uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 11 422 obunachidan iborat bo'lib, Yangiliklar & Media toifasida 16 330-o'rinni va Myanma mintaqasida 9 947-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 11 422 obunachiga ega bo‘ldi.

27 Noyabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -136 ga, so‘nggi 24 soatda esa -9 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 5.67% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 4.32% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 648 marta ko‘riladi; birinchi sutkada odatda 493 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 10 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 28 Noyabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

11 422
Obunachilar
-924 soatlar
-317 kun
-13630 kun
Postlar arxiv
ရွေးကေါက်ပွဲရှုံးသည့်ဘရာလ်ဇီးသမ္မတလောင်းအမေရိကန်တွင်နိုင်ငံရေးခိုလှုံ NOM ဘရာလ်ဇီးသမ္မတရွေးကေါက်ပွဲတွင်ရှုံးနိမ့်ခဲ့သောလွှတ်တ
ရွေးကေါက်ပွဲရှုံးသည့်ဘရာလ်ဇီးသမ္မတလောင်းအမေရိကန်တွင်နိုင်ငံရေးခိုလှုံ NOM ဘရာလ်ဇီးသမ္မတရွေးကေါက်ပွဲတွင်ရှုံးနိမ့်ခဲ့သောလွှတ်တော်အမတ်ဖလာဗီယို ဘိုလ်ဆိုနာရို သည် နိုင်ငံ ရေးခိုလှုံခွင့် ရယူရန်အတွက် အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွါသွားသည်။ ၎င်းအနေဖြင့် တိုင်းပြည်မှ ထွက်ခွာနိုင်ခဲ့ခြင်းမှာ လက်တင်အမေရိက အစိုးရ သုံးခု၏ ပူးပေါင်းကူညီမှုနှင့် ရီပါဘလစ်ကန်ပါတီဝင်များ၏ အကူအညီကြောင့် ဖြစ်သည်။
27 Okt, 14:41

ရန်ကုန်-မန္တလေးအမြန်လမ်းတွင်ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွား၊ယာဥ်‌မောင်းသေဆုံး NOM၊အောက်တိုဘာ၂၇၊၂၀၂၆ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင
ရန်ကုန်-မန္တလေးအမြန်လမ်းတွင်ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွား၊ယာဥ်‌မောင်းသေဆုံး NOM၊အောက်တိုဘာ၂၇၊၂၀၂၆ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၅၄-၆/၇တွင်‌ ယနေ့အောက်တိုဘာ ၂၇ရက်မွန်းလွဲ၁နာရီခွဲ့ခန့်ကယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာယာဥ်‌မောင်းသေဆုံးခဲ့‌ကြောင်းသိရသည်။ ဖြစ်စဉ်မှာရန်ကုန်-နေပြည်တော်အသွားလမ်းတွင် ယာဉ်မောင်းတစ်ဦးတည်း​​မောင်းနှင်လာသည့် TOYOTA Hilux Surf အမျိုးအစား အနက်ပြာရောင်ယာဉ်သည် အခင်းဖြစ်မိုင်တိုင်အရောက်တွင် အရှိန်မထိန်းနိုင်ဘဲလမ်းလယ်ကျွန်းရှိ Guard Rail တန်းနှင့် အရိပ်ရပင်အားတိုက်မိပြီး ဆန့်ကျင်ဖက်ယာဉ်ကြော (နေပြည်တော်-ရန်ကုန်ဘက်ခြမ်း) မြေသားတာ​ဘောင်ပေါ်အထိ ရောက်ရှိခဲ့‌ရာ ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့‌ ခြင်းဖြစ်သည်။
27 Okt, 12:00

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ အရေးပေါ်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ဒီဇင်ဘာ ၁၅ ရက်မှစတင်၍
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ အရေးပေါ်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ နွေစပါး (၅၃၇၄)ဧကအား စိုက်ပျိုးရေ ပေးဝေသွားနိုင်ရေး စီမံဆောင်ရွက်လျက်ရှိ အောက်တိုဘာ ၂၇၊ ၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ အရေးပေါ်ကာကွယ်ခြင်းလုပ်ငန်းများနှင့် တမံရေရှည်ကြံ့ခိုင်ရေးအတွက် Geophysics (ဘူမိရူပ) နည်းပညာအသုံးပြု၍ မြေအောက်အခြေအနေများ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး တမံသိုလှောင်ရေ ထိန်းညှိလျော့ချခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်တွင် တမံနိမ့်မြင့်မှတ်မှာ (၂၉၇ ဒသမ၆) ပေ (သိုလှောင်ရေပမာဏ - ၅၁၁၃၉ ဧကပေ) ဖြစ်ပြီး၊ ဒီဇင်ဘာ ၁၅ ရက်မှ စတင်၍ နွေစပါး (၅၃၇၄)ဧကအား စိုက်ပျိုးရေပေးဝေသွားနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းက တမံအိလျောသည့်နေရာ တစ်လျှောက်တွင် မိုးရေစိုခြင်း၊ နေပူဒဏ်နှင့် ရေလှိုင်းရိုက်ခတ်ခြင်းများ မခံရစေရန် မိုးရေကာဖျင်များဖြင့် စနစ်တကျအုပ်မိုး ကာကွယ်ထားရှိမှု၊ ရေလှောင်တမံ ပိုမိုစိတ်ချစေရေးအတွက် တမံအခြေဘက်တွင် မြေသားတမံဖို့၍ တမံအခြေထောက်ခြင်း၊ မြေသားတမံနှင့် ဆက်စပ်၍ ရေစစ်ကျောက်ရိုး (Rock Toe) ထည့်သွင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်မှု၊ ရေစစ်ကျောက်ရိုး (Rock Toe) နှင့် ချိတ်ဆက်သည့် ရေစစ် သဲလွှာ လုပ်ငန်းဆောင်ရွက်ခြင်း၊ တမံရေရှည်ကြံ့ခိုင်ရေးအတွက် Geophysics (ဘူမိရူပ) နည်းပညာအသုံးပြု၍ မြေအောက်အခြေအနေများအား စစ်ဆေးနေမှု၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီရေး Quality Control (QC) စစ်ဆေးဆောင်ရွက်မှု၊ တမံတည်ဆောက်ရာတွင် အောက်ခံမြေသား သိပ်သည်းဆနှင့် ခံနိုင်ရည်ဝန်အား တိုင်းတာရေးအတွက် Standard Penetration Test (SPT) စမ်းသပ်ဆောင်ရွက်နေမှု၊ တမံပြန်လည်တည်ဆောက်ရာတွင် အသုံးပြုရမည့် ဖို့မြေများအတွက် မြေရယူသင့်သည့်နေရာ (Borrow)ကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများကို မိုးရာသီမတိုင်မီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးကို ဂရုပြုလိုက်နာ ဆောင်ရွက်သွားကြရန်နှင့် အခြား နည်းပညာပိုင်းဆိုင်ရာ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။ ထို့နောက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအောက်ရှိ တာဝန်ရှိသူများနှင့် မမြရေလှောင်တမံ ရှင်းလင်းဆောင် အစည်းအဝေးခန်းမ၌ တမံအိလျောကျမှုအပေါ် လိုအပ်သည့် အချိန်လိုအပ်သလို ရေထုတ်လွှတ်နိုင်ရန် အရေးပေါ် ရေပိုလွှဲတွင် ရေတံခါးတပ် ရေပိုလွှဲ (Gated Spillway) ဒီဇိုင်း ထည့်သွင်းစဉ်းစားမှု အခြေအနေများအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ မမြရေလှောင်တမံ ကျောဘက်အလျော အိလျောကျမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဘူမိရူပဆိုင်ရာ တိုင်းတာခြင်း၊ အင်ဂျင်နီယာ ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာခြင်း လုပ်ငန်းများကို ဆောင်ရွက်ပြီး တွေ့ရှိလာသည့် အချက်အလက်များအပေါ် မူတည်၍ တမံ၏ လက်ရှိကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုကို သုံးသပ်အကဲဖြတ်ခြင်း၊ နောင်ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များအပေါ် ကြိုတင်ပြင်ဆင်နိုင်ရေး စီမံခြင်း၊ စစ်ဆေးရေးနှင့် ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများကို ပိုမိုအလေးထားပြီး စနစ်တကျ စောင့်ကြည့်ထိန်းသိမ်းခြင်းနှင့် ကြိုတင်ကာကွယ်ရေး အစီအမံများကို ယခုထက် ပိုမိုအရှိန်မြှင့်ပြီး စီမံဆောင်ရွက်ခြင်း စသည့် လုပ်ငန်းစဉ်များကို အထူးအလေးထား စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သိရသည်။
27 Okt, 09:30

ဆော်ဒီအာရေးဗီးယားသည် ၎င်း၏ နိုင်ငံအတွင်းသို့ တိုက်ခိုက်မှုများကို ရပ်တန့်ရန် အီရန်နိုင်ငံနှင့် စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးမှုများ ပြုလုပ်စဉ်အတွင်း ယီမင်ရှိ ဟူသီလက်နက်ကိုင်အဖွဲ့အား အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ပေးအပ်ရန် ကမ်းလှမ်းခဲ့သည်ဟု Israel Hayom သတင်းဌာနက ဖော်ပြခဲ့သည်။
27 Okt, 09:24

ရှမ်းမြောက်အနေအထားက ...အပြန်အလှန်စာထုတ်နေတဲ့ အရေးအသားတွေကိုကြည့်ရင်.... ရှမ်းနဲ့ ကိုးကန့်ဆိုတဲ့ အနေအထားထက်... ငါတိုက်၊ ငါယူ၊ နိုင်သူ အစိုးရ လုပ်ကြေး ပုံစံ ပေါက်နေပါပြီ။ ကူမင်း အပစ်ရပ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲထက်ကျော်လွန်တဲ့ အမြင်၊ အခင်းအကျင်းမျိုး ဆောင်ရွက်နိုင်ဖို့ လိုတာ တွေ့ကြရမှာပါ။ အချိန်ကြာလေလေ...ပြည်သူက မြေဇာပင် ဖြစ်သွားနိုင်သလို အစိုးရအပေါ်လည်း ယုံကြည်အားကိုးလိုစိတ် လျော့ပါးသွားနိုင်ပါတယ်။ ငြိမ်းချမ်းရေးဆိုပြီး အချိန်ဆွဲလာခဲ့တာ ဒီစစ်ပွဲက ၃ နှစ်ဆိုတဲ့ ကာလတစ်ခု ရောက်လာခဲ့ပါပြီ။ သံတမန်ရေးနဲ့ စစ်ရေး အပြိုင်ကိုသွားကြရတော့မယ် ထင်တယ်။ (နရီမိုး)
27 Okt, 09:17

အာဆီယံအထူးသံတမန် အောက်တိုဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု သိရှိရ။
အာဆီယံအထူးသံတမန် အောက်တိုဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု သိရှိရ။
27 Okt, 09:16

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် သီတင်းကျွတ်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသောင်းနိ
+7
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် သီတင်းကျွတ်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်၊ ဒေသခံပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲ   အောက်တိုဘာ ၂၇၊ ၂၀၂၆   ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် အောက်တိုဘာလ(၂၆)ရက် သီတင်းကျွတ်လပြည့်ည ညနေ(၆)နာရီမှစတင်၍ မြို့ပေါ်ရှိစေတီများ၊ အထင်ကရနေရာများနှင့် ဌာနဆိုင်ရာရုံးများတွင် ဆီမီးပူဇော်ပွဲကျင်းပကြရာ လွတ်လပ်ရေးဆုတောင်းပြည့်စေတီနှင့် ရန်ပြေမာန်ပြေနိုင်ငံအေး အောင်တော်မူ ဓါတ်ပေါင်းစုဆု တောင်းပြည့်စေတီတော်တွင် ကျင်းပသည့် ဆီမီး(၁၀၀၀)ပူဇော်ပွဲသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်၊ ချင်းပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့် ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များသည် ‌ဒေသခံပြည်သူများနှင့်အတူ သီတင်းကျွတ်ပွဲတော်ကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။   ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များသည် ဖလမ်းခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဒေသခံများပြည်သူများနှင့်အတူ ကျင်မွာလ်ရပ်ကွက် လွတ်လပ်ရေးဆုတောင်းပြည့်စေတီတွင် ကျင်းပသည့် ဆီမီးပူဇော်သို့သွား‌ရောက်ပြီး စတုဒီသာကျွေးမွေးခြင်း၊ ဆီမီးပူဇော်ထွန်းညှိခြင်းများကို ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲကြသည်။   ဆက်လက်၍ ဗန်ကာအိုတောင်လမ်းရှိ ရန်ပြေ၊ မာန်ပြေနိုင်ငံအေးအောင်တော်မူ ဓါတ်ပေါင်းစု ဆုတောင်းပြည့်စေတီတော်တွင် ကျင်းပသည့် ဆီမီး(၁၀၀၀)ပူဇော်ပွဲသို့ ပါဝင်ဆင်နွှဲကာ ဆီးမီး(၁၀၀၀)ထောင်ပူဇော်ခြင်း၊ မီးပုံးပျံငယ်များလွှတ်ခြင်း၊ စတုဒိသာကျွေးမွေးခြင်းများကို ပြည်သူများနှင့်အတူ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။   ဖလမ်းမြို့ကို တပ်မတော်မှ ၂၀၂၆ ခုနှစ် ဧပြီလတွင်  အကြမ်းဖက်သောင်းကျန်းသူများလက်မှ အလုံးစုံပြန်လည်ထိန်းချုပ်ပြီးနောက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် ဒုတိယဝန်ကြီးများ ဦးဆောင်ကာ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာမှာ ယခုအခါပြည်သူများ၏ စိတ်လုံခြုံမှုရရှိစေရန်နှင့် စိတ်အပန်းပြေစေရန် ဘာသာရေးနှင့် ရိုးရာပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြပြီဖြစ်ကြောင်းသိရသည်။
27 Okt, 09:16

အီရန် ဆွေးနွေးပွဲများကြောင့် တင်းမာမှု လျော့ကျနိုင်သည့် အလားအလာများ ရှိနေသော်လည်း ရေနံထောက်ပံ့မှု အခက်အခဲများကြောင့် ရေနံစိမ်
အီရန် ဆွေးနွေးပွဲများကြောင့် တင်းမာမှု လျော့ကျနိုင်သည့် အလားအလာများ ရှိနေသော်လည်း ရေနံထောက်ပံ့မှု အခက်အခဲများကြောင့် ရေနံစိမ်းဈေး ပြန်လည်မြင့်တက် ပထဝီနိုင်ငံရေး မရေရာမှုများ ဆက်လက်ရှိနေပြီး အင်္ဂါနေ့တွင် ရေနံစိမ်းဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြသည်။ Brent ရေနံစိမ်း - ၀.၄ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်စည်လျှင် ၁၁၆.၂၄ ဒေါ်လာ WTI ရေနံစိမ်း - ၀.၃ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်စည်လျှင် ၁၀၂.၀၇ ဒေါ်လာ ဈေးကွက်ဖွင့်စအချိန် အစောပိုင်းတွင် ရေနံစိမ်း စံချိန်စံညွှန်းဈေးနှစ်ခုစလုံး ၁ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ဖူးသည်။ အရှေ့အလယ်ပိုင်း ဒေသတွင်း တင်းမာမှုများကို လျှော့ချရန် ရည်ရွယ်၍ ဆော်ဒီအာရေးဗီးယား၊ တူရကီနှင့် ပါကစ္စတန်နိုင်ငံတို့သည် အီရန်တာဝန်ရှိသူများနှင့် အီရန်နိုင်ငံ၊ တီဟီရန်မြို့တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါ ၄ နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မြှင့်တင်ရန်အတွက် ဆွေးနွေးပွဲများကို ဆက်လက်လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြသည်။ ပါရှန်းပင်လယ်ကွေ့ ဒေသများမှ ရေနံစိမ်း တင်ပို့မှုသည် ၄ ပတ်ဆက်တိုက် လျော့ကျသွားသည့်အပြင် ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းပို့ဆောင်မှုမှာလည်း ပုံမှန်အခြေအနေ၏ ၆၀ ရာခိုင်နှုန်းခန့်သာရှိတော့သဖြင့် ရေနံထောက်ပံ့ပို့ဆောင်ရေး အခက်အခဲများ ဆက်လက်ရှိနေဆဲဖြစ်သည်။
27 Okt, 09:14

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပနေမှုများကိုတက်ရောက်ကြည့်ရှုအားပေး အောက်တိုဘာ ၂၇၊ ၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဆင်ဖြူရှင်ခန်းမနှင့် ပုဗ္ဗသီရိ အားကစားခန်းမတို့၌ ကျင်းပလျက်ရှိသည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို တက်ရောက် ကြည့်ရှုအားပေးကြသည်။
27 Okt, 09:05

သာယာဝတီမြို့နယ်၊ ရွှေလောင်းကန်ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန် ဟု စွပ်စွဲသတ်ဖြတ် NOM အောက်တို
သာယာဝတီမြို့နယ်၊ ရွှေလောင်းကန်ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန် ဟု စွပ်စွဲသတ်ဖြတ် NOM အောက်တိုဘာ ၂၇၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ရွှေလောင်းကန်ကျေးရွာနေဦးကျော်မင်း (၃၆) နှစ်သည် အောက်တိုဘာ ၂၆ ရက်နေ့ နံနက် ၇ နာရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားခြောက်ဦးခန့်ရောက်ရှိလာပြီး "ဒလန်" ဟု ပြောဆိုကာ ကျေးရွာရှိ ဆည်မြောင်းဘောင်ပေါ်သို့ဖမ်းဆီးခေါ်ဆောင်၍ ဓားဖြင့်ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးကျော်မင်းတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။
27 Okt, 09:04

မလှိုင်မြို့နယ်တွင် စက်ဘီးရောင်းဝယ်ရေးဆိုင်တစ်ဆိုင်အား PDF အကြမ်းဖက်အဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်
+1
မလှိုင်မြို့နယ်တွင် စက်ဘီးရောင်းဝယ်ရေးဆိုင်တစ်ဆိုင်အား PDF အကြမ်းဖက်အဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ NOM အောက်တိုဘာ ၂၇၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ "မျိုးအောင်" စက်ဘီးရောင်း/ဝယ် ရေးဆိုင်သို့ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်၌ ဆိုင်ကယ်မောင်းနှင်လာသည့် PDF အကြမ်းဖက်သမားနှစ်ဦးက လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် ဆိုင်ရှေ့၌ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါနေရာအနီး ရှိနေသူများဖြစ်ကြသည့် ဒေါ်ချိုတီ (၈၅) နှစ်နှင့် ဦးဇော်မိုး (၅၃) နှစ်တို့တွင် ဗုံးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ မလှိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေစဉ် ဒေါ်ချိုတီမှာ သေဆုံးသွားခဲ့ကြောင်းသိရသည်။
27 Okt, 08:59

တောင်ကြီးမြို့တွင်မီးပုံးပျံပွဲအတွက် ယမ်းခွေများပြုလုပ်နေစဉ်မီးလောင်မှုဖြစ်စဥ်တွင် အမျိုးသားတစ်ဦး ထပ်မံသေဆုံး NOM၊အောက်တိုဘာ၂၇၊၂၀၂၆ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကန်သာရပ်ကွက်၊ နယ်မြေ(၁) မြမဥ္ဇူလမ်းတွင် တန်ဆောင်တိုင်မီးပုံးပျံပွဲအတွက် ယမ်းခွေများပြုလုပ်စုစည်းပြင်ဆင်နေစဉ် ယမ်းများ ပေါက်ကွဲပြီးမီးလောင်မှုကြောင့် ဆေးကုသမှုခံယူနေသော အမျိုးသားသုံးဦးတွင် ယမန်နေ့(အောက်တိုဘာ ၂၆ ရက်)ကအမျိုးသားတစ်ဦးထပ်မံသေဆုံးခဲ့ကြောင်းဒေသခံလူမှုကူညီရေးအသင်းတစ်ခုမှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၂၄ ရက် ည ၇ နာရီ၂၀ မိနစ်ခန့်က ကံသာရပ်ကွက်၊ မြရတနာလမ်း အောင်မြေသာစည်ကျောင်းအနောက်ဘက်ရှိ ပုံရိပ်မီးပုံးပျံအဖွဲ့မှလာမည် တန်ဆောင်တိုင်မီးပုံးပျံပွဲအတွက် ယမ်းခွေများ ပြုလုပ်စုစည်းပြင်ဆင်နေစဉ် ယမ်းများ ပေါက်ကွဲပြီးမီးလောင်မှုဖြစ်ပွါးခဲ့ရာအသက်၁၃နှစ်ခန့်ရှိ ကလေးတစ်ဦးသေဆုံးခဲ့ပြီးအမျိုးသားသုံးဦးတောင်ကြီးမြို့ စပ်စံထွန်းပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ “မနေ့ကဆေးရုံမှာရှိတဲ့အမျိုးသားသုံးဦးထဲက အသက်၄၀ခန့်ရှိအမျိုးသားတစ်ဦးထပ်မံသေဆုံးခဲ့တယ် ကျန်တဲ့နှစ်ဦးကတော့ဆေးကုသမှုခံယူနေဆဲပါ သူတို့ရဲ့ဒဏ်ရာတွေ ကလည်းလက်ရှိအချိန်ထိတော့စီုးရမ်ရပါတယ်”ဟုဒေသခံလူမှုကူညီရေးအသင်းတစ်ခုမှတာဝန်ရှိသူတစ်ဦးကပြောသည်။
27 Okt, 07:58

လွိုင်ကော်မြို့ လယ်ထွဲကျေးရွာသို့ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲ၍ ၅ ဦး ဒဏ်ရာရ အောက်တိုဘာ ၂၇၊ ၂၀၂၆ သီတင်းကျွတ်လပြည့်နေ့ဖြစ
+7
လွိုင်ကော်မြို့ လယ်ထွဲကျေးရွာသို့ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲ၍ ၅ ဦး ဒဏ်ရာရ အောက်တိုဘာ ၂၇၊ ၂၀၂၆ သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့် အောက်တိုဘာ ၂၆ ရက်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လယ်ထွဲကျေးရွာအတွင်းသို့ KNPP/KNDF/PDF အဖွဲ့များက ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ဘုန်းတော်ကြီးကျောင်းဝန်းအနီးနှင့် လူနေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ဒေသခံပြည်သူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၅ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
27 Okt, 02:27

အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ခုနစ် ဦး မြန်မာ -
+2
အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့်  ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့်  ပြည်ပနိုင်ငံသား ခုနစ် ဦး မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ်
26 Okt, 11:36

လှိုင်းဘွဲ့မြို့နယ်တွင် အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ဈေးဝယ်ဝယ်သွားသည့် ဇနီးမောင်နှံနှစ်ဦးထိခ
+1
လှိုင်းဘွဲ့မြို့နယ်တွင် အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ဈေးဝယ်ဝယ်သွားသည့် ဇနီးမောင်နှံနှစ်ဦးထိခိုက်ဒဏ်ရာရ NOM အောက်တိုဘာ ၂၆၊ ၂၀၂၆ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ပြည်သူ့ဆေးရုံသို့ အောက်တိုဘာလ ၅ ရက်နေ့ ည ၈ နာရီခွဲအချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာရရှိထားသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၃ နာရီခွဲတွင် လှိုင်းဘွဲ့မြို့နယ်၊ ညာပတီထကျေးရွာနေ ဦးထွန်းရင် (၄၆) နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်နော်ဖော်ရွီး (၃၁) နှစ်တို့သည့် မဲသဝေါကျေးရွာသို့ ဈေးဝယ်ရန် ခြေလျင်သွားရောက်စဉ် အဆိုပါကျေးရွာအနီးအရောက် အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ) ထောင်ထားသည့် မိုင်းတစ်လုံးအား ဦးထွန်းရင်မှ နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
26 Okt, 10:07

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ NOM အောက်တိုဘာ ၂၆၊ ၂၀၂၆ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။ ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့ သည့် “Thar Zaw” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဝမ်းဘော်ဒတ်ကျေးရွာနေ ဇော်သီဟ(ခ)သားဇော်အား ည ၁၀ နာရီ ၁၅ မိနစ်တွင် အင်းတကော် နယ်မြေရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
26 Okt, 10:02

ဆော်ဒီ C-130 "Hercules" စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းသည် အီရန်နိုင်ငံ တီဟီရန်မြို့သို့ ဆိုက်ရောက်လာခဲ့ပြီး၊ ထိုလေယာဉ်
ဆော်ဒီ C-130 "Hercules" စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းသည် အီရန်နိုင်ငံ တီဟီရန်မြို့သို့ ဆိုက်ရောက်လာခဲ့ပြီး၊ ထိုလေယာဉ်ပေါ်တွင် တူရကီ ထောက်လှမ်းရေးအဖွဲ့ (MIT) ၏ အကြီးအကဲ အီဘရာဟင် ကာလင်း (Ibrahim Kalin)၊ ဆော်ဒီ ကာကွယ်ရေးဝန်ကြီး ခါလစ် ဘင် ဆာလမန် (Khalid bin Salman) နှင့် ပါကစ္စတန် စစ်သေနာပတိ အာဆင် မူနီးရ် (Assim Muneer) တို့ လိုက်ပါလာခဲ့ကြသည်။ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မက္ကာ သဘောတူညီချက် (Mecca Pact) ကိုယ်စားလှယ်အဖွဲ့၏ တီဟီရန် ခရီးစဉ်သည် "အစ္စရေး၏ နယ်မြေချဲ့ထွင်ရေး ဝါဒကို တုံ့ပြန်ဆောင်ရွက်ရန်"၊ လက်ဘနွန်နှင့် ပါလက်စတိုင်း၏ ပိုမိုဆိုးရွားလာသော အခြေအနေများနှင့် အမေရိကန်-အစ္စရေး တို့၏ အီရန်အပေါ် တိုက်ခိုက်မှုများ၏ နောက်ဆက်တွဲ အကျိုးဆက်များကို ဖြေရှင်းရန်အတွက် အီရန်က ဦးဆောင်ပြုလုပ်သည့် အစီအစဉ်တစ်ရပ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် လာရောက်ခြင်းဖြစ်သည်ဟု သိရှိရသည်။
26 Okt, 10:01

သီတင်းကျွတ်လပြည့်နေ့တွင်မြန်မာနိုင်ငံတန်ခိုးကြီးဘုရားများ၌ဘုရားဖူးများစည်ကါး
+8
သီတင်းကျွတ်လပြည့်နေ့တွင်မြန်မာနိုင်ငံတန်ခိုးကြီးဘုရားများ၌ဘုရားဖူးများစည်ကါး
26 Okt, 05:52

လေးကေ့ကော်တစ်ဝိုက်ရှိ ဗိုလ်ဒါဘော အပိုင်စခန်း (၁၅) ခုနှင့် PDF စခန်း (၇) ခုအထိ တပ်မတော် ပြန်သိမ်းပိုက်ထားနိုင်ပြီဟုဆို။
26 Okt, 05:22

+1
ခေါက်လို့ရတဲ့ အိုင်ဖုန်း ဒူယို iPhone Duo ဖုန်းအသစ်တွေရဲ့ စခရင်တွေဟာ အရမ်းလွယ်လွယ်နဲ့ အက်ကွဲကုန်ကြပြီး၊ အချို့ဆို အက်ပဲလ်ဆိုင် (Apple Store) ထဲမှာတင် အက်ကွဲသွားတာတွေ ဖြစ်နေပါတယ်။ ဒီစခရင် အက်ကွဲမှု ပြဿနာကိုတော့ Crackgate (ခရက်ဂိတ်) ဂယက် လို့ နာမည်ပေးထားကြပါတယ်။
26 Okt, 05:12