အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ
Kanalga Telegram’da o‘tish
Ko'proq ko'rsatish
1 031
Obunachilar
Ma'lumot yo'q24 soatlar
-37 kun
-1230 kun
Postlar arxiv
နေမခနဲ့ စံမဒီတို့ ဆိုင်ထဲက ထွက်သွားတာနဲ့ အလင်းချိုက ဟန်သော်လင်းကို မဝံ့မရဲကြည့်ပြီး ကျေးဇူးတင်စကားပြောလိုက်တယ်။
ဟန်သော်လင်းက ဘာမှပြန်မပြောဘဲ ခပ်ယဲ့ယဲ့လေးပြုံးနေမိတယ်။
@@@@@@@@@@@@@@@@@
အပိုင်း ( ၃၆ ) ဆက်ရန်
ဧကြည်ဖြူ
အပိုင်း (၃၆) ကို ရှည်ရှည်လေးရေးပေးပါမယ်
ဒီစကားကိုတော့ အလင်းချို ခပ်မြန်မြန်ပဲ အဖြေပေးလိုက်မိတယ်။ နောက်တစ်လနှစ်လလောက်ဆိုရင် အလင်းချိုစိတ်ကူးထားတာတွေလဲ အဆင်ပြေနိုင်လောက်သလို ငွေလဲအတော်အတန်စုမိမယ်ထင်ပါရဲ့။တကယ်တမ်းအလင်းချိုတို့ရဲ့ အလုပ်က ဘာမှပင်ပင်ပန်းပန်း မလုပ်ရဘဲ ပေးထားတဲ့လစာကတော့ မက်လောက်စရာပဲလေ။ဆိုင်တွေက ဝင်ငွေကောင်းတယ်ဆိုပေမဲ့ အမေ့မှာ ဘာလို့ငွေတွေ ဒီလောက်ပေါများနေလဲ ဆိုတာကို အလင်းချိုသိချင်နေမိတာတော့ အမှန်ပဲ။ပြီးတော့ အမေနဲ့ မမမိုးရဲ့ ဆက်ဆံရေးကိုကြည့်ရတာလဲ အလင်းချို ရင်ထဲမှာ ဘဝင်မကျမိသလိုပဲ။ မမမိုးပုံစံက ခင်မင်နှစ်လိုဖွယ်ကောင်းတယ်လို့ ထင်ရပေမဲ့ တစ်ခါတလေမှာ အလင်းချိုကို ကြည့်တဲ့ မမမိုးရဲ့ မျက်လုံးတွေက ကြောက်စရာကောင်းတယ်လို့ ထင်နေမိတယ်။
" အလင်း ...ကော်ဖီသောက်ရအောင်ကွာ ...ခဏလေးပါ "
~~~~
"လာပါကွာ ...ကော်ဖီဆိုင် ခဏထိုင်ရအောင် ... ကော်ဖီလေးသောက်ရုံနဲ့တော့ မိုးမလင်းလောက်ပါဘူး ကိုနေရယ် ...တံတားကျော်တာနဲ့ အိမ်ရောက်နေပြီးကိုကွာ "
မစံရဲ့ ဇွတ်ခေါ်မှုကြောင့် နေမခမှာ ကော်ဖီဆိုင်ထဲကို ဝင်ခဲ့လိုက်ရတယ်။လူက ကော်ဖီဆိုင်ထဲကို ၀င်လာခဲ့ရပေမဲ့ စိတ်ကအိမ်ကိုပြန်ချင်စိတ်ပဲဖြစ်နေမိတယ်။
~~~~~~
ဆိုင်ထဲကို ဝင်ဝင်ချင်းမှာပဲ ထောင့်ကစားပွဲမှာထိုင်နေတဲ့ အလင်းချိုနဲ့ ဟန်သော် လင်းကို ကြည့်ပြီး နေမခ အကြည့်ကို ဖျတ်ခနဲလွှဲလိုက်မိတယ်။နေမခက အကြည့်ကိုလွှဲလိုက်ပေမဲ့ စံမဒီကနေမခရဲ့ လက်မောင်းကို ဖက်တွယ်လိုက်ပြီး အလင်းချိုတို့ထိုင်နေတဲ့ ဝိုင်းဆီကို တည့်တည့် လျှောက်သွားခဲ့တယ်။
" မတွေ့တာကြာပြီနော် အလင်း ... စံတို့ ရောထိုင်လို့ရမလား "
ရုတ်တရက် ရှေ့တည့်တည့်ကို ရောက်လာတဲ့ နေမခတို့ကို ကြည့်ပြီး ဟန်သော် လင်းနဲ့ အလင်းချိုတို့ အံ့ဩသွားမိကြတယ်။အလင်းချိုမှာ အံ့ဩရံမျှမကဘဲ ခနွာကိုယ်လေးပါဆတ်ခနဲ တုန်ယင်သွားတာကို ဟန်သော်လင်းကရိပ်မိလိုက်တာမို့
အလင်းချိုရဲ့ လက်ကလေးကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်မိတယ်။
"ဟုတ်ကဲ့ ..ရပါတယ် ...ထိုင်ပါဗျာ..."
ဟန်သော်လင်းက ဟန်မပျက်ပြန်နှုတ်ဆက်လိုက်ပြီး နေရာပေးလိုက်တယ်။
"အလုပ်က ပြန်လာကြတာ ထင်တယ် ... အလင်းနဲ့ကတော့ သိပါတယ် ... ဒီက ကို ...နာမည်ဘယ်လိုခေါ်လဲ မသိဘူး "
စံမဒီက နေမခရဲ့ လက်မောင်းကို ပိုင်ပိုင်နိုင်နိင် ချိတ်ထားရင်းပဲ ခုံမှာထိုင်လိုက်ပြီး နှုတ်ဆက်စကားပြောလာတယ်။
နေမခကတော့ နှုတ်ဆိတ်ပြီး ခပ်စိမ်းစိမ်း ထိုင်နေတယ်။
"ဟုတ်ကဲ့ ကျွန်တော့်နာမည်ဟန်သော်လင်းပါ ... အလင်းရဲ့ချစ်သူပါ "
ဟန်သော်လင်းရဲ့ စကားကြောင့် နေမခက ခပ်စူးစူး တစ်ချက်ကြည့်တယ်။
အလင်းချိုက ဟန်သော်လင်းကို မျက်လုံးပြူးလေးနဲ့ တစ်ချက်မော့ကြည့်ပြီး ခေါင်းကို ပြန်ငုံ့ထားလိုက်တယ်။
"သြော်...အလင်း ချစ်သူလား ... တွေ့ရတာဝမ်းသာပါတယ်နော် ...စံတို့ကတော့ ရှေ့လထဲမှာ စေ့စပ်ပြီး... နှစ်ကုန်ရင် လက်ထပ်ကြတော့မှာလေ ... အလင်းတို့က ရော ဘယ်တော့ စားရမှာလဲ ... တစ်ယောက် တစ်လှည့်ပွဲတက်ရအောင်လေ ...ဟင်း ...ဟင်း ''
စံမဒီရဲ့ စကားကြောင့် အလင်းချိုရဲ့ မျက်နှာလေး သိသိသာသာပျက်သွားတာကို ဟန်သော်လင်းရိပ်မိလိုက်တယ်။မစံဆိုတဲ့မိန်းမက ဒီစကားတွေကို တမင်လာပြော နေတယ်ဆိုတာကိုပါ ရိပ်မိလိုက်တော့ ဟန်းသော်လင်း ဒေါသထွက်လာမိတယ်။ဖြစ်နိုင်ရင် စံဆိုတဲ့ မိန်းမကိုရော နေမခကိုပါ ဆိုင်ထဲက ဆွဲထုတ်ပစ်လိုက်ချင်တာ။ဟန်သော်လင်းမှာ စိတ်ကို မနည်းထိန်းထားရတယ်။
"နှစ်ကုန်ရင် လက်ထပ်ကြတော့မှာပေါ့လေ ဂုဏ်ပြုပါတယ်ရှင် . ... ဒါပေမဲ့ အလင်းတို့ရဲ့ မင်္ဂလာပွဲကများ အရင်ဖြစ်နေမလား မသိဘူးရှင့်...အဘွားက အလင်းကို စိတ်မချဘူးလို့ ပြောနေလို့ လေ ... ဝါကျွတ်တာနဲ့ လက်ထပ်ဖြစ်မယ်ထင်တယ်"
ငြိမ်သက်နေရာမှ ထပြောလိုက်တဲ့ အလင်းချိုရဲ့ စကားကြောင့် နေမခကဖျတ်ခနဲ မော့ကြည့်လိုက်တယ်။
"အလင်းချိုတို့ရဲ့ မင်္ဂလာပွဲက မစံတို့ ပွဲလောက်ခမ်းနားမှာ မဟုတ်ပေမဲ့ ...လာခဲ့ဖို့ အခုကတည်းက ဖိတ်ပါရစေ ... လာမယ် မဟုတ်လား သူငယ်ချင်း ... "
အလင်းချိုက နေမခရဲ့ မျက်နှာကို စေ့စေ့စိုက်ကြည့်ပြီး မေးလိုက်တယ်။
နေမခက စကားတစ်ခွန်းမှ ပြန်မပြောဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး အလင်းချိုကို စိုက်ကြည့်နေတယ်။အလင်းချိုကလဲ အကြည့်ကို မလွှဲဘဲ နေမခမျက်နှာကို ခပ်စူးစူး ပြန်စိုက်ကြည့်နေလိုက်တယ်။
စံမဒီနဲ့ ဟန်သော်လင်းကတော့ ပွဲကြည့်ပရိတ်သတ်တွေပမာ နေမခနဲ့ အလင်းချိုတို့ရဲ့ အကြည့်ပြိုင်ပွဲကို ကြောင်အမ်းအမ်းနဲ့ ကြည့်နေမိကြတယ်။
"ဪ ... ဟုတ်လား ... လာရမှာပေါ့...မောင့်သူငယ်ချင်းက မစံရဲ့သူငယ်ချင်းပဲပေါ့ "
အချိန်အတော်လေးကြာချိန်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် အကြည့်တွေကို မလွှဲကြဘဲ စူးစူးစိုက်စိုက်ကြည့်နေကြဆဲဖြစ်တဲ့ နေမခနဲ့ အလင်းချိုကိုကြည့်ပြီး စံမဒီက ဟန်မပျက် ၀င်ပြောလိုက်တယ် ။
"ပြန်ကြရအောင် မစံ ... နောက်ကျရင် အဘွားတို့စိတ်ပူနေလိမ့်မယ် ... "
စံမဒီရဲ့ စကားမဆုံးခင်မှာပဲ နေမခက ပြောပြောဆိုဆိုနဲ့ ထထွက်သွားတယ်။
~~~~
" ကျေးဇူးပါ ကိုလင်း "
ဟန်သော်လင်းရဲ့ တိုးတိမ်ဖျော့တော့သွားတဲ့အသံကို နားထောင်ပြီး အလင်းချိုရင်ထဲမှာလဲ တလှိုက်လှိုက်နဲ့ ဝမ်းနည်းလာမိတယ်။မိဘတွေမရှိခဲ့လို့ အဘွားရင်းကအစ ကြီးတော်တွေကပါ နှိမ်ခဲ့တာလေ။ ဘွဲ့လေးတစ်ခုရဖို့ကို ကိုယ့်လုပ်အားနဲ့ကိုယ်ကြိုးစားခဲ့တာတောင် သူတို့တွေမငြိုငြင်ရအောင် ခါးချိအောင် အိပ်အလုပ်တွေလုပ်ပေးခဲ့ရတာလေ။
"အလင်းတို့ရဲ့မိဘတွေ အတွက် အလင်းတို့တွေက အမှိုက်တွေ ဖြစ်ချင်ဖြစ်ခဲ့မှာပေါ့ ကိုလင်း...ဒါပေမဲ့ အလင်းတို့က အမှိုက်တွေ မဟုတ်ဘူး...ရှပ်တိုက်ခံရတိုင်းလွင့်မသွားဘူးဆိုတာကို သိအောင် လုပ်ပြရမှာပေါ့ ... သူတို့စွန့်ပစ်ခဲ့တဲ့ အမှိုက်တွေက ရွှေတွေဖြစ်နေတာကို သိပြီး နောင်တရစေချင်တယ် ... ဒီနေ့ကစပြီး အလင်းတို့ စိတ်သောကတွေကိုဖယ်ပြီး ပျော်ပျော်ရွှင်ရွှင်နေကြရအောင်နော် ... ပြီးတော့ ဒီတစ်ခါ ကလေးတွေဆီကို သွားရင် အလင်းလဲလိုက်မယ်လေ "
အလင်းချိုက ဟန်သော် လင်းရဲ့ လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး ပြောလိုက်တယ်။
သူ့လက်တစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး အား မာန်အပြည့်နဲ့ ပြောနေတဲ့ အလင်းချိုရဲ့ မျက်နှာလေးကို ကြည့်ပြီး ဟန်သော်လင်းရင်ထဲမှာ ကြည်နူးနေမိသလို စိတ်မလုံသလိုလည်း ဖြစ်နေမိတယ်။တဆက်တည်းမှာပဲ သူ့အကြောင်းတွေကို သိသွားမှာကိုလဲ စိုးရိမ်လာမိတယ်။
" ပျော်ပျော်နေပါဆိုမှ ဘာတွေတွေးနေပြန်တာလဲ ကိုလင်း ..လာပါ... ဒီနေ့တော့ အိမ်မှာ ထမင်းလိုက်စားပါ ... ကားကို အိမ်ရှေ့ ထိမောင်းလိုက်တော့ "
ကားလေးက အိမ်ရှေ့မှာ ထိုးရပ်သွားတယ်။အလင်းချို နဲ့ ဟန်သော်လင်း အိမ်ထဲကို၀င်ခဲ့လိုက်ကြတယ်။
ဒီမြင်ကွင်းကို ခမ်းလှမ်းလှမ်းကနေ လှမ်းကြည့်နေမိတဲ့ နေမခ ။လမ်းသွယ်လေးရဲ့ လမ်းထိပ်တစ်ဖက်ခြမ်းမှာ ကားကိုရပ်ထားမိပြီး လှမ်းကြည့်နေမိတယ်။ကိုယ်အလုပ်ပြန်ချိန်နဲ့ သူ့တို့ ပြန်ချိန်ကလည်း တိုက်ပဲတိုက်ဆိုင်လွန်းနေခဲ့တာလား။
~~~~~
" အလင်းက လိုက်ဖို့လိုလို့လား .... ဟိုမှာ ဘာမှ လုပ်စရာမရှိဘဲနဲ့ "
အလင်းချိုက မကျေမနပ်ပြောလိုက်မိတယ်။အရင်နေ့တွေကဆိုရင် ဆိုင်တွေရဲ့ရတဲ့ ၀င်ငွေနဲ့ ထွက်ငွေကို စစ်ပေးရုံပဲ ၊၊ပြီးရင် ရတဲ့ငွေအမောက်တွေ ပြည့်မပြည့်ကိုလဲစစ်ပေးရတယ်။ဒါကလဲ အိမ်မှာပဲ ယူလုပ်တာ။ဆိုင်ကို တစ်ခါတလေမှ လိုက်သွားရတာလေ။အခုတော့ ဆိုင်တွကို နေ့တိုင်း သွားကြည့်ပေးရမယ်တဲ့လေ။တစ်ယောက်တည်း သွားရမှာတော့ မဟုတ်ဘူး ထက်ပိုင်ဆိုတဲ့လူနဲ့ သွားရမှာတဲ့ ။သွားရမယ့်ဆိုင်ကလဲ ကေတီဗီ၊ အနှိပ်ခန်းတွေ။
"ဘယ်လိုဖြစ်နေတာလဲ အလင်းချို ...ဆိုင်မန်နေဂျာနယ်ကို ခရီးသွားလို့ မင်းတို့ကို ခဏအကူအညီတောင်းတာပါ ... ငါ့ဆိုင်တွေက စည်းနဲ့ ကမ်းနဲ့ ဖွင့်ထားတဲ့ဆိုင်တွေပါ...ဆိုင်မှာအလုပ်လုပ်နေတဲ့သူတွေအားလုံး ဝမ်းရေးအတွက် လုပ်နေကြသူတွေချည်းပဲ .. မင်းထင်သလို မကောင်းတဲ့နေရာမဟုတ်ဘူး သိထား ....''
အလင်းချို ဘာမှခွန်းတုံ့ပြန်မပြောတော့ဘဲ မင်းထက်ဆိုသူနဲ့ အတူထွက်လာခဲ့လိုက်တယ်။
~~~~
ယောက်ျားပီသတဲ့စိတ်ဆိုတာ ဘာကိုခေါ်တာလဲ။ မိန်းမသားတွေကို ဂရုတစိုက် ရှိတာကို ပြောတာလား။ ကိုယ့်ထက် အားနည်းတဲ့သူကို ငဲ့ညှာတတ်တဲ့စိတ်ကို ပြောတာလား။ ဒါဆိုရင် အလင်းချိုရှေ့မှာ ရှိနေတဲ့ ဒီယောက်ျားက ယောကျာ်းပီသသူလား ။ ဒါမှမဟုတ် လိုချင်တာရှိလို့ ဟန်ဆောင်ပြနေသူလား။အလင်းချို ယောကျာ်းတွေအကြောင်းကို မသိပါဘူး။ ဖခင်နဲ့ တောင် ရင်းရင်းနှီးနှီး မနေဖူးခဲ့ဘူးလေ။ ဘ၀မှာ ဒီနေ့အချိန်အထိ ရင်းရင်းနှီးနှီး ပြောဆိုဖူးတာဆိုလို့ နေမခနဲ့ ဟန်သော်လင်းပဲရှိတာလေ။
"ပေးပါ...ကျွန်တော် ဖွင့်ပေးမယ် "
ပြောပြောဆိုဆိုနဲ့ လှမ်းယူလိုက်တာမို့ အလင်းချိုလက်ထဲကရေသန့်ဘူးက သူ့လက်ထဲကို စွေ့ခနဲ ပါသွားတယ်။ ထမင်းစားတော့လည်း သူ့ထမင်းကို သူ့မစားဘဲ့ ဟင်းပန်းကန်တွေကို အလင်းချို ဘက်ကို ဂရုတစိုက် ချပေးနေတယ်။တကယ်ဆို ကိုယ့်ဟင်းနဲ့ကိုယ် ကိုယ်ကြိုက်တာမှာစား ကြာတာလေ။ဘာမှတကူးတက ဦးစားပေးနေစရာကို မလိုတာ။ သူ့ပုံစံက အလင်းချိုကို တမင်ကိုဦးစားပေးနေပုံနဲ့လေ။ သူ့ရုပ် သူ့ရည်နဲ့တော့ အလင်းချိုလို လူမျိုးကို မြင်မြင်ချင်းသံယောဇဉ် ဖြစ်မိတာ ဘာညာဆိုတာမျိုးလဲ ဖြစ်စရာမရှိတာသေချာတယ်။ပြီးတော့ အလင်းချိုကသူ့ထက် အသက်တစ်နှစ်ကျော်ကြီးလို့ ရိုရှိသေသေဆက်ဆံနေတာမျိုးလဲ မဟုတ်လောက်ဘူး။အတွေးရတော့ ကြပ်လှတယ်။တစ်ပတ်ကျော်အတွင်းမှာပဲ ဒီကောင်လေးရဲ့ ဂရုတစိုက်ငဲ့ညှာတတ်တဲ့စိတ်လေးနဲ့ ဟာသတွေပြောတတ်တာကိုတော့ အလင်းချိုသဘောကျမိတာအမှန်ပဲ။တစ်ခုပဲ တစ်ခါတစ်ခါ မလိုအပ်ဘဲ အနားကို အတင်း တိုးကပ်လာတတ်တဲ့အကျင့်ကိုတော့ သဘောမကျဘူး။
~~~~~~
"အလင်းရဲ့အလုပ်က သူဋ္ဌေးအိမ်မှာပဲလုပ်ရတာလား "
ဟန်သော်လင်းက ကားမောင်းနေရင်းကနေမေးလိုက်တယ်။
" အင်း ... ခုတလောတော့ သူ့ဆိုင်တွေကို သွားကြည့်ပေးနေရတယ် "
" ဘာဆိုင်တွေလဲ အလင်း "
ဟန်သော်လင်းရဲ့ အမေးကြောင့် အလင်းချိုကိုယ်လေးဆတ်ခနဲ တုန်သွားမိတယ်။
"ဟို ...ဟိုလေ အလှပြင်ပစွည်းတွေ ရောင်းတဲ့ဆိုင်တွေပါ"
မလိမ်းစဖူး အလင်းချိုလိမ်ညာပြောလိုက်မိတယ်။
"အင်းပါ ..အဆင်ပြေရင် ပြီးတာပဲ...အလုပ်ထွက်ဖို့အစီအစဉ်ရောရှိသေးလား "
" အင်း အလုပ်ကထွက်မှာ ... "
ဧကြည်ဖြူ
"သံယောဇဉ်ကမ်းပါး
အပိုင်း (၃၅ )
******
" စေ့စပ်ရုံပဲဆိုတော့ ...မမြင့်မော်တို့ အိမ်မှာပဲ... နှစ်ဘက်မိဘတွေနဲ့ ဆွေမျိုးသားချင်းတွေလောက်ပဲ ဖိတ်မလား ... မြေးကြီးရဲ့ သဘောကရော "
မြေးဖြစ်သူကို ဘွားချို ကမေးလိုက်တယ်။
အဘွားတို့ပဲ စီစဉ်လိုက်ပါ...ကျွန်တော် အလုပ်တွေ မအားလို့ "
" သားအတွက်အဝတ်အစားကရော.. သားတို့ဘာသာစီစဉ်မှာလား ... အမေတို့ စီစဉ်ပေးရမှာလား "
ဒေါ်အေးမြနွယ်က သားဖြစ်သူကို လှမ်းမေးလိုက်ပြန်တယ်။
"ကျွန်တော်ကတော့ ရှိတာပဲဝတ်လိုက်မယ် အမေ ... မစံကတော့ သူ့ဘာသာစီစဉ်မှာ ပေါ့"
နေမခက မိခင်ကို ခပ်အေးအေးပဲ ပြန်ပြောလိုက်တယ် ။
သားဖြစ်သူရဲ့စကားကြောင့် ဒေါ်အေးမြနွယ်က စိတ်ဘဝင်မကျ ဖြစ်သွားရပြီး
"မင်းဟာက မဟုတ်သေးပါဘူး ... ဒီပွဲက ပွဲကြီး မဟုတ်ပေမဲ့မင်္ဂလာယူမယ့် ပွဲလေ... အသစ်တစ်စုံလောက်တော့ ဝယ်မှဖြစ်မှာပေါ့....ပွဲက နောက်လမှမဟုတ်လား ... အချိန်ရသေးတာပဲ ...သားတို့မအားရင်လဲ အမေတို့စီစဉ်ပေးမယ် "
"ရပါတယ် အမေရာင်း အဝတ်အစားက အရေးကြီးမကြီးပါဘူး ...အမေလဲ မအားဘူးမဟုတ်လား ... အမေနဲ့ ညီမလေး အွန်လိုင်းရှော့လေးလုပ်မလို့ဆို ...အမေ့အလုပ်ကိုပဲအာရုံစိုက်ပါ ...လိုအပ်တာရှိရင်လဲ ကျွန်တော့်ကိုပြော ..."
ဒေါ်အေးမြနွယ်နဲ့ဘွားချိုက နေမခရဲ့ အပြုအမူကြောင့် စိတ်မရှည်ချင်တော့ပေ။
"သားကြီး မင်းဘာဖြစ်နေတာလဲ ..စိတ်မပါရင်လဲ ဒီပွဲကို မလုပ်နဲ့ ...တစ်ဖက်သားမိန်းခလေးကိုတော့ စိတ်ဆင်းရဲအောင် မလုပ်နဲ့ ... စီးပွားရေးအရဆိုရင်လဲ အမေတို့ကို ငဲ့စရာမလိုဘူး ... ထမင်းတစ်လုတ်ကတော့ အမေတို့ ဘာသာ ရှာစားနိုင်တယ် ... ငွေချမ်းသာဖို့ မလိုဘူး စိတ်ချမ်းသာဖို့ပဲလိုတယ်.... နောက်မှ စိတ်ပြောင်းတာမျိုး လုပ်လို့မရဘူး "
ဒေါ်အေးမြနွယ်က ဒေါသသံနဲ့ ပြောလိုက်မှ နေမခက မိခင်ဖြစ်သူကို ခေါင်းမော့ကြည့်လိုက်ပြီး
"မဟုတ်ပါဘူး အမေ ... ကျွန်တော် အလုပ်များနေလို့ပါ ...ဘာပြဿနာမှ မဖြစ်စေရပါဘူး စိတ်ချပါ ... မစံလိုမျိုး အဘက်ဘက်က ပြီးပြည့်စုံတဲ့ မိန်းခလေး ဘယ်မှာရှိလို့လဲ ... ကျွန်တော် ယောက်ျားပါ ကိုယ့်တာဝန်ကိုယ်ယူတတ်ပါတယ် "
" ကဲ အေးမြနွယ်ရေ နင်လဲ ဘာမှ စိတ်ပူမနေနဲ့တော့ ... ငါ့မြေးစိတ်ကို ငါတော့ယုံတယ် ...မြေးကြီးကိစ္စပြီးရင်တော့ အလင်းချိုလေးကိစ္စကိုလဲ ငါတို့ပဲလုပ်ပေးရမယ်ထင်တယ် ... အလင်းချိုအဘွားက ဒေါ်လေးစန်းနဲ့ ပြောခိုင်းလိုက်တယ်လေ ... သူ မသေခင် သူ့မြေးကို အိမ်ထောင်ချပေးချင်လို့တဲ့...အဲဒါ ဟန်သော်လင်းဆိုတဲ့ကောင်လေးကို ကြည့်ပေးပါအုံးတဲ့လေ ... ကောင်လေးကလဲ အဘွားနဲ့ ဒေါ် လေးစန်းဆီမှာ တောင်းရမ်းတယ်တဲ့.... ဒီကောင်လေးပုံကြည့်ရတာ မဆိုးပါဘူး ..အလင်းချိုလေးကို ချစ်ပုံပဲ ."
ဆိုင်တာ မဆိုင်တာတော့ မသိ။ဘွားချိုက သူပြောချင်တာကို ပြောလိုက်တယ်။
ဘွားချိုစကားကြောင့် ဒေါ်အေးမြနွယ်က သားဖြစ်သူကို လှမ်းကြည့်လိုက်မိတယ်။နေမခပုံစံကတော့ ခပ်အေးအေးပဲ ဘွားအေးကြီးပြောနေတာကို မကြားတာပဲလား။ မကြားချင်ယောင်ဆောင်နေတာပဲလားမသိ။
" ကျွန်တော် သွားအိပ်တော့မယ် ... အဘွားနဲ့ အမေလဲ အိပ်တော့လေ "
~~~~~
"အလင်း တစ်ခုခုဖြစ်နေတာလားဟင် ... မနေ့ညက ဖုန်းခေါ်တော့လဲ စိတ်ပိတ်ထားတယ်တဲ့...ကျွန်တော်က စိတ်ပူနေတာ "
ဟန်သော်လင်းက အလင်းချိုရဲ့ မျက်နှာလေးကို ကြည့်ပြီး ပြောလိုက်တယ်။
'" ကိုလင်းမှာ မိဘတွေရှိလားဟင် .."
မထင်မှတ်ထားတဲ့ အလင်းချိုရဲ့ မေးခွန်းကြောင့် ဟန်သော်လင်း အံ့သြတွေဝေသွားမိတယ်။
"အလင်းသာ နားထောင်မယ်ဆိုရင် ကျွန်တော့်ဘ၀အကြောင်းကို ပြောပြပါ့မယ် "
"နားထောင်မယ်လေ "
အလင်းချိုက ဟန်သော်လင်းရဲ့ မျက်နှာကို ကြည့်ပြီး ပြန်ပြောလိုက်တယ်။
"ကျွန်တော့်ဘဝအကြောင်းက သိပ်တော့ မထူးဆန်းပါဘူး အလင်းရယ် ... စိတ်အလိုလိုက်ပြီး ရူးမိုက်ခဲ့ကြတဲ့ လူနှစ်ယောက်ကြောင့် ကျွန်တော်ဆိုတာ ဖြစ်လာခဲ့တာပေါ့ ...ဒါပေမဲ့ မေတ္တာစစ်တွေကြောင့် ရလာခဲ့တဲ့ ကလေးမဟုတ်တော့ သူတို့အတွက် ကျွန်တော်က အမှိုက်ပါဘဲ ... သူတို့တွေ မလိုချင်တဲ့ ...မနှစ်သက်တဲ့ အမှိုက်ပေါ့ ..."
ဟန်သော်လင်းက သူ့ဘဝအကြောင်းကို ဖုံးကွယ်သင့်တာ ဖုံးကွယ်ပြီး ပြောလိုက်တယ်။
ဟန်သော်လင်းရဲ့ စကားတွေကို နားထောင်ပြီးတဲ့နောက် ဟန်သော်လင်းရဲ့ မျက်နှာကို အလင်းချိုသနားကြင်နာစိတ်နဲ့ ခပ်ငေးငေးကြည့်နေမိတယ်။
"အဲ့ဒါဆို ကိုလင်းရဲ့ အမေကို မသိအောင်ပဲ သွားခိုးကြည့်နေမှာလား ...ခေါ်ဖို့အစီအစဉ်မရှိဘူးလားဟင် "
အလင်းချိုရဲ့ အမေးကို ဟန်သော်လင့် ခေါင်းကို အသာယမ်းပြလိုက်ပြီး
"မပြောတော့ပါဘူး အလင်းရယ် ... အကြိမ်ကြိမ်စွန့်ပစ်ခံခဲ့ရပြီးပြီပဲ ...ဘာကိုမှ မမျှော်လင့်တော့ပါဘူး .... ဒီလိုလေးပဲ သတိရတဲ့အခါသွားကြည့်ရရုံနဲ့ ကျေနပ်ပါတယ်"
မမဆွေရဲ့ အိမ်အကူ အဒေါ်ကြီးက ပြောနေပေမဲ့ အလင်းချိုက ကြက်မွေးတံကို ယူလိုက်ပြီး အဒေါ် ကြီးရဲ့ နောက်ကနေ အခန်းထဲကို လိုက်ဝင်လာခဲ့တယ်။ အခန်းက မမဆွေရဲ့ အခန်း။ မမဆွေအခန်းက နေ့တိုင်း သန့်ရှင်းရေးလုပ်ပေးစရာမလိုဘူး ။ မမဆွေလုပ်ခိုင်းတဲ့နေ့ပဲ လုပ်ပေးရတာ။ ဒီနေ့ တော့ မမဆွေတစ်ယောက် ဧည့်သည်နဲ့ သွားတွေ့တာ အလင်းချိုကို မခေါ်ဘဲ သူသွားလေရာ နောက်တကောက်ကောက်ပါတဲ့ ကားဆရာနဲ့ နှစ်ယောက်တည်း ထွက်သွားကြတယ်။ဖြစ်ချင်တော့ မမဆွေက သူသွားရေတုန်းမှာ သူ့အခန်းကို သန့်ရှင်းရေးလုပ်ခိုင်းသွားတယ်။အလင်းချိုကို ခိုင်းတာတော့ မဟုတ်ဘူး ။အိမ်အကူ အဒေါ်ကြီးကို ခိုင်းတာ။ ဒါက အလင်းချိုအတွက် အခွင့် အရေးဖြစ်လာတာလေ။ မမဆွေက သူ့အလုပ်တွေကို အိမ်မှာပဲယူလုပ်နေကြ ဆိုတော့ အလင်းချိုလဲ မမဆွေနဲ့အတူ အိမ်မှာပဲနေရတာများတယ်။ ဒါကြောင့်လဲ အိမ်အကူ အဒေါ်ကြီးနဲ့ အလင်းချိုက တော်တော်လေးရင်းနှီးနေပြီလေ။
" သမီးဝိုင်းကူတော့လဲ ..ဒေါ်ကြီး သက်သာတာပေါ့ကွယ် ... သူဌေးမအခန်းက သိပ်လဲရှင်းစရာမရှိပါဘူးကွယ် ... နံရံမှာ ချိတ်ထားတဲ့ ပုံတွေကို ဖုန်သုတ်ရုံပါပဲ "
အခန်းထဲရောက်တာနဲ့ နေရာအနှံ့ကို မျက်စိကစားလိုက်ရင်း စေ့စေ့စပ်စပ် လိုက်ကြည့်နေမိတယ်။ကြည့်နေပေမဲ့လည်း မိခင်နဲ့ ပတ်သက်ပြီး အလင်းချိုမှာ မှတ်မှတ်ထင်ထင်ရယ်လို့မှမရှိဘဲလေ။ အမေက အလှကြိုက်တယ်ဆိုတာကလွဲလို့ ကျန်တဲ့ မှတ်ဉာဏ်တွေမှ မရှိတာ။ရှားရှားပါးပါး ရထားတဲ့ ဓါတ်ပုံကလည်း ငယ်ငယ်ကပုံဆိုတော့ သေချာရေရာစွာ မခွဲခြားနိုင်သေးပါ။
"ဒါနဲ့ သူဌေးမမှာ မိသားစုမရှိဘူးလားဟင် ဒေါ်ကြီး " အလင်းချိုက ကြက်မွှေးတံနဲ့ ဖုန်တွေသုတ်နေရင်းကနေ အဒေါ်ကြီးကို မေးလိုက်တယ်။
"ရှိမှာပေါ့ ... လောကမှာ မိသားစု မရှိတဲ့သူဆိုတာ ဘယ်ရှိပါ့မလဲ ... မိသားစုနဲ့ အဆင်မပြေတဲ့သူတွေပဲရှိတာ .... သူဋ္ဌေးမ အကြောင်းကိုတော့ သိပ်မသိပါဘူး ... တစ်ခါတလေ သူဌေးမ ယောက်ျားလာတတ်တယ်... လာတယ်ဆိုပေမဲ့ တစ်နှစ်မှ တစ်ခါနှစ်ပါ... "
" ဪ.... ဟုတ်လား ...အိမ်ထောင်မရှိဘူးထင်နေတာ ...ကောင်လေးတွေနဲ့ တွဲနေတော့ "အလင်းချိုက နှုတ်ခမ်းကို ဖိကိုက်ပြီး ပြောလိုက်မိတယ်။
" အို ..မပြောနဲ့ သမီး ....အဲ့ဒါသူတို့ရဲ့ ဘ၀နေထိုင်မှုပုံစံပဲ ...ဒေါ်ကြီးတို့နဲ့ မဆိုင်ဘူး ....ဒေါ်ကြီးတို့ အလုပ်က ကိုယ်လုပ်စရာရှိတာကို လုပ်ပြီး လစာယူရုံပဲ...ကျန်တဲ့ကိစ္စတွေကို မြင်လဲ မမြင်ချင်ယောင်ဆောင်နေ ကြားလား သမီး....သူ့လို သိပ်ချောသိပ်လှတဲ့မိန်းမက တစ်ယောက် တည်းနေတာကိုကထူးဆန်းနေပြီမဟုတ်လား...သူငယ်ငယ်တုန်းက သိပ်လှတာကွဲ့ ... ဒီမှာ ကြည့်ပါလား "
"ဟင် ...."
"ဘုတ် "
အိမ်အကူ အဒေါ်ကြီးက ပြောပြောဆိုဆိုနဲ့ မှန်ဘောင်ခပ်သေးသေးတစ်ခုကို လှမ်းပြတယ်။ မှန်ဘောင်လေးကို လှမ်းယူပြီး အလင်းချို ကြည့်လိုက်မိချိန်မှာ ရင်ကဒိန်းခနဲ ဆောင့်ခုန်သွားပြီးလက်ထဲက ကြက်မွှေးတံက အောက်ကို ဘုတ်ခနဲ ပြုတ်ကျသွားခဲ့တယ်။ မှန်ဘောင်ထဲကဓါတ်ပုံက အလင်းချို ဆီမှာရှိတဲ့ ဓါတ်ပုံနဲ့ ပုံစံတူ ဓါတ်ပုံ။ဓါတ်ပုံထဲက လူရော၊ အဝတ်အစားတွေရော အားလုံးတစ်ပုံစံတည်းပါပဲ။
" အမယ်လေး တော်သေးတာပေါ့ သမီးရယ် ...ဓါတ်ပုံ ပြုတ်ကျသွားတာများလားလို့... ရင်ကိုပူသွားတာပဲ ..."
အိမ်အကူ အဒေါ်ကြီးက ပြောပြောဆိုဆိုနဲ့ အောက်မှာ ကျနေတဲ့ ကြက်မွှေးတံကို ကောက်ယူလိုက်တယ်။အလင်းချိုကတော့ ကျောက်ရုပ်ကြီးလို မတုန်မလှုပ်ရပ်နေမိတယ်။
~~~~
"ဟိုတစ်ယောက်ဘယ်မှာလဲ ... အလင်းချို... ဒီကိုလာပါအုံး "
ဧည့်ခန်းထဲက ခေါ်သံကြောင့် အလင်းချို ဧည့်ခန်းထဲကို ထွက်လာခဲ့တယ်။မျှော်လင့်ထားပြီးသားကိစ္စမို့ အလင်းချိုပုံစံက သိသိသာသာချည်း တုန်လှုပ်မနေမိပေမဲ့ မိခင်ရင်းဆိုတာ သေချာသွားပြီမို့ စိတ်က ခံစားချက်မျိုးစုံကို ခံစားနေရတယ်။
"ထိုင်အုံး ... သူက မင်းနဲ့
အလုပ်တူတူလုပ်ရမယ့်သူပဲ ... "
အလင်းချို ဧည့်ခန်းထဲကို ရောက်သွားတော့ အမေနဲ့အတူ ထိုင်နေတဲ့ ခပ်ဟော့ဟော့ပုံစံ ယောကျာ်းတစ်ယောက်ကိုတွေ့လိုက်ရတယ်။ အမေက အလင်းချိုကို တစ်ချက်မော့ကြည့်ပြီး အဲ့ဒီလူနဲ့မိတ်ဆက်ပေးတယ်။အလင်းချိုကတော့ အမေ့မျက်နှာကိုပဲ ငေးကြည့်နေမိတယ်။အလင်းချိုတောင် မှတ်မိနေတာကို အမေက နည်းနည်းလေးတောင်မမှတ်မိဘူးတဲ့လား။
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ... ကျွန်တော့် နာမည်ထက်ပိုင်ပါ "
သူက နှုတ်ဆက်ပေမဲ့ အလင်းချို ဘာမှပြန်မပြောမိဘဲ ခပ်တွေတွေနဲ့ ငေးကြည့်နေမိတယ်။
" အလင်းချို ဘာကြည့်နေတာလဲ... နှုတ်ဆက်လိုက်လေ .နောက်ဆို သူနဲ့ပဲ အလုပ်တွဲလုပ်ရမှာ "
~~~~~
"ကိုနေ ... ဖေဖေတို့က စံတို့ကို လူမြင်တင့်အောင် စေ့စပ်ထားစေချင်တယ်တဲ့ ... အမြဲတမ်းတတွဲတွဲနဲ့ဆိုတော့ အမျိုးတွေ ကြားထဲမှာလဲ ပြောစရာမဖြစ်အောင်တဲ့လေ..."
မစံရဲ့ စကားကြောင့် နေမခ ငေးငိုင်သွားမိတယ်။နှုတ်က အဖြေမပေးမိ။ခေါင်းငြိမ့်ပြလိုက်မိလေသလား မသိ။ စိတ်ကရှုပ်ထွေး နောက်ကျိသွားမိတယ်။
@@@@@@@@@@@@@@@@@
အပိုင်း (၃၅ ) ဆက်ရန်
ဧကြည်ဖြူ
" အလင်း မမှားပါဘူး ... နှလုံးသားက သူ့အလိုလိုခံစားရတာလေ... အလင်း တမင်လုပ်ကြံယူတာမှ မဟုတ်တာ....ခံစားချက်တွေကို ထိန်းချုပ်ထားတာ ပိုပင်ပန်းပါတယ် အလင်းရယ် ....လွမ်းစရာရှိရင်လွမ်းလိုက်...စိတ်တိုဒေါသထွက်စရာရှိရင်လဲ ပေါက်ကွဲ ပစ်လိုက်တ ရင်ထဲမှာ သိမ်းထားရတာပင်ပန်းတာပေါ့ "
" အင်း...ကိုလင်းပြောတာ မဆိုးဘူး ...ရှေ့လျှောက်အဲ့လိုပဲ လုပ်တော့မယ် "
နှစ်ယောက်သား စကားပြောရင်းမှ ကားလေးက အလင်းချိုတို့ရပ်ကွက်ထဲ ကို ရောက်မှန်းမသိ ရောက်လာခဲ့တော့တယ်။
"အိမ်ထိလိုက်အုံးမလား ကိုလင်း "
အလင်းချိုက ဟန်သော်လင်းကို မေးလိုက်တယ်။
" မိုးချုပ်နေပြီမို့ မဝင်တော့ပါဘူး အလင်းရယ် .....တော်ကြာ အိမ်ပိုင်ရှင်က အလင်းကို အထင်လွဲနေအုံးမယ်.... အိမ်ရောက်မှ ဖုန်းဆက်လိုက်မယ် ...ခုချိန်ကစပြီး စိတ်ဆင်းရဲစရာတွေကို မတွေးနဲ့ တော့နော် .... စိတ်တိုလို့ ပြောစရာ လူမရှိရင် ကျွန်တော့်ကို ဖုန်းသာဆက်လိုက် ဟုတ်ပြီလား "
ဟန်သော်လင်းပြောတာကို နားထောင်ပြီး အလင်းချိုက အားပါးတရ ပြုံးလိုက်တယ်။
"အင်းပါ စိတ်ချ ... အလင်းဖုန်းဆက်ရင်သာ ဖုန်းမကိုင်ဘဲ မနေနဲ့နော် ...သွားပြီ "
အလင်းချိုက နှုတ်ဆက်ပြီး အိမ်ဘက်ကို ခြေဦးလှည့်လိုက်တယ်။
" အလင်း ...ခဏ"
ဟန်သော်လင်းရဲ့ ခေါ်သံကြောင့် အလင်းချိုက လှမ်းလက်စ ခြေလှမ်းတွေကို ရပ်လိုက်ပြီ လှည့်ကြည့်လိုက်မိတယ်။
" အရမ်းစိတ်ပင်ပန်းနေတဲ့ အခါ .. နားကြပ်တပ်ပြီး သီချင်းနားထောင်တာကလဲ စိတ်ကို အပန်းပြေစေတယ်လေ .. အလင်းမှာ နားကြပ်မတွေ့မိဘူးနော် ....ဒီနားကြပ်ကို ယူသွားလိုက်ပါ ..."
ဟန်သော်လင်းလက်ထဲက နားကြပ်လေးကို ယောင်ကန်းကန်းနဲ့ အလင်းချိုလှမ်းယူလိုက်မိတယ်။
" အိမ်ရောက်ရင် ဘာမှမတွေးနဲ့တော့နော် ... ငိုလဲ မငိုပါနဲ့တော့ ...သီချင်းနားထောင်ပြီး အိပ်ပါ "
ဟန်သော်လင်းက အလင်းချိုရဲ့ ခေါင်းလေးကို တစ်ချက် ခပ်ဖွဖွပုတ်ပုတ်ရင်း ပြောလိုက်ပြီး ကားရှိရာကို ပြန်လျှောက်လာခဲ့လိုက်တယ်။ အလင်းချိုက ဟန်သော်လင်းတို့ ခပ်ငေးငေးလေးကြည့်နေမိတယ်။
~~~~~~
"တောက် "နေမခရဲ့ တောက်ခေါက်သံက ပြင်ပကို ထွက်မလာဘဲ ရင်ထဲမှာပဲ မြည်ဟည်းပေါက်ကွဲသွားတယ်။ ကားကို ဆက်မမောင်းဘဲ ရပ်တန့်ထားမိတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမလား ။ ဒါမှမဟုတ် ရှေ့ ခပ်လှမ်းလှမ်းက ကားကိုပဲ ပစ်တိုက်လိုက်ရမလားမသိတော့ ။ ဒီကားက ရပ်စရာရှားလို့ ဘာလို့ နေမခ ရဲ့ ကားသွားလာနေကျ ဒီနေရာမှာပဲ ရပ်နေရတာလဲ။လမ်းတွေ အများကြီး၊ ရပ်ကွက်လည်း အကျယ်ကြီးလေ။ ဘာလို့ မျက်စိရှေ့ကိုရောက်ရောက်လာရတာလဲ။ ကားပေါ်မှာတင် ပြောလို့ မပြီးဘဲ မပြီးနိုင်မစီးနိုင် ဘာတွေပြောနေကြတာလဲ။ သူ့နဲ့ စံမဒီရဲ့ကြားမှာတော့ အလုပ်ကိစ္စအကြောင်းကလွဲပြီး များများစားစား ပြောစရာလည်းမရှိပါ။နေမခ ကြည့်နေတုန်းမှာပဲ ကားက ဟွန်းသံတစ်ချက်ပေးပြီး ရှေ့ကို ဆက်မောင်းသွားတယ်။ နှစ်ဘက်ပေါက်လမ်းမှာ အစကတည်းက အဲ့ဒီဘက်မှာပဲ ရပ်ရမှာမဟုတ်လား ။ ဘာလို့ ဒီဘက်မှာလာရပ်ရတာလဲ။ သူ့ကိုယ်တိုင်ကရော အဲ့ဒီလမ်းဘက်ကနေ တိုက်ရိုက်မောင်းဝင်လို့ရရဲ့သားနဲ့ ဘာလို့ ဒီဘက်လမ်းက လာနေမိရတာလဲ။ လမ်းသွားလမ်းလာရှင်းလို့ များလား ။တစ်ယောက်ယောက်က မေးရင်တော့ ဒီတိုင်းပဲ ဖြေမိမယ်ထင်ပါတယ်။
နေမစကားကို ဆက်မမောင်းမိသေးပါ။ တရွေ့ရွေ့ လျှောက်သွားတဲ့ အရိပ်လေး လမ်းကြားထဲကို ချိုးကွေ့ဝင်သွားတဲ့အထိ ငေးမောကြည့်နေမိတယ်။
~~~~~
" ဘယ်လိုလဲ မမဆွေ ... နှစ်လကျော်နေပြီ သူ့အခြေအနေက ဒီတိုင်းပဲလား ...အရင်တုန်းက ကောင်မလေးတွေဆို ဒီလောကထဲကို ရောက်ဖို့ တစ်ပတ်မကြာပါဘူး "
မိုးသူဇာက မကျေမနပ်နဲ့ ပြောလိုက်တယ်။
"အဲဒါကတော့ သူ့စိတ်လေဟဲ့ ...ငွေနဲ့ မြူဆွယ်လည်းမရ ... အပျော်အပါးနဲ့ မြူလဲမရဘူး ... နင့်ဟာမလေးက လူရောဟုတ်ရဲ့လား ... ကျောက်ရုပ်ကြီးလိုပဲ မတုန်မလှုပ်နဲ့ ခံစားတတ်တဲ့ နှလုံးသားရောရှိရဲ့လား ...ဒါပေမဲ့ အဲ့ဒီကျောက်ရုပ်မလေးမှာလဲ သူတစ်ဖက်သတ်ကြိုက်နေတဲ့ ကောင်လေး ရှိတယ်အေ့ ....ကောင်လေးမှာ ရည်းစားတော့ ရှိပုံရတယ်...ကောင်လေးကနင့်ကောင်လေးထက်တောင် ကြည့်ကောင်းသေးတယ် ...နင့်ကောင်လေးက တစ်ဖက်သတ်ဖြစ်နေတာထင်တယ် ... နင်လျှောက်ပြီး ဇွတ်လုပ်မနေနဲ့ ... တော်ကြာ လုပ်ငန်းတွေပါ ထိခိုက်လာမယ် "
မမဆွေက မိုးသူဇာကို ကြည့်ပြီးပြောလိုက်တယ်။
"အဲ့ဒီလို မဖြစ်စေရပါဘူး မမ ဆွေရယ်...မမဆွေပြောသလိုဆိုရင် သူ အသည်းကွဲနေတာပေါ့ ....အဲ့ဒါမှ ပို့ပြီး စိတ်ပူစရာကောင်းလာပြီ ... ဒီတိုင်းတော့ အေးတိအေးစက်လုပ်မနေပါနဲ့ မမဆွေရယ် ... သေချာလှုပ်ရှားပါအုံး "
" ကဲပါအေ...ငါကြိုးစားကြည့်ပါအုံးမယ် "
~~~~~~~
"ရပါတယ် သမီးရယ် .... ဒေါ်ကြီးတစ်ယောက်တည်း လုပ်နိုင်ပါတယ်...သမီး အလုပ်က စာရင်းဇယားတွေလုပ်ရုံပဲလေ .....အိမ်အလုပ်တွေနဲ့မှမဆိုင်တာ "
ဟန်သော်လင်းကားကို မောင်းနေရပေမဲ့ နောက်ခန်းထဲက အလင်းချိုရဲ့ ရှိုက်သံ သဲ့သဲ့က ဟန်သော်လင်းရဲ့ နှလုံးသားကို လက်အစုံနဲ့ ဖျစ်ညှစ်နေသလို ခံစားနေရတယ်။ဖြစ်နိုင်ရင် ကားကိုရန်ကုန်မြို့ကြီးနဲ့ အဝေးဆုံးကို မောင်းထွက်သွားလိုက်ချင်တယ်။သူမ ဘာတွေဖြစ်နေလဲ။ ဘယ်လို သောကတွေ ခံစားနေရလဲဆိုတာကို မသိနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ်လဲ စိတ်တိုလာမိတယ်။
~~~~~~
အားပါးတရ ငိုလို့ ၀သွားတော့ အလင်းချိုရင်ထဲက သောကတွေရော၊ ဒေါသ တွေပါ လျော့ပါးသွားသလို ခံစားလိုက်ရတယ်။ခေါင်းကို ပြန်မော့ပြီး မျက်ရည်စတွေကို လက်ခုံနဲ့သုတ်လိုက်ချိန်မှာ ဟန်သော်လင်းက လက်ကိုင်ပဝါလေးတစ်ထည်ကမ်းပေးလာတယ်။လက်ကိုင်ပဝါကို လှမ်းယူလိုက်ပြီး ကျေးဇူးတင်စွာနဲ့ ကြည့်လိုက်မိတယ်။မျက်ရည်စတွေကို သုတ်နေရင်းကနေ အပြင်ကို လှမ်းကြည့်လိုက်မိတော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အံ့သြသွားမိတယ်။ကားက ဘီးလိမ့်ရုံ ခပ်ဖြည်းဖြည်းပဲမောင်းနေတယ်။ခပ်လှမ်းလှမ်းမှာ လှမ်းမြေ နေရတာက မြစ်ပြင်ကျယ်ကြီးရယ် မြစ်ပြင်ထဲကို ငုပ်လျှိုးစပြုနေပြီဖြစ်တဲ့ နေလုံးကြီးရယ်ကို တွေ့လိုက်ရတယ်။ ကမ်းနားက တံတားပေါ်မှာတော့ စင်ရော်ငှက်တွေကို့အစာပစ်ကျွေးနေကြတဲ့ လူတွေ။သူတို့အားလုံးရဲ့ မျက်နှာတွေက ပြုံးလို့ ရွှင်လို့။
"ဒီဘက်ကို ရောက်ဖြစ်လား အလင်း ... ဒီနေရာက ညနေဘက်ဆိုသိပ်သာယာတာ အလင်းရဲ့ ... ဘုရားလာဖူးတဲ့သူတွေရော ... ငှက်စာလာကျွေးတဲ့သူတွေရော စိတ်ချမ်းသာစရာကောင်းတယ် ... ဆင်းလေ အလင်း ...တော်ကြာနေ၀င်တော့မှာ "
ရန်ကုန်မြို့မှာ ဒီလိုနေရာရှိသတဲ့လား ။အသက် နှစ်ဆယ့်ခြောက်နှစ်ဖြစ်လာပေမဲ့ ဒီမြင်ကွင်း၊ဒီလိုနေရာကို ပထမဆုံးမြင်ဖူး၊ ရောက်ဖူးခြင်းပါပင်။ ဘဝတစ်လျှောက်လုံးမှာ ခရီးဆိုတာ ဘာမှန်းမသိ၊ လည်ပတ်ခြင်းဆိုတာလဲ မရှိခဲ့ဘူး။
" စင်ရော်လေးတွေကို အစား ကျွေးကြည့်ပါလား ...
ပစ်ပေးလိုက်သမျှ အစာကို တစ်စေ့တောင် အောက်မကျအောင် သူတို့ဖမ်းနိုင်ကြတယ်ကွ ..."
ဟန်သော်လင်းက ပြောရင်းနဲ့ ငှက်စာကျွေးဖို့ ဝယ်လိုက်တယ်။
အလင်းချိုကတော့ ဟန်သော်လင်း ပြောသမျှကို နားထောင်ရင်းကနေ မြစ်ပြင်ကနေ တဖြူးဖြူးတိုက်ခက်လာတဲ့ လေကို တဝရှူရှိုက်နေမိတယ်။မျက်စိတဆုံး မြင်နေရတဲ့ မြစ်ပြင်ကျယ်ကြီးကို ငေးကြည့်ရင်း အလင်းချိုရဲ့ စိတ်တွေပေါ့ပါးလာတယ်။
" အလင်း ရော့ ...ဒီမှာ ငှက်စာလေးတွေ ပစ်ကျွေးကြည့် "
ဟန်သော်လင်း ပေးတဲ့ မုန့်ထုတ်တွေကို ယူလိုက်ပြီး အထဲက မုန့်လုံးသေးသေးလေးတွေကို စင်ရော်ငှက်လေးတွေရှိရာကို လှမ်းပစ်ပေးလိုက်တယ်။အလင်းချို ပစ်ပေးလိုက်တဲ့ အစာကိုစင်ရော်လေးတွေ အလုအယက် ပြေးကောက်ကြတယ်။လျှင်မြန်လိုက်ကြပုံများ ဟန်သော်လင်း ပြောသလိုပင် တစ်ခုတလေပင် မြစ်ထဲသို့ ကျမသွားခဲ့ပါလေ။
စင်ရော်ငှက်လေးတွေကြားမှာ ပြုံးနေတဲ့ အလင်းချိုရဲ့ မျက်နှာလေးကို ကြည့်ပြီး ဟန်သော်လင်း စိတ်ထဲ ကျေနပ်နေမိတယ်။ဖုန်းကို ထုတ်ပြီး အလင်းချိုရဲ့ ပုံလေးတွေကို တဖျပ်ဖျပ် ရိုက်နေမိတယ်။
" ကိုလင်း ဓါတ်ပုံမရိုက်နဲ့နော် ရှက်စရာကြီး "
အလင်းချို ပြောတာကို မကြားချင်ယောင်ဆောင်ပြီး ဟန်သော်လင်း မသိမသာနဲ့ အလင်းချိုနားကိုကပ်သွားလိုက်တယ်။ပြီးတော့ အလင်းချိုရဲ့ ခေါင်းပေါ်ကဆံပင်တွေကို စုစည်းထားတဲ့ ခေါင်းစည်းကြိုးလေးကို ဆွဲဖြုတ်ပစ်လိုက်တယ်။
"ဟယ် ...ကိုလင်း ဘာလုပ်တာလဲလို့.. ဓါတ်ပုံမရိုက်ပါနဲ့ ဆို "
အလင်းချို ပြောတာကို ဟန်သော်လင်းမကြားနိုင်။လေအဝှေ့မှာ တဖျပ်ဖျပ်လွင့်နေတဲ့ ဆံပင်ရှည်ကြီးတွေက အလင်းချိုရဲ့ မျက်နှာလေးပေါ်မှာ တလူးလူး တလွန့်လွန့် ဖြစ်နေနေတဲ့ မြင်ကွင်းကို ကြည့်ရတာ သိပ်ကိုလှတဲ့ ပန်းချီကားတစ်ချပ်ကိုကြည့်နေရသလိုပါပင်။
~~~~
" ကြည့်ပါလား အလင်းရဲ့ပုံလေးတွေ ဘယ်လောက်လှလဲ ...ဒီတစ်ခါ ပိတ်ရက်ရောက်ရင် ... အလင်း ဘယ်သွားချင်လဲ စဉ်းစားထားလေ ...ကျွန်တော်လိုက်ပို့ပေးမယ် "
ဖုန်းထဲက ကိုယ့်ဓါတ်ပုံလေးတွေကို ကြည့်ရင်း အလင်းချိုသဘောကျနေမိတယ်။
"ကျေးဇူးပါနော် ကိုလင်း ..ကိုလင်းကျေးဇူးကြောင့် ဒီနေ့ စိတ်ညစ်နေတာတွေအကုန်လုံး ပြေပျောက်သွားသလိုပဲ..."
အလင်းချိုက ပြောလိုက်တော့ ဟန်သော်လင်းကျေနပ်စွာပြုံးလိုက်မိတယ်။ဟန်သော်လင်းရဲ့ ကြိုးစားမှုက သူမအတွက်ပျော်ရွင်ရတယ်ဆိုရင် ကျေနပ်ပါပြီ။
"အလင်း ခံစားနေရတာတွေကိုလဲ ရင်ဖွင့်လို့ရပါတယ် .. ကျွန်တော်နားထောင်ပေးပါ့မယ် "
ဟန်သော်လင်း ခပ်တိုးတိုးပြောလိုက်တော့ အလင်းချိုက ဟန်သော်လင်းကို ဖျတ်ခနဲကြည့်လိုက်မိတယ်။
"ကိုယ်နဲ့ ဘာမှ မပတ်သက်တဲ့ သူတစ်ယောက်က အခြားမိန်းမတစ်ယောက်နဲ့ လက်ထပ်တော့မယ်ဆိုတာနဲ့ ဘာမဆိုင်ညာမဆိုင်နဲ့ ရင်ထဲမှာ နာကျင်နေမိတယ် ... အဲ့ဒါ အလင်းမှားနေတာမဟုတ်လားဟင် ....တကယ်ဆို သူနဲ့ အလင်းက ဘာမှမဆိုင်ဘူးလေ ...."
အလင်းချိုက ဟန်သော် လင်းကိုကြည့်ပြီး ခပ်တိုးတိုးပြောလိုက်မိတယ်။
အလင်းချိုရဲ့ အမေးကြောင့် ဟန်သော်လင်း တစ်ခဏမျှတော့ ငြိမ်သက်သွားမိတယ်။ပြီးမှ ခပ်တိုးတိုး ပြန်ဖြေလိုက်မိတယ်။
"ကြီးကြီးတို့က ပိုက်ဆံပဲမြင်နေကြပါလား ...အဘွားဘာဖြစ်တာလဲတော့ အရင် မမေးကြဘူးနော် ... ကြီးကြီးတို့စိတ်ထဲမှာ ငွေပဲရှိတာလား ... အဘွားဆေးခန်းတစ်ခါပြရင် ဘယ်လောက်ကုန်လဲဆိုတာ ကြီးကြီးတို့က ပိုသိတာပဲ ...အဘွားပိုက်ဆံ ဆယ်သိန်းက ကုန်တာကြာလို့ သစ်ပင်တွေရောင်းလို့ရတဲ့ ပိုက်ဆံထဲက ဆေးဖိုးထုတ်သုံးနေတာကြာလှနေပြီ ...ကြီးကြီးတို့ဆီက ဘာပိုက်ဆံမှလဲ မမျှော်လင့်ပါဘူး ... လူစိတ်ရှိရင် အဘွားကို လာကြည့်ကြ ..မရှိရင်လဲ မလာကြနဲ့ ... ကြီးကြီးတို့မောင်နှမတွေက လူထက် ငွေကို မက်နေတဲ့သူတွေပဲဟာ ."
" ဘာ ..ဘာပြောတယ် ... ညည်း စကားပြော တာရိုင်းလှချည်းလား ... ငါ့တို့ အမေကို ငါတို့က စေတနာရှိပြီးသားဟဲ့ ...နင်နဲ့ တူတူနေနေလို့ မကြည့်တာ သိရဲ့လား ...ငါတို့အမေကို ငါတို့ ပြန်ခေါ်မှာစိတ်ချ "
အနာပေါ် တုတ်ကျသွားသလို့ စိတ်ဆိုးမာန်ဆိုးနဲ့ ပြောနေကြတဲ့ ကြီးကြီးအေးနဲ့ ကြည်ပြာတို့ကို ကျောခိုင်းခဲ့ပြီး အလင်းချို တိုက်အောက်ကို ပြန်ဆင်းလာခဲ့တယ်။ရင်ထဲမှာ ဒေါသက ဆူဝေနေဆဲပင်။
~~~~
"အလင်း ဘာဖြစ်လာတာလဲ ...အဆင်ပြေရဲ့လားဟင် "
နီရဲနေတဲ့ ဒေါသမျက်နှာနဲ့ ပြန်ရောက်လာတဲ့ အလင်းချိုကို ကြည့်ပြီး ဟန်သော်လင်း စိုးရိမ်တကြီးနဲ့မေးလိုက်မိတယ်။
"ကိုးလင်း ... အလင်းချိုအိမ်မပြန်ချင်သေးဘူး ...အဖေ့ဆီကို သွားချင်တယ် လိုက်ပို့ပေးပါ "
ဒေါသမပြေသေးတာမို့ - အလင်းချို အသံမာမာနဲ့ပဲ ဟန်သော်လင်းကို ပြောလိုက်မိတယ်။
" အင်းပါ ... ကျွန်တော်လိုက်ပို့ပေးပါ့မယ်"
~~~~
အလင်းချို အိမ်ထဲဝင်သွားတော့ အဖေက အလုပ်က ပြန်ရောက်ကာစဖြစ်ပုံရတယ်။ဧည့်ခန်းဆိုဖာခုံပေါ်မှာထိုင်ပြီး သူ့ကလေးနှစ်ယောက်နဲ့ ကြည်ကြည်နူးနူးစကားတွေပြောနေတယ်။အလင်းချိုကို မြင်တော့ အံ့ဩသွားပုံရတယ်။တံခါးလာဖွင့်ပေးတဲ့ မိထွေးဖြစ်သူရဲ့ မျက်နှာကတော့ ပုံမှန်ပဲ။ အရယ်အပြုံးလဲ မရှိဘူး။
" ဟာ သမီး ...ဘာကိစ္စရှိလို့လဲ...ထိုင်လေ "
မေးလိုက်တဲ့စကားကြောင့်ရင်ထဲမှာ နင့်ခနဲဖြစ်သွားရတယ်။ အဖေ့အိမ်ကို သမီးက ကိစ္စရှိမှ လာရမှာတဲ့လား။
"အဘွားနေမကောင်းဖြစ်နေတယ် အဖေ ... ဒေါ်လေးစန်း ဖုန်းဆက်တော့လဲ အဖေတို့က မလာကြလို့ သမီးလိုက်လာခဲ့တာ "
" ဟင် ... သမီးကြီးကြီးတွေကရော မလာကြဘူးလား ... သမီးအဘွား ဘဏ်စာအုပ်က သူတို့ဆီမှာလေ ...အဖေ့ဆီမှာ မရှိဘူး...သမီးပိုက်ဆံလိုရင်တော့ အဖေ မုန့်ဖိုးနည်းနည်းပါးပါး ပေးလိုက်ပါ့မယ်"
ဒီပုတ်ထဲက ထွက်မှတော့ ဒီပဲ ဆိုတဲ့ စကားက သိပ်ကို မှန်တာပဲ။ အဖေလည်းပဲ အဘွား ဘာဖြစ်တာလဲလို့ အရင် မမေးဘဲ ပိုက်ဆံအကြောင်းကိုပဲ အရင်ပြောတော့တာပဲလေ။
"အို ... ငွေကိစ္စက အစ်ကိုနဲ့ ဘာဆိုင်လို့လဲ ... ပိုက်ဆံလိုချင်တာဆိုရင်တော့ အန်တီတို့မှာလဲ မရှိဘူး အလင်းချို ...မင်းအဖေရဲ့ အလုပ်ထဲမှာ ငွေတွေရင်းလိုက်ပြီ "
အလင်းချိုရဲ့ ပါးစပ်က ငွေအကြောင်းကို မပြောရပါပဲ သူတို့ပဲ ဦးအောင် ပြောနေကြတာလေ။
"သမီး ပိုက်ဆံ တောင်းဖို့ လာတာမဟုတ်ဘူး အဖေ....သမီးရှာထားတဲ့ ပိုက်ဆံနဲ့ သုံးလို့ လောက်ပါတယ်...အဘွားနေမကောင်းတာကို ဖုန်းဆက်ပြောတာတောင် လာမကြည့်ကြလို့ ကိုယ်တိုင် လာပြောတာ ...အဖေတို့အားမှ လာကြပါ ...အဖေ့မိသားစုက သမီးတို့ထက် ပိုအရေးကြီးတာပဲ .."
" အလင်းချို ... သမီး ဘယ်လိုပြောလိုက်တာလဲ "
ပြောပြီးတာနဲ့ အလင်းချို ထွက်လာခဲ့တယ်။ဖခင်ဖြစ်သူရဲ့အိမ်မှာ ဖင်ထိုင်ခွင့်လေးတောင် မရခဲ့ပါဘူး။
~~~~~~~
အံလေးကို တင်းတင်း ကြိတ်ပြီး လျှောက်လာတဲ့ အလင်းချိုကို ကြည့်ပြီး ဟန်သော်လင်းစိတ်ထဲ စိုးရိမ်သွားမိပြီး ကားပေါ်ကဆင်းကာ စောင့်နေလိုက်ပြီး ကားတံခါးကိုပါ အသင့်ဖွင့်ထားလိုက်တယ်။
" နောက်ခန်းမှာ ထိုင်လို့ရမလား ကိုလင်း "
" ရ ..ရပါတယ် အလင်းရဲ့ "
ဟန်သော်လင်း ဖြေလိုက်ပြီး နောက်ခန်းတံခါးကို ဖွင့်ပေးလိုက်တယ်။
~~~~~~
ကားက ကတ္တရာလမ်းမထက်မှာ တရိပ်ရိပ်ပြေးနေတယ်။ကားနောက်ခန်းထဲမှာတော့ ဒူးနှစ်ဖက်ပေါ်ကို မျက်နှာကို မှောက်ချပြီး ခန္ဓာကိုယ်လေးသိမ့်သိမ့်တုန်အောင် ရှိုက်ငိုနေမိတဲ့ အလင်းချို။ မိခင်နဲ့ ခွဲခွါပြီးနောက် ဖခင်ဖြစ်သူ နောက်အိမ်ထောင်ပြုသွားပြီး ကတည်းက အားပါးတရမငိုခဲ့မိ။နောက်တစ်ကြိမ် နေမခ နိုင်ငံခြားကို ထွက်သွားတော့ ခြံထဲမှာ သစ်ပင်တွေစိုက်ရင်း ငိုခဲ့မိတယ်။ဒီနောက်ပိုင်းမှာတော့ စိတ်ထဲနာကျင်လွန်းမှ သာ မျက်ရည်ကျမိရုံအပြင် မပိုခဲ့။မှတ်မှတ်ရရပြောရမယ်ဆိုရင် နေမခ ပြန်လာပြီးနောက်ပိုင်းမှသာ အလင်းချိုက မျက်ရည်လွယ်သူတစ်ယောက်ဖြစ်လာခဲ့တာပါ။ကြီးကြီးတို့ကြောင့်တော့ မျက်ရည်ကျခဲ့ရတယ်ဆိုတာမရှိခဲ့ဘူး။ ကြီးကြီးတို့မိသားစုတွေ ပြောချင်ရာပြော ၊ စွပ်စွဲချင်ရာစွပ်စွဲ အလင်းချိုက မမှု၊ ရင်ထဲမှာလည်း ဘာခံစားချက်မှ မရှိပါ။တကယ်တော့ ကိုယ်ချစ်ခင်တွယ်တာ ရသူတွေကပဲ ကိုယ့်ရင်ကိုခွဲနိုင်၊ ကိုယ့်ကိုယ် မျက်ရည်ကျအောင်လုပ်နိုင်ကြတယ်ဆိုတာကို အလင်းချိုသိလာပါပြီ။ ဒီသံယောဇဉ်တွေကို ကိုယ်တိုင် မဖြတ်တောက်နိုင်သမျှတော့ အလင်းချိုနာကျင်နေရအုံးမယ်ထင်ပါရဲ့။
ဧကြည်ဖြူ
"သံယောဇဉ် ကမ်းပါး "
အပိုင်း (၃၄ )
********
"အလင်း "
ရှေ့တည့်တည့်မှာ လာရပ်တဲ့ကားကို အလင်းချို ကြည့်နေမိတုန်းမှာပဲ ကားပေါ်က လှမ်းခေါ်သံနဲ့အတူ ဟန်သော်လင်းကို တွေ့လိုက်ရတယ်။
"ကိုလင်းပါလား...ဘယ်ကပြန်လာတာလဲ "
"ဒီဘက်မှာ ကိစ္စရှိလို့ ခဏလာတာ .... အလင်းအလုပ်က ပြန်လာတာလား ...လာလေ ကားပေါ်တက် .. ကျွန်တော်လိုက်ပို့ပေးမယ် "
ဟန်သော်လင်းက အလင်းချိုရဲ့ ဝတ်စားပြင်ဆင်ပုံကို ကြည့်ပြီးအံ့သြနေမိသလို မတွေ့ရတာကြာပြီမို့ အခုလို တွေ့လိုက်ရတော့လည်း ဝမ်းသာပျော်ရွှင်သွားမိတယ်။
"အလင်း အိမ်မပြန်သေးဘူး ...ကြီးကြီးတို့အိမ်ဘက်ကို သွားမလို့ ကိုလင်း"
"ကဲပါကွာ ... ကားပေါ်တက်ပါ....လိုက်ပို့ပေးပါမယ် "
ဟန်သော်လင်းက ပြောရင်း ကားတံခါးကို ဖွင့်ပေးလိုက်တယ်။
အလင်းချိုလည်း ဘာမှမပြောတော့ဘဲ ကားပေါ်တက်ထိုင်လိုက်တယ်။ ကားပေါ်တက်တုန်းကတော့ စွေ့ခနဲ တက်ထိုင်လိုက်ပေမဲ့ ကားပေါ်မှာ ထိုင်မိကာမှ တိုလွန်းတဲ့ စကပ်ကြောင့် ရှက်သလိုလို စိတ်မလုံသလိုလို ဖြစ်သွားမိပြီး အိုးတိုးအမ်းတမ်း ဖြစ်သွားမိတယ်။
အလင်းချိုရဲ့ အခြေအနေကို ရိပ်မိလိုက်တဲ့ဟန်သော်လင်းက ကားဒတ်ဘုတ်ပေါ်က စာစောင်ကိုယူလိုက်ပြီး အလင်းချို ဆီကို ကမ်းပေးလိုက်တယ်။
"ကျေးဇူးပါ ကိုလင်း "
စာစောင်ကိုယူပြီး ပေါင်ပေါ်ကိုတင်လိုက်တဲ့ အလင်းချိုရဲ့ မျက်နှာကိုတစ်ချက်ကြည့်လိုက်မိပြီး ဟန်သော်လင်းရဲ့ စိတ်ထဲမှာ မတင်မကျ ခံစားနေရတာမို့ မေးလိုက်မိတယ်။
"အလင်း နေမကောင်းဘူးလား...အလင်းကို ကြည့်ရတာတစ်ခုခုဖြစ်နေသလိုပဲ..."
မျက်နှာရိပ်မျက်နှာကဲကြည့်တာ ကျွမ်းကျင်လှတဲ့ ဟစ်သော်လင်းကို ကြည့်ပြီး အလင်းချိုက ခပ်ယဲ့ယဲ့ပြုံးပြလိုက်မိတယ်။
" နေကောင်းပါတယ် ကိုလင်း...ကိုလင်းရော အလုပ်တွေ အဆင်ပြေရဲ့လား"
"ပြေပါတယ်ကွာ....ကိုယ်လဲ နောက်ဆိုရင် ... ကားလဲပြီး တက္ကစီပဲမောင်းတော့မယ် ...သူများ အလုပ်တွေလုပ်ရတာ စိတ်ပင်ပန်းလို့လေ "
"ကောင်းပါတယ်..အလင်းလဲ ဒီမှာ ကြာရှည် လုပ်ဖို့ စိတ်ကူးမရှိပါဘူး"
နှစ်ယောက်သားကြားမှာ ပြန်လည် တိတ်ဆိတ်သွားပြန်တယ်။ဟန်သော်လင်းက ကားမောင်းနေရင်းကနေ အလင်းချိုရဲ့ ညှိုးနွမ်းနေတဲ့မျက်နှာလေးကို မသိမသာ ခိုးကြည့်နေမိတယ်။
~~~~~~
"ကိုလင်း ခဏလေးနော် ..မကြာပါဘူး "
ဟန်သော်လင်းကို ပြောပြီး အလင်းချိုကားပေါ်မှ ဆင်းကာ ကြီးကြီးတို့တိုက်ခန်းရှိရာဘက်ကို လာခဲ့တယ်။ကြီးကြီးမေတို့နဲ့ ကြီးကြီးအေးတို့ရဲ့ တိုက်ခန်းတွေက သိပ်တော့ မဝေးပါ။အိမ်ရာဝန်းတစ်ခုတည်းမှာပဲ ရှိပြီး တိုက်ချင်းပဲ မတူကြတာ။ နေကြတော့လဲ နှစ်လွှာမှာပဲလေ။ညီအစ်မနှစ်ယောက်လုံးက စိတ်တူကိုယ်တူပေမို့လား ဒါမှမဟုတ် ပြိုင်ဆိုင်နေကြတာလားတော့မသိ။အလင်းချိုနဲ့ ဒေါ်လေး စန်းတောင်မှ သူတို့တွေအိမ်ပြောင်းတုန်းက ကူသယ်ပေးခဲ့ရလို့သာ ဒီကိုရောက်ဖူးခဲ့တာ။အိမ်ကိုရောက်ဖူးရုံ အလည်သက်သက် ခေါ်တာမျိုးတော့ မရှိခဲ့ဘူးပါ။
~~~~~~~
အိမ်ရာ၀င်းထဲကို ရောက်လာတော့ တိုက်ခန်းမြင့်ကြီးတွေရဲ့ရှေ့မှာရပ်ပြီး ဘယ်အိမ်ကို သွားရမလဲ စဉ်းစားရပြန်တယ်။ဘယ်အိမ်ကို သွားသွား ဆက်ဆံမယ့်ပုံခြင်းကတော့ တူတူပဲမို့ နီးစပ်ရာ အခန်းကိုပဲ တက်ခဲ့လိုက်တယ်။
"ဒေါက်... ဒေါက်...ဒေါက် "
အခန်းရှေ့ကိုရောက်တော့ တံခါးကိုခပ်ပြင်းပြင်း သုံးချက်ခေါက်လိုက်တယ်။တံခါးခေါက်ပြီး သိပ်မကြာခင်မှာပဲ တံခါးနောက်က လှုပ်ရှားသံကို ကြားလိုက်ရတယ်။တံခါးသော့ဖွင်သံ။ တံခါးပွင့်သွားတော့ အပေါက်ဝမှာ ကြည်ပြာ့ကိုတွေ့လိုက်ရတယ်။အလင်းချိုကို မြင်တော့ ကြည်ပြားမျက်လုံးတွေက စူးခနဲဖြစ်သွားတယ်။ဟန်သော်လင်းနဲ့ ပတ်သက်ပြီး ကြည်ပြာမှာ မကျေနပ်ချက်တွေရှိနေတယ်လေ။
"ဘာကိစ္စရှိလို့လဲ "
ကြည်ပြာက တံခါးကိုမဖွင့်ပေးဘဲ အသံခပ်မာမာနဲ့ မေးတယ်။
"ကြီးကြီးအေးရှိလား...အဘွားအကြောင်း ပြောမလို့ "
" အမေရေ ... အလင်းချိုလာတယ် ...အဘွားကိစ္စတဲ့ "
တံခါးကို မဖွင့်ပေးသေးဘဲ အိမ်ထဲကို လှမ်းအော်တယ်။
" ဘာလဲ ...ဘာဖြစ်လို့လဲ "
အမေရော သမီးပါ အကျင့်က တူတူပဲ။တံခါးကို မဖွင့်ကြဘဲ မေးခွန်းတွေပဲ မေးနေကြတယ်။ တစ်နေ့လုံးငုပ်လျှိုးနေတဲ့စိတ်က ကြည်ပြာတို့ သားအမိကိုကြည့်ပြီး ဒေါသအဖြစ် ပြောင်းလဲလာတယ်။
"အဘွားနေမကောင်းဘူး "
အလင်းချို အသံခပ်ဆတ်ဆတ်နဲ့ ပြောလိုက်မိတယ်။
"ဘာလဲ နေမကောင်းတာကို အကြောင်းပြပြီး ငွေလာတောင်းတာလား ....ပိုက်ဆံတွေက ကုန်တာမြန်လှချည်းလား ...နင်တို့တွေ ဘာတွေလုပ်ပစ်နေတာလဲ ....ပိုက်ဆံတော့ ထပ်မပေးနိုင်တော့ဘူး ... မနက်ဖြန် ဆေးခန်းပြပေးဖို့ လာခေါ်မယ် "
ကြီးကြီးအေးရဲ့ စကားသံက စိတ်တိုဒေါသထွက်စရာကောင်းလှတယ်။စိတ်တိုလွန်း၍ စကားလုံးတွေက လည်ချောင်းဝထိရောက်လာတယ်။
စံမဒီက နေမခရဲ့လက်ကို ဆွဲကိုင်လိုက်ပြီး အလင်းချိုတို့ ရပ်နေတဲ့ နေရာကို လျှောက်သွားလိုက်တယ်။
~~~~
အလင်းချိုမှာ လက်ထဲက ခြင်းတောင်းကို ချလိုက်ပြီး မျက်နှာရှေ့ကို ဝဲကျနေတဲ့ ဆံပင်တွေကို နောက်ဘက်ကို လှန်တင်လိုက်တဲ့ အချိန်မှာပဲ ခပ်လှမ်းလှမ်းကနေ လှမ်းကြည့်နေတဲ့ နေမခကို တွေ့လိုက်ရတာမို့ ရင်ကဒိန်းခနဲ ဆောင့်ခုန်သွားပြီး အသက်ရှူဖို့ပါ မေ့လျော့သွားသလို့ ခံစားလိုက်ရတယ်။ အဲ့ဒီအချိန်မှာပဲ နေမခဘေးနားကို ရောက်လာပြီး နေမခရဲ့ လက်တစ်ဖက်ကို ဆွဲကိုင်လိုက်တဲ့ စံမဒီဆိုတဲ့ အမျိုးသမီးကို တွေ့လိုက်ရတာမို့ အလင်းချိုရဲ့ မျက်နှာကို တခြားနေရာကို ဆတ်ခနဲ လွှဲပစ်လိုက်မိတယ်။
" ညီမလေး မတွေ့တာကြာပြီနော် ... မစံတို့ဆိုင်ကို ပထမဆုံး လာဖူးတာထင်တယ် ... အရင်ဆို မောင်တို့အိမ်မှာ အမြဲဆုံတယ်နော် .."
မျက်နှာလွှဲလိုက်ကာမှ ရှေ့တည့်တည့်ကို လာပြီး နှုတ်ဆက်သတဲ့လား ။ မောင်ဆိုတဲ့ အခေါ်အဝေါ်တွေနဲ့တောင် ခေါ်တဲ့အဆင့်ထိရောက်နေကြပြီးတဲ့လား။နာကျင်နေတဲ့နှလုံးသားကို ထိန်းချုပ်ပြီးတော့ အလင်းချိုဟန် မပျက် ပြန်နှုတ်ဆက်လိုက်တယ်။
"ဟုတ်ကဲ့ ... အလုပ်လုပ်နေပြီမို့ အန်တီနွယ်တို့အိမ်ဘက်ကို မရောက်ဖြစ်တော့တာပါ ...ဒီဆိုင်က အစ်မတို့ရဲ့ ဆိုင်လား ..အလင်းက ခုမှ ပထမဆုံး လာဖူးတာပါ...ဒါတောင် အလုပ်ရှင်ခေါ်လို့ ရောက်လာတာ ... စေ့စပ်ကြတော့မယ်ဆိုတဲ့ သတင်းကိုကြားပါတယ်....၀မ်းသာပါတယ်ရှင် ... ဝမ်းသာတယ်နော်သူငယ်ချင်း ... အလင်းကို ခွင့်ပြုပါအုံးနော် ... အလုပ်ချိန်မို့ပါ "
ပြောပြီးတာနဲ့ ခြင်းကို ကောက်ယူလိုက်ပြီး အလင်းချိုလှည့်ထွက်လာခဲ့မိတယ်။ မမ ဆွေရဲ့ ခေါ်သံကိုပင်ဂရုမစိုက်မိတော့ပါ။ဒီတစ်ခါ မျက်နှာပေါ်ဝဲကျလာတဲ့ ဆံပင်တွေကို မဖယ်မိတော့။ရင်က တဆတ်ဆတ်ခုန်နေသေးသလို ခြေလှမ်းတွေကလဲ လေဟာနယ်ထဲမှာ လမ်းလျှောက်နေရသလို့ အထိန်းအကွပ်မဲ့ချင်နေလေ၏။
~~~
"လာ ...ပြန်ရအောင် "
အသံက အနီးကထွက်ပေါ်လာကာ လူကဆွဲခေါ်ရာနောက်သို့ ပါသွားမိတယ်။ပြိနောက် ကားတံခါးဆွဲပိတ်သံကို ကြားလိုက်ရတယ်။
"မင်း သူ့ကိုကြိုက်နေတာလား အလင်းချို "
နာမည်ကိုခေါ် ကာ အနီးကပ်မေးလိုက်သံကို ကြားလိုက်ရတော့မှ အသိစိတ်က ပြန်လည်ဝင်ရောက်လာပြီး မျက်လုံးအိမ်ထဲကနေ ဝဲကျချင်လာတဲ့မျက်ရည်တွေကို မျက်တောင်တွေနဲ့ ပုတ်ခတ်ပစ်လိုက်မိတယ်။
" ဒါလေးနဲ့ ဒီလောက်ထိ ခံစားနေဖို့ တန်လို့လား ...ကောင်လေးကိုကြည့်ရတာလဲ မင်းကို သဘောကျပုံပဲ ...ဒါပေမဲ့ သူ့ဘေးကတစ်ယောက်ကတော့ ငွေရှိပုံပဲကွ ... ယောကျာ်းတွေက ဒီလိုပါပဲ နောက်ဆုံးကျရင် ငွေကိုပဲ ရွေးချယ်ကြတာလေ ... ဘာမှ ခံစားမနေနဲ့ "
အဆင်ပြေဆီလျော်တဲ့ အားပေးစကားမျိုးမဟုတ်ပေမဲ့ စိတ်က ထူးဆန်းလှစွာပင် အမျိုးသမီးရဲ့ ရင်ခွင်ထဲတိုးဝင်ပြီး အူလှိုက်သည်းလိုက်ငိုပစ်လိုက်ချင်စိတ်များ ဖြစ်ပေါ်လာမိတယ်။သို့ပေမဲ့လည်း ဒီအမျိုးသမီးကလည်း မိမိကို စိမ်းစိမ်းကားကား စွန့်ပစ်ခဲ့တဲ့ အမျိုးသမီးဖြစ်နိုင်ချေများတယ်လေ။ သူမရဲ့ မျက်နှာကို ငေးကြည့်နေမိရင်းမှ စိတ်က ဝမ်းနည်းနေရာမှ ဒေါသအဖြစ်သို့ကူးပြောင်းလာသကဲ့သို့ပင် ခံစားလာမိပြန်တယ်။
~~~~
အလုပ်က ခပ်စောစောပြန်ခွင့်ပေးခဲ့တာမို့ အလင်းချို အရင်လို အဝတ်အစားပင်မလဲတော့ဘဲ နေ့လယ်က အဝတ်အစားနဲ့ပဲပြန်ခဲ့လိုက်တယ်။ မမဆွေက သူ့အလုပ်ခွင်ထဲမှာဆိုရင် "စကပ်တိုပဲဝတ်ပြီး ပြင်ပြင်ဆင်ဆင်နေရမယ်" လို့ မှာထားတာကြောင့် အလုပ်လုပ်နေချိန်ဆိုရင် စကပ်တိုနဲ့ နေရပြီး အိမ်ပြန်ရင်တော့ အလင်းချို စိတ်ကြိုက် ထဘီ ဖြစ်ဖြစ်၊ ဘောင်းဘီရှည်နဲ့ ဖြစ်ဖြစ် လဲဝတ်ပြီး ပြန်တတ်မြဲ။ ဒီနေ့အဖို့မှာတော့ လဲဝတ်ချင်စိတ်လဲမရှိတာမို့ နေ့လယ်ကပုံစံအတိုင်းပဲပြန်ခဲ့လိုက်တာ။ မျက်နှာကိုတော့ မျက်ရည်စီးကြောင်တွေရှိလို့ မျက်နှာသစ်ခဲ့လိုက်တယ်။
လမ်းထိပ် ကားဂိတ်ကိုရောက်တော့ စကပ်တိုတိုနဲ့မို့ ကားဂိတ်က ခုံမှာမထိုင်ချင်တာနဲ့ ပလက်ဖောင်းပေါ်မှာပဲ ရပ်နေလိုက်တယ်။အဲ့ဒီအချိန်မှာပဲ အလင်းချိုရဲ့ ရှေ့တည့်တည့်ကို ကားတစ်စင်းထိုးရပ်လာတယ်....။
@@@@@@@@@@@@@@@@
အပိုင်း (၃၄) ဆက်ရန်
ဧကြည်ဖြူ
အလင်းချိုက အဘွားရဲ့ ခြေထောက်လေးတွေကို ခပ်ဖွဖွ ဆုပ်နယ်ပေးနေရင်းမှ ပြောလိုက်တယ်။
"အဟွပ်.....အဟွပ် ..ရ..ရပါတယ်မြေးရယ် ...မအိပ်ပါနဲ့ ...ခုတင်ကလဲ သေးနေတော့... မြေးလေး သမံတလင်းပေါ်မှာဖျာခင်းအိပ်မှာမဟုတ်လား ..မအိပ်ပါနဲ့ကွယ်.... အခန်းပြင်မှာမိစန်းလဲ ရှိနေတာပဲဟာ "
အဘွားက ရတယ်ပြောပေမဲ့ အလင်းချို အဘွားအခန်းထဲမှာပဲအိပ်ဖို့ပြင်လိုက်တယ်။ အဘွားပြောသလို အဘွားရဲ့အခန်းအပြင်ဘက် မှာ ဒေါ်လေးစန်းက ခုတင်တစ်လုံးနဲ့ အိပ်ပေမဲ့ အအိပ်ကြီးသူပီပီ တော်ရုံနဲ့မနိုးတတ်ဘူးလေ။အဘွား ခုတင်ဘေးမှာ ဖျာလေးခင်းလိုက်ပြီး အလင်းချို အခန်းပြင်ကို ပြန်ထွက်လာခဲ့လိုက်တယ်။
~~~.
အခန်းပြင်ကိုရောက်တော့ ဒေါ်လေးစန်းနားကိုကပ်ပြီး အဘွားမကြားအောင် အသံတိုးတိုးနဲ့ မေးရတယ်။
"ကြီးကြီးတို့ဆီကို ဖုန်းမဆက်ဘူးလား ဒေါ်လေးစန်း ...အဘွားအခြေအနေကို သေချာပြောမပြဘူးလား "
"ဘယ်နေမလဲ ... သမီးဖုန်းဆက်ခိုင်းလို့ ဒေါ်လေးစန်းလဲဆက်တာပေါ့ ... ငွေတောင်းတာလားဆိုပြီး ပြောလိုက်တာဆိုတာများ ရစရာကိုမရှိဘူး "
"ဒုက္ခပါပဲ ...ကြီးကြီးတို့က တစ်မျိုး ...ပိုက်ဆံလေးဆယ်သိန်းထုတ်ပေးလိုက်တာကို သိန်းတစ်ရာလောက်များထင်နေလားမသိဘူး .... အထူးကုဆေးခန်း တစ်ခါသွားရင်ပဲ လေးငါးခြောက်သောင်း တစ်သိန်းလေ..ခုပဲ အိမ်ပြောင်းလာတာ သုံးလပြည့်နေပြီ ... ဘယ်တုန်းကများ ပိုက်ဆံတောင်းဖူးလို့လဲ....ကြည့်နေ မနက်ဖြန် ကြီးကြီးတို့အိမ်ကို သမီးကိုယ်တိုင်သွားမယ် "
အလင်းချို မကျေမနပ်နဲ့ ပြောနေတာကိုကြည့်ပြီး ဒေါ်လေးစန်းက မျက်လုံးအပြူးသားနဲ့ ငေးကြည့်နေတယ်။ဒေါ် လေးစန်း မျက်လုံးပြူးနေတာလဲ မပြောနဲ့လေ။ အရင်ကဆို အလင်းချိုကိုကြည့်လိုက်ရင် စိတ်မဆိုးဒေါသမထွက်တတ်ဘဲ ခံစားချက်မရှိသလိုနေလာခဲ့တာလေ။ သူလုပ်ပေးနိုင်တာကို လုပ်ပေးတယ် ။ မလုပ်ပေးနိုင်တာကို အခြားသူကိုလဲ လုပ်ပါလို့ ပြောတတ်တာမျိုးမဟုတ်ဘူးလေ။ကြည့်လိုက်ရင် ခပ်ပြုံးပြုံးနဲ့နေပြီး ဘာကိုမှ ဂရုမစိုက်တဲ့ပုံစံမျိုးလေ။
"ကဲပါ ...ဒေါ်လေးစန်းလဲ သွားအိပ်ပါတော့ ... "
~~~~~~
"ဆိုင်ကမဆိုးဘူးပဲ ... အွန်လိုင်းမှာနာမည်ကြီးနေလို့လာကြည့်လိုက်တာ ....ပစ္စည်းတွေစုံသားပဲ ... အလင်းချိုမင်းကြိုက်တာတွေ့ရင်လဲယူနော် "
ထုံးစံအတိုင်းသူပြောချင်ရာပြောပြီး ရှေ့ကနေ့ ထွက်သွားတဲ့ အမေ သို့မဟုတ် မမဆွေ။အလင်းချိုမှာ ပစ္စည်ထည့်ခြင်းကို ကောက်ယူကာ နောက်မှခပ်သုတ်သုတ် လိုက်ခဲ့ရတယ်။တစ်ခါတလေတော့လည်း အလင်းချို တွေးမိတာက ဒီလောက် စိတ်မြန်ပြီး ပျာယာခတ်တဲ့ပုံစံမျိုးပေါက်ချင်နေတဲ့ ဒီအမျိုးသမီးက အလင်းချိုရဲ့အမေမှ ဟုတ်ရဲ့လားလို့ သံသယတွေ၀င်လာမိတယ်။လူတူမရှား၊ နာမည်တူမရှားတဲ့ ။လူများ တူနေတာလားလို့လဲတွေးမိပြန်တယ်။ ဒါပေမဲ့လဲ အလင်းချိုရဲ့စိတ်တွင်းခံစားစားချက်ကတော့ လုံးဝကို သေချာနေခဲ့တာလေ။
"ရော့ ... ဒါလဲထည့် "
မီးဖိုချောင်သုံး ဇွန်းနဲ့ ဖန်ခွက်၊ဝိုင်ခွက်ကအစ သစ်သီးဖျော်စက်အထိ သူကြိုက်တာကိုရွေးယူပြီး ခြင်းထဲကိုလာလာထည့်နေတာ ခြင်းက တစ်ခြင်းကနေနှစ်ခြင်းတောင် ဖြစ်လာပြီလေ။ပြောတော့လဲ မင်းကြိုက်တာရွေး အလင်းချိုတဲ့ ။ ကိုယ်ကရွေးမယ်ကြံလိုက် သူလှမ်းခေါ်လိုက်နဲ့ ရွေးချိန်ကိုမရဘူး။ခြေအိတ်တွေ တွေ့လို့ အဘွားနဲ့ ဒေါ်လေးစန်း အတွက် ရွေးချင်လို့ကို အချိန်ကို မပေးတာလေ။
"အလင်းချို မင်းဘာလုပ်နေတာလဲ ... ဒီပစ္စည်းတွေကို ငါကိုယ်တိုင် သယ်ရမှာလား ပြော "
နေမခက အသစ်ရောက်လာတဲ့ မီးဖိုချောင်သုံးလျပ်စစ်ပစ္စည်းတွေကို နေရာချဖို့ ပြသပေးနေတုန်းမှာ "အလင်းချို" ဆိုတဲ့ နာမည်ကို ခေါ်သံကြားလိုက်တာမို့ ခေါင်းကို ဆတ်ခနဲ မော့ကြည့်လိုက်မိတော့ ခေတ်မီလှပတဲ့အမျိုးသမီးကြီးတစ်ယောက်က အဝတ်အထည်တန်းဘက်ကို ကြည့်ပြီး လှမ်းပြောနေတာမို့ နေမခလဲရင်ထဲတထိတ်ထိတ်နဲ့ လှမ်းကြည့်နေမိတယ်။ ကြည့်နေတုန်းမှာပဲ ပစ္စည်းထည့်ခြင်းကို မနိုင်မနင်းဆွဲလာတဲ့ မိန်းခလေးတစ်ယောက်။ဒူးဖုံးရုံစကပ်တိုတို ကို တီရှပ်နဲ့ တွဲဝတ်ထားပုံက မလိုက်မဖက်။အမျိုးသမီးကြီးနားကို ရောက်ချိန်မှာတော့ လက်ထဲက ခြင်းကိုချလိုက်ပြီး မျက်နှာပေါ် အုပ်လုမတက်ဖြစ်နေတဲ့ မဟော်ဂနီရောင်ဆေးရောင်တင်ထားတဲ့ ဆံပင်လိမ်ကောက်ကောက်တွေကို နောက်ဘက်ကို ဆတ်ခနဲ ဆွဲပို့ပစ်လိုက်တယ် ။ဖျတ်ခနဲပေါ်လာတဲ့ မျက်နှာကြောင့်နေမခ အသက်ရှုဖို့မေ့လျော့သွားသလို ရင်ခုန်သံတွေလဲ ဝုန်းဒိုင်ကျဲသွားရတယ်။ မတွေ့ရတဲ့ အတောအတွင်း သို့မဟုတ် မတွေ့ရအောင်ရှောင်နေခဲ့မိတဲ့ ဒီအတောအတွင်းမှာ မယုံနိုင်လောက်အောင် ပြောင်းလဲသွားတဲ့ သူမရဲ့ ပုံစံ။ရဲရဲနီထွေးနေတဲ့ နှုတ်ခမ်းတွေနဲ့ စူးစူးတောက်မျက်လုံးတွေက တော့လိုက်ဖက်လွန်းနေတယ်။
"ဟိတ် ကိုနေ ..ဘာတွေ ကြည့်နေတာလဲ "
အလင်းချိုကို လှမ်းကြည့်ပြီး သတိလက်လွတ်ဖြစ်နေတဲ့ နေမခရဲ့နားကို စံမဒီရောက်လာပြီး မေးလိုက်တယ်။ပြီးတော့ နေမခငေးကြည့်နေတဲ့ နေရာကိုလှမ်းကြည့်လိုက်မိတော့ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် စံမဒီရဲ့ ရင်ထဲမှာ မကျေမနပ်ဖြစ်သွားမိတယ်။စံမဒီက မကျေမနပ်ဖြစ်သွားတဲ့စိတ်ကို ထိန်းချုပ်လိုက်ပြီး
"ဪ ... မင်းသူငယ်ချင်းပဲ ...စံတို့ ဆိုင်ကို ပထမဆုံးစျေးလာဝယ်ဖူးတာထင်တယ်နော် ...သွားနှုတ်ဆက်ရအောင်လေကိုနေ..လာလေ "
ခြံထဲဆင်းကာ မိုးသူဇာနဲ့ ဖုန်းပြောပြီးသွားတော့မမဆွေတစ်ယောက် စိတ်ကိုလျှော့ပြီး တိုက်ထဲသို့ပြန်ဝင်လာခဲ့တယ်။သူမအနေနဲ့ ကိုယ်ရဲ့ သမီးလေးနဲ့ နာမည်တူတာမို့ ကောင်းကောင်းမွန်မွန်ဆက်ဆံပေးချင်ပေမဲ့လည်း မိုးသူဇာကတစ်မျိုး ၊ အလင်းချို ပုံစံကလည်း အေးမယောင်နဲ့ ဂျစ်တိဂျစ်ကန်လေးမှန်း ပေါင်းကြည်မှ သိတာလေ။စိတ်ရှုပ်ရှုပ်နဲ့ လက်လျှော့လိုက်ချင်ပေမဲ့ မိုးသူဇာက ရန်ကုန်ရဲ့ စျေးကွက်ကို အများဆုံး ရှာပေးနေတဲ့သူဆိုတော့ စိတ်ကိုမနည်း လျှော့ထားရတာ။
~~~~~~~
"အလင်းချို ... မမဆီ ခဏလာပါအုံးကွယ် "
မမဆွေက လေသံပျော့လေးနဲ့ ခေါ်လိုက်တယ်။
"ထိုင်ပါအုံး အလင်းချို..မမ ဆွေက မင်းကို တမင် အနိုင်ကျင့်နေတာမဟုတ်ပါဘူးကွယ်... ပြီးတော့ မမဆွေဆီ လာတဲ့ဧည့်သည်တွေကလဲ လမ်းဘေးက ကလေကချေတွေမဟုတ်ပါဘူး...လုပ်ငန်းရှင်ကြီးတွေချည်းပဲ...အဲ့ဒါကြောင့် မမဆွေတို့က အလိုက်သင့် ဆက်ဆံပေးရမယ်လေ.. သူတို့က မင်းနဲ့ ရိုးရိုးသားသား စကားပြောချင်တဲ့ဆိုလို့ မမဆွေက မိတ်ဆက်ပေးတာပါ...ရှင်းရှင်းပြောရရင် သူတို့နဲ့ ပတ်သက်မိလို့လဲ ကိုယ့်မှာအကျိုးယုတ်စရာမရှိဘူးလေ....မင်းအိမ်ငှားနေတာဆို...အိမ်ပိုင်ရာပိုင် နဲ့ မနေချင်ဘူးလားပြောလေ..မိုးသူဇာ ပြောတာတော့ အရင်က စိုက်ပျိုးရေးလုပ်ခဲ့တာဆို ... ခြံကျယ်ကျယ်လေး တစ်ခြံလောက်ရော မပိုင်ချင်ဘူးလား ... မင်းသာသည်းခံနိုင်မယ်ဆိုရင် အဲဒါတွေပိုင်ဆိုင်ရဖို့က မခက်ဘူးနော်.....ဒါပေမဲ့ ဒီလိုပုံစံဆက်လုပ်နေမယ်ဆိုရင်တော့ မင်းကို ဒီမှာ ဆက်ထားဖို့ခဲယဉ်းသွားလိမ့်မယ် "
မမဆွေက လေသံခပ်အေးအေးနဲ့ ပြောလိုက်တော့ အလင်းချို မျက်လုံးလေးဝံ့ပြီး စိုးရိမ်တကြီးကြည့်လိုက်မိတယ်။မိခင်ဟုတ်လား ၊ မဟုတ်လား မသေချာသေးခင်မှာတော့ အလင်းချိုအလုပ် မထွက်ချင်သေးပါ။သေချာအောင်လဲ ဖခင်ဖြစ်သူရဲ့ရှေ့မှောက်ကိုပဲ ဆွဲခေါ်သွားရလေးမလားဟု အကြိမ်ကြိမ် စဉ်းစားမိခဲ့တယ်။အလင်းချိုရဲ့ မှုန်ဝါးဝါးမှတ်ဉာဏ်အရရော ခံစားချက်အရ ပါဆိုရင်တော့ ရှေ့တွင် ထိုင်နေတဲ့ မမဆွေမှာ အလင်းချိုရဲ့ မိခင်ဒေါ်ကေသီချိုဆိုတာသေချာ၏။သို့ပေမဲ သက်သေပြဖို့ရာမှာ လွန်ခဲ့တဲ့နှစ်များစွာက ဓါတ်ပုံဟောင်းလေးသာရှိတာမဟုတ်ပါလား။ဓါတ်ပုံကို ပြပြီး ဖွင့်မေးဖို့ရာတော့စိတ်ကူးလဲမရှိပါ။အလင်းချိုဖြစ်စေချင်တာက နည်းနည်း လောဘကြီးရာရောက်ချင်လဲ ရောက်ပါလိမ့်မယ်။အမေက အလင်းချိုကို တွေ့တာနဲ့ ရင်ထဲမှာ တစ်စုံတစ်ခု ခံစားနေစေချင်တာပင်။သူ့မ၏ သွေးသားရင်းကို စိတ်ခံစားချက်ကမှတ်မိနေတာမျိုးကို လိုချင်မိတာ။ ဖွင့်ပြောမှ သိမယ်ဆိုရင်တော့ အလင်းချိုးမှာ ဖွင့်ပြော၊ဖွင့်မေးရန် စိတ်ကူး လဲမရှိပါ။ဒီလို မသေချာခင် အချိန်မှာတော့ သူမရှိရာ ဒီအိမ်မှ ထွက်သွားရန် စိတ်ကူးမရှိသေးပါလေ။ကုပ်ကပ်ပြီးရသလောက်တော့ နေရမှာပင်။
~~~~~~
"နေမခစေ့စပ်တော့မယ်တဲ့ သမီး သိပြီးပြီလား "
"ချလွင် "
ထမင်းစားနေရင်း ပြောလိုက်တဲ့ ဒေါ်လေးစန်းရဲ့ စကားကြောင့် အလင်းချိုရဲ့လက်ထဲက ဇွန်းကအောက်သို့ ချွင်ခနဲမြည်အောင် ပြုတ်ကျသွားတယ်။
"ဘွားချိုတို့အိမ်ဘက်ကို သမီးသွားမလည်တော့ဘူးလား ..ဘွားချိုကလဲ မေးနေတယ် ..အလုပ်ပိတ်ရက်မှာလာခဲ့အုံးတဲ့...သွားလည်လိုက်အုံးလေ "
"ဟုတ်..ဟုတ်ကဲ့ပါ ဒေါ်လေး "
ဒေါ်လေးစန်းရဲ့ အပြောကို အလင်းချို အလိုက်သင့် ဖြေလိုက်ရင်းမှ ရင်ထဲက သောကကို ဒေါ်လေးစန်း မမြင်အောင် ထိန်းချုပ်လိုက်ရတယ်။
"ဒါနဲ့ သမီးနဲ့ မောင်လင်းအခြေအနေကရော..ဒေါ်လေးစန်းကတော့ သမီးကိုမောင်လင်းနဲ့ သဘောတူတယ် ...အစကတော့ သမီးကို နေမခနဲ့ သဘောတူတာ...မနွယ်လိုရိုးအေးတဲ့ ယောက္ခမျိုးနဲ့ နေစေချင်လို့လေ.... ဒါပေမဲ့ နေမခကိုကြည့်ရတာ မေမေကြီးကို သဘောကျပုံမရဘူး ... မောင်လင်းကတော့ အားလုံးနဲ့လဲ အဆင်ပြေအောင်လဲ ပေါင်းတတ်တယ်လေ ပြီးတော့ သူ့မှာ မိဘတွေလဲ မရှိတော့ ကြောက်စရာ ယောက္ခမ မရှိတော့ဘူးပေါ့ "
ဒေါ်လေးစန်းက သူ့အထင်နဲ့သူ အစီအစဉ်တွေချနေတယ်။အလင်းချိုမှာတော့ စားလက်စ ထမင်းကို ဆက်ပင်မစားနိုင်တော့ပါ "
"စားလေး သမီး ...ဘာတွေတွေးနေတာလဲ "
" အဟွပ် ...အဟွပ်..အဟွပ် "
ဒေါ် လေးစန်းရဲ့ စကားသံနဲ့ ပြိုင်တူလိုလို ထွက်ပေါ်လာတဲ့ အခန်းထဲက အဘွားရဲ့ ချောင်းဆိုးသံကြောင့် အလင်းချိုသတိဝင်လာပြီး အဘွား အခန်းဆီကို အပြေးထလာခဲ့ရတယ်။
~~~~
" အဘွားနေလို့မကောင်းဘူးလား ... ဒေါ်လေးစန်း အဘွားကို ဆေးမှန်မှန်တိုက်ရဲ့လားဟင်"
" တိုက်ပါတယ် သမီးရဲ့ ....ရာသီဥတုက အေးလို့ထင်တယ် "
ဒေါ်လေးစန်းပြောတာလဲ ဖြစ်နိုင်၏။ဆောင်းဥတုရဲ့ နောက်ဆုံးလများက အအေးပိုလွန်းလှ၏။အရင်နှစ်တွေက တိုက်အိမ်ကြီးထဲတွင် မွေ့ရာထူထူ ဂွမ်းကပ်စောင်ကောင်းကောင်းနဲ့ နေခဲ့တဲ့ အဘွားခမျာ တိုက်ခံပျဉ်ထောင်အိမ်မှာ တစ်ယောက်အိပ်သစ်သားခုတင်လေးနဲ့ အိပ်ရတာအဆင်ပြေ လှမယ် မထင်ပါ။ ပို၍ဆိုးတာက ဒီနှစ် ဆောင်းကလဲ အရင်နှစ်တွေထက် အအေးပိုနေတာကို။
" အဘွား ... နေရတာ အဆင်မပြေရင် သမီးကို ပြောနော် .. ဒီည အဘွားအခန်းထဲမှာပဲ သမီးအိပ်ပါ့မယ် "
ဧကြည်ဖြူ
" သံယောဇဉ် ကမ်းပါး "
အပိုင်း( ၃၃ )
*****
"ဘယ်လိုလဲ မြေးကြီး..မမြင့် မော်တို့ဘက်ကတော့ မင်္ဂလာပွဲကို လုပ်ချင်နေပုံပဲ..အဘွားတို့ကတော့ ငါ့မြေးရဲ့ ဆန္ဒပဲနော် ..."
ဘွားချိုက မြေးဖြစ်သူနေမခကို ကြည့်ပြီး ပြောလိုက်တယ်။
"သားတို့က ချစ်သူတွေဖြစ်နေကြပြီလား "
"မ ... မဟုတ်ဘူး အမေ "
မိခင်ဖြစ်သူ ဒေါ်အေးမြ နွယ်ရဲ့ အမေးကို နေမခက အသံ ခပ်တုန်တုန်ဖြင့် ပြန်ဖြေလိုက်တယ်။
"ချစ်သူတွေ မဟုတ်သေးဘူးလား ...အဲ့ဒါဆို သားကြီးက မချစ်ဘဲ လက်ထပ်ဖို့ စိတ်ကူးနေတာလား...အိမ်ထောင်ရေးက စိတ်ကူးယဉ်ပြီး တည်ဆောက်လို့ရတာမဟုတ်ဘူးနော် သားကြီး "
ဒေါ်အေးမြနွယ်က လေသံခပ်ဆတ်ဆတ်ဖြင့် ပြောလိုက်တယ်။
" အချစ်က အရေးမကြီးပါဘူး အမေရာ... မစံက ပွင့်ပွင့်လင်းလင်းပြောတတ်ဆိုတတ်ပေမဲ့ စိတ်သဘောထားကောင်းပါတယ် ...ပြီးတော့ ဘွားမြင့်ရောမစံရဲ့ မိဘတွေပါ စိတ်သဘောထားကောင်းကြတယ်အမေ ...လူကိုလူလိုဆက်ဆံပေးတတ်ကြတယ် ...ကိုယ်ချင်းစာတရားလဲ ရှိကြတယ်...အဲ့ဒီလိုဆွေမျိုးအသိုင်းအဝိုင်းတွေနဲ့ ပတ်သက်ရမယ်ဆိုရင် အမေတို့အဘွားတို့လဲ စိတ်ချမ်းသာရမယ်လေ"
နေမခရဲ့ အဖြေစကားကြောင့် ဘွားချိုရော၊ဒေါ်အေးမြနွယ်ပါ ပါးစပ်အဟောင်းသားတွေနဲ့ နေမခကို ငေးကြည့်နေမိကြတယ်။
"အဲ့ ...အဲ့ဒီတော့ သားက လက်ထပ်တော့မှာလား "
"လက်ထပ်တာကတော့ စောပါသေးတယ်အမေ ..မစံတို့ ဘက်က တောင်းဆိုလာရင်တော့ စေ့စပ်ပေးထားလိုက်မယ် ... ကျွန်တော်အလုပ်သွားလုပ်လိုက်အုံးမယ်နော် "
နေမခက ပြောပြီးတာနဲ့အိမ်ပေါ်ထပ်ကိုတက်သွားခဲ့တယ်။
"အေးမြနွယ်ရယ် .. မြေးကြီးကို့ကြည့်ရတာလဲ စက်ရုပ်ဆန်လိုက်တာဟယ် ... ရယ်နေပြုံးနေတာလဲ အသက်မပါသလိုချည်းပဲ ...ဒီပုံတိုင်းဆက်သွားရင်း သူတို့အိမ်ထောင်ရေးက မြဲပါ့မလားအေ... တော်ကြာ ငါတို့ လူကြီးတွေကြားမှာ မျက်နှာပျက်စရာတွေဖြစ်ကုန်အုံးမယ် "
ဘွားချိုက သက်ပြင်းကို ချလိုက်ပြီး စိတ်မသက်မသာနဲ့ ပြောလိုက်တယ်။
"ကျွန်မလဲ မသိတော့ဘူး အန်တီရယ် ... သားကို ဘယ်လိုပြောရမှန်းကို မသိတော့ဘူး ... ဟိုနေ့ကလဲ သားရဲ့အဘိုး အခြေအနေမကောင်းဘူး သွားလိုက်ပါလား သားရယ်လို့ ပြောတာကို ငွေထုတ်ပေးတယ် ... သူ့တို့က ငွေပဲ မျှော်တာတဲ့လေ ... အရင်က အဖြစ်အပျက်တွေကို ကျွန်မတို့က မေ့နိုင်ပေမဲ့ သားကြီးခမျာ ရင်ထဲမှာ စွဲနေတယ် အန်တီ...အဲ့ဒါကြောင့် သူအိမ်ထောင်ပြုရင်လဲ ယောက္ခမတွေနဲ့ ဆွေမျိုးသားချင်းတွေရဲ့ အကြောင်းတွေထိပါ တွေးနေပုံရတယ် "
~~~~~~~
မမဆွေရဲ့ မျက်နှာက ဒေါသကြောင့်နီရဲခက်ထန်နေတယ်။အလင်းချိုကို စူးစူးဝါးဝါး စိုက်ကြည့်နေမိတယ်။
"မင်း ဒါဘယ်လိုလုပ်လိုက်တာလဲ အလင်းချို ... ကိုဂျင်မီက တို့အတွက် အရေးကြီးတဲ့ အထူးဧည့်သည်တစ်ယောက်ပဲ ...မင်းဒီလောက်လေးတောင် ဧည့်မခံနိုင်ဘူးလား...ဟို့တို့ ဒီတို့ လေးတို့ခံရရုံနဲ့ မင်း အသားပဲ့ပါသွားမှာမို့လို့လား "
မမဆွေရဲ့ စကားအဆုံးမှာ အလင်းချိုက စားပွဲပေါ်က ဖန်ခွက်တွေကို ဝိုင်းကူ သိမ်းပေးနေရင်းကနေ ခေါင်းကို ဆတ်ခနဲ မော့လိုက်ပြီး ခပ်ဆတ်ဆတ်ပြန်ပြောလိုက်တယ်။
"ကျွန်မ ဒီအိမ်မှာ စာရင်းကူလုပ်ရရုံပဲဆိုလို့ အလုပ်လာလုပ်နေတာပါ ... မသက်ဆိုင်တဲ့ အလုပ်ကို မလုပ်နိုင်ပါဘူး "
"ဟဲ့ ...ဘာ .. မင်းက ငါ့ကို တစ်ခွန်းမကျန် ပြန်ပြောနေတာလား ...မင်းကို ငါက အလကားခိုင်းနေလို့လား ....ဟိုက မင်းကို မုန့်ဖိုးပေးသွားတယ်သိရဲ့လား "
"ပိုက်ဆံပေးတိုင်း ငြိမ်ခံနေရအောင် ကျွန်မမိန်းမပျက်မဟုတ်ဘူး... "
အလင်းချိုက ပြန်အော်ပစ်လိုက်ပြီး ဖန်ခွက်တွေကို သယ်ကာ မီးဖိုခန်းဘက်ကို ထွက်လာခဲ့လိုက်တယ်။
မမဆွေမှာ အလင်းချိုရဲ့ အပြုအမူကြောင့် ဒေါသဖြင့် ဆွေ့ဆွေ့ခုန်ကျန်ခဲ့ကာ ဖုန်းကိုထုတ်ကာ နံပတ်တွေကို နှိပ်လိုက်တယ်။
"ဟယ်လို...မမဆွေပြောလေ... မိုးနားထောင်နေပါတယ် "
"မိုးသူဇာ ..နင်ဟာမလေး ကို ငါလက်မခံနိုင်တော့ဘူး ... ဘယ်နှယ့်ဆတ်ဆတ်ထိမခံဖြစ်နေတာဟဲ့ ... သူ ဒီနေ့ ဘာလုပ်လိုက်လဲ နင်သိလား ...ကိုဂျင်မီက သူ့လက်ကိုဆွဲလိုက်တာကို ...ကိုဂျင်မီရဲ့ လက်ပေါ်ကို မတော်တဆလိုလိုနဲ့ ကော်ဖီတွေနဲ့ လောင်းချလိုက်တယ်လေ ... ဟိုမှာ အခု ဆေးခန်းကို ပြေးရပြီ သိရဲ့လား...သူတမင်လုပ်တယ်ဆိုတာကို ငါသိတာပေါ့ ဟဲ့ ..ရှေ့လျှောက် ငါကဘယ်လိုလုပ်ရမှာလဲ ....နင့်ဟာမလေးက ငွေကိုလဲ အရေးတောင်မစိုက်ဘူးနော်....နင်ငါ့ကို ကူညီခဲ့တာတွေ များနေလို့ ငါကပြန်ကူညီပေးနေတာ ..ဒီလိုစိတ်ရှုပ်စရာမျိုးတွေတော့ လက်မခံချင်ဘူး "
" မ..မလုပ်ပါနဲ့ မမဆွေရယ် .... မမဆွေကို အားကိုးပါတယ်.... ဒီကိစ္စက မိုးရဲ့ပတ်ဝန်းကျင်မှာ လှုပ်ရှားလို့မရလို့ပါ ... တစ်ခါတလေမိုးရဲ့ ဆိုင်ကို ခေါ်ရင်တောင် ဟိုတစ်ယောက်နဲ့ မဆုံအောင် မနည်း သတိထားနေရတာလေ ... အနုနည်းနဲ့မရရင်လဲ ဆေးသုံးပေးပါ မမဆွေ ...ဆေးဖိုးကုန်ကျစရိတ်တွေကို မိုးရှင်းပေးပါ့မယ် ...အဓိကက သူကို ပျက်စီးနေတဲ့ မိန်းမတစ်ယောက်ဖြစ်စေချင်တာပါ ... ဒီလောက်တော့ မမဆွေ တတ်နိုင်ပါတယ် ... မမဆွေ ခိုင်းသမျှကို မိုးလုပ်ပေးနေတာပဲလေ ..မိုးကို ဒါလေးတော့ ကူညီပါနော် "
"ရပါတယ်တော် ... ငါ့မြေးက မအားဘူးဆိုတော့လဲ ဒီက တွေ့ချင်တဲ့အဘွားကြီးကပဲ လာတွေ့ရတာပေါ့ ... ဘယ်လိုလဲမချို ... မင်းရဲ့မြေးကို ကိုယ့်တို့ကို ပေးမှာလားပြော "
စံမဒီရဲ့ အဘွားဖြစ်သူ ဘွားမြင့်က နေမခကို ပြောရင်းကနေ ငယ်သူငယ်ချင်းဖြစ်သူ ဘွားချိုကိုစလိုက်တယ်။ ဘွားမြင့်ရဲ့ မျက်နှာက ပြုံးလို့ ။ဘွားမြင့်လိုပဲ ဘွားချိုရဲ့ မျက်နှာလည်းပြုံးလို့.။
~~~-~~~~
"ဒီက မနက်စာအတူစားဖို့ စောင့်နေတာ သိရဲ့လား...လူကြီးတွေက စားပြီးသွားကြပြီ "
စံမဒီကနေမခနားကိုကပ်၍ ခပ်ချွဲချွဲလေးပြောလိုက်ပြီး နေမခရဲ့ လက်မောင်းကို ဖက်တွယ်ကာထမင်းစားခန်းဘက်ကို လျှောက်သွားလိုက်တယ်။
နေမခက ဘာမှပြန်မပြောဖြစ်။ အပြုံးဖြင့်သာ စံမဒီ ဆွဲခေါ်ရာ ထမင်းစားခန်းဘက်ကို ပါလာခဲ့တယ်။
နေမခတို့နှစ်ယောက်ရဲ့ ပူးပူးကပ်ကပ် အခြေအနေကို ဒေါ်အေးမြနွယ်တို့ လူကြီးတွေက မြင်ကြသလို စာမေးပွဲနီးနေပြီးမို့ စာတွေ အသည်းအသန် ကျက်မှတ်နေတဲ့ သဲသဲလေးကလဲ မြင်လိုက်ပါတယ်။
~~~~~~~
"သမီး ကျူရှင်သွားတော့မယ်နော် ..အဘွားနဲ့ အမေ "
ဧည့်ခန်းထဲမှာ ထိုင်ပြီး စကားပြောနေကြတဲ့ လူကြီးတွေကို နှုတ်ဆက်ပြီး သဲသဲ ကျူရှင်သွားဖို့ ထွက်လာခဲ့တယ်။တကယ်တမ်းက ကျူရှင်ချိန်က လိုပါသေးတယ်။ သဲသဲဝင်စရာရှိလို့ တမင်စောထွက်ခဲ့တာလေ။
~~~~~~
"မမ .... မမအလင်းချို ..."
အလင်းချိုအိမ်သန့်ရှင်းရေးလုပ်နေတုန်းမှာ ခြံဝက ခေါ်သံကြားလို့ ထွက်ကြည့်လိုက်တော့ သဲသဲလေးကို တွေ့လိုက်ရတာမို့ အံ့ဩဝမ်းသာသွားမိတယ်။နေမခနဲ့ ပြဿနာဖြစ်ပြီးတဲ့နောက်ပိုင်းကစလို့ သဲသဲတို့အိမ်ဘက်ကို မရောက်ဖြစ်တော့တာလေ။အလုပ်သွားနေရတာရယ်နေမခနဲ့ မတွေ့ချင်မဆုံချင်တာကြောင့်ရယ်နဲ့ အန်တီနွယ်တို့ဆီကိုပါ မရောက်ဖြစ်တော့တာလေ။
"သဲသဲ လာလေ ... မမဆီလာတာလား ... ကျူရှင်သွားဖို့ မဟုတ်ဘူးလား "
" ဟုတ်တယ် မမရဲ့... ကျူရှင်သွားရင်း မမဆီ၀င်လာတာ ...မီးမီးကို ကျူရှင်ထိလိုက်ပို့ပေးနော် "
သဲသဲလေးရဲ့ စကားကြောင့် အလင်းချိုမှာ အိမ်နေရင်း အဝတ်အစားပေါ်ကနေ ရှပ်အင်္ကျီတစ်ထည်ကို ထပ်ဝတ်လိုက်ပြီး သဲသဲနဲ့ အတူ ထွက်လာခဲ့လိုက်တယ်။
~~~~~~
"မမ ...မီးတို့အိမ်ကို ဘာလို့ မလာတော့တာလဲ "
ရုတ်တရက် ထွက်ပေါ်လာတဲ့ သဲသဲလေးရဲ့ အမေးကြောင့်အလင်းချိုမှာ ချက်ချင်းပြန်မဖြေနိုင်ပါလေ။
"ဟို ...မမလဲ အပြင်မှာ အလုပ်ထွက်လုပ်နေရတော့ မအားတော့လို့ပါ သဲသဲရဲ့ ....အလုပ်ပိတ်ပြန်တော့လဲ အိမ်အလုပ်တွေလုပ်ရသေးလို့ပါ"
အလင်းချို ပြန်ဖြေလိုက်တော့ သဲသဲက မကျေမနပ် အမှုအရာနဲ့ နှုတ်ခမ်းကိုအပေါ်သွားနဲ့ ခပ်ဖွဖွဖိကိုက်လိုက်ပြီး သက်ပြင်းလေးကို ချလိုက်တယ် ။
" မမက မအာဘူးပဲလုပ်နေ ...ကိုကိုက မကြာခင် မိန်းမရတော့မယ်သိရဲ့လား ... အခုဆို ကိုကိုနဲ့ မစံမဒီတို့က အိမ်ထဲမှာတောင်ဖက်နေကြတာ ..အမြင်ကိုကပ်တယ် ...မီးက ကိုကိုနဲ့မမလင်းကိုပဲလက်ထပ်စေချင်တာ ...အဲ့ အစ်မကို ကြည့်လို့ကို မရဘူး..ဟွန်း "
သဲသဲလေးရဲ့ စကားအဆုံးမှာ အလင်းချိုရဲ့ ကိုယ်လေး ယိုင်ခနဲ ဖြစ်သွားမိတယ်။မျှော်လင့်ထားပြီးသား သတင်းဆိုပေမဲ့ ခုလိုနားနဲ့ ဆက်ဆက်ကြားလိုက်ရတော့ နှလုံးသားက ကျင်စက်နဲ့ အတို့ခံလိုက်ရသလို စူးခနဲ နာကျင်သွားမိတယ်။
@@@@@@@@@@@@@@
အပိုင်း (၃၃ ) ဆက်ရန်
ဧကြည်ဖြူ
"ဪ " မမဆွေက အလင်းချိုရဲ့ အဖြေစကားကြောင့် မျက်လွှာကို ချပြီး အဝေးကို လှမ်းကြည့်လိုက်မိတယ်။လူ့တူမရှား။ နာမည်တူမရှားတဲ့လေ။မိန်းခလေးရဲ့ပုံစံမျက်နှာပေါက်က ကိုသက်ဦးနဲ့ ဆင်တယ်လို့ ထင်ရပေမဲ့ ဒီအထင်က ကိုယ်လိုရာဆွဲတွေးတဲ့ အထင်လည်းဖြစ်နိုင်တာပဲလေ။နှင်းဆီပန်းလို့ ကြားလိုက်ရရုံနဲ့ နီနီရဲရဲပန်းတစ်ပွင့်ကို မြင်ယောင်မိသလိုမျိုးပေါ့။အလင်းချိုဆိုတဲ့ နာမည်ကို ကြားလိုက်ရရုံနဲ့ မိန်းခလေးရဲ့ မျက်နှာပေါက်က မိမိနဲ့တူသလိုလို ၊ ကိုသက်ဦးနဲ့တူသလိုလို စိတ်ကထင်လာမိတယ်လေ။
"ဒါနဲ့ မိဘတွေရဲ့ နာမည်ကရော "
ဖြုန်းခနဲ ထမေးလိုက်တာမို့ အလင်းချိုမှချက်ချင်း မဖြေနိုင်။ခဏကြာမှာ ပါးစပ်ထဲရှိရာ နာမည်တွေကို ပြောလိုက်မိတယ်။
"ဦးအောင်သူနဲ့ ဒေါ်မာလာ "
" သြော်... ဟုတ်လား...ရန်ကုန်ဇာတိလား..."
မမေးတော့ဘူးလို့ ဆုံးဖြတ်ပြီးမှ မမဆွေ ထပ်ပြီးမေးလိုက်မိပြန်တယ်။
" နယ်ဇာတိပါ "
" ဪ ... အင်းပါ...တို့ဆီမှာ အလုပ်လုပ်ရင်တော့ စကားတွေ ရှုပ်ရှုပ်ယှက်ယှက် ပြောတာတွေကိုမကြိုက်ဘူး ...အပြင်က အကြောင်းတွေလဲ ဒီကိုသယ်မလာနဲ့ ... ဒီက အကြောင်းတွေကိုလဲ အပြင်ကို သယ်မသွားရဘူး .. အလုပ်ကို အိမ်ကနေ့ အသွားအပြန် လုပ်ပြီး ဆင်းလို့လဲ ရတယ်...ဒါမှမဟုတ် ဒီမှာနေလဲ ရတယ် "
မမဆွေက အလင်းချိုကို ကြည့်ပြီး ပြောလိုက်တယ်။
"ဟုတ်ကဲ့ အိမ်ကနေ အသွား အပြန်ပဲ လုပ်ခွင့်ပေးပါရှင်...အဘွားနဲ့ ဒေါ်လေးကို စိတ်မချလို့ပါ "
"အိုကေလေ ...မင်းသဘောပါပဲ ....မင်းဘာတွေ လုပ်ရမလဲဆိုတာ ပြီးရင်ပြောပြမယ်...အခုတော့ တို့ ရေသွားချိုးလိုက်အုံးမယ် "
အလင်းချိုနဲ့ အမေးအဖြေ လုပ်ပြီးသွားတော့ မမ ဆွေ ထိုင်နေရာကနေ စိတ်အေးလက်အေး ထလာခဲ့မိတယ်။
အလင်းချိုကတော့ နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ထားပြီး ထိုင်ခုံမှာ ထိုင်နေခဲ့တယ်။
~~~~~
"အဖေတို့က ဆိုင်အခြေအနေကိုကြည့်ချင်လို့ နောက်အပတ်ထဲမှာ ရန်ကုန်ကိုလာခဲ့မယ်တဲ့ ကိုနေ ..ပြီးတော့ သူတို့က မစံရဲ့အိမ်ထောင်ရေးကိုလဲ စိတ်ပူနေကြတယ် ... ဖြစ်နိုင်ရင် လာမယ့်နှစ်မှာ လက်ထပ်စေချင်တာတဲ့ ..."
စံမဒီက နေမခရဲ့ မျက်နှာကို ကြည့်ပြီးပြောလိုက်တယ်။
နေမခမှာ ဖြေစရာ အဖြေက မရှိပါ။မစံရဲ့ သဘောကျလိုက်လိုက်လျောလျော ဆက်ဆံခဲ့ခြင်းမှာအချစ် မဟုတ်ပါ။ ဒီစကားတွေကို ကျေးဇူးရှင်မလေးအား ဘယ် လို ပြောရပါ့မလဲ။သို့မဟုတ် ဇွတ်မှိတ်၍ လက်ခံလိုက်ရလေမလား။
" ကိုနေ မင်းဘာတွေတွေးနေ တာလဲ ... တစ်ခါတလေများ အိမ်ကိုလဲ လိုက်လည်ပါအုံး ... တို့အဘွားကဖြင့် မင်းကို မြင်တာနဲ့ ငါ့မြေးလေးဆိုပြီး ပါးစပ်ဖျားကကို ချတာမဟုတ်ဘူး သိရဲ့လား "
~~~~~
"အလင်းကဘယ်မှာအလုပ်လုပ်နေတာလဲ ... ကျွန်တော်ကိုလဲ မပြောဘူး ... အလုပ်သွားရတာဝေးရင် ...အသွားအပြန်ကို ကျွန်တော်လိုက်ပို့ပေးပါမယ် "
ဟန်သော်လင်းက မေးရင်းကနေ အလင်းချိုကို ကြည့်လိုက်တယ်။
" မြို့ထဲက သူဋ္ဌေးမတစ်ယောက်ဆီမှာ စားရေးမဝင်လုပ်နေတာ ... အလုပ်က ကိုးနာရီမှ၀င်ပြီး ညနေငါးနာရီဆိုရင် ပြန်ရလို့ အဆင်ပြေပါတယ် ကိုလင်းရဲ့ "အလင်းချိုက ဟန်သော်လင်းရဲ့ အမေးကို ပြန်ဖြေလိုက်တယ်။အလင်းချို ဘယ်မှာလုပ်နေတာလဲဆိုတာကို ဘယ်သူ့ကိုမှ မသိစေချင်ပါ။အထူးသဖြင့် မိခင်ဖြစ်သူက သူ့သွေးသားရင်းကို သူ့အလိုလို မမှတ်မိမချင်း အလင်းချိုတို့အကြောင်းတွေကို ဘက်သူ့ကိုမှမသိစေလိုပါ။
" ဘာပဲဖြစ်ဖြစ် တစ်ခုခု အကူအညီလိုရင် ပြောနော် အလင်း ...."
" အင်းပါ ကိုလင်းရယ် ... အလုပ်ပိတ်တဲ့ တစ်ရက်လောက် ... ကိုလင်းပြောတဲ ကလေးတွေရှိတဲ့ ကျောင်းကို သွားရအောင်လေ "
" အလင်းကို ခေါ်သွားချင်ပါတယ်ကွာ ...ဒါပေမဲ့ လမ်းကြမ်းတယ် .ကားက အထဲထိ ဝင်လို့မရဘူးလေ ..."
"ရပါတယ် အလင်းလိုက်နိုင်ပါတယ်...လူကို အထင်သေးနေတာပဲ "
အလင်းချိုရဲ့ ခပ်စွာစွာ အပြောလေးကြောင့် ဟန်သော်လင်း သဘောတကျနဲ့ ပြုံးလိုက်မိတယ် ။ရှေ့လျှောက် ဒီမိန်းခလေးရဲ့ အပြောတွေ အပြုံးတွေကို မြင်ရဖို့ကလည်း ခက်ခဲလှပါတယ်။သူကလဲ မအား။ကိုယ်ကလည်း အလုပ်ပေါ်ရင် ပေါ်သလိုကားတစ်စီးနဲ့ လျှောက်ဒိုးနေရတာ။ ဒီကြားထဲ တစ်ခါတစ်ခါ ခရီးကထွက်ရသေးတော့ ပိုဆိုးတယ်။ဒီနေ့လို အလုပ်ပိတ်ရက်မှာ မနက်စာမုန့်လေးအတူထွက်စားခွင့်ရဖို့တောင် မနည်းကြိုးစားခဲ့ရတာလေ။
~~~~
~~
နေမခအိပ်ရာကနိုးတော့ မနက်ကိုးနာရီထိုးနေပြီ။ဒီနေ့ အလုပ်ပိတ်ရက်မို့ ညတုန်းက စာရင်းတွေကို အပြီးအပြတ် လုပ်နေခဲ့တာ။ ဒီမနက်တော့ အေးအေးဆေးဆေးအိပ်ပြီး နောက်ကျမှ ထလာခဲ့တာ။ အိပ်ရာကနိုးတာနဲ့ တစ်ခါတည်း ရေမိုးချိုးပြိး အောက်ထပ်ကို ဆင်းလာခဲ့တယ်။ရည်ရွယ်ချက်က ရပ်ကွက်ထဲ စက်ဘီးလိုက် စီးဖို့ ရည်ရွယ်ထားတာ။ နေမခတို့ဆိုင်က အပတ်တိုင်းပိတ်တာမဟုတ်ဘဲ လပြည့်နေ့လို အထူးနေ့တွေမှ ပိတ်တာမို့ ပိတ်ရက်တွေက ရှားတယ်။ ဒါကြောင့်မို့လဲ မိုးလင်းသွားမိုးချုပ်မှ ပြန်လာရတဲ့နေမခနဲ့ ရပ်ကွက်က အတော်လေးစိမ်းနေခဲ့ပြီလေ။
နေမခအောက်ထပ်ကို ရောက်လာခဲ့တော့ ဧည့်ခန်းထဲမှာ ထိုင်နေတဲ့သူတွေကိုကြည့်ပြီးအံ့သြသွားမိတယ်။
"ဟင် ...ဘွားမြင့်နဲ့မစံ ဘယ်တုန်းက ရောက်နေတာလဲ .. အားနာလိုက်တာ ...ညက အိပ်တာနောက်ကျသွားလို့...ဒီမနက်အိပ်ရာထ နောက်ကျသွားတယ် "
မိုးသူဇာ နားမလည်နိုင်သလိုမေးလိုက်မိတယ်။ မမ ဆွေ စိုးရိမ်နေရအောင်လည်း မမဆွေအိမ်မှာက ဆေးအရောင်းအဝယ်ရော၊ လူအရောင်းအဝယ်ပါ ဘာမှလုပ်တာမဟုတ်ဘူးလေ။ မမဆွေ က ကေတီဗီခန်းတွေကိုဗန်းပြဖွင့်ထားပြီး မိုးသူဇာတို့လိုလူမျိုးတွေကိုပဲ ခိုင်းတာလေ။ ဘယ်တော့မှ ကိုယ်တိုင် လုပ်တာမဟုတ်တာကို ဘာကိုများ စိုးရိမ်နေလည်းဆိုတာကို မိုးသူဇာနားမလည်နိုင်ပါ။
"သူ့မှာမိဘအစုံအလင်ရှိတာ သေချာလား ... သူ့မိဘတွေကို နင်မြင်ဘူးလား မိုးသူ့ဇာ..."
မမဆွေက စိတ်လှုပ်ရှားနေတဲ့ ပုံစံမျိုးနဲ့ မေးလာတာမို့ မိုးသူဇာ ပိုပြီးခေါင်းရှုပ်သွားရတယ်။
" သူ့မိဘတွေကို မမြင်ဖူးဘူး မမဆွေ...ကောင်မလေးက သူ့အဘွားရယ်.. သူ့အဒေါ်အပျိုကြီးနဲ့အတူနေတာလေ... ဘွဲ့ရပြီးသားလို့တော့ ပြောတယ် ...ဒါပေမဲ့ ကျွန်မတို့ လုပ်ငန်းတွေကို ဒုက္ခပေးနိုင်တဲ့ အရည်အချင်းမျိုးတော့ မရှိပါဘူး "
"သူက မိဘတွေရှိရဲ့နဲ့ ဘာလို့ အတူ မနေရတာလဲ ...အဒေါ်အရင်းနဲ့ အဘွားအရင်းရောဟုတ်ရဲ့လား "
မမဆွေရဲ့ မေးခွန်းတွေနဲ့ အပြုအမူကြောင့် မိုးသူဇာ အံ့သြပြီးရင်း အံ့ဩနေမိတယ်။ မမဆွေဆိုတာ သိလာခဲ့တဲ့တောက်လျှောက်မှာ သူများအကြောင်းကို စိတ်ဝင်စားတဲ့သူမျိုးမဟုတ်ဘူး။အခြားသူတွေကို အရောဝင်လေ့မရှိသလို အခြားသူတွေအကြောင်းကိုလဲ စပ်စုလေ့မရှိဘူး။မိုးသူဇာတောင် အလှပြင်ခန်းကို ဗန်းပြဖွင့်ထားတယ်ဆိုပေမဲ့ တကယ့်ကိုတော်တဲ့အလှဖန်တီးရှင်တွေကိုပါ ဆိုင်မှာ ခေါ်ထားတာမို့ မမဆွေက ဆိုင်ကို အ၀င် အထွက်လုပ်ပြီး မျက်နှာသာပေးတာ။ အတူလက်တွဲလုပ်နေကြသူတွေထဲမှာ မမဆွေအိမ်ကို ၀င်ထွက်ခွင့်ရတဲ့သူ ၊ သိခွင့်ရတဲ့သူက မိုးသူဇာတစ်ယောက်ပဲရှိတာလေ။
"မမဆွေ သူ့ကိုမယုံရဲရင် ...သူ့အကြောင်းကို မိုးသေချာစုံစမ်းပေးပါ့မယ် မမ ဆွေ .. တစ်ပတ်လောက်ပဲ စောင့်ပါ"
မိုးသူဇာက မမဆွေကို ပြောလိုက်တယ်။
"အို ... ရတယ် မိုးသူဇာ...မမ ဆွေ ဘာသာစုံစမ်းလိုက်ပါ့မယ်... ဒါနဲ့ သူ့ကရော မမဆွေဆီမှာ အလုပ်လာလုပ်မှာ သေချာရဲ့လား "
"လုပ်မယ်ထင်တယ် မမဆွေ ... သူငြင်းမှမငြင်းတာပဲ "
မိုးသူဇာနဲ့ မမဆွေတို့ရဲ့ စကားဝိုင်းက ပြန်လည်တိတ်ဆိတ်သွားတယ်။ မမဆွေကတော့ ဆိုဖာခုံကို ကျောမှီရင်း တွေတွေငေးငေးနဲ့ စဉ်းစားနေမိတယ်။
မမဆွေတဖြစ်လဲကေသီချို။ချစ်သူနဲ့ပြဿနာတစ်ခုကြောင့် လမ်းခွဲလိုက်ပြီးချိန်မှာ ကိုသက်ဦးနဲ့ တွေ့ခဲ့တယ်။ ကိုသက်ဦးက သုံးနိုင်ဖြုန်းနိုင်တဲ့သူမို့ ကေသီချိုအမိအရ ကပ်ခဲ့တယ်။နဂိုကမှ ကိုသက်ဦးကလည်း ကေသီချိုကိုသဘောကျနေတာဆိုတော့ နှစ်ယောက်သား တွေ့ပြီး သိပ်မကြာခင်မှာပဲ နှစ်ဦးသဘောတူလက်ထပ်လိုက်ကြတယ်။ကိုသက်ဦး မိဘတွေကတော့ ကေသီချိုလို ပညာမလဲမရှိငွေလဲမရှိတဲ့သူနဲ့ သဘောမတူနိုင်ပါဘူးဆိုပြီး သူတို့သားကို အမွေဖြတ် စွန့်လွှတ်ပြီးပစ်ထားခဲ့ကြတာလေ။မှတ်မှတ်ရရ ကိုသက်ဦးနဲ့ ရှစ်နှစ်ကျော် ပေါင်းသင်းလာခဲ့ပေမဲ့ ကိုသက်ဦးရဲ့ မိဘတွေက ရန်ကုန်မြို့ရဲ့စည်းကားတဲ့ ရပ်ကွက်ကြီးတစ်ခုမှာ ခြံနဲ့ တိုက်နဲ့နေတယ်ဆိုတာ အပြင် ပိုမသိဘူး ။ကိုသက်ဦးကလဲ မပြောပြဘူး။ သူ့မိဘတွေဆီ သွားစရာ ရှိုရင် သူတယောက်တည်းပဲ သွားတာလေ။ ဒီလိုနဲ့သမီးလေးမွေးပြီးရှစ်နှစ်မပြည့်ခင်မှာ အချစ်ဦးနဲ့ ပြန်တွေ့ခဲ့ရပြီး ကေသီချိုတို့ ဇာတ်လမ်းတွေ ပြန်ဆက်ခဲ့မိကြတယ်။ ဟုတ်တယ်လေ ကေသီချိုက ကိုသက်ဦးကို ချစ်လို့ယူခဲ့တာမှ မဟုတ်တာ။ငွေရှိတဲ့ သူဋ္ဌေးသားဆိုပြီးကပ်ခဲ့တာလေ။နောက်ဆုံးတော့ ထမင်းဝရုံ၊ခါးလှရုံပဲ ရှာဖွေပေးနိုင်တဲ့ သက်ဦးကို စွန့်ပစ်ပြီး အချစ်ဟောင်း ခေါ်ရာနောက်ကို ကေသီချိုလိုက်ခဲ့တာပေါ့။ ဒါပေမဲ့ လည်လွန်းတဲ့ဘီး ချီးသင့်တယ်လို့ပဲပြောရမလား။အချစ်ဟောင်းကြီးက ကေသီ ချို့ကို နယ်စပ်မှာ သွားနေရအောင်ဆိုပြီး ခေါ်သွားခဲ့ပြီး ဇိမ်ခန်းမှာ ရောင်းပစ်ခဲ့တာလေ။ အဲ့ဒီအချိန်တွေကတော့ ကေသီချိုအတွက် တကယ့်ကို ငရဲတွင်းပေါ့။နောက်တော့ အဲ့ဒီမှာ အစ်ကိုကြီးနဲ့ တွေ့ခဲ့ပြီ အစ်ကိုကြီးရဲ့ နံပတ်စဉ် မယားတစ်ယောက်ဖြစ်လာခဲ့တယ်။အစ်ကိုကြီးဆိုတာက နယ်စပ်ဘက်မှာ နာမည်ကြီး လူတစ်ယောက်။ဒုစရိုက်လုပ်ငန်းတွေရဲ့ဦးသျှောင် ဆရာတစ်ဆူ ။ အဲ့ဒီလိုနဲ့ ကေသီချိုလည်း အစ်ကိုကြီးထားရာမှာနေ၊စေလိုရာကို သွားခဲ့ရပြီး ရန်ကုန်မြို့ကို ပြန်ရောက်လာခဲ့ရတော့တယ်။ပြီးတော့ ရန်ကုန်မှာ ဗန်းပြလုပ်ငန်းတွေ လုပ်ထားပြီးအစ်ကိုကြီး ခိုင်းစေတဲ့အတိုင်း နေထိုင်ခဲ့ရတယ်။ ကေသီချို ရန်ကုန်ကိုပြောင်းလာခဲ့တုန်းက ကိုသက်ဦးနဲ့ သမီးလေးကို ရှာဖို့ တွေးခဲ့မိသေးတယ်။ ဒါပေမဲ့ ဒုစရိုက်လုပ်ငန်းတွေက သမီးလေးကို ထိခိုက်မှာစိုးလို့ စိတ်ကူးအတွေးတွေကို စွန့်လွှတ်ခဲ့တာ။ အခုတော့ အလင်းချိုဆိုတဲ့ နာမည်လေးတစ်ခုကြောင့် ကေသီချိုခေါ် မမဆွေရဲ့စိတ်တွေ မတည်မငြိမ်ဖြစ်ခဲ့ရလေပြီ။
~~~~
"မိဘတွေနဲ့ ဘာလို့တူတူမနေတာလဲ ..."
မေးခွန်းကိုချက်ချင်း မဖြေဘဲ အလင်းချိုခေါင်းကို မောကြည့်လိုက်မိပြီး အသံကိုမတုန်အောင်ထိန်းပြီး ပြန်ဖြေလိုက်တယ်။
" ငယ်ငယ်ကတည်းက အဘွားနဲ့ ဒေါ်လေးက မွေးစားခဲ့တာ ...အမေကဆိုးတယ်...သူပျော်ရွှင်ဖို့အတွက်ပဲ သိတဲ့သူမျိုး" လို့ သူမရဲ့မျက်နှာတည့်တည့်ကို ကြည့်ပြီး အလင်းချိုဖြေလိုက်တယ်။
ဧကြည်ဖြူ
" သံယောဇဉ် ကမ်းပါး "
အပိုင်း ( ၃၂ )
*******
အသံနဲ့အတူ ထမဖွင့်မပေးမချင် တံခါးကိုထုနေတဲ့ မမမိုးကြောင့် ဟန်သော်လင်းတံခါးပေါက်ရှိရာဆီကို ထလာခဲ့ရတယ်။
" ဘာကိစ္စရှိလို့လဲ မမမိုး ... ကျွန်တော် အိပ်ချင်နေပြီ ... ပြောစရာရှိရင် မနက်မှ ပြောပါ "
" ခဏလေးပဲ ပြောမှာ ...တံခါးဖွင့်ပေးအုံး...မဖွင်းပေးမချင်း ဒီမှာ ထိုင်နေမှာနော် "
မမမိုးပုံကြည့်ရတာ တံခါးမဖွင့်ပေးရင် တကယ့်ကို မပြန်မယ့်ပုံပင်။ဟန်သော် လင်း တံခါးသော့ကို ဖွင့်ပေးလိုက်ပြီး ဧည့်ခန်းမှာ ထိုင်စောင့်နေလိုက်တယ်။
"ကဲ ..ပြောဗျာ ...ဘာပြောမှာလဲ ... ဒီနေ့ ကျွန်တော်စိတ်မကြည်ဘူးဗျာ... ပြောစရာရှိတာ မြန်မြန်ပြော "
" ပြောပါ့မယ်တော် ....ခဏတော့ ထိုင်ပါရစေအုံး "
မမမိုးက ပြောပြောဆိုဆိုနဲ့ အပေါ်ကထပ်ဝတ်လာတဲ့ အင်္ကျီလက်ရှည်ကို ချွတ်လိုက်ပြီး ဟန်သော်လင်းဘေးမှာ ကပ်ထိုင်လိုက်တယ်။ဟန်သော် လင်း မျက်မှောင်ကုတ်ပြီး မမမိုးကို တစ်ချက်ကြည့်လိုက်တော့ မမမိုးပုံစံကဘာမှမဖြစ်သလို သာမန်ပါပင်။
"မင်း ဒီလောကထဲက ထွက်ချင်တယ်လို့ပြောတယ် မဟုတ်လား ...အဲ့ဒါ နယ်မှာ လေးငါးခြောက်လလောက်ပဲ နေပြီး ဈေးကွက်ရှာပေးရင် ထွက်ခွင့်ပေးမယ်တဲ့ ... ဘယ်လိုလဲ "
မမမိုးရဲ့ စကားကြောင့် ဟန်သော်လင်း စိတ်ပျက်သွားမိတယ်။
"မမမိုးတို့အလုပ်ကို လုပ်မယ်သူက ကျွန်တော်တစ်ယောက်တည်း ရှိတာလားဗျာ ... ထွက်ဖို့အရေးကို ဘာတွေ လုပ်ခိုင်းနေတာလဲ ... ကျွန်တော် မလုပ်နိုင်ဘူး...နယ်လဲ မသွားနိုင်ဘူး ... ကလေးတွေဆီကို ကျွန်တော် မကြာခဏသွား နေရတာလဲ မမမိုးသိနေတာပဲ "
"သိတယ်လေကွာ...သိလို့ ပြောနေတာပေါ့ ...အဲ့ဒီ လေးငါးခြောက်လလုပ်ပြီးရင် ..မမဆွေက မင်းကို ခြံတစ်ကွက် ဝယ်ပေးမယ်တဲ့လေ ... ဘယ်လိုလဲ "
မက်လောက်စရာ ပမာဏပါပင်။သို့ပေမဲ့ လေးငါးခြောက်လတောင် ရန်ကုန်မြို့ကြီးနဲ့ ခွဲနေရဖို့ဆိုတာကဘယ်လိုမှ မဖြစ်နိုင်ပါ။ အထူးသဖြင့် အလင်းချိုနဲ့ ဝေးတဲ့ အရပ်မှာ သူမနေချင်။ပြီးတော့ ခုချက်ချင်းပဲ ဟန်သော်လင်း ဆုံးဖြတ်ချက်ချလိုက်တာက အခြားသူလက်မဦးခင် အလင်းချိုကို သူ့ရဲ့ခံစားချက်တွေကို ဖွင့်ပြောလိုက်ဖို့ပါပင်။
"ဟင့်အင်း ....ကျွန်တော့် ဘာသာ တခြားအလုပ်လုပ်ပြီး ကြီးကြိုးစားစားနဲ့ ပိုက်ဆံရှာပြီး ခြံဝယ်နိုင်အောင် ကြိုးစားပါ့မယ်....မမမိုးတို့ အစီအစဉ်ကို လက်မခံနိုင်ပါဘူး .... "
" ဘယ်လို ... ဘာပြောတယ် ... မင်းဘာတွေဖြစ်ရပြန်တာလဲဟင် ...ဘာဖြစ်လို ချက်ချင်းအလုပ်ကနားချင်နေရတာလဲ....မမမိုးကိုစိတ်ခုစရာများရှိလို့လားဟင်... ပြောကွာ"
မမမိုးက ပြောရင်းမှဟန်သော်လင်းရဲ့ မျက်နှာအနီးကို တိုးကပ်လာပြီး ချွဲချွဲပျစ်ပျစ် အသံနဲ့ မေးလာတယ်။ နီးကပ်လွန်းလှတဲ့ အနေအထားကြောင့် တစ်ယောက်ရဲ့ အသက်ရှူငွေ့က တစ်ယောက်မျက်နှာကို လာဟပ်နေတယ်။မမမိုးက ရီဝေဝေမျက်လုံးတွေနဲ့ ဟန်သော်လင်းကိုကြည့်နေတယ်။ပြီးတော့ မမမိုးက ဒီမှာတင်ရပ်မသွားဘဲ သူ့လက်နှစ်ဘက်နဲ့ ဟန်သော် လင်းကို သိုင်းဖက်လာတယ်။ဟန်သော်လင်းက မမမိုးရဲ့ မျက်နှာကို ကြည့်ပြီး ထိုင်နေရာမှ ဆတ်ခနဲထရပ်ပစ်လိုက်တယ်။
"မမမိုး..ဘီယာတွေ သောက်ထားပြန်ပြီလား ...မူးနေရင် သွားအိပ်တော့...ဒါမှမဟုတ် ဒီမှာ အိပ်ချင်လဲအိပ် ... ကျွန်တော် အပြင်သွားတော့မယ် "
"မသွားရဘူး ... မသွားနဲ့ နော် ... ဘာလဲ မမမိုးက မင်းဟာမလေးလောက် မလှဘူးလားပြော "
မမမိုးပုံစံကို ကြည့်ပြီး ဟန်သော်လင်းရဲ့စိတ်တွေ ပိုပြီး ညစ်ထွေးလာတာမို့ ကားသော့ကို ယူပြီးအပြင်ကိုထွက်လာခဲ့တယ်။မမမိုးရဲ့ စိတ်တွေ သူ့အပေါ် ဘာလို့ဒီလို့ ပြောင်းလဲလာတာလဲဆိုတာကို ဟန်သော်လင်း နားမလည်နိုင်အောင် ဖြစ်နေမိတယ်။ သူ့အနေနဲ့ကတော့ မမမိုးအပေါ်မှာ အစ်မတစ်ယောက်လိုပဲ ခံစားရတယ်။ ဒါကြောင့်မို့လဲ တော်တန်ရုံကိစ္စတွေမှာ ဘာမှပြန်မပြောဘဲ သည်းခံနေပေးခဲ့တာ။ ဟန်သော်လင်းက အခြားယောကျာ်းတွေနဲ့ယှဉ်ရင် စာရိတ္တပိုင်းမှာ မကောင်းတဲ့သူတစ်ယောက်ဆိုတာ ကိုယ့်ကိုယ်ကိုယ်လည်းသိတယ် ။ဒါပေမယ့် ဟန်သော်လင်း တဏှာရူးမဟုတ်ဘူး။မိန်းမမြင်တိုင် ကိုယ့်သားကောင်ပဲလို့ တွေးနေတတ်တဲ့သူမဟုတ်ဘူး။ ရှုပ်ရှုပ်ယှက်ယှက်တွေကိုလဲ သဘောမကျဘူး။အဲ့ဒီလိုမျိုး ယောက်ျားတွေရော၊ မိန်းမတွေပါ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးမထားကြလို့ လမ်းပေါ်မှာ မိဘမဲ့ကလေးတွေ များလာတာပဲမဟုတ်လား။
~~~~~~
"စောစောစီးစီး မမဆွေခေါ်လို့သာပြေးလာလိုက်ရတာ ... ရင်တောင်တုန်တယ် ...မမဆွေရယ် ..ဘာကိစ္စများလဲ "
မိုးသူဇာက ပြောပြောဆိုဆိုနဲ့ မမဆွေနဲ့ မျက်နှာချင်းဆိုင်ခုံမှာ ၀င်ထိုင်လိုက်တယ်။
မမဆွေက ဆိုဖာခုံပေါ်မှာ တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေရာကနေ မိုးသူဇာကို လှမ်းပြောလိုက်တယ်။
"နင်ခေါ် လာတဲ့ အလင်းချို ဆိုတဲ့ ကောင်မလေးအကြောင်းကို သေချာသိလား "
မမဆွေရဲ့ အမေးကြောင့် မိုးသူဇာ အံ့ဩသွားမိတယ်။
" အကြောင်းစုံတော့ မသိဘူးလေ မမဆွေ.... မမဆွေရဲ့ ကောင်လေးတွေ စုံစမ်းပေးတဲ့ လိပ်စာအတိုင်းသွားရှာခဲ့တာပဲလေ ...ဘာဖြစ်လို့လဲ မမဆွေ...အနားမှာခေါ်ထားရမှာကို လန့်နေလို့လား ..."
