uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 464 obunachidan iborat bo'lib, Yangiliklar & Media toifasida 15 923-o'rinni va Myanma mintaqasida 10 081-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 464 obunachiga ega bo‘ldi.

02 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -216 ga, so‘nggi 24 soatda esa -9 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 9.95% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 6.72% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 241 marta ko‘riladi; birinchi sutkada odatda 838 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 15 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Yuqori yangilanish chastotasi (oxirgi ma’lumot 03 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 464
Obunachilar
-924 soatlar
-217 kunlar
-21630 kunlar
Postlar arxiv
Repost from NOM
ရုရှားအကောက်ခွန်အေးဂျင့်တွေဟာ ဗြိတိန်ကို တင်ပို့မယ့် ရှုခင်းပန်းပုလို့ပြောဆိုခဲ့တဲ့ ၂.၅ တန် အလေးချိန်ရှိတဲ့ ဥက္ကာခဲတလုံးကို စိန့်ပီတာစဘတ်မြို့မှာ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ News Of Myanmar NOM

+1
ဖေဖော်ဝါရီလ၅ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ပိုလန်ဝန်ကြီးချုပ်ကကလေးသူငယ်လိင်ကုန်သည်သူဌေးကြီးအပ်စတိန်းသည်ရုရှားသူလျိုဟုပြောလိုက်သည်။ ၂။ယူအေအီးနိုင်ငံခြားရေးဝန်ကြီးဌာနကအဘူဒါဘီတွင်အမေရိကန်၊ရုရှား၊ယူကရိန်းသုံးပွင့်ဆိုင်ဆွေးနွေးပွဲဓါတ်ပုံများထုတ်ပြန်လိုက်သည်။ ၃။ဖင်လန်သမ္မတအလက်ဇန်ဒါစတပ်ကအမေရိကန်အစိုးရ၏တွေးခေါ်ပုံများသည်ပြောင်းလဲသွားပြီးဥရောပစံညွှန်းများဖြင့်ပွတ်တိုက်မှုများဖြစ်လာကြောင်းသတိပေးလိုက်သည်။ ၄။ရုပ်သံအင်တာဗျူးတွင်ယူကရိန်းသမ္မတဇလင်စကီးကယူကရိန်းသည်စစ်ပွဲတွင်ရှုံးနိမ့်ပါကလွတ်လပ်ရေးပါဆုံးရှုံးနိုင်ကြောင်းပြောကြားပြီးရုရှားနိုင်ငံခြားရေးဝန်ကြီးကဇလင်စကီးသည်သူ၏အာဏာဆက်လက်တည်ရှိရေးအတွက်စစ်ပွဲကိုရပ်စဲလိုသူမဟုတ်ဟုပြောလိုက်သည်။(ဗီဒီယို) ၅။အမေရိကန်နှင့်အီရန်နျူကလီးယားဆွေးနွေးပွဲသည်သဘောတူညီချက်မရသည့်အပေါ်အမေရိကန်သမ္မတထရမ့်ကအီရန်ခေါင်းဆောင်အနေဖြင့်အလွန်စိုးရိမ်သင့်ပြီဟုပြောလိုက်ကာအီရန်ဆန္ဒပြသူများကိုအမေရိကန်ကကျောထောက်နောက်ခံပေးနေသည်ဟုပြောလိုက်သည်။(ဗီဒီယို)

Repost from NOM
အင်ဒိုနီးရှားနိုင်ငံမှာ တွေ့ရှိခဲ့ရတဲ့ စပါးအုံးမြွေကြီး (အမ) ဟာ ၇.၂၂ မီတာ ရှည်လျားပါတယ်။ ဒါဟာ နှစ်ထပ်အိမ်တလုံးရဲ့ အမြင့်ဖြစ်ပြီး ကမ္ဘာ့အရှည်ဆုံးမြွေအဖြစ်နဲ့ပါ ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ သူမရဲ့ နာမည်ကိုတော့ The Baroness လို့ ပေးထားကြောင်း ဆိုပါတယ်။ News Of Myanmar NOM

Repost from NOM
အိန္ဒိယမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ပါ။ ဒီကောင်လေးက ဘက်ထရီကို ဝါးစားနေခဲ့တာဖြစ်ပြီး ဝါးနေချိန်အတွင်းမှာပဲ ပေါက်ကွဲသွားခဲ့ကာ မီးခိုးတွေပါ ထွက်လာခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ထိခိုက်ဒဏ်ရာမရရှိခဲ့တာဖြစ်ပါတယ်။ News Of Myanmar NOM

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲဝင် ကစကဲ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းနှင့် ရဲစခန်းအချုပ
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲဝင် ကစကဲ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းနှင့် ရဲစခန်းအချုပ်ခန်းများ ကြည့်ရှုစစ်ဆေး ဖေဖော်ဝါရီ ၄၊ ၂၀၂၆ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်နှင့် ဦးသန်းဝင်းတို့ ဦးဆောင်သောအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်ရှိ ကစကဲစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း၊ ဝါးခယ်မမြို့မရဲစခန်းအချုပ်ခန်းနှင့် မြောင်းမြမြို့မရဲစခန်းအချုပ်ခန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ကစကဲ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းကို ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများကို အိပ်ဆောင်များတွင် တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှုအခြေအနေများ၊ ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိခြင်း ရှိ၊ မရှိ၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ၊ မရှိ၊ သန့်ရှင်းသော သောက်သုံးရေလုံလောက်မှု ရှိ၊ မရှိ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိ၊ မရှိ၊ မိသားစုတွေ့ဆုံခွင့်နှင့် ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ၊ မရှိ၊ လုပ်ငန်းခွင်အတွင်း တာဝန်ပေးအပ်ရာတွင် ခွဲခြားဆက်ဆံမှု ရှိ၊ မရှိနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းမှု ရှိ၊ မရှိစသည်တို့ကို မေးမြန်းမှတ်တမ်းတင်ခဲ့ပြီး သီးခြားတွေ့ဆုံခွင့် တောင်းခံသူအကျဉ်းသား ခြောက်ဦးကိုလည်း လွတ်လပ်စွာသီးခြားတွေ့ဆုံ၍ မေးမြန်းမှတ်တမ်းတင်သည်။ လှူဒါန်း ထို့နောက် အကျဉ်းသားများ၏ နေ့စဉ်အစားအစာချက်ပြုတ်ကျွေးမွေးမှု၊ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ သုံးရေကန်များနှင့်အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ၊ မရှိနှင့် စိတ်ဓာတ်နှင့် အကျင့်စာရိတ္တကောင်းမွန်အောင် ဆောင်ရွက်ပေးနေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် သုတ၊ ရသ စာအုပ်စာပေများကို ကော်မရှင်က  လှူဒါန်းသည်။ ဝါးခယ်မမြို့မရဲစခန်းအချုပ်ခန်းနှင့် မြောင်းမြမြို့မရဲစခန်း အချုပ်ခန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အချုပ်ခန်းများတွင်နေထိုင်စဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိ၊ မိသားစုနှင့် တွေ့ဆုံနိုင်မှု၊ တရားရုံးတွင် ရုံးထုတ်ချိန်ကာလအတွင်း စားသောက်ရေးစီစဉ်ပေးမှု၊ အချုပ်ခန်းများအတွင်း မိလ္လာသုံးစွဲမှုနှင့် တရားရုံးထုတ်စဉ်မိသားစုဝင်များ၊ အကျိုးဆောင်ရှေ့နေများနှင့် တွေ့ဆုံခွင့်ရရှိမှု၊ ကျန်းမာရေးအခြေအနေတို့ကို အချုပ်သားအချုပ်သူများနှင့် တွေ့ဆုံမေးမြန်းပြီး အချုပ်ခန်းများ၏ သန့်ရှင်းမှု၊ အလင်းရောင်ရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်မှု ရှိ၊ မရှိတို့ကို ကြည့်ရှုစစ်ဆေးသည်။ အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

ရွှေဘိုမှာ စစ်တပ်က တစ်လအတွင်း လူငယ် ၆၀ ကျော် ပေါ်တာဆွဲပြီး လေ့ကျင့်ရေးတပ်ကို ပို့ဟုဆိုကာ သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသာ
ရွှေဘိုမှာ စစ်တပ်က တစ်လအတွင်း လူငယ် ၆၀ ကျော် ပေါ်တာဆွဲပြီး  လေ့ကျင့်ရေးတပ်ကို ပို့ဟုဆိုကာ သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဝါဒဖြန့် ဖေဖော်ဝါရီ ၅၊ ၂၀၂၆ News Of Myanmar NOM

🥴 "ပါးစပ်ပိတ်ထားစမ်း!" "ဘဏ္ဍာရေးဝန်ကြီး စကော့ ဘဲဆင့်တ် (Scott Bessent) နဲ့ လွှတ်တော်အမတ် မက်ဆင်း ဝါးတားစ် (Maxine Waters) တို့ရဲ့ အမေရိကန်လွှတ်တော် ဆွေးနွေးပွဲက အဆင့်အတန်းသစ်တစ်ခု" အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘဲဆင့်တ် နဲ့ လွှတ်တော်အမတ် မက်ဆင်း ဝါးတားစ် တို့ဟာ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အကြီးအကျယ် စကားများခဲ့ကြပါတယ်။ ဝါးတားစ် (Waters) ရဲ့ အာဘော်: ထရမ့်ရဲ့ သွင်းကုန်ခွန် (Tariffs) တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် နှိမ်နင်းမှုတွေဟာ အမေရိကန် စီးပွားရေးအတွက် ဘာမှအကျိုးမရှိဘူးလို့ ဝါးတားစ်က ငြင်းခုံခဲ့ပြီး ဒီအလုပ်ရပ်တွေကို ရပ်တန့်ဖို့ ထရမ့်ကို နားချပေးဖို့ ဘဲဆင့်တ် ကို တိုက်တွန်းခဲ့ပါတယ်။ ဘဲဆင့်တ် (Bessent) ရဲ့ တုံ့ပြန်မှု: ဘဲဆင့်တ် ကလည်း အလျှော့မပေးဘဲ ပြန်လည်တိုက်ခိုက်ခဲ့ပြီး ဝါးတားစ် အနေနဲ့ "ငွေကြေးဖောင်းပွမှုရဲ့ အဓိပ္ပာယ်ကိုတောင် ဝေဝေဝါးဝါး ဖြစ်နေပုံရတယ်" လို့ ခနဲ့တဲ့တဲ့ ပြောဆိုခဲ့ပါတယ်။ ဒီစကားအသွားအလာတွေရဲ့ နောက်ဆုံးမှာတော့ "ပါးစပ်ပိတ်ထားပေးမလား" လို့ ဝါးတားစ် က ဒေါသတကြီး ပြောခဲ့ရာမှာ ဘဲဆင့်တ် ကလည်း "ခင်ဗျားအနေနဲ့ သိက္ခာရှိရှိလေး နေပေးလို့ မရဘူးလား" လို့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ ဒါကတော့ လက်ရှိအချိန်မှာ မြင်တွေ့နေရတဲ့ အမေရိကန်လွှတ် တော်ရဲ့ ပုံရိပ်ပဲ ဖြစ်ပါတယ်။ News Of Myanmar NOM

Repost from NOM
အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ်က Leghigh Valley ဆေးရုံမှာ မီးလောင်မှုကြီးဖြစ်ပွားခဲ့ပြီး မီးသတ်သမားအများအပြားက ကြိုးစာ
အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ်က Leghigh Valley ဆေးရုံမှာ မီးလောင်မှုကြီးဖြစ်ပွားခဲ့ပြီး မီးသတ်သမားအများအပြားက ကြိုးစားငြိမ်းသတ်ခဲ့ရပါတယ်။ လူနာတွေနဲ့ ဝန်ထမ်းတွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပါတယ်။ News Of Myanmar NOM

တောင်တွင်းကြီးတွင် အလှူအိမ်ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ် ၁၅ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးပြီး နေအိမ်များကို မီးရှို့ဟု သတင်
တောင်တွင်းကြီးတွင် အလှူအိမ်ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ် ၁၅ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးပြီး  နေအိမ်များကို မီးရှို့ဟု သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဝါဒဖြန့် ဖေဖော်ဝါရီ ၅၊ ၂၀၂၆ News Of Myanmar NOM

နိုင်ငံတော် ယာယီသမ္မတအား ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့အပ်နှင်း NOM၊ဖေဖေါ်ဝါရီ၅၊၂၀၂၆ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင် ခန်းမတွင် အထူးဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ၍ အပ်နှင်းခဲ့သည်။ နိုင်ငံတော်ယာယီသမ္မတမှ ဘွဲ့နှင်းသဘင်ခန်းမစင်မြင့်ထက်၌နေရာယူပြီး နိုင်ငံတော်အလံအားအလေးပြုကြပြီးနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်က နိုင်ငံတော်ယာယီသမ္မတ၏ စွမ်းဆောင်ရည်များကို ဖတ်ကြားတင်ပြခဲ့သည်။ " နိုင်ငံတော်အကြီးအကဲအား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို အပ်နှင်းရခြင်းမှာ မိမိတို့နိုင်ငံ၏ နိုင်ငံရေးအပြောင်း အလဲဖြစ်စဉ်တွင် ကြုံတွေ့ခဲ့ရသည့်စိန်ခေါ်မှုအခက်အ ခဲများကို ဦးဆောင်ဦးရွက်ပြုပြီး စနစ်တကျစီမံခန့်ခွဲ ဖြေရှင်းနိုင်ခဲ့သော စွမ်းဆောင်ချက်များကြောင့်ဖြစ် သည်"ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်က ဖတ်ကြားတင်ပြခဲ့သည်။ ထို့ပြင် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် စွမ်းစွမ်း တမံကြိုးပမ်းဆောင်ရွက်ခဲ့သည့် ထူးကဲသောဂုဏ်ဒြပ်များကိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်ယာယီသမ္မတအား ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပြည်သူ့ရေး ရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A honoris causa)ချီးမြှင့်အပ် နှင်းခွင့်ရခြင်းသည် ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တက္ကသိုလ်တို့အတွက် ဂုဏ်ယူဝမ်းမြောက်ပီတိဖြစ်ရသည်ဟုလည်း ဖတ်ကြားတင်ပြခဲ့သည်။ ထို့‌နောက် တက်ရောက်လာကြသည့် ရုရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် Altai State Pedagogical University တို့မှတက်ရောက်လာကြသည့် ပညာရှင်ကြီးများကဂုဏ်ပြုစကားများ အသီးသီးပြောကြားခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါ ရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa)အား အပ်နှင်းခဲ့သည်။ နိုင်ငံတော်ယာယီသမ္မတသည် တက္ကသိုလ်များဗဟိုစာကြည်တိုက်အတွင်း ရှေးဟောင်းစာအုပ်စာစောင်များအား စနစ်တကျထိန်းသိမ်းထားရှိမှု၊ ပျက်စီးပျောက်ဆုံးမှုများမရှိစေရေးဆောင်ရွက်ထားရှိမှု၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနိုင်ရေးဆောင်ရွက်ထားရှိမှုများကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကိုဖြည့်ဆည်းပေးခဲ့သည်။ ရန်ကုန်တက္ကသိုလ်သည် ၁၉၂၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ရဟန်းတော်များ၊ နိုင်ငံရပ်ခြားမှ ခေါင်းဆောင်များ၊ လူပုဂ္ဂိုလ်များအပါအဝင် (၇၂)ဦးအား ဂုဏ်ထူး ဆောင်ဘွဲ့အမျိုးမျိုးချီးမြှင့်ခဲ့ပြီး ချီးမြှင့်ခဲ့သည့်ဘွဲ့များသည် ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့၊ ဂုဏ်ထူး ဆောင်ဥပဒေပါရဂူဘွဲ့များဖြစ်ပြီး ရဟန်းသံဃာများဖြစ်သည့် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီလာ နန္ဒာဘိဝံသ၊ ဘဒ္ဒန္တမာရာဘိဝံသနှင့် ဘဒ္ဒန္တဉာဏိဿရ တို့အား ဂုဏ် ထူးဆောင်စာပေပါရဂူဘွဲ့ချီးမြှင့်ခဲ့ကာ နိုင်ငံတကာ ခေါင်းဆောင်များဖြစ်သည့် ယူဂိုဆလားဗီးယားသမ္မတ မာရှယ်တီးတိုးနှင့် ဗီယက်နမ်သမ္မတ ဟိုချီမင်းတို့အား ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့များချီးမြှင့်ခဲ့ပြီးဖြစ် သည်။NOM၊

photo content

Repost from NOM
အိန္ဒိယနိုင်ငံ၊ ဂါဇီယာဘတ်မြို့မှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက်အစောပိုင်းက ညီအစ်မ ၃ ဦး ၉ ထပ်တိုက်ပေါ်က ခုန်ချကာ အဆုံးစီရင်မှုဖြစ်
အိန္ဒိယနိုင်ငံ၊ ဂါဇီယာဘတ်မြို့မှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက်အစောပိုင်းက ညီအစ်မ ၃ ဦး ၉ ထပ်တိုက်ပေါ်က ခုန်ချကာ အဆုံးစီရင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ကိုရီးယားအွန်လိုင်းဂိမ်းတခုကြောင့်လို့ ရဲတပ်ဖွဲ့က ယူဆနေပြီး စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်ပြုလုပ်နေပါတယ်။ We are not Indians လို့ နာမည်ပေးထားတဲ့ ဂိမ်းတခုကို သမီးဖြစ်သူတွေက စွဲစွဲလမ်းလမ်းနဲ့ ကစားနေခဲ့တာ ၂နှစ်၊ ၃နှစ်လောက်ရှိပြီလို့ ဖခင်ဖြစ်သူက ဖွင့်ဟခဲ့ပါတယ်။ အဆိုပါဂိမ်းမှာ ခိုင်းစေမှုတွေအတိုင်း လိုက်လုပ်ရတဲ့ တာဝန်တွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။ အသက် ၁၂ နှစ်၊ ၁၄ နှစ်နဲ့ ၁၆ နှစ်အရွယ် ညီအစ်မ ၃ ဦးဖြစ်ပြီး သူတို့ဟာ ကိုရီးယားကို သွားချင်တယ်လို့ မကြာခဏပြောဆိုလေ့ရှိကြောင်းလည်း ဆိုပါတယ်။ သူတို့ဟာ မခုန်ချခင်မှာ “သမီးတို့ ကိုရီးယားကို မခွဲနိုင်ဘူး၊ ကိုရီးယားက သမီးတို့ရဲ့ ဘ၀ပဲ၊ ဒါကြောင့်မို့ အဆုံးစီရင်တာပါ” လို့ သေတမ်းစာ ရေးသားခဲ့တာကိုလည်း တွေ့ရှိခဲ့ပါတယ်။ လက်ရှိမှာ ရဲတပ်ဖွဲ့က မိသားစုရဲ့ ငွေရေးကြေးရေးအခြေအနေတွေကိုပါ စုံစမ်းနေပြီး မကြာခင်က ဖခင်ဖြစ်သူဟာ လျှပ်စစ်မီတာခ ပေးဆောင်ဖို့ ကလေးတွေရဲ့ ဖုန်းတွေကို ရောင်းချခဲ့သေးတယ်လို့လည်း သိရပါတယ်။ News Of Myanmar NOM

"စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ သစ်စေးကုန်းကျေးရွာအနီးတွင် ဗန်းမော်မြို့သို့ စစ်ကူသွားသည့် PDF အကြမ်းဖက်သမားများကို တပ်မတော်ကကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် သေဆုံးမှုများ" NOM ဖေဖော်ဝါရီ ၅၊ ၂၀၂၆ ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲသို့ စစ်ကူသွားရောက်မည့် မုံရွာခရိုင် PDF အကြမ်းဖက်တပ်ရင်းမှ ရင်းမှူးအဆင့်ရှိ ရဲထက်အောင် (ခ) ကိုရဲ ခေါင်းဆောင်သည့် အင်အား ၆၀ ကျော်ရှိသည့် PDF အကြမ်းဖက်အဖွဲ့ကို ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်အချိန်၌ တပ်မတော်ကရရှိထားသော သတင်းများအရ တန့်ဆည်မြို့နယ်၊ သစ်စေးကုန်းအနီးတွင် လက်နက်ကြီး၊ ဒရုန်းနှင့် လေယာဉ်တို့ဖြင့် ကြားဖြတ်တိုက်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း PDF အကြမ်းဖက်သမား ၄၀ ကျော်သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့သည်။ အကြမ်းဖက်သမား ရဲထက်အောင် ခေါင်းဆောင်သည့် PDF စစ်ကူအဖွဲ့တွင် စစ်ကိုင်းတိုင်းအတွင်းရှိ PDF အကြမ်းဖက် တပ်ရင်း (၄၊ ၂၂၊ ၂၃၊ ၂၅ နှင့်၂၈) တို့မှ ပူးပေါင်းအဖွဲ့များ ပါဝင်ပြီး မုံရွာ-ဘုတလင်-ပင်လည်ဘူးဘက်မှ ဖောကားများ၊ ဆိုင် ကယ်များဖြင့် ထွက်ခွာလာစဉ် တပ်မတော်​၏ ကြားဖြတ်တိုက်ခိုက် မှုကို ခံခဲ့ရခြင်းဖြစ်သည်။ News Of Myanmar NOM

Breaking News တိုက်ပွဲသတင်းစုံ NOM
Breaking News တိုက်ပွဲသတင်းစုံ NOM

စိုးအောင် ငိုပြီ နွားထိုးကြီး PDF တွေ အမြင်မှန်ရလာကြပါပြီ.. ဒေါန၊ ကြာကြီးစိန်၊ ကဲရို တို့ ၃ ဦး လက်နက်မျိုးစုံနဲ့အတူ အလင်းဝင်ရ
+3
စိုးအောင် ငိုပြီ နွားထိုးကြီး PDF တွေ အမြင်မှန်ရလာကြပါပြီ.. ဒေါန၊ ကြာကြီးစိန်၊ ကဲရို တို့ ၃ ဦး လက်နက်မျိုးစုံနဲ့အတူ အလင်းဝင်ရောက်လာပါတယ်။ တိုက်ပွဲသတင်းစုံ NOM

🇹🇷"လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein)​၏ အရှုပ်တော်ပုံ တူရကီနိုင်ငံအထိရောက်လာ" နိုင်ငံခြားသတင်းမီဒီယာအချ
+1
🇹🇷"လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein)​၏ အရှုပ်တော်ပုံ တူရကီနိုင်ငံအထိရောက်လာ" နိုင်ငံခြားသတင်းမီဒီယာအချို့၏ ဖော်ပြချက်အရ တူရကီနိုင်ငံမှ အရွယ်မရောက်သေးသည့် ကလေးငယ် များကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖြင့် လိင်ရာဇဝတ်ကောင် အက်ပ်စတိုင်း (Epstein) ထံ ရောင်းချခဲ့ကြောင်းသိရသည်။ လတ်တလော ထွက်ပေါ်လာသည့် စာရွက်စာတမ်းများအရ ရောင်းချခံရသူ အများစုမှာ ဝင်ငွေနည်းပါးသော မိသားစုများနှင့် ငလျင်ဒဏ် သင့်ခဲ့သည့် အုပ်စုများမှ ဖြစ်ကြောင်း ဖော်ပြထားပါသည်။ News Of Myanmar NOM

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လွယ်ပြားကျေးရွာရှိ နာမည်ကျော် အရှင်သမိုင်း လွယ်ပြားနတ်စင်ကို ဖေဖော်ဝါရီလ ၄ ရက်နေ
+8
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လွယ်ပြားကျေးရွာရှိ နာမည်ကျော် အရှင်သမိုင်း လွယ်ပြားနတ်စင်ကို ဖေဖော်ဝါရီလ ၄ ရက်နေ့က မသမာသူများက ဖျက်ဆီးခဲ့ကြောင်းသိရသည်။ မသမာသူများက နတ်စင်မှ ဗုဒ္ဓရုပ်ပွားတော်၊ ဆင်းတုတော်၊ မြင်းရုပ်ပွားတော် နှင့် ဘုရားပန်းအိုးများ ကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ News Of Myanmar NOM

🤬"လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein) အမှုနှင့် ပတ်သက်ပြီး CNN သတင်းထောက်၏ မေးခွန်းကို ဖြေဆိုရန် ထရမ့် ငြင်းဆို" မေးခွန်းကို ပြန်လည်ဖြေကြားမည့်အစား၊ ထရမ့်က ထိုသတင်းထောက်မလေးမှာ အပြုံးမရှိသူဖြစ် ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။ 🔤🔤🔤သတင်းထောက် - "အခုအချိန်ဟာ တိုင်းပြည်အတွက် တခြားအရာတစ်ခုခုကို အာရုံပြောင်းဖို့ အချိန်တန်ပြီလို့ ကျွန်မထင်ပါတယ်။ ဒါပေမဲ့ တရားမျှတမှု မရသေးဘူးလို့ ခံစားနေရတဲ့သူတွေကို လူကြီးမင်းအနေနဲ့ ဘာပြောချင်ပါသလဲ သမ္မတကြီး? အဲဒါက လူတွေ တကယ်ဂရုစိုက်တဲ့ အရာပါ။ တရားမျှတမှု မရသေးဘူးလို့ ခံစားနေရတဲ့ အသက်ရှင်ကျန်ရစ်သူ (သားကောင်) တွေကို ဘာပြောချင်ပါသလဲ?" 🤬ထရမ့် - "မင်းဟာ အဆိုးဆုံး သတင်းထောက်ပဲ။ မင်းလိုလူတွေကြောင့်ပဲ CNN ရဲ့ ကြည့်ရှုနှုန်းတွေ ကျဆင်းနေတာ။ မင်းက အမျိုးသမီးငယ်တစ်ယောက်ပဲ၊ ဒါပေမဲ့ မင်းပြုံးတာ ငါတစ်ခါမှ မမြင်ဖူးဘူး။ ငါ မင်းကို သိလာတာ ၁၀ နှစ်ရှိပြီ မင်းမျက်နှာပေါ်မှာ အပြုံးတစ်ခုမှ ရှိနေတာကို မတွေ့ဖူးသေးဘူး။" 🔤🔤🔤သတင်းထောက် - "ကျွန်မက တရားမျှတမှု မရသေးဘူးလို့ ခံစားနေရတဲ့ သူတွေအတွက် မေးနေတာပါ။" 🤬ထရမ့် - "ဘာလို့လဲ သိလား? မင်း ဘာလို့ မပြုံးတာလဲ သိလား? ဘာလို့လဲဆိုတော့ မင်းဟာ လိမ်ညာနေတယ်ဆိုတာ မင်းကိုယ်တိုင် သိနေလို့ပဲ။ မင်းတို့ဟာ အလွန်အမင်း မရိုးသားတဲ့ အဖွဲ့အစည်းဖြစ်ပြီး မင်းတို့အနေနဲ့ ရှက်သင့်တယ်။" News Of Myanmar NOM

ပြည်ထောင်စုနေ့အခမ်းအနားအတွက် အစမ်းလေ့ကျင်မည့်နေ့ နှင့် ကျင်းပမည့်နေ့များတွင် ပြည်လမ်း ခေတ္တလမ်းပိတ်မည် NOM၊ဖေဖော်ဝါရီ၅၊၂၀၂၆ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို လာမည် ဖေဖေါ်ဝါရီ ၁၀ ရက်နေ့ ၌ ပြည်သူ့ရင်ပြင် ၌ အစမ်းလေ့ကျင်မည်ဖြစ်ပြီး ဖေဖေါ်ဝါရီ ၁၂ ရက်တွင်လည်း ကျင်းပမည်ဖြစ်ကြောင်း နှင့် အခမ်းအနားကျင်းပစဉ် အချိန်မှ ပြီးသည်အထိ ပြည်လမ်းကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အသိပေးထုတ်ပြန်ထားကြောင်းသိရသည်။ ပြည်လမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာသော ယာဉ်များသည် မြေနီကုန်းတံတားအောက် မီးပွိုင့်တွင် ညာဘက်သို့ချိုး၍ အောက်ကြည့်မြင်တိုင်လမ်းသို့လည်းကောင်း၊ ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသော ယာဉ်များသည် ပြည်ထောင်စုရိပ်သာလမ်းသို့ ချိုးကွေ့၍ ခရေပင်လမ်း အလုံလမ်းမှတစ်ဆင့် အောက်ကြည့်မြင်တိုင်လမ်းသို့ လည်းကောင်း၊ ဆက်လက်မောင်းနှင်ကြရန်လည်း အသိပေးထုတ်ပြန်ထား ကြောင်းသိရသည်။