uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 478 obunachidan iborat bo'lib, Yangiliklar & Media toifasida 15 941-o'rinni va Myanma mintaqasida 10 074-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 478 obunachiga ega bo‘ldi.

01 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -216 ga, so‘nggi 24 soatda esa -7 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 9.87% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 6.74% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 232 marta ko‘riladi; birinchi sutkada odatda 841 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 15 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 02 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 478
Obunachilar
-724 soatlar
-197 kunlar
-21630 kunlar
Postlar arxiv
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
+5
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်မြို့ရှိ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များ၊ သင်တန်းကျောင်းများအား လိုက်လံကြည့်ရှုစစ်ဆေး ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆ News Of Myanmar NOM

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပါကစ္စတန်နိုင်ငံသား ၁၁ ဦးအား သက်ဆ
+3
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပါကစ္စတန်နိုင်ငံသား ၁၁ ဦးအား သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံလွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံသား နှစ်ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆ News Of Myanmar NOM

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားမျာ
+4
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ News Of Myanmar NOM

တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကျင်းပရန်ခေါ်ယူခြင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကျင်းပရန်ခေါ်ယူခြင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မ ၁၇၁၊ ပုဒ်မခွဲ(ခ) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ခ)တို့အရ တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်း အဝေးကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အသီးသီး၌ ၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက်(၂ဝ၂၆ခုနှစ်၊ မတ်လ ၂၀ ရက်) သောကြာနေ့တွင် စတင်ကျင်းပရန် ခေါ်ယူ ကြောင်း ကြေညာအပ်ပါသည်။

ဒေါ်လာ ၂.၆ သန်းအတွက်ဦးကျော်မိုးထွန်းတရားစွဲခံရနိုင်သလား --- ၂၀၂၁ ဖေဖေါ်ဝါရီလက ကုလသမဂ္ဂမှာလက်၃ ချောင်းထောင်ပြီး NUG ဘက်ကိုကူးပ
ဒေါ်လာ ၂.၆ သန်းအတွက်ဦးကျော်မိုးထွန်းတရားစွဲခံရနိုင်သလား --- ၂၀၂၁ ဖေဖေါ်ဝါရီလက ကုလသမဂ္ဂမှာလက်၃ ချောင်းထောင်ပြီး NUG ဘက်ကိုကူးပြောင်းခဲ့စဉ်က ဦးကျော်မိုးထွန်းဟာသူနဲ့အတူ မြန်မာကုလသမဂ္ဂရုံးပိုင် ဒေါ်လာ ၂.၆ သန်း Bank Of America အကောင့်မှာရှိနေတယ်ဆိုတာ"ဖွင့်မပြောခဲ့ပါဘူး".. ဒီ ၂.၆ သန်းထဲက ဒေါ်လာ ၃ သိန်းကိုဘဲ ကုလနှစ်စဉ်ကြေးအဖြစ်(တနှစ်စာ) ပေးသွင်းခဲ့ပြီး နောက်ထပ် ၂နှစ်စာ (ဒေါ်လာ ၆ သိန်း)ကို NUG ပြည်သူ့အလှူငွေတွေထဲကတောင်းယူပေးသွင်းခဲ့တယ်.. သူရော NUG ကပါ နောက်ထပ်ပေးသွင်းခြင်းတွေမရှိတာမို့ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂမှာ လက်ရှိအချိန်အထိစုစုပေါင်းဒေါ်လာ ၈သိန်းကျော် (၈၃၈၄၁၉)အကြွေးတင်နေတယ်.. --- ဒီကိစ္စကိုတိတိကျကျ"လူထုထံချပြဖြေရှင်းပေးဘို့"တောင်းဆိုမှုတွေရှိပေမဲ့ဦးကျော်မိုးထွန်းရော NUG ကပါ ဝေ့လည်ကြောင်ပါတ်တွေလုပ်နေတယ်.. တိတိကျကျရှင်းလင်းချက်မရရင်တော့ဒီကိစ္စတခုလုံးဟာ ဦးကျော်မိုးထွန်းရဲ့မသမာမှုလား ဦးကျော်မိုးထွန်းနဲ NUG ပေါင်းပြီးငွေကြေးမသမာမှုတွေပူးပေါင်းကျူးလွန်ထားသလားစဉ်းစားစရာဖြစ်နေပြီ.. --- ဒီကိစ္စဟာ"အခုမရှင်းလဲနောင်ရှင်းရမဲ့ကိစ္စ"ပါ.. အထူးသဖြင့်. အကယ်၍များ အခု(ရွေးကောက်ပွဲအပြီး)တက်လာမဲ့မြန်မာအစိုးရကို ကုလသမဂ္ဂ Credential cmtt က အသိအမှတ်ပြုလိုက်ပြီဆိုရင် ဦးကျော်မိုးထွန်းအတွက်ပြသနာတွေအကြီးအကျယ်ရှိလာပါလိမ့်မယ်.. "သာမာန်ဘက်ပြောင်းခိုလှုံမှုမျိုးဆိုကိစ္စမရှိပေမဲ့ အခုလိုနိုင်ငံပိုင်ငွေကြေးအမြောက်အမြားနဲ့စာရင်းဖျောက်သွားတာမျိုးကိုတော့ ကုလသမဂ္ဂအနေနဲ့ရော အိမ်ရှင်အမေရိကန်အနေနဲ့ပါ ဒီအတိုင်းကြည့်နေမှာမဟုတ်ဘူး.. - နိုင်ငံတော်ပိုင်ဆိုင်မှု (Sovereign Ownership): အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ဒေါ်လာ ၂.၆ သန်း (နှင့် အခြားအကောင့်တွေ)ဟာ တဦးတယောက်ချင်း (သို့) နိုင်ငံရေးပါတီတစ်ခုရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘဲ မြန်မာနိုင်ငံတော်ရဲ့ ပိုင်ဆိုင်မှုသာ ဖြစ်တယ်.. - အကယ်၍ ကုလသမဂ္ဂက အခု(ရွေးကောက်ပွဲအပြီး)တက်လာတဲ့မြန်မာအစိုးရကိုမြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ်ကိုယ်စားပြုခွင့်အသိအမှတ်ပြုလိုက်ရင် ဒီအစိုးရဟာ နိုင်ငံတော်အမည်နဲ့ ဖွင့်ထားတဲ့အကောင့်တွေအားလုံးကိုစီမံခန့်ခွဲပိုင်ခွင့် ဥပဒေကြောင်းအရ ရရှိမယ်.. - ကုလသမဂ္ဂနဲ့ လက်ခံအိမ်ရှင်နိုင်ငံ (အမေရိကန်ပြည်ထောင်စု) တို့ဟာလဲ ဒီအကောင့်အားလုံးကို အသိအမှတ်ပြုခံရတဲ့ ကိုယ်စားလှယ်အသစ်ထံ လွှဲပြောင်းပေးဘို့ ဥပဒေအရ တာဝန်ရှိတယ် --- မြန်မာစစ်အစိုးရအနေနဲ့ကတော့ ဦးကျော်မိုးထွန်းကို High Treason"နိုင်ငံတော်သစ္စာဖောက်မှု" နဲ့စွဲချက်တင်ထားပြီးဖြစ်တယ်.. အကယ်၍ နောက်တက်မဲ့မြန်မာအစိုးရဘက်က ကုလသမဂ္ဂမှာ နေရာရသွားရင် သူ့ကို "နိုင်ငံတော်ပိုင်ငွေ အလွဲသုံးစားမှု" ဖြင့် ဆက်ပြီးအရေးယူဘို့ကြိုးစားမှာ သေချာတယ်.. --- လောလောဆယ်ကတော့.. - ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂကအသိအမှတ်ပြုထားဆဲ ကိုယ်စားလှယ်ဖြစ်နေသေးတော့ သံတမန်ကင်းလွတ်ခွင့် (Diplomatic Immunity)ရထားတယ်.. - ဒါ့ကြောင့်သူ့ကို အမေရိကန် တရားရုံးတွေမှာအရပ်ဘက်အမှု (Civil law suit)နဲ့ တရားစွဲလို့မရသေးဘူး.. - Credential Challenge အသိအမှတ်ပြုမှု ဆုံးရှုံးပြီးနောက်ပိုင်းဆိုရင်တော့ဇာတ်လမ်းကတမျိုးဖြစ်သွားပြီ.. - ကုလကိုယ်စားလှယ်အဖြစ်က ဖယ်ရှားခံရရင်သံတမန်ကင်းလွတ်ခွင့်လဲ သက်တမ်းကုန်ဆုံးသွားပြီ.. - မြန်မာအစိုးရကသူ့ကိုအမေရိကန်တရားရုံးတွေမှာငွေကြေးပြန်လည်ရရှိဘို့တရားစွဲဆိုတာတွေလုပ်လို့ရသွားပြီ.. --- ဦးကျော််မိုးထွန်းအနေနဲ့အသုံးစရိတ်တွေ ( expenditure line-items တွေ)ကိုတိတိကျကျမရှင်းနိုင်ရင်အရပ်ဘက်အမှု (Civil Suit)ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်မှု (သို့) အလွဲသုံးစားမှုနဲ့တရားစွဲခံရနိုင်တယ်.. သူမြန်မာနိုင်ငံ ပြန်ရောက်သွားတာ ဒါမှမဟုတ် မြန်မာနိုင်ငံနဲ့တရားခံလွှဲပြောင်းရေး စာချုပ်ရှိတဲ့နိုင်ငံတွေကိုရောက်သွားတာမျိုးဆိုရင်လဲ ရာဇဝတ်မှုနဲ့Criminal Charges အရေးယူလွှဲပြောင်းခံရနိုင်တယ်.. --- ဦးကျော်မိုးထွန်းဟာ"နိုင်ငံ့ဝန်ထမ်းတယောက်အနေနဲ့နိုင်ငံတော်နဲ့တိုင်းပြည်ကိုဘဲသစ္စာခံရမယ်"ဆိုတဲ့အရေးအကြီးဆုံးဝန်ထမ်းသစ္စာကြီးတခုကိုဖေါက်ဖျက်ခဲ့ပြီးပါပြီ.. (နိုင်ငံဝန်ထမ်းတွေဟာအလုပ်ခွင်မှာနိုင်ငံရေးဘက်လိုက်စရာမလိုပါ) ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့လုပ်ခဲ့တယ်ဆိုရင်လဲ အခုလောလောဆယ်မှာတော့ငွေကြေးအရှုပ်အရှင်းကိစ္စတွေကိုအချိန်မလွန်ခင်(တတ်နိုင်သမျှ)ရှင်းထားလိုက်စေချင်ပါတယ်.. "အခုမရှင်းလဲနောင်ရှင်းရမှာမို့"ပါ သန်းလွင်ထွန်း ၂၃ ဖေဖေါ်ဝါရီ ၂၀၂၆

🚢 🇺🇸 "ဈာပနများ လွဲချော်ခြင်းနှင့် ပိတ်ဆို့နေသော အိမ်သာများ - အီရန်အရေး တာဝန်ထမ်းဆောင်မှုကြောင့် အမေရိကန် ရေတပ်သားများ ထိခိ
🚢 🇺🇸 "ဈာပနများ လွဲချော်ခြင်းနှင့် ပိတ်ဆို့နေသော အိမ်သာများ - အီရန်အရေး တာဝန်ထမ်းဆောင်မှုကြောင့် အမေရိကန် ရေတပ်သားများ ထိခိုက်ခံစားနေရ" အရှေ့အလယ်ပိုင်းဒေသတွင် အီရန်နှင့် ၎င်း၏ မဟာမိတ်အဖွဲ့များကို ခြိမ်းခြောက်ရန်နှင့် လိုအပ်ပါက တိုက်ခိုက်ရန် တာဝန်ပေးအပ်ခြင်းခံရသော အမေရိကန်ရေတပ်သားများသည် ရှည်လျားလှသော တာဝန်ထမ်းဆောင်မှုကာလ၊ ပျက်စီးယိုယွင်းနေသော အခြေခံအဆောက်အအုံများနှင့် မိသားစုအရေးကြီးကိစ္စများကို လက်လွှတ်ဆုံးရှုံးနေရမှုများကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုများပြင်းထန်စွာခံစားနေရသည်။ "တိုးမြှင့်ထားသော တာဝန်ထမ်းဆောင်မှု ကာလများ" အီရန်ကို ခြိမ်းခြောက်ရန် (သို့မဟုတ်) တိုက်ခိုက်ရန်အတွက် အမေရိကန် စစ်သင်္ဘောအများအပြားသည် ပင်လယ်ပြင်တွင် ပုံမှန်ထက် ပိုမိုကြာရှည်စွာ တပ်စွဲထားကြရသည်။ အချို့သော ရေတပ်သားများသည် နေအိမ်နှင့် ဝေးကွာနေသည်မှာ ရှစ်လမှ ကိုးလအထိ ကြာမြင့်နေပြီဖြစ်ပြီး ယင်းမှာပုံမှန်သတ်မှတ်ချက် ထက်များစွာ ကျော်လွန်နေသည်။ "မိသားစုနှင့် ဝေးကွာရခြင်း၏ နာကျင်မှု" တာဝန်ထမ်းဆောင်နေရသည့် ကာလအတွင်း ရေတပ်သားအများအပြားသည် မိသားစုဝင်များ၏ ဈာပနအခမ်းအနားများ၊ ကလေးမွေးဖွားခြင်းနှင့် အခြားအရေးကြီးသော လူမှုရေးပွဲလမ်းများကို လွဲချော်ခဲ့ကြသည်။ ဆက်သွယ်ရေး ကန့်သတ်ထားမှုကြောင့် မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေခြင်းက ၎င်းတို့၏ စိတ်ဓာတ်ကို ပိုမိုကျဆင်းစေသည်။ "သင်္ဘောပေါ်မှ ဆိုးရွားသော အခြေအနေများ" စစ်သင်္ဘောအချို့ (အထူးသဖြင့် လေယာဉ်တင်သင်္ဘောကြီးများ) ပေါ်တွင် အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေရသည်။ ရေပိုက်လိုင်းစနစ်များ ချို့ယွင်းမှုကြောင့် အိမ်သာများ ပိတ်ဆို့ခြင်း၊ ရေချိုးရန် ရေမလုံလောက်ခြင်းနှင့် ကျဉ်းမြောင်းသော နေထိုင်မှုပုံစံများက ရေတပ်သားများကို ပိုမိုပင်ပန်းနွမ်းနယ်စေသည်။ "စစ်ဆင်ရေးဆိုင်ရာဖိအား" အီရန်အပြင် ယီမင်နိုင်ငံရှိ ဟူသီ (Houthi) လက်နက်ကိုင်များကလည်း ဒရုန်းနှင့် ဒုံးကျည်များဖြင့် လက်တုံ့ပြန်တိုက်ခိုက်လာမည့်အန္တရာယ်ကို ခုခံကာကွယ်ရန်အတွက် သင်္ဘောသားများကို အမြဲတစေနိုးနိုးကြားကြား ရှိနေစေရန် ဖိအားပေးထားသည်။ ဤကဲ့သို့ တိုက်ပွဲဝင် အခြေအနေတွင် အချိန်ကြာမြင့်စွာ နေထိုင်ရခြင်းက လူရောစိတ်ပါအားအင်ကုန်ခမ်းမှုကို ဖြစ်ပေါ်စေသည်။ "ရေတပ်အတွက်စိန်ခေါ်မှု" အမေရိကန်ရေတပ် ခေါင်းဆောင်ပိုင်းအနေဖြင့် တစ်ဖက်တွင် အီရန်ကို အင်အားပြသနေရသလို၊ အခြားတစ်ဖက်တွင်လည်း မိမိတို့၏ရေတပ်သားများ စိတ်ပိုင်းဆိုင်ရာ ပြိုလဲမသွားစေရန် ထိန်းညှိရသည့် ခက်ခဲသောအခြေအနေများနှင့် ရင်ဆိုင် နေရသည်။ NOM

🛩 "အစိုးရပိုင်ဂျက်လေယာဉ်ဖြင့် အီတလီသို့သွားရောက်ကာ အမေရိကန် ရေခဲပြင်ဟော်ကီအသင်းနှင့်အတူ အောင်ပွဲခံ ပါတီပွဲဆင်နွှဲခဲ့သည့် FBI ညွှန်ကြားရေးမှူး" အမေရိကန် FBI ညွှန်ကြားရေးမှူး ကတ်ရှ် ပါတေးလ် (Kash Patel) သည် FBI ဂျက်လေယာဉ်ကို အသုံးပြု၍ အိုလံပစ်ပွဲတော်သို့သွားရောက်ခဲ့ပြီး အမေရိကန်ရေခဲပြင် ဟော်ကီအသင်း Team USA ရွှေတံဆိပ်ဆုရှင်များနှင့်အတူ အောင်ပွဲခံပျော်ပါးခဲ့သည့်အတွက် တစ်ကျော့ပြန် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ သူ၏ တရားဝင်ဆင်ခြေမှာ အီတလီဝန်ကြီးများနှင့် တွေ့ဆုံရန်ရှိခြင်းနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးရန်ဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း လူမှုကွန်ရက်ပေါ်ရှိ ဗီဒီယိုများတွင်မူ ၎င်းသည် လည်ပင်း၌ ရွှေတံဆိပ်တစ်ခုကို ဆွဲထားပြီး ဘီယာများကို မော့သောက်ကာ အမေရိကန်ရေခဲပြင်ဟော်ကီအသင်းနှင့် အောင်ပွဲခံအော်ဟစ်နေသည် ကိုတွေ့မြင်ရသည်။ သမ္မတထရန့်၏ နေအိမ်ထဲသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းသည် ဟု စွပ်စွဲခံရသော အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦးကို Secret Service အေးဂျင့်များက ပစ်သတ်ခဲ့သည့်အချိန်တွင် ယခုဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ FBI ပြောရေးဆိုဆိုခွင့်ရှိသူက ပါတေးလ်​၏ခရီးစဉ်မှာ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သည်ဟု ပြောဆိုသော သတင်းထောက်များကို ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပြီးနောက် ပါတေးလ် ကိုယ်တိုင် ၎င်းအောင်ပွဲခံနေသည့် ရုပ်သံဖိုင်ကိုတင်ခဲ့ခြင်းဖြစ်သည်။ 🤡 လွန်ခဲ့သော နှစ်နှစ်ခန့်က Podcast ထုတ်လွှင့်သူတစ်ဦးအဖြစ်ရှိနေစဉ်တွင် ပါတေးလ် က FBI ညွှန်ကြားရေးမှူး ခရစ်စ်ရေး (Chris Wray) ကို "အခွန်ထမ်းပြည်သူတွေရဲ့ ပိုက်ဆံကိုသုံးပြီး အထူးသီးသန့်လေယာဉ်နဲ့ နိုင်ငံအနှံ့ လျှောက်သွားနေတယ်" ဟု တိုက်ခိုက်ဝေဖန်ခဲ့ဖူးသည်။ ယခုအခါတွင်မူ ပါတေးလ်ကိုယ်တိုင်မှာ သူ၏ရည်းစားထံသို့လည်းကောင်း၊ အီတလီသို့လည်းကောင်းဂျက်လေယာဉ်ဖြင့် လျှောက်သွားနေသူ ဖြစ်နေလေပြီ။ NOM

👍⚰️ယူကရိန်းနိုင်ငံသည် လူဦးရေဆိုင် ရာ အန္တရာယ်ဆိုးနှင့် ရင်ဆိုင်နေရစဉ် မုဆိုးမများနှင့် မိဘမဲ့ကလေးများ များပြားသည့် နိုင်ငံတစ
👍⚰️ယူကရိန်းနိုင်ငံသည် လူဦးရေဆိုင် ရာ အန္တရာယ်ဆိုးနှင့် ရင်ဆိုင်နေရစဉ် မုဆိုးမများနှင့် မိဘမဲ့ကလေးများ များပြားသည့် နိုင်ငံတစ်ခု ဖြစ်လာနေကြောင်း CNN ဖော်ပြ ယူကရိန်းနိုင်ငံသည် ၂၀၂၂ ခုနှစ်မှစ၍ လူဦးရေ ၁၀ သန်းခန့် ဆုံးရှုံးခဲ့ပြီး ၎င်း၏ မွေးဖွားနှုန်းမှာလည်း လုံးဝဥဿုံ ကျဆင်းသွားပြီဖြစ်ကြောင်း ထိပ်တန်း လူဦးရေဆိုင်ရာ ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။ "ဒါဟာ ကပ်ဘေးတစ်ခုပါပဲ။ လူသားတွေ မရှိဘဲ ဘယ်နိုင်ငံမှ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။" NOM

⚠️🆕 စစ်တွေမြို့ပြင်မှာရှိတဲ့ ရခိုင်ကျေးရွာတွေထဲက လက်ကျန်နေအိမ်တွေကို စစ်တပ်မီးရှို့နေဟု မဟုတ် မမှန်သတင်းများ ရေးသားဖြန့်ဝေလျ
⚠️🆕 စစ်တွေမြို့ပြင်မှာရှိတဲ့ ရခိုင်ကျေးရွာတွေထဲက လက်ကျန်နေအိမ်တွေကို စစ်တပ်မီးရှို့နေဟု မဟုတ် မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆ News Of Myanmar NOM

ဖေဖော်ဝါရီလ၂၃ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။မြောက်ကိုးရီးယားအာဏာအလုပ်သမားပါတီညီလာခံမှနိုင်ငံခေါင်းဆောင်ကင်ဂျုံအမ်ကိုပါတီအထွေ
+3
ဖေဖော်ဝါရီလ၂၃ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။မြောက်ကိုးရီးယားအာဏာအလုပ်သမားပါတီညီလာခံမှနိုင်ငံခေါင်းဆောင်ကင်ဂျုံအမ်ကိုပါတီအထွေထွေအတွင်းရေးမှူးအဖြစ်ပြန်လည်တင်မြှောက်လိုက်သည်။(ဓါတ်ပုံ) ၂။မက္ကဆီကိုမြို့များတွင်ရာဇဝတ်ဂိုဏ်းနှင့်စစ်တပ်ကြားတိုက်ပွဲများဖြစ်နေပြီးရဲအရာရှိ၃၀ထက်မနည်းကိုလူဆိုးများကသတ်ဖြတ်လိုက်ကာစတိုးဆိုင်များစားသောက်ဆိုင်များကိုမီးရှို့လျက်ရှိသည်။(ဗီဒီယို) ၃။တရုတ်ဂြိုဟ်တုဓါတ်ပုံများ၏ထုတ်ပြန်ချက်အရ ဂျော်ဒန်နိုင်ငံသည်အီရန်ကိုတိုက်မည့်အမေရိကန်တို့အတွက်အဓိကအခြေစိုက်စခန်းဖြစ်ကြောင်းမက်ဖာအယ်လ်ဆော်တီအခြေစိုက်စခန်းရှိအမေရိကန်တိုက်လေယာဥ်၆၀စီးကိုထောက်ပြရေးသားနေကြသည်။(ဓါတ်ပုံ) ၄။အင်ဒိုနီးရှားရေတပ်သည်အီတလီရေတပ်တွင်နှစ်၄၀တာဝန်ထမ်းဆောင်ပြီးအနား​ပေးလိုက်သောဂျူဆက်ပီဂါရီဘော်ဒီလေယာဥ်တင်သင်္ဘောကိုအီတလီထံမှလက်ဆောင်အဖြစ်ရလိုက်ရာအ​ရှေ့တောင်အာရှတွင်ထိုင်းနိုင်ငံပြီးလျင်ဒုတိယမြောက်လေယာဥ်တင်သင်္ဘောပိုင်သည့်နိုင်ငံဖြစ်လာသည်။(ဓါတ်ပုံ) ၅။စင်ကာပူနိုင်ငံသည်မတ်လဒုတိယပတ်မှစ၍ကျီးများကိုပြန်လည်ပစ်ခတ်နှိမ်နှင်းမည်ဟုကြေညာလိုက်သည်။ကျည်ဆန်များကအိမ်များကိုထိမှန်သဖြင့်၂၀၂၀ခုနှစ်ကစပြီးသေနတ်ဖြင့်ပစ်ခတ်နှိမ်နှင်းမှုကိုရပ်တန့်ထားခဲ့ခြင်းဖြစ်သည်။

"အစ္စရေးနိုင်ငံသည် နိုင်းမြစ်မှ ယူဖရေးတီးမြစ်အထိ "နယ်မြေအားလုံးကို သိမ်းပိုက်နိုင်သည်" ဟု အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ
"အစ္စရေးနိုင်ငံသည် နိုင်းမြစ်မှ ယူဖရေးတီးမြစ်အထိ "နယ်မြေအားလုံးကို သိမ်းပိုက်နိုင်သည်" ဟု အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးပြောကြားမှုကြောင့် သံတမန်ရေးရာ အငြင်းပွားမှုများ ပြင်းထန်လာ" နိုင်းမြစ်မှ ယူဖရေးတီးမြစ်အထိ ကျယ်ပြန့်သော နယ်မြေများအားအစ္စရေးနိုင်ငံအနေဖြင့် ကျမ်းစာအရ ရပိုင်ခွင့်ရှိ၊ မရှိမေးမြန်းမှုကို အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ဟပ်ကာဘီက "သူတို့အားလုံးကို သိမ်းပိုက်လိုက်မယ်ဆိုရင်တောင် အဆင်ပြေပါတယ်" ဟု ဖြေကြားခဲ့ပြီးနောက် ပြင်းထန်သော ဝေဖန်ရှုံ့ချမှုများနှင့် ရင်ဆိုင်နေရသည်။ တပ်ကာကာလ်ဆင် (Tucker Carlson) နှင့် ပြုလုပ်ခဲ့သော လူတွေ့မေးမြန်းခန်းတစ်ခုအတွင်း အာဗြဟံ၏သားမြေးများအား ကတိပြုထားသည့် နယ်မြေများကို ခေတ်သစ်အစ္စရေးနိုင်ငံက တောင်းဆိုနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းရာတွင် ၎င်းက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ဘနွန်၊ ဆီးရီးယား၊ ဂျော်ဒန်နှင့် ဆော်ဒီအာရေးဘီးယား၊ အီဂျစ်နိုင်ငံတို့၏ အစိတ်အပိုင်းများ ပါဝင် နေသည့် ထိုနယ်မြေချဲ့ထွင်မှုဆိုင် ရာ မှတ်ချက်များကြောင့် အာရပ်အဖွဲ့ချုပ် (League of Arab States)၊ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နှင့် အီဂျစ်၊ ဂျော်ဒန်၊ ဆော်ဒီအာရေးဘီးယား အစိုးရများထံမှ တုံ့ပြန်ကန့်ကွက်မှုများ ထွက်ပေါ်လာခဲ့သည်။ အစိုးရတာဝန်ရှိသူများက ထိုပြောဆိုချက်များသည် "အစွန်းရောက်" ပြီး "ရန်စရာရောက်သော" စကားများဖြစ်ကြောင်း၊ နိုင်ငံတကာဥပဒေများနှင့် ဆန့်ကျင်နေသည့်အပြင် ဒေသတွင်း အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်နေကြောင်း သတိပေးခဲ့ကြသည်။ နောက်ပိုင်းတွင် ဟပ်ကာဘီက ၎င်း၏ပြောဆိုချက်မှာ "အတန်ငယ် ချဲ့ကားပြောဆိုမိခြင်း" သာဖြစ်ပြီး အစ္စရေးသည် နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းနေခြင်းမရှိကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။ ဟပ်ကာဘီက ၎င်း၏စကားကို ပြန်လည်ရုပ်သိမ်းရန် ကြိုးပမ်းခဲ့သော်လည်း မြေပြင်အခြေအနေတွင်မူ အစ္စရေးသည် ဂိုလန်ကုန်းမြင့် ဒေသကို ဆက်လက်သိမ်းပိုက်ထားဆဲဖြစ်ပြီး လက်ဘနွန်တောင်ပိုင်းတွင်လည်း စစ်ရေးအရ အခြေစိုက်ထားဆဲဖြစ်သည်။ ထို့အပြင် ၂၀၂၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အစ္စရေး၏ ပါလက်စတိုင်းနယ်မြေ ကျူးကျော်သိမ်းပိုက်မှုမှာ တရားမဝင်ကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့သော်လည်း ဘင်ဂျမင် နေတန်ယာဟု အပါအဝင် အစ္စရေးအရာရှိများသည် "မဟာအစ္စရေး" (Greater Israel) ရည်မှန်းချက်ကို မကြာခဏဆိုသလို ဆက်လက်မြှင့်တင်နေကြဆဲဖြစ်သည်။ NOM

ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးမှ တိုင်းဒေသကြီးဦးစီးမှူးက ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၆) ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရ မည့်ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက မိမိတို့ဌာနများအလိုက် တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားဇုန်များ၌ သန့်ရှင်းသပ်ရပ်မှု လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ၊ ခရီးသွားများသွားလာရေး နေထိုင်ရေးနှင့် ဟိုတယ်/တည်းခိုရိပ်သာများ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊ ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းရှင်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်ဆည်းပေးရန် လိုအပ်မှုအခြေအနေများအားလည်းကောင်း အသီးသီးအကြံပြုဆွေးနွေးတင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်း အခမ်းအနားနှင့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၆) တက်ရောက် ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်ရှိ ရာပြည့်ကပ်ကျော်စေတီတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးပရဝဏ်အတွင်း ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ပင့်သံဃာဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ “နမောတဿ” သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိ မဟာလယ်တီကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ပင့်သံဃာဆရာတော်၊ သံဃာတော်များ၏ မေတ္တာသုတ်ပရိတ်တရားတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက နာယူကြည်ညိုကြပြီး ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ မုံရွာမြို့၊ အုတ်ကန်တောရစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တမာနိတ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတသတ်များက အနုမောဒနာတရားနာယူကည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးကာ “ဗုဒ္ဓသာသနံ စီရံတိဠတု” သုံးကြီမ်ရွတ်ဆို ဆုတောင်းခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများသည် နိုင်ငံ့တာဝန်များအား တစ်ထောင့်တစ်နေရာမှ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများ ကျန်းမာသန်စွမ်းစွာဖြင့် နေထိုင်သွားလာနိုင်ရေးနှင့် စားသောက်ရေးများ အဆင်ပြေစေရန်အတွက် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။ ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် အငြိမ်းစားဝန်ထမ်းများအား နံနက်စာကော်ဖီနှင့် မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများက တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံမိတ်ဆက်စကားများ ပြောကြားကာ တာဝန်ရှိသူများနှင့်အတူ အငြိမ်းစားဝန်ထမ်း ၇၅၀ ဦးအား အဟာရဖြည့် စွက်စာကြက်ဥများအား လက်ရောက်ပေးအပ်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း၌ မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများအား ဆီးချို/သွေးချို ရောဂါ၊ သွေးတိုးရောဂါ၊ အကြောနာအကြောတက်ရောဂါ၊ နှလုံးရောဂါ၊ ချောင်းဆိုးရင် ကြပ်ရောဂါများအား စစ်ဆေးကုသပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါခန်းမဝန်းအတွင်း၌ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ အငြိမ်းစားဝန်ထမ်းများအား အခြေခံစား သောက်ကုန်များဖြစ်သည့် ဆန်၊စားသုံးဆီနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက် သာစွာဖြင့် ရောင်းချပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီး သွားလုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၆) သို့ တက်ရောက်ကြသည်။ ဦးစွာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ ဘိုးဘွားအမွေအနှစ်၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်များအား ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန်နှင့် ဒေသခံပြည်သူလူထုအကျိုးရှိစေမည့် လုပ်ငန်းများအားလုပ်ဆောင်ရင်း ခရီးသွားလုပ်ငန်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ကော်မတီအဖွဲ့ဝင်အားလုံးမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသ
+2
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်း အခမ်းအနားနှင့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၆) တက်ရောက်

"အလုပ်အကိုင်ဈေးကွက်ဟာ ငရဲခန်းပါပဲ" (ဆောင်းပါးအကျဉ်းချုပ်) ဒီဆောင်းပါးဟာ လက်ရှိအလုပ်အကိုင်ရှာဖွေရေးလောကမှာ ဖြစ်ပျက်နေတဲ့ "လူမဆ
"အလုပ်အကိုင်ဈေးကွက်ဟာ ငရဲခန်းပါပဲ" (ဆောင်းပါးအကျဉ်းချုပ်) ဒီဆောင်းပါးဟာ လက်ရှိအလုပ်အကိုင်ရှာဖွေရေးလောကမှာ ဖြစ်ပျက်နေတဲ့ "လူမဆန်တော့တဲ့ နည်းပညာပတ်လမ်း" အကြောင်းကို မီးမောင်းထိုးပြထားပါတယ်။ အဓိကအချက်ကတော့ "အလုပ်ရှာသူတွေက AI သုံးပြီး Resume တွေ ရေးကြတယ်။ အလုပ်ခန့်တဲ့ ကုမ္ပဏီ (HR) တွေကလည်း အဲဒီ Resume တွေကို စစ်ထုတ်ဖို့ AI ကိုပဲ ပြန်သုံးကြတယ်။ နောက်ဆုံးမှာတော့ ဘယ်သူမှ အလုပ်မရကြတော့ဘူး" ဆိုတဲ့အချက်ပါပဲ။ "အလုပ်လျှောက်လွှာတွေဟာ စာရင်းအင်းတွေသာဖြစ်သွားခြင်း" အရင်က အလုပ်တစ်ခုရဖို့ လူချင်းတွေ့ဆုံတာ၊ စာနာနားလည်တာတွေ ရှိခဲ့ပေမယ့် အခုခေတ်မှာတော့ အွန်လိုင်းပလက်ဖောင်းတွေကြောင့် အလုပ်လျှောက်ရတာဟာ Dating Apps တွေ (ဥပမာ Tinder/Bumble) မှာ ဘယ်ညာ ပွတ်ဆွဲနေသလို ဖြစ်လာပါတယ်။ အလုပ်ရှာသူတွေဟာ တစ်နေ့ကို လျှောက်လွှာ ရာနဲ့ချီ ပို့နေကြပြီး တစ်ဖက်ကလည်း ဘာမှ ပြန်မပြောတာတွေကို ခံစားနေရပါတယ်။ "AI နှင့် AI ထိပ်တိုက်တွေ့ဆုံမှု" လူငယ်တွေက ChatGPT သုံးပြီး လျှောက်လွှာတွေကို ပရော်ဖက်ရှင်နယ်ကျကျရေးလာကြတယ်။ HR တွေကလည်း လျှောက်လွှာတွေ ထောင်နဲ့ချီ များနေတဲ့အတွက် AI ဆော့ဖ်ဝဲ တွေကိုသုံးပြီး စစ်ထုတ်တယ်။ ရလဒ်ကတော့ စက်ရုပ်တွေ အချင်းချင်း ဆက်သွယ်နေကြသလို ဖြစ်နေပြီး လူသားတွေရဲ့ တကယ့်အရည်အချင်းနဲ့ စိတ်အားထက်သန်မှုတွေဟာ အဲဒီ "စက်ရုပ်စစ်ထုတ်စနစ်" ထဲမှာ ပျောက်ဆုံးကုန်ပါတယ်။ "အလုပ်ရှင်နှင့် အလုပ်သမားကြားက ယုံကြည်မှု ပျက်ပြားခြင်း" အလုပ်ရှင်တွေကလည်း သူတို့ဆီရောက်လာတဲ့ Resume တွေကို AI နဲ့ ရေးထားမှန်း သိတဲ့အတွက် အလုပ်လျှောက်သူရဲ့ စွမ်းဆောင်ရည်အပေါ် သံသယဝင်လာကြတယ်။ တစ်ဖက်မှာလည်း အလုပ်ရှာသူတွေက ကုမ္ပဏီတွေဟာ တကယ်အလုပ်ခန့်ဖို့ထက် ဒေတာအချက်အလက် စုဆောင်းဖို့ (ဒါမှမဟုတ်) ပုံရိပ်ကောင်းဖို့အတွက်ပဲ ကြော်ငြာတင်နေကြတာလို့ ယူဆလာကြပါတယ်။ "နှိမ့်ချခံရခြင်းနှင့် စိတ်ဓာတ်ကျခြင်း" အလုပ်တစ်ခုရဖို့ အဆင့်ဆင့်သော လူတွေ့စစ်ဆေးမှုတွေ၊ နည်းပညာစမ်းသပ်မှုတွေ လုပ်ဆောင်ရပေမယ့် နောက်ဆုံးမှာတော့ ဘာအကြောင်းပြချက်မှမရှိဘဲ ငြင်းပယ်ခံရတာ (သို့မဟုတ်) အဆက်အသွယ် ပြတ်သွားတာတွေဟာ အလုပ်ရှာသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု တစ်ခုလိုဖြစ်လာပါတယ်။ ဆောင်းပါးရှင် အန်နီလောင်ရီက လက်ရှိအလုပ်အကိုင်ဈေးကွက်ဟာ နည်းပညာတိုးတက်လာပေမယ့် ပိုပြီးခက်ခဲ၊ ပိုပြီးပင်ပန်းကာ လူသားဆန်မှု ကင်းမဲ့လာတဲ့ "ငရဲခန်း" တစ်ခုလို ဖြစ်နေကြောင်း ထောက်ပြထားတာ ဖြစ်ပါတယ်။ NOM

ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန် (၁၆၂၀) တန်အား မန္တလေးတိုင်းဒေသကြီးရှိ ငလျင်ဘေးသင့်ပြည်သူများထံထောက်ပံ့ရန် စိုက်ပျိုးရ
+1
ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန် (၁၆၂၀) တန်အား မန္တလေးတိုင်းဒေသကြီးရှိ ငလျင်ဘေးသင့်ပြည်သူများထံထောက်ပံ့ရန် စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပ ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆ ကိုရီးယားသမ္မတနိုင်ငံမှလှူဒါန်းသော ဆန် (၁၆၂၀) တန်အား မန္တလေးတိုင်းဒေသကြီးရှိ ငလျင်ဘေးသင့်ပြည်သူများထံ ထောက်ပံ့ရန် စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ APTERR အတွင်းရေးမှူးချုပ်ရုံး အထွေထွေမန်နေဂျာ Dr. Choomjet Karnjanakesorn၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ ကိုယ်စားလှယ် Ms. Kim Weolsoon၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။ ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး APTERR အတွင်းရေးမှူးချုပ်ရုံး အထွေထွေမန်နေဂျာ Dr. Choomjet Karnjanakesornက ဆန်လွှဲပြောင်းပေးအပ်မှုနှင့်ပက်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာကိုရီးယားသမ္မတနိုင်ငံသံရုံးမှ ကိုယ်စားလှယ် Ms. Kim Weolsoonက လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ လွဲပြောင်းပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က APTERR အတွင်းရေးမှူးချုပ်ရုံး အထွေထွေမန်နေဂျာအား ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပြီး အခမ်းအနားတို့ တက်ရောက်လာသည့် ငလျင်ဘေးသင့်ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်အား နိုင်င
+4
KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်အား နိုင်ငံတကာသို့ အသိပေးထုတ်ပြန် ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆ News Of Myanmar NOM

🔫 🇮🇷Financial Times မှ သတင်းထုတ်ပြန်ချက် - အီရန်နိုင်ငံသည် ရုရှားထံမှ လေကြောင်းရန်ကာကွယ်ရေး ပခုံးထမ်းဒုံးကျည်စနစ်များဝယ်ယူ
🔫 🇮🇷Financial Times မှ သတင်းထုတ်ပြန်ချက် - အီရန်နိုင်ငံသည် ရုရှားထံမှ လေကြောင်းရန်ကာကွယ်ရေး ပခုံးထမ်းဒုံးကျည်စနစ်များဝယ်ယူ Financial Times ၏ဖော်ပြချက်အရ အီရန်သည်ပြီးခဲ့သည့် ဒီဇင် ဘာလက ရုရှားနှင့် ယူရို သန်း ၅၀၀ တန်ဖိုးရှိ လျှို့ဝှက်စစ်ဘက်ဆိုင်ရာ စာချုပ်တစ်ခု ချုပ်ဆိုခဲ့ကြောင်း သိရသည်။ 🔫 အဆိုပါ သဘောတူညီချက်တွင် ရုရှားထံမှ ခေတ်မီ လေကြောင်းရန်ကာကွယ်ရေး ပခုံးထမ်းဒုံးကျည်စနစ် ထောင်ပေါင်းများစွာကို အီရန်သို့ ပေးပို့ရန် ပါဝင်သည်။ 🔫 Financial Times က မြင်တွေ့ခဲ့ရသည့် ပေါက်ကြားလာသော ရုရှားစာရွက်စာတမ်းများအရ ဒီဇင်ဘာလက မော်စကိုတွင် ချုပ်ဆိုခဲ့သည့် ဤစာချုပ်တွင် ဗာဘာ (Verba) အမျိုးအစား ပခုံးထမ်းဒုံးလောင်ချာ ၅၀၀ နှင့် 9M336 ဒုံးကျည် ၂,၅၀၀ စင်းတို့ကို သုံးနှစ်အတွင်း ပေးပို့ရန် ပါဝင်သည်။ 🔫 ဗာဘာ စနစ်သည် ရုရှား၏ အဆင့်မြင့်ဆုံး ပခုံးထမ်းဒုံးကျည်စနစ်များထဲမှ တစ်ခုဖြစ်ပြီး ဒရုန်းများ၊ ခရုစ်ဒုံးကျည်များနှင့် အနိမ့်ပျံလေယာဉ်များကို ပစ်မှတ်ထား ချေမှုန်းနိုင်စွမ်းရှိရာ အီရန်အတွက် ကျယ်ပြန့်သော ရွှေ့လျားလေကြောင်းရန်ကာကွယ်ရေး စွမ်းဆောင်ရည်ကို ရရှိစေမည်ဖြစ်သည်။ NOM

ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က လားရှိုးမြို့၊ အမှတ် (၇) အထက်တန်းကျောင်းခွဲမှ ဆရာမ ဒေါ်မေဇင်ဖူးမြင့် (၃၀) နှစ် က
+2
ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က လားရှိုးမြို့၊ အမှတ် (၇) အထက်တန်းကျောင်းခွဲမှ ဆရာမ ဒေါ်မေဇင်ဖူးမြင့် (၃၀) နှစ် ကို ကားဖြင့်တိုက်သတ်မိပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ယာဉ်မောင်းဖြစ်သူ မိုးသစ်တည် (၂၂) နှစ်ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။ ၎င်းသည် အခင်းဖြစ်ပွားခဲ့သည့်နေ့၌မောင်းနှင်ခဲ့သည့် ကားကို မိတ်ဆွေတစ်ဦး​၏နေအိမ်တွင် ဝှက်ထားခဲ့ပြီးနောက် နံပါတ်ပြားပြောင်းလဲတပ်ဆင်၍ အခြားသူတစ်ဦးထံသို့ရောင်းချခဲ့သည်။ ပိုင်ရှင် အသစ်က အဆိုပါကားကို မောင်းနှင်စဉ် လုံခြုံရေးတပ်ဖွဲ့က မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးရာမှ ပြစ်မှုကျူးလွန်သူ မူလပိုင်ရှင်ကိုဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ News Of Myanmar NOM

Repost from NOM.World News
"ကြာသပတေးနေ့ ဆွေးနွေးပွဲတွေဟာ ထရမ့်အတွက် စမ်းသပ်ချက်တစ်ခုဖြစ်ပြီး အမေရိကန်စစ်သားတွေ ငရဲကိုသွားရမလား ဒါမှမဟုတ် အမေရိကကို ပြန်လ
"ကြာသပတေးနေ့ ဆွေးနွေးပွဲတွေဟာ ထရမ့်အတွက် စမ်းသပ်ချက်တစ်ခုဖြစ်ပြီး အမေရိကန်စစ်သားတွေ ငရဲကိုသွားရမလား ဒါမှမဟုတ် အမေရိကကို ပြန်လာရမလားဆိုတာကို အဆုံးအဖြတ်ပေးပါလိမ့်မယ်" ဟု အီရန်နိုင်ငံ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကော်မတီ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟမ် ရီဇာအီ (Ebrahim Rezaei) က ပြောကြားခဲ့သည်။ NOM