မြန်မာ
+1
အင်ဒိုနီးရှားနိုင်ငံက Asean Chater ကို ကိုယ်တိုင်ချိုးဖောက်မယ် ထင်ပါသလား? ဧပြီလ ၆ ရက်နေ့ကတည်းက ဆန့်ကျင်ဘက်မီဒီယာတွေမှာ မြန်မာနိုင်ငံတော်အကြီးအကဲကို အင်ဒိုနီးရှားနိုင်ငံ တရားရုံးမှာ တရားစွဲဆိုရန် ကြိုးပမ်းနေကြောင်း ရေးသားဖော်ပြနေတာ တွေ့ရပါတယ်။ အစတုန်းကတော့ ပြန်မရေးဘူး နေမလို့ပါပဲ။ ဒါပေမယ့် မရေးဘဲထားလိုက်ရင် ပြည်ဖျက်တွေရဲ့ သတင်းက အမှန်လိုလို ဘာလိုလို ဖြစ်သွားမှာစိုးလို့ ပြန်လည်ရေးသား လိုက်ပါတယ်။ - ဒီကိစ္စတွေ ဖြစ်လာတဲ့ အဓိကလက်သည်တရားခံက အင်ဒိုနီးရှားနိုင်ငံ၊ ရှေ့နေချုပ်ဟောင်း Mr. Marzuki Darusman (FFM ဥက္ကဋ္ဌ) ဆိုသူဖြစ်ပါတယ်။ အဲ့လူဟာ OIC နိုင်ငံတွေရဲ့ အခကြေးငွေကိုရယူပြီး အမှုပွဲစား လုပ်စားခြင်းနဲ့ မကြာသေးမီက နယ်သာလန် ICJ တရားရုံးမှာ Agent of Myanmar အဖွဲ့ခေါင်းဆောင် ဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ဒေါက်တာ ဒေါ်သီတာဦး တို့အဖွဲ့ သွားရောက်ဖြေရှင်းခဲ့တဲ့ ဥပဒေကြောင်းအရ ချေပချက်တွေကို ICJ တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက် ဝေဝါးသွားစေရန် ICJ ကို အချိန်ကိုက် ဖိအားပေးခြင်းသာဖြစ်ပါတယ်။ - ဒီလို ငွေကြေးမျက်နှာကြောင့် မဟုတ်မမှန်စွပ်စွဲပြောဆိုနေတဲ့ Darusman ရဲ့ ကြိုးပမ်းချက်ကို အင်ဒိုနီးရှားအစိုးရအနေနဲ့ လက်ခံမလား? - လက်ခံလိုက်မယ်ဆိုရင်တော့ အာဆီယံအသင်း ထူထောင်သူ ၅ နိုင်ငံထဲမှာပါဝင်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ကိုယ်တိုင်ရေးဆွဲထားတဲ့ အာဆီယံပဋိဉာဉ် (Asean Charter) ကို ကိုယ်တိုင်ချိုးဖောက်ပြီး အခြားနိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သလို ဖြစ်သွားမှာမို့ စဉ်းစားကြည့်ကြပေါ့။

Wall Street Journal သတင်းဌာန​၏ ဖော်ပြချက်အရ "အမေရိကန်နှင့် ရင်းနှီးသော မဟာမိတ်ဖြစ်သည့် အာရှအစိုးရတစ်ခုမှ အကြံပေးပုဂ္ဂိုလ်တစ်ဦး၏ အဆိုအရ ၎င်းတို့သည် အီရန်သံအမတ်နှင့် ညှိနှိုင်းမှုများ ပြုလုပ်နေပြီး ၎င်းတို့၏ သင်္ဘောများ ဟော်မုဇ် ရေလက်ကြား မှ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းခွင့်ရရှိရန်အတွက် အခကြေးငွေများကို ဒစ်ဂျစ်တယ် ငွေကြေး သို့မဟုတ် တရုတ်ယွမ်ငွေကို အသုံးပြု၍ တိတ်တဆိတ် ပေးချေနိုင်ရန် ဆွေးနွေးနေကြသည်ဟု ဆိုသည်။" NOM

ဥပဒေကြောင်းအရ ဆောင်ရွက်ခြင်းဖြစ်ပါတယ်
ဥပဒေကြောင်းအရ ဆောင်ရွက်ခြင်းဖြစ်ပါတယ်

ပြည်ဖျက်မီဒီယာတွေ သိစေဖို့ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၆ မှာ “နိုင်ငံတော်၏အကြီးအကဲနှင့် ပြည်ထောင်စု၏
+1
ပြည်ဖျက်မီဒီယာတွေ သိစေဖို့ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၆ မှာ “နိုင်ငံတော်၏အကြီးအကဲနှင့် ပြည်ထောင်စု၏ အုပ်ချုပ်ရေးအကြီးအကဲ ဖြစ်သူမှာ နိုင်ငံတော်သမ္မတ ဖြစ်သည်” ဟု ဖွင့်ဆိုထားသလို ပုဒ်မ ၅၇ အရ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတများ နိုင်ငံတော်ကို ကိုယ်စားပြုပါတယ်။ ဒါ့အပြင် ပုဒ်မ ၅၈ မှာတော့ “နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိတယ်လို့ ပြဋ္ဌာန်းထားတာ တွေ့ရမှာဖြစ်တယ်။ ဒါကြောင့် သမ္မတဟာ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စုလွှတ်တော်နာယကများထက် ဝါစဉ်ကြီးရုံ သက်သက်မဟုတ်ဘဲ နိုင်ငံတော်၏ အထွဋ်အထိပ်အကြီးအကဲဖြစ်ကာ ဝါစဉ်အားဖြင့်လည်း ရှေ့တန်းတင်အပ်သော ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဆန့်ကျင်ဘက်အဖွဲ့တွေ၊ ပြည်ဖျက်အဖွဲ့တွေရဲ့ ပြောဆိုနေမှုတွေဟာ ဥပဒေအခြေခံမဲ့သော နိုင်ငံရေး အလွဲသုံးစား ပြုမှုမျှသာဖြစ်ပါတယ်။ ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၀ (က) အရ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတ ကိုယ်တိုင် မိန့်ခွန်းပြောကြားရန် လာရောက်ပါက နိုင်ငံတော်အကြီးအကဲ နိုင်ငံတော်သမ္မတကို လေးစား ဂုဏ်ပြုတဲ့အနေနဲ့ နေရာစီစဉ် ပေးခြင်းကို ပြုလုပ်ပေးရတာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာအစိုးရအဖွဲအစည်းဆိုင်ရာ ကျင့်သုံးမှုတစ်ခုဖြစ်ပြီး “လေးစားမှုကိုပြသသည့် သဘော” သက်သက်သာ ဖြစ်ပါတယ်။ ဥပဒေကိုလွဲမှားစွာ အဓိပ္ပာယ်ကောက်ယူပြီး နိုင်ငံရေးအရ ထိုးနှက်၊ အဆိုးဘက်ကို ပုံဖော်ခြင်းဟာ ဥပဒေကြောင်းအရရော ကျင့်ဝတ်အရပါ မသင့်လျော်ပါ။ ပြည်ထောင်စုလွှတ်တော် နာယကအနေနဲ့ စံနမူနာပြအဖြစ် နိုင်ငံတော်သမ္မတကို လေးစားမှုအား ပြသခြင်းသာဖြစ်ပါတယ်။ ဦးအောင်လင်းဒွေး ဆိုသည်မှာလည်း စစ်ဥပဒေချုပ်ရာထူးကို တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယက ဖြစ်လာသူဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေနဲ့ပတ်သက်တာတွေ၊ စည်းမျဉ်း/ စည်းကမ်းတွေကို အားလုံးသိရှိပြီးသူ ဖြစ်ပါတယ်။ ဆိုချင်တာကတော့ ပြည်ဖျက်မီဒီညာတွေ၊ လော်ဘီတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းကို သိအောင်အရင် လုပ်ပြီးမှ ပြောဆိုကြပါ။ ဥပဒေအခြေမဲ့စွာ ပေါက်ပန်းလေးဆယ်နဲ့ နိုင်ငံရေးအလွဲသုံးစားမှု၊ ထိုးနှက်မှုမဖြစ်ပါစေနဲ့လို့ ပြောချင်ပါတယ်။

အမရိကန်နှင့်ဆွေးနွေးပွဲတွင်အီရန်ပါလီမန်ဥက္ကဌပြောသည့်စကါး NOM အမေရိကန်နှင့် ဆွေးနွေးပွဲများ စတင်ခြင်းအပေါ် အီရန်ပါလီမန်ဥက္ကဋ္ဌ
အမရိကန်နှင့်ဆွေးနွေးပွဲတွင်အီရန်ပါလီမန်ဥက္ကဌပြောသည့်စကါး NOM အမေရိကန်နှင့် ဆွေးနွေးပွဲများ စတင်ခြင်းအပေါ် အီရန်ပါလီမန်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်က အောက်ပါအတိုင်းပြောကြားခဲ့သည်- "ကံမကောင်းစွာပဲ အမေရိကန်များနှင့် ဆွေးနွေးပွဲများနှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ အတွေ့အကြုံသည် အမြဲတမ်း မအောင်မြင်မှုနှင့် ကတိကဝတ်များကို ချိုးဖောက်ခြင်းတို့ဖြင့် ဒွန်တွဲနေပါသည်။ အီရန်ဘက်ကစိတ်စေတနာကောင်းများရှိသော်လည်း တစ်နှစ်အတွင်း နှစ်ကြိမ်တိုင်တိုင် ဆွေးနွေးပွဲများအလယ်တွင် ၎င်းတို့သည် ကျွန်ုပ်တို့ကို တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများစွာကို ကျူးလွန်ခဲ့ကြသည်။ ကျွန်ုပ်တို့တွင် စိတ်ကောင်းစေတနာကေါင်းများရှိသော်လည်း အမေရိကန်ကိုယုံကြည်မှုမရှိပါ။"

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Kirti Vardhan Singh ကို လက်ခံတွေ့ဆုံ ဧပြ
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Kirti Vardhan Singh ကို လက်ခံတွေ့ဆုံ ဧပြီ ၁၀၊ ၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Kirti Vardhan Singh ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသမီးနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံလူငယ်များအကြား ထိတွေ့ဆက်ဆံမှုမြင့်မားလာစေရေးအတွက် နှီးနှောဖလှယ်ပွဲများနှင့် လေ့လာရေးခရီးစဉ်များ၊ စာတမ်းဖတ်ပွဲများ ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။ တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Abhay Thakur နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ NOM

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့၌ ရန်ကုန်တိုင်းတွင် စစ်မှုထမ်းတာဝန် အောင်မြင်စွာပြီးမြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် (၁)
+9
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့၌ ရန်ကုန်တိုင်းတွင် စစ်မှုထမ်းတာဝန် အောင်မြင်စွာပြီးမြောက်ခဲ့သည့်  ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် (၁) မှ ပြည်သူ့စစ်မှုထမ်း ၉၁ ဦးအား စစ်မှုတာဝန်ထမ်းဆောင်ပြီးကြောင်းလက်မှတ်နှင့် ဂုဏ်ပြုထောက်ပံ့ပစ္စည်းများ ချီးမြှင့်ပေးအပ်။ NOM