uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 497 obunachidan iborat bo'lib, Yangiliklar & Media toifasida 16 047-o'rinni va Myanma mintaqasida 10 071-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 497 obunachiga ega bo‘ldi.

21 Iyun, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -276 ga, so‘nggi 24 soatda esa -4 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 10.23% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.29% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 279 marta ko‘riladi; birinchi sutkada odatda 662 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 15 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 22 Iyun, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 497
Obunachilar
-424 soatlar
-717 kunlar
-27630 kunlar
Postlar arxiv
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် DD India သတင်းဌာန အင်တာဗျူး(မြန်မာဘာသာပြန်- အပိုင်း ၅)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် DD India သတင်းဌာန အင်တာဗျူး(မြန်မာဘာသာပြန်- အပိုင်း ၄)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် DD India သတင်းဌာန အင်တာဗျူး။ (မြန်မာဘာသာပြန်- အပိုင်း ၃)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် DD India သတင်းဌာန အင်တာဗျူး။ (မြန်မာဘာသာပြန်- အပိုင်း ၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် DD India သတင်းဌာန အင်တာဗျူး။(မြန်မာဘာသာပြန်- အပိုင်း ၁)

တောင်သမန်အင်းအတွင်းမှာ ရေချိုးမယ်ဆိုရင် အရေပြား ဆရာဝန်ကိုပါ တစ်ခါတည်းဆက်သွယ်ထားရမည်ဟု အမရပူရမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ပြော NOM၊ဇွန်၄၊၂၀၂၆ တောင်သမန်အင်းအတွင်းမှာ ရေချိုးမယ်ဆိုရင် အရေပြား ဆရာဝန်ကိုပါ တစ်ခါတည်းဆက်သွယ်ထားရမယ်ဟု လက်ရှိ‎သမိုင်းဝင်တောင်သမန်အင်း၏ ရေအရည်အသွေး ဆိုးရွားစွာညစ်ညမ်းနေမှုနှင့် ပတ်သက်၍ ဇွန်လ ၂ ရက်က ကျင်းပခဲ့သည့် တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးတွင် အမရပူရမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ် စားလှယ်ဦးသိန်းထွန်းဦးကမေးမြန်းခဲ့သည်။ အမရပူရမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက လက်ရှိတောင်သမန်အင်းအတွင်း ဗေဒါပင်များဖြင့် အရည်အသွေးဆိုးရွားစွာညစ်ညမ်းနေသည့် အတွက်တောင်သမန်အင်းအတွင်းမှာ ရေချိုးမယ်ဆိုရင် အရေပြားဆရာဝန်ကိုပါ တစ်ခါတည်းဆက်သွယ်ထားရမည်ဖြစ်နေသည့်အတွက် စနစ်တကျရှင်းလင်းရေး၊ အင်းရေပြင် သန့်ရှင်းသာယာရေးနှင့်စိုက်ပျိုးမြေများ ပြန်လည်ပေါ်ထွန်းလာရေးတို့အတွက်မေးမြန်းခဲ့ပြီး၊ လက်ရှိအင်းရေပြင်ညစ်ညမ်းမှုအခြေအနေနှင့်ပတ်သက်၍ အခြေအနေဆိုးရွားမှုများကို ထောက်ပြမေးမြန်ခဲ့သည်။ ‎ယင်အခြေနေနှင့်ပတ်သက်၍ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဗိုလ်ဗိုလ်ကျော်က "ဗေဒါပင်များကိုထိရောက်စွာရှင်းလင်းနိုင်ရန်အတွက် လက်ရှိတွင်တောင်သမန်အင်း၏ ရေမျက်နှာပြင် Level ကို အရင်လျှော့ချရမည်ဖြစ်ကြောင်း၊ ရေကျသွားပါကဘက်ဟိုး (Backhoe) အစရှိသည့်စက်ယန္တရားကြီးများသုံးစွဲ၍ဆယ်ယူရှင်းလင်းမှသာ ပိုမိုထိရောက်မည်ဖြစ်ကြောင်း၊ တောင်သမန်အင်းအတွင်း ဘက်ဟိုးယာဉ်များဖြင့် ဗေဒါဆယ်ယူသည့်လုပ်ငန်းများကို ပြီးခဲ့သည့် မတ်လ ၂၀ ရက်အထိအင်တိုက် အားတိုက်ဆောင်ရွက်ခဲ့သော်လည်း၊ ယင်းနောက်ပိုင်းတွင်စက်သုံးဆီအခက်အခဲ (ပြတ်လပ်မှု)ကြောင့် စက်ယန္တရားများဖြင့် ရှင်းလင်းသည့်လုပ်ငန်းစဉ်တစ်ခုလုံးကို ယာယီရပ်နားထားရ ပါတယ်"ဟု လွှတ်တော်တွင်ဖြေကြားသွားခဲ့သည်။

အထူးကုဆေးရုံ (မင်္ဂလာဒုံ) တွင် သွားနှင့်ခံတွင်းရောဂါအထူးကုဌာန ဖွင့်လှစ် ဇွန် ၃၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး အထူးကုဆေးရုံ (မင်္ဂ
အထူးကုဆေးရုံ (မင်္ဂလာဒုံ) တွင် သွားနှင့်ခံတွင်းရောဂါအထူးကုဌာန ဖွင့်လှစ်   ဇွန် ၃၊ ၂၀၂၆   ရန်ကုန်တိုင်းဒေသကြီး အထူးကုဆေးရုံ (မင်္ဂလာဒုံ) တွင် သွားနှင့်ခံတွင်းရောဂါအထူးကုဌာန ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီး များ၊ တပ်မတော်အရာရှိကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး၊ ကျန်းမာရေးဝန်ထမ်းများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။   ဖဲကြိုးဖြတ်၍ဖွင့်လှစ်   ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လူမှုရေးဝန်ကြီးတို့က သွားနှင့်ခံတွင်း ရောဂါအထူးကုဌာနကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး သံဃာတော်အပါး ၅၀ အား အံကပ်တပ်ဆင် ပေးနေမှု၊ သွားနှင့်ခံတွင်းရောဂါအထူး ကုသခန်းများ၊ သွားနှင့်ခံတွင်း အထူးဓာတ်မှန်ခန်းတို့ကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းပေးသည်။   ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးပြည့်ဝသော သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုကို ပြည်သူများလက်လှမ်းမီ ရရှိနိုင်ရေးအတွက် သွားနှင့်ခံတွင်းအထူးကုဆေးရုံကို နေပြည်တော်၌လည်းကောင်း၊ သွားနှင့်ခံတွင်းရောဂါအထူးကုဌာနများကို မန္တလေးပြည်သူ့ဆေးရုံကြီး ကန်တော်နဒီ ကုသဆောင်တွင်လည်းကောင်း၊ ရန်ကုန်တွင်အထူးကုဆေးရုံ (သာကေတ) နှင့် ရန်ကုန်တက္ကသိုလ် ဆေးရုံတို့တွင်လည်းကောင်း ယခုအထူးကုဆေးရုံ (မင်္ဂလာဒုံ) တွင်လည်းကောင်း တိုးချဲ့ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် သွားနုတ်ခြင်း၊ သွားဖာခြင်း၊ သွားစိုက်ခြင်း၊ သွားကျောက်ခြစ်ခြင်း၊ အံကပ်တပ်ဆင်ခြင်း အစရှိသည့်ကုသမှုများကို လာရောက်ကုသမှုခံယူနိုင်ကြောင်း သတင်းရရှိသည်။

ဒုတိယသမ္မတ ဦးညိုစော ရုရှားသမ္မတ၏အကြံပေးနှင့် ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူး H.E. Mr. Anton Kobyakov နှင့် ရော့
ဒုတိယသမ္မတ ဦးညိုစော ရုရှားသမ္မတ၏အကြံပေးနှင့် ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူး H.E. Mr. Anton Kobyakov နှင့် ရော့စ်ကွန်ဂရက်စ် ငွေကြေးရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး Mr. Alexander Sergeevich Shatirov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား သီးခြားစီလက်ခံတွေ့ဆုံ   ဇွန် ၃၊ ၂၀၂၆   (၂၉) ကြိမ်မြောက် နိုင်ငံတကာစီးပွားရေးဖိုရမ် (29th St. Petersburg International Economic Forum- SPIEF 2026) သို့တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောသည် ရုရှားသမ္မတ၏အကြံပေးနှင့် ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူး H. E. Mr. Anton Kobyakov နှင့် ရော့စ်ကွန်ဂရက်စ် ငွေကြေးရန်ပုံငွေအဖွဲ့ (Fund RC-Investments) ညွှန်ကြားရေးမှူး Mr . Alexander Sergeevich Shatirov ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့တို့အား ယနေ့တွင် စိန့်ပီတာစဘတ်မြို့ရှိ EXPOFORUM Convention and Exhibition Centre ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။   ရုရှားသမ္မတ၏အကြံပေးနှင့် ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူးနှင့်တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတို့အပါအဝင် ကဏ္ဍစုံကျယ်ပြန့်စွာ ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း။   ရော့စ်ကွန်ဂရက်စ် ငွေကြေးရန်ပုံငွေအဖွဲ့ (Fund RC-Investments) ညွှန်ကြားရေးမှူးနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံသက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် ရော့စ်ကွန်ဂရက်စ် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ အဖွဲ့အကြား စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍတို့၌ အကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအလိုက် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ဆက်လက်တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။   တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမိုးအောင်၊ စိန့်ပီတာ စဘတ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားသမ္မတ၏အကြံပေးနှင့် ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူး၊ ရော့စ်ကွန်ဂရက်စ် ငွေကြေးရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူးတို့နှင့်အတူ တာဝန်ရှိသူများတက်ရောက်ကြကြောင်း သတင်းရရှိသည်။

အီရန်စစ်ပွဲနဲ့ပတ်သက်ပြီး သမ္မတထရမ့်ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ကန့်သတ်မယ့် ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန် ဆီးနိတ်လွှတ်တော် (အထက်လွှတ်တော်) က ထောက်ခံမဲပေးခဲ့ကြသည်။ ရီပတ်ဘလစ်ကန်ပါတီဝင် လွှတ်တော်အမတ် လေးဦးက ဒီမိုကရက်ပါတီဝင်တွေနဲ့ ပူးပေါင်းခဲ့ပြီးနောက် အမေရိကန် အောက်လွှတ်တော်တွင်လည်း ကန့်ကွက်မဲ ၂၀၈ မဲ၊ ထောက်ခံမဲ၂၁၅ မဲ (မဲအများစု) ဖြင့် အတည်ပြုခဲ့သည်။ NOM

သတင်းထောက် - "မနေ့က အီရန်က ကူဝိတ်ရဲ့ အကြီးဆုံးလေဆိပ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။" သမ္မတ ထရမ့် - "ဒီမှာ... ခင်ဗျားသိတဲ့အတိုင်းပဲ ဒါက သိပ်ကြီးကျယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ တို့ဘက်ကလည်း သူတို့ (အီရန်) ကို နည်းနည်းဆွပေးသလို ဖြစ်ခဲ့တာကိုး၊ ကိစ္စတွေက ဒီလိုပဲ ဖြစ်တတ်တာပဲ။ ဒုံးကျည်နဲ့တိုက်ခိုက်မှုတွေက တကယ့်အမှန်အတိုင်း ပြောရရင် တော်တော်လေးကို အသင့်အတင့်ပဲ ရှိခဲ့တာပါ။" NOM

ဇွန်လ ၃ ရက်နေ့နံနက်အစောပိုင်းက ကူဝိတ်နိုင်ငံတကာလေဆိပ်ရဲ့ Terminal 1 (အမှတ် ၁ လေဆိပ်အဆောက်အအုံ) ကို အီရန်နိုင်ငံထုတ် Shahed-136 ဒရုန်းတစ်စင်း ထိမှန်ခဲ့သည့် CCTV မှတ်တမ်းဗီဒီယို။ NOM

ဟော်မုဇ်ရေလက်ကြား ကို စက်တင်ဘာလအထိ ဆက်လက်ပိတ်ထားမည်ဆိုပါကလည်း 'အဆင်ပြေပါသည်' ဟု အမေရိကန် သမ္မတ ထရမ့်က ပြောကြားလိုက်ကြောင်း New York Post (NYP) သတင်းစာက ဖော်ပြ။ NOM

ဇွန်လ ၂ ရက်နေ့ ညက အီရန်၏ တိုက်ခိုက်မှုအတွင်း အမေရိကန်ဒရုန်းဂိုဒေါင် တစ်ခုလည်း ပျက်စီးသွားကြောင်း ကမ့်ပ်ဗျူးရင်း (Camp Buehring) မှ ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းများက အတည်ပြုလိုက်သည်။ NOM

ဟစ်ဇ်ဘိုလာအဖွဲ့က 'အာဘာဘေးလ်' ဟုခေါ်သော ညကြည့်မှန်ပြောင်း/ အပူဖမ်းစနစ်သုံး FPV ဒရုန်းတစ်စင်းဖြင့် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့စစ်သာ
+1
ဟစ်ဇ်ဘိုလာအဖွဲ့က 'အာဘာဘေးလ်' ဟုခေါ်သော ညကြည့်မှန်ပြောင်း/ အပူဖမ်းစနစ်သုံး FPV ဒရုန်းတစ်စင်းဖြင့် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့စစ်သား သုံးဦးပါဝင်သည့် အုပ်စုတစ်စုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်း။ NOM

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် KNLA အဖွဲ့၊ ABSDF အဖွဲ့၊ NMSP (မွန်)(ခွဲထွက်)အ
+2
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် KNLA အဖွဲ့၊ ABSDF အဖွဲ့၊ NMSP (မွန်)(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အဖွဲ့ဝင် အကြမ်းဖက်အဖွဲ့များမှ အဖွဲ့ဝင် ၈ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ စနစ်တကျလွှဲပြောင်းအပ်နှံ ဇွန် ၃၊ ၂၀၂၆

ကူဝိတ်လေဆိပ်ဟာ အရပ်ဘက်သုံး သက်သက်တင် မဟုတ်ပါဘူး။ ကူဝိတ် စစ်တပ်ရော အမေရိကန် စစ်တပ်ပါ အသုံးပြုနေတဲ့ လေဆိပ် ဖြစ်ပါတယ်။ လွန်ခဲ့တဲ
+2
ကူဝိတ်လေဆိပ်ဟာ အရပ်ဘက်သုံး သက်သက်တင် မဟုတ်ပါဘူး။ ကူဝိတ် စစ်တပ်ရော အမေရိကန် စစ်တပ်ပါ အသုံးပြုနေတဲ့ လေဆိပ် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ အနည်းဆုံး စစ်ဘက်ဆိုင်ရာ လေယာဉ် ၃ စီးဟာ ဒီလေဆိပ်ကိုပဲ ဆင်းသက်ခဲ့တာကြောင့် အီရန်က အဲဒီနေရာကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ NOM

ကူဝိတ်နိုင်ငံတကာ လေဆိပ် ပျက်စီးဆုံးရှုံးမှု ဇီယွန်ဝါဒီ အစ္စရေးရဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေမှာ ပူးပေါင်းကူညီပေးခဲ့ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေထဲကတစ်ခု။ NOM

တံတားဦးမြို့နယ်၊ တောင်တလုံးကျေးရွာတွင် ဈေးဝယ်ရန်ကုန်စုံဆိုင်ရှေ့တွင် ရောက်နေသော ရာအိမ်မှူးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပ
တံတားဦးမြို့နယ်၊ တောင်တလုံးကျေးရွာတွင် ဈေးဝယ်ရန်ကုန်စုံဆိုင်ရှေ့တွင် ရောက်နေသော ရာအိမ်မှူးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်သတ် NOM ဇွန် ၃၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ တောင်တလုံးကျေးရွာနေ ရာအိမ်မှူး ဦးဝင်းအောင် (၆၅) နှစ်သည်  ဇွန်လ ၂ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်၌ အဆိုပါကျေးရွာရှိ ရွှေသန့် ကုန်စုံဆိုင်ရှေ့တွင် ဈေးဝယ်ရန် ရောက်ရှိနေစဉ် PDF အကြမ်းဖက်သမားခြောက်ဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးဝင်းအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

နိုင်ငံတော်အစိုးရအနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူ များနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများအား ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက် နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံ များသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌ အမှုပေါင်း(၄၁)မှုမှ မြန်မာနိုင်ငံသား ကျား ၂၃၂ ဦး၊ မ ၁၈၀ ဦး၊ နိုင်ငံခြားသား ကျား ၃၇၀ ဦး၊ မ ၂၀ ဦးတို့အားလည်းကောင်း။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၂၈ ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌ အမှုပေါင်း(၂၃)မှုမှ မြန်မာနိုင်ငံသား ကျား ၂၁၄ ဦး၊ မ ၂၄၄ ဦး၊ နိုင်ငံခြားသား ကျား ၄၄၇ ဦး၊ မ ၆၂ ဦးတို့အားလည်းကောင်း။ အသီးသီးဖမ်းဆီး အရေးယူဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ် မေလ ၂၈ ရက်နေ့အထိ ကာလအတွင်း အမှုပေါင်း(၁၄၅)မှုမှ မြန်မာနိုင်ငံသား ကျား ၉၂၆ ဦး၊ မ ၈၁၄ ဦး၊ ပေါင်း ၁၇၄၀ ဦး၊ နိုင်ငံခြားသား ကျား ၁၅၈၅ ဦး၊ မ ၁၀၈ ဦး၊ ပေါင်း ၁၆၉၃ ဦး၊ စုစုပေါင်း၃၄၃၃ ဦးတို့အား ဖော်ထုတ်ဖမ်းဆီး၍ တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်နိုင်ခဲ့ပါသည်။   ထို့အတူ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ ပပျောက်စေရေးအတွက်  တပ်မတော်စစ်ကြောင်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် နယ်မြေ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း အွန်လိုင်း လောင်းကစားပြုလုပ်သည့် အဆောက်အဦများအား အများဆုံးတွေ့ရှိရပြီး အဆိုပါအဆောက်အဦ များအား ဥပဒေနှင့်အညီ ဖောက်ခွဲဖျက်ဆီးခြင်း၊ စက်ယန္တရားများ အသုံးပြု၍ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်အတွင်း တရားမဝင် ဆောက်လုပ်ထား သည့် အဆောက်အဦ၃၀၈ လုံး၊ ကရင်ပြည်နယ်အတွင်း ၇၈၂ လုံး၊ စုစုပေါင်း ၁၀၉၀လုံးရှိပြီး အဆိုပါ အဆောက်အဦများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်နေ့အထိ ဖျက်ဆီးခဲ့ရာ ၉၆၂ လုံး ဖျက်ဆီးပြီးဖြစ်၍ကရင်ပြည်နယ်အတွင်း ကျန်ရှိသည့် အဆောက်အဦ ၁၂၈ လုံးအား ဆက်လက်ဖျက်ဆီးသွားမည်ဖြစ်သည်။ ရှမ်းပြည်နယ်အတွင်း မိုင်းရယ်၊ တန့်ယန်း၊ မိုင်းနောင်၊ ကွန်ဟိန်း၊ ကျေးသီး၊ လဲချား၊ ကာလိ၊ မိုင်းပေါက်၊ မိုင်းကိုင်၊ နမ့်ဆန်၊ မူဆယ်၊ တာချီလိတ်၊ မက်မန်း၊ မိုင်းခတ်နှင့် မိုင်းရှူးမြို့နယ်၊ စုစုပေါင်း မြို့နယ် ၁၆ မြို့နယ်အတွင်းမှ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ကိုင်သည့် အဆောက်အဦ ၃၀၈လုံးအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်နေ့အထိ ဖျက်ဆီး ခဲ့ပြီးဖြစ်ပါသည်။ အလားတူ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ KK Park အတွင်း၌ တရားမဝင် ဆောက်လုပ် ထားသည့် အဆောက်အဦ၆၃၄ လုံးအား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့အထိ အပိုင်း(၃)ပိုင်းခွဲ၍ ဖောက်ခွဲဖျက်ဆီးခြင်းနှင့် စက်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ အပိုင်း(၁)တွင် အဆောက်အဦ ၁၄၇ လုံးအား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့မှ နိုဝင်ဘာလ ၁၉ ရက်နေ့အထိလည်းကောင်း၊အပိုင်း(၂)တွင် အဆောက်အဦ ၆၂ လုံးအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၈ ရက်နေ့ အထိလည်းကောင်း၊အပိုင်း(၃)တွင် အဆောက်အဦ ၄၂၅ လုံးအား ၂၀၂၅ ခုနှစ်၊နိုဝင်ဘာလ ၁၇ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်အထိလည်းကောင်း ဖျက်ဆီးခဲ့ပါသည်။ ထို့အတူ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ကျေးရွာ၌ အွန်လိုင်းလောင်းကစားလုပ်ကိုင်ရန် တရားမဝင် ဆောက်လုပ်ထားသည့် အဆောက်အဦ ၇၇ လုံးရှိပြီး အဆိုပါအဆောက်အဦများအား စနစ်တကျ ဖျက်ဆီးခဲ့ရာ ၂၀၂၆ ခုနှစ် ဇွန်လ ၂ ရက်နေ့အထိ အဆောက်အဦ ၂၇ လုံး ဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့် အဆောက်အဦ ၅၀ လုံးအား ဆက်လက်ဖျက်ဆီးသွားမည်ဖြစ်ပါသည်။ အလားတူ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှစတင်၍ ရွှေကုက္ကိုလ်မြိုင်ကျေးရွာ ပတ်ဝန်းကျင်ရှိ လုပ်ငန်းဆိုဒ်များမှ စစ်ဆေးတွေ့ရှိခဲ့သည့် ကွန်ပျူတာ/မော်နီတာ၃၃၁၀ လုံး၊ မိုဘိုင်း ဖုန်းဟန်းဆက် ၂၁၈၇၀ လုံး၊ Starlink စက်၁၀၂ လုံး၊ ကာစီနို လောင်းကစားခုံ၊ Router ၂၂ လုံး တို့နှင့် မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြဝတီ-မဲ့ထော်သလေးသွားကားလမ်းဘေးရှိ 69 KTV ခြံဝင်း အတွင်းမှ သိမ်းဆည်းရရှိခဲ့သည့်ကွန်ပျူတာ ၈၂ လုံး၊ မိုဘိုင်းဖုန်း ၉၂ လုံးတို့အား ဖျက်ဆီးရှင်းလင်း နိုင်ခဲ့ပါသည်။ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကြောင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် ထိခိုက် နစ်နာမှုများဖြစ်ပေါ်လျက်ရှိသဖြင့် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုများကို ဆိုက်ဘာ လုံခြုံရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပြီး ယင်းတို့နှင့်ဆက်စပ်ဖြစ်ပွားသော လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ ငွေကြေးခဝါချမှုများကိုလည်း ထိထိရောက် ရောက် အရေးယူဆောင်ရွက်လျက်ရှိကာ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်း ကိုလည်း ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် ၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်ပါသည်။