uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 464 obunachidan iborat bo'lib, Yangiliklar & Media toifasida 15 923-o'rinni va Myanma mintaqasida 10 081-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 464 obunachiga ega bo‘ldi.

02 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -216 ga, so‘nggi 24 soatda esa -9 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 9.95% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 6.72% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 241 marta ko‘riladi; birinchi sutkada odatda 838 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 15 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 03 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 464
Obunachilar
-924 soatlar
-217 kunlar
-21630 kunlar
Postlar arxiv
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၃၄ / ၂၀၂၆ ) ၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျ
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၃၄ / ၂၀၂၆ ) ၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ( ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ လ ၉ ရက် ) ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နိုင်ငံရေးပါတီအလိုက် ခိုင်လုံမဲရရှိမှု အခြေအနေ ထုတ်ပြန်ကြေညာခြင်း

🇺🇸🤝🇦🇺"အမေရိကန်က ဩစတြေးလျ၏ စတာလင် (Stirling) ရေတပ်အခြေစိုက်စခန်းကို တရုတ်နှင့်ဖြစ်ပွားနိုင် ခြေရှိသော ပဋိပက္ခများအတွက် လက
+1
🇺🇸🤝🇦🇺"အမေရိကန်က ဩစတြေးလျ၏ စတာလင် (Stirling) ရေတပ်အခြေစိုက်စခန်းကို တရုတ်နှင့်ဖြစ်ပွားနိုင် ခြေရှိသော ပဋိပက္ခများအတွက် လက်နက်တိုက်သဖွယ် ပြောင်းလဲနေ" အမေရိကန်ပြည်ထောင်စုသည် 'တရုတ်ခြိမ်းခြောက်မှု' ဟူသော စကားရပ်ကို အသုံးချကာ အနောက်ဩစတြေးလျ၊ ဂါးဒန် (Garden) ကျွန်းရှိ တော်ဝင်ဩစတြေးလျရေတပ်၏ HMAS Stirling အခြေစိုက် စခန်းတွင် အကြီးစားတည်ဆောက် ရေးလုပ်ငန်းများအတွက် ငွေကြေးအမြောက်အမြား ပံ့ပိုးပေးလျက်ရှိသည်။ 🚢 ဩစတြေးလျ ရေငုပ်သင်္ဘောအေဂျင်စီ (ASA) ၏ အဆိုအရ အမေရိကန်သည် ၎င်း၏ ဗာဂျီးနီးယား အမျိုးအစား (Virginia-class) နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောလေးစင်းအထိ ထိုနေရာတွင် တပ်စွဲထားရန် စီစဉ်နေပြီး ပထမဆုံးအသုတ်မှာ ၂၀၂၇ ခုနှစ်တွင် စတင်ရောက်ရှိမည်ဖြစ်သည်။ 🚢 AUKUS စာချုပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အနောက်ဘက်ဒေသအလှည့်ကျ ရေငုပ်သင်္ဘောတပ်ဖွဲ့ (SRF-West) အစီအစဉ်အရ ဗြိတိန်၏ Astute-class ရေငုပ်သင်္ဘောတစ်စင်းကိုလည်း တပ်ဖြန့် ထားမည်ဖြစ်သည်။ 🚢 ဤတပ်ဖွဲ့ကို အိန္ဒိယသမုဒ္ဒရာနှင့် အနောက်ပစိဖိတ်ဒေသတို့တွင် အမေရိကန်နှင့် ၎င်း၏မဟာမိတ် များအတွက် ရှေ့တန်းရောက် ရေအောက် စစ်ဆင်ရေးစွမ်းရည်ရရှိစေရန် ရည်ရွယ်၍ အတိအလင်းဖွဲ့စည်းထားခြင်းဖြစ်သည်။ 🇦🇺 အင်ဒို-ပစိဖိတ်ဒေသအတွင်း အမေရိကန် ဦးဆောင်သည့် စစ်ရေးအင် အား တိုးချဲ့မှုတွင် ပူးပေါင်းရန် စိတ်အားထက်သန်နေသော ဩစတြေးလျအစိုးရသည် စတာလင် အခြေစိုက်စခန်း အဆင့်မြှင့်တင် ရန်အတွက် ဒေါ်လာ ၅.၆ ဘီလီယံခန့် သုံးစွဲမည်ဟု ကြေညာထားသည်။ ၎င်းတွင် အောက်ပါတို့ ပါဝင်သည်။ 🚢 နျူကလီးယား ရေယာဉ်များအတွက် အဆင့်မြင့် ဆိပ်ခံတံတားများ 🏫 အဆင့်မြင့် လေ့ကျင့်ရေးစင်တာများ 🏠 အမေရိကန် စစ်မှုထမ်း ရာနှင့်ချီအတွက် နေအိမ် အဆောက်အအုံများ ☢️ ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်း ထိန်းသိမ်းရေး အဆောက်အအုံများ ထို့အပြင် နျူကလီးယားစွမ်းအင် သုံး ရေငုပ်သင်္ဘောများကို ပြုပြင် ထိန်းသိမ်းနိုင်မည့် ရေလုံသင်္ဘောကျင်းများ ပါဝင်သော အနီးနားရှိ Henderson ပြုပြင်ထိန်းသိမ်းရေးဇုန်အတွက်လည်း နောက်ထပ် ဒေါ်လာ ၈.၄ ဘီလီယံ လျာထားသည်။ ❓အဘယ်ကြောင့် Stirling ဖြစ်သနည်း? ဤရေတပ်စခန်းသည် ဂူအမ် (သို့မဟုတ်) ဟာဝိုင်အီရှိ အမေရိကန်အခြေစိုက်စခန်းများထက် တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်ရေလက်ကြားကဲ့သို့သော ပဋိပက္ခဖြစ်ပွားနိုင်ခြေရှိသည့် နေရာများနှင့် ပိုမိုနီးကပ်သောကြောင့်ဖြစ်သည်။ 🚢 ရေငုပ်သင်္ဘောများ သွားလာရမည့်အချိန်ကို လျှော့ချနိုင်သဖြင့် အရေးပေါ်အခြေအနေများတွင် ပိုမိုလျင်မြန်စွာ တုံ့ပြန်နိုင်မည်ဖြစ်သည်။ 🚢 ၎င်းရေငုပ်သင်္ဘောများသည် တရုတ်ရေတပ်စုများကို နောက်ယောင်ခံလိုက်ခြင်း၊ ထောက်ောက်ပံ့ရေးလမ်းကြောင်းများကို နှောင့်ယှက်ခြင်း သို့မဟုတ် သတင်းအချက်အလက်များကို မရိပ်မိအောင် စုဆောင်းခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။ 🇨🇳 ⚠️တရုတ်နိုင်ငံကမူ ဩစတြေးလျကို အမေရိကန်၏ "လက်ကိုင် တုတ်" အဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ပြီး AUKUS ကြောင့် ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုများ ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သည်။ News Of Myanmar NOM

ကျော်မိုးထွန်းခင်ဗျာမှာလည်း ရှင်းလေ ၊ရှင်းလေ ထပ်ရှုပ်လေ ဆိုတဲ့ ပုံစံ ဖြစ်နေတာ တွေ့ရတယ်။ ----- ကိုသန်းလွင်ထွန်း ထောက်ပြတာက ရှင်းရှင်းလေး ရယ်။ မြန်မာကုလသမဂ္ဂရုံးမှာ အရံ ငွေ အဖြစ် ထားထားတဲ့ ဒေါ်လာ ၂.၆ သန်း ကို စာရင်းရှင်းပေးဖို့ မန်းရှင်းခေါ်ထားတာ။ ဒါကလည်း UN ကနေ အမေရိကန်အပါအဝင် မြန်မာနိုင်ငံအနေနဲ့ နှစ်စဉ်ကြေး မသွင်းဘူးဆိုတဲ့ အကြွေးဖော်နိုတစ်စာမျိုး အများပြည်သူ သိအောင် ထုတ်ပြန်လာ မှ ပြည်သူ တွေက သိကြရတာ။ ------ ကျော်မိုးထွန်းဘက်က ရှင်းလာတာက ၂၀၂၁ ကနေ လက်ရှိကာလ ၂၀၂၆ အထိ အတွင်းမှာ ၃ ကြိမ် သွင်းခဲ့တယ်။ ပထမအကြိမ်က ၃ သိန်းကိုတော့ နိုင်ငံတော်အစိုးရ အကောင့်ထဲက ပေးသွင်းခဲ့သလို ဒုတိယနဲ့ တတိယအကြိမ်ကိုတော့ အမျိုးသား ညီညွှတ်ရေး အစိုးရ (NUG) ဆီက နေ အလှူခံ ပိုက်ဆံနဲ့ သွင်းခဲ့တယ်လို့ပြောတယ်။ ဒီကာလအတွင်းမှာ ကျော်မိုးထွန်း သုံးခဲ့တာ နိုင်ငံတော်ပိုက်ဆံ ဒေါ်လာ ၃ သိန်း၊ NUG ကပေးတာက (၆)သိန်း၊ စုစုပေါင်း (၉)သိန်းပဲ ရှိခဲ့တယ်။ ဒါပေမယ့် UN ထုတ်ပြန်ချက်ကို ကြည့်ရင် ကျော်မိုးထွန်းအနေနဲ့ UN မှာ ပြောဆိုခွင့်ရနိုင်ဖို့အတွက် တစ်စိတ်တပိုင်းလောက် ကိုပဲ ပေးချေခဲ့တယ်ဆိုတာ ပေါ်လွင်နေတယ်။ ------- ဒီတော့ ကျော်မိုးထွန်း ဖြေရမှာက နိုင်ငံတော်ပိုင်၊ တနည်းအားဖြင့် ပြည်သူတွေပိုင်တဲ့ Bank of America ထဲမှာရှိတဲ့ ဒေါ်လာ ၂.၆ သန်းကို လက်ရှိအချိန်မှာ ဘယ် အကောင့်ထဲ လွှဲပြောင်းထားသလဲ ။ ဘယ်သူ့ဆီမှာလဲ ဆိုတာပဲ ဖြေရမှာ။ ဒေါ်လာ ၂.၆ သန်းထဲက ပထမအကြိမ် ပေးသွင်းငွေ ဒေါ်လာ ၃ သိန်းကို ဖယ်လိုက်ရင်တောင် ဒေါ်လာ ၂.၃ သန်း ကျန်မယ့် အရေးမှာ ၊ နောက် ဒီပိုက်ဆံတွေကလည်း ပြည်သူ့ပိုက်ဆံတွေဖြစ်လို့ UN မှာ ပေးသွင်းရမယ့် အချိုးကျငွေကို ဘာကြောင့် ဆက်ပြီး အပြည့်အဝ မပေးချေရတာလဲ ဆိုတာကိုပဲ ဖြေရှင်းချက် ပေးရမှာမဟုတ်ဘူးလားပေါ့။ --------- တကယ်တော့ အရှင်းဆုံးပြောရရင် ....ခုံပျောက်မှာစိုးလို့ ၊ NUG ရဲ့ တရားဝင်မှုကို ရယူချင်လို့ NUG ဆီက ဒေါ်လာ ၆ သိန်းရယူပြီး UN ကို ပေးနေရတာ ခဏထား။ ခုမေးနေကြတာက ပြည်သူပိုင်တဲ့ ဒေါ်လာ ၂.၆ သန်းအကြောင်းကို ပဲ ဘယ်လို အခြေအနေ ဖြစ်နေလဲဆိုတာ ရှင်းပြရမှာဖြစ်တယ်လို့ပဲ ကိုယ်တော့ နားလည်တာပဲ။ ------------- ဒါကို မရှင်းပေးဘူးဆိုရင်တော့....ကျော်မိုးထွန်းက ပြည်သူ့ ပိုက်ဆံဖြစ်တဲ့ ဒေါ်လာ ၂.၆ သန်းကို ခိုးလိုက်ပြီ၊ တနည်းအားဖြင့် Bank of America ထဲကနေ ဒီအရေးအခင်းတွေ ဖြစ်လာချိန်မှာ ရည်ရွယ်ချက်ရှိရှိ ကိုယ်ပိုင် အကောင့်ထဲကို ပြောင်းလဲ ထည့်သွင်းလိုက်ပြီ လို့ပဲ သတ်မှတ်ရမှာပါပဲ။ (နရီမိုး)

လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အပ်စတိန်း (Jeffrey Epstein) က အမှုဖွင့်ခံရသည့်နေ့တွင်ပင် သူ၏ကျွန်းသို့ ဆာလ်ဖျူရစ်အက်ဆစ်များ မှာယူခဲ့
+1
လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အပ်စတိန်း (Jeffrey Epstein) က အမှုဖွင့်ခံရသည့်နေ့တွင်ပင် သူ၏ကျွန်းသို့ ဆာလ်ဖျူရစ်အက်ဆစ်များ မှာယူခဲ့ ၂၀၁၈ ခုနှစ်တွင် FBI မှ ဂျက်ဖရီ အပ်စတိန်းအား ကလေးသူငယ် လိင်ကုန်ကူးမှုဖြင့် စတင်စုံစမ်းစစ် ဆေးပြီး အမှုဖွင့်လိုက်သည့် ထိုနေ့၌ပင် အပ်စတိန်းသည် ၎င်းပိုင် ဆိုင်သော ကိုယ်ပိုင်ကျွန်းသို့ ပို့ဆောင်ရန် ၅၅ ဂါလံဆံ့ ဆာလ်ဖျူရစ်အက်ဆစ် (Sulfuric acid) ပုံး ခြောက်ပုံးကို မှာယူခဲ့သည်။ ဆာလ်ဖျူရစ်အက်ဆစ်ကို စက်မှုလုပ်ငန်းသုံး သန့်ရှင်းရေးလုပ်ငန်းများ၊ ဓာတုဗေဒဆိုင်ရာ လုပ်ငန်းစဉ်များတွင် အသုံးပြုလေ့ရှိသလို သက်သေအထောက်အထားများကို ဖျက်ဆီးရာတွင်လည်း အသုံးပြုကြသည်။ News Of Myanmar NOM

မိုးကုတ်မြို့နယ်၊ အောင်သစ်လွင်ကျေးရွာအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီး၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူလေးဦးထိခိုက်ဒဏ်ရာရ NOM ဖေဖော်ဝါရီ ၉၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ အောင်သစ်လွင်ကျေးရွာအတွင်းသို့ ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီး၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီး ၅ လုံး၊ ရှော့တိုက်ဒုံးသီး ၂ လုံးကျရောက်ပေါက် ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်သည့် မောင်ဝင်းနိုင်ဦး (၁၉) နှစ်၊ မောင်ချစ်ကို (၁၉) နှစ်၊ မောင်ဇေယျာမြင့်မြတ် (၁၈) နှစ်နှင့် မောင်ကြယ်စင်ကိုကို (၁၄) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ၎င်းတို့၏နေအိမ်အသီးသီး၌ ဆေးကုသပေးလျက်ရှိကြောင်းသိရသည်။ News Of Myanmar NOM

မတ္တရာမြို့နယ်၊ မြွေပုန်ကန်ကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် နေအိမ်သို့ပြန်လာသည့်
မတ္တရာမြို့နယ်၊ မြွေပုန်ကန်ကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် နေအိမ်သို့ပြန်လာသည့် အပြစ်မဲ့ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ NOM ဖေဖော်ဝါရီ ၉၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မတ္တရာမြို့နယ်၊ မြွေပုန်ကန်ကျေးရွာနေ ဒေါ်လှမြင့်ကြည် (၄၇) နှစ်သည် ဇီးကုန်းကျေးရွာမှ မြွေပုန်ကန်ကျေးရွာသို့ ပြန်လာစဉ် ၎င်း၏နေအိမ်အနီးအရောက် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

မုံရွာမြို့နယ်၊ ဘုန်းစိုးရပ်ကွက်နေ သားအဖနှစ်ဦးကို PDF အကြမ်းဖက်ဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားသည့်အပြင် နေအိမ်မှ ရွှေထည် ပစ္စည်းများနှင့် ငွေကျပ်သိန်း ၆၀ ကိုလည်း လုယက်ယူဆောင်သွား NOM ဖေဖော်ဝါရီ ၉၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဘုန်းစိုးရပ်ကွက်နေ ဦးစေလှိုင်ဝင်း (၄၂) နှစ်သည် ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးက မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိ လာပြီး နေအိမ်အတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ (အလေးချိန် ၃ ကျပ် ၅ မူး ၂ ရွေးခန့်) နှင့် ငွေကျပ် သိန်း ၆၀ ခန့်တို့အား လုယက်ယူဆောင် ကာ ဦးစေလှိုင်ဝင်းနှင့် ၎င်း၏သမီးဖြစ်သူ မဆန္ဒသခင် (၁၃) နှစ်တို့အား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ဖေဖော်ဝါရီလ၉ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာ၏ဝန်ကြီးချုပ်ရုံးအကြီးအကဲ လည်းဖြစ်ဝန်ကြီးချုပ်၏နောက်က
+4
ဖေဖော်ဝါရီလ၉ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာ၏ဝန်ကြီးချုပ်ရုံးအကြီးအကဲ လည်းဖြစ်ဝန်ကြီးချုပ်၏နောက်ကွယ်မှလက်မည်းကြီးဟု နံမည်ကြီးသည့်မော်ဂင်မက်ဆွီနေးသည်ရာထူးမှနှုတ်ထွက်သွားသည်။(ဓါတ်ပုံ) ၂။သြစတေလျနိုင်ငံဆစ်ဒနီမြို့တွင်အစ္စရေးအပေါ်ကန့်ကွက်ဆန္ဒပြသူများကိုရဲများကထိုးကြိတ်လူစုခွဲလျက်ရှိသည်။(ဗီဒီယို) ၃။ အစိုးရကိုပြင်းထန်စွာဝေဖန်လေ့ရှိသောဟောင်ကောင်မီဒီယာသူဌေးကြီးဂျင်မီလိုင်းကိုအမျိုးသားလုံခြုံရေးဥပဒေဖြင့်ယနေ့ထောင်ဒဏ်နှစ်၂၀ချလိုက်သည်။(ဓါတ်ပုံ) ၄။လက်ဘနွန်နိုင်ငံတိုင်ယာခရိုင်၊ယွန်နိုအတ်မြို့တွင်ကားတစ်စီးကိုအစ္စရေးလေတပ်ကပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာလက်ဘနွန်စစ်တပ်မှအငြိမ်းစားစစ်သား၊သူ၏သားယွန်နိုအက်မြို့တော်ဝန်နှင့်မြေးဖြစ်သူတို့သေဆုံးသွားသည်။(ဗီဒီယို) ၅။ သြစတေလျဝန်ကြီးချုပ်နှင့်အင်ဒိုနီးရှားသမ္မတသည်ယနေ့ဂျာကာတာမြို့တော်တွင်နှစ်နိုင်ငံကာကွယ်ရေးစာချုပ်လက်မှတ်ရေးထိုးကြသည်။(ဓါတ်ပုံ)

Repost from NOM
ထိုင်းနိုင်ငံက စာသင်ကျောင်းတခုမှာ အိမ်စာမလုပ်လာတဲ့ ကျောင်းသားတဦးကို ဆရာမက ထိုင်ထ အခါ ၈၀၀ အထိ လုပ်ခိုင်းကာ အပြစ်ပေးခဲ့ပြီးနောက
ထိုင်းနိုင်ငံက စာသင်ကျောင်းတခုမှာ အိမ်စာမလုပ်လာတဲ့ ကျောင်းသားတဦးကို ဆရာမက ထိုင်ထ အခါ ၈၀၀ အထိ လုပ်ခိုင်းကာ အပြစ်ပေးခဲ့ပြီးနောက် အဆိုပါကျောင်းသားကို ဆေးရုံပို့ပေးလိုက်ရတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်နေချိန်အတွင်း ဆရာမကို တာဝန်ပြန်လည်ခန့်အပ်ခဲ့တယ်လို့လည်း သိရပါတယ်။ News Of Myanmar NOM

တရုတ်ကဂြိုဟ်တုဖျက်လက်နက်တီထွင် NOM တရုတ်သုတေသီများက ကမ္ဘာ့ပထမဆုံး ပါဝါမြင့် မိုက်ခရိုဝေ့ဖ် (HPM) လက်နက်အတွက် "သေးငယ် သောမောင်
တရုတ်ကဂြိုဟ်တုဖျက်လက်နက်တီထွင် NOM တရုတ်သုတေသီများက ကမ္ဘာ့ပထမဆုံး ပါဝါမြင့် မိုက်ခရိုဝေ့ဖ် (HPM) လက်နက်အတွက် "သေးငယ် သောမောင်းနှင်မှုစနစ်’ကို တီထွင်ခဲ့ကြောင်း ပြောဆိုသည်။ ၎င်းသည် စက္ကန့် ၆၀ အတွင်း စွမ်းအင် ၂၀ ဂစ်ဂါဝပ်အထိ ထုတ်လုပ်နိုင်သော ကိရိယာတစ်ခုဖြစ်သည်။ ဤတိုးတက်မှုသည် အမေရိကန်နည်းပညာကုမ္ပဏီ SpaceX ပိုင်ဆိုင်သော "Starlink" ဂြိုဟ်တုများအပါအဝင် ကမ္ဘာပတ်လမ်းနိမ့်ဂြိုဟ်တုအစုအဝေးကြီးများအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။

မြန်မာ–ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားယာဉ်ဖြတ်သန်းခွင့်ကို တန်ချိန်အလိုက် ကောက်ခံမည် NOM၊ဖေဖော်ဝါရီ၉၊၂၀၂၆ မြန်မာ–ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား ကို ဖြတ်သန်းမည့် ယာဉ်များကို ဖေ​ဖော်ဝါရီ ၁၂ မှစပြီး တန်ချိန်အလိုက် ကျပ် ၅၀၀ ကနေ ကျပ် ၄၀၀၀ အထိ ကောက်ခံမည်ဟု ​ဆောက်လုပ်​ရေးဝန်ကြီးဌာနက အသိပေးထားကြောင်းသိရသည်။ မြန်မာ–ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား ကို ​ဖေ​ဖော်ဝါရီ ၆ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး တံံတား​ပေါ်က ​မော်​တော်ယာဥ်​တွေ ဖြတ်သန်းခကို ​ဖေ​ဖော်ဝါရီ ၁၁ ရက်အထိ ကင်းလွတ်ခွင့်​ပေးထားကြောင်းသိရသည်။ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား၏ တံတားအသုံးပြုခ ကောက်ခံနှုန်း​များမှာ အိမ်စီးကား (၃) တန်အောက် (၅၀၀ ကျပ်)၊ ခရီးသည်တင်ယာဉ် (ငယ်)၆ တန် (၁၀၀၀ ကျပ်) ၊ ၂၁ တန် (၂၀၀၀ ကျပ်) ၊ ကုန်တင်ကား (ငယ်) ၂၁ တန် (၄၀၀၀ ကျပ်) တို့ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် တောင်ငူ ခရိုင်၊ သာယာဝတီခရိုင်၊ ပြည်ခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့အတွင်း၌ လိုင်စင်မဲ့ယာဉ်တစ်စီး၊ လိုင်စင်မဲ့ဆိုင်ကယ် ငါးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၅၅၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ သက္ကလမြို့နယ် ဇွဲတွန်စစ်ဆေးရေးဂိတ်၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန် ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၄၂၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Light Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၁၉၂၀၀၀ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။ ယင်းအပြင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁ ရက်တွင် မကွေးမြို့နယ် အတွင်း၌ တရားမဝင်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်းသုံးလုံး၊ Mytel Wifi စက် တစ်လုံးနှင့် ငွေစက္ကူရောရာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၂၂၇၀၀)ကို လောင်းကစားဥပဒေအရလည်းကောင်း၊ မင်းဘူးမြို့နယ် ကြီးပင်ကန်(၂)ကျေးရွာရှိ နေအိမ်တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၄၅ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၇၁၅၀၀)ကို အမျိုးသားဆေးဝါးဥပဒေအရလည်းကောင်း၊ မင်းဘူးမြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့ယာဉ်တစ်စီးနှင့် လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၃၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေ အရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၂၉၄၂၀၀ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။ ထို့အတူ မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ ရက်တို့တွင်ရေးခရိုင်၊ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့အတွင်း၌ လိုင်စင်မဲ့ယာဉ်နှစ်စီးနှင့် လိုင်စင်မဲ့ဆိုင်ကယ်ငါးစီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၀၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ အလားတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များ က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၂၉ ရက်တွင် ဖျာပုံမြို့နယ် အမှတ် (၁၂) ရပ်ကွက်၌ လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်သုံးဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး၊ လျှပ်စစ်ပစ္စည်းသုံးမျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၃၆၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်၊ ၂၆ ရက်၊ ၂၉ ရက်၊ ဖေဖော်ဝါရီ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၃၁)မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၅၉၈၉၂၀၀)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် တင်သွင်းမှုများကြောင့် သွင်းကုန်အစားအထိုး ပြည်တွင်းကုန်ထုတ် လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စားလုပ်ငန်းများကို ထိခိုက်နစ်နာမှုများဖြစ်ပေါ်စေပြီး နိုင်ငံ၏စီးပွားရေးဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်ပါသည်။ သို့ဖြစ်ပါ၍ ၎င်းတရားမဝင်တင်သွင်းမှု များအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှသိရသည်။ News Of Myanmar NOM

တရားမဝင်သစ်မျိုးစုံ၊ စက်သုံးဆီများ၊ ရွှေသတ္တုတူးဖော်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ယာဉ်များနှင့် လိုင်စင်မဲ့ဆိုင်ကယ်များ သိမ်းဆည်းရမိ နေပြည်တော် ဖေဖော်ဝါရီ ၈ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ ရက်တို့တွင် စစ်ကိုင်းမြို့နယ် ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း ကိုးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၇၅၄၀၀၀)နှင့် လိုင်စင်မဲ့ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၀၀၀၀၀၀) ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း၊ စစ်ကိုင်းမြို့နယ် နန္ဒဝန်ရပ်ကွက်၌ တရားမဝင် စက်သုံးဆီဓာတ်ဆီ ၈၁ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁၀၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ အရလည်းကောင်း၊ စစ်ကိုင်းမြို့နယ် ရွာတောင်ရပ်ကွက်၌ တရားမဝင်ရွှေသတ္တုတူးဖော်ရာတွင် အသုံးပြုသည့် မုံအိုးလေးလုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၀၀၀၀)ကို မြန်မာ့သတ္တုတွင်းဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၄၉၇၆၄၀၀၀)ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၃၁ ရက်တွင် ဖြူးမြို့နယ်နှင့် တောင်ငူမြို့နယ်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၉၅၄ တန်၊ အခြား သစ် ၁ ဒသမ ၉၄၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၃၁၂၄၈)ကို သစ်တော ဥပဒေအရလည်းကောင်း၊ ပြည်မြို့နယ်၊ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်နှင့် ဘုရားကြီးမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့ဆိုင်ကယ်လေးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၅၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၈၁၂၄၈ ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။ ယင်းအပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း နှစ်မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၆၅၈၀၀၀ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ ရက်တို့တွင် ဖမ်းဆီး ရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၄ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၉၀၃၂၄၈)ကို ဖမ်းဆီးရမိခဲ့သည်။ နေပြည်တော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၂၆ ရက်တွင် ဒက္ခိဏသီရိမြို့နယ် စီလမ်းဆုံစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။ ထို့အတူ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၅ ရက်တွင် ဘားအံမြို့နယ် သံလွင် တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၆၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Succeed တစ်စီး၊ Toyota Probox တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၂၆၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များ က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် မုံရွာမြို့နယ် နန္ဒဝန်ရပ်ကွက်၌ လိုင်စင်မဲ့ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၀၀၀၀၀၀)ကိုလည်းကောင်း၊ စစ်ကိုင်းမြို့နယ် ရတနာပုံ တံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း အမျိုး ၄၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၄၃၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၃၄၃၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

တရားမဝင်သစ်မျိုးစုံ၊ စက်သုံးဆီများ၊ ရွှေသတ္တုတူးဖော်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ယာဉ်မျာ
တရားမဝင်သစ်မျိုးစုံ၊ စက်သုံးဆီများ၊ ရွှေသတ္တုတူးဖော်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ယာဉ်များနှင့် လိုင်စင်မဲ့ဆိုင်ကယ်များ သိမ်းဆည်းရမိ

ပြည်ထောင်စုနေ့အခမ်းအနားကျင်းပစဉ် ယာဉ်လမ်းကြောင်း ပြောင်းလဲသတ်မှတ် NOM၊ဖေ‌ဖော်ဝါရီ၉၊၂၀၂၆ (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင်အစမ်းလေ့ကျင့်ခြင်းနှင့်၁၂ရက်နေ့တွင်ပြည်ထောင်စုနေ့သ၀ဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ပြည်သူ့ရင်ပြင်တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။ ထိုသို့ ကျင်းပ ပြုလုပ်ရာတွင် အခမ်အနားစတင်ချိန်မှ ပြီးဆုံးသည်အထိ ပြည်လမ်းကို ခေတ္တပိတ်ထားမည်ဖြစ်၍ ပြည်လမ်းအတိုင်း မြောက်မှ ‌တောင်သို့ မောင်းနှင်‌ သောယာဉ်များသည် မြေနီကုန်းတံတားအောက်မီးပွိုင့်တွင် ယာဘက်သို့့ချိုး‌ ကွေ့၍ အောက်ကြည့်မြင်တိုင်လမ်းသို့လည်း‌ ကောင်း၊ ပြည်လမ်းအတိုင်း တောင်မှ မြောက်သို့ မောင်းနှင်လာ‌ သောယာဉ်များသည် ပြည်ထောင်စုရိပ်သာလမ်းဝဲဘက်သို့ချိုး‌ ကွေ့၍ ခရေပင်လမ်း၊ အလုံလမ်းမှတစ်ဆင့် အောက်ကြည့်မြင်တိုင်လမ်းသို့လည်း‌ ကောင်း ဆက်လက်မာင်းနှင်ကြရန် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိပေး နှိုးဆော်ထား‌ ကြောင်းသိရသည်။

🇱🇾 🔥 လစ်ဗျားတပ်မတော်၏ ကျည်စစ်အသုံးပြု လေ့ကျင့်မှုတစ်ခုအတွင်း တင့်ကားတစ်စီးအတွင်း၌ တင့်ကားအမြောက်ကျည်တစ်ခု မတော်တဆပေါက်ကွဲမှုကြောင့် စစ်သည်တစ်ဦး သေဆုံးပြီး အခြားစစ်သည်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ News Of Myanmar NOM

နတ်တလင်းမြို့နယ်ရှိ PDF ကင်းစခန်းတစ်ခုကို တပ်မေတာ်က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့မှုကြောင့် PDF အကြမ်းဖက်သမား ၆ ဦးသေဆုံးခဲ့ NOM ဖေ
နတ်တလင်းမြို့နယ်ရှိ PDF ကင်းစခန်းတစ်ခုကို တပ်မေတာ်က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့မှုကြောင့် PDF အကြမ်းဖက်သမား ၆ ဦးသေဆုံးခဲ့ NOM ဖေဖော်ဝါရီ ၉၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ နတ်လင်းမြို့နယ်၊ ကျေးရွာတစ်ရွာ​၏ အပြင်ဘက်ရှိ PDF အကြမ်းဖက်သမားများကင်းစခန်းပြုလုပ်ထားသည့် နေအိမ်တစ်လုံးကို ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၈ နာရီ အချိန်ခန့်၌ တပ်မတော်က ဒရုန်းများဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် PDF အကြမ်းဖက်သမားခြောက်ဦးသေဆုံးခဲ့ပြောင်းသိရသည်။ သေဆုံးသူများမှာ အကြမ်းဖက် PDF သာယာဝတီခရိုင်တပ်ရင်း ၁၊ တပ်ခွဲ ၄ မှ နေကြီး၊ ရှိုင်းလေး၊ မဲလုံး၊ ကြွက်နီ၊ မိုးဆက်၊ နောက်တိုးတို့ဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

Repost from NOM
၂၀၂၂ အတွင်းက ကွယ်လွန်ခဲ့တဲ့ ဘုရင်မကြီး အယ်လီဇဘက်ကို အောက်မေ့ဖွယ်အဖြစ် ထုတ်လုပ်ခဲ့တဲ့ ၂ပေါင်ခွဲတန် ဒင်္ဂါးပြားနဲ့ ၂၆ ပဲနိတန် င
+1
၂၀၂၂ အတွင်းက ကွယ်လွန်ခဲ့တဲ့ ဘုရင်မကြီး အယ်လီဇဘက်ကို အောက်မေ့ဖွယ်အဖြစ် ထုတ်လုပ်ခဲ့တဲ့ ၂ပေါင်ခွဲတန် ဒင်္ဂါးပြားနဲ့ ၂၆ ပဲနိတန် ငွေဒင်္ဂါးပြားတွေပေါ်က ဘုရင်မကြီးရဲ့ ရုပ်ပုံဟာ ကာတွန်းဇာတ်ကောင် Shrek နဲ့ တူနေတယ်လို့ လှောင်ပြောင်ခံနေရပါတယ်။ အယ်လီဇဘက်ဘုရင်မကြီး မွေးဖွားခြင်း နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ်နဲ့ Royal Australian Mint က ထုတ်လုပ်ခဲ့ရာမှာ ဒင်္ဂါးပြားပေါ်မှာ သူမရဲ့ မျက်နှာပုံနဲ့အတူ ကော်ဂီခွေး၊ မြင်းတွေနဲ့ ဝန်းရံခဲ့ပြီး ရှေ့မျက်နှာစာက သူမရဲ့ ရုပ်ပုံလွှာဟာ ဘုရင်မကြီးနဲ့ နည်းနည်းလေတောင် မတူဘူးလို့ ဝေဖန်နေကြပါတယ်။ ကာတွန်းဇာတ်ကောင် Shrek နဲ့ တူတယ်လို့ တချို့က ပြောဆိုခဲ့ပြီး မှတ်ချက်ပေးသူ နောက်တဦးကတော့ “သူမက သွားတိုက်ဖို့ မေ့နေတာလား” လို့ ရေးသားခဲ့ကာ နောက်ထပ်တဦးက “ဘုရင်မကြီးက နံရံကို ဝင်တိုက်မိသွားပုံရတယ်” လို့ ပြောဆိုခဲ့ပါတယ်။ News Of Myanmar NOM

Repost from NOM
လန်ဒန်ကနေ တဲလ်အဗစ်ကို ပျံသန်းလာခဲ့တဲ့ Wizz Air လေယာဉ်ပေါ်မှာ ခရီးသည်တဦးက WiFi နာမည်ကို အကြမ်းဖက်သမားလို့ ပြောင်းလဲခဲ့ပြီး ခရီ
လန်ဒန်ကနေ တဲလ်အဗစ်ကို ပျံသန်းလာခဲ့တဲ့ Wizz Air လေယာဉ်ပေါ်မှာ ခရီးသည်တဦးက WiFi နာမည်ကို အကြမ်းဖက်သမားလို့ ပြောင်းလဲခဲ့ပြီး ခရီးသည်တွေဆီ ခြိမ်းခြောက်စာတွေ ပို့ခဲ့တဲ့နောက် အစ္စရေးတိုက်လေယာဉ်တွေဟာ ကြားဖြတ်ဟန့်တားဖို့ အမြန်လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ လေယာဉ်ဟာ လူတန်လေဆိပ်ကနေ ဘင်ဂူရီယန်လေဆိပ်ဆီ ပျံသန်းနေချိန်မှာ ဖြစ်ပွားခဲ့တာပါ။ လေယာဉ်ကို အန္တရာယ်ပြုဖို့ ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး စိုးရိမ်စရာတွေ ဖြစ်စေခဲ့တဲ့ ပုံမှန်မဟုတ်တဲ့ မက်ဆေ့ချ်တွေကို ခရီးသည်တိုင်းရရှိခဲ့ပြီး လေယာဉ်အမှုထမ်းတွေက ဘင်ဂူရီယန်လေဆိပ်က ထိန်းချုပ်ခန်းကို အကြောင်းကြားခဲ့ပြီး တိုက်လေယာဉ်တွေ လိုက်ပါဖို့ကို တောင်းဆိုခဲ့ပါတယ်။ အာဏာပိုင်တွေရဲ့ စုံစမ်းမှုမှာ ခရီးသည်တဦးက WiFi နာမည်ကို “အကြမ်းဖက်သမား (terrorist)” လို့ ပြောင်းလိုက်ပြီး အခြားခရီးသည်တွေဆီ ခြိမ်းခြောက်စာပို့ခဲ့တယ်လို့ ယုံကြည်နေကြပါတယ်။ လေယာဉ်ကတော့ ဘေးကင်းကင်းနဲ့ ဆင်းသက်နိုင်ခဲ့ပြီး အကြမ်းဖက်တာမျိုးမဖြစ်ခဲ့ဘူးလို့လည်း သိရပါတယ်။ News Of Myanmar NOM

😠 ⚔️🇻🇪 ထရမ့်နှင့် အိမ်ဖြူတော်သည် ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာ မာချာဒိုအပေါ် ပိုမိုစိတ်ပျက်လာနေ အိမ်ဖြူတော်အတွင်း
😠 ⚔️🇻🇪 ထရမ့်နှင့် အိမ်ဖြူတော်သည် ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာ မာချာဒိုအပေါ် ပိုမိုစိတ်ပျက်လာနေ အိမ်ဖြူတော်အတွင်းရှိ သတင်းရင်းမြစ်များကို ကိုးကား၍ Politico သတင်းဌာနက ဤသို့ဖော်ပြခဲ့သည်။ ၎င်းတို့၏ ပြောကြားချက်အရ ဗင်နီဇွဲလားနိုင်ငံတွင် ရွေးကောက်ပွဲများကို တစ်နှစ်အတွင်း ကျင်းပမည်ဟု မာရီယာက ထုတ်ဖော်ပြောဆိုခဲ့ခြင်းအပေါ် အမေရိကန်အရာရှိများက အထူးစိတ်အနှောင့်အယှက် ဖြစ်ခဲ့ကြကြောင်း၊ အမှန်တကယ် ဖြစ်နိုင်ခြေရှိသည့် အချိန်ကာလမှာ (၂၄) လခန့် ဖြစ်ကြောင်းသိရသည်။ "မာရီယာ ကိုရီနာ မာချာဒိုဟာ ထရမ့်အစိုးရအဖွဲ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို နှောင့်ယှက်ဖို့ ကြိုးစားနေတာပါ... သူဟာ အတ္တကြီးသူတစ်ယောက်ပဲ" ဟု သတင်းရင်းမြစ်တစ်ခုက ဆိုသည်။ "ဒါတွေအားလုံးဟာ 'မာရီယာ ကိုရီနာ မာချာဒို စီမံချက်' မဟုတ်ပါဘူး။ ဒါဟာ 'အမေရိကန် အမျိုးသားလုံခြုံရေး သေချာစေရေး စီမံချက်' သာဖြစ်ပြီး သူမနဲ့ ဘာမှမဆိုင်ပါဘူး။ သူမဟာ ဖျက်လိုဖျက်ဆီးလုပ်တဲ့ အချက်တစ်ချက်ဖြစ်နေပြီး အမေရိကန် အမျိုးသားလုံခြုံရေး ရည်မှန်းချက်တွေကို ဆန့်ကျင်ဘက်ဖြစ် အောင် လုပ်ဆောင်နေတာပါ" ဟု သတင်းရင်းမြစ်တစ်ခုက Politico သို့ ပြောကြားခဲ့သည်။ မာချာဒိုသည် ထရမ့်၏ စစ်မှန်သော ရည်မှန်းချက်များကို အရိပ်မိုးသွားစေရန်နှင့် သူမကိုယ်သူမ "တစ်ခုတည်းသော ကြယ်ပွင့်" ဖြစ်အောင် လုပ်ဆောင်နေမည်ကို အိမ်ဖြူတော်က စိုးရိမ်နေခြင်းဖြစ်သည်။ "သမ္မတကြီး ပြောကြားထားသလိုပဲ၊ ရွေးကောက်ပွဲတွေဟာ သင့်တော်တဲ့အချိန်မှာ ကျင်းပသွားမှာပါ။ ဒါပေမဲ့ ထရမ့်ဦးစားပေးတာက ဗင်နီဇွဲလားနိုင်ငံကို အသက်ပြန် သွင်းဖို့နဲ့ နိုင်ငံကို ပြန်လည်တည် ဆောက်ဖို့ပဲ ဖြစ်ပါတယ်" ဟု အိမ်ဖြူတော် ကိုယ်စားလှယ်တစ်ဦးက Politico သို့ပြောကြားခဲ့သည်။ News Of Myanmar NOM

News Of Myanmar - Telegram kanali @newsofmyanmar statistikasi va tahlili