uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 464 obunachidan iborat bo'lib, Yangiliklar & Media toifasida 15 923-o'rinni va Myanma mintaqasida 10 081-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 464 obunachiga ega bo‘ldi.

02 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -216 ga, so‘nggi 24 soatda esa -9 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 9.95% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 6.72% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 241 marta ko‘riladi; birinchi sutkada odatda 838 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 15 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 03 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 464
Obunachilar
-924 soatlar
-217 kunlar
-21630 kunlar
Postlar arxiv
+1
"အမေရိကန် သံတမန်တစ်ဦးသည် လိင်ရာဇဝတ်ကောင် အက်ပ်စတိန်း၏ ပါတီတစ်ခုတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးအား ကိုယ်ဝန်ရစေခဲ့" အမေရိကန် သံတမန်တစ်ဦးသည် 'လိင်ရာဇဝတ်ကောင် အက်ပ်စတိန်း၏ ပါတီတစ်ခုတွင် ၁၁ နှစ်အရွယ် မိန်းကလေးအား ကိုယ်ဝန်ရစေခဲ့' သော်လည်း မရိန်းတပ်ဖွဲ့ဝင် ဟောင်းတစ်ဦးက သူ၏ကိုယ်စား ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံနေရသည်။ "ဒီအန်အေ (DNA) စစ်ဆေးချက် ၁၀၀ ရာခိုင်နှုန်း ကိုက်ညီနေ' သော်လည်း ၂၀၁၁ မှ ၂၀၁၅ ခုနှစ် အထိ မက္ကဆီကိုနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဝိန်း (Wayne) ကမူ ဤစွပ်စွဲချက်ကို ငြင်းဆိုကြောင်း ရေးသားဖော်ပြထားသည်။ News Of Myanmar NOM

ရုရှားဗိုလ်ချုပ်ကြီးအားလုပ်ကြံသူကိုမော်စကိုသို့ဖမ်းဆီးခေါ်ဆောင် NOM ရုရှားထောက်လှမ်းရေးဒုတိယအကြီးအကဲဒုတိယဗိုလ်ချုပ်ကြီးအလက်ဆီကိုသေနတ်ဖြင့်ပစ်ခတ်ခဲ့သောယူကရိန်းထောက်လှမ်း ရေးတပ်ဖွဲ့ဝင်ဆားယက်ဗရီယာကိုဗတ်ကိုယူအေအီးနိုင်ငံတွင်ဖမ်းမိပြီးရုရှားနိုင်ငံသို့ပြန်လည်​ခေါ်ဆောင်ခဲ့သည်။

Repost from NOM
ဒီနှစ် နှောင်းပိုင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က အိမ်ဖြူတော်ကို အလည်အပတ်ခရီးစဉ် လာရောက်မယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ
ဒီနှစ် နှောင်းပိုင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က အိမ်ဖြူတော်ကို အလည်အပတ်ခရီးစဉ် လာရောက်မယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။ NBC News နဲ့ အင်တာဗျူးမှာ ထရမ့်က ပြောဆိုခဲ့တာဖြစ်ပြီး အမေရိကန်ဆီ ရှီကျင့်ဖျင်က မလာရောက်ခင် ဧပြီလအတွင်းမှာ ထရမ့်က တရုတ်ဆီ သွားရောက်မယ်လို့လည်း မျှော်လင့်ရကြောင်း အဆိုပါသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အင်တာဗျူးအစီအစဉ်မှာ ထရမ့်က သူနဲ့ ရှီတို့ကြားမှာ ကုန်သွယ်ရေး၊ ထိုင်ဝမ်အရေး၊ ယူကရိန်းစစ်ပွဲနဲ့ အီရန်အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ News Of Myanmar NOM

ယာယီသမ္မတMSMEထုတ်ကုန်ပြပွဲတက်ရောက်အားပေး NOM၊ဖေဖော်ဝါရီ၉၊၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရ
+1
ယာယီသမ္မတMSMEထုတ်ကုန်ပြပွဲတက်ရောက်အားပေး NOM၊ဖေဖော်ဝါရီ၉၊၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

🇳🇴 🏴‍☠️လိင်ရာဇဝတ်ကောင် အက်ပ်စတိန်းနှင့်ပတ်သက်သည့် ဖိုင်တွဲများကြောင့် နောက်ထပ် ရာထူးမှ နုတ်ထွက်မှု တစ်ခု ဖြစ်ပေါ် - နော်ဝေ
+1
🇳🇴 🏴‍☠️လိင်ရာဇဝတ်ကောင် အက်ပ်စတိန်းနှင့်ပတ်သက်သည့် ဖိုင်တွဲများကြောင့် နောက်ထပ် ရာထူးမှ နုတ်ထွက်မှု တစ်ခု ဖြစ်ပေါ် - နော်ဝေ သံအမတ်ကြီး ရာထူးမှ နုတ်ထွက် အက်ပ်စတိန်း ဖိုင်တွဲများထဲတွင် ဂျော်ဒန်ဆိုင်ရာနော်ဝေသံအမတ်ကြီး မိုနာ ယူးလ် (Mona Juul) ၏ အမည်ကို ၃၃ ကြိမ်တိုင်တိုင် ဖော်ပြထားသည်ကို တွေ့ရှိရပြီးနောက် မိုနာယူးလ်သည် ရာထူးမှနုတ်ထွက်သွားခဲ့သည်။ News Of Myanmar NOM

ဗန်းမောက်မြို့အား တပ်မတော်နှင့် ရှမ်းနီ SNA လုံခြုံရေးပူးပေါင်းတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်စဉ် သိမ်းဆည်းရရှိခဲ့သည့် KIA / P
+8
ဗန်းမောက်မြို့အား တပ်မတော်နှင့် ရှမ်းနီ SNA လုံခြုံရေးပူးပေါင်းတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်စဉ် သိမ်းဆည်းရရှိခဲ့သည့် KIA / PDF အကြမ်းဖက်အဖွဲ့​၏ အလောင်း/ လက်နက်များ News Of Myanmar NOM

🇺🇸 လိင်ရာဇဝတ်ကောင် အက်ပ်စတိန်း ဖိုင်တွဲများ (Epstein Files) ထဲမှာ ပါဝင်ပြီး အမည်ဖုံးကွယ် (Redacted) ထားခြင်းခံရသူတွေရဲ့ အမည်စာရင်းကို တရားရေးဝန်ကြီးဌာန (Department of Justice) က ထုတ်ပြန်ခြင်းမရှိဘူးဆိုရင် အဲဒီအမည်တွေကို လူသိရှင်ကြား စတင်ဖတ်ကြားသွားမယ်လို့ ကွန်ဂရက်လွှတ်တော်အမတ် သောမတ်စ် မက်ဆီ က ခြိမ်းခြောက်ပြောကြားလိုက်ပါ တယ်။ News Of Myanmar NOM

🇺🇸 လိင်ရာဇဝတ်ကောင် အက်ပ်စတိန်း ဖိုင်တွဲများ (Epstein Files) ထဲမှာ ပါဝင်ပြီး အမည်ဖုံးကွယ် (Redacted) ထားခြင်းခံရသူတွေရဲ့ အမည်စာရင်းကို တရားရေးဝန်ကြီးဌာန (Department of Justice) က ထုတ်ပြန်ခြင်းမရှိဘူးဆိုရင် အဲဒီအမည်တွေကို လူသိရှင်ကြား စတင်ဖတ်ကြားသွားမယ်လို့ ကွန်ဂရက်လွှတ်တော်အမတ် သောမတ်စ် မက်ဆီ က ခြိမ်းခြောက်ပြောကြားလိုက်ပါ တယ်။ News Of Myanmar NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားရင်ဆိုင်ကြားနာပွဲသို့ သွားရောက်ဖြေရှင်းခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ ဖေဖော်ဝါရီ ၈၊ ၂၀၂၆ News Of Myanmar NOM

+1
"စူပါဘိုးလ် (Super Bowl) ပွဲလယ်ဖျော်ဖြေမှုအပေါ် သမ္မတဒေါ်နယ် ဂျေထရမ့်​၏ ဝေဖန်ချက်" "စူပါဘိုးလ်ရဲ့ ပွဲလယ်ဖျော်ဖြေမှုဟာ တကယ်ကို ဆိုးရွားလွန်းလှပါတယ်။ သမိုင်းတစ်လျှောက်မှာ အညံ့ဖျင်းဆုံးတွေထဲက တစ်ခုပါပဲ။ ဒါဟာ ဘာအဓိပ္ပာယ်မှလည်း မရှိသလို အမေရိကရဲ့ ကြီးကျယ်ခမ်းနားမှုကို စော်ကားရာလည်း ရောက်ပါတယ်။ ကျွန်ုပ်တို့ရဲ့ အောင်မြင်မှု၊ ဖန်တီးနိုင်စွမ်းနဲ့ ထူးချွန်ပြောင်မြောက်မှုစံနှုန်းတွေကိုလည်း ကိုယ်စားမပြုပါဘူး။ ဒီလူ (ပေါ်တိုရီကိုနိုင်ငံသား လက်တင်အဆိုတော် ဘတ်ဒ် ဘန်နီ [Bad Bunny] ကိုရည်ညွှန်းခြင်းဖြစ်၊ ဘတ်ဒ် ဘန်နီသည် ဖျော်ဖြေမှုကို လက်တင်ဘာသာစကားဖြင့်သာပြုလုပ်သွား) ပြောနေတာတွေကို ဘယ်သူမှ နားမလည်ကြသလို ကပြပုံတွေကလည်း စက်ဆုပ်ရွံရှာစရာ ကောင်းလှပါတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနဲ့ တစ်ကမ္ဘာလုံးက ကြည့်ရှုနေကြတဲ့ ကလေးသူငယ်တွေအတွက် ပိုဆိုးပါတယ်။ ဒီ 'ဖျော်ဖြေပွဲ' ဆိုတာဟာ ကျွန်ုပ်တို့နိုင်ငံကို 'ပါးရိုက်လိုက်တာ' နဲ့ အတူတူပါပဲ။ ကျွန်ုပ်တို့နိုင်ငံဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး စတော့ဈေးကွက်နဲ့ 401(k) ပင်စင်စုဆောင်းငွေ အပါအဝင် နေ့စဉ်နေ့တိုင်း စံချိန်သစ်တွေနဲ့ စံနှုန်းသစ်တွေကို တင်ရှိနေတာပါ။ ဒီလို ရှုပ်ပွနေတဲ့ ပွဲလယ်ဖျော်ဖြေမှုမှာ စိတ်ဓာတ်တက်ကြွစရာ ဘာတစ်ခုမှ မရှိပါဘူး။ ကြည့်နေလိုက်ပါ၊ 'သတင်းတု မီဒီယာ (Fake News Media)' တွေကတော့ ဒါကို ကောင်းပါတယ်ဆိုပြီး ဝေဖန်ရေး ရေးကြပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ 'လက်တွေ့ကမ္ဘာ' မှာ ဘာတွေဖြစ်နေလဲဆိုတာကို နည်းနည်းလေးမှ မသိကြလို့ပါ။ ဒါနဲ့ စကားမစပ်၊ NFL အနေနဲ့ သူတို့ရဲ့ ရယ်စရာကောင်းတဲ့ 'ပြိုင်ပွဲစတင်ခြင်းစည်းမျဉ်းသစ်' ကိုလည်း ချက်ချင်း ပြောင်းလဲပစ်သင့်ပါတယ်။ အမေရိကကို ပြန်လည်ကြီးကျယ် အောင် လုပ်ဆောင်ကြစို့" News Of Myanmar NOM

🇺🇸🇹🇲 အမေရိကန်လေတပ်၏ C-17A Globemaster III နှင့် MC-130 Super Hercules အကြီးစား သယ်ယူပို့ဆောင်ရေး လေယာဉ်များ တာ့ခ်မင်နစ္စတ
🇺🇸🇹🇲 အမေရိကန်လေတပ်၏ C-17A Globemaster III နှင့် MC-130 Super Hercules အကြီးစား သယ်ယူပို့ဆောင်ရေး လေယာဉ်များ တာ့ခ်မင်နစ္စတန်နိုင်ငံရှိ လျှို့ဝှက်နေရာတစ်ခုသို့ ဆင်းသက်ခဲ့ အဆိုပါ လေယာဉ်များကို လေကြောင်းစစ်ဆင်ရေးများ၊ လေထီးတပ်သားများ စေလွှတ်ခြင်း နှင့် ရဟတ်ယာဉ်သုံး ပစ္စည်းကိရိယာများ လွှဲပြောင်းသယ်ယူခြင်း တို့တွင် အသုံးပြုသည်။ တာ့ခ်မင်နစ္စတန်မှ အီရန်နိုင်ငံ၊ တီဟီရန်မြို့သို့ အကွာအဝေးမှာ ကီလိုမီတာ ၃၀၀ (၁၈၆.၄၁၁ မိုင်) သာရှိသည်။ News Of Myanmar NOM

တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာတွင် နေအိမ်ရှေ့တွင်ထိုင်နေသော ကျေးရွာအုပ်ချုပ်ရေးမှူးကို KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖ
တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာတွင် နေအိမ်ရှေ့တွင်ထိုင်နေသော ကျေးရွာအုပ်ချုပ်ရေးမှူးကို KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က သေနတ်ဖြင့်ပစ်သတ်သွား NOM ဖေဖော်ဝါရီ ၉၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာနေ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်မြင့် (၆၄) နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားပူးပေါင်းအဖွဲ့မှ အကြမ်းဖက်သမားရှစ်ဦးခန့်က ဆိုင်ကယ်ငါးစီးဖြင့်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

🇮🇷🏴‍☠️ အီရန်တွင် အစွန်းရောက်ပြုပြင်ပြောင်းလဲရေးဝါဒီအုပ်စု​၏ ခေါင်းဆောင်အပါအဝင် အစွန်းရောက်ပြုပြင်ပြောင်းလဲရေးသမားအချို့ကို
🇮🇷🏴‍☠️ အီရန်တွင် အစွန်းရောက်ပြုပြင်ပြောင်းလဲရေးဝါဒီအုပ်စု​၏ ခေါင်းဆောင်အပါအဝင် အစွန်းရောက်ပြုပြင်ပြောင်းလဲရေးသမားအချို့ကို ဖမ်းဆီး အီရန်နိုင်ငံရှိ အစွန်းရောက်ပြုပြင်ပြောင်းလဲရေးဝါဒီအုပ်စု၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ အာဇာ မန်ဆူရီ ကို အခြားသော အစွန်းရောက် ပြုပြင်ပြောင်းလဲရေးသမားများဖြစ်သည့် မိုဆန် အာမင်ဇာဒေး (ခါတာမီအစိုးရလက်ထက် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း) နှင့် အီဘရာဟင် အာဂါဇာဒေး (လွှတ်တော်အမတ်ဟောင်း) တို့နှင့်အတူ ယနေ့တွင် ဖမ်းဆီးလိုက်ပြီဖြစ်သည်။ ၎င်းတို့သည် အီရန်တော်လှန်ရေးအစောပိုင်းကာလများတွင် ပါဝင်ကူညီခဲ့ကြသူများဖြစ်သောကြောင့် အစ္စလာမ်မစ်သမ္မတနိုင်ငံအပေါ် ဝေဖန်မှုများကို အစိုးရတာဝန်ရှိသူများအနေဖြင့် နှစ်ပေါင်းများစွာ သည်းခံခွင့်လွှတ်ပေးခဲ့သည်။ သို့သော်လည်း မကြာသေးမီနှစ်များအတွင်း ၎င်းတို့၏ ပြောဆိုဝေဖန်မှုများမှာ ပိုမိုပြင်းထန်လာခဲ့ပြီး ၎င်းတို့၏ သစ္စာဖောက်ဖျက်သော အသုံးအနှုန်းများမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့သောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ News Of Myanmar NOM

🇮🇷🚀အီရန်နိုင်ငံသည် တစ်လလျှင် ပဲ့ထိန်းဒုံးကျည်အစင်းရေ ၃၀၀ ထုတ်လုပ်နေကြောင်း ယေဒီယုတ် အာရိုနုတ်က ဖော်ပြသည်။ News Of Myanmar NOM

ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအဆင့် MSME
+9
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်၌ ပါဝင်ခင်းကျင်းပြသထားသည့် ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် ရင်းရင်းနှီးနှီး လိုက်လံကြည့်ရှု NOM ဖေဖော်ဝါရီ ၈၊ ၂၀၂၆ ဖေဖော်ဝါရီလ ၈ ရက်နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်၌ ပါဝင်ခင်းကျင်းပြသထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် ရင်းရင်းနှီးနှီးလိုက်လံကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

စစ်ကိုင်းမြို့နယ်၊ ပဲကတိုးကျေးရွာတွင် လမ်းဘေး၌ရပ်ထားသည့်ယာဉ်ပေါ်တွင်ရှိသော အပြစ်မဲ့အရပ် သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်သမားတစ
စစ်ကိုင်းမြို့နယ်၊ ပဲကတိုးကျေးရွာတွင် လမ်းဘေး၌ရပ်ထားသည့်ယာဉ်ပေါ်တွင်ရှိသော အပြစ်မဲ့အရပ် သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်သမားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားမှုကြောင့် ထိခိုက်ဒဏ်ရာရ NOM ဖေဖော်ဝါရီ ၉၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၆ နာရီအချိန်၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညနေ ၅ နာရီခွဲအချိန်၌ စစ်ကိုင်းမြို့နယ်၊ ရွှေမင်းဝံ ရပ်ကွက်နေ ကိုအောင်ဝင်းသိန်း (၂၂) နှစ်သည် ပဲကတိုးကျေးရွာရှိ စစ်ကိုင်းတက္ကသိုလ်အရှေ့ဘက် လမ်းဘေးတွင် ၎င်းပိုင် မော်တော်ယာဉ်တစ်စီးပေါ်၌ ရှိနေစဉ် လမ်းလျှောက်လာသည့် PDF အကြမ်းဖက်သမားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ကိုအောင်ဝင်းသိန်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

တောင်ငူမြို့နယ်၊ ပိတောက်ကုန်းကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖ
တောင်ငူမြို့နယ်၊ ပိတောက်ကုန်းကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က တပ်မတော်ထောက်ခံသူ ဟု စွပ်စွဲ၍ သေနတ်၊ ဓါးများဖြင့် ပစ်ခတ်/ထိုးခုတ်သတ်ဖြတ်သွား NOM ဖေဖော်ဝါရီ ၉၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ပိတောက်ကုန်းကျေးရွာရှိ ဘောလုံးကွင်းအနီးတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၉ နာရီအချိန်၌ ကျည်ထိမှန် ဒဏ်ရာ/ဓားဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များကသွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်အချိန်၌ အဆိုပါကျေးရွာနေ ဦးဇော်နိုင်သန်း (၅၁) နှစ်သည် တစ်ရွာတည်းနေ ဦးဝင်းမြင့် (၆၀) နှစ်နှင့်အတူ ၎င်း၏နေအိမ်တွင်ရှိနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား ၁၉ ဦးခန့်က ဆိုင်ကယ်ရှစ်စီးခန့်ဖြင့် ရောက်လာပြီး ၎င်းတို့နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ရာ နေအိမ်၏အရှေ့မြောက် ဘက်မီတာ ၃၀၀ ခန့်အကွာအရောက် ဦးဇော်နိုင်သန်းအား "တပ်မတော်ထောက်ခံသူ" ဟုစွပ်စွဲပြောဆို၍ သေနတ်/ဓားများဖြင့် ပစ်ခတ်ထိုးခုတ်ခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာ/ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ဦးဝင်းမြင့်အား ကျေးရွာသို့ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ဖာပွန်မြို့နယ်၊ တံတားဦးကုန်းကျေးရွာအနီးတွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းအား
ဖာပွန်မြို့နယ်၊ တံတားဦးကုန်းကျေးရွာအနီးတွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းအားထိမိပေါက်ကွဲမှုကြောင့် အသက် (၁၀) နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဖေဖော်ဝါရီ ၉၊ ၂၀၂၆ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းပြည်သူ့ဆေးရုံသို့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၄ နာရီ ၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် ကလေးငယ်တစ်ဦးရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်အချိန်၌ ဖာပွန်မြို့နယ်၊ တံတားဦးကုန်းကျေးရွာနေ မဝါဝါဖော (၁၀) နှစ်သည် ၎င်း၏နေအိမ်အနီး ဆော့ကစားနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား ထိမိပေါက်ကွဲခဲ့မှု ကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ News Of Myanmar NOM

အမရပူရမြို့နယ်တွင် မီးလောင်မှုကြောင့်နေအိမ်၁၈လုံးဆိုင်ကယ်သုံးစီးနှင့်အတွင်းပစ္စည်းများဆုံးရူံး NOM၊ဖေဖော်ဝါရီ၈၊၂၀၂၆ မန္တလေးမြ
အမရပူရမြို့နယ်တွင် မီးလောင်မှုကြောင့်နေအိမ်၁၈လုံးဆိုင်ကယ်သုံးစီးနှင့်အတွင်းပစ္စည်းများဆုံးရူံး NOM၊ဖေဖော်ဝါရီ၈၊၂၀၂၆ မန္တလေးမြို့တိုင်း၊ အမရပူရမြို့နယ်၊ အေးဇရပ်ရပ်ကွက်၌ယမန်နေ့ (ဖေဖော်ဝါရီ ၇ ရက်)မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်က Level 2 အဆင့်မီးလောင်မှုဖြစ်ပွားခဲ့ရာနေအိမ်၁၈လုံး၊ ဆိုင်ကယ်သုံးစီးနှင့်အတွင်းပစ္စည်းများဆုံးရူံးကြောင်းမီးသတ်တပ်ဖွဲမှသတင်းထုတ်ပြန်ချက်အရသိရသည်။ မီးလောင်မှုဖြစ်ပွားရခြင်းမှာ အိမ်ရှင်ဒေါ်နီနီအောင်သည်အိပ်ခန်းအတွင်း မွေ့ယာပေါ်တွင် ဖုန်းအားသွင်းထားရာမှ ဘတ္ထရီအပူလွန် ပေါက်ကွဲပြီး မွေ့ယာပေါ် မီးပွားကျပြီးမီး စတင်လောင်ကျွမ်ခဲ့ရာ၊ နေအိမ်များ ဆိုင်ကယ်များ မီးလောင်ပျက်စီးခဲ့ ကြောင်းသိရသည်။ မီးလောင်မှုကြောင့် အိမ်ထောင်စု ၁၂ စုမှ ကျား ၃၃ ဦး၊ မ ၃၆ ဦး စုစုပေါင်း ၆၉ ဦးသည် ချမ်းအေးသာလာယံဓမ္မာရုံတွင် နေထိုင်လျက်ရှိပြီး ကျန်အိမ်ထောင်စု ၇ စုမှ ကျား ကိုး ဦး၊ မ၁၁ ဦး စုစုပေါင်း ၂၀ ဦးတို့သည် နီးစပ်ရာဆွေမျိုးများ အိမ်တွင် ပြောင်းရွှေ့နေထိုင်လျက် ရှိကြောင်း သိရသည်။ မီးလောင်မှုကြောင့် ဒေါ်နီနီအောင်အသက် ၃၉ နှစ်အား အမရပူရမြို့နယ် မြို့မရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ၂၈၅)ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဗန်းမောက်မြို့အား
+9
KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဗန်းမောက်မြို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်သိမ်းပိုက်ထိန်းချုပ် ဖေဖော်ဝါရီ ၈၊ ၂၀၂၆ News Of Myanmar NOM

News Of Myanmar - Telegram kanali @newsofmyanmar statistikasi va tahlili