uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

Kanalga Telegram’da o‘tish

Ko'proq ko'rsatish
1 031
Obunachilar
Ma'lumot yo'q24 soatlar
-17 kun
-1230 kun
Postlar arxiv
ပန်းသွေးချယ်တစ်ယောက်နှုတ်ခမ်းကိုမဲ့ကာ မကျေမချမ်းနဲ့ ပြောလိုက်တယ်။ ဒေါ်သင်းသင်း ကြူကလဲ ဖုန်းမျက်နှာပြင်ကို ကြည့်ကာ သမီးနည်းတူခပ်မဲ့မဲ့ပြုံးလိုက်တယ်။ ~~~~~~~ မြယွန်းမီအိပ်ရာကနိုးတာနဲ့ မနက်စာအတွက်ချက်ပြုတ်ပြီးတော့ ရေးမိုးချိုးလိုက်တယ်။ အားလုံးပြင်ဆင်ပြီးလို့ မနက်အဆာပြေစာ စားဖို့ပြင်ပြီးသွားတော့လဲ မိခင်ကြီးရဲ့အရိပ်အယောင်ကို မတွေ့ရတာမို့ မိခင်ကြီးရဲ့ အခန်းဆီကိုသွားလိုက်တယ်။ "အမေ မထသေးဘူးလား ... မနက်စာလဲပြင်ပြီးပြီ ..သမီးစားပြီး အလုပ်သွားတော့မယ် ..." ဒီအချိန်ထိ အိပ်လေ့မရှိတဲ့ မိခင်ကသူမကိုစိတ်ဆိုးပြီး အခန်းထဲကထွက်မလာတာကို သိတာမို့ မြယွန်းမီ ခေါ်နှိုးလိုက်တယ်။တစ်ခဏအတွင်းမှာပဲ အခန်းထဲကခြေသံကိုကြားလိုက်ရပြီး တံခါးက ဝုန်းခနဲပွင့်သွားခဲ့တယ်။တံခါးပွင့်ပွင့်ချင်းမှာပဲ မိခင်ကြီးရဲ့ဒေါသ မျက်နှာကို မြယွန်းမီမြင်လိုက်ရတယ်။ "အလုပ်သွားမယ်ဟုတ်လား...ဒီမျက်နှာကြီးနဲ့ အလုပ်သွားမယ်ပေါ့ ဟုတ်လား ...ညည်းမရှက်ဘူးလား ... ညည်းမှာအရှက်မရှိဘူးလား.....အလုပ်ထဲက လူတွေက ညည်းကို ဘယ်လောက်အထင်သေးကြမလဲ ... ပညာတတ်အင်ဂျင်နီယာမက ... လူပုံအလယ်မှာယောကျာ်းတစ်ယောက်ကို အတင်းဝင်ဖက်သတဲ့လေ " " အမေ ... တော်ပါတော့အမေရယ် ...အမေပြောမှ သမီးမှာ သိက္ခာတစ်စက်မှမရှိတော့ဘူး .... ဘယ်သူတွေ ဘာပြောပြောသမီး မဟုတ်တဲ့အတွက် ဂရုမစိုက်ဘူး ... အမေလဲဂရုမစိုက်နဲ့ ...အွန်လိုင်းပေါ်မှာ... အဲ့ဒီလိုပြောဆိုနေတဲ့သူအများစုကလေ အွန်လိုင်းကိုသူတို့ရဲ့စိတ်ထွက်ပေါက်အဖြစ် သုံးနေကြတာ ... ကိုယ်လဲသေချာမသိ... ကိုယ်နဲ့လဲမဆိုင်တဲ့သတင်းတွေမှာ လိုက်ဆဲဆိုနေကြတာက ..သူတို့အိမ်မှာကြုံနေရတဲ့ နာကျင်မှုတွေကိုစိတ်ဖြေနေကြတာ ...ထွက်ပေါက်ပေးနေကြတာ ...သူတို့တွေကြောင့် လိုက် ခံစားနေရင်... ခံစားနေတဲ့သူကရူးနေလို့ပဲ " "ဘာ ....ဘာအေ့...ညည်းက ကျုပ်ကိုအရူးလို့ပြောတာပေါ့ ဟုတ်လား " ပေါ့စေလိုလို့ ပြောလိုက်မှ အခြေအနေပိုဆိုးသွားတဲ့ မိခင်ကို ကြည့်ပြီး မြယွန်းမီအဆာပြေစာလဲ စားချင်စိတ်မရှိတော့ပါ။ကျောပိုးအိတ်နဲ့ ထမင်းချိုင့်ကိုဆွဲပြီး အလုပ်သွားဖို့ပဲပြင်လိုက်တယ်။ " မြယွန်းမီ....ညည်း ဒါဘာအချိုးလဲ ... မအေကို ဂရုမစိုက်တဲ့ သဘောလား .... မသွားနဲ့ ... ဘယ်အလုပ်ကိုမှမသွားနဲ့...ညည်းခြေ ထောက်ကိုရိုက်ချိုးပြီး ငါပဲရှာကျွေးမယ် ... မြယွန်းမီ '' ~~~~ တိုက်ခန်းတံခါးဝကို ကျောမှီရပ်ပြီး မြယွန်းမီငြိမ်သက်နေမိတယ်။တချို့သောကိစ္စတွေက မိခင်ကြီးဘက်ကနားလည်ပေးနိုင်ခြင်းမရှိတာကို စိတ်ထဲမှာ အနာကျင်ရဆုံးပင်။ဒေါသကြီးတတ်တဲ့မိခင်ကို အေးအေးဆေးဆေးအကျိုးအကြောင်းရှင်းပြဖို့ရာလဲ စိတ်ကမပါတော့။ထစ်ခနဲဆို ဆွေးနွေးတိုင်ပင်ဖို့ မတွေးဘဲ ဒေါသနဲ့အော်ငေါက်ပြီး လက်အရင်ပါတတ်တဲ့ အကျင့်ကိုလဲမြ ယွန်းမီကမကြိုက်။ဒီလိုနဲ့ပဲ ကြာလေသားအမိနှစ်ယောက်ကြားမှာ ဝေးကွာလာလေဖြစ်ခဲ့ရခြင်းပင်။ ~~~~~ ရုံးထဲကို စ၀င်လိုက် ကတည်းကလုပ်ဖော်ကိုင်ဖက်တွေရဲ့ အကြည့်တွေက မြယွန်းမီထံကို မသိမသာရော သိသိသာသာပါ ကျရောက်လာခဲ့တယ်။မြယွန်းမီကတော့ ဒါတွေကိုဂရုမစိုက်ပါ။ရုံးထဲရောက်တာနဲ့ သူဋ္ဌေးအခန်းထဲကို တန်းဝင်သွားလိုက်တယ်။ "ဒီမှာ မီးဖိုခန်းအတွက်ပုံကြမ်းပါ ဆရာ.. ပိုင်ရှင်တွေစိတ်တိုင်းကျ လက်ဆေးဘေစင်နားမှာ ထားချင်တဲ့စင်တွေအတွက်ပါ ...သေချာလေးပုံကြမ်းဆွဲပေးထားပါတယ်..ဆရာကြည့်ကြည့်ပါအုံး " " အဆင်ပြေရဲ့လား .. မြယွန်းမီ " " ဟုတ်ကဲ့ ပြေပါတယ်ဆရာ ... မီးဖိုခန်းက သိပ်မကျယ်တော့... သူတို့ထားချင်တဲ့ပစွည်းဆိုက်အချို့ကို နည်းနည်းလေးပြင်လိုက်ရတာပေါ့ ... သုံးရက်အတွင်း စာရင်းအားလုံကို အပြီးတင်ပေးပါမယ်ဆရာ ...သူတို့သက်မှတ်ထားတဲ့ရက်အတွင်းပြီးပါတယ်ဆရာ " ပုံကြမ်းကိုချပြီး သူမသေချာရှင်းပြနေပေမဲ့ သူဋ္ဌေးကပုံကြမ်းကိုမကြည့်ဘဲ သူမမျက်နှာကို သေချာကြည့်နေပြီး ထပ်ပြောလာတယ်။ "အလုပ်ကိစ္စအဆင်ပြေလား မေးတာမဟုတ်ဘူး မြယွန်းမီ ... အွန်လိုင်းပေါ်က ဓါတ်ပုံကိစ္စကြောင့် မင်း အဆင်ပြေရဲ့လားမေးတာ ....မင်းလိုအပ်ရင် ရုံးကနေ ကားတစ်စီးထုတ်ပေးထားမယ် ... အဲ့ဒီကားနဲ့ အသွားအပြန်လုပ်ပေါ့ " သူဌေးရဲ့စကားကြောင့် မြယွန်းမီ အံ့ဩသွားမိသလို စိတ်လဲ ရှုပ်သွားရတယ်။ဘယ်သူ့ကိုမှ ဘာမှ မရှင်းပြချင်တဲ့သူမအတွက် ဒီကိစ္စကတော်တော်လေးတော့ စိတ်ဒုက္ခပေးတာအမှန်ပဲ။ " အဲ့ဒီကိစ္စက လုပ်ကြံသတင်းပဲဆရာ .... သူတို့ပြောသလို မဟုတ်တဲ့အတွက် ကျွန်မဘက်က အေးအေးဆေးဆေးပါပဲ ... ဘယ်သူတွေဘယ်လိုထင်ထင် ဂရုမစိုက်ပါဘူး ..." "အင်းပါ ...ဆရာလဲသိပါတယ်... မေမိုးစက်လဲ ရှင်းပြထားပါတယ် ...ဆရာက မင်းကို မယုံကြည်လို့ မေးတာမဟုတ်ပါဘူးကွယ်....ဟန်နေထူးက မိန်းခလေးပရိသတ်တွေအရမ်းများလို့ ...အစွန်းရောက်တဲ့ပရိသတ်တွေက မင်းကိုအန္တရာယ်ပေးမှာစိုးရိမ်လို့ပါ....ဒီကိုအလာမှာရော ဘာအန္တရာယ်ကြုံရသေးလဲ " သူဋ္ဌေးရဲ့အမေးကြောင့် မြယွန်းမီ ခေါင်းကိုခါယမ်းလိုက်ပြီး "ဟင့်အင်း ဘာမှမဖြစ်ပါဘူး ဆရာ .. စိတ်မပူပါနဲ့ "

ဖော်လိုဝါတွေတိုးပြီး သတင်းကိုမျှဝေတဲ့သူတွေက မနည်းမနော။ဒီသတင်းဒီလောက်ထိကြီးသွားရတဲ့အကြောင်းက သူ့ကြောင့်ဆိုတာထက် ဟိုအမျိုးသမီးကို လှောင်ချင်ပြောင်ချင်ရှုံ့ချချင်လို့ကို ဒီလောက်ပျံ့နှံ့ပြီးသတင်းကြီးသွားရတာ။ "သတင်းက ချဲ့ကားရေးထားတာ ပါ မာမီရာ ... သူကသူ့အလုပ်စာရွက်ဆိုလား ..အဲ့ဒါကိုလုတာ....ကျွန်တော်ကလဲလန့်ပြီး ရှောင်လိုက်ရာက နှစ်ယောက်လုံးလဲကျသွားတာ .. ဖြစ်စဉ်ကဒါပဲ..." သူရှင်းပြလိုက်တာတောင် မိခင်ကသိပ်ပြီး ယုံချင်ပုံမရ။ မိခင်ယုံကြည်သွားအောင် သူ့ပခုံးတစ်ဖက် လက်သီးနဲ့အထိုးခံလိုက်ရတာကိုသာပြောလိုက်ရင် ဘယ်လိုများဖြစ်သွားမလဲမသိပေ။ "ကဲပါ မာမီရာ ..ဘာသောကမှဖြစ်မနေနဲ့ ...ဒီသတင်းကိုတင်တဲ့သူက သူ့အကောင့်ကိုလူသိများစေချင်လို့တင်တာ ...အဲ့ဒီလိုသတင်းတွေ တွေ့တိုင်းလိုက်ယုံနေရရင်နေစရာကိုရှိမှာမဟုတ်ဘူး " " ဒါဆိုလဲ ပြီးတာပဲလေ ... ဒါပေမဲ့ ပြောစရာရှိတာကိုတော့ ထပ်ပြောရအုံးမယ် ... မိန်းမလည်မိန်းမနန့်တွေနဲ့တော့ မာမိသားကိုသဘောမတူနိုင်ဘူးနော် ...တကယ်တော့ သားအတွက်ပိုးအိလေးကအသင့်တော်ဆုံးပဲ ..ဟုတ်တယ်မဟုတ်လား ကိုမင်းဟန်...ရှင်လဲရှင့်သားကို ပြောအုံးလေ " သူမတစ်ယောက်တည်း ပြောနေရုံနဲ့ အားမရဘဲ ယောကျာ်းဖြစ်သူကိုပါ စစ်ကူခေါ်နေတဲ့ မိခင်ကို ကြည့်ပြီး ဟန်နေထူးပြုံးချင်သွားမိတယ်။တစ်ဦးတည်းသော သားဖြစ်တဲ့သူ့ကို မိဘနှစ်ပါးလုံးက ချစ်ခင် အလိုလိုက်ကြပေမဲ့ မိန်းမကိစ္စနဲ့ပတ်သက်လာရင် မိခင်က နည်းနည်း စိတ်ပူတတ်တယ်။ဖခင်ကြီးကတော့ မိခင်နဲ့မတူဘဲ သူ့ကို လွတ်လပ်ခွင့် အပြည့်အဝပေးထားပြီး ယုံကြည်မှုရှိပြီးသားပင်။ "တော်ပါတော့ မော်ရယ် ..မင်းပြောနေတာတွေ ..ကိုယ်တောင် အလွယ်ရနေပြီ ..ကိုယ်ကတော့ ရှင်းတယ် .....သားရွေးချယ်လိုက်တဲ့မိန်းခလေးက လွတ်လပ်တဲ့သူဖြစ်ဖို့ပဲ ..ကျန်တာကတော့ ငါ့သားကိုချစ်ဖို့ပဲအရေးကြီးတာ ...အိမ်ထောင်ရေးဆိုတာက အချစ်မပါဘဲလဲတည်ဆောက်လို့ အဆင်မပြေနိုင်ဘူး ..အနည်းဆုံးတော့ တစ်ဘ၀လုံးအတူနေသွားရမဲ့သူကို ကိုယ့်နှလုံးသားထဲက လက်ခံနိုင်မှဖြစ်မှာ " " ပြောပြန်ပြီလား ဒီအချစ်... အချစ်ကဘာလဲ ..ရှပ်ပြောသလိုဆိုရင် ပိုးအိကချမ်းလဲချမ်းသာတယ် ..ချောလဲချောတယ်...သားကိုလဲ သဘောကျနေတယ်လေ .. အဲ့ဒါလဲ အချစ်မဟုတ်လို့ဘာလဲ ..." မိဘနှစ်ပါးအပြိုင်အဆိုင်ပြောဆိုနေကြချိန်မှာ ဟန်နေထူးအသာလစ်ထွက်ခဲ့လိုက်တယ်။ရှေ့ဆက်နေရင် မြှားဦးကသူ့ဘက်လှည့်လာတော့မှာလေ။အမေဆိုတာကလဲ စကားပြောလိုက်ရင် ပိုးအိဆိုတဲ့နာမည်မပါရင် မပြီးဘူး။ ပိုးအိကလဲ မိခင်ကြီးပြောသလို လှပါတယ်။ချောပါတယ်။ငွေကြေးလဲ ချမ်းသာပါတယ်။ ဒါပေမဲ့ အချစ်ဆိုတာကို ဟန်နေထူးမခံစားဖူးသေးဘူး ။ ဘ၀မှာ အောင်မြင်ပျော်ရှင်မှုတွေနဲ့ပဲနေချင်တာ ။ပျော်ပျော်ပါးပါးခရီးတွေသွားလိုက်အလုပ်တွေလုပ်လိုက်နဲ့ပဲနေချင်တာ။အချိန်တန်လို့ မဖြစ်မနေ အိမ်ထောင်ပြုရမယ်ဆိုတော့မှ ထယူလိုက်ရုံပေါ့ ။ ပိုးအိလဲ အဲ့ဒီအချိန်ထိစောင့်နိုင်ရင်စောင့်ပေါ့။ ဒါက သူ့ရဲ့ဆုံးဖြတ်ချက်ပဲ။ ~~~~ "မိချယ်လာကြည့်စမ်း ... ဒါ ဟို ကောင်လင်းမြတ်ဇင်ရဲ့ ညီမ မဟုတ်လား ...လာကြည့်စမ်း " ဒေါ်သင်းသင်းကြူက ဖုန်းကြည့်နေရင်းမှ သမီးဖြစ်သူကို လှမ်းအော်ပြောလိုက်တယ်။ မိခင် ရဲ့အသံကြောင့် ပန်းသွေးချယ်က မိခင်လက်ထဲက ဖုန်းကိုယူကြည့်လိုက်ပြီး " အစစ်ပဲ အမေရေ ....အဲ့ဒါဟို ကောင့်ညီမအမှန်ပဲ ... သူကဘယ်လိုဖြစ်ရတာလဲ ..အရှက်နည်းလှချည်လား...သူလိုအညိုအမည်းရုပ်ဆိုးမကများ ဟန်နေထူးလိုလူမျိုးကိုမှန်းတယ်တဲ့လား ...အရှက်မရှိပုံကတော့ " ပန်းသွေးချယ်က ဖုန်းထဲကပုံတွေကိုကြည့်ပြီး မဲ့မဲ့ရွှဲ့ရွှဲ့နဲ့ပြောလိုက်တယ်။ ဒေါ်သင်းသင်းကြူကလဲ မျက်နှာကိုမဲ့လိုက်ပြီး "အဲ့ဒါပြောတာပေါ့ ..၀ဋ်ဆိုတာ လည်တတ်ပါတယ်လို့ ... အခုလောက်ဆိုရင် သိပ်ကိုကြီးကျယ်တဲ့ မြစန္ဒာဆိုတဲ့မိန်းမတော့ ... လင်တရူးသမီးကြောင့်အရှက်ဖြန်းဖြန်းကွဲနေလောက်ပြီပေါ့ ...ကျေနပ်လိုက်တာ .." "နေအုံး အမေ ...အကောင့်မှာ အမေပုံတင်ထားဖူးလား ..သမီးမှတ်ချက် ဝင်ရေးမလို့ " ပန်းသွေးချယ်က မှတ်ချက်တွေကိုလိုက်ဖတ်ရင်း မိခင်ကိုမေးလိုက်တယ်။ "နေအုံး သမီး ...ဒီအကောင့်မှာက ပုံအစစ်တွေတင်ထားတာ...အမေ့မှာ ပုံမတင်တဲ့အကောင့်အတုရှိတယ်...အကောင့်တုကနေ ဝင်ရေးပစ်လိုက်စမ်း ...သားမိသုံးယောက်လုံးဘယ်လောက်ထိ အောက်တန်းကျပြီးယုတ်မာလဲဆိုတာကို လူတွေသိအောင်ရေးပစ်လိုက် '' "စိတ်ချ အမေ ... သူတို့မိသားစုလဲ သမီးစိတ်ဆင်းရဲရသလိုစိတ်ဆင်းရဲစေရမယ် ...ပန်းသွေးချယ်က ဘယ်လောက်အညှိုးကြီးလဲဆိုတာကို သိစေရမယ် ..ဒါနဲ့ သူတို့မိသားစုဘယ်မှာနေတာလဲဆိုတာကိုပါ သိအောင်စုံစမ်းရမယ် " " ဟုတ်တယ် ..အမေလဲ ဒင်းတို့ကို မကျေနပ်ဘူး ... ဟိုအယုတ်တမာကောင်တော့... ဒီနိုင်ငံမှာမရှိဘူးကြားတယ် ..သမီးရောသူ့သတင်းကြားသေးလား " "သမီးတို့ကိစ္စတွေပြီးကတည်းက ... သူ့သားကို အဘွားကြီးကိုယ်တိုင် ကိုရီးယားကိုပို့လိုက်တယ်လို့ သတင်းတော့ကြားတာပဲ ... ဒီနိုင်ငံမှာ မရှိတာတော့ သေချာတယ်...ပြန်လာရဲပြန်လာကြည့် အိမ်ထောင်ကျနေရင်လဲ ... သူ့အိမ်ထောင်ကို ရအောင်ခွဲပစ်မှာ ..သူတို့ကပန်းသွေးချယ်ကို ပေါ့သေးသေးမှတ်နေတာ "

#ရူးနေတဲ့ကြယ် (အခန်းဆက်ဝတ္ထု ) အပိုင်း ( ၂ ) ***** "ဘာဖြစ်လို့လဲ အမေ ..သမီးဘာလုပ်မိလို့လဲ " " ဘာလုပ်မိလို့လဲဟုတ်လား ...နင်ဘာလုပ်ခဲ့လဲကို မသိဘူးလား ...ဒီမှာကြည့်လေ နင်ဘာလုပ်ခဲ့လဲဆိုတာကို " မျက်စိရှေ့ကိုရောက်လာတဲ့ဖုန်းကိုကြည့်ပြီး မြယွန်းမီ မျက်လုံးပြူးသွားမိတယ်။ဖုန်းမျက်နှာပြင်မှာ သူမမြင်လိုက်ရတာကကော်ဖီဆိုင်မှာ ညနေကဖြစ်ခဲ့တဲ့ဓါတ်ပုံတွေဖြစ်နေခဲ့တယ်။ ဓါတ်ပုံတွေက သူမတို့နှစ်ယောက်ဖက်ရက်သားလဲကျနေတဲ့ပုံနဲ့ သူမမျက်နှာကို ကွက်ကွက်ကွင်းကွင်းထင်ထင်ရှားရှား ရိုက်ထားတဲ့ပုံတွေ။ရေးထားတဲ့စာသားကလဲ "လူအများကြီးရှေ့မှာတောင် ဟန်နေထူးကိုအတင်းဝင်ဖက်တဲ အရှက်နည်းလှတဲ့အမျိုးသမီး "တဲ့လေ။အောက်က မှက်ချက်တွေကိုဝင်ဖတ်ကြည့်လိုက်တဲ့အခါ ခေါင်းတွေကွဲထွက် မတတ်ဖြစ်သွားရတယ်။ အကြောင်းအရင်းမှန်ကိုမသိကြဘဲ ပြောဆို၊ ဆဲဆိုထားလိုက်ကြတာများ မြယွန်းမီဘ၀က အပျက်မလောက်တောင်အဆင့်မရှိတဲ့ပုံမျိုး။မှတ်ချက်ပေါင်းထောင်ချီကြားထဲမှာ အကောင်းဘက်က မြင်ပြီးရေးသားသူက ငါးယောက်ပင်ပြည့်မယ်မထင်။မိန်းမအချင်းချင်းကို ကိုယ်ချင်းမစာ ပြောထားတဲ့စကားလုံးတွေက ဖတ်ရင်းနဲ့ရှက်ပြီး သတ်သေချင်စိတ်ပေါက်အောင် အောက်လုံး ဆန်တဲ့စကားလုံးတွေချည်းပဲ။ "နင် အဲ့လောက်တောင် အရှက်နည်းရလား မြယွန်းမီရဲ့ .... အဲ့ဒီကောင်ကို အဲ့လောက်တောင်ကြိုက်နေတာလား...ညီမဖြစ်သူကလဲအစ်ကိုလမ်းစဉ်အတိုင်းပါပဲလား ... ပတ်ဝန်းကျင်က နင့်ကိုဘယ်လိုတွေပြောနေလဲ နင်မြင်တယ်မဟုတ်လား ...နင်တို့ တွေ ငါ့ကိုဒုက္ခပေးဖို့လူဖြစ်လာကြတာလား မြယွန်းမီရဲ့ .. ပြောစမ်း ....ပြောလေ ... နင်အဲ့ဒီလောက် လင်လိုချင်နေရင် ..ငါရှာပြီးပေးစားမယ် ... အရှက်မရှိတဲ့ဟာမ ..ကဲဟယ် ..အရှက်မရှိအုံး ...အရှက်မရှိချင်အုံး ..ကဲဟယ် ...ကဲဟယ်...." "ဘုံး ..ဘုံး ..." ကျောပြင်ပေါ်ကိုတဘုံးဘုံးကျရောက်လာတဲ့ ရိုက်ချက်တွေကို မရှောင်တိမ်းဘဲမြယွန်းမီအံကိုတင်းတင်းကြိုက်ထားလိုက်မိတယ်။အားရအောင်ရိုက်ပြီးသွားတဲ့အခါ အမေကဆိုဖာခုံမှာသွားထိုင်ပြီးငိုနေပြန်တယ်။မြယွန်းမီမတ်မတ်ရပ်လိုက်ပြီး မိခင်ကိုကြည့်လိုက်တယ်။ "အမေက အဲ့ဒါတွေကိုယုံတာပဲလား ...အွန်လိုင်းပေါ်မှာ မြင်နေတွေ့နေရတာတွေကို အမှန်လို့ထင်နေတာလား ...သမီးကိုအဲ့ဒီလောက်တောင်အထင်သေးနေတာပေါ့လေ ...အမေကိုယ်တိုင်က ယုံကြည်နေရင်တော့ သမီးဘာမှ ရှင်းပြမနေတော့ဘူး ... လူပုံအလယ်မှာ ယောကျာ်းတစ်ယောက်နဲ့ မတော်တဆဖက်မိတာ အဲ့ဒီလောက် အပြစ်ကြီးသွားလား ... ဖြစ်စဉ်အစအဆုံးကိုသိသိနဲ့ သူလိုရာကိုရေးတင်တဲ့သူရယ်...ဖြစ်စဉ်အစအဆုံးကိုမသိကြဘဲ ဝေဖန်ချင်သလိုဝေဖန်နေကြတဲ့သူတွေကို ဂရုကိုမစိုက်ဘူး ...ကိုယ့်လိပ်ပြာကိုယ်လုံတယ် ...." "ပြောတာလွယ်လှချည်လား မြယွန်းမီရဲ့ ... လူတွေနဲ့နေပြီး လူတွေကိုဂရုမစိုက်ရအောင် နင်ကဘာကောင်မလဲ ...ပြောလိုက်ရင်တော့မိုးလားကဲလား...နောက်ဆုံးတော့လဲ အစ်ကိုအချိုးအတိုင်းပဲလာတာ " " တော်ပါတော့ အမေ ...အမေ့သားနဲ့မနှိုင်းပါနဲ့ ... သမီးအမေ့ကိုဘာတွေ ဒုက္ခပေးဖူးလို့လဲ ... ပွေရှုပ်နေလို့လား ပြောပါအုံး ..." "ပြောလိုက်ရင် တစ်ခွန်းမှမခံဘဲ မအေကို ပြန်ပြောဖို့ပဲတတ်တယ် ... လိမ္မာပါတယ် သိပ်ကို လိမ္မာတယ် ... လူသိရှင်ကြား အရှက်ကွဲအောင် လုပ်တာပဲရှိတာ " မိခင်ရဲ့ နှုတ်ကနောက်ဆက်တွဲထွက်လာတဲ့ စကားလုံးတွေကို ကျောခိုင်းပြီးမြယွန်းမီ အခန်းထဲကို၀င်လာခဲ့လိုက်တယ်။ တစ်လောကလုံးကလူတွေ သူမကို ဘယ်လိုထင်ထင်မြယွန်းမီဂရုကိုမစိုက်တာ။ မိခင်ကိုယ်တိုင်က ဒါကြီးကိုတကယ်လို့ ထင်တာကတော့ ရင်နာစရာကောင်းလှတယ်။တကယ်ဆိုမိဘက ကိုယ့်သားသမီးစိတ်ကို အနည်းအကျဉ်းတော့သိထားရမယ်မဟုတ်လား။ ယုံကြည်ပေးနိုင်ရမယ်မဟုတ်လား။မြယွန်းမီမျှော်လင့်မိတာဒီလောက်ပဲ ဒီထက်မပိုဘူး။ ပြီးတော့ အစ်ကိုဖြစ်သူနဲ့ နှိုင်းယှဉ်တာကိုလဲ သူမအမုန်းဆုံးပဲ။ အစ်ကိုက ဘယ်လိုလူမျိုးလဲဘာတွေလုပ်ခဲ့လဲဆိုတာကိုသိသိနဲ့ အနှိုင်းယှဉ်ခံအပြောခံနေရတာကို လုံးဝကိုမကြိုက်တာ။ ဒီလိုကိစ္စတွေကြောင့်ပဲ မိခင်နဲ့သူမကြားမှာလဲ မပြေလည်မှုတွေအမြဲဖြစ်နေခဲ့ရတယ်။ပြဿနာတစ်ခုဖြစ်လာရင် မမေးမမြန်းဘဲဒေါသအရင်ဖြစ်တတ်တဲ့ မိခင်ရဲ့စိတ်ကိုမြယွန်းမီ မကြိုက်ဘူး။အကျိုးအကြောင်းစုံကို အေးအေးဆေးဆေးရှင်းပြလို့မရတဲ့အခါ မိခင်နဲ့ဆက်ဆံရေးက အေးစက်နေခဲ့တာနှစ်တွေအတော်ကြာခဲ့ပြီ။သက်ပြင်းမောကိုချပြီး အိပ်ရာပေါ်ကို ခြေပစ်လက်ပစ်လှဲချလိုက်မိတယ်။သူမအတွက်တော့ အွန်လိုင်းပေါ်က အရှက်ခွဲတဲ့သတင်းထက် မိခင်ရဲ့ရိုက်ချက်တွေကပဲ ရင်ကိုပိုနာကျင်စေတယ်။ ~~~~ "ဘယ်လိုဖြစ်ရတာလဲ သားငယ် ...မင်းတို့ဟာက လူလယ်ခေါင်ကြီးမှာ မေမေဖြင့်သတင်းတက်လာတော့ လန့်သွားတာပဲ...ကောင်မလေးပုံကြည့်ရတာဆယ်ကျော်သက်အရွယ်လဲ မဟုတ်ပါဘူး .. '' မိခင်ရဲ့အမေးစကားကို မဖြေခင် ဟန်နေထူးသက်ပြင်းကိုအရင်ချလိုက်မိတယ်။သူ့မှာ မနေ့ကဖြစ်ခဲ့တဲ့ကိစ္စက ရှင်းလို့ကိုမပြီးတာ။ ဆက်လိုက်ကြတဲ့ဖုန်းတွေကလဲ ဖုန်းတောင်နားချိန်မရဘူး။အွန်လိုင်းပေါ်မှာလဲ သတင်းတွေက ပလူပျံနေတာပဲ။အေးတိအေးစက်မျက်နှာနဲ့ အမျိုးသမီးခမျာလဲ အပြောခံထားရတာ ရစရာကိုမရှိဘူး။ကာယကံရှင်ကတော့ ဘယ်လိုနေမယ်မသိဘူး။ သတင်းတင်တဲ့ အကောင့်ကတော့ နာရီပိုင်းအတွင်းကို

မြယွန်းမီတံခါးကိုခေါက်လိုက်တယ်။ ဒီအချိန်က သူမပြန်လာနေကြအချိန်မို့ သိပ်တော့မခေါက်လိုက်ရဘဲ အထဲကခြေသံကိုကြားလိုက်ရတယ်။နောက်တော့ သစ်သားတံခါးဖွင့်သံ။သစ်သားတံခါးပွင့်သွားတော့ အခန်းဝမှာ အမေ့မျက်နှာကိုမြင်လိုက်ရပြီး သံဘာချာတံခါးရဲ့သော့ကို ဖွင့်နေတယ်။အမေသော့ဖွင့်ပြီးသွားတာနဲ့ မြယွန်းမီသံဘာချာတံခါးကို ဆွဲဖွင့်လိုက်တယ်။တံခါးဖွင့်ပေးပြီးတာနဲ့ အမေကအိမ်ထဲကိုပြန်ဝင်သွားတယ်။ မြယွန်းမီတံခါးတွေကိုပြန်ပိတ်ပြီး အိမ်ထဲကိုဝင်လိုက်ချိန်မှာပဲ ဧည့်ခန်းဝမှာ မျက်နှာထားတင်းတင်းကြီးနဲ့ရပ်နေတဲ့ မိခင်ကိုတွေ့လိုက်ရတာမို့ လန့်သွားမိတယ်။ "အ ..အမေ ... ဘာဖြစ်လို့လဲ ...." " ဖြန်း " မြယွန်းမီရဲ့ အမေးစကားပင်မဆုံးလိုက်ရပါ။မိခင်ကြီး ဒေါ်မြစန္ဒာရဲ့ လက်ဝါးတစ်ဖက်က မြ ယွန်းမီရဲ့ပါးပြင်ပေါ်ကိုအရှိန်ပြင်းပြင်းနဲ့ကျရောက်လာခဲ့တယ်။သူမ အံ့ဩထိတ်လန့်စွာမိခင်ကိုမော့ကြည့်လိုက်မိပြီး အထစ်ထစ် အငေါ့ငေါ့နဲ့ မေးလိုက်မိတယ်။ "ဘာ ..ဘာဖြစ်လို့ရိုက်တာလဲ အမေ ...သမီးဘာလုပ်မိလို့လဲ " " ဘာလုပ်မိလို့လဲဟုတ်လား ... နင်လုပ်ခဲ့တဲ့အပြစ်ကို နင်မသိဘူးလား မြယွန်းမီ " @@@@@@@@@@@@@@@@@@@@@@@@ အပိုင်း(၂) ဆက်ရန် #AKyiPhyu မင်္ဂလာပါရှင် #ရူးနေတဲ့ကြယ် အခန်းဆက်ဝတ္ထုကို Kpay (or ) Wave 1000 Ks ဖြင့်ဝယ်ယူဖတ်ရှုလို့ရပါတယ်။ *အထူးပြောချင်တာက 1000 Ks ပေးသည်ဖြစ်စေ / မပေးသည်ဖြစ်စေ မည်သူမဆိုဝင်ရောက်ဖတ်ရှု/share / Copy (ကလောင် အမည်ပြောင်းခွင့်မပြုပါ ) ပြုလုပ်လို့လဲရပါတယ် ၀တ္ထုက ရေးပြီးသားမဟုတ်ဘဲ နေ့စဉ်ရေးသားပြီး အကောင့် /p age မှာ public နဲ့ တစ်ပြိုင်တည်းတင်ပေးသွားမှာဖြစ်ပါတယ်။နေ့စဉ်တင်ပေးသွားမှာဖြစ်ပြီး တစ်ခါတစ်ရံအလုပ်တာဝန်များကြောင့် ရက်ပျက်တာမျိုးလဲ ရှိနိုင်ပါတယ်။ဖတ်ရှုအားပေးကြသူများကို ကျေးဇူးအထူးတင်ရှိပါတယ်။ (၀တ္ထုကရေးပြီးသား မဟုတ်ပါဘူးရှင် နေ့စဉ် ရေးပြီးတာနဲ့ လိုင်းပေါ်တင်သွားမှာဖြစ်ပါတယ် ) Kpay 09773745413 Lai Lai win Wave Lae Lae win #ဧကြည်ဖြူ #AKyiPhyu အဓိက ပြောချင်တာက နောက်နောင် ဝတ္ထုများကို A Kyi Phyu Page မှာပဲ တင်ပေးမှာ ဖြစ်ပါကြောင်း ... ဖတ်သူများအနေဖြင့်လဲ Page ကို Like /comment /share များဖြင့် ကူညီပေးကြဖို့ မေတ္တရပ်ခံပါတယ် စာဖတ်သူရှိမှ ရေးဖို့ အားရှိတဲ့ စာရေးသူတွေရဲ့ဘ၀လေးတွေကို အားပေးဖတ်ရှုပေးကြသူများကို ကျေးဇူးအထူးတင်ရှိပါတယ်

ရယ်ကျဲကျဲမျက်နှာနဲ့ ပြောလိုက်တဲ့တေဇကို ဟန်နေထူး ဝုန်းခနဲ ၀င်လုံးလိုက်တယ်။တေဇ ကလဲ ဒါကိုသိတော့ ခပ်မြန်မြန်ရှောင်တိမ်းလိုက်တယ်။ဟန်နေထူးတို့သူငယ်ချင်းတွေက တစ်ယောက်နဲ့တစ်ယောက် ပြောမနာဆိုမနာသူငယ်ချင်းတွေဆိုတော့ အားလုံးစုမိပြီးဆိုရင် ဝုန်းဒိုင်းကြဲနေကြတာပဲ။ သူငယ်ချင်းအားလုံးပေါင်း (၅)ယောက်ရှိတယ်။(၅) ယောက်လုံး အလယ်တန်းကတည်းက ကျောင်းအတူတက်ခဲ့ကြတဲ့ ငယ်သူငယ်ချင်းတွေ။ကျောင်းတွေပြီးလို့ ဘွဲ့ကိုယ်စီရပြီး အလုပ်တွေကိုယ်စီနဲ့ဖြစ်နေကြပေမဲ့ အားလုံးအခင်အမင်မပျက် ရှိနေကြဆဲပဲ။ အထူးသဖြင့် အနုပညာပိုင်းမှာ ဝါသနာပါကြတဲ့ ဟန်နေထူးနဲ့တေဇကတော့ ပိုပြီး တွဲဖြစ်တာပေါ့။ဟန်နေထူးက ကိုယ်ပိုင်ကော်ဖီဆိုင်ဖွင့်ပြီး အွန်လိုင်းကနေခရီးသွားဘလော့တွေ တင်လေ့ရှိသလို လူမှုရေးပိုင်းတွေမှာလဲ အမြဲတမ်းလိုက်ကူညီတတ်တော့ အွန်လိုင်းသုံးသူတိုင်း ဟန်နေထူးကို မသိတဲ့သူမရှိလောက်အောင် နာမည်ကြီးတယ်။ အသက်ကလဲ(၂၅)၊ရုပ်ကလဲဖြောင့်ပြီး ဘော်ဒီကလဲမိုက်တော့ ဟန်နေထူးကိုမင်းသားတင်ရိုက်ချင်သူတွေ ။ကြေငြာရိုက်ဖို့ငှားချင်သူတွေနဲ့ မော်ဒယ်အဖြစ်ငှားချင်သူတွေဝိုင်းဝိုင်းလည်နေတာ။ဟန်နေထူးကတော့ သရုပ်ဆောင်ပညာကို မတတ်ကျွမ်းတာမို့ မင်းသားအဖြစ်ကိုတော့ ငြင်းလေ့ရှိပြီး ကြော်ငြာတွေနဲ့ မော်ဒယ်တစ်ယောက်အဖြစ်တော့ အလုပ်တွေလက်ခံခဲ့တယ်။တေဇကျတော့ မိဘတွေရဲ့ ရွှေဆိုင်လုပ်ငန်းတွေမှာ ဝိုင်းကူလုပ်ရင်း အဆိုတော်ဖြစ်လာခဲ့သူ။ မိဘတွေက တေဇရဲ့ဝါသနာကို သိပ်သဘောမကျကြပေမဲ့ နာမည်လေးရလာချိန်မှာတော့ သူတို့လဲလက်ခံအားပေးလာကြတယ်။ လက်မခံအားမပေးလို့ကလဲ မဖြစ်ဘူးလေ။တကယ်ဆို အသက် (၂၅) နှစ်ဆိုတဲ့ အရွယ်ကကိုယ့်ဘဝကိုယ်ကျောင်းပြီး ကိုယ်လမ်းကိုယ်လျှောက်ရမဲ့အရွယ်ကိုတောင် ရောက်နေခဲ့ပြီလေ။ "ဒါနဲ့ နေထူး ... ဟိုလာတောင်းပန်တဲ့ ကောင်မလေးကချစ်စရာလေးနော် ... သူ့ကိုယ်သူပြောသွားတာတော့ မိုးစက်ဆိုလားပဲ .." "အေး ..ဟုတ်တယ်ကွ ... အဲ့တစ်ယောက်ချစ်စရာလေးနော် " " ဟုတ်တယ်ဟေ့ ..ငါတို့လဲ ထောက်ခံတယ် " တေဇအပါအဝင် ကျန်တဲ့ သုံးယောက်ကပါ အသံပြဲကြီးတွေနဲ့ ဝိုင်းပြီး ထောက်ခံပြောဆိုနေကြတယ်။သူတို့ဘာတွေပြောနေပါစေ ဟန်နေထူး မျက်လုံးထဲမှာတော့ ဘောင်းဘီရှည်နဲ့ ရှပ်အင်္ကျီလက်ရှည်ကိုတွဲဝတ်ထားပြီး ဆံပင်ရှည်တွေကို ခပ်တင်းတင်း စုချည်ထားတဲ့ အေးတိအေးစက်မျက်နှာကိုသာမြင်ယောင်လိုက်မိတယ်။ဒီလို မြင်ယောက်လိုက်မိတာနဲ့ အထိုးခံလိုက်ရတဲ့ ပခုံးကနာကျင်လာပြီး ဒေါသတွေပါ အလိုလိုထွက်လာမိတယ်။ "ဒါနဲ့ ...ဘယ်ကနေဘယ်လိုစဖြစ်သွားကြတာလဲ ... ပြီးတော့ဘာဘာညာညာတွေ ဖြစ်သွားသေးလား " " ဟေ့ကောင်တွေ ...ဘာကိုစဖြစ်လို့ ဘာဘာညာညာတွေဖြစ်ရမှာလဲ " ဟန်နေထူး ဒေါသမပြေသေးဘဲ လက်သီးနဲ့ ရွယ်ရင်းပြန်မေးလိုက်တယ်။ "မင်းကလဲ စိတ်ကြီးပဲ...ငါတို့က ရိုးရိုးလေးမေးတာပါဟ ...မင်းတို့နှစ်ယောက် ဘယ်လိုဖြစ်ပြီးလဲကျသွားကြတာလဲ...ပြီးတော့ ဘာညာဆိုတာက ..ဟိုကွာ ..မင်းတို့အချင်းချင်းနမ်းမိသွားကြသေးလားမေးတာ..ရုပ်ရှင်တွေထဲကလို လေကွာ .... " " ဘာ" တေဇရဲ့ စကားမဆုံးခင်းမှာ သူထအော်ပစ်လိုက်တယ်။ ဒါတော့ဒီကောင်တွေနည်းနည်းများသွားပြီ။ "ဟေ့ကောင် မင်းအော်မနေနဲ့ ...လိုင်းပေါ် လေးဘာလေးလဲ ဖွင့်ကြည့်အုံး ...မင်းတို့နှစ်ယောက်ပုံကို ဓါတ်ပုံတွေဘာတွေ ရိုက်ယူသွားပြီးလိုင်းပေါ်တင်နေအုံးမယ် " "ဟာ..ဟေ ... ဟုတ်တယ်ဟ " ကျော်စွာပြောမှ သူသတိရပြီး ဖုန်းကို အမြန်ဖွင့်ကြည့်လိုက်မိတယ်။ ~~~~ မြယွန်းမီကားပေါ်ကဆင်းလိုက်တော့ လမ်းမီးတွေပင်လင်းနေခဲ့ပြီ။ ကားဂိတ်နဲ့ အိမ်က နည်းနည်းလှမ်းတာမို့ ဆယ့်ငါးမိနစ်လောက်တော့ လမ်းလျောက်ရအုံးမယ်။ခပ်မှိန်မှိန်မီးအလင်းရောင်တွေအောက်မှာ မြ ယွန်းမီစိတ်အေးလက်အေးလမ်းလျှောက်လာခဲ့တယ် ။တစ်ချက်တစ်ချက်တော့ ညနေက အဖြစ်အပျက်ကိုသတိရပြီး စိတ်အလိုမကျသလိုဖြစ်မိတယ်။တကယ်ဆို အိမ်ကိုသာတန်းပြီး ပြန်ခဲ့လိုက်ရင် ဒီလိုအရှက်ရစရာအဖြစ်နဲ့ကြုံရမှာမဟုတ်ဘူး ။အခုတော့ အားနာစိတ်နဲ့လိုက်သွားမိရာက ပြဿနာတက်ရတာ။ အဲ့ဒါကြောင့်ပြောတာပေါ့ အားနာစိတ်ကမကောင်းဘူး ။အပေါင်းအသင်းမင်တော့လဲ ဒုက္ခရောက်ပါရော။မြယွန်းမီ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်လိုက်မိရင်း ခေါင်းကိုခါယမ်းလိုက်မိတယ်။နောက်ဆိုရင်တော့ ဆင်ခြင်ရမှာပေါ့လေ။ ~~~~ တိုက်ခန်းအောက်ကိုရောက်တော့ လှေကားတံခါးကိုဖွင့်ပြီး မြ ယွန်းမီတက်ခဲ့လိုက်တယ်။တိုက်ခန်းတွေရဲ့ထုံးစံအတိုင်း လှေကားတွေက မှောင်မှောင်မည်းမည်း ။မြယွန်းမီတို့အခန်းက နှစ်လွှာမှာဆိုတော့ သိပ်မတက်ရလို့တော်သေးတာ။နှစ်လွှာကိုရောက်တော့ အခန်းရှေ့မှာမီးထွန်းထားတယ်။ ဒီတစ်တိုက်လုံးမှာအပေါ်ထပ်က အခန်းတွေတော့ မီးထွန်းလားမသိပေမဲ့ နှစ်လွှာအထိကတော့ သူမတို့ အခန်းရှေ့မှာပဲ မီးထွန်းထားတာ။ ငွေကိုစစ်စစ်ပေါက်ပေါက်သုံးတတ်တဲ့မိခင်က မီတာဖိုးချွေတာဖို့အတွက် အိမ်ထဲကမီးပွင့်တွေကို အိပ်ချိန်ရောက်ရင်ပိတ်ပစ်တတ်ပေမဲ့ အခန်းရှေ့ကမီးကိုတော့ မနက်လင်းမှပဲပိတ်တာ။ " ဒေါက်..ဒေါက် "

လက်မှတ်ရဖို့အတွက် တန်းစီနေကြတဲ့ ပရိသတ်အုပ်စုထဲမှာ ရုတ်တရက် ဆူဆူညံညံလှုပ်လှုပ်ရှားရှားဖြစ်သွားတာမိုဟန်နေထူးတို့လဲ ခေါင်းတွေမော့ကြည့်လိုက်မိကြတယ်။ ဒီအချိန်မှာပဲ လူအုပ်ကြားထဲမှာ ကုန်းကုန်းကွကွဖြစ်နေတဲ့ မြယွန်းမီကိုဟန်နေထူးတို့တွေ့လိုက်ရတယ်။ "ဘာဖြစ်တာလဲ " ဒုတိယအကြိမ်မြောက်ဟန်နေထူးမေးလိုက်စဉ်မှာပဲ စာရွက်တစ်ရွက်က ဟန်နေထူးရဲ့ခြေဖမိုးပေါ်ကျလာတယ်။ဟန်နေထူးလဲ ခြေထောက်ပေါ်ကျလာတဲ့ စာရွက်ကိုကောက်ယူကြည့်လိုက်မိတယ်။ ဒီအချိန်မှာပဲ မြယွန်းမီတစ်ယောက်ဟန်နေထူးရဲ့ရှေ့ကိုရောက်လာပြီး ဟန်နေထူးလက်ထဲက သူမရဲ့ပုံကြမ်းစာရွက်ကို မြင်လိုက်ရတာမို့ အတင်းပြန်ဆွဲယူလိုက်တယ်။ရုတ်တရက်မြယွန်းမီရဲ့ အပြုအမူကြောင့်ဟန်နေထူး လန့်ပြီးရှောင်လိုက်မိတယ်။ဟန်နေထူးကအရှောင် မြယွန်းမီက အလှမ်းမို့ မြယွန်းမီမှာအရှိန်ကိုမထိန်းနိုင်တော့ဘဲ ဟန်နေထူးကိုယ်ပေါ်ကို လဲကျသွားရတော့တယ်။ဟန်နေထူးမှာလဲ သူ့ပေါ်လဲကျလာတဲ့မြယွန်းမီကြောင့် သူပါမထိန်းနိုင်တော့ဘဲ နှစ်ယောက်သားဖက်ရသားပုံစံမျိုးနဲ့လဲကျသွားတော့တယ်။ဖြုန်းစားကြီးမို့ သူတို့နှစ်ယောက်ရဲ့အဖြစ်ကို အားလုံးပါးစပ်အဟောင်းသားတွေနဲ့ ကြည့်နေမိကြပြီးမှ သူတို့တွေရဲ့ အချစ်တော်ကို မိန်းမတစ်ယောက်က ရုတ်တရက်ကြီးဝင်လုံးတာကို မြင်လိုက်ကြရတော့ အားလုံးစိတ်တိုဒေါသထွက်သွားကြပြီး အသံတွေစည်စည်ညံသွားတော့တယ်။ "ဘယ်သူလဲ ..ဘာကြီးလဲ " " ဘာလုပ်တာလဲ" "ဘာလဲ .. ဒီမိန်းမကဲလှချည်းလား ..ပေါ်တင်ကြီး " တစ်ယောက်တစ်ပေါက်နဲ့ ဆူညံပြောဆိုသံတွေရဲ့အလယ်မှာ ဟန်နေထူရဲ့ခန္ဓာကိုယ်ပေါ်မှာ မျက်နှာချင်းဆိုင်လဲကျနေတဲ့မြယွန်းမီမှာမျက်နှာဘယ်နားထားရမှန်းမသိဖြစ်ပြီး ရှက်စိတ်နဲ့အတူ ဒေါသစိတ်တွေပါဖြစ်လာမိတယ်။ဟန်နေထူးမှာလဲ ကြောင်ကြောင် အအနဲ့ဘာလုပ်ရမှန်းမသိဖြစ်ပြီး သူ့အပေါ်လဲကျနေတဲ့ မြယွန်းမီကို ပြူးကြောင်ကြောင်နဲ့ ကြည့်နေမိတယ်။ ဒီအခြေအနေကို မြယွန်းမီ ကြာရှည်သည်းခံနိုင်စွမ်းမရှိတော့ဘဲ အခုချိန်ထိဟန်နေထူးလက်ထဲမှာ ဆုပ်ကိုင်ထားဆဲဖြစ်တဲ့ သူမရဲ့ပုံကြမ်းစာရွက်ကို ဆွဲလုယူပြီး ဟန်နေထူးရဲ့ပခုံးစွန်းတစ်ဖက်ကို လက်သီးနဲ့ထိုးချမိရက်သားဖြစ်သွားတော့တယ်။ "အား ....ဟာ ...မင်း ..မင်း ဘာလုပ်တာလဲကွ ...မင်းကအရင်ငါ့အပေါ်လဲကျလာတာလေ " ပခုံးကိုဘလိုင်းကြီးအထိုးခံလိုက်ရတာမို့ ဟန်နေထူးစိတ်တိုပြီးပြောလိုက်ပေမဲ့ မရွှေချောကသူ့ကိုလှည့်တောင်မကြည့်ဘဲလူအုပ်ထဲ အတင်းတိုးဝင်သွားခဲ့တယ်။ဟန်နေထူး လဲနေရာမှကုန်းထလိုက်ပြီး သူမနောက်ကို အမှီလိုက်ဖို့ပြင်လိုက်ချိန်မှာပဲ သူရှေ့ကိုဆံပင်ရှည်ရှည်နဲ့မိန်းမချောလေးတစ်ယောက်ရောက်လာပြီး "တောင်း....တောင်းပန်ပါတယ်ကို ဟန်နေထူး...မိုးစက်သူငယ်ချင်းက သူ့အလုပ်စာရွက်ပျက်စီးသွားမှာစိုးရိမ်လို့ ဖြစ်သွားရတာပါရှင် ... တောင်းပန်ပါတယ်နော် " သူမကလဲ တောင်းပန်စကားပြောပြီးတာနဲ့ လှစ်ခနဲပြန်ပြေးထွက်သွားတယ်။ကျန်ခဲ့တဲ့ သူ့မှာသာ မျက်နှာချင်းဆိုင်ကလူအုပ်ကြီးကို ကြည့်ပြီး မခံချိမခံသာနဲ့.ဒေါသစိတ်ကိုမျိုသိပ်လိုက်ရတယ်။အရေးထဲ တေဇနဲဘော်ဒါတွေကလဲ ပြုံးစိစိမျက်နှာထားတွေနဲ့ ကြည့်နေကြလို့ သူရှုတင်းတင်းမျက်နှာထားနဲ့ ပြန်ကြည့်ပေးလိုက်တယ်။သူ့ကိုဒီတိုင်းရပ်ကြည့်နေခဲ့ကြတဲ့ ဒီကောင်တွေနဲ့ပွဲပြီးမှ စာရင်းရှင်းဖို့ကိုပါ စိတ်ထဲကတွေးထားလိုက်တယ်။ ~~~~~ "အမယ်လေး ဖြည်းဖြည်းသွားပါ ယွန်းရယ် ...နောက်ကပြေးလိုက်ရတာ အသက်ထွက်တော့မယ် " မြယွန်းမီနောက်ကို မေမိုးစက်အမီပြေးလိုက်ရင်း အော်လိုက်တယ်။ မေမိုးစက်ရဲ့ မောကြီးပန်းကြီးခေါ်သံကြောင့် မြယွန်းမီရပ်စောင့်နေလိုက်ပြီး "ဘာလို့လိုက်လာတာလဲ ... တို့က ပြန်တော့မှာလေ " "ပြန်တော့မလို့လား ..ရုံးမလိုက်တော့ဘူးလား " " မလိုက်တော့ပါဘူး ...ရုံးကိုလဲ ညနေက ဖုန်းဆက်ပြီးပြီ ...သွားပြီနော် " မြယွန်းမီပြောပြီးတာနဲ့ ကားဂိတ်ကို ဆိုက်လာတဲ့ လိုင်းကားပေါ်ကို ပြေးလွှားတက်ခဲ့လိုက်တယ်။ ကားဂိတ်မှာ မေမိုးစက်တစ်ယောက်တည်း ဘယ်လိုပုံစံနဲ့ကျန်ရစ်ခဲ့လဲဆိုတာကို လှည့်မကြည့်ဖြစ်တော့။ကြည့်စရာလဲလိုမယ်မထင်ပါဘူး။ ဒီလိုစိမ်းစိမ်းပြတ်ပြတ် ပြောဆိုဆက်ဆံတတ်မှန်းသိလို့ မခင်မင်တော့ရင်လဲ အကောင်းသား။ နောက်ကလိုက်ခဲ့ပါလို့ သူမခေါ်ခဲ့တာမှမဟုတ်တာ။ဖြစ်နိုင်ရင် မြယွန်းမီဘယ်သူနဲ့မှကို ခင်မင်ရင်းနှီးချင်စိတ်မရှိဘူး။ စကားတွေလဲ အများကြီးမပြောချင်ဘူး။မြယွန်းမီဘ၀မှာ အချစ်ခင်ရဆုံးလူသားနှစ်ယောက်ကြောင့် လူတွေကိုတော်တော်လေးကို စိတ်ကုန်စိတ်ပျက်နေပြီး ရင်းရင်းနှီးနှီးပေါင်းသင်းဆက်ဆံရမှာကို ထိတ်လန့်နေမိတယ်။ ~~~~ "မင်းတို့ကွာ နေနိုင်လိုက်တာ .. တစ်ယောက်မှကို လာမထူကြဘူးနော် " ပွဲပြီးသွားတာနဲ့ ဟန်နေထူးတို့အုပ်စု ကော်ဖီဆိုင်အပေါ်ထပ်ကနားနေခန်းဆီကို တက်ခဲ့ကြပြီး အခန်းထဲရောက်တာနဲ့ အားလုံးကို ကြည့်ပြီး ဟန်နေထူးမကျေမနပ်ပြောပစ်လိုက်တယ်။ "ဆွဲတော့ဆွဲမလိုပဲ နေထူးရာ ... ဒါပေမဲ့မင်းတို့ဟာက လဲကျသွားတာလား ... ရည်းစားဟောင်းတွေ ပြန်တွေ့လို့ ဖက်နေကြတာလား မသဲကွဲလို့ပါကွာ " " ဘာကွ ... မင်းဘာပြောလိုက်တယ် ... "

နားထောင်လားနားမထောင်လားမသိဘူး မေမိုးစက်ကစကားတွေ တတွတ်တွတ်လိုက်ပြော။ မြယွန်းမီတာဝန်ကျတဲ့နေရာဆိုသူမက လျှောက်လိုက်။ အလုပ်ထဲမှာကလဲ မြယွန်းမီနဲ့ဆိုအလုပ်တွဲလုပ်ချင်သူ သိပ်မရှိတာကို သူဌေးကလဲသိနေတော့ အလုပ်တာဝန်ခွဲဝေ တဲ့အခါ သူမတို့နှစ်ယောက်က အလိုလိုတွဲဖက်တွေဖြစ်လာခဲ့ကြတာပေါ့။ဒီလို မြယွန်းမီကို အပေါင်းအသင်းဖွဲ့နိုင်တဲ့ မေမိုးစက်ကို အလုပ်ထဲကလူတွေ အံ့ဩဘနန်းဖြစ်ကြရတာတော့ အမှန်ပဲ။ "ယွန်း ဒီမှာဖျော်ရည်ရပြီ..သောက်လိုက်အုံး " ပုံကြမ်းလဲအပြီး မေမိုးစက် အသံကိုလဲ ကြားလိုက်ရတာမို့ မြ ယွန်းမီဖျော်ရည်ခွက်ကို ယူလိုက်ချိန်မှာပဲ ဟေးခနဲအော်သံတွေနဲ့အတူဆယ်ကျော်သက်အရွယ် ကောင်မလေးတွေဆိုင်ဝဆီကိုပြေးထွက်သွားကြတယ်။ပြေးထွက်သွားကြသူတွေထဲက တစ်ယောက်သောသူက မြယွန်းမီရဲ့လက်ကို ဝင်တိုက်သွားတာမို့ အအေးခွက်ပါ မှောက်ကျသွားရတော့တယ်။ "ဟာ " "ဟယ် ဒုက္ခပါပဲ..မှောက်ကုန်ပြီ...ယွန်း နင့်လက်ဖယ်လိုက် .. ဖယ် ..ဖယ် .." မေမိုးစက်က တစ်ရှူးစကိုယူပြီး ဖိတ်ကျသွားတဲ့ ဖျော်ရည်တွေကိုလျင်လျင်မြန်မြန်နဲ့သုတ်လိုက်တယ်။မြယွန်းမီကပြေးထွက်သွားကြတဲ့ ကောင်မလေးတွေကို အူကြောင်ကြောင်နဲ့လိုက်ကြည့်နေမိပြီးမှ အထိတ်တလန့်နဲ့ မေးလိုက်မိတယ်။ " ဘာဖြစ်ကြတာလဲ....မီးလောင်လို့လား " "အေး ဟုတ်တယ်...မီးလောင်တာတော့မီးလောင်တာပဲ ... ဒါပေမဲ့ ကောင်မလေးတွေရဲ့ နှာခေါင်းမှာ လောင်တဲ့မီးပေါ့ဟယ် ... ဟိုမှာကြည့်ပါလား " မေမိုးစက်က ပါးစပ်ကပြောရင်း ဆိုင်ဝကိုညွှန်ပြလိုက်တာမို့ မြယွန်းမီက ဆိုင်ဝကိုလှမ်းကြည့်လိုက်မိတယ်။ဆိုင်ဝကခြံထဲမှာကားနှစ်စီးထိုးရပ်လာပြီး ကားထဲကနေဆင်းလာကြတဲ့ ခပ်ချောချော၊စတိုင်ခပ်မိုက်မိုက်ယောကျာ်းလေးငါးယောက်ကို မြင်လိုက်ရတယ်။ပြေးသွားတဲ့ ကောင်မလေးတွေက အဲ့ဒီအုပ်စုကို ဝိုင်းရံပြီးကျွတ်ကျွတ်ညံနေကြတာ။ "အဲ့ဒါဘာဖြစ်တာလဲ ...ဘယ်သူတွေလဲ " မြယွန်းမီက နားမလည်နိုင်တာမို့ မေမိုးစက်ကိုပြန်မေးလိုက်မိတယ်။ "ဟန်နေထူးနဲ့သူ့ဘော်ဒါတွေလေဟယ် ... ဟန်နေထူးကို နင်မသိဘူးလား " "ဟန်နေထူးကဘယ်သူလဲ ....မင်းသားလားအဆိုတော်လား " "ဟယ် ယွန်းရယ်...ဟန်နေထူးက မြန်မာပြည်ရဲ့ဆယ်လီစာရင်းဝင် မော်ဒယ်လေ...မင်းသားမဟုတ်ပေမဲ့ မင်းသားတွေထက် နာမည်ကြီးတယ်...ချောတယ်မိုက်တယ်လေဟယ်.. ဟိုမှာကြည့်ပါလား ..သူတို့အဖွဲမှာ သူကအချောဆုံးပဲလေ ....သူ့ဘေးနားကတစ်ယောက်က အခုတလော နာမည်ကြီးလာတဲ့ အဆိုတော် တေဇလေ ... ဒီဆိုင်ကဟန်နေထူးရဲ့ဆိုင်လေ ... ဒီနေ့ ဒီဆိုင်မှာ တေဇရဲ့ သီချင်းခွေလက်မှတ်ထိုးပွဲရှိတယ်လေ " မေမိုးစက်တရှည်တလျားရှင်းပြနေတာကိုနားထောင်ပြီး မြယွန်းမီ မျက်မှောင်ကုတ်လိုက်မိပြီး "ဒီလိုပွဲရှိမှန်းသိသားနဲ့ ဘာလို့ဒီဆိုင်ကိုလာရတာလဲ မိုးစက် ..." " အဲ...အံ့ဒါက ..မိုးစက်လဲမသိလိုက်လို့ပါယွန်းရယ် ... ဟိုမမတွေလေ သူတို့ကညွှန်းတာနဲ့ မိုးစက်လဲလိုက်လာခဲ့မိတာ .. ပြီးတော့ အလုပ်ဆိုက်နဲ့လဲအနီးဆုံးဖြစ်နေလို့လေ...ပြီးတော့ ဒီကိုရောက်မှ မိုးစက်လဲသိတာ " မြယွန်းမီရဲ့ မကျေမနပ်ဖြစ်သွားတဲ့မျက်နှာကြောင့် မေမိုးစက်ကပျာကသီရှင်းပြလိုက်ရင်း ဘေးဝိုင်းကိုကြည့်လိုက်တော့ အတူပါလာတဲ့ မချောသုံးယောက်က မရှိတော့ဘဲ ကောင်လေးသုံးယောက်သာမှုန်တေတေမျက်နှာတွေနဲ့ ထိုင်နေတာကိုတွေ့လိုက်ရတယ်။မြန်လိုက်တဲ့မိန်းမတွေ။ ကိုယ်ပြောတာတောင် နောက်ကျနေသေးတယ်။ဒီခေတ်ကလေးတွေများ တကယ်မနိုင်ဘူး။မေမိုးစက်တို့လို့ နှစ်ဆယ်ကျော်အစိတ်ပိုင်းအရွယ်တွေမှာ သူတို့လိုနှစ်ဆယ်ကျော်စလေးတွေနဲ့ ပြိုင်လဲမပြောရဲဘူး။ခေတ်မမီတဲ့ အပျိုကြီးမမတွေ ပစိပစပ်များတယ်ဆိုပြီး အပြောခံရမှာလေ။ မေမိုးစက်အဖြစ်က ကလေးမလေးတွေနဲ့ မြ ယွန်မီရဲ့ကြားမှာ အဆင်ပြေအောင်လိုက်ညှိနေရတာ။ကောင်မလေးတွေရှေ့ကျတော့ မေမိုးစက်လဲ ကောင်မလေးတွေနဲ့အတူ လိုက်ကဲရတာပေါ့။မြယွန်းမီ ရှေ့ကျတော့လဲ သူမအကြိုက်လိုက်နေရတာပေါ့။တွေးကြည့်ရင် မေမိုးစက်အဖြစ်က သိပ်တော့မလွယ်လှဘူး။ " ခေါင်းတွေတောင်မူးလာပြီး တို့ပြန်နှင့်လိုက်မယ် " မြယွန်းမီက ပုံကြမ်း စာရွက်တွေ ထည့်ထားတဲ့ဖိုင်ကို ကောက်ယူရင်း မတ်တတ်ထရပ်လိုက်တယ်။ "အယ် ....နေအုံးလေယွန်းရဲ့...မိုးစက်လဲလိုက်မှာပေါ့ .. ခဏလေးပဲ စောင့် ဒီမှာရှင်းပေးခဲ့လိုက်အုံးမယ် " မေမိုးစက်က မြယွန်းမီကို တားလိုက်ရင်း ငွေရှင်းဖို့လုပ်နေချိန်မှာပဲ ပြယွန်းမီထထွက်လာခဲ့လိုက်တယ် ။မထွက်လို့လဲမဖြစ်တော့ဘူး။ ဆိုင်ထဲမှာလူကများသထက်များလာနေပြီလေ။ ကောင်မလေးတွေကြားကနေ မြယွန်းမီတိုးထွက်လာခဲ့ရင်း ရုတ်တရက်ဆိုသလိုပဲ အရှိန်နဲ့ဝင် ရောက်လာတဲ့ ကောင်မလေးတစ်ယောက်နဲ့ ၀င်တိုက်မိသွားတယ်။တိုက်တာကအရှိန်ပါတာ့ မြယွန်းမီမှာ ဟပ်ထိုးလဲမလိုဖြစ်သွားရပြီး လက်ထဲကဖိုင်တွဲကလျောခနဲလွင့်ထွက်သွားတယ်။လွင့်ထွက်သွားတာမှ ဖိုင်တွဲထဲမှာညှပ်ထားတဲ့စာရွက်တွေက တစ်နေရာ။ ဖိုင်တွဲကတစ်နေရာစီကိုကျသွားခဲ့တာ။လွင့်ကျသွားတဲ့ စာရွက်တွေကို မြယွန်းမီအသည်းအသန်လိုက်ကောက်ရင်း လူအုပ်ကြားထဲကိုရောက်မှန်းမသိရောက်လာခဲ့တယ်။ "နည်းနည်းလောက်ဖယ်ပေးကြပါအုံး ." "ဘာလဲ ..ဘာဖြစ်တာလဲ "

#ရူးနေတဲ့ကြယ် (အခန်းဆက်ဝတ္ထု ) အပိုင်း (၁) ******* (နိဒါန်း ) မင်းဘက်ကလက်သီးဆုပ်ထားသ၍ တခြားသူရဲ့နွေးထွေးတဲ့လက်တစ်စုံအကြောင်းကို သိရမှာမဟုတ်ဘူး .....။ ~~~~~ " တို့ကပင်မှည့်တစ်ခွက်ပဲ " လက်ထဲကပုံကြမ်းကိုအပြီးသတ်ဆွဲနေတာမို့ မြယွန်းမီ ခေါင်းကို မော့မကြည့်အားဘဲ သောက်ချင်တာကိုမှာလိုက်တယ်။ "ယွန်းရယ် ကိတ်လေးဘာလေးလဲစားပါအုံးဟဲ့ ..အလုပ်လုပ်နေရင်း အားပြတ်နေပါအုံးမယ် " မေမိုးစက်က ထပြောလိုက်ပေမဲ့မြယွန်းမီခေါင်းကိုခါလိုက်ပြီး "မစားတော့ပါဘူး ...တို့ကဘာပဲစားစား ထမင်းမစားရရင်မနေနိုင်လို့တော်ရုံဆိုမုန့်တွေဘာတွေမစားတတ်တာကို မိုးစက်လဲသိသားနဲ့ ... " " အဲ့ဒါပြောတာပေါ့ ထမင်းကိုသိပ်မချစ်ပါနဲ့ဆို... ဒီလိုဆိုင်မျိုး အထိလာပြီး ကိတ်လေးလောက်တော့စားမှတန်မှာပေါ့...နင်ဘာစားစားသူဌေးက အကုန်စုရှင်းမှာပဲဟာ '' မေမိုးစက်က အခြားသူတွေမကြားအောင် မြယွန်းမီအနားကိုကပ်ပြီး အဘွားအိုလေးလိုပွစီပွစိပြောလိုက်တယ်။မေမိုးစက်ရဲ့ အမူအရာကိုကြည့်ပြီး မြယွန်းမီက ပခုံးကိုတွန့်ပြလိုက်တယ်။ မြယွန်းမီဆိုတာက ဒီလိုပါပဲ။လုပ်ချင်တာကို ဘယ်သူ့ကိုမှဂရုစိုက်မနေဘဲ လုပ်တတ်တဲ့သူမျိုး။ဒါပေမဲ့ မြယွန်းမီးမှာခံယူချက်တစ်ခုတော့ရှိတယ်။လူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ်ဆိုပေမဲ့ ကိုယ့်ရဲ့လွတ်လပ်ခွင့်က တခြားသူကို အနှောက်အယှက်ဖြစ်စေတာမျိုးကိုတော့ လက်မခံ တက်ဘူး။မြယွန်းမီဂျစ်ကျတယ်ဆိုတာက ရန်ကုန်မြို့ရဲ့အကောင်းဆုံးစားသောက်ဆိုင်ကြီးမှာ ရောက်နေရင်တောင် သူမစိတ်မပါရင်ရေသန့်တစ်ဘူးပဲသောက်တတ်တဲ့သူမျိုး။အခုလဲ ရွှေလိပ်ပြာလိုမျိုးနာမည်ကြီးကော်ဖီဆိုင်ကိုရောက်နေတာကို လမ်းဘေးအအေးဆိုင်မှာ မှာသောက်သလိုပဲမှာနေတာ။ရွှေလိပ်ပြာဆိုင်ဆိုတာက ကော်ဖီ၊အအေးနဲ့ကိတ်မျိုးစုံရတဲ့ဆိုင်။ဒီဆိုင်မှာလူငယ်လူရွယ်တွေနဲ့ ဆယ်ကျော်သက်လေးတွေပဲ အများဆုံးလာတတ်ကြတာမို့ လူငယ်ကြိုက်အစားအစာမျိုးစုံရတယ်။ ဒါကိုဒီထဲကမှ မြယွန်းမီက ဘာကိုမှ စိတ်ကြိုက်မတွေ့ဘူးဖြစ်နေတာ။ ဟုတ်တယ် မြယွန်းမီက အစားအသောက်ဆိုရင် ထမင်းနဲ့ ဟင်းလောက်ပဲကြိုက်တတ်။ ဒီလို အကြိုက်ကလဲ ရှင်သန်နေထိုင်ခဲ့ရတဲ့ ဘဝနဲ့လဲအနည်းငယ်ဆိုင်မယ်ထင်ပါတယ်။မြယွန်းမီ လူရယ်လို့သိတတ်စကတည်းက ဖခင်ဖြစ်သူကလောကကြီးထဲမှာမရှိတော့ဘဲ မိခင်ဖြစ်သူကပဲ မြယွန်းမီတို့ မောင်နှမကို ရှာဖွေကျွေးမွေးခဲ့တာ။ မိန်းမသားဖြစ်တဲ့မိခင်ရဲ့ လုပ်အားနဲ့ပဲနေထိုင်စားသောက်ခဲ့ရတော့ မြယွန်းမီတို့ဘဝကဆင်းဆင်းရဲရဲကြီးမဟုတ်ပေမဲ့ ဘယ်အရာကိုမဆို မြယွန်းမီတို့မှာ အတိုင်းအတာနဲ့ စည်းကမ်းနဲ့ပဲ သုံးစွဲနေထိုင်ခဲ့ရတယ်။ လိုအပ်ရင်သုံး မလိုအပ်ရင်မဖြုန်းနဲ့ဆိုတဲ့ မိခင်ဖြစ်သူရဲ့ စည်းကမ်းတွေအောက်မှာကြီးပြင်းခဲ့ရသူပီပီ မြယွန်းမီပုံစံက သက်တူရွယ်တူတွေကြားမှာ ပုံစံမတူဘဲကွဲပြားနေခဲ့တယ်။ အထူးသဖြင့်မြယွန်းမီက ခင်မင်ခင်တွယ်တာတတ်တဲ့စိတ်သိပ်မရှိဘူး။ လုပ်ဖော်ကိုင်ဖက်တွေနဲ့လဲ ခေါ် ခေါ် ပြောပြောပဲရှိတာ။အရောင်တဝင်ပြောဟယ်ဆိုဟယ်နဲ့ ရင်းရင်းနှီးနှီးနေလေ့မရှိဘူး။မေးရင်ဖြေတယ်။ ခေါ်ရင်ထူးတယ်။ သူ့မမှာအာလပသလ္လာပပြောတတ်တဲ့အကျင့်မရှိဘူး။ မညှာမတာပြောရရင် မြယွန်းမီက လူမှုရေးမသိတတ်သူပေါ့။ဒီနေ့ခေတ်စကားနဲ့ပြောရရင် ခပ်ချေချေနေသူတစ်ယောက်ပေါ့။တကယ်တမ်းကျတော့ မြယွန်းမီက မာနကြီးတတ်သူတစ်ယောက်မဟုတ်ဘဲ လူတွေရဲ့အတွင်းစိတ်တွေကိုကြောက်ပြီးရှောင်နေသူသာဖြစ်တယ်။ ဒါပေမဲ့ သူမကိုဘယ်သူတွေကဘယ်လိုထင်ထင် မြယွန်းမီက ဂရုတစိုက်နဲ့လိုက်ရှင်းပြနေတတ်တဲ့သူတော့ မဟုတ်ဘူး။ လုပ်ဖော်ကိုင်ဖက်တွေက သူမကို ခေါ်ချင်ခေါ် မခေါ်ချင်နေ ဂရုစိုက်နေတာမျိုးလဲမရှိဘူး။တစ်ဖက်လူက ခေါ်ခေါ် မခေါ်ခေါ် အလုပ်နဲ့ ပတ်သက်ပြီး ပြောစရာခိုင်းစရာရှိရင်တော့ ပြောပစ်ခိုင်းပစ်တတ်တယ်။ဒါကြောင့်လဲ ကျောင်းတက်ခဲ့တုန်းကရော၊အခုအလုပ်ထဲမှာရော မြယွန်းမီမှာအပေါင်းအသင်းသူငယ်ချင်းရယ်လို့ မရှိဘူး။ ဒီထဲမှာမှထူးထူးခြားခြားလို့ပဲပြောရမလား မေမိုးစက်ကတော့ မြယွန်းမီ ကိုတွေ့တွေ့ချင်းမှာကတည်းက ခင်မင်သွားခဲ့တာ။မေမိုးစက်က မြယွန်းမီထက် အသက်ခြောက်လကျော်လောက်ကြီးတယ်။သူတို့နှစ်ယောက်က ပုံစံချင်းအဆင်အပြင်ချင်းကလည်းတစ်ခြားစီရယ်။မြ ယွန်းမီကရှပ်နဲ့ ဘောင်းဘီရှည်အမြဲဝတ်ပြီး အလုပ်မှအလုပ်ဖြစ်နေသူ။လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေတတ်ပြီး ဘေးမှာရှိတဲ့သူတွေကို ဂရုမစိုက်တတ်တဲ့သူ။မေမိုးစက်ကျပြန်တော့ မြယွန်းမီနဲ့ လုံး၀ကြီးဆန့်ကျင်ဘက်ဖြစ်နေသူလို့ပြောရမှာပဲ။လူပုံက မိန်းမဆန်ဆန်။စကားပြောလိုက်တာမှလဲ တခြားသူနဲ့စကားမပြောရရင် တစ်ယောက်တည်းသီချင်းညည်းနေတတ်တဲ့သူမျိုး။ပေါင်းသင်းဆက်ဆံရေးမှာလဲ ကုမ္ပဏီသူဌေးကအစ သန့်ရှင်းသမားအထိမသိတဲ့သူမရှိဘူး။တစ်ယောက်ယောက်ကို ကူညီပေးဖို့လဲအမြဲအဆင်သင့်ရှိနေတတ်သူမျိုးပေါ့။ ဒီလိုအကျင့်စရိုက်ရှိတဲ့ သူမတို့နှစ်ယောက် သူငယ်ချင်းတွေဖြစ်သွားရတဲ့ အကြောင်းအရင်းက မေမိုးစက်ကြောင့်ပဲဆိုတာတော့ ခန့်မှန်းမိမယ်ထင်ပါရဲ့။ လွန်ခဲ့တဲ့ (၂)နှစ်က လက်ရှိကုမ္မဏီမှာပဲစတွေ့ခဲ့ကြပြီး အေးတိအေးစက်နိုင်လှတဲ့မြယွန်းမီကို မေမိုးစက်ကခင်မင်သွားပြီးတစ်ဖက်သက်သူငယ်ချင်းအဖြစ်အတင်းလိုက်မိတ်ဆက်ခဲ့တာပဲပြောရမလား။ မြယွန်းမီက

" ငွေ .. ငွေတွေပါလားကွယ် ... " အဘွားအိုက ငွေထုတ်ကိုကြည်လျက် အသံတုန်တုန်ဖြင့် ပြောလေသည်။ "ဟုတ်ပါတယ် အဘွား ..မေရီက အဘွားတို့အတွက် စုပေးထားတဲ့ငွေတွေပါ ... ယူထားလိုက်ပါနော် " ~~~~~ ကျောပိုးအိတ်အဟောင်းလေးကို လွယ်လျက် လမ်းမကြီးအတိုင်း ဘူတာရုံဘက်သို့ ဘီနာထွက်လာခဲ့သည်။အတန်ကြာလျှောက်လာမိသောအခါ ဘူတာရုံသို့သွားသော ဖြတ်လမ်းကို တွေ့လိုက်ရလေသည်။ဘီနာက ထိုလမ်းဟောင်းလေးထဲသို့ ချို့ကွေ့ဝင်လိုက်လေသည်။ @@@@@@@@@@@@@@@@@@@@@ ပြီးပါပြီ ဧကြည်ဖြူ (အစမှအဆုံး ဖတ်ရှူပေးကြတဲ့အတွက် ကျေးဇူးတင်လျက်ပါ ) KPay 09773745413 lai lai win Wave 09773745413 lae lae win

မက်ဂန်းတို့အုပ်စုသည် သွေးရူးသွေးတန်းဖြင့် အော်ဟစ် ပြေးလွှား လျက်ရှိစဉ်မှာပင် မီးများသည် ပို၍ပြင်းထန်စွာ လောင်ကျွမ်းလာလေတော့သည်။ "ဟဲ့ကောင်ကြီး ...လူသတ်သမားကြီး မက်ဂန်း ... ရှင်တို့သူဌေးကို သွားကယ်ကြလေ ... ဘာလုပ်နေကြတာလဲ ....အခုလောက်ဆို ရှင်တို့ သူဋ္ဌေးရဲ့ ခန္ဓာကိုယ်တစ်ခုလုံး မီးကင်းပြီးသားဖြစ်သွားလောက်ပြီ သိရဲ့လား ... မီးကင်ထားတဲ့အသားနဲ့ အရက်နဲ့ မြည်းကြလေ ... မကောင်းဘူးလား .." " ဟင် ... မေရီ ... မင်း ....မင်းက မီးတွေ လိုက်ရှို့နေတာလား ... မင်းတို့ ဘာလုပ်နေကြတာလဲ အဲ့ဒီအရူးမကို ဖမ်းကြစမ်း " မက်ဂန်းသည် ဒေါသတကြီးဖြင့် အော်ဟစ်လျက် မေရီကိုဖမ်းခိုင်းလေသည်။ "သူ့ကို ထားလိုက်တော့ ဆရာ ... ပြေးဖို့ အချိန်မရှိတော့ဘူး ... လှေကားလဲ မီးစွဲသွားပြီး ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ " " ဟား ဟား ဟား ..လာဖမ်းကြလေ ဘာလုပ်နေကြတာလဲ ..ရှင်တို့တွေ ကျွန်မတို့ကို သက်ဖို့ တိုင်ပင် နေကြတာမဟုတ်လား လူသတ် သမားတွေရဲ့ ... ကျွန်မက ရှင်တို့ ကို ဘာများ လုပ်မိလို့လဲ ... ကျွန်မ မောင်လေးကို ဆေးကုပေးချိန်လွန်း ကျွန်မသိတာလေးကို ပြောမိတာလေ... အဲ့ဒီအတွက် ဆုလာဘ်က သေဒဏ်တဲ့လား ..အီး ဟီးဟီး .....ဟား...ဟား ခုတော့ အားလုံးတူတူသေကြမယ်လေ... ပျော်စရာမကောင်းဘူးလား ..." မေရီသည် အရှိန်အဟုန်ဖြင့် တောက်လောင်နေသော မီးတောက်များကြားတွင် စိတ်လွတ်သွားပြီးနောက် ငိုလိုက်ရယ်လိုက်ဖြင့် မီးတောက်လောင်နေသော သစ်ချောင်းများကို ဆွဲကိုင်လျက် မက်ဂန်းတို့လူစု နောက်သို့ လျှောက်လိုက်နေလေသည်။အဆုံးတွင် မေရီ၏ ခန္ဓာကိုယ်တစ်ခုလုံးမီးစွဲလောင်ပြီးလျှင် သွေးရူးသွေးတန်း ပြေးလွှားနေရာမှ ပြိုလဲကျသွားလေတော့သည်၊၊ မက်ဂန်းတို့လူစုသည်လည်း သွေးရူးသွေးတန်းဖြင့် ပြေးလွှားနေကြပြီးလျှင် ပြတင်းမှတဆင့် အောက်သို့ခုန်ချဝံ့သူများလည်း ခုန်ချကြလေသည်။သို့ရာတွင် အောက်ထပ်၌လည်း မီးများလောင်ကျွမ်းလျက်ရှိသောကြောင့် ပြတင်းမှ ခုန်ချသွားသူများသည်လည်း အသက်ရှင်ရန် အခွင့်အရေးနည်းပါးလှလေသည်။ မလ်ဂန်းသည် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြေးလွှားနေရာမှ အခန်း၀နားတွင် တစ်ကိုယ်လုံး မီးလောင်ကျွမ်းလျက်လဲကျနေသော သူဌေးမင်း၏ ခန္ဓာကိုယ်ကြီးကို ကြည့်ကာ သွေးရူးသွေးတန်းဖြင့် မီးဟုန်းဟုန်းတောက်လောင်လျက်ရှိသော လှေကားဆီသို့ပြေဆင်းသွားလေရာ အဆီများဖြင့် ပြည့်နေသော မက်ဂန်း၏ ခန္ဓာကိုယ်ကြီးသည် မီးထဲသို့ ဝုန်းခနဲ ပြိုလဲကျသွားလေတော့သည်။ ~~~~~~ "မီးတွေ ...လောင်နေတယ် ... ပြေးကြလေ ..ဘာလုပ်နေကြတာလဲ ...တော်ကြာ အလုပ်ရုံတွေကိုပါ မီးစွဲပြီးအကုန်ပေါက်ကွဲကုန်တော့မှာ ...." ဘီနာသည် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။အားလုံး ရုတ်ရုတ်သဲသဲဖြင့် အလုအယက်ပြေးလွှားကြလေတော့သည်။ ဘီနာသည် တိုက်ကြီးဆီမှလွင့်စင်ကျလာသော မီးစွဲလောင်နေသည့် သစ်ချောင်းများကို ကောက်ယူလျက် အလုပ်ရုံများဆီသို့ ပစ်ထည့်သည်။ အားလုံးသည် မီးဟုန်းဟုန်း တောက်လောင်နေသော တိုက်ကြီးနှင့် မီးများစွဲလောင်နေသော စက်ရုံများကို မီးငြိမ်းရန်မကြိုးစားကြဘဲ ကိုယ်စီကိုယ်စီ အသက်ရှင်သန်ရေးအတွက် လွတ်ရာသို့ ထွက်ပြေးကြလေသည်။ ~~~~~~~ နှင်းကွဲစပြုနေသော နေခြည်နုနု နံနက်ခင်း အောက်တွင် စက်ရုံဝန်းကြီးတစ်ခုလုံးသည် မီးခိုးငွေ့များပင် တလူလူ ထွက်လျက်ရှိသေးလေသည်။ "သူဌေးနဲ့ သူ့တပည့်တွေအကုန် မီးထဲပါသွားတာတဲ့လေ ... " "ဟုတ်တယ်လေ ...အားလုံးလိုလို သေကုန်ကြတာလေ ... တောထဲက တိုက်ပျက်ကြီးမှာ အစောင့်ချထားတဲ့ လူမိုက် တချို့ပဲ ကျန်တာလေ ... ဒါပေမဲ့ အဲ့ဒီကောင်တွေလဲ ... အကုန်ထောင်ကျမှာပဲ ..." "ဟုတ်တယ် .... တောထဲက တိုက်ပျက်ကြီးထဲမှာ လူတွေကို ဖမ်းထားတဲ့လေ.... ဒါနဲ့ မေရီ ဆိုတဲ့ ကောင်မလေးကို သိတယ် မဟုတ်လား ...သူလဲမီးထဲပါသွားတာတဲ့ ... သူ့အဘွားနဲ့ သူ့မောင်လေးတော့ သနားစရာပဲ " "ဒါနဲ့ ... အသတ်ခံထားရဲတဲ့ အလောင်းတွေလဲ တွေ့တယ်တဲ့... " "ဘာပဲဖြစ်ဖြစ် မီးကိုပဲ ကျေးဇူးတင်ရမှာပဲ ... မဟုတ်ရင် သူဋ္ဌေးနဲ့ သူတပည့်တွေ ငါ့တို့မြို့သူမြို့သားတွေကို အနိုင်ကျင့်နေတာကြာပြီလေ ...." မြို့သူမြို့သားများ၏ တစ်ယောက်တစ်ပေါက် အသံများသည် ပျံ့လွင့်လျက်ရှိပေသည်။ ဘီနာသည် မီးခိုးများ တလူလူ ထွက်နေဆဲဖြစ်သော မီးလောင်ပြင်ကို ငေးမောကြည့်နေမိစဉ်မှာပင် ပြိုကျပျက်စီးနေသော တိုက်ပျက်ကြီးပေါ်မှ လက်ပြနေသော မိန်းခလေးတစ်ယောက်၏ သဏ္ဍာန်ကို ခပ်ဝါးဝါး မြင်တွေ့လိုက်ရလေသည်။ ~~~~~~~ မြေအရောင်းအဝယ်စာချုပ်တွင် လက်ဗွေနှိပ်ပေးလိုက်ပြီးနောက် ဘီနာငွေထုတ်ကိုလှမ်း၍ယူလိုက်လေသည်၊၊ရက်တစ်ရာအတွင်းမှာပင် ဘီနာတို့၏ ဘိုးဘွားပိုင်မြေကို လက်ဝယ်ပြန်လည်ရရှိခဲ့ပြီးသည့်နောက်တွင် တန်ရာတန်ကြေးပေးဝယ်သူ၏ လက်သို့ ရောင်းချလိုက်ခြင်းဖြစ်လေသည်။ မြေရောင်းရသည့် ငွေများကို တဝက်စီခွဲ၍ သိမ်းလိုက်ပြီးနောက် မြို့သို့ ပြန်ရန်အတွက် ဘီနာပြင်ဆင်လိုက်သည်။ ~~~~~ ငွေများထည့်ထားသော အိတ်လေးကို အဘွားအိုလက်ထဲ သို့ ဘီနာထည့်ပေးလိုက်သည်။

ဧကြည်ဖြူ "ဘီနာ '' ဇာတ်သိမ်းပိုင်း ****** "ဝုန်း " "ဟေ့ ...ဘာဖြစ်တာလဲ " ဘီနာ့အခန်းထဲမှ ဝုန်းခနဲအသံကြောင့် အစောင့်သည် အခန်းဝမှ လှမ်း၍မေးလေသည်။ ဘီနာသည် အသံကို မထွက်စေဘဲ ငြိမ်၍နေလိုက်သည်။ထိုအခါ အစောင့်သည် လက်တစ်ဖက်မှ ဓါတ်မီးကိုထိုးလျက် တစ်ဖက်မှ သံတုတ်ကိုကိုင်ကာ အခန်းထဲသို့၀င်လာလေသည်။ဘီနာသည် ကြမ်းပြင်ပေါ်တွင် တုတ်တုတ်မျှမလှုပ်ဘဲ ငြိမ်နေလိုက်သည်။ "ဟေ့ကောင်း ... ဟေ့ကောင် ထစမ်း ဘာဖြစ်တာလဲ ... သေနေပြီလား ..ဒုက္ခပဲ ...သူဌေးလာရင် ပြဿနာတော့ တက်တော့မှာပဲ " အစောင့်သည် ညည်းညည်းညူညူနှင့် ပြောလိုက်ပြီးလျှင် ခါးကိုကိုင်းကာဘီနာ၏ နှာခေါင်းဝသို့ လက်ဖြင့် တေ့ကြည့်လိုက်လေသည်။ ဘီနာက အခွင့်အရေးကို လက်လွှတ်မခံဘဲ အစောင့်၏ လက်ထဲမှ သံကို ဆွဲလုယူလိုက်ပြီးလျှင် အစောင့်ဖြစ်သူကို နှစ်ချက်ဆင့်၍ရိုက်ချပစ်လိုက်သည်။ အစောင့်ထံမှ ညည်းညူသံတစ်ချက်သာထွက်လာပြီး ငြိမ်သက်သွားလေသည်။ဘီနာသည် သံတုတ်နှင့် ဓါတ်မီးကို ကိုင်ဆွဲလျက် ဒယိမ်းဒယိုင်ဖြင့် အပြင်သို့ထွက်လာခဲ့လေသည်။ မည်းမှောင်းနေသော မြေအောက်ထပ်တွင် အခန်းများစွာ ရှိနေသည်။သို့သော်လည်း အခန်းများအားလုံးသည် မှောင်အတိကျလျက် တိတ်ဆိတ်ငြိမ်သက်လွန်းနေသည် ။ မတရားဖမ်းဆီးခံထားရသူများသည် အသတ်ခံလိုက်ကြရပြီလား ။ မဟုတ်လျှင် တောထဲရှိ လူသတ်ကုန်း သဖွယ်အိမ်အိုဟောင်းကြီးတွင်ပင် ရှိနေကြလေသည်လား။တစ်ခန်းပြီးတစ်ခန်း ဘီနာလိုက်၍ ဖွင့်ကြည့်သည်။ ~~~~~~~ "အင်း ... အင်း...ဟင်း ... ဟင်း ... ကယ် ..ကယ်ကြပါအုံး ... ကျွန်မပြေးလေးကို ကယ်ပေးကြပါရှင် " အခန်းတစ်ခန်းဆီမှ ညည်းညူသံကြောင့် ဘီနာအပြေးသွားပြီး ကြည့်လိုက်ဘေအခါ သော့ခတ်ထားသော အခန်းထဲမှ ညည်းညူသံများကို ကြားလိုက်ရလေသည်။လက်ထဲမှ သံတုတ်ဖြင့်သော့ကို သုံးလေးချက်ရိုက်၍ ဖွင့်လိုက်သောအခါ သော့မှာပြုတ်ထွက်သွားလေသည်။ ထိုအခါ အခန်းထဲတွင် အဘွားအိုတစ်ယောက်နှင့် ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသောကြောင့် မေရီ၏အဘွားနှင့် မောင်ပင်ဖြစ်လိမ့်မည်ဟု ဘီနာတွက်ဆလိုက်မိလေသည်။မေရီက သည်အကြောင်းများကို အားလုံးသိသွားသောကြောင့် ဘီနာရှိရာ အချုပ်ခန်းဆီသို့ အရောက်လာခဲ့ပြီးလျှင် ဓါးမြှောင်နှင့် မီးခြစ်ကို ပေးခဲ့ခြင်းဖြစ်ပေလိမ်မည်။ "အဘွား ...အဘွားလမ်းလျှောက်နိုင်လား ...ကောင်လေးရော လမ်းလျှောက်နိုင်လား " မြေအဘွားနှစ်ယောက်ကို ဘီနာ့က အသံခပ်တိုးတိုးဖြင့် မေးလိုက်သည်။ " လျှောက်...လျှောက်နိုင်ပါတယ်ကွယ် ..." ဘီနာတို့သုံးယောက်သားလှေကားရှိရာဆီသို့မှန်းဆ၍ လျှောက်လာခဲ့သည်။ဘီနာသည် သွားနေရင်းမှ ခန္ဓာကိုယ်ပေါ်ရှိ အင်္ကျီစကို ဆုတ်ဖြဲလိုက်ပြီးလျှင် မီးရှို့၍ စတိုခန်းကဲ့သို့ ရှုပ်ပွနေသော အခန်းထဲရှိပစ္စည်းများကို မီးရှို့လိုက်လေသည်။ "ဟဲ့ ...ဟဲ့ ...ဘာလို့ မီးရှို့ရတာလဲကွယ် " အဘွားအိုကြီးသည် ဘီနာ၏ အပြုအမူကြောင့် အထိတ်တလန့်ဖြင့် မေးလေသည်။ "သွား ... သွား အဘွား ..မြန်မြန်သွား .... " ~~~~~ မေရီသည် မီးအိမ်ထွန်းညှိရန်ထားသော ရေနံဆီများကို့ တစ်ခန်းလုံးသို့ လိုက်ဖြန်းလိုက်ပြီးလျှင် မီးလင်းဖိုရှိ ကြိုတင်ပြင်ဆင်ထားသော ထင်းမီးတစ်ချောင်းကို ယူပြီးလျှင် မီးလောင်လွယ်သော ခန်းဆီးစများကို စ၍ရှို့လိုက်သည်။မီးသည် ဟုန်းခနဲထ၍ တောက်လောင်လေသည်၊၊ မီးတောက် အားကြီးလာသည်နှင့် မေရီသည် မီးတုတ်နှင့်ရေနံဆီဘူးကိုကိုင်ကာ အခန်းထဲမှလျင်မြန်စွာ ထွက်ခဲ့လေသည်။ အခန်းထဲရှိ ခုတင်ထက်တွင် သူဌေးမင်းသည် အရက်သေစာ သောက်စားထားပြီးလျှင်စည်းစိမ်ယစ်လျက် လောကကြီးကို မေ့လျော့လျက်ရှိလေသည်။မေရီသည် အခန်းပြင်သို့ရောက်လျှင် တံခါးကို အပြင်မှ သော့ပိတ်လိုက် ကြိုတင်ကြံစည်ထားခဲ့သည့်အတိုင်း အောက်ထပ် လှေကားထိပ်မှစ၍ ဘူးထဲရှိ ရေနံဆီများကို လောင်း၍ မီးရှို့ပစ်စ်လိုက်သည် ။ အကယ်၍ လှေကားထိပ်ကို အရင်မရှို့ဘဲ မေရီ ထွက်ပြေးလျှင် လွတ်ကောင်းလွတ်နိုင်မည်မှန်း မေရီသိပါသည်။ထို့အတူ မေရီတို့ကို သတ်ရန်အတွက် အပေါ်ထပ်ရှိအခန်းတစ်ခန်းထဲတွင် စုရုံးလျက် စောင့်နေကြသော မက်ဂန်းတို့အုပ်စုသည်လည်း လွတ်မြောက်သွားနိုင်သည်မဟုတ်ပါလား ။မေရီသည် အံကိုတင်းတင်းကြိတ်လျက် ရေနီဆီဘူးကို မကိုင်လျက် အပေါ်ထပ်အနှံ့လိုက်၍ဖြန်းပက်လိုက်ပြီး မီးတုတ်နှင့် မီးများကိုလောင်ကျွမ်းစေလေသည်။ ~~~~ "ဖျစ် ....ဖျစ် ..ဖျစ် " " ဖောင်း ... ဖောင်း " "ဝုန်း ...ဝုန်း " "ဟာ... ဘာသံတွေလဲ ... ညှော်နံတွေလဲ ရနေတယ် ...ဘာဖြစ်တာလဲ ထွက်ကြည့်ကြစမ်း ." မက်ဂန်းတို့လူမိုက်အုပ်စုသည် လူသတ်ရန်အတွက် သူဋ္ဌေးမင်း ပျော်ပါးပြီးသည့်အချိန်ထိစောင့်ဆိုင်နေစဉ်မှာပင် ဆူဆူညံညံအသံများနှင့် ညှော်နံ့များကြောင့် ဝရုန်းသုန်းကားဖြင့် အခန်းပြင်သို့ ထွက်၍ကြည့်ကြလေသည်။ "ဟာ ... မီး ...မီး ...မီးတွေလောင်နေတယ် ဆရာမက်ဂန်း .." " ဘာ...မီးလောင်နေတယ်ဟုတ်လား " "ဟုတ်တယ် ဆရာ ... သူဌေး အခန်းမှာ တော်တော်လောင်နေတယ် ..." " ဟာ ...အောက်ထပ်က ကောင်တွေ ဘာလုပ်နေလဲ ...မီးလောင်နေတာ မသိကြဘူးလား " "ဝုန်း ...ဒုန်း "

ကျွတ် သနားလိုက်တာ " " ကဲ သွားရအောင် မေရီ ...တော်ကြာ သူဋ္ဌေးရောက်လာရင် ပြဿနာတွေတက်ကုန်မယ် '' "ဟုတ်ကဲ့ ...လာပါပြီ အစ်ကိုကြီး " ~~~~~ မေရီသည် သူမ၏ မျက်နှာကို ခပ်မြန်မြန်ချယ်သလိုက်ပြီးလျှင် အခန်းထဲတွင် ပြင်ဆင်သင့်သည်များကို ပြင်ဆင်ထားလိုက်သည် ပါးလွှာသော ဇာခန်းဆီးများ အိပ်ရာခင်းများနှင့် စောင်များ၊ ပြီးလျှင် ကြက်မွှေး၊ ငှက်မွှေးများအပြည့်ထည့်ထားသော ခေါင်းအုံးကြီးများနှင့် အခန်းထောင်ရှိ မီးလင်းဖိုသည်လည်း အရှိန်တလူလူဖြင့် တောက်လောင်လျက်ရှိလေသည်။မေရီ၏သည် နာနာကြည်းကြည်းဖြင့် နှုတ်ခမ်းကိုပေါက်ထွက် လုမတတ်သွားဖြင့်ဖိ၍ ကိုက်လိုက်သည် ။ယနေ့ မှောင်စပျိုးချိန်တွင် အဘွားဖြစ်သူနှင့်မောင်ဖြစ်သူကို မက်ဂန်း၏ တပည့်များ ဖမ်းခေါ်လာကြသည်ကို မေရီသိနေသည်။မေရီတို့ မြေးအဘွားသုံးယောက်လုံး အလွန်းဆုံး အသက်ရှင်နိုင်မှ တစ်ရက်သာဖြစ်သည်။မေရီကို သတ်ဖို့ရန်အတွက် အားလုံး စီစဉ်ထားသည်ကို မေရီ သိနေသည်။သို့သော်လည်း မေရီသည် ကြောက်ရွံ့မှုများကို မျိုသိပ်လျက် ဘာကိုမျှမသိသော သိုးငယ်လေးကဲ့သို့ ပြုံးပျော်ရွှင်ဟန်ဆောင်၍နေလိုက်သည်။မေရီ၏ ဟန်ဆောင်မှုများသည် ပိရိ လွန်းလှသောကြောင့် တိုက်ကြီး၏အပေါ်ထပ်တစ်ထပ်လုံးကို မေရီ စိတ်တိုင်းကျသွားလာနေထိုင်ခွင့်ရခဲ့သည်လေ။ ဒါသည် မသေခင် ပျော်ပျော်နေဆိုသော သဘောမျိုးဖြင့် ပေးထားသော အခွင့်အရေး ဖြစ်သည်ကိုလည်း မေရီကောင်းကောင်း သိလေသည်။သတ်ခါးနီး သားကောင်ကို ဆော့ကစားချင်သေးသော တိရစ္ဆာန်လောက်တောင် သနားကြင်နာစိတ်မရှိသည့်ကမ်းကုန်အောင် မိုက်သည့် လူယုတ်မာ သူဋ္ဌေးကြောင့် မေရီသည် ရတောင့်ရခဲအခွင့်အရေးကို အသုံးချနိုင်ရန် ကြိုးစားရပါလေတော့သည်။ ~~~~~~~~ ဇာတ်သိမ်းပိုင်းဆက်ရန် (ဇာတ်သိမ်းကိုဒီညပဲထပ်တင်မှာပါ) #ဧကြည်ဖြူ

မက်ဂန်း၏စကားကြောင့် မေရီ့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်သွားသော် မေရီသည် ဟန်မပျက်ပြုံလိုက်ပြီး စိတ်ဆိုးနေသော လေသံခပ်မာမာဖြင့် မက်ဂန်းကို ပြန်၍ဖြေလိုက်လေသည်။ "အို .. ဘယ်က မြေအဘွား သုံးယောက်မှာလဲ အစ်ကိုကြီး ....သူ့တို့ မြေးအဘွားနှစ်ယောက်က မေရီ့ကို လူရာမသွင်းဘူးလေ ...အဲ့ဒါကြောင့် အဆက်အသွယ် မလုပ် ... မခေါ်မပြောတာ ကြာလှပေါ့ ... ပြီးတော့ မေရီ.ကံနဲ့ မေရီရတဲ့ငွေကြေးကို ဘယ်သူ့ကိုမှ မပေးနိုင်ဘူး " "ဪ ...မေရိက အဲ့ဒီလိုလား ...အစ်ကိုကြီးက မေရီ့ကို မိသားစုအတွက် ငွေရှာနေတယ်လို့ထင်နေတာ " " အို ...မရှာပါဘူး ... မေရီဘာသာ အဝတ်အစားဖိုးတောင် မလောက်တဲ့ဟာ " မေရီက နှုတ်ခမ်းကို မဲ့၍ ဖြေလိုက်သည်။မက်ဂန်းက မေရီ့မျက်နှာကို တစ်ချက်မျှကြည်ပြီးလျှင် မှာစရာရှိသည်ကို မှာကြားပြီးနောက် အခန်းပြင်သို့ထွက်ရန် ပြင်လိုက်လေသည်။လေသည်။ " အေး ...အေး ... မင်းဒီနေ့ သေချာ အလှပြင်ထားအုံး ... မနက်ဖြန် စက်ရုံကို ဧည့်သည်တွေ လာမှာမို့ သူဋ္ဌေးဒီည ဒီမှာ အိပ်အုံးမှာ ...အဲ့ဒါ မင်းသေချာ ပြုစုပေးလိုက်အုံး " "အို ...အစ်ကိုကြီးက မေရီကို ဘာလို့သူဋ္ဌေးဆီပဲ အတင်းဇွတ်ပို့နေရတာလဲ ...မေရီက အစ်ကိုကြီးကို တွေ့ချင်လို့ ရောက်လာခဲ့တာ သိရံလား ...ဘာလဲ အစ်ကိုကြီး မိန်းမသိသွားမှာကြောက်လို့လားဟင် ... ပြောပါအုံး ... မေရီ သိုသိုသိပ်သိပ်နေတတ်ပါတယ် အစ်ကိုကြီးရဲ့ ...ခစ် ... ခစ် " မေရီသည် ညုတုတုလေသံဖြင့် ပြောလိုက်ရင်းမှ မက်ဂန်း၏ လည်ပင်းဆီသို့ သူမ၏ လက်အစုံဖြင့်သိုင်း၍ဖက်လိုက်လေသည်။မက်ဂန်းသည် တစ်ခဏအတွင်း၌ ငြိမ်သက်၍ သွားပြီးလျှင် မေရီ၏ကိုယ်လုံးလေးကို သူ၏လက်ကြမ်းကြီးများဖြင့် ပြန်၍ ဖက်တွယ်လိုက်လေသည်။မေရီသည် သူမ၏လက်ဖဝါးနုနုလေးများဖြင့် မက်ဂန်း၏ အဆီရစ်နေသော ခန္ဓာကိုယ်အနှံ့သို့ ပွတ်သတ်ကိုင်တွယ်လိုက်ပြီး မက်ဂန်း၏ ဘောင်းဘီအိတ်ထဲမှ ကျောက်မီးခြစ်လေးကို အသာအယာ ထုတ်ယူထားလိုက်လေသည်။ " ဒါနဲ့လေ အစ်ကိုကြီး ... ဘီနာ့ကို ဘာလုပ်မှာလဲဟင် .... မတော် သူ့က မေရီကိုများ ရန်ပြုနေမလားဟင် ...မေရီအရမ်း ကြောက်နေလို့ပါ " "သူ မင်းကို အန္တရာယ်မပြုနိုင်ပါဘူး မေရီလေးရယ် ...အစားငတ် ရေငတ်ထားလိုက်တော့ သူ့ဘာသာ အသက်တောင်ခပ်ယဲ့ယဲ့ပဲကျန်တော့တာ " " အမယ်လေး တော်ပါသေးရဲ့ အစ်ကိုကြီးရယ် ... မေရီဖြင့် သူ့မျက်နှာကို ကြည့်ပြီး လန့်နေတာ ...ဒါနဲ့ သူ့ကို မေရီ ခဏလောက်ကြည့်ချင်တယ် အစ်ကိုကြီး ...သူ့လို သူတောင်းစားသာသာကောင်က မေရီ့ကို ကြိုက်တယ်ဆိုပြီး ပြောဖူးလို့ လက်စာချေချင်လို့ " " ဟုတ်ပါပြီကွာ ...မေရီတွေ့ချင်တယ်ဆိုရင် တွေ့ရမှာပေါ့ ...အခုတော့ သူဋ္ဌေးမလာခင် အစ်ကိုကြီးတို့နှစ်ယောက် ခဏလောက် အနားယူကြရအောင်ကွာ " မက်ဂန်းသည် သွားကြီး ဖြဲလျက် တဟဲဟဲ ရယ်ပြီးလျှင် မေရီ့ ကိုယ်လေးကို ခပ်တင်းတင်းပွေ့ဖက်လိုက်လေသည်။ ~~~~~ "သူ့ကို အစားမကျွေးရ ရေမတိုက်ရဘူးဆို ဆရာ " ဘီနာ့ကို ချုပ်ထားသော အခန်းရှေ့တွင်စောင့်နေသော သူက မက်ဂန်း၏ဘေးတွင် ရပ်နေသော မေရီ့က်ထဲမှ ရေဘူးကိုကြည့်၍ပြောလိုက်လေသည်။ထိုအခါ မေရီသည် ခပ်ဆတ်ဆတ်လေသံဖြင့် " အို ... ဒီရေဘူးက သူ့ကိုတိုက်ဖို့ မဟုတ်ပါဘူး ... သူ့ရှေ့မှာ သောက်ပြချင်လို့ တမင်ယူလာတာ " "ကဲပါကွာ ... မေရီ သူ့ကို လှောင်ချင်တာမဟုတ်လား ....မြန်မြန်ဝင်သွားလိုက် မေရီ ... အစ်ကိုကြီး ဒီမှာတိုင်ပင်စရာလေးရှိလို့ " ~~~~ "ကျွီ " သံတံခါးပွင့်သံနှင့်အတူ သွေးညှီနံ့များက မေရီ့နားခေါင်းဝသို့ လှိုက်ခနဲရောက်လာသည်။ အလင်းရောင် ခပ်မှုန်မှုန်သာ ရှိ ဘော မြေအောက်ခန်းထဲတွင် တံခါးဖွင့်သံကြောင့် ဘီနာ ခေါင်းကို အားယူ၍ ထောင်ကြည့်လိုက်သည်။ "ဘယ်လိုလဲ ...ထင်းသယ်တဲ့ကောင်ရဲ့ ...နင်လိုကောင်ကများ ရာရာစစ ငါ့ကို ကြိုက်သတဲ့လား ... ခုတော့ ဘယ်လိုလဲ ငါ့အကြောင်း သိသွားပြီမဟုတ်ဟင်း ... ဟင်း ... ဟင်း...ဘာလဲ ရေသိပ်သောက်ချင်နေတာပေါ့လေ .. ဟုတ်လား ... နင့်ကို ရေတိုက်မယ့်အစား ဒီတိုင်း သွန်ပစ်လိုက်မှာပေါ့ ဟဲ့ကောင်ရဲ့ ... ဟုတ်တယ်မလား အစ်ကိုကြီး " မေရီက ပြောရင်းမှ မက်ဂန်းကို လှမ်းကြည့်လိုက်ပြီးနောက် ဘီနာ့၏ခေါင်းထက်မှနေ၍ ရေများကို ခပ်ဖြည်းဖြည်းလောင်းချလိုက်လေသည်။ " တောက် ..ခွေးမ ... ထွက်သွားစမ်း ... ခုချက်ချင်းထွက်သွား .. နင့်မျက်နှာကို မမြင်ချင်ဘူး " "သွားမှာပါ ... လူသတ်သမားကောင်လေးရဲ့ ....နင်ဆီကို လာချင်လွန်းလို့ လာတယ်များထင်နေလား ...နင် ဒုက္ခရောက်တာကို ကြည့့်ချင်လွန်းလို့ လာတာ သိရဲ့လား ... ဟင်း ....ဟင်း " မေရီသည် လှောင်ပြောင်သံဖြင့် ပြောပြီးလျှင် ဘီနာ၏ နားသို့ တို့ကပ်လိုက်ပြီး လေသံမျှဖြင့် ပြောလိုက်လေသည်။"နင်လွတ်ခဲ့ရင် ငါ့အဘွားနဲ့ ငါ့မောင်လေးကို ကယ်ပေးပါ ...နင်တို့ ထွက်ပြေးလို့ရအောင် ငါလုပ်ပေးမယ် " ပြောပြီးသည်နှင့် မေရီသည် ဘီနာ့ ကိုယ်ပေါ်မှ အင်္ကျီစုတ်ကြီးက ကိုဆွဲကိုင်လိုက်ပြီးလျှင် "ဘယ်လိုလဲ နင် ရေအရမ်းသောက်ချင်နေတာမဟုတ်လား ... ကြမ်းပြင်ပေါ်က ရေတွေကို လျှာနဲ့လျှက်လေ ... ဪ ...ကြိုးနဲ့တုတ်ခံထားရလို့ သောက်လို့မရဘူးပေါ့လေ ဟုတ်လား ...ကျွတ် ...

ဧကြည်ဖြူ "ဘီနာ " အပိုင်း (၁၀) ****** "ဝုတ် ဝုတ် ဝုတ် " " တွေ့ပြီဟေ့ ...တွေ့ပြီ ...ဟိုကောင်ဒီဘက်မှာ...ဒီဘက်ကိုလာကြ ...." ထွက်ပြေးဖို့ကြံရွယ်သည့် ဘီနာကပဲ နောက်ကျသွားလေသည်လား။သို့မဟုတ်လျှင် ခွေးများကပင် ကံကောင်းနေသည်လား မသိပါချေ။ဘီနာ သစ်ပုံထဲမှထွက်လိုက်သည်နှင့် တစ်ပြိုင်နက် ကျားဟိန်းသံများသဖွယ်စူးရှကျယ်လောင်လှသော ခွေးဟောင်သံများ ထွက်ပေါ်လာပြီးလျှင် ခွေးများနှင့်အတူလူတစ်စုက ဘီနာ့အနားသို့ အပြေးအလွှားရောက်ရှိလာကြလေသည်။ အများနှင့်တစ်ယောက် ကြားတွင် ဘိနာ့အတွက် လွတ်လမ်းမမြင်ပါလေ။ဘီနာ့အတွက် အားမတန်၍မာန်လျှော့လိုက်ရလေသည်။သို့မဟုတ်လျှင်လည်း ထိုးမယ့်ဆင်နောက်သို့ ခြေတစ်လှမ်းဆုတ်ခြင်းသာ ဖြစ်လေသည်။ " ဗုန်း ...ဗုန်း ...ဗုန်း " "ဖြောင်း...ဖြောင်း ..." " ဒုက်..ဒုက် ... ခွပ် ... ခွပ် " အင်အားချင်းလည်းမမျှ။ခနွာကိုယ်ချင်းလည်းမမျှ။ရန်ပြုဟန်လည်းမပြ။ပြေးရန်လည်း ဟန်ပြင်ခြင်းမပြုလုပ်ရပါဘဲနှင့် လူယုတ်မာများသည် ဘီနာ့ကိုဝိုင်း၍ ထိုးကြိတ်ကန်ကျောက်ရိုက်နှက်ကြလေသည်။စစ်စစ် ဘီနာသည် မည်သို့အပြစ်ကိုကျူးလွန်ထားသည်၊ မထားသည်ကို သူတို့စိတ်မ၀င်းစားကြပေ။သူတို့ ခံခဲ့ရသမျှအငုံစိတ်ဖြင့် စိတ်ရိုလက်ရှိ ဝိုင်းဝန်းထိုးကြိတ်နေကြခြင်းဖြစ်လေသည်။ "ဟေ့ ...ဟေ့ ...တော်ကြစမ်း ... ရပ်ကြတော့ ... တော်ကြာ သေသွားအုံးမယ် .. သူဌေးက သူ့ကို ... မေးစရာတွေရှိတယ်တဲ့ သူ့ကိုခေါ်လာခဲ့ကြစမ်း " ~~~~~ " မော်စီကို သတ်တာ ဒီကောင်လား မေရီ ... ဟုတ်လား " မက်ဂန်းက ဘီနာ့ မျက်နှာကို လက်တစ်ဖက်နှင့် ခပ်ကြမ်းကြမ်းဆွဲမော့လိုက်ပြီးလျှင် မေရီ့ကိုမေးလိုက်လေသည်။မေရီသည် သွေးပျက်လုမတတ် ထိတ်လန့ ကြောက်ရွံ့နေသော မျက်နှာဖြင့် မော့၍ကြည့်လာပြီးလျှင် တုန်တုန်ယင်ယင်ဖြင့် ခေါင်းကို ငြိမ့်ပြလေသည်။ ဘီနာက သွေးအလိမ်းလိမ်းကြားမှနေ၍ မေရီ့ကို ပြုံးပြလိုက်ပြီလျှင် ကွဲပြဲနေသော နှုတ်ခမ်းအစုံဖြင့် မေရီကို စကားလှမ်းပြောလိုက်သည်။ " တစ်နေ့မှာ လူတိုင်း သေဆုံးရမှာပဲ မေရီ...ဒါပေမဲ့ သေမှာကိုကြောက်တဲ့စိတ်တွေနဲ့ အခါခါသေဆုံးရင် ရှင်သန်နေရတာမျိုးက လူဖြစ်ရှုံးတယ်လို့ခေါ်တယ် မေရီ ... မင်းသိရဲ့လား " "အောင်မယ် ...မင်းလိုကောင်ကများ ...ဘာစကားကြီးစကားကျယ်တွေပြောနေတာလဲ ... မော်စီကို ဘာလို့ သတ်လိုက်တာလဲ ပြောစမ်း ... မင်းကိုဘယ်သူလွှတ်လိုက်တာလဲ ... ပြောစမ်း မြန်မြန် " ဘီနာ့က အံကိုကြိတ်၍ သူဋ္ဌေး၏မျက်နှာကိုမော့ကြည့်လိုက်ပြီး "သူ့ကို ကျုပ်သတ်တာမဟုတ်ဘူး ...သူက အရင်ရန်လာစလို့ ရှောင်ရင်း တိမ်းရင်းကနေ ဒီအခြေအနေထိဖြစ်သွားရတာ '' " ဖြောင်း ...ဖြောင်း " "မင်းကများ သူဋ္ဌေးကို လေသံမာမာနဲ့ ပြန်ပြောနေရလား ...မင်းဒီကို ဘာအကြံအစည်နဲ့လာခဲ့တာလဲ မှန်မှန်ပြောစမ်း " မက်ဂန်းသည် သူဌေးကို မျက်နှာလိုမျက်နှာရလုပ်ရန်အတွက် ဒဏ်ရာဒဏ်ချက်များစာရရှိထားပြီဖြစ်သော ဘီနာ့ကို ထိုးကြိတ်ကန်ကျောက်ပြန်လေသည်။ အရိုးထိအောင်ပင်နာလှသော နာကျင်မှုများကို ခါးစည်းခံရင်း ဘီနာဘူးကွယ်၍ ငြင်းသည်။ ခန္တာကိုယ်အနှံ့သို့ ကျရောက်လာသော ရိုက်ချက်များကြားတွင် အမှန်တကယ်၌လည်း ဘီနာ့တွင် ဖြေစရာ စကားမရှိပါချေ။ "ရပ်ကြအုံး ... ဘယ်လိုမေးမေး ဒီကောင့်ပုံစံက ဖြေယ့်ပုံ မဟုတ်ဘူး ...အဲ့ဒီတော့ သူ့ကို အစား ငတ်ရေငတ်ထားပြီး အနုနည်းမေး....လူတွေက ငတ်လာပြီဆိုရင် ဘာမဆိုမငြင်းဆန်ဘဲ လုပ်လိမ့်မယ် " "ဟုတ် ... ဟုတ်ကဲ့ပါ သူဌေး " "အေး ...ပြီးတော့ စက်ရုံထဲက ပုန်ကန်ချင်တဲ့ကောင်တွေရယ် ... လူသိများတဲ့ ကောင်တွေရယ်ကို ဖမ်းပြီး တောထဲက အိမ်မှာ ခဏပို့ထားလိုက် ... ဒီနေရာမှာ ငါ့စကားကို နာခံမယ့်သူတွေပဲ ရှိနေတာကို လိုချင်တယ် မက်ဂန်း ...ကြားလား " သူဋ္ဌေးက ဆေးတံကို အားပါးတရ ဖွာရှိုက်လိုက်ရင်းမှ မက်ဂန်းကို ပြောလိုက်သည်။မက်ဂန်းသည် သူဌေးမင်း၏ရှေ့တွင် ဒူထောက်ချလုမတက် ခါးကို ညွှတ်ကိုင်းရင်းမှ ရို့ကျိုးစွာ ပြန်၍ဖြေလေသည်။ ~~~~~~ " ကျွန် ...ကျွန်တော်ကို ...ရေ...ရေ ...နည်းနည်းလောက် တိုက် .. တိုက်ပါဗျာ ...ရေငတ်လွန်းလို့ပါ " ဘီနာသည် ခြောက်သွေ့ကွဲအက်နေသော နှုတ်ခမ်းအစုံဖြင့် အားယူပြောလိုက်ပြီး အစောင့်ထံမှ သောက်ရေအနည်းငယ်များကို တောင်းယူလိုက်လေည်။ "ဘာကွ ...မင်းကများ ...ရာရာစစရေ တောင်းရဲတယ်ပေါ့လေ ...မင်းကိုယ်မင်း ဘာများထင်နေလဲကွ .. ဒီနေရာက အချုပ်တောင်ဆိုတာ သိရဲ့လား ..." သူဌေးမရှိလျှင် သူတို့ကိုယ်သူတို့ ဘုရင်ခံ ထက်ပင် ရာထူးအာဏာ ပိုကြီးသကဲ့သို့ အထင်ရောက်နေသော အစောင့်ဘီနာ့ကို ခပ်ကြမ်းကြမ်းပေါက်ငမ်းလိုက်လေသည်။ ရေငတ်လွန်းလှသဖြင့် သတီပင်လစ်လုမတတ် ဖြစ်နေသော ဘီနာသည် ခြောက်သွေ့အက်ကွဲနေသည့် နှုတ်ခမ်းအစုံကို အားယူ၍ မရှိသည့် တံတွေးကို အားယူ၍ မျိုချလိုက်ရလေသည်။ ~~~~~~~ "ဒီမြို့မှာ မင်းတို့ မြေးအဘွားသုံးယောက်အပြင် ကျန်တဲ့ဆွေမျိုးရင်းချာတွေရော ရှိသေးလား မေရီ ... သူဋ္ဌေးက မင်းကို ကျေးဇူးတင်လို့တဲ့ ...မင်းတို့ အမျိုးတွေကို ထောက်ပံ့စရိတ်ပေးချင်နေတာ "

ဉာဉ့်သန်းခေါင်ယံကုန်လုလု ချိန်တွင် ခွေးဟောင်သံများသည် ထင်းရုံထဲ၌ ကျားဟိန်းသံများအလား ထွက်ပေါ်လျက်ရှိသည် ။အနံ့ခံကောင်းလှသော ခွေးများဖြစ်သောကြောင့် ဘီနာ့အိပ်စက်ခဲ့ရာ အိပ်ရာကို အနံ့ခံစေပြီးနောက် အနံ့ဖြင့် ရှာဖွေစေလေသည်။ "ခွေးတွေက သစ်ပုံကိုပဲထိုးဟောင်နေတယ် ... သေချာတယ် ဒီကောင် ဒီထဲမှာပဲရှိရမယ် ...ဆရာမက်ဂန်းနဲ့ သူဌေးဆီကို အကြောင်သွားကြားစမ်း " ပါးပြင်ပေါ်သို့ ပေါက်ခနဲ စီးကျလာသော မျက်ရည်စကို ဘီနာ ခပ်ကြမ်းကြမ်းပွတ်သုတ်ပစ်လိုက်ပြီးလျှင် မော်စီဆီမှ ယူထားလိုက်သော သေနတ်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။ယနေ့ည သည် ဘီနာ့အတွက် နောက်ဆုံး အသက်ရှင်ရမည့်ညလည်း ဖြစ်နိုင်သည်။အသက်ရှင်သန်ဖို့ရာ ဘုရားသခင်ထံတွင် ဘီနာဆုမတောင်းမိပါချေ ။ ဘုရားရှင်သည် ကောင်းသောလမ်းကို ညွှန်ပြခဲ့ပြီးပြီ ဖြစ်သည်။လူသားများ၏ နှလုံးသားနှင့်အသိဉာဏ်ကို ပွင့်လန်းလာစေရန် လမ်းပြခဲ့ပြီးပြီ ဖြစ်သည်။ထို့အတွက် ဘီနာ၏ လွတ်မြောက်မှုအတွက် ကိုယ့်ဘာသာကြိုးစားရမည်ဆိုသည်ကို ဘီနာကောင်းစွာနားလည်ပေသည်။ဘီနာသည် ထင်းရုံသို့ရောက်ကတည်းကပင် အရေးကြုံလျှင် ပုန်းခိုနိုင်ရန်အတွက် သစ်လုံးများနှင့် ထင်းများကို အသုံးပြုလျက် သစ်လုံးများကြားတွင် လိုဏ်ခေါင်းလမ်းသဖွယ် ပြုလုပ်ခဲ့သည်။လိုဏ်ခေါင်းတွင် ထွက်ပေါက်နှစ်ခုရှိသည်။တစ်ပေါက်မှာ ဘီနာနေထိုင်ရာ သစ်လုံးတဲနှင့်အနီးဆုံးတွင် ရှိပြီးလျှင် ကျန်တစ်ပေါက်မှာ အနောက်ဘက် တောစပ်ဘက်သို့ထွက်ဘောနေရာတွင်ရှိသည်။အပေါက်များ၏ထိပ်တွင် သစ်လုံးတိုများဖြင့် ဟန်မပျက်ပိတ်ထားသောကြောင့် လူချည်းသက်သက်ရှာလျှင်မူ တွေ့ရန်မလွယ်ကူလှပါချေ။ယခုကဲ့သို့ ခွေးများ ပါလာသောအခါတွင်မူ လွတ်မြောက်ရန် လွယ်ကူမည်မထင်ပေ။ဝမ်းလျားထိုးအနေအထားမှ ဘီနာသည် တောစပ်ဘက်ထွက်ပေါက်ရှိရာသို့ တဖြည်းဖြည်း တိုးရွှေ့၍သွားသည်။ " တွေ့ပြီလား " " မတွေ့သေးဘူး သူဌေး " " တွေ့အောင်ရှာကြစမ်း ... မိုးမလင်းခင်တွေ့မှဖြစ်မယ် ... လွှစက်တွေယူခဲ့ကြ ...သစ်လုံးတွေကိုဖယ်ပြီးရှာကြစမ်း " "ဝုတ် ဝုတ် ဝုတ် ~~~~~~~ ထိပ်ဝတွင်ခံထားသော သစ်လုံးကို ခပ်ဖြည်းဖြည်းတွန်းဖယ်လိုက်ပြီးနောက် ဘီနာလျောခနဲတိုးထွက်လိုက်သည်။လွတ်ရန် လမ်းစမရှိသည်ထက်စာလျှင် အန္တရာယ်များလှသော တောအုပ်သည်ပင် ဘီနာရှင်သန်ဖို့ရာ အခွင့်အရေး ဖြစ်နိုင်သည်မဟုတ်ပါလား။ @@@@@@@@@@@@@@@@@ အပိုင်း ( ၁၀ ) ဇာတ်သိမ်းပိုင်း ဆက်ရန် ဧကြည်ဖြူ

ဘီနာသည်းခံရပေမည်။ "ရှာကြစမ်း ... အမြန်ရှာကြ ....သူ့ကိုမတွေ့ရင် မင်းတို့ဓါးစာခံဖြစ်သွားမယ် " ထင်းရုံထဲတွင် ဆူညံပွက်လောရိုက်နေသောအသံများနှင့်ဓါတ်မီးရောင်တဝင်းဝင်းကို ဘီနာမြင်နေရသည်၊၊ဘီနာ တုတ်တုတ်မျှမလှုပ်ရဲပါ။အများနှင့် တစ်ယောက် ဘီနာမယှဉ်ဝံ့မယှဉ်ရဲပါ။ ဘီနာ့အတွက် နှလုံးရည်စွမ်းအားနှင့် ဉာဏ်စွမ်းအားသည် သာ အားကိုးရာဖြစ်သည် မဟုတ်ပါလား။ ~~~~ "ဘာ ...မတွေ့ဘူး ဟုတ်လား ....မင်းတို့ တယ်ပေါ့ဆ ပါလား မက်ဂန်း ....စက်ရုံဝန်းထဲက လူတစ်ယောက်ပျောက်သွားတာတောင် မသိရအောင် မင်းတို့ တယ်ညံ့ပါလားကွ ...မင်းတို့ကောင်တွေ ... ငါ့ခွေးတွေလောက်ကောင် အားမကိုးရပါလား .... အသုံးမကျတဲ့ကောင်တွေ..." "ဖြောင်း ... ဖြောင်း " "ဝုန်း " "ဒုန်း " သူဋ္ဌေးမင်းသည် ဒေါသတကြီးနှင့် ပြောဆိုပြီးလျှင် မက်ဂန်း အပါအဝင် လူမိုက်များကို စိတ်ရှိလက်ရှိထိုးကြိတ်ကန်ကျောက်လေသည်။ " အသုံးမကျတဲ့ကောင် ...ရှာကြ ...အဲ့ဒီကောင်ကို တွေ့အောင် ရှာကြ ...သူ့မှာ ကြံရာပါတွေရှိလိမ့်မယ်...ခွေးတွေကို သုံးပြီး ရှာစမ်းမက်ဂန်း " ~~~~~ မေရီ ဖျတ်ခနဲလန့်နိုးလာချိန်၌ နံဘေးတွင် သူဋ္ဌေးမင်းမရှိပါလေတော့။မေရီကျေကျေနပ်နပ်ပြုံးလိုက်မိသည်။ဘီနာ့ အကြောင်းကို သတင်းပေးခြင်းအတွက် ဆုငွေမရလျှင်လည်း မေရီမမှုတော့ပါ။ သူဋ္ဌေးမင်းက မေရီကို စွဲလမ်းသွားခဲ့လျှင် မေရီအတွက် အခွင့်အရေးကောင်းများ ရနိုင်သည်မဟုတ်ပါလား။မက်ဂန်းလိုအလုပ်သမားခေါင်းဆောင်ထက် သူဋ္ဌေးမင်းလိုလူမျိုးသည်သာ မေရီတို့မိသားစုဘ၀ကို ပြောင်းလဲပေးနိုင်သည်မဟုတ်ပါလား။ မေရီခုတင်ထက်မှ ထလိုက်ပြီးလျှင် ဖရိုဖရဲဖြစ်နေသော ခန္ဓာကိုယ်ကို ပြင်ဆင်လိုက်သည်။ပြီးနောက်ခြေကို ဖော့လျက် အခန်းပြင်သို့ ထွက်ခဲ့သည်။ ~~~~~~~ " ပြောလေ ... မင်းတို့ ဘယ်သူတွေကိုတိုင်ထားသေးလဲ " "မ ...မတိုင်ပါဘူးခင်ဗျား ... အစ်ကိုကြီးက အိမ်ကမကြာခဏ ထွက်သွားတတ်တဲ့ အကျင့်ရှိလို့ ဘယ်ကိုမှလဲ မတိုင်ထားပါဘူး " "အဘိုးကြီး ... မှန်မှန်ဖြေစမ်း ခင်ဗျားသားပျောက်နေတဲ့ အကြောင်းကို ဘယ်သူတွေကို လိုက်ပြောသေးလဲ " မက်ဂန်းသည် စိတ်မရှည်စွာပင် အသက်ကြီးကြီးအဘိုးအိုကြီး၏ လည်ပင်းကို ဓါးဖြင့် ထောက်၍မေးလိုက်လေသည်။ထို မြင်ကွင်းကို သူဋ္ဌေးမင်းသည် ဆိုဖာခုံပေါ်တွင် မိန့်မိန့်ကြီးထိုင်လျက်မှ ကြည့်နေလေသည်။ "မလိမ်နဲ့နော် အဘိုးကြီး ....ခင်ဗျာသားဆီကို လာတဲ့သူကိုရော သိတယ်မဟုတ်လား ...သူနဲ့ ပတ်သက်ပြီး လာစုံစမ်းတဲ့သူတွေရှိတယ်မလား ...." " မ ...မသိပါဘူးကွယ် ... သားကြီးက သူဘာလုပ်လုပ် အိမ်ကိုပြောလေ့မရှိပါဘူး..သူ့ဆီလာတဲ့ဧည့်သည်ကိုလဲ မသိပါဘူးကွယ် " "ဟာ ...ဒီအဘိုးကြီးလိမ်နေတာပဲ ...ကဲကွာ ...လိမ်အုံး...လိမ်ချင်အုံး " " ဗုန်း ...ဗုန်း " "ဖြောင်း ...ဖြောင်း " မက်ဂန်းနှင့် သူ၏တပည့်လူမိုက်များသည် အဘိုးကြီးတို့သားအဖသုံးယောက်ကို စိတ်ရှိလက်ရှိ ကန်ကျောက်ရိုက်နှက်ကြလေသည်။သားအဖသုံးယောက်မှာ ကြမ်းပြင်ပေါ်တွင် သွေးအလိမ်းလိမ်းဖြင့် အသနားခံလျက်ရှိကြလေသည်။ "ဟေ့ မက်ဂန်းလာအုံး .... ရပ်လိုက်ကြတော့ ..မေးလဲ ဘာမှထူးမှာမဟုတ်ဘူး အပြတ်ရှင်းလိုက်တော ... ဘီနာဆိုတဲ့ကောင်ကိုမိရင် ချုပ်ထားလိုက် ... ဒါနဲ့ မေရီ ဆိုတဲ့ ကောင်းမလေးကိုပါရှင်းပစ်ရမယ် ...အဲ့ဒီကောင်းမလေး မိသားစုတွေကိုပါ စုံစမ်းပြီးခေါ် လာခဲ့... " ~~~~~~ အခန်းထဲမှ ခပ်သဲ့သဲ့ကြားလိုက်ရသော အသံများကြောင့် မေရီသည်သွေးပျက်လုမတက် ထိတ်လန့်တုန်လှုပ်သွားမိပြီး မောင်ဖြစ်သူနှင့်အဘွားဖြစ်သူအတွက် လွန်စွာစိုးရိမ်သွားမိလေသည်။ မေရီတို့တွင် မိသားစုဆို၍ မြေအဘွားသုံးယောက်သာရှိသည်။မြို့လေး၏ အစွန်အဖျားတွင် အဘွားဖြစ်သူမှာ မုန့်လုပ်ရောင်း၍ ဝမ်းရေးအတွက် ဖြေရှင်းကြသည်။မေရီ၏မစို့မပို့လုပ်အားခမှာ ပန်းနာရင်ကြပ်ရောဂါသည်ဖြစ်သောမောင်ဖြစ်သူအတွက် ဆေးဖိုးသာဖြစ်သည် မဟုတ်ပါလား။မေရီသည် မောင်ဖြစ်သူအတွက် လုံလောက်သော ဆေးဖိုးဝါးခနှင့် အဘွားဖြစ်သူအတွက် ငွေစအနည်းငယ်မျှကိုသာ မျှော်လင့်ခဲ့ခြင်းဖြစ်ပေသည်။ ယခုမူ မေရီ၏အတွေးစိတ်ကူးများသည် သွေးညှီနံ့များလှိုင်ခဲ့လေပြီ။မေရီသည် အတန်ကြာမျှ အသက်ကင်းမဲ့သူလို ရပ်နေမိပြီးနောက် စင်္ကြန်လမ်းလေးအတိုင်း ခြေလှမ်းများကို ခပ်ဖွဖွနင်းလျက်ထွက်ခဲ့လေသည်။ "ဟေ့ ရပ်စမ်း... အဲ့ဒါ ဘယ်သူလဲ ..." ခက်ထန်မာကျောသောအသံက ဟိန်းခနဲထွက်ပေါ်လာသည်။ "ဟို .. ကျွန်...ကျွန်မ ... မေ ..မေရီပါရှင် ...အဆောင်ကို ပြန်တော့မလို့ပါရှင် " မေရီသည် အသံကို မတုန်အောင်သတိထား၍ ဖြေလိုက်သည့်ကြားမှ အသံမှာတုန်တုန်ယင်ယင်ဖြင့်ထွက်သွားလေသည်။ " မေရီတဲ့ ဆရာမက်ဂန်း " "ဟေ့ ..မေရီ ပြန်တော့မလို့လား ... နေပါအုံး ... သူဌေးကမင်းကို ဆုချမလို့တဲ့ ...အခန်းထဲက စောင့်နေခိုင်းထားတယ် ... ဟေ့ကောင်တွေ မေရီကိုအခန်းထဲ ခေါ်သွားကြစမ်း " ကျယ်လောင်စွာ ထွက်ပေါ်လာသော မက်ဂန်း၏ အသံကြောင့် မေရီ့မှာထိန်းထားသည့်ကြားမှပင် ဒူးများမှာ ညွှတ်ခနဲခွေကျသွားလေတော့သည်။ ~~~~~~~ " ဝုတ် ... ဝုတ် ... ဝုတ် "