ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 528 مشتركاً، محتلاً المرتبة 16 077 في فئة الأخبار والوسائط والمرتبة 10 075 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 528 مشتركاً.

بحسب آخر البيانات بتاريخ 18 يونيو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -276، وفي آخر 24 ساعة بمقدار -19، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 7.29‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 9.34‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 913 مشاهدة. وخلال اليوم الأول يجمع عادةً 1 171 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 16.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 19 يونيو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 528
المشتركون
-1924 ساعات
-637 أيام
-27630 أيام
أرشيف المشاركات
ပါကစ္စတန်နိုင်ငံ၊ ဘန်နူးမြို့တွင် ကားဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံး NOM ပါကစ္စတန်နိုင်ငံအနောက် မြောက် ပိုင်း ဘန်နူးမြို့ရှိ ရဲစခန်းတစ်ခုအား ကားဗုံးဖြင့် တိုက်ခိုက်ပြီးနောက်ဆက်တွဲ စစ်သွေးကြွများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့ကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက တနင်္ဂနွေနေ့တွင် အတည်ပြုပြောကြားသည်။

ချမ်းမြသာစည်၊ ပုသိမ်ကြီးနှင့် စဉ့်ကိုင်မြို့နယ်တို့တွင် စိတ်ကြွဆေးပြား ဖြန့်ဖြူးရောင်းချသူများအား ငွေကျပ် ၃ ဘီလီယံကျော်တန်ဖို
+5
ချမ်းမြသာစည်၊ ပုသိမ်ကြီးနှင့် စဉ့်ကိုင်မြို့နယ်တို့တွင် စိတ်ကြွဆေးပြား ဖြန့်ဖြူးရောင်းချသူများအား ငွေကျပ် ၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၁ သိန်းကျော်နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ မေ ၁၀၊ ၂၀၂၆

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း
+1
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို မေ ၁၀၊ ၂၀၂၆

မင်းဘူးမြို့နယ်၊ ကိုင်းတောလေးကျေးရွာနေကျေးရွာခွဲတာဝန်ခံကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား မေ ၁၀၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကိုင်းတောလေးကျေးရွာနေကျေးရွာခွဲတာဝန်ခံ ဦးအောင်မင်း (၅၇) နှစ်သည် မေလ ၉ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅၅ မိနစ်အချိန်၌ ကျေးရွာ၏အရှေ့ဘက် ၂ ဖာလုံခန့်အကွာရှိ ၎င်းပိုင်လယ်တဲတွင်ရှိနေစဉ် PDF အကြမ်းဖက်သမားငါးဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ NOM

မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းအတွင်း Taxi သမားများနှင့် ခရီးသည်များထံမှ ခြိမ်းခြောက်ငွေတောင်းခံလျက်ရှိသည့် လူခေါ်ပွဲစားလုပ်ကိုင်သူများအား စိစစ်အရေးယူထား မေ ၁၀၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေး ကားကွင်းအတွင်း လူမိုက်များသည် လူခေါ်ပွဲစားအဖြစ်လုပ်ကိုင်ကာ Taxi သမားများနှင့် ခရီးသည် များထံမှ ခြိမ်းခြောက်ငွေတောင်းခံမှုများရှိနေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့သည် ပြည်သူများ၏ပူးပေါင်းကူညီဆောင်ရွက်မှုဖြင့် နယ်မြေသတင်း ရယူစုံစမ်းဆောင်ရွက်ခဲ့ရာ မေလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဇော်လင်းထွန်း (ခ) တာတီး (၄၈) နှစ်အား မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီး၊ ရခိုင်ကျောင်းမှတ်တိုင်အနီးတွင်လည်းကောင်း၊ စိုးသီဟ (ခ) ချစ်သား (၃၈) နှစ်အား ချစ်တီးကုန်းရပ်ကွက်၊ ခရေပင်လမ်းနှင့် အမှတ် (၃) လမ်းဆုံအနီးတွင် လည်းကောင်းတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူ ဇော်လင်းထွန်း (ခ) တာတီးနှင့် စိုးသီဟ (ခ) ချစ်သားတို့ ၂ ဦး၏ ထွက်ဆိုချက်များ အရ ၎င်းတို့ ၂ ဦးသည် သိန်းထိုက်အောင် (ခ) ဂျပန်ကြီး (ဖမ်းဆီးရန်ကျန်) နှင့်အတူ ၂၀၂၁ ခုနှစ်မှစ၍ အောင်မင်္ဂလာ အဝေးပြေးကားကွင်းအတွင်း အငှားယာဉ်များ၊ ဆိုင်ကယ်ကယ်ရီများထံမှ လစဉ်ငွေကောက်ခံခြင်း၊ ခရီးသည်တင်မှန်လုံယာဉ်များထံမှ ဆင်းလာသည့် ခရီးသည်များအား အငှားယာဉ် ငှားရမ်းစီးနင်းရန် ဖိအားပေးပြောဆိုခြင်း၊ ယာဉ်ငှားခများအား သတ်မှတ်ဈေးထက် ပိုမိုတောင်းခံခြင်း၊ အငှားယာဉ်မောင်းသမားများအပေါ် ငွေကြေးခေါင်းပုံဖြတ်ခြင်းတို့အား အောင်မင်္ဂလာအဝေးပြေးကားကွင်းအတွင်းရှိ လမ်းများအလိုက် နေရာအပိုင်စားခွဲ၍ လူခေါ်ပွဲစားအဖြစ် လုပ်ကိုင်ကာ မိုက်ကြေးခွဲ၍ ငွေကြေးတောင်းခံခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ အောင်မင်္ဂလာကားကွင်းအတွင်း လူခေါ်ပွဲစားအဖြစ် လုပ်ကိုင်ကာ မိုက်ကြေးခွဲ၍ ငွေကြေးတောင်းခံသူ ဇော်လင်းထွန်း (ခ) တာတီးနှင့် စိုးသီဟ (ခ) ချစ်သားတို့ ၂ ဦးအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်းနှင့် သိန်းထိုက်အောင် (ခ) ဂျပန်ကြီးအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။   NOM

PDF တစ်ဦးလက်နက်ခဲယမ်းနှင့်အတူ တပ်မတော်ထံအလင်းဝင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် PDF သင်တန်းဆင်းဖြစ်သူ ရန်အောင်စိုး ခေါ
+3
PDF တစ်ဦးလက်နက်ခဲယမ်းနှင့်အတူ တပ်မတော်ထံအလင်းဝင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် PDF သင်တန်းဆင်းဖြစ်သူ ရန်အောင်စိုး ခေါ် ရန်ကြီးသည် M-16 သေနတ် တစ်လက်နှင့်အတူ အလင်းဝင်ရောက်လာသည်အတွက် တာဝန်ရှိသူများက ဆုကြေးငွေများပေးအပ်ပြီး အုပ်ထိန်းသူများထံလွှဲပြောင်းပေးအပ်ခဲ့သည်။

ဖောင်းပြင်မြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်အတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူခြောက်ဦး ထိ
+5
ဖောင်းပြင်မြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်အတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူခြောက်ဦး ထိခိုက်ဒဏ်ရာရ မေ ၁၀၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်အတွင်းသို့ မေလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေသူများဖြစ်ကြသည့် ကိုစိုင်းမင်းခန့် (၂၀) နှစ်၊ ဦးအောင်ရွှေ (၆၀) နှစ်၊ မောင်လှိုင်မင်းထွန်း (၁၈) နှစ်၊ ဒေါ်ချောစု (၅၁) နှစ်၊ ဒေါ်ဝိုင်းစိန် (၃၁) နှစ် နှင့် ဒေါ်အိအိဖြိုး (၃၂) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများအသီးသီးရရှိခဲ့၍ ဆေးကုသနိုင်ရေး ဖောင်းပြင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ NOM

ဖခင်ဖြစ်သူအား ဆေးခန်းပြရန် သွားသည့် သရက်ချောင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူးနှင့် ၎င်း​၏ ဖခင်ဖြစ်သူတို့ကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား မေ ၁၀၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်နေ သရက်ချောင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်မေဂျာသော် (၃၆) နှစ်သည် မေလ ၉ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်၌ ၎င်း၏ ဖခင်ဖြစ်သူ ဦးသောင်းမြင့် (၆၄) နှစ်နှင့်အတူ ထားဝယ်မြို့သို့ ဆေးခန်းပြသရန် ထားဝယ်-သရက်ချောင်း ကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာနှင့် ရန်တောင်ကျေးရွာအကြားရှိ ရှင်တောက်ထိန်ဘုရားအနီးအရောက် PDF အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်က ဆိုင်ကယ်အားတားဆီးကာ ၎င်းတို့နှစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ NOM

ဆင်ပေါင်ဝဲမြို့နယ်၊ လယ်မကျေးရွာနေ ဇနီးမောင်နှံနှစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန် ဟုစွပ်စွဲသတ်ဖြတ် မေ ၁၀၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ လယ်မကျေးရွာနေ ကိုဖြူဝင်းသည် မေလ ၉ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်အချိန်၌ ၎င်း၏ဇနီးဖြစ်သူ မပုမနှင့်အတူ နေအိမ်တွင် ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ) ရောက်ရှိလာပြီး "ဒလန်" ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

ထားဝယ်မြို့နယ်၊ ဆန်းချီရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင်များကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့
+2
ထားဝယ်မြို့နယ်၊ ဆန်းချီရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင်များကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ မေ ၁၀၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဆန်းချီရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင် (၅၂) နှစ်သည် မေလ ၉ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင် ဇနီးဖြစ်သူ ဒေါ်စန်းထွေး (၅၀) နှစ်၊ သမီးဖြစ်သူ မသဲစုလွင် (၂၅) နှစ် တို့နှင့်အတူရှိနေစဉ် PDF အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ၎င်းတို့သုံးဦးတွင် ကျည်ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့၍ ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသပေးနေစဉ် ဦးမြင့်လွင်နှင့် ဒေါ်စန်းထွေးတို့မှာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

လွိုင်ကော်မြို့နယ် မထောခူ(အောက်)ကျေးရွာရှိ သဲချောင်း တွင် လူငယ်သုံးဦးရေဆင်ကစားရာမှ ရေနစ်ပြီးသုံးဦးလုံးသေဆုံး NOM၊မေ၁၀၊၂၀၂၆
လွိုင်ကော်မြို့နယ် မထောခူ(အောက်)ကျေးရွာရှိ သဲချောင်း တွင် လူငယ်သုံးဦးရေဆင်ကစားရာမှ ရေနစ်ပြီးသုံးဦးလုံးသေဆုံး NOM၊မေ၁၀၊၂၀၂၆ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်) ကျေးရွာရှိ သဲချောင်းတွင် ယနေ့မေ၁၀ရက်နံနက် ၁၁နာရီခွဲခန့်က လူငယ်သုံးဦးရေဆင်ကစားရာမှ ရေနစ်ပြီးသုံးဦးလုံးသေဆုံးခဲ့သည့်ဟု ရွှေညောင်ပင်နာရေးကူညီမှုအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူအောက်ကျေးရွာရှိ သဲချောင်းတွင် မောင်စိုးသီဟ(၁၉နှစ်) မောင်ရဲလင်းအောင် (၂၀နှစ်)နှင့် မတင်တင်စန်းဦး (၁၈နှစ်)တို့သည်သဲချောင်းအတွင်းရေဆင်းကစားရာမှ တဖြည်းဖြည်း အောက်ဘက်သို့ကျပြီး ရေနစ်သွားခဲ့ကြောင်းသိရသည်။ လူသုံးဦး ရေနစ်နေကြောင်းသတင်းရရှိသဖြင့် လွိုင်ကော်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ရေနစ်သူများကို မွန်လွဲ၁နာရီ၂၀မိနစ်တွင် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။

နောင်ချိုမြို့နယ်၊ ရေဖြူကျေးရွာရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်း၌ PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့်
နောင်ချိုမြို့နယ်၊ ရေဖြူကျေးရွာရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်း၌ PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် မိခင်ဖြစ်သူသေဆုံးပြီး သမီးဖြစ်သူဒဏ်ရာရ မေ ၁၀၊ ၂၀၂၆ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံသို့ မေလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် သေဆုံးနေသူ အမျိုးသမီးတစ်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိထားသူ ကလေးငယ်တစ်ဦးတို့ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နေ့လယ် ၁၂ နာရီခွဲအချိန်၌ နောင်ချိုမြို့နယ်၊ ရေဖြူကျေးရွာနေ ဒေါ်ကြူကြူ (၄၆) နှစ်သည် သမီးဖြစ်သူ မမိုးမိုးထက် (၁၂) နှစ်နှင့်အတူ ၎င်း၏နေအိမ်ခြံဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် ဒေါ်ကြူကြူမှ PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဒေါ်ကြူကြူတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မမိုးမိုးထက်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

ဥသျှစ်ပင်မြို့တွင် စလက်အမိုး ဝရံတာပြိုကျ၍ အမျိုးသမီး တစ်ဦးသေဆုံး ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရွှ
ဥသျှစ်ပင်မြို့တွင် စလက်အမိုး ဝရံတာပြိုကျ၍ အမျိုးသမီး တစ်ဦးသေဆုံး ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်၊ အမှတ်(၆)၊ ရွာပုလဲကျေးရွာတွင် ယမန်နေ့(မေ၉ရက်)နံနက်၁၁နာရီခန့်က စလက်အမိုး ဝရံတာပြိုကျ၍ အမျိုးသမီးတစ်ဥဦးသေဆုံးခဲ့ကြောင်းမီးသတ်မှသိရသည်။ ဖြစ်စဉ်မှာအုပ်ညှပ်(၂)ထပ် ဆောက်လက်အိမ်တွင် စလက်အမိုးဝရံတာ တွင်ကြွေပြားခင်နေစဉ်ပြိုကျခဲ့သည့်အတွက်အောက်တွက်ရှိနေသည့်အသက်၃၀ခန့်အမျိုးသမီးပေါ်ပိမိ သဖြင့်အမျိုးသမီးမှာနေရာတွင်သေဆုံးသွားကြောင်းသိရ သည်။ စလက်အမိုးဝရံတာပြိုကျ၍ အမျိုးသမီးတစ်ဦး စလက်ပြားပိ၍ ပိတ်မိနေကြောင်း သတင်းရရှိသဖြင့် ပန်းတောင်းမြို့နယ်မီးသတ်စခန်းနှင့် ဥသျှစ်ပင်နယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသူအား အေးသုခပရဟိတအသင်းမှယာဉ်ဖြင့် ဥသျှစ်ပင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။

ရေစကြိုမြို့နယ်၊ ဆန်းသစ်ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦးသေဆုံးပ
+1
ရေစကြိုမြို့နယ်၊ ဆန်းသစ်ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရ မေ ၉၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆန်းသစ်ကျေးရွာနေ မောင်ဇင်မင်းနိုင် (၁၂) နှစ်၊ မောင်နိုင်မင်းအောင် (၁၂) နှစ်၊ မောင်ရဲထက်ဇော် (၁၁) နှစ်နှင့် မောင်ထက်မြတ်မင်း (၇) နှစ်တို့ လေးဦးသည် မေလ ၈ ရက်နေ့၌ ဆန်းသစ်ကျေးရွာ၏အနောက်မြောက်ဘက် ၅ ဖာလုံခန့်အကွာ ကျေးရွာသင်္ချိုင်းအနီး ငှက်ပစ်နေစဉ် မောင်ဇင်မင်းနိုင်မှ PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် မောင်ဇင်မင်းနိုင်နှင့် မောင်ထက်မြတ်မင်းတို့တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မောင်နိုင်မင်းအောင်နှင့် မောင်ရဲထက်ဇော်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများအား ပခုက္ကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ NOM

ကလေးနှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၇၇ ကီလိုနှင့် စိတ်ကြွဆေးပြား ၄ သန်း ဖော်ထုတ
+1
ကလေးနှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၇၇ ကီလိုနှင့် စိတ်ကြွဆေးပြား ၄ သန်း ဖော်ထုတ်ဖမ်းဆီးရမိ မေ ၉၊ ၂၀၂၆ ဧပြီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကလေးမြို့အဝင်၌ သက်ပိုင်စိုး မောင်းနှင်ပြီး ဇော်ထိုက် လိုက်ပါလာသော NISSAN CONDOR ယာဉ်နှင့် မျိုးရဲနိုင် မောင်းနှင်ပြီး ကျော်လင်း လိုက်ပါလာသော GOLDEN TRUCK ယာဉ် ၂ စီးပေါ်မှ ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလိုအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ကလေးမြို့၊ စက်မှုဇုန်သွားလမ်း၌ နိုင်လင်းဇော် မောင်းနှင်ပြီး နေလင်းဦး(ခ)ဆေးဆရာ လိုက်ပါလာသော NISSAN CONDOR ယာဉ်ပေါ်မှ ဘိန်းဖြူ ၂၈ ဒသမ ၆ ကီလိုအား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဘိန်းဖြူ ၇၇ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ၈၅ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့ပါသည်။ စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိဘိန်းဖြူများအား ကလေးမြို့တွင် လက်ခံမည့်သူ ညွန့်တင် အား ကလေးမြို့အဝင်၌လည်းကောင်း၊ လားရှိုးမှကလေးသို့သယ်ဆောင်ခိုင်းသူ နိုင်ဝင်း(ခ)ရုပ်ဆိုး အား ပြည်မြို့နယ်၊ ပြည် - အောင်လံသွားလမ်း၊ တီတွတ်ကျေးရွာအနီးတွင် TOYOTA HILUX ယာဉ် ၁ စီးနှင့်လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့ပါသည်။ ကွင်းဆက်အရ ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ဘဂျမ်း အား စဉ့်ကိုင်မြို့နယ်၊ ကတိုးကျေးရွာရှိ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ် ချက်အရ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ ၅၉ လမ်းနှင့် ၁၃၉ လမ်းထောင့်တွင် ရပ်တန့်ထားသည့် NISSAN CONDOR ၆ ဘီးယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၄ သန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၆ ဘီလီလံ)အား ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ငွေကျပ် ၉ ဒသမ ၈၅ ဘီလီလံတန်ဖိုးရှိ ဘိန်းဖြူ ၇၇ ကီလိုနှင့် စိတ်ကြွဆေးပြား ၄ သန်းတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။ စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကလေးသို့ အဓိကသယ်ဆောင်ခိုင်းသူမှာ လားရှိုးမြို့နေ ကိုအောင်(ဖမ်းဆီးရန်ကျန်)ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်လည်း ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။

နမ့်စန်မြို့နယ်၌ လူနာ တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားတစ်ဦးသေ ဆုံး တစ်ဦးဒဏ်ရာရ NOM၊မေ၉၊၂၀၂၆ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြ
နမ့်စန်မြို့နယ်၌ လူနာ တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားတစ်ဦးသေ ဆုံး တစ်ဦးဒဏ်ရာရ NOM၊မေ၉၊၂၀၂၆ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ဟိုက်ဖက်ကျေးရွာ အုပ်စု၊ နမ့်စန်-မိုးနဲသွားလမ်း၊ မိုင်တိုင်အမှတ် (၁၆/၀)နှင့် (၁၆/၁) အကြား တံတားဖြူ အနီး၌ မေလ ၈ ရက်၊ ည ၇ နာရီကျော်ခန့်က လူနာတင်ယာဉ် တိမ်းမှောက်၍ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီးအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ ကြောင်းနမ့်စန်မြို့မရဲစခန်း သိရသည်။ . ဖြစ်စဉ်မှာ လူနာ အမျိုးသားနှင့် လူနာစောင့် အမျိုးသမီး တစ်ဦးတို့အား လင်းခေးမြို့ရှိ ပရဟိတအသင်း တစ်ခု၏လူနာ တင်ယာဉ်ဖြင့် တောင်ကြီးမြို့မှ တင်ဆောင် မောင်းနှင်လာစဉ် တံတားဖြူအနီးသို့ အရောက်တွင် မော်တော် ယာဉ် လက်ကိုင်ဂွေ တိုက်ရော့ ပြုတ်ကာ လမ်းဘေး လျှိုအတွင်းသို့ ထိုးကျ တိမ်းမှောက်ခြင်း ဖြစ်ကြောင်း သိရသည်။ . ယာဉ် တိမ်းမှောက်မှုကြောင့် မိုးနဲမြို့နေလူနာစောင့် မခမ်းစန်နှင့် လူနာ ဦးကျော်အေး တွင် ဒဏ်ရာများ ရရှိခဲ့သောကြောင့် နမ့်စန်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေသော်လည်း မခမ်းစန်မှာ ရရှိသော ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

တက်ဒ်တာနာကွယ်လွန် NOM CNNသတင်းဌာနနှင့်ကါတွန်းနက်ဝပ်တည်ထောင်သူတက်ဒ်တာနာ(အသက်၈၇နှစ်)သည်ယနေ့ကွယ်လွန်သွားသည်။
+1
တက်ဒ်တာနာကွယ်လွန် NOM CNNသတင်းဌာနနှင့်ကါတွန်းနက်ဝပ်တည်ထောင်သူတက်ဒ်တာနာ(အသက်၈၇နှစ်)သည်ယနေ့ကွယ်လွန်သွားသည်။

ယူကရိန်းနိုင်ငံကိယက်ဗ်မြို့တော်ရှိမြန်မာနိုင်ငံသားများအရေးပေါ်ရွှေ့ပြောင်းရန်ရုရှားနိုင်ငံမော်စကိုမြန်မာသံရုံးကအသိပေးချက်ထုတ်
ယူကရိန်းနိုင်ငံကိယက်ဗ်မြို့တော်ရှိမြန်မာနိုင်ငံသားများအရေးပေါ်ရွှေ့ပြောင်းရန်ရုရှားနိုင်ငံမော်စကိုမြန်မာသံရုံးကအသိပေးချက်ထုတ်ပြန်

ရွှေဘိုမြို့တွင် အလုပ်သွားအလုပ်ပြန်နှင့် ခရီးသွားလူငယ်တွေအပါအဝင် လူငယ် ၅၀ ကျော်ကို ပေါ်တာ ဆွဲဖမ်းဆီးသွားကြောင်း သတင်းတု၊ သတင်
ရွှေဘိုမြို့တွင် အလုပ်သွားအလုပ်ပြန်နှင့် ခရီးသွားလူငယ်တွေအပါအဝင် လူငယ် ၅၀ ကျော်ကို ပေါ်တာ ဆွဲဖမ်းဆီးသွားကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဝါဒဖြန့် မေ ၈၊ ၂၀၂၆

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လဲချားမြို့နယ်နှင့် ကျိုင်းတောင်းမြို့အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြု
+9
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လဲချားမြို့နယ်နှင့် ကျိုင်းတောင်းမြို့အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ၊ ပစ္စည်းများနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိ မေ ၈၊ ၂၀၂၆