uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 11 422 підписників, посідаючи 16 330 місце в категорії Новини і ЗМІ та 9 947 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 11 422 підписників.

За останніми даними від 27 листопада, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -136, а за останні 24 години на -9, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 5.67%. Протягом перших 24 годин після публікації контент зазвичай збирає 4.32% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 648 переглядів. Протягом першої доби публікація в середньому набирає 493 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 10.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Завдяки високій частоті оновлень (останні дані отримано 28 листопада, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

11 422
Підписники
-924 години
-317 днів
-13630 днів
Архів дописів
ယူကေရထားဝန်ထမ်းတစ်ဦးမှ လူ ၁၀ ဦးအား ဓါးဖြင့်ထိုးခဲ့သည့် တိုက်ခိုက်သူကို "ဒယ်အိုး" ဖြင့် ပြန်လည်ခုခံ - ၂၀၂၅ ခုနှစ် နိုဝင်ဘာလက ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်း တရားရုံးတွင် ပြသ ပြစ်မှုကျူးလွန်သူ အန်သိုနီ ဝီလီယမ်စ် က လူတွေကို ဓါးဖြင့်လိုက်ထိုးနေတဲ့အချိန်မှာ သူ့မျက်နှာမှာ ကြည်နူးပြီး ပျော်ရွှင်နေတဲ့ အမူအရာမျိုး ပေါ်နေခဲ့တယ်လို့ ခရီးသည်တစ်ယောက်က သက်သေအဖြစ် ထွက်ဆိုသွားပါတယ်။
30 жовт, 03:07

မိမိတို့ ပိုင်ဆိုင်မှုများ ပျောက်ဆုံးမှု ကြုံတွေ့နေရသည့် ခရစ်ပတို လောက၏ ဂယက်- ဘိုင်းနန့်စ် (Binance) သမိုင်းတစ်လျှောက် အကြီးမ
မိမိတို့ ပိုင်ဆိုင်မှုများ ပျောက်ဆုံးမှု ကြုံတွေ့နေရသည့် ခရစ်ပတို လောက၏ ဂယက်- ဘိုင်းနန့်စ် (Binance) သမိုင်းတစ်လျှောက် အကြီးမားဆုံး ခိုးယူခံရမှုနှင့် ရင်ဆိုင်နေရ Ethereum, Bitcoin နှင့် Tron ကွန်ရက်များပေါ်ရှိ Binance နှင့် ဆက်နွှယ်နေသော စာရင်း wallet များ (Hot Wallets) မှ အနည်းဆုံး အမေရိကန်ဒေါ်လာ ၅.၅၇ ဘီလီယံခန့် ဟက်ကာ (Hackers) များ က ထုတ်ယူသွားခဲ့သည်။ အကယ်၍ ယင်းအချက်အလက်ကို အတည်ပြုနိုင်ပါက Bybit ၏ ဒေါ်လာ ၁.၅ ဘီလီယံအထိ ခိုးယူခံခဲ့ရသည့် အဖြစ်အပျက်ထက် ၃ ဆကျော် ပိုမိုများပြားသဖြင့် ခရစ်ပတိုသမိုင်းတွင် အကြီးမားဆုံး ဟက်ခ် (Hack) (အခိုး)ခံရမှု ဖြစ်လာမည်ဖြစ်သည်။ ဒေါ်နယ်ထရမ့်၏ လွတ်ငြိမ်းချမ်းသာခွင့် ရရှိထားသူ၊ ငွေကြေးခဝါချမှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ရဖူးသူ ဘိုင်းနန့်စ် Binance ၏ စီအီးအို ချန်းဖိန်းကျောက် (CZ) ကမူ ၎င်းတို့၏ လုံခြုံရေးအဖွဲ့မှ "စုံစမ်းစစ်ဆေးနေဆဲ" ဖြစ်ပြီး သုံးစွဲသူများ၏ ရန်ပုံငွေများ "လုံခြုံစိတ်ချစွာ ရှိနေသည်" ဟု အခိုင်အမာ ပြောကြားထားသည်။ ယင်းတိုက်ခိုက်မှုမှာ လွန်စွာ ဆန်းပြားပြီး စနစ်တကျ ပြုလုပ်ထားခြင်းဖြစ်သည်။ ဟက်ကာများသည် အသုံးပြုသည့် စစ်ဆင်ရေးအတွက် Tornado Cash မှတစ်ဆင့် ရန်ပုံငွေ ထောက်ပံ့ခဲ့ပြီးနောက် Ethereum ၏ လုပ်ဆောင်ချက်တစ်ချို့ကို အသုံးချကာ လဲလှယ်ရေးစနစ်၏ hot wallet ကို မိနစ်ပိုင်းအတွင်း ငွေထုတ်ယူသွားသည့် "sweeper" အဖြစ် ပြောင်းလဲသွားခဲ့သည်။ ဗဟိုထိန်းချုပ်မှုမရှိ (Decentralized) ဟု ဆိုထားသော ဤအဝန်းအဝိုင်းတွင် ဗဟိုမှ ထိန်းချုပ်ထားသည့် stablecoin ထုတ်ဝေသူများက ဝင်ရောက်စွက်ဖက်ခဲ့ရသည်။ Tether နှင့် Circle တို့က ခိုးယူခံရသည့် ရန်ပုံငွေများထဲမှ ဒေါ်လာ ၁.၈ ဘီလီယံခန့်ကို ထိန်းချုပ်ပေးခဲ့သည်။ ထိုအချိန်တွင် ဟက်ကာသည် ကျန်ရှိသော ရန်ပုံငွေများကို အရှိန်အဟုန်ဖြင့် မတူညီသော စနစ်များသို့ ရွှေ့ပြောင်းနေဆဲ ဖြစ်သည်။ ဤဖြစ်စဉ်ကြောင့် Bitcoin စျေးနှုန်းမှာ ဒေါ်လာ ၇၉,၀၀၀ အောက်အထိ ထိခိုက်ထိုးဆင်းသွားခဲ့ပြီး Binance ၏ ကိုယ်ပိုင်တိုကင် (BNB) စျေးမှာ ၇ % ကျဆင်းသွားခဲ့သည်။ အခြားတစ်ဖက်တွင် ဒုစရိုက်သမားများ သဘောကျသည့် သီးသန့်လုံခြုံရေးမြင့်မားသော Monero ဒင်္ဂါးစျေးမှာမူ ၆ % ခန့် မြင့်တက်သွားခဲ့သည်။
30 жовт, 01:11

ပုဏ္ဏားကျွန်း၊ မင်းချောင်းတံတားအနီးရှိ အကြမ်းဖက် AA သူပုန်များအား ရှာဖွေချေမှုန်းခြင်း (30-10-2026 Dawn Attack)
+1
ပုဏ္ဏားကျွန်း၊ မင်းချောင်းတံတားအနီးရှိ အကြမ်းဖက် AA သူပုန်များအား ရှာဖွေချေမှုန်းခြင်း (30-10-2026 Dawn Attack)
30 жовт, 00:32

အမေရိကန် သမ္မတထရန့် က မဲဆွယ်ပွဲများ ရုတ်တရက် ဖျက်သိမ်း — ကျန်းမာရေးပြဿနာ ကြောင့်လား၊ အီရန်စစ်ပွဲအတွက် ပြင်ဆင်နေခြင်းလား? သမ္မ
အမေရိကန် သမ္မတထရန့် က မဲဆွယ်ပွဲများ ရုတ်တရက် ဖျက်သိမ်း — ကျန်းမာရေးပြဿနာ ကြောင့်လား၊ အီရန်စစ်ပွဲအတွက် ပြင်ဆင်နေခြင်းလား? သမ္မတ ထရန့်သည် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ရက်ပိုင်းအလိုတွင် အထက်လွှတ်တော် အပြိုင်အဆိုင် အကြိတ်အနယ် ရှိနေသည့် ကန်းဆပ်စ် (Kansas) နှင့် အိုင်အိုဝါ (Iowa) ပြည်နယ်တို့၌ ပြုလုပ်ရန် စီစဉ်ထားသော မဲဆွယ်ပွဲများကို ဖျက်သိမ်းလိုက်ပြီး ၎င်းအစား ဖုန်း/ဗီဒီယိုမှတစ်ဆင့် မဲဆွယ်သည့် Tele-rallies စနစ်များကိုသာ ပြုလုပ်ရန် ရွေးချယ်ခဲ့သည်။ ထရန့်က ၎င်းအနေဖြင့် "ကန်းဆပ်စ်ကို သွားဖို့ မလိုတော့ဘူးလို့ ခံစားရတယ်" ဟု ဆိုကာ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ရိုဂျာ မာရှယ် (Roger Marshall) မှာ "အခြေအနေ ကောင်းမွန်နေသည်" ဟု အခိုင်အမာ ပြောကြားခဲ့သည်။ ရီပတ်ဘလစ်ကန် အမျိုးသားကော်မတီ (RNC) ကမူ ယခုလို ပြုလုပ်ခြင်းသည် သမ္မတအနေဖြင့် မဲဆန္ဒရှင်များနှင့် စကားပြောဆိုနိုင်သည့် အခွင့်အလမ်းများကို "အထိရောက်ဆုံး အသုံးချခြင်း" ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ ထရန့်သည် တစ်လအတွင်း မဲဆွယ်ပွဲပေါင်း ၂၅ ပွဲအထိ ပြုလုပ်ခဲ့ပြီး ယခုလို အပြင်းအထန် မဲဆွယ်ရခြင်းမှာ "မလွယ်ကူကြောင်း" အသံဝင်နေသည့် အသံဖြင့် ဝန်ခံခဲ့သည်။ သတင်းထောက်တစ်ဦးက မဲဆွယ်ပွဲများ ဖျက်သိမ်းခြင်းသည် ၎င်း၏ ကျန်းမာရေးနှင့် ဆက်စပ်နေသလားဟု အတင်းအကျပ် မေးမြန်းသည့်အခါ ထရန့်က ဒေါသတကြီးဖြင့် "ငါ့ကျန်းမာရေး ဒေါင်ဒေါင်မြည်ပဲ။ မင်းတို့က ရွံစရာကောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် အရင်ကြည့်ပါဦး။ ကြည့်ရတာ အလွန်စုတ်ပြတ်နေတာပဲ" ဟု တုံ့ပြန်ပုတ်ခတ်ခဲ့သည်။ ယခုလို မဲဆွယ်ပွဲများ ဖျက်သိမ်းလိုက်ခြင်းသည် ပင်တဂွန်စစ်ဌာနချုပ်က ကြားဖြတ်ရွေးကောက်ပွဲ အပြီးတွင် အီရန်ကို အကြီးအကျယ် စစ်ရေးဆင်နွှဲရန် စီမံချက်များ အပြီးသတ်ရေးဆွဲနေချိန်နှင့် တိုက်ဆိုင်နေသည်။ စစ်စရိတ် မြင့်မားလာခြင်းနှင့် စက်သုံးဆီဈေးနှုန်းများ တောက်လျှောက် မြင့်တက်လာခြင်းတို့ကြောင့် ရီပတ်ဘလစ်ကန် အခိုင်အမာအားကောင်းသည့် ပြည်နယ်များ၌ပင် မဲရလဒ်များ အကြိတ်အနယ် ဖြစ်သွားချိန်တွင် သမ္မတသည် စစ်ရေးပဋိပက္ခကို စီမံခန့်ခွဲရန် ဝါရှင်တန်မှာပင် သောင်တင် ကျန်ရစ်ခဲ့ခြင်းလော။ မဲဆွယ်စည်းရုံးရေးပွဲများသည် ထရန့်၏ အကြိုက်ဆုံး နိုင်ငံရေးလက်နက်တစ်ခုဖြစ်ပြီး အထက်လွှတ်တော် အနိုင်ရရှိရေးအတွက် အလွန်အရေးပါသည့် ပြည်နယ်များ၌ မဲဆွယ်ပွဲများကို စွန့်လွှတ်လိုက်ခြင်းသည် စိတ်ပျက်အားငယ်စွာ တုံ့ပြန်လိုက်သည့် လုပ်ရပ်တစ်ခုကဲ့သို့လည်းဖြစ်နေသည်။
30 жовт, 00:20

ဖိလစ်ပိုင်နိုင်ငံအစိုးရက လှူဒါန်းသည့် RC တစ်ထပ် သာသနိကအဆောက်အအုံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားနှင့် ယခင်လှူဒါန်းထားသော အသင့်
ဖိလစ်ပိုင်နိုင်ငံအစိုးရက လှူဒါန်းသည့် RC တစ်ထပ် သာသနိကအဆောက်အအုံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားနှင့် ယခင်လှူဒါန်းထားသော အသင့်တပ်ဆင်စာသင်ကျောင်းဆောင် ကြည့်ရှုစစ်ဆေး အောက်တိုဘာ ၂၉၊ ၂၀၂၆ မန္တလေးငလျင်ကြီး ပြန်လည်ထူထောင်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံအစိုးရက AHA Centre မှ တစ်ဆင့် အသင့်တပ်ဆင်စာသင်ကျောင်းဆောင် (Prefabricated School) ကိုးဆောင်နှင့် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော နေပြည်တော် ပျဉ်းမနားမြို့နယ် ကိုးခမ်းကြီးဘုန်းကြီးကျောင်း၌ အလျားပေ ၅၀၊ အနံ ပေ ၃၀ အကျယ်အဝန်းရှိ RC တစ်ထပ် သာသနိကအဆောက်အအုံ တစ်လုံးတို့ကို လှူဒါန်းခဲ့ရာ အဆိုပါ သာသနိကအဆောက်အအုံ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ကိုးခမ်းကြီးဘုန်းကြီးကျောင်း သာသနိကအဆောက်အအုံ၌ ကျင်းပသည်။ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကိုကိုလွင်နှင့် ဒုတိယဝန်ကြီးများ၊ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရက်ဆာ ပရဲညို လာဇာရို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံရုံးမှ တာဝန်ရှိသူများ၊ AHA Centre မှ အမှုဆောင် ဒါရိုက်တာနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ လွှဲပြောင်းပေးအပ်ပွဲ၌ ပြည်ထောင်စုဝန်ကြီးက ဖိလစ်ပိုင်နိုင်ငံအစိုးရသည် မန္တလေးငလျင်ဘေး အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း၌ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု ဆေးအဖွဲ့များ စေလွှတ်ကူညီခဲ့ရုံမျှမက ငလျင်ဘေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အသင့်တပ်ဆင် စာသင်ဆောင်များ၊ သာသနိကအဆောက်အအုံနှင့် လှူဖွယ်ပစ္စည်းများကိုပါ ထောက်ပံ့လှူဒါန်းခဲ့သည့်အတွက် ဖိလစ်ပိုင်နိုင်ငံအစိုးရနှင့် ပြည်သူများအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အားလျော်စွာ နှစ်နိုင်ငံအကြား အပြန်အလှန် လေးစားမှုများဖြင့် ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးကြသည့် မိတ်ဖက်နိုင်ငံများ ဖြစ်ကြပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး (No One Left Behind) မူဖြင့် ကဏ္ဍစုံမှ ထည့်သွင်းစဉ်းစား ထောက်ပံ့ကူညီမှုများကို အသိအမှတ်ပြု ဂုဏ်ယူပါကြောင်းနှင့် လှူဒါန်းမှု ဖြစ်မြောက်စေရေးအတွက် AHA Centre ၏ ပူးပေါင်းဆောင်ရွက်မှုကိုလည်း အသိအမှတ်ပြုပါကြောင်း ပြောကြားသည်။ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရက်ဆာ ပရဲညို လာဇာရိုက ကျေးဇူးတင်စကား ပြောကြားရာတွင် ဖိလစ်ပိုင်နိုင်ငံသည်လည်း သဘာဝဘေးအန္တရာယ်များကို မကြာခဏ တွေ့ကြုံခံစားရလေ့ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် ငလျင်ဘေးသင့်သူများ၏ ထိခိုက်ဝမ်းနည်းမှုများကို ထပ်တူခံစားမိပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ ကဏ္ဍစုံပါဝင်သည့် လှူဒါန်းမှုများသည် ဘေးသင့်ပြည်သူများအတွက် အတိုင်းအတာတစ်ခုအထိ အကျိုးရှိထိရောက်ကြောင်း မြင်တွေ့သိရှိရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ သံတမန်ဆက်ဆံမှု နှစ်(၇၀)ပြည့်မြောက်သည့် အခါသမယတွင် လာရောက်လွှဲပြောင်း လှူဒါန်းရသည့်အတွက်လည်း အထူးဂုဏ်ယူမိပါကြောင်း ပြန်လည်ပြောကြားသည်။ ယင်းနောက် AHA Centre ၏ အမှုဆောင်ဒါရိုက်တာက လှူဒါန်းတည်ဆောက်မှု လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကာ ပြည်ထောင်စုဝန်ကြီးနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးတို့က လှူဒါန်းပစ္စည်းများ လွှဲပြောင်းခြင်း၊ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့ အထက(သပြေပင်)ကျောင်းသို့ သွားရောက်၍ ဖိလစ်ပိုင်နိုင်ငံအစိုးရက လှူဒါန်းထားသည့် အသင့်တပ်ဆင် စာသင်ဆောင်အား လှည့်လည်ကြည့်ရှုပြီး ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကျောင်းသုံးပစ္စည်းများ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
30 жовт, 00:08

သားဖွားသင်တန်းကျောင်း-မန္တလေး၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ အောက်တိုဘာ ၃၀၊ ၂၀၂၆ ပြန်ကြားရေးနှင်
+1
သားဖွားသင်တန်းကျောင်း-မန္တလေး၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ အောက်တိုဘာ ၃၀၊ ၂၀၂၆ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သားဖွားသင်တန်းကျောင်း-မန္တလေးတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းအခမ်းအနားကို အဆိုပါကျောင်းရှိ ခန်းမဆောင်၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။ ဦးစွာ သားဖွားသင်တန်းကျောင်း-မန္တလေး ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်က အမှာစကားပြောကြားပြီး ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်ကဦးဆောင်ပြီး သားဖွားသင်တန်းကျောင်း-မန္တလေးရှိ ဒုတိယနှစ်သင်တန်းသူ မသန္တာအောင်က “လူငယ်နှင့်အားလပ်ချိန်အသုံးချမှု”၊ ဒုတိယနှစ်သင်တန်းသူ မထက်အင်ကြင်းခိုင်က “လူငယ်နှင့်စာဖတ်ခြင်း”၊ ပထမနှစ်သင်တန်းသူ မခိုင်ခိုင်နွယ်က “လူငယ်နှင့်နည်းပညာ”၊ ပထမနှစ်သင်တန်းသူ မနန်းချယ်ရီက “လူငယ်နှင့်ကျန်းမာရေး”နှင့် ပထမနှစ်သင်တန်းသူ မဇင်ထက်ထက်လွင်က “မိန်းကလေးများနှင့်အမျိုးသမီးများ၏ အခန်းကဏ္ဍ”စသည့် ခေါင်းစဉ်ငါးရပ်နှင့်အတူ အသီးသီးဆွေးနွေးပြောကြားသည်။ ထို့နောက်တက်ရောက်လာသည့် သင်တန်းသူများက ဆွေးနွေးခဲ့သည့်ခေါင်းစဥ်ရပ်များမှ သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ လူငယ်စကားဝိုင်းသို့ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်နှင့်ဝန်ထမ်းများ၊ သားဖွားသင်တန်းကျောင်း-မန္တလေး ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်နှင့် တာဝန်ရှိသူများ၊ ဆရာမများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
30 жовт, 00:07

နိုင်နေတာဆို AA က ....
နိုင်နေတာဆို AA က ....
29 жовт, 23:29

အယ်လ်ဘေးနီးယား ပါလီမန်အတွင်း မီးခိုးဗုံးများနှင့် မီးရှူးမီးပန်းများ ဖောက်ခွဲဆန္ဒပြမှုဖြစ်ပွား၊ အဒီ ရာမာ (Edi Rama) ၏ အစိုးရအဖွဲ့ တနိုင်ငံလုံးဆိုင်ရာ ဒေါသလှိုင်းနှင့် ရင်ဆိုင်နေရ အယ်လ်ဘေးနီးယား ဝန်ကြီးချုပ်အပေါ် နိုင်ငံရေး ဖိအားများ ပိုမိုပြင်းထန်လာနေသည်။ တီရာနာမြို့ (Tirana) တွင် ဖြစ်ပွားခဲ့သော လူသေဆုံးမှုရှိသည့် အကြမ်းဖက်ဆန္ဒပြပွဲများကို ဝန်ကြီးချုပ် ကိုင်တွယ်ဖြေရှင်းပုံအပေါ် အတိုက်အခံ လွှတ်တော်အမတ်များက ကျေနပ်မှုမရှိဘဲ ပါလီမန် အစည်းအဝေးခန်းမအတွင်း မီးရှူးမီးပန်းများ ပစ်ဖောက်ကာ ဆန္ဒပြခဲ့ကြသည်။ အမတ်များက အယ်လ်ဘေးနီးယား ဝန်ကြီးချုပ် အဒီ ရာမာ အနေဖြင့် လူထု၏ ကြီးမားသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို သေးသိမ်အောင် လုပ်ဆောင်နေသည်ဟု စွပ်စွဲခဲ့ကြပြီး မီးခိုးဗုံးများ ပစ်ဖောက်ခဲ့ကြသည်။ ထို့ပြင် အစည်းအဝေးခန်းမအလယ်တွင် စုဝေးကာ ရဲတပ်ဖွဲ့၏ ဖြိုခွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ဆန္ဒပြပြည်သူများ၏ ဓာတ်ပုံများကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
29 жовт, 23:28

ဟားခါးမြို့နယ်ရှိ CDF-Hakha အကြမ်းဖက်စခန်းကို ဒေသခံချင်းလူမျိုးများနှင့် ချင်း PDF များ၏ သတင်းပေးပို့မှုများအရ ပစ်မှတ်အား အတိ
ဟားခါးမြို့နယ်ရှိ CDF-Hakha အကြမ်းဖက်စခန်းကို ဒေသခံချင်းလူမျိုးများနှင့် ချင်း PDF များ၏ သတင်းပေးပို့မှုများအရ ပစ်မှတ်အား အတိအကျချေမှုန်း။ တိုက်ပွဲသတင်းစုံ
29 жовт, 23:26

အစ္စရေးရွေးကောက်ပွဲ အပြီးသတ်ရလဒ်များ - • နေတန်ယာဟု၏ မဟာမိတ်အုပ်စု - ၅၃ နေရာ • အိုင်ဆန်ကော့၏ မဟာမိတ်အုပ်စု - ၄၈ နေရာ • အာရပ်ပါ
အစ္စရေးရွေးကောက်ပွဲ အပြီးသတ်ရလဒ်များ - • နေတန်ယာဟု၏ မဟာမိတ်အုပ်စု - ၅၃ နေရာ • အိုင်ဆန်ကော့၏ မဟာမိတ်အုပ်စု - ၄၈ နေရာ • အာရပ်ပါတီများ - ၁၉ နေရာ
29 жовт, 11:59

အစ္စရေးကုမ္ပဏီ ZIM က ငှားရမ်းထားသည့် ကွန်တိန်နာတင် သင်္ဘောတစ်စီးသည် အသေခံ ဒရုန်းသုံးစီး၏ တိုက်ခိုက်ခြင်းကို ခံရပြီးနောက် ပင်လယ်နက် (Black Sea) အတွင်း နှစ်မြုပ်သွားခဲ့သည်။  အစ္စရေးဆိပ်ကမ်းမှ ထွက်ခွာလာပြီး ရိုမေးနီးယားသို့ ဦးတည်မောင်းနှင်နေသည့် အဆိုပါ သင်္ဘောပေါ်ပါ သင်္ဘောသားများကိုမူ ဘေးကင်းစွာ ကယ်ဆယ်ရွှေ့ပြောင်းနိုင်ခဲ့သည်။
29 жовт, 11:57

အစ္စရေးနိုင်ငံအတွင်းရှိ အာရပ်နိုင်ငံရေးပါတီများကို ငွေကြေးထောက်ပံ့ပေးခြင်းဖြင့် ကာတာနိုင်ငံသည် အစ္စရေးရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်နေသည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ လီကွဒ် (Likud) ပါတီက စွပ်စွဲလိုက်သည်။
29 жовт, 11:54

စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသူများအား ခိုလမ်မြို့တွင် ဂုဏ်ပြုနေ့လယ်စာဖြင့် ဧည့်ခံ အောက်တိုဘာ ၂၉၊ ၂၀၂၆ အရှေ့အလယ်ပို
+5
စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသူများအား ခိုလမ်မြို့တွင် ဂုဏ်ပြုနေ့လယ်စာဖြင့် ဧည့်ခံ အောက်တိုဘာ ၂၉၊ ၂၀၂၆ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး အောင်ကျော်သက်သည် စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းစစ်သည်များအား ဂုဏ်ပြုနေ့လယ်စာဖြင့် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အောင်ဇေယျခန်းမ၌ ကျင်းပခဲ့ပြီး ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး အောင်ကျော်သက်က တာဝန်ထမ်းဆောင်ကာလ ပြည့်မြောက်အောင် ထမ်းဆောင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းစစ်သည်များ၏ အနစ်နာခံမှုနှင့် စိတ်ဓာတ်ခွန်အားကို ချီးကျူးဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းစစ်သည်များအား ဂုဏ်ပြုနေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပြီး နမ့်ဆန်မြို့မှ The Ruck Music Band ၏ တေးဂီတဖျော်ဖြေမှုများကို အတူတကွ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
29 жовт, 11:51

ဆော်ဒီအာရေးဗီးယား၏ စစ်ရေးအကူအညီတောင်းဆိုမှုကို အီဂျစ်ဘာကြောင့် ငြင်းဆန်ရန် ခက်ခဲနေရသနည်း? အီဂျစ်ပါလီမန်သည် ယီမင်နိုင်ငံရှိ ဟူ
ဆော်ဒီအာရေးဗီးယား၏ စစ်ရေးအကူအညီတောင်းဆိုမှုကို အီဂျစ်ဘာကြောင့် ငြင်းဆန်ရန် ခက်ခဲနေရသနည်း? အီဂျစ်ပါလီမန်သည် ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့အား ရင်ဆိုင်တိုက်ခိုက်နေသည့် ဆော်ဒီအာရေးဗီးယားထံ စစ်ရေးအကူအညီများ တိုးမြှင့်ပေးအပ်နိုင်ရေးအတွက် သမ္မတ အက်ဘ်ဒယ် ဖာတာ အယ်လ်စီစီ (Abdel Fattah al-Sisi) အား မီးစိမ်းပြ ခွင့်ပြုလိုက်ပြီဖြစ်သည်။ Responsible Statecraft ၏ ဖော်ပြချက်အရ အီဂျစ်နှင့် ဆော်ဒီ တို့အကြား တရားဝင် စစ်ရေးမဟာမိတ်စာချုပ် မရှိသော်လည်း အီဂျစ်အနေဖြင့် ဤပဋိပက္ခတွင် ကိုယ်ကျိုးစီးပွားချင်း တိုက်ရိုက်ဆက်နွှယ်နေကြောင်း သိရသည်။ ပင်လယ်ကွေ့နိုင်ငံများ၏ စီးပွားရေးအရ ချုပ်ကိုင်ထားမှု - ဆော်ဒီအာရေးဗီးယားသည် အီဂျစ်ဗဟိုဘဏ်တွင် အမေရိကန်ဒေါ်လာ ၁၀.၃ ဘီလီယံခန့် အပ်နှံထားပြီး ကူဝိတ်နှင့် ကာတာတို့၏ အပ်နှံငွေများအပါအဝင် ပင်လယ်ကွေ့နိုင်ငံများ၏ စုစုပေါင်း အပ်ငွေမှာ ဒေါ်လာ ၁၈ ဘီလီယံခန့် ရှိသည်။ ယင်းမှာ အီဂျစ်နိုင်ငံ၏ စုစုပေါင်း နိုင်ငံခြားသီးသန့်ရန်ပုံငွေ ဒေါ်လာ ၅၇ ဘီလီယံ၏ သုံးပုံတစ်ပုံနီးပါး ရှိနေသည်။ အီဂျစ်သည် ဂျုံစပါး အဓိက တင်သွင်းနေရသည့် ကုန်ကျစရိတ်များအတွက် ဤရန်ပုံငွေများအပေါ် မှီခိုနေရခြင်း ဖြစ်သည်။ စွမ်းအင် မှီခိုမှု - အီဂျစ်သည် ရေနံစိမ်းများကို အဓိကအားဖြင့် ဆော်ဒီအာရေးဗီးယားထံမှ တင်သွင်းနေရသည်။ အောက်တိုဘာလဆန်းပိုင်းကလည်း အီဂျစ်နှင့် ဆော်ဒီတို့သည် ရေနံနှင့် စွမ်းအင်ထုတ်ကုန် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့ကြသည်။ ကြွေးမြီဝန်ထုတ်ဝန်ပိုး - ၂၀၂၆ ခုနှစ် ဇွန်လစာရင်းများအရ အီဂျစ်၏ ပြည်ပကြွေးမြီမှာ ဒေါ်လာ ၁၆၆.၇ ဘီလီယံအထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ဆော်ဒီအာရေးဗီးယားသည် အဆိုပါ ကြွေးမြီစုစုပေါင်း၏ ၇.၈ ရာခိုင်နှုန်းမှ ၈.၃ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားသည်။ ယခုနှစ် အမျိုးသားဘတ်ဂျက်၏ ၆၄ ရာခိုင်နှုန်းခန့်မှာ ကြွေးမြီနှင့် အတိုးဆပ်ရန် သုံးစွဲနေရပြီး ငွေကြေးတန်ဖိုးလည်း ကျဆင်းနေသဖြင့် အီဂျစ်အနေဖြင့် ဆော်ဒီ၏ တောင်းဆိုမှုကို ငြင်းဆန်နိုင်သည့် အနေအထားတွင် မရှိပေ။ ရွှေ့ပြောင်းလုပ်သားများ - အီဂျစ်နိုင်ငံသား ၁.၂၅ သန်းမှ ၁.၄၇ သန်းအထိ ဆော်ဒီအာရေးဗီးယားတွင် နေထိုင် လုပ်ကိုင်လျက်ရှိသည်။ ဆူးအက်တူးမြောင်း ဝင်ငွေ ထိခိုက်မှု - ကမ္ဘာ့ကုန်သွယ်ရေး၏ ၁၂ ရာခိုင်နှုန်းခန့် ဖြတ်သန်းသွားလာရာ ဆူးအက်တူးမြောင်းသည် ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၁၀.၂ ဘီလီယံ ရရှိခဲ့သော်လည်း ပင်လယ်နီအတွင်း ဟူသီအဖွဲ့၏ သင်္ဘောများကို တိုက်ခိုက်မှုများကြောင့် ၂၀၂၄ ခုနှစ်တွင် ဝင်ငွေမှာ ဒေါ်လာ ၄ ဘီလီယံအထိ ထက်ဝက်ကျော် ထိခိုက်ကျဆင်းခဲ့သည်။ အီဂျစ်သည် ၂၀၂၆/၂၇ ဘဏ္ဍာရေးနှစ်တွင် ဝင်ငွေ ဒေါ်လာ ၈ ဘီလီယံအထိ ပြန်လည်ရရှိရန် မျှော်မှန်းထားသော်လည်း လက်ရှိ ဒေသတွင်း ပဋိပက္ခများက ထိုမျှော်မှန်းချက်ကို ခြိမ်းခြောက်လျက်ရှိသည်။ သို့သော်လည်း သမိုင်းကြောင်းအရ ယီမင်စစ်ပွဲသည် တစ်ချိန်က အီဂျစ်အတွက် ရုန်းထွက်ရခက်ခဲသည့် ကာလရှည် "ဗီယက်နမ်စစ်ပွဲ" ဖြစ်ခဲ့ဖူးသည်။ ၁၉၆၀ ပြည့်လွန်နှစ်များက သမ္မတ ဂါမဲလ် အဘဒယ် နာဆာ (Gamal Abdel Nasser) လက်ထက်တွင် အီဂျစ်သည် ယီမင်ပြည်တွင်းစစ်၌ တပ်ဖွဲ့ဝင် ၇၀,၀၀၀ ခန့်အထိ စေလွှတ်ဝင်ရောက်စွက်ဖက်ခဲ့ဖူးသည်။ ထိုစစ်ပွဲကြောင့် အီဂျစ်၏ ဘဏ္ဍာရေး ပြုန်းတီးခဲ့ရသလို စစ်တပ်၏ အဓိကအင်အားများ ယီမင်တွင် ရုန်းမထွက်နိုင်အောင် ပိတ်မိခဲ့သဖြင့် ၁၉၆၇ ခုနှစ် အစ္စရေးနှင့် ဖြစ်ပွားခဲ့သော "ခြောက်ရက်ကြာ စစ်ပွဲ" တွင် စစ်ရှုံးခဲ့ရသည့် အဓိကအကြောင်းရင်းတစ်ခု ဖြစ်ခဲ့သည်။ ယခုအခါ သမ္မတ အယ်လ်စီစီက ယီမင်နိုင်ငံအတွင်း အီဂျစ်တပ်ဖွဲ့များ ပါဝင်သည့် ထိုးစစ်ဆင် စစ်ဆင်ရေးများကို လုပ်ဆောင်မည်မဟုတ်ကြောင်း ငြင်းဆိုထားသော်လည်း အဆိုပါပဋိပက္ခအတွင်း အီဂျစ်ပါဝင်ပတ်သက်လာရန် တွန်းပို့ခံနေရသည်။ ဟူသီအဖွဲ့ကမူ မြောက်အာဖရိကနိုင်ငံဖြစ်သော အီဂျစ်၏ ဆော်ဒီအပေါ် စစ်ရေးထောက်ပံ့မှုသည် ယီမင်နိုင်ငံအား စစ်ကြေညာခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။
29 жовт, 11:49

မြန်မာ-ဖိလစ်ပိုင် ပူးပေါင်းဆောင်ရွက်ရေးနှင့် အာဆီယံဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး အောက်တိုဘာ ၂၉၊ ၂၀၂၆ နိုင်ငံခြားရေးဝန်ကြီး ဦး
+3
မြန်မာ-ဖိလစ်ပိုင် ပူးပေါင်းဆောင်ရွက်ရေးနှင့် အာဆီယံဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး အောက်တိုဘာ ၂၉၊ ၂၀၂၆ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေသည် အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာ ထရက်ဆာ ပရဲညို လာဇာရိုနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံစဉ် မြန်မာ-ဖိလစ်ပိုင် သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အခန်းကဏ္ဍ ပြန်လည်ရရှိရေး၊ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်များကို လာမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
29 жовт, 11:29

နည်းပညာကုမ္ပဏီကြီးတွေက သေနတ် အီမိုဂျီ (gun emoji) ကို ရေသေနတ်အဖြစ် ပြောင်းလဲခဲ့ကြပေမဲ့ အီလွန်မက်စ် ရဲ့ X (ယခင် တွစ်တာ) ကတော့ သေနတ်အစစ်ပုံစံအတိုင်း ပြန်လည်ဖန်တီးလိုက်ပါတယ်။ အက်ပဲလ် (Apple) က ၂၀၁၆ မှာ ရေသေနတ်ပုံစံကို စတင်ပြောင်းလဲသုံးစွဲခဲ့ပြီး နောက်ထပ် ပလက်ဖောင်းကြီးတွေကလည်း ၂၀၁၈ အရောက်မှာ အလားတူ လိုက်ပါပြောင်းလဲခဲ့ကြပါတယ်။ ဒါပေမဲ့ X ကတော့ ၂၀၂၄ မှာ သေနတ်ပုံစံအတိုင်း ပြန်လည်သုံးစွဲခဲ့တာ ဖြစ်ပါတယ်။ အီလွန်မက်စ် က ရေသေနတ်အဖြစ် ပြောင်းလဲသုံးစွဲကြတဲ့ ရေစီးကြောင်းဟာ "woke mind virus" (နိုင်ငံရေးနှင့် လူမှုအသိုင်းအဝိုင်းတွင် အစွန်းရောက်လစ်ဘရယ်ရောဂါ) နဲ့ ဆက်စပ်နေတယ်လို့ ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။
29 жовт, 11:21

ဘရာဇီးသမ္မတ ရွေးကောက်ပွဲတွင် အမေရိကန်လိုလားသူ ဘိုလ်ဆိုနာရို ရှုံးနိမ့်ခဲ့ပြီးနောက် အမေရိကန်သမ္မတထရမ့်က အဆိုပါရွေးကောက်ကွဲနှင့်ပတ်သက်ပြီး "ဒီရွေးကောက်ပွဲဟာ ဘရာဇီးပြည်သူတွေအတွက် အလွန်ပင် ရှက်ဖွယ်ရာ ကောင်းလှပါတယ်။ ကျွန်တော် ဘက်မလိုက်ခဲ့ပါဘူး၊ ဒါပေမဲ့ ဘရာဇီးမှာ ဖြစ်ပျက်ခဲ့တာတွေကို ကြည့်လိုက်ရတဲ့အခါ ပြောမပြနိုင်အောင်ကို ဆိုးရွားလွန်းပါတယ်" ဟုပြောကြားခဲ့သည်။
29 жовт, 11:06

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင် ၅ ထပ် အဆောက်အအုံ
+7
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင် ၅ ထပ် အဆောက်အအုံ ၁ လုံးအား ထပ်မံဖြိုချပြီးစီး၊ ကျန်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
29 жовт, 10:56

မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ရှင်သန်ထွန်းကားရေး လူငယ်များနှင့် အနုပညာရှင်များ ပူးပေါင်းကြိုးပမ်းရန် သမ္မတတိုက်တွန်း
+9
မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ရှင်သန်ထွန်းကားရေး လူငယ်များနှင့် အနုပညာရှင်များ ပူးပေါင်းကြိုးပမ်းရန် သမ္မတတိုက်တွန်း (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့သည်။ ၂၁ ရာစု၏ ဆက်သွယ်ရေးနှင့် နည်းပညာတိုးတက်မှုများကြောင့် နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးမှုများ နယ်စည်းမခြား ပျံ့နှံလာနေကြောင်း၊ လူငယ်များအနေဖြင့် ခေတ်ရေစီးကြောင်းနောက်သို့ လိုက်ပါရာတွင် ရိုးရာယဉ်ကျေးမှုတန်ဖိုးများကို လျစ်လျူမရှုကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ အောင်မြင်မှုကို အခြေခံ၍ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ပိုမိုရှင်သန်ထွန်းကားလာစေရန် တာဝန်ရှိသူအားလုံးက မိမိတို့၏ အနုပညာစွမ်းအား၊ တာဝန်ယူမှုတို့ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
29 жовт, 10:55

နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် 5G ဆက်သွယ်ရေးနည်းပညာ ဝန်ဆောင်မှုများ စမ်းသပ်အသုံးပြုနိ
နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် 5G ဆက်သွယ်ရေးနည်းပညာ ဝန်ဆောင်မှုများ စမ်းသပ်အသုံးပြုနိုင်ပြီဖြစ် အောက်တိုဘာ ၂၉၊ ၂၀၂၆ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် 5G ဆက်သွယ်ရေးနည်းပညာ ဝန်ဆောင်မှုများ စမ်းသပ်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။ နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဆက်သွယ်ရေးစခန်းများတွင် 5G ဆက်သွယ်ရေးနည်းပညာ အကောင်အထည်ဖော်နေမှု၊ ကွန်ရက်ချိတ်ဆက် ဆောင်ရွက်ထားရှိမှု၊ ဆက်သွယ်ရေးစက်ပစ္စည်းများ တပ်ဆင်အသုံးပြုနေမှုနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုတို့ကို ယနေ့တွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ထိုသို့ ကြည့်ရှုစဉ် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများမှ တာဝန်ရှိသူများက 5G ဆက်သွယ်ရေးကွန်ရက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ စခန်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ ကွန်ရက်လွှမ်းခြုံမှု တိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်များနှင့် နည်းပညာဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက 5G ဆက်သွယ်ရေးနည်းပညာသည် မြန်နှုန်းမြင့် ဒေတာဆက်သွယ်မှု၊ အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်ဖလှယ်မှုနှင့် ဒီဂျစ်တယ်နည်းပညာ အခြေပြုဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် နည်းပညာတစ်ရပ်ဖြစ်ကြောင်း၊ သို့ဖြစ်၍ 5G ဆက်သွယ်ရေးကွန်ရက်များ အကောင်အထည်ဖော်ရာတွင် နည်းပညာစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်၊ ကွန်ရက်တည်ငြိမ်ကောင်းမွန်မှုနှင့် ဝန်ဆောင်မှုအရည်အသွေး ပြည့်မီစေရန်၊ ဆက်သွယ်ရေးစက်ပစ္စည်းများ၏ လုပ်ငန်းဆောင်ရွက်နိုင်မှုနှင့် ထိန်းသိမ်းပြုပြင်မှုများကို စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားသည်။ 5G ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် ဒီဂျစ်တယ်စီးပွားရေး၊ စမတ်မြို့ပြဖွံ့ဖြိုးရေး၊ အင်တာနက်အခြေပြု ဝန်ဆောင်မှုများနှင့် နည်းပညာအသုံးချလုပ်ငန်းများ တိုးတက်လာစေရန် အထောက်အကူပြုမည်ဖြစ်သဖြင့် ဆက်သွယ်ရေးကွန်ရက်များ အရည်အသွေး ပြည့်မီစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများမှ ဆောင်ရွက်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
29 жовт, 09:24