uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 554 підписників, посідаючи 16 071 місце в категорії Новини і ЗМІ та 10 062 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 554 підписників.

За останніми даними від 16 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -270, а за останні 24 години на -12, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 7.40%. Протягом перших 24 годин після публікації контент зазвичай збирає 9.94% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 929 переглядів. Протягом першої доби публікація в середньому набирає 1 248 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 17.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 17 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 554
Підписники
-1224 години
-597 днів
-27030 день
Архів дописів
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

မြဝတီ အမှတ် (၂) တံတားမှတစ်ဆင့် တင်သွင်းရန် ထိုင်းဘတ်ငွေ ၆၂၀ သန်းကျော် တန်ဖိုးရှိ သွင်းကုန်လိုင်စင်များကို ခွင့်ပြုပေးခဲ့ NOM၊ဇွန် ၄ ၊ ၂၀၂၆ ။ ကုန်သွယ်မှုပြန်လည်ပြုလုပ်ရန်မေလ ၂၈ရက်က ပြန်လည်ခွင့်ပြုလိုက်သည်မြဝတီ အမှတ် (၂) တံတားမှတစ်ဆင့် တင်သွင်းရန် ထိုင်းဘတ်ငွေ ၆၂၀ သန်းကျော် တန်ဖိုးရှိ သွင်းကုန်လိုင်စင်များကို ခွင့်ပြုပေးခဲ့ပြီးဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ချက်အရသိရသည်။ အဆိုပါတင်းသွင်းခွင့်ပြုထားသည့်ကုန်စည်းများတွင်လူသုံးကုန်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းများနှင့် အခြေခံစားသောက်ကုန်များ ပါဝင်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ပြန်လည်ဖွင့်လှစ်လိုက်သည့် မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားတဆင့် မြန်မာနိုင်ငံဘက်မှ မွေးမြူရေးပြောင်း (တိရစ္ဆာန်စာပြောင်း) နှင့် ကြက်သွန်နီတို့ ထိုင်းနိုင်ငံဘက်သို့ တင်ပိုလျှက်ရှိသည်ဟု ထုတ်ပြန်ချက်အရသိရှိရသည်။ မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတား ကုန်သွယ်ရေးဂိတ်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ကုန်စည်ပို့ဆောင်မှုများအတွက် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

မန္တလေး-မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်သော ကုန်ပစ္စည်းများတင်ဆောင်
+3
မန္တလေး-မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်သော ကုန်ပစ္စည်းများတင်ဆောင်၍ ဒုတိယအကြိမ် သွားရောက်ပို့ဆောင်သည့်  မော်တော်ယာဉ်များ မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိ ဇွန် ၄၊ ၂၀၂၆

PDF အကြမ်းဖက်သမားများက Drop Bomb ချ တိုက်ခိုက်မှုကြောင့် အေးချမ်းစွာပညာသင်ကြားလျက်ရှိသည့် ကျောင်းသားတစ်ဦး ဗုံးသီးစ ထိမှန်ဒဏ်ရ
+3
PDF အကြမ်းဖက်သမားများက Drop Bomb ချ တိုက်ခိုက်မှုကြောင့် အေးချမ်းစွာပညာသင်ကြားလျက်ရှိသည့် ကျောင်းသားတစ်ဦး ဗုံးသီးစ ထိမှန်ဒဏ်ရာများရရှိ ဇွန် ၄၊ ၂၀၂၆

လက်ဘနွန် နှင့် အစ္စရေးနိုင်ငံတို့အကြား အမေရိကန်က ကြားဝင်စေ့စပ်ပေးထားသည့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို မိမိတို့ လက်မခံ ပယ်ချကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က လက်ဘနွန်အစိုးရထံ အကြောင်းကြားထားသည်ဟု AFP သတင်းဌာနက ဖော်ပြသည်။ NOM

လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က အစ္စရေးစစ်တပ်ရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ရာဖီ မီလို လက်ဘနွန်တောင်ပိုင်းကို သွားရောက်စဉ်အတွင်း သူစီးနင်းလာတဲ့ မော်တော်ယာဉ်ကို ဟစ်ဇဘိုလာအဖွဲ့က FPV ဒရုန်းတစ်စင်းဖြင့် တိုက်ခိုက်ခဲ့ရာ တိုက်ရိုက်ထိမှန်ခဲ့ပါတယ်။ အဆိုပါ ဗိုလ်ချုပ်ဟာ ဒရုန်းမထိမှန်ခင် မိနစ်ပိုင်းအလိုမှာပဲ မော်တော်ယာဉ်ပေါ်ကနေ ဆင်းသွားခဲ့တာကြောင့် ဘေးအန္တရာယ်ကနေ သီသီလေး လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီဖြစ်စဉ်ကြောင့် အစ္စရေးစစ်တပ်ရဲ့ စစ်ဘက်ဆိုင်ရာ အထက်တန်းအရာရှိကြီးတွေကြားထဲမှာ စိုးရိမ်ပူပန်မှုတွေ အပြင်းအထန် မြင့်တက်လာခဲ့ပါတယ်။ NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် DD India သတင်းဌာန အင်တာဗျူး(မြန်မာဘာသာပြန်- အပိုင်း ၅)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် DD India သတင်းဌာန အင်တာဗျူး(မြန်မာဘာသာပြန်- အပိုင်း ၄)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် DD India သတင်းဌာန အင်တာဗျူး။ (မြန်မာဘာသာပြန်- အပိုင်း ၃)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် DD India သတင်းဌာန အင်တာဗျူး။ (မြန်မာဘာသာပြန်- အပိုင်း ၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် DD India သတင်းဌာန အင်တာဗျူး။(မြန်မာဘာသာပြန်- အပိုင်း ၁)

တောင်သမန်အင်းအတွင်းမှာ ရေချိုးမယ်ဆိုရင် အရေပြား ဆရာဝန်ကိုပါ တစ်ခါတည်းဆက်သွယ်ထားရမည်ဟု အမရပူရမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ပြော NOM၊ဇွန်၄၊၂၀၂၆ တောင်သမန်အင်းအတွင်းမှာ ရေချိုးမယ်ဆိုရင် အရေပြား ဆရာဝန်ကိုပါ တစ်ခါတည်းဆက်သွယ်ထားရမယ်ဟု လက်ရှိ‎သမိုင်းဝင်တောင်သမန်အင်း၏ ရေအရည်အသွေး ဆိုးရွားစွာညစ်ညမ်းနေမှုနှင့် ပတ်သက်၍ ဇွန်လ ၂ ရက်က ကျင်းပခဲ့သည့် တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးတွင် အမရပူရမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ် စားလှယ်ဦးသိန်းထွန်းဦးကမေးမြန်းခဲ့သည်။ အမရပူရမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက လက်ရှိတောင်သမန်အင်းအတွင်း ဗေဒါပင်များဖြင့် အရည်အသွေးဆိုးရွားစွာညစ်ညမ်းနေသည့် အတွက်တောင်သမန်အင်းအတွင်းမှာ ရေချိုးမယ်ဆိုရင် အရေပြားဆရာဝန်ကိုပါ တစ်ခါတည်းဆက်သွယ်ထားရမည်ဖြစ်နေသည့်အတွက် စနစ်တကျရှင်းလင်းရေး၊ အင်းရေပြင် သန့်ရှင်းသာယာရေးနှင့်စိုက်ပျိုးမြေများ ပြန်လည်ပေါ်ထွန်းလာရေးတို့အတွက်မေးမြန်းခဲ့ပြီး၊ လက်ရှိအင်းရေပြင်ညစ်ညမ်းမှုအခြေအနေနှင့်ပတ်သက်၍ အခြေအနေဆိုးရွားမှုများကို ထောက်ပြမေးမြန်ခဲ့သည်။ ‎ယင်အခြေနေနှင့်ပတ်သက်၍ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဗိုလ်ဗိုလ်ကျော်က "ဗေဒါပင်များကိုထိရောက်စွာရှင်းလင်းနိုင်ရန်အတွက် လက်ရှိတွင်တောင်သမန်အင်း၏ ရေမျက်နှာပြင် Level ကို အရင်လျှော့ချရမည်ဖြစ်ကြောင်း၊ ရေကျသွားပါကဘက်ဟိုး (Backhoe) အစရှိသည့်စက်ယန္တရားကြီးများသုံးစွဲ၍ဆယ်ယူရှင်းလင်းမှသာ ပိုမိုထိရောက်မည်ဖြစ်ကြောင်း၊ တောင်သမန်အင်းအတွင်း ဘက်ဟိုးယာဉ်များဖြင့် ဗေဒါဆယ်ယူသည့်လုပ်ငန်းများကို ပြီးခဲ့သည့် မတ်လ ၂၀ ရက်အထိအင်တိုက် အားတိုက်ဆောင်ရွက်ခဲ့သော်လည်း၊ ယင်းနောက်ပိုင်းတွင်စက်သုံးဆီအခက်အခဲ (ပြတ်လပ်မှု)ကြောင့် စက်ယန္တရားများဖြင့် ရှင်းလင်းသည့်လုပ်ငန်းစဉ်တစ်ခုလုံးကို ယာယီရပ်နားထားရ ပါတယ်"ဟု လွှတ်တော်တွင်ဖြေကြားသွားခဲ့သည်။

အထူးကုဆေးရုံ (မင်္ဂလာဒုံ) တွင် သွားနှင့်ခံတွင်းရောဂါအထူးကုဌာန ဖွင့်လှစ် ဇွန် ၃၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး အထူးကုဆေးရုံ (မင်္ဂ
အထူးကုဆေးရုံ (မင်္ဂလာဒုံ) တွင် သွားနှင့်ခံတွင်းရောဂါအထူးကုဌာန ဖွင့်လှစ်   ဇွန် ၃၊ ၂၀၂၆   ရန်ကုန်တိုင်းဒေသကြီး အထူးကုဆေးရုံ (မင်္ဂလာဒုံ) တွင် သွားနှင့်ခံတွင်းရောဂါအထူးကုဌာန ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီး များ၊ တပ်မတော်အရာရှိကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး၊ ကျန်းမာရေးဝန်ထမ်းများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။   ဖဲကြိုးဖြတ်၍ဖွင့်လှစ်   ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လူမှုရေးဝန်ကြီးတို့က သွားနှင့်ခံတွင်း ရောဂါအထူးကုဌာနကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး သံဃာတော်အပါး ၅၀ အား အံကပ်တပ်ဆင် ပေးနေမှု၊ သွားနှင့်ခံတွင်းရောဂါအထူး ကုသခန်းများ၊ သွားနှင့်ခံတွင်း အထူးဓာတ်မှန်ခန်းတို့ကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းပေးသည်။   ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးပြည့်ဝသော သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုကို ပြည်သူများလက်လှမ်းမီ ရရှိနိုင်ရေးအတွက် သွားနှင့်ခံတွင်းအထူးကုဆေးရုံကို နေပြည်တော်၌လည်းကောင်း၊ သွားနှင့်ခံတွင်းရောဂါအထူးကုဌာနများကို မန္တလေးပြည်သူ့ဆေးရုံကြီး ကန်တော်နဒီ ကုသဆောင်တွင်လည်းကောင်း၊ ရန်ကုန်တွင်အထူးကုဆေးရုံ (သာကေတ) နှင့် ရန်ကုန်တက္ကသိုလ် ဆေးရုံတို့တွင်လည်းကောင်း ယခုအထူးကုဆေးရုံ (မင်္ဂလာဒုံ) တွင်လည်းကောင်း တိုးချဲ့ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် သွားနုတ်ခြင်း၊ သွားဖာခြင်း၊ သွားစိုက်ခြင်း၊ သွားကျောက်ခြစ်ခြင်း၊ အံကပ်တပ်ဆင်ခြင်း အစရှိသည့်ကုသမှုများကို လာရောက်ကုသမှုခံယူနိုင်ကြောင်း သတင်းရရှိသည်။

ဒုတိယသမ္မတ ဦးညိုစော ရုရှားသမ္မတ၏အကြံပေးနှင့် ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူး H.E. Mr. Anton Kobyakov နှင့် ရော့
ဒုတိယသမ္မတ ဦးညိုစော ရုရှားသမ္မတ၏အကြံပေးနှင့် ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူး H.E. Mr. Anton Kobyakov နှင့် ရော့စ်ကွန်ဂရက်စ် ငွေကြေးရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး Mr. Alexander Sergeevich Shatirov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား သီးခြားစီလက်ခံတွေ့ဆုံ   ဇွန် ၃၊ ၂၀၂၆   (၂၉) ကြိမ်မြောက် နိုင်ငံတကာစီးပွားရေးဖိုရမ် (29th St. Petersburg International Economic Forum- SPIEF 2026) သို့တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောသည် ရုရှားသမ္မတ၏အကြံပေးနှင့် ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူး H. E. Mr. Anton Kobyakov နှင့် ရော့စ်ကွန်ဂရက်စ် ငွေကြေးရန်ပုံငွေအဖွဲ့ (Fund RC-Investments) ညွှန်ကြားရေးမှူး Mr . Alexander Sergeevich Shatirov ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့တို့အား ယနေ့တွင် စိန့်ပီတာစဘတ်မြို့ရှိ EXPOFORUM Convention and Exhibition Centre ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။   ရုရှားသမ္မတ၏အကြံပေးနှင့် ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူးနှင့်တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတို့အပါအဝင် ကဏ္ဍစုံကျယ်ပြန့်စွာ ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း။   ရော့စ်ကွန်ဂရက်စ် ငွေကြေးရန်ပုံငွေအဖွဲ့ (Fund RC-Investments) ညွှန်ကြားရေးမှူးနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံသက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် ရော့စ်ကွန်ဂရက်စ် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ အဖွဲ့အကြား စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍတို့၌ အကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအလိုက် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ဆက်လက်တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။   တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမိုးအောင်၊ စိန့်ပီတာ စဘတ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားသမ္မတ၏အကြံပေးနှင့် ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူး၊ ရော့စ်ကွန်ဂရက်စ် ငွေကြေးရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူးတို့နှင့်အတူ တာဝန်ရှိသူများတက်ရောက်ကြကြောင်း သတင်းရရှိသည်။

အီရန်စစ်ပွဲနဲ့ပတ်သက်ပြီး သမ္မတထရမ့်ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ကန့်သတ်မယ့် ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန် ဆီးနိတ်လွှတ်တော် (အထက်လွှတ်တော်) က ထောက်ခံမဲပေးခဲ့ကြသည်။ ရီပတ်ဘလစ်ကန်ပါတီဝင် လွှတ်တော်အမတ် လေးဦးက ဒီမိုကရက်ပါတီဝင်တွေနဲ့ ပူးပေါင်းခဲ့ပြီးနောက် အမေရိကန် အောက်လွှတ်တော်တွင်လည်း ကန့်ကွက်မဲ ၂၀၈ မဲ၊ ထောက်ခံမဲ၂၁၅ မဲ (မဲအများစု) ဖြင့် အတည်ပြုခဲ့သည်။ NOM

သတင်းထောက် - "မနေ့က အီရန်က ကူဝိတ်ရဲ့ အကြီးဆုံးလေဆိပ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။" သမ္မတ ထရမ့် - "ဒီမှာ... ခင်ဗျားသိတဲ့အတိုင်းပဲ ဒါက သိပ်ကြီးကျယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ တို့ဘက်ကလည်း သူတို့ (အီရန်) ကို နည်းနည်းဆွပေးသလို ဖြစ်ခဲ့တာကိုး၊ ကိစ္စတွေက ဒီလိုပဲ ဖြစ်တတ်တာပဲ။ ဒုံးကျည်နဲ့တိုက်ခိုက်မှုတွေက တကယ့်အမှန်အတိုင်း ပြောရရင် တော်တော်လေးကို အသင့်အတင့်ပဲ ရှိခဲ့တာပါ။" NOM

ဇွန်လ ၃ ရက်နေ့နံနက်အစောပိုင်းက ကူဝိတ်နိုင်ငံတကာလေဆိပ်ရဲ့ Terminal 1 (အမှတ် ၁ လေဆိပ်အဆောက်အအုံ) ကို အီရန်နိုင်ငံထုတ် Shahed-136 ဒရုန်းတစ်စင်း ထိမှန်ခဲ့သည့် CCTV မှတ်တမ်းဗီဒီယို။ NOM

ဟော်မုဇ်ရေလက်ကြား ကို စက်တင်ဘာလအထိ ဆက်လက်ပိတ်ထားမည်ဆိုပါကလည်း 'အဆင်ပြေပါသည်' ဟု အမေရိကန် သမ္မတ ထရမ့်က ပြောကြားလိုက်ကြောင်း New York Post (NYP) သတင်းစာက ဖော်ပြ။ NOM

ဇွန်လ ၂ ရက်နေ့ ညက အီရန်၏ တိုက်ခိုက်မှုအတွင်း အမေရိကန်ဒရုန်းဂိုဒေါင် တစ်ခုလည်း ပျက်စီးသွားကြောင်း ကမ့်ပ်ဗျူးရင်း (Camp Buehring) မှ ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းများက အတည်ပြုလိုက်သည်။ NOM

ဟစ်ဇ်ဘိုလာအဖွဲ့က 'အာဘာဘေးလ်' ဟုခေါ်သော ညကြည့်မှန်ပြောင်း/ အပူဖမ်းစနစ်သုံး FPV ဒရုန်းတစ်စင်းဖြင့် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့စစ်သာ
+1
ဟစ်ဇ်ဘိုလာအဖွဲ့က 'အာဘာဘေးလ်' ဟုခေါ်သော ညကြည့်မှန်ပြောင်း/ အပူဖမ်းစနစ်သုံး FPV ဒရုန်းတစ်စင်းဖြင့် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့စစ်သား သုံးဦးပါဝင်သည့် အုပ်စုတစ်စုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်း။ NOM