uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 539 obunachidan iborat bo'lib, Yangiliklar & Media toifasida 16 068-o'rinni va Myanma mintaqasida 10 064-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 539 obunachiga ega bo‘ldi.

17 Iyun, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -265 ga, so‘nggi 24 soatda esa -4 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 7.37% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 10.05% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 925 marta ko‘riladi; birinchi sutkada odatda 1 262 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 16 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 18 Iyun, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 539
Obunachilar
-424 soatlar
-517 kunlar
-26530 kunlar
Postlar arxiv
မေ ၁၅၊ ၂၀၂၆ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ မုံရွာတပ်နယ်၊ စစ်ကိုင်းတပ်နယ်၊ ကလေးတပ်နယ်၊ ရွှေဘိုတပ်နယ်တို့တွင် မေ
+9
မေ ၁၅၊ ၂၀၂၆ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ မုံရွာတပ်နယ်၊ စစ်ကိုင်းတပ်နယ်၊ ကလေးတပ်နယ်၊ ရွှေဘိုတပ်နယ်တို့တွင် မေလ ၁၅ ရက်နေ့၌ PDF အကြမ်းဖက်အဖွဲ့ဝင် အမျိုးသား (၁၃၃) ဦးနှင့် အမျိုးသမီး (၁၃) ဦး၊ စုစုပေါင်း (၁၄၆) ဦးသည် လက်နက်မျိုးစုံ (၃၈) လက်၊ လက်ပစ်ဗုံး (၇၃) လုံး၊ မိုင်း (၁) လုံးနှင့် စကားပြောစက် (၂) လုံးတို့နှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး အလင်းဝင်ရောက်လာသည့် PDF လူငယ်များအား တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးကာ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဝန်ဆောင်မှုများအတွက်အပိုထပ်ဆောင်း အခကြေးငွေ/ ပစ္စည်းများပေးအပ်ခြင်းမပြုရန်ထုတ်ပြန် မေ ၁၅၊ ၂၀၂၆
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဝန်ဆောင်မှုများအတွက်အပိုထပ်ဆောင်း အခကြေးငွေ/ ပစ္စည်းများပေးအပ်ခြင်းမပြုရန်ထုတ်ပြန် မေ ၁၅၊ ၂၀၂၆

အနောက်တိုင်းဆေးရောနှောထားပြီး စံမညီတိုင်းရင်းဆေးဝါးများဖြစ်ကြောင်း အသိပေးနှိုးဆော်ချက်။
+1
အနောက်တိုင်းဆေးရောနှောထားပြီး စံမညီတိုင်းရင်းဆေးဝါးများဖြစ်ကြောင်း အသိပေးနှိုးဆော်ချက်။

အီရန်နိုင်ငံအတွက် သူလျှိုလုပ်ပေးခဲ့သည်ဟု စွပ်စွဲခံထားရသည့် အမေရိကန် စစ်မှုထမ်းဟောင်းနှင့် တန်ပြန်ထောက်လှမ်းရေး အရာရှိဟောင်းဖြ
အီရန်နိုင်ငံအတွက် သူလျှိုလုပ်ပေးခဲ့သည်ဟု စွပ်စွဲခံထားရသည့် အမေရိကန် စစ်မှုထမ်းဟောင်းနှင့် တန်ပြန်ထောက်လှမ်းရေး အရာရှိဟောင်းဖြစ်သူ မိုနီကာ ဝစ်တ် ကို ဖမ်းဆီးပြီး ပြစ်ဒဏ်ချမှတ်နိုင်ရန်အတွက် သတင်းအချက်အလက် ပေးနိုင်သူအား အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ဆုကြေးငွေ ဒေါ်လာ ၂၀၀,၀၀၀ ပေးမည်ဟု ထုတ်ပြန်ထားသည်။ ဝစ်တ်သည် အမေရိကန် အမျိုးသားကာကွယ်ရေးဆိုင်ရာ လျှို့ဝှက်ချက်များကို အီရန်အစိုးရထံ ပေးအပ်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် တရားစွဲဆိုခြင်းခံခဲ့ရသည်။ NOM

🇺🇸 "ကျွန်တော်က အီရန်အပေါ်စစ်ရေးအရ လုံးဝ (ဥဿုံ) အောင်ပွဲရခဲ့တာ။ ဒါပေမဲ့ သတင်းတုတွေနဲ့ ခင်ဗျားတို့လို လူတွေက မှားမှားယွင်းယွင်း ရေးကြတယ်။ ခင်ဗျားက လူလိမ်လူညာပဲ။ ကျွန်တော်တို့ စစ်ရေးအရ လုံးဝ အောင်ပွဲရခဲ့တာ။ ခင်ဗျားတို့ ရေးသားနေတဲ့အရာတွေဟာ နိုင်ငံတော်သစ္စာဖောက်မှုတစ်ရပ်လိုတောင် ဖြစ်နေတယ်လို့ ကျွန်တော် တကယ်ပဲ ထင်တယ်။ ခင်ဗျားကိုယ်ခင်ဗျား ရှက်သင့်တယ်။ ကျွန်တော့်အနေနဲ့ ဒါဟာ သစ္စာဖောက်မှုလို့ပဲ တကယ်ကို ယူဆတယ်" - နယူးယောက်တိုင်းမ်စ် New York Times သတင်းစာအပေါ် ထရမ့် ဒေါသထွက်နေခြင်း ဖြစ်သည်။ NOM

အစိုးရသစ်၏ ရက်ပေါင်း (၁၀၀) စီမံကိန်းအဖြစ် ဆောင်ရွက်မည့် နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ် စီမံချက်စတင်ကြောင်း အသိပေးအခမ်းအနားကျင
အစိုးရသစ်၏ ရက်ပေါင်း (၁၀၀) စီမံကိန်းအဖြစ် ဆောင်ရွက်မည့် နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ် စီမံချက်စတင်ကြောင်း အသိပေးအခမ်းအနားကျင်းပ မေ ၁၄၊ ၂၀၂၆ ကျန်းမာရေးဝန်ကြီးဌာနက အစိုးရသစ်၏ရက်ပေါင်း (၁၀၀) အတွင်း ဆောင်ရွက်မည့်စီမံကိန်းတစ်ခုဖြစ်သည့် နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ် စီမံချက်စတင်ကြောင်း အသိပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး၊ စီမံချက်ဆောင်ရွက်မည့် ဆေးရုံများမှ ပါမောက္ခများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ်စီမံချက်ကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာ - တရုတ် နှစ်နိုင်ငံအကြား ပိုမိုချစ်ကြည်ရင်းနှီးမှုနှင့် ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ရှန်ကျန်းကရုဏာဆေးပညာဆိုင်ရာ သိပ္ပံနှင့်နည်းပညာကုမ္ပဏီ (Benefm)မှ ဒုတိယဥက္ကဋ္ဌ Mr. Hu Cheng က စီမံချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး(နှလုံးဆေးကု) ပါမောက္ခ ဒေါက်တာနွယ်နွယ်က နှလုံးရောဂါအန္တရာယ် အကဲဖြတ်စနစ်စီမံချက် အကောင်အထည်ဖော်မှုကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် နှလုံးရောဂါအန္တရာယ်အကဲဖြတ် စနစ်ဆောင်ရွက်ခြင်း ဗီဒီယိုနှင့် လူနာများတွင် AI ECG တပ်ဆင်ထားသည့် ဝတ်စုံများကိုဝတ်ဆင်၍ နှလုံးရောဂါအန္တရာယ်ကို ဆော့ဝဲလ်များဖြင့် အဖြေထုတ်မှုကိုပြသသည်။ “မြန်မာနိုင်ငံ နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ် စီမံချက်”သည် မြန်မာ – တရုတ် ပူးပေါင်းဆောင်ရွက် မှုအစီအစဉ်တစ်ရပ်အဖြစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးနှင့် ကန်သာယာဆေးရုံတို့တွင် လူဦးရေတစ်သိန်းကို တစ်နှစ်အတွင်း ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံတစ်ဝန်း လွှမ်းခြုံဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကာ နှလုံးရောဂါဖြစ်နိုင်ခြေများသူများ၊ အားကစားသမားများ၊ လေယာဉ်မောင်းနှင်သူ Pilot များ၊ အဝေးပြေးယာဉ်၊ ခရီးသည်တင်ယာဉ်မောင်းများတို့သည် သက်သောင့်သက်သာ ဝတ်ဆင်နိုင်သော AI ECG တပ်ဆင်ထားသည့် ဝတ်စုံကိုအသုံးပြု၍ မိမိတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို မထိခိုက်စေဘဲ ၂၄ နာရီပတ်လုံး နှလုံးရောဂါ အန္တရာယ်စစ်ဆေးမှုကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတင် အဘူဒါဘီသို့ လျှို့ဝှက်သွားရောက်ခဲ့တာ မဟုတ်ဘဲ အစ္စရေးစစ်ဦးစီးချုပ်၊ မော့ဆက် (အစ္စရေးထောက်လှမ်
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတင် အဘူဒါဘီသို့ လျှို့ဝှက်သွားရောက်ခဲ့တာ မဟုတ်ဘဲ အစ္စရေးစစ်ဦးစီးချုပ်၊ မော့ဆက် (အစ္စရေးထောက်လှမ်းရေး) အကြီးအကဲနဲ့ ရှင်ဘတ် (ပြည်တွင်းလုံခြုံရေး) အကြီးအကဲတို့ပါ သွားရောက်ခဲ့ကြောင်း ထပ်မံပေါ်ပေါက်လာတာကြောင့် အစ္စရေးဟာ ယူအေအီး (အာရပ်စော်ဘွားများပြည်ထောင်စု) ကို ဒုတိယအကြိမ်မြောက် နောက်ကျော ဓားနဲ့ထိုးလိုက်ပြန်ပြီ ဖြစ်သည်။ အစ္စရေးတို့ရဲ့ မောက်မာမှုနဲ့ ကြွားဝါချင်တဲ့ စိတ်ဓာတ်တွေဟာ သူတို့ကိုယ်တိုင် သိပ်ပြီးဂုဏ်ယူနေရတဲ့ ဆက်ဆံရေးကို ဖျက်ဆီးနေတာ ဖြစ်သည်။ အဆိုပါ သတင်းအသစ် ပေါ်ထွက်လာမှုအပေါ် ယူအေအီး အရာရှိများက "အလွန်အမင်း ဒေါသထွက်" နေကြကြောင်းသိရသည်။ NOM

အမေရိကန်၏ ရေကြောင်းပိတ်ဆို့ထားမှုကို ရှောင်ကွင်းရန် အီရန်က ပါကစ္စတန်ကို ဖြတ်သန်းသည့် ကုန်းလမ်းကုန်သွယ်မှုလမ်းကြောင်းများကို အ
အမေရိကန်၏ ရေကြောင်းပိတ်ဆို့ထားမှုကို ရှောင်ကွင်းရန် အီရန်က ပါကစ္စတန်ကို ဖြတ်သန်းသည့် ကုန်းလမ်းကုန်သွယ်မှုလမ်းကြောင်းများကို အောင်မြင်စွာ ရယူနိုင်ခဲ့ ပါကစ္စတန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ရရှိသော အထောက်အထားများအရ ပင်လယ်ကွေ့အတွင်း အမေရိကန် ရေတပ်ရှိနေခြင်းကြောင့် ကုန်သွယ်ရေး လုပ်ငန်းများ အနှောင့်အယှက် ဖြစ်နေရစဉ်အတွင်း အစ္စလာမ်မစ် သမ္မတနိုင်ငံ အီရန်သည် ၎င်း၏ ကုန်သွယ်ရေး အသက်သွေးကြောများကို ကာကွယ်ရန် အရှေ့ဘက်သို့ ဦးတည်ချက်ပြောင်းကာ ပါကစ္စတန်နှင့်အတူ ကုန်းလမ်းစင်္ကြံအသစ်တစ်ခုကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည်။ တီဟီရန်နှင့် အစ္စလာမ်မာဘတ်တို့သည် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အမိန့်ညွှန်ကြားချက် SRO 691 ကို အသက်သွင်းလိုက်ခြင်းဖြင့် ဗျူဟာမြောက် ကုန်စည်ဖြတ်သန်းသယ်ယူခွင့် လမ်းကြောင်း ၆ ခုကို ဖွင့်လှစ်ပေးခဲ့သည်။ ယင်းက တတိယနိုင်ငံများမှ လာသော ကုန်စည်များကို ပါကစ္စတန်နယ်မြေကို ဖြတ်သန်း၍ အီရန်သို့ ပို့ဆောင်ခွင့်ပြုခြင်းဖြစ်ပြီး လက်ရှိတွင် ၅ ပတ်မြောက်အထိ ရောက်ရှိလာပြီဖြစ်သော ရေကြောင်းပိတ်ဆို့မှုကို ထိရောက်စွာ ရှောင်ကွင်းနိုင်ခဲ့သည်။ ယင်းကဲ့သို့ ပြောင်းလဲမှုသည် အီရန်အနေဖြင့် ဒေသတွင်းဈေးကွက်များသို့ ဆက်လက်ဝင်ရောက်နိုင်မှုကို ထိန်းသိမ်းပေးနိုင်ရုံသာမက ပါကစ္စတန်၏ ကရာချိ (Karachi)၊ ပေါ့တ်ကာဆင် (Port Qasim) နှင့် ဂွါဒါ (Gwadar) ရေနက်ဆိပ်ကမ်းများကို အီရန်နယ်စပ်ဖြတ်ကျော်ဝင်ပေါက်များဖြစ်သည့် တာ့ဖ်တန် (Taftan) နှင့် ဂတ်ဘ် (Gabd) တို့ဆီသို့ တိုက်ရိုက်ချိတ်ဆက်ပေးမည့် နှစ်ပေါင်းများစွာ ရပ်ဆိုင်းနေခဲ့သော အခြေခံအဆောက်အအုံ စီမံကိန်းကိုလည်း ပြန်လည်အသက်သွင်းပေးခဲ့သည်။ ဘလိုချီစတန် (Balochistan) ဒေသကို ဖြတ်သန်းမည့် ဤစင်္ကြံလမ်းကြောင်းများကို အသက်သွင်းခြင်းသည် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတွင် ကြီးမားသော မဟာဗျူဟာမြောက် ပြင်ဆင်ပြောင်းလဲမှုတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကုန်စည်များကို ရေနက်ဆိပ်ကမ်းများမှတစ်ဆင့် အမေရိကန်ရေတပ်၏ ကြားဖြတ်နှောင့်ယှက်မှု ဘေးအန္တရာယ်ကင်းဝေးသော ကုန်းလမ်းအတိုင်း အီရန်နိုင်ငံအတွင်းပိုင်းအထိ သယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်သောကြောင့် ဖြစ်သည်။ ပါကစ္စတန်အစိုးရအတွက်မူ ယခုလှုပ်ရှားမှုသည် ဆယ်စုနှစ်နှစ်ခုနီးပါး သေဆုံးနေခဲ့သော ဖြတ်သန်းသယ်ယူခွင့် လမ်းကြောင်းများကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်ပြီး မိမိနိုင်ငံကို အိန္ဒိယသမုဒ္ဒရာနှင့် အလယ်အာရှအကြား အရေးပါသော ကုန်သွယ်ရေးတံတားတစ်ခုအဖြစ် ကဏ္ဍမြှင့်တင်ပေးနိုင်ခဲ့သည်။ ဤ "အရှေ့ဘက်မျက်နှာစာ ဖွင့်လှစ်မှု" သည် ဝါရှင်တန်နှင့် ၎င်း၏ ဒေသတွင်း မဟာမိတ်များက လုပ်ဆောင်နေသော "အပြင်းထန်ဆုံး ဖိအားပေးမှု" ကမ်ပိန်းများကြားမှ မတည်ငြိမ်သော ပင်လယ်ကွေ့ ရေကြောင်းလမ်းကြောင်းများနေရာတွင် အစားထိုးစရာ အရေးကြီးသော လမ်းကြောင်းသစ်တစ်ခုကို တီဟီရန်သို့ ပံ့ပိုးပေးနိုင်ခဲ့ကာ မရှိမဖြစ်လိုအပ်သော ကုန်စည်များ ဆက်လက်စီးဆင်းနိုင်စေရန် အာမခံချက် ပေးနိုင်ခဲ့သည်။ ဂွါဒါ ကဲ့သို့သော အဓိက ဗဟိုချက်မများကို ၎င်း၏ ထောက်ပံ့ရေးကွင်းဆက်တွင် ပေါင်းစပ်ထည့်သွင်းလိုက်ခြင်းဖြင့် အီရန်သည် ပိုမိုကျယ်ပြန့်သော ယူရေးရှား (Eurasian) ကွန်ရက်ကို အသုံးချလာနိုင်ခဲ့ပြီး ယင်းက အီရန်အား စီးပွားရေးအရ လုံးဝအထီးကျန်ဖြစ်အောင် လုပ်ဆောင်နေသော အနောက်နိုင်ငံများ၏ ကြိုးပမ်းမှုများကို ပိုမိုရှုပ်ထွေးခက်ခဲသွားစေသည်။ ဤလှုပ်ရှားမှုသည် အစ္စလာမ်မစ် သမ္မတနိုင်ငံအတွက် ကုန်းလမ်းကုန်သွယ်မှုကို အမြဲတမ်း မဟာဗျူဟာမြောက် အားသာချက်တစ်ခုအဖြစ် ပြောင်းလဲဖော်ဆောင်လိုက်ခြင်းဖြစ်ပြီး သမိုင်းတစ်လျှောက် ရေလမ်းကြောင်းကျဉ်းများနှင့် ရေတပ်ပိတ်ဆို့မှုများကြောင့် ထိခိုက်လွယ်ခဲ့သည့် အားနည်းချက်ကိုလည်း လျှော့ချပေးနိုင်ခဲ့သည်။ NOM

မင်းတုန်းမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ဆီဘောက်ဆာယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရ
+1
မင်းတုန်းမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ဆီဘောက်ဆာယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရ မေ ၁၅၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ မေလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသားနှစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၁ နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်နေသူများဖြစ်ကြသည့် ဦးစိုးမင်းအောင် (၃၇) နှစ်နှင့် ဦးရန်နောင်စိုး (၃၄) နှစ်တို့သည် မင်းတုန်းမြို့နယ်၊ ထန်းပင်ကုန်း ကျေးရွာမှထန်းပင်ကုန်း-မင်းတုန်းမြေသားလမ်းအတိုင်း မင်းတုန်းမြို့သို့ ဆီဘောက်ဆာယာဉ်ဖြင့် မောင်းနှင်ထွက်ခွာလာစဉ် ကျွဲဘေးကျေးရွာနှင့် တမာကျေးရွာကြားအရောက် လမ်းဘေးမှ PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ရေနံချေးသုတ်လုပ်ငန်းလုပ်ကိုင်သူ အပြစ်မဲ့အရပ်သားပြည်သူသုံးဦးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီး
+3
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ရေနံချေးသုတ်လုပ်ငန်းလုပ်ကိုင်သူ အပြစ်မဲ့အရပ်သားပြည်သူသုံးဦးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီး၍ သေနတ်ဖြင့်ပစ်သတ် မေ ၁၅၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရွှေအင်ဒုံရွာဟောင်းကျေးရွာနေ ဦးဌေးအောင် (၃၇) နှစ်၊ ညောင်လေးပင် မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ (၂) ရပ်ကွက်နေ ကိုရဲထက်အောင် (၂၈) နှစ်နှင့် မြို့မ (၄) ရပ်ကွက်နေ အောင်ပြည့်စုံ (၂၄) နှစ်တို့သည် မေလ ၁၄ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်၌ ရေနံချေးသုတ်လုပ်ငန်းလုပ်ကိုင်ရန် မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့နယ်မှ ရေးမြို့နယ်သို့ ထွက်ခွာလာစဉ် ရေး-သံဖြူဇရပ်သွားကားလမ်းမိုင်တိုင်အမှတ် ၅၀ မိုင် ၅ ဖာလုံအနီးအရောက် PDF အကြမ်းဖက်အဖွဲ့အင်အား(စိစစ်ဆဲ)က အကြမ်းဖက်ဖမ်းဆီးကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့သုံးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၆၅/၁) ရှိ ဆွာချောင်းတံတား အသစ်တည်ဆောက်ပြီးစီး
ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၆၅/၁) ရှိ ဆွာချောင်းတံတား အသစ်တည်ဆောက်ပြီးစီးသဖြင့် မော်တော်ယာဉ်များ ဖြတ်သန်းခွင့်ပြုနေမှု ကြည့်ရှုစစ်ဆေး မေ ၁၄၊ ၂၀၂၆ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၆၅/၁)ရှိ အရှည်ပေ ၉၀၀ ဆွာချောင်းတံတား (အပြန်လမ်း) အသစ်တည်ဆောက်ပြီးစီးသဖြင့် မော်တော်ယာဉ်များ ဖြတ်သန်းခွင့်ပြုနေမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်ကြီးကြောင့်ပျက်စီးသွားသော ဆွာချောင်းတံတား (အပြန်လမ်း) အား သတ်မှတ်ကာလအတွင်းပြီးစီးရေး စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့သည့် တံတားအထူး အဖွဲ့(၁၀)နှင့် တံတားအထူးအဖွဲ့(၆)တို့မှ တာဝန်ခံအင်ဂျင်နီယာများနှင့် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာတို့ကို ဂုဏ်ပြုအထိမ်းအမှတ်တံဆိပ်များပေးအပ်ကာ တံတားပေါ်မှ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေမှုနှင့် ဆွာချောင်းတံတားအသစ်ကို ကြည့်ရှုစစ်ဆေးသည်။ ငလျင်ဒဏ်ကြောင့် ဆွာချောင်းတံတား (အသွား/အပြန်) နှစ်စင်းလုံး ထိခိုက်ပျက်စီးခဲ့ရသဖြင့် အပြန်လမ်းတံတားအသစ် ပြန်လည်တည်ဆောက်ခြင်းကို နေပြည်တော်ဘက်ခြမ်းတွင် တံတားအထူးအဖွဲ့ (၆)နှင့် ရန်ကုန်ဘက်ခြမ်းတွင် တံတားအထူးအဖွဲ့(၁၀)တို့ဖြင့် တစ်ဖက်စီတာဝန်ယူ၍ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၅ ရက်တွင် လုပ်ငန်းများအရှိန်အဟုန်ဖြင့်ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ် မေ ၁၄ ရက်တွင် တည်ဆောက်ပြီးစီးပြီဖြစ်သောကြောင့် မော်တော်ယာဉ်များကို ဖြတ်သန်းခွင့်ပြုနိုင်ခဲ့ပြီး တံတား၏ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်းတန် ၆၀ ဖြစ်ကြောင်းနှင့် အသွားလမ်းတံတားအသစ် တည်ဆောက်ခြင်း ကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

CNN ရဲ့ ဖော်ပြချက်အရ ထရမ့်က IRS (အမေရိကန် ပြည်တွင်းအခွန်များဌာန) ကို တရားစွဲဆိုထားတဲ့ ဒေါ်လာ ၁၀ ဘီလီယံတန် အမှုတစ်ခုကို စေ့စပ်
CNN ရဲ့ ဖော်ပြချက်အရ ထရမ့်က IRS (အမေရိကန် ပြည်တွင်းအခွန်များဌာန) ကို တရားစွဲဆိုထားတဲ့ ဒေါ်လာ ၁၀ ဘီလီယံတန် အမှုတစ်ခုကို စေ့စပ်ညှိနှိုင်းပြီး အမှုပိတ်ဖို့အတွက် ထရမ့်ရဲ့ တရားရေးဝန်ကြီးဌာနက စဉ်းစားနေပါတယ်။ ဒါဟာ အခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေးထဲကနေ ထရမ့်ထံသို့ ဒေါ်လာ ၁၀ ဘီလီယံ ပေးလျော်ရမယ့် အခြေအနေ ဖြစ်လာနိုင်ပါတယ်။ ဟုတ်ပါတယ်။ ထရမ့်က IRS ကို တရားစွဲထားတဲ့အမှုကို စေ့စပ်ညှိနှိုင်းပြီး ထရမ့်ကို အခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေး ဒေါ်လာ ၁၀ ဘီလီယံ ပေးလျော်ဖို့အတွက် ထရမ့်ရဲ့ ကိုယ်ပိုင် တရားရေးဝန်ကြီးဌာနကပဲ ညှိနှိုင်းဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ဒါဟာ အကျိုးစီးပွား ပဋိပက္ခဖြစ်မှုအလွန်အမင်း ကြီးမားလွန်းနေပြီး တုန်လှုပ်စရာ ကောင်းလှပါတယ်။ သမ္မတက တရားရေးဝန်ကြီးဌာန ကို ထိန်းချုပ်ထားပြီး အဲဒီ တရားရေးဝန်ကြီးဌာနကပဲ သမ္မတနဲ့ ဆက်စပ်နေတဲ့ အမှုကို စေ့စပ်ညှိနှိုင်းပေးနေတာပါ။ ပြီးတော့ အဲဒီ စေ့စပ်ကြေးကိုလည်း အခွန်ထမ်းပြည်သူတွေက ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အကယ်၍ ဒါသာ တကယ်ဖြစ်လာခဲ့ရင် ဒါဟာ အမေရိကန် သမိုင်းတစ်လျှောက်မှာ ကိုယ်ကျိုးရှာ အဂတိလိုက်စားမှု အကြီးမားဆုံး အရှုပ်တော်ပုံ ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ဒါကို "စဉ်းစားသုံးသပ်နေတယ်" ဆိုတဲ့ အချက်ကတင်ပဲ အဖွဲ့အစည်းတွေရဲ့ လွတ်လပ်ခွင့် ပျက်ပြားသွားတဲ့အခါ အာဏာကို ဘယ်လိုမျိုး အလွဲသုံးစားလုပ်ကြလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။ NOM

ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း (MCCT) အစီအစဉ် အသိပေးနှိုးဆော်ခြင်း တိုင်းဒေသကြီး/ပြည်နယ် (၇)ခုဖြစ်သော ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်နေ့အထိ ကိုယ်ဝန်ဆောင်အဖြစ် ရှိနေသူများအနေဖြင့် MCCT အစီအစဉ်တွင် အကျိုးခံစားခွင့်ရရှိရန် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး သို့မဟုတ် နီးစပ်ရာလူမှုဝန်ထမ်းရုံးများသို့ (၃၁-၅-၂၀၂၆)ရက် နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်ပါသည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အကျိုးခံစားခွင့်ရှိသူများ အား ၃ လပတ် ၂ ကြိမ် (၆)လစာ ထောက်ပံ့သွားမည်ဖြစ်ပါကြောင်းနှင့် ယခုနှစ်မှစတင်ပြီး ဖုန်းသို့ငွေလွှဲခြင်းဖြင့် ထောက်ပံ့မည်ဖြစ်ပါ၍ ထုတ်ယူလိုသည့် ငွေလွှဲဝန်ဆောင်မှုများအား မိမိတို့၏ လက်ကိုင်ဖုန်းများတွင် ဖွင့်လှစ်ထားပါရန် အသိပေး နှိုးဆော်အပ်ပါသည်။ ထောက်ပံ့ခြင်းအစီအစဉ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို လူမှုဝန်ထမ်းဦးစီးဌာန Help Line ဖုန်းနံပါတ် 1566 ၊ 09-889900077 သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။

အာရှသံတမန်ရေးရာ သတင်းမြစ်များက Al Mayadeen သတင်းဌာနသို့ ပြောကြားရာတွင် အီရန်နှင့်ပတ်သက်၍ အမေရိကန်၏ ထုတ်ပြန်ချက်များနှင့် တီဟီရန် (အီရန်အစိုးရ) ကို ဖိအားပေးရန် တရုတ်အား စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်ဆိုသော ဝါရှင်တန်၏ ပြောဆိုချက်များသည် တိုးပွားလာနေပြီး ရှေ့ဆက်မည့်ကာလများတွင် ပိုမိုပြင်းထန်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။ သတင်းမြစ်များ၏ အဆိုအရ အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်၏ ပြောဆိုမှုများ ကျယ်လောင်လာခြင်းအပြင် ဟော်မုဇ်ရေလက်ကြား ကို မည်သည့်အခကြေးငွေမှ ပေးစရာမလိုဘဲ ဖွင့်လှစ်ထားရှိရန် ပေကျင်းနှင့် သဘောတူညီမှု ရရှိထားသည်ဟူသော သတင်းများသည် လက်ရှိဖြစ်ပွားနေသည့် ဆွေးနွေးမှုများ၏ တကယ့်အနှစ်သာရကို ဖုံးကွယ်ရန် ကြိုးပမ်းသည့် မီဒီယာလမ်းလွဲပေးမှုများသာ ဖြစ်သည်။ အီရန်အပေါ် တရုတ်၏ သဘောထားသည် ရှင်းလင်းပြတ်သားပြီး တသမတ်တည်းရှိကာ ပြောင်းလဲခြင်းမရှိကြောင်း သတင်းမြစ်များက အလေးအနက် ပြောကြားခဲ့သည်။ ထို့ပြင် ပေကျင်းအနေဖြင့် မနေ့က အီရန်အရေးနှင့် ပတ်သက်၍ ဆွေးနွေးခြင်းမှ ရည်ရွယ်ချက်ရှိရှိ ရှောင်ကြဉ်ခဲ့ပြီး ယင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော ပြောဆိုချက်အားလုံးသည် မှားယွင်းနေကြောင်း မှတ်ချက်ပြုခဲ့သည်။ အချက်အလက်မှန်များကို ရှင်းလင်းစွာ တင်ပြနိုင်ရန်အတွက် တရုတ်နိုင်ငံက ယနေ့နံနက်ပိုင်းတွင် ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို အပြည့်အစုံ ထုတ်ပြန်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် နျူကလီးယားလက်နက် ပြန့်ပွားမှု တားဆီးရေးကို ထောက်ခံသကဲ့သို့ (ဒါသည် ကာလရှည်ကြာ ကိုင်စွဲထားသည့် ရပ်တည်ချက်ဖြစ်သည်) ယူရေနီယံကို ငြိမ်းချမ်းစွာ အသုံးပြုခွင့်ရှိသည့် အီရန်၏ ရပိုင်ခွင့်ကိုလည်း ထောက်ခံကြောင်း သတင်းမြစ်များက ရှင်းပြသည်။ ထို့အပြင် ပေကျင်းသည် ဟော်မုဇ်ရေလက်ကြားကို စစ်ရေးအသွင်မပြောင်းဘဲ လွတ်လပ်စွာ ဖွင့်လှစ်ထားရှိခြင်းကို ထောက်ခံသော်လည်း တစ်ချိန်တည်းမှာပင် ယင်းမဟာဗျူဟာမြောက် ရေလမ်းကြောင်းနှင့် ထိစပ်နေသည့် ကမ်းရိုးတန်းနိုင်ငံတစ်ခုအနေဖြင့် အီရန်၏ ရပိုင်ခွင့်များကို လေးစားကြောင်း မှတ်ချက်ပြုခဲ့သည်။ သတင်းမြစ်များ၏ အဆိုအရ တရုတ်နိုင်ငံသည် စွမ်းအင်အရင်းအမြစ်များကို အမြဲတစေ မတူကွဲပြားအောင် လုပ်ဆောင်လေ့ရှိသောကြောင့် အမေရိကန်ထံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝယ်ယူခြင်းသည် အသစ်အဆန်းမဟုတ်ပေ။ သို့သော်လည်း တရုတ်နိုင်ငံ စွမ်းအင်လိုအပ်ချက်၏ ၄၅ ရာခိုင်နှုန်းခန့်ကို ဖြည့်ဆည်းပေးနေသည့် အီရန်ရေနံ သို့မဟုတ် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းလာသည့် စွမ်းအင်တင်သွင်းမှုများကို မည်သည့်နိုင်ငံကမျှ အစားမထိုးနိုင်ကြောင်း ၎င်းတို့က အလေးအနက် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ပါရှန်ပင်လယ်ကွေ့နိုင်ငံများအကြား ပြင်ပစွက်ဖက်မှုမရှိဘဲ ပူးတွဲဒေသတွင်း လုံခြုံရေး မူဘောင်တစ်ရပ် ထူထောင်ခြင်းကို ထောက်ခံကြောင်း သတင်းမြစ်များက ပြောကြားခဲ့ပြီးဒါသည် တရုတ်၏ ရေရှည်တည်တံ့သော မူဝါဒတစ်ခုဖြစ်သည်ဟု ဆိုသည်။ တရုတ်နိုင်ငံ၏ တည်ငြိမ်အေးဆေးသော ပြောဆိုဟန်များသည် ထရမ့်၏ "မောက်မာမှု" ကို ထိန်းချုပ်ရန်၊ ဝါရှင်တန်နှင့် ၎င်း၏ မဟာမိတ်များကို လက်တွေ့ဆန်လာစေရန်နှင့် အဖွဲ့အစည်းအားလုံး အကျိုးရှိမည့် စီးပွားရေးဆိုင်ရာ မက်လုံးများ ပေးအပ်ခြင်းဖြင့် သဘောတူညီချက်တစ်ခု ရရှိနိုင်မည့် အခြေအနေများ ဖန်တီးပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဖြည့်စွက်ပြောကြားခဲ့သည်။ အဆိုပါ ရပ်တည်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သော ကောလာဟလများနှင့် နောက်နောင်တွင် ထွက်ပေါ်လာမည့် ပြောဆိုချက်အားလုံးသည် မမှန်ကန်ကြောင်း၊ လမ်းလွဲစေကြောင်း သို့မဟုတ် အချို့သောအဖွဲ့အစည်းများကို အကောင်းဆုံးပုံစံဖြင့် မြင်တွေ့ရစေရန်အတွက် လက်တွေ့အမှန်တရားကို တမင်တကာ ပုံဖျက်ရန် ကြိုးပမ်းမှုများသာ ဖြစ်ကြောင်း သတင်းမြစ်များက နိဂုံးချုပ် ပြောကြားခဲ့သည်။ NOM

သတင်းထောက်- "ဓာတ်ဆီဈေးနှုန်းတွေ ကျဆင်းသွားအောင် အစိုးရအဖွဲ့အနေနဲ့ ဘယ်လို ရည်မှန်းဆောင်ရွက်နေပါသလဲ။" အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို - "အီရန်နိုင်ငံကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့် လုံးဝ မပြုနိုင်ပါဘူး။" NOM

လက်ဘနွန်တောင်ပိုင်း နယ်စပ်မြို့ဖြစ်သော အိုင်နာတာတွင် ဟစ်ဇဘိုလာက အသေခံဒရုန်းတစ်စင်းဖြင့် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့၏ တင့်ကားတစ်စီးအား ချေမှုန်း NOM

အိုဒက်ဆာ (Odessa) ကမ်းလွန်တွင် ရုရှား၏ လမ်းကြောင်းပြောင်းလဲပျံသန်းနိုင်သော ဂါဘာရာ 'Gerbera' ဒရုန်းအား တွေ့ရှိ ဂျက်အင်ဂျင်သုံး ဒရုန်းတစ်စင်းသည် ပင်လယ်ရေပြင်အထက် အနိမ့်ဆုံးအမြင့်သို့ ထိုးဆင်းသွားပြီးနောက် ပြန်လည်ပျံတက်လာသည်ကို ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။ ၎င်းမှာ ပင်လယ်နက်အတွင်းရှိ လေကြောင်းရန်ကာကွယ်ရေး ရေဒါများကို ရှောင်တိမ်းနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် အနိမ့်ပျံစနစ်တစ်ခု ဖြစ်သည်။ NOM

ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်၍ ပြည်သူများ ယုံကြည်အားကိုးအသုံးပြုနိုင်ရန် ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား မေ ၁
ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်၍ ပြည်သူများ ယုံကြည်အားကိုးအသုံးပြုနိုင်ရန် ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား မေ ၁၄၊ ၂၀၂၆ Public Transportation များအနက် ရထားပို့ဆောင်ရေးစနစ်သည် အကောင်းမွန်ဆုံးသော ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်သဖြင့် ပြည်သူများ ယုံကြည်စိတ်ချစွာ အပြည့်အဝအားကိုး အသုံးပြုနိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ မေ ၁၄ ရက်တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန၊ စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယူကေ ကျန်းမာရေးဝန်ကြီး ရာထူးမှ နုတ်ထွက် — 'ဝန်ကြီးချုပ် စတာမာရဲ့ ဦးဆောင်မှုအပေါ် ယုံကြည်မှု ကုန်ဆုံးသွားပြီဖြစ်ကြောင်း' ပြောက
ယူကေ ကျန်းမာရေးဝန်ကြီး ရာထူးမှ နုတ်ထွက် — 'ဝန်ကြီးချုပ် စတာမာရဲ့ ဦးဆောင်မှုအပေါ် ယုံကြည်မှု ကုန်ဆုံးသွားပြီဖြစ်ကြောင်း' ပြောကြား ကျန်းမာရေးဝန်ကြီး ဝက်စ် စထရိတင်းက 'စတာမာရဲ့ လက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်နေဖို့ဆိုတာ ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်လိမ့်မယ်' ဟု ကြေညာလိုက်သည်။ ဝန်ကြီးချုပ်တစ်ယောက်မှာ ရှိရမယ့် လမ်းပြမြေပုံ သို့မဟုတ် အမျှော်အမြင် ရှိမနေဘဲ ဘာမှမရှိတဲ့ လစ်ဟာမှုကြီး ဖြစ်နေတယ်။ ခင်ဗျားအနေနဲ့ နောက်လာမယ့် အထွေထွေရွေးကောက်ပွဲမှာ လေဘာပါတီ ကို ဦးဆောင်နိုင်တော့မှာမဟုတ်ဘူးဆိုတာ အခုတော့ ရှင်းရှင်းလင်းလင်း သိသာသွားပါပြီ။ NOM

အမျိုးသမီးငယ် အမြောက်အမြားကို ဖျားယောင်းသွေးဆောင်ပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တဲ့ ကွန်ရက်တစ်ခုကို တည်ထောင်ခဲ့မှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ လိင်ရာဇဝတ်ကောင် ဂျက်ဖရီအက်ပ်စတိန်းဟာ ပြစ်မှုများကျူးလွန်ခဲ့မှုဖြင့် နာမည်ဆိုးဖြင့်ကျော်ကြားခဲ့တဲ့ သူပိုင် Little Saint James ကျွန်းဆီကို ဘာလို့ အီလွန်မတ်စ် (Musk) ကို မဖိတ် ကြားခဲ့တာလဲဆိုတာ ဒီဗီဒီယိုကြည့်ရင် သိလောက်ပြီပေါ့။ 😜 NOM