ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 554 名订阅者,在 新闻与媒体 类别中位列第 16 071,并在 缅甸 地区排名第 10 062

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 554 名订阅者。

根据 16 六月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -270,过去 24 小时变化为 -12,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 7.40%。内容发布后 24 小时内通常能获得 9.94% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 929 次浏览,首日通常累积 1 248 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 17

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 17 六月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 554
订阅者
-1224 小时
-597
-27030
帖子存档
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲသို တက်ရောက် ‎ ‎အိန္ဒိယနိုင်ငံကို တရားဝင်ခ
+5
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲသို တက်ရောက် ‎ ‎အိန္ဒိယနိုင်ငံကို တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် မေ ၃၁ ရက်၊ မနက်ပိုင်းက နယူးဒေလီမြိုရှိ Taj Mahal ဟိုတယ်မှာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲကို တက် ရောက်ခဲ့ပါသည်။ ‎ ‎ဆွေးနွေးပွဲကိုတော့ မြန်မာဘက်က စီးပွားရေးလုပ်ငန်းရှင်များနှင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီအခြေစိုက် ကုမ္ပဏီ များက အမှုဆောင်အရာရှိချုပ် အပါအဝင် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ပါသည်။ ‎ ‎ဆွေးနွေးပွဲမှာတော့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားပြီး တက်ရောက်လာကြသူ များက မေးခွန်းမေးမြန်းတာ နဲ့ ပြန်လည်ဖြေကြားချက်များ ပြုလုပ်ခဲ့ပါသည်။

ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းတွင်အမြန်ရထားနှင့် ဆိုင်ကယ်တိုက်မိ အမျိုးသားနှစ်ဦး​ေသ.ဆုံး NOM၊မေ၃၀၊၂၀၂၆ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် တောင်ဘက် ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းတွင်မေ ၂၉ ရက် ညနေပိုင်ကအမြန်ရထားနှင့် ဆိုင်ကယ်တိုက်မိရာဆိုင်ကယ်ပေါ်ပါလာသူ အမျိုးသားနှစ်ဦး​ သေ.ဆုံးခဲ့‌ ကြောင်းသိရသည်။ ဖြစ်စဉ်မှာရှမ်းစုကြီးကျေးရွာနှင့် သပြေပင်ကျေးရွာချင်းဆက် လမ်းကူးနေရာမှအမျိုးသား နှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်သည် ရထားသံလမ်းကို ဖြတ်ကူးစဉ် ရန်ကုန်ဘက်မှမန္တလေးဘက်သို့ ခုတ်မောင်းလာ‌သောအမှတ် (၅) အဆန် လူစီးလေအိတ်အမြန်ရထားဖြင့်တိုက်မိခဲ့‌ ကြောင်းသိရသည်။ ယင်းဆိုင်ကယ်ပေါ်ပါလာ‌ သောအသက် ၄၀ နှစ်အမျိုးသား နှစ် ဦးစလုံး ခန္ဓာကိုယ်နှင့် ဦးခေါင်းပြင်းထန် စွာဒဏ်ရာရရှိပြီး နေရာတွင် ပွဲချင်းပြီး ​ သေဆုံးသွားခဲ့၍ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့များ၊တာဝန်ရှိသူများက​သေဆုံးသူ၏ရုပ်အလောင်းများကို ပျဉ်းမနားပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့‌ ကြောင်းသိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး မိသားစုများ
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား မေ ၃၀၊ ၂၀၂၆ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့ညနေပိုင်းတွင် အိန္ဒိယနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသား များအား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေဆဲဖြစ်သော သင်္ဘောများ - ပြီးခဲ့သည့်တစ်ရက်အတွင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်၏ ခွင့်ပြုချက်ဖြင့် ၂၀ စင်း ဖြတ်သန်းခဲ့ - ဖားစ်သတင်းဌာန (Fars News) NOM

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ
+2
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ မေ ၃၀၊ ၂၀၂၆ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ အိန္ဒိယနိုင်ငံ၊ ပြည်ပ ရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့ (မေ ၃၀ ရက်) ဒေသစံတော်ချိန် ညနေပိုင်းတွင် လာရောက် ဂါရဝပြုတွေ့ဆုံသည်။

အီရန်နိုင်ငံသည် ၎င်း၏ သန့်စင်ပြီး ယူရေနီယံ သိုလှောင်မှုများကို လွှဲပြောင်းပေးရန်နှင့် ယူရေနီယံသန့်စင်မှုအဆင့်ကို ကန့်သတ်ရန် စသည့် အမေရိကန်၏ အဓိကတောင်းဆိုချက်များကို ဆက်လက်ငြင်းပယ်နေဆဲဖြစ်ကြောင်း New York Times (NYT) သတင်းစာတွင် ဖော်ပြ။ NOM

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နယူး​ဒေလီမြို့သို့​ရောက်ရှိ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စ
+7
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နယူး​ဒေလီမြို့သို့​ရောက်ရှိ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယ​နေ့ (​မေ ၃၀ ရက်) ​ဒေသစံ​တော်ချိန် ည​နေပိုင်းတွင် နယူး​ဒေလီမြို့သို့​ရောက်ရှိခဲ့​ကြောင်း သိရသည်။ အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယ​နေ့(​မေ ၃၀ ရက်) တွင် ​​ဒေသစံ​တော်ချိန် မွန်းလွဲပိုင်းတွင် ဂါယာ​လေဆိပ်မှ အထူး​လေယာဥ်ဖြင့် နယူး​ဒေလီမြို့သို့ ဆက်လက်ထွက်ခွာပြီး၊လေဆိပ်တွင် ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဘီဟာပြည်နယ်အစိုးရတာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက်ခဲ့သည်။

ဂျာမနီ​နိုင်ငံ၏ အဓိပတိ မာ့ဇ် (Merz) သည် ယခုအခါ ဂျာမနီနိုင်ငံတွင် 'လူအကြိုက်မများဆုံး' နိုင်ငံရေးသမား ဖြစ်လာကြောင်း ဂျာမနီနိုင
ဂျာမနီ​နိုင်ငံ၏ အဓိပတိ မာ့ဇ် (Merz) သည် ယခုအခါ ဂျာမနီနိုင်ငံတွင် 'လူအကြိုက်မများဆုံး' နိုင်ငံရေးသမား ဖြစ်လာကြောင်း ဂျာမနီနိုင်ငံအခြေစိုက် နာမည်ကြီး လူထုသဘောထားစစ်တမ်းကောက်ယူရေးအဖွဲ့ INSA စစ်တမ်းအရ သိရ။ မာ့ဇ်အား ထောက်ခံမှုနှုန်းသည် ယခုအခါ ၁၃ ရာခိုင်နှုန်းဖြင့် 'သမိုင်းတစ်လျှောက် အနိမ့်ဆုံးအဆင့်' သို့ ရောက်ရှိသွား။ NOM

ပွင့်ဖြူမြို့နယ်၊ သမန်းရင်းကျေးရွာအနီးရှိ ဌက်ပျောခြံတခုတွင်ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က "ဒလန်"
ပွင့်ဖြူမြို့နယ်၊ သမန်းရင်းကျေးရွာအနီးရှိ ဌက်ပျောခြံတခုတွင်ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က "ဒလန်" ဟု စွပ်စွဲသတ်ဖြတ် မေ ၃၀၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ သမန်းရင်းကျေးရွာနေ ဦးဌေးအောင် (၅၀) နှစ်သည် မေလ ၂၉ ရက်နေ့ နံနက် ၃ နာရီအချိန်၌ ကျေးရွာ၏အရှေ့ တောင်ဘက် ၄ ဖာလုံခန့်အကွာရှိ ၎င်းပိုင်ငှက်ပျောခြံအတွင်းရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ) ရောက်ရှိလာပြီး "ဒလန်" ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဌေးအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ NOM

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သော မြန်မာအဆင့် မြင့်ကိုယ်စားလှယ်အဖွဲ့သည် မဟာဗောဓိဓမ္မရိပ်သာ မြန်မာဘုန်းတော်ကြီးကျော
+6
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သော မြန်မာအဆင့် မြင့်ကိုယ်စားလှယ်အဖွဲ့သည် မဟာဗောဓိဓမ္မရိပ်သာ မြန်မာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းထိုင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒမုနိအားဖူးမြော်ကြည်ညို ၍ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတက ဆရာတော်ကြီးထံ သင်္ကန်းပရိက္ခရာများနှင့် လှူဖွယ်ပစ္စည်းများ၊ နဝါကမ္မ အလှူငွေများကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးက နိုင်ငံတော်သမ္မတထံ ဓမ္မလက်ဆောင်ပြန်လည်ပေးအပ်သည်။

ဥပဒေပညာရှင်များအနေဖြင့် တည်ဆဲဥပဒေများနှင့်ပတ်သက် ပြီး ခေတ်နှင့် မညီတော့သည့် ဥပဒေများကို ခေတ်နှင့်အညီ အသစ်ပြဋ္ဌာန်းသင့် NOM၊မေ၃၀၊၂၀၂၆ ဥပဒေပညာရှင်များအနေဖြင့် တည်ဆဲဥပဒေများနှင့်ပတ်သက်ပြီး ခေတ်နှင့်မလျော်ညီတော့သည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်း၊ ခေတ်နှင့်အညီ အသစ်ပြဋ္ဌာန်းသင့်သည်ဟုယမန်နေ့(မေ၂၉ရက်)မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး တွင်ပြည်သူ့လွှတ်တော်ဥက္ကဌက ဥပဒေကြမ်းကော်မတီ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးအဖွဲ့ဝင်များ၊ ဥပဒေပညာရှင် (အငြိမ်းစား) များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ ပြည်သူများ၏ အကျိုးစီးပွားအား အကာအကွယ်ပေးနိုင်ရေး ဥပဒေပြဋ္ဌာန်းရာ၌ အထောက်အကူဖြစ်စေရန်နှင့် ထိရောက်စေရန်အတွက် ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရှိ ဥပဒေပညာရှင်များနှင့် တွေ့ဆုံရာတွင် ဥပဒေပညာရှင်များ အနေဖြင့် တည်ဆဲဥပဒေများနှင့်ပတ်သက်ပြီး ခေတ်နှင့်မလျော်ညီတော့သည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်း၊ ခေတ်နှင့်အညီ အသစ်ပြဋ္ဌာန်း သင့်သည့် ဥပဒေများကို အကြံပြုဆွေးနွေးခဲ့ကြသည်။ "ဥပဒေ၏ အကာအကွယ်အောက်တွင် ပြည်သူများ အေးချမ်းလုံခြုံစွာနေထိုင်ပြီး အကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက် မိမိတို့အနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးများတွင် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် လိုအပ် သည့် ဥပဒေများ ပြဋ္ဌာန်းရမည်ဖြစ်ပါကြောင်း၊ လတ်တလောအနေဖြင့် နိုင်ငံ‌တော်အတွက် လက်ရှိအခြေအနေများနှင့် ကိုက်ညီမည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကို ဆောလျင်စွာ ပြဋ္ဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေပညာရှင်များအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုပါတယ်"ဟုပြည်သူလွှတ်တော်ဥက္ကဌဦးခင်ရီကပြောသည်။ ယင်းနောက် ရန်ကုန်ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဥပဒေကြမ်းကော်မတီ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးအဖွဲ့ဝင်များ၊ ဥပဒေပညာရှင် (အငြိမ်းစား) များက ဥပဒေပြုရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့သည်။

ကူဝိတ်နိုင်ငံရှိ အမေရိကန်လေတပ်စခန်း (Ali Al Salem Air Base) ကို မေလ ၂၉ ရက်နေ့က အီရန်က ပဲ့ထိန်းဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်သ
ကူဝိတ်နိုင်ငံရှိ အမေရိကန်လေတပ်စခန်း (Ali Al Salem Air Base) ကို မေလ ၂၉ ရက်နေ့က အီရန်က ပဲ့ထိန်းဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် အမေရိကန်စစ်ဘက်ဝန်ထမ်းနှင့်ကန်ထရိုက်တာ ၅ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ဒေါ်လာသန်း ၃၀ တန် MQ-9 Reaper စစ်သုံးဒရုန်းယာဉ်တစ်စင်း လုံးဝပျက်စီးကာ အခြားတစ်စင်းလည်း ပြင်းထန်စွာ ပျက်စီးသွားခဲ့ကြောင်း Bloomberg သတင်းဌာနက ဖော်ပြခဲ့။ NOM

မြောက်ဒဂုံတွင် ပလုံကောက်သည့်သားအမိ ကားတိုက်ခံရပြီးမိခင်သေဆုံး၊ ယာဉ်မောင်းဖြစ်သူထွက်ပြေး NOM၊မေ၃၀၊၂၀၂၆ ရန်ကုန်မြို့၊ဒဂုံမြို့သ
မြောက်ဒဂုံတွင် ပလုံကောက်သည့်သားအမိ ကားတိုက်ခံရပြီးမိခင်သေဆုံး၊ ယာဉ်မောင်းဖြစ်သူထွက်ပြေး NOM၊မေ၃၀၊၂၀၂၆ ရန်ကုန်မြို့၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ယနေ့ (မေလ ၃၀ ရက်)နံနက်အစောပိုင်းတွင် ပလုံကောက်သူသားအမိ နှစ်ဦး ကားတိုက်ခံခဲ့ရကြောင်း ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းထံမှသိရသည်။ အဆိုပါဖြစ်စဉ်မှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ဦဝိစာရလမ်းမပေါ်၌ ယနေ့ နံနက်အစောပိုင်း ၁ နာရီ ၅ မိနစ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယာဉ်တိုက်မှုကြောင့် ကလေး၏မိခင်ဖြစ်သူမှာစိုးရိမ်ဒဏ်ရာများရရှိခဲ့ကာ မြောက်ဥက္ကလာပမြို့နယ်၊ပြည်သူ့‌ဆေးရုံတွင် ကွယ်လွန်ခဲ့ပြီး ၎င်း၏ သားဖြစ်သူ အသက် ကိုးနှစ်အရွယ် ကလေးငယ်သည်လည်းထိခိုက်ဒဏ်ရာ(မစိုးရိမ်)ရရှိခဲ့၍ မြေပြင်တွင်ဆေးကုသမှုပေးခဲ့ကြောင်းသိရသည်။ အဆိုပါ ကလေးငယ်မှာ နေ့ဘက်တွင် ကျောင်းတက်ပြီး ညပိုင်းအချိန်တွင် မိခင်ဖြစ်သူနှင့်အတူ ပလုံကောက်၍ အသက်‌မွေးဝမ်းကြောင်းနေသူဖြစ်ကြောင်း ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းထံမှသိရသည်။

ခရီးသည်တင်ကားတစ်စီး သစ်ပင်အားဝင်ရောက်တိုက်မိခဲ့ရာ ယာဉ်ပေါ်ပါခရီးသည်၁၄ဦးဒဏ်ရာရ NOM၊မေ၃၀၊၂၀၂၆ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ အ
ခရီးသည်တင်ကားတစ်စီး သစ်ပင်အားဝင်ရောက်တိုက်မိခဲ့ရာ ယာဉ်ပေါ်ပါခရီးသည်၁၄ဦးဒဏ်ရာရ NOM၊မေ၃၀၊၂၀၂၆ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ အောက်ချောင်းကျေးရွာအနီး၊ လပွတ္တာ- မြောင်းမြကားလမ်းတွင်ယမန် နေ့မေ၂၉ရက်ညနေ၄နာရီ၁၅မိနစ်ခန့်က ခရီးသည်တင်ကားတစ်စီး သစ်ပင်အားဝင်ရောက်တိုက်မိခဲ့ရာ ယာဉ်ပေါ်ပါခရီးသည်၁၄ဦးဒဏ် ရာရရှိခဲ့ကြောင်း မီးသတ်မှသတင်းထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ လပွတ္တာမြို့နယ်၊ အောက်ချောင်းကျေးရွာအနီး၊ လပွတ္တာ- မြောင်းမြကားလမ်း၊ မိုင်တိုင်အမှတ် (၂/၃) နှင့်(၂/၄)ကြားတွင် FUSO Mini Bus ခရီးသည်တင်ယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိမ်းနိုင်ဘဲ သစ်ပင်အား ဝင်ရောက်တိုက်မိခဲ့ရာယာဥ် ပေါ်ပါ ခရီးသည် ၂၀ ဦး အနက် အမျိုးသား၉ ဦးနှင့် အမျိုးသမီး ၅ဦး စုစုပေါင်း(၁၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်းသိရသည်။ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လပွတ္တာခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါဖြစ်စဉ် ကြောင့် ဒဏ်ရာရ ရရှိသူများကို နှလုံးသားလူမှုကူညီရေး အသင်းနှင့် ဂရုဏာလူမှုကူညီရေးအသင်းတို့မှ သူနာတင် ယာဉ်များဖြင့် (၃)မိုင်မြို့၊ ကုတင်(၂၀၀)ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မတ္တရာမြို့နယ်၊ ထိန်ပင်စောက်ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် လယ်ကွင်းအတွင်း အ
မတ္တရာမြို့နယ်၊ ထိန်ပင်စောက်ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် လယ်ကွင်းအတွင်း အလုပ်လုပ်နေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ မေ ၃၀၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ မေလ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညနေ ၄ နာရီအချိန်၌ မတ္တရာမြို့နယ်၊ ထိန်ပင်စောက်ကျေးရွာနေ ဦးမင်း (၇၄) နှစ်သည် ကျေးရွာ၏မြောက်ဘက် ၁ မိုင်ခွဲခန့်အကွာရှိ ၎င်းပိုင်လယ်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

သရက်ချောင်းမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းအား နင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူတစ်ဦးခြေချင်
သရက်ချောင်းမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းအား နင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူတစ်ဦးခြေချင်းဝတ်ပြတ်ထွက်ဒဏ်ရာရ မေ ၃၀၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီးသို့ မေလ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၆ နာရီခွဲအချိန်၌ သရက်ချောင်းမြို့နယ်၊ ကျွဲဇပ်ကျေးရွာနေ ဦးမျိုးဇော် (ခ) ဇော် (၅၅) နှစ်သည် အဆိုပါကျေးရွာရှိ ၎င်းပိုင်ဥယျာဉ်ခြံသို့ သွားရောက်စဉ် ဒေသအခေါ် တောင်ရိုးဘုရားအနီးအရောက် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ NOM

ဒေသတွင်းကုန်စည်စီးဆင်းမှု ဗဟိုချက် (Transit Hub) ဖြစ်လာနိုင်သည့် သမ္မတကြီး၏ ခရီးစဉ်။
+4
ဒေသတွင်းကုန်စည်စီးဆင်းမှု ဗဟိုချက် (Transit Hub) ဖြစ်လာနိုင်သည့် သမ္မတကြီး၏ ခရီးစဉ်။

photo content
+7

ဗုဒ္ဓဂါယာရှိ မဟာဗောဓီစေတီတော်ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖူးမြှော်ကြည်ညို အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရ
+7
ဗုဒ္ဓဂါယာရှိ မဟာဗောဓီစေတီတော်ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖူးမြှော်ကြည်ညို အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားသည့် ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီတော်ကိုဖူးမြှော်ကြည်ညိုပြီး ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊ ရေချမ်းနှင့် ပန်းများဆပ်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် မှတ်တမ်းတင်လက်မှတ်ရေးထိုးကာ ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေအတွင်း လှည့်လည်ဖူးမြော်ကြည်ညိုခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံသို့ ထွက်ခွာ မေ ၃၀၊ ၂၀၂၆ ‌‎နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယသမ္မတနိ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံသို့ ထွက်ခွာ မေ ၃၀၊ ၂၀၂၆ ‌‎နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတ နိုင်ငံကို တရားဝင် ခရီးစဉ်အဖြစ် မေ ၃၀ ရက်၊ နံနက် ၈ နာရီက နေပြည်တော် တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွား‌ကြောင်းသိရသည်။ ‎အဆိုပါ‎နိုင်ငံတော် သမ္မတ ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော် ဒုတိယသမ္မတများ ဖြစ်ကြသော ဦးညိုစော နှင့် ဒေါ်နန်းနီနီအေး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်း နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံရုံးက တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ယင်းခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စက်မှု နှင့် အသေးစား၊ အငယ်စား ၊ အလတ်စား နှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦး၊ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ဆွေ ၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများ လိုက်ပါသွား‌ကြောင်းသိရသည်။ NOM