ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 466 名订阅者,在 新闻与媒体 类别中位列第 15 923,并在 缅甸 地区排名第 10 081

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 466 名订阅者。

根据 02 七月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -216,过去 24 小时变化为 -9,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 9.95%。内容发布后 24 小时内通常能获得 6.72% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 1 241 次浏览,首日通常累积 838 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 15

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 03 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 466
订阅者
-924 小时
-217
-21630
帖子存档
လိုင်ဇာ မုဒ်ဦးပေါက်က ပြန်လာတဲ့ အကျိုးဆက်တွေပေါ့။ ဘယ်နှစ်ခါ ညာချ ခံရမလဲ။ နောက်လူတွေ ဆင်ခြင် သုံးသပ်နိုင်ကြပါစေ။ ဒီအမြစ်ကို မဖြ
လိုင်ဇာ မုဒ်ဦးပေါက်က ပြန်လာတဲ့ အကျိုးဆက်တွေပေါ့။ ဘယ်နှစ်ခါ ညာချ ခံရမလဲ။ နောက်လူတွေ ဆင်ခြင် သုံးသပ်နိုင်ကြပါစေ။ ဒီအမြစ်ကို မဖြိုခဲ့တော့ AA ထွက်လာတယ်။ TNLA ပေါ်လာတယ်။ လက်ရှိ ကချင်ပြည်နယ်ထဲက စီးပွားရေးအရ အားအကောင်းဆုံး၊ တက္ကသိုလ် စုံစုံလင်လင်ရှိတဲ့ ဗန်းမော်လည်း ကြေရသလို စစ်ကိုင်းလည်း ပြာကျနေရတယ်။ လက်ရှိ ပကတိ နိုင်ငံရေး အခြေအနေက ဒါပါပဲ။ (နရီမိုး)

ဂျော်ဒန်နိုင်ငံတွင် အမေရိကန်၏ THAAD ဒုံးကျည်ကာကွယ်ရေးစနစ်များကို အပြည့်အဝ တပ်ဖြန့်ထားသည်ကို တရုတ်ဂြိုဟ်တုဓာတ်ပုံများက ဖော်ပြန
ဂျော်ဒန်နိုင်ငံတွင် အမေရိကန်၏ THAAD ဒုံးကျည်ကာကွယ်ရေးစနစ်များကို အပြည့်အဝ တပ်ဖြန့်ထားသည်ကို တရုတ်ဂြိုဟ်တုဓာတ်ပုံများက ဖော်ပြနေသည်။ News Of Myanmar NOM

+2
🇦🇪 "ယူအေအီးနိုင်ငံ၏ လူ့အခွင့်အရေးအကြီးအကဲသည် သက်ငယ်လိင်ကုန်ကူးသူ အက်ပ်စတိန်းထံအမျိုးသမီးငယ်များပို့ဆောင်ပေးသူတစ်ဦးဖြစ်နေ" ယူအေအီး နိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ အမြဲတမ်းကော်မတီ ညွှန်ကြားရေးမှူး ဟင့်ဒ် အယ်လ် အိုဝိုက်စ် (Hind Al Owais) သည် နိုင်ငံတကာအဆင့်တွင် လူ့အခွင့်အရေး မဟာဗျူဟာများကို ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့အတွက် တာဝန်ရှိသူဖြစ်သည်။ သူမတွင် သူမထက် ပိုလှသော ညီမတစ်ဦးရှိကြောင်း လိင်ရာဇဝတ်ကောင် အက်ပ်စတိန်း (Epstein) ကို သူမက ပြောပြခဲ့သည် (သူမ၏ညီမမှာ ထိုစဉ်က အသက် ၁၃ နှစ်သာ ရှိသေးသည်)။ ဤအာရပ်စော်ဘွားများပြည်ထောင်စု သံတမန်သည် အီးမေးလ်စောင် ရေ ၄၆၉ စောင်တွင် မိန်းကလေးများကို အက်ပ်စတိန်းထံ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ဟင့်ဒ် အယ်လ် အိုဝိုက်စ် က အက်ပ်စတိန်းထံ ပေးပို့သော အီးမေးလ်တစ်စောင်တွင် - "မိန်းကလေးတစ်ယောက်ကို ပြင်ဆင်ပေးဖို့တောင် ခက်ခဲနေတာ၊ မိန်းကလေးနှစ်ယောက်ဆိုရင်တော့ တကယ့်ကို စိန်ခေါ်မှုတစ်ခုပါပဲ" ဟု ရေးသားထားသည်။ News Of Myanmar NOM

ယူအေအီးနိုင်ငံ၏ လူ့အခွင့်အရေးအကြီးအကဲသည် သက်ငယ်လိင်ကုန်ကူးသူ အက်ပ်စတိန်းထံအမျိုးသမီးငယ်များပို့ဆောင်ပေးသူတစ်ဦးဖြစ်နေ ယူအေအီး နိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ အမြဲတမ်းကော်မတီ ညွှန်ကြားရေးမှူး Hind Al Owais သည် နိုင်ငံတကာအဆင့်တွင် လူ့အခွင့်အရေး မဟာဗျူဟာများကို ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့အတွက် တာဝန်ရှိသူဖြစ်သည်။ သူမတွင် သူမထက် ပိုလှသော ညီမတစ်ဦးရှိကြောင်း လိင်ရာဇဝတ်ကောင် အက်ပ်စတိန်း (Epstein) ကို သူမက ပြောပြခဲ့သည် (သူမ၏ညီမမှာ ထိုစဉ်က အသက် ၁၃ နှစ်သာ ရှိသေးသည်)။ ဤအာရပ်စော်ဘွားများပြည်ထောင်စု သံတမန်သည် အီးမေးလ်စောင် ရေ ၄၆၉ စောင်တွင် မိန်းကလေးများကို အက်ပ်စတိန်း (Epstein) ထံ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် Hind Al Owais က အက်ပ်စတိန်းထံ ပေးပို့သော အီးမေးလ်တစ်စောင်တွင် - "မိန်းကလေးတစ်ယောက်ကို ပြင်ဆင်ပေးဖို့တောင် ခက်ခဲနေတာ၊ မိန်းကလေးနှစ်ယောက်ဆိုရင်တော့ တကယ့်ကို စိန်ခေါ်မှုတစ်ခုပါပဲ" ဟု ရေးသားထားသည်။ News Of Myanmar NOM

ဖေဖော်ဝါရီလ၁၀ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အီရန်ကိုယ်စားလှယ်အဖွဲ့သည်အိုမန်နိုင်ငံသို့ရောက်ရှိပြီးအိုမန်နိုင်ငံခြားရေးဝန်ကြီ
+3
ဖေဖော်ဝါရီလ၁၀ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အီရန်ကိုယ်စားလှယ်အဖွဲ့သည်အိုမန်နိုင်ငံသို့ရောက်ရှိပြီးအိုမန်နိုင်ငံခြားရေးဝန်ကြီးမှတစ်ဆင့်အမေရိကန်အဖွဲ့နှင့် တစ်ဆင့်ခံဆွေးနွေးလျက်ရှိသည်။(ဓါတ်ပုံ) ၂။အီရန်၏၄၇နှစ်မြောက်အစ္စလမ်မစ်တော်လှန် ရေးအောင်ပွဲနေ့အခမ်းအနားတွင်တရုတ်စစ်သံမှူးကအီရန်လေတပ်ဦးစီးချုပ်အားတရုတ်၏နောက်ဆုံးပေါ်J-20တိုက်လေယာဥ်ပုံစံငယ်ကိုပေးအပ်ခဲ့သည်။(ဓါတ်ပုံ) ၃။ရွေးကောက်ပွဲတွင်အကြီးအကျယ် အနိုင်ရပြီးနောက်ဂျပန်ဝန်ကြီးချုပ်သည်အမေရိကန်သို့မတ်လ၁၉ရက်တွင်တရားဝင်ခရီးလာရောက်မည်ဖြစ်ကြောင်းအိမ်ဖြူတော်ကကြေညာသည်။ ၄။ဘွန်းရှိုင်တိုင်ပါတီသည် ယမန်နေ့က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင်လူကြိုက်များသော ပါတီများကို အနိုင်ရကာ ၎င်း၏ ခေါင်းဆောင် အနုတင် သည် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရပါက နှစ်ပေါင်း ၂၀ အတွင်း ပြန်လည်အရွေးချယ်ခံရသော ပထမဆုံးထိုင်းဝန်ကြီးချုပ်ဖြစ်လာမည်ဖြစ်သည်။(ဓါတ်ပုံ) ၅။ကိုဆိုဗိုစစ်ပွဲအတွင်းက ပြစ်မှုကျူးလွန်ခဲ့သည်ဟုဆိုသော သမ္မတ ဟောင်းနှင့် တော်လှန်ရေးခေါင်းဆောင် အပါအဝင် အဖွဲ့ဝင်သုံးဦးအား အမှုစီရင်နေသည့် စစ်ခုံရုံးရှေ့နေများက ထောင်ဒဏ်၄၅ နှစ် ချမှတ်ရန် တောင်းဆိုလျက်ရှိသည်။(ဓါတ်ပုံ)

ပေါက်မြို့နယ်၊ ချက်ကန်ကျေးရွာရှိ PDF အကြမ်းဖက်သမားများကို တပ်မတော်ကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက် NOM ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ချက်ကန်ကျေးရွာရှိ PDF အကြမ်းဖက်သမားများအား ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက်အချိန်၌ တပ်မတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အကြမ်းဖက်သမား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၈ ဦးခန့်ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ထန်တလန်မြို့နယ်၊ တလန်ခွာကျေးရွာရှိ PDF အကြမ်းဖက်သမားများကို တပ်မတော်က လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ NOM ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ တလန်ခွာကျေးရွာရှိ PDF အကြမ်းဖက်သမားများကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်၌ တပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာအကြမ်းဖက်သမား ၆ ဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

🇺🇦 🐓ကိယက်ဗ် (ယူကရိန်း) အတွက် နေတိုး တိုက်လေယာဉ် အစီးရေ ၂၅၀ ရရှိရေးဆိုသည်မှာ လက်တွေ့ထက် ဝါဒဖြန့်မှုသာ ဖြစ်နိုင်ခြေပိုများဟု ဒီဖန့်စ် အိတ်စ်ပရက်စ် ကဖော်ပြခဲ့သည်။ 🇺🇦 ယူကရိန်းသမ္မတ ဇလန်းစကီး ရည်မှန်းထားသည့် ခေတ်မီတိုက် လေယာဉ် အစီးရေ ၂၅၀ ဝယ်ယူရေး အစီအစဉ်သည် ယူကရိန်းအတွက် ယူရို ၅၀ ဘီလီယံခန့် ကုန်ကျမည်ဖြစ်ပြီး ၎င်းတွင် ဆွီဒင်နိုင်ငံထုတ် ဂရစ်ပန် (Gripen) အစီး ၁၅၀ နှင့် ပြင်သစ် နိုင်ငံထုတ် ရာဖေးလ် (Rafale) အစီး ၁၀၀ ပါဝင် သည်။ 💵 သို့သော်လည်း ဤခန့်မှန်းချက်သည် ငွေကြေးဖောင်းပွမှုနှုန်းကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသေးဘဲ စီမံကိန်းအကောင်အထည် ဖော်မည့် နှစ်များတစ်လျှောက် စုစုပေါင်းကုန်ကျစရိတ်မှာ သိသိသာသာ ပိုမိုမြင့်တက်လာမည်ဖြစ်သည်။ ⏳ ဤကဲ့သို့သော အစီအစဉ်မျိုး အကောင်အထည်ဖော်နိုင်ရန် ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူရမည် ဖြစ်သည်။ လက်ရှိ ဥရောပတွင် တူရကီနိုင်ငံတစ်ခုတည်းသာ ဤမျှပမာဏရှိသော လေတပ်အင် အားကို ပိုင်ဆိုင်ထားသည်။ 💵 အဆိုပါ ရာဖေးလ် (Rafale) တိုက်လေယာဉ်များ ဝယ်ယူရန်အတွက် ယူကရိန်းတွင် ရော ပြင်သစ်တွင်ပါ လာမည့် ၁၀ နှစ်အတွင်း လုံလောက်သော ရန်ပုံငွေမရှိကြောင်း မီဒီယာများက ယခင်ကတည်းက ထောက်ပြခဲ့ကြသည်။ 🇸🇪 တစ်ဖက်တွင်လည်း ဆွီဒင်နိုင်ငံက ဂရစ်ပန် (Gripen) လေယာဉ်များ ဝယ်ယူနိုင်ရန်အတွက် ၎င်းတို့ထိန်းချုပ်ထားသော ရုရှားပိုင်ဆိုင်မှုများကို အသုံးပြုရန် အဆိုပြုခဲ့သော်လည်း ယခုအချိန်အထိ အကောင်အထည်ဖော်ရန် မဖြစ်နိုင်သေးပေ။ News Of Myanmar NOM

Repost from NOM.World News
အမေရိကန်နဲ့ ကနေဒါကို ဆက်သွယ်ထားတဲ့ တံတားအသစ်တခုကို ပိတ်ပစ်မယ်လို့ တနင်္လာနေ့က ထရမ့်က ခြိမ်းခြောက်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံန
အမေရိကန်နဲ့ ကနေဒါကို ဆက်သွယ်ထားတဲ့ တံတားအသစ်တခုကို ပိတ်ပစ်မယ်လို့ တနင်္လာနေ့က ထရမ့်က ခြိမ်းခြောက်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံနဲ့ စီးပွားရေးဆိုင်ရာ ပြသနာတွေ ရှိနေတဲ့အပေါ်ကိုလည်း ဝေဖန်လိုက်ပါတယ်။ Detroit နဲ့ Windsor ကို ဆက်သွယ်ပေးထားပြီး ၁.၅ မိုင်ရှည်လျားတဲ့ Gordie Howe နိုင်ငံတကာတံတားကို ဖွင့်လှစ်ခွင့်မပြုဘူးလို့ ထရမ့်က ပြောဆိုလိုက်တာပါ။ အဆိုပါတံတားရဲ့ အဓိကတည်ဆောာက်မှုတွေ အားလုံး ပြီးစီးသွားပြီဖြစ်ပြီး ဒီနှစ်ထဲမှာ ဖွင့်လှစ်ဖို့ မျှော်လင့်ထားတာလည်းဖြစ်ပါတယ်။ “ကျနော်တို့ ပေးခဲ့တဲ့အရာအားလုံးအတွက် လျော်ကြေးအပြည့်အ၀မရမချင်း ဒီတံတားကို ဖွင့်ခွင့်ပေးမှာမဟုတ်ဘူး၊ ပိုပြီးအရေးကြီးတာက ကနေဒါက အမေရိကန်ကို ထိုက်တန်တဲ့ တရားမျှတမှု၊ လေးစားမှုတွေနဲ့ ဆက်ဆံဖို့ပဲ၊ ညှိနှိုင်းမှုတွေကို ကျနော်တို့ စတင်သွားမှာပါ” လို့ ထရမ့်က ပြောဆိုခဲ့ပါတယ်။ News Of Myanmar NOM

🚔 😒 🕊လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိန်းနှင့် အနီးကပ်ပတ်သက်ခဲ့သူ ဂယ်စလိန်း မက်စ်ဝဲလ်က သူမနေဖြင့် သမ္မတထရမ့်​၏ နာမည်ဂုဏ်သတင
🚔 😒 🕊လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိန်းနှင့် အနီးကပ်ပတ်သက်ခဲ့သူ ဂယ်စလိန်း မက်စ်ဝဲလ်က သူမနေဖြင့် သမ္မတထရမ့်​၏ နာမည်ဂုဏ်သတင်းအတွက်ရှင်းလင်းပေးဖို့အဆင်သင့်ရှိကြောင်း သူမ​၏ရှေ့နေမှတဆင့်ပြောကြား "သူမကို သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုရင် ထရမ့်ရဲ့ နာမည်ဂုဏ်သတင်းအတွက် ရှင်းလင်းပေးဖို့ ဂယ်စလိန်း မက်စ်ဝဲလ်က အဆင်သင့်ရှိနေကြောင်း သူမရဲ့ ရှေ့နေက ပြောကြားလိုက်ပါတယ်။" "လွတ်ငြိမ်းချမ်းသာခွင့် ရရှိမယ်ဆိုရင် အလုံးစုံကို ပွင့်ပွင့်လင်းလင်းနဲ့ ရိုးသားစွာ ဖွင့်ဟပြောဆိုသွားမှာ ဖြစ်ပါတယ်။" ဂယ်စလိန်း မက်စ်ဝဲလ် က ဘယ်သူလဲ?? ဂယ်စလိန်း မက်စ်ဝဲလ် (Ghislaine Maxwell) သည် ဗြိတိန်လူမှုရေးလောကတွင် ထင်ရှားသူတစ်ဦးဖြစ်ပြီး မီဒီယာလုပ်ငန်းရှင် ဘီလီယံနာ ရောဘတ် မက်စ်ဝဲလ် (Robert Maxwell) ၏သမီးဖြစ်သည်။ သူမသည် မိမိကိုယ်မိမိသတ်သေသွားသော အမေရိကန်သူဌေးကြီးဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) နှင့် နီးကပ်သော ဆက်ဆံရေးရှိသူအဖြစ် လူသိများသည်။ သူမနှင့် ပတ်သက်သည့် အဓိကအချက်များမှာ ပြစ်မှုဆိုင်ရာစွဲချက်များ - အက်ပ်စတိန်း၏ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုများတွင် ပါဝင်ကူညီခဲ့ခြင်း၊ အသက်မပြည့်သေးသော မိန်းကလေးငယ်များကို စုဆောင်းပေးခြင်းနှင့် လူကုန်ကူးခြင်း စသည့် ပြစ်မှုများဖြင့် စွဲချက်တင်ခံခဲ့ရသည်။ ထောင်ဒဏ် - ၂၀၂၁ ခုနှစ်တွင် အမေရိကန် တရားရုံးက သူမအား အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့သည်။ လက်ရှိအခြေအနေ - လက်ရှိတွင် သူမသည် အမေရိကန်ပြည်ထောင် စု၊ တက္ကဆက်ပြည်နယ်ရှိ အကျဉ်းထောင်တစ်ခုတွင် ပြစ်ဒဏ်ကျခံနေရဆဲဖြစ်သည်။ သူမ၏ အမှုသည် ကမ္ဘာတစ်ဝှမ်းရှိ အာဏာရှိသူများ၊ ချမ်းသာသူများနှင့် ဆက်နွှယ်နေသည့်အတွက် ယနေ့တိုင် လူပြောများဆဲ အမှုတစ်ခု ဖြစ်သည်။ News Of Myanmar NOM

🛢🇺🇸 "ဥရောပဟာ အရင်တုန်းက ရုရှားအပေါ် မှီခိုခဲ့ရသလိုမျိုး အခုအခါမှာတော့ စွမ်းအင်ကဏ္ဍအတွက် အမေရိကန်အပေါ် မှီခိုနေရပြီဖြစ်ကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ပြောကြားခဲ့ပါတယ်။" News Of Myanmar NOM

🚔 🚨ထောင်ဒဏ် အနှစ် ၂၀ - ဟောင်ကောင်၏ အပြင်းထန်ဆုံး အမျိုးသားလုံခြုံရေးဆိုင်ရာ ပြစ်ဒဏ် Apple Daily သတင်းစာတည်ထောင်သူ အသက် ၇၈ န
🚔 🚨ထောင်ဒဏ် အနှစ် ၂၀ - ဟောင်ကောင်၏ အပြင်းထန်ဆုံး အမျိုးသားလုံခြုံရေးဆိုင်ရာ ပြစ်ဒဏ် Apple Daily သတင်းစာတည်ထောင်သူ အသက် ၇၈ နှစ်အရွယ် ဂျင်မီလိုင် (Jimmy Lai) သည် တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးဥပဒေအရ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခြင်းခံခဲ့ရသည်။ ၎င်းသည် အဆိုပါဥပဒေဖြင့် ချမှတ် ခဲ့သမျှ ပြစ်ဒဏ်များထဲတွင် အကြာမြင့်ဆုံး ပြစ်ဒဏ်လည်းဖြစ်သည်။ ဂျင်မီလိုင်သည် ပြည်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်မှု၊ ဆူပူအုံကြွစေမည့် အကြောင်းအရာများ ထုတ်ဝေရန် ကြံစည်မှုတို့ဖြင့် ပြစ်ဒဏ်စီရင်ခံရခြင်းဖြစ်ပြီး ၎င်းသည် လက်ရှိတွင်လည်း အချုပ်ထဲ၌ ၅ နှစ်ကျော်ကြာ နေထိုင်ခဲ့ပြီးဖြစ်သည်။ 📰 အာဏာပိုင်များ၏ ပြောကြားချက်အရ ၎င်းသည် သတင်းစာပညာကို အလွဲသုံးစားလုပ်ကာ လုံခြုံရေးကို ခြိမ်းခြောက်သည့် လုပ်ဆောင် ချက်များကို လုပ်ဆောင်ခဲ့သည်ဟု ဆိုသော်လည်း ဝေဖန်ရေးသမားများကမူ ယခုလုပ်ရပ်သည် သတင်းလွတ်လပ်ခွင့်ကို ရိုက်ချိုးလိုက်သည့် ပြင်းထန်သော ထိုးနှက် ချက်တစ်ခု ဖြစ်သည်ဟု ထောက်ပြနေကြသည်။ News Of Myanmar NOM

အောင်မြေသာစံမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် ငလျင်လှုပ်ခတ်မှုများဖြစ်ပွား NOM၊ဖေဖော်ဝါရီ၁၀၊၂၀၂၆ မြန်မာနိုင်ငံအတွင်းရှိ ယနေ့ဖေဖော် ဝါရီ ၁၀ ရက်နံနက်ပိုင်းကပုဗ္ဗသီရိမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့ ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်လှုပ်ခတ်မှုများဖြစ် ပေါ် ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် တွင်ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်နံနက် ၂ နာရီ ၃၄ မိ နစ် ကအောင်မြေသာစံမြို့နယ်မြောက်ဘက်(၇)မိုင်ခန့်အကွာ အနက်(၁၃) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ အလာတူ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၏ အရှေ့မြောက်ဘက် (၁၅)မိုင်ခန့်အကွာ အနက်(၁၄)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃ ဒသမ ၀)အဆင့်ရှိ အင် အားအနည်းငယ်ရှိသောငလျင်တစ်ခုသည် ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်နံနက် ၆ နာရီ ၂၂ မိနစ် ၈ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ဆီဘောက်ဆာအတွင်း ဆီဂျိုးရှင်းသူ အမျိုးသားနှစ်ဦး အောက်ဆီဂျင်ပြတ် သေဆုံး NOM၊ဖေဖော်ဝါရီ၁၀၊၂၀၂၆ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အတွ
ဆီဘောက်ဆာအတွင်း ဆီဂျိုးရှင်းသူ အမျိုးသားနှစ်ဦး အောက်ဆီဂျင်ပြတ် သေဆုံး NOM၊ဖေဖော်ဝါရီ၁၀၊၂၀၂၆ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အတွင်းရှိ ဘွက်ကြီးကျေးရွာအနီး မြို့ရှောင်လမ်းတွင် ယမန်နေ့(ဖေဖော်ဝါရီ ၉ ရက်) ညနေ ၆ နာရီ၁၂မိနစ်တွင်ဆီဘောက်ဆာကားအတွင်းဆီဂျိုးဝင်ရှင်း အမျိုးသားနှစ်ဦး အောက်ဆီဂျင်ပြတ်ပြီးသေဆုံးသည့်ဟု မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ မှော်ဘီမြို့နယ် ဘွက်ကြီးကျေးရွာအနီး မြို့ရှောင်လမ်းတွင် ဂါလန် ၇၅၀၀ ဆံ့ ဆီဘောက်ဆာယာဉ်အတွင်းဆီဂျိုးရှင်းလင်းရေးလုပ်သည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်နှစ်ဦး အောက်ဆီဂျင်ပြတ်ပြီး သတိမေ့သွားသည့်သတင်းအရသွားရောက်ကူညီခဲ့ပြီးဆေးရုံပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ အောက်စီဂျင်ပြတ်၍ သတိမေ့နေကြောင်း သတင်းရရှိသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်း မှ မီးသတ်ယာဉ်တစ်စီး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးမြန်မာနိုင်ငံဘက်စုံလူမှုကူညီရေးအသင်းယာဉ်ဖြင့် မှော်ဘီမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ည၆နာရီ၅၅မိနစ်တွင်အမျိုးသားနှစ်ဦးလုံးသေဆုံးသွားကြောင်းသိရသည်။

Repost from NOM
+1
အီတလီနိုင်ငံ၊ Puglia မြို့မှာ မျက်နှာဖုံးစွပ်ထားတဲ့ သူခိုးတွေနဲ့ ရဲတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့‌ပြီး ဟောလိဝုဒ်ရုပ်ရှင်ခန်းတွေကို မြင်တွေ့ရသလိုမျိုး ဖြစ်ခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အဝေးပြးလမ်းမကြီးပေါ်မှာ သူခိုးတွေက ရိုင်ဖယ်တွေနဲ့ ပြန်လှန်ပစ်ခတ်ခဲ့တာာပါ။ ဖြစ်ပွားရတာကတော့ ငွေသားတွေ သယ်ဆောင်လာတဲ့ ဗင်ကားကို ဖောက်ခွဲပြီး လုယက်ဖို့ ကြိုးစားရာကနေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ လုယက်မှုကတော့ မအောင်မြင်ခဲ့ဘဲ ၂ဦးကို ဖမ်းဆီးရမိခဲ့ကာ အခြားသူတွေကတော့ ဖြတ်သန်းသွားလာနေတဲ့ ကားတွေကို ခြိမ်းခြောက်ကာ လုယက်ပြီး မောင်းနှင်ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။ News Of Myanmar NOM

Repost from NOM
NATO မဟာမိတ်အဖွဲ့ရဲ့ ယူကရိန်းအတွက် ဦးစားပေးလိုအပ်ချက်စာရင်းဆိုတဲ့ အစီအစဉ်မှာ ပါဝင်ဖို့ ဂျပန်က ငြင်းဆန်လိုက်ပါတယ်။ ကိယက်ဗ်အတွက
NATO မဟာမိတ်အဖွဲ့ရဲ့ ယူကရိန်းအတွက် ဦးစားပေးလိုအပ်ချက်စာရင်းဆိုတဲ့ အစီအစဉ်မှာ ပါဝင်ဖို့ ဂျပန်က ငြင်းဆန်လိုက်ပါတယ်။ ကိယက်ဗ်အတွက် အမေရိကန်ထုတ်ပစ္စည်းတွေကို ဝယ်ယူဖို့ တိုကျိုက သဘောမတူကြောင်း ပြောဆိုခဲ့တာပါ။ ဒါပေမယ့် ယူကရိန်းလူ့အဖွဲ့အစည်းနဲ့ စီးပွားရေးကို ထောက်ခံမယ်လို့ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် Minoru Kihara က သတင်းထောက်တွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။ News Of Myanmar NOM

📹 🚔 လိင်ရာဇဝတ်ကောင် အက်ပ်စတိန်း (Epstein) ၏ အကျဉ်းထောင်မှတ်တမ်းဗီဒီယိုများကို FBI အေးဂျင့်တစ်ဦးကဖျက်ဆီးခဲ့ကြောင်း ဖိုင်မှတ်
+1
📹 🚔 လိင်ရာဇဝတ်ကောင် အက်ပ်စတိန်း (Epstein) ၏ အကျဉ်းထောင်မှတ်တမ်းဗီဒီယိုများကို FBI အေးဂျင့်တစ်ဦးကဖျက်ဆီးခဲ့ကြောင်း ဖိုင်မှတ်တမ်းများအရ သိရှိရ ဂျက်ဖရီ အက်ပ်စတိန်း မသေဆုံးမီ ရက်ပိုင်းအလိုတွင် ၎င်း၏ အကျဉ်းခန်းကို စောင့်ကြည့်နေသည့် လုံခြုံရေးကင်မရာစနစ်အားလုံး "ချို့ယွင်းသွားခဲ့သည်" ဟု နည်းပညာမှတ်တမ်းများက ဖော်ပြနေသည်။ ထို့ပြင် ပျက်စီးသွားသော Hard Drive ကို FBI အေးဂျင့်တစ်ဦးက လာရောက်ဖြုတ်ယူသွားခဲ့ပြီး ယခင် ရှိနှင့်ပြီးသား မှတ်တမ်းဗီဒီယိုများအားလုံးကိုပါ အပြီးတိုင် ဖျက်ဆီးပစ်လိုက်ကြောင်း အဆိုပါဖိုင်မှတ်တမ်းများအရ သိရှိရသည်။ News Of Myanmar NOM

အမေရိကန်၏ တိုက်ခိုက်မှု ဖြစ်ပွားလာနိုင်သည့် အခြေအနေကို ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အီရန်နိုင်ငံသည် ၎င်းတို့၏ သန့်စင်ထားသော ယူရ
+3
အမေရိကန်၏ တိုက်ခိုက်မှု ဖြစ်ပွားလာနိုင်သည့် အခြေအနေကို ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အီရန်နိုင်ငံသည် ၎င်းတို့၏ သန့်စင်ထားသော ယူရေနီယံသိုလှောင်ရုံများရှိရာ အစ္စဖာဟန် (Esfahan) နျူကလီးယားစခန်းရှိ မြေအောက်လှိုဏ်ဂူအဝင်ဝအားလုံးကို အပြီးအပိုင် ပိတ်ဆို့လိုက်ပြီဖြစ်သည်။ News Of Myanmar NOM

🇮🇷 🇹🇷 🇺🇸 အီရန်နိုင်ငံ ဖော်ဒိုး (Fordow) နျူကလီးယားစခန်း ဗုံးကြဲခံရမှုနှင့် ပတ်သက်၍ တူရကီနိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ဖော်ပြောကြားချက် အမေရိကန်က အီရန်နိုင်ငံရှိ ဖော်ဒိုးနျူကလီးယားစခန်းကို ဗုံးကြဲတိုက် ခိုက်ခြင်းမပြုမီ အီရန်ဘက်သို့ ကြိုတင်အကြောင်းကြားခဲ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန် ဖီဒန် က အတည်ပြု ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်ပြောကြားရာတွင် "၁၂ ရက်ကြာ စစ်ပွဲအတွင်း တစ်ရက်မှာတော့ ကျွန်တော်တို့ဆီကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုဆီက ဖုန်းဝင်လာပါတယ်။ သူက 'လာမယ့် နာရီအနည်းငယ်အတွင်းမှာ တစ်ခုခု ဖြစ်လာနိုင်တယ်ဆိုတာကို အီရန်ဘက်ကို အသိပေးလိုက်ပါ' လို့ ပြောခဲ့တဲ့အတွက် ကျွန်တော်တို့ အကြောင်းကြားပေးခဲ့ပါတယ်" ဟု ထည့်သွင်းပြောဆိုခဲ့သည်။ News Of Myanmar NOM

🇮🇷 🇷🇺 🇨🇳 အီရန်နိုင်ငံပိုင် Boeing 747 ကုန်တင်လေယာဉ်တစ်စင်းသည် မော်စကိုမြို့မှ တေဟီရန်မြို့သို့ ဆိုက်ရောက်လာခဲ့ပြီး အလား
+1
🇮🇷 🇷🇺 🇨🇳 အီရန်နိုင်ငံပိုင် Boeing 747 ကုန်တင်လေယာဉ်တစ်စင်းသည် မော်စကိုမြို့မှ တေဟီရန်မြို့သို့ ဆိုက်ရောက်လာခဲ့ပြီး အလားတူ အခြားကုန်တင်လေယာဉ်တစ်စင်းသည်လည်း တေဟီရန်မြို့မှ တရုတ်နိုင်ငံရှိ အမည်မဖော်ပြသည့် အရပ်ဒေသတစ်ခုသို့ ပျံသန်းထွက်ခွာသွားခဲ့သည်။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း ရုရှားနှင့် တရုတ်နိုင်ငံတို့မှ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်း အမြောက်အမြားသည် အီရန်နိုင်ငံအတွင်းသို့ စဉ်ဆက်မပြတ် ဝင်ရောက်လျက်ရှိကြောင်းသိရှိရသည်။ News Of Myanmar NOM