es
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

Ir al canal en Telegram
803
Suscriptores
+424 horas
+167 días
+4630 días
Archivo de publicaciones
ခေါင်းခံခိုင်းတာလေ။ မမမိုးက အလှပြင်ဆိုင်ကိုဗန်းပြဖွင့်ပြီး ကောင်လေး၊ ကောင်မလေးချောချောလှလှလေးတွေနဲ့ တရင်းတနှီး ပေါင်းသင်းတယ်။ပြီးတော့ သူ့အသိ မော်ဒယ်သင်တန်းနဲ့ မိတ်ဆက်ပေးမယ်ဆိုပြီး အတုအယောင်တွေနဲ့ မိတ်ဆက်ပေးတယ်။တစ်ချို့လဲ အနုပညာလောကထဲကို ရောက်သွားတဲ့သူတွေရှိပါတယ်။ ဒါပေမဲ့ ကိုယ့်စိတ်ကိုယ်မနိုင်ဘဲ ငွေမက် ၊ အလှအပမက်တဲ့သူတွေကတော့ မမမိုးရဲ့ ကျားခုံးပေါ်က နယ်ရုပ်ကလေးတွေဖြစ်သွားကြတာပဲ။ဟန်သော်လင်းတောင် အဲ့ဒီလိုဘ၀ကိုရောက်မလိုဖြစ်ခဲ့သေးတာပဲ။ဟန်သော်လင်းက သူတို့ထက်ပိုလည်ပိုနပ်လို့ အဲ့ဒီလိုမျိုးဘဝကိုမရောက်ခဲ့တာ။ဒါပေမဲ့ ဝတ်ကောင်းစားလှတွေဝတ်ပြီး ကျောပိုးအိတ်တစ်လုံးနဲ့ မင်းသားလိုလို ၊မော်ဒယ်လိုလိုပုံစံနဲမူးယစ်ဆေးရောင်းခဲ့ရတာလေ။ အစကတော့ ဝယ်သူတွေဆီ အလှပြင်ပစ္စည်းတွေ ပို့ခိုင်းတယ်ပဲထင်ခဲ့တာ။နောက်တော့မှ ကိုယ့်ကိုယ်ကိုယ် မူးယစ်ဆေးရောင်းဝယ်သူလုပ်ရေမိမှန်းသိတော့တာ။ ဒီမကောင်းတဲ့အလုပ်ကို ခြောက်နှစ်ခုနစ်နှစ်တောင် လုပ်လာခဲ့ပြီးပြီဆိုတော့ ဆက်မလုပ်ချင်တော့ဘူး။ ဘ၀ကဝမ်းဝရုံ ခါးလှရုံအတွက်ပဲ အသက်ရှင်ရတာမဟုတ်ပေမဲ့ တခြားသူတွေရဲ့ ဘ၀တွေကို ဖျက်ဆီးပြီးမှရတဲ့ငွေနဲ့တော့ ဟန်သော်လင်း မရပ်တည်ချင်တော့ဘူး။ပြီးတော့ မမမိုးတို့ဘက်က ဘယ်လောက်လမ်းကြောင်းပိုင်တယ်ပဲပြောပြော လွတ်လွတ်လပ်လပ်နေတတ်တဲ့ ဟန်သော်လင်းအတွက် ထောင်မပြောနဲ့ အချုပ်ထဲမှာနေရတုန်းကဆိုရင် တစ်ရက်ကိုတစ်နှစ်လောက်ထင်ခဲ့တာ။ နောက်ထပ် အဲ့ဒီလိုနေရာကို့မသွားချင်ဘူး။ "ဟိုဟာလဲ မလုပ်ချင် ... ဒီဟာလဲ မလုပ်ချင်နဲ့ မင်းဘာလုပ်မှာလဲ မမကိုပြော " "ကျွန်တော့်ဘာသာ ရိုးရိုးသားသား စီးပွားရှာချင်တယ် မမမိုး...." " မင်းပြောတော့ လွယ်လိုက်တာ ...မင်းအဲ့ဒီလိုနေမယ်ဆိုတိုင်း သူတို့က ခွင့်ပြုမယ်ထင်လား ....လုပ်ငန်းအကြောင်း လုပ်ငန်းနေရာကိုသိနေတဲ့မင်းကို တနည်းမဟုတ်တနည်းနဲ့ ဒုက္ခပေးမှာ သိရဲ့လား ...ဒီလောကကလွယ်လွယ်နဲ့၀င်မရသလို လွယ်လွယ်နဲ့လဲထွက်လို့ရမယ်မထင်နဲ့ ...မင်းလုပ်ချင်ချင်မလုပ်ချင်ချင် မှေးပြီးနေရမယ် ..မမဆွေဆိုတဲ့မိန်းမကြီးက ဘယ်လောက် ကြောက်ဖို့ကောင်းလဲမင်းသိရဲ့လား " "ဟာဗျာ ...တောက် ... ခင်ဗျားနဲ့ တွေ့ခဲ့ရတာကိုက ကျွန်တော့အတွက် ဂြိုလ်ဆိုးဝင်ခဲ့တာပဲကို မမမိုးရဲ့...လုပ်ချင်ရာလုပ်ဗျာ....ကျွန်တော့်ကိုလာထိရင်တော့ ငြိမ်ခံနေမှာမဟုတ်ဘူး ...ကျွန်တော့်မှာက ဝှက်ထားတဲ့သားသမီးလဲမရှိဘူး ...တွယ်တာစရာလဲမရှိဘူးနော်... ကျွန်တော်ဖြစ်ရင် ကျွန်တော်ခံပဲ ...နောက်မှာ ဘာမိသားစုမှ မရှိဘူး... မမမိုးရဲ့ လူတွေကို ပြောလိုက်ပါ ...ငဲ့ကြည့်စရာ မိသားစုမရှိမှ ကျွန်တော်ကို လာခြိမ်းခြောက်ကြလို့ ... " ဟန်သော်လင်း ပြောပြီးတာနဲ့ မမမိုးရဲ့ အခန်းထဲက ထွက်လာခဲ့တယ်။စိတ်ထဲမှာ မကျေမနပ်နဲ့ပေါက်ကွဲပစ်လိုက်ချင်ပေမဲ့ ကျေးဇူးတရားကို ထောက်ထားပြီး စိတ်ကို မနည်းထိန်းချုပ်ထားရတယ်။ ~~~~ အန်တီနွယ်က ဖုန်းဆက် ခေါ်တာမို့ အလင်းချို လုပ်လက်စအလုပ်တွေ ထားခဲ့လိုက်ပြီး အန်တီအန်တီနွယ်တို့ အိမ်ဘက်ကို ထွက်ခဲ့လိုက်တယ်။ "အန်တီနွယ် ...သမီးဘာလုပ်ပေးရမလဲ " အလင်းချို ဆိုင်ထဲကို ဝင်လိုက်ပြီး အန်တီနွယ့်ကို လှမ်းမေးလိုက်တယ်။အဲ့ဒီအခါ ဆိုင်ထဲမှာ အန်တီနွယ့်ကို မတွေ့ရဘဲ အိမ်ရဲ့ ဧည့်ခန်းထဲမှာ မျက်နှာစိမ်းအမျိုးသမီးနှစ်ယောက်နဲ့ အတူရှိနေတာကို တွေ့လိုက်ရတယ်။အန်တီ နွယ်ရဲ့ဘေးမှာလဲ ဘွားချိုပါ ရှိနေတယ်။ အပိုင်း (၂၀) ဆက်ရန်.... @@@@@@@@@@@@@@@@ ဧကြည်ဖြူ

အတော်တော့စွံမယ့်ပုံပဲ။ ဟန်သော်လင်း ယူမယ်ဆိုတဲ့ ပန်းအိုးလေးတွေကို ခြံပြင်က ကားနားကို အလင်းချိုသယ်ထုတ်လာခဲ့ရင်း ဟန်သော်လင်းထွက်အလာကို စောင့်နေလိုက်တယ်။ ~~~~~~ "ကိုယ့်ဘာသာသယ်မှာပေါ့ ...မင်းကလဲ မြန်လိုက်တာ " ဟန်သော်လင်းက ခြံထဲက ထွက်လာခဲ့ပြီး ကားနာမှာ ရပ်နေတဲ့အလင်းချိုကို လှမ်းပြောလိုက်တယ်။ကြည်ပြာ ဆိုတဲ့ မိန်းခလေးစကားများချက်က ဟန်သော်လင်းမှာ မနည်းကို စကားစဖြတ်ခဲ့ရတာ။ "ရပါတယ်ရှင် ... ရှင်ကဝယ်သူလေ ....သယ်စရာမလိုပါဘူး .. ရှင့်ရဲ့အခန်းက ခေါင်မိုးထပ်လို့ပြောတယ်နော် ...အဒါဆို အလင်းရောင်ကောင်းကောင်းရတယ် မဟုတ်လား ...ပန်းအိုးတွေကို ...နေရောင်ခြည်ရတဲ့နေရာမှာ ထားနော် ... ကားကိုလဲ ဖြည်းဖြည်းမောင်းသွားအုံး ... တော်ကြာ ကားပေါ်မှာ တင် အပင်တွေ ပျက်စီးကုန်အုံးမယ်" "စိတ်ချပါ.. ကိုယ်သေချာဂရုစိုက်မှာပါ ...ကဲ ..သွားပြီး နော် ... အပင်တွေအကြောင်း မေးချင်တာရှိရင် ဖုန်းဆက်လိုက်မယ်နော်..." ~~~~ "မမကို ဝမ်းသားစရာ သတင်းတစ်ခုပြောရအုံးမယ် " အလင်းချိုက ပျိုးပင်ပေါက်လေးတွေကို အိတ်တွေထဲ ခွဲထည့်နေချိန်မှာ သဲသဲလေးရောက်လာပြီး ဝမ်းသာအားရပုံစံနဲ့ ပြောလာတယ်။ "ဘာသတင်းလဲ သဲသဲရဲ့ ... ဒီတစ်ခါလဲ အခန်းထဲမှာ နံပတ်တစ်ချိတ်ပြန်ပြီလား '' အလင်းချိုက သဲသဲကို ကြည့်ပြီး မေးလိုက်တယ်။ "ဟွန်း မမကလဲ ...အဲ့ဒီသတင်းထက်အဆပေါင်းများစွာသာတဲ့သတင်းပါနော်....ဘာသတင်းလဲသိလား မမ " "ဟော့တော့..သဲသဲ မပြောပြဘဲမမက ဘယ်လို သိမလဲ အရူးမလေးရဲ့ " အလင်းချိုက သဲသဲရဲ့မို့မို့ဖောင်းဖောင်းပါးလေးတွေကို သဲတွေ ပေနေတဲ့လက်ချောင်းတွေနဲ့ ပွတ်ဆွဲပြီး ဖြေလိုက်တယ်။အန်တီနွယ်က သူ့ကိုယ်တိုင်ကချောလှလို့ပဲလားတော့မသိဘူး။နေမခတို့မောင်နှမနှစ်ယောက်လုံးလဲ ချောမောကြည့်ကောင်းကြတယ်။ သဲသဲလေးကလဲ အသက်ဆယ့်ခြောက်နှစ်ထဲဝင်လာပြီဆိုတော့ ချစ်စရာ မိန်းမပျိုလေးတစ်ယောက်ပုံစံ ပီပြင်လာတယ် ။ နေမခကတော့ ဘယ်လိုပုံစံရှိမလဲဆိုတာကို အလင်းချို သေချာမသိဘူး။အန်တီနွယ်တို့ သဲသဲတို့ ပြတဲ့ဓါတ်ပုံတွေထဲမှာတော့ နေမခက ဟိုအရင်ကထက်ပိုပြီးကြည့်ကောင်းနေတာကိုတွေ့ရတယ်။အလင်းချိုမှာသာ အချိန်ပြည့်ရှပ်အင်္ကျီလက်ရှည်နဲ့ ဂျင်းဘောင်းဘီအရှည်ကို ဝတ်ထားတာတောင် အသားရောင်က အညိုဘက်ကိုလုနေတာ။ " ဘာသတင်းလဲဆိုတော့...ရှေ့လထဲမှာကိုကိုပြန်လာတော့မှာတဲ့ မမရဲ့သိလား " "ဟင် " "ဘုတ် " သဲသဲလေးရဲ့ "ကိုကို ပြန်လာတော့မှာဆို "တဲ့ စကားကို ကြားလိုက်တော့ အလင်းချိုရဲ့လက်ထဲက ပျိုးပင်ထုတ်လေးက မြေပြင်ပေါ်ကို ဘုတ်ခနဲ ပြုတ်ကျသွားတယ်။ရင်ထဲမှာလဲ လှိုက်ခနဲ ခံစားလိုက်ရတယ်။ ၀မ်းသာတာလား။ ဝမ်းနည်းမိတာလား။ ဒီခံစားချက်ကို အလင်းချို သေချာမသိဘူးရယ်။ ဘာလို့လဲဆိုတော့ နေမခကအလင်းချိုကို စကားမပြောတာကြာပြီလေ။ဖုန်းနဲ့လဲမပြော ။ဖေ့ဘုတ်ကနေဆက်သွယ်တော့လဲ ဘာမှကို ပြန်မပြောဘူးလေ။ သူ့ကိုအလင်းချိုဘက်ကသာ သတိရလွမ်းဆွတ် နေမိပေမဲ့ သူကတော့ သတိရပုံမပေါ်ပါဘူး။သေချာတာက တစ်ချိန်လုံး သူအမြင်ကပ်ခဲ့တဲ့ အလင်းချိုကို မေ့နေလောက်ပြီဆိုတာပါပဲ။ "မမ ၀မ်းမသာဘူးလားဟင် ... မမမျက်နှာက ပြုံးလဲ မပြုံးဘူး " သဲသဲလေးက တွေတွေ ငေးငေးလေးဖြစ်နေတဲ့ အလင်းချိုကို စူပုတ်ပုတ်နဲ့ မေးလိုက်တယ်။ "ဝမ်း ....၀မ်းသာပါတယ် သဲသဲရယ်...ဖြုန်းခနဲဆိုတော့ အံ့သြသွားလို့ပါ...အရင်က ပြောတော့ နှစ်ကုန်မှ ပြန်လာမှာဆို " " အဲ့ဒါတော့ သိဘူး မမရဲ့ ...ကိုကို့သူဋ္ဌေးက ရန်ကုန်မှာဆိုင်ဖွင့်မလို့ဆိုလားပဲ ...သဲသဲလဲသေချာမသိဘူး ... မေမေနဲ့ ဘွားဘွားပဲသိမှာ " ~~~~~~~ "မမမိုးလုပ်ပုံက ...မကြာခင် ကျွန်တော် ခေါင်းဖြစ်တော့မယ်...မလုပ်ချင်ဘူးဗျာ..." "ဒုန်း " ဟန်သော်လင်း ပြောရင်း က စိတ်တိုလာတာမို့ ဘေးက ခုံကို ခပ်ပြင်းပြင်းကန်ထုတ်ပစ်လိုက်မိတယ်။ "မင်းဘယ်လိုဖြစ်နေတာလဲ ဟန်သော်လင်း .... ဟိုဟာမလုပ်ချင် ဒီဟာမလုပ်ချင်နဲ့ ပိုက်ဆံလေးနည်းနည်းရှာနိုင်တာနဲ့ ဘ၀မေ့ချင်နေတာလားဟင်...ပိုက်ဆံဘယ်လောက်ရှာရခက်တယ်ဆိုတာ မင်းက မမထက်ပိုသိပါတယ်" မိုးသူဇာက ဟန်သော်လင်းကို လေပြည်လေးနဲ့ ပြောလိုက်တယ်။ "မင်းသိတဲ့အတိုင်းပဲ...သူတို့ကမမကိုယုံလို့ အကူအညီတောင်းတာလေ... ပြီးတော့ အလကားလဲ လုပ်ပေးရတာမဟုတ်ဘူး...တစ်ယောက်ဆိုတစ်ယောက် မြိုးမြိုးမြက်မြက်ရတာပဲမဟုတ်လား " မိုးသူဇာက မစားရဝခမန်းပြောလိုက်တယ်။ မမမိုးကို ကြည့်ပြီး ဟန်သော်လင်း စိတ်ပျက်လက်ပျက်နဲ့ ခေါင်းကိုခါရမ်းလို့က်မိတယ်။တကယ်တော့ သူတို့အကူအညီတောင်းတယ်ဆိုတဲ့ကိစ္စကလွယ်တာမဟုတ်ဘူး။တစ်ဖက်လူက အဆင်ပြေရင် ကောင်းတယ်။ အဆင်မပြေရင် ကြားထဲက အကျိုးဆောင်ပေးတဲ့ လူက အရှက်ရောသိက္ခာရော တစ်ပြားမှကိုကျန်တာ မဟုတ်ဘူး။ သူဌေးကြီးတွေ ၊သူဋ္ဌေးမကြီးတွေက သူတို့မှာငွေရှိတာနဲ့ သူတို့သမီးအရွယ်၊ သားအရွယ်လေးတွေကို ငွေနဲ့ မြူချင်နေကြတာ။ တရားဝင် လက်ထပ်ပေါင်းသင်းချင်ကြတာလဲ မဟုတ်ဘူး။တိတ်တိတ်ပုန်း အပျော်တမ်းတွဲခုတ်ချင်ကြတာလေ။ သူ့တို့က ဒီလိုသာ တွဲခုတ်ချင်ကြတာ ကိုယ်တိုင်တော့ သူတို့မျက်နှာကြီးတွေ ထွက်ပြကြတာမဟုတ်ဘူး။ မမမိုးတို့ဟန်သော်လင်းတို့လို လူပွဲစားတွေကို ကြားထဲက

အလင်းချိုက ခြံကိုလက်ညှိုးထိုးပြပြီးပြောလိုက် တယ်။ ဟန်သော်လင်းက အလင်းချိုလက်ညှိုးထိုးပြတဲ့ ခြံဝမရောက်ခင်လမ်းဘေးမှာ ကားကို ရပ်လိုက်တယ်။ "လာလေ ကိုဟန်သော်လင်း .... ခြံထဲလိုက်ကြည့်လို့ရပါတယ်" ဟန်သော်လင်းက ခြံထဲဝင်ဖို့ အားတုံ့အားနာဟန် ပေါက်နေတာမို့ အလင်းချိုက နောက်လှည့်ပြီး ခေါ်လိုက်ရင်း ဒေါ်လေးစန်းကိုပါလှမ်း အော်လိုက်တယ် ။ "ဒေါ်လေးစန်းရေ ...ဧည့်သည်ပါလာတယ်" အလင်းချိုအော်သံဆုံးတာနဲ့ ဒေါ်လေးစန်းကခြံတံခါးလာဖွင့်ပေးတယ်။ "မင်းတို့ကလဲ အ ခြံတံခါးကြီးပိတ်ပြီးစျေးရောင်းနေတာလားကွ" ဒေါ်လေးစန်းတံခါးဖွင့်နေတုန်းမှာ ဟန်သော်လင်းက ပြုံးစိစိနဲ့ မေးလိုက်မိတယ် ။ "ကျွန်မ မရှိလို့ပိတ်ထားတာပါ....လာလေ... ၀င်လာခဲ့ပါ...အပင်တွေက ခြံပတ်ပတ်လည်မှာစိုက်ထားတာလေ " ဟန်သော်လင်းက အလင်းချိုရဲ့နောက်ကလိုက်လာခဲ့ရင်း ခြံထဲကိုဝေ့ဝဲကြည့်မိတယ်။ခြံက ခြံလယ်ကတိုက်ကြီးအပါဆိုရင် မျက်နှာစာပေရှစ်ဆယ်လောက်ကျယ်မယ်။ ခြံထဲမှာ သစ်ကြီးဝါးကြီးပင်တွေမရှိဘူး။ ဘာပင်တွေမှန်းသေချာမသိတဲ့ ပျိုးပင်ပေါက်တွေကိုတော့ အိတ်တွေနဲ့ရော၊အိုးလေးတွေနဲ့ပါ တွေ့ရတယ်။သစ်ခွတွေကိုတော့ ပန်းရုံလေးသဖွယ် စင်မှာ အိုးလေးတွေနဲ့ဆွဲထားတာ တွေ့ရတယ်။ တိုက်ကြီးရဲ့ ရှေ့မျက်နှာစာ လမ်းတစ်လျှောက်မှာ ပန်းအိုးအများအပြားရှိတယ်။လျှောက်လမ်းကို အုတ်ခဲကျိုးတွေနဲ့ မြွေလိမ်မြွေကောက်ပုံဖော်ထားပြီး ပန်းအိုးတွေနဲ့ အလှဆင်ထားပုံကအတော်လေးကြည့်ကောင်းပြီး ကဗျာဆန်တယ် ။အဖြူ၊ အဝါ၊ ခရမ်းရောင် အရောင်စုံပွင့်နေတဲ့သစ်ခွပန်းလေးတွေဆိုတာလဲ လှမှလှပဲ။သစ်ပင်လေးတွေနဲ့ သာယာလှပနေတဲ့ ခြံကိုကြည့်ပြီး ဘာရည်ရွယ်ချက်မှမရှိဘဲ ပျင်းပျင်းနဲ့ လိုလ်လာခဲ့မိတဲ့ ဟန်သော်လင်းအဖို့စိတ်ထဲ ကြည်နူးလာမိတယ်။ "နှင်းဆီပင်တွေလိုက်ကြည့်အုံးလေ ....အဲ့ဒီဘက်မှာ သီးပင်စားပင်တွေလဲ ရှိတယ် ... မြေက သိပ်မကျယ်တော့ စင်တွေနဲ့ စိုက်ထားရတာ" အလင်းချိုက ဟန်သော်လင်းကို ရှင်းပြလိုက်တယ်။ "ဒါတွေကို မင်းတစ်ယောက်တည်း လုပ်ထားတာလား ... သစ်ပင်စိုက်တာ ကျွမ်းကျင်လှပါလား ..." မြေနေရာကျဉ်းကျဉ်းလေးမှာ ရေသန့်ဘူးခွံပါမကျန် အပင်တွေထည့်စိုက်ထားတာကိုကြည့်ပြီး ဟန်သော်လင်း အံ့ဩမယုံနိုင်စွာ မေးလိုက်မိတယ်။ "ကျွန်မတစ်ယောက်တည်းတော့မဟုတ်ဘူး ... ဒေါ်လေးစန်းပါဝိုင်းကူပေးတယ်လေ... စိုက်နည်းကတော့ စာအုပ်တွေ၀ယ်ဖတ်တာပေါ့.. ခုနောက်ပိုင်းတော့ ဖုန်းထဲကပါ လေ့လာလို့ရနေပြီလေ " "မင်းရဲ့ ခြံလေးကို ကြည့်ပြီး .အားကျလာပြီ .... တစ်နေ့ကျရင်တော့ .....ကိုယ်လဲ စိုက်ပျိုးရေးခြံလေးလုပ်အုံးမှပါပဲ " ~~~~ ကြည်ပြာ တစ်ယောက် အပေါ်ထပ်ဝရံတာကနေ အလင်းချိုနဲ့ အတူပါလာတဲ့ ဧည့်သည်ကို သေချာကြည်နေမိတယ်။ရုပ်ခပ်ဖြောင့် ဖြောင့်သားသားနားနားလူက အလင်းချိုမျက်နှာကိုကြည့်ပြီး တပြုံးပြုံးနဲ့။အလင်းချိုဆိုတဲ့ မိန်းမကလဲ သူနဲ့မတန်မရာလူကိုတွဲလာပြီး တဟီးဟီးနဲ့ပျော်လို့ရွှင်လို့။ ဒီမြင်ကွင်းကိုကြည့်ပြီး ကြည်ပြာစိတ်တိုလာမိတာမို့ အောက်ထပ်ကို ခြေသံပြင်းပြင်းနင်းပြီး ဆင်းလာခဲ့လိုက်တယ်။ "အလင်းချို " အိမ်ဝကို ရောက်တာနဲ့ကြည်ပြာအသံကျယ်ကျယ်နဲ့ အလင်းချိုကို လှမ်းခေါ်လိုက်တယ်။ ~~~~~ ခေါ်သံကြောင့် အလင်းချိုက လှည့်ကြည့်လိုက်တော့ ကြည်ပြာ့ကို တွေ့လိုက်ရတာမို့ အိမ်ဝကိုလျှောက်သွားပြီး မေးလိုက်တယ်။ "ဘာလို့လဲ ကြည်ပြာ ...အဘွားခေါ်လို့လား " " သူစိမ်းယောကျာ်းတွေကို ... အိမ်ကိုဘာလို့ခေါ်လာတာလဲ " ကြည်ပြာက မျက်နှာတင်းတင်းနဲ့ အလင်းချိုကို မေးလိုက်တယ် ။ "တမင်ခေါ်လာတာမဟုတ်ဘူးလေ ... သူက အပင်လိုက်ဝယ်တာလေ ... ဘာပြဿနာမှ မဖြစ်စေရပါဘူး ကြည်ပြာ" ကြည်ပြာက အလင်းချိုကို မှုန်တည်တည် မျက်နှာပေးနဲ့ ကြည့်ပြီး စကားပြောနေတုန်းမှာ ဟန်သော်လင်းက လှမ်းကြည့်ပြီး ပြုံးပြလာတာမို့ ကြည်ပြာ့ရင်ထဲ ဝုန်းခနဲ ဆောင့်ခုန်သွားမိတယ်။"ချောလိုက်တာ " ပြောမိမလိုဖြစ်သွားတဲ့ ပါးစပ်ကို မနည်း ပြန်ပိတ်လိုက်ရတယ်။ "အေးလေ ..စျေးရောင်းတာကိုအကြောင်းပြပြီး ရှုပ်ရှုပ်ယှက်ယှက်လုပ်မယ် ကြနဲ့နော် အမေတို့နဲ့ တိုင်မှာ " အလင်းချိုဘက်က ဘာအပြစ်မှ မလုပ်မိပါဘဲ ဘလိုင်းကြီးလာပြောနေတဲ့ ကြည်ပြာ့ကိုကြည့်ပြီး အလင်းချို ခေါင်းကို ခါယမ်းလိုက်မိတယ်။ကြည်ပြာက အလင်းချိုကို အပြစ်ပြောမယ့်သာ ပြောနေတာ မျက်လုံးအကြည့်တွေက ဟန်သော်လင်းဆီကိုပဲ ရောက်နေတာကိုတွေ့လိုက်ရတော့ အလင်းချိုစိတ်ထဲက ပြုံးလိုက်မိတယ်။ "ငါတို့က ဘာမှ ရှုပ်ရှုပ်ယှက်ယှက်မဟုတ်ဘူး ...နင်မယုံရင် သူနဲ့ စကားပြော ကြည့်လေ...ငါ မိတ်ဆက်ပေးမယ် " ~~~~~ လေပေးဖြောင့် နေကြတဲ့ ဟန်သော်လင်းနဲ့ ကြည်ပြာ့ကို ကြည့်ပြီး အလင်းချိုပြုံးလိုက်မိတယ်။ အလင်းချိုဆီ လာသမျှဧည်သည်တွေကို ကြည့်မရခဲ့တဲ့ကြည်ပြာတစ်ယောက်ဟန်သော်လင်းဆိုတဲ့ လူနဲ့တွေ့ တော့မှ ပြုံးလို့ရွှင်လို့။ ထူးလို့ မြူးလို့ပေါ့။ဟန်သော် လင်းဆိုတဲ့လူကလဲ ရွှန်းရွန်းဝေအောင် စကားတွေပြောနေလိုက်တာ အလင်းချိုကိုတောင်မေ့နေကြပုံပဲ။ ကြည့်ရတာ ဟန်သော်လင်းဆိုတဲ့လူက ကြည်ပြာလိုမာနခဲကတောင်မျက်နှာသာပေးနေတာဆိုတော့

ဧကြည်ဖြူ " သံယောဇဉ် ကမ်းပါး " အပိုင်း (၁၉) ******** အသံပိုင်ရှင်ကို တွေ့လိုက်ရတော့ဟန်သော်လင်း ချက်ချင်းမှတ်မိလိုက်တယ်။မမှတ်မိစရာအကြောင်းလဲမရှိ ဘူးလေ။လူကို မမှတ်မိရင်တောင် ရှပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီက ပြောင်းမှမပြောင်းတာကို။ဟန်သော်လင်းကြည့်နေတုန်းမှာပဲ သူမက လိုင်နေရာမှ ထရပ်လိုက်တာကို မြင်လိုက်ရတယ်။ "သွားတော့မယ် မမစိုး " အသံနဲ့အတူ ထထွက်သွားတဲ့သူမကို ဟန်သော်လင်းအမှတ်တမဲ့ ငေးကြည့်နေမိရင်းကနေ ကော်ဖီဖိုးပိုက်ဆံကို စားပွဲပေါ်တင်ထားခဲ့လိုက်ပြီး သူပါဆိုင်ထဲကထွက်လာခဲ့မိတယ်။ ဟန်သော်လင်းဆိုင်ဝကို ရောက်တော့ သူမကအထုတ်ကြီးတစ်ထုတ်ကိုဆွဲလို့။ "ဟိတ်... ဒီမှာ " မရည်ရွယ်ပါဘဲ ဟန်သော်လင်းရဲ့ နှုတ်ကထွက်သွားမိတဲ့ အသံ ။ အလင်းချိုက အိတ်ကို ဆွဲပြီး ကားဂိတ်ကိုသွားဖို့ပြင်နေတုန်းမှာ အသံကြားလို့ လှည့်ကြည့်မိတော့ သူမကိုရပ်ကြည်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ရပ်နေ သူကို ဖြုန်းခနဲတော့ အလင်းချို မမှတ်မိဘူး။ နောက်မှ သတိရမိသွားပြီး "ဪ ..ရှင်ပါလား ..ကော်ဖီ လာသောက်တာလား " " အင်း ...မင်းရော " ဟန်သော်လင်းက ဟန်မပျက်ပြန်မေးလိုက်တယ်။ "ကျွန်မက ပန်းလာပို့တာလေ " " မင်းက ပန်းဆိုင်ဖွင့်ထားတာလား..." "ပန်းဆိုင်ဆိုတာထက် .. စိုက်ပျိုးရေးခြံသေးသေးလေးပါ ... ပျိုးပင်တွေ အဓိကရောင်းတာလေ ... ပန်းက သစ်ခွနဲ့ နှင်းဆီပဲ ရှိတာ " တကယ်တော့ တစ်ဖက်လူနဲ့ အလင်းချိုက သိတာမဟုတ်ဘူး။ ဟိုတစ်နေ့က ကြောင်ကိစ္စနဲ့ ခဏပဲတွေ့ဖူးကြတာ။ဒါပေမဲ့ အလင်းချိုက ဈေးသည်ပီပီ တစ်ဖက်လူ မေးသမျှတွေကို ကောင်းကောင်းမွန်မွန်ပဲ ပြန်ဖြေနေမိတယ်။ ဟန်သော်လင်းလည်း မရည်ရွယ်ပါဘဲ သူမအကြောင်းတွေကို့စပ်စုနေမိ တဲ့ ကိုယ့်ကိုယ်ကိုယ် အံ့သြနေမိတယ်။ "စိုက်ပျိုးရေးခြံလေးလား ... ပျိုးပင်လေးတွေ ၀ယ်ချင်လို လိုက်ကြည့်လို့ရမလား" ပြောပြီးမှ ဟန်သော်လင်း ရှက်သလိုဖြစ်သွားမိပြီး စိတ်ထဲကနေ ကိုယ့်ကိုယ်ကိုယ့်အပြစ်တင်လိုက်မိတယ်။ဒါပေမဲ့လည်း သူမကိုကြည့်ရတာ ခပ်အေးအေးပဲမို့ စိတ်အေးသွားရပြန်တယ်။ "ကျွန်တော့်နာမည်က ဟန်သော်လင်းပါ..ဒီကော်ဖီဆိုင်ကို မကြာခဏလာသောက် ဖြစ်တယ်...နေတာကတော့ ဒီကနေ နည်းနည်းလှမ်းတယ် ...အမိကရော နာမည်ဘယ်လိုခေါ်လဲ ..ခြံကဝေးသေးလား " " ကျွန်မနာမည်က အလင်းချိုပါ ...အိမ်က တံတားဟိုဘက်ခြမ်းမှာ ... လေးမှတ်တိုင်လောက်ကားစီးရမယ် " သူ့ပုံစံကိုကြည့်ရတာတော့ မကောင်းတဲ့ပုံစံမရှိတာမို့ အလင်းချိုလဲ ကောင်းကောင်းမွန်မွန်ပဲ ပြန်ဖြေလိုက်တယ်။အလင်းချိုရဲ့ ဒီပုံစံကိုသာ မမဒါလီစိုးတို့ကြည်ပြာတို့မြင်ရင် ယောကျာ်းလေးကို အထာပေးတယ်လို့ပဲ ပြောကြလေမလား။ အလင်းချိုကတော့ အထာပေးတာမဟုတ်ဘူး။တစ်ဖက်သားက ကောင်းကောင်းမွန်မွန် ပြောရင် ကိုယ့်ဘက်ကလဲ ကောင်းကောင်းမွန်မွန်ပဲ ပြန်ပြောရမှာပေါ့။လူလူချင်းကို အလကားနေရင်း မာနကြီးဘဝင်မြင့်နေတာမျိုးကို အလင်းချိုသဘောမကျဘူး။ ဒီလို တွေးမိတော့ အလင်းချိုစိတ်ထဲ နေမခကိုသတိရလိုက်မိတယ်။သူကတော့ ဘ၀င်မြင့်နေထားမဟုတ်ဘဲ့ မာနကြီးနေတာလို့ပြောရမလား။ ဒါမှမဟုတ် တစ်ယောက်ယောက်ကို မကျေနပ်နေတဲ့သူလိုမျိုး စိတ်အလိုမကျ ဖြစ်နေတတ်တဲ့ သူမျိုးပေါ့။ "ဟိတ် ....ဘာတွေတွေးနေတာလဲ ...မင်းရဲ့ခြဲမှာ ပန်းလိုက်ဝယ်လို့ရလားလို့ " သူ့ကိုကြည့်ပြီး ခပ်တွေတွေဖြစ်သွားတဲ့ အလင်းချိုကို ဟန်သော်လင်းက အသံမြှင့်ပြီး လှမ်းမေးလိုက်တယ်။ "အင်း .. အင်း ...ရပါတယ် ... အယ် ... အခုလိုက်ခဲ့မှာလား " အလင်းချိုလဲ အယောင်ယောင် အမှားမှားနဲ့ ခေါင်းငြိမ့်ပြလိုက်မိပြီးမှပြန်မေးလိုက်ရတယ်။ "အင်းလေး ... အိမ်မှ မသိတာ... ခုလိုက်ခဲ့ရမှာပေါ့ " " ဒါဆိုလဲလိုက်ခဲ့လေ ... လာလေ.. သွားရအောင်" ပြောပြီး အလင်းချို ကကားမှတ်တိုင်ဘက်ကို ခြေဦးလှည့်လိုက်တယ်။ "ဟာ... ကျွန်တော့်မှာကားပါ တယ်လေ .... ကျွန်တော့်ကိုမယုံရင်နောက်ခန်းက စီးလေ .." ကားဂိတ်ဘက်ကိုသွားဖို့ပြင်နေတဲ့အလင်းချိုကို ဟန်သော်လင်းက တားမြစ်ပြောဆိုလိုက်တယ်။ " အယ် မဟုတ်တာ ...မယုံလို့ မဟုတ်ပါဘူး ...အားနာလို့ပါရှင် " " အားမနာပါနဲ့ တက်ပါ " ~~~~~ ကားက လမ်းမထက်မှာ ပုံမှန်လေးပြေးနေတယ်။ယုံတယ်ဆိုပြီး ကားနောက်ခန်းထဲမှာထိုင်နေတဲ့အလင်းချိုကို ဟန်သော်လင်းမှန်ထဲက လှမ်းကြည့်လိုက်ပြီး စကားစလိုက်တယ်။ "မင်းအသက်ဘယ်လောက်လဲ အလင်းချို... ကျွန်တော်က နှစ်ဆယ့်ငါးထဲမှာ " " ဟုတ်လား....အတူတူပဲ...ကျွန်မကဆယ့်တစ်လပိုင်းမှာ ပြည့်မှာ " ဟန်သော်လင်းရဲ့ အမေးကို အလင်းချို ပြန်ဖြေလိုက်တယ်။ "ကျွန်တော်က ရှေ့လပြည့်မှာ...ကျွန်တော်တို့သက်တူရွယ်တူတွေပဲ....သူငယ်ချင်းတွေအဖြစ် ခင်မင်ရအောင် ... " ဟန်သော်လင်းက ပြောပြီး အလင်းချိုရဲ့မျက်နှာကို မှန်ထဲက တဆင့်မသိမသာ ခိုးကြည့်လိုက်မိပြန်တယ်။ ဟန်သော်လင်းရဲ့စကားကြောင့် အလင်းချိုကြောင်အမ်းအမ်းဖြစ်သွားမိပြီးမှ ခေါင်းကိုငြိမ့်ပြလိုက်မိတယ်။ "မိတ်ဆွေများတော့ ကောင်းတာပေါ့" ~~~~~~ "ဟိုရှေ့ကခြံပဲ...ကားကိုခြံရှေ့မှာပဲ ရပ်ရမယ်ထင်တယ်"

"အေးပါကွယ် ... မပြောပါဘူး ...သူတို့ထိုက်နဲ့ သူ့တို့ကဲ့ပေါ့ ..သူတို့လုပ်သမျှ သူ့တို့ ပြန်ခံရတာပဲလေ " စိတ်ထားနုညံ့ပြီးစိတ်ထားဖြူစင်တဲ့ အန်တီကိုကြည့်ပြီး အေးမြနွယ်စိတ်မကောင်းဖြစ်မိတယ်။တကယ်ဆို အန်တီခမျာ သွေးသားရင်း တော်တဲ့ အစ်ကိုကြီးကို စွန့်ပစ်ပြီး အေးမြနွယ်တို့ မိသားစုဘက်က ရပ်တည်ခဲ့ရှာတာလေ။ အခုလို အစ်ကိုဖြစ်သူရဲ့ စိတ်မကောင်းစရာ သတင်းကို ကြားတော့ အန်တီ့လို စိတ်ထားနုညံ့သူက စိတ်မကောင်းဖြစ်နေမှာကို အေးမြနွယ် ကိုယ်ချင်းစာမိပါတယ်။ ဒါပေမဲ့ အေးမြနွယ်ကို မသေသေအောင် အောက်လမ်းဆရာ ၊အထက်လမ်းဆရာတွေပါမကျန် နည်းမျိုးစုံနဲ့ ယုတ်မာခဲ့ကြတဲ့ မိသားစုလေ။ ဒါကို အေးမြနွယ်က ဘယ်လိုမေ့နိုင်မလဲ ။ "ကောင်မ မသေနိုင်ဘူး ... ကိုယ်နဲ့မဆိုင်တဲ့ အမွေကိုလိုချင်နေတာ " ဆိုတဲ့ စကားမျိုးကို ကိုယ်တိုင် နားနဲ့ ဆက်ဆက် ကြားခဲ့ရတာလေ။ယောင်းမဆိုတဲ့ မိန်းမကလည်း "အဲ့ဒီကောင်မသေရင် ခလေးတွေကို အဖေရင်းနဲ့ အဘိုးအဘွားအရင်းကပဲ ပိုင်တာ ...အဲ့ဒါဆိုရင် အန်တီချိုဆိုတဲ့ မိန်းမကြီးလဲ ရင်ကွဲနာကျပြီးသေမှာပဲ ...အဲ့ဒီတော့မှ ခလေးတွေရော...အမွေတွေကိုရော အသာလေးသိမ်းလိုက်ရုံပဲပေါ့ ..." ဆိုတဲ့ စကားမျိုးကို သူတို့တွေ ယုံကြည်ရတဲ့သူကိုယ်တိုင်ကကြားထဲက မခံနိုင်လွန်းလို့အန်တီကို လာပြောပြခဲ့တာလေ။ ဒါတင်ပဲလား ဆိုတော့မဟုတ်သေးဘူး။"ပိုက်ဆံကုန်ခံပြီး အေးမြနွယ်ကို ဆေးကုပေးနေလို့ "အန်တီကို မဟုတ်တမ်း တရားစွပ်စွဲပြီး ထောင်ချပစ်မယ်လို့ပါ ခြိမ်းခြောက်ခဲ့ကြတာလေ။ဒါတွေကိုအန်တီကမေ့ချင်မေ့နိုင်ပေမဲ့ အေးမြ နွယ်ကတော့ မမေ့ပါဘူး ။ အဲဒီလို စိတ်ဓါတ်ရှိသူတွေနဲ့ကိုယ့်သားသမီးတွေကို မပတ်သက်စေချင်တော့ဘူး။ ဒီတစ်ခါတော့ အေးမြနွယ် ရဲရဲဝံ့ဝံ့ရင်ဆိုင်တော့မှာပါ။ ~~~~~~ "နင့်ရဲ့သစ်ခွပန်းတွေက အပွင့်တယ်လှပါလား.... ပြုစုနည်းလေးဘာလေးလဲ ပြောပြပါအုံးဟယ် ...တစ်ယောက်တည်း သူဋ္ဌေးဖြစ်ကြံမနေနဲ့ အလင်းချို " အလင်းချိုက ကော်ဖီဆိုင်ပိုင်ရှင် မမစိုးရဲ့ စကားကြောင့် သဘောတကျ ရယ်လိုက်မိတယ်။ မမစိုးက ပန်းချစ်တဲ့သူ။ဒါကြောင့် မမစိုးကအလင်းချိုရဲ့ ပန်းဖောက်သည်။အလင်းချိုရဲ့ ခြံထဲက ထွက်သမျှပန်းလှလှလေးတွေကို မမစိုးရဲ့ကော်ဖီဆိုင်လေးကို နေ့တိုင်းပို့ပေးရတာ။ "ကဲပါ မပြောချင်လဲ မပြောပါနဲ့ အေ ... မမေးတော့ပါဘူး ...ဆိုင်ထဲဝင်ပြီး ... တစ်ခုသောက်အုံး " "ဟို ...မ၀င်တော့ပါဘူး မမစိုးရယ် " "ကဲပါ လာပါ ..ခဏဝင်ထိုင်ပါအုံး ...." မမစိုးက အတင်းခေါ်နေတာနဲ့ပဲ အလင်းချိုလဲ ဆိုင်ထဲကို ဝင်ခဲ့လိုက်တယ်။ "ကော်ဖီသောက် ... မုန့်စား.... အလုပ်လဲလုပ်ငန်း နားလဲနားပါအုံး အလင်းချိုရယ် " "နားချင်တာပေါ့ မမစိုးရယ် ... ဟန်သော်လင်း ကော်ဖီသောက်နေရင်းမှ ဆိုင်ရှင်အမျိုးသမီးနဲ့ စကားပြောနေတဲ့ သူရဲ့အသံကို ကြားဖူးသလိုလို ရှိတာမို့ မသိမသာ စောင်းငဲ့ကြည့်လိုက်မိတယ်။ @@@@@@@@@@@@@@@@@@@ အပိုင်း (၁၉ ) ဆက်ရန် .... ဧကြည်ဖြူ

ဒီတစ်ခါ အသံထွက်လာသူက ကြီးကြီးအေးလဲ မဟုတ်။ကြည်ပြာလဲမဟုတ်ဘဲ မနီလာရဲ့ အသံဖြစ်နေတယ်။ မနီလာ ကမေးရုံတင်မကဘဲ အလင်းချိုကို စိတ်ဆိုးမာန်ဆိုးပုံစံနဲ့ပါ ကြည့်နေတယ်။သူ့စိတ်ထဲမှာ အလင်းချိုးက ရွဲ့မေးနေတယ်လို့ ထင်နေပုံရတယ်။ မနီလာက အပေါ်ယံကြည့်ရင် အေးဆေးတည်ငြိမ်ပြီးစိတ်ကောင်း ရှိမယ့်ပုံမျိုးပေါ့ ။ ဒါပေမဲ့ တကယ်တမ်းက မနီလာက အဖေတူသမီး။ သူတို့ရဲ့ အတွင်းစိတ်ကို အခြားသူတွေ မခန့်မှန်းနိုင်အောင် ဟန်ဆောင် သိပ်ကောင်းကြတာလေ။ကြီးကြီးအေးနဲ့ကြည်ပြာတို့ ခုလို ပုံစံဖြစ်နေတာက မနီလာတို့သားအဖရဲ့ မြောက်ထိုးပင့်ကော်စကားတွေကြောင့် ပိုဆိုးလာတယ်လို့ အလင်းချို ထင်မိတာပါပဲ။ "နင့်ကို လူကြီးတွေကိစ္စမှာဝင်မပါဖို့ပြောနေတာ အလင်းချိုရဲ့ ....အဘွားနားမှာ ကပ်ပြီး ပလီပလာတွေ ပြောမနေနဲ့ ..အဘွား ခြံရောင်းချင်အောင် ဝိုင်းကူပြောပေး ... မဟုတ်ရင် အဘွားကိုရော ..နင့်ကိုပါ တရားစွဲမှာ " "ရှင် " မနီလာရဲ့ စကားကြောင့် အလင်းချို အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသားဖြစ်သွားမိတယ် ။အဘွားကို တရားစွဲမယ်တဲ့လေ။ အဘွားသာ ဒီစကားကို ကြားရင် ရင်တွေကွဲမလားပဲ။ "ဟုတ်ကဲ့ပါ ...ဒါပဲပြောမှာ မဟုတ်လား ... အလင်းချိုသွားတော့မယ် ..." အလင်းချို သက်ပြင်းမောကြီးကိုချပြီး အပေါ်ထပ်ကနေ လေးကန်စွာဆင်းလာခဲ့တယ်။ ~~~~ "မလုပ်နိုင်ဘူး မမမိုး ... ကိုယ့်ဘ၀ကိုယ်ကျောင်းနေရတဲ့လူငယ်လေးတွေကိုတော့ ကျွန်တော် မဖျက်ဆီးချင်ဘူး ... ပြီးတော့ ဒီအလုပ်ကို ကျွန်တော် စိတ်ကုန်နေပြီ မလုပ်ချင်တော့ဘူး ...အဲ့ဒါကြောင့်လဲ အေးရာအေးကြောင်း ကားပွဲစားပဲလုပ်နေတာ" ဟန်သော်လင်းက မမမိုးရဲ့ရှေ့က ခုံမှာထိုင်ချလိုက်ပြီး ခပ်ပြတ်ပြတ်ပဲ ပြောလိုက်တယ်။ "ဘာပြောတယ် ဟန်သော်လင်း ... မင်းက အခုမှ ဘုရားဒကာဟန်ဆောင်နေတာလား...ဘားထဲမှာ ဆေးတွေဖြန့်လို့ဝမှ ဒီစကားပြောတာလား " မိုးသူ့ဇာက ဒေါသတကြီးနဲ့ ပြောလိုက်တယ်။ "အဲ့ဒါက မမမိုးကိုကျေးဇူး ဇပ်တဲ့အနေနဲ့ လုပ်ပေးခဲ့တာဗျ....အခုဆို ကျေးဇူးလဲဆပ်သင့်သလောက်ဆပ်ပြီးပြီမို့ တော်ပါတော့ မမမိုးရယ်မ အဲ့ဒီလိုအလုပ်ကို ဆက်မခိုင်းပါနဲ့တော့ ...မမမိုးလဲ ဒီအလုပ်ကို နားသင့်နေပြီ ...ကျန်တာ ကြိုက်တဲ့ အလုပ်ခိုင်းဗျာ....ဒီဆေးရောင်းတဲ့အလုပ်ကိုတော့ ဆက်မလုပ်တော့ဘူး " "မင်းက အရွယ်လေးရောက်လာတော့ ငါ့ကို အာခံချင်တာပေါ့ ဟုတ်လား ... ငါပေးလို့ကမ်းလို့ မင်းလူမွေးလူရောင်ပြောင်လာတာကိုလဲ သတိရအုံး " " ဘာဗျ ... တော်ပြီဗျာ မမမိုး ... ကျွန်တော် ဘာမှမပြောချင်တော့ဘူး ...မမမိုးတို့မိန်းမတွေက သိပ်ကိုကြောက်ဖို့ကောင်းတယ် ... ကျွန်တော် အိမ်ပြောင်းသွားတာမှန်တယ် ပြောရမလားပဲ ...ပြန်တော့မယ်ဗျာ .. " ဟန်သော်လင်း စကားဆက်ပြောချင်စိတ်မရှိတာမို့ သူ့ငှါးထားတဲ့ တိုက်ခန်းရှိရာကို ပြန်လာခဲ့လိုက်တယ်။ သူ့တိုက်ခန်းကလဲ အဝေးကြီးမှာတော့မဟုတ်ဘူး။ မမမိုးနေတဲ့ တိုက်ရဲ့ အပေါ်ဆုံးထပ်အခန်းကို သူငှါးလိုက်တာ။ ကြာလေ ကြောက်စရာကောင်းလာလေဖြစ်တဲ့ မမမိုးရဲ့အနားမှာ ဟန်သော်လင်းမနေချင်တော့ဘူး။ပြောရရင် မမမိုးရဲ့အမူအယာတွေ ဟန်သော်လင်းအပေါ် လွန်ကဲလာကတည်းက ဟန်သော်လင်းက မမမိုးနဲ့ ခပ်ခွါခွါနေလာခဲ့တာ။ ဟိုခပ်ငယ်ငယ် လူပျိုပေါက်အရွယ်ကတော့ ဟန်သော်လင်းအနေနဲ့ မမမိုးကို မိန်းမတစ်ယောက်အနေနဲ့ စိတ်ကစားခဲ့မိတာ အမှန်ပါ။ဒါပေမဲ့ တစ်အိမ်ထဲ အတူတူနေလာကြပြီးနောက်ပိုင်းမှာ မမမိုးကို ကိုယ့်အစ်မတစ်ယောက်လို ၊ ဆွေမျိုးသားချင်းတစ်ယောက်လို ခံစားလာခဲ့မိတယ်။အမေ့ဆီက မရခဲ့တဲ့ကြင်နာမှုတွေ ၊ ချိုသာတဲ့စကားတွေရယ်ကို မမမိုးဆီက ရခဲ့တော့ ဟန်သော်လင်းပျော်ခဲ့မိတယ်။ဆိုးဝါးလှတဲ့ အဒေါ်တွေနဲ့ ကွာခြားလှတဲ့ မမမိုးရဲ့စေတနာမေတ္တာတွေ ကို ယုံကြည်ခဲ့မိလို့ မမမိုးခိုင်းသမျှ အလုပ်တွေကို ဒုစရိုက်အလုပ်တွေမှန်းသိသိနဲ့ ဟန်သော်လင်းလုပ်ပေးခဲ့တာပေါ့။ခက်တာက မမမိုးကစိတ်ထားတွေ ပြောင်းလာတော့ ဆက်ပြီးသည်းမခံနိုင်တော့ဘူးလေ။ပြီးတော့ ကလေးတွေကိုအကြောင်းပြပြီး အခြားလူငယ်လေးတွေရဲ့ ဘ၀တွေကို ဖျက်ဆီးရတဲ့အလုပ်မျိုးကို ဟန်သော်လင်း မလုပ်ချင်တော့ဘူး။ ~~~~~ "တောက်" အေးမြနွယ် တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်လိုက်မိတယ်။ဒဏ်ရာဟောင်းတွေက ဒဏ်ရာသစ်ဖြစ်လာမှာကိုတော့ အေးမြနွယ်မလိုလားဘူး။ အထူးသဖြင့် ဒီဒဏ်ရာတွေကသမီးလေးကို ထိခိုက်မယ်ဆိုရင်တော့ လုံးဝကို လက်ခံမှာမဟုတ်ဘူး။ "သူတို့မှာ တွေ့ဖို့အခွင့်အရေးမရှိဘူးထင်တယ် အန်တီ ...သူတို့က ...ကျွန်မကို သေပါစေလို့ ဆုတောင်းပြီး စုန်းတိုက် နတ်တိုက်ပါတိုက်ပြီး ယုတ်မာခဲ့တဲ့သူတွေပါ ..." "အန်တီလဲသိပါတယ်သမီးရယ် ... အစ်ကိုကြီးရဲ့ အခြေအနေကလဲ မကောင်းဘူးဆိုလား ... ပြီးတာ့အောင် သီဟကလဲ ဆေးစွဲနေတာတဲ့လေ... အဲ့ဒီမှာ အငယ်မတို့ လင်မယားက ရှိသမျှပစ္စည်း မောင်ပိုင်းစီးဖို့ကြံစည်နေတာတဲ့ ...ကြားရတဲ့သတင်းတွေက မကောင်းပါဘူး သမီးရယ် " " အန်တီရယ် ...ဘာမှစိတ်ညစ်ခံမနေပါနဲ့ ... အချိန်တန်တော့ အဆင်ပြေသွားကြမှာပါ ...သမီးလေးကိုတော့ မပြောတာကောင်းမယ်ထင်တယ် အန်တီ...ကလေးက ဒီနှစ်ဆယ်တန်းဖြေရမှာဆိုတော့ စိတ်ညစ်သွားမှာစိုးတယ်..."

စိုက်ပျိုးရေးခြံလေးကိုဖျက်ဆီးရမှာကြောက်လို့လဲ ဒေါ်မာမာဦးက ဒီခြံကိုမရောင်းသေးတာ။ ဒေါ်မာမာဦးဘက်က ရှေ့နေရှေ့ရပ်နဲ့ဘာမှမလုပ်ထားဘဲ ခြံကိုရောင်းလိုက်ရင်း မြေးမလေးအလင်းချိုနဲ့ မိစန်းတို့ ဘယ်မှာ သွားနေကြမလဲ။အလင်းချိုရဲ့ အဖေ သက်ဦးဆိုတဲ့ရှားရှားပါးပါးသားကလဲ ပထမ မိန်းမလဲ မနိုင်။ဒုတိယ မိန်းမကိုလည်းကြောက်ရဆိုတဲ့ အစားထဲကလေ။သူတို့ကို ယုံစားပြီး ပုံအပ်လိုက်လို့ကတော့ ဒေါ်မာမာဦးတို့သုံးယောက်လုံး လမ်းဘေးရောက်ရမယ့်အဖြစ် ဆိုတာကို ဒေါ်မာမာဦးသိပြီးသားလေ။အေးအေးတို့ မိသားစုကလဲ အိုးခွဲစားတယ်သာပြောကြတာ သူတို့အလုပ်တွေကို မိစန်းနဲ့ မြေးလေးအလင်းချိုကို အကူအညီတောင်းသလိုလိုနဲ့ခိုင်းတတ်တယ်ဆိုတာ ဒေါ်မာမာဦး သိတာပေါ့။ဒါပေမဲ့လဲ သမီးတွေ မြေးတွေကို ဒေါ်မာမာဦးမှမနိုင်တာ။ "မြေလေး အလင်းချို ...သမီးဆိုင်အတွက် ငွေလိုရင် အဘွားပေးထားတာကို ရောင်းလိုက်နော် ...အေးအေးတို့သားအမိတွေ မသိစေနဲ့..ကိုယ့်ဘာသာသိုသိုသိပ်သိပ်နေနော် မြေးလေး ... မြေးလေးအတွက် ပေးတယ်ဆိုတာ သူတို့ကို ပေးတဲ့ဟာတွေကို အပုံတစ်ရာပုံ တစ်ပုံမရှိဘူး ...ဘာမှလျှောက်တွေးမနေနဲ့ ကြားလား " "ဟုတ်ကဲ့ပါ အဘွား " အလင်းချိုက အဘွား စကားကို ခေါင်းငြိမ့်ဖြေလိုက်ရင်း အဘွားရဲ့ ခြေထောက်လေးတွေကို ခပ်ဖွဖွ ဆုပ်နယ်ပေးလိုက်တယ်။အဘွားက သူပေးထားတဲ့ရွှေတစ်စင်စာကို လိုအပ်ရင်သုံးဆိုပေမဲ့ အလင်းချိုကတော့ အဘွားအတွက် လိုအပ်လာရင် သုံးဖို့ ခြေစောင့်လက်စောင့်ပဲထားထားလိုက်တယ်။ အခုဆိုရင် အလင်းချိုရဲ့ ပျိုးပင် အရောင်းဆိုင်လေးက ဝင်ငွေအတော်အသင့် ရနေတော့ လောက်ငှအောင်သုံးလို့ရနေတယ်လေ။ပျိုးပင် အရောင်းဆိုင်ဆိုပေမဲ့ ပျိုးပင်ပဲရောင်းတာမဟုတ်ဘဲ သစ်ခွပန်းအချို့ နဲ့ ဟင်းသီးဟင်းရွက်တွေလဲစိုက်ထားတယ်လေ။အပင်တွေစိုက်ရတာ လူပင်ပန်းပေမဲ့ အလင်းချိုပျော်ပါတယ်။ အားလပ်ချိန်မှာ အဘွားကို ပြုစု၊ အန်တီနွယ်တို့ကို ကူညီနဲ့ အလင်းချို ပင်ပန်းတာတော့အမှန်ပါ။ပြီးတော့ ခုတလောမှာ ကြီးကြီးတို့ရဲ့ အိမ်ရောင်းမယ်ဆိုတဲ့ စကားကြောင့် အလင်းချိုရဲ့ စိတ်တွေ ပိုပြီးပင်ပန်းနေရတာပေါ့။တကယ်သာ ခြံရောင်းထွက်ခဲ့ရင် အလေးချို ရဲ့ သစ်ပင်လေးတွေကို စွန့်လွှတ်ရမှာမဟုတ်လား။ "အလင်းချို ခဏလာအုံး " အလင်းချို ကိုယ့်အတွေးနဲ့ကိုယ်ရှိနေတုန်းမှာ အခန်းဝက ခေါ်သံကြားလို့ ကြည့်လိုက်တော့ ကြည်ပြာ့ကိုတွေ့လိုက်ရတယ်။ "ဟဲ့ ...မိုးချုပ်မှ ဘာခိုင်းကြအုံးမလို့လဲ ...အလင်းချိုက တစ်နေကုန်နားရသေးတာမဟုတ်ဘူးနော် "လို့ အဘွားက လှမ်းပြောလိုက်တော့ ကြည်ပြာက ခြေကိုစောင့်ပြီး အဘွားကို ပြန်ပြောတယ်။ "အမယ်လေး ...အဘွားမြေးကိုလဲ ဘာမှ မခိုင်းပါဘူး....အဘွားကနော် အရမ်း ဘက်လိုက်တာပဲ " " အေးပါ... ငါလာခဲ့မယ်ကြည်ပြာ " ကြာရင် မြေးအဘွားနှစ်ယောက် အော်ကြရင်းအဘွားမောလာမှာစိုးလို့ အလင်းချိုက ကမန်းကတန်း ၀င်ပြောလိုက်ရတယ်။ကြည်ပြာက သူ့မိသားစုမှာ အငယ်ဆုံး ဆိုတော့ ဆိုးတယ် မဟုတ်လား။ သူ့စိတ်ထဲမှာ အဘွားရယ် ဘာရယ်တွေးနေမှာမဟုတ်ဘူး။ ~~~~~ "ငါခေါ်တာမဟုတ်ဘူး...အမေ ခေါ်တာ... အပေါ်ထပ်ကိုလိုက်ခဲ့ " အဘွားရဲ့ အခန်းထဲက ထွက်လိုက်တာနဲ့ ကြည်ပြာက ခပ်ဆောင့်ဆောင့်ပြောတယ်။ ကြည်ပြာ့ စကားဆုံးတာနဲ့ အလင်းချိုလဲ ဘာမှ မေးမနေတော့ဘဲ အပေါ်ထပ်ကိုတက်ခဲ့လိုက်တယ်။ ~~~~~~ "ကဲ ...ဆရာမကြီး ထိုင်ပါအုံး " ကြီးကြီးအေးရဲ့ ခေါ်ပုံက ခနဲ့သလို ရွှဲ့သလိုလို။အလင်းချိုခပ်အေးအေးပဲ ဝင်ထိုင်လိုက်တယ်။ " ဆရာမကြီးရယ် ပြောပါအုံး ....ညည်းက ကျုပ်တို့အမေကို ဘာတွေများနားသွင်းထားပြီး...ဘယ်လိုတွေ များသိမ်းသွင်းထားလဲ ပြောပါအုံး .... အရင်က ညည်းကို အမေတူသမီးဆိုပြီး ကြည့်မရခဲ့တာ သူပဲလေ ....အခုတော့ ညည်းမှညည်းဖြစ်နေတာ ရိုးတော့ မရိုးဘူး " "ဟုတ်ကဲ့ ... ဘာမရိုးတာလဲဟင် ကြီးကြီး '' အလင်းချိုက နားမလည်နိုင်စွာ ကြီးတော်ဖြစ်သူကို ပြန်ပေးလိုက်မိတယ်။ "အိုအေ ညည်းကို ရှင်းရှင်းပဲပြောမယ် ... ညည်းကမြေး ...ငါတို့က သားသမီးတွေ ...သားသမီးတွေနဲ့ ရင်ပေါင်တန်းပြီးတော့ အမွေတောင်းဖို့တော့ မစဉ်းစားလေနဲ့....ဒီခြံက ညည်းနဲ့ ဆိုင်တာမဟုတ်ဘူး ...တစ်ခြံလုံးမှာ ညည်းအပင်တွေချည်းပဲ ...အဲ့ဒါကြောင့် အမေက ခြံရောင်းဖို့ ငြင်းနေတာ...ညည်းက အမေ့နားမှာ ပတ်ချွနပ်ချွဲနဲ့ ကပ်မနေ့နဲ့ ကြားလား " သူလိုရာတစ်ဖက်သတ် ဆွဲတွေးနေတဲ့ ကြီးကြီးအေးကို ကြည့ပြီး အလင်းချို သက်ပြင်းကိုချလိုက်မိတယ်။ "အဲ့ဒါဆို ကြီးကြီး ပြောချင်တာက...ခြံထဲမှာ သစ်ပင်တွေမစိုက်ဖို့ ပြောချင်တာလား ...ဒါမှမဟုတ် ခြံရောင်းရင် သမီးအတွက် မပါဘူးလို့ ပြောချင်တာလားဟင် ... သမီး သိပ်မရှင်းလို့ပါ " ကြီးကြီးအေးရဲ့စကားကို အလင်းချို တကယ်ပဲနားမလည်နိုင်တာမို့ ပြန်မေးလိုက်မိတယ်။ "အလင်းချို ...နင်ကဘယ်လို သဘောနဲ့ မေးတာလဲ ... ငါ့အမေကို ရွဲ့နေတာလား "

ဧကြည်ဖြူ " သံယောဇဉ် ကမ်းပါး " အပိုင်း (၁၈) ****** ဟန်သော်လင်း အသံမာမာနဲ့ ပြောလိုက်တော့ သူမက ဖျတ်ခနဲ ထရပ်လိုက်ပြီး မော့ကြည့်လာတယ်။ပြီးတော့ လက်ထဲက ကြောင်ကို မေးဆက်ပြတယ်။ "ဒီမှာလေ ...ဒီကောင်ကြီးက ရှင့်ကားဘီးအောက်နားမှာ ဝင်အိပ်နေတာရှင့် ...တော်သေးတာပေါ့ အတွေ့မြန်လို့သာ" ကြောင်ကို မြင်တော့ ဟန်သော်လင်းပိုပြီးစိတ်တိုသွားမိတယ်။အချိန်နောက်ကျနေလို့ ကော်ဖီကိုတောင် ကမန်းကတန်း သောက်ခဲ့ရတာကို အခုတော့ သူမနဲ့ ဒီကြောင်ကြောင့် မိနစ်အနည်းငယ် နောက်ကျသွားရပြီမဟုတ်လား။ "မင်းတို့က စည်းမရှိကမ်းမရှိတွေပါလား...ကြောင်ကိုဒီတိုင်းပဲလွှတ်ထားရလား ...ဘာလဲကြောင်ကို အကြောင်းပြပြီး ဂွင်ဖန်မလို့လား ....လာမလုပ်နဲ့နော် ဒီခေတ်ကြီးထဲမှာ ဒါတွေကရိုးနေပြီ " ဟန်သော်လင်း ချိုးချိုးဖဲ့ဖဲ့နဲ့ ပြောလိုက်တော့ သူမက ဟန်သော်လင်းကို ပြုံးပြလာတယ်။ပြီးတော့ လေသံခပ်အေးအေးနဲ့ ပြောလာတယ်။ "ရှင်ကလဲ ဒေါသချည်းပဲ...ဒါက ကျွန်မကြောင် မဟုတ်ပါဘူး .... ဘယ်သူ့ကြောင်မှန်းလဲမသိပါဘူး ... လမ်းသွားရင်းတွေလို့ပါ ....ကဲပါ ကျွန်မတို့ကြောင့် ရှင့်အချိန်တွေ နောက်ကျသွားတယ်ဆိုရင်တောင်းပန်ပါတယ်" ဟန်သော်လင်းဘက်ကသာ ဖိပြီးဟောက်ဟမ်းနေပေမဲ့ သူမဘက်က ဘာမှမဖြစ်သလို အေးအေးဆေးဆေးပုံစံဆိုတော့ ဟန်သော်လင်းတောင် မျက်နှာပူလာမိတယ်။ "ရပါတယ်ကွာ .... ငါလဲ စိတ်တိုသွားလို့ ပြောမိတာပါ တောင်းပန်ပါတယ်" "ရပါတယ်...ရှင်စိတ်တိုတာ ကျွန်မအသားပဲ့ပါသွားတာမှ မဟုတ်တာ ....ရှင့်ဘာသာစိတ်တိုတော့ ရှင့်ဘာသာ ပူလောင်နေတာပဲလေ " "ဗျာ " လေသံအေးအေးနဲ့ ပြန်ပြောနေတာဆိုပေမဲ့ သူမစကားကိုကြားတော့ ပြေချင်ချင်ဖြစ်နေတဲ့ ဟန်သော် လင်းရဲ့စိတ်က ပြန်တိုချင်သလိုဖြစ်လာမိတယ်။သူမကိုကြည့်လိုက်တော့လဲ ရွဲ့ပြောနေတဲ့ပုံစံမဟုတ်ဘဲ တကယ့်ကိုအေးရာအေးကြောင်းပုံစံကိုတွေ့လိုက်ရတာမို့ ဟန်သော်လင်း အူကြောင်ကြောင်ဖြစ်သွားမိတယ်။ "သွားပြီနော် ....ရှင်လဲသွားတော့လေ နောက်ကျနေပြီဆို " ပြောပြီးတာနဲ့ သူမက ဘေးမှာချထားတဲ့ အထုတ်ကြီးကို မနိုင်မနင်းဆွဲရင်း ထွက်သွားတော့တယ်။ အမယ် မယ်မင်းကြီးမလေးက သွားခါနီးတောင် ဟန်သော်လင်းကို ပြုံးပြသွားသေးတယ်။ပြုံးပုံက "နင့်ဘာသာ စိတ်တိုတို့ဘာတိုတို ငါကတော့ အေးဆေးပါနော်"ဆိုတဲ့ အချိုးမျိုးနဲ့လေ။ သူမကိုကြည့်ရတာ တခြားမိန်းမတွေလို ဟန်သော်လင်းရဲ့ ရုပ်ရည်ကြောင့် အလျှော့ပေးသွားတာမျိုးတော့ဟုတ်ပုံမရဘူး။ ရှပ်အင်္ကျီကွက်နဲ့ ဂျင်းဘောင်းဘီရှည်ကို ဝတ်ဆင်ထားတဲ့ သူမပုံစံက မာနကြီးပြီး မိုက်တိ မိုက်ကန်းပုံလဲမဟုတ်ဘူး။ ဒါပေမဲ့ ဘယ်လိုပြောရမလဲ မသိအောင်ကိုနားလည်ရခက်တဲ့ ပုံစံမျိုးလို့ပဲပြောရမလား။ ကိုယ့်ကိုစိတ်ဆိုးမာန်ဆိုးနဲ့ စော်ကားမော်ကား ပြောနေတဲ့လူရှေ့မှာ ဘာမှမဖြစ်တဲ့ ပုံစံနဲ့ နေနိုင်တဲ့စိတ်က တော်ရုံစိတ်မျိုးတော့ မဟုတ်ဘူးထင်တယ်။ဟန်သော်လင်း ခေါင်းကို ခါယမ်းလိုက်ပြီး ကားပေါ်ကို ပြန်တက်ပြီးမောင်းထွက်ခဲ့လိုက်တယ်။ ~~~~ " မြေးလေး အပေါ်ထပ်က အခန်းမှာ ပြောင်းနေလေကွယ် ... အဲ့ဒီအခန်းကျဉ်းလေးထဲမှာ မြေးလေး ပစ္စည်းတွေနဲ့ ဘယ်ဆံ့တော့မလဲ " ဒေါ်မာမာဦးက ဒီနေ့လဲပြောနေကျစကားကိုထပ်ပြောမိပြန်တယ်။ တကယ်တော့ ဒီစကားက မြေးဖြစ်သူ အလင်းချို ဒီအိမ်ကို စရောက်တဲ့နေ့ကတည်းက ပြောရမယ့်စကားဆိုတာကို ဒေါ်မာမာဦးသိပြီးသားပင် ။ဒါပေမဲ့ သမီးနှစ်ယောက်က သူ့တို့သားသမီးတွေနဲ့ တန်းတူမထားနိုင်ဘူးလို့ ပြောလာလေတော့ အလင်းချိုရဲ့မိခင်ကို မုန်းနေမိတဲ့ဒေါ်မာမာဦးလဲ သမီးတွေနဲ့ စိတ်တူကိုယ်တူဖြစ်ခဲ့မိတယ်လေ။ မြေးဖြစ်သူကို ပစ္စည်းဟောင်းတွေထားတဲ့အခန်းမှာထားခဲ့မိတာပေါ့။ဒီအချိန်ကြောင်းကို ခုပြန်တွေးမိရင် ဒေါ်မာမာဦးရင်ထဲမှာ မချိအောင် နာရပြန်တယ်။ အလင်းချိုလေးကို အရွယ်နဲ့ မမျှတအောင် ခိုင်းခဲ့မိတာတွေ။ နိုင်လိုမင်းထက်ပြုမိခဲ့တာတွေကို ပြန်မြင်ယောင်မိတိုင်း စိတ်မကောင်းဖြစ်ရပြန်တယ်။ ဒီလိုဒေါ်မာပါဦးက နှိပ်စက်ခဲ့ပေမဲ့လည်း ဒေါ်မာမာဦး အိပ်ရာထဲလဲတဲ့အခါမှာတော့ အလင်းချိုကလွဲပြီး ပြုစုပေးမယ့်သူမရှိခဲ့ဘူး။ဒေါ်မာမာဦးရဲ့ နောင်တ အသိတွေက နောက်ကျခဲ့ပြီ။ ခုလိုချိန်မျိုးမှာ ဒေါ်မာမာဦးမှာ ငွေလဲမရှိ၊ အာဏာလဲမရှိတော့ဘူးဆိုတော့ မြေးဖြစ်သူ အလင်းချိုကို ဘာအထောက်အပံ့အကူအညီမှကို မပေးနိုင်တော့ဘူး။အငယ်မ အေးအေးတို့မိသားစုကလဲ အမွေမခွဲပေးသေးလို့ အတူနေနေကြပေမဲ့ အိမ်ရဲ့စရိတ်ကို လောက်ငှအောင် ပေးချင်ကြတာမဟုတ်ဘူး။ဒေါ်မာမာဦးက "အမေ့ဆီမှာ ပိုက်ဆံမရှိတော့ဘူး သမီးရေ " လို့ပြောတဲ့နေ့ကစလို့ အလင်းချိုနဲ့ မိစန်းရဲ့ စားစရိတ်ကို သူတို့ မပေးနိုင်ပါဘူးတဲ့လေ။ခိုင်းတုန်းကတော့ ဒေါ်မာမာဦးခိုင်းတာက နည်းနည်း။သူတို့မိသားစုတွေခိုင်းတာက ခပ်များများ။ သမီးဖြစ်သူက အိုးခွဲပြီးစားမယ်ဆိုမှတော့ ဒေါ်မာမာဦးလဲ ကျန်းမာရေးအတွက် လိုလိုမယ်မယ်ဆိုပြီး သက်စောင့်ထား ထားတဲ့ ရွှေတိုရွှေစလေးတွေကို ထုခွဲပြီး ပြဿနာကို ဖြေရှင်းရတော့တာပေါ့။ဒီကြားထဲ အလင်းချိုရဲ့ ပျိုးပင်အရောင်းဆိုင်လေးက ၀င်ငွေအတော်အသင့်ရနေလို့သာ အသက်ရှူချောင်ခဲ့ရတာလေ။ ပြောရရင် ၀င်ငွေရနေပြီဖြစ်တဲ့ မြေးလေးအလင်းချိုရဲ့

လျှော့ထားတာပေါ့။ ~~~~~~ တကယ်တော့ မိန်းမတွေဆိုတာ ချစ်ခြင်းမေတ္တာထက်ငွေကို ပိုမက်ကြသူတွေလို့ ဟန်သော်လင်းထင်မိတယ်။ပြီးတော့ သူတို့တွေက တဏှာဘက်ကိုလိုက်ပြီဆိုရင်လဲ ယောကျာ်းတွေထက်ပို ကြောက်ဖို့ကောင်းနေပြန်ရောလေ။စဉ်းစားကြည့်လေ အိမ်ထောင်ရေးဖောက်ပြန်တဲ့ ယောက်ျားတွေကိုပဲကြည့်။အဓိကက မိန်းမတွေကိုယ်တိုင်ကိုက "ကိုကို့အိမ်က ဘွားတော်ကြီးထက် ငယ်က ကိုကို့ကို ပိုချစ်တယ်ဆိုတာမျိုး...ဒီထက်ပိုဆိုးတဲ့ မိန်းမတွေဆိုရင် အိမ်က အဘွားင်္ကြီး မသိအောင် တွဲကြရအောင်... ငယ် ကျေနပါပါတယ် "ဆိုတာမျိုးတွေဖြစ်ကုန်တာလေ။ဒီလိုပဲ ဟန်သော်လင်းရဲ့ ဘေးနားက မိန်းမတွေလဲ ဘာထူးလို့လဲ ။ သူ့တို့ရင်ထဲမှာ အချစ်လဲမရှိဘူး။ သစ္စာလဲ မရှိကြဘူး။ ရုပ်ချောချောကောင်လေးဆိုရင် တွဲကြည့်ချင်တယ်။ပိုက်ဆံပေါတဲ့ ယောကျာ်းဆိုရင် တွဲမယ်။အဲ့ဒီယောကျာ်းမှာ ကာမပိုင်ရှိရှိ၊ မရှိရှိ သူတို့ ဂရုမစိုက်ကြဘူး။ အိမ်ထောင်ရှိတဲ့ ယောကျာ်းကို သူတို့ချုပ်ကိုင်နိုင်ရင်သူတို့ကိုယ်သူတို့ အရမ်းတော်တယ်လို့ ထင်နေကြတယ်။သူများမိသားစုကို ဖျက်ဆီးပြီး ကာမပိုင်ရှိတဲ့သူကို ဖြားယောင်းနိုင်ရင်ကို သူတို့ကိုယ်သူတို့ အစွမ်းအစရှိသူ၊ အထင်ကြီးစရာ လူလို့ တလွဲ အထင်ရောက်နေကြတာလေ။ဟန်သော်လင်းမြင်ဖူးသမျှ မိန်းမတွေထဲမှာ မမမိုးဆိုလဲ အဲ့ဒီလိုအစားမျိုးထဲကပဲလေ။ မမမိုးကြောင့် ပျက်စီးခဲ့ရတဲ့ မိသားစုတွေနည်းတာမှတ်လို့။မှန်တာပြောရရင် အဲ့ဒီလိုမိန်းမတွေကိုပဲ အများဆုံးတွေ့နေရလို့လားမသိဘူး ဟန်သော်လင်းက မိန်းမတွေကို အထင်မကြီးဘူး။အထင်တောင် သေးချင်သေးတာ ။ ဥပမာ ငွေအတွက် သားသမီးကို တောင် စွန့်ပစ်နိုင်တဲ့ မိန်းမမျိုးတွေကို ဟန်သော်လင်းအရွံမုန်းဆုံးပေါ့။ အဲ့ဒါကြောင့် ဟန်သော်လင်း ဆိုတဲ့ကောင်မှာ အချစ်မရှိဘူး။ ~~~~~~ " ဘာလဲဟ ဒီမိန်းမ " ဟန်သော်လင်းက ကားကိုမောင်းထွက်တော့မယ် အလုပ်မှာ ကားရှေ့တည့်တည့်မှာ ကုန်းကုန်းကွကွနဲ့ ဘာဖြစ်နေမှန်းမသိတဲ့ အမျိုးသမီးကိုကြည့်ပြီး စိတ်တိုသွားမိတယ်။အရေးကြီးနေပါတယ်ဆိုမှက္ခာ " ပွမ် ... ပွမ် " ဟန်သော်လင်း စိတ်တိုတိုနဲ့ ကားဟွန်းကို အဆက်မပြတ်တီးလိုက်တော့ သူမကလက်တစ်ဖက်ကာပြပြီး ခဏနေအုံးဆိုတဲ့ အမူအယာမျိုးလုပ်ပြနေပြန်တယ်။ "ဘာလဲကွာ ဒီမိန်းမ ...ဂွင်ဖန် နေတာလား " ဟန်သော်လင် စိတ်မရှည်နိုင်စွာတွေးလိုက်ပြီး ကားတံခါးကိုဝုန်းခနဲဆွဲဖွင့်လိုက်တယ်။ပြီးတော့ကားရှေ့ကို စိတ်တိုတိုနဲ့လျှောက်သွားလိုက်တယ်။ "ဒီမှာ အမိ ..မင်း ငါ့ကားရှေ့မှာ ဘာလုပ်နေတာလဲ ... ကားတိုက်ခံရတဲ့ပုံစံလုပ်ပြီး လျှော်ကြေးတောင်းမလို့လား ..." @@@@@@@@@@@@@@@@ အပိုင်း(၁၈ ) ဆက်ရန် .... ဧကြည်ဖြူ

ဒေါ်အေးမြနွယ်က ဈေးစာရင်းတွက်ပေးနေတဲ့ အလင်းချိုလေးကို ကြည့်ပြီး ပြောလိုက်တယ်။ မုသားမပါ လင်္ကာမချောဆိုသလို နားထောင်ကောင်းအောင် ပြောလိုက်ရပေမဲ့ ဒေါ်အေးမြ နွယ်ရဲ့စိတ်ထဲကတော့ အလင်းချိုလေးကို အားနာနေမိတယ်။အိမ်က သားတော်မောင်ကလဲ မာနကြီးလိုက်ပုံက အလင်းချို အကြောင်းကို တစ်စွန်းတစ်စတောင် မေးဖော်မရဘူးလေ။လွန်ခဲ့တဲ့နှစ်တွေကတော့ အမြဲ မေးပါတယ်။ မေးလိုက်ရင်လဲ "အလင်းချိုအလုပ်ထွက်လုပ်နေပြီလား ။ သူ့အဘွားအိမ်မှာနေနေတုန်းလား " ဆိုပြီး ဒါပဲမေးတာ။ ခုတော့ မမေးတာ ကြာပြီ။ သူမမေးတာ့ ဒေါ်အေးမြနွယ်လဲ စကားမစရဲဘူး။တော်ကြာနေ "အမေတို့က ဦးလွင်ဦးနဲ့ ဒေါ်ခင်လှ တို့လို့ မိသားမျိုးထဲဝင်ပါချင် ပြန်ပြီလား " ဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ပြောနေအုံးမှာလေ။ "သမီးသူငယ်ချင်းက သမီးကို ဖုန်းမခေါ်ဘူးလား ...." ဒေါ်အေးမြနွယ်က အလင်းချိုကို မသိမသာ အကဲခတ်လိုက်ပြီး လှမ်းမေးလိုက်တယ်။ "ဟုတ်ကဲ့ ... မခေါ်ဘူး အန်တီနွယ် .. သူအလုပ်များနေလို့ ထင်ပါတယ် " အန်တီနွယ်ရဲ့အမေးကို အလင်းချို ဖြေလိုက်ရင်း စိတ်ထဲမှာ ဝမ်းနည်းမိသလိုတော့ ဖြစ်သွားတယ်။အရင်က အလင်းချို အဝေးသင်တက်နေတံ့အချိန်အထိ နေမခနဲ့ တစ်ခါတလေ ဖုန်းတွေပြောခဲ့ပေမဲ့ ကျောင်းပြီးသွားတော့ နေမခက အလင်းချိုကို အလုပ်ထွက် လုပ်ပြီး ဒီအိမ်ကပါထွက်သွားဖို့ ပြောခဲ့တယ်။သူကပြောတာလွယ်ပေမဲ့ အလင်းချို ထွက်သွားဖို့အတွက် ခက်ခဲတာကို သူ့မှမသိတာ။ အဲ့ဒီနောက်ပိုင်းကစလို့ နေမခဘက်က အလင်းချိုကို ဖုန်းလဲမခေါ် စာလဲမပို့တော့ဘူး။ သူ့မှ မခေါ်ချင်မပြောချတော့လဲ အလင်းချိုက ဘာတတ်နိုင်မှာတဲ့လဲ။အလင်းချိုဘက်ကတော့ သူ့ကို သူငယ်ချင်းတစ်ယောက်အဖြစ်ထာ၀ရ သက်မှတ်ထားတာပါ။ ~~~~~ "မင်း အခုတလော ဘာတွေလုပ်နေတာလဲ ဟန်သော်လင်း ... ဘာလဲ အရွယ်ရောက်လာတော့ ခြေစုံကန်ချင်တာလား ...ငါ့ကို ဒီလိုလာမလုပ်နဲ့နော် ...မင်းလိုကောင်လေးကို တစ်သက်လုံးဂျေးထဲမှာ နေရအောင်လုပ်ပစ်လိုက်လို့ရတယ်သိလား " " ဟား ....စကားလုံးတွေက.....ကြောက်ဖို့ကောင်းလှချည်လား မမမိုးရဲ့ " သူ့ကို့ ခြိမ်းခြောက်သလိုလေသံနဲ့ ပြောနေတဲ့ မမမိုးကို ကြည့်ပြီး ဟန်သော်လင်း မဲ့ပြုံးတစ်ချက်ပြုံးပြီး ရယ်လိုက်မိတယ်။ "မမမိုးရယ် ...ဆန်ပေးလို့ ဆီရတာကို ကျွန်တော်က ကျေးဇူးရှင်လို သက်မှတ်ရမှာလား ... မမမိုးနဲ့ ကျွန်တော့်ကြားမှာ ဘာနှောင်ကြီးမှ မရှိဘူးနော် .... တစ်ယောက်ကိုယ်ရေးကိုယ်တာကို တစ်ယောက်မစွက်ဖက်ပဲ နေကြရအောင်ဗျာ ... ကျွန်တော်က မမမိုးကို ကိုယ့်အစ်မရင်း တစ်ယောက်လို လေးစားချစ်ခင်ချင်တယ် .. ကျွန်တော့်က်ု ချုပ်ကိုင်ဖို့မကြိုးစားနဲ့ဗျာ ... ကျွန်တော် စိတ်တိုလာရင် မမမိုးကိုပါ ခေါ်ပြီး ဂျေးထဲသွားအောင်းနေလိုက်မှာနော်..." ပြောပြီးတာနဲ့ ဟန်သော် လင်း တိုက်ခန်းအပြင်ကို ထွက်လာခဲ့တယ်။ ကျန်ခဲ့တဲ့ မိုးသူဇာမှာတော့ အံတကြိတ်ကြိတ်နဲ့ပေါ့။ဟန်သော်လင်းဆိုတဲ့ ကောင်လေးက မိုးသူဇာထက် ကိုးနှစ်ကျော်လောက်ငယ်ပေမဲ့ တကယ့်လူလည်လေးလို့ ပြောရမလားပဲ ။အသက်ဆယ့်ခုနှစ်နဲ့ မိုးသူဇာရဲ့လုပ်ငန်းတွေမှာ အသုံးချလို့ရခဲ့တယ်။ အခုဆိုရင် သူက မိုးသူဇာထက်ကို လုပ်ငန်းအထာကို ကျွမ်းကျင်နေပြီလို့ပဲ ပြောရမလား။ အဓိက,က ဟန်သော်လင်းရဲ့ ရုပ်ရည်ရူပကာကြောင့်လဲ ပါတယ်လို့ ပြောရမှာပဲ။မိုးသူဇာရဲ့ ဖောက်သည်တွေကြားမှာတော့ ဟန်သော်လင်းက ရေပန်းစားတယ်။နိုင်ငံခြားမင်းသားတွေလို အရပ်ကမြင့်မြင့် ရုပ်ကဖြောင့်ဖြောင့်နဲ့ ဒီကြားထဲ မထီတရီခပ်ပြုံးပြုံးမျက်နှာထားနဲ့ဆိုတော့ ဟန်သော်လင်းဆိုရင် မမတွေ ညီမလေးတွေက ယုံကြည်ပြီးသားကို ဖြစ်နေကြတာ ။မိုးသူဇာ စိုးရိမ်နေမိတာကလဲ ဒါကြောင့်လို့ပဲပြောရမလား။ ဒါမှမဟုတ် မိုးသူဇာအနေနဲ့ ဟန်သော်လင်းနဲ့ ပတ်သက်ပြီး လုပ်ငန်းအရဆိုတာထက်ပိုပြီးမျှော်လင့်နေမိတာကြောင့်လဲ ပါပါတယ်။မှန်တာပြောရရင် ဟိုအရင်ကထက် အဆပေါင်းများစွာ ကြည့်ကောင်းချောမောပြီး ယောကျာ်းပီသတဲ့ ပုံစံ ဖြစ်လာတဲ့ ဒီကောင်လေးကို မိုးသူဇာက အစစအရာရာ ပိုင်ဆိုင်ချင်တယ်။ချုပ်ကိုင်ချင်လာတယ်။ ဒါကြောင့်လဲ့ မြူခဲ့တယ်။ခြွေခဲ့တယ်။တစ်ကိုယ်လုံး ပုံအပ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ ဒါပေမဲ့လဲ ဒီကောင်လေးက မိုးသူဇာကိုရှောင်နိုင်ခဲ့တယ်။ဒါကိုပဲ မိုးသူဇာက အကြီးအကျယ်မကျေမနပ် ဖြစ်နေမီတာ။ ဘာလဲ ကိုယ်ကအသက်ကြီးသွားလို့လား။ ဒါတော့ မဟုတ်နိုင်ဘူး။မိုးသူးဇာရဲ့ အသက်က သုံးဆယ့်လေးပြည့်တော့မယ်ဆိုပေမဲ့ ဘယ်သူ့ကို မေးမေး နှစ်ဆယ်ကျော်လေးလိုပဲ ထင်နေကြတာလေ။ဒီလိုတွေဖြစ် နေတဲ့ကြားထဲကနေ ဟန်သော်လင်းက ကောင်မလေးတစ်ယောက်ယောက်နဲ့ တွဲနေတယ်လို့ သတင်းကြားမိရင် မိုးသူဇာမှာ ရင်ထဲမီးတွေလောင်နေသလိုကို ပူလောင်နေမိတော့တာ။ဟန်သော် လင်းဆိုတာကလဲ ရုပ်လေးကြည့်ကောင်းသလို ရည်းစားကို တစ်ပတ်တစ်ယောက် ပြောင်းနေတာမျိုးလေ။ကြာတော့ ဟန်သော်လင်းကို ဘယ်မိန်းမနဲ့မှ ပတ်သက်လို့မရတော့အောင် ထောင်ထဲထည့်ပစ်ချင်စိတ်တွေက မိုးသူဇာ စိတ်ထဲပေါ်လာမိတယ်။တကယ်လို့များ ဟန်သော် လင်းသာ ထောင်ထဲရောက်သွားရင်တော့ မီးခိုးကြွက်လျှောက်ဆိုသလို မိုးသူဇာတို့လဲ ထောင်ထဲ၀င်ရမှာတော့ အသေအချာပဲ။လုပ်နေတဲ့အလုပ်ကိုက လူငယ် လူကြီးတွေကို ဖျက်ဆီးရတဲ့အလုပ်မဟုတ်လား ။ဒါကြောင့်မို့ မိုးသူဇာကစိတ်ကို တတ်နိုင်သလောက်

"ကြည့်ရတာ အမေက ...သူ့မြေးစီးပွားရေးကို ထိမှာစိုးလို့ ထင်တယ် မမကြီးရေ ... အမွေခွဲရင်လဲ ... အလင်းချိုကိုပါ တစ်ပုံပေးရမတဲ့လေ ... အဲ့ဒီလိုဆိုရင်ဖြင့်...ကျွန်မတို့ ကလေးတွေအတွက်ပါ ပေးရမှာ မဟုတ်လား " နောက်ဆုံးတော့အမွေအကြောင်းပြောရင်းကနေ ထုံးစံအတိုင်း အလင်းချို ဘက်ကို မြားဦးက လှည့်လာပြန်ပါတယ်။ အပြင်မှာအလုပ်ထွက်လုပ်လို့ မရလို့ အိမ်မှာ ပျိုးပင် အရောင်းဆိုင်လေးဖွင့်ထားမိတာက ကြီးကြီးတို့အတွက်မျက်စိစပါးမွှေးစူးစရာကို ဖြစ်နေရတဲ့အဖြစ်။ "တော် ...တော်ကြစမ်း ...နင်.. တို့ သား...သမီးတွေက ...ငါ့ကို ပြုစုပေးလို့လား ... ငါ့သေးခွက်ကို သွန်ပေးလား...ငါ့ချီးဝတ်ကိုလျှော်ပေးလား ပြောလေ ....အခုချိန်မှာ ငါဘာကို နောင်တရလဲ သိလား ... အရင်က နင်တို့တွေကို အလိုလိုက်မိပြီး ....ငါ့မြေးလေးအလင်းချိုကို နှိမ်ခဲ့မိတာကို နောင်တအရဆုံးပဲဟဲ့ ...နောင်တအရဆုံးပဲ သိကြလား ...အဟွပ် ....အဟွပ် " အဘွားက အားလေး လျှာလေးနဲ့ တစ်ခွန်းချင်းပြန် အော်ပြောနေတယ်။ "အို ... အမေရယ် ...ဒါကတော့ သူက အလုပ်မှ မရှိတာ ...ဒီလောက်တော့ လုပ်ရမှာပါ....ကျွန်မတို့ကလေးတွေက သူ့လို့ ဘာမှသုံးစားမရတဲ့ ဘွဲ့လေးတစ်ခုပဲ ရထားတာမဟုတ်ဘူးလေ ....သင်းတန်းတွေလိုက်တက် ...ဘွဲ့တွေ တစ်ခုပြီးတစ်ခုယူပြီး ကုမ္ပဏီကောင်းကောင်းမှာ အလုပ်လုပ်နေကြတာလေ....သူ့လို အိမ်မှာတစ်နေကုနံ အားယားနေတာမှမဟုတ်တာ ....." အဘွားရဲ့စကားကြောင့် အတူနေမိသားစုဖြစ်တဲ့ကြီးကြီးအေးက စိတ်ဆိုးမာန်ဆိုးနဲ့ ထပြောပြန်တယ်။ "တော်ပြီဟေ့ အေးအေး ... ငါဘာမှမပြောချင်ဘူး ...ဒီအိမ်ရောင်းရင်....ငါ့မြေးအလင်းချိုအတွက် ဝေစုတစ်ပုံပါတယ် ဒါပဲ...အခုတော့ ငါက လမ်းသိပ်မလျှောက်နိုင်တာကလွဲလို့ သန်သန်မာမာကြီး ရှီသေးတာမို့ ဒီစကားတွေလာ ထပ်မပြောကြနဲ့တော့ ...ငါသေရင် နင်တို့တွေအတွက် ရသင့် ရထိုက်တာတွေပေးဖို့ရှေ့နေ နဲ့စီမံပြီးသား ...ဘာမှ အထွန့်လာမတက်ကြနဲ့ " အဘွားရဲ့ ဒေါသတကြီးနဲ့ ပြောသံကို ကြားရတယ်။ "ပြော ..ပြော....အမေ အဲ့ဒီလို ကြပ်ကြပ်သာပြော ... ကြာရင် ဟိုဟာမလေးက အမေ့ခေါင်းပေါ် ချီးတတ်ပါရုံတင်မဟုတ်ဘူး ... မိစန်းနဲ့ ပေါင်းပြီး အမွေတွေကိုပါ မောင်ပိုင်စီးလွားလိမ့်မယ် " " ဒုန်း ...ဒုန်း " "ဒုန်း ...ဒုန်း " ဒေါ်သတကြီးပြောသံနဲ့အတူ အခန်းဝကိုလျှောက်လာကြတဲ့ ခပ်ပြင်းပြင်းခြေသံတွေကို ကြားလိုက်ရတာမို့ အလင်းချိုလဲ အဘွားအတွက် ယူလာတဲ့ မုန့်ပန်းကန်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း လွတ်ရာကို အမြန်ပြေးရတော့တယ်။ ~~~~~~ "တွေ့တယ်မဟုတ်လား အမေ .... အမေ့တူ့မ အခမဲ့ ကူလီထမ်းဖို့သွားတာကို ... မိန်းမတန်မဲ့ အရှက်မရှိ ...ဒီပတ်ဝန်းကျင်မှာနေရတာ သူ့ အစား သမီးတော့ရှက်တယ်... ဟိုကောင်က အခုလောက်ဆို စင်္ကာပူမှာ မိန်းမ တောင်ရလောက်ပြီ ..သူက ဒီကနေ မျက်နှာလို မျက်နှာရလုပ်လို့ကောင်းတုန်း ....မိန်းမနောက်ပိုးလုပ်လို့ကောင်းတုန်းလေ..ပြီးတော့ အိမ်မှာသမီး စို့များ ခိုင်းမိရင် အသံထွက်သလောက် အဲ့ဒီအိမ်က အလုပ်ဆိုရင် မညည်းမညူ လုပ်ပေးတာ အမေရေ " အန်တီနွယ်တို့ ဆိုင်ဘက်ကို သွားဖို့ပြင်နေတဲ့ အလင်းချိုရဲ့ ခြေလှမ်းတွေ တန့်ခနဲ့တော့ ဖြစ်သွားသေးတယ်။ ဒါပေမဲ့လဲ ဂရုမစိုက်တော့ဘဲ ရှေ့ဆက်ထွက်လာခဲ့လိုက်တယ်။ အခမဲ့ ကူလီထမ်းတယ်ဆိုတာကို ပတ်ဝန်းကျင်က ပြောတာမဟုတ်ဘဲ ကြည်ကြည်တို့ သားအမိတွေကပဲ ပြောနေကြတာကို အလင်းချိုသိပြီးသားလေ။"အန်ဂီနွယ်"လို့ အလင်းချိုခေါ်နေမိတဲ့ ဒေါ်အေးမြနွယ်တို့သားအမိတွေကို အလင်းချို ကူညီနေတယ်ဆိုတာ နေမခကြောင့်လို့ပြောရင် တစ်စိတ်တစ်ဒေသပဲမှန်လိမ့်မယ်။အမှန်တကယ်က ရိုးသားအေးဆေးပြီး စိတ်သဘောထားကောင်းကြ တဲ့ အန်တီနွယ်နဲ့ ဘွားချိုကို အလင်းချို ကိုယ်တိုင်က ချစ်ခင်နေလို့ ကူညီပေးတာ။အန်တီနွယ်နဲ့ ဘွားချိုကလဲ အလင်းချိုကို ချစ်ကြတာ အလင်းချို သိတယ်။အန်တီ နွယ်ကဆိုရင် ဘာလေးစားစား၊ ဘာလေး ဝယ်ဝယ် အလင်းချိုအတွက်ပါ အမြဲပါတယ်။အန်တီနွယ်နဲ့ တွေ့ရတဲ့ အချိန်တိုင်း အမေတစ်ယောက်အစားရသလို ခံစားရလို့ အလင်းချိုက အန်တီနွယ်တို့ကို နိုင်သမျှလေးဝိုင်းကူလုပ်ကိုင်ပေးနေတာ။သဲသဲချိုလေးဆိုလဲ ဒီအတိုင်းပဲ ချစ်စရာကောင်းလွန်းလို့ ကိုယ့်ညီမလေးတစ်ယောက်လိုချစ်နေမိတာလေ။သဲသဲလေးကလဲ အလင်းချိုကို ချစ်တယ်ဆိုတာ အလင်းချို သိတာပေါ့။ ဒါကြောင့် အန်တီနွယ်တို့နဲ့ အလင်းချိုရဲ့ပတ်သက်မှုက နေမခနဲ့ မဆိုင်ရေးချ မဆိုင်ပါဘူး။ ဒါကိုပဲ ကြည်ပြာက ချိုးချိုးဖဲ့ဖဲ့နဲ့ အခမဲ့ ကူလီထမ်းတယ်လို့ အလင်းချိုကို ပြောနေတာပေါ။ကြာတော့ သူလဲပြောချင်ရာပြော ဂရုစိုက်မနေတော့ပါဘူး။ ကိုယ့်ခါးထဲက ထဘီကိုတောင် မလျှော်ဖူးတဲ့သူက သူ့တစ်ပါးကို ကူညီရတဲ့ပျော်ရွင်မှုကို သိမှာမှ မဟုတ်တာ။ ~~~~ "သမီးရေ...သားကြီးကတော့ ..နှစ်ကုန်ရင်ပြန်လာတော့မယ်လို့ ပြောတော့ပြောပြန်တာပဲ ...အန်တီနွယ်တို့တော့ မျှော်ရင်းမောနေပါပီကွယ် ...သားကပြောသေးတယ် သမီးကိုလဲ သတိရတယ်တဲ့လေ ....အလုပ်တွေ များနေလို့ ဖုန်းမဆက်တာပါတဲ့ "

ဧကြည်ဖြူ " သံယောဇဉ် ကမ်းပါး " အပိုင်း ( ၁၇ ) ********* ရာသီတွေက တရွေ့ရွေ့ကုန်ဆုံးခဲ့ပြီ။အချိန်က အကုန်မြန်တာလား။ကုန်ခဲတာလားဆိုတာကို အလင်းချို မသိတော့ပါ။နိုင်ငံခြားမှာငါးနှစ်နေမယ်လို့ပြောသွားခဲ့တဲ့ နေမခလဲ ခြောက်နှစ်ကျော်ကြာနေပေမဲ့ ပြန်မလာခဲ့သေးပါ။ငါးနှစ်အတွင်းအဘွားတို့အိမ်မှ ရုန်းထွက်ပါ့မယ်လို့ပြောခဲ့မိတဲ့ အလင်းချိုလဲ အဘွားတို့အိမ်မှ ရုန်းမထွက်နိုင်သေးပါ။ခက်တာက အဘွားတို့အိမ်မှ ရုန်းထွက်နိုင်ဖို့နေနေသာသာ အလင်းချိုမှာ အရင်ကထက်ပင် တာဝန်တွေ ပိုပိုများလာခဲ့ခြင်းပါပင်။ ကိုရန်နောင်စိုးနဲ့ မဒါလီစိုးတို့ အိမ်ထောင်ကျသွားကြပြီးနောက် ကြီးကြီးမေတို့ အိမ်ခွဲသွားကြပေမဲ့ ကြီးကြီးအေးတို့မိသားစုက ကျန်ခဲ့တယ်လေ။ မနီလာနဲ့ကြည်ပြာကလဲ အသက်ရလာလေလေ ပိုပြီး မောက်မာလာလေလို့ပဲပြောရမယ့်အဖြစ်မျိုးပါပင်။ပြီးတော့ အိပ်ရာထဲလဲနေပြီဖြစ်တဲ့အဘွားကိုလဲ အလင်းချိုပဲ တာဝန်ယူပြုစုစောင့်ရှောက်နေရတယ်။ဒီကြားထဲ အိမ်ကြီးရဲ့ အမွေပြဿနာကလဲရှိသေးတော့ အလင်းချိုမှာ စိတ်ဒုက္ခပေါင်းသောင်းခြောက်ထောင်ကို ရင်ဆိုင်ဖြေရှင်းနေရတာပေါ့။တော်သေးတာက ဒီပြဿနာတွေကြားကပဲ အလင်းချိုအနေနဲ့ အဝေးသင်တက်ပြီး စီးပွားရေးဘွဲ့လေးကိုရရှိခဲ့တယ်။ဘွဲ့ရပေမဲ့လဲ အပြင်မှာ အလုပ်ထွက်မလုပ်နိုင်တဲ့အဖြစ်ပေါ့။အကြောင်းအရင်းကတော့ အိမ်မှာ အဘွားကို ပြုစု စောင့်ရှောက်ဖို့ လူခွဲမရှိခြင်းကြောင့်ပါပင်။ကျေးဇူးဆိုသောဝန်က ကြီးမားလှပါပေတယ်။ "သူက အပြင်မှာ ...အလုပ်ထွက်လုပ်ချင်နေတာကို အမေက ဘာလို့ ခွင့်မပြုရတာလဲ ... သူ့ဘာသာ အဆောင်မှာနေပါစေ ...အမေ့ကို ပြုစုပေးဖို့လူတစ်ယောက် ....သမီးတို့ငှါးပေးပါ့မယ် ..." "မမကြီးပဲပြောတော့ ..အေးလဲ ပြောနေတာပဲ မရဘူး....အိမ်ကြီးကလဲဟောင်းနေပြီမို့ ရောင်းပြီးပြောင်းကြမယ်ဆိုတော့လဲ ...အမေက လက်မခံဘူးလေ" ကြီးကြီးမေနဲ့ ကြီးကြီးအေးတို့ရဲ့ အသံတွေက အဘွားအခန်းထဲကနေ ထွက်ပေါ်လာတယ်။တဆိတ်ရှိအိမ်ကြီးကို ရောင်းဖို့ပဲပြောနေကြတဲ့ ကြီးကြီးမေနဲ့ ကြီးကြီးအေးတို့ကြောင့် အဘွာတော့ ရောဂါတိုး မတိုး မသိဘူး။အလင်းချိုတော့ တော်တော်လေးစိတ်ညစ်နေပြီ။တကယ်ဆိုအဘွားရောဂါက အသက် ခုနစ်ဆယ်ကျော်လာလို့ သာမန်လူကြီးရောဂါလောက်ဖြစ်တာပါ။ ဒါပေမဲ့ ကြီးကြီးမေနဲ့ ကြီးကြီးအေးတို့က အိမ်ကြီးကိုရောင်းပြီးအမွေခွဲကြဖို့ပဲပြောနေလေတော့ အဘွားခမျာ စိတ်ဆင်းရဲပြီးရောဂါတိုးလာတယ်ပဲပြောရမလား။အဘွားကတော့ မာန်မာနကြီးခဲ့သူပီပီ သူ့ရဲ့နောက်ဆုံးအချိန်တွေကို သူ့ရဲ့ကိုယပိုင်အိမ်မှာပဲ ကုန်ဆုံးမယ်တဲ့လေ။ ဘယ်သားသမီးအိမ်မှာမှလိုက်မနေနိုင်ဘူးလို့ အပြတ်ကို ပြောထားတာ။ခက်တာက ကြီးကြီးတို့တွေပဲ။ မရောင်းပါဘူးဆိုတဲ့ ဒီအိမ်ကိုပဲ ရောင်းပစ်ဖို့တွင်တွင်ပြောနေကြတော့တာ။ ပြောလဲပြောချင်ကြမှာပေါ့။ကြီးကြီးမေက မြို့ထဲမှာ တိုက်ခန်း ဝယ်လိုက်တော့ ငွေလက်ကျန် သိပ်ရှိပုံမရတော့ဘူးလေ။ကြီးကြီးအေးလဲ ဘာထူးလို့လဲ။ကြည်ပြာတို့ညီအစ်မက မြို့ထဲပြောင်း ချင်းတယ်ပြောလို့ တအားကိုပြောင်းချင်နေတာလေ။အမွေခွဲချင်နေကြတဲ့သူတွေက ကြီးကြီးတို့နှစ်ယောက်တည်းတော့မဟုတ်ဘူး။အဖေလဲ ပါတာပေါ့။သားသမီးတွေရဲ့ နောင်ရေးအတွက်ဆိုလား။အဖေပြောတဲ့သားသမီးတွေထဲမှာ အလင်းချိုတော့ပါပုံမရပါဘူး။ ဒီအိမ်ကြီးရောင်းလိုက်ရင် အလင်းချိုက ဘယ်သူ့အိမ်မှာလိုက်နေရမလဲဆိုတာကိုလဲ အဖေတွေးပုံမရပါဘူး။ အလင်းချိုကလဲ ဒီအိမ်ကြီး ရောင်းထွက်သွားရင် နေစရာမရှိမှာကို မပူတာတော့ အမှန်ပဲ။အလင်းချိုသင်ထားထားတဲ့ပညာနဲ့ တစ်ဝမ်းတစ်ခါးတော့ ၀မ်းဝခါးလှအောင် ရှာစားနိုင်သားပဲ။အလင်းချို ပူနေမိတာ အဘွားနဲ့ ဒေါ်လေးစန်းကိုပဲ။ သူ့ဘာသာဘုရင်မတစ်ပါးလို တစ်ထီးတစ်နန်း နေလာတဲ့ အဘွားက ကြီးကြီးတို့ရဲ့ တိုက်ခန်းတွေမှာ လိုက်နေနိုင်မှာတဲ့လား။ပြီးတော့ ကြီးကြီး တို့ကလဲ အဘွားဆီက ပိုက်ဆံကောင်းရုံကလွဲလို့ ပြုစုစောင့် ရှောက်ဖို့ကို သတိရကြတာမဟုတ်ဘူး။ အခုတောင် အမွေအကြောင်း ပြောချင်တဲ့ အချိန်ကလွဲလို့ တစ်မိသားစုလုံး အဘွားအခန်းထဲကို ခြေဦးတောင် လှည့်ကြတာမှ မဟုတ်တာ။ အဲ့ဒီထက်ပိုပြီး ပူပင်မိတာက ဒေါ်လေးစန်းကိုပဲ။ဒေါ်လေးခန်းခမျာ အဘွားကို အားကိုးပြီး နေလာခဲ့ရှာတဲ့ဆွေမရှိမျိုးမရှိ အပျိုကြီးလေ။ဒီအိမ်ကြီးမှာသာ နေခွင့်မရတော့ရင် ဒီအရွယ်ရောက်မှ ဘယ်သူ့အိမ်သွားနေမလဲ။အသက်က အရင်လို လေးဆယ်နားနီး မဟုတ်တော့ဘူး ။ ငါးဆယ်နားနီးဖြစ်နေပြီ။ဒီနှစ်ယောက်ကိုထားပြီး အလင်းချိုက ဘယ်ကိုထွက်သွားရက်မှာတဲ့လဲ။ဒါကြောင့်လဲ ကြီးကြီးတို့ဘာပြောပြော မသိချင်ယောင်ဆောင်ပြီး ပေကပ်နေရတော့တာပေါ့။ "အကြီးမရောအငယ်မရော သွားကြတော့အေ ... ငါအိပ်ချင်နေပြီး ...ညည်းတို့ကို ငါဘယ်နှစ်ခါပြောရမလဲ ...ငါဒီအိမ်မှာပဲ သေမှာပါလို့ ...စောင့်နိုင်တဲ့သူ့စတင့်ကြ ...မစောင်နိုင်လဲမတတ်နိုင်ဘူး" "အမေကလေ .. ပြောချင်ရာကို ဇွတ်ပြောတာပဲ ....သမီးတို့က အမေ့ကို မြို့ထဲမှာ ဆေးရုံဆေးခန်းနီးနီး ... ဘုရားကျောင်းကန်နီးနီးမှာ ထားချင်လို့ ပြောနေတာ ... အမေဒီနေရာကဘာနဲ့နီးလဲ ... ငမိုးရိပ်ချောင်းနဲ့ပဲ နီးတာ "

"အမေတို့ သူ့ကို ဒီနေ့တစ်ရက်တော့ ခွင့်လွှတ်ပေးလိုက်ကြပါနော် ... ဒီနေ့ ဟိုဘက် ဈေးဆိုင်အိမ်က ကောင်လေး နိုင်ငံခြားကို ထွက်သွားပြီလေ အမေရဲ့ ... အဲ့ဒီတော့ အမေ့တူမ အသဲကွဲနေတာပေါ့" ဒါလီစိုးရဲ့အသံက လှောင်ပြောင်သံ အပြည့်ပါနေတယ်။တကယ်တော့ နေမခလို ငချွတ်လေးက သူမကိုကျော်ပြီး အလင်းချိုကို အရေးပေးတာကို ဒါလီစိုး မကျေမနပ်ဖြစ်နေမိခြင်းပါပင်။ အခုလို ဒီကောင်လေး ထွက်သွားပြီး အလင်းချိုကျန်ခဲ့တာကို ဒါလီစိုး စိတ်ထဲမှ ကျေနပ်နေမိတယ်။ "ဘာပြောတယ် ... သူက ဒီအရွယ်နဲ့ ရည်းစားတောင်ရနေပြီပေါ့လေ ဟုတ်လား ...အမေတူ သမီးပီပီ မြန်လှပါလား အေ " ကြီးကြီးအေးရဲ့ စကားကြောင့် အလင်းချို သက်ပြင်းကို ချလိုက်မိပြီး မဒါလီစိုးကို လှမ်းကြည်လိုက်မိတယ်။ "ရည်းစားတွေ မဟုတ်ပါဘူး မေမေရယ်...အလင်းချိုက သာလိုက်ကြိုက်နေတာပါ ...ဟိုကဖြင့် သူ့ကိုခိုင်းလို့ရလို့ ညာခိုင်းနေတာလေ ... မေမေ့တူမက အားတာနဲ့ အဲ့ဒီအိမ်ကိုသွားပြီး အလုပ်တွေ ဝိုင်လုပ်နေတာလေ ..မီးမီးက အိမ်မှာနေပြီး စာကျက်နေတော သူဘာတွေလုပ်လဲ အကုန်သိပ " "ဟယ် ....အဲ့လို့လား .. အလင်းချို .. နင်မရှက်ဘူးလားဟယ် ... အဲ့ဒါကြောင့် အခုတလော အဝတ်တွေ လျှော်ထားတာ မပြောင်ပါလားထင်နေတာ...သူက အိမ်အလုပ်မလုပ်ဘဲ အလေလိုက်ချင်နေတာကို " ကြည်ပြာရဲ့ မဟုတ်တမ်းတရားစကားအဆုံးမှာ ကြီးကြီးအေးရဲ့ အသံကပါထွက်ပေါ်လာတယ်။အလင်းချိုကတော့ ကိုယ်မဟုတ်တာမို့ ကြည်ပြာကို တစ်ချက်ကြည့်လိုက်ပြီး ကော်ဖီနဲ့မုန့်ပန်းကန်တွေကို ထမင်းစားပွဲပေါ်သွားချပေးလိုက်တယ်။ဘာပဲဖြစ်ဖြစ် ဒီအိမ်မှာဆက်နေဖို့ဆိုရင် အလင်းချိုအနေနဲ့ အမှတ်သည်းခြေမရှိမှဖြစ်မှာလေ ....။ @@@@@@@@@@@@@@@@@@@ အပိုင်း ( ၁၇ ) ဆက်ရန် .... ဧကြည်ဖြူ

~~~~~~~ မျှော်လင့်ချက်တွေနဲ့ပြည့်နှက်နေတဲ့နေမခကို အလင်းချိုငေးကြည့်နေမိပြီး စိတ်ထဲမှာ ဝမ်းနည်းသလိုလို ခံစားနေမိတယ်။အလင်းချိုရဲ့ ကံကြမ္မာကိုကပဲ ချစ်ခင်တွယ်တာရသူတွေနဲ့ ခွဲခွါရမယ့် ဇာတာပါလာပုံပါပင်။ဘာမှာပထမဆုံးအနေနဲ့ မိခင်နဲ့ ခွဲခွါခဲ့ရတယ်။ နောက်တော့ ဖခင်။ အခုလဲ သံယောဇဉ်တွယ်မိပြီးကာမှ ခွဲခွါရပေအုံးမယ်လေ။ "ဘာပဲဖြစ်ဖြစ် ... မင်းလဲ အဝေးသင်ဖြစ်ဖြစ် တက်နိုင်အောင်ကြိုးစားအလင်းချို ....ပျော့ပျော့ညံ့ညံ့စိတ်ဓါတ်မထားနဲ့ ... ဘ၀ကို သူများ ခိုင်းဖက်အဖြစ် ကုန်ဆုံးမယ့်အစား ကိုယ့်ကိုယ်ကိုယ်ပဲ ခိုင်းပစ်လိုက်ကြားလား..." နေမခက အလင်းချိုကိုကြည့်ပြီး အားမာန်ပါပါနဲ့ပြောလိုက်တယ်။ "အင်း... အင်းပါ....နင်လဲ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်... နေမခ " အလင်းချို နေမခကိုကြည့်ပြီး ခပ်တိုးတိုးပြောလိုက်မိတယ်။ "ငါ့အတွက် မပူပါနဲ့ဟာ .... မင်းဆီမှာ အကူအညီတစ်ခုလောက်တော့ တောင်းချင်တယ် အလင်းချို" "အင်း...ဘာအကူအညီလဲ ပြောလေ ....ငါရအောင် ကူညီပါ့မယ် " အလင်းချိုက နေမခကို ကြည့်ပြီး ပြန်ပြောလိုက်တယ်။ " မင်း ငါ့မိသားစုကို ကြည့်ပေးထားပါနော် ..သူတို့အကူအညီလိုရင် ကူညီပေးပါဟာ ..အထူးသဖြင့်ငါ့ညီမလေးကို ကြည့်ထားပေးနော် ... " နေမခက မိသားစုအတွက်စိတ်မချနိုင်စွာ မှာနေမိတယ်။ "အင်းပါဟာ ..စိတ်ချပါ ....သဲသဲလေးကို ငါ့ညီမလေးလိုချစ်တာပါ... ငါဂရုစိုက်ပေးပါ့မယ်...ဒါနဲ့ နင်က ဟိုမှာ ဘယ်လောက်ကြာကြာနေမှာလဲဟင် " ုက်ပေးပါ့မယ် အလင်းချိုကနေမခကို မရဲတရဲ မေးလိုက်မိတယ်။ "ငါးနှစ် ...အနည်းဆုံးငါးနှစ်ပေါ့ ...ငါးနှစ်နဲ့ ဘာမှမဖြစ်လာသေးရင်တော့ ပိုကြာမှာပေါ့......" "အဲ့ ...အဲ့ဒါဆို ငါတို့အသက်နှစ်ဆယ်သုံးနှစ်ပြည့်ပြီးမှ နင်ပြန်လာမှာပေါ့ ဟုတ်လား နေမခ " " အင်း ဟုတ်တယ်လေ...အဲ့ဒီအတောအတွင်းမှာ မင်းလဲ ဒီဘဝကနေ ရုန်းထွက်ပြီး အဆင်ပြေနေတာကို မြင်ချင်တယ်ဟာ ...ငါတို့ အောင်မြင်မှုတွေကိုယ်စီပိုက်ပြီး ပြန်ဆုံကြမယ်" အလင်းချိုက ရီဝေမှုန်မှိုင်းစွာပင် နေမခကိုငေးကြည့်နေမိတယ်။နေမခကတော့သွက်လက်တက်ကြွသောပုံစံဖြင့် ပြုံး၍နေပါတယ်။ ~~~ "ဘယ်လိုဖြစ်လို့လဲ ဦးလေးရာ .. ကျောင်းစာလေးသင်ချင်ရုံကိုဗျာ ...ခက်ခဲလှချည်းလား " ဦးလှမောင်ကို ကြည့်ပြီး ဟန်သော်လင်းစိတ်တိုတိုနဲ့ ပြောလိုက်မိတယ်။ "အေးကွ ...မိဘတွေကမရှိမှတ်တမ်းမှတ်ရာကမရှိဆိုတော့ ခက်ခဲတာပေါ့ကွ ...ပြီးတော့ ပြောတဲ့သူက ဆိုက်ကားသမားဆိုတော့ ပိုဆိုးတာပေါ့ကွာ ...ဒါပေမဲ့ စိတ်မပူနဲ့ကွ အဲ့ဒီလောက်ကံမဆိုးပါဘူးကွာ ...ကလေးတွေကို မိဘမဲ့ဘုန်းတော်ကြီးသင်ကျောင်းက လက်ခံလိုက်တယ်ကွ....တို့နေရာနဲ့ဝေးတော့ ကျောင်းအိပ်ကျောင်းစားသွားနေရလိမ့်မယ်...မင်းဘက်က အလှူငွေဘာလေး ထောက်ပံ့ပေးပေါ့ကွာ... ကျောင်းမှာမိဘမဲ့ကလေးတွေများတော့ အလှူရှင်မရှိရင် အနေအစားချို့တဲ့ရှာကြတယ်" "ဟာ ...တကယ်လား ၀မ်းသားလိုက်တာဗျာ ...လှူမှာပေါ့ ...စိတ်ချပါဦးလှမောင်ရာ ...ကျွန်တော် လတိုင်းလှူပေးနိုင်အောင် ကြိုးစားပါ့မယ် ....ကျွန်တော့်ကောင်ကြီးတွေကို ပို့ပေးပါနော် " ဦးလှမောင်ရဲ့ စကားကိုကြားတော့ ဟန်သော်လင်း၀မ်းသာအားရပြောလိုက်မိတယ်။ဘာပဲဖြစ်ဖြစ်သူတို့လေးတွေ အဆင်ပြေမယ်ဆိုရင် လက်ရှိအနေအထားကို ဟန်သော်လင်းသိပ်ပြီးမနှစ်သက်ပေမဲ့ မှေးပြီးနေသွားဖို့ ဆုံးဖြတ်လိုက်တယ်။အခုချိန်မှာ ဟန်သော်လင်းအတွက် စားဖို့၊ နေဖို့နဲ့ အဝတ်အစားအပြင်အဆင်ဖိုးက အဆင်ပြေနေတာမို့ လစဉ်ငွေလှူဖို့ကိစ္စကို ဟန်သော်လင်း တတ်နိုင်အောင်ရှာရမှာပေါ့လေ။ ~~~~~~ "မနက်ဖြန်မနက် နင်သွားတော့မှာမဟုတ်လား နေမခ... လေယာဉ်ကွင်းကို ငါပါလိုက်ပို့လို့ရရင် ကောင်းမယ်နော် " " ရတယ်လေ....အမေတို့နဲ့လိုက်ခဲ့လေဟာ ....အချိန်မှ သိပ်မကြာတာ...မင်းအိမ်ကို ပြောလိုက်လေ " အလင်းချိုက ခပ်တိုးတိုးပြောလိုက်တော့ နေမခက အလင်းချိုကို ကြည့်ပြီးပြန်ပြောလိုက်တယ်။ "မရဘူးထင်ပါတယ်ဟာ ....ငါက မနက်ငါးနာရီထပြီး ဒေါ်လေးစန်းကို ကူညီရတာလေ... ကြီးကြီးတို့ ရုံးသွားအမီမနက်စာပြင်ပေးရတယ်လေ " "မင်းဘဝကလဲ စိတ်ပျက်စရာကောင်းလိုက်တာ ...အဲ့ဒီဘ၀ကလွတ်အောင် ရုန်းစမ်းပါဟာ... ကြားရဲ့လား အလင်းချို " နေမခက အလင်းချိုကိုကြည့်ပြီး အားမလိုအားမရနဲ့ ပြောလိုက်မိတယ်။ "အင်း...အင်းပါဟာ...ငါကြိုးစားပါ့မယ် " ~~~~ "ဟဲ့ အလင်းချို ... စောစောစီးစီး နင့်မျက်နှာကကျက်သရေမရှိကျက်သရာမရှိဘာဖြစ်နေတာလဲ ...ဘာလဲ ငါတို့ ရှာကျွေးနေတာကို အဆင်သင့်ထိုင်စားနေပြီး မနက်စာလေးပြင်ပေးရတာကိုတောင် မပြင်ပေးချင်တာလား " "ရှင် ...မ.... မဟုတ်ပါဘူး ကြီးကြီးမေ " ကြီးကြီးမေရဲ့ ခပ်ငေါက်ငေါက် အသံကိုကြားလိုက်ရတာကြောင့် အလင်းချို ကော်ဖီဖျော်နေရင်းမှ သတိဝင်လာမိပြီး ကြီးကြီးမေကို ကြောက်ကြောက်ရွှံ့ရွံ့နဲ့ ပြန်ဖြေလိုက်မိတယ်။အလင်းချို ဖြေလို့ မဆုံးခင်မှာပဲ မဒါလီစိုးရဲ့ စကားသံကိုပါ ကြားလိုက်ရတယ်။

ဟန်သော်လင်းစိတ်တိုတိုနဲ့ မေးလိုက်မိတော့ ဖိုးပြူးက ခေါင်းကို အောက်ငုံ့ထားတယ်။ ပြီးတာ့ ခပ်တိုးတိုး ပြန်ဖြေတယ်။ "ဟုတ် ... ဟုတ်တယ်ကိုကြီး တ...ကတုံးက ကျောင်းတက်ချင်တယ် ပြောလို့ ....ကျောင်းထားပေးချင်လို့ပါ "ဘယ် ...ဘယ်လို " ဖိုးပြူးရဲ့စကားကို ကြားတော့ ဟန်သော်လင်းရင်ထဲမှာ နင့်ခနဲ ဖြစ်သွားမိတယ်။ဒီကိစ္စက ဟန်သောလင်းမေ့ထားမိတဲ့ကိစ္စပဲ။ ကိုယ်တိုင်ကလဲ စာမှာမထူးချွန်ခဲ့လေတော့ ပညာရေးကို စိတ်ထဲမထည့်ခဲ့မိတာ။ သူတို့လေးတွေ ရင်ထဲမှာစာသင်ချင်စိတ်လေးတွ ရှိနေတယ်ဆိုတော့ ဟန်သော်လင်း ဘယ်လိုကူညီရပါ့မလဲ။ "ကတုံး ...မင်းကကျောင်း တကယ်တက်ချင်တာလား..နောက်ပြီး ဘယ်သူတွေ ကျောင်းတက်ချင်သေးလဲကွ...ကိုကြီးထားပေးမယ်ဟုတ်လား " ဟန်သော်လင်း ရဲရဲဝံ့ဝံ့နဲ့ အာမခံပေးလိုက်မိတယ်။အဲ့ဒီအခါ ကလေးတွေရဲ့အသံတွေက စည်ခနဲထွက်လာတယ်။ "ဝေး .. တ...တကယ်လား ကိုကြီး ....ကိုကြီးအခု ချမ်းသာနေပြီလား ...ကိုကြီးက ဘာအလုပ်လုပ်တာလဲ ဟင် " ကလေးတစ်ယောက်ရဲ့ အမေးက ဟန်သော်လင်းကို အဖြေရခက်သွားစေပြန်တယ် ။ "အယ် .. ဟို .... ဟို .. စားပွဲထိုးလဲလုပ်တယ်... ဈေးလဲ ရောင်းတယ်ကွာ " ဟန်သော်လင်းက မလိမ်တတ်လေတော့ အဆင်ပြောသင့်တော်မယ့် အဖြေကို ပြောလိုက်ရတယ်။ "မင်းတို့ ဘာမှမပူကြနဲ့ စာသင်လို့ရအောင် ကိုကြီး လုပ်ပေးမယ် ဟုတ်ပြီးလား " ကလေးတွေကို ကတိပေးခဲ့ပြီးနောက် ဟန်သော်လင်းထွက်လာခဲ့တယ်။ဟန်သော်လင်းရဲ့ ဦးတည်ရာက ဆိုက်ကားဂိတ်ကိုပါပင်။ ~~~~~ ဆိုက်ကားဂိတ်ရောက်တော့ ကွမ်းယာရောင်းနေတဲ့ ဇော်ခန့် ရှိရာဆီကို သွားလိုက်တယ်။ "ဟာ သော်ကြီး .. မင်းဘယ်တုန်းကရောက်နေတာလဲ ... ပုံစံကလဲ တစ်ခေါက်နဲ့တစ်ခေါက်မတူဘဲ တယ်သားနားနေပါလားကွ" ဟန်သော်လင်းကို မြင် တာနဲ့ ဇော်ခန့်က အားပါးတရ လှမ်းပြောတယ်။ဟန်သော် လင်းက ပြုံးရယ်ပြလိုက်ပြီး "ခုခုမှ ရောက်တာပါကွာ...ကလေးတွေဆီအရင်သွားလိုက်တာပါ....မင်းရော စျေးရောင်းကောင်းလားကွ " "မဆိုးပါဘူးဟ..ငါ့အမေရဲ့ တုတ်ထိုးဆိုင်ထက်တော့ အရောင်းပိုသွက်တယ်ဟ .မင်းရဲ့အလုပ်လဲ အဆင်ပြေတယ်မဟုတ်လား ...." "ဒီလိုပါပဲကွာ ..စိတ်ရှုပ်ရတာတွေလဲရှိတာပေါ့ ...ဆိုင်ဆိုတော့ လူပေါင်းစုံလာတာမဟုတ်လား " ဟန်သော်လင်းက စကားကို မယုတ်မလွန်ထိန်းပြောလိုက်တယ်။မမမိုးက သူ့ဆီမှာ ဟန်သော်လင်းအလုပ်လုပ်နေတာကို ရပ်ကွက်ထဲကလူတွေမသိစေနဲ့လို့ မှာထားတယ်လေ။ ဘယ်သူမေးမေး စားသောက်ဆိုင်ကြီး တစ်ဆိုင်မှာ စားပွဲထိုးလုပ်နေတာလို့ပဲ ပြောရမယ်တဲ့လေ။ဒီလိုပြောတာလည်းကောင်းပါတယ်။ဟန်သော်လင်း ကိုယ်တိုင်ကလဲ မမမိုးအိမ်မှာနေနေရပြီး အလုပ်လုပ်နေတာကို ဘယ်သူ့ကိုမှ မသိစေချင်ဘူးလေ။ "ဒါနဲ့ မင်းကိုမေးစရာရှိလို့ ကွ ဇော်ခန့် " ဟန်သော်လင်းက ကွမ်းယာထုတ်နေတဲ့ ဇော်ခန့််ဘေးမှာဝင်ထိုင်ပြီး ပြောလိုက်တယ်။ "အေး ..ဘာမေးမှာလဲ ... မေးလေ " ဇော်ခန့်ကဟန်သော်လင်းကို ခေါင်းမော့ကြည့်ပြီး ပြန်ပြောတယ်။ " မင်းညီတွေ..ညီမတွေကို ကျောင်းထားလားကွ " ဟန်သော်လင်းမေးလိုက်တော့ ဇော်ခန့်ကအံ့သြသွားသလို မော့ကြည့်လိုက်ပြီး " အငယ်နှစ်ယောက်တော့ ထားတယ်လေကွာ ... ကျန်တဲ့သူတွေကတော့ မတက်ကြတော့ဘူး ...ဒါနဲ့ မင်းက ဘာလုပ်မလို့လဲဟ '' "ကတုံးလေးက ကျောင်းတက်ချင်လို့တဲ့ကွ ...အဲ့ဒါကျောင်းတက်ချင်တဲ့ ကလေးတွေကို ထားပေးမလားလို့ လေ " ဟန်သော်လင်း ဖြေလိုက်တော့ ဇော်ခန့်က မျက်လုံးပြူးကြီးတွေနဲ့ မော့ကြည့်လာပြီး " ဟ .လွယ်ပါ့မလားဟ ... ကျောင်းအပ်ရင် ...မိဘမှတ်ပုံတင်နဲ့ စာရွက်စာတမ်းတွေလိုတယ်လေကွာ... သူတို့မှာ ဘာမှမရှိဘူးလေဟာ " ဇော်ခန့် ရဲ့ အဖြေကြောင့် ဟန်သော်လင်းစိတ်ဓါတ်ကျသလိုဖြစ်သွားမိတယ်။ "ရတော့ ရမှာပါဟ ..ဦးလှမောင်ကို မေးကြည့်ရင် ကောင်းမလား ...ဦးလှမောင်ကြီးက သူမသိတာ ရှားတယ်လေ ...ဒါနဲ့ ဦးလှမောင်ကို မတွေ့ပါလားဟ " ဟန်သော်လင်း မေးရင်း ပြောရင်း ဦးလှမောင်ကို ရှာလိုက်တယ်။ "ခရီးသည်လိုက်ပို့နေတယ်လေ....တော်ကြာ ပြန်လာပါလိမ်မယ်ကွာ...ခဏစောင့်နေ " ~~~~ " ကောင်းတယ်ကွာ ...လွယ်တော့မလွယ်လောက်ပေမဲ့ ကြိုးစားကြည့်ရမှာပေါ့ဟ ..." "ဟုတ်ကဲ့ ...ဒါဆို ကူညီပါနော် ဦးလေး ... ကျွန်တော် ပိုက်ဆံနည်းနည်းပေးခဲ့ပါ့မယ်" "ဒါနဲ့ ကောင်လေး မင်းဘာတွေ လုပ်နေတာလဲ...မဟုတ်တာတွေတော့ မလုပ်နဲ့ကွာ " ဦးလှမောင်က ဟန်သော်လင်းရဲ့မျက်နှာကို အကဲခတ်ကြည့်ပြီး ပြောလိုက်တယ်။ " မ...မလုပ်ပါဘူး ဦးလေးရာ " ဟန်သော်လင်းထစ်ထစ်ငေါ့ငေါ့နှင့် ပြန်ဖြေလိုက်မိတယ်။ကိုယ်တိုင် ဘာတွေလုပ်နေမိမှန်းမသိပေမဲ့ တစ်ယောက်ယောက်က မေးလို့ ပြန်ဖြေရတဲ့အခါမျိုးမှာတော့ စိတ်ထဲမလုံမလဲ ဖြစ်နေမိတယ်။အထူးသဖြင့် မမမိုးခိုင်းသမျှ လုပ်နေရတဲ့ဘ၀ကို တခြားလူတွေကို မသိစေချင်ဘူး ။ မမမိုးကလဲ မပြောဖို့ အတန်တန်မှာ ထားတယ်မဟုတ်လား ။

ဧကြည်ဖြူ "သံယောဇဉ် ကမ်းပါး " အပိုင်း (၁၆) ****** "မြေးကြီးရယ် ... မဟုတ်တာတွေ မပြောပါနဲ့...အဘွားသဘောမတူဘူးနော် .. အေးမြနွယ်ရေ ညည်းသားကို ပြောပါအုံးအေ " အဘွားဖြစ်သူ့ကနေမခ စကားကြောင့် အံ့သြတကြီးနဲ့ ပင် ခါးခါးသီးသီး ငြင်းတယ်။ အေးမြနွယ် သားဖြစ်သူကိုကြည့်ရင်း ငိုင်တွေနေမိတယ်။ "သားအသက်က အခုမှ ဆယ့်ရှစ်နှစ်ပဲရှိသေးတာလေ ..မဖြစ်နိုင်တာတွေ မပြောပါနဲ့ကွယ် ....." အေးမြနွယ်က ခပ်တိုးတိုးပြောလိုက်တယ်။ "သားအလုပ်လုပ်နိုင်နေပါပြီ ...ဒီမှာနေလဲ လုပ်ရမှာပဲ ... ဟိုမှာလဲ အလုပ်လုပ်ရမှာပဲလေ... ဟိုမှာက ငွေပိုရှာနိုင်မယ်..... သားအကြာချည်းမနေပါဘူး လေးငါးနှစ်ပဲနေမှာပါ ...ခွင့် ပြုပေးပါနော် အဘွား ...နော် အမေ" နေမခ အမေနဲ့အဘွားကို နားလည်အောင် ကြိုးစား ပြောပြနေမိတယ်။ "ဆိုင်ကလဲ အဆင်ပြေလာပြီပဲ မြေးရယ် ... မသွားပါနဲ့လား .. ပြီးတော့ သူများနိုင်ငံမှာ စိတ်မချပါဘူးကွယ် " အဘွားဖြစ်သူက နေမခကို တောင်းပန်တဲ့လေသံနဲ့ ပြောတယ်။ "အဲ့ဒီအတွက် မပူပါနဲ့ အဘွား...အဘွား သူငယ်ချင်းရဲ့ အဆက်အသွယ်နဲ့ သွားမှာပါ....အလုပ်လဲအဆင်သင့်ရှိပြီးသားပါ ..အဘွားသူငယ်ချင်းကို မေးကြည့်ပါ...အဘွားတို့ကို ကောင်းကောင်းထားချင်တယ် ...ညီမလေးကိုလဲ ပညာကောင်းကောင်းသင်ပေးချင်တယ်..ခွင့်ပြုပေးပါနော် အဘွား " နေမခတို့ရဲ့ စကားဝိုင်းက တိတ်ဆိတ်သွားတယ်။ အားလုံးအတွေးကိုယ်စီနဲ့ ငြိမ်သက်နေမိကြတယ်။ ~~~~~~~ "ကဲ ဒီမှာယူ ... ဘယ်လိုလဲကိုယ်တော်ချောလေး ငွေတွေ မြင်တော့ မပျော်ဘူးလား... ပြောလေ ...ဘာလဲ ဟိုတဲစုတ်လေးကို ပြန်ချင်သေးတာလား ပြော " မိုးသူဇာက ငွေတစ်ထပ်ကို ဟန်သော်လင်းရဲ့ ရှေ့ကို ပစ်ချပေးလိုက်ပြီး ပြုံးစစနဲ့ ပြောလိုက်တယ်။ "အလကားနေရင် ငွေရတာတော့ ကောင်းတာပေါ့ မမမိုးရာ ...ဒါပေမဲ့ အလကားလူဖြစ်သွားမှာလဲ ကြောက်မိတယ်ဗျ " ဟန်သော်လင်းက ပိုက်ဆံကို ဆွဲယူလိုက်ပြီး မမမိုးကို ပြန်ပြောလိုက်တယ်။အရင်တုန်းကတော့ အိမ်မှာဆိုရင် ငွေငါးရာတစ်ထောင်ရဖို့ကို အပေါက်အောင်တောင်းရတာ။ ဒါတောင် တောင်းတိုင်းရတာမဟုတ်ဘူး။ အခုတော့ မမမိုးခိုင်းတာလေးတွေကို ဟိုဒီလုပ်ပေးရင်ကို ဟန်သော် လင်းအိတ်ထဲမှာ ထောင်တန်တွေအထပ်လိုက်ဆိုတော့ ဒီဘ၀ဒီနေရာကို ကျေနပ်သဘောကျမိတာတော့အမှန်ပဲ။ "ကျွန်တော် အပြင်ခဏ သွားလိုက်အုံးမယ် မမမိုး" "ဘယ်သွားအုံးမလို့လဲ ... ညနေကျရင် မမဆွေဆီကို မိတ်ကပ်ဘူးတွေ သွားပို့ပေးရအုံးမယ်နော် " အပြင်ထွက်ဖို့ ဟန်ပြင်နေတဲ့ ဟန်သော်လင်းကို မိုးသူ ဇာက လှမ်းပြောလိုက်တယ်။ "ဟုတ်ကဲ့ပါ ...ကလေးတွေ ဆီခဏ သွားမလို့ပါ ...မကြာပါဘူးဗျ ....ကားငှားပြီးသွားမှာပါ " ဟန်သော်လင်း မမမိုးကို ပြန်ဖြေလိုက်ပြီး ရပ်ကွက်ဟောင်းဆီကို သွားဖို့ပြင်လိုက်တယ်။ ~~~~~ ကံတရားကပဲ ဆန်းတာလား။ မိသားစု ရေစက်ကြောင့်ပဲလားမသိဘူး။ဟန်သော် လင်း ရပ်ကွက်ထဲကို ခြေချလိုက်မိတာနဲ့ ပထမဆုံး တွေ့လိုက်ရသူတွေက အဒေါ်တို့လင်မယားဖြစ်နေတယ်။သူတို့က ဟန်သော်လင်းရဲ့သားသားနားနားပုံစံကို တအံ့တဩငေးကြည့်နေကြတာကို တွေ့လိုက်ရတယ်။သူတို့ကြည့်နေတာကို တွေ့လိုက်ရတော့ ဟန်သော်လင်းထုံးစံအတိုင်း ခပ်ပြုံးပြုံးပဲပြန်ကြည့်လိုက်ပြီးတော့ သူတို့ ဘေးက ခပ်တည်တည်နဲ့ဖြတ်လျှောက်ခဲ့တယ်။ ~~~~ ကလေးတွေ အုပ်စုကို တံတားအောက်မှာ လူစုခိုင်းပြီးတော့ ပါလာတဲ့ပစ္စည်းတွေကို ဝေပုံကျခွဲပေးလိုက်တယ်။ သူတို့အတွက် ဟန်သော်လင်း၀ယ်လာတာက အဝတ်အစားတွေနဲ့မုန့်တွေပါပဲ။ဟန်သော်လင်း အရင်ခေါက်တွေလာတုန်းက ကလေးတွေ ဝတ်ထားတဲ့ အင်္ကျီလေးတွေက မည်းမည်းညစ်ညစ်ဟောင်းဟောင်းနွမ်းနွမ်းလေးတွေမို့ စိတ်မကောင်းဖြစ်ခဲ့ရတယ်။အဲ့ဒီတုန်းကလဲ အခုလို ငွေကလဲ ဖောဖောသီသီမရှိသေးတော့ အရေးတကြီးလိုအပ်တာလေးတွေပဲ ပေးခဲ့ရတယ်။ဖိနပ် မရှိတဲ့သူတွေ။ မရှိ ရှိတဲ့ မတော်တရော်ဖိနပ်တွေကို စီးထားသူတွေအတွက်ပါ ဖိနပ်တွေ ၀ယ်ပေးခဲ့ရတယ်။ ခုလဲ ဟန်သော်လင်းနိုင်သလောက်တော့ ဝယ်ပေးလာတာပဲ။ဖြစ်နိုင်ရင်တော့ ဒီထက်ပိုလုပ်ပေးချင်တာပေါ့။ " ငထွန်း မင်း အရက်တွေ သောက်နေတယ်ဆို ... မသောက်နဲ့ကွာ ...ကြိုးစားပြီး ငွေပဲရှာစမ်းပါ ...ငါတို့ကို အထင်သေးနေတဲ့သူတွေ အထင်မသေးရဲအောင် ကြိုးစားပြလိုက်စမ်းပါကွာ ... ငါပိုက်ဆံရှာနေတယ်ကွ...တစ်နေ့ကျရင် မင်းတို့နေဖို့အိမ်နဲ့ ခြံဝယ်ပေးမယ်.. မင်းတို့အရက်သောက်တာ... ကော်ရှူတာတွေ မလုပ်ကြပါနဲ့ကွာ ...သူများပစွည်းတွေကို ခိုးတာ ..ဝှက်တာတွေလဲ မလုပ်ကြနဲ့ နော် " သူ့တို့ နားထောင်နေကြလား ။ နားမထောင်ဘူးလားဆိုတာကိုတော့ ဟန်သော် လင်းမသိ။ ကိုယ်တိုင်က အပြည့်အ၀ မစောင့်ရှောက်ပေးနိုင်တော့ ဟန်သော်လင်းအနေနဲ့ ဒီထက်ပိုပြီး ပြောခွင့်လဲ ရှိမယ်မထင်ပါဘူး။ "ကိုကြီး... ဖိုးပြူးလေ ပိုက်ဆံလိုက်တောင်းတယ်သိလား ...." ကလေးတစ်ယောက်ဆီက တိုင်သံကြားလိုက်ရတော့ ဟန်သော် လင်းစိတ်တိုချင်သလိုဖြစ်သွားမိတယ်။ "ဘာပြောတယ်...ပိုက်ဆံလိုက်တောင်းတယ် ဟုတ်လား ဖိုးပြူး "