uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 11 450 obunachidan iborat bo'lib, Yangiliklar & Media toifasida 16 808-o'rinni va Myanma mintaqasida 10 269-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 11 450 obunachiga ega bo‘ldi.

20 Noyabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -158 ga, so‘nggi 24 soatda esa -9 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 5.67% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 4.57% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 649 marta ko‘riladi; birinchi sutkada odatda 523 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 11 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 21 Noyabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

11 450
Obunachilar
-924 soatlar
-397 kun
-15830 kun
Postlar arxiv
ဂျာမနီတွင်အလုပ်သမားလေးသိန်းသပိတ်မှောက် NOM ဂျာမနီနိုင်ငံရှိ အော်ဒီကါးစက်ရုံတွင် အလုပ်သမားများ အစုလိုက်အပြုံလိုက် သပိတ်မှောက်ပြီးဆန္ဒပြသူများ လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြသည်။ ယခုသီတင်းပတ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းခွင်မှ အလုပ်သမား လေးသိန်းကျော် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြကြောင်း ဒေသတွင်းမီဒီယာများက ရေးသားဖော်ပြကြသည်။ ပဋိပက္ခ၏ အဓိကအချက်မှာအလုပ်သမားသမဂ္ဂက နှစ်စဉ် လုပ်ခလစာ ၅ ရာခိုင်နှုန်း တိုးမြှင့်ပေးရန် တွန်းအားပေးနေသော်လည်း ကုမ္ပဏီများဘက်မှ တစ်ကြိမ်တည်းပေးချေမှုများနှင့် ၂၀၂၈ ခုနှစ်မှစ၍ ၁.၃ ရာခိုင်နှုန်းသာ တိုးမြှင့်ပေးမည်ဟု ကမ်းလှမ်းထားခြင်းကြောင့်ဖြစ်သည်။
07 Noy, 13:29

ပိုလန်နိုင်ငံ၊ ခရာကော့ဗ်မြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ချပ်ဝတ်တန်ဆာ အပြည့်အစုံဝတ်ဆင်ထားသောအကြမ်းဖက်သမားနှင့် ရဲတစ်ဦးတို့အနီးကပ် အပြန်အလှန်ပစ်ခတ်နေပုံ။ အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း လူအနည်းဆုံး ၆ ဦးသေဆုံးခဲ့ပြီး အကြမ်းဖက်သမားကိုလည်း ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့။
07 Noy, 11:29

+1
ပိုလန်အကြမ်းဖက်ကျူးလွန်သူမှာလူဖြူဖြစ် NOM ပိုလန်တွင်လူ၆ဦးသေဆုံးခဲ့သည့်ခရာကော့ဗ်မြို့၊စျေးလမ်းမကြီးပေါ်မှပစ်ခတ်မှုကိုကျူးလွန်သူသည်လက်ယာစွန်းလူဖြူအမျိုးသားဖြစ်ပြီးသူ၏ ဆိုင်ကယ်စီးဦးထုတ်တွင်နာဇီ SSတပ်ဖွဲ့၏ဦးခေါင်းခွံတံဆိပ်ကိုရေးဆွဲထားသည်။
07 Noy, 11:26

+1
ပိုလန်တွင်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်၊လူ၆ဦးသေဆုံး NOM ပိုလန်နိုင်ငံ၊ ခရာကော့ဗ်မြို့ (Kraków) တွင် သေနတ်သမားတစ်ဦးက လူအုပ်အတွင်းသို့ သေနတ်ဖြင့်ပစ်ခတ်သည့်အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့သည်။ အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပြီး၊ သေနတ်သမားကို ရဲတပ်ဖွဲ့က ဒဏ်ရာပြင်းထန်စွာ ရရှိစေခဲ့ပြီးနောက် အခင်းဖြစ်နေရာ၌ပင် ပစ်သတ်/ရှင်းလင်းခဲ့သည်။ သံသယရှိသူအား ပစ်ခတ်ခဲ့သည့် ရဲအရာရှိလည်း ဒဏ်ရာရရှိခဲ့သည်။
07 Noy, 11:18

ရန်ကုန်နည်းပညာတက္ကသိုလ်(YTU)နှင့် ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော် သမ္မတ လှည့်လည်ကြည့်ရှုစစ်ဆေး ပ
+5
ရန်ကုန်နည်းပညာတက္ကသိုလ်(YTU)နှင့် ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော် သမ္မတ လှည့်လည်ကြည့်ရှုစစ်ဆေး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) နှင့် လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်တို့အတွင်း ဆောင်ရွက်ထားရှိသည့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၏ အခြေအနေများကို ယနေ့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန လက်အောက်ရှိ ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) သို့ သွားရောက်ကြည့်ရှုခဲ့ပြီး လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကိုလည်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
07 Noy, 07:28

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ (၇၁) နှစ်မြောက် ကရ
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ (၇၁) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
07 Noy, 07:26

ချောက်မြို့နယ် အမှတ် (၂) ရေနံချက်စက်ရုံဝန်ထမ်းနှစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား NOM နိုဝင်ဘာ ၇၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ အမှတ် (၂) ရေနံချက်စက်ရုံဝန်ထမ်းများဖြစ်ကြသည့် ချောက်မြို့နယ်၊ အမှတ် (၁) ဈေးတန်းလျား ရပ်ကွက်နေ ဦးဟန်ထွန်းမင်း (၄၉) နှစ်နှင့် သမီးဖြစ်သူ မနှင်းယမုံဦး (၂၇) နှစ်တို့နှစ်ဦးသည် နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၉ နာရီအချိန်၌ ချောက်မြို့ မှ မကွေးမြို့သို့ မော်တော်ယာဉ်ဖြင့် မောင်းနှင်လာစဉ် စပ်စုကျေးရွာလမ်းဆုံအရောက်၌ PDF အကြမ်းဖက်သမားသုံးဦးက အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။
07 Noy, 07:25

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ NOM နိုဝင်ဘာ ၇၊ ၂၀၂၆ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။ ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူ လုပ်ဆောင်ခဲ့သည့်“@uzawl win 731” Tiktok အကောင့်ပိုင်ရှင်ဖြစ်သူမန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မင်းကုန်းကျေးရွာနေ ဇော်လွင်အား မွန်းလွဲ ၁၂ နာရီ ၅ မိနစ်တွင် စကားအင်းအမြန်လမ်းမကြီး ရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
07 Noy, 07:18

မြန်မာသံရုံး၊ ဆိုးလ်မြို့တွင်နိုင်ငံကူးလက်မှတ်သက်တမ်း (၉)လကျန် လျှောက်ထားသူများဝမ် (၅၀၀၀၀) ပေးဆောင်ရန် မလို NOM၊နိုဝင်ဘာ၇၊၂၀၂
မြန်မာသံရုံး၊ ဆိုးလ်မြို့တွင်နိုင်ငံကူးလက်မှတ်သက်တမ်း (၉)လကျန် လျှောက်ထားသူများဝမ် (၅၀၀၀၀) ပေးဆောင်ရန် မလို NOM၊နိုဝင်ဘာ၇၊၂၀၂၆ မြန်မာသံရုံး၊ ဆိုးလ်မြို့တွင်နိုင်ငံကူးလက်မှတ်သက်တမ်း (၉)လကျန် လျှောက်ထားသူများ ကြိုတင်လျှောက်ထားခ ဝမ် (၅၀၀၀၀) ပေးဆောင်ရန် မလိုအပ်တော့ကြောင်း မြန်မာ သံရုံး၊ ဆိုးလ်မြို့မှ ယမန်နေ့ နိုဝင် ဘာ၇ရက်တွင်သတင်းထုတ်ပြန်ခဲ့ကြောင်းသိရသည်။ မြန်မာသံရုံး၊ ဆိုးလ်မြို့၏ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ(၁၇) ရက်စွဲဖြင့် ကောင်စစ်ကိစ္စရပ် များကို GlowMate Application တွင်ဆောင်ရွက်မည့် အစီအစဉ်ကို အသိပေးကြေညာခဲ့ရာ နိုင်ငံကူးလက်မှတ် သက်တမ်း (၉)လ ကျန်သူများ လျှောက်ထားနိုင်ကြောင်းနှင့် ကြိုတင်လျှောက်ထားမှု အတွက် တစ်ဦးလျှင် ဝမ် (၅၀ဝဝဝ) ပေးဆောင်ရမည် ဟုထုတ်ပြန်ထားကြောင်းသိရသည်။ ယခုအခါ သက်တမ်းတိုးဆာင်ရွက် သူများ တစ်ပြေးညီဖြစ်စေရန်အတွက် ကြိုတင်လျှောက်ထားခ ဝမ် (၅၀၀၀၀) ကို ပေးဆောင်ရန် မလိုအပ်တော့ကြောင်း အသိပေးထုတ်ပြန်ခဲ့ကြောင်းသိရသည်။
07 Noy, 01:58

လမ်းမတော်မြို့နယ်၌ အမျိုးသားတစ်ဦးအား သတ်ဖြတ်၍လုယက်မှုကျူးလွန်ခဲ့သည့် တရားခံ အမျိုးသားသုံးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်
လမ်းမတော်မြို့နယ်၌ အမျိုးသားတစ်ဦးအား သတ်ဖြတ်၍လုယက်မှုကျူးလွန်ခဲ့သည့် တရားခံ အမျိုးသားသုံးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ NOM နိုဝင်ဘာ ၇၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၌ အမျိုးသားတစ်ဦးအားသတ်ဖြတ်၍ လုယက်မှုကျူးလွန်ခဲ့သည့် တရားခံ အမျိုးသားသုံးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့ နယ် အမှတ် (၁၁) ရပ်ကွက်နေ ဦးထွန်းထွန်းရီ (၆၃) နှစ်သည် နိုဝင်ဘာ ၂ ရက်နံနက်ပိုင်းက တစ်ရပ်ကွက်တည်းနေ အစ်မဖြစ်သူ၏ နေအိမ်သို့ သွားရောက်စဉ် အမျိုးသားတစ်ဦးလိုက်ပါလာပြီး အသင့်ပါလာသောဓားဖြင့်ထိုး၍ ထွက်ပြေးသွားခဲ့ သဖြင့် ဦးထွန်းထွန်းရီတွင် ဓားဖြင့်ထိုးသွင်းလျက် ဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးသွားခဲ့သော ကြောင့် အစ်ကိုဖြစ်သူ ဦးချစ်ကိုကိုက ပြစ်မှုကျူးလွန်သူတရားခံအားဖော်ထုတ်အရေးယူပေးပါရန် တိုင်တန်းချက်အရ လမ်းမတော်မြို့မရဲစခန်း (ပ)၁၀၂/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူ တရားခံအားဖမ်းဆီးနိုင်ရေး အခင်းဖြစ်ရပ်မှတ်တမ်းများအား စစ်ဆေးဆောင်ရွက်ခြင်း၊ နယ်မြေသတင်းစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ တရားခံများ ဖြစ်ကြသည့် လမ်းမတော်မြို့နယ် (၃) ရပ်ကွက်နေ တရားခံ ဆန်းလင်းအောင် (ခ)ဒိုလေး (၃၉) နှစ်အား ယမန်နေ့ ညနေပိုင်းတွင် ၎င်း၏နေအိမ်၌ ပြစ်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် သက်သေခံ ဘဏ်စာအုပ်တစ်အုပ်နှင့်လည်းကောင်း၊ ယနေ့မွန်းလွဲပိုင်းတွင် လသာမြို့နယ် (၆) ရပ်ကွက်နေ တရားခံ ဝေဖြိုးအောင် (ခ) ကိုဖြိုး (၄၄) နှစ်အားဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ရေလဲကလေးကျေးရွာလှေဆိပ်အနီး၌ လည်းကောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူမီးရထားရပ်ကွက်နေ တရားခံဇော်ကြီး (ခ) ဇော်မင်းဦး (၄၂) နှစ်အား လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် (၉) ရပ်ကွက် ဗိုလ်အောင်ကျော်လမ်းရှိ “လှိုင်ထိပ်တင်"လက်ဖက်ရည်ဆိုင်အနီး၌ ပြစ်မှုကျုးလွန်စဉ်ရရှိခဲ့သည့် Redmi9T အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး တရားခံဆန်းလင်းအောင် (ခ) ဒိုလေး၊ ဝေဖြိုးအောင် (ခ) ကိုဖြိုးနှင့် ဇော်ကြီး (ခ) ဇော်မင်းဦးတို့သုံးဦး (အပေါ်ပုံ)ကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
07 Noy, 00:51

ဧရာဝဏ်ပင်မဓာတ်အားခွဲရုံရှိ ကြိုးများအစားထိုး လဲလှယ်ရန်တွက်ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်အချို့၌ ငါးနာရီကြာယာယီဓာတ်အား ပြတ် တောက်မည် NOM၊နိုဝင်ဘာ၇၊၂၀၂၆ ၂၃၀ ကေဗွီ ဧရာဝဏ်ပင်မဓာတ်အားခွဲရုံရှိ ကြိုးလွန်းပွဖြစ်ပေါ်မှုအား အစားထိုး လဲလှယ်သည့် ထိန်းသိမ်းပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ နိုဝင်ဘာ ၈ ရက်ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်အချို့၌ ငါးနာရီကြာ ယာယီဓာတ်အားဖြတ် တောက်ထားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားကြောင်းသိရသည်။ ဧရာဝဏ်ပင်မဓာတ်အားခွဲရုံ ကြိုးများအစားထိုး လဲလှယ်နေစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တို့ရှိ ရပ်ကွက်/ကျေးရွာအချို့တွင် ဓာတ်အားယာယီပြတ်တောက်မည် ဖြစ်ကြောင်းသိရသည် ဧရာဝဏ်ပင်မဓာတ်အားခွဲရုံရှိ ကြိုးလွန်းပွဖြစ်ပေါ်မှုအား အစားထိုး လဲလှယ်ရန်အတွက်နိုဝင်ဘာ ၈ ရက် နံနက် ၇ နာရီမှမွန်းတည့် ၁၂ နာရီအထိ ၅ နာရီကြာ ဓာတ်အားပိတ်၍ ပြုပြင်ခြင်းကိုဆောင်ရွက်မည်ဖြစ်ပြီး ပြုပြင်နေစဉ်အတွင်းဓာတ် အားပြတ်တောက်မည့် ဧရိယာများရှိ ပြည်သူများကို သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ ၂၃၀ ကေဗွီ ဧရာဝဏ်ပင်မဓာတ်အားခွဲရုံသည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် တည်ရှိပြီး ဒဂုံမြို့သစ်လေးမြို့နယ်အပါအဝင် အနီးနားရှိ စက်မှုဇုန်နှင့် ရပ်ကွက် များသို့ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော ပင်မဓာတ်အားခွဲရုံတစ်ခု ဖြစ် ကြောင်းသိရသည်။
07 Noy, 00:15

လုံခြုံရေးကင်မရာ မှတ်တမ်းထဲမှာ ဘရာဇီးလ် ဂျူဂျစ်ဆု (Jiu-jitsu) တိုက်ခိုက်ရေးသမားတစ်ယောက်ဟာ ဓာတ်လှေကားထဲမှာ အမျိုးသမီးတစ်ဦးကို ရက်ရက်စက်စက် ထိုးကြိတ်ရိုက်နှက်နေတာကို တုန်လှုပ်ဖွယ်ရာမြင်တွေ့ရပါတယ်။ သူဟာ ထိုအမျိုးသမီးရဲ့ မျက်နှာကို လက်သီးတွေ၊ တံတောင်ဆစ်တွေနဲ့ တောက်လျှောက် ထိုးနှက်ရိုက်နှက်ခဲ့ပြီးနောက် လည်ပင်းညှစ် ချုပ်ထားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ဘရာဇီးလ်နိုင်ငံမှာဖြစ်ပွားခဲ့တာပါ။
06 Noy, 14:20

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ လွန်ပရာဘန်မြို့ရှိ ဘုန်းတော
+3
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ လွန်ပရာဘန်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား ဆွမ်းလောင်းလှူ၊ လွန်ပရာဘန်ပြည်နယ်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ
06 Noy, 14:06

ဟူသီတွေရဲ့တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရတဲ့ ဆော်ဒီအာရေဗျဆီကို ဆီးရီးယားက စစ်သင်တန်းပေးဖို့ စစ်သည်တွေစေလွှတ်လိုက်ပြီလို့ ရိုက်တာသတင်းဌာနကဖော်ပြလိုက်ပါတယ်။ ဟူသီတွေကို ရင်ဆိုင်နေရတဲ့ ဆော်ဒီတွေအနေနဲ့ အမေရိကန်ပေးနေတဲ့ စစ်သင်တန်းတွေနဲ့တင် မလုံလောက်တော့တဲ့ပုံပဲ။
06 Noy, 14:04

ဟူသီတွေရဲ့တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရတဲ့ ဆော်ဒီအာရေဗျဆီကို ဆီးရီးယားက စစ်သတင်တန်းပေးဖို့ စစ်သည်တွေစေလွှတ်။ ဟူသီတွေကို ရင်ဆိုင်နေရတဲ့ ဆော်ဒီတွေအနေနဲ့ အမေရိကန်ပေးနေတဲ့ စစ်သင်တန်းတွေနဲ့တင် မလုံလောက်တော့တဲ့ပုံပဲ။
06 Noy, 14:02
06 Noy, ~14:04

နိုင်ငံတော်အတွင်း ဘာသာရေးယုံကြည်ကိုးကွယ်မှုများကို အသိအမှတ်ပြုကာကွယ်စောင့်ရှောက်ရေးပြဋ္ဌာန်းချက်များပါဝင်ပြီးချစ်ကြည်ရင်းနှီး
+9
နိုင်ငံတော်အတွင်း ဘာသာရေးယုံကြည်ကိုးကွယ်မှုများကို အသိအမှတ်ပြုကာကွယ်စောင့်ရှောက်ရေးပြဋ္ဌာန်းချက်များပါဝင်ပြီးချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ရေး နိုင်ငံတော်သမ္မတ တိုက်တွန်းပြောကြား မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် ဟိန္ဒူမျိုးနွယ်စုများ စုပေါင်းကျင်းပသည့် ဒီပါဝလီအထိမ်းအမှတ် အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို၊ ဒဂုံမြိုနယ်၊ မြိုမကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။ အခမ်းအနားတွင် နိုင်ငံတော်အတွင်းရှိ ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုများနှင့်စပ်လျဉ်း၍ အသိအမှတ်ပြုမှု၊ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ပြဋ္ဌာန်းချက်များ ပါဝင်ကြောင်းနှင့် မတူကွဲပြားသည့် လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုအစဉ်အလာများကို အပြန်အလှန် နားလည်လေးစားပြီး ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ခြင်းသည် နိုင်ငံတော်၏ လူမှုအသိုက်အဝန်း စည်းလုံးညီညွတ်ရေးနှင့် ရေရှည်တည်ငြိမ်အေးချမ်းရေးအတွက် အရေးကြီးသည့် အခြေခံအုတ်မြစ်တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
06 Noy, 10:31

စစ်ပွဲအစပိုင်းက Starlink ကနေတစ်ဆင့် ယူကရိန်းကို အင်တာနက်ချိတ်ဆက်မှု ထောက်ပံ့ပေးခဲ့တာဟာ မှားယွင်းမှုတစ်ခု ဖြစ်တယ်ဆိုတဲ့ ပို့စ်
စစ်ပွဲအစပိုင်းက Starlink ကနေတစ်ဆင့် ယူကရိန်းကို အင်တာနက်ချိတ်ဆက်မှု ထောက်ပံ့ပေးခဲ့တာဟာ မှားယွင်းမှုတစ်ခု ဖြစ်တယ်ဆိုတဲ့ ပို့စ်ကို အီလွန်မာစခ် (Musk) က ပြန်လည်မျှဝေခဲ့ပါတယ်။ ဒီပြောဆိုချက်တွေအကုန်လုံးဟာ နှုတ်ထွက်စကားသက်သက်ပဲ ဖြစ်ပြီး၊ အမှန်တကယ် သဘောထားနဲ့ ရပ်တည်ချက်ကတော့ မကြာခင်မှာပဲ ရှင်းရှင်းလင်းလင်း သိလာရတော့မှာ ဖြစ်ပါတယ်။ အကြောင်းကတော့ ယူကရိန်းရဲ့ အီStarshield စာချုပ် သက်တမ်းကုန်ဆုံးတော့မှာ မို့လို့ပါ။ ယူကရိန်း ဘက်ကတော့ စာချုပ်သက်တမ်း ထပ်တိုးချင်တယ်လို့ ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်ပါတယ်။
06 Noy, 10:29

ကူဝိတ် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးတွင် မီးခိုးလုံးများ အထက်သို့ တက်နေသည်ကို တွေ့ရှိရပြီး ဖြစ်ပွားရသည့် အကြောင်းအရင်းကိုမူ မသိရသေးပေ။
06 Noy, 10:18

ဆရာစံလမ်း World Wide KTV မှ မူးယစ်ဆေးရောင်းချသူ ဝန်ထမ်းငါးဦးအား ဖမ်းမိ၊ တစ်ဦးထွက်ပြေးတိမ်းရှောင်နေ NOM နိုဝင်ဘာ ၆၊ ၂၀၂၆ မူးယစ
ဆရာစံလမ်း World Wide KTV မှ မူးယစ်ဆေးရောင်းချသူ ဝန်ထမ်းငါးဦးအား ဖမ်းမိ၊ တစ်ဦးထွက်ပြေးတိမ်းရှောင်နေ NOM နိုဝင်ဘာ ၆၊ ၂၀၂၆ မူးယစ်နှိမ်နှင်းရေးပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၅ ရက် ည ၇း၁၀ နာရီအချိန်တွင် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်၊ဆရာစံလမ်းပေါ်ရှိ World Wide KTV ကို ဝင်ရောက်ရှာဖွေရာ ဆိုင်ဝန်ထမ်းငါးဦးကို မူးယစ်ဆေးများဖြင့်ဖမ်းမိပြီး တစ်ဦးမှာထွက်ပြေးလွတ်မြောက်သွားကြောင်းသိရသည်။ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သတင်းရရှိထားသည့် ဆိုင်ဝန်ထမ်း ခင်မူယာကျော် (ခ) ဂူးဂူးအားရှာဖွေရာ ပလတ်စတစ်အိတ်အတွင်းမှ စိတ်ပြောင်းဆေး Happy Water အမှုန့် ၅ ဂရမ်ပါသုံးထုတ် (ကာလတန်ဖိုးကျပ် ၁၂ သိန်း)၊ကက်တမင်းစိတ်ပြောင်းဆေး ၀.၅ ဂရမ်ပါ သုံးထုတ်(ကာလတန်ဖိုး ကျပ်တစ်သိန်းနှစ်သောင်း)ကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းမိတရားခံ ခင်မူယာကျော်ကို စစ်မေးရာ အဆိုပါဆေးများကို ဆိုင်ဝန်ထမ်း သီရိလွင်ထံမှ ရရှိကြောင်းသိရသဖြင့် သီရိလွင်ကို ဆိုင်အတွင်းဖမ်းဆီးခဲ့သည်။ သီရိလွင်၏ ထွက်ဆိုချက်အရ အဆိုပါဆေးများကို ဆိုင်ဝန်ထမ်းကောင်းကောင်းခန့် (ခ) ကောင်းခန့်ထံမှရကြောင်းထွက်ဆိုသဖြင့် ကောင်းကောင်းခန့်ကိုဆိုင်အတွင်း၌ ဖမ်းဆီးရမိခဲ့သည်။ ကောင်းကောင်းခန့်၏ ထွက်ဆိုချက်အရ အဆိုပါမူးယစ်ဆေးများကိုဆိုင်ဝန်ထမ်း လျှမ်းထက်ထံမှရရှိကြောင်းထွက်ဆိုသဖြင့် လျှမ်းထက် အားဖမ်းဆီးရန်ရှာဖွေရာ လျှမ်းထက်သည် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ ဖမ်းဆီးရမိ တရားခံများ၏ထွက်ဆိုချက်အရ စိတ်ပြောင်းမူးယစ်ဆေးများကို ဆိုင်အတွင်းရောင်းချခွင့်ပြုသူ စားပွဲထိုးခေါင်းဆောင် အောင်မင်းလွင်နှင့် မန်နေဂျာဝဏ္ဏခင်ဌေးတို့ကို ဖမ်းဆီးရှာဖွေရာ ဧည့်ကြိုကောင်တာအတွင်းမှ စိတ်ပြောင်းဆေးသုံးစွဲရာတွင် အသုံးပြုသည့် ပန်းကန်လေးချပ်၊ ဖန်ခွက် ၂၄ လုံး၊ တူတစ်ချောင်း၊ အအေးစုပ်ပိုက်သုံးခုကိုရှာဖွေတွေ့ရှိသဖြင့် သိမ်းဆည်းပြီးတရားခံငါးဦးကို ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။
06 Noy, 10:15

ဆရာစံလမ်း World Wide KTV မှ မူးယစ်ဆေးရောင်းချသူ ဝန်ထမ်းငါးဦးအား ဖမ်းမိ၊ တစ်ဦးထွက်ပြေးတိမ်းရှောင်နေ NOM နိုဝင်ဘာ ၆၊ ၂၀၂၆ မူးယစ
ဆရာစံလမ်း World Wide KTV မှ မူးယစ်ဆေးရောင်းချသူ ဝန်ထမ်းငါးဦးအား ဖမ်းမိ၊ တစ်ဦးထွက်ပြေးတိမ်းရှောင်နေ NOM နိုဝင်ဘာ ၆၊ ၂၀၂၆ မူးယစ်နှိမ်နှင်းရေးပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၅ ရက် ည ၇း၁၀ နာရီအချိန်တွင် သတင်းအရ ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်၊ဆရာစံလမ်းပေါ်ရှိ World Wide KTV ကို ဝင်ရောက်ရှာဖွေရာ ဆိုင်ဝန်ထမ်းငါးဦးကို မူးယစ်ဆေးများဖြင့်ဖမ်းမိပြီး တစ်ဦးမှာထွက်ပြေးလွတ်မြောက်သွားကြောင်းသိရသည်။ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သတင်းရရှိထားသည့် ဆိုင်ဝန်ထမ်း ခင်မူယာကျော် (ခ) ဂူးဂူးအားရှာဖွေရာ ပလတ်စတစ်အိတ်အတွင်းမှ စိတ်ပြောင်းဆေး Happy Water အမှုန့် ၅ ဂရမ်ပါသုံးထုတ် (ကာလတန်ဖိုးကျပ် ၁၂ သိန်း)၊ကက်တမင်းစိတ်ပြောင်းဆေး ၀.၅ ဂရမ်ပါ သုံးထုတ်(ကာလတန်ဖိုး ကျပ်တစ်သိန်းနှစ်သောင်း)ကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းမိတရားခံ ခင်မူယာကျော်ကို စစ်မေးရာ အဆိုပါဆေးများကို ဆိုင်ဝန်ထမ်း သီရိလွင်ထံမှ ရရှိကြောင်းသိရသဖြင့် သီရိလွင်ကို ဆိုင်အတွင်းဖမ်းဆီးခဲ့သည်။ သီရိလွင်၏ ထွက်ဆိုချက်အရ အဆိုပါဆေးများကို ဆိုင်ဝန်ထမ်းကောင်းကောင်းခန့် (ခ) ကောင်းခန့်ထံမှရကြောင်းထွက်ဆိုသဖြင့် ကောင်းကောင်းခန့်ကိုဆိုင်အတွင်း၌ ဖမ်းဆီးရမိခဲ့သည်။ ကောင်းကောင်းခန့်၏ ထွက်ဆိုချက်အရ အဆိုပါမူးယစ်ဆေးများကိုဆိုင်ဝန်ထမ်း လျှမ်းထက်ထံမှရရှိကြောင်းထွက်ဆိုသဖြင့် လျှမ်းထက် အားဖမ်းဆီးရန်ရှာဖွေရာ လျှမ်းထက်သည် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ ဖမ်းဆီးရမိ တရားခံများ၏ထွက်ဆိုချက်အရ စိတ်ပြောင်းမူးယစ်ဆေးများကို ဆိုင်အတွင်းရောင်းချခွင့်ပြုသူ စားပွဲထိုးခေါင်းဆောင် အောင်မင်းလွင်နှင့် မန်နေဂျာဝဏ္ဏခင်ဌေးတို့ကို ဖမ်းဆီးရှာဖွေရာ ဧည့်ကြိုကောင်တာအတွင်းမှ စိတ်ပြောင်းဆေးသုံးစွဲရာတွင် အသုံးပြုသည့် ပန်းကန်လေးချပ်၊ ဖန်ခွက် ၂၄ လုံး၊ တူတစ်ချောင်း၊ အအေးစုပ်ပိုက်သုံးခုကိုရှာဖွေတွေ့ရှိသဖြင့် သိမ်းဆည်းပြီးတရားခံငါးဦးကို ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။
06 Noy, 10:13
06 Noy, ~10:15