uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 411 obunachidan iborat bo'lib, Yangiliklar & Media toifasida 15 960-o'rinni va Myanma mintaqasida 10 111-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 411 obunachiga ega bo‘ldi.

07 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -218 ga, so‘nggi 24 soatda esa -5 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 7.36% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 6.02% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 914 marta ko‘riladi; birinchi sutkada odatda 748 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 15 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 08 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 411
Obunachilar
-524 soatlar
-617 kunlar
-21830 kunlar
Postlar arxiv
ကျောက်တော်နှင့် မြောက်ဦးရှိ AA အကြမ်းဖက်အဖွဲ့ စခန်းချရာနေရာများကို တပ်မတော်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ NOM ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်နှင့် မြောက်ဦးမြို့ရှိ AA အကြမ်းဖက်အဖွဲ့စခန်းချရာနေရာများကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညအချိန်၌ တပ်မတော်ကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ AA အကြမ်းဖက်သမားများ သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

🇺🇸 ကာရစ်ဘီယံပင်လယ်ပြင်တွင်ပင်လယ်ပြင်ဆီဖြည့်တင်းမှု ပြုလုပ်နေစဉ်အတွင်း အမေရိကန် ဖျက်သင်္ဘော DDG 103 Truxtun နှင့် ပေါင်းစပ်ထောက်ပံ့ရေးသင်္ဘော T-AOE-6 Supply တို့ တိုက်မိခဲ့သည့် ဗီဒီယိုမှတ်တမ်း ဖြစ်သည်။ News Of Myanmar NOM

🇺🇸 🛳 "အမေရိကန်လေယာဉ်တင် သင်္ဘော USS Gerald Ford ကို ပါရှန်းပင်လယ်ကွေ့ရှိ USS Abraham Lincoln နှင့် ပူးပေါင်းရန် စေလွှလိုက်ပြီဖြစ်" အမေရိကန် လေယာဉ်တင်သင်္ဘော USS Gerald Ford ကို ကာရစ်ဘီယံပင်လယ်ပြင်မှ ရုပ်သိမ်းလိုက်ပြီး ပါရှန်းပင်လယ်ကွေ့ရှိ USS Abraham Lincoln နှင့် ပူးပေါင်းရန် အရှေ့အလယ်ပိုင်းဒေသသို့ ပြန်လည်စေလွှတ်လိုက်ပြီ ဖြစ်သည်။ အမေရိကန်သည် ၎င်း၏ ကိုယ်ပိုင်ကမ္ဘာခြမ်းဒေသမှ ရေတပ်အင်အားကို ရုပ်သိမ်းကာ အီရန်ကမ်းလွန်တွင် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု နှစ်ခု အထိ ချထားရန် လုပ်ဆောင်နေခြင်းဖြစ် သည်။ အဆိုပါသင်္ဘောများ ပြန်လည်ထွက် ခွာမည့်အချိန်ကို ဧပြီ သို့မဟုတ် မေလဟု ခန့်မှန်းရသဖြင့် ၎င်းမှာ "ဖိအားပေးရန်" အတွက် အချိန်ကာလ အတော်ကြာ ရယူထားခြင်း ဖြစ်သည်။ News Of Myanmar NOM

အမေရိကန်သည် ဝင်ရိုးစုံကမ္ဘာစနစ် (Multipolarism) ကို ဆန့်ကျင်သည့် ကမ္ဘာလုံးဆိုင်ရာစစ်ပွဲကို ဆက်လက်ဆင်နွှဲနေပြီး၊ အနောက်အုပ်စုနယ်ပယ်အတွင်းသို့ "ဆုတ်ခွာခြင်း" မရှိပေ။ အနောက်ကမ္ဘာခြမ်းရှိ ဗင်နီဇွဲလားနိုင်ငံကို ဖြုတ်ချရန်နှင့် လုယက်ရန် အသုံးပြုခဲ့သည့် လေယာဉ်တင်သင်္ဘောအုပ်စုသည် ယခုအခါ အီရန်ကိုတိုက်မည့် အမေရိကန်၏စစ်ပွဲအတွက် အရှေ့အလယ်ပိုင်းဒေသသို့ ဦးတည်ထွက်ခွာနေပြီဖြစ်ကြောင်း နယူးယောက်တိုင်းသတင်းတွင် ဖော်ပြထားသည်။ အမေရိကန်သည် ၎င်းတို့၏ သြဇာလွှမ်းမိုးမှုနယ်ပယ်အတွင်းသို့ "ပြန်လည်ဆုတ်ခွာ" ရန် မည်သည့်အခါကမျှ ရည်ရွယ်ခဲ့ခြင်းမရှိဘဲ၊ ဝင်ရိုးစုံကမ္ဘာစနစ်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် ကမ္ဘာလုံးဆိုင်ရာစစ်ပွဲကို ပိုမိုချဲ့ထွင်နေခြင်းသာ ဖြစ်သည်။ ဤအခြေအနေသည် အမေရိကန်က အောင်မြင်သွားခြင်း သို့မဟုတ် ဝင်ရိုးစုံကမ္ဘာက ၎င်းကို ဟန့်တားနိုင်ခြင်း တစ်ခုခုမဖြစ်မချင်း ဆက်လက်ဖြစ်ပွားနေဦးမည်ဖြစ်သည်။ အမေရိကန်အနေဖြင့် အတူယှဉ်တွဲနေထိုင်ရေးအတွက် အခွင့်အလမ်း လုံးဝမရှိသလို ထိုသို့လုပ်ဆောင်ရန် ဆန္ဒလည်းမရှိပေ။ News Of Myanmar NOM

တရုတ်နိုင်ငံအတွင်း သူလျှိုကွန်ရက်ကို ပြန်လည်တည်ဆောက်ရန် CIA စီမံချက်စတင် CIA သည် တရုတ်နိုင်ငံအတွင်း ၎င်းတို့၏ သူလျှိုကွန်ရက်က
တရုတ်နိုင်ငံအတွင်း သူလျှိုကွန်ရက်ကို ပြန်လည်တည်ဆောက်ရန် CIA စီမံချက်စတင် CIA သည် တရုတ်နိုင်ငံအတွင်း ၎င်းတို့၏ သူလျှိုကွန်ရက်ကို ပြန်လည်တည်ဆောက်ရန်အတွက် လှုပ်ရှားမှုတစ်ရပ်ကို စတင်လိုက်ပြီဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် နှိမ်နင်းမှုအတွင်း ဘေဂျင်းအစိုးရသည် အမေရိကန်ထောက်လှမ်းရေးသတင်းပေးအနည်းဆုံး ၂၀ ခန့်ကို ဖမ်းဆီးထောင်ချခြင်း (သို့မဟုတ်) သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။ News Of Myanmar NOM

မန္တလေးတွင်PDF ၁၅၀ဦးအလင်းဝင် NOM၊ဖေဖော်ဝါရီ၁၃၊၂၀၂၆ မန္တလေး၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့မန္တလေးPDF အမျိုးသား၁၄၁ဦးနှင့်အမျို
+1
မန္တလေးတွင်PDF ၁၅၀ဦးအလင်းဝင် NOM၊ဖေဖော်ဝါရီ၁၃၊၂၀၂၆ မန္တလေး၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့မန္တလေးPDF အမျိုးသား၁၄၁ဦးနှင့်အမျိုးသမီး၉ဦးစုစုပေါင်း၁၅၀ဦးသည်လက်နက်၁၈လက်၊ခဲယမ်းများနှင့်အတူယနေ့အလင်းဝင်လာကြောင်းသိရသည်။နောက်ထပ်လည်းရာဂဏန်းအလင်းဝင်ရန်ရှိသေးကြောင်းလည်းသတင်းရရှိသည်။

Repost from NOM
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ဟာ သူ့ရဲ့ အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူ ကင်ဂျူအေးကို သူ့နေရာဆက်ခံမယ့်သူအဖြစ် ရွေးချယ်လိုက
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ဟာ သူ့ရဲ့ အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူ ကင်ဂျူအေးကို သူ့နေရာဆက်ခံမယ့်သူအဖြစ် ရွေးချယ်လိုက်တယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီက ကြာသပတေးနေ့မှာ လွှတ်တော်အမတ်တွေကို ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပွဲအခမ်းအနားတွေမှာ သမီးဖြစ်သူကို ကင်ဂျုံအမ်က ပွဲထွက်ခဲ့ပြီး ဘေဂျင်းခရီးစဉ်ကိုပါ ခေါ်ဆောင်သွားခဲ့တာပါ။ ဒီလနှောင်းပိုင်းမှာ ပြုလုပ်မယ့် မြောက်ကိုရီးယားရဲ့ ပါတီကွန်ဂရက်ကိုပါ ကင်ဂျူအေးက တက်ရောက်ခဲ့မယ်ဆိုရင်တော့ ဒီသတင်းက သေချာသလောက် ရှိလာမယ်လို့လည်း အကဲဖြတ်ခဲ့ပါတယ်။ ကင်ဂျူအေးဟာ ကင်ဂျုံအမ်ရဲ့ ကလေးဖြစ်တယ်လို့ လူသိရှင်ကြား သိကြတဲ့ တဦးတည်းသော သားသမီးဖြစ်ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားထောက်လှမ်းရေးကတော့ သားတဦးလည်း ရှိသေးတယ်လို့ ယုံကြည်ထားကာ အဆိုပါသားဖြစ်သူကိုတော့ မြောက်ကိုရီးယားမီဒီယာတွေမှာ ဘယ်တုန်းကမှ ဖော်ပြတာမျိုး မရှိခဲ့ပါဘူး။ News Of Myanmar NOM

မန္တလေးတွင် PDF ၁၅၀ ဦး လက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံအလင်းဝင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ယနေ့၌ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွ
+8
မန္တလေးတွင် PDF  ၁၅၀ ဦး လက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံအလင်းဝင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ယနေ့၌ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် PDF အဖွဲ့ဝင် အမျိုးသား ၁၄၁ ဦးနှင့် အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၁၅၀ ဦးတို့သည် သေနတ် ၁၈ လက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးကာ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း PDF ၁၄၉ ဦး အလင်းဝင်ရောက်ခဲ့ပြီး ရက်ပေါင်း ၂၀ အတွင်း PDF ၃၀၀ ခန့် စံချိန်တင် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ မှိုင်းဝေ NOM

Repost from NOM
ပြန်ပေးဆွဲခံထားရတဲ့ သမ္မတ မာဒူရိုနဲ့ ဇနီးဖြစ်သူကို ပြန်လွှတ်ပေးဖို့အတွက် ကာရာကက်စ်မြို့မှာ ဗင်နီဇွဲလားပြည်သူတွေ ဆန္ဒပြနေတာဖြစ်ပါတယ်။ News Of Myanmar NOM

အီရန်နိုင်ငံပိုင် Boeing 747 ကုန်တင်လေယာဉ်တစ်စင်းသည်တရုတ်နိုင်ငံသို့ ဦးတည်ပျံသန်းနေသည်။ ယခုခရီးစဉ်သည် ယခုလအတွင်း တရုတ်နိုင်ငံ
အီရန်နိုင်ငံပိုင် Boeing 747 ကုန်တင်လေယာဉ်တစ်စင်းသည်တရုတ်နိုင်ငံသို့ ဦးတည်ပျံသန်းနေသည်။ ယခုခရီးစဉ်သည် ယခုလအတွင်း တရုတ်နိုင်ငံသို့ ပျံသန်းသည့် စတုတ္ထမြောက် ခရီးစဉ်အဖြစ် လေ့လာတွေ့ရှိရခြင်းဖြစ်သည်။ News Of Myanmar NOM

သေကြပြန်ပြီ - ကိုယ့်နိုင်ငံသားတွေမို့ အသက်အသေမခံဘဲ အမြန်အလင်းဝင်ကြဖို့ လိုပါတယ်။ - တိုက်ပွဲသတင်းစုံ NOM
+4
သေကြပြန်ပြီ - ကိုယ့်နိုင်ငံသားတွေမို့ အသက်အသေမခံဘဲ အမြန်အလင်းဝင်ကြဖို့ လိုပါတယ်။ - တိုက်ပွဲသတင်းစုံ NOM

Repost from NOM
အိန္ဒိယနိုင်ငံက ဆရာမတဦးဟာ ကျောင်းမတက်ဖူးတဲ့ ကလေးတွေအတွက် ရည်ရွယ်ပြီး သင်ယူရေးစင်တာပေါင်း ၈၀၀ ကျော်ကို တည်ဆောက်ကာ စနစ်တကျသင်ယူ
အိန္ဒိယနိုင်ငံက ဆရာမတဦးဟာ ကျောင်းမတက်ဖူးတဲ့ ကလေးတွေအတွက် ရည်ရွယ်ပြီး သင်ယူရေးစင်တာပေါင်း ၈၀၀ ကျော်ကို တည်ဆောက်ကာ စနစ်တကျသင်ယူနိုင်မှုတွေကို ဖန်တီးပေးခဲ့တာကြောင့် ဒေါ်လာ ၁ သန်း ဆုချီးမြှင့်ခံခဲ့ရပါတယ်။ Rouble Nagi လို့ အမည်ရတဲ့ ဒီဆရာမကို ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အစိုးရများ ထိပ်သီးအစည်းအဝေးမှာ မနေ့က ဆုပေးအပ်ခဲ့တာပါ။ Nagi က သူမရရှိခဲ့တဲ့ ဒီ ဆုကြေးငွေအားလုံးကို အခမဲ့အသက်မွေးဝမ်းကျောင်း သင်တန်းအတွက် အင်စတီကျုတခု တည်ဆောက်ဖို့ အသုံးပြုသွားမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒီဆုအတွက် ကမ္ဘာတဝှမ်းက ဆရာ/ဆရာမပေါင်း ၁၀ ဦးကို ဆန်ခါတင်ရွေးချယ်ခဲ့ပြီးမှ အကောင်းဆုံးကို ပြန်လည်ရွေးချယ်ခဲ့တာပါ။ News Of Myanmar NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီ သမ္မတ နှင့် ဇနီး တို့က (၇၉)နှစ်မြောက်ပြည် ထောင် စုနေ့အထိမ်း အမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီ သမ္မတ နှင့် ဇနီး တို့က (၇၉)နှစ်မြောက်ပြည် ထောင် စုနေ့အထိမ်း အမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတည်ခင်းဧည့်ခံ NOM၊ဖေဖော်ဝါရီ၁၃၊၂၀၂၆ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက် ညပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့တက်ရောက်ကြပြီး ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြ သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်းသိရသည်။

အပစ်အခတ်ရပ်စဲ ထားကြတယ် ဆိုတာ ငြိမ်းချမ်းရေး စကားဝိုင်းကို မြှင့်တင်နိုင်ဖို့ အတွက်ပဲ ဖြစ်သင့်တယ်လို့ မြင်ပါတယ်။ ဒါ့ကြောင့်လည်း သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ အပစ်အခတ် အရင် ရပ်တာလုပ်ပြီးမှ နိုင်ငံရေး ပရောဆက်ကို သွားခဲ့တာပါ။ ပထမဆုံး အနေနဲ့ တစ်နိုင်ငံလုံးကို အပစ်အခတ်ရပ်စဲကြောင်း ကြေငြာတယ်။ ဒုတိယအဆင့်အနေနဲ့ လက်မှတ်ထိုးမယ့်အဖွဲ့တွေကို ကမ်းလှမ်းတယ်။ ဒီကတဆင့် NCA ဖြစ်လာခဲ့တာလို့ ပြောလို့ရတယ် ပေါ့။ ဒါနဲ့ပတ်သက်ပြီး ဦးအောင်မင်းတို့ ပြောကြားချက်ကို ကြည့်ရင် ပိုရှင်းပါတယ်။ ကျွန်တော်တို့ အပစ်အခတ်အရင်ရပ်နိုင်အောင်လုပ်တယ်။ သေနတ်သံတွေ စဲမှ ငြိမ်းချမ်းရေးစကားပြောလို့ရမှာပါဆိုပြီး လို့ ပြောခဲ့ကြတာပါ။ ခုလက်ရှိမှာ ကူမင်း သဘောတူညီချက်ကြောင့် အပစ်ရပ်ထားကြတယ်ဆိုပေမယ့် ဒီအပစ်အခတ်ရပ်တာကို ခုတုံးလုပ်ပြီး လူသစ်စုတာတွေ၊ အုပ်ချုပ်ရေး ယန္တရား ထူထောင်ကြဖို့ အပြင်းအထန်ကြိုးစားနေတာတွေ၊ နယ်မြေအသိအမှတ်ပြုခံထိုက်ဖို့ အားထည့် နေကြတာတွေက သိပ်တော့ အဆင်မပြေနေပါဘူး။ ပူပူနွေးနွေးတင်ပဲ MNDAA က ဆရာဖြစ်တဲ့ UWSA ဆီ တရားဝင်သွားတဲ့ခရီးဟာ သာမန်သာကြောင်း ၊ မာကြောင်း သွားပြောတာတော့ ဖြစ်နိုင်မယ် မထင်ပါဘူး။ ဒါ့ကြောင့် ရွေးကောက်ပွဲ ပြီးမြောက်သွားချိန်မှာ လုံခြုံရေးပိုင်းဆိုင်ရာတွေ ပိုပြီး အားထည့်ပြင်ဆင်ဖို့ လိုပြီလို့ပဲ တွေးပါတယ်။ ဆိုလိုတာက...နိုင်ငံရေးလည်ပတ်မှုဟာ အစိုးရသစ်ရဲ့ မူဝါဒနဲ့ သွားတော့မယ့်အချိန်၊ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ စစ်ရေးအတွက် ဦးစားပေး ကာလ ရောက်လာပြီလို့ သုံးသပ်ပါတယ်။ အပစ်အခတ်ရပ်ထားတာဟာ နိုင်ငံရေးစကားဝိုင်းနဲ့ ငြိမ်းချမ်းရေးအတွက် မဟုတ်ဘဲ နိုင်ငံရေးအရ အသားရလိုမှု၊ ၂၀၀၈ ခြေဥကို ဆန့်ကျင်ပြီး ဥပဒေပါပြဌာန်းချက်တွေကို ပြောင်ပြောင် တင်းတင်းချိုးဖောက်မှုတွေဟာ ငြိမ်းချမ်းရေးကို ရှေး‌ရှုတဲ့ လုပ်ရပ်တွေလို့ ဆိုနိုင်မယ် မထင်ပါဘူး။ လက်ရှိ ကချင်ပြည်နယ်ထဲက ဗန်းမော်မြို့ ဖြစ်စဉ်တွေ၊ မြစ်ကြီးနားမြို့ရဲ့ လုံခြုံရေး ခြိမ်းခြောက်ခံရမှုနဲ့ မြစ်ကြီးနားတိုင်းစစ်ဌာနချုပ်ရဲ့ ကာကင်းဖြစ်တဲ့ ဝိုင်းမော်မြို့ကို သိမ်းဖို့ KIA က ကြိုးစားလာတဲ့ ကိစ္စတွေဟာ ပြင်းပြင်းထန်ထန် ကိုင်တွယ်မှပဲ အဆင်ပြေနိုင်မယ့်ပုံ ရပါတယ်။ ----- ကြည့်ရတာ EAO တွေဆီမှာ အပစ်အခတ်ရပ်စဲချင်တဲ့ ဆန္ဒ ရှိပုံမရပါဘူး။ (နရီမိုး)

KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားလေဆိပ်အတွင်းသ
+3
KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားလေဆိပ်အတွင်းသို့ FPV suicide droneများဖြင့် တိုက်ခိုက်မှုအား ဟန့်တားနိုင်ခဲ့ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆ KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေ ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ပျက်စီးစေရန်၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြား စေရန်၊ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍ ဆင်ခြင်တုံတရား ကင်းမဲ့ စွာဖြင့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများ၊ စာသင်ကျောင်းများ၊ ဆေးရုံ များအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ ရှော့တိုက်ဒုံးများဖြင့် အဝေးမှ ပစ်ခတ် ခြင်း၊ Drone များ အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများကို ယုတ်မာ ရိုင်းစိုင်းစွာ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပန်းမတီးရပ်ကွက်ရှိ မြစ်ကြီးနား လေဆိပ်နှင့် အနီးဝန်ကျင်နေရာများသို့ FPV Suicide Drone များအသုံးပြု၍ တိုက်ခိုက်ခဲ့ရာ လေကြောင်းလုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ထောက်လှမ်းသိရှိခဲ့ပြီး အဆိုပါ Drone ယာဉ်များအား လက်ဦးမှုရယူဟန့်တားနိုင်ခဲ့သည်။ ယင်းသို့ ဆောင်ရွက် နိုင်ခဲ့ခြင်းကြောင့် လေဆိပ်အတွင်း ကျရောက်ပေါက်ကွဲခြင်းမရှိဘဲ လေယာဉ်ပြေးလမ်း နှင့် အနီးဝန်းကျင်နေရာများတွင်သာ မြေပြင်ပေါ်သို့ ပျက်ကျခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များက အများပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် Drone ယာဉ်များတွင် ပါရှိသည့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများအား စနစ်တကျ သက်မဲ့ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ဖြစ်စဉ်တွင် လူ၊ အဆောက်အအုံနှင့် လေယာဉ်ပြေးလမ်းများ ထိခိုက် ပျက်စီးမှုမရှိခဲ့ကြောင်း သိရှိရသည်။ ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော အများပြည်သူသွားလာရေးနှင့် ကုန်စည် စီးဆင်းမှု မြန်ဆန်စေရေးအတွက် များစွာအထောက်အကူပြုသော လေကြောင်း ပို့ဆောင်ရေးဖြစ်သည့် လေယာဉ်ကွင်းအား ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် စက်ဆုတ် ရွံရှာစွာ ဝိုင်းဝန်းကန့်ကွက်ရှုံ့ချလျက်ရှိသည်။ ထို့ကြောင့် ယခုကဲ့သို့ အဖျက်အမှောက် လုပ်ရပ်များအား ရက်စက်ယုတ်မာစွာ ဆောင်ရွက်ခဲ့ကြသည့် အကြမ်းဖက်သမားများ ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းသတင်းရရှိသည်။ News Of Myanmar NOM

KIA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့များက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားလေဆိပ်နှင့် အနီ
+2
KIA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့များက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားလေဆိပ်နှင့် အနီးဝန်းကျင်နေရာများသို့ FPV Suicide Drone (အသေခံဒရုန်း) များဖြင့်တိုက်ခိုက်မှုအား ဟန့်တားနိုင်ခဲ့ News Of Myanmar NOM

တောင်တွင်းကြီးမြို့နယ်၊ စည်သာကြီးကျေးရွာတွင် နေအိမ်၌ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန် ဟုစွပ်စွဲ
တောင်တွင်းကြီးမြို့နယ်၊ စည်သာကြီးကျေးရွာတွင် နေအိမ်၌ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန် ဟုစွပ်စွဲသတ်ဖြတ် NOM ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ စည်သာကြီးကျေးရွာနေ ဦးကျော်စန်း (၄၅) နှစ်သည် ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၇ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး "ဒလန်" ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးကျော်စန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

"ရွှေကျင်မြို့နယ်၊ ဇောတိကျေးရွာတွင် နေအိမ်၌ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်သတ်" NOM ဖ
+2
"ရွှေကျင်မြို့နယ်၊ ဇောတိကျေးရွာတွင် နေအိမ်၌ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်သတ်" NOM ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဇောတိကျေးရွာနေ ဦးဝင်းထိုက်ဦး (၄၂) သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး "ဒလန်" ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဝင်းထိုက်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာသေဆုံးသွားခဲ့ကြောင်းသိရသည်။ "ပေါက်ခေါင်းမြို့နယ်၊ ပတ္တမြားတောင်ကျေးရွာရှိ မင်္ဂလာဆောင်ပွဲကျင်းပနေသေည့် နေအိမ်အား PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် အပြစ် မဲ့အရပ်သားပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ" NOM ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ပတ္တမြားတောင်ကျေးရွာရှိ မင်္ဂလာဆောင်ပွဲကျင်းပနေသည့်နေအိမ်သို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်၌ PDF အကြမ်းဖက်သမားများ ရောက်လာပြီး သေနတ်ဖြင့် အကြမ်းဖက်ပစ်ခတ် သွားခဲ့သဖြင့် မင်္ဂလာဆောင်ပွဲတွင် ရောက်ရှိနေသူများအနက် ပတ္တမြားတောင်ကျေးရွာနေ ဦးမိုးဆန်း (၄၅) နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ပြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာနေ ဦးထွန်း (ခ) ထွန်းထွန်းဦး (၄၅) နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သဖြင့် သေဆုံး/ ဒဏ်ရာရရှိသူများအားဝက်ထီးကန်တိုက်နယ်ဆေးရုံသို့ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်များအား အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ချက် ဖေဖော်ဝါရီလ ၁၂၊ ၂၀၂၆ News Of Myanmar NOM
ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်များအား အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ချက် ဖေဖော်ဝါရီလ áá‚၊ ၂၀၂၆ News Of Myanmar NOM

နောင်ချိုမြို့နယ်၊ ကုန်းစုံကျေးရွာအနီးတွင် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ထင်းခုတ်နေသည့် အပြစ်မဲ့အရ
နောင်ချိုမြို့နယ်၊ ကုန်းစုံကျေးရွာအနီးတွင် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ထင်းခုတ်နေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင် ချိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ် ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၁ နာရီအချိန်၌ နောင်ချိုမြို့နယ်၊ ကုန်းစုံကျေးရွာနေ ဦးကျော်သန်းဦး (၃၇) နှစ်သည် ကျေးရွာ၏မြောက်ဘက်ရှိ လမ်းဘေးတွင် ထင်းခုတ်နေစဉ် TNLA အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM