uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 464 obunachidan iborat bo'lib, Yangiliklar & Media toifasida 15 923-o'rinni va Myanma mintaqasida 10 081-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 464 obunachiga ega bo‘ldi.

02 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -216 ga, so‘nggi 24 soatda esa -9 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 9.95% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 6.72% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 241 marta ko‘riladi; birinchi sutkada odatda 838 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 15 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Yuqori yangilanish chastotasi (oxirgi ma’lumot 03 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 464
Obunachilar
-924 soatlar
-217 kunlar
-21630 kunlar
Postlar arxiv
မိမိတို့နိုင်ငံသည် သမိုင်းအစဉ်အလာကြီးမားပြီး ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝသော နိုင်ငံ ဖြစ်သည့်အတွက် မြန်မာမှု၊ မြန်မာ့ဟန်များ မပျောက်ပျက်အောင် တန်ဖိုးထားထိန်းသိမ်းပြီး မြန်မာ့ဂုဏ်ကို မြှင့်တင်ကြရမည်ဖြစ်သကဲ့သို့ ၂၁ ရာစု၏ ခေတ်မီနည်းပညာ တိုးတက်ပြောင်းလဲမှုများကို မျက်ခြည်မပြတ် အမီလိုက်ပြီး ခေတ်မီနိုင်ငံတော်ကြီးဖြစ်အောင် တည်ဆောက်ကြရန်လည်း အရေးကြီးကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ဝိဇ္ဇာနှင့် သိပ္ပံပညာရပ် နယ်ပယ်အားလုံး ဟန်ချက်ညီညီ အားကောင်းလာရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ဝိဇ္ဇာနှင့်သိပ္ပံ အသိပညာရှင်အတတ်ပညာရှင်များအားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံ့အကျိုးစီးပွားကို အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက် အောင် ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း။ နိုင်ငံတော်အနေဖြင့် အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ သုတေသနလုပ်ငန်းများမှတစ်ဆင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် နည်းပညာသစ်များဖော်ထုတ်ပြီး အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်နှင့် ဈေးကွက်သစ်များချဲ့ထွင်နိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးအတွက် အရည်အသွေးပြည့်ဝသည့် သုတေသနအခြေပြုကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးသွားကြရမည် ဖြစ်ကြောင်း။ သုတေသနသည် တက္ကသိုလ်များ၏ အသက်သွေးကြောဖြစ်ကြောင်း၊ သုတေသနဆောင်ရွက်မှု များမှတစ်ဆင့် မိမိတို့ သင်ယူလေ့လာနေသည့် ပညာရပ်နယ်ပယ်တွင် ပိုမိုတတ်ကျွမ်းထူးချွန်လာ မည်ဖြစ်ကြောင်း၊ သုတေသနများမှရရှိလာသည့် နည်းပညာအသစ်များကို စက်မှုလက်မှုကဏ္ဍများတွင် လက်တွေ့အသုံးချပြီး နိုင်ငံတော်က အားကိုးအားထားပြုရသော အရည်အသွေးမြင့်တက္ကသိုလ်များဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း။ သုတေသနလုပ်ငန်းများသည် ရလဒ်ဖော်ထုတ်ပြီး တစ်ကြိမ်တည်းဖြင့် ရပ်တန့်သွားမည်မဟုတ်ဘဲ ရှေးဦးရလဒ်ကို အခြေပြုပြီးတစ်ဆင့်ပြီးတစ်ဆင့် စဉ်ဆက်မပြတ် သုတေသနဆောင်ရွက်သွားမှသာ တိကျမှန်ကန်သည့် တွေ့ရှိချက်အသစ်များ ရရှိနိုင်မည်ဖြစ်ကြောင်း၊ သုတေသနရလဒ်များမှတစ်ဆင့် ပိုမိုကောင်းမွန်ပြည့်စုံသည့် လူမှုအသိုက်အဝန်းကို ပုံဖော်ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ သုတေသန လုပ်ငန်းများအတွက် ထိထိရောက်ရောက် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံများသည် ရေရှည်အကျိုးရလဒ်များ အများဆုံးဖြစ်ထွန်းပြီး နိုင်ငံကြီးပွားတိုးတက်နေကြသည်ကို အထင်အရှား တွေ့မြင်ရသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့်နိုင်ငံတော်အနေဖြင့် တက္ကသိုလ်များအတွက် သုတေသနအသုံးစရိတ်များ၊ သုတေသနဓာတ်ခွဲခန်း သုံးပစ္စည်းများ၊ သုတေသနစင်တာများ ဖြည့်ဆည်း ပံ့ပိုးပေးလျက်ရှိကြောင်း။ ထို့အပြင် တက္ကသိုလ်များတွင် သုတေသနအခြေပြုခေတ်မီသင်ကြားနည်းများကို အသုံးပြု သင်ကြားနေသည့်အပြင် မြန်မာ့ရိုးရာအမွေအနှစ်များကို ဖော်ထုတ်ပြသသည့် ယဉ်ကျေးမှုပွဲတော်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အသင်းအဖွဲ့အလိုက် လှုပ်ရှားမှုများ၊ လူငယ်စကားဝိုင်းများ၊ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲများ စသည့်ကဏ္ဍစုံလှုပ်ရှားမှုများက တစ်ဆင့် ကျောင်းသားများကို အသိပညာဗဟုသုတ ပြည့်စုံအောင်၊ စဉ်းစားတွေးခေါ်နိုင်စွမ်း မြင့်မားအောင်၊ အရည်အသွေးပြည့်ဝအောင် လေ့ကျင့်ပျိုးထောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။ ယနေ့ညီလာခံတွင် လူမှုရေး၊ စီးပွားရေးနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍကြီးများ ရေရှည်ဖွံ့ဖြိုးရေးဆိုသည့် ဦးတည်ချက်နှင့်အညီ ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်အသီးသီးမှ ဘာသာရပ် ၃၃ မျိုးအတွက် သုတေသနစာတမ်းပေါင်း ၃၁၂ စောင် ဖတ်ကြားသွားမည်ဖြစ်ပြီး အကောင်းဆုံးသုတေသနဆုများ၊ အကောင်းဆုံးစာတမ်းဆုများ ချီးမြှင့်သွားမည်ဟု သိရှိရကြောင်း၊ ယခုညီလာခံတွင် ဖတ်ကြားခဲ့သည့် စာတမ်းများအနက် ဘာသာရပ်အလိုက် အဆင့်မီသည့် သုတေသနစာတမ်းများကိုစုစည်းပြီး သုတေသနဂျာနယ်များ ထုတ်ဝေသွားမည်ဟုလည်း သိရကြောင်း။ ယခုညီလာခံတွင် ပြည်တွင်းက စာတမ်းရှင်များသာမက ပြည်ပကစာတမ်းရှင်များလည်း လာရောက်ပြီး စာတမ်းဖတ်ကြားခြင်း၊ အကဲဖြတ်ခြင်းတို့ကို ဆောင်ရွက်ကြမည်ဖြစ်သည့်အတွက် ပြည်တွင်းပြည်ပ သုတေသနစာတမ်းရှင်များအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုသည်ကို ပြောကြားလိုကြောင်း၊ ညီလာခံတက်ရောက်လာကြသူများကလည်း အပြုသဘောဆောင်သည့် အတွေးအမြင် အယူအဆများ၊ အသိအမြင်များ၊ အကြံပြုချက်များကို ထိထိရောက်ရောက် ဝိုင်းဝန်းဆွေးနွေးပေးကြရန် တိုက်တွန်းလိုကြောင်း။ ဂုဏ်ယူဖွယ်ရာအချက်တစ်ခုအနေဖြင့် ငွေရတုညီလာခံနှင့်အတူ သိပ္ပံပွဲတော်ကိုပါ စည်ကား သိုက်မြိုက်စွာ ထည့်သွင်းကျင်းပသွားသည်ကို တွေ့ရကြောင်း၊ ဘာသာရပ်ဆိုင်ရာပြခန်းများ၊ သိပ္ပံပြကွက်များ၊ ပြိုင်ပွဲများအပြင် AI ပြခန်းများပါဝင်ပြသထား သည်ကိုတွေ့ရကြောင်း၊ ဘာသာရပ်ဌာနအလိုက်ဈေးရောင်းပွဲတော်၊ တိုင်းရင်းသားအားကစား ပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများကိုလည်း ကျင်းပနေသည်ကို တွေ့ရကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော်(၂၀၂၆) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား ဖေဖော်ဝါရီ ၅၊ ၂၀၂၆ မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် သုတေသနနှင့် ဆန်းသစ်တီထွင်မှုစင်တာ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။ အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတကာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင်ပါမောက္ခဆရာကြီး၊ ဆရာမကြီးများ၊ ပါမောက္ခများ၊ Doctor of Science ဘွဲ့ရရှိထားသည့် တပ်မတော်အရာရှိကြီးများ၊ ပြည်တွင်းပြည်ပ စာတမ်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏ မှတ်တမ်းဗီဒီယိုအား ကြည့်ရှုကြသည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက်ငွေရတု သုတေသနညီလာခံနှင့် သိပ္ပံပွဲတော်ဖွင့်ပွဲအခမ်းအနား ဖြစ်ကြောင်း။ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့သည် စတင်ဖွဲ့စည်းခဲ့သည့် ၁၉၉၉ ခုနှစ်မှစပြီး နိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်များမှ ဝိဇ္ဇာသိပ္ပံပညာရပ်များ ဖွံ့ဖြိုးတိုးတက်မှုအတွက် မီးရှူးတန်ဆောင်ဖြစ်သည့် သုတေသနညီလာခံကြီးများ ကျင်းပလာသည်မှာ ယခုအခါ (၂၅)ကြိမ်မြောက် ငွေရတုတိုင်ခဲ့ပြီဖြစ်ကြောင်း။ သုတေသနဆိုသည်မှာ အကြောင်းအရာတစ်ရပ်ကို ခြေခြေမြစ်မြစ်သိရှိနိုင်ရန် ပညာအမြော်အမြင်နှင့် လေ့လာရှာဖွေဖော်ထုတ်ခြင်းပင်ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတိုင်း၊ လုပ်ငန်းတိုင်းသည် သုတေသနပြုမှုများကို အထူးဦးစားပေးအဖြစ် ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြသည်ကို တွေ့ရကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် မိမိတို့မြန်မာနိုင်ငံအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်နိုင်ရေးတို့အတွက် နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးတွင် သုတေသနလုပ်ငန်းများ ပြုလုပ်ကြရန် အထူးလိုအပ်ကြောင်း၊ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်မှုတိုင်းတွင် ပြန်လည်သုံးသပ်မှု၊ သုတေသန ပြုလုပ်မှုနှင့် ဆန်းသစ်တီထွင်မှုများရှိမှသာ တိုးတက်အောင်မြင်မည်ဖြစ်ကြောင်း၊ သုတေသီများ၏ ပညာရပ်ဆိုင်ရာဖန်တီးမှု စွမ်းရည်များသည် နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မည့် စစ်မှန်သော အင်အားတစ်ရပ်ပင် ဖြစ်ကြောင်း။ ပညာဆိုသည်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး အသိပညာ အတတ်ပညာ မြင့်မားတိုးတက်ရေးနှင့် ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာရေးသည် အရေးကြီးကြောင်း၊ နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည့်နည်းပညာအသစ်များ၊ တီထွင်ဆန်းသစ်မှုအသစ်များကို ဖော်ထုတ်ကြရမည်ဖြစ်ကြောင်း။ ပညာရေး၊ သိပ္ပံနှင့် နည်းပညာဆိုသည့် ကဏ္ဍ(၃)ရပ်သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး သုတေသနနှင့် တီထွင်ဆန်းသစ်မှုများကို ပေါင်းစပ်လိုက်သည့်အခါ လူ့ဘောင်အဖွဲ့အစည်း ကြီးပွားတိုးတက်ရေးအတွက် ထိရောက်အားကောင်းသည့် စွမ်းအားတစ်ရပ် ပေါ်ထွက်လာမည်ဖြစ်ကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော်(၂၀၂၆) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

🇨🇳တရုတ်နိုင်ငံသည် အလွန်ကြီးမားသော နျူကလီးယားဓာတ်အားပေးစက်ရုံ ၅ ရုံမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား ပမာဏနှင့်ညီမျှသော လေအားလျှ
🇨🇳တရုတ်နိုင်ငံသည် အလွန်ကြီးမားသော နျူကလီးယားဓာတ်အားပေးစက်ရုံ ၅ ရုံမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား ပမာဏနှင့်ညီမျှသော လေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကို အပတ်စဉ် တည်ဆောက်လျက်ရှိသည်။ News Of Myanmar NOM

🇺🇸 📞 🇮🇷 ထရန့်အစိုးရအဖွဲ့အနေဖြင့် အီရန်၏ အဓိပတိခေါင်းဆောင်ကြီး အယာတိုလာ ခါမေနီထံ တိုက်ရိုက်ဆက်သွယ်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သတင်းရင်းမြစ်များအရ သိရသည်။ News Of Myanmar NOM

😒 🪪 🗳အမေရိကန်သမ္မတ ထရန့်က မဲပေးသူသက်သေခံကတ်ပြား (voter ID) ပြသရန်၊ မဲစာရင်းသွင်းရာတွင် နိုင်ငံသားဖြစ်ကြောင်း အထောက်အထားပြသ
😒 🪪 🗳အမေရိကန်သမ္မတ ထရန့်က မဲပေးသူသက်သေခံကတ်ပြား (voter ID) ပြသရန်၊ မဲစာရင်းသွင်းရာတွင် နိုင်ငံသားဖြစ်ကြောင်း အထောက်အထားပြသရန်နှင့် စာတိုက်မှတစ်ဆင့် မဲပေးသည့်စနစ်အများစုကို ရပ်ဆိုင်းရန် တောင်းဆိုလိုက်သည်။ "အမေရိကန်ရဲ့ ရွေးကောက်ပွဲတွေဟာ မသမာမှုတွေရှိနေတယ်၊ ခိုးယူခံထားရတယ်၊ ပြီးတော့ တစ်ကမ္ဘာလုံးရဲ့ လှောင်ပြောင်စရာလည်း ဖြစ်နေရတယ်။ ကျွန်တော်တို့ ဒီစနစ်ကို ပြုပြင်ပြောင်းလဲမလား၊ ဒါမှမဟုတ်ရင်တော့ ကျွန်တော်တို့ဆီမှာ နိုင်ငံဆိုတာ ရှိတော့မှာ မဟုတ်ဘူး။" News Of Myanmar NOM

🇮🇷🇴🇲အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရပ်ချီသည် အမေရိကန်ပြည်ထောင်စုနှင့် ပြုလုပ်ရန် စီစဉ်ထားသော ဆွေးနွေးပွဲအတွက် အိုမန်နိုင်ငံ၊ မတ်စကတ်မြို့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ News Of Myanmar NOM

🇺🇸🇱🇧🌟 စစ်လိုလားသော ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် လင်ဆေး ဂရေဟမ် က လက်ဘနွန်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့မှုကို အောက်
🇺🇸🇱🇧🌟 စစ်လိုလားသော ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် လင်ဆေး ဂရေဟမ် က လက်ဘနွန်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့မှုကို အောက်ပါအတိုင်း ၎င်း​၏ ဆိုရှယ်မီဒီယာတွင်ရေးသားခဲ့သည်။ "ကျွန်တော် လက်ဘနွန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ရိုဒေါ့ဖ် ဟေကယ်လ် နဲ့ အလွန်တိုတောင်းတဲ့ တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာအဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းတစ်ခုလို့ သူယုံကြည် သလားဆိုတာကို ကျွန်တော် သူ့ကို တဲ့တိုးပဲ မေးမြန်းခဲ့ပါတယ်။ သူက "မဟုတ်ပါဘူး။ လက်ဘနွန်ရဲ့ အခြေအနေအရတော့ (ဟစ်ဇ်ဘိုလာက အကြမ်းဖက်အဖွဲ့) မဟုတ်ပါဘူး" လို့ ဖြေကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော် တွေ့ဆုံမှုကို ရပ်စဲလိုက်ပါတယ်။" News Of Myanmar NOM

🇧🇷🤝🇵🇸 ဘရာဇီးသမ္မတ လူဝစ် အီနာစီယို လူလာ ဒါ ဆေးလ်ဗား (Luiz Inácio Lula da Silva) သည် ဘရာဇီးနိုင်ငံဆိုင်ရာ ပါလက်စတိုင်းသံအမတ်သစ် မာဝမ် ဂျီဘရီလ် (Marwan Jibril) အား မြို့တော် ဘရာစီးလီးယားတွင် ကျင်းပသည့် သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနား၌ လက်ခံတွေ့ဆုံခဲ့သည်။ အထိမ်းအမှတ် အမူအရာတစ်ခုအနေဖြင့် သမ္မတ လူလာသည် ပါလက်စတိုင်းတို့၏ မည်သူမည်ဝါဖြစ်မှုနှင့် ခုခံတွန်းလှန်မှုဆိုင်ရာ အထင်ကရသင်္ကေတဖြစ်သော ပါလက်စတိုင်းပုဝါ (Keffiyeh) ကို လက်ခံရယူကာ ဝတ်ဆင်ခဲ့သည်။ ဤလုပ်ရပ်သည် ပါလက်စတိုင်းတို့၏ ရပိုင်ခွင့်များအပေါ် ဘရာဇီးနိုင်ငံ၏ ထောက်ခံအားပေးမှုကို ထပ်လောင်းအတည်ပြုလိုက်ခြင်း ဖြစ်သည်ဟု ရှုမြင်ကြသည်။ News Of Myanmar NOM

+2
🇮🇷အီရန်နိုင်ငံကနေ အစ္စရေးနိုင်ငံဆီကို ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းဟာ လမ်းခရီးမှာ ဘယ်လိုအတားအဆီးတွေကို ကျော်ဖြတ်ရသလဲ?? 🚀အီရန်မှ အစ္စရေးအထိ ကြုံတွေ့ရမည့် အတားအဆီးများ ၁။ ပါရှန်ပင်လယ်ကွေ့အတွင်းရှိ အမေရိကန် စစ်သင်္ဘောများ 🚢 ၂။ အဇာဘိုင်ဂျန်နိုင်ငံရှိ အစ္စရေး ရေဒါများ 📡 ၃။ တာ့ခ်မင်နစ္စတန်နိုင်ငံရှိ အစ္စရေး ရေဒါများ 📡 ၄။ အီရတ်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းများမှ လေကြောင်းရန်ကာကွယ်ရေးစနစ်များ ⚡ ၅။ ဆီးရီးယားနိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်း၏ လေကြောင်းရန်ကာကွယ်ရေးစနစ် ⚡ ၆။ ဆော်ဒီအာရေးဘီးယားနိုင်ငံရှိ အမေရိကန် ရေဒါများ 📡 ၇။ ကာတာနိုင်ငံရှိ ရေဒါများ📡 ၈။ အီရတ်နိုင်ငံရှိ ရေဒါများ📡 ၉။ ကူဝိတ်နိုင်ငံရှိ ရေဒါများ📡 ၁၀။ ယူအေအီး (UAE) နိုင်ငံရှိ ရေဒါများ 📡 ၁၁။ ဘာရိန်းနိုင်ငံရှိ ရေဒါများ 📡 ၁၂။ အိုမန်နိုင်ငံရှိ ဗြိတိန် ရေဒါ 📡 ၁၃။ တူရကီနိုင်ငံရှိ နေတိုး (NATO) ရေဒါစနစ်များ 📡 ၁၄။ ဂျော်ဒန်နိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးစနစ် ⚡ ၁၅။ ဂျော်ဒန်ကောင်းကင်ယံရှိ အမေရိကန် တိုက်လေယာဉ်များ ✈️ ၁၆။ အစ္စရေးကောင်းကင်ယံရှိ အမေရိကန် တိုက်လေယာဉ်များ ✈️ ၁၇။ ဂျော်ဒန်ကောင်းကင်ယံရှိ ဗြိတိန် တိုက်လေယာဉ်များ ✈️ ၁၈။ အစ္စရေးနိုင်ငံရှိ ဗြိတိန် တိုက် လေယာဉ်များ✈️ ၁၉။ ဂျော်ဒန်ကောင်းကင်ယံရှိ ပြင်သစ် တိုက်လေယာဉ်များ ✈️ ၂၀။ အစ္စရေးကောင်းကင်ယံရှိ ပြင်သစ် တိုက်လေယာဉ်များ ✈️ ၂၁။ ပင်လယ်နီအတွင်းရှိ အမေရိကန်သင်္ဘောများ၏ လေကြောင်းရန်ကာကွယ်ရေးစနစ် ⚡ ၂၂။ မြေထဲပင်လယ်အတွင်းရှိ အမေရိကန် သင်္ဘောများ 🚢 ၂၃။ ဒေသတွင်းရှိ ဗြိတိန် လေတပ်အခြေစိုက်စခန်းများ ✈️ 🚀အစ္စရေးလေပိုင်နက်ထဲသို့ ဝင်ရောက်ပြီးနောက် ၂၄။ အလွန်ခေတ်မီသော အမေရိကန် TPY-2 ရေဒါ 📡 ၂၅။ အလွန်ခေတ်မီသော အမေရိကန် THAAD ဒုံးကျည်ကာကွယ် ရေးစနစ် ⚡ ၂၆။ အစ္စရေး၏ Arrow 1 နှင့် 2 ဒုံးကျည်ကာကွယ်ရေးစနစ်များ ⚡ ၂၇။ "David's Sling" (ဒေးဗစ်၏ လောက်လွှဲ) တာလတ်ပစ်လေကြောင်းရန်ကာကွယ်ရေး စနစ် ⚡ ၂၈။ "Iron Dome" (သံမဏိ အမိုးအကာ) တာတိုပစ် လေကြောင်းရန်ကာကွယ်ရေး စနစ် ⚡ 🇮🇱 အမှန်စင်စစ်အားဖြင့် အီရန်ဒုံးကျည်များသည် ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံး၊ အကုန်အကျအများဆုံး၊ အဆင့်အမြင့်ဆုံးနှင့် အထပ်ထပ်အခဲအခဲ အရှိဆုံးသော လေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေးစနစ်များကို ကျော်ဖြတ်ကာ အစ္စရေးကို ထိမှန်အောင် တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။ News Of Myanmar NOM

ဒါက တကယ်ကို စိတ်မသက်သာစရာကောင်းပြီး တုန်လှုပ်စရာကောင်းတဲ့ အကြောင်းအရာတစ်ခုပါ။ "လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey
+2
ဒါက တကယ်ကို စိတ်မသက်သာစရာကောင်းပြီး တုန်လှုပ်စရာကောင်းတဲ့ အကြောင်းအရာတစ်ခုပါ။ "လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein) ၏ 'ကိုယ်ပိုင်သားဖောက်စက်' အဖြစ် အသုံးချခံခဲ့ရသည်ဟု ဆိုသူ အမျိုးသမီးက 'သေးငယ်လွန်းသော သန္ဓေသားလောင်း' ကို အိမ်သာထဲသို့ ရေဆွဲချခဲ့ရ" စိတ်ထိခိုက်ဖွယ်ရာ သားကောင်၏ ဒိုင်ယာရီ "ပထမကလေးကို သူတို့ယူသွားပြီးတဲ့နောက်နဲ့ စောစောစီးစီး ကိုယ်ဝန် ပျက်ကျသွားပြီးတဲ့နောက်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် လူတစ်ယောက်လို့ မခံစားရတော့ဘဲ သက်မဲ့အိုးတစ်လုံး (ကိုယ်ဝန်ဆောင်ပေးရုံသက်သက် အရာဝတ္ထု) လိုပဲ ခံစားရတော့တယ်။" "ဒီတစ်ယောက်ကိုရော သူတို့ ထပ်ယူဦးမှာလား? ပထမတစ်ယောက်က ဘယ်သူ့ဆီမှာလဲ? ဂစ်လိန်း မက်စ်ဝဲလ် (Ghislaine Maxwell) ဘယ်ရောက်သွားတာလဲ?" "ကျွန်မရဲ့ ခန္ဓာကိုယ်က အရမ်းကို ပင်ပန်းနွမ်းနယ်နေပြီ။ ကျွန်မ ဘယ်တော့မှ လွတ်လပ်ခွင့်ရပါ့မလား?" ————————————- Ghislaine Maxwell (ဂစ်လိန်း မက်စ်ဝဲလ်) အကြောင်းကို အောက်မှာ အကျဉ်းချုပ်ရှင်းပြပေးထားပါတယ်။ ဂစ်လိန်း မက်စ်ဝဲလ် ဆိုသည်မှာ - အက်ပ်စတိုင်း (Epstein) ၏ အဓိက လက်တွဲဖော် - သူမသည် ကွယ်လွန်သူ အမေရိကန် သူဌေးကြီး လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein) ၏ အရင်းနှီးဆုံး မိတ်ဆွေနှင့် လက်တွဲဖော် ဖြစ်သည်။ ရာဇ၀တ်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသူ - သူမသည် အရွယ်မရောက် သေးသည့် မိန်းကလေးငယ်များကို စုဆောင်းပေးခြင်းနှင့် လိင်ပိုင်းဆိုင်ရာ လူကုန်ကူးမှု (Sex Trafficking) များတွင် အက်ပ်စတိုင်း အား ကူညီခဲ့သည့်အတွက် ၂၀၂၁ ခုနှစ်တွင် အမေရိကန် တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ ထောင်ဒဏ် ၂၀ နှစ် - သူမ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် ၂၀၂၂ ခုနှစ်တွင် ထောင်ဒဏ် နှစ် ၂၀ ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရပြီး လက်ရှိတွင် ပြစ်ဒဏ်ကျခံနေရဆဲ ဖြစ်သည်။ နောက်ခံသမိုင်း - သူမသည် ဗြိတိန် သတင်းစာလုပ်ငန်းရှင် ရောဘတ် မက်စ်ဝဲလ် (Robert Maxwell) ၏ သမီးဖြစ်ပြီး လူကုံထံ အသိုင်းအဝိုင်းတွင် ကျင်လည်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ အကျဉ်းချုပ်အားဖြင့် သူမသည် အက်ပ်စတိုင်း ၏ ကလေးသူငယ် များအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ် ထုတ်မှု ရာဇဝတ်မှုများတွင် ပါဝင် ကူညီခဲ့သည့်အတွက် ထောင်ဒဏ် ကျခံနေရသည့် ဗြိတိန်လူမျိုး တစ်ဦးဖြစ်ပါသည်။ News Of Myanmar NOM

🗣📉 ထရန့်: "စီးပွားရေးနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ လူထုသဘောထားစစ်တမ်း ရလဒ်တွေက တော်တော်လေး ကောင်းမွန်လာနေပြီ။" 🎤သတင်းထောက်: "စီးပွားရေးအပေါ် လူထုသဘောထားစစ်တမ်း ရလဒ်တွေက အဲ့ဒီလောက်ကြီး မကောင်းလှသေးပါဘူး။" 😒 ထရန့်: "ရလဒ်တွေက ကောင်းကို ကောင်းရမှာပါ။" 🎤သတင်းထောက်: "ဘာဖြစ်လို့ မကောင်းတာလဲခင်ဗျာ။" 🤬 ထရန့်: "အဲ့ဒါတော့ ကျွန်တော်လည်း မသိဘူး။" News Of Myanmar NOM

🇮🇱🇪🇬လုံခြုံရေးကက်ဘိနက်အစည်းအဝေးအတွင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အီဂျစ်စစ်တပ်နှင့်ပတ်သက်၍ "အီဂျစ်စစ်တပ်ဟာ ပိုမိုအင်အားတောင့်တင်းလာနေတဲ့အတွက် ကျွန်ုပ်တို့အနေနဲ့ အနီးကပ်စောင့်ကြည့်ရမှာဖြစ်သလို၊ သူတို့ရဲ့ စစ်ရေးအင်အား အလွန်အမင်း အားကောင်းမလာစေဖို့ တားဆီးရပါမယ်။" ဟုပြောကြားခဲ့သည်။ News Of Myanmar NOM

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နှစ်သစ်ကူး အထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲအခမ်းအနားသို့ တက်ရောက်
+1
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နှစ်သစ်ကူး အထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲအခမ်းအနားသို့ တက်ရောက်အားပေး ဖေဖော်ဝါရီ ၅၊ ၂၀၂၆ News Of Myanmar NOM

ပြည်တွင်းရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် ရွှေတုံးရွှေခဲများအား သိုလှောင် ဖြန့်ဖြူးရောင်းချနေသူများကို ဖော်ထုတ်
+2
ပြည်တွင်းရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် ရွှေတုံးရွှေခဲများအား သိုလှောင် ဖြန့်ဖြူးရောင်းချနေသူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူမှုသတင်း နေပြည်တော်၊ ဖေဖော်ဝါရီလ ၅ ရက်

Feb-5 ▪️ပြည်တွင်းရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် ရွှေတုံးရွှေခဲများအား သိုလှောင် ဖြန့်ဖြူးရောင်းချနေသူများကို
+2
Feb-5 ▪️ပြည်တွင်းရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် ရွှေတုံးရွှေခဲများအား သိုလှောင် ဖြန့်ဖြူးရောင်းချနေသူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူ နေပြည်တော်၊ ဖေဖော်ဝါရီလ ၅ ရက်

ရွာမသံမဏိစက်ရုံကွေ့တွင် ချည်လုံးများတင်လာသော တွဲကား တိမ်းမှောက်ပြီး ဆိုင်ကယ်နှင့် Light truck ယာဉ်ကို ဆင့်ကဲတိုက်မှုဖြစ်ပွား
ရွာမသံမဏိစက်ရုံကွေ့တွင် ချည်လုံးများတင်လာသော တွဲကား တိမ်းမှောက်ပြီး ဆိုင်ကယ်နှင့် Light truck ယာဉ်ကို ဆင့်ကဲတိုက်မှုဖြစ်ပွား NOM၊ဖေဖေါ်ဝါရီ၅၊၂၀၂၆ အင်းစိန် ၊ ရွာမသံမဏိစက်ရုံကွေ့တွင် ချည်လုံးများတင်လာသော တွဲကားတိမ်းမှောက်ပြီး ဆိုင်ကယ်နှင့် Light truck ယာဉ်ကို ဆင့်ကဲတို-က်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာဖေဖော်ဝါရီ ၅ရက် ညနေ ၃နာရီခွဲဝန်းကျင်အချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ရွှေပြည်စက်မှုဇုန်သို့ သွားရောက်မည့် ချည်လုံးများ သယ်ဆောင်လာသည့် တွဲကားက တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ " သူ့ဝိတ်သူမထိမ်းနိုင်ဘဲ မှောက်တာ။ ပြီးတော့မှာ မှောက်နေတဲ့အတိုင်း အရှိန်နဲ့ရှေ့က သွားနေတဲ့ ဆိုင်ကယ်နဲ့ Light truck ကားကို ထပ်တို-က်တာ၊ ဆိုင်ကယ်ကတော့ ကားအောက်ရောက်သွားပြီး လူကတော့ လွတ်‌သွားတယ်။ ဆိုင်ကယ်သမား ခြေထောက်တော့ ကွဲသွားတယ်။ ‌ေ-သဆုံးမရှိပါဘူး" ဟု သွားရောက်ကူညီခဲ့သည့် လူမှုကယ်ဆယ်ရေးအသင်းတာဝန်ခံ တစ်ဦးက ရှင်းပြသည်။ တိမ်းမှောက်သွားသည့် တွဲကားယာဉ်မောင်းလည်း ထိခို-က်ဒ-ဏ်ရာရရှိကာ ထိခို-က်ဒ-ဏ်ရာမှာ မစိုးရိမ်ရဘဲ လက်ရှိတွင် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

🇮🇷"အီရန် ရှူရာကောင်စီ၊ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကော်မတီ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ရေဇာအီ (Ibrahim Rezaei) ၏ ပြောကြားချက်များ-" အီရန် ဒုံးကျည်အရေးနှင့် ယူရေနီယံသန့်စင်မှုဆိုင်ရာ ကိစ္စရပ်များသည် အီရန်နိုင်ငံအတွက် လုံးဝအလျှော့မပေးနိုင်သည့် အနီရောင်စည်းများ (Red lines) ပင် ဖြစ်သည်။ လာမည့်ဆွေးနွေးပွဲများတွင် အမေရိကန်တို့အနေဖြင့် ယခင်ကအတိုင်း မူဝါဒဟောင်းများကိုသာ ဆက်လက်ကျင့်သုံးနေမည်ဆိုပါက ဆွေးနွေးပွဲများသည် မအောင်မြင်ဘဲ ပျက်ပြားသွားမည်ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်နိုင်ငံအနေဖြင့် ဆင်ခြင်တုံတရားရှိရှိနှင့် ယုတ္တိဗေဒကျကျ ဆောင်ရွက်ရမည်ဖြစ်သည်။ ယူရေနီယံသန့်စင်မှု ရပ်တန့်ရေးကဲ့သို့သော ကန့်သတ်ချက်များကို ကျွန်ုပ်တို့ လက်ခံမည်မဟုတ်သလို ဒုံးကျည်အရေး သို့မဟုတ် ဒေသတွင်းရေးရာကိစ္စရပ်များနှင့် ပတ်သက်၍လည်း ညှိနှိုင်းဆွေးနွေးမည်မဟုတ်ပါ။ ကျွန်ုပ်တို့အနေဖြင့် နောက်ဆုတ် သွားမည်မဟုတ်သလို ဥရောပနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုကိုလည်း ခွင့်ပြုမည်မဟုတ်ပေ။ News Of Myanmar NOM

🇮🇷🇺🇸🇨🇳အီရန်အနေဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နေသော စွမ်းအင်ပမာဏကို ကန့်သတ်ရန် အမေရိကန်ပြည်ထောင်စုက ယခုအခါ ထပ်မံတောင်းဆိုလိုက်သည်။ News Of Myanmar NOM

KIA အကြမ်းဖက်အဖွဲ့​၏ စခန်းတစ်ခုကို လီဆူးပြည်သူ့စစ်များနှင့် လုံခြုံရေးတပ်ဖွဲ့များ ပူးပေါင်းအဖွဲ့က သိမ်းပိုက် တိုက်ပွဲသတင်းစုံ News Of Myanmar NOM