uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

Kanalga Telegram’da o‘tish

Ko'proq ko'rsatish
1 032
Obunachilar
-124 soatlar
+17 kun
-1030 kun
Postlar arxiv
https://m.facebook.com/story.php?story_fbid=687482310166814&id=100067151540690&mibextid=Nif5oz အပိုင်း ၇ https://m.facebook.com/story.php?story_fbid=688061703442208&id=100067151540690&mibextid=Nif5oz အပိုင်း ၈ https://m.facebook.com/story.php?story_fbid=688653883382990&id=100067151540690&mibextid=Nif5oz အပိုင်း (၉) https://m.facebook.com/story.php?story_fbid=689874746594237&id=100067151540690&mibextid=Nif5oz အပိုင်း ၁ဝ https://m.facebook.com/story.php?story_fbid=690450173203361&id=100067151540690&mibextid=Nif5oz အပိုင်း ၁၁ https://m.facebook.com/story.php?story_fbid=691015849813460&id=100067151540690&mibextid=Nif5oz အပိုင်း ၁၂ https://fb.watch/pQw62cSEjV/?mibextid=Nif5oz အပိုင်း (၁၃) https://m.facebook.com/story.php?story_fbid=692743796307332&id=100067151540690&mibextid=Nif5oz အပိုင်း (၁၄) https://m.facebook.com/story.php?story_fbid=693330792915299&id=100067151540690&mibextid=Nif5oz အပိုင်း (၁၅) https://m.facebook.com/story.php?story_fbid=693878499527195&id=100067151540690&mibextid=Nif5oz အပိုင်း (၁၆) https://m.facebook.com/story.php?story_fbid=694465072801871&id=100067151540690&mibextid=Nif5oz အပိုင်း (၁၇) https://m.facebook.com/story.php?story_fbid=695033399411705&id=100067151540690&mibextid=Nif5oz အပိုင်း (၁၈) https://m.facebook.com/story.php?story_fbid=695585566023155&id=100067151540690&mibextid=Nif5oz အပိုင်း ( ၁၉ ) https://m.facebook.com/story.php?story_fbid=696094872638891&id=100067151540690&mibextid=Nif5oz အပိုင်း (၂၀) https://m.facebook.com/story.php?story_fbid=696684312579947&id=100067151540690&mibextid=Nif5oz အပိုင်း ၂၁ https://www.facebook.com/share/p/wRcCmH4RZ2ddz2tK/?mibextid=oFDknk အပိုင်း ၂၂ https://www.facebook.com/share/p/bxYoDSCkyiBX8tT5/?mibextid=oFDknk အပိုင်း ၂၃ https://www.facebook.com/share/p/UhXBQWJEfsK9iHFW/?mibextid=oFDknk ၂၄ https://www.facebook.com/share/p/imKjmHaB1J3xvrdJ/?mibextid=2JQ9oc ၂၅ https://www.facebook.com/share/p/6C6e36G1acEuacHn/?mibextid=2JQ9oc ၂၆ https://www.facebook.com/share/p/xBxTEsvfxiWurx9W/?mibextid=2JQ9

သူကမြရွက်ဝါရဲ့မျက်နှာကိုဆွဲမော့ပြီးမေးလိုက်တော့ မြရွက်ဝါခေါင်းခါပြလိုက်မိတယ်။အစကတည်းကလဲ အဒီလောက်ကြီးစိတ်ဆိုးနေတာမှမဟုတ်တာ။အထင်လွဲပြီးစိုးရိမ်နေခဲ့မိတာပဲရှိတာလေ။သူဒီလိုရှင်းပြလိုက်တော့လဲ မြရွက်ဝါရင်ထဲကျေနပ်သွားမိပါပြီ။ " စိတ်မဆိုးတော့ဘူးဆိုတာသေချာတယ်နော်...စိတ်မဆိုးတဲ့မျက်နှာကိုကြည့်အုံးမယ်" " အို...တော်ပြီနော် " ပြောပြောဆိုဆိုနဲ့ သူမကိုဖက်ပြိးနမ်းလိုက်တဲ့ ဟန်လင်းသန့်ကြောင့် မြရွက်ဝါရှက်ပြီးတားမြစ်လိုက်မိတယ်။ " ဒီနေ့တော့ မြရွက်စောစောပြန်မယ်နော်" သူ့ရဲ့အနမ်းတွေအောက်ကရုန်းထွက်ပြီး မြရွက်ဝါခပ်တိုးတိုးပြောလိုက်မိတယ်။ မြရွက်ဝါရဲ့ တိုးဖွဖွ စကားသံကြောင့် မြရွက်ဝါကိုယ်လေးကို ဖက်ထားတဲ့လက်တွေကို ဟန်လင်းသန့်ဖြေလျော့ပေးလိုက်တယ်။ " အင်းပါကွာ ...ဒါနဲ့ မြရွက်ကို ကိုယ်ပြောစရာရှိသေးတယ် " ဟန်လင်းသန့်က မြရွက်ရဲ့ လက်ဖဝါးလေးကို ခပ်ဖွဖွဆုပ်ကိုင်ပြီး ပြောလိုက်တယ်။ " ပြောလေကိုလင်း ... ဘာပြောမလို့လဲ " " အင်း ... မြရွက်တို့ ဆိုင်မဖွင့်ချင်ဘူးလား .... ကိုယ်အရောင်းအဝယ်လုပ်ထားတဲ့ထိုက်မှာ မြေညီတစ်ခန်းရှိတယ်......နေရာကလဲစည်တယ်....မြရွက်အဲ့ဒီမှာ ဆိုင်ဖွင့်ချင်တယ်ဆိုရင် ကိုယ်စီစဉ်ပေးမယ် .. ဆိုင်ဖွင့်ရင်တော့ ပိုရောင်းရမှာသေချာတယ်....အစ်မကိုပြောကြည့်ပါလား " ဟန်လင်းသန့်ရဲ့ စကားကြောင့် မြရွက်ဝါခေါင်းငြိမ့်ပြလိုက်မိပြီး " ဆိုင်ခန်းခတွေဈေးကြီးလို့ ဆိုင်ဖွင့်ဖို့ တစ်ခါမှတော့မတွေးဖူးဘူး ...ဒါနဲ့ ကိုလင်းဆိုင်ခန်းခ က ဘယ်လောက်လဲ ..လချုပ်လား...နှစ်ချုပ်လား ...စဘော်ပါလား ...အရောင်းဆိုင်ထားတာလား " မြရွက်ဝါရဲ့အမေးကြောင့် ဟန်လင်းသန့်သဘောကျစွာရယ်လိုက်မိသလို မြရွက်ဝါကိုကြည့်ပြီး အူယားလာကာ မချင့်မရဲနဲ့ပါးတွေဖျစ်ညှစ်လိုက်မိတယ်။ " ထောင့်စေ့အောင်မေးတတ်လိုက်တာကွာ .....ဒီလောက် တတ်နေမှတော့ ကိုယ်နဲ့အတူ ပွဲစားလိုက်လုပ်လို့ရနေပြီ ....တကယ်ပဲကွာ မေးတတ်တယ် ..ကိုယ်က မြရွက်ကိုလခတောင်းရမှာလား ...အဲ့ဒီမှာ မြရွက်ကြိုက်သလောက်နေလို့ရတယ်.....တစ်သက်လုံးလခပေးစရာမလိုဘူး ဟုတ်ပြီလား.." တစ်သက်လုံးဆိုတဲ့ စကားကြောင့် ဟန်လင်းသန့်ရဲ့ မျက်နှာကို မြရွက်ဝါရီဝေစွာ မော့ကြည့်လိုက်မိတယ်။ တကယ်တော့ မြရွက်ဝါ သူ့ဆီကလိုချင်နေတာ ဒါတွေမဟုတ်ဘူးလေ။ " အစ်မနဲ့တိုင်ပင်လိုက်အုံးနော် မြရွက် ....မြရွက်တို့ဆိုင်ဖွင့်မယ်ဆိုရင်ပြောပါ ... ကိုယ်ပြင်ဆင်ပေးထားမယ် " " အင်း ..အင်းပါ ... မညိုနဲ့ တိုင်ပင်လိုက်အုံးမယ်နော် " မြရွက်ဝါခပ်တိုးတိုး ပြန်ပြောလိုက်မိပြီး ဟန်လင်းသန့်ရဲ့ရင်ခွင်ထဲမှာ တိတ်ဆိတ်ငြိမ်သက်နေမိတယ်။လူက ငြိမ်သက်နေခဲ့ပေမဲ့ စိတ်ထဲမှာတော့ " မြရွက်တို့လက်ထပ်ကြရအောင် " လို့ အကျယ်ကြီး အော်ဟစ်ပြောနေမိတယ်။ ~~~~~~~~~ " အစ်မတို့မှားနေပြီနော်...သူတို့အချင်းချင်းတွဲနေကြတာကို ကျွန်မသိလဲမသိဘူး...အစ်မတို့သမီးနဲ့စကားလဲမပြောဖူးပါဘူး ...သူတို့ချင်းသဘောကျနေကြတယ်ဆိုရင်လဲ...ကျွန်မအနေနဲ့မတားပါဘူး...သူတို့သဘောပါပဲ...ဒါပေမဲ့ သူဒီအသက်အရွယ်နဲ့အိမ်ထောင်ပြုမှာကို ကျွန်မသဘောမတူနိုင်ပါဘူး...အသိအမှတ်လဲမပြုနိုင်ပါဘူး....ဘာမှလဲထောက်ပံ့မပေးနိုင်ပါဘူး " မြခွါညိုက စကားကိုပြတ်ပြတ်သားသားပြောလိုက်တယ်။တစ်နေ့ဒီလိုဖြစ်လာနိုင်မယ်မှန်းသိလို့ မြခွါညိုအပြတ်ပြေခဲ့ပြီးသားလေ။ " ဒီလိုတော့ မိန်းမချင်းမစာမနာမပြောပါနဲ့....ဒါကရှင့်သားလုပ်ခဲ့တဲ့အပြစ်တွေပါ....မိန်းမတစ်ယောက်ကိုတာဝန်မယူနိုင်ဘဲနဲ့ဘာလို့အတူတူနေခဲ့တာလဲ ....အခုလို ကျွန်မတို့ဘက်မှာ လူသိရှင်ကြားအခြေအနေရောက်မှ သူကနိုင်ငံခြားကိုထွက်သွားလို့ရမလား .....အဲ့ဒီတော့ရွေးချယ်စရာ နည်းလမ်းနှစ်ခုရှိတယ်....တစ်နည်းက ကျွန်မတို့သမီးကိုရှင့်သားနဲ့အတူနိုင်ငံရပ်ခြားကို လွှတ်လိုက်တာ...နောက်တစ်နည်းကတော့...ချွေးမအဖြစ်အသိအမှတ်ပြုပြီး ဒီမှာခေါ်ထားတာပဲ...နှစ်ခုလုံးမလုပ်နိုင်ဘူးဆိုရင်တော့ ....ရှင့်သားကိုလိမ်လည်မှုနဲ့ တရားစွဲပြီးထောင်ချပစ်ရမှာပဲ ' ဇွတ်ကြီးပြောနေတဲ့ အမျိုးသမီးရဲ့စကားကိုကြားလိုက်ရတော့ မြခွါညိုဒေါသထောင်းခနဲထွက်သွားမိတယ်။မြခွါညိုအံကိုကြိတ်လိုက်ပြီး သားဖြစ်သူရဲမြတ်မောင်ကိုကြည့်လိုက်တယ်။ =================================== အပိုင်း( ၂၈ ) ဆက်ရန် A KYI PHYU #ဧကြည်ဖြူ အပိုင်း( ၁ ) Link https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz အပိုင်း (၂) Link https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz အပိုင်း(၃)Link https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz အပိုင်း (၄) https://m.facebook.com/story.php?story_fbid=686373200277725&id=100067151540690&mibextid=Nif5oz အပိုင်း (၅) https://m.facebook.com/story.php?story_fbid=686924473555931&id=100067151540690&mibextid=Nif5oz အပိုင်း (၆)

....သူ့ကိုငါ့သားအဖြစ်ကစွန့်လွှတ်လိုက်တဲ့နေ့ပဲ...ငါတကယ်လုပ်မှာမြရွက်....နင်လဲ လူတွေကိုဘယ်တော့မှသည်းမခံနဲ့...နင့်ကိုငါပြောပြိးသားပဲ...ငါ့တို့သားအမိနှစ်ယောက်ကိုငဲ့နေရလို့ ....ကြီးကြိးတို့ကိုသည်းခံနေရတယ်ဆိုတာမျိုးမဖြစ်စေနဲ့ ...ရှင်းရှင်းပြောရရင် အခုလပိုင်းထဲမှာ အဘွားကျန်းမာရေးသိပ်မကောင်းဘူး...အဲ့ဒါကြောင့် ငါတို့ကိုအိမ်ပေါ်ကနှင်ချနိုင်ရေးကို ကြီးကြီးလုံးပန်းနေတာလေ....အသက်ကြီးလာလေလေ .....လောဘရမ္မက်ကကြီးလာလေလေပဲ..ငါကြားတာတော့ ကိုကိုကြီးတို့မိသားစုအလုပ်အဆင်မပြေလို့အိမ်ပါရောင်းရမယ်ဆိုလားပဲ...ငါတို့အခန်းမှာသူ့သားကြီးကိုထားဖို့ရည်ရွယ်ထားမှာပေါ့....တစ်နေ့တော့ ငါ့ပါးစပ်ကပြောမိလိမ့်မယ်....အဲ့ဒီလိုပြောမိတဲ့နေ့က ဆွေခန်းမျိုးခန်းပြတ်တဲ့နေ့ပဲသေချာတယ် " မညိုရဲ့စကားတွေကြောင့် မြရွက်ဝါပိုပြီးစိတ်ညစ်သွားမိတယ်။စကားတွေအရှည်ကြီးမပြောချင်တာရယ် ကိုယ့်ကြီးတော်ဆိုတဲ့အသိကြောင့်သည်းခံနေလာခဲ့တာ။ကြီးကြီးရဲ့အကြံအစည်တွေက ဒီလောက်ထိမတရားလောဘကြီးနေခဲ့မှန်းကို မရိပ်မိခဲ့ရိုးအမှန်ပါပဲ။ ~~~~~~~~~~~ " တူ ..တူ..တူ " အဆက်မပြတ်မြည်နေတဲ့ဖုန်းကို မြရွက်ဝါမကိုင်ဘဲပေတေပြီးထိုင်နေလိုက်တယ်။သူမစိတ်ဆိုးနေမှန်းသိသိနဲ့တစ်နေကုန်ဖုန်းမဆက်ဘဲနေခဲ့ပြီး ညမှောင်တော့မှဖုန်းခေါ်နေတာ‌လေ။အရင်ရက်တွေကဆိုရင် သူ့မှာအားတာနဲ့ဖုန်းခေါ်တာလေ။စိတ်ကဖုန်းကိုကိုင်လိုက်ချင်ပေမဲ့စိတ်ကိုထိန်းပြီး မြရွက်ဝါထိုင်နေလိုက်တယ်။ " တွီ " ဖုန်းထဲမက်ဆေ့ဝင်လာသံကြောင့် မြရွက်ဝါကမန်းကတန်းဖတ်ကြည့်လိုက်မိတယ်။ " ကိုယ် ...မင်းတို့အခန်းရှေ့ကိုရောက်နေပြီ...ထွက်မလာရင်တံခါးခေါက်လိုက်မှာ ..." စာဖတ်ပြီး မြရွက်ဝါမျက်လုံးပြူးသွားမိကာ လူကဆတ်ခနဲတုန်သွားမိတယ်။တုန်တုန်ယင်ယင်နဲ့တံခါးရှိရာဆီကိုထသွားလိုက်တယ်။ခြေတုန်လက်တုန်နဲ့ တံခါးကိုဖွင့်လိုက်ချိန်မှာတော့ တံခါးဝမှာရပ်နေတဲ့ဟန်လင်းသန့်ကိုတွေ့လိုက်ရတယ်။သူ့မျက်နှာကတော့ ခပ်တည်တည်ပဲ။သူဘာမှမလုပ်ထားသလိုပုံစံမျိုးနဲ့လေ။ " ကိုယ်တို့ စကားခဏပြောရအောင်...မင်းအစ်မဆီကခွင့်တောင်းပေးရမှာလား " သူ့စကားကြောင့်မြရွက်ဝါထိတ်လန့်သွားမိတယ်။သူကပြောရင် ပြောတဲ့အတိုင်းတကယ်လုပ်တတ်တဲ့အကျင့်ရှိတယ်လေ။အခုလဲ ပြောတဲ့အတိုင်းအိမ်ထဲဝင်ချလာမှာကြောက်လို့ မြရွက်ဝါမှာ မတင်းထားနိုင်တော့ဘဲ " လာခဲ့မယ်....သွားနှင့်လိုက်...မညိုကိုပြောလိုက်အုံးမယ်" မြရွက်ဝါပြောလိုက်တော့ ဟန်လင်းသန့်ကချက်ချင်းလှည့်ထွက်သွားလိုက်တယ်။မြရွက်ဝါမှာ ခြေတုန်လက်တုန်နဲ့အိမ်ထဲကိုပြန်ဝင်ခဲ့လိုက်တယ်။ ~~~~~~~~~~~~~ တိုက်ခန်းထဲကို မြရွက်ဝါဝင်လိုက်ချိန်မှာ ဧည့်ခံထဲမှာထိုင်နေတဲ့ ဟန်လင်းသန့်ကိုတွေ့လိုက်ရတယ်။ဟန်လင်းသန့်ပုံစံကစိတ်ပျက်လက်ပုံစံနဲ့ထိုင်နေတာကိုတွေ့လိုက်ရတယ်။သူမကိုမြင်တော့ခပ်တည်တည်နဲ့လှမ်းကြည့်တယ်။မြရွက်ဝါလဲ သူ့ရှေ့တည့်တည့်ကခုံမှာမဟုတ်ဘဲ ခပ်လှမ်းလှမ်းကခုံမှာဝင်ထိုင်ဖို့ပြင်လိုက်တယ်။ " မြရွက် " " အမေ့ " ခေါ်သံနဲ့အတူ ဟန်လင်းသန့်က မြရွက်ဝါလက်ကိုလှမ်းဆွဲလိုက်တာမို့ မြရွက်ဝါမှာ ဟန်လင်းသန့်ပေါ်ကိုလဲကျသွားခဲ့ရတယ်။ဟန်လင်းသန့်က လဲကျလာတဲ့မြရွက်ဝါကိုထိန်းဖက်လိုက်ပြီး သူ့ဘေးကခုံမှာထိုင်စေလိုက်တယ်။ " မင်းကိုဘာမှမလုပ်ပါဘူး...ဒီမှာထိုင်.....ဘာလဲစိတ်မကောက်တတ်ဘူးထင်ထားတာ...စိတ်ကောက်တတ်တာလား...စိတ်ကောက်တာဆိုရင်လဲပွင့်ပွင့်လင်းလင်းပြောလေ...ကိုယ်ကဘယ်သူ့ကိုမှမချော့ဖူးတော့ စိတ်ကောက်တာတွေဘာတွေလဲ မသိဘူး...ကိုယ်ပြောတာကြားရဲ့လား " ဟန်လင်းသန့်ကပြောပြောဆိုဆိုနဲ့ မြရွက်ဝါရဲ့ခေါင်းထက်ကဆံပင်ကောက်ကောက်ကြီးတွေကိုဆွဲဖွပစ်လိုက်တယ်။ပြီးတော့သူ့မျက်နှာကို မြရွက်ဝါမျက်နှာနဲ့ထိကပ်လုမတတ် တိုးကပ်လိုက်ပြီး " ပထပတစ်ချက်ပြောပြမယ်...မုန့်ဖိုးပေးတယ်ဆိုတာက ..မင်းကိုချစ်လို့ပေးတာ....ကျန်တဲ့ဘာသဘောမှမပါဘူး...ဒုတိယတစ်ချက်က ဒီနေ့ဖုန်းမဆက်တာက ...ကိုယ်အလုပ်တော်တော်များနေလို့ မဆက်တာ ... အလုပ်က ဖုန်းဆက်ချိန်လေးတောင်မရအောင်များနေတာလားဆိုရင် ....ဟုတ်တယ်လို့ပြောရမှာပဲ...တကယ်လို့ မြရွက်ဆီကိုဖုန်းဆက်မိရင် အလုပ်ကမနက်ဖြန်ထိဆက်သွားလိမ့်မယ်...အဲ့ဒါဆိုရင် ကိုယ်တို့မနက်ဖြန်လဲတစ်နေကုန်တွေ့ရမှာမဟုတ်ဘူး ...အဲ့ဒါကြောင့် အလုပ်တွေကိုဒီနေ့ အပြီးလုပ်ခဲ့လို့ ဖုန်းဆက်ဖို့တောင်အချိန်မရတာ...ကျေနပ်ပြီလား ...ဘာမရှင်းတာရှိသေးလဲ...ကိုယ်မရောက်ခင်တုန်းကတော့ ဝရန်တာမှာရပ်နေခဲ့တာ ကိုယ်မသိဘူးထင်နေလား...ကိုယ့်ကားပါကင်ထိုးနေတော့မှ မင်းအိမ်ထဲကိုဝင်သွားတာ ကိုယ်တွေ့သားပဲ ..." ဟန်လင်းသန့်ရဲ့ဖြေရှင်းချက်စကားတွေကြောင့်မြရွက်ဝါရှက်ပြီးခေါင်းငုံ့ထားလိုက်မိတယ်။ " မနက်ကတည်းက ကိုယ့်ကိုစိတ်ဆိုးသွားမှန်းသိပါတယ်ကွာ...ချိန်းထားတဲ့ဧည့်သည်ကတိုက်ရှေ့ရောက်နေပြီဆိုလို့ လိုက်မချော့တာပါ ...ကျေနပ်ပြီလား...စိတ်ဆိုးနေတုန်းလား "

#ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၂၇ ) akyiphyu ******** မြရွက်ဝါကထိတ်လန့်တုန်လှုပ်သွားတဲ့မျက်နှာနဲ့မေးလိုက်တာမို့ ဟန်လင်းသန့်ကမြရွက်ဝါကိုစူးစိုက်ကာကြည့်လိုက်ပြီး " မြရွက် ဘာတွေတွေးနေတာလဲ ...ကိုယ့်ချစ်သူကိုမုန့်ဖိုးပေးတာပဲ ဘာထူးဆန်းလို့လဲ..." ဟန်လင်းသန့်က မထူးဆန်းဘူးဆိုပေမဲ့ မြရွက်ဝါစိတ်ထဲမှာတော့ အတွေးပေါင်းစုံကိုတွေးနေခဲ့မိတာအမှန်ပါပဲ။ချစ်သူဆီကလက်ခွင့်တောင်းမဲ့စကားကိုမျှော်လင့်နေချိန်မှာ ချစ်သူကပိုက်ဆံပေးလာတယ်ဆိုတော့ ဒီပိုက်ဆံကဘာအတွက်ပေးတာလဲဆိုတဲ့အတွေးကိုပဲ အရင်တွေးမိတော့တာ။ " မြရွက်အတွက် ပိုက်ဆံမလိုပါဘူး ကိုလင်း...နောက်ကိုမပေးပါနဲ့ ...ကိုလင်းဧည့်သည်လာတော့မှာမဟုတ်လား...မြရွက်သွားတော့မယ် ' မြရွက်ဝါပြောပြီးတာနဲ့ နေရာကထလိုက်တယ်။ချစ်သူဆီကမုန့်ဖိုးရလိုက်လို့ မပျော်ရွှင်မိဘဲ စိတ်ထဲနောက်ကျိရှုပ်ထွေးသွားမိတာအမှန်ပါပဲ ။ " မြရွက် " ဟန်လင်းသန့်ကမြရွက်ရဲ့လက်ကိုဖမ်းဆွဲလိုက်တယ်။ " မြရွက်စိတ်တိုသွားတာလား...ဘာဖြစ်လို့လဲ....မြရွက်ကို သုံးစေချင််လို့မုန့်ဖိုးပေးတာက အပြစ်ဖြစ်သွားတာလား...ကိုယ်အပြစ်လုပ်မိတာလား ....ပိုက်ဆံမကြိုက်တဲ့မိန်းမရယ်လို့ လောကမှာမရှိဘူးထင်တယ် " " ဘာ...ဘာပြောလိုက်တယ်ကိုလင်း..." မြရွက်ဝါအံ့ဩထိတ်လန့်ကာ ဟန်လင်းသန့်ကိုမော့ကြည့်လိုက်မိတယ်။ပြီးတော့အံကိုကြိတ်လိုက်မိပြီး " ဟုတ်ပါတယ်...မြရွက်လဲမိန်းမထဲကမိန်းမတစ်ယောက်မို့ ပိုက်ဆံမက်ပါတယ်...ဒါပေမဲ့ကိုယ့်ဘာသာရှာတဲ့ပိုက်ဆံကိုပဲမက်တာ....ချစ်သူကမုန့်ဖိုးပေးလို့လဲတကယ်ပျော်ပါတယ်.....ဒါပေမဲ့အချိန်အခါဆိုတာ ရှိတယ်...ဒါကပိုက်ဆံပေးသင့်တဲ့အချိန်မဟုတ်ဘူး ...ပြီးတော့ ကိုလင်းရဲ့စည်းစိမ်ချမ်းသာတွေကိုလဲ မြရွက်မမက်မောဘူး ....မြရွက်သွားတော့မယ် ..ဒီနေ့တော့ကိုလင်းနဲ့မြရွက်စကားပြောလို့အဆင်ပြေမှာမဟုတ်တော့ဘူး " ပြောပြီးတာနဲ့မြရွက်ပြေးထွက်လာခဲ့တယ်။ဒီအချိန်မှာပဲ ဟန်လင်းသန့်ရဲ့ဖုန်းကလဲထမြည်လာတာမို့ ဟန်လင်းသန့်မှာဖုန်းကိုကောက်ကိုင်လိုက်ရင်း နေရာမှာမလှုပ်မယှက်နဲ့ရပ်ပြီးကျန်နေခဲ့လေတယ်။ ~~~~~~~~~~~~~ မြရွက်ဝါတစ်နေကုန်အလုပ်တွေပဲဖိလုပ်နေမိတယ်။သူဒီနေ့တစ်နေကုန် အလုပ်တွေရှီတယ်လို့လဲ့ပြောသွားခဲ့တာမို့ ပဲ ဖုန်းမဆက်တာလားတော့သေချာမသိပါဘူး။သူလဲမြရွက်ဝါကိုစိတ်ဆိုးသွားပုံပါပဲ။ မြရွက်ဝါအဖို့တော့ ချစ်သူဖြစ်ပြိး သက်တမ်းတစ်လျှောက်မှာ ဒီနေ့ကဝမ်းနည်းနာကျင်ရဆုံးနေ့ပဲ။ချစ်သူနှစ်ယောက်ချစ်သူတွေရဲ့နယ်နိမိတ်စည်းကိုကျော်သွားခဲ့မိလို့ ချစ်သူဆီကလက်ထပ်ခွင့်တောင်းတာကို မျှော်လင့်နေမိခဲ့တာလေ။ ဒီလိုအချိန်မှာမှ ချစ်သူကပိုက်ဆံပေးတယ်ဆိုတာက သူမမျှော်လင့်ချက်တွေကိုဖျက်ဆီးပစ်လိုက်ရုံမကဘဲ အတွေးထဲမှာပါရှုပ်ထွေးသွားစေခဲ့တာအမှန်ပါပဲ။သူ့ဘက်ကဘယ်လောက်ပဲ ရိုးရှင်းပါတယ်ပြောပြော မြရွက်ဝါဘက်ကတော့စိတ်မသန့်တော့ဘူးလေ။ " မြရွက် ..နင်ဒီနေ့အလုပ်တွေလုပ်လှချည်လား....ထမင်းလဲစားအုံး ....နင့်တူကမနက်ကငါ့ကိုဖုန်းဆက်တယ် ...သူ့ဟာမဘက်ကလူကြီးတွေက... ငါတို့နဲ့တွေ့ချင်တယ်လို့ပြောတယ်တဲ့....တစ်ရက်လောက် ....အိမ်ကိုခေါ်လာမှာမို့ လက်ခံပြီးတွေ့ပေးပါတဲ့လေ " အစ်မဖြစ်သူရဲ့စကားကြောင့် မြရွက်ဝါမျက်လုံးအပြူးသားနဲ့ကြည့်လိုက်မိပြီး " တွေ့ခွင့်တောင်းတယ်ဟုတ်လားမညို...ဒါကဘာသဘောလဲ...ကြည့်ရတာမင်္ဂလာကိစ္စအတွက်များလား...မညိုလက်ခံတွေ့မှာလား " " အင်း တွေ့လိုက်မယ်...တွေ့လိုက်ပြိးတော့ ငါ့သဘောကိုပြောလိုက်မယ်...သူတို့ဘာသာမင်္ဂလာပဲဆောင်ဆောင်....ကြိုက်တာလုပ် ....အဲ့ဒီမိန်းမကိုသဘောမကျတဲ့အတွက် ငါ့ဘက်ကဘာမှမလုပ်ပေးနိုင်ဘူး...တကယ်ကလုပ်ပေးစရာလဲမရှိတော့ဘူး ...အခုတောင် သူနိုင်ငံခြားသွားဖို့အတွက် ငွေတွေအတော်ကုန်နေပြီ....သင်တန်းကြေးတွေကပဲ နည်းတာမဟုတ်ဘူး ...ဒီအချိန်မှာလူတိုင်းကပြည်ပထွက်ချင်နေကြတာ...အလုပ်ရဖို့ဆိုတာ ငွေကုန်ခံနိုင်ရင်တောင် ရဖို့ကမသေချာဘူး ...အဲ့ဒါကြောင့်လဲ ငွေတွေအကုန်ခံပြီးလိုက်လုပ်ပေးနေတာ...သူ့ဘဝအတွက်ငါ့မှာရှိသမျှနဲ့လုပ်ပေးပြီးပြီမို့ ဘာမှထပ်လုပ်မပေးနိုင်တော့ဘူး ...အဲ့ဒါတွေကိုပွင့်ပွင့်လင်းလင်းပြောမလို့လက်ခံလိုက်တာပဲ ... သူတို့လာလိမ့်မယ် " " အင်း ...လာရင်လဲ အေးအေးဆေးဆေးပြောပါမညို...အဓိက,က မောင်မောင်ပဲ...မောင်မောင်က တစ်နေ့ထက်တစ်နေ့မြရွက်တို့ကိုလုံးဝဂရုမစိုက်တော့ဘူး...တစ်ခုခုဆိုရင် သူ့ကောင်မလေးဘက်ကပါလိမ့်မယ်ထင်တယ် " " ငါသိတာပေါ့မြရွက်ရယ်...သူရိုင်းလာတာကိုငါသိတယ်...သားသမီးကအရမ်းရိုင်းနေတယ်လို့လဲ.... လူတကာသိအောင်ငါမလုပ်ပါဘူးစိတ်ချပါ...ဘာလို့လဲဆိုတော့ သားသမီးတစ်ယောက်ရိုင်းနေပြီဆိုရင်... မိဘကမဆုံးမဘူးလား...မိဘတွေအသုံးမကျဘူးဆိုတဲ့စကားကိုပဲ အရင်ပြောကြတာလေ ....တကယ်တော့သူတို့အရွယ်ရောက်လာချိန်မှာပေါင်းသင်းခဲ့တဲ့အပေါင်းအသင်းတွေကြောင့်အများကြီးပါတယ်...တစ်ဖက်သတ်ဆန်ဆန်ပြောရရင် ငါ့သားလေးဒီလိုအရိုင်းအစိုင်းဖြစ်သွားရတာ မိုးရတနာကျော်ဆိုတဲ့ဟာမကြောင့်ပဲ ...အဒီလိုမိန်းမကို ချွေးမအဖြစ်ငါဘယ်တော့မှ အသိအမှတ်မပြုဘူး...အဲ့ဒီဟာမနဲ့မောင်မောင်ယူလိုက်တဲ့နေ့က

~~~~~~~ မြရွက်ဝါတို့ မနက်စာအတူစားရင်း စကားတွေပြောဖြစ်ကြတယ်။ပြီးတော့ ပန်းကန်တွေ အတူဆေးရင်း မီးဖိုချောင်သန့်ရှင်းရေးလဲ အတူလုပ်ခဲ့ကြတယ်။ အားလုံးပြီးသွားတော့ နှစ်ယောက်သား ဧည့်ခန်းထဲမှာ ထိုင်ပြီး စကားပြောခဲ့ကြတယ်။စကားပြောနေကြရင်း ဟန်လင်းသန့်က မြရွက်ဝါရဲ့နဖူးလေးကို ခပ်ဖွဖွအနမ်းပေးခဲ့တယ်။ပခုံးလေးကိုဖက်ပြီး သူ့အလုပ်ကိစ္စတချို့ကိုပြောပြတယ်။ ဒါပေမဲ့ညတုန်းကဖြစ်ခဲ့ကြတဲ့ ကိစ္စကို အစပြန်မဖော်သလို မြရွက်ဝါ မျှော်လင့်နေခဲ့မိသလို လက်ထပ်ကြဖို့အကြောင်းကိုလဲ စကားဦးတောင်မသန်းခဲ့ဘူးလေ။ ဒီတော့လဲ ယောက်ျားလေးကမစတဲ့စကားကို မြရွက်ဝါအနေနဲ့ ပြောလို့မထွက်ခဲ့ဘူး။ "ကိုယ် ...ကိုးနာရီကျော်မှာ ဧည့်သည်တွေနဲ့ ချိန်းထားတယ်....ပြီးတော့လေ .. မြရွက်သုံးဖို့အတွက် ...အကောင့်ထဲကိုယ်ငွေလွှဲပေးထားတယ် " ဟန်လင်းသန့်ရဲ့ စကားကြောင့် မြရွက်ဝါအံ့သြပြီး ဟန်လင်းသန့်ကို ကြည့်လိုက်မိတယ်။ " ငွေလွှဲထားတယ်ဟုတ်လားကို လင်း ..ဘာလို့လွှဲတာလဲ .." "မြရွက်သုံးဖို့လေကွာ " မြရွက်ဝါမေးလိုက်တော့ ဟန်လင်းသန့်က ခပ်အေးအေးပဲ ပြန်ဖြေတယ်။ဒီလို့နေ့မှာမှ ဒီပိုက်ဆံကို ဘာအဓိပ္ပါယ်နဲ့ပေးတာလဲလို့တွေးလိုက်မိရင်း မြရွက်ဝါရင်ထဲ စိုးထိတ်သွားမိပြီး ဟန်လင်းသန့်ကို အလန့်တကြားနဲ့ ကြည့်လိုက်မိတယ်။ " မြရွက်....သုံး.....သုံးဖို့ ဟုတ်လား.... မြရွက်က ဘာ....ဘာအတွက် သုံးရမှာလဲ ...မြရွက်မှ ငွေမှမလိုတာ " မြရွက်ဝါရင်ထဲ စိုးရိမ်ထိတ်လန့်သွားမိပြီးတုန်တုန်ယင်ယင်ထစ်ထစ်ငေါ့ငေါ့နဲ့ မေးလိုက်မိတယ်။ ==================================== အပိုင်း( ၂၇ ) ဆက်ရန် A KYI PHYU #ဧကြည်ဖြူ

ဖုန်းထဲကတောင်းပန်သံတိုးဖွဖွကိုနားထောင်ရင်း မြရွက်ဝါရင်တွေတလှပ်လှပ်ခုန်နေမိတယ်။ တကယ်ဆို ဟန်လင်းသန့်အမှားမဟုတ်ဘူးလေ။မြရွက်ဝါကိုယ်တိုင်က အငြင်းစကားမဆိုခဲ့ဘဲ ကြည်ဖြူခဲ့တာမဟုတ်ပါလား။ "ကိုယ့်ကို စိတ်ဆိုးနေတာလား မြရွက်ရယ်...ဘာမှလဲပြန်မပြောဘူး " ချစ်ရသူဆီက ဒုတိယအကြိမ်းမြောက်စကားသံထွက်လာတော့မှ မြရွက်ဝါမနည်းအားယူကာ စကားပြန်ပြောလိုက်မိတယ်။ " ဟို ... ဟို မြရွက်စိတ်မဆိုးပါဘူး ...ရှက်...ရှက်နလို့ပါ " " ဟော့ဗျာ ...ဖုန်းပြောရတာတောင် ရှက်နေတယ်ဆိုရင် ...အပြင်မှာတွေ့ဖို့ရော အဆင်ပြေရဲ့လားကွာ ... မြရွက်ကို အရမ်းသတိရနေလို့ ခုခဏလောက်ဖြစ်ဖြစ်တွေ့ချင်လို့... " " ဟင် ...အခုလာရမှာလား ...ရှက်လို့ပါဆို.....မနက်ဖြန်မှ တွေ့ကြမယ်လေနော် " မြရွက်ဝါမရဲတရဲ ပြောလိုက်မိတယ်။ " မြရွက်ရယ် ကိုယ့်ကိုမချစ်ဘူးလား ... ကိုယ်အရမ်းလွမ်းလို့ပါကွာ ... ကိုယ်တောင်းပန်ပါတယ်နော် " ဟန်လင်းသန့်ရဲ့ တောင်းပန်တိုးလျှိုးတဲ့အသံကိုကြားလိုက်ရတော့ မြရွက်ဝါမငြင်းနိုင်ရက်တော့ဘဲ ဖြစ်သွားမိတယ်။ " အင်း ..အင်းပါ ...လာခဲ့မယ် နော်..ခဏလေးစောင့်နေအုံးနော်.....ဒါနဲ့ မနက်စာဘာစားမလဲ ...မြရွက်ဘာဝယ်လာခဲ့ပေးရမလဲ...... " " မဝယ်နဲ့တော့ မြရွက် ....မနက်စာ ကိုယ့်ဘာသာလုပ်စားမလို့လေ ... ကိုယ်ဖုန်းချလိုက်တော့မယ်နော် ... ကိုယ် မျက်နှာတောင်မသစ်ရသေးဘူးကွ ... ဒါပဲနော် ....မင်းကို ကိုယ်အရမ်းချစ်တယ်သိလား မြရွက် " " ရှင် ..." ဖုန်းချခါနီး ပြောသွားတဲ့ စကားတွေကြောင့် မြရွက်ဝါအံ့သြသွားမိကာ ရင်ခုန်သံတွေ မြန်ဆန်သွားရတယ်။သူမတို့ချစ်သူဖြစ်ပြီး အတော်ကြာမှဒီစကားကို သူ့ဆီကကြားရတာမို့ ရင်တွေ ဖြောင်းဆန်အောင် လှုပ်ရှားခုန်လှုပ်သွားမိတယ်။နောက်ဆုံးမှာတော့ မြရွက်ဝါ အကြားချင်ဆုံးစကားလေးကို သူ့ဆီကကြားလိုက်ရပြီမို့ - မြရွက်ဝါတစ်ကိုယ်လုံး လေထဲမှာ မျောလွင့်နေသလို ကြည်နူးပျော်ရွှင်သွားမိတယ်။ ~~~~~~ အခန်းတံခါးကိုဖွင့်ပြီး မြရွက်ဝါဝင်လိုက်တယ် ။ဟန်လင်းသန့်က သော့ပိုတစ်ချောင်းပေးထားတာမို့ မြရွက်ဝါဝင်ထွက်ချင်တဲ့အခါ အချိန်မရွေး ဝင်ထွက်လို့ရတယ်လေ။ " ကိုလင်း " အိမ်ရှေဧည့်ခန်းတစ်ခုလုံး ရှင်းလင်းတိတ်ဆိတ်နေတာမို့ မြရွက်ဝါခပ်တိုးတိုးခေါ် ကြည့်လိုက်တယ်။ " ကိုယ်ဒီမှာ မြရွက် ...မီးဖိုခန်းထဲမှာ " မီးဖိုခန်းထဲက ထွက်လာတဲ့အသံကြောင့် မြရွက်ဝါ မီးဖိုခန်းဆီကိုလျှောက်သွားလိုက်တယ်။ " ကိုလင်း ဘာတွေလုပ်နေတာလဲ ... ကော်ဖီသောက်မလို့လား ... မြရွက်ဖျော်ပေးမယ်လေ " မြရွက်ဝါလှမ်းပြောလိုက်တော့ ဟန်လင်းသန့်က မြရွက်လက်ကို လှမ်းဆွဲယူလိုက်ပြီး ခုံမှာထိုင်စေလိုက်တယ်။ " အချစ်က ဒီမှာထိုင်နေပါ....အချစ်အတွက်မနက်စာ လုပ်ပေးချင်လို့ ခေါ်လိုက်တာ ... ကိုယ့်လက်ရာကို စားကြည့်ပေါ့ ... ကိုယ့်ဘာသာမချက်စားဖြစ်တာကြာပြီ " ဟန်လင်းသန့် နှုတ်က အချစ်ဆိုတဲ့ အခေါ်အဝေါ်ကြောင့် မြရွက်ဝါမျက်နှာမထားတတ်အောင်ရှက်သွားမိတယ်။ဟန်လင်းသန့်ကတော့ ရှက်နေတဲ့မြရွက်ဝါရဲ မျက်နှာလေးကို တစ်ချက်ငုံ့ကြည့်လိုက်ပြီး မြရွက်ဝါရဲ့နဖူလေးကိုတစ်ချက်ငုံ့နမ်းလိုက်တယ်။ပြီးတော့မှချက်ပြုတ်နေတဲ့ဆီကိုပြန်လျှောက်သွားခဲ့တယ်။ " အချစ်ထမင်းကြော်ကြိုက်ရဲ့လား...ကိုယ်က ဟိုအရင်တုန်းက ..ကိုယ့်အဖေကိုအမြဲကြော်ကျွေးခဲ့တာလေ....ဟင်းမချက်နိုင်တဲ့နေ့တွေမှာ ဖြစ်သလိုကြော်ပြီးကျွေးခဲ့ရတာပေါ့...ဒါပေမဲ့ ကိုယ်ကြော်ကျွေးတဲ့ထမင်းကြော်ကို အဖေကကြိုက်တယ်လို့ပြောတယ်...ကိုယ်ဟင်းဝယ်မကျွေးနိုင်လို့ထမင်းကြော်ကျွေးမှန်းသိလို့ပြောတာလား...မသိဘဲပြောတာလားတော့မသိဘူး ...အခုအဲ့ဒီထမင်းကြော်ကိုအသားများများနဲ့ကြော်ထားတာ ..စားကြည့်ပါအုံးကြိုက်ရဲ့လားလို့ " "ကိုလင်းကအဖေနဲ့နေခဲ့တာလား...ကိုလင်းမိသားစုအကြောင်ကို ....မပြောပြဖူးဘူးနော်.....မိသားစုဝင်ဘယ်နှစ်ယောက်ရှိတာလဲဟင်.... " မြရွက်ဝါသိချင်စိတ်နဲ့မေးလိုက်မိတယ်။ဒီအခါမှာ ဟန်လင်းသန့်ရဲ့မျက်နှာဖျတ်ခနဲပျက်ယွင်းသွားတာကိုသတိထားလိုက်မိတယ်။ " ကိုယ်ကြော်ပေးထာတာ ကောင်းရဲ့လားစားကြည့်ပါအုံး ...ကိုယ့်ဘာသာလုပ်မစားဖြစ်တာအတော်ကြာပြီလေ ...ဒီနေ့မှမြရွက်ကို ကိုယ်တိုင်ချက်ကျွေးချင်လို့ ...အဆင့်သင့်ရှိနေတာတွေနဲ့အဆင်ပြေရာကိုပြင်ဆင်လိုက်တာ " ဟန်လင်းသန့်က မေးတာကိုမဖြေဘဲ စကားလမ်းကြောင်းလွှဲလိုက်တာကိုသတိထားလိုက်မိတာမို့မြရွက်ဝါလဲဘာမှထပ်မမေးတော့ဘဲ သူခွံ့ကျွေးတဲ့ ထမင်းကြော်ကိုသာစားလိုက်တယ်။ပြီးတော့စိတ်ထဲမှာလဲ ကိုလင်းရဲ့အမျိုး အဒေါ်ကြီးပြောသွားတဲ့စကားကို သတိရလိုက်မိတာမို့ ရေငုံနှုတ်ပိတ်နေလိုက်တယ်။ဘာကြောင့်ပဲဖြစ်ဖြစ် ချစ်သူစိတ်ဆင်းရဲစေမဲ့ စကားမျိုးတွေ၊အကြောင်းအရာမျိုးတွေကို မပြောမိအောင်နေဖို့ မြရွက်ဝါဆုံးဖြတ်လိုက်တယ်။

ဒီလိုမရိုးရှင်းပါဘဲ သဘာဝကပေးထားတဲ့ကံတရားအရ ကိုယ်လေးလက်ဝန်သာ ရှိသွားခဲ့ရင်တော့ မိန်းမသားတွေရဲ့ဘဝက ဘဝနဲ့ရင်းပြီးကလေးမွေးမလား၊ အသ & က်နဲ့ရင်း စွန့်ပစ်လေမလားဆိုတဲ့ လမ်းနှစ်ခုပဲရွေးစရာရှိပါတယ်။သေချာတာက ဒီရွေးချယ်မှုနှစ်ခုလုံးအတွက်ဘဝရောအသက်ရောရင်းထားရတယ်ဆိုတာပါပဲ။ ~~~~~~~~~~~~~~~~ အိမ်တံခါးကိုဖြည်းညင်းစွာဖွင့်ပြီး မြရွက်ဝါဝင်လာခဲ့လိုက်တယ်။အိမ်ထဲမှာ ဘုရားခန်းကမီးရောင်ကြောင့်အလင်းရောင်အနည်းငယ်ကအိမ်ထဲမှာလင်းနေခဲ့တယ်။မြရွက်ဝါခြေကိုဖော့နင်းပြီးလျှောက်လာခဲ့တယ်။ဧည့်ခန်းထဲကိုရောက်ချိန်မှာ ကုလားထိုင်ပေါ်မှာမတ်မတ်တောင့်တောင့်ကြီးထိုင်နေတဲ့ အစ်မဖြစ်သူကိုမြင်လိုက်ရတာမို့ မြရွက်ဝါလန့်ဖျပ်သွားမိတယ်။ " မ..မညို မအိပ်သေးဘူးလား " မြရွက်ဝါတုန်တုန်လှုပ်လှုပ်နဲ့မေးလိုက်မိတယ်။ " နင့်တူ ...ဒီညလဲပြန်မလာပြန်ဘူး " " မညိုရယ်...ပြန်မလာတော့လဲဘာစိတ်ပူစရာရှိလဲ...သူ့မှာသွားစရာတစ်နေရာပဲရှိတဲ့ဟာ.....အချိန်တန်ရင်သူပြန်လာမှာပါ " အစ်မဖြစ်သူကိုသနားတာကြောင့် မြရွက်ဝါနှစ်သိမ့်စကားပြောလိုက်မိတယ်။ " သူပြန်လာတာမလာတာထက် ....ငါမသိအောင်ပိုက်ဆံတွေယူသွားတယ်မြရွက်...တကယ်လို့များအဲ့ဒီအကျင့်ကဖျောက်မရတော့ရင်ဘယ်လိုလုပ်မလဲ...အဲ့ဒီမိန်းမကို မကောင်းတဲ့နည်းလမ်းနဲ့ရှာဖွေကျွေးနေရင်ဘယ်လိုလုပ်မလဲ...ငါ့သားလေးကို သူခိုးဂျပိုးဘဝရောက်သွားမှာစိုးရိမ်တယ် ....ငါ့ဆီမှာလဲသူ့အတွက်ပေးစရာဘာအမွေမှမရှိဘူး..." " မညိုရယ် ..ဘာတွေ ပြောနေတာလဲ ... မောင်မောင့်ကို နိုင်ငံခြား လွှတ်မှာမဟုတ်လား ... သူအဲ့လောက်လဲမမိုက်လောက်ပါဘူး " " အင်း ... မိုက်ရင်လဲသူ့ထိုက်နဲ့ သူ့ကံဖြစ်သွားပြီ .....သူနိုင်ငံခြားသွားဖို့အတွက်လုပ်ပေးနေတာက..ငါ့မှာရှိတဲ့အင်အားကုန်သလောက်နီးပါးပဲ.....နိုင်ငံခြားထွက်ဖို့အတွက် ဒီလကုန်ရင်ငွေအကုန်သွင်းရတော့မယ်...ဒီခြားထဲမှာသူတစ်ခုခုဖောက်သွားရင်ငွေတွေအကုန်ဆုံးရှုံးမှာ...ဒါတွေကြောင့်စကားအေးအေးဆေးဆေးပြောမယ်ဆိုတော့လဲ သူကနားမထောင်ဘူး...စကားပြောမယ်ကြံရင် ကောင်မကဖုန်းဆက်ပြီ....ကောင်မဖုန်းဆက်လိုက်တာနဲ့ မအေနဲ့စကားပြောနေတာဘာညာမသိတဲ့တော့တဲ့သူကိုငါကလဲ ရင်ထဲကနာနေပါပြီ...ဒီတစ်ခေါက်ကိစ္စတွေပြီးရင်တော့ သူ့ကိုစွန့်လွှတ်ပစ်နိုင်အောင်ပဲကြီုးစားတော့မယ် " မညိုရဲ့စကားကြောင့် မြရွက်ရင်ထဲလဲမကောင်းဖြစ်သွားရတယ်။သူမတို့ညီမနှစ်ယောက်မှာသံယောဇဉ်တွယ်စရာဆိုလို့ ဒီကလေးတစ်ယောက်ပဲရှိတာကို ရင်နာနာနဲ့စွန့်လွှတ်ရတော့မဲ့ပုံပါပင်။ " ဒါနဲ့...နင်တို့လက်ထပ်ကြဖို့ကိုဟန်လင်းသန့်ကမပြောသေးဘူးလား...နင်တို့တွေလက်ထပ်သင့်တဲ့အရွယ်တွေရောက်နေကြပြီ " မညိုရဲ့အမေးကြောင့် မြရွက်ဝါမဖြေနိုင်ဘဲဖြစ်သွးမိတယ်။ဟန်လင်းသန့်က သူမကိုသိပ်ချစ်မှန်းသိသားပေမဲ့ သူမတို့ လက်ထပ်ဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ အရိပ်အယောင်လေးတောင်မပြောဖူးတာကိုလဲသတိရလိုက်မိတယ်။ဒိညဖြစ်ခဲ့ကြတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ သူဘာတွေများပြောမလဲဆိုတာကိုတော့ မြရွက်ဝါလဲမခန့်မှန်းနိုင်သေးဘူး။ " အင်း...နင် သူ့ကိုသိပ်ချစ်နေတယ်မဟုတ်လားမြရွက် ...ချစ်တာတော့ချစ်ပါ...ဒါပေမဲ့ငါပြောထားတာကိုတော့မမေ့ပါနဲ့...နင့်ကိုငါ့လိုမျိုးစိတ်မဆင်းရဲစေချင်ဘူး...ပြီးတော့ နင့်ကိုထပ်ပြောမယ်..ကလေးမမွေးနဲ့...ဒါပဲဟာ.... ငါသွားအိပ်တော့မယ်...နင်လဲသွားအိပ်တော့ " ပြောပြောဆိုဆိုနဲ့မညိုကနေရာကထသွားပြီး သူ့အိပ်ခန်းဆီကိုဝင်သွားခဲ့တယ်။မြရွက်ဝါလဲ လေးလံတဲ့ခြေလှမ်းတွေနဲ့အခန်းဆီကိုလျှောက်လာခဲ့တယ်။ ~~~~~~~~~~ ဟန်လင်းသန်ဖျတ်ခနဲ နိုးလာခဲ့တယ်။နိုးနိုးချင်းမှာ ညတုန်းက အဖြစ်ကိုချက်ချင်းသတိရလိုက်မိပြီး နံဘေးကို လက်နဲ့ အသာစမ်းကြည့်လိုက်မိတယ်။လက်က အိပ်ရာခင်းကိုပဲစမ်းလိုက်မိတဲ့အခါ ရင်ထဲမှာလစ်ဟာသွားသလိုခံစားလိုက်ရတယ်။သူညက သိပ်ပြီးမမူးခဲ့တာမို့ အရာအားလုံးကိုရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့တယ်။အဖြစ်အပျက်တွေကိုမှတ်မိနေတာနဲ့အတူ ဘာမှန်းမသိတဲ့ ခံစားချက်တစ်ခုက သူ့ရင်ထဲမှာ ကိန်းအောင်းလာတယ်။သူ့ဘဝမှာ ဘာအကာအကွယ်မှမသုံးဘဲ မိန်းမတစ်ယောက်နဲ့အတူအိပ်တာက ဒါဟာပထမဆုံးအကြိမ်ပါပဲ။ အဲ့ဒီအတွက်နောက်ဆက်တွဲရလဒ်အနေနဲ့ သူ့လက်ထပ်ရတော့မှာလားလို့တွေးလိုက်မိတော့ ဟန်လင်းသန့်တုန်လှုပ်သွားမိတယ်။မိ<န်းမတွေဘယ်လောက်ထိ မာယာများလဲ၊ မယုံကြည်ရလဲဆိုတာကိုသိသိနဲ့ မိန်းမတစ်ယောက်ကို လက်ထပ်ယူဖို့အတွက် သူ့မှာသတ္တိတွေမရှိသေးဘူး ။အဆင်သင့်လဲ မဖြစ်သေးဘူး။ အဲ့ဒီမိန်းမတစ်ယောက်က မိခင်ဖြစ်သူလိုဖြစ်သွားခဲ့ရင်ဆိုတဲ့ အတွေးတွေကိုပဲ ဟန်လင်းသန့်မကြာခဏ တွေးနေခဲ့မိတယ်။ခေါင်းထဲမှာ အတွေးပေါင်းများစွာနဲ့ ရှုပ်ထွေးနေရင်းက ကိုယ်တိုင်မသိလိုက်ခင်မှာဘဲ ဖုန်းကိုလှမ်းယူလိုက်ပြီး နံပတ်တစ်ခုကို ဟန်လင်းသန့်နှိပ်လိုက်မိတယ်။ ~~~~~~~~~ " တူ..တူ " ဖုန်းမြည်သံကြောင့် မြရွက်ဝါဖုန်းကိုကောက်ယူလိုက်တယ်။ဖုန်းကိုင်ထားပေမဲ့ မြရွက်ဝါရှက်ပြီး ဘာမှမပြောရဲဘဲဖြစ်နေခဲ့မိတယ်။ " မြရွက် နိုးပြီးလား ......ညက ကိစွအတွက် ....ကိုယ့်ကိုစိတ်ဆိုးနေလား ... ကိုယ်တောင်းပန်ပါတယ်နော် "

#ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၂၆ ) akyiphyu ******** မြရွက်ဝါမေးရင်းနဲ့ ဟန်လင်းသန့်ရှေ့မှာ ထိုင်ချလိုက်ပြီး ခေါင်းငိုက်စိုက်ချကာထိုင်နေတဲ ဟန်လင်းသန့်ကို လက်နှစ်ဖက်နဲ့ဆွဲထူလိုက်တယ်။ဒီတော့မှဟန်လင်းသန့်ဆီက အရက်နံ့တွေရလိုက်တာမို့ မြရွက်ဝါ နည်းနည်းစိတ်အေးသွားရတယ်။ " အရက်တွေသောက်ထားတာလား...မူးနေရင်သွားအိပ်လိုက်တော့နော် ကိုလင်း ... ထနိုင်လား.... မြရွက်တွဲပေးမယ် " " အင်း ....ထ...ထနိုင်ပါတယ် " ဟန်လင်းသန့်က အသံ ခပ်လေးလေးနဲ့ပြောရင်း ထိုင်နေရာကထလိုက်တယ်။သို့ပေမဲ့ အရှိန်မထိန်းနိုင်ဘဲ ပြန်လဲကျသွားခဲ့တယ်။ " အို ...ကိုလင်းသတိထားလေ .... လမ်းမလျှောက်နိုင်ရင် မြရွက်ကိုတွဲပါ " မြရွက်ပြောရင်းနဲ့ ဟန်လင်းသန့်ကို ဆွဲထူလိုက်ပြီး သိုင်းဖက်ကာ ခေါ်လိုက်တယ်။သူဘာလို့ အရက်တွေဒီလောက်သောက်ထားရလဲဆိုတာကို မြရွက်ဝါသိချင်ပေမဲ့ သူကိုယ်တိုင် ပြောပြလာတဲ့အချိန်ထိစောင့်ဖို့ဆုံးဖြတ်ထားလိုက်တယ်။သူအရက်သောက်တဲ့ကိစ္စက ဧည့်သည်အမျိုးသမီးကြီးနဲ့ ပက်သက်နေတယ်ဆိုတာကိုတော့ မြရွက်ဝါ ရိပ်စားမိလိုက်တယ်။ ဟန်လင်းသန့်မှာ အသိရှိနေပေမဲ့ လူကခေါင်းမထူနိုင်သလိုဖြစ်နေခဲ့တယ်။ " ဆော ....ဆောရီးပါ မြရွက်ရယ် ... ကိုယ်အရက်တွေ သောက်ထားမိတယ်.....ဒီတစ်ညတော့ခွင့်ပြုပါကွာ....နောက်ရက်တွေလုံးဝမသောက်တော့ ပါဘူး " " ဟုတ်ကဲ့ပါ.....ကိုလင်းရယ် ရ ပါတယ်.....မြရွက်စိတ်မဆိုးပါဘူး ....ဒီညနေဘာမှမစားရသေးဘူးမဟုတ်လား...တစ်ခုခုတော့စားပြီးမှအိပ်ရမယ် ..အရင်ဆုံး အဝတ်အစားတွေလဲမှရမယ် " ဟန်လင်းသန့် ခန္ဓာကိုယ်ကြီးကို အခန်းထဲတွဲခေါ်လာခဲ့ပြီး ခုတင်ပေါ် လှဲချပေးလိုက်တယ်။ပြီးတော့ သူ့ကိုယ်ပေါ်က အရက်နံ့ထွက်နေတဲ့ အဝတ်အစားတွေကို အရင်လဲ ပေးလိုက်တယ်။သူက မြရွက်ဝါလုပ်ပေးသမျှကို ကျောက်ရုပ် တစ်ရုပ်လိုငြိမ်ခံနေခဲ့တယ်။ " ကိုလင်း ခဏလှဲနေလိုက်အုံး ...ရေခဲ့သေတ္တာထဲမှာ မြရွက်ဝယ်ထည့်ပေးထားမုန့်တွေ ရှိတယ် ...သွားယူလိုက်အုံးမယ်နော် " မြရွက်ဝါပြောပြီးတော့ သူ့အနားက ထွက်သွားဖို့ပြင်လိုက်တယ်။ " မြရွက် " ခေါ် သံနဲ့အတူ ဟန်လင်းသန့်က မြရွက်ဝါရဲ့လက်ကို လှမ်းဆွဲလိုက်တယ်။ " ဘာလိုချင်လို့လဲဟင် ကိုလင်း " မြရွက်ဝါရဲ့ အမေးစကားမဆုံးခင်မှာဘဲ့ ဟန်လင်းသန့်က မြရွက်ဝါကိုတင်းတင်းဖက်လိုက်ပြီး အံကြိတ်ကာရှိုက်ငိုတော့တယ်။ရုတ်တရက်ကြီး မိမိကိုဖက်ကာ ငိုလိုက်တဲ့ချစ်ရသူကြောင့် မြရွက်ဝါရင်ထဲနင့်ခနဲ့ ဖြစ်သွားမိတယ်။သူ့ငိုသံကိုကြားလိုက်ရတော့ မြရွက်ဝါပါ ငိုချင်လာမိပြီး လည်ချောင်းတစ်လျှောက် စူးရှနာကျင်လာခဲ့တယ်။ချစ်ရသူရဲ့ ငိုသံကြောင့် သူမပါငိုချင်လာမိပေမဲ့ စိတ်ကို တင်းကာ သူ့ကျောပြင်ကိုခပ်ဖွဖွလေးပုတ်ပေးနေမိတယ်။ရှိုက်သံတွေမထွက်အောင် ကြိတ်ကာရှိုက်ငိုနေခဲ့တဲ့ချစ်သူကိုဖက်တွယ်ထားရင် အကြောင်းရင်းမှန်းကိုမသိဘဲ သူမရဲ့နှလုံးသား ပါနာကျင်လာခဲ့ရတယ်။ချစ်ရသူပျော်ရင်ကိုယ်ပါလိုက်ပျော်နေမိပြီး ချစ်ရသူစိတ်မကောင်းဖြစ်နေရင် ကိုယ့်နှလုံးသားကပါ တဆစ်ဆစ်နာကျင်လာရတယ်။ဖြစ်နိုင်ရင် ဒုက္ခမှန်သမျှကို သူကိုယ့်စားမြရွက်ဝါပဲခံယူချင်လိုက်ချင်တာပါ။ ဒါဟာအချစ်ကြောင့်ဆိုရင် မြရွက်ဝါသူ့ကို ရူးလောက်အောင်ချစ်နေခဲ့မိပါပြီ။ ~~~~~~~~~ အိပ်ပျော်နေရာက မြရွက်ဝါဆတ်ခနဲလန့်နိုးလာခဲ့မိတယ်။နိုးနိုးချင်းမှာ မြရွက်ဝါသိလိုက်တာက မြရွက်ဝါတို့နှစ်ယောက် ချစ်သူတွေရဲ့ နယ်နိမိတ်စည်းကို ကျော်လိုက်မိကြပြီဆိုတာပါပဲ။သူမကိုယ်လုံးပေါ် လက်တစ်ဖက်တင်ကာဖက်ထားရင်းအိပ်ပျော်နေတဲ့ ဟန်လင်းသန့်ရဲ့မျက်နှာလေးကိုမြရွက်ဝါ ရင်ခုန်ကြည်နူးစွာနဲ့ ကြည့်နေမိတယ်။ညမီးရောင်ခပ်မှိန်မှိန်အောက်မှာ မြင်နေရတဲ့သူ့ပုံစံက အိပ်ပျော်နေတာတောင် သိပ်ကိုကြည့်ကောင်းပြီးချောမောလွန်းနေခဲ့တာလေ။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့သူ့မျက်နှာကို ချစ်မြတ်နိုးစွာ မြရွက်ဝါ အတော်ကြာငေးကြည့်နေခဲ့မိပြီး နဖူးပြင်လေးကိုခပ်ဖွဖွလေးနမ်းရှိုက်လိုက်မိတယ်။ပြီးတော့မှ သူမကိုယ်ပေါ်ကိုတင်ထားတဲ့ သူ့လက်ကို အသာဖယ်မလိုက်ပြီး အိပ်ရာပေါ်ကညင်သာစွာထလိုက်တယ်။သူ့ကိုယ်ပေါ်ကိုစောင်ကိုအသာပြန်ခြုံပေးလိုက်ပြီး အခန်းပြင်ကို ထွက်ခဲ့လိုက်တယ်။ဧည့်ခန်းထဲအရောက်မှာ နံရံပေါ်ကနာရီကိုလှမ်းကြည့်လိုက်မိတယ်။မနက်သုံးနာရီခွဲ။မြရွက်ဝါ ခြေကိုဖော့နင်းပြီး တံခါးကိုအသံမထွက်အောင်ဖွင့်ပိတ်လိုက်ပြီး မိမိတို့အခန်းဆီကို ခြေလှမ်းတွေကို ဦးတည်လိုက်တယ်။လှေကားထစ်တွေကို ကျော်ဖြတ်နင်းလာခဲ့ပေမဲ့ သူမရဲ့စိတ်အစဉ်ကတော့ လေဟာနယ်ထဲမှာ မျောလွင့်နေသလို ခံစားနေရတယ်။ဒီညဖြစ်ပျက်ခဲ့တာတွေအတွက် ရင်ခုန်ကြည်နူးမှုနဲ့အတူ ထိတ်လန့်ကြောက်ရွံ့စိုးရိမ်စိတ်တွေပါခံစားနေခဲ့ရတယ်။လက်မထပ်ရသေးခင် ချစ်သူနဲ့မှားယွင်းသွားခဲ့မိတဲ့အဖြစ်ကဒီခေတ်ကြီးမှာ မဆန်းတော့ဘူးဆို့ပေမဲ့ အခြေအနေတွေက ထင်သလိုဖြစ်မလာခဲ့ရင်တော့ မိန်းမသားတစ်ယောက်ရဲ့ဘဝက အလဲလဲအပြိုပြိုနဲ့ကျရှုံးသွားမှာလေ။ချစ်သူနှစ်ယောက် စိတ်တူကိုယ်တူနဲ့ချစ်ခဲ့ပြီးမှ ချစ်သူယောကျာ်းလေးဘက်ကသာတာဝန်မယူခဲ့ဘူးဆိုရင် ဘာမှဖြစ်မလာလို့ လူမသိသူမသိပြီးဆုံးသွားခဲ့ရင်တော့ ကံကောင်းတာပေါ့။

သူ့အမေ‌ေ..သမှာကိုစိုးရိမ်ပြီး...ကျောင်းသွားလဲစိတ်မဖြောင့်...အိပ်နေလဲစိတ်ဖြောင့်ဖြောင့်မအိပ်နိုင်ဘဲစိုးရိမ်သောကများခဲ့ရတယ်...အခုတော့လဲသားသမီအပေါ်သိပ်ချစ်တတ်နေပြီး မိခင်ပီသနေပါလား" " သား..သားရယ် " ဒေါ်ခင်မေရီတစ်ယောက် သားဖြစ်သူဟန်လင်းသန့်ရဲ့စကားများကြောင့် ခေါင်းကိုငုံ့ကာမျက်ရည်တွေတွေစီးကျလာခဲ့ရတယ်။ " ရှင်းရှင်းပဲပြောမယ်....အပျော်ကြူးနေတဲ့သူကိုလိုက်မရှာပေးနိုင်ပါဘူး...ဒါကြောင့်ပြန်ပါတော့ ....အခုပြန်ဖို့နောက်ကျနေတာမို့ ဟော်တယ်ကိုလိုက်ပို့ပေးပါမယ်...အဲ့ဒီမှာအေးအေးဆေးဆေးအနားယူပြီးမှပြန်ပါ ...ငွေကြေးလိုအပ်ရင် ဒီဖုန်းနံပတ်ကိုဆက်ပြိး တောင်းလိုက်ပါ ..." ဟန်လင်းသန့်ပြောပြီးတာနဲ့ တိုက်ရှေ့မှာအသင့်စောင့်နေတဲ့မင်းဆွေဆီကိုဖုန်းဆက်လိုက်တယ်။ပြီးတော့ မိခင်ဖြစ်သူကိုကျောခိုင်းလိုက်ပြီး အိပ်ခန်းရှိရာဆီကိုလျှောက်လာလိုက်တယ်။ကျောခိုင်းပြီးချာခနဲလှည့်အထွက်မှာ ပါးပြင်ပေါ်ကိုမျက်ရည်စီးကြောင်းတစ်ခုလိမ့်စီးကျလာတာမို့ အံကိုကြိတ်ပြီးမျက်တောင်တွေနဲ့ပုတ်ခတ်ပစ်လိုက်တယ်။ ~~~~~~~~~~~~~ " ဒေါက်...ဒေါက် " တံခါးခေါက်သံကြားလိုက်ရတာနဲ့ တံခါးနဲ့မနီးမဝေးမှာရှိနေခဲ့တဲ့ မြရွက်ဝါကမန်းကတန်းထလိုက်ပြီး တံခါးကိုဖွင့်လိုက်တယ်။ဒီအခါ မျက်ရည်တွေပြည့်နေပြီးနွမ်းနယ်နေတဲ့အကြည့်တွေနဲ့ရင်ဆိုင်လိုက်ရတာမို့ မြရွက်ဝါရင်တုန်သွားမိတယ်။ " ငို..ငိုနေတာလား ဒေါ်ဒေါ်...ကိစ္စကအဆင်မပြေဘူးလားဟင်...တစ်ယောက်တည်းပြန်လို့အဆင်ပြေရဲ့လားရှင်..ဆရာလေးကျောင်းက ဘယ်မှာလဲ...မြရွက်လိုက်ပို့ပေးပါမယ် " " ကျေး..ကျေးဇူးတင်ပါတယ်သမီးရယ်...မောင်ဟန်လင်းသန့်ရဲ့တပည့်တစ်ယောက်လိုက်ပို့ပေးမယ်တဲ့,,,သမီးကိုဒေါ်ဒေါ်နှုတ်ဆက်ရင်း ...မှာချင်တာလေးရှိလို့ပါကွယ်...သမီးနဲ့မောင်ဟန်လင်းသန့်ကြားမှာထူးခြားတဲ့ဆက်ဆံရေးရှိလိမ့်မယ်ဆိုတာ ဒေါ်ဒေါ်ရိပ်မိပါတယ်...သမီးအနေနဲ့သူ့အပေါ်ဂရုစိုက်ပေးပါနော်...သူ့ရင်ထဲမှာနာကျင်စရာဒဏ်ရာတွေများခဲ့တာမို့ ..သူ့ကိုနားလည်သည်းခံပေးပါကွယ်..ဘာလို့ဒီစကားတွေကို သမီးကိုလာပြောနေရတာလဲဆိုတော့ ..သမီးလိုနွေးထွေးကြင်နာတတ်တဲ့သူမျိုးနဲ့သူ့ကိုဆုံစည်းစေချင်လို့ပါ...ဒေါ်ဒေါ်သွားတော့မယ်နော်သမီး " " ရှင်...ဟုတ်..ဟုတ်ကဲ့ " အမျိုးသမီးကြီးရဲ့စကား‌တွေကြောင့် မြရွက်ဝါယောင်နနနဲ့ခေါင်းငြိမ့်ပြလိုက်မိတယ်။မြရွက်ဝါကို နှုတ်ဆက်ပြီးတော့ လှေကားကနေတုန်တုန်ယင်ယင်နဲ့ ဆင်းသွားတဲ့ အမျိုးသမီးကြီးနောက်ကို မြရွက်ဝါအပြေးလိုက်ဆင်းသွားရင်း အောက်ကကားနားအထိ လိုက်ပို့ပေးလိုက်တယ်။ အောက်ကိုရောက်တော့ ကိုမင်းဆွေက ကားနားမှာ အဆင်သင့်စောင့်နေခဲ့တာမို့ မြရွက်ဝါ ကားနားထိလိုက်ပို့ပေးလိုက်တယ်။ကားထွက်သွားတော့မှ အသာပြန်လှည့်ထွက်ခဲ့လိုက်တယ်။မြရွက်ဝါပြန်လှည့် အထွက်မှာ စတိုးဆိုင်ရှေ့မှာ မားမားကြီးရပ်နေတဲ့ ကြီးကြီးကိုတွေ့လိုက်ရတာမို့ တိုက်ထဲကိုအမြန်ပြေးဝင်ဖို့ပြင်လိုက်တယ်။သို့ပေမဲ့ မြရွက်ဝါနောက်ကျသွားခဲ့ပြီ ။ " အဲ့ဒါဘယ်သူလဲ...အချိန်အခါက ကောင်းတာမဟုတ်ဘူးနော် ... တိုက်ထဲကို လူပေါင်းစုံခေါ်သွင်းမနေနဲ့...." ခက်ထန်တင်းမာလှတဲ့ကြီးကြီးရဲ့အသံကြောင့် မြရွက်ဝါခြေအစုံကိုရပ်တန့်ပစ်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်ကာ ချက်ချင်းပြန်လှည့်ပြေးခဲ့လိုက်တယ်။ ~~~~~~~~~ အခန်းက အဝင်အဝက မီးတစ်လုံးသာ ထွန်းထားတာမို့ မှောင်မိုက်နေခဲ့တယ်။မှောင်မိုက်နေတဲ့အခန်းကိုကြည့်ပြီး မြရွက်ဝါစိတ်ထဲပူပန်သွားမိတယ်။ " ကိုလင်း ...ကိုလင်းဘယ်မှာလဲ " " ချောက် " မြရွက်ဝါစိုးရိမ်တကြီး ခေါ်လိုက်မိရင်း မီခလုတ်ကို စမ်းပြီးဖွင့်လိုက်တယ်။ ဒီအခါ ဆိုဖာခုံပေါ်မှာ မလှုပ်မယှက်ထိုင်နေတဲ့ ဟန်လင်းသန့်ကို တွေ့လိုက်ရတာမို့ မြရွက်ဝါစိုးရိမ်စိတ်နဲ့ အပြေးသွားလိုက်မိတယ်။ " ကိုလင်း ... ကိုလင်း ....ဘာဖြစ်လို့လဲဟင်...ဘာဖြစ်တာလဲ " ==================================== အပိုင်း( ၂၆ ) ဆက်ရန် A KYI PHYU #ဧကြည်ဖြူ

" ဟုတ်ကဲ့ပါ ဒေါ်ဒေါ်...ပဲခူးအကျော်တင်ဆိုတော့သိပ်လဲမဝေးပါဘူး...မြရွက်လာလည်ပါ့မယ် " ဟန်လင်းသန့်ကိုစောင့်ရင်းနဲ့မြရွက်နဲ့အမျိုးသမီးကြီးစကားတွေထိုင်ပြောနေဖြစ်ကြတယ်။ ~~~~~~~~~~~~~~~ " တူ..တူ..တူ " ဟန်လင်းသန့်ဆီက ဖုန်းဝင်လာတာမို့ မြရွက်ဝါဖုန်းကိုအမြန်ကောက်ကိုင်လိုက်တယ််။ " ဟယ်လို ကိုလင်း " " မြရွက်... ကိုယ်ပြန်ရောက်ပြီ....ဧည့်သည်ကို ကိုယ့်အခန်းကိုလွှတ်လိုက်ပါ ...ပြီးတော့ ...ဟို ..မြရွက်တော့လိုက်မလာနဲ့အုံးနော် " " ရှင်..ဟုတ်ကဲ့ " ချစ်သူဆီကကြားလိုက်ရတဲ့စကားကြောင့် မြရွက်ဝါစိတ်ထဲတစ်မျိုးဖြစ်သွားမိတယ်။မိမိကတော့ ချစ်ရသူရဲ့ဆွေမျိုးသားချင်းဆိုပြီး ရွှန်းရွှန်းဝေအောင်ဧည့်ခံထားလိုက်ရတာ ချစ်ရသူကသူ့အမျိုးနဲ့မြရွက်ဝါကိုမိတ်ဆက်ပေးချင်ပုံမရတာကို သိလိုက်ရတော့ ရင်ထဲမှာဝမ်းနည်းသလိုလိုကြီးဖြစ်သွားမိတယ်။သို့ပေမဲ့လဲချစ်ရသူရဲ့သဘောအတိုင်းဘာမှမပြောဘဲနေလိုက်တော့တယ်။ ~~~~~~~~~~~~~~ လှေကားထစ်တွေကိုတထစ်ချင်းနင်းတက်သွားတဲ့အမျိုးသမီးကြီးကို မြရွက်ဝါဘာရယ်မဟုတ်ငေးကြည့်နေမိတယ်။ဒီအမျိုသမီးကြီးကို ပထမတစ်ကြိမ်တွေ့ကတည်းက ဘာမှန်းသေချာမသိဘဲ မြရွက်ဝါရင်ထဲသနားသလိုဖြစ်နေမိတာတော့ထူးဆန်းနေတာလား။ရေစက်ကြောင့်ပဲလားမသိတော့ပါလေ။အမျိုးသမီးကြီးရဲ့ခြေသံတွေ အပေါ်ထပ်အခန်းဆီသို့ရောက်သွာချိန်အထိ မြရွက်ဝါအခန်းရှေ့မှာပဲရပ်နေခဲ့မိတယ်။ ~~~~~~~~~ " ဒေါက် ...ဒေါက် " တံခါးခေါက်သံကြောင့် ဟန်လင်းသန့်တံခါးထဖွင့်ပေးလိုက်တယ်။တံခါးဖွင့်ဖွင့်ချင်းမှာ မြင်လိုက်ရတဲ့ မိခင်ကြီးရဲ့ မျက်နှာကို ဟန်လင်းသန့် အတော်ကြာငေးကြည့်နေမိတယ်။ အတော်လေးအိုစာသွားတဲ့မိခင်ဖြစ်သူကိုကြည့်ပြီး စိတ်ထဲမှာလဲကျင်ခနဲဖြစ်သွားမိတယ်။ " ထိုင်ပါ...ကျွန်တော်ကိုတွေ့ချင်နေတာ ဘာကိစ္စရှိလို့လဲ..ကျွန်တော်တို့ကြားမှာ ပတ်သက်စရာအကြောင်းမရှိတော့ဘူးထင်ပါတယ် " ဟန်လင်းသန့်လေသံမှန်မှန်နဲ့ပဲပြောလိုက်တယ်။ ဒေါ်ခင်မေရီတစ်ယောက် မျက်နှာထားတည်လှတဲ့သားဖြစ်သူကို ညှိုးငယ်စွာကြည့်လိုက်ပြီး " အ...အမေတောင်းပန်ပါတယ်သားရယ်....အမေ့အပြစ်တွေကို ခွင့်လွှတ်ပေးပါကွယ်...သားတို့သားအဖအပေါ်မှာအမေကြိမ်ကြိမ်မှားခဲ့ပါတယ်....အဲ့ဒိအတွက် လောကကြီးကလဲအမေတို့ကို အပြစ်တွေပေးနေပါပြီကွယ် ...အမေ့ကိုခွင့်လွတ်ပါကွယ် " ဒေါ်ခင်မေရီက ဟန်လင်းသန့်ကိုကြေကြေကွဲကွဲနဲ့တောင်းပန်လိုက်တယ်။ မိခင်ဖြစ်သူရဲ့တောင်းပန်စကားတွေကြောင့် ဟန်လင်းသန့် နှုတ်ခမ်းကိုတွန့်ကွေးကာအနည်းငယ်ပြုံးလိုက်မိတယ်။ပြီးတော့မှ မိခင်ဖြစ်သူကိုသေချာကြည့်လိုက်မိပြီး " ကျွန်တော်ကို တောင်းပန်ဖို့သက်သက်တော့ ဒီကိုလာခဲ့တာမဟုတ်ဘူးထင်တယ်...အဲ့ဒီတော့ လာရင်းကိစ္စကိုပွင့်ပွင့်လင်းလင်းပြောပါ...ကျွန်တော့်ကိုလှည့်စားတာမျိုးတွေထပ်မလုပ်ဖို့တောင်းပန်ပါတယ်ဗျာ " ဟန်လင်းသန့်ကပြောလိုက်တော့ ဒေါ်ခင်မေရီက သားဖြစ်သူကိုတောင်းပန်တိုးလျှိုးတဲ့အကြည့်တွေနဲ့ကြည့်လိုက်ပြီ " အမေ ..ပြော..ပြောပါ့မယ်ကွယ်...သားကိုတောင်းပန်ချင်တာလဲအမှန်ပါ...အမေ့ကိုခွင့်လွှတ်ပေးးပါနော်...ပြီး..ပြီးတော့...သားညီမနဲ့ပတ်သက်ပြီး အိပ်မက်တွေမကောင်းလို့ပါ....သူအတော်လေးဒုက္ခရောက်နေတယ်လို့ အိပ်မက်မက်လို့ပါ....သူသတင်းကို အမေစုံစမ်းတာလဲဘယ်လိုမှစုံစမ်းလို့မရဘူးဖြစ်နေတယ်..အဲ့..အဲ့ဒါသားကိုအကူအညီတောင်းချင်လို့ပါ " မိခင်ရဲ့စကားကြောင့် ဟန်လင်းသန့် အမူအရာမပျက်အောင်ထိန်းလိုက်ရတယ်။အမေဆိုတာဒီလိုမျိုးတဲ့လား။သားသမီး ဒုက္ခရောက်နေရင် စိတ်ကအလိုလိုသိနေတာတဲ့လား။ဒါဆိုရင်သူနဲ့ပတ်သက်ပြီးတော့ ဘာလို့ဘာမှမခံစားခဲ့ရတာလဲ၊။သူဘယ်လောက်ထိစိတ်ဆင်းရဲသောကၕေရာက်ခဲ့ရသလဲဆိုတာကိုတော့ ဘာလို့မသိခဲ့ရတာလဲ။ဟန်လင်းသန့်အံကိုတစ်ချက်ကြီတ်ရင်း မဲ့ပြုံးလေးပြုံးလိုက်မိတယ်။ " သမီးအလိမ္မာလေးဆိုတော့ လိုက်ရှာချင်နေတာလား...မိဘကိုဒီလောက်ဒုက္ခပေးနေတဲ့သူကို ဘာလို့လိုက်ရှာချင်နေတာလဲ...,, တစ်နေရာရာမှာ ငွေတွေသုံးဖြုန်းပြီးပျော်ပါးနေမှာပေါ့ ...ဒီလိုလူကို ကျွန်တော်ကဘာလို့လိုက်ရှာပေးရမှာလဲ " " သားရယ်.... သူမလိမ္မာဘူး..မိုက်မဲတယ်ဆိုတာမှန်ပါတယ် ...ဒါပေမဲ့ အမေ့အတွက်တော့ ဝမ်းနဲ့လွယ်မွေးခဲ့ရတဲ့သားသမီးပါ. ..သူဘယ်လောက်ဆိုးဆိုးအမေမစွန့်လွှတ်နိုင်ဘူးလေ...သားမှာသားသမီးရှိလာတဲ့တစ်နေ့ကျရင် အမေ့ကိုသားနားလည်လာမှာပါသားရယ်" မိခင်ဖြစ်သူရဲ့စကားတွေကြောင့် ဟန်လင်းသန့်နာနာကျင်ကျင်နဲ့ပြုံးလိုက်မိပြီး " သားသမီကိုချစ်တတ်လှချည်လားဗျာ.....အရွယ်ရောက်နေပြီဖြစ်တဲ့ .... ဆိုးသွမ်းလှတဲ့သမီးကိုတောင်မစွန့်ပစ်ရက်တဲ့မိခင်က...ဘာမှသိနားမလည်သေးတဲ့ ကလေးတစ်ယောက်ကိုကျတော့ စိတ်ဒုက္ခတွေအမျိုးမျိုးပေးပြိလိမ်ညာခဲ့တယ်...စွန့်ပစ်သွားတာတောင်ရိုးရိုးတန်းတန်းစွန်ပစ်သွားခဲ့တာမဟုတ်ဘဲ...စိတ်ဆင်းရဲအောင်လုပ်ပြီးမှစွန့်ပစ်သွားခဲ့တာ ...ဘာမှသိနားမလည်တဲ့ ကလေးတစ်ယောက်ကတော့

#ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၂၅ ) akyiphyu ******** " အိမ်ထဲဝင်ပါအုံးဒေါ်ဒေါ်....ကိုဟန်လင်းသန့်ပြန်လာရင် ...မြရွက်ဆီကိုဖုန်းဆက်မှာမို့... သူပြန်လာရင်သိရမှာပါ " မြရွက်ဝါပြောလိုက်တဲ့အခါ အမျိုးသမီးကြီးက မြရွက်ဝါကို သေချာကြည့်လာတာမို့ မြရွက်ဝါလဲယောင်ယောင်နနနဲ့ပြန်ကြည့်နေလိုက်ပြီးမှ အမျိုးသမီးကြီးကို အိမ်ထဲခေါ်လိုက်တယ်။ဒီအခါမှာတော့ အမျိုးသမီးကြီးကလဲ မငြင်းတော့ဘဲ အထဲကိုဝင်လိုက်လာခဲ့တယ်။ " ဝင်ပါဒေါ်ဒေါ် ...မြရွက်တို့က အွန်လိုင်းဈေးရောင်းတာဆိုတော့ ...အိမ်ကနည်းနည်းတော့ ရှုပ်ပွနေတယ်...အားနာဖို့မလိုဘူးနော်ဒေါ်ဒေါ်... အေးအေးဆေးဆေးနားပါ...ဒါနဲ့ဒီနေ့ရောပဲခူးကိုပြန်ရမှာလားဒေါ်ဒေါ်.." " ဒီ ..ဒီနေ့တော့ ပဲခူးကိုချက်ချင်းမပြန်လဲရပါပြီကွယ်...နောက်ကျရင် ....အသိဆရာလေးတွေကျောင်းမှာအိပ်သွားမှာပါ...အိမ်ကအဘိုးကြီးဆုံးသွားပြီဆိုတော့ မပြန်လို့လဲရတယ်လေ " ပြောရင်းနဲ့အသံတိမ်ဝင်သွားတဲ့ အမျိူသမီးကြီးကိုကြည့်ပြီး မြရွက်ဝါစိတ်မကောင်းဖြစ်သွားမိတယ်။ " စိတ်မကောင်းလိုက်တာဒေါ်ဒေါ်ရယ်...သားသမီးတွေရှိလားရှင်...ဟို...ဟို...ပြီးတော့ ကိုဟန်လင်းသန့်နဲ့ကအလုပ်ကိစ္စရှိတာလားဟင်...သူကကြိုချိန်းထားတဲ့သူတွေကိုပဲ ...လက်ခံတွေ့ဆုံတယ်လို့ သိထားလို့ပါ..." " အ...အလုပ်ကိစ္စတော့မဟုတ်ပါဘူးသမီးရယ်...လူမှုရေးကိစ္စပါ...မောင်...မောင်ဟန်လင်းသန့်နဲ့ဒေါ်ဒေါ်တို့က ဆွေမျိုးတွေဆိုပါတော့ကွယ်...သမီးအထင်လွဲမှာ ကြောက်လို့ ပြောပြတာပါနော် " " ရှင် ...ဟုတ်..ဟုတ်ကဲ့ " အမျိူးသမိးကြီးရဲ့စကားကြောင့် မြရွက်ဝါအံ့ဩသွားမိပြီး အမျိုးသမီးကြီးကိုသေချာကြည့်လိုက်မိတယ်။ဒီအခါမှပဲ အမျိုးသမီးကြိးနဲ့ဟန်လင်းသန့်တို့ မျက်နှာပေါက်ချင်းနည်းနည်းဆင်တာကို သတိထားလိုက်မီတယ်။ဒါကြောင့်ရယ်လားမသိ အမျိုသမီးကြီးကိုမြင်လိုက်ရချိန်မှာ မြရွက်ဝါအလိုလိုခင်မင်ရင်းနှီးကာသနားသွားခဲ့မိတယ်။မြရွက်ဝါထိုင်နေရာကနေထလာခဲ့လိုက်ပြီး ထမင်းစားခန်းဆီကိုဝင်လာခဲ့လိုက်တယ်။ဒီနေ့တော့အိမ်မှာ မညိုတို့သားအမိတွေတစ်ယောက်မရှိကြဘဲ မြရွက်ဝါတစ်ယောက်တည်းရှိနေခဲ့တာ။ " ဒေါ်ဒေါ် ...မုန့်စားပါအုံး...ဟိုလေ ထမင်းစားလို့အဆင်အဆင်ပြေတယ်ဆိုရင်လဲ ထမင်းစားပါလားဒေါ်ဒေါ်.....အိမ်မှာအဆင်သင့်ရှိပါတယ် " " အိုကွယ်...ကျေးဇူးတင်ပါတယ်သမီးရယ်...ဒေါ်ဒေါ်ထမင်းဆိုင်မှာစားလာခဲ့ပါပြီကွယ်.... " " ဒါဆိုရင် မုန့်လေးတော့စားလိုက်ပါအုံး ဒေါ်ဒေါ် ... " " တူ...တူ..တူ..တူ " မြရွက်ဝါပြောနေချိန်မှာပဲ မြရွက်ဝါရဲ့ဖုန်းကထမြည်လာခဲ့တာမို့ ဖုန်းမျက်နှာပြင်ကိုကြည့်လိုက်မိယ်။ဖုန်းမျက်နှာပြင်မှာပေါ်လာတဲ့နာမည်ကိုကြည့်ပြီး မြရွက်ဝါရင်တွေလှိုက်ခနဲခုန်လှုပ်သွားခဲ့တယ်။ " ဟယ်လို ကိုလင်း " " ဟယ်လို.. မြရွက်...ကိုယ်ဒီနေ့နောက်ကျမယ်သိလား..စိတ်မပူနဲနော်...အပြန်ကျရင်ဘာဝယ်လာခဲ့ရအုံးမလဲ...ဒီနေ့တစ်နေကုန်မတွေ့ရသေးတော့သတိရလိုက်တာကွာ " ဖုန်ကိုင်ကိုင်ချင်းမှာပဲကြားလိုက်ရတဲ့စကားကြောင့် မြရွက်ဝါကြည်းနူးစွာပြုံးလိုက်မိတယ်။ဟန်လင်းသန့်ဘက်ကပြောနေတာတွေရပ်သွားတော့မှ ဧည့်သည်ရောက်နေတဲ့အကြောင်းကို မြရွက်ဝါပြောပြလိုက်တယ်။ " အိမ်မှာဧည့်သည်ရောက်နေတယ်သိလား....ကိုလင်းကိုတွေ့ချင်လို့တဲ့လေ...ကိုလင်းနဲ့အမျိုးတော်တယ်လို့လဲပြောတယ် ....ပဲခူးကတဲ့လေ...အဒေါ်ကြီးကိုကြည့်ရတာ နေလဲသိပ်ကောင်းပုံမရဘူး...အဲ့ဒါကြောင့် မြရွက်တို့အခန်းမှာခေါ်ထားလိုက်တယ်...ကိုလင်းအရမ်းနောက်ကျမယ်ဆိုရင်လဲ ပြန်လွှတ်လိုက်မယ်လေ " မြရွက်ဝါအကျိုးအကြောင်းပြောပြလိုက်တော့ ဟန်လင်းသန့်ဘက်ကစကားသံထွက်မလာဘဲတိတ်ဆိတ်နေခဲ့တယ်။ " ကို...ကိုလင်း ....မြရွက်ပြောတာကြားရဲ့လားဟင် " " ကြား...ကြားပါတယ်မြရွက်...ဟို...ကိုယ်အလုပ်တွေအားမဲ့အချိန်ကိုတွက်နေလို့ပါ...ဒီနေ့ကအလုပ်တွေက ညနေမှောင်တော့မှပြီးနိုင်မှာ ...အလုပ်တွေအမြန်လက်စသပ်ပြီး ကိုယ်ပြန်လာခဲ့လိုက်မယ်လေ...ဧည့်သည်ကိုမြရွက်တို့အခန်းမှာပဲခေါ်ထားပေးပါလား...ကိုယ်တောင်းပန်ပါတယ် " " ကိုလင်းကလဲ...ဘာတောင်းပန်စရာလိုလို့လဲ...ဒီဧည့်သည်ကဖြင့် ...အရင်တစ်ခေါက်ကလဲလာဖူးပါတယ်...ဘာမှစိတ်မပူပါနဲ့သိလား " " ကျေးဇူးပါကွာ..ဒါပဲနော်မြရွက်..ဧည့်သည်တွေရောက်လာပြီ " ဟန်လင်းသန့်ဘက်ကဖုန်းချသွားတာနဲ့ မြရွက်ဝါလဲအမျိူးသမီးကြီးရှိရာဆီကို ပြန်လျှောက်လာလိုက်တယ်။ " ကိုလင်းဖုန်းဆက်တာပါ ဒေါ်ဒေါ်...သူနောက်ကျနိုင်ပေမဲ့ ...အမြန်ဆုံးပြန်လာခဲ့ပါမယ်တဲ့.....သူ့ကိုဒီကပဲစောင့်နေဖို့ ဒပြောခိုင်းလိုက်ပါတယ် " မြရွက်ဝါပြောလိုက်တော့ အမျိုးသမီးကြီးက မြရွက်ဝါကိုသေချာစိုက်ကြည့်လာပြီးခေါင်းငြိမ့်ပြလာတယ်။ " ကျေးဇူးတင်ပါတယ်သမီးရယ်....သမီးလဲပဲခူးဘက်ရောက်ရင် ဒေါ်ဒေါ်ဆီလာလည်ပါကွယ်...ဒေါ်ဒေါ်ကပဲခူးမြို့ပေါ်ကတော့မဟုတ်ပါဘူး...ပဲခူးမြို့အကျော်က ...ကားလမ်းနဲ့သိပ်မဝေးတဲ့ရွာလေးမှာနေတာပါ...ခြံထဲမှာလဲ သီးပင်စားပင်လေးတွေစိုက်ထားတော့သာယာပါတယ်...အရင်ကတော့နှစ်ယောက်နေတာပေါ့ကွယ်..အခုတော့အဘိုးကြီးဆုံးသွားတာနဲ့ဒေါ်ဒေါ်တစ်ယောက်တည်းနေတာပါ...လမ်းကြုံရင်လာလည်ပါကွယ် ...ဒေါ်ဒေါ်လိပ်စာရေးပေးခဲ့မယ်နော် "

" ဒေါက် ...ဒေါက်... " အိမ်ရှေ့က တံခါးခေါက်သံကြောင့် မြရွက်ဝါထသွားပြီး တံခါးကိုဖွင့်လိုက်တဲ့အခါ ဟန်လင်းသန့်ကိုလာရှာဖူးတဲ့ အမျိုးသမီးကြီးကိုတွေ့လိုက်ရတာမို့အံ့သြသွားရတယ်။အမျိုးသမီးကြီးပုံစံက အရင်တစ်ခေါက်ကထက်တောင် ပိုပြီး နွမ်းလျနေခဲ့တယ်။ " ဟင် ....ဒေါ်ဒေါ် ပါလား ...ကိုဟန်လင်းသန့်ဆီကိုလာတာလားဟင် ... " " ဟုတ်...ဟုတ်ပါတယ်သမီးရယ်...သူ့အခန်းတံခါးကြီးသော့ပိတ်ထားတာ...ခေါ်လို့လဲမရလို့ပါ...ဒေါ်ဒေါ့်ကို ရေလေးနည်းနည်းလောက်တိုက်ပါနော် " " ဟုတ်ကဲ့ ရပါတယ်ဒေါ်ဒေါ်...လာပါအိမ်ထဲဝင်ပါအုံးရှင် " " ရ..ရပါတယ်သမီးရယ် ...မဝင်တော့ပါဘူးကွယ်...တော်ကြာ မောင်ဟန်လင်းသန့်ပြန်လာတာနဲ့လွဲနေမှာစိုးလို့ ...ဒေါ်ဒေါ်အပြင်ကပဲစောင့်နေလိုက်ပါ့မယ်" အမျိုးသမီးကြီးရဲ့စကားကြောင့် မြရွက်ဝါအမျိုးသမီးကြီးကိုအိမ်ထဲကိုရအောင်ခေါ်လိုက်တယ်။ ==================================== အပိုင်း( ၂၅ ) ဆက်ရန် A KYI PHYU #ဧကြည်ဖြူ

သူမပေါင်ပေါ်မှာလှဲအိပ်နေပြီး သူမမျက်နှာကို တစိမ့်စိမ့်စိုက်ကြည့်နေတဲ့ ဟန်လင်းသန့်ကြောင့် မြရွက်ဝါမှာ ခန္ဓာကိုယ်ထဲက သွေးတွေတထိတ်ထိတ်ဆောင့်ခုန်နေခဲ့ပြီး ခြေဖျားလက်ဖျားတွေပါအေးစက်လာတယ်။ဟန်လင်းသန့်ရဲ့ အကြည့်တွေကို ရင်မဆိုင်ရဲတာမို့ မြရွက်ဝါနှုတ်ခမ်းလေးကိုဖိကိုက်ရင်း အကြည့်တွေကိုလွှဲလိုက်တယ်။ဒီအချိန်မှာပဲ ဟန်လင်းသန့်က လှဲနေရာကထထိုင်လိုက်တယ်။ပြီးတော့ သူမမျက်နှာကို သူ့လက်နှစ်ဖက်နဲ့ဆွဲညှပ်ယူလိုက်ပြီး မျက်နှာအနှံ့ကိုနမ်းလိုက်တာမို့ မြရွက်ဝါရဲ့ နှလုံးသားတွေပေါက်ကွဲလုမတတ်ဖြောင်းဆန်အောင် လှုပ်ရှားခုန်လှုပ်သွားခဲ့ရတယ်။ "ကို ...ကိုလင်း " မြရွက်ဝါနှုတ်ကနေ သူ့နာမည်ကို ခပ်တိုးတိုးရေရွတ်လိုက်မိချိန်မှာပဲ သူ့အနမ်းတွေက ပိုပိုပြီးကြမ်းလာခဲ့တယ်။သူ့ရဲ့အနမ်းတွေအောက်မှာ မြရွက်ဝါမိန်းမောသွားခဲ့မိတယ်။နှစ်ယောက်သား အထိအတွေ့ ရဲ့ဆွဲခေါ်ရာနောက်ကို သတိလက်လွတ်ပါသွားမလိုဖြစ်နေခဲ့ပြီးမှ ဟန်လင်းသန့်ကသူ့အနမ်းတွေကို ချက်ချင်းရပ်တန့်လိုက်ပြီး မြရွက်ဝါကိုရင်ခွင်ထဲဆွဲသွင်းကာ တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်တယ်။ " ကိုယ်တို့ဒီမှာဆက်မနေသင့်တော့ဘူး ...ပြန်ကြရအောင်နော်မြရွက် " ဟန်လင်းသန့်ပြောပြီးတာနဲ့ မြရွက်ဝါကိုဖက်ထားရာကလွှတ်ပေးလိုက်ပြီး ပြန်ကြဖို့ပြင်လိုက်တယ်။ နှစ်ယောက်သားလက်ချင်းတွဲပြီး တိုက်ခန်းထဲကအထွက်မှာ ဟန်လင်းသန့်က မြရွက်ဝါရဲ့နဖူးပြင်လေးကို ခပ်ဖွဖွငုံ့နမ်းလိုက်တယ်။ဟန်လင်းသန့်ရဲ့ဖြူစင်တဲ့အနမ်းကြောင့် မြရွက်ဝါရင်ထဲမှာ စမ်းချောင်းလေးဖြတ်စီးဆင်းသွားသလို ရင်ထဲ အေးမြသွားရတယ်။ပြီးတော့ နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ကြည်ကြည်နူးနူးပြုံးလိုက်မိကြတယ်။ ~~~~~~~~ " ဘာ ...ဘာပြောတယ် မင်းဆွေ ...မင်းကြားရတဲ့ သတင်းက အမှန်ပဲလား " မင်းဆွေဆီက ကြားလိုက်ရတဲ့သတင်းကြောင့် ဟန်လင်းသန့် ထိတ်လန့်တုန်လှုပ်ကာ ပြန်မေးလိုက်မိတယ်။ " အမှန်ပဲ ဆရာ ...ဖဲဝိုင်းမှာ ပြဿနာဖြစ်ကြတာတဲ့ ... ဟိုဘက်ကကောင်ကလဲ ဆေးသုံးထားတော့ စိတ်ကြွနေပြီးလုပ်ပစ်လိုက်တာ.....ဒဏ်ရာတွေ အချက်ပေါင်းမနည်းဘူးတဲ့လေ... ဟိုကောင်ကကြောင်နေတော့ ဘေးကလူတွေလဲ ဖြုန်းခနဲဝင်မဆွဲရဲဘူးတဲ့လေ...နေရာမှာတင်ပွဲချင်းပြီးပဲတဲ့ " ကြားလိုက်ရတဲ့သတင်းအတွက် ဟန်လင်းသန့်ဝမ်းမသာသလိုဝမ်းလည်းမနည်းမိပါ။ လူဆိုတာကိုယ်စိုက်ပျိုးထားသမျှကို ကိုယ်ပဲပြန်ရိတ်သိမ်းရတာမဟုတ်ပါလား။ မိအိုဖအိုတွေဆီက ငွေတွေကို ကြိမ်းမောင်းတောင်းယူပြီး ပျော်ရွှင်နေတဲ့ သားသမီးတစ်ယောက်ရဲ့ဇာတ်သိမ်းက ဒီလိုပဲဖြစ်မှာပဲလေ။ရှေ့ဘဝက ကောင်းမှုကုသိုလ်ကံမကုန်သေးလို့ ဒီဘဝမှာပြစ်ဒဏ်မခံရဘဲ စံစားသွားရရင်တောင် ဝဋ်ဆိုတာသံသရာအဆက်ဆက်လိုက်ပါမှာပဲလေ။ " ငါ့ကို တစ်ခုလောက်ကူညီကွာ မင်းဆွေ.....ဒီသတင်းကို ကောင်မလေးအမေမသိစေနဲ့ကွာ ...အဘိုးကြီးဆုံးသွားတာ တစ်လကျော်ပဲရှိသေးတာ...အခုသမီးဖြစ်သူက ပါဒီလိုဖြစ်သွားတဲ့သတင်းကို ကြားသွားရင် ...အဘွားကြီးလဲ သွားလိမ့်မယ် ...အဲ့ဒါကြောင့် အဘွားကြီးမသိအောင် ကူညီပေး....နာရေးကိစ္စကိုလဲ ....မင်းကဝမ်းကွဲအစ်ကိုပါလို့ပြောပြီး ...မြေကျတဲ့အထိဝိုင်းကူပေးလိုက် " ဆရာဖြစ်သူရဲ့စေခိုင်းမှုကြောင် မင်းဆွေအံ့သြတကြီးနဲ့ သူ့ဆရာကို ပြန်ကြည့်လိုက်ပြီး " ဒါ...ဒါတော့ ဖြစ်ပါ့မလား ဆရာ ......တခြားသူတို့အမျိုးတွေရှိမှာပါ ...ကျွန်တော်ရှာပြီး အကျိုးအကြောင်း ပြောပြလိုက်မယ်လေ " " မင်းဆွေရာ ...မင်းကို ငါအကူအညီတောင်းတာလေကွာ ..ဘာလဲမလုပ်ပေးချင်လို့လား " ဟန်လင်းသန့်ရဲ့စကားကြောင့် မင်းဆွေမှာ မျက်လုံးပြူးသွားရပြီး ''မ ..မဟုတ်ပါဘူးဆရာရယ်.....တော်ကြာသူတို့အမျိုးတွေပေါ်လာပြီးပြဿနာဖြစ်မှာကြောက်လို့ပါ " "မင်းဆွေရာ .....သူတို့မိသားစုကိုကြည့်ထားဖို့... မင်းကိုခိုင်းထားတာ ဘယ်လောက်ကြာနေပြီလဲ ......ဒီကြားထဲမှာ အဘိုးကြီးအဘွားကြီးဆီကိုလာတဲ့ အမျိုးရယ်လို့ရော တွေ့မိလား ....အဲ့ဒီကောင်မလေးနေတဲ့နေရာကို သူတို့အမျိုးတွေမပြောနဲ့ ... သူ့မိဘအရင်းတွေတောင် သိလို့လား ...ငါတို့ပဲလိုက်စုံစမ်းထားလို့ သိတာမဟုတ်ဘူးလား " " ဟုတ်တော့ဟုတ်ပါတယ်ဆရာ ....ဒါ..ဒါပေမဲ့ ... တစ်ချိန်ကချမ်းသာခဲ့ကြတဲ့သူတို့လိုသူဋ္ဌေးတွေက ...ဆွေမျိုးအသိုင်းအဝိုင်းမရှိဘူးဆိုလို့ အံ့ဩမိလို့ပါ " " ဟာကွာ ....ဒီနေ့ မင်းစကားတွေ တအားပြောနေပါလားမင်းဆွေ...လူဆိုတာ ဆွေမဲ့မျိုးမဲ့တော့ရှိမလား .....ဒီတိုင်းပဲ အကြောင်းတွေရှိလို့ပေါ့ ....မင်းနားလည်အောင် ထပ်ပြောရရင် ..သူတို့နဲ့ အရင်းဆုံးဆွေမျိုးက ငါပဲ ..အဲ့ဒါကြောင့် ...ငါ့ကိုယ်စားမင်းပဲတာဝန်ယူလိုက်ကြားလား ..." " ဗျာ " " မဗျာနဲ့ ....အဘွားကြီးကိုလဲ ကြည့်ထားပေးအုံး ...လိုအပ်တဲ့ငွေကို .....ကိုထွန်းဆီကထုတ်သွားလိုက် ... ကိုထွန်းကို ပြောထားလိုက်မယ် " " ဟုတ် ..ဟုတ်ကဲ့ပါဆရာ " မင်းဆွေကအံ့သြနေဆဲဖြစ်တဲ့မျက်နှာသွင်ပြင်နဲ့ဟန်လင်းသန့်ကိုကြည့်ပြီး အပြင်ကို ထွက်သွားခဲ့တယ်။မင်းဆွေထွက်သွားတော့မှ ဟန်လင်းသန့်လဲ ကားသော့ကိုကောက်ယူလိုက်ပြီး ဧည့်သည်နဲ့ချိန်းထားရာဆီကိုသွားဖို့ပြင်လိုက်တယ်။ ~~~~~~~~~

ကြီးကြီးရဲ့အပြစ်ပြောသံက ခပ်ကျယ်ကျယ်ထွက်လာခဲ့တယ်။မြရွက်ဝါဘာမှပြန်ပြောမနေတော့ဘဲ ကြီးကြီးတို့တိုက်ခန်းထဲကထွက်လာခဲလိုက်တယ်။ကိုမြတ်သူရနဲ့သဘောတူထားတာကို ငြင်းပြီးကတည်း အဘွားက မြရွက်ဝါကိုစကားသိပ်မပြောတော့တာ။အဘွားကြောင့် မြရွက်ဝါစိတ်မကောင်းဖြစ်မိတာတော့အမှန်ပါပဲ။မြေးချင်းတူတူ သူမတို့အပေါ်မှာတော့ စိမ်းကားရက်စက်လွန်းပြီး ကြီးကြီးရဲ့သားသမီးတွေအပေါ်မှာတော့လွန်လွန်ကဲကဲကိုပိုနေခဲ့တာလေ။ ~~~~~~~~~ " ဘယ်သွားမှာလဲဟင် ကိုလင်း " ကားမောင်းနေတဲ့ဟန်လင်းသန့်ကို မြရွက်ဝါမေးလိုက်မိတယ်။ " ကိုယ့်အိမ်ကို ခဏသွားမလို့ ...မြရွက်ကိုလဲတစ်ခါမှ အိမ်လည်မခေါ်ဖူးလို့လေ " " အိမ်ဟုတ်လား ကိုလင်း ... ဘယ်အိမ်ကိုပြောတာလဲ " ဟန်လင်းသန့်ရဲ့စကားကြောင့်မြရွက်ဝါပြန်မေးလိုက်မိတယ်။ " အင်း ... ကိုယ်အမြဲနေတဲ့အိမ်ကိုပြောတာ... မြရွက်ကိုခေါ်သွားချင်စိတ်ပေါ်နေလို့လေ...မြရွက်လိုက်လို့အဆင်ပြေပါတယ်နော် ...ကိုယ်ကိုယုံကြည်ရဲ့လား " ဟန်လင်းသန့်ကမေးရင်းနဲ့မြရွက်ဝါရဲ့လက်ကလေးကို ခပ်ဖွဖွဆုပ်ကိုင်လိုက်တယ်။ " ပြေ ..ပြေပါတယ်ကိုလင်းရဲ့ ...ကိုလင်းရဲ့အိမ်လို့ပြောလိုက်တော့ ...မြရွက်တို့နေတဲ့တိုက်ခန်းကိုပဲ သတိရသွားလို့ပါ...ကိုလင်းကိုလဲယုံကြည်ပါတယ် " မြရွက်ဝါခေါင်းငြိမ့်ပြလိုက်ရင်း ချစ်သူရဲ့အမေးကို ချက်ချင်းပြန်ဖြေလိုက်မိတယ်။ရင်ထဲမှာရှိတဲ့အတိုင်းပြောရရင် သူ့ကိုချစ်မိပြီဆိုကတည််းက ယုံကြည်မှုတွေပါ တွဲကပ်ပြီးပါလာခဲ့ပြီးသားလေ။ယုံကြည်လို့ချစ်တာလား။ချစ်လို့ယုံကြည်သွားတာလားဆိုတာကိုတော့ မြရွက်ဝါသေချာမပြောနိုင်ပါဘူး။သေချာတာကတော့ သူ့ကိုချစ်မိပြီဆိုကတည်းက မျက်ကန်းတစ်ယောက်လိုယုံကြည်ပစ်လိုက်မိတယ်ဆိုတာပါပဲ။မြရွက်ဝါ သူ့ကိုခေါင်းငြိမ့်ပြလိုက်တော့ သူကမြရွက်ဝါရဲ့လက်ကိုပိုပြီးခပ်တင်းတင်းဆုပ်ကိုင်လာခဲ့တယ်။ ~~~~~~~~~~~~ လုံးခြုံရေးဝန်ထမ်းတွေ အဆင့်ဆင့်ရှိနေတဲ့ အိမ်ရာဝင်းကြီးရဲ့တံခါးတွေကိုကျော်ဖြတ်ပြီး မြရွက်ဝါတို့နှစ်ယောက်ဓါတ်လှေကားထဲဝင်လိုက်ကြတယ်။ရိုးရိုးသာမန်တိုက်ခန်းလေးမှာ နေတဲ့မြရွက်ဝါအဖို့တော့ ဒီလိုခမ်းနားလှတဲ့ ကွန်ဒိုမျိုးကိုရောက်ဖူးတာ ပထမဆုံးအကြိမ်ပါပဲ ။ဒီလိုခမ်းနားလှတဲ့ အိမ်ကိုထားပြီး တိုက်ခန်းကျဉ်းလေးထဲမှာလာနေနေတဲ့သူ့ကိုလဲ မြရွက်ဝါအံ့ဩနားမလည်နိုင်အောင် ဖြစ်နေမိတယ်။ ~~~~~~~~~~~~ တိုက်ခန်းထဲကိုရောက်လာတဲ့အခါ အပြင်ကအပြင်ဆင်တွေထက် ပိုပြီးခမ်းနားထည်ဝါတာကိုတွေ့လိုက်ရတာမို့ မြရွက်ဝါခြေလှမ်းတွေလှမ်းဖို့တောင်မရဲဖြစ်သွားမိတယ်။ " လာလေ မြရွက် " ဟန်လင်းသန့်က သူမလက်ကိုဆွဲပြီးခေါ်လိုက်တော့မှ မြရွက်ဝါလဲမရဲတရဲနဲ့လိုက်သွားမိတယ်။ " ဒီမှာလာကြည့်ပါအုံး မြရွက်ရဲ့ " ဟန်လင်းသန့်ခေါ်သွားတဲ့နောက်ကို မြရွက်ဝါလိုက်ပါသွားရင် ပြတင်ပေါက်နားကိုရောက်သွားခဲ့တယ်။ဟန်လင်းသန့်က ပြတင်းပေါက်က လိုက်ကာစကိုဆွဲဖယ်လိုက်တဲ့အခါ လှမ်းမြင်လိုက်ရတဲ့ရှုခင်းကိုကြည့်ပြီး မြရွက်ဝါ ရင်သပ်ရှုမောသွားမိတယ်။ " ညဘက်ဆိုရင်ဒီထက်ပိုလှတယ်မြရွက်ရဲ့ ...တစ်ရက်လောက်တော့ ညဘက်ခေါ်လာခဲ့အုံးမယ် ... ခဏလေးနော် မြရွက်...ကိုယ်အဝတ်အစားသွားလဲလိုက်အုံးမယ် " ပြောပြောဆိုဆိုနဲ့ ဟန်လင်းသန့်က အနားကထွက်သွားခဲ့တယ်။မြရွက်ဝါလဲ ပြတင်းပေါက်နားက မခွါနိုင်ဘဲ အပေါ်စီးကမြင်နေရတဲ့ ရန်ကုန်မြို့ရဲ့ရှုခင်းတွေကို ငေးကြည့်နေမိတယ်။ ~~~~~~ " မြရွက်က ဒီမှာရပ်နေတုန်းလား ....." အသံနဲ့အတူ သူမနောက်ကျောကနေသိုင်းဖက်လာတဲ့ ဟန်လင်းသန့်ကြောင့် မြရွက်ဝါရင်ခုန်သံတွေမြန်ဆန်သွားရပြန်တယ်။ချစ်သူသက်တမ်းသုံးလကျော်လာခဲ့ပေမဲ့ ဟန်လင်းသန့်နဲ့ဆုံတိုင်း မြရွက်ဝါရဲ့ နှလုံးခုန်သံတွေက မြန်ဆန်နေတုန်းပါပဲ။ " ကိုယ်လဲ ဒီကမြင်နေရတဲ့ မြင်ကွင်းကို အရမ်းသဘောကျတာလေ..... ဒီမြင်ကွင်းကြောင့်လဲ ဒီတိုက်ခန်းကိုဝယ်ခဲ့တာပေါ့ ...မြရွက်ရောသဘောကျတာလား " ဟန်လင်းသန့်က မြရွက်ဝါကို ခပ်တင်းတင်းသိုင်းဖက်ထားရင်းက မေးလိုက်တယ်။ "သဘောကျတာပေါ့ ကိုလင်းရယ် ...ဒါနဲ ...ဒီလောက်ကောင်းတဲ့အခန်းရှိတာကို... မြရွက်တို့နေတဲ့တိုက်မှာ ဘာလို့လာငှားနေတာလဲဟင် " မြရွက်ဝါနားမလည်နိုင်တာမို့ မေးလိုက်မိတယ်။ "ဪ...အဲ့ဒါက ... ဒီနှစ်ထဲမှာစလုပ်တဲ့လုပ်ငန်းသစ်ကြောင့် ဧည့်သည်တွေအလာများမှာမို့ .....မြရွက်တို့တိုက်မှာ လာငှားနေလိုက်တာလေ ..အကြောင်းပြချက်ကတော့ .....ကိုယ့်အိမ်ကို လူစိမ်းတွေလာတာမကြိုက်လို့လေ ...ဘာပဲဖြစ်ဖြစ် အဲ့ဒီကိုပြောင်းလာလို့သာ မြရွက်နဲ့ဆုံရတာလေ ....ကိုယ်တော့ အရမ်းကျေနပ်တယ်.... " ဟန်လင်းသန့်ရဲ့ စကားကြောင့် မြရွက်ဝါကြည်နူးစွာပြုံးလိုက်မိတယ်။ "ကဲပါကွာ ...တခြားနေရာတွေ လိုက်ကြည့်ပါအုံး ... တခြား အခန်းတွေကမြင်ရတဲ့ မြင်ကွင်းတွေလဲလှပါတယ် " ဟန်လင်းသန့်က ပြောပြောဆိုဆိုနဲ့ မြရွက်ဝါရဲ့ပခုံးလေးကို ဖက်ပြီးဧည့်ခန်းဆီကိုခေါ်ခဲ့လိုက်တယ်။ ~~~~~~~

#ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၂၄ ) akyiphyu ******** " ပန်းနုတို့ပါလား ...ဈေးလာဝယ်တာလား " ဟန်လင်းသန့်က မြရွက်ဝါရဲ့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်ပြီး ပန်းနုထွေးတို့ကို နှုတ်ဆက်လိုက်တယ်။ဟန်လင်းသန့်ပုံစံက မက်စ်တပ်ထားပေမဲ့ ပန်းနုထွေးတို့ကိုကြည့်ရတာ ဟန်လင်းသန့်ကို မှတ်မိပုံရတာမို့ ဟန်လင်းသန့်က ခပ်တည်တည်ပဲ နှုတ်ဆက်လိုက်တယ်။မြရွက်ဝါကတော့ ခြေလက်တွေမသိမသာတုန်ယင်ကာ ရှက်သလိုလန့်သလိုပုံစံဖြစ်နေခဲ့တယ်။ " မြရွက်နဲ့တွဲလာတာ ဘယ်သူလဲလို့ကြည့်နေတာ ကိုလင်းဖြစ်နေတာကိုး ...ကိုလင်းတို့က တကယ်လျှို့ဝှက်တာပဲနော် ....နှစ်ယောက်သားအတွက် ဝမ်းသာပါတယ်ရှင် " " ကျေးဇူးတင်ပါတယ် ပန်းနု " ပန်းနုထွေးက အလိုက်သင့် ပြန်နှုတ်ဆက်ခဲ့ပေမဲ့ သဲနုဖွေးမျက်နှာကတော့ ခပ်တင်းတင်းဖြစ်နေခဲ့တယ်။ " ဒါနဲ့ ...ဈေးဝယ်လို့ပြီးကြပြီလား .....ပန်းနုတို့မုန့်သွားစားကြမလို့... အတူသွားကြရအောင်လေ " "ဪ .....ဆောရီးပါပန်းနုရေ ..... ကျွန်တော်တို့ဈေးဝယ်လို့မပြီးသေးလို့ပါ ... ပြီးတော့နှစ်ယောက်သားက အားလပ်ချိန်ရအောင် မနည်းအချိန်လုထားရတာမို့ပါ ....ခွင့်ပြုပါအုံး " ပန်းနုထွေးတို့ဘက်က ဘာမှမပြောခင်မှာဘဲ ဟန်လင်းသန့်က မြရွက်ဝါလက်ကိုဆွဲပြီး ထွက်ခဲ့လိုက်တယ်။ ကျန်ခဲ့တဲ့ ပန်းနုထွေးမှာ အံလေးကိုကြိတ်ပြီး လက်သီးကိုဆုပ်ထားလိုက်တယ်။ " သွားရအောင်ပန်းနု ...အလကားပါဟယ် .....သူတို့ ဘယ်လောက်ကြာမှာတဲ့လဲ ..မကြာခင်ကွဲမှာစောင့်ကြည့်နေလိုက်စမ်းပါ ..... သူလိုဟာမကို အလကားရလို့ တွဲနေတာ အသိသာချည်းပဲဟာ ....တော်ကြာကျော်မကောင်းကြားမကောင်းတွေဖြစ်ပြီး အရှက်ဖြန်းဖြန်းကွဲ မှာကိုငါတော့မြင်ယောင်နေပါသေးတယ် " ~~~~~~~~ "မြရွက်က ဘာလို့တုန်နေရတာလဲ ....သူတို့ကိုဘာအရေးစိုက်စရာလိုလဲ ....မြရွက်လဲ လူလွတ်...ကိုယ်လဲလူလွတ်ပဲဟာ " မျက်နှာလေးပျက်နေတဲ့ မြရွက်ဝါကိုကြည့်ပြီး ဟန်လင်းသန့် ခပ်တိုးတိုးကပ်ပြောလိုက်တယ်။မြရွက်ဝါမှာ ကိုယ်ကြီးတော်အကြောင်းကို မကောင်းမပြောချင်တာမို့ သက်ပြင်းတွေသာချလိုက်မိတယ်။ကြီးကြီးတို့မိသားစုအတွက် မြရှက်ဝါက မျက်စိထဲကအမှိုက်စလိုဖြစ်နေခဲ့ပြီမဟုတ်လား။ ဒါကြောင့်လဲ အတတ်နိုင်ဆုံး ရှောင်နေတဲ့ကြားကနေ အခုလိုမျိုးဆုံလိုက်ရတော့ စိတ်ညစ်သွားမိတာလေ။ '' ကဲပါကွာ .....စိတ်ညစ်မနေပါနဲ့......မြရွက်တို့ကြီးတော်နဲ့ ပြဿနာဖြစ်လို့ မနေချင်ရင် ... ကိုယ့်အခန်းတွေမှာ ကြိုက်တဲအခန်းမှာသွားနေလို့ရတယ် ....မြရွက်တစ်ယောက်တည်းကို ပြောတာမဟုတ်ဘူးနော် ... မြရွက်တို့ တူအရီးသုံးယောက်လုံးကိုပြောတာ....ဘာမှစိတ်ညစ်မနေနဲ့ ...မြရွက်ပြောတော့ စိတ်ချမ်းချမ်းသာသာနဲ့ပျော်ပျော်ရွှင်နေချင်တယ်ဆို ..... ဘယ်သူ့ကိုမှ ဂရုမစိုက်နဲ့...ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်ပါကွာ ....ဒီနေ့ဘာလုပ်ချင်လဲ....ဘာစားချင်သေးလဲ...ဘယ်တွေသွားချင်သေးလဲ မြရွက်သဘောနော် " ဟန်လင်းသန့်က မြရွက်ဝါရဲ့မျက်နှာလေးကိုငုံ့ကြည့်လိုက်ပြီး ခေါင်းလေးကိုခပ်ဖွဖွပွတ်ကာပြောလိုက်တယ်။ ချစ်သူရဲ့အားပေးစကားကြောင့် မြရွက်ဝါရင်ထဲကြည်နူးက ပြုံးလိုက်မိတယ်။ဘာပဲဖြစ်ဖြစ် ချစ်သူဟန်လင်းသန့် ပြောသလိုပဲ မြရွက်ဝါတို့က လူလွတ်တွေပဲဟာ ဘယ်သူ့ကိုမှဂရုမစိုက်ချင်တော့ဘူး။ ကိုယ့်ချစ်သူစိတ်ချမ်းသာရင်ပဲ မြရွက်ဝါအနေနဲ့ကျေနယ်ပါပြီလေ။ ~~~~~ " မိရွက်ဝါညည်းက..ဟန်လင်းသန့်နဲ့တွဲနေတယ်ဆို ဟုတ်လား...သူ့အကြောင်းကို ညည်းကဘယ်လောက်သိလို့လဲ ...အေးနော် ပြောထားလိုက်မယ်....ဘာဘာညာညာဖြစ်ပြီး အမျိုးတွေက်ိုအရှက်ခွဲမယ််တော့မကြံနဲ့နော် ....သတင်းကြားတာနဲ့အိမ်ပေါ်ကနှင်ချမယ်ဆိုတာသိထားလိုက်..." အသက်ကြီးကာမှပူလောင်နေရှာတဲ့ ကြီးတော်ဖြစ်သူကို မြရွက်ဝါသနားစိတ်နဲ့သာကြည့်လိုက်မိတယ်။သူ့ခမျာအမျိုးတော်ချင်လွန်းတဲ့သမက်ကိုလဲနှမြောနေသလို၊မြရွက်ဝါတို့နေတဲ့တိုက်ခန်းကိုလဲလောဘရမ္မက်ကတက်နေလေတော့ ကြည့်ရတာတစ်နေ့တစ်နေ့ မြရွက်ဝါတို့ညီအစ်မတွေအကြောင်းကိုပဲတွေးနေပြီ စိတ်အေးလက်အေးတောင်အိပ်နိုင်ပုံမရရှာဘူး။တူမတွေက သူ့သမိးတွေထက်သာသွားမှာကို ‌ေ..သရမှာထက်တော်ကြောက်နေပုံရတယ်။သမီးနှစ်ယောက်လုံးကလဲပညာတတ်တွေဖြစ်တဲ့အပြင် အလုပ်အကိုင်တွေကလဲဒီလောက်ကောင်းတာကို သူ့မှာရတက်မအေးနိုင်ဖြစ်နေတာကိုကြည့်ပြီး မြရွက်ဝါတကယ်ကိုသနားလာမိတာ။ " မြရွက်ကို ဒီကိစ္စပြောမလို့ ခေါ်တာလားကြီးကြီး....မြရွက်အရွယ်ရောက်နေပါပြီ....တကယ်ဆိုချစ်သူရည်စားထားရမဲ့အရွယ်ကိုလွန်ပြီး...အိမ်ထောင်ပြုရမဲ့အရွယ်ကိုတောင်ရောက်နေတာပါ..,,အကောင်းအဆိုးကိုလဲ ခွဲခြားနိုင်ပါတယ်...ပြီးတော့မြရွက်တွဲနေတဲ့သူကလဲ လမ်းဘေးကလေကချေမဟုတ်ပါဘူး ...အိမ်ထောင်ပြုတယ်ဆိုတာ ဖူးစာကံလဲပါမယ်ထင်ပါတယ်...ကြီးကြီးတို့သိက္ခကျရအောင်လဲ ,,,မြရွက်ကအိမ်ထောင်သည်နဲ့တွဲနေတာမဟုတ်ပါဘူး ....မြရွက်မှာစဉ်းစားဆင်ခြင်နိုင်တဲ့အသိဉာဏ်လဲရှိပါတယ်...မြရွက်အတွက်ကြီးကြီးတို့စိတ်ပူဖို့မလိုပါဘူး " " ဘာ ...အမယ်လေးလေး ... ကြီးတော်က စိတ်ပူလို့ဆုံးမနေတာကို ကတ်ကတ်လန်အောင် ပြန်ရန်တွေ့နေတာပါလား....အမေ့မြေးပြန်ပြောနေတာကို ကြားလား အမေ"