ch
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

前往频道在 Telegram
803
订阅者
+424 小时
+167
+4630
帖子存档
ထွဋ်ခေါင်သည် မိုးနှဲ ရွာသို့ ရောက်သည်မှာ မကြာသေးသော်လည်း ထွဋ်ခေါင်၏ ယောကျာ်းပီသပြီးချောမောသော ရုပ်ရည်သွင်ပြင်နှင့် ဖော်ဖော်ရွေရွေနှင့်လူတကာကို ပြောဆိုဆက်ဆံတတ်သော အကျင့်ကြောင့် မိုးနှဲ ရွာသားအချို့နှင့် ထွဋ်ခေါင်မှာ အတန်အသင့်ရင်းနှီးနေပြီ ဖြစ်လေသည်။ အထူးသဖြင့် ရွာလယ်ရှိ အအေးဆိုင်နှင့် လက်ဖက်ရည်ဆိုင် တွဲဖွင့်ထားသော ဆိုင်ရှင်နှင့် ထွဋ်ခေါင် အတော်လေး ရင်းနှီးခင်မင်နေပြီဖြစ်လေသည်။ ယခုလဲ ထွဋ်ခေါင်သည် လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့်ရင်းနှီးခင်မင်စွာ စကားပြောနေရင်းမှ စိုင်းလွှမ်း၏ အကြောင်းကို မေးမြန်းကြည့်လိုက်ရာ တစ်ဖက်လူ၏ အဖြေစကားကြောင့် ထွဋ်ခေါင်သည် ထိတ်လန့် အံ့သြခဲ့ရပြီး သလင်းဖြူကို ပြောပြရန်အတွက် သလင်းဖြူ ရှိရာသို့ ဆိုင်ကယ်ကို အမြန်မောင်း၍ ပြန်ခဲ့လေသည်။ ထွဋ်ခေါင် ဆိုင်ကယ် မောင်းနေရင်းမှ အသိမိတ်ဆွေ ပြောလိုက်သော စကားသံများကို နားထဲတွင် ထပ်ခါတလဲလဲ ကြားယောင်နေမိလေ သည်။ " စိုင်းလွှမ်း ဟုတ်လား ..ဒေါ်သီရဲ့နောက်အိမ်ထောင်က ပါတဲ့ စိုင်းလွှမ်းဟုတ်လား ... ဪ ဖိုးသက်ပြင်းကို မေးတာလား ဆရာ ..ဘာလဲ ဆရာရော သူ့ကို သိတာလား ...အင်း သူ့အကြောင်းကတော့ ရွာမှာ လူပြောများတဲ့ သနားစရာဇတ်လမ်းပဲပေါ့ ဆရာရယ် ...ငယ်ငယ်ကသေပြီထင်ပြီး သင်္ဂြိုဟ်ဖို့ လုပ်ခဲ့ပြီးမှ အသက်ပြန်ရှုခဲ့တယ် ... အရွယ်ရောက်လာတော့ ဖအေရင်းက မကြင်နာ ..မိတွေးက နှိပ်စက်နဲ့သူ့ခမျာ ကြီးပြင်းလာခဲ့ရတာ ...လွန်ခဲ့တဲ့သုံးနှစ်ကပေါ့ ဆရာရယ် ... သူတို့သူငယ်ချင်းတစ်စု ဘောလုံးကန်နေကြရင်း ဘောလုံးက သူ့အရှိုက် တည့်တည့်ကို မှန်ပြီး နေရာတင်ပစ်လဲသွားခဲ့တာလေ ... အစကတော့ အတူကစားနေတဲ့ သူငယ်ချင်းတွေက နောက်တယ် ထင်နေကြတာပေါ့ ...နောက်မှ ကြည့်လိုက်ကြတော့မှ နေရာမှာတင် ဆုံးသွားရှာတာ ...အင်း ပြောရရင် အဲ့ဒီနေရာက သူ့အမေ သတ်သေခဲ့တံ့နေရာနဲ့လဲ နီးတယ်လေ " "ဗျာ ...ဒါ ..ဒါဆိုရင် ...အဲ့ဒီ စိုင်းလွှမ်း ဆိုတဲ့လူက ဆုံးသွားပြီးပေါ့နော် " "ဟုတ်တယ်လေ ဆရာ " ထွဋ်ခေါင်သည် ဆိုင်ကယ်မောင်းနေရင်းမှ စိတ်ရှုပ်ထွေးနားမလည်နိုင်ဘဲ သလင်းဖြူထံသို့ အမြန်ရောက်ချင်စိတ်သာ ဖြစ်ပေါ်နေမိလေသည်။ ~~~~ " ပူစူးရေ ...အမှိုက်တွေ အရမ်းမများခင် သွားသွန်လိုက်အုံးနော် " သလင်းဖြူက ပူစူးကိုပြောလိုက်ပြီး ဆန်အိတ်တွေကြား ရှိနေသော ပိုးမျှင်များနှင့်ကြပ်ခိုးများကို တံမြက်စည်းနှင့် လှည်းရန်ပြင်လိုက်သည်။ထိုစဉ်မှာပင် သလင်းဖြူ၏ မျက်စိရှေ့တွင် ရိပ်ခနဲလှုပ်ရှားသွားသော အရာတစ်ခုကို မြင်လိုက်ရသော ကြောင့် ကြည့်လိုက်မိသောအခါ " အမယ်လေး ...မြွေ..... မြွေကြီး ..." သလင်းဖြူသည် မြွေကို အလွန်ကြောက်သူ ဖြစ်သောကြောင့် မြွေကို မြင်သည်နှင့် လူမှာ ကြောက်လန့်တကြားအော်ဟစ်လိုက်မိပြီး သတိလစ်လဲကျမလို ဖြစ်သွားလေသည်။ ထိုအခိုက်မှာပင် သလင်းဖြူအနားသို့ လူတစ်ယောက် ရောက်လာသည်ကို တွေ့လိုက်ရပြီးလျှင် မြွေ၏ ဦးခေါင်းကို ဓါးနှင့် ခုတ်ပိုင်းလိုက်သည်ကို တွေ့လိုက်ရသည်။ " စိုင်း ...စိုင်းလွှမ်းလား . " သလင်းဖြူသည် ထိုမြင်ကွင်းကို အားယူကြည့်ရှုနေရင်းမှ ထိုသူကို နှုတ်မှ ခပ်တိုး တိုးခေါ်ရင်း ဆန်အိတ်တွေအနီးသို့ လဲကျသွားခဲ့လေသည်။ ~~~~~ " အင်း ...အင်း ....." "သလင်းဖြူ ... မင်းသတိရလာပြီလား " " ကျွန်မ ... ကျွန်မ ဘာဖြစ်သွားတာလဲ ဟင် " သလင်းဖြူသည် သတိကို ပြန်လည်စုစည်းမိလိုက်သည်နှင့် ဖျတ်ခန် မျက်လုံးဖွင့်ကြည့်လိုက်မိသောအခါ မျက်စိရှေ့တည့်တည့်တွင် ထွဋ်ခေါင်ကို တွေ့လိုက်ရသောကြောင့် အလန့်တကြားနှင့် မေးလိုက်ပြီး လှဲနေရာမှ ဆတ်ခနဲထထိုင်လိုက်မိသည်။ "မင်း အကြောက်လွန်ပြီး သတိလစ်သွားတာပါ ...ဘာမှမဖြစ်ဘူး ... မြွေကိုလဲ ဖိုးထူးက သတ်လိုက်ပြီတဲ့ " " ဘာပြောတယ် ကိုထွဋ်ခေါင်... မြွေကို ဖိုးထူးကသတ်လိုက်တာ ဟုတ်လား ... မဖြစ်နိုင်ဘူး ...ဖိုးထူးသတ်တာမဟုတ်ပါဘူး ...စိုင်းလွှမ်း ...စိုင်းလွှမ်းကို ကျွန်မ ...." "ဘယ်လိုဖြစ်ရတာလဲ မင်းသမီးရယ် ... မြွေမြင်တာနဲ့ မေ့လဲသွားတယ်ဆို ...အဲ့ဒီလောက်တောင် အကြောက်ကြီးရလား ..ရှောင်ဖိုးတိမ်းဖို့တော့ မကြိုးစားဘူး ...တော်သေးတာပေါ့ ...ဖိုးထူး အနားမှာရှိနေလို့သာပေါ့ " သလင်းဖြူသည် ထွဋ်ခေါင်ပြောနေသည်ကို နားထောင်နေရင်းမှ ခေါင်းကို တွင်တွင် ခါယမ်းလိုက်ပြီး ငြင်းဆန်မည်ဟန် ပြုလိုက်စဉ်မှာပင် အသံနှင့်အတူ အခန်းထဲသို့ဝင်လာသော ကြီးတော်ဖြစ်သူနှင့် ရွှေရည်ဝင်းတို့ကြောင့် ပြောလက်စစကားမှာ ရပ်တန့်သွားရလေသည်။ "ကံကောင်းလို့ပေါ့အေ ... အဲ့ဒါကြောင့် ပြောတာ ဖိုးထူတို့ မောင်လုံးတို့ကို ဂိုထောင်ကို အမြဲလှည်းကျင်းပါလို့ ... သမီး ဖြူလေး နေရတာ အဆင်ပြေရဲ့လား ... ကြီးကြီးတို့ ဆရာဝန်ပင့်လိုက်ရမလား " ဒေါ်ကြည်အေးက မေးရင်း ပြောရင်း သလင်းဖြူလှဲနေသော အနီးရှိ ကျွန်းခုံကြီးတွင် ဝင်ထိုင်လိုက်လေသည်။ "ဟို ...ရပါတယ် ကြီးကြီး ...သမီးသက်သာသွားပါပြီ...သမီး ဘာမှမဖြစ်ပါဘူး ...ခဏလန့်သွားတာပါ ကြီးကြီး"

"အင်း ..ပြီးရော ...ပြီးရော " ထွဋ်ခေါင်၏စကားကို သလင်းဖြူက ခပ်ရွဲ့ရွဲ့ ပြန်ဖြေလိုက်ပြီး စက်ဘီးကို နင်း၍ ထွက်ခဲ့လေသည်။ ~~~~ " ဖြူလေး ဘယ်က ပြန်လာတာလဲ " "ဟင် ..စိုင်းလွှမ်း .. ဘယ်ကိုသွားမလို့လဲ " အပြန်လမ်းတွင် သလင်းဖြူ၏ စက်ဘီးရှေ့တွင် ပိတ်ရပ်ပြီးမေးလိုက်သော စိုင်းလွှမ်းကို တွေ့လိုက်ရသောကြောင့် သလင်းဖြူ ဝမ်းသာအားရနှင့် မေးလိုက်မိသည်။ "ဘယ်ကိုမှ မသွားဘူး ...မင်းကို တွေ့လို့ ရပ်စောင့်နေတာ ...ဒါနဲ့ ဘယ်က ပြန်လာတာလဲ ...တစ်ယောက်တည်း လျှောက်မသွားနဲ့လို့ ပြောထားတယ်လေ " စိုင်းလွှမ်း၏ ဒေါသတကြီး ပြောလိုက်သောအမူအရာကြောင့် သလင်းဖြူ ကြောင်အအနှင့် ဖြစ်သွားမိသည်။ "ဟို မြို့သားနဲ့ ဘယ်လို ပတ်သက်နေတာလဲ ...အဲ့ဒီကောင်က ရွှေရည်ဝင်းနဲ့ ကြိုက်နေတာမဟုတ်ဘူးလား ..." " မဟုတ်ပါဘူး ... ဘယ်သူပြောလဲ " စိုင်းလွှမ်း၏ စကားကို သလင်းဖြူ ငြင်းဆန်လိုက်မိပြီး ပြန်မေးလိုက်မိသည်။ ထိုအခါ အမြဲလိုလို ပြုံးရွှင်အေးချမ်း နေတတ်သော စိုင်းလွှမ်း၏မျက်နှာသည် ဒေါသထွက်နေဟန် ရှိသည်ကို သလင်းဖြူ တွေ့လိုက်ရလေသည်။ သလင်းဖြူ သက်ပြင်းကို မသိမသာ ချလိုက်ပြီး စကားလမ်းကြောင်းကို လွှဲလိုက်သည်။ "ကဲပါဟာ ... သူ့အကြောင်းထားလိုက်စမ်းပါ ...ဟိုနေ့က ငါတို့ကို ဆိုင်ကယ်နဲ့ တိုက်ဖို့လုပ်တဲ့သူရဲ့ သတင်းကို သိရပြီးလား " " အင်း ...ရွာထဲကမဟုတ်တာတော့ သေချာတယ် .. သတင်းအစအနလေးတောင် မကြားရဘူးလေ ..ဘေးရွာတွေမှာ ငါလိုက်စုံစမ်းနေပါတယ် " စိုင်းလွှမ်းက တင်းမာနေသော မျက်နှာကို အနည်းငယ်လျှော့၍ သလင်းဖြူကို ဖြေလိုက်သည်။ "ကဲ လာ ...ပြန်မှာ မဟုတ်လား ...ငါလိုက်ပို့ပေးမယ် " သလင်းဖြူနှင့် စိုင်းလွှမ်းတို့ နှစ်ယောက်အတူ လမ်းလျှောက်လာရင်းမှ သလင်းဖြူစိတ်ထင်၍ပဲလားမသိပေ။စိုင်းလွှမ်းကို ကြည့်ရသည်မှာ အရင်နေ့များနှင့်မတူဘဲ တစ်မျိုးတစ်ဖုံ ထူးခြားပြောင်းလဲနေသည်ဟု ထင်နေမိလေသည်။ "အိမ်မှာ ဘာထူးခြားသေးလဲ .... ညဘက်တွေလဲ ဟိုအခန်း ဒီအခန်းတွေ လျှောက်ကြည့် မနေနဲ့အုံးနော် " နှစ်ယောက်သားစက်ဘီးကို တွန်းပြီး လမ်းလျှောက်လာကြရင်းမှ စိုင်းလွှမ်းက သလင်းဖြူကို ပြောလိုက်လေသည်။ "အင်းပါ ... ငါ ဂရုစိုက်ပါတယ် ...ငါ့အတွက် စိတ်မပူနဲ့နော်.... " သလင်းဖြူလဲ စိတ်ထဲ စနိုးစနောင့် ဖြစ်နေသည်ကို ဖယ်ရှားလိုက်ပြီး စိုင်းလွှမ်းကို ပြုံး၍ ပြန်ပြောလိုက်သည်။ " အိမ်ရောက်ခါနီးနေပြီ ...ငါသွားတော့မယ်နော် " သလင်းဖြူက ခေါင်းငြိမ့်ပြလိုက်သောအခါ စိုင်းလွှမ်းသည် သလင်းဖြူကို ရီဝေသောမျက်လုံးများဖြင့် တစ်ချက်ငေးကြည့်ပြီး ထွက်သွားလေသည်။ သလင်းဖြူသည် ကျောခိုင်းထွက်သွားသော စိုင်းလွှမ်း၏ ကျောပြင်ကိုကြည့်ပြီး စိတ်ထဲမှ အလိုလို ရှုပ်ထွေးနေမိလေသည်။ ~~~~~~~ " ဖိုးထူးကိုပါ ဝိုင်းကူခိုင်းလိုက်တဲ့ ...မင်းတို့နှစ်ယောက်တည်း လုပ်နိုင်မှာ မဟုတ်ဘူးတဲ့ " ဒေါ်သုန်၏ တဲ့ဆိုသော အဆုံးသတ်စကားကြောင့် သလင်းဖြူ ဒေါ်သုန်ကို မော့ကြည့်လိုက်ပြီး ပြန်မေးလိုက မိသည်။ ဒေါ်သုန်၏ အဖြေကို စောင့်စားရင်း စိတ်ထဲမှလည်း တရားခံကို ဖမ်းနိုင်တော့မည်ဟုတွေးလိုက်မီသည်။ "ဘယ်သူ မှာခဲ့တာလဲ ဒေါ်ကြီး " " ဘယ်သူပြောခဲ့ရမလဲ ... မင်းရဲ့ ဘကြီးနဲ့ ကြီးတော်တွေက မှာသွားတာပေါ့ ... တစ်နေ့တည်း မပြီးလဲ ရတယ် ... အေးအေးဆေးဆေးရှင်းတဲ့ " ဒေါ်သုန်၏ စကားကြောင့် သလင်းဖြူ မကျေမနပ်ဖြစ်မိသွားမိသော်လည်း ဘာမှ မတတ်နိုင်ဘဲ ပူစူးနှင့် အတူ ဂိုထောင်ဘက်သို့ ထွက်ခဲ့လိုက်သည်။ ~~~~ "ပူစူးက မမလှည်းထားတဲ့ အမှိုက်တွေကို အမှိုက်တောင်းထဲထည့်ပြီး အမှိုက်တွေမီးရှို့တဲ့ နေရာမှာ သွားပစ်နော် ..ကိုဖိုးထူးက ခေါင်းမိုးက ပိုးမျှင်တွေကို တံမြက်စည်း နဲ့ လှည်းချပေးပါနော် ... ကျွန်မတို့ ထပ်ခိုးပေါ် အရင် တက်လှည်းကြမယ်လေ " သလင်းဖြူက ပြောလိုက်ပြီး ထပ်ခိုးပေါ်သို့တက်ခဲ့လိုက်သည်။မျက်လုံးကမူ ဖိုးထူးကို တစ်စက်မှ အလွတ်မပေး အကဲခတ်နေလိုက်သည်။ ထပ်ခိုးပေါ်သို့ ရောက်သောအခါ ငရုတ်သီးအိတ်များနှင့့်ပဲအိတ်များကိုသာတွေ့ရပြီး ထွေထွေထူးထူး ဘာကို မျှမတွေ့ရပေ။သတင်းဖြူ အောက်ထပ် ကို အမြန်ရှင်းချင်ဇောဖြင့် ထပ်ခိုးကို အမြန်ပင်ရှင်းလိုက်သည်။ အမှိုက်များရှင်းနေရင်းမှ သလင်းဖြူ ဖိုးထူးကို အကဲခတ်ကြည့်လိုက်သောအခါတိုင်း ဖိုးထူးသည်လည်း သလင်းဖြူကို မသိမသာ ပြန်၍ကြည့်နေသည်ကို သတိထားလိုက်မိလေသည်။ "ဒီမှာပြီးရင် အောက်ကိုရှင်းကြတာပေါ့ ကိုဖိုးထူး " သလင်းဖြူကပြောပြီး ဖိုးထူးကို ရှေ့မှ အရင်ဆင်းခိုင်းလိုက်ပြီး နောက်မှ လိုက်ဆင်းခဲ့လေသည်။ ဂိုထောင်၏ အောက်ထပ်၌မူ ပစွည်းများနှင့် ပြည့်နှက်နေပြီး ရှင်းလင်းရသည်မှာ မလွယ်ကူလှပေ။ သလင်းဖြူသည် ဆန်အိပ်များကြား ကုန်းကုန်းကွကွနှင့် လှည်းကျင်းနေရင်းမှ သက်သေခံပစ္စည်း တစ် ခုတစ်လေကို တွေ့လိုတွေ့ငြား ရှာဖွေကြည့်နေမိလေသည်။သို့သော်လည်း မသင်္ကာစရာဟူ၍ တစ်စုံတစ်ခုကို မျှ မတွေ့ရဘဲရှိလေသည်။ ~~~~

ဧကြည်ဖြူ "အဝါရောင်တိုက် " အပိုင်း ( ၁၉ ) ***** " တရားခံက ... လက်လွန်နေပြီမို့ သူ့လုပ်ရပ်တွေ မပေါ်အောင် နောက်ထပ် လူသတ်ဖို့ ဝန်လေးမှာမဟုတ်ဘူး ... အမှန်အတိုင်းပြောရရင် မင်းကို ဒီမှာမနေစေချင်တော့ဘူး သလင်းဖြူ " ထွဋ်ခေါင်းက သလင်းဖြူကို ကြည့်ပြီးပြောလိုက်သည်။ "ဟင့်အင်း ...ကျွန်မ မပြန်ဘူး ... အကြောက်တရားမရှိလို့ စုံလုံးကန်းနေတာတော့ မဟုတ်ဘူး...မတရားခံခဲ့ရပြီးမတရားသေခဲ့ရတဲ့လူတွေအတွက် အမှန်တံရားကို ဖော်ထုတ်ပြီးမှ ကျွန်မပြန်မယ် ..ဒါနဲ့ လူသတ်သမားက ဘယ်သူဖြစ်နိုင်လဲ ...တစ်ယောက်တည်းလား ...အားလုံးလား " သလင်းဖြူ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ပြောလိုက်သည်။ "ဘယ်သူဆိုတာ မကြာခင် ဖော်ထုတ်နိုင်မှာပါ .. မင်းရဲ့ ကြီးတော်တွေနဲ့ ဘကြီးအပါအဝင်အားလုံးမှာ ပြဿနာပေါင်းစုံ ရှိနေကြတာကို မင်းသိလား ... " "ဟင့်အင်း မသိဘူး ... ကျွန်မတို့ မိသားစုရန်ကုန်ကို ပြောင်းပြီးကတည်းက ... တစ်ခါတလေမှ အလည်လာဖြစ်တာ ....အိမ်တွင်းရေးတွေကိုသိလဲမသိခဲ့ဘူး " "အင်း ...မင်းတို့ကြီးတော်အပျိုကြီးက သူ့မှာပူပင်စရာ သားသမီးမရှိပေမဲ့ အလုပ်မှ အလုပ်ဖြစ်နေတဲ့သူ အလုပ်လုပ်မယ် ငွေကို ပွားသထက်ပွား များသထက်များ အောင်လုပ်ချင်နေတဲ့သူ ... မင်းဘကြီးလဲ သိပ်တော့ မထူးဘူး ....သူလဲ ငွေနဲ့ သြဇာအာဏာကို သဘောကျတာပဲ...သူတို့လုပ်နေတာ ခြံလုပ်ငန်း တင်မဟုတ်ဘူး... ပွဲရုံပါ ဖွင့်ထားတာ....ဒါပေမဲ့ ငွေကြေးစီမံမှုတွေကို မင်းတို့ကြီးတော် အပျိုကြီးကို တင်ပြရတယ်လေ...ပြီးတော့ နိုင်ငံခြား ရောက်နေတဲ့ သူ့ရဲ့ သားကြီးနဲ့ သားငယ်က ငွေအတော် ဖြုန်းတယ်တဲ့...သူလဲပြဿနာကတော့ များတယ် " "မင်းကြီးတော် ဒေါ်ခင်အေးကတော့ နိုင်ငံခြားက သမီးကလဲ ငွေပို့တယ် ...ကိုဇော်ထိုက်ကလဲ သူ့ရသမျှ ငွေကိုပေးတယ် ...သူတို့လင်မယားဦးစီးနေရတဲ့ ကုန်ခြောက်ဆိုင်ကြီးကလဲ ၀င်ငွေကောင်းပါတယ် ...ဒါပေမဲ့ လိုတာထက် ပိုပြီး လောဘကြီးတယ် ...သူများကို အပြစ် မြင်တတ်တယ် ...မင်းဦး ငယ်ကတော့ ...ကိုယ့်ဦးလေးနဲ့ သိပ်မကွာပါဘူး ..* "ရှင်ပြောသလိုဆိုရင် ဦးငယ်ကလွဲပြီး အားလုံးက လောဘကြီးတဲသူတွေပဲ ...အားလုံးပေါင်းပြီး ကြံစည်တာဖြစ်နိုင်လား " ထွဋ်ခေါင်ကို သလင်းဖြူက မေးလိုက်သည်။ " မပြောနိုင်သေးဘူး ...ဒါပေမဲ့ သူတို့တွေက တစ်ဖအေတစ်မအေ တည်းမွေးထားကြတဲ့ မောင်နှမအရင်းတွေလေကွာ ...အားလုံးကတော့ အဲ့ဒီလောက် ရက်စက်ကြမယ်မထင်ဘူး ... မကြာခင် အဖြေပေါ်တော့မှာပါ ...ဒီကြားထဲမှာ မင်းစိတ်ကိုထိန်းပါ ... စိတ်လိုက်မာန်ပါမလုပ်နဲ့ .. ဒီနေ့ ဂိုထောင်သန့်ရှင်းရေးလုပ်မယ်လို့ ပြောထားတယ်မဟုတ်လား .. ဂိုထောင်ထဲမှာ ဘာသဲလွန်စမှ မရှိနိုင်လောက်ဘူး...ဒါပေမဲ့ သတိတော့ထား...သူတို့ရဲ့အကြံအစည်က လူကိုစိုင်းရန်နိုင်လို မတော်တဆ သေဆုံးတဲ့ ပုံစံနဲ့ ကြံစည်မှာ ..." ထွဋ်ခေါင်က သလင်းဖြူကို စိုးရိမ်စ္စာနှင့်သတိပေးစကားပြောလိုက်လေသည်။ "စိတ်ချပါရှင် ... ကျွန်မလဲ သိပါတယ် ...သူတို့ကျွန်မကို သတ်ရင်တောင် မတော်တဆ သေတံ့ပုံစံမျိုးနဲ့ သေတဲ့ပုံစံမျိုးလုပ်မယ်ဆိုတာ ကျွန်မသိပါတယ် " " ဒါနဲ့ မင်းကို မေးရအုံးမယ် ... မင်းသူငယ်ချင်းဆိုတာလေ.. နာမည် ဘယ်သူတုန်း ...သူက ရွာထဲမှာ နေတာမဟုတ်ဘူးလား " ထွဋ်ခေါင်၏ အမေးစကားကြောင့် သလင်းဖြူက ထွဋ်ခေါင်ကို အံ့သြတကြီး ကြည့်လိုက်ပြီး ပြန်မေးလိုက်သည်။ "ကျွန်မ သူငယ်ချင်းကို ရှင်က ဘယ်လို သိတာလဲ ...သူက ရွာထဲမှာ မနေဘူးလေ ... သူ့မိဘနဲ့ အဆင်မပြေလို့ တခြားမှာနေတာ...သူနဲ့ကျွန်မက ငယ်သူငယ်ချင်းတွေ...ကျွန်မ ရွာကိုလာတုန်းကလဲ သူပဲလာကြိုပေးတာလေ " ထွဋ်ခေါင်က သလင်းဖြူ၏ စကားကို နားထောင်နေပြီးနောက် သူသိချင်တာကို မေးလိုက်သည်။ " မင်းတို့ တအားရင်းနှီးတာလား ...သူကိုရော ဘာအကြောင်းတွေ မင်းပြောမိသေးလဲ ... သူက စိတ်ချလို့ရော ရရဲ့လား " " ရတာပေါ့ ....ဒီရွာမှာ ကျွန်မအယုံကြည်ရဆုံးလူပဲလေ ..ပြီးတော့ သူက... ဟို အောက်လမ်း ဆရာမကြီးဒေါ်သီရဲ့ လင်ပါသားပေါ့ ... သူတို့ကြောင့် စိုင်းလွှမ်းက ရွာမှာ မနေနိုင်တာလေ..." "ဘယ် ..ဘယ်လို ...မင်းသူငယ်ချင်းက ဟိုမိန်းမကြီးရဲ့ သားပေါ့ ဟုတ်လား " သလင်းဖြူကို ထွဋ်ခေါင် တအံ့တသြနှင့် မေးလိုက်သည်။ "ဟုတ်တယ်လေ ... စိုင်းလွှမ်းဘဝက သိပ်သနားစရာကောင်းတာ ....ကျွန်မရန်ကုန်ပြန်ရင် ...ကျွန်မ သူငယ်ချင်းကိုပါ ခေါ်သွားမှာလေ .." "ဘယ်လို ..မင်းက သူ့ကို ခေါ်သွားမယ်ပေါ့ ...ပြောတော့ မင်းက နိုင်ငံခြားသွားမှာဆို " " အင်းလေ ...ငွေအဆင်ပြေရင် သွားမှာ ...စိုင်းလွှမ်းကို အလုပ်ရှာပေးပြီး... နေဖို့ပါအဆင်ပြေအောင်လုပ်ပေးခဲ့မှာပေါ့ " သလင်းဖြူပြောသော စကားကို နားထောင်ပြီး ထွဋ်ခေါင် ခပ်တွေတွေ စဉ်းစားနေ မိသည်။ ပြီးမှ သလင်းဖြူကို ကြည့်လိုက်ပြီး "ကိုယ်တို့ ပြန်ကြရအောင် ...ဘာပဲဖြစ်ဖြစ် မင်းသတိထားနေနော် ..ပြီးတော့ မင်းသူငယ်ချင်းကို ကိုယ့်အကြောင်းတွေ မပြောနဲ့ .... ဘယ်သူပဲဖြစ်ဖြစ် ကိုယ်တို့ အကြောင်းကိုမေးရင် ... ကိုယ်တို့နှစ်ယောက်က ချစ်သူရည်စားတွေလိုပဲ ဖြေလိုက် ကြားလား "

လေးလေးသာတည်တည်တံ့တံ့ အိမ်ထောင်ပြုမယ်ဆိုရင် လေးလေးအတွက် စီးပွား ခွဲပေးဖို့ စီစဉ်ထားပြီးသားဆိုတာကို လေးလေးလဲသိနေတာပဲ ကိုယ်တို့ကို မဆက်သွယ်စရာ အကြောင်း မရှိဘူး...သေချာတာက သူတို့ လူပြည်မှာ မရှိတော့လို့သာ ကိုယ်တို့ဆီကို မဆက်သွယနိုင်တာလို့ ကိုယ်တွေးမိလာတယ် " "ဒါ ...ဒါဆိုရင် ...ဒေါ်လေးနဲ့ ရှင့်ဦး လေးက ...တ ...တကယ်ပဲ ..." သလင်းဖြူ ရှေ့ဆက်မပြောဝံ့သဖြင့် စကားကို ရပ်တန့်လိုက်သည်။ "မှန်တယ် ...လေးလေးနဲ့ မင်းရဲ့ဒေါ်လေးက လူ့ပြည်မှာမရှိကြတော့ဘူး .... ဒါပေမဲ့ ခက်တာက သူတို့ရဲ့ သက်မဲ့ ခန္ဓာကိုယ်တွေကိုပါ ရှာမရဘူးဖြစ်နေတယ် ... ဒါကြောင့် မင်းတို့ရဲ့ အမွေဆိုင်အိမ်ကြီးထဲကို ကြံဖန်ပြီး ရအောင် ၀င်လာခဲ့တာပဲ ... လူသတ်တရားခံရှိနေတဲ့ အိမ်ကြီးထဲကို ကိုယ်ရောက်လာခဲ့ပေမဲ့ ခုချိန်ထိ တရားခံကို ကွဲကွဲပြားပြားမသိရသေးဘူး ...သူနဲ့ကြံရာပါတွေဖြစ်တဲ့ ဖိုးထူး နဲ့ ဟိုနတ်ဆရာမကို ဖမ်းလဲ ဘာမှ ရေရေရာရာသိရမယ် မထင်ဘူး " " ဒါ ..ဒါဆို ... လူသတ် တရားခံက ဘကြီးနဲ့ ကြီးကြီးတို့လား...ဒါမှမဟုတ် ဦးငယ်လား ` သလင်းဖြူ ထိတ်လန့်တုန်လှုပ်စွာ မေးလိုက်မိသည်။ " အင်း အဓိက က ...မင်းဦးလေးအကြောင်းကို ပြောမလို့ မင်းကို ခေါ်လိုက်တာပဲ " " ဟင် ... ဟို ... တရားခံက ဦး ...ဦးငယ်လားဟင် ..မဟုတ်ပါဘူးနော် " သလင်းဖြူသည် ထစ်ထစ်ငေါ့ငေါ့နှင့် မေးလိုက်မိလေသည်။ "အဲ့ဒါကို စုံးစမ်းနေတုန်းပဲ ... သေချာတာက မင်းဦးလေးက ခရီးထွက်သွားတာ မဟုတ်ဘူးဆိုတာပဲ ...အနီးတစ်ဝိုက်ကရွာတွေနဲ့ မြို့ဝင်ဂိတ်တွေမှာ စုံစမ်းခိုင်းပြီးသွားပြီး ...မင်းဦးလေး သတင်းကို လုံး၀မကြားရဘူး .... ဖြစ်နိုင်တာက မင်းဦးလေးဟာ ဒီအိမ်ကြီးရဲ့ တစ်နေရာရာမှာ ပုန်းနေတာဖြစ်ဖြစ် ဒါမှမဟုတ်ရင် ...မင်းဦးလေးလဲ မင်းအစ်ကို စိုင်းရန်နိုင်လို နှုတ်ပိတ်ခံလိုက်ရပြီ ထင်တယ် .... ကိုယ် ခန်းမှန်းတွက်ချက်ရသလောက် ....ကိုစိုင်းရန်ကို အမွေခွဲပေးရမှာ ကြောက်လို့ သတ်လိုက်တာမဟုတ်ဘူး .... လူသတ်တရားခံကို ကိုစိုင်းရန်နိုင်က သိသွားခဲ့လို့ အသတ်ခံလိုက်ရတာပဲ " " ရှင်" ထွဋ်ခေါင်၏ အဖြေစကားကြောင့် သလင်းဖြူ ထိတ်လန့်တုန်လှုပ်စွာ ခန္ဓာကိုယ်မှာ ထိုင်နေရာမှ ပင် ယိုင်လဲမလိုဖြစ်သွားရလေသည်။ "ဟာ .. သတိထားလေ ...မင်းဒီလို အားပြတ်သွားလို့မဖြစ်ဘူး " သလင်းဖြူသည် ထွဋ်ခေါင်၏ စကားများကို နားထောင်နေရင်းမှ မျက်ရည်များ ပါးပြင်ပေါ်သို့ စီးကျလာမိသည်။ ================== အပိုင်း ( ၁၉ ) ဆက်ရန် ဧကြည်ဖြူ =

" သူတို့က အကြံပက်စက်လှချည်လားရှင် ... ကျွန်မကို အဲ့ဒီလောက်တောင်မုန်းနေတာကို ...သိမယ် အားလုံးကို ဖော်ထုတ်ပြီး ထောင်ထဲ ထည့်ပြမယ် " သလင်းဖြူသည် အံကို ခပ်တင်းတင်းကြိတ်၍ပြောလိုက်ပြီး နောက် ထွဋ်ခေါင်ကိုပါ မျက်နှာထားတင်းတင်းနှင့် ကြည့်လိုက်ပြီး မေးလိုက်သည်။ "ကဲ ဒါဆိုရင် ရှင်ကရော ဘယ်သူလဲ ဘာလဲဆိုတာကိုပြော ..ရှင်က ရွှေရည်ဝင်းနဲ့ တပူးတွဲတွဲလုပ်နေပြီး ကျွန်မကို ကူညီနေတယ်ဆိုတော့ ဘယ်လို နားလည်ရမလဲ ...ရှင်က ရော ကျွန်မကို သတ်ချန်နေတဲ့ မဖြစ်နိုင်ဘူးလား " "ဟေ့ ...မင်း တွေးချင်ရာ တွေးပြီး ထင်ချင်ရာထင်ချင်ရာ ထင်မနေနဲ့ ....အခု မင်းကို အားလုံး ရှင်းပြမယ် .... ကိုယ်ပြောပြပြီး သွားရင်တော့ ... ညကလိုပုံစံမျိုးတွေ မင်းလုပ်ချင်သလို လုပ်လို့ မရတော့ဘူးနော် " ထွဋ်ခေါင်က သလင်းဖြူကို ကြည့်ပြီး ပြောလိုက်သည်။ "ကဲပါ ပြောစမ်းပါ ရှင့် အကြောင်း ... ကျွန်မကို ညာဖို့တော့ မကြိုးစားနံ့နော်" သလင်းဖြူသည် နှုတ်မှသာ ထိုသို့ပြောလိုက်သော်လည်း မိမိ၏ မသိစိတ်အတွင်း၌ ထွဋ်ခေါင်ကို ယုံကြည်နေမိမှန်း ကိုယ့်ကိုယ်ကို သိနေလေသည်။ " ဒီမှာ ဒီပုံကိုကြည့် " ထွဋ်ခေါင်က ပြောရင်း ဓါတ်ပုံတစ်ပုံကို သလင်းဖြူလက်ထဲသို့ထည့်ပေးလိုက်သည်။ သလင်းဖြူ ထွဋ်ခေါင်ပေးသော ဓါတ်ပုံကိုကြည့်လိုက်သောအခါ ထွဋ်ခေါင်နှင့်အတူ အသက်လေးဆယ်ကျော်ခန့်ရှိမည်ထင်ရသော ခပ်ချောချော လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။သလင်းဖြူက ဓါတ်ပုံကို ကြည့်ရင်း နားမလည်တာမို့ ထွဋ်ခေါင်ကို ပြန်ကြည့်လိုက်သည်။ "အဲ့ဒီဓါတ်ပုံထဲက လူက ကိုယ့်ဦးလေးပဲ ... လေးလေးက ရုပ်ချောသလောက် မျက်နှာလဲ များချင်တယ် ...ပြီးတော့ လေးလေး ခရီးထွက်ရတာကို ဝါသနာပါတယ် ... အသက်လေးဆယ်ကျော်အထိ စီးပွားရေးလဲ စိတ်မ၀င်စားဘဲ သွားချင်ရာသွားပြီး နေချင်သလို နေခဲ့တဲ့ သူလေ ...အဲ့ဒါကြောင့် အမေတို့ မောင်နှမတွေက လေးလေးနဲ့ သိပ်အဆင်မပြေကြဘူး ... ပြောရရင် မနိုင်လို့လွှတ်ထားတာပေါ့ကွာ...ဒါပေမဲ့ လေးလေးပြန်လာလဲ အားလုံးက ကြည်ကြည်ဖြူဖြူ လက်ခံကြတာပါပဲ " သလင်းဖြူသည် ထွဋ်ခေါင်၏ စကားများကို နားထောင်ရင် နားမလည်နိုင်ဘဲ ဖြစ်နေမိလေသည်။သူ့ဦးလေးအကြောင်းသည် မိမိနှင့်ပတ်သက်စရာ အကြောင်း မရှိဟုလည်း ထင်လိုက်မိလေသည်။ " ကိုယ့် ဦးလေး အကြောင်းက ဘာဆိုင်လို့ ပြောနေတာလဲလို့ တွေးမ နေနဲ့နော် ...ကိုယ်ပြောတာကို နားထောင်အုံး " ထွဋ်ခေါင်သည် သလင်းဖြူ၏ မျက်နှာကို ကြည့်၍ သလင်းဖြူ အတွေးများကို ရိပ်မိသောကြောင့် ကြို၍ပြောလိုက်လေသည်။ "ပြောရရင် လေးလေးက ဆိုးချင်တဲ့ လူမျိုးပေါ့ ... သူကိုယ်၌က အိမ်မခင်တာ....ဒါပေမဲ့ လေးလေးက အခြားသူတွေ အပေါ်မှာ ဆိုးချင်ဆိုးမယ် အဆက်အသွယ်လုပ်ချင်မှ လုပ်မယ် သူ့တူဖြစ်တဲ့ ကိုယ့်ကိုယ်တော့ သိပ်ချစ်တာ .. ရောက်လေရာ အရပ်ကနေ ကိုယ့်ဆီကို ဆက်သွယ်တယ် ... ဒါနဲ့ တစ်နေ့တော့ လေးလေးက ပြောတယ် ...သူ့မှာ ချစ်ရတဲ့ ရှိနေပြီတဲ့ ...အဲ့ဒီ တစ်ယောက်ကို သူတကယ်ချစ်တာ လက်ထပ်ယူမှာလို့လဲ ပြောတယ် ... တစ်နေ့တော့ လေးလေးက မန္တလေးကို ပြန်ရောက်လာပြီး သူ့ချစ်သူရဲ့ ဆွေမျိုးတွေက သူနဲ့ သဘောမတူတာမို့ လိုက်တောင်းပေးပါဆိုပြီး သူ့အစ်ကိုတွေ အစ်မတွေကို ပြောတယ် .. အဲ့ဒီမှာ ကိုယ့်အမေနဲ့ ကိုယ့်ကြီး တော်...ကိုယ့်ဘကြီးတွေက အပြောင်းအလဲမြန်တတ်တဲ့ လေးလေးစိတ်ကို မယုံကြလို့ လိုက် မတောင်းပေးခဲ့ဘူးလေ... လေးလေးလဲ ပြောမရတော့ စိတ်တွေဆိုးပြီး ပြန်သွားတယ် ...နောက်တော့ ကိုယ့်ဆီကို ဆက်သွယ်တဲ့ ... သူမိန်းမခိုးတော့မလို့တဲ့လေ ...ဒါနဲ့ ကိုယ်လဲ ပြောလိုက်သေးတယ် ... လေးလေးမိန်းမ ခိုးလာရင်တော့ ..အမေတို့ ကြီးကြီးတို့ ဘာမှမတတ်နိုင်ပါဘူး ...သူတို့ တာဝန်ယူပေးလိမ့်မယ် ...အိမ်ကိုပဲ ခေါ်လာခဲ့ဖို့ ကိုယ်ပြောလိုက်တယ် ... ဒါပေမဲ့ အဲ့ဒီနေ့ နောက်ပိုင်းက စပြီး လေးလေးဆီက အဆက်အသွယ် လုံးဝမရတော့တာ ဒီနေ့အထိပဲလေ ...အခုဆိုရင် လေးလေးနဲ့ အဆက်အသွယ်မရတာ သုံးလကျော်ပြီ ...ဘယ်ကိုရောက်နေလဲဆိုတာလဲ စုံစမ်းလို့မရဘူး ...လူပျောက်လဲတိုင်းထားတယ် " အလင်းဖြူသည် ထွဋ်ခေါင် စကားများကို နားထောင်နေရင်းမှ ထွဋ်ခေါင်ကို ကြည့်လိုက်မိပြီး "ရှင့် လေးလေး အဖြစ်က ...ဒေါ်လေး အဖြစ်နဲ့ တူလိုက်တာ " "ဟုတ်တယ် တူမှာပေါ့ ...ကိုယ့် လေးလေးရဲ့ ချစ်သူဆိုတာ မင်းရဲ့ အဒေါ် ပဲလေ " " ရှင် ... ဘယ်လို " ထွဋ်ခေါင်၏ စကားကြောင့် သလင်းဖြူ ပါးစပ်အဟောင်းသားနှင့် ဖြစ်သွားမိလေသည်။ "ဟုတ်တယ် ... ကိုယ် လေးလေးဆီက ပို့ခဲ့ဖူးတဲ့စာတွေနဲ့ ဓါတ်ပုံတွေ အရ လိုက်စုံစမ်းခဲ့တော့ လေးလေးရဲ့ ချစ်သူဆိုတာ မိုးနှဲရွာက ဒေါ်ရင်အေးမှန်းသိခဲ့ရတယ် ... ဒါနဲ့ ဆက်စုံစမ်းကြည့်တော့ ... ဒေါ်ရင်အေးကလဲ ချစ်သူနောက်လိုက်သွားတယ်ဆိုပြီး သတင်းအစအနမကျန်အောင် ပျောက်နေခဲ့တယ် ...တကယ်ဆို ဒီဘက် အမျိုးတွေကို ကြောက်လို့ မဆက်သွယ်ရင်တောင် ...လေးလေးက သေချာပေါက် ကိုယ့်ဆီကို ဆက်သွယ်မှာပဲ ..ပြီးတော့ အမေတို့ကလဲ ...

" ဘယ်လို ....အဲ့ဒါဆို သူတို ဘာတွေ လုပ်နေတယ်ဆိုတာ ရှင်သိတာပေါ့...ရှင် ...ရှင်က ဘာလို့ ဒီကိစ္စတွေကို အဲ့လောက်လိုက်စုံစမ်းနေရတာလဲ ...ရှင် ဘယ်သူလဲ ...ရှင့် ကျွန်မဆီက ဘာလို့ ချင်လို့ ကျွန်မကို အယုံသွင်းနေတာလဲ " " ရှူး ... တိုးတိုးပြောလေ " သလင်းဖြူ ပြောလိုက်သော အသံမှာ အနည်းငယ်မျှ အသံကျယ်သွားသဖြင့် ထွဋ်ခေါင်က သလင်းဖြူ၏ လက်ကိုဆွဲကိုင်ပြီး သတိပေးလိုက်သည်။ "မင်းသိချင်တာတွေ အားလုံး မနက်ဖြန်ပြောပြမယ် ... မနက်ဖြန်နေ့လယ်လောက် ငါတို့ ဘုရားလေးမှာ ဆုံကြတာပေါ့ ....အခုတော့ အပေါ်ကို ပြန်တက်ကြိစို့ " သလင်းဖြူ စိတ်ထဲ မယုံသင်္ကာစိတ်နှင့် မဝေခွဲနိုင်ဖြစ်နေသော်လည်း ထွဋ်ခေါင်၏ စကားကြောင့် နှုတ်ဆိတ်လျက် နေခဲ့လိုက်သည်။ ~~~~~ မနက်ခင်း ထမင်းစားဝိုင်းသည် အနည်းငယ် တိတ်ဆိတ်ခြောက်ကပ်လျက်ရှိ လေသည်။ "မောင်ထွဋ်ခေါင် ညက ဘယ်အချိန်ရောက်တာလဲ .. မောင်ထွဋ်ခေါင်ကို နောက် သုံးလေးရက်နေမှ ရောက်မယ်လို့ ကြီးကြီး ခင်က ထင်နေတာကွံ့ " တိတ်ဆိတ်နေသော ထမင်းဝိုင်းတွင် ဒေါ်ခင်အေး၏ မေးသံ ထွက်ပေါ်လာလေသည်။ "ည ( ၁၀ ) နာရီကျော်လောက်က ရောက်တာကြီးကြီးခင် ... ဟိုမှာလဲ အလုပ်တွေပြီးသွားတာနဲ့ ပြန်လာခဲ့လိုက်တာ ကြီးကြီး ... ပွဲစီစဉ်တဲ့သူက ပြပွဲရက်ကို ရှေ့တိုးချင်တယ်ဆိုလို့ ရွှေရည်နဲ့ သေချာတိုင်ပင်ရအောင် ချက်ချင်းပြန်လာလိုက်တာကြီးကြီး " ထွဋ်ခေါင်၏ အဖြေစကားကြောင့် ဒေါ်ခင်အေး၊ ဒေါ်ကြူကြူ၀င်းနှင့် ရွှေရည်တို့မှာ အပြုံးမျက်နှာများနှင့် ရှိကြလေသည်။ဒေါ်ကြည်အေးနှင့် ဦးမြင့်အေးတို့မှာမူ သူတို့နှင့် မဆိုင်သကဲ့သို့ တိတ်ဆိတ်စွာပင် စားသောက်နေကြလေသည်။ သလင်းဖြူကတော့ စားနေရင်းမှ အားလုံးကို မသိမသာ အကဲခတ်နေမိလေသည်။ "ဒါနဲ့ သလင်းဖြူကိစ္စကိုရော ဘယ်လိုလုပ်ကြမှာလဲ .." ကောက်ခါငင်ခါ ထပြောလိုက်သော ဒေါ်ခင်အေး၏ စကားကြောင့် အားလုံးက နားမလည်နိုင်သော ဟန်ပန်များဖြင့် ဒေါ်ခင်အေးကို ကြည့်လိုက်ကြလေသည်။ " ဘာကိစ္စကို ပြောတာလဲ ခင်အေး " ဒေါ်ကြည်အေးနှင့် ဦးမြင့်အေးက ပြိုင်တူလိုလိုပင် ပြန်မေးလေသည်။ "ဘာကိစ္စ ရမှာလဲ ...အစ်မတို့ အစ်ကိုတို့ တူမက ... သူ့အခန်းထဲကို လူသတ်သမားဝင်တယ်ပြောလို့ပြော ... တော်ကြာနေ သူ့ကို ဆိုင်ကယ်နဲ့ လိုက်တိုက်ပါတယ် ပြောလို့ ပြော ... ဒီပုံအတိုင်းဆို ကြာရင် မလွယ်ဘူးလေ ....သူလိုချင်တဲ့ပိုက်ဆံမရလို့ အမျိုးမျိုးအဖုံဖုံလုပ်ပြနေတာကို သိကြတယ် မဟုတ်လား ...အဲ့ဒါကြောင့် ကျွန်မကတော့ ရှင်းရှင်းပဲ ပေးနိုင်သလောက်ပေးလိုက်ကြပြီး သူ့ကို ပြန်လွှတ်ဖို့လေ ..." "အမေ ဘယ်လိုပြောနေတာလဲ ..." ဒေါ်ခင်အေး၏ စကားကြောင့် သလင်းဖြူအပါအဝင် အားလုံး အံ့သြနေကြစဉ်မှာပင် ဇော်ထိုက်သည် မိခင်ဖြစ်သူကို ဟန့်တား ပြောဆို လိုက်လေသည်။ "ဟဲ့ ... ငါပြောတာ ဘာများမှားသွားလို့လဲ...သူလဲ ပိုက်ဆံလိုလို့ လာတောင်းတာလေ မဟုတ်ဘူးလား " "ဟာဗျာ တော်ပြီ အမေ့ကို ဘာမှမပြောတော့ဘူး ...ဖြူလေး အစ်ကိုနဲ့ ခြံထဲ လိုက်ခဲ့မလား " ဇော်ထိုက်သည် မိခင်ဖြစ်သူကို မကျေမနပ်ပြောဆိုလိုက်ပြီး သလင်းဖြူကို တဆက်တည်း မေးလိုက်လေသည်။ သလင်းဖြူမှာ အစ်ကိုဖြစ်သူ ဇော်ထိုက်ကိုကြည့်ပြီး ခေါင်းကို အသာခါယမ်းပြလိုက်ရင်းမှ အငြင်းစကား ဆိုလိုက်မိသည်။ "ဒီနေ့တော့ မလိုက်သေးဘူး အစ်ကိုဇော်ထိုက် ... ဒီနေ့ ဂိုထောင်ထဲမှာ သန့်ရှင်းရေးလုပ်မလို့ " သလင်းဖြူ၏ အဖြေမှာ မထူးဆန်းသော်လည်း အစ်ကိုဇော်ထိုက်၏ မျက်လုံး အကြည့်များ ပြောင်းလဲသွားသည်ကို သလင်းဖြူ သတိထားလိုက်မိလေသည်။ " ဂိုထောင်အကျယ်ကြီးကို တစ်ယောက်တည်းလုပ်ရမှာလား .. ဘယ်သူခိုင်းတာလဲ " "ဟဲ့ ငါတို့လဲ မခိုင်းပါဘူး ...ဘယ်သူခိုင်းလို့လဲ " ဇော်ထိုက်၏ အသံမှာ အနည်းငယ် လေသံမာနေခဲ့သောကြောင့် ဒေါ်ခင်အေးကပင် သားဖြစ်သူကို ဒေါသနှင့် ပြန်၍ဖြေလိုက်လေသည်။ "ဖြူလေးကို ဘယ်သူမှ မခိုင်းပါဘူး အစ်ကိုဇော်ထိုက် ... ဂိုထောင်ထဲမှာ ရှုပ်ပွနေလို့ ပူစူး နဲ့ အတူ ရှင်းမလို့ပါ " ကျန်လူများထံမှ မည်သည့် စကားသံမှ မထွက်လာမီ သလင်းဖြူက ဝင်ပြောလိုက်လေသည်။ " ဖိုးဇော် ပြောတာလဲ ဟုတ်တယ်... ဂိုထောင်က အကျယ်ကြီး ပြီးတော့ ဆန်အိတ်တွေနဲ့ ဆိုတော့ မင်းမလုပ်နိုင်လောက်ဘူး ...ရှင်းချင်တယ်ဆိုလဲ အလုပ်သမားတွေနဲ့ ရှင်းလေ " ဒေါ်ကြည်အေးက ဝင်ပြောလေသည်။ " ဟုတ်ကဲ့ ကြီးကြီး " သလင်းဖြူ ကြီးတော်ဖြစ်သူကို ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ထမင်းစားခန်းထဲမှ ဦးစွာ ထွက်သွားသော အစ်ကိုဖြစ်သူ ဇော်ထိုက်၏ ကျောပြင်ကို လှမ်းကြည့်လိုက်သည်။ ~~~~~~~ "ဘယ်လို ....ဒါ ...ဒါဆို အဲ့ဒီအမွှေးတိုင်က ကျွန်မကို သတ်နိုင်တာပေါ့ ဟုတ်လား " သလင်းဖြူ ထိတ်လန့် ချောက်ချားစွာ မေးလိုက်မိသည်။ "တိုက်ရိုက် သေစေနိုင်တာတော့ မဟုတ်ဘူးပေါ့ကွာ ..စိတ်ရူးပေါက်ပြီး စိတ်ထင်ရာ လုပ်မိတာမျိုးပေါ့ .." ထွဋ်ခေါင်၏ စကားကြောင့် သလင်းဖြူ မယုံကြည်နိုင်ခြင်း ၊နာကျည်းခြင်းများဖြင့် အံကို ကြိတ်ထားမိလေသည်။

ဧကြည်ဖြူ "အဝါရောင်ရဲတိုက် " အပိုင်း ( ၁၈ ) ***** သလင်းဖြူ ပြတင်းဝကနေ ခွါလိုက်ပြီး အိတ်ဆောင် ဓါးမြှောင်လေးကို အိတ်ထဲထည့်လိုက်သည် ။ပြီးနောက် ဖုန်းကိုယူလိုက်ပြီး အခန်းတံခါးကို ခပ်ဖြည်းဖြည်းဖွင့်ကာ အပြင်သို့ထွက်လိုက်သည်။အပေါ်ထပ်တစ်ထပ်လုံးတွင် သလင်းဖြူအပါအဝင် သုံးယောက်တည်းရှိသောကြောင့် တိတ်ဆိတ်လွန်းနေသည်။သလင်းဖြူ ခြေကို ခပ်ဖွဖွနင်းခဲ့ရင်း အနောက်ဘက် ရေချိုးခန်းများဘက်သို့ ခြေကို ဖွနင်း၍ လျှောက်လာခဲ့သည်။ငြိမ်သက်တိတ်ဆိတ်နေသော မီးရောင်မှိန်မှိန်အောက်တွင် ရှည်မျောမျောကြီးဖြစ်နေသော ကိုယ့်အရိပ် ကိုယ်ပြန်မြင်နေသည်ကိုပင် တစ်ချက်တစ်ချက်၌ ရင်သည် ဒိန်းခနဲ ဆောင့်၍ခုန်မိလေသည်။ အစ်ကိုစိုင်းလွှမ်း သေဆုံးထားသည်မှာလည်း မကြာသေးသောကြောင့် မသိမသာ ကြောက်စိတ်ကလေးဝင်ကာ ရင်ထဲ၌ကတုန်ကယင် ဖြစ်နေလေသည်။ သလင်းဖြူ နောက်ဘက်ဆောင်သို့ရောက်သောအခါ ရေချိုးခန်းထဲကို ၀င်လိုက်ပြီး ရေချိုးဇလားနောက်ရှိ တံခါးကို ခပ်ဖြည်းဖြစ် ဖွင့်လိုက်သည်။ အခန်းတံခါးပွင့်သွားသောအခါ မှောင်မိုက်နေသော အခန်းကို တွေ့မြင်လိုက်ရသောကြောင့် သလင်းဖြူကျောထဲစိမ့်လာမိသည်။မကြောက်ဘူးဟု အားတင်းထားသော်လည်း ခြေလက်များ မသိမသာတုန်းယင်နေမိသည်။ မှောင်မိုက်နေသော အခန်းထဲတွင် ဖုန်းမီးကို အသာထွန်းလိုက်ပြီး တံခါးသော့ရှိရာဆီကို လှမ်းသွားလိုက်သည်။လူအိပ်ခွင့်မရှိသော ဂိုထောင်ထဲတွင် သူတို့ ဘာတွေ မကောင်းကြံစည်နေကြသည်ကို မှတ်တမ်း ယူရမည်။မိမိအသက်ကို စောင့်ရှောက်နိုင်ရေးအတွက် သလင်းဖြူ ဤမျှလောက်တော့ ရဲရင့်စွန့်စားရပေမည်။ ပတ်ဝန်းကျင်ကို သေချာ ကြည်ရှုပြီးနောက် သလင်းဖြူ ကြောင်လိမ်လှေကားအတိုင် ဆင်းလာခဲ့သည်။ ခြံထဲ၌ မီးလုံးအချို့ ထွန်းထားသော်လည်း မီးလုံးတစ်လုံးနှင့် တစ်လုံး အလှမ်းကွာသည့်အပြင် သစ်ပင်ကြီးများရှိသောကြောင့် ခြံထဲတင် မှောင်တစ်ဝက်လင်တစ်ဝက်ဖြစ်၍နေလေသည်။ " ဝူး ...အူး...အူး...အူး ...." ဆွဲဆွဲငင်ငင်အူလိုက်သော ခွေးအူသံများကြောင့်သလင်းဖြူ ခန္ဓာကိုယ်လေး တောင့်မတ်သွားမိသည်။ရှေ့ဆက်ရမည်ကိုပင် မဝံ့မရဲဖြစ်သွားမိလေသည်။မှောင်ရိပ်သစ်ပင်အောက်တွင် ခေတ္တမျှ ရပ်လိုက်ပြီး စိတ်ကို ငြိမ်အောင်ထိန်းလိုက်သည်။ပြီးနောက် ဂိုထောင် ဘက်သို့ ခြေလှမ်းများကို ဦးတည်လိုက်လိုက်သည်။ ဂိုထောင်အနီးသို့ ခြေလှမ်းများ ပို၍နီးကပ်လာသည်နှင့်အမျှ နှလုံးခုန်သံများလည်း ပိုမိုမြန်ဆန်လာလေသည်။ခြံကျယ်ကြီးထဲတွင်တော့ တစ်ချက်တစ်ချက်ထွက်ပေါ်လာသော ညဉ့်ငှက်များ၏ အသံများမှအပ ချောက်ချားစရာကောင်းအောင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။သလင်းဖြူ အသက်ကို ဝအောင်ရှူသွင်းလိုက်ပြီး မှောင်ရိပ်ကျနေသော ဂိုထောင်ဘေးဘို့ ဖျတ်ခနဲ ကူးသွားလိုက်သည်။ဂိုထောင်သည် အခိုင်အမာ တည်ဆောက်ထားသောကြောင့် ဂိုထောင်းထဲမှ အသံများနှင့် အဖြစ်အပျက်များကိုတော့ အလွယ်တကူ ကြားနိုင်မြင်နိုင်မည် မဟုတ်ပေ။သလင်းဖြူ ဂိုထောင် နံရံဘေးတွင်ကပ်၍ ခန္ဓာကိုယ်ကို တရွေ့ရွေ့တိုးသွားပြီးလျှင် တံခါးပေါက်ရှိရာဆီသို့ သွားလိုက်လေသည်။သလင်းဖြူသည် ရှေ့သို့ အာရုံစိုက်၍ သွားနေရာ မိမိနောက်တွင် လူတစ်ယောက်ရောက်လာသည်ကို မသိလိုက်ဘဲ ရှိလေသည်။ သလင်းဖြူ ခြေတစ်လှမ်းကို ရှေ့သို့ လှမ်းရန် အားပြုလိုက်စဉ်မှာပင် နောက်မှ ရုတ်တရက်ဆိုသလိုပင် ခန္ဓာကိုယ်ကို ဖမ်းဆွဲလိုက်သောကြောင့် သလင်းဖြူ သွေးပျက်မတတ် ထိတ်လန့်သွားမိပြီလျှင် ခန္ဓာကိုယ်ကို ဆောင့်ရုန်းလိုက်ပစ်လိုက်သည်။ "သလင်းဖြူ ...ကိုယ်ပါ ထွဋ်ခေါင်လေ " သလင်းဖြူ အားမာန်အပြည့်သည့် ထည့်၍ ရုန်းကန်နေစဉ်မှာပင် ကြားလိုက်ရသော ခပ်အုပ်အုပ်အသံကြောင့် အံ့သြတကြီးမေးလိုက်မိလေသည်။ " ရှင် ...ရှင်က ဘယ်လို ရောက်လာတာလဲ " " ရှူး တိုးတိုး ...ပြီးရင် ပြောပြမယ် ..ငြိမ်ငြိမ်နေ ...." ထွဋ်ခေါင်က ပြောပြီး သလင်းဖြူ၏ လက်ကို ဆွဲကာ ဂိုထောင်နှင့် ဝေးရာဆီသို့ဆွဲခေါ်ခဲ့လေသည်။ သလင်းဖြူလည်း ထွ ဋ်ခေါင် ဆွဲခေါ်ရာနောက်သို့ လိုက်ပါလာခဲ့ပြီးနောက် ဂိုထောင်နှင့် ခပ်လှမ်းလှမ်းနေရာသို့ ရောက်သောအခါ ထွဋ်ခေါင် လက်မှ ရုန်းထွက်လိုက်ပြီး အိတ်ထဲမှ ဓါးကို ထုတ်ကာထွဋ်ခေါင်းကို ချိန်ရွယ်လိုက်ပြီး ဒေါသနှင့် ပြောလိုက်သည်။ "ရှင်မလှုပ်နဲ့နော် ကျွန်မတကယ်ထိုးလိုက်မှာ ... ပြော ရှင်ဘာလို့ ကျွန်မကိုတားတာလဲ ... ရှင်သာ ကျွန်မဘက်က ဆိုရင် ဂိုထောင်ထဲဝင်ပြီး သူတို့ကို ဖမ်းလိုက်လို့ ရတယ်လေ " "ဘယ်လို ဖမ်းရမယ်ဟုတ်လား ..ဘာကိုဖမ်းမှာလဲ ..ဗေဒင်လိုလိုနတ်လိုလို မိန်းမကြီးက အဝတ်နက်ကြီးဝတ် သားစိမ်းတစ်တွဲနဲ့ ဂါထာပေါင်းစုံ ရွတ်နေတာကို ဘာအမှုနဲ့ ဖမ်းမှာလဲ ...ပြီးတော့ ခုချိန် သူတို့ကို ဝင်ဖမ်းရင် ခြံစောင့်ဖိုးထူးနဲ့ နတ်ဆရာမကိုပဲမိမှာ ... သူတို့ကို ခိုင်းထားတဲ့ တကယ့်တရားခံအစစ်က ခုချိန်လောက်ဆို ဒီတိုက်ကြီးထဲမှာ အေးဆေးအိပ်နေလောက်ပြီး ... ပြီးတော့ ဘယ်သူက ခိုင်းမှန်းမသိဘဲ ငွေအလကားရလို့ လုပ်ပေးနေတဲ့ အဲ့ဒီလူတွေကရော တရားခံကို သိမယ်ထင်လို့လား "

လူရိပ်များသည် ဂိုထောင်ထဲသို့ဝင်ရောက်သွားကြသည်ကို တွေ့လိုက်ရလေသည်။ ================== အပိုင်း (၁၈) ဆက်ရန် ဧကြည်ဖြူ

" ဘာ ...မင်းဘာတွေ လာပြောနေတာလဲ မိန်းခလေး...မင်း ဒေါ် လေးဟုတ်လား.... မင်း .. မင်းပြန်တော့ မိန်းခလေး .. မကြခင် မိုးချုပ်တော့မယ် ...မိုးချုပ်ရင် ဘယ့်သူ့ကိုမှ ဘာမှ မလုပ်ပေးဘူး ..မင်းပြန်တော့ ...ဟေ့ ပိုးပိန် ...သူ့ကို ပြန်ခိုင်းလိုက်တော့ " ဒေါ်သီသည် လေသံတင်းတင်းမာမာနှင့် ပြောပြီး အတွင်းခန်းထဲသို့ ဝင်သွားကာ တံခါးကိုပါ ပိတ်လိုက်လေသည်။ သလင်းဖြူလည်း နမျက်နှာထားတင်းတင်းနှင့်ပင် ဒေါ်သီ၏ အိမ်ထဲမှ ပြန်ထွက်ခဲ့လေသည်။ ~~~~~~~ စက်ဘီးပျက်သွားကြောင်းကို ဖိုးထူးကို ပြောခဲ့လိုက်ပြီးနောက် သလင်းဖြူ တိုက်ကြီးထဲသို့ ဝင်လာခဲ့ပြီး မိမိအခန်းရှိရာသို့ တန်း၍ တက်ခဲ့လိုက်လေသည်။ အခန်းထဲသို့ ရောက်သောအခါ ခြေပစ်လက်ပစ် ထိုင်ချလိုက်မိသည်။ထိုစဉ်မှာပင် မှန်တင်ခုံပေါ်တွင် တင်ထားခဲ့မိသော ဖုန်းမှ မြည်သံကို ကြားလိုက်ရလေသည်။ "ဟယ်လို " "ဟေ့ ...မင်း ဘာလို့ ဖုန်းမကိုင်တာလဲ ..." ဖုန်းကိုကိုင်လိုက်သည်နှင့် တစ်ဖက်မှ ဒေါသသံနှင့် ပြောလာသော ထွဋ်ခေါင်၏ အသံကြောင့် သလင်းဖြူ သက်ပြင်းကိုချလိုက်မိလေသည်။ " ကျွန်မ အပြင်သွားနေလို့ ..ဖုန်းက အိမ်မှာကျန်ခဲ့တာ " " ဟူး .တော်သေးတာပေါ့ ... မင်းကိုဖုန်းဆက်လို့မရလို စိတ်ပူနေတာ ...ဒါနဲ့ မင်းဘာမှ ထူးထူးခြားခြားမဖြစ်ဘူး မဟုတ်လား " "ရှင်က အကြားအမြင်ရနေတာလား ...ဒါမှမဟုတ် ...ကျွန်မကို လုပ်ကြံတာ ရှင်များလား " "ဘာ ... ဘာပြောတယ် သလင်းဖြူ လုပ်ကြံတယ်ဟုတ်လား .... ဘာတွေဖြစ်နေတာလဲ သေချာပြော " ထွဋ်ခေါင်သည် သလင်းဖြူ၏ စကားကြောင့် အံ့သြတကြီးနှင့် မေးလိုက်လေသည်။ "ညနေက ကျွန်မလမ်းလျှောက်နေတုန်း ဆိုင်ကယ်နဲ့တိုက်ခံရမလိုဖြစ်ခဲ့တယ်....သူက တမင်ဝင်တိုက်ဖို့ ကြံစည်ခဲ့တာ ...ဒါပေမဲ့ ကံကောင်းလို့ ဘာမှမဖြစ်ခဲ့ပါဘူး ...တကယ်လို့ ကျွန်မသူငယ်ချင်းသာ မရှိခဲ့ရင် ခုချိန်လောက်ဆို ကျွန်မသေ နေလောက်ပြီထင်တယ် " သလင်းဖြူက ကြုံတွေ့ခဲ့ရသည်များကို ထွဋ်ခေါင်အားပြောပြလိုက်သည်။ "ဟာ ...အဲ့ဒီလောက်တောင် ဖြစ်တာလား ...မင်းကို ပြောမယ် သလင်းဖြူ ...ကိုယ့်စကားကို သေချာနားထောင် မင်းအတွက် အန္တရာယ်ရှိနိုင်တာမို့အစစအရာရာ သတိနဲ့နေပါ ....ပြီးတော့ အိပ်ရင်လဲ သတိနဲ့ အိပ်ပါ ကြားလား ... အကြောင်းထူးရင် ကိုယ့်ဆီကို ဖုန်းဆက်လိုက် " ထွဋ်ခေါင်ထံမှ ဖုန်းချသွားသောအခါ သလင်းဖြူ ရေမိုးချိုးရန် ပြင်ဆိင်လိုက်သည်။ယနေ့အဖို့မှာ လူသတ် သမား၏ အကြံပေးကို ရန်စခဲ့ပြီဖြစ်သောကြောင့် သလင်းဖြူဘက်မှ အဆင်သင့်ပြင်ထားရန်သာ ရှိလေသည် မဟုတ်ပါလား ။ ~~~ ညက နက်သထက်နက်လာသည်။ယခုညအဖို့ သလင်းဖြူ ဘာမှ စားသောက်ခြင်းမရှိဘဲ ကိုယ့်ဘာသာ ရေနွေးကျို၍ ကော်ဖီမစ်ထုတ်ပဲဖျော်သောက်ခဲ့သည်။ညခုနစ်နာရီကျော်လောက်က အောက်ထပ်သို့ ဆင်းပြီး အိမ်းသားအားလုံးရှေ့တွင် ဆိုင်ကယ်နှင့့်လိုက် အတိုက်ခံရသည့်အကြောင်းကို ပြောပြခဲ့ပြီး အိမ်သားများ၏ မျက်နှာများကို တစ်ယောက်ချင်းစီကြည့် ရှူ အကဲခတ်ခဲ့သည်။သို့သော်လည်း အားလုံးသည် မှင်မောင်းကောင်းစွာပင် အမူအရာ မပျက်ရှိ ခံ့ကြလေသည်။ " ဘာရန်ငြိုးရှိလို့ တူမကြီးကို လုပ်ကြံတာလဲ ....ဒီရွာနဲ့ ဘကြီးတို့နဲ့မတည့်တဲ့သူလဲ မရှိပါဘူးကွယ် " ဦးမြင့်အေးက နားမလည်နိုင်စွာ ပြောသည်။ "ဆိုင်ကယ်နဲ့ လိုက်တိုက် တယ် ဟုတ်လား ...ဖြစ်နိုင်လို့လား...လမ်းသူရဲတွေက တမင်ရန်စတာ မဟုတ်ဘူးလား " ဒေါ်ခင်အေးက မယုံကြည်သလို ၀င်ပြောခဲ့သည်။ဒေါ်ကြည်အေးကမူ ဘာစကားမျှဝင်မပြောဘဲ ထိုင်နေခဲ့သည်။ရွေရည်ဝင်းနှင့် ဒေါ်ကြူကြူ၀င်းတို့ကတော့ သလင်းဖြူကို ခပ်လှောင်လှောင်ကြည့်နေခဲ့ပြီး ဟာသပုံစံဖြင့်ဝင်ပြောခဲ့လေ၏။ "နင်ပဲ အမျိုးမျိုးဖြစ်နေပါလား သလင်းဖြူ...အက်ရှင်ကားရိုက်နေတဲ့အတိုင်းပဲနော် " ထိုစကားဝိုင်းတွင် ကြီးတော် ဒေါ်ခင်အေး၏သား အစ်ကိုဇော်ထိုက်တစ်ယောက်သာ သလင်းဖြူ၏ စကားကို ဝေဖန်ပြောဆိုခြင်းမရှိခဲ့ဘဲ စဉ်းစဉ်းစားစားနှင့် ထိုင်နေခဲ့သည်ကို တွေ့ရလေသည်။ထိုမျှလောက် နှင့်တော့ တရားခံကို သလင်းဖြူ မခန့်မှန်းနိုင်ပါချေ။ "ဂီး ..." သလင်းဖြူ အတွေးအိမ်ထဲလွင့်မျောနေစဉ်မှာပင် ကျယ်လောင်လှသော ငှက်ဆိုးထိုးသံကြောင့် ရင်တွေ ဒိန်းခနဲဆောင့်ခုန်သွားမိသည်။လူမှာ ခုတင်ပေါ်တွင် လှဲ၍ နေသော်လည်း သောက်ထားသော ကော်ဖီ၏ အစွမ်းကြောင့် အိပ်ချင်စိတ်များ ပြေပျောက်လျက်ရှိလေသည်။သလင်းဖြူ ခုတင်ထက်မှ အသာထလိုက်ပြီ ပြတင်းပေါက်ရှိရာသို့ ခြေကို ဖွဖွနင်း၍ သွားလိုက်သည်။ အခန်းထဲရှိ မီးများကို ပိတ်ထားပြီးနောက် သလင်းဖြူအမှောင်ထဲတွင် ပ်လျက်မှ ခြံထဲသို့ လှမ်းကြည့်လိုက်သည်။ခြံဝန်းကြီးတစ်ခုလုံး တိတ်ဆိတ်နေပုံမှာ မုန်တိုင်း ကျခါနီးတွင် ငြိမ်သက်နေသော ပင်လယ်ပြင်ကဲ့သို့ ပါပင်။ "ဟင် " သလင်းဖြူခြံထဲသို့ ကြည့်နေစဉ်မှာပင် တရွေ့ရွေ့သွားနေသော မည်းမည်း သဏ္ဍာန်အရိပ်နှစ်ခုကို တွေ့လိုက်ရသောကြောင့် ခန္ဓာကိုယ်ကို နောက်သို့ ဖျတ်ခနဲဆုက်လိုက်မိလေး၏။မှောင်ရိပ်ကျနေသော သလင်းဖြူရှိရာပြတင်းပေါက်များကို ထိုလူများ လှမ်း၍ တွေ့မြင်ရမည် မဟုတ်မှန်းသိသော်လည်း သလင်းဖြူ သတိကြီးကြီးနှင့် ထားရလေသည်။ထိုသို့ကြည့်နေစဉ်မှပင်

ကြောက်စိတ်ကို ဒေါသစိတ်က ဖုံးနေခြင်းကြောင့်သာလျှင် သလင်းဖြူ၏ ခြေလှမ်းများ ရဲ့ရင့် တက်ကြွနေခြင်းဖြစ်လေသည်။ ~~~~ အိမ်ထဲသို့ဝင်လိုက်သည်နှင့် အိမ်ရှေ့ခန်းတွင် ကန်တော့ပွဲများနှင့် သလင်းဖြူ မမြင်ဖူးသော ရုပ်တုများကို အိမ်ဦးခန်းတွင် အများအပြားရှိနေသည်ကို တွေ့လိုက်ရလေသည်။ " ကဲ..ကဲ ဝင်ခဲ့ကွယ် ..'' သလင်းဖြူ အိမ်ထဲသို့ ၀င်လိုက်သောအခါ ကုလားထိုင်တွင် ထိုင်နေသော ဒေါ်သီက လှမ်း၍ ခေါ်လေသည်။ ဒေါ်သီသည် အသက်အရွယ် ခြောက်ဆယ်နားနီးနေပြီဖြစ်သော်လည်း အနက်ရောင်ဝမ်းဆက်ကို ဝတ်ထားပြီး အသက်အရွယ်နှင့်လိုက်အောင် ဖြူဖြူခန့် ခန့်နှင့် ချောမော ကြည့်ကောင်းနေသည်ကို တွေ့လိုက်ရလေသည်။ "ကဲ ထိုင် ...ဒီအချိန်ကြီးမှ ဘာကိစ္စ အရေးကြီးလို့လဲ ပြော " ထိုသို့ မေးလိုက်သော ဒေါ်သီ၏မျက်နှာကို သလင်းဖြူ မျက်တောင်မခတ် စိုက်ကြည့်လိုက်ပြီး စိတ်ထဲမှ မူ ထုံးစံအတိုင်း ဂုဏ်တော်ကိုးပါးကို ရွှတ်ဖတ်နေရင်းမှ ဒေါ်သီကို မေးလိုက်သည်။ " ဒီရက်ပိုင်းတွေမှာ ... ကျွန်မကို ဂုဏ်သိက္ခာကျအောင်လုပ်နေတဲ့သူတွေရယ်အသက်ကိုပါ ရန်ရှာနေတဲ့သူတွေရှိနေလို့ ပါ...အန္တရာယ်ကင်း အဆောင်လဲ လိုချင်ပါတယ် .. ပြီးတော့ ကျွန်မကို ဘယ်သူတွေက မကောင်းကြံနေလဲဆိုတာ သိချင်လို့ပါ ဆရာမကြီး...အခုလေးတင်ပဲ ကျွန်မကို ဆိုင်ကယ်နဲ့တိုက်သတ်ဖို့ လုပ်တဲ့သူနဲ့ ကြုံခဲ့ရလို့ပါ" သလင်းဖြူက ပြောပြီး ဒေါ်သီ၏ မျက်နှာကို စူးစူးစိုက်စိုက်ကြည့်ကာ အကဲခတ်နေလိုက်သည်။ " ဒီမှာ မိန်းခလေး ..မင်းကို အသက်အန္တရာယ်ကင်းအောင် အဆောင်တော့ ပေးလို့ရတယ် ...ဒါပေမဲ့ ဘယ်သူက မင်းကို အန္တရာယ်ပေးလဲဆိုတာ အထိတော့ ငါလဲ မသိနိုင်ဘူး ... ငါ့ပညာက အဲ့လောက်ထိလည်း မစွမ်းဘူးကွဲ့ " ဒေါ်သီသည် သလင်းဖြူကို ကြည့်၍ ပြန်ဖြေလေသည်။ " ဟုတ်ကဲ့ ဒါဆိုရင် ကျွန်မအသက်ကို ကယ်ပေးပါ ဆရာမကြီးရှင် ... ဒီရက်ပိုင်းမှာ ကျွန်မအတွက် အသက်သေဆုံးတဲ့ အထိကြုံနိုင်လားဆိုတာကို ကြည့်ပေးပါရှင် " "ကဲပါ ဒီလောက်လဲ စိုးရိမ်စရာမလိုပါဘူးကွယ် ....ငါ့ဆီကို ရောက်လာမှတော့ မင်းကို ငါကယ်ပါ့မယ် " ဒေါ်သီသည် ပြောပြောဆိုဆိုနှင့့် ကုလားထိုင်ပေါ်မှ ဆင်းလိုက်ပြီးလျှင် အိမ်ဦးခန်းရှိ အစီအရင်များရှိရာသို့ ဦးတိုက်၍ကန်တော့ နေလေသည်။ပြီးလျှင် ဒေါ်သီသည် သလင်းဖြူကို မျက်လုံးပြူးကြီးများနှင့်ကြည့်လိုက်ပြီးလျှင် "မင်းမှာ အန္တရာယ်တွေ များလှချည်းလား မိန်းခလေး ... ကဲ ... များများ စားမပြောတော့ဘူး မင်းအတွက်အစီအရင်လုပ်ပေးမယ် ဟုတ်ပြီလား " "ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာမကြီးရှင် ....ဟို .. ဟို ..ပြီးတော့ လူတစ်ယောက်ကို နှစ်ရှည်လများ မကျန်းမမာဖြစ်အောင်လုပ်ထားပြီး နောက်ဆုံးမှာ အသက်ပါဆုံးရှုံးတဲ့ အထိလုပ်လို့ရပါသလား ရှင် ... ကျွန်မ လူတစ်ယောက်ကို အဲ့လို လုပ်ချင်လို့ပါ " " ဟေ့ ကလေးမ ..မင်းဟာက ပြင်းထန်လှချည်လားကွယ် ... ငယ်ငယ်ရွယ်ရွယ် တယ်ပြီး ဒေါသမာန်မာန ကြီးလှချည်လား ...ဒါနဲ့ ဘယ်သူကိုများလုပ်ချင်တာလဲ ...မင်းပြောပြမယ်ဆိုရင်တော စဉ်းစားပေးမယ် " ဒေါ်သီက သလင်းဖြူ၏ မျက်နှာကို အကဲခတ်သလို ကြည့်ရင်းပြောလိုက် လေသည်။ "ကျွန်မ မိထွေးကိုပါ ရှင် ......မိထွေးက ကျွန်မကို အရမ်းမုန်းနေပြီး သူကအရင် မကောင်းကြံနေလို့ပါရှင် ... အဲ့ဒါကြောင့် ဆရာမကြီးဆီမှာ အကူအညီ လာကောင်းတာပါ * "ဟေ့ ...ဒီမှာ မိန်းခလေး ... လူတစ်ယောက်ရဲ့ အသလ်ဆိုတာ လွယ်လွယ်နဲ့ သတ်လို့ရတာမဟုတ်ဘူးကွဲ့ ... အဲ့ဒီအတွက် အပြင်အဆင်တွေ အများကြီးလိုအပ်တယ် ...ပြီးတော့ အနည်းဆုံးတော့ အဲ့ဒီလူရဲ့ ခန္ဓာကိုယ်ကအစိတ်အပိုင်း တစ်ခုခုတော့ ရှိရတယ် ဥပမာ ဆံပင်ပဲဖြစ်ဖြစ်ပေါ့....ပြီးတော့ အရေးကြီးတဲ့ အစီအရင်တွေအတွက် ...ငွေကြေးလည်း လုံလုံလောက်လောက် ရှိရတယ် သိရဲ့လား ....မင်းမှာ အဲ့ဒါတွေရှိလား " " အဲ့ဒါဆိုရင်တော့ ခက်ပြီပေါ့ရှင် ...မိထွေးနဲ့ ကျွန်မက တစ်နေရာစီ ဖြစ်နေတော့ မိထွေးရဲ့ ဆံပင်ကို ရဖို့ကတော့ မလွယ်ပါဘူး ဆရာမကြီး ... ငွေကြေးအတွက်ကတော့ စိတ်ပူစရာမလိုပါဘူး ..ဘာလို့လဲဆိုတော့ ...ကျွန်မက ဦးစိန်ချစ်ရဲ့မြေးလေ " " ဘာ ...ဘယ်လို ...မင်း ...မင်းက ဦးစိန်ချစ်ရဲ့မြေး ဟုတ်လား " သလင်းဖြူ၏ စကားကို ကြားသောအခါ ဒေါ်သီသည် အလန့်တကြားနှင့် မေးလိုက်လေသည်။ မျက်လုံးအစုံမှာ ပြူးကျယ်သွားပြီး အံ့ဩထိတ်လန့် သွားသောဟန် ရှိသော ဒေါ်သီကို သလင်းဖြူက မဲ့ပြုံးတစ်ချက်ပြုံးပြလိုက်ပြီးလျှင် "ဟုတ်ပါတယ်ရှင် ...ကျွန်မက ဦးစိန် ချစ်ရဲ့ မြေး ... ဒေါ်နှင်းအေးရဲ့သမီး ... ဒေါ်ရင်အေးရဲ့ တူမပါ .." " မင်း ...မင်းကို ဒီကိုလာမေးဖို့ ဘယ်သူလမ်းညွှန်လိုက်တာလဲ " ဒေါ်သီက သလင်းဖြူကိုကြည့်၍ အထစ်ထစ်အငေါ့ငေါ့နှင့် မေးလိုက်လေသည်။ " ဒေါ်လေးပေါ့ရှင် ...ဒေါ်လေးရင်အေး လမ်းညွှန်တာလေ...ဒေါ်လေးပြောတာတော့ ဆရာမကြီးဆီမှာ အစီအရင်လုပ်တဲ့ သူတိုင်း အောင်မြင်တယ်တဲ့လေ ... လူတစ်ယောက်ကို မကျန်းမမာ ဖြစ်အောင်လုပ်ပြီး ဘယ်သူမှ မရိပ်မိအောင် သတ်လို့ရတယ်ဆိုတဲ့ သတင်းကြားလို့ပါရှင် "

ဧကြည်ဖြူ " အဝါရောင်ရဲတိုက် " အပိုင်း ( ၁၇ ) ***** " ဖြူလေး .... " စိုင်းလွှမ်းသည် နှုတ်မှ အော်လိုက်ရင်း သလင်းဖြူကို လမ်းနံဘေးသို့တွန်းထုတ်လိုက်ပြီးလျှင် ကိုယ်တိုင်လည်း လျင်မြန်စွာရှောင်တိမ်းလိုက်လေသည်။ထိုအခါ စက်ဘီးသည် လမ်းပေါ်သို့ လဲကျသွားလေရာ ဆိုင်ကယ်သမားသည် စက်ဘီးကို တိုက်မိမလိုဖြစ်သွားပြီး ဆိုင်ကယ်ကို ဝေါခနဲ မောင်းထွက်သွားလေသည်။ သလင်းဖြူမှာ တစ်ခဏအတွင်း ဖြစ်ပျက်သွားသော ထိတ်လန့်ဖွယ် အဖြစ်ပျက်ကြောင့် လူမှာ ကြောင်တောင် တောင်ဖြစ်နေမိလေသည်။ "ဖြူလေး မင်းဘာဖြစ်သွားသေးလဲ " စိုင်းလွှမ်းသည် လဲနေရာမှ လူးလဲထလိုက်ပြီးနောက် သလင်းဖြူလဲနေရာသို့သွားကာ စိုးရိမ်တကြီးနှင့် မေးလိုက်လေသည်။ "ငါ ...ငါတို့ ဘာဖြစ်သွားကြတာလဲဟင် စိုင်းလွှမ်း " သလင်းဖြူသည် လမ်းနံဘေး သဲပြင်ပေါ်မှ လူလဲ ထလိုက်ပြီးလျှင် စိုင်းလွှမ်းကို ယောင်နနနှင့် မေးလိုက်သည်။သလင်းဖြူတို့နှစ်ယောက်မှာ ကံကောင်းသည်ဟုပင် ဆိုရပေမည်။သူတို့လဲကျသောလမ်းဘေး၌ သစ်ရွက်ကြွေများနှင့်ဖုံးနေသော သဲများသာ ရှိနေခြင်းကြောင့် နှစ်ယောက်သား ထိခိုက်ဒဏ်ရာ မရရှိခဲ့ခြင်းဖြစ်ကြလေသည်။ " ဆိုင်ကယ်နဲ့တိုက်မိမလို ဖြစ်သွားရုံပါ ဖြူလေး....နင့်ကို ဆူးတွေ ဘာတွေနဲ့ ခြစ်မိသေးလား " စိုင်းလွှမ်းက မေးရင်း သလင်းဖြူ၏လက်များကို ဆွဲယူကြည့်လိုက်လေသည်။ " ငါ ....ငါဘာမှ မဖြစ်ပါ စိုင်းလွှမ်း....နင်.... နင်ရော ဘာဖြစ်သွားသေးလဲဟင်...ဆိုင်တယ်က ငါတို့ကို တမင်ဝင်တိုက်ဖို့လုပ်တာပဲ ...ဆိုင်ကယ်သမားကို သိလား စိုင်းလွှမ်း ` သလင်းဖြူက တုန်တုန်ယင်ယင်နှင့်မေးလိုက်သည်။ "ဆိုင်ကယ်ဦးထုပ်ဆောင်းထားတော့ မမြင်လိုက်ရဘူး ဖြူလေး ... အန္တရာယ်က ငါတို့ထင်တာထက်ကို ပိုဆိုးနေပြီထင်တယ် ... မင်း ဒီထက်ပိုပြီးသတိထားနေမှဖြစ်မယ်နော် " စိုင်းလွှမ်း၏စကားကြောင့် သလင်းဖြူ အံကိုကြိတ်လိုက်ပြီး "လာစမ်းပါစေ ငါမကြောက်တော့ဘူး ... သူတို့ ငါ့အမေကို တကယ်သတ်ခဲ့တာဆိုရင် ငါကိုယ်တိုင် အဲ့ဒီလူကို ထောင်ထဲထည့်မယ် " "အစစအရာရာ သတိတော့ထားပါ ဖြူလေး ....တရားခံက ဘယ်သူမှန်းမသိတော့ ...ကိုယ့်အတွက် အန္တရာယ် အရမ်းများတယ် " " စိတ်ချပါ စိုင်းလွှမ်းရယ် ... ငါ့ကိုယ်ငါ ဂရုစိုက်ပါ့မယ် ...တရားခံက ရွှေရည်ဝင်းကနေ ကြီးကြီးကြည်အေးအထိ သူတို့အားလုံး မသင်္ကာစရာ လူတွေချည်းပဲဆိုတာ ငါသိတယ်....ဒါနဲ့ နင်ပြန်တော့နော် စိုင်းလွှမ်း ...ငါ ရက်ကန်းရုံ ခဏ ၀င်မလို့ " " စက်ဘီးက တွန်းသွား ရမှာကို မင်းအဆင်ပြေပါ့မလား ... ဝေးကဝေးနဲ့ " " ရတယ် စိုင်းလွှမ်း နင်ပြန်တော့နော် " စိုင်းလွှမ်း ထွက်သွားသည်နှင့် သလင်းဖြူလည်း ရွာလယ်လမ်းဘက်သို့ဦးတည်သွားနေရာမှ ရွာအနောက်ချောင်ဘက်သို့ ခြေလှမ်းများကို ဦးတည်လိုက်လေသည်။ ~~~~ " အိမ်ရှင်တို့ ...အိမ်ရှင်တို့ ရှိလား " သလင်းဖြူ ခြံရှေ့ တံခါ၀မှ ခပ်ကျယ်ကျယ်အော်ခေါ်လိုက်သည်။ခြကြီးတစ်ခုလုံးတွင် သစ်ပင်ကြီးများဖြင့် အုံ့ဆိုင်းမှိုင်းညို့နေပြီး လူရိပ်လူယောင်ဟူ၍ မတွေ့ဘဲ ရှိလေသည်။ "အိမ်ရှင်တို့ ...အိမ်ရှင်တို့....လူရှိလားရှင် " "ဘယ်သူလဲဟေ ....ဟဲ့ ဖိုးပိန်... ခြံရှေ့က ခေါ်သံမကြားဘူးလား " သလင်းဖြူ ဒုတိယအကြိမ်မြောက် ခပ်ကျယ်ကျယ်အော်ခေါ်လိုက်သောအခါ အထဲမှ အသံကို ကြားလိုက်ရပြီး ပိန်ပိန်မည်းမည်းနှင့် လူတစ်ယောက်ခြ၀ဆီသို့ လျှောက်လာသည်ကို တွေ့လိုက်ရလေသည်။ " ဘယ်သူလဲ ...ဘာကိစ္စလဲ " ပိန်ပိန်းမည်းမည်းနှင့် လူသည် သလင်းဖြူကို တွေ့သည်နှင့် အသံမာမာနှင့် မေးလေသည်။ " ဆရာမကြီးနဲ့ တွေ့ချင်လို့ .." သလင်းဖြူက လေသံပျော့လေးနှင့် ပြောလိုက်သည်။ " မရတော့ဘူး ...မကြာခင် မိုးချုပ်တော့မယ် ...ဒီအချိန် ဧည့်သည် လက်မခံတော့ဘူး " ထိုလူ၏ စကားကြောင့် သလင်းဖြူ စိတ်ပျက်သွားရလေသည် ။ပြီးမှ အကြံ ပေါ်လာပြီး ထိုလူအား ခပ်တည်တည်နှင့် ပြောလိုက်သည်။ "ဒီမှာ အစီအရင်အတွက် ကုန်ကျသလောက်ပေးမှာပါ ...ဒီနေ့ပဲ အသက်အန္တရာယ်နဲ့ ကြုံတွေ့ရမဲ့ အခြေအနေ ရှိနေလို့ အကူအညီတောင်းချင်လို့ပါ ...အရမ်းကို အရေးကြီးနေလို့ ဆရာမ ကြီးနဲ့ တွေ့ရမှ ဖြစ်မှာမို့ ...သွားပြောပေးပါ " ထိုသို့ သလင်းဖြူ ပြောလိုက်သောအခါ ထိုလူသည် ခြံကြီးထဲမှ ရေနံချေးများဖြင့်ဝနေသော အိမ်ကြီးဆီသို့ လျှောက်သွားလေသည်။ များမကြာမီမှာပင် ထိုလူသည် ခြံ၀ဆီသို့ ပြန်လျှောက်လာပြီး ခြံတံခါးကို ဖွင့်လိုက်ကာ လေသံခပ်တင်းတင်းနှင့် ခေါ်လေသည်။ "လာ လိုက်ခဲ့ .... ခြံထဲကသစ်ပင်တွေကို ဟိုဟိုင်ဒီကိုင် မလုပ်နဲ့ " သလင်းဖြူသည် အမြဲလိုလို ရွတ်ပွားနေကြဖြစ်သော ဘုရားဂုဏ်တော်ကို စိတ်ထဲမှ ရွတ်ဆိုလျက် ထိုလူ၏ နောက်မှခြံထဲသို့ လိုက်ဝင်ခဲလေသည်။ ခြကြီးတစ်ခုလုံးသည် သစ်ပင်များ အုပ်အုပ်ဆိုင်းဆိုင်းနှင့် တိတ်ဆိတ်နေလေသည်။မကြာမီ နေကလည်း ဝင်တော့မည်ဖြစ်သလို သစ်ပင်များကြောင့် ခြံထဲတွင် အလင်းရောင် သိပ်မရှိဘဲခပ်မှောင်မှောင်ဖြစ်နေလေသည်။ ဒေါသစိတ်ကြောင့် ဖြစ်ချင်ရာဖြစ်ဆိုပြီး သလင်းဖြူလာခဲ့သော်လည်း ခြံထဲသို့ ရောက်သည်နှင့် ခန္ဓာကိုယ်တစ်ခုလုံး စိမ့်၍အေးလာသလို ခံစားရလေသည်။

ထိုသို့ စိုင်းလွှမ်းနှင့် သလင်းဖြူတို့ စက်ဘီးကို တွန်းပြီးနှစ်ယောက်သားလမ်းလျှောက်စကားပြောလာကြစဉ် သူတို့နောက်မှ ဆိုင်ကယ်သံကြားသောကြောင့် နှစ်ယောက်သားလှည့်ကြည့်လိုက်သောအခါ သူတို့နှစ်ယောက်ရှိရာသို့ အရှိန်ပြင်းပြင်းနှင့်တည့်တည့်ကြီးမောင်းလာသော ဆိုင်ကယ်တစ်စီးကိုတွေ့လိုက်ကြရလေသည်။ ===================== အပိုင်း ( ၁၇ ) ဆက်ရန် ဧကြည်ဖြူ (ခေါင်းတွေ မူးနေလို့ စာတွေ သေချာပြန်မစစ်နိုင်လို့ အမှားပါရင် သည်းခံပေးကြပါရှင် 🙏🙏🙏)

"ကြီးကြီးခင် သမီးရောက်ပါပြီး " ဒုတိယထပ်၏ ဧည့်ခန်းရှေ့သို့ရောက်သောအခါ ကြီးတော်ဖြစ်သူကို သလင်းဖြူ အသံပေးလိုက်သည်။ " အေး ၀င်လာခဲ့ " သလင်းဖြူ အခန်းထဲသို့ဝင်လိုက်သည်။ "အဲ့ဒီမှာထိုင် ....ငါ့တူမကို ကြီးကြီး ပြောစရာရှိလို့ " " ဟုတ်ကဲ့ ကြီးကြီးခင်" သလင်းဖြူက ကြီးတော်ဖြစ်သူကို မဝံ့မရဲခေါင်းငြိမ့်ပြလိုက်မီသည်။ "ကြီးကြီး ရှင်းရှင်းပဲပြောမယ်ကွယ် ... သမီးအနေနဲ့ သူများသမီးရည်းစားကြားမှာ ဝင်မပါပါနဲ့လားကွယ် ..မိန်းခလေးဖြစ်ပြီး သိက္ခာမရှိတာကို ကြီးကြီးခင်အမုန်းဆုံးပဲ " "ရှင်... ကြီးကြီး ဘာတွေပြောနေတာလဲဟင် " သလင်းဖြူ နားမလည်နိုင်စွာ ပြန်မေးလိုက်သည်။ "အခုမှ မသိချင်ယောင် ဆောင်မနေပါနဲ့ကွယ် ... သမီး ရွှေရည်နဲ့ မောင်ထွဋ်ခေါင်ကြားမှာ မင်းဝင်ရှုပ်နေတာကို ကြီးကြီးသိတယ် ... ဟိုနေ့ညကလဲ မောင်ထွဋ်ခေါင် မင်းအခန်းထဲ ရောက်လာအောင် တမင်ဉာဏ်ဆင်ခဲ့တာ မဟုတ်လား ...ကံကောင်းလို့ တစ်အိမ်လုံးနိုးသွားပေလို့ပေါ့ " "ရှင် ... ကြီးကြီး ..မဟုတ်ဘူးနော် ...ကြီးကြီးပြောသလို မဟုတ်ဘူး ...အဲ့ဒီနေ့က လူသတ်သမားက သမီးကို သတ်ဖို့အတွက် အခန်းထဲကို တကယ် ၀င်လာခဲ့တာ " သလင်းဖြူသည် ကြီးတော်ဖြစ်သူ၏ ပြောဆို စွပ်စွဲသော စကားများကြောင့် ခေါင်းကို ယမ်းခါ၍ တွင် တွင် ငြင်းဆန်လိုက်သည်။သို့သော်လည်း ကြီးတော်ဖြစ်သူသည် တစ်ယူသန် ပြောဆိုလျက် ရှိလေသည်။ "မူယာမာယာတွေနဲ့ ငိုမနေနဲ့ သလင်းဖြူ ...မောင်ထွဋ်ခေါင် ...ပြန်မလာခင် ရန်ကုန်ကို ပြန်တော့ .. ကြီးကြီးခင် မင်းကို ဒီတိုင်းပြန်မလွှတ်ပါဘူး ....ပိုက်ဆံပေးလိုက်ပါ့မယ် ဟုတ်ပြီလား....ကဲ ...ကဲ သွားတော့ ပြန်ဖို့ ပြင်ဆင်ထားတော့..." သလင်းဖြူသည် ကြီးတော်ဖြစ်သူ၏ ရှေ့မှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ရှက်စိတ်၊ ဝမ်းနည်းစိတ်များကြောင့် ပါးပြင်ပေါ်သို့ မျက်ရည်ပေါက်များ စီးကျလာလေသည်။ ~~~~~~~ " ဒါဆို ....ဒီအမွှေးတိုင်းက ထွက်တဲ့ အငွေ့ကို ရှုမိရင် စိတ်ကို ကစဉ်ကလျားဖြစ်စေတာလား ..." ထွဋ်ခေါင်က အမွှေးတိုင်ကို ကိုင်၍ မေးလိုက်သည်။ " ဟုတ်တယ် ...ဆေးဆရာ ပြောတာတော့ ...စိတ်ကို ခဏတာ ရူးသွပ်သွားစသလိုဖြစ်စေတတ်တယ် ...စိတ်လွတ်သွားတဲ့ သဘောပေါ့ ...အဲ့ဒီလိုဖြစ်သွားရင် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တာမျိုးလဲ လုပ်တတ်တယ်တဲ့..." " ဘာ ..ဘာပြောတယ် ဝေထွန်း ....ကိုယ့် ကိုယ်ကို သတ်သေနိုင်တယ် ဟုတ်လား ... ရက်စက်လိုက်ကြတာကွာ ...ဒါဆို အခုပဲ မိုးနှဲရွာကို ငါပြန်မယ် ဝေထွန်း ...မင်းက ဦးရန်နောင်ထွေးကိစ္စကို သေချာအောင်လုပ်ထားလိုက် " " ဟာ ထွဋ်ခေါင် အချိန်မရှိတော့ဘူးကွ အခုပဲ လေးနာရီထိုးတော့မယ်.. လမ်းမှာ အန္တရာယ်များတယ် ... ဒါမှမဟုတ် ကားနဲ့သွားရင် သွား " "ရတယ် ကိစ္စမရှိဘူး ...ကားလမ်းကဝေးတယ် ... ခုချိန်သွားရင် ညသန်းခေါင်ကျော်မှ ရောက်လိမ့်မယ် ...ဆိုင်ကယ်နဲ့ပဲ သွားမယ် " ထွဋ်ခေါင်သည် သလင်းဖြူအတွက် စိုးရိမ်မိသောကြောင့် ချက်ချင်းပင် မိုးနှဲ ရွာသို့သွားရန် ပြင်ဆင်လိုက်လေသည်။ " သူငယ်ချင်း မင်းသတိလဲထားအုံးနော် " ~~~~~~ "ဘာ လူသတ်သမားက မင်းအခန်းထဲကို ဝင်လာတယ် ဟုတ်လား " စိုင်းလွှမ်းက သလင်းဖြူကို စိုးရိမ်တကြီးမေးလိုက်သည်။ "ဟုတ်တယ် ..သူတို့တွေကတော့ ငါ့ကို အိပ်မက်မက်နေတာတဲ့လေ .. ငါ့အခန်းထဲ လူသတ်သမားဝင်တာကို ငါက မသိဘဲ နေပါ့မလားဟယ် " " ဒါဆို တကယ်လူသတ်သမားပေါ့ ....ဒါနဲ့ လူသတ်သမားကိုရော မြင်လိုက်လား " "မြင်လိုက်ပေမဲ့ မှောင်နေလို့ သေချာတော့ မတွေ့လိုက်ရဘူး ...ဒါပေမဲ့ အဲ့ဒီလူရဲ့ ပုံစံက ငါတို့အိမ်ထဲက လူတစ်ယောက်နဲ့ တူနေတယ်လေ ..ငါ အဲ့ဒါကို သေချာအောင်စုံစမ်းမှာ " "ဘာ .. ဒါဆို လူသတ်သမားက အိမ်ထဲမှာပဲရှိတာပေါ့ ...ဒီလောက်အန္တရာယ်များတဲ့ နေရာမှာ ဘာလို့ဆက်နေနေတာလဲ ...ရန်ကုန်ကို ပြန်ပါတော့လား ဖြူလေးရယ်.. ငါလဲ မင်းနဲ့အတူ လိုက်ခဲ့မယ်လေ " " အခုတော့ မပြန်သေးဘူး စိုင်းလွှမ်း ...ငါ့ကို အမျိုးမျိုးလုပ်ကြံနေတဲ့ တရားခံကို မိအောင်ဖမ်းပြီးမှ ပြန်မယ်....ပြီးတော့ မနေ့က ကြီးကြီးခင်က ငါ့ကို သိက္ခာမရှိတဲ့သူလို့ပြောတယ် ... အဲ့ဒါတွေကို ဖြေရှင်းပြီးမှ ပြန်မှာ " ဒေါသတကြီးနှင့့်ပြောနေသော သလင်းဖြူကို ကြည့်ပြီး စိုင်းလွှမ်း သက်ပြင်းမောကြီးကို မှုတ်ထုတ်လိုက်မိလေသည်။ ~~-~~ "ရပါတယ် လိုက်မပို့ပါနဲ စိုင်းလွှမ်းရယ် ... တော်ကြာ နင့်အဖေနဲ့ နင့်မိထွေးမြင်သွားအုံးမယ် " " ရွာလယ်လမ်းအထိပဲ လိုက်ပို့မှာပါ ... ပြီးတော့ သူတို့ ငါ့ပုံစံကို မမှတ်မိနိင်ပါဘူး " စိုင်းလွှမ်းက သူ၏ ခေါင်းပေါ်မှ ခမောက်ကို မျက်နှာအုပ်အောင် ဆွဲချလိုက်ရင်းမှ ပြောလိုက်လေသည်။ "ပြီးတော့ နောက်ဆိုရင် မင်းတစ်ယောက်တည်း ဒီဘက်ကို မလာတော့နဲ့နော် ဖြူလေး....ဒီဘက်က လူပြတ်တယ် " "ဟင် ...ဒါဆို နင့်ကို တွေ့ချင်ရင် ဘယ်လိုလုပ်ရမလဲ " သလင်းဖြူက စိုင်းလွှမ်းကို မော့ကြည့်ပြီး ပြန်မေးလိုက်သည်။ "ဖုန်းဟောင်းတစ်လုံးလောက် ဝယ်လိုက်မယ် ... ဖုန်းရတာနဲ့ မင်းဆီကို ဆက်သွယ်လိုက်မယ် ..မင်းဖုန်းနံပတ်ကို မှတ်မိပါတယ် " "အင်းပါ ...အဲ့ဒါဆိုရင် ပြီးရော "

"ဒီနေရာမှာပဲ ... ရပ်နေတာတော့ မဟုတ်ဘူး ကုန်းကုန်းကွကွနဲ့ ဘာလုပ်နေတာလဲ မသိဘူး" ထွဋ်ခေါင်၏ အမေးကို သလင်းဖြူက ခုတင်ခြေရင်းကို လက်ညှိုးထိုးပြရင်း ဖြေလိုက်သည်။ "ဟုတ်လား ...ဒါဆို ဒီနေရာကို သေချာကြည့်ရအောင် " "ဟုတ်တယ် .. ခုတင်အောက်မှာများ တစ်ခုခုရှိလို့လာ ... ကျွန်မလဲ ကြည့်ရမယ် " " ခွပ် " "အား" နှစ်ယောက်သား ခုတင်း အောက်သို့ပြိုင်တူငုံ့ကြည့်မိရာမှ နဖူးချင်း ခွပ်ခနဲ မြည်အောင်တိုက်မိကြလေတော့သည်။ "ဟာ ...နာသွားလား ... ကိုယ့်ဘာသာ ကြည့်မှာပေါ့ကွာ ....မင်းကလေ လုပ်လိုက်ရင် တလွဲချည်းပဲ ..." နာသွားသဖြင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားသော သလင်းဖြူကို ထွဋ်ခေါင်က ဆွဲထူရင်း မေးလိုက်သည်။ " ကဲ ...မင်း ဒီမှာပဲ ထိုင်နေတော့ ....မင်းမှာ လိမ်းဆေးရှိရင်ပေးအုံး" သလင်းဖြူက အိပ်ရာဘေးစားပွဲခုံကို လက်ညှိုးနှင့် ထိုးပြလိုက်သည်။ ထွဋ်ခေါင်သည် လိမ်းဆေးဘူးကို ယူလိုက်ပြီး သလင်းဖြူ၏ နဖူးပြင်ကို အသာအယာ လိမ်းပေးလိုက်သည်။ "အို ... ကျွန်မဘာသာလိမ်းမယ် ...ပေးပါ " ထွဋ်ခေါင်၏ အပြုအမူကြောင့် သလင်းဖြူ ရှက်ရွံ့သွားမိပြီး နှုတ်မှ ငြင်းပယ်ကာ ခေါင်းကို ဆတ်ခနဲ တိမ်းရှောင်လိုက်မိလေသည်။ " ဘာဖြစ်တာလဲ ငြိမ်ငြိမ်နေစမ်းပါ ...နဂိုကမှ မင်းက တလွဲလုပ်တတ်ရတဲ့ကြားထဲ ....နဖူးက ယောင်သွားတဲ့နေရာကို မင်းမြင်ရလို့လား ပြော" "မှန်ကြည့်ပြီး လုပ်လို့ရတာပဲ " သလင်းဖြူက ထွဋ်ခေါင်ကို ခပ်စွာစွာလေး ပြန်ပြောလိုက်သည်။ "ငြိမ်ငြိမ်နေစမ်းပါ ... အချိန်တွေကြာတယ် ...ပြီးရင် ကိုယ်ကိုလဲ ဆေးပြန်လိမ်းပေးအုံး " " ကိုယ့်ဘာသာ လိမ်းလို့ရသားနဲ့ ရှုပ်လိုက်တာ...ခုန ထဲက ရှင့်ကို ကြည့်လို့မရ ဖြစ်နေတာနော် " " ဘာကွ ... မင်းကို ဖက်ချင်လို့ဖက်တာမှ မဟုတ်တာ ...သိရဲ့သားနဲ့ ...တော်ပြီ ဖယ်တော့ ... နောက်မှပဲလိမ်းလိုက်တော့မယ် ...မင်းလို အရူးမလေးနဲ့ စကားပြောရတာ အချိန်ကုန်တယ် " ထွဋ်ခေါင်က သလင်းဖြူ၏ ဆတ်ဆတ်ထိမခံ ဖြစ်နေသောပုံစံကို စိတ်ဆိုးအောင် စလိုက်ပြီး ခုတင်နားတစ်ဝှိုက်တွင် ရှာဖွေကြည့်လိုက်သည်။ " ဒါက ဘာလဲ သလင်းဖြူ ...မင်းက အမွှေးတိုင်ကို ခုတင်းခြေရင်းမှာ ထွန်းတာလား " ထွဋ်ခေါင်က မေးလိုက်ရင်း ခုတင်ခြေရင်းအောက်ဘက်တွင်ရှိသော သံဘူးနှင့် အမွှေးတိုင်များကို မြှောက်ပြလိုက်လေသည်။ " မဟုတ်ပါဘူး ...မထွန်းပါဘူး ... ကျွန်မက အမွှေးတိုင် နုံ့နဲ့ ခြင်ဆေးနံ့တွေကို မခံနိုလို့ ထွန်းလေ့မရှိဘူး ...အဲ့ဒါက ဒီအခန်းထဲကို ဘယ်လို ရောက်နေတာလဲ မသိဘူး....အရင်နေ့တွေက မတွေ့မိသလိုပဲ " သလင်းဖြူက ထွဋ်ခေါင်လက်ထဲမှ သံဘူးနှင့် အမွှေးတိုင်များကိုကြည့်ပြီး ခေါင်းခါပြလိုက်သည်။ "ဒါဆိုရင် ...ဒါတွေကို ကိုယ်ယူသွားပြီး စစ်ကြည့်လိုက်မယ်.." ထွဋ်ခေါင်က ပြောပြောဆိုဆိုနှင့် ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်။ "ကဲ ..သွားတော့ဟ် .. မင်းဦးလေး အခန်းထဲကို တစ်ယောက်တည်း သွားမကြည့်နဲ့နော်ကြားလား .... ဪ ပြီးတော့ ပြောရအုံးမယ် ... တစ်ယောက်ယောက်က ငါတို့ ပတ်သက်မှုကို မေးလာခဲ့ရင့် ချစ်သူတွေလို့ ဖြေလိုက်နော် ... အမှားမှား အယွင်းယွင်း မဖြစ်စေနဲ့နော် ....ကဲ ....ကိုယ်သွားပြီ..." ပြောပြီးသည်နှင့် ထွဋ်ခေါင် အခန်းပြင်သို့ လျင်လျင်မြန်မြန်ပင် ထွက်ခဲ့လေသည်။ ~~~~~~~ " မေမေ့ခင်တူမ လုပ်ပုံကောင်းသေးရဲ့လား ...သမီးတို့ နှစ်ယောက် အချင်းချင်းသသောကျနေကြတာကို သိသိနဲ့ ...ကြားထဲကနေ အတင်းပဲ ကိုထွဋ်ကိုလိုက်ကပ်နေတာလေ ... အဲ့ဒါ ကြီးကြီးကြည်အေးကို ပြောတော့လဲ မယုံသလိုပုံစံနဲ့ ......" ရွှေရည်ဝင်းသည် အဒေါ်ဖြစ်သူ ဒေါ်ခင်အေးကို သလင်းဖြူ၏ အကြောင်းများကို တိုင်တန်းနေခြင်း ဖြစ်လေသည်။ဒေါ်ခင်အေးသည် အဝေးရောက်နေသော သမီးငယ်ကိုယ်စား တူမဖြစ်သူရွှေရည်ဝင်းအပေါ်တွင် သံယောဇဉ် ပိုသူဖြစ်သောကြောင့် ရွှေရည်ဝင်းပြောသမျှကို ထောက်ခံအားပေးသူလဲ ဖြစ်လေသည် ။ "တစ်နေ့ ဒီလိုဖြစ်မယ်ဆိုတာကို မေမေခင်သိသားပဲ ... သလင်းဖြူက သူ့အဖေလိုမျိုးပဲ ... လူကြည့်ရင် ရိုးပုံရိုးလက်နဲ့ အုံပုန်းပဲဟာ .... ဘာမှ စိတ်ပူမနေပါနဲ့ သမီးရယ် ...သူ့ကို မေမေခင်ပြောပါ့မယ် .....ဒါနဲ့ ဒီနေ့ မောင်ထွဋ်ခေါင်က ဘယ်ကို သွားတာလဲ " " သူ့အိမ်ကို ခဏပြန်တာ မေမေခင် ..သုံးလေးရက်ကြာမယ်ပြောတယ် " "ဟုတ်လား ...အဆင်သင့်တာပေါ့ ... သူပြန်မလာခင် သလင်းဖြူ ပြန်သွားအောင် တို့တွေလုပ်ကြတာပေါ့ ..." "တ ...တကယ်လားဟင် မေမေခင် ...တော်သေးတာပေါ့ မေမေခင်က သမီးဘက်က ပါလို့ပေါ့ ..." "မိရွှေရည် ညည်းကတော့ လေ မအေထက်ကို အဒေါ်ကို ပိုချစ်တယ်ဆိုတာကို ကျုပ် သိပါတယ်အေ ...တကယ်ပဲ မပြောချင်ဘူး ..." ဒေါ်ကြူကြူ၀င်းသည် သမီးဖြစ်သူနှင့် ယောင်းမဖြစ်သူကို ကြည့်၍ ပြောလိုက်ပြီး နှုတ်ခမ်းများကို ကွေ့ညွှတ်၍ ပြုံးလိုက်လေသည်။ ~~~~~~~ " သလင်းဖြူ လာအုံး " သလင်းဖြူသည် ပူစူးနှင့်အတူ လှေကားထစ်များကို လှည်းကျင်း တိုက်ချွတ်နေစဉ်မှာပင် အချိန်မဟုတ် အခါမဟုတ်ဘဲ ကြီးတော်ဖြစ်သူ ဒေါ်ခင်အေး အိမ်သို့ ပြန်လာသည်ကို တွေ့လိုက်ရပြီး မိမိကို အပေါ်ထပ်သို့ ခေါ်ယူခြင်းကို ခံလိုက်ရလေသည်။ ~~~~~

"ဘာမှ မပါသွားပါဘူး ... သူရောက်လာတာနဲ့ ဖြူလေး နိုးသွားခဲ့တာပါ ..ဖြူလေးအထင်တော့ သူက ပစွည်းခိုးဖို့ ရောက်လာတာ မဟုတ်လောက်ပါဘူး ...ဖြူလေးမှာလဲ တန်ဖိုးရှိတဲ့ ပစ္စည်းမှမရှိတာ .... ဖြစ်နိုင်တာက ဖြူလေးကို သတ်ဖို့လာတာထင်တာပဲ " "ဘာ .....ဘာပြောတယ် သလင်းဖြူ " "ဘယ်လို ...ငါ့တူမ ကိုဘယ်သူက ဘာကိစ္စသတ်မှာလဲ " ကြီးတော်များနှင့် ဘကြီးဖြစ်သူ၏ အမေးကြောင့် သလင်းဖြူ နှုတ်မှ ပြောရန် အားယူလိုက်ပြီး ထွဋ်ခေါင်ဆီသို့ မျက်လုံးကို ဝေ့ကြည့်လိုက်မိရာ ထွဋ်ခေါင်က ခေါင်းကို မသိမသာ ခါးယမ်းပြလိုက်သည်ကို တွေ့လိုက်ရသောကြောင့် စိတ်ထဲပေါ်လာရစကားကို လွှဲပြောလိုက်ရလေသည်။ " ခိုးစရာ ပစ္စည်းမရှိတဲ့အန်းကိုဝင်လာတယ်ဆိုတော့ ... ထူးဆန်းနေလို့ပါ ဘကြီး " သလင်းဖြူသည် ဘကြီးဖြစ်သူကို ဖြေလိုက်ပြီးလျှင် အခန်းထဲရှိ လူများကို တစ်ယောက်ချင်းကြည့်ရူလိုက်ရာ ဦးလေးဖြစ်သူကိုမတွေ့ရသောကြောင့် အံ့ဩတုန်လှုပ်သွားမိလေသည်။ " ဒါ ..ဒါနဲ့ ဦးငယ်ရောဟင် ..." သလင်းဖြူ အားလုံးကို ကြည့်ပြီး တုန်တုန်လှုပ်လှုပ်နှင့် မေးလိုက်မိသည်။ " မရှိဘူးလေ ....ညနေက ပဲမန္တလေး သွားမလို့ ဆိုပြီး ဆိုင်ကယ်နဲ့ထွက်သွားတယ်လေ " " ကျွန်မတို့လဲ ဘာမှ မသိပါလား ဒေါ်သုန် " "ဟုတ်တယ် မမကြည် ...ဒီတစ်ခါက်သွားတာ ကျွန်တော့်ကိုလဲ ပြောမသွားဘူး ...ဒီကောင် ဘာတွေ လုပ်နေပြန်ပြီလဲ မသိဘူး " " မမကြည်တို့ အစ်ကိုမြင့်အေးတို့က ဘာကို အထူးအဆန်းလုပ်နေတာလဲ ... ဒီကောင်လေး ဘယ်သွားသွား ဘယ်တုန်းက ပြောဖူးလို့လဲ ..." "အငယ်ကောင်တစ်ယောက်နဲ့တော့...အသက်ကဖြင့် မငယ်တော့ဘူး စိတ်ထင်တိုင်း နေနေတာပါပဲလား " ဒေါ်သုန်၏ စကားကြောင့် ဒေါ်ကြည်အေးတို့ မောင်နှမတွေ အံ့ဩနေကြသလို သလင်းဖြူလည်း အံ့ဩနေမိလေသည်။ ~~~~~~ "ပြောတော့ ဒီနေ့ ရှင့်အမေနဲ့ အတူ မန္တလေးကို ခဏပြန်မလို့ ဆို '' သလင်းဖြူ၏ အမေးကို မဖြေဘဲ ထွဋ်ခေါင်က သလင်းဖြူဘေးနားတွင် ဝင်ထိုင်လိုက်သည်။ "ဒီမှာ ...ဝေးဝေးမှာ ထိုင်ပါနော် ..တော်ကြာ ရွှေရည်ဝင်း တွေ့သွားမှဖြင့် " "မင်း ကြောက်တဲ့အရာတော့ ရှိသေးသားပဲနော်... ဒါပေမဲ့ မစိုးရိမ်ပါနဲ့ကွ ... အမေတို့ကို တာလမ်းဆုံအထီလိုက်ပို့မယ်ဆိုပြီး ညာခဲ့ပါတယ် " "ကြောက်တာ မဟုတ်ဘူးရှင့် ... စကားတွေ မပြောချင်လို့ ...ဒါနဲ့ ညကလူ ဘယ်လို ပြန်ထွက်သွားတာ ဖြစ်နိုင်လဲ ... သူ့လှုပ်ရှားမှုက မြန်တာတော့ အရမ်းမြန်တာနော် " သလင်းဖြူက ထွဋ်ခေါင်ကို ကြည့်ပြီး မေးလိုက်သည်။ "ဘယ်ကမှ ထွက်သွားတာ မဟုတ်ဘူး ... တိုက်ကြီးထဲမှာပဲ ရှိနေမှာပေါ....ဒါနဲ့ အဲ့ဒီလူက ဘယ်လိုပုံစံလဲဆိုလဲဆိုတာ မင်းမတွေ့လိုက်ဘူးလား " တွဋ်ခေါင်က သလင်းဖြူ၏ မျက်နှာကို စေ့စေ့ကြည့်၍ မေးလိုက်သည်။ " ဟင့်အင်း ... ဒီလောက်မှောင်နေတာ ဘယ် မှတ်မိမလဲရှင် .....ကြောက်ကလဲကြောက်နေတော့ " " မင်းအခန်းထဲကိုသူ ဘာလာလုပ်တာလဲ စဉ်းစားလို့မရဘူး ...သေချာတာက လူသတ်သမားက ဘယ်သူပဲဖြစ်ဖြစ် အိမ်ပေါ်မှာတော့ သတ်မှာမဟုတ်ဘူး .. ကိုယ့်အထင်ပြောရရင် ...သူက မင်းအခန်းထဲမှာ လုပ်စရာတစ်ခုခုရှိလို့ ဖြစ်စေ ...ဒါမှမဟုတ်ရင် မင်းကို ခြောက်လှန့်ချင်လို့ပဲဖြစ်မယ်.....သေချာအောင် မင်းအခန်းထဲကို လာကြည့်ချင်တယ် ..." "ဒါနဲ့ ...အဲ့ဒီလူက ဦးငယ်တော့ မဖြစ်နိုင်ပါဘူးနော် ...ပြီးတော့ ဦးငယ်က ဘာလို့ ရုတ်တရက် ခရီးထွက်သွားတာလဲ ...မဟုတ်မှ ဒေါ်လေးတို့ ရှိတဲ့ နေရာကို သိသွားတာများလား " "မင်းစိတ်ကလေ အံ့တော့အံ့ဩစရာပဲနော်...လူတစ်ယောက်ကိုချက်ချင်း တရားခံဖြစ်ခိုင်းလိုက် ... ပြီးရင် ချက်ချင်းပဲ အပြစ်မရှိခိုင်းလိုက်နဲ့ မင်းစိတ်ကိုက မတည်ငြိမ်ဘူး ...ဟာ .." "ဟင် ...ရှင် ...ရှင် ဒါဘာလုပ်တာလဲ " ထွဋ်ခေါင်သည် စကားပြောနေရင်းမှ ရုတ်တရင်ပင် သလင်းဖြူလှမ်းဖက်လိုက်သောကြောင့် သလင်းဖြူ လန့်ပြီးဆောင့်၍ရုန်းလိုက်မိလေသည်။ " ဒေါ်သလင်းဖြူ မင်းခဏလေး ငြိမ်ငြိမ်နေစမ်းပါ ...မင်းကို ဖက်ချင်လို့ဖက်တာမဟုတ်ဘူး ... ဟိုမှာ မောင်လုံးဆိုတဲ့လူ ငါတို့ကိုကြည့်နေတာကြာပြီ ...ဟာ ...လှည့်မကြည့်နဲ့ လေကွာ ...ဒုက္ခပါပဲ မင်းနဲ့ တော့ " သလင်းဖြူသည် ထွဋ်ခေါင်၏ စကားကြောင့် နောက်သို့ စိတ်လိုက်မာန်ပါ လှည့်ကြည့်ရန် ပြင်လိုက်သောအခါ ထွဋ်ခေါင်းသည် ပြောပြောဆိုဆို နှင့်ပင် သလင်းဖြူ၏ ခေါင်းကို နောက်သို့ မလှည့်နိုင်အောင် ခပ်တင်းတင်းပွေ့ဖက်ထားလိုက်လေသည်။ " ရှင် ဖယ်တော့ ...ပါးစပ်က ပြောလဲ ရရဲ့သားနဲ့ ..." "ကဲပါ .. တောင်းပန်းပါတယ် အမိရယ် ... သဏ္ဍာန်လုပ် သရုပ်တူအောင် လုပ်မိတာပါ ...မင်းအခု ဟန်မပျက်အိမ်ကိုပြန်တော့ ... ဆယ့်ငါးမိနစ်အတွင်းမှာ မင်းအခန်းထဲကို လာခဲ့မယ် " ထွဋ်ခေါင်၏ စကားဆုံးသည်နှင့် သလင်းဖြူ မန်ကျည်းပင်အောက်တွင် ရှိသော စက်ဘီးပေါ်တက်၍နင်းခဲ့လိုက်သည်။ ~~~~ "ဒေါက် ..ဒေါက် " ခပ်တိုးတိုး တံခါးခေါက်သံကြောင့် သလင်းဖြူ အခန်းတံခါးကို ထဖွင့်ပေးလိုက်သည်။ သလင်းဖြူ တံခါးဖွင့်ပေးလိုက်သည်နှင့် ထွဋ်ခေါင်က အခန်းထဲသို့ လျင်မြန်စွာဝင်လိုက်ပြီး တံခါးကို ပြန်ပိတ်လိုက်လေသည်။ " ညက သူရပ်နေခဲ့တာ ဘယ်နေရာလဲ "

ဧကြည်ဖြူ "အဝါရောင် ရဲတိုက် " အပိုင်း (၁၆) **** အခန်းထဲတွင်မီးပိတ်ထားသော်လည်း ပြတင်းပေါက်မှ ဝင်ရောက်နေသော အလင်း မှုန်ဝါးဝါးဖြင့် မြင်နေရသော ခုတင်ဘေးရှိ မည်းမည်းသဏ္ဍာန်ကိုကြည့်ပြီး သလင်းဖြူတစ်ကိုယ်လုံး တောင့်တင်း အေးစက်သွားမိသလိုဖြစ်သွားရသည်။ထိုမည်းမည်းသဏ္ဍာန်သည် သလင်းဖြူ နိုးသွားသည်ကို သိဟန်မတူဘဲ သလင်းဖြူကို ငုံ့၍ ကြည့်နေသည်ကိုတွေ့လိုက်ရလေသည်။ပြီးနောက် ခုတင်ခြေရင်းသို့ သွားပြီးလျှင် အတန်ကြာ တိတ်ဆိတ်နေပြန်သည်။သလင်းဖြူသည် ထွဋ်ခေါင်၏သတိပေးစကားကို ကြားပြီးကတည်းက အိပ်ရာထဲတွင် သစ်သားတုတ်တစ်ချောင်းကို ယူထားသောကြောင့် စောင်ထဲမှ သစ်သားတုတ်ကို လက်နှင့် အသင့်အနေအထားဖြစ်အောင် ဆုပ်ကိုင်ထားလိုက်သည်။သို့သော်လည်း အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်သွားပြီးလျှင် မည်းမည်း သဏ္ဍာန်၏ လှုပ်ရှားသံသဲ့သဲ့ကိုပင် မကြားရသောကြောင့် သလင်းဖြူ ဇဝေဇဝါဖြစ်သွားမိလေ၏။ မိမိတွေ့လိုက်ရသည်မှာ အိပ်မက်များလားဟုပင် ထင်မိသွားသည်။သစ်သားတုတ်ချောင်းကို ခပ်တင်းတင်းဆုပ်ကိုင်၍ အိပ်ရာထက်မှ ဆတ်ခနဲ ထထိုင်လိုက်ပြီး ခုတင်ခြေရင်းသို့ကြည့်လိုက်သည်။ထိုအခါတွင် ခုတင်ခြေရင်းတွင် ကုန်းကုန်းကွကွနှင့် ဖြစ်နေသော မည်းမည်း သဏ္ဍာန်ကို တွေ့လိုက်ရလေသောကြောင့် သလင်းဖြူလည်း ကြောက်ကြောက်နှင့်ပင် မတ်တတ်ထရပ်လိုက်ပြီး လက်ထဲမှ သစ်သားတုတ်နှင့် လွှဲ၍ ရိုက်ချလိုက်လေသည်။လျင်မြန်လှပေစွ။ မည်းမည်းသဏ္ဍာန်ကြီးသည် သလင်းဖြူ၏လက်မှ တုတ်ချက်ကို ရှောင်တိမ်း၍ဘေးသို့ခုန်ထွက်လိုက်လေသည်။သလင်းဖြူလည်း တုတ်နှင့် ထပ်မံ၍ရိုက်ချလိုက်ပြီးလျှင် အသံကုန်ဟစ်၍ အော်ပစ်လိုက်သည်။ " ကယ်ကြပါအုံး သူခိုး.... သူခိုး ...သူခိုး ရောက်နေတယ် " "ခွမ်း " သလင်းဖြူသည် အော်ဟစ်ရင်းမှ လက်ထဲမှ တုတ်နှင့် အဆက်မပြတ် ထပ်မံရိုက်ချလိုက်ရာ မည်းမည်းသဏ္ဍာန်ကြီးသည် လျင်လျင်မြန်မြန်ပင် အခန်းထဲမှ ထွက်ပြေးသွားလေ၏။ သလင်းဖြူ၏ လက်ထဲမှ သစ်သားတုတ်သည် မည်းမည်းသဏ္ဍာန်အား တစ်ချက်မှ မရိုက်မိဘဲ မှန်ဗီရိုကိုသာထိသွားသောကြောင့် ဗီရိုမှမှန် ကျကွဲသွားလေသည်။ "သလင်းဖြူ ...ဘာဖြစ်တာလဲ ...မင်းဘာဖြစ်တာလဲ " " ကိုထွဋ်ခေါင် ...ကိုထွဋ်ခေါင်လား .. ခဏနေအုံးနော် ..ရှင်ဝင်မလာနဲ့အုံး ...အခန်းထဲမှာ မှန်ကွဲစတွေ ရှိတယ် " သလင်းဖြူသည် အခန်းပြင်မှ ထွဋ်ခေါင်၏ အသံကိုကြားလိုက်ရသောအခါ ဝမ်သာ၍ သွားမိပြီး ပြန်အော်ပြောလိုက်သည်။ပြီးနောက် မီးခလုတ်ကိုစမ်း၍ဖွင့်လိုက်သည်။မီးရောင်ဖြင့် လင်းထိန်သွားသောအခန်းထဲတွင် မှန်ကွဲစများ ပျံ့ကြဲနေသည်ကို တွေ့လိုက်ရလေသည်။ "ဘာဖြစ်တာလဲ သလင်းဖြူ.. " သတင်းဖြူ မီးဖွင့်လိုက်သည်နှင့် ထွဋ်ခေါင် အခန်းထဲသို့ ၀င်လိုက်ပြီး သလင်းဖြူကို စိုးရိမ်စွာမေးလိုက်သည်။ "လူ ... လူဝင်တာ...ကျွန်မတုတ်နဲ့ရိုက်လိုက်ပေမဲ့ မထိသွားဘူး " ထွဋ်ခေါင်၏ အမေးကို သလင်းဖြူ တုန်တုန် ယင်ယင်နှင့် ပြန်ဖြေလိုက်သည်။ " လူဟုတ်လား ...မင်းကိုခိုက်မိသွားသေးလား " "ဘာလဲ ...ဘာဖြစ်တာလဲ သလင်းဖြူ ..." "ဘာဖြစ်တာလဲ ကိုထွဋ်ခေါင် " "ဟဲ့ ...ဟဲ့ ဘာဖြစ်ကြတာတုန်း " "ဘာတွေဖြစ်ကြတာတုန်း ဟ ....ဆူညိဝုန်းဒိုင်းကြနေတာပဲ " သလင်းဖြူနှင့် ထွဋ်ခေါင်တို့ စကားပြောနေကြစဉ်မှာပင် အိမ်ရှိလူများအားလုံး သလင်းဖြူ၏ အခန်းရှေ့သို့ ရောက်လာကြလေသည်။ "အမယ်လေး ...ဘုရားရေ ...ဘာတွေဖြစ်နေတာလဲ သလင်းဖြူ " " ဟို ... ဟို အခန်းထဲကို သူခိုးဝင်လာလို့ပါ ကြီးကြီး " " ဘာ ...သူခိုးဟုတ်လား ...လိုက်ကြလေ ..လိုက်ဖမ်းကြလေ ...ဦးသောင်း ဘယ်ရောက်နေလဲ ...ခွေးတွေ ခြံထဲလွှတ်ထားတာကို ဘယ်က သူခိုးက ဝင်တာလဲ " ဒေါ်ကြည်အေး၏အမိန့်ကြောင့် ခြံထဲရော တိုက်ကြီးထဲမှာပါ ပြေးသူလွှား သူနှင့် ရုတ်ရုတ်သဲသဲဖြစ်သွားကြလေသည်။ - ~~~~~ "ဘာ မတွေ့ဘူး ဟုတ်လား .သေချာရော ရှာကြရဲ့လား " ဒေါ်ကြည်အေးက ဒေါသသံနှင့်အော်လိုက်သည်။ "ဦးသောင်း ခွေးတွေလွှတ်ထားတယ် မဟုတ်ဘူးလား ...ဘယ်လိုဖြစ်တာလဲ .... အိမ်ထဲမှာ ရော အခန်းတွေအကုန်လိုက်ရှာကြရဲ့လား " ဦးမြင့်အေးက ဦးသောင်းကို မေးလိုက်သည်။ "ဟုတ်ကဲ့ ခွေးတွေလဲ လွှတ်ထားတာပါ ...ခြံထဲလဲ ရှာကြည့်ပြီးပါပြီ .." "အိမ်ထဲမှာလဲ တစ်ခန်းမကျန် ကျွန်တော်တို့ ရှာပြီးပါပြီ ဘကြီး " "သူခိုးဆိုလဲ ... ဒီလောက်မြန်မြန် မပြေးနိုင်ပါဘူး ...ညည်းဟာက ဟုတ်ရောဟုတ်ရဲ့လား သလင်း ဖြူ " ဒေါ်ခင်အေးက မယုံကြည်ဟန်နှင့် မေးလိုက်သည်။ "ဟုတ်တယ် .... သမီးလဲ အဲ့ဒါပြောမလို့ ...ဖြူလေးက ဒေါ်လေးကို အိပ်မက်မက်တာကိုလဲ တကယ်လို့ထင်ပြီး လျှောက်ပြောခဲ့တာလေ ... ခုလဲ သူအိပ်မက်မက်နေတာများလားလို့ " ရွှေရည်ဝင်း၏ အပြောကြောင့် သလင်းဖြူစိတ်တိုသွာမိလေသည်။ "အိပ်မက် မဟုတ်ဘူးရွှေရည် ... အဲ့ဒီလူ အခန်းထ ရောက်လာတော့ ဖြူလေးလန့်နိုးသွားတယ် ..ဒါကြောင့် တုတ်နဲ့ လှမ်းရိုက်လိုက်တာပေါ့ ...သူအရှောင်မြန်လို့ တုတ်က ဗီရိုမှန်ကိုထိသွားတာလေ " "ကဲ ...နှစ်ယောက်လုံး တော်တော့ ... သူခိုးက ဘာပစ္စည်းတွေ ယူသွားသေးလဲ` ဇော်ထိုက်ကကြားထဲမှဝင်ရောက်ပြောဆိုလိုက်လေသည်။