uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 478 obunachidan iborat bo'lib, Yangiliklar & Media toifasida 15 941-o'rinni va Myanma mintaqasida 10 074-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 478 obunachiga ega bo‘ldi.

01 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -216 ga, so‘nggi 24 soatda esa -7 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 9.87% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 6.74% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 232 marta ko‘riladi; birinchi sutkada odatda 841 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 15 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 02 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 478
Obunachilar
-724 soatlar
-197 kunlar
-21630 kunlar
Postlar arxiv
ဟုမ္မလင်းမြို့နယ်၊  KIA/PDF စခန်းကို Gyrocopter ၂စီးနဲ့ ဗုံးကြဲ၊အကြမ်းဖက် အများအပြား ထိခိုက်သေဆုံး UNION ၊ဖေဖော်ဝါရီ ၂၃ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ အရှေ့တောင်ဖက်ရှိ ပင်နုပ်ဆွတ်ကျေးရွာရတွင် စခန်းချနေသော စစ်သွေးကြွ KIA/PDF စခန်းကို Gyrocopter (၂) စီးအသုံးပြုပြီး ဗုံးကြဲရှင်းလင်းခဲ့ရာ အကြမ်းဖက်အဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း သိရပါတယ် ။ အဆိုပါရွာသည် ဟုမ္မလင်းမြို့၏ အ​ရှေ့တောင်ဖက် ၈ မိုင်အကွာ တွင်တည်ရှိပြီး  ဥရုမြစ်ကို အခြေပြု တရားမဝင်ရွှေတူးဖော်မှုများ အလွန်အကျွံပြုလုပ်နေသော ရွာဖြစ်ပါသည် ။ ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်သွေးကြွ KIA ဝင်ရောက်အခြေချခဲ့ပြီးနောက် တရားမဝင်ရွှေတူးဖော်မှုများပိုမိုလုပ်ဆောင်လာသလို စစ်အင်အားများပါဖြည့်တင်းထားကြောင်းသိရသည်။ #UNION_Politics_News

အခွန်အရပ်ရပ် လျာထားချက်ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေး ဆွေးနွေး ဖေဖော်ဝါရီ ၂၂၊ ၂၀၂၆ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိ
အခွန်အရပ်ရပ် လျာထားချက်ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေး ဆွေးနွေး ဖေဖော်ဝါရီ ၂၂၊ ၂၀၂၆ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၁၊ ၃) နှင့် ရန်ကင်းမြို့နယ် စိမ်းလဲ့မေလမ်းသွယ်ရှိ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၂ ၊ ၄) တို့တွင် ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဗိုလ်တထောင်မြို့နယ် အနော်ရထာလမ်းနှင့် (၄၇) လမ်းထောင့်အခွန်ထမ်းကြီး များဆိုင်ရာ အခွန်ရုံး (၂) နေရာ ရုံးအဆောက်အအုံအကြီးစား ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။ ယင်းနောက် ကုန်သည်လမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး (၁) အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် တွေ့ဆုံ၍ ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အခွန်အရပ်ရပ်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ News Of Myanmar NOM

လူ့အဖွဲအစည်းဟာ ဓါတ်ခွဲခန်းမဟုတ်သလို ၊ လူပေါင်းမြောက်မြားစွာရဲ့ အသက်အိုးအိမ်၊ အလုပ်အကိုင်နဲ့ ပညာရေးတွေဟာ လောင်းကစား လုပ်ရမယ့်အရာမဟုတ်ပါဘူး။ ငါတို့က ပိုကောင်းတဲ့လူ့အဖွဲအစည်းကို ယူဆောင် လာမယ် ၊ တရားမျှတမှုကို ရှာဖွေမယ်ဆိုပြီး (ဖြစ်လာမယ် ၊ မဖြစ်လာဘူး မသေချာတဲ့) ခေါင်းစဉ်အောက်မှာ လူတွေရဲ့ အသက်အိုး အိမ်စည်းစိမ်ကို လောင်းကစားလုပ်တဲ့ နိုင်ငံရေး ယဉ်ကျေးမှုမျိုး ကွယ်ပျောက်သင့်တာ ကြာပါပြီ။ အနာဂတ်မှာ အနိုင်အရှုံးမသေချာဘဲနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ရင်းပြီး လောင်းတဲ့ နိုင်ငံရေးယဉ်ကျေးမှုကို နိုင်ငံရေးလောင်းကစား ယဉ်ကျေးမှုလို ခေါ်ပါတယ်။ လောင်းကြေးကတော့ လူငယ်တွေရဲ့ ဘ၀၊ ပြည်သူလူထုရဲ့ အိုးအိမ်စည်းစိမ် ဆိုတာပါပဲ။ အနာဂတ်ကောင်းမွန်မှု ဆိုတဲ့ ကြွေးကြော်သံသုံးပြီး လူပေါင်းမြောက်မြားစွာရဲ့ အသက် အိုအိမ်းစည်းစိမ်းကို လောင်းကစားလုပ်ပိုင်ခွင့် ရှိတယ်လို့များ ဘယ်သူကများပေးအပ်ထားပါသလဲ။ နိုင်ငံရေး အတွေးအခေါ်ပညာမှာ မရေရာတဲ့အနာဂတ်အတွက် လူပေါင်းမြောက်မြားစွာရဲ့ အသက်အိုးအိမ်စည်းစိမ်ကို လောင်းကစားလုပ်တယ်ဆိုတာဟာ အခွင့်အာဏာကို အလွဲသုံးစားလုပ်တဲ့ အဆိုးညစ်ဆုံးနိုင့်ထက်စီးနင်းလုပ်မှု (tyranny) တစ်ခုပါပဲ။ နိုင်ငံရေး လောင်းကစားယဉ်ကျေးမှုရဲ့ ပြဿနာက နိဗ္ဗာန်ဘုံကို ကတိကဝတ်ပေးတယ် ဒါပေမယ့် လက်ရှိဖြစ် ပေါ်နေတာက လူ့အဖွဲအစည်း ပိုမိုပျက်စီးဆုံးရှုံးခြင်းပါပဲ။ တိုင်းပြည်တစ်ပြည်ဟာ အကျင့်ပျက်ခြစားမှု၊ မတရားမှု ၊ ပိတ်လှောင်မှုတွေကြောင့်သာလျင် ပျက်စီးနိုင်တာ မဟုတ်ဘဲသူ့အပေါ် ပြန်လည်တုံပြန်တဲ့ နိုင်ငံရေးပုံစံတွေကြောင့်လည်း ဆုံးရှုံးသွားနိုင်ပါတယ်။ တကယ်လို့ အနာဂတ် ကောင်းဖိုအတွက်ပါ ဆိုပြီး လူပေါင်းများ စွာရဲ့အိုးအိမ်စည်းစိမ်တွေ၊ လူငယ်တွေရဲ့ဘ၀တွေ ပိုမိုပျက်စီး ဆုံးရှုံးသွားမယ်ဆိုရင် ဒါဟာ နိုင်ငံရေးအဖြေတစ်ခုမဟုတ်ပါဘူး။ နိုင်ငံရေးလောင်းကစား ယဉ်ကျေးမှုကြောင့် ထွက်ပေါ်လာတဲ့ ကြေကွဲဖွယ် ရာ အဖြစ်ဆိုးတစ်ခုပါပဲ။ မသေချာမရေရာတဲ့ ကတိကဝတ်တွေထက် စာရင် လူ့အဖွဲအစည်း ပိုမိုဆိုးဝါးမသွားစေတဲ့ နိုင်ငံ ရေး ယဉ်ကျေးမှု မျိုးထွန်းကားဖိုလိုပါတယ်။ ပြည်သူလူထု ဘယ်လောက်ပေးဆပ်ရ ပေးဆပ်ရ စနစ်ကို ပြောင်းမယ် (Change the system whatever the cost )ဆိုတဲ့ တွေးခေါပုံ အလေ့အထ ( mindset ) နေရာမှာ change the system , but do not destroy society (စနစ်ကို ပြောင်းပါ ဒါပေမယ့် လူ့အဖွဲအစည်းကို မဖျက်ဆီးပါနဲ့) ဆိုတဲ့ နိုင်ငံရေး အလေ့အထမျိုး ပေါ်ပေါက်လာဖို့လည်း အရေးကြီးပါတယ်။ (Min Khet Ye)

ဖေဖော်ဝါရီ ၂၂ ရက်နေ့၌ တကောင်းမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်ကြား၊ ပေါက်တပင်ရွာကျေးရွာအနီးရှိ အကြမ်းဖက် PDF စခန်းကို တပ်မတော်
+9
ဖေဖော်ဝါရီ ၂၂ ရက်နေ့၌ တကောင်းမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်ကြား၊ ပေါက်တပင်ရွာကျေးရွာအနီးရှိ အကြမ်းဖက် PDF စခန်းကို တပ်မတော်က ချေမှုန်းသိမ်းပိုက်ခဲ့ရာ အကြမ်းဖက် အလောင်း ၂ လောင်းနှင့် သေနတ်လက်နက်တို့အား သိမ်းဆည်းရမိခဲ့သည်။ News Of Myanmar NOM

🇲🇽🔥🏴‍☠️ပုံ= CJNG မူးယစ်ဂိုဏ်းသားများ​၏ ခြုံခိုတိုက်ခိုက်မှုများကြောင့် သေဆုံးနေသည့် မက္ကဆီကိုလုံခြုံရေးတပ်ဖွဲ့များ CJNG မ
🇲🇽🔥🏴‍☠️ပုံ= CJNG မူးယစ်ဂိုဏ်းသားများ​၏ ခြုံခိုတိုက်ခိုက်မှုများကြောင့် သေဆုံးနေသည့် မက္ကဆီကိုလုံခြုံရေးတပ်ဖွဲ့များ CJNG မူးယစ်ဂိုဏ်းခေါင်းဆောင် အယ်လ်မန်ချိုကို မက္ကဆီကိုအစိုးရက အသေပစ်ခတ်ဖမ်းဆီးခဲ့ပြီးနောက် CJNG ဂိုဏ်းနှင့် မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့များအကြားတိုက်ပွဲများဆက်လက်ပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်။ News Of Myanmar NOM

🇺🇸"အီရန်နှင့်စစ်ဖြစ်ခြင်းသည် နိုင်ငံရေးအရ ဖြေရှင်းချက်မဟုတ်ဘဲ ပြဿနာသာဖြစ်ကြောင်း ထရမ့်ကို အကြံပေးများ သတိပေး" အမေရိကန်သမ္မတ
🇺🇸"အီရန်နှင့်စစ်ဖြစ်ခြင်းသည် နိုင်ငံရေးအရ ဖြေရှင်းချက်မဟုတ်ဘဲ ပြဿနာသာဖြစ်ကြောင်း ထရမ့်ကို အကြံပေးများ သတိပေး" အမေရိကန်သမ္မတသည် အီရန်နှင့် ပဋိပက္ခဖြစ်ပွားရန် တွန်းအားပေးနေသော်လည်း ၎င်း၏အဖွဲ့ကမူ စစ်ရေးအရ အခြေအနေတင်းမာလာခြင်းသည် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲတွင် ရီပတ်ဘလီကန်များအတွက် ထိုးနှက်ချက်ဖြစ်နိုင်ကြောင်း အရေးပေါ်သတိပေးနေကြသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။ အကြံပေးပုဂ္ဂိုလ်များက အရှေ့အလယ်ပိုင်းတွင် နောက်ထပ်စစ်ပွဲတစ်ခုဆင်နွှဲမည့်အစား အမေရိကန်မဲဆန္ဒရှင်များ၏ စီးပွားရေးဆိုင်ရာစိုးရိမ်ပူပန်မှုများကိုသာ အာရုံစိုက်ရန် တိုက်တွန်းနေကြသည်။ အမေရိကန်အုပ်ချုပ်ရေးအဖွဲ့အတွင်း၌လည်း အီရန်ကို တိုက်ခိုက်ရန်အတွက် "တညီတညွတ်တည်း ထောက်ခံမှု" မရှိကြောင်း အဆင့်မြင့်အရာရှိတစ်ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။ ရီပတ်ဘလီကန် မဟာဗျူဟာမှူး ရော့ဘ်ဂေါ့ဒ်ဖရေး (Rob Godfrey) က "ကျောထောက်နောက်ခံပြုသူ တွေဟာ နိုင်ငံခြားရေးရာတွေမှာ ပါဝင်ပတ်သက်တာကို သံသယရှိကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ 'အဆုံးမသတ်နိုင်တဲ့ စစ်ပွဲများ' ခေတ်ကို အဆုံးသတ်မယ်ဆိုတာဟာ ထရမ့် အတိအလင်းပေးထားတဲ့ ရွေးကောက်ပွဲကတိကဝတ် ဖြစ်နေလို့ပါပဲ" ဟု မှတ်ချက်ပြုခဲ့သည်။ NOM

ဟုမ္မလင်းနှင့် နမ်တောကြားရှိ KIA/ PDF အကြမ်းဖက်သမားများ ရွှေခိုးတူးနေသည့် ယာယီစခန်းကိုချေမှုန်း ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆ စစ်ကိုင်း
+4
ဟုမ္မလင်းနှင့် နမ်တောကြားရှိ KIA/ PDF အကြမ်းဖက်သမားများ ရွှေခိုးတူးနေသည့် ယာယီစခန်းကိုချေမှုန်း ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်း နှင့် နမ်တောကြားရှိ အကြမ်းဖက် KIA/ PDF အကြမ်းဖက်သမားများ ရွှေခိုးတူးနေသည့် ယာယီစခန်းတစ်ခုကို တပ်မတော်က သတင်းအရ လေယာဉ်ကြောင်းမှ တိုက်ခိုက်ချေမှုန်းခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် အကြမ်းဖက် ပကဖအဖွဲ့မှ PDF ၁၅ ဦးကို တပ်ပြေးအဖြစ်ကြေညာ ​News Of Myanmar NOM
+4
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် အကြမ်းဖက် ပကဖအဖွဲ့မှ PDF ၁၅ ဦးကို တပ်ပြေးအဖြစ်ကြေညာ ​News Of Myanmar NOM

🏴‍☠️ "ဂျာလစ္စကို မျိုးဆက်သစ်မူးယစ်ဂိုဏ်း" (CJNG = JNGC)" ယနေ့ခေတ် မက္ကဆီကိုနိုင်ငံတွင် သြဇာအကြီးဆုံး မူးယစ်ဂိုဏ်းကြီးနှစ်ခုမ
🏴‍☠️ "ဂျာလစ္စကို မျိုးဆက်သစ်မူးယစ်ဂိုဏ်း" (CJNG = JNGC)" ယနေ့ခေတ် မက္ကဆီကိုနိုင်ငံတွင် သြဇာအကြီးဆုံး မူးယစ်ဂိုဏ်းကြီးနှစ်ခုမှာ စီနာလိုအာ (Sinaloa) နှင့် CJNG (JNGC ဟုလည်းခေါ်) တို့ ဖြစ်ကြသည်။ ဤအဖွဲ့အစည်းများသည် အနောက်ကမ္ဘာခြမ်း၏ လုံခြုံရေးကို ပြင်းထန်စွာ ခြိမ်းခြောက်နေသည်။ CJNG ၏ အခြေအနေမှာ ၎င်းတို့တွင် စစ်တပ်ကဲ့သို့ စနစ်တကျ ဖွဲ့စည်းပုံရှိနေခြင်းကြောင့် ပိုမိုဆိုးရွားစေသည်။ 🏴‍☠️ CJNG ကို ၂၀၁၁ ခုနှစ်ဝန်းကျင်တွင် မီလီနီယို (Milenio) ဂိုဏ်းဟောင်း၏ အကြွင်းအကျန်များဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ အများပြည်သူသိရှိနိုင်သော သတင်းရင်းမြစ်များအရ CJNG တွင် တင်းကြပ်သော အထက်အောက် အမိန့်နာခံမှုနှင့် စည်းကမ်းစနစ်များ ရှိသည်။ ဤရာဇဝတ်ဂိုဏ်းသည် သံချပ်ကာကားများ၊ အကြီးစားစက်သေနတ်များ၊ ဒရုန်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို အသုံးပြုကြသည်။ 🏴‍☠️ CJNG သည် ၎င်းတို့၏ သြဇာကို မက္ကဆီကိုတစ်ဝန်းတွင် "ရာဇဝတ်မှုဆိုင်ရာ ဖရန့်ချိုင်းစနစ်" (Criminal Franchising) ဟုခေါ်သော နည်းလမ်းဖြင့် ချဲ့ထွင်ခဲ့သည်။ နယ်မြေအသစ်တစ်ခုသို့ ဝင်ရောက်သည့်အခါ ဒေသခံလူဆိုးဂိုဏ်းများကို ၎င်းတို့၏ အမှတ်တံဆိပ် (Brand)၊ သယ်ယူပို့ဆောင် ရေးနှင့် စစ်ရေးအရင်းအမြစ်များကို အသုံးပြုခွင့်ပေးပြီး အပြန်အလှန် အားဖြင့် သစ္စာခံမှုနှင့် အမြတ်ငွေ ရာခိုင်နှုန်းကို ရယူသည့် စနစ်ဖြစ်သည်။ 🏴‍☠️ ဤဂိုဏ်းသည် မူးယစ်ဆေးဝါး (စိတ်ကြွဆေး၊ ဖန်တနေးလ်၊ ကိုကင်း) ရောင်းချခြင်းမှ ပုံမှန်ဝင်ငွေ ရရှိရုံသာမက အောက်ပါလုပ်ငန်းများတွင်လည်း ပါဝင်ပတ်သက်နေသည်။ 📌လောင်စာဆီ ခိုးယူခြင်း: ပိုက်လိုင်းများအတွင်းမှ ဓာတ်ဆီနှင့် ဒီဇယ်များကို ခိုးယူခြင်း (မက္ကဆီကိုတွင် "huachicol" ဟု လူသိများပြီး နိုင်ငံပိုင် PEMEX ကုမ္ပဏီကို ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်စေသည်)။ 📌တရားမဝင် သတ္တုတူးဖော်ခြင်း: ကိုလံဘီယာ၊ ပီရူးနှင့် ဘိုလီးဗီးယားနိုင်ငံတို့ရှိ တရားမဝင် ရွှေတူးဖော်ရေးတွင် အသုံးပြုရသည့် ပြဒါး (Mercury) ကို ရောင်းဝယ်ဖောက်ကားခြင်း။ 🏴‍☠️ CJNG သည် ဒရုန်းများနှင့် မိုင်းများကို အသုံးပြု၍ လူသိရှင်ကြား အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းကြောင့် လူသိများသည်။ ၎င်းတို့၏ တိုက်ခိုက်ရေးသမားများသည် လူမြင်ကွင်းတွင် ကွပ်မျက်မှုများကို မကြာခဏ ပြုလုပ်လေ့ရှိပြီး အစိုးရအရာရှိများကို ခြိမ်းခြောက်လေ့ရှိသည်။ 🏴‍☠️ စီနာလိုအာနှင့် CJNG နှစ်ဖွဲ့လုံးသည် မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကို ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ဖြင့် ဖြန့်ဖြူးကြသည်။ CJNG သည် ဥရောပတွင်လည်း ခြေကုပ်ယူထားပြီး အဆိုပါဒေသတွင် ကိုကင်းနှင့် စိတ်ကြွဆေးများ ထုတ်လုပ်သည့် ဓာတ်ခွဲခန်းများကို လည်ပတ်နေကြောင်း သိရှိရပါသည်။ NOM

"သမ္မတထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့က ဂါဇာဒေသတွင် နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့များ ဖြန့်ကြက်မည့် မြေပုံတစ်ခုကို ထုတ်ပြန်" ထရ
"သမ္မတထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့က ဂါဇာဒေသတွင် နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့များ ဖြန့်ကြက်မည့် မြေပုံတစ်ခုကို ထုတ်ပြန်" ထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့က ဂါဇာမြို့၏ နေရာအသီးသီးတွင် "နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့များ" (International Stabilization Forces) ဖြန့်ကြက်ချထားမည့် မြေပုံတစ်ခုကို ထုတ်ပြန်ခဲ့သည်။ ၎င်းတို့၏ အဆိုအရ နေရာချထားမည့် နိုင်ငံများမှာ- ဂါဇာမြောက်ပိုင်း: 🇽🇰 ကိုဆိုဗို ဂါဇာစီးတီး: 🇰🇿 ကာဇက်စတန် ဒိုင်ရ် အယ်လ် ဘာလာ (Deir-al-Balah): 🇦🇱 အယ်လ်ဘေးနီးယား ခန်းယူနစ် (Khan Yunis): 🇲🇦 မော်ရိုကို ရာဖာ (Rafah): 🇮🇩 အင်ဒိုနီးရှား ရွေးချယ်ထားသော နိုင်ငံစာရင်းနှင့် ၎င်းတို့ကို နေရာချထားသည့် ပုံစံမှာ စိတ်ဝင်စားစရာ ကောင်းနေပါသည်။ NOM

ပုံ= JNGC မူးယစ်ဂိုဏ်းသားများ​၏ ခြုံခိုတိုက်ခိုက်မှုများကြောင့် သေဆုံးနေသည့် မက္ကဆီကိုလုံခြုံရေးတပ်ဖွဲ့များ JNGC မူးယစ်ဂိုဏ်း
ပုံ= JNGC မူးယစ်ဂိုဏ်းသားများ​၏ ခြုံခိုတိုက်ခိုက်မှုများကြောင့် သေဆုံးနေသည့် မက္ကဆီကိုလုံခြုံရေးတပ်ဖွဲ့များ JNGC မူးယစ်ဂိုဏ်းခေါင်းဆောင် အယ်လ်မန်ချိုကို မက္ကဆီကိုအစိုးရက အသေပစ်ခတ်ဖမ်းဆီးခဲ့ပြီးနောက် JNGC ဂိုဏ်းနှင့် မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့များအကြားတိုက်ပွဲများအပြန်အလှန်ဖြစ်ပွားလျက်ရှိသင်္ည။ News Of Myanmar NOM

"ဂျာလစ္စကို မျိုးဆက်သစ် မူးယစ်ဂိုဏ်း (JNGC) ခေါင်းဆောင် အယ်လ်မန်ချို သေဆုံးကြောင်း မက္ကဆီကို ကာကွယ်ရေးဝန်ကြီးဌာန အတည်ပြု" မက္
"ဂျာလစ္စကို မျိုးဆက်သစ် မူးယစ်ဂိုဏ်း (JNGC) ခေါင်းဆောင် အယ်လ်မန်ချို သေဆုံးကြောင်း မက္ကဆီကို ကာကွယ်ရေးဝန်ကြီးဌာန အတည်ပြု" မက္ကဆီကို ကာကွယ်ရေးဝန်ကြီးဌာန (SEDENA) က ဂျာလစ္စကို မျိုးဆက်သစ် မူးယစ်ဂိုဏ်း (JNGC) ခေါင်းဆောင် အယ်လ်မန်ချို (El Mencho) သေဆုံးသွားပြီဖြစ်ကြောင်းအတည်ပြုလိုက်ပြီဖြစ်သည်။ တရားဝင် ထုတ်ပြန်ချက်အရ ၎င်းအား ဖမ်းဆီးရန် အထူးတပ်ဖွဲ့ဝင် များကို စေလွှတ်ခဲ့သော်လည်း တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ အထူးတပ်ဖွဲ့များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုအတွင်း အယ်လ်မန်ချိုသေဆုံးသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါစစ်ဆင်ရေးအတွင်း မက္ကဆီကို တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ အစီရင်ခံစာတွင် ဤစစ်ဆင်ရေးအတွက် အမေရိကန်ပြည်ထောင်စု ကလည်း ကူညီထောက်ပံ့မှုများ ပေးခဲ့ကြောင်း ဖော်ပြထားပါသည်။ News Of Myanmar NOM

JNGC မူးယစ်ဂိုဏ်းနှင့် မက္ကဆီကို အမျိုးသားလုံခြုံရေးတပ်ဖွဲ့တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင် စစ်သည်အမြောက်အမြား သေဆုံးခဲ့ပြီးဒဏ်ရာရရှိသူ အရေအတွက်လည်း အများအပြား ရှိနေပါသည်။ News Of Myanmar NOM

ဂျာလစ္စကိုမျိုးဆက်သစ်ဂိုဏ်း (JNGC) ခေါင်းဆောင် အယ်လ်မန်ချို (El Mencho) အသတ်ခံရပြီးနောက် JNGC က မက္ကဆီကိုအစိုးရကို စစ်ကြေညာ ဂ
+8
ဂျာလစ္စကိုမျိုးဆက်သစ်ဂိုဏ်း (JNGC) ခေါင်းဆောင် အယ်လ်မန်ချို (El Mencho) အသတ်ခံရပြီးနောက် JNGC က မက္ကဆီကိုအစိုးရကို စစ်ကြေညာ ဂျာလစ္စကိုမျိုးဆက်သစ်ဂိုဏ်း (JNGC) ၏ ခေါင်းဆောင်ဖြစ်သူ အယ်လ်မန်ချို (El Mencho) အသတ်ခံရပြီးနောက် အဆိုပါ မူးယစ်ဂိုဏ်းသည် မက္ကဆီကိုအစိုးရကို စစ်ကြေညာလိုက်ပြီဖြစ်သည်။ ဂိုဏ်း၏ အဓိကခြေကုပ်စခန်းဖြစ်သော ဂျာလစ္စကို (Jalisco) ပြည်နယ်အတွင်းရှိ မက္ကဆီကို ရဲတပ်ဖွဲ့ဝင် များ၊ အမျိုးသားလုံခြုံရေးတပ်ဖွဲ့ စခန်းများနှင့် ပြည်နယ်မြို့တော် ဂွါဒါလာဟာရာရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တို့ကို JNGC အဖွဲ့က တိုက်ခိုက်ခဲ့သည်။ ဂွါဒါလာဟာရာလေဆိပ်ရှိ လေကြောင်းခရီးစဉ်အားလုံးကို ရပ်ဆိုင်းထားပြီး မက္ကဆီကိုအစိုးရက ထိုဒေသအထက်တွင် လေကြောင်းသတိပေးချက် (NOTAM) ထုတ်ပြန်ထားသည်။ လက်ရှိတွင် အစိုးရစစ်တပ်ကို မြို့အတွင်းသို့ စေလွှတ်ဖြန့်ကြက်ထားသည်။ ဂျာလစ္စကိုပြည်နယ်တစ်ဝန်းတွင် JNGC ဂိုဏ်းသည် အစိုးရတပ်ဖွဲ့များကို စတင်တိုက်ခိုက်နေပြီး အရပ်သားများအနေဖြင့် အိမ်တွင်း၌သာနေရန်နှင့် ၎င်းတို့အား ခုခံသူမှန်သမျှကို "ညှာတာမှုမရှိဘဲ သတ်ဖြတ်မည်" ဟု ခြိမ်းခြောက်ထားသည်။ လမ်းမများပေါ်တွင် ကားများကို မီးရှို့ဖျက်ဆီးထားပြီး လူမြင်ကွင်း၌ ကွပ်မျက်မှုများလည်း ရှိနေကာ ပြင်းထန်သော တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါသည်။ News Of Myanmar NOM

"အမေရိကန်လေတပ်က ၎င်းတို့​၏အင်အား ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းခန့်ကို အီရန်အားရင်ဆိုင်ရန် အသုံးပြုထား" ချီကာဂိုတက္ကသိုလ
"အမေရိကန်လေတပ်က ၎င်းတို့​၏အင်အား ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းခန့်ကို အီရန်အားရင်ဆိုင်ရန် အသုံးပြုထား" ချီကာဂိုတက္ကသိုလ်မှ Robert Pape ၏အဆိုအရ - "အမေရိကန်ပြည်ထောင်စုသည် ၎င်း၏ ဖြန့်ကျက်ချထားနိုင်သော လေကြောင်းအင်အား၏ ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းခန့်ကို အီရန်နိုင်ငံအား ရင်ဆိုင်ရန်အတွက် အသုံးပြုထားကြောင်း" သိရသည်။ ၎င်းက ဆက်လက်၍ "အမေရိကန်သည် အလားအလာရှိသော ရန်သူတစ်ဦးအပေါ် ယခုကဲ့သို့ အင်အားအလုံးအရင်းနှင့် ချထားပြီး တိုက်ခိုက်မှု မပြုလုပ်ဘဲ နေခဲ့သည့်ဖြစ်ရပ်မျိုး တစ်ခါမျှ မရှိခဲ့ဖူးပါ" ဟု ပြောကြားခဲ့သည်။ News Of Myanmar NOM

ကျတော်တို့ရွှေဘိုခရိုင်တပ်ရင်း(၁၅)တပ်ခွဲ၃ဗိုလ်ချုပ်အဖွဲ့မှတရား၀င်နှုတ်ထွက်လိုက်ပါသည်။ 22.22026 ကျတော်တို့တပ်ခွဲ၃မှလက်နက်များက
ကျတော်တို့ရွှေဘိုခရိုင်တပ်ရင်း(၁၅)တပ်ခွဲ၃ဗိုလ်ချုပ်အဖွဲ့မှတရား၀င်နှုတ်ထွက်လိုက်ပါသည်။ 22.22026 ကျတော်တို့တပ်ခွဲ၃မှလက်နက်များကို ရွှေဘိုခရိုင်တပ်ရင်း၁၅ဗိုလ်ကောက်ရိုးထံသို့လက်နက်မများအပ်နံခဲ့သည်။ယနေ့(22.2.2026)မှ တပ်ခွဲမှူးဗိုလ်ချုပ်မှခွဲလိုက်ထွက်ပါသည်။ ၀၉ ၄၂၀၃၀၉၂၆၁ ၀၉၉၈၆၃၆၆၂၂၈ ဆက်သွယ်မေးမြန်းနိုင်သည်

စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ပြီး ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သော အောင်ပွဲအလီလီရ ရှေ့တန်းပြန်နိုင်ငံ့သားက
+2
စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ပြီး ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သော အောင်ပွဲအလီလီရ ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို ဖေဖော်ဝါရီ ၂၂၊ ၂၀၂၆ News Of Myanmar NOM

အမေရိကန် သမ္မတထရန့်၏ မာရာလာဂို အိမ်တော်အတွင်းရှိ "လုံခြုံရေးနယ်မြေ" ထဲသို့ "ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်ရန်" ကြိုးပမ်
အမေရိကန် သမ္မတထရန့်၏ မာရာလာဂို အိမ်တော်အတွင်းရှိ "လုံခြုံရေးနယ်မြေ" ထဲသို့ "ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်ရန်" ကြိုးပမ်းခဲ့သူတစ်ဦးကို Secret Service အေးဂျင့်များက ပစ်ခတ်ဖမ်းဆီးရာမှ အဆိုပါအမျိုးသား သေဆုံးသွားခဲ့သည်။ ၎င်းထံမှ "ရှော့ဂန်း (Shotgun) သေနတ်တစ်လက်နှင့် လောင်စာဆီပုံး" ဟု ယူဆရသော ပစ္စည်းများကို သိမ်းဆည်းရမိထားကြောင်းသိရသည်။ News Of Myanmar NOM

🇺🇸"အီရန်နိုင်ငံ ဘာကြောင့် အခုထိ အညံ့မခံသေးတာလဲဆိုတာနဲ့ ပတ်သက်ပြီး သမ္မတထရန့်က စိတ်ပျက်" အမေရိကန် အထူးကိုယ်စားလှယ် စတီးဗ် ဝစ်ကော့ဖ် (Steve Witkoff) က ခုလိုပြောကြားခဲ့ပါတယ် - "အီရန်နိုင်ငံဟာ ဘာကြောင့် အခုထိ အညံ့မခံသေးတာလဲဆိုတာနဲ့ ပတ်သက်ပြီး သမ္မတ ထရန့်က စိတ်ပျက်ပြီး ဝေခွဲမရဖြစ်နေပါတယ်။ ဒေသတွင်းကို စစ်အင်အားတွေအကုန် ပို့ထားတဲ့ ဒီလိုဖိအားမျိုးအောက်မှာတောင် သူတို့(အီရန်) က ကျွန်တော်တို့ဆီလာပြီး 'ကျွန်တော်တို့ ဘာတွေလုပ်ပေးဖို့ အဆင်သင့်ရှိပါတယ်' ဆိုတဲ့ စကားမျိုး ဘာလို့ အခုထိ မပြောလာသေးတာလဲလို့ သူက ဆိုပါတယ်။" News Of Myanmar NOM

ရွာငံမြို့နယ်၊ ပွေးနဖားကျေးရွာတွင် နေအိမ်၌ရှိနေသော ဇနီးမောင်နှံနှစ် ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ NOM ဖေဖော်ဝါရီ ၂၂၊ ၂၀၂၆ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ပွေးနဖားကျေးရွာနေ ဦးဆန်းဦး (၃၉) နှစ်သည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၅ မိနစ်အချိန်၌ ဇနီးဖြစ်သူ ဒေါ်ချိုမာထွေး (၃၈) နှစ် နှင့်အတူ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဒေါ်ချိုမာထွေးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးဆန်းဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဆေးရုံသို့ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM