ch
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

前往频道在 Telegram
803
订阅者
+424 小时
+167
+4630
帖子存档
မြရွက်ဝါကိုဒီလိုလူမျိုးလို့ ဟန်လင်းသန့်ထင်ခဲ့မိတာ။သူ့ကြီးတော်ပြောပုံအရမြရွက်ဝါက အလုပ်မယ်မယ်ရရမရှိဘဲ အစ်မဖြစ်သူလုပ်စာကိုပဲထိုင်စားနေသလိုလိုပြောခဲ့တာလေ။အခုတော့လဲ သူရောင်းတဲ့ကုန်ပစ္စည်းတွေအကြောင်းကိုရှင်းပြနေတာဒက်ခနဲဒက်ခနဲနေတာပဲ။ဈေးရောင်းတဲ့ပစ္စည်းတွေဆိုတာကလဲ တစ်အိမ်လုံးပြည့်လုနီပါးရှိတယ်။ " ဒါတွေကိုဝယ်တော့ရော ဘယ်ကသွားဝယ်လဲ..ရောင်းအားရောရှိရဲ့လား..စပ်စုတာမဟုတ်ဘူးနော်..ကျွန်တော်တကယ်သိချင်လို့ပါ မြရွက်.." ဟန်လင်းသန့် သိချင်တာကိုမေးလိုက်တယ်။ " ဝယ်တာကတော့...ရန်ကုန်ဆိုင်ခွဲကြီးတွေကနေလဲဝယ်တယ်..မူဆယ်နဲ့မြဝတီဘက်ကလဲ တိုက်ရိုက်လှမ်းမှာတာတွေရှိတယ်...အလုပ်ကတော့ဒီလိုပဲလုပ်ရင်းနဲ့အလုပ်ကပဲ သင်သွားပေးပါတယ်...မြရွက်ကတော့ အဝယ်ပိုင်းသိပ်မဆင်းဘူး..အစ်မပဲဆင်းတယ်..ဘာလို့လဲဆိုတော့ဈေးရောင်းတာက လာဘ်လဲရှိတယ်ထင်တယ်...ပို့စ်တင်တာချင်းတူတူ..ဝယ်သူကိုစာပြန်တာချင်းတူတူဆိုပေမဲ့ မြရွက်ပို့စ်တင်ရင်..စာပြန်ရင်ဈေးကပိုရောင်းရတယ်လေ...အဲ့ဒါကြောင့် မြရွက်ကအရောင်းပိုင်းကိုင်တယ်...အစ်မကဈေးဝယ်တာနဲ့ပါကင်ထုပ်ပိုးတဲ့အပိုင်းကိုတာဝန်ယူတယ် " " အင်း..မြရွက်တို့ အလုပ်ကမဆိုးဘူးပဲ....ဆိုင်ဖွင့်ဖို့အစိအစဉ်မရှိဘူးလား " " အခုချိန်ထိတော့မရှိသေးပါဘူး.....ဆိုင်နေရာဖိုးကမှမလွယ်တာ.....နောက်ဆိုရင်တော့မပြောနိုင်သေးဘူးပေါ့.....တော်ကြာအဘွားကစိတ်ပြောင်းပြီးသူ့အိမ်ပေါ်ကနှင်ချရင်တော့... ဆိုင်ဖွင့်ဖြစ်ချင်ဖွင့်ဖြစ်မှာပေါ့ " မြရွက်ဝါရဲ့စကားကြောင့် ဟန်လင်းသန့်အံ့ဩသလိုဖြစ်သွားပြီးမှ မသိချင်ယောင်ဆောင်နေလိုက်တယ်။မြရွက်ဝါကို မသိမသာလှမ်းကြည့်လိုက်တော့လဲ ခပ်အေးအေးပုံစံပဲမို့ စကားလမ်းကြောင်းကိုလွှဲလိုက်တယ်။ပြီးတော့ သူလိုချင်တဲ့ပုံတွေကိုပြပေးလိုက်တယ်။ " စင်တွေကိုတစ်ခါတည်းဆင်ပေးလိုက်ရမလားဟင်..." " ရပါတယ် ..ကျွန်တော်အလုပ်သမားခေါ်ထားတာမို့ ..သူ့ကိုပဲခိုင်းလိုက်မယ်...အခုလဲ ငွေရှင်းသွားမယ်..ပစ္စည်းတွေကိုအလုပ်သမားလေးရောက်လာမှယူခိုင်းလိုက်မယ်နော် " " ဟုတ်ကဲ့..ထားခဲ့လေ...လာအားပေးတာ ကျေးဇူးတင်ပါတယ်နော် ကိုဟန်လင်းသန့် " " ဪ..မြရွက်ရယ် ကျွန်တော်တို့မိတ်ဆွေတွေဖြစ်နေကြပြီပဲဗျာ..ကိုဟန်လင်းသန့်လို့ခေါ်ရတာ ‌မောပါတယ်..တခြားမိတ်ဆွေတွေခေါ်သလိုပဲ ကိုလင်းလို့ပဲခေါ်ပါ...ကျွန်တော်သွားတော့မယ်နော် " ဟန်လင်းသန့်အိမ်ပြင်ကိုထွက်သွားချိန်မှာ ဖြစ်ချင်တော့ အောက်ထပ်ကနေအပေါ်ကိုတက်လာတဲ့ ကြီးကြီးနဲ့တည့်တည်တိုးပါလေရော။ဖြုန်းခနဲဆိုတော့ မြရွက်ဝါလဲလန့်သွားမိတာပေါ့။မြရွက်ဝါကိုလှ မ်းကြည့်တဲ့ ကြီးကြီးရဲ့အကြည့်တွေက တကယ့်ကိုမှကြောက်စရာကြီးလေ။ ===================================== အပိုင်း( ၁၃ ) ဆက်ရန် A KYI PHYU #ဧကြည်ဖြူ အပိုင်း( ၁ ) Link https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz အပိုင်း (၂) Link https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz အပိုင်း(၃)Link https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz အပိုင်း (၄) https://m.facebook.com/story.php?story_fbid=686373200277725&id=100067151540690&mibextid=Nif5oz အပိုင်း (၅) https://m.facebook.com/story.php?story_fbid=686924473555931&id=100067151540690&mibextid=Nif5oz အပိုင်း (၆) https://m.facebook.com/story.php?story_fbid=687482310166814&id=100067151540690&mibextid=Nif5oz အပိုင်း ၇ https://m.facebook.com/story.php?story_fbid=688061703442208&id=100067151540690&mibextid=Nif5oz အပိုင်း ၈ https://m.facebook.com/story.php?story_fbid=688653883382990&id=100067151540690&mibextid=Nif5oz အပိုင်း (၉) https://m.facebook.com/story.php?story_fbid=689874746594237&id=100067151540690&mibextid=Nif5oz အပိုင်း ၁ဝ https://m.facebook.com/story.php?story_fbid=690450173203361&id=100067151540690&mibextid=Nif5oz အပိုင်း ၁၁ https://m.facebook.com/story.php?story_fbid=691015849813460&id=100067151540690&mibextid=Nif5oz

အိမ်ကထွက်သွားခိုင်လိုက်ရတော့တယ်။ဒါပေမဲ့လဲ တိုက်ခန်းဝယ်ပေးပြီးမကြာပါဘူး။တိုက်ခန်းကိုပါရောင်းချပစ်လိုက်ပြီး လင်မယားတွေကွဲကြတယ်။အိမ်ထောင်ကွဲပြီးတော့ သမီးကအိမ်ကိုပြန်မလာခဲ့ဘဲ ငွေလိုရင်တော့လာတောင်းခဲ့တယ်။နောက်တော့ ဦးမင်းနိုင်တို့သိလာရတာက သမီးဖြစ်သူက ယောက်ျားလေးတွေနဲ့ရှုပ်ပွေတာတင်မကဘဲ လောင်းကစားတွေကိုခုံခုံမင်မင်လုပ်နေတယ်ဆိုတာကိုပါသိလာရတော့တယ်။ဖအေကြီးအိပ်ရာပေါ်က မထနိုင်တာကိုလာကြည့်ဖော်မရဘဲ ငွေကိုပဲအမြဲလိုလိုလာတေင်းနေတဲ့သမီးဖြစ်သူကို နောက်ဆုံးမှာတော့ ဦးမင်းနိုင်ရင်နာနာနဲ့ပဲစွန့်ပစ်နိုင်ဖို့ကြိုးစားခဲ့ရတော့တယ်။ဒီလိုဆုံးဖြတ်ပြီးကတည်းကလဲ သမီးဖြစ်သူရဲ့ကိစ္စမှာ ဦးမင်းနိုင်ဘာမှကိုဝင်မပြောတော့ဘဲ ဥပေက္ခာပြုထားလိုက်တော့တယ်။ဒါကြောင့်မို့လဲ မွေးရပ်ဇာတိကိုအိမ်ပြောင်းရွေ့ဖို့အတွက်ဆုံးဖြတ်ခဲ့ကြတယ်။တကယ်တမ်းက မွေးရပ်ဇာတိဆိုပေမဲ့ ပဲခူးမြို့ကိုပြောင်းမှာတော့မဟုတ်ပါဘူး။ဦးမင်းနိုင်တို့မှာ ကိုယ်လုပ်ခဲ့တာတွေအပေါ် မျက်နှာမပြရဲခေါင်းမဖော်ရဲတာမို့ ပဲခူးမြီု့နဲ့မနီးမဝေးရွာတစ်ရွာက ဘိုးဘွားပိုင်အမွေရတဲ့ခြံကိုပြောင်းဖို့စီစဉ်ထားခဲ့တာဖြစ်တယ်။ကိုယ်တိုင်ကျူးလွန်ခဲ့မိတဲ့ လူမှုရေးဖောက်ပြန်မှုကြီးအတွက် အခုချန်မှာတော့ ဦးမင်းနိုင်တို့တွေ ဝဋ်ကြွေးတွေကို အလုံးအရင်းနဲ့ကိုပေးဆပ်နေခဲ့ရပါပြီ။ ~~~~~~~~~~ " ဒေါက်..ဒေါက်.." အခန်းရှေ့က တံခါး‌ခေါက်သံကြောင့် မြရွက်ဝါတံခါးနားကို ထသွားလိုက်ပြီး အတွင်းတံခါးကိုဖွင့်ကြည့်လိုက်တယ်။ဒီအခါ သံဘာဂျာတံခါးရှေ့မှာ ရပ်နေတဲ့ ဟန်လင်းသန့်ကိုတွေ့လိုက်ရတာမို့အံ့ဩသွားမိတယ်။သူအိမ်ပြောင်းလာပြီးကတည်းက ကြီးကြီးတို့မိသားစုရဲ့အပြောအဆိုကိုလဲ မခံနိုင်လို့ ခပ်ကင်းကင်းနေခဲ့တာလေ။အခုတော့သူက မြရွက်ဝါတို့အခန်းတံခါးကိုလာခေါက်နေခဲ့ပြီ။ "ကိုဟန်လင်းသန့် ... မြရွက်ဘာကူညီပေးရမလဲဟင် " " ဟုတ်ကဲ့...ကျွန်တော်ပေ့ချ်ထဲမှာစင်လေးတွေတွေ့လိုလေ...အဲ့ဒါတွေရသေးတယ်မဟုတ်လား...လိုအပ်တာလေးတွေဝယ်ချင်လို့ပါ " " ရှင်..ဪ...ဟုတ်ကဲ့ ...ရပါတယ်..ကြည့်မှာလား..လာပါ အိမ်ထဲဝင်လေ " သူ့လိုသူဌေးက မြရွက်ဝါတို့ရောင်းတဲ့ ဈေးပေါတဲ့ပစ္စည်းတွေကို ဝယ်မယ်ဆိုတော့ မြရွက်ဝါအံ့ဩမိတာအမှန်ပဲ။ပြောရရင်ကြီးကြိးတို့တောင် သူတို့ဆိုင်အတွက်စင်တွေလိုအပ်ရင် မြရွက်ဝါတို့ဆီက မဝယ်ဘူးလေ။ပစ္စည်းတူဈေးတူရင်တောင် ဆိုင်ကြီးကပဲသွားဝယ်တာ။ "မြရွက်တို့ဆီက ပစ္စည်းတွေက အပေါစားတွေနော်.." မဟုတ်တာဗျာ အပေါစားဆိုတာထက်...အဖိုးသိပ်မများဘဲ အသုံးဝင်တာလေးတွေပါ..ကျွန်တော်က ဒီမှာအမြဲနေမှာမဟုတ်တော့... ဒါလေးတွေအဆင်ပြေပါတယ်..ဝင်ကြည့်မယ်နော် " " ဟုတ်ကဲ့ ဝင်ပါ ...အိမ်ထဲမှာတော့ ပစ္စည်းတွေနဲ့ရှုပ်ပွနေတာပဲ ..အဆင်ပြေတာကိုကြည့်ပါ...တချို့ပစ္စည်းတွေက နမူနာပြဖို့မဆင်ရသေးတာတွေလဲ ရှိတယ်..ကတ်တလာက်ပုံကြည့်ပြီး ...ကြည့်ချင်တာကိုပြောလို့ရတယ်နော် ..စိတ်ကြိုက်ကြည့်ပါ.." မြရွက်ဝါတို့နှစ်ယောက် သုံးကြိမ်တောင်တွေ့ဆုံခဲ့ပြီးပြီမို့ မြရွက်ဝါစိတ်ထဲမှာသူနဲ့သိပ်ပြီးစိမ်းနေတယ်လို့ မခံစားရတော့သလို အိမ်မှာမြရွက်ဝါတစ်ယောက်တည်းရှိနေပေမဲ့လဲ စိုးရွံ့နေတာမျိုးတွေမဖြစ်မိဘူး။မြရွက်ဝါအိမ်ထဲဝင်ပြီး ကော်ဖီတစ်ခွက်သွားဖျော်လိုက်တယ်။ " ကိုဟန်လင်းသန့် ကော်ဖီသောက်ပါအုံး...စိတ်တိုင်းကျအေးအေးဆေးဆေးရွေးနော် ...ကြည့်ချင်တာရှိရင် နမူနာပုံဆင်ပြပေးမယ် " မြရွက်ဝါကပြောရင်းနဲ့ ကတ်တလောက်တွေကိုတစ်ခုပြီးတစ်ခုထုတ်ပြလိုက်တယ်။ " ဒါတွေက ..မီးဖိုချောင်သုံးအိုးခွက်ပစ္စည်းတွေ..ဒါတွေက အဝတ်အစားတွေအတွက် ချိတ်တို့တန်းတို့.....ဒါတွေကတော့ ပစ္စည်းတင်စင်..ဖိနပ်စင်..ကြည့်မှန်အမျိုးမျိုးလဲရှိတယ် " မြရွက်ဝါပြတာတွေကို ဟန်လင်းသန့်လိုက်ကြည့်နေရင်း တအံ့တဩဖြစ်နေမိတယ်။အိမ်ထဲမှာ ပစ္စည်းတွေက သူထင်ထားတာထက်များနေတယ်လေ။ဟန်လင်းသန့်က လူမှန်ရင်သူ့အရွယ်နဲ့သူ နိုင်ရာတာဝန်ကိုထမ်းဆောင်ပြီး အလုပ်လုပ်နေမှသဘောကျတာ။လူဆိုတာလူရယ်လို့ ဖြစ်လာရင်ကျောင်းသားကလဲကျောင်းစာတာဝန်ကို ယူနိုင်ရမယ်။ပညာသင်ချိန်မှာပညာကိုကြိုးကြိုးစားစားသင်ရမယ်။အရွယ်ရောက်လာလို့ စီးပွာရှာချိန်မှာလဲစီးပွားကိုရှာနိုင်ရမယ်။အလုပ်ကြိုးစားပြီးအောင်မြင်မှုမရသေးတာကတော့ ကိုယ်လုပ်တဲ့အလုပ်အကိုင်နဲ့အရပ်ဒေသကြောင့်လဲပါနိုင်တယ်။ပြိးတော့ဝင်ငွေနဲ့ထွက်ငွေမျှတတာကြောင့်လဲပါတယ်။ဒါပေမဲ့တချို့ကျတော့ သားသမီးကြီးတောင့်ကြီးမားတွေကို အိမ်ပေါ်မှာဒီတိုင်းတင်ကျွေးထားပြီး စီးပွားရေးမကောင်းဘူးလို့ညည်းနေတာမျိုးတွေလဲရှိတယ်။အဲ့ဒီလိုမိသားစုတွေရဲ့အိမ်တွေမှာသွားကြည့်လိုက်ရင် အိမ်မှာထိုင်စားနေတဲ့သူတွေကအသက်ဆယ့်ရှစ်ကနေအသက်သုံးလေးဆယ်ထိ မိဘလုပ်စာကိုထိုင်စားနေကြတာလေ။သူတို့တွေကိုကြည့်ရတာလဲ တကယ့်ကိုအပူအပင်မရှိနေနေကြတာ။ပိုက်ဆံရှာတဲ့သူရှာနေလို့မှ အိမ်မှာထမင်းတစ်အိုးချက်ထားဖော်မရဘူး။သူတို့တွေက လူ့ဘဝကိုရောက်လာပြီးအိပ်စားကာမဒီသုံးခုပဲသိသွားလုပ်သွားသူတွေလို့ပဲပြောရမလား။ဒီလူတွေထက်ပိုဆိုးတာက သူတို့ကိုရှာဖွေကျွေးနေတဲ့မိဘတွေနဲ့လင်ယောက်ျား၊ဇနီးမယားတွေပဲ။အဲ့ဒီလိုလူတွေကလဲ သူတို့တွေကိုရှာဖွေကျွေးနေတဲ့သူတွေရှိနေသမျှ နောက်ဆုံးနေ့အထိဒီတိုင်းသွားနေကြမှာပါပဲ။အစကတော့

ဟန်လင်းသန့်နဲ့အကျိုးဆောင်ရှေ့နေတို့ ပြန်ထွက်လာခဲ့ချိန်မှာ ဒေါ်ခင်မေရီနဲ့ဦးမင်းနိုင်တို့ မျက်နှာငယ်ငယ်နဲ့ကျန်နေခဲ့ကြတယ်။ ~~~~~~~~ " တောင်းပန်ပါတယ်သမီးရယ်...အဲ့ဒီလောက်တော့မယူပါနဲ့ကွယ်.....အမေတို့မှာအိမ်ဆောက်ရအုံးမှာလေ.....သမီးအဖေကိုလဲကြည့်ပါအုံးကွယ်...အဖေ့ကိုလဲဆေးကုရအုံးမှာလေ...အိမ်ရောင်းရတဲ့ငွေတွေတစ်ဝက်ကျော်ကျော်ကလဲ အကြွေးတွေဆပ်လိုက်ရတာကို သမီးလဲသိနေတာပဲ " ဒေါ်ခင်မေရီတစ်ယောက် သမီးဖြစ်သူကို ချော့ပြောလိုက်ပေမဲ့ မေသီရိနိုင်ကတော့ မိခင်ပြောတာကို လုံးဝဂရုမစိုက်ဘဲ သူလိုချင်တဲ့ငွေကိုခွဲဝေယူလိုက်တယ်။ " တကယ်ဆိုရင် သမီးကတစ်ဦးတည်းသောသမီးပဲဟာ...ဒီငွေတွေအားလုံးကိုသမီးတစ်ယောက်တည်း ပိုင်ဆိုင်ရမှာပဲလေ...တောရွာဇနပုဒ်မှာတော့ ခြံစုတ်လေးပဲမထားခဲ့နဲ့နော် ...အခုအမေတို့ပေးတဲ့ငွေက လူလူသူသူတိုက်ခန်းတစ်ခန်းတောင်မရဘူး သိရဲ့လား...သမီးမှာတိုက်ခန်းငှားနေပြိး အလုပ်လုပ်ရမှာ " " နင်...နင်တကယ်ပဲပြောလို့ဆိုလို့တောင်းပန်လို့တောင်မရပါလားဟဲ့ ......ရှိသမျှတွေနင်ပဲဖြုန်းနေတာ မိအိုဖအိုတွေအတွက်လဲ တွေးပါအုံးလား အမိုက်မရဲ့ " ဒေါ်ခင်မေရီ ဒေါသဖြစ်ဖြနဲ့ အော်လိုက်မိတယ်။ '' မေရီ...ပေးလိုက်ပါ ..သူလိုချင်သလောက်ပေးခဲ့လိုက် ငါတို့အတွက်လမ်းစရိတ်ပါရင်ရပြီ ... ငါ့အတွက်လဲ ဆေးဖိုးမလိုဘူး...မရှိရင်တောင်းစားကြမယ် ... " အခန်းထဲကနေ ငိုသံပါကြီးနဲ့ လှမ်းပြောတဲ့ ယောက်ျားဖြစ်သူရဲ့အသံကြောင့် ဒေါ်ခင်မေရိအံကိုကြိတ်လိုက်မိတယ်။ " အေး...ပြောမရရင်လဲ ယူသွားလိုက်..ဒါပေမဲ့ ဒီတစ်ကြိမ်ကနောက်ဆုံးပဲ ...ငါတို့မှာလဲအိုစာမင်းစာရှိသေးတယ် ..အဲ့ဒီတော့ ဒီငွေကို ဒီတိုင်းမပေးလိုက်နိုင်ဘူး..အမွေခွဲဝေပြီးကြောင်း စာချုပ်ပါချုပ်သွား...နောက်ထပ်လဲ ဘာမှလာမတောင်းနဲ့ ...ငါတို့လဲဒီနေ့ပဲပြောင်းတော့မှာ ...ပြီးတော့ငွေသိန်းရာချီကို တိုက်ခန်းငှားနေပြီးဖြုန်းမလို့လား...နိုင်သလောက်နဲ့ငွေနဲ့ ရတာကိုဝယ်လိုက်ပေါ့.." " အမယ်လေး အမေရယ်....တိုက်ခန်းတစ်ခန်းကို သိန်းလေးငါးခြောက်ရာသုံးမှ ရတော့တာသိရဲ့လား...ဒါတောင်အပေါ်ဆုံးထပ်ကျဉ်းကျဉ်းကျပ်ကျပ်တွေပဲရမှာ " " အိုအေ... ဘာပဲဖြစ်ဖြစ် ကိုယ်ပိုင်အခန်းဆိုတော့ ငွေမပျောက်ပျက်တော့ဘူးပေါ့..အခန်းကျဉ်တော့ရောဘာဖြစ်လဲ တစ်ယောက်တည်းသမားပဲဟာ " " အို တော်ပါပြီ ...အမေဘာမှမပြောပါနဲ့တော့...သမီးပိုက်ဆံသမီးဘာသာဘာလုပ်လုပ်ပေါ့ " မေသီရီနိုင်က စိတ်တိုပြီးထအော်လိုက်တယ်။ " မေရီ ဘာမှမပြောပါနဲ့တော့...တခြားသူစိမ်တွေလဲ ရှိနေတာ ...လူကြားလို့မကောင်းပါဘူး ....အိမ်ပြောင်းဝန်ဆောင်မှုကားတွေကိုဖုန်းဆက်ကြည့်ပါအုံး လာနေပြီလားလို့...ဒီအိမ်ကြီးကနေမြန်မြန်သွားချင်ပြီကွာ .." ဦးမင်းနိုင်က ဇနီးဖြစ်သူကိုလှမ်းပြောလိုက်ရင် သူ့ဝှီးချဲကိုသမီးဖြစ်သူနဲ့‌ဝေးရာဆီကို တရွေ့ရွေ့တွန်းလာခဲ့လိုက်တယ်။တစ်ဦးတည်းသော သမီးလေးမို့ ငယ်စဉ်ကတည်းကချစ်ခင်အလိုလိုက်ခဲ့မိသမျှ မိဘတွေကိုညှာတာရမှန်းမသိဘဲ အတော်လေးကိုဆိုးသွမ်းခဲ့တယ်။ဆယ်ကျော်သက်အရွယ်ကတည်းက အသုံးအဖြုန်းကြီးခဲ့သလို ရည်းစားတွေတစ်ယောက်ပြီးတစ်ယောက်နဲ့ရှုပ်ခဲ့တယ်။အိမ်ကနေ မကြာခဏထွက်ပြေးသွားတတ်ပြီး အရက်သမား၊ဆေးသမားမရှောင်ကြုံရာလူနဲ့တွဲတယ်။သမီးဖြစ်သူအရွယ်ရောက်လာကတည်းက ဦးမင်းနိုင်မှာ အလုပ်ကိုကောင်းကောင်းမလုပ်ရဘဲ သမီးဖြစ်သူကိုပဲလိုက်ရှာနေခဲ့ရတယ်။အထူးသဖြင့်ဦးမင်းနိုင်က သမီးလေးကိုသိပ်ချစ်သိပ်သံယောဇဉ်ကြီးလွန်းတော့ အလုပ်ထဲမှာစိတ်မနှစ်နိုင်ခဲ့ဘူး။ရက်ခြားဆိုသလို အိမ်ကနေပျောက်ပျောက်သွားတတ်တဲ့သမီးဖြစ်သူကို လိုက်ရှာရတာနဲ့ အချိန်တွေကုန်ခဲ့ရတယ်။ဒီလောက်ထီ ဦးမင်းနိုင်တို့ဘက်က အလွတ်မပေးဘဲ ထိန်းသိမ်းစောင့်ရှောက်ခဲ့တာတောင် အသက်နှစ်ဆယ်အရွယ်မှာ ကလေးအဖေမပေါ်တဲ့ကိုယ်ဝန်ကိုလွယ်ခဲ့ရတယ်။ကိုယ်ဝန်လွယ်ထားရချိန်လအနည်းငယ်အတွင်းမှာ နည်းနည်းငြိမ်သွားသလိုရှိခဲ့ပေမဲ့ သိပ်မကြာခင်အချိန်မှာဘဲ ကိုယ်ဝန်ကမတော်တဆဖြစ်သွားခဲ့တယ်။ဒီနောက်ပိုင်းမှာတော့ သမိးဖြစ်သူကို ဦးမင်းနိုင်တို့ လုံးလုံးမထိန်းနိုင်တော့သလိုဖြစ်ခဲ့ရတော့တယ်။အိမ်ကတစ်ခါထွက်သွားရင် လချီပြီးကြာလာတတ်ပြီး ပြန်လာရင်လဲ အကြွေးတွေကိုဆီးကြိုဆပ်ပေးခဲ့ရတယ်။ဒီသမီးကို ဦးမင်းနိုင်တို့မှာမစွန့်ပစ်နိုင်ဘဲ သတင်းကြားတဲ့နေရာမှန်သမျှကိုလိုက်ရှာခဲ့တယ်။ဒီလိုအရှာကောင်းခဲ့လို့လဲ ဦးမင်းနိုင်မှာ ကားမတော်တဆဖြစ်ပြီး ဒုက္ခိတဘဝကိုရောက်ရှိခဲ့ရတယ်။လူကဒုက္ခိတဖြစ်သွားချိန်မှာ စီးပွာရေးတွေကလဲကျဆင်းသထက်ကျဆင်းလာခဲ့တဲ့အပြင်‌ အကြွေးတွေကလဲတစစပိုတိုးလာခဲ့တယ်။ဒီဒုက္ခတွေကိုခါးစည်းပြီးခံနေချိန်မှာပဲ သမီးဖြစ်သူက ဖအေဒုက္ခိတကို လုံးဝဂရုမစိုက်မလေးစားတော့ဘဲ အိမ်ကိုယောက်ျားတစ်ယာက်ခေါ်လာခဲ့တယ်။သမီးဖြစ်သူလုပ်ပုံကြောင့် ဦးမင်းနိုင်တို့မှာရှက်လွန်းတာကြောင့် အလုပ်ထဲကငွေတွေကိုထုတ်ပြီး မင်္ဂလာပွဲကျင်းပပေးခဲ့ရတယ်။မင်္ဂလာပွဲကျင်းပတော့လဲ ဟော်တယ်မှာပဲဆောင်ချင်တယ်ပြောလို့သမီးစိတ်ကြိုက်လုပ်ပေးခဲ့ရပြန်တယ်။အိမ်ထောင်လဲကျပြီမို့ လိမ္မာသွားမယ်ထင်ပြီးလုပ်ပေးခဲ့သမျှက သမီးဖြစ်သူရဲ့အိမ်ထောင်ဖက်ကပါ ဒုက္ခပေးလာခဲ့တော့ နောက်ဆုံးမှာတိုက်ခန်းလေးတစ်ခန်းဝယ်ပေးလိုက်ပြီး

#ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၁၂) akyiphyu ******** " ဟယ်တော့...သူတို့ကယူပြီး ဒီမှာနေကြမှာထင်တယ် " မြရွက်ဝါနှုတ်ကလွှတ်ခနဲပြောလိုက်မိတယ်။မြရွက်ဝါရဲ့အသံကိုကြားတော့ အဝတ်တွေကို အိမ်ထဲသွားထားနေတဲ့ မြခွါညိုကလှမ်းကြည့်ပြီးမေးလိုက်တယ်။ " ဘယ်သူတွေကယူပြီး ဘယ်မှာနေကြမှာလဲ " " တိုးတိုးပြောပါ မညိုရဲ့....တော်ကြာအောက်ကကြားသွားမှဖြင့် ...ကြီးကြီးကပြောနေအုံးမယ် ...အိမ်ပြောင်းလာတဲ့သူက ဟန်လင်းသန့်လေ " မြရွက်ဝါအသံတိုးတိုးနဲ့လှမ်းပြောလိုက်တော့ မြခွါညိုတစ်ယောက်မျက်လုံးပြူးကာ အံ့ဩသွားရပြီး ဝရန်တာဆီကိုပြေးထွက်လာခဲ့တယ်။ " ဘာ..ဘာပြောတယ် မြရွက် ...အိမ်ပြောင်းလာတဲ့သူက ဟန်လင်းသန့်ဟုတ်လား...ဒါကဘာသဘောလဲ...အဘွားကပန်းနုကို တိုက်ခန်းပေးနေတဲ့သဘောလား...အဲ့ဒီလိုဆိုရင်ပြဿနာတွေတက်ကုန်မှာပေါ့ " မြခွါညိုပြောတဲ့စကားကိုနားထောင်ပြီး မြရွက်ဝါပါ လန့်သွားမိတယ်။ " အဲ့ဒီလိုဟုတ်ပါ့မလား မညိုရယ်...ပန်းနုကကြီးကြီးတို့နဲ့ခွဲမနေချင်လို့...လစာနဲ့ပေးနေတာဖြစ်မှာပေါ့...ဟန်လင်းသန့်ကချမ်းသာတဲ့ဟာ...သူ့မှာကိုယ်ပိုင်တိုက်ခန်းတွေရော...ခြံကွက်တွေပါဝယ်ထားတာတဲ့လေ " " အိုအေ မသိပါဘူး...ပိုက်ဆံရှိတဲ့သူတွေက လောဘပိုကြီးနေကြတာပဲဟာ...ဘယ်သူ့ကိုမှမကြည့်နဲ့ ကြိးကြီးတို့ပဲကြည့်ပါလား...ရလေလိုလေတွေဖြစ်နေတာ...တိုက်ခန်းနှစ်ခန်းစာဖိုးလဲ အဘွားကအနည်းအကျဉ်းပဲရတာ...ကျန်တာသူတို့အကုန်သိမ်းတာပါအေ ..အဲ့ဒါကြောင့်လဲ ဒေါ်လေးတို့နဲ့အဆင်မပြေတာပေါ့ ...သူတို့ပဲမောင်ပိုင်အကုန်စိးချင်နေတာကို " " တော်ပါတော့မညိုရယ်...ကြီးကြီးတို့နဲ့ မြရွက်စကားမများချင်ပါဘူး...တော်ကြာအဘွားကအောက်ထပ်ကနေ ကုန်းအော်နေလိမ့်မယ်...အဘွားအတွက်တော့ ကြီးကြီးတို့မိသားစုက ...အတူနေမိသားစုလေ ...ပိုစရာရှိရင်အတူနေမြေးတွေကို ပိုတာမဆန်းပါဘူး " မြရွက်ဝါဒါပဲပြောပြီး အိမ်ထဲကိုပြန်ဝင်ခဲ့လိုက်တယ်။အိမ်ပြောင်းလာသူတွေကို ကူပေးစရာအကြောင်းလဲမရှိတော့တာမို့ ကိုယ့်အလုပ်ကိုဆက်လုပ်နေလိုက်တယ်။ ~~~~~~~~~~~ "မြရွက် " မြရွက်ဝါအခန်းထဲကအတွက်မှာ လှေကားကဆင်းလာတဲ့ ဟန်လင်းသန့်နဲ့ဆုံလိုက်ရတယ်။ဟန်လင်းသန့်က သူ့ပုံစံသူ့အနေအထားနဲ့ မြရွက်ဝါလိုလူမျိုးကို ခင်ခင်မင်မင်ပြောဆိုနေတာကတော့ နည်းနည်းထူးဆန်းတာပေါ့။ပြောရရင် မြရွက်ဝါနဲ့နှစ်ယောက်သားစပြီး ဆုံစဉ်က ကမောက်ကမဖြစ်ခဲ့ပေမဲ့ ဒုတိယအကြိမ်မြောက်ဆုံချိန်မှာတော့ နှစ်ယောက်သားရင်းနှီးသလိုလိုဖြစ်သွားခဲ့တယ်။အထူးသဖြင့် ဟန်လင်းသန့်ကသူ့ကိုယ်သူယုံကြည်ချက်အပြည့်ရှိပြီးပွင်းလင်းတာကြောင့်လဲပါမယ်။သူက မာနလဲမကြီးသလို မြရွက်ဝါလို လူမျိုးအပေါ်ဖော်ဖော်ရွေရွေဆက်ဆံခဲ့တယ်။ကြည့်ရတာ ရည်းစားရဲ့အစ်မဆိုပြီး သဘောကောင်းပြတာလဲဖြစ်ချင်ဖြစ်မှာပေါ့။မြရွက်ဝါကတော့ တွေ့သမျှလူတိုင်းကို ကိုယ့်‌ဈေးဝယ်သူလို့ပဲထင်ပြီး ခင်ခင်မင်မင်ပြောဆိုတတ်တာကအကျင့်လိုတောင်ဖြစ်နေပြီမို့ ဟန်လင်းသန့်ကိုလဲ ဒီလိုပဲရင်းရင်းနှီးနှီးပြောလိုက်မိတာပါပဲ။ " ကျွန်တော် ဒီကိုပြောင်းလာပြီလေ..အပေါ်ထပ်ကိုပြောင်းလာခဲ့တာ " " ဟုတ်ကဲ့ မနေ့ကတွေ့ပါတယ် ...အဆင်ပြေတယ်မဟုတ်လား ..ကူညီပေးရမယ်ဆိုရင်ပြောပါ....ပြီးတော့ ...ဒီမှာ ဟိုနေ့ကန ပိုက်ဆံယူသွားပါအုံး.." " ဟော့ဗျာ.... ကျွန်တော်က ပိုက်ဆံတောင်းဖို့မဟုတ်ပါဘူး..ဒီအတိုင်းအိမ်နီးချင်းတွေမိတ်ဆက်တာပါ " " ဟုတ်ကဲ့ပါ..လမ်းကြုံနေတာပဲယူသွားလိုက်ပါ " မြရွက်ဝါပြောရင်းနဲ့ပိုက်ဆံအိတ်ထဲကငွေကိုထုတ်ပေးလိုက်တယ်။ " သွားတော့မယ်နော်..လမ်းထိပ်‌ဈေးသွားဝယ်မလို့ " ဟန်လင်းသန့်က မမေးပါဘဲ မြရွက်ဝါဖြေလိုက်ပြိးတော့ လှေကားကနေခပ်သုတ်သုတ်ဆင်းခဲ့လိုက်တယ်။ ~~~~~~~ အားလုံးကိုငွေသားနဲ့ပဲ ရှင်းရတာမို့ ငွေသိန်းရာထုပ်တွေကိုစားပွဲခုံပေါ်မှာတန်းစီပုံလိုက်တယ်။ငွေထုပ်တွေအားလုံးကဘဏ်ထုပ်တွေဖြစ်ပြီး ငွေရေစက်ကလေးနဲ့တစ်အုပ်ချင်းစီရေပြလိုက်တယ်။ " ရေနေဖို့မလိုပါဘူးကွယ်...တို့များယုံပါတယ် " ဒေါ်ခင်မေရီက သားဖြစ်သူကိုကြည့်ပြီးခပ်တိုးတိုးပြောလိုက်တယ်။ဒီအချိန်မှာ မေသီရိနိုင်ခေါ်မိနိုင်တစ်ယောက် အိမ်ထဲဝင်ရောက်လာခဲ့ပြီး အသံကျယ်ကျယ်နဲ့လှမ်းပြောလိုက်တယ်။ " အို မရေလို့တော့ရမလား...တော်ကြာ်တစ်အုပ်မှာ တစ်သောင်းတန်တစ်ရွက်ပဲ ဖြုတ်ထားရင်တောင် ...အုပ်ရေအများကြီးဆိုတော့ ကိုယ်တွေနစ်နာမှာလေ ...ဖယ်...ဖယ်..ကျွန်မကြည့်လိုက်မယ် အဖေနဲ့အမေအေးအေးဆေးဆေးထိုင်နေလိုက်ပါ " မေသီရီနိုင်ရဲ့စကားကြောင့် ဒေါ်ိခင်မေရီမှာ မျက်နှာပျက်ယွင်းသွားခဲ့ရတယ်။စရံလာချသွားပြီးကတယ်းက အိမ်မှာမြဲနေတဲ့သမီးဖြစ်သူကြောင့် ဒေါ်ခင်မေရီမှာ ဘယ်လိုမှသိုသိုသိပ်သိပ်လုပ်လို့မရခဲ့ဘူး။ခက်တာက ငွေအကြေချေပြီးတာနဲ့ အိမ်ပြောင်းပေးဖို့သဘောတူထားတာကြောင့် သူမသိအောင်အိမ်ပြောင်းလို့လဲမရဘူးလေ။အခုတော့ သူခိုးလက်ထဲရွှေထုပ်အပ်သလိုဖြစ်သွားခဲ့ပြီ။ပိုင်ရှင်သစ်က ငွေချေလို့မှမပြီးသေးခင် သမီးဖြစ်သူမေသီရီနိုင်ကငွေကိုသိမ်းနေပြီ။ " အားလုံးစစ်ပြီးရင်တော့ ပြောင်းဖို့ပြင်လို့ရပါပြီ...အိမ်သော့ပိတ်ဖို့အတွက် ကျွန်တော်တို့လူထားခဲ့ပါမယ် "

အိမ်ငှားတွေဆိုရင်ပိုဆိုးတယ်။ အဘွားရဲ့စည်းကမ်းတွေကိုဖတ်ပြီး ‌ေ..သချင်စိတ်ပေါက်သွားနိုင်တယ်။အဘွားစည်းကမ်းတွေကိုလဲ ကြည့်အုံးလေ။လူငယ်လူရွယ်တွေချည်းပဲစုနေတာမျိုးကိုလဲလက်မခံဘူးတဲ့။မိသားစုပဲလက်ခံတယ်။မိသားစုလက်ခံတာကလဲ ဆယ်နှစ်အောက်ကလေးတွေပါရင်လက်မခံဘူး။အရက်သမား၊ဆေးသမားတွေပါလာရင်လက်မခံဘူး။မသိလို့ငှားမိရင်တောင် ရပ်ကွက်ရုံးတိုင်ပြီး ဆင်းခိုင်းတာ။လူဝင်လူထွက်မများရတို့၊ညအိပ်ဧည့်သည်လက်မခံတဲ့စည်းကမ်းတွေအပြင် စည်းကမ်းအသေးအဖွဲတွေရှိသေးတယ်။အဘွားကဒီစည်းကမ်းတွေကို သူပိုင်တဲ့တိုက်ခန်းတွေတင်ထုတ်တာမဟုတ်ဘူးနော်။ကန်ထရိုက်ရောင်းစားထားတဲ့အခန်းတွေကိုပါ မြေရှင်ဆိုတဲ့အထာနဲ့စည်းကမ်းတွေပေးချင်သေးတာ။ဒီထဲမှာ လှေကားဆင်းရင်ခြေသံမပြင်းရဆိုတာကပါသေးတယ်။အိမ်ငှားတွေလဲ နေစရာခက်ခဲကြလေတော့ အဘွားစည်းကမ်းတွေကိုလိုက်နာကြပါတယ်။ဒီထဲမှာ အဘွားရဲ့စည်းကမ်းတွေကိုမလိုက််နှာတဲ့သူဆိုလို့ သူ့မြစ်ကလေးမောင်မောင်တစ်ယောက်ပဲရှိတာ။အဘွားရဲ့စည်းကမ်းတွေကြောင့် မြရွက်ဝါတို့ညီအစ်မတွေတောင်နေရတာမျက်ခုံးခပ်လှုပ်လှုပ်ပါပဲ။ ~~~~~~~~~~ " အောက်ကဘာသံတွေလဲ မညို.....ဆူညံနေတာပဲ " ဝရန်တာမှာအဝတ်လှန်းနေတဲ့ မညိုကိုမြရွက်ဝါလှမ်းမေးလိုက်တယ်။ " အပေါ်ထပ်ကို အိမ်ပြောင်းလာတာထင်တယ်...အိမ်ပြောင်းအိမ်ရွေ့ကားတွေရောက်လာတာ " " ဟုတ်လား...ပြောင်းလာကြပြီလား...အဘွားတူမတွေဆိုတော့ ...ဘယ်သူတွေပါလိမ့် ..ဝိုင်းကူပေးရအုံးမှာလားမသိဘူး....အဘွားက ဘာမှလဲမပြောထားဘူး " မြရွက်ဝါပြောရင်းနဲ့ဝရန်တာကိုထွက်ကြည့်လိုက်တယ်။ မဝရန်တာကိုရောက်တဲ့အခါမှာ ပစ္စည်းတွေသယ်ပိုးနေတဲ့သူတွေကို လက်ညှိုးညွန်ကာစေခိုင်းနေသူကိုကြည့်ပြီး မြရွက်ဝါအံ့ဩသွားမိတယ်။ ===================================== အပိုင်း( ၁၂ ) ဆက်ရန် A KYI PHYU #ဧကြည်ဖြူ အပိုင်း( ၁ ) Link https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz အပိုင်း (၂) Link https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz အပိုင်း(၃)Link https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz အပိုင်း (၄) https://m.facebook.com/story.php?story_fbid=686373200277725&id=100067151540690&mibextid=Nif5oz အပိုင်း (၅) https://m.facebook.com/story.php?story_fbid=686924473555931&id=100067151540690&mibextid=Nif5oz အပိုင်း (၆) https://m.facebook.com/story.php?story_fbid=687482310166814&id=100067151540690&mibextid=Nif5oz အပိုင်း ၇ https://m.facebook.com/story.php?story_fbid=688061703442208&id=100067151540690&mibextid=Nif5oz အပိုင်း ၈ https://m.facebook.com/story.php?story_fbid=688653883382990&id=100067151540690&mibextid=Nif5oz အပိုင်း (၉) https://m.facebook.com/story.php?story_fbid=689874746594237&id=100067151540690&mibextid=Nif5oz အပိုင်း ၁ဝ https://m.facebook.com/story.php?story_fbid=690450173203361&id=100067151540690&mibextid=Nif5oz

" နင်..နင်မိုက်ရိုင်းလှချည်လား မိနိုင်..ဒီအိမ်ရောင်းရတဲ့ငွေတွေနဲ့ နင့်အကြွေးတွေကို အရင်ဆပ်ရမှာလေ..ကျန်တဲ့ငွေနဲ့ နင့်အဖေကိုဆေးကုဖို့နဲ့....နေဖို့ထိုင်ဖို့လုပ်ရအုံးမှာမသိဘူးလား ...နင့်ကိုအရင်းအနှီးငွေတွေထုတ်ပေးခဲ့တာလဲ ဘယ်နှစ်ကြိမ်ရှိနေပြီလဲ...အေး အခုလဲရသင့်သလောက်ပဲရမယ်...လိုတာထက်ပိုပြီးမတောင်းနဲ့...ငါတို့တွေလဲအိုနေပါပြီ မိနိုင်ရဲ့ ...ဒုက္ခတွေထပ်မပေးပါနဲ့တော့ဟဲ့ " " ဒုက္ခပေးတယ်ပြောရအောင် .... သမီးကဘာတွေဒုက္ခပေးနေလို့လဲ ပြောပါအုံး...သားသမီးမွေးထားရင်တော့ အမွေခွဲပေးရမှာပဲလေ...ပြောတော့လဲ အိုကြိးအိုမဖြစ်နေကြပြီဆို...ဘာလို့ငွေမက်နေကြသေးတာလဲ...ပဲခူးကအမွေရထားတဲ့ခြံမှာသွားနေမှာကို ငွေကဘာကုန်စရာလိုလဲ...ခြံထဲမှာသစ်ပင်လေးဘာလေးစိုက်စားပြီးနေကြပေါ့...သမီးလဲအလုပ်လုပ်ရင် ထောက်ပံ့မှာပေါ့..ဒါပဲနော် ပြောပြီးပြီ ....သမီးကိုအမွေခွဲပေးရမယ်...သမီးသွားတော့မယ်..လောလောဆယ်ပိုက်ဆံလိုနေလို့ ...သိန်းသုံးဆယ်လောက်ပေးလိုက်ပါ .." " ဘာ....သိန်းသုံးဆယ်ဟုတ်လား...မပေးနိုင်ဘူး...ပေးစရာလဲမရှိဘူး..စရံငွေကနည်းနည်းပဲချသွားတာ....အိမ်ပြောင်းဖို့ပြင်ရအုံးမယ် " " ကဲပါ အမေရယ်...ပေးစရာရှိတာပေးလိုက်ပါ...အမေပိုက်ဆံတွေ ဘယ်မှာသိမ်းလဲဆိုတာ ...သမိးသိတယ်နော်....သမီးကိုယ်တိုင်သွားယူလိုက်ရင် အမေတို့သုံးဖို့ပါ မကျန်ဘဲဖြစ်သွားမယ်..လောလောဆယ် သိန်းသုံးဆယ်လောက်ပဲ ပေးလိုက်...သမီးငွေအရေးတကြီးလိုနေလို့ပါ " " မပေးဘူး..မပေးဘူးနော် " ဒေါ်ခင်မေရီမပေးတဲ့ကြားကနေ မေသီရိနိုင်ကအိမ်ပေါ်ထပ်ကို အတင်းတက်သွားခဲ့တယ်။ဒေါ်ခင်မေရီမှာ ယောက်ျားဖြစ်သူကြားမှာစိုးတာကြောင့် အသံကိုထိန်းပြောနေတဲ့ကြားက အော်ဟစ်တားမြစ်လိုက်မိတယ်။ဒီအချိန်မှာပဲ ဦးမင်းနိုင်တစ်ယောက် ဝှီးချဲကိုလက်နဲ့အားစိုက်တွန်းကာထွက်လာခဲ့တယ်။ " မေရီ မင်းမပြောနဲ့တော့..သူကပြောလို့ရမှာမဟုတ်ဘူး...ငါတို့မှာပိုက်ဆံမကျန်တော့ရင်လဲ...သူပြောသလိုပဲ ခြံထဲမှာသစ်ပင်စိုက်စားကြတာပေါ့ကွာ " ဦးမင်းနိုင်က ငိုသံပါကြီးနဲ့ ပြောလိုက်ရင်း သမီးဖြစ်သူကို ဝမ်းနည်းနာကျင်စွာနဲ့ လှမ်းကြည့်နေမိတယ်။မျက်ရည်တွေကြားက ဦးမင်းနိုင်မြင်ယောင်နေမိတာက တစ်ချိန်ကဇနီးဟောင်းဖြစ်ခဲ့ဖူးသူမသန္တာနဲ့သူ့အပေါ်အနစ်နာခံပြီး ခင်မင်ခဲ့တဲ့ သူငယ်ချင်းဖြစ်သူဝေလင်းကိုသာမြင်ယောင်နေမိလေတယ်။နေမကောင်းဖြစ်နေတဲ့ မသန္တာကို ဒီအတိုင်းပစ်ထားခဲ့ပြီး အချိန်ပြည့်ပျော်ပါးနေခဲ့တဲ့ ကိုယ့်ကိုယ်ကိုပြန်မြင်ယောင်လာမိတယ်။ပြီးတော့ ပတ်ဝန်းကျင်မှာ သူကသာ အနစ်နာခံခဲ့သူလို သတင်းတွေလွှင့်ခဲ့တယ်။ကွာရှင်းပြတ်စဲကြချိန်မှာလဲ မသန္တာကို အနည်းအကျဉ်းသာပေးပြီး အားလုံးကိုမောင်ပိုင်စီးခဲ့တယ်။ဒါတွေကို မသန္တာကသိခဲ့ပေမဲ့လဲ အန္တရာယ်ပေးခံရမှာကိုကြောက်လို့ ဘာမှမပြောဘဲလက်ခံခဲ့တယ်။အဲ့ဒီအချိန်တုန်ုးကတော့ သူလဲပဲတစ်ဖက်လူရဲ့နာကျင်ကြေကွဲမှုတွေကိုလုံးဝကိုစာနာမပေးခဲ့ဘူးလေ။ " မိနိုင်.....မိဘတွေမျက်ရည်ကျအောင်လုပ်ရင်...နင့်ဘဝဘယ်တော့မှပြောင်ရောင်မှာမဟုတ်ဘူးဟဲ့ သိရဲ့လား ...အီး ဟီး ...ဟီး " " မ...မငိုပါနဲ့ မေရီရာ...ငါတို့လုပ်ခဲ့တဲ့အပြစ်တွေကို ....ဒီဘဝမှာပဲကျေအောင်ဆပ်သွားကြတာပေါ့ကွာ..ငါလဲမင်းကိုမကူနိုင်လို့တောင်းပန်ပါတယ် " ဦးမင်းနိုင်ပြောရင်းနဲ့ပါးပြင်ပေါ်ကိုမျက်ရည်တွေစီးကျလာခဲ့တယ်။ ~~~~~~~~~~ " မြရွက်ရေ ...အပေါ်ထပ်ကအိမ်ငှါးတွေပြောင်းသွားကြပြီ သိလား" " အင်း...မနက်က မအန်တီကြီးနဲ့တွေ့လိုက်တယ်....ဒါနဲ့ဘာလို့ပြောင်းတာပါလိမ့်.....အန်တီကြီးပြောတာတော့ တစ်နှစ်လောက်နေအုံးမယ်ဆိုလားလို့ " အစ်မဖြစ်သူသိလိုသိငြား မြရွက်ဝါမေးလိုက်မိတယ်။ " ငါ့အထင်တော့...အဘွားက အိမ်လခတိုးကောက်နိုင်ရေးအတွက်...လူသစ်တင်တာထင်တာပဲ....အန်တီကြီးက အိမ်စာချုပ်တိုးဖို့ပြောတာကို သူ့တူမမိသားစုဒုက္ခရောက်နေလို့ နေရာပေးရမှာမို့...ဖယ်ပေးပါလို့ပြောတယ်တဲ့ " " ဟုတ်လား...အဘွားမှာ မြရွက်တို့မသိသေးတဲ့... တူမရှိသေးတာလား " " မသိပါဘူးဟယ်...ပြောင်းလာမှပဲကြည့်ရမှာပေါ့ " မြရွက်ဝါတို့ ညီအစ်မဈေးပစ္စည်းတွေကို ပါကင်ထုတ်ရင်း အပေါ်ထပ်က အိမ်ငှါးတွေအကြောင်းကို ပြောနေမိကြတာ။ခေတ်အခြေအနေတွေပြောင်းလာတာနဲ့အမျှ အတွားရဲ့အိမ်ငှားခတွေကလဲ တစ်လတစ်ခါကိုမြင့်လာလိုက်တာ။ လွန်ခဲ့တဲ့တစ်နှစ်ကျော်က အပေါ်ဆုံးခြောက်လွှာမှ တစ်လတစ်သိန်းကျော်ပဲရှိတာ။အခု ၂၀၂၃ထဲမှာပဲ အိမ်လစာတွေက အပေါ်ဆုံးထပ်ကိုပဲ တစ်လသုံးသိန်းဖြစ်နေပြီ။ခြေတိုအောင်တက်ရတဲ့အခန်းကို သုဲးသိန်းပေးပြီးငှားနေတဲ့သူတွေလဲ အလုအယက်ပါပဲ။အဲ့ဒီတော့ အဘွားဒေါ်မြနှစ်တို့က တင်းပြီးပေါ့။ဒီလိုလုယက်ငှါးနေကြတာကလဲ အဘွားရဲ့တိုက်ခန်းက ကျယ်ဝန်းပြီး အလင်းရောင်ရတာကြောင့်လဲဖြစ်နိုင်တယ်။မီးကိုသိပ်မမြင်ရတဲ့အချိန်မျိုးတွေမှာ အဘွားရဲ့အခန်းတွေက အလင်းရောင်ရတယ်။လေဝင်လေထွက်ကောင်းတယ်လေ။ပြီးတော့ ဒီအချိန်မှာအိမ်ငှားဈေးတွေကလဲ နေရာတိုင်းမှာကိုမြင်ံ့တက်နေတာလေ။ခုနစ်လွှာရှစ်လွှာတိုက်တွေက ဆယ့်နှစ်ပေလေးဆယ်ငါးပေလောက်တိုက်ခန်းတွေတောင် နှစ်သိန်းခွဲလောက်တောင်းနေကြတာလေ အဘွားလဲတောင်းပြီပေါ့။တွေးကြည့်ရင် အိမ်ငှားတွေဘဝကလဲသနားစရာပါ။အဘွားအခန်းမှာလာငှါးနေကြတဲ့

နှမ ..ကိုယ့်သွေးသားကိုပါ တန်ဖိုးထားတော့မှာမဟုတ်ဘဲ....သူတို့ရဲ့သားကောင်လို့ မြင်လာနိုင်တယ် ....တွေးကြည့်ရင်တောင် ...ရင်လေးပါတယ်လေ ....ဒါတွေကို လူကြီးတွေက ..စည်းကမ်း စည်းစနစ်တွေစီမံပေးရင်ကောင်းမယ် .. လူအများစုက ဥပဒေနဲ့ခြိမ်းခြောက်မှကြောက်ကြတာလေ ....မြရွက်တော့ ကြီးကျယ်တာမဟုတ်ဘူး ... မြရွက်ရဲ့အိမ်ထောင်ဖက်က မုဆိုးဖို....တစ်ခုလပ်ဖြစ်ပါစေအုံး အိမ်ထောင်ဖက်အဖြစ်လက်ခံနိုင်တယ် ....ဒါပေမဲ့ မိန်းမတကာနဲ့ အပျော်ရှာတဏှာဖက်နေတဲ့သူမျိုးကို လက်မခံနိုင်ဘူး ...ခက်တာက ဒီခေတ်မှာလဲ ..အဲ့ဒီလိုလူတွေပဲအများစုရှိ ကြတာမို့ မြရွက်အိမ်ထောင်ပြုဖို့ အတွေးမရှိတော့တာ " " အေးလေ ..နင်ပဲကောင်းတယ် ... ငါလဲ ဒီကလေးနဲ့ ဘယ်လိုလုပ်ရမလဲမသိတော့ဘူး ... လျှော့လဲမရ တင်းလဲမရနဲ့ ....နင်ပြောသလိုပဲ ပစ်ထားလိုက်ချင်ပေမဲ့ ကိုယ့်သားလေး ဒုက္ခရောက်မှာစိုးလို့ မနေနိုင်ပြန်ဘူး " မညိုညည်းညည်းညူညူပြောနေတာတွေကို နားထောင်ပြီး မြရွက်ဝါသက်ပြင်းအခါခါချလိုက်မိတယ် ။ကိုယ်လဲပဲ ဒီဒုက္ခတွေကိုမခံရဖို့ ရှေ့ဆက်ပြီး တစ်ယောက်တည်းနေသွားဖို့ကို ခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချထားလိုက်တယ်။ ~~~~ "မင်း ..မင်း ..." သူ့ကိုမျက်လုံးအပြူးသားနဲ့ကြည့်ရင်း အံ့ဩနေတဲ့ အမေ့ကို ဟန်လင်းသန့် ခပ်မဲ့မဲ့ပြုံးပြလိုက်တယ်။ " ငွေအကြေချေပြီး ....စာချုပ်မှာ လက်မှတ်ထိုးပြီးတာနဲ့ နေ့ချင်းပြီး အိမ်ပေါ်ကဆင်းပေးရမှာပါ ..ဒါက ကျွန်တော်တို့ရုံးရဲ့စည်းကမ်းမို့ပါ ...ဒါကို လက်ခံကျေနပ်တယ်ဆိုရင် ... ဒီနေ့ပဲစရံချခဲ့လိုက်ပါမယ် ..ပြီးတော့ ပြောင်းရွေ့ဖို့အချိန်ရအောင်... နှစ်ပတ်ခွါချိန်းပြီး ငွေအကြေချေပါမယ် " အမေက သူ့ကိုမှုန်မှိုင်းတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေတယ်။ ဇရာထောင်းလာပြီဖြစ်သလို မိသားစုကပေးတဲ့ စိတ်ဆင်းရဲဒဏ်တွေကြောင့် အမေ့ခမျာ ရှိရင်းစွဲအသက်ထက်ပို၍အိုစာနေတာကို တွေ့ရတယ်။ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ဦးမင်းနိုင်ကို ကြည့်ပြီး ဟန်လင်းသန့်ခပ်မဲ့မဲ့ပြုံးလိုက်မိပြန်တယ်။နှုတ်ကတော့ အပိုစကားတွေ မပြောဖြစ်ပါဘူး။လုံးဝမသိတဲ့ သူစိမ်းတွေလိုပဲ နေလိုက်တယ်။ အားလုံး စကားပြောပြီးလို့ ပြန်ထွက်လာကြချိန်မှာ အမေက ဟန်လင်းသန့်နောက်က ကပ်ပါလာခဲ့တယ်။ ''သားကြီး .." အမေ့နှုတ်က အခေါ်အဝေါ် ကြောင့် ဟန်လင်းသန့် လှည့်ကြည့်ပြီး ရပ်နေလိုက်တယ်။ ''သားတို့အပေါ် ..အမေလုပ်ခဲ့မိတာတွေအတွက် ... အမေတောင်းပန်းပါတယ်...အခုဆိုရင် အဲ့ဒီဝဋ်တွေလည်နေခဲ့တာ ဆယ်စုနှစ်လောက်ရှိလာပါပြီ ..အွန်လိုင်းပေါ်မှာ သားရဲ့ သတင်းတွေကို ကြားပါတယ်ကွယ် ..အမေ့သားကြီး ဒီလို အောင်မြင်နေလို့ အမေဝမ်းသာပါတယ် ..သားကြီးဆီကလဲ အမေ ဘာမှမမျှော်လင့်ပါဘူးကွယ် .. ဒါ...ဒါပေမဲ့ အမေ့သမီး ..သားရဲ့ ညီမလေးကိုတော့ ပစ်မထားပါနဲ့ကွယ် .. အသိအမှတ်ပြုပြီး ဆိုဆုံးမပေးပါလား ...အမေတို့က အသက်ကြီးပြီဆိုတော့ အမေတို့ကို သူမလေးစားတော့ဘူး ..မကြောက်တော့ဘူးလေ " စကားကို တစ်လုံးချင်း ပြောနေတဲ့အမေ့ကို ဟန်လင်းသန့်ကြည့်လိုက်မိပြီး " ဟိုအရင်ကတော့ ဒီအကြောင်းတွေကို အမေ့သမီးကို မသိစေချင်ဘူးဆို ...အခုတော့ အသိအမှတ်ပြုပေးရမယ်ပေါ့ ဟုတ်လား ....သေချာလဲ စဉ်းစားပါအုံးဗျာ ....ဒီအချိန် သူ့ကိုညီမအဖြစ်အသိအမှတ်ပြုလိုက်ရင် ...ကျွန်တော့်စည်းစိမ်ချမ်းသာတွေကိုရဖို ... ကျွန်တော့်ကိုလုပ်ကြံနေမှာပေါ့ ..." " ဘယ်...ဘယ်လိုပြောလိုက်တာလဲကွယ်...အမေကအဲ့ဒီသဘောနဲ့ပြောတာမဟုတ်ပါဘူး...သမီးလေးမှာကြောက်ရမဲ့သူ တစ်ယောက်ယောက်ရှိစေချင်တာပါ... " " တော်ပါတော့ဗျာ..ကျွန်တော်တို့သားအဖကို ဒုက္ခပေးတာဒေါ်ခင်မေရီတစ်ယောက်နဲ့တင်လုံလောက်ပါပြီ....ကျွန်တော်က အဖေ့လိုမျိုး.... အရူးတစ်ယောက်လို သည်းခံနေမဲ့သူမဟုတ်ပါဘူး...သူကဦးမင်းနိုင်ရဲ့သွေးသားဆိုကတည်းက ဘယ်လိုလုပ် ဗီဇကောင်းမှာလဲ...ပြီးတော့ မိ..န်းမတွေဘယ်လောက်လောဘကြီးပြီးကိုယ်ကျင့်သိက္ခာပျက်စီးနေကြလဲဆိုတာကို အမေအသိဆုံးပါ...အဲ့ဒီလိုလူကို ကျွန်တော့်မိသားစုအဖြစ်သက်မှတ်လိုက်ရင် ...မြွေပွေးခါးပိုက်ပိုက်မိသလိုဖြစ်နေမှာပေါ့ " " တော်..တော်ပါတော့ကွယ်...အမေသဘောပေါက်ပါပြီ...ဒီစကားကိုနောက်ထပ်လဲမပြောတော့ပါဘူးကွယ် ..." " ဟုတ်ကဲ့....ကျွန်တော့်ကိုခွင့်ပြုပါအုံး...ငွေချေမဲ့ရက်လေးမှာတော့ အဆင်သင့်ပြင်ထားစေချင်ပါတယ် အမေ" ဟန်လင်းသန့်ပြောပြီးတာနဲ့ အိမ်ပြင်ကိုထွက်လာခဲ့လိုက်တယ်။ ~~~~~~~~ " ဒီလိုမတရားလုပ်လို့တော့ မရဘူးနော်..အိမ်ရောင်းလိုက်ရင် အမွေခွဲပေးရမှာပေါ့...သားသမီးမွေးထားပြီး ဒီလိုပဲပစ်ထားလိုက်လို့ရမလား..အမေတို့ ဒီလိုလုပ်ရင်...သမီးဘက်ကတရားစွဲမှာ..မလုပ်ဘူးမထင်နဲ့တကယ်လုပ်မှာ..." သမီးဖြစ်သူရဲ့ခြိမ်းခြောက်တဲ့စကားကြောင့် ဒေါ်ခင်မေရီမှာထိတ်လန့်တုန်လှုပ်သွားကာ ရင်ဘတ်ကိုလက်နဲ့ဖိလိုက်ရတယ်။

#ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၁၁) akyiphyu ******** "ဒါနဲ့ ... ကျွန်တော်တို့ မိတ်ဆွေတွေအဖြစ် ခင်ကြရအောင်...နာမည်ဘယ်လိုခေါ်လဲ " ဟန်လင်းသန့်ရဲ့ အမေးကြောင့် မြရွက်ဝါခေါင်းမော့ကြည့်လိုက်မိရင်း "မြရွက်ဝါပါ '' '' ကျွန်တော့်နာမည်က ဟန်လင်းသန့်ပါ ...မြရွက်လို့ခေါ်မယ်နော် ....မြရွက်က ဘာအလုပ်လုပ်တာလဲ ...." မေးသူကလဲ အေးအေးဆေးပုံစံနဲ့ မေးတာမို့ မြရွက်ဝါလဲ ပြန်ဖြေလိုက်တယ်။ "အွန်လိုင်းဈေးရောင်းတာလေ.....အိမ်သုံးပစ္စည်းအသေး စားလေးတွေ ရောင်းတာ...ဖြုတ်လို့တပ်လို့ရတဲ့စင်လေးတွေ ..ခြင်းလေးတွေလိုမျိုးပေါ့ ....လျှပ်စစ်ပစ္စည်း အသေးစားလေးတွေလဲပါတယ် ....ယောက်ျားလေးသုံးဆိုရင် .. မုတ်ဆိတ်ရိတ်စက်လို စက်အသေးစားလေးတွေပါရတယ် " " ဪ ..စုံသားပဲဗျ... ဒါနဲ့ပေ့ချ်နာမည်ပြောလေ....လိုအပ်တာရှိရင်မှာရတာပေါ့ " " ဟုတ်ကဲ့ ... ( ......) နာမည်ပါရှာကြည့်လိုက်လေ ....ရန်ကုန်မြို့တွင်းနဲ့ မြို့ပေါင်းနှစ်ရာကျော် အိမ်ရောက်ငွေချေစနစ်နဲ့ ပို့ပေးပါတယ် " "အိုကေလေ ..... ဝင်ကြည့်လိုက်မယ်...လိုအပ်တာတွေရှိရင် အားပေးမယ်လေ ..ကြေလဲကြေငြာပေးမယ် မိတ်ဖြစ်ဆွေဖြစ်ပေါ့ " " ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကိုဟန်လင်းသန့် " ဆယ်လီတစ်ယောက်က ကိုယ်ပေ့ချ်ကို ကြော်ညာပေးမယ်ဆိုတော့ မြရွက်ဝါလဲ အလွယ်တကူပဲ ကျေးဇူးတင်လိုက်တာပေါ့ ။ ဘာပဲဖြစ်ဖြစ် မတော်ရသေးတဲ့ မတ်တော်မောင်က အားကိုးရသားပဲလေ။စားလို့သောက်လို့ပြီးတော့ ဆိုင်ထဲက နာရီကိုကြည့်ပြီး မြရွက်ဝါနေရာကထလိုက်တယ်။နောက်ထပ် နာရီဝက်လောက်နေရင် မောင်မောင်အပြင်သွားချိန်ရောက်ပြီလေ။ နာရီဝက်လောက်ကို ဗိုက်ချောင်အောင်ဟိုဒီလျှောက်ပြီး အချိန်ဖြုန်းလိုက်ရင်ရတယ်လေ ။ "ကျွန်မသွားတော့မယ် ....အခု ကျသင့်ငွေအကုန်လုံးကို ကျွန်မပြန်ရှင်းပေးမယ်နော် ... ငွေသားလိုချင်ရင်တော့ ....ပန်းနုဆီလာရင်ပေးပါ့မယ် ..ကေပေးနဲ့ ရှင်းပေးရမယ်ဆိုရင်လဲ အိမ်ရောက်တာနဲ့ ရှင်းပေးပါ့မယ် ... ကျွန်မတို့ပေ့ခ်ျမှာ ဖုန်းနံပတ်ပါတယ် ... ဆက်လိုက်လို့ရပါတယ် " " ပြန်တော့မလို့လား ....ကျွန်တော် ကားနဲ့လိုက်ပို့ပေးမယ်လေ... " "ရပါတယ်ရှင် ....ကားတော့လိုက်မစီးတော့ပါဘူး...တော်ကြာ ကြီးကြီးတို့ တစ်မျိုးထင်သွားလိမ့်မယ် ...ကိုဟန်လင်းသန့်... ဒီကအပြန်ဝင်မယ်ဆိုရင်လဲ ...ကျွန်မအိမ်ပြန်ရောက်တာနဲ့ ပိုက်ဆံပေးပါ့မယ် " "ဟော့ဗျာ ....ပိုက်ဆံပြန်တောင်းဖို့ ပြောတာမဟုတ်ပါဘူး မြရွက်ရယ် ....ပိုက်ဆံအတွက်က မပူပါဘူး .....ကျိန်းသေပေါက် ..ကျွန်တော်မြရွက်တို့နေတဲ့တိုက်ကို ရောက်လာရမှာပဲဟာ " " ဟုတ်ကဲပါ ..ကျွန်မသွားတော့မယ် ...ကျေးဇူးတင်ပါတယ်နော် " ၀ယ်ထားတဲ့ပစ္စည်းထုပ်ကိုဆွဲပြီး စားသောက်ဆိုင်ထဲက မြရွက်ဝါထွက်လာခဲ့လိုက်တယ်။ ~~~~~ "ငါ ..နင့်ကို စိတ်ဆိုးလို့ပြောတာမဟုတ်ဘူးမြရွက် ... မောင်မောင့်ကို နင်ဘာမှမပြောနဲ့...အဲ့ဒီကောင်လေး အရိုင်းစိတ်ဝင်နေတယ် ... အရွယ်ရောက်လာလို့ ထိန်းရခက်နေချိန်မှာ... ထားလိုက်တဲ့ရည်းစားကလဲ ..မိမဆုံးမဖမဆုံးမဆိုတော့ ပိုဆိုးသွားတယ် ...ငါ့ဘဝကလဲ ဝဋ်ကြီးပါတယ်ဟယ် ... သင်းအဖေပေးတဲ့ ဒုက္ခတွေအောက်က လွတ်မယ်မကြံသေးဘူး ..သားကပါ ဒုက္ခထပ်ပေးလာပြန်ပြီ ... ငါtသသွားရင်လဲ ကောင်းသားပဲ " " တော်စမ်းပါ မညိုရယ် ..တကယ် tသရဲ့လို့လား ....tသသွားရင်လဲ ..ဒီသားနားမှာ တဝဲဝဲလည်နေမှာပဲ မဟုတ်လား ....အဲ့ဒီလောက်ထိမချစ်နဲ့ လွှတ်ထားလိုက် ..ယောက်ျားလေးပဲ " "ဟဲ့ ...ငါဘယ်လို လွှတ်ထားနိုင်မလဲဟယ် ... သူ့အဖေ့ကိုငါဆယ်ခါပြန် စွန့်လွှတ်နိုင်ပေမဲ့ ...ငါ့သားလေးကိုတော့ ဘယ်လို စွန့်လွှတ်နိုင်မလဲဟယ် ..ငါ့အသက်နဲ့ရင်းပြီး မွေးထားခဲ့ရတာလေ ... နင်ကဒါတွေကို ဘယ်သိမှာလဲဟဲ့ ...ငါသာငတ်ချင်ငတ်ပါစေ... သေလောက်အောင်ဒုက္ခရောက်ပါစေ ..ငါ့သားလေးကို ချမ်းချမ်းသာသာနေရစေချင်တယ်...ငါ့လိုမျိုး ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီး ဒုက္ခရောက်မှာစိုးတယ် ..ပြီးတော့ ငါ့သားလေးကို အကျင့်သိက္ခာမရှိတဲ့ တဏှာရူးယောက်ျားမျိုးလဲ မဖြစ်စေချင်ဘူးဟယ် ..ခက်တာက တစ်ဖက်မိန်းကလေးက ငွေအကုန်ခံပြီး တည်းခိုခန်းခေါ်နေတော့ ..ငါကဘယ်လိုဆုံးမရမလဲ ...အဲ့ဒီမိန်းကလေးရဲ့ မိဘတွေလဲ ဆိုဆုံးမခြင်းမရှိတာအံ့သြတယ် ..ဒီခေတ်က နှစ်ဦးနှစ်ဖက်လုံး ဆုံးမသွန်သင်တာတောင် တော်ကာမကျဘူး " "လူတွေက ခေတ်ကို အကြောင်းပြပြီး ...မကောင်းတာတွေကိုပဲ အတုယူနေကြ တာကိုမညိုရဲ့ ...ခေတ်ကိုက စာပေအနုပညာတွေက လွယ်လွယ်မထိုးဖောက်နိုင်ဘဲ ..မဟုတ်တာတွေပဲလိုင်းပေါ်ပေါ်ပြူလာဖြစ်နေတာကို ... ဘယ်မင်းသားမင်းသမီးက ရည်းစားဘယ်နှစ်ယောက်ထားတာ..ဟိုဆယ်လီက အတွဲနဲ့ အလည်ထွက်နေတာ အဲ့ဒီလိုဟာတွေပဲ သတင်းလုပ်ရဲနေကြတာဆိုတော့ ပိုဆိုးလာတယ်...ဒီကြားထဲ တည်းခိုခန်းတွေ..ဇိမ်ခန်းတွေက အရမ်းပေါလာတာကိုး...လူငယ်တွေအတွက် လုပ်စရာသွားစရာကလဲ ဒါတွေပဲရှိတော့သလိုဖြစ်နေတာကိုကခက်တာ....ကောင်လေးတွေက ကောင်မလေးတွေကို ဒီလို လွယ်လွယ်ရနေတာဆိုရင် ..သူတို့ဘဝတစ်လျှောက်လုံး ဘယ်မိန်းမကိုမှ အထင်ကြီးတန်ဖိုးထားတော့မှာမဟုတ်ဘူး ...ကုန်ကုန်ပြောရရင် ....အသိဉာဏ်နုံနဲ့သူတွေအိုရင် အမေ..

~~~~~ မရည်ရွယ်ထားပါဘဲ သူစိမ်းယောက်ျားတစ်ယောက်နဲ့ မုန့်အတူထိုင်စားနေမိတဲ့ အဖြစ်ကို မြရွက်ဝါတွေးပြီး ကြောင်တောင်တောင်နိုင်သလိုဖြစ်နေမိတယ်။ ဒါပေမဲ့ မြရွက်ဝါပဲဟာ ။ဘဝကြမ်းကြမ်းကို မိဘနှစ်ပါးနဲ့ အတူရုန်းကန်လာခဲ့ရတော့ သိပ်အရေးမကြီးတဲ့ ကိစ္စမျိုးတွေမှာ ရှက်နေ ကြောက်နေတာမျိုးတွေ မရှိတော့ပါဘူး။ သူ့ရှေ့မှာထိုင်ပြီး သူ့ကို လုံးဝဂရုမစိုက်ဘဲ အစားအသောက်ကို စိတ်ပါလက်ပါစားနေတဲ့ အမျိုးသမီးကို ဟန်လင်းသန့်စိတ်ထဲ အံ့ဩနေမိတယ်။အမျိုးသမီးတိုင်းလိုလိုက ဟန်လင်းသန့် ရှေ့ကိုရောက်ပြီဆိုရင် ရှက်သလိုလိုကြောက်သလိုလိုနဲ့ ဟန်များနေတဲ့သူတွေချည်းပဲ။ ဒီအမျိုးသမီးလို မုန့်စားဖို့ပိုက်ဆံချေးဖို့နေနေသာသာ ဟန်လင်းသန့် ရှေ့ရောက်ရင် မပွင့်တပွင့်မလှုပ်တလှုပ်တွေဖြစ်ကုန်ကြတော့တာ။တချို့ခပ်ကဲကဲခပ်ရဲရဲတွေနဲ့လဲ တွေ့ဖူးပါတယ်။ဒါပေမဲ့ဒီအမျိုးသမီးနဲ့တော့ မတူတာသေချာတယ်။သူ့ရှေ့မှာ တိုင်ပြီး အပ်မှိုထောင်းကို ထမင်းဖြူနဲ့ စားနေပုံက ထမင်းမစားရတာ အတော်လေးကြာနေပုံမျိုးနဲ့လေ။ "ရှင်စားလေ ....စားမကောင်းဘူးလား ... ဒီဆိုင်ကမဆိုးပါဘူး ...အရသာရှိပါတယ် " သူ့ကိုတစ်ချက်မော့ကြည့်ကာပြောလိုက်ပြီးနောက် သူ့ဘာသာစားစရာရှိတာကို အေးအေးဆေးဆေးဆက်စားနေတယ်။ အမျိုးသမီးကို ကြည့်ပြီး ဟန်လင်းသန့် မသိမသာမဲ့ပြုံးလေးပြုံးလိုက်မိတယ်။အမျိုးသမီးတွေဆီမှာ ဟန်လင်းသန့်မသိသေးတဲ့ မူရာမာယာတွေ ရှိနေသေးတယ်ဆိုတာကို တွေ့လိုက်ရလို့ ဟန်လင်းသန့်ပြုံးလိုက်မိခြင်းသာဖြစ်တယ်။ ===================================== အပိုင်း( ၁၁ ) ဆက်ရန် A KYI PHYU #ဧကြည်ဖြူ အပိုင်း( ၁ ) Link https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz အပိုင်း (၂) Link https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz အပိုင်း(၃)Link https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz အပိုင်း (၄) https://m.facebook.com/story.php?story_fbid=686373200277725&id=100067151540690&mibextid=Nif5oz အပိုင်း (၅) https://m.facebook.com/story.php?story_fbid=686924473555931&id=100067151540690&mibextid=Nif5oz အပိုင်း (၆) https://m.facebook.com/story.php?story_fbid=687482310166814&id=100067151540690&mibextid=Nif5oz အပိုင်း ၇ https://m.facebook.com/story.php?story_fbid=688061703442208&id=100067151540690&mibextid=Nif5oz အပိုင်း ၈ https://m.facebook.com/story.php?story_fbid=688653883382990&id=100067151540690&mibextid=Nif5oz အပိုင်း (၉) https://m.facebook.com/story.php?story_fbid=689874746594237&id=100067151540690&mibextid=Nif5oz

အခွင့်အရေးဆိုတာ အဲ့ဒါကိုပြောတာ ...အခုတော့မင်းက ..မအေက မိုးလင်းမိုးချုပ် မျက်စိပေါက်ထွက်အောင် လုပ်နေရလဲ ဂိမ်းဆော့မပျက်ဘူး.....ညနက်သန်းခေါင် ဈေးရောင်းပစ္စည်းတွေ ရှာနေရလဲ ....မင်းကရည်းစားနဲ့ ဖုန်းပြောမပျက်ဘူး ...နင်တို့တော်ရုံပဲ ငါ့အစ်မကို ဒုက္ခပေး......ဖအေတုန်းကလဲ လူးလိမ့်အောင် ဒုက္ခခံခဲ့ရပြီးပြီ .....အခုနင်ကပါ ဒုက္ခဆက်ပေးမယ်အိုရင် .....ငါ့အမေ tသရုံပဲရှိတော့တယ် ... နင်တော်ရုံပဲ လူပါးဝနော် ....ဒီလောက်အခွင့်အရေး အပြည့်လိုချင်နေရင်လဲ ....ကိုယ့်ခြေထောက်ပေါ် ကိုယ့်ရပ်တည်လေ " " ဟာဗျာ...တောက် ...အန်တီလေး ဘာမှ၀င်ပြောစရာမလိုဘူး ..ကျွန်တော့်မှာ အမေတစ်ယောက်လုံးရှိတယ်...ကျွန်တာ် က အန်တီလေးလုပ်စာစားနေတာမဟုတ်ဘူး " တောက်ခေါက်ပြီး မိုက်မိုက်ရိုင်းရိုင်းပြန်ပြောလာတဲ့ တူတော်မောင်ကို မကြည့်ပြီး မြရွက်ဝါ ဒေါသထောင်းခနဲဖြစ်သွားမိတယ်။ " တောက် ...ဘာပြောတယ် " " ဟဲ့ ..ဟဲ့ .. မြရွက်တော်တော့ ...နင်သွားတော့....ငါ့ဘာသာပြောမယ်.... နင်သွားတော့ " မြရွက်ဝါအံကိုကြိတ်ပြီး ချာခနဲလှည့်ထွက်ခဲ့လိုက်တယ်။ပြီးတော့ အိမ်ရှေ့မှာချိတ်ထားတဲ့ သော့တွဲကိုယူပြီး အပြင်ကို ထွက်ခဲ့လိုက်တယ်။ ~~~~~~~ "ဘာဖြစ်နေကြပြန်ပြီလဲ ..အသံတွေကို ဆူနေတာပဲ ....မိန်းမတွေဖြစ်ပြီး မရှက်ကြဘူးလား ...နင်တို့မရှက်တာ အရေးမကြီးဘူး ...ကြားထဲက ငါတို့အမေပဲ စိတ်ဆင်းရဲတာ " ပထမထပ်အရှေ့ကို အရောက်မှာ အခန်းဝကနေ ဆီးကြိုပြီးမေးလိုက်တဲ့ ဒေါ်လေးကို မြရွက်ဝါတစ်ချက်ကြည့်လိုက်မိပြီး သက်ပြင်းကို ချလိုက်မိတယ်။ "မောင်မောင်ပြောလို့မရလို့ပါ ဒေါ်လေး " ဒါပဲပြောပြီး မြရွက်ဝါအောက်ကိုဆက်ဆင်းလာခဲ့လိုက်တယ်။ကြီးကြီးတို့ဆိုင်လေးကတော့ မှန်လုံတံခါးနဲ့မို့ အသံတွေသိပ်ကြားပုံမရဘူး။အဘွားလဲ ထွက်လာတာမတွေ့ရခင် မြရွက်ဝါခပ်သွက်သွက် လျှောက်လာခဲ့လိုက်တယ်။ ~~~~~~~ "ဟယ်တော့ ...ဒုက္ခပါပဲ " မြရွက်ဝါသွားစရာမရှိတာနဲ့ အိမ်နဲ့မနီးမဝေးက စီးတီးမက်ထဲဝင်ပြီး ဟိုဟိုဒီဒီလိုက်ကြည့်ပြီး လိုချင်တာတွေတွေ့လို့ ဈေးလှည်းခြင်းထဲကောက်ထည့်လာတာ။ ပိုက်ဆံရှင်းဖို့ တန်စီးပြီးတော့မှ ပိုက်ဆံမပါလာတာကို သတိရသွားပြီး တစ်ကိုယ်လုံးထူပူသွားမိတယ်။မြရွက်ဝါစိတ်တိုပြီးထွက်လာတာ ဘယ်မှာပိုက်ဆံယူလာလို့လဲ။သော့တစ်ချောင်းပဲယူပြီး ထွက်လာတာလေ။မြရွက်ဝါမှာ ဘောင်းဘီအိတ်ထဲ ဟိုစမ်းဒီစမ်း ပြူးပြူးပျာပျာနဲ့ ကြည့်ပြီးတော့မှ ပိုက်ဆံမပါမှန်းသိလို့ ရှက်ရှက်နဲ့ခေါင်းကြီးငုံ့ပြီး ငွေရှင်းဖို့တန်းစီနေတဲ့နားက ထွက်လာခဲ့လိုက်တယ်။ "ဒီမှာ ...ပိုက်ဆံပါမလာလို့လား " "ရှင် " မြရွက်ဝါရဲ့လှည်းကို လှမ်းဆွဲကာ အနားကပ်ပြီး မေးလိုက်သံကြောင့် မြရွက်ဝါအံ့သြထိတ်လန့်သွားပြီး မော့ကြည့်လိုက်မိတယ်။မော့ကြည့်လိုက်တော့မှ မြရွက်ဝါထက် ခေါင်းတစ်လုံးပိုမြင့်နေတဲ့ယောကျ်ားတစ်ယောက်ကိုတွေ့လိုက်ရတယ်။သူကဦးထုပ်ဆောင်းထားပြီး မက်စ်ပါတပ်ထားသေးတယ်။သူဘယ်သူမှန်းမသိတော့ မြရွက်ဝါခပ်ကြောင်ကြောင်နဲ့ မော့ကြည့်နေမိတယ်။ " ဪ...ကျွန်တော့်ကို မမှတ်မိဘူးထင်တယ်...ကျွန်တော်ဟန်လင်းသန့်ပါ ....ပန်းနုရဲ့ မိတ်ဆွေပါ ..အရင်တစ်ပတ်က တောင် ဆုံခဲ့သေးတယ်လေ မှတ်မိလား ....ကျွန်တော့်ကိုမြင်ရလားမသိဘူး " သူကမျက်နှာကို အနီးကပ်လာပြီး မက်စ်ကိုချွတ်ပြလာတာမို့ မြရွက်ဝါလန့်ပြီး ခေါင်းကိုငဲ့ရှောင်လိုက်မိတယ်။ " အို..ကျွန်မမြင်ပါတယ်...မျက်မှန်က အဲ့ဒီလောက်လဲ ပါဝါမများပါဘူး...ဒါနဲ့ ဘာကိစ္စရှိလို့ ကျွန်မခြင်းကိုဆွဲထားရတာလဲ " "ဪ .... တမင်ဆွဲတာမဟုတ်ပါဘူး...စောစောကတည်းက ခင်ဗျားကိုလှမ်းကြည့်နေမိတာ...ကြည့်ရတာ ပိုက်ဆံပျောက်သွားတာလား ..မေ့ကျန်ခဲ့တာလားမသိဘူးနော် ......အဲ့ဒါ ဒီပစ္စည်းဖိုးတွေ ကျွန်တာ် စိုက်ရှင်းပေးပါ့မယ်...ကျွန်တော့်အဲ့ဒီဘက်ကိုလာမှ ငွေပြန်ဆပ်လေ " ဟန်လင်းသန့်ဆီက စကားကို ကြားလိုက်ရတော့ မြရွက်ဝါရှက်သွားမိတယ်။ "ကျေးဇူးတင်ပါတယ်..ကျွန်မ ပိုက်ဆံမေ့ကျန်လာခဲ့လို့ပါ...ရပါတယ်..ဒါတွေသွားပြန်ထားလိုက်တောမှာ .. " " မဟုတ်တာဗျာ ..ခြေတိုအောင်ပတ်လျောက်ပြီး လိုက်ရွေးထားရတာတွေ နှမြောစရာကြီးဗျာ ..ယူသွားလိုက်ပါ ..နောက်တစ်ပတ်ထဲမှာ အဲ့ဒီဘက်ကို ကျွန်တော်လာစရာကိစ္စရှိတယ်...အဲ့ဒီတော့မှ ပြန်ဆပ်လေ " သူကပြောနေတော့လဲ မြရွက်ဝါဆက်မငြင်းချင်တာမို့ မျက်နှာပူပူနဲ့ပဲ ခေါင်းငြိမ့်လိုက်ရတော့တယ်။ပြီးတော့လဲ တစ်တက်စားလဲကြက်သွန်၊ နှစ်တက်စားလဲကြက်သွန် မထူးတော့တာမို့ အရဲစွန့်ပြီး ထပ်ပြောလိုက်မိတယ်။ "ဒီ...ဒီမှာရှင့် ... ကျွန်မကို ပိုက်ဆံတစ်သောင်းလောက်ပါ ချေးလို့ရမလားဟင် .. အိမ်ရောက်တာနဲ့ငွေပြန်လွှဲပေးဆိုရင်လဲ လွှဲပေးပါမယ် ... လောလောဆယ် အိမ်မပြန်ချင်သေးလို့ ....အပေါ်ထပ်မှာမုန့်သွားစားမလို့ပါ " " ဟုတ်ကဲ့ ..ရပါတယ် ....တစ်သောင်းနဲ့လောက်ပါ့မလား ...ဒီလိုလုပ်လေ .. ကျွန်တော်လဲ မုန့်လိုက်စားမယ်လေ ... နေ့လယ်စာစားချိန်ဆိုတော့... ကျွန်တော်လဲ ဗိုက်ဆာနေလို့ပါ " "ဟုတ်ကဲ့ ရတယ်လေ .. စားပေါ့....ပစ္စည်းဖိုးတွေ ရှင်းပြီးရင် သွားစားကြတာပေါ့ "

" ချစ်အခုမှ အိပ်ရာကထတာမောင်ရဲ့.....အိမ်မှာမောင်တစ်ယောက်တည်းလား " " ဟင့်အင်း ... အန်တီလေးရှိတယ်..ဒါနဲ့ ချစ်အိပ်ပုတ်လေး ...မောင်က နေ့လယ်စာတောင် စားနေပြီ " " ဟုတ်လား...မောင်က ဒီနေ့တော့ အိပ်ရာထစောပါလား ... စောစောစီးစီးထပြီး ..ဘယ်ကောင်မနဲ့ ချက်နေလဲ ပြောစမ်းပါအုံး...ဒါပဲနော် ....ချစ်နဲ့ပဲဂိမ်းဆော့ရမယ်...ချစ်နဲ့ပဲဖုန်းပြောရမယ် ..ချစ်အိပ်တဲ့အချိန်အိပ်ရမယ်...ချစ်ထတဲ့အချိန်ထရမယ် ..မောင်ဘာတွေပဲလုပ်နေနေ..ချစ်ဖုန်းခေါ်တာနဲ့ကိုင်ရမယ်နော်.. မောင့်အတွက် ချစ်ကပဲ နံပတ်တစ်နော် " " ဟုတ်ကဲ့ပါ ချစ်ရယ် ..ချစ်သဘောပါ ...မောင့်အတွတ် ချစ်ကအဓိပါ " " အမယ်လေး ချစ်လိုက်တာ ....ခဏနော်မောင်....ချစ်လဲ ဗိုက်ဆာနေပြီ ..အမေဘာချက်ထားလဲမသိဘူး...ဖုန်းမချနဲ့နော် မောင်...ချစ်မျက်နှာသွားသစ်လိုက်အုံးမယ် ... " ထမင်းစားခန်းနဲ့ နံရံတစ်ချပ်သာခြားနေတဲ့ မြရွက်ဝါရဲ့အခန်းထဲကနေ တူဖြစ်သူဖုန်းပြောနေတာကို အတိုင်းသားကြားနေရတယ်။အိမ်မှာ အဒေါ်တစ်ယောက်လုံးရှိမှန်းသိသိနဲ့ စပီကာဖွင့်ပြီး ရည်းစားနဲ့ဖုန်းပြောနေတဲ့ တူတော်မောင်ကို မြရွက်ဝါ အတော်လေးစိတ်ပျက်မိတယ်။ဒါကတစ်နေ့တည်းလဲ မဟုတ်ဘူး။နေ့စဉ်အချိန်တိုင်းလိုလိုပြောနေကြတာ။ မောင်မောင်တစ်ယောက် သူ့မအေနဲ့ စကားပြောချိန်မရအောင်ကို လာလိုက်ရတဲ့ဖုန်း။အိမ်မှာသူ့မအေမရှိချိန်ပဲဖြန်ဖြစ်၊ သူ့အမေအိမ်ရှေ့ခန်းမှာ ရောက်နေရင်ဖြစ်ဖြစ် ဖုန်းကိုစပီကာဖွင့်ပြောတာလေ။ သူတို့က မြရွက်ဝါကို ဂရုကိုမစိုက်ကြဘူး။ သူတို့စိတ်ထဲမှာ မြရွက်ဝါကို အသက်ကလဲကြီးလာပြီ၊အိမ်ထောင်လဲ မပြုနိုင်ဘူးဆိုပြီး လူပိုကြီးလိုအထင်သေးနေကြပုံပဲ။ ဖုန်းပြောရင်တော့ အိမ်မှာဘယ်သူရှိလဲမေးတယ်။ပြီးရင် မြရွက်ဝါရှိနေတယ်ဆိုရင်လဲ ဂရုမစိုက်ကြဘဲ ပြောချင်ရာတွေပြောကြတာ။ဖြစ်နိုင်ရင် မြရွက်ဝါလဲ ကိုယ်နေရတဲ့ အခန်းလေးကို အသံလုံအောင်အုတ်နဲ့ ကာရံပစ်လိုက်ချင်တာ ။တူတော်မောင်ကိုတော့ ဆုံးမစကားပြောချင်စိတ်မရှိပါဘူး။ပြောလဲမရဘူးလေ။ " မောင်မောင်.....ဘယ်မှာလဲ ...မအေကိုလာကြိုပါလို့ပြောတာကို လာမကြိုဘူး..ဖုန်းဆက်တော့လဲ မအားဘူး...ဘာတွေလုပ်နေတာလဲ " အိမ်ရှေ့က မညိုရဲ့ အော်သံကြောင့် မြရွက်ဝါစိတ်ညစ်သွားမိတယ်။မကြာခင်မှာ အိမ်မှာသားအမိနှစ်ယောက် အော်ပွဲစတော့မယ်မဟုတ်ပါလား။ " ကျွန်တော်ထမင်းစားနေလို့ " " ဪ ..ထမင်းစားနေတာဆိုရင် ..ဖုန်းကဘာလို့မအားတာလဲ ..မအေဖုန်းခေါ်နေတာ ဖုန်းဝင်ရင်လဲ ..ပြောနေတဲ့ဖုန်းကို ချပစ်ပါလား ...နင်တို့က ဘယ်လောက်များအရေးကြီးနေလို့လဲ ...တစ်နေ့တစ်နေ့ အဲ့ဒီဟာမနဲ့.ဖုန်းပဲပြောနေတယ်...သူ့မှာ အလုပ်မရှိတိုင်းအားလျားနေတိုင်းဖုန်းခေါ်နေတာ " " ဟာဗျာ ...အမေမဆိုင်တာတွေ မပြောနဲ့.....ဒီကိစ္စက သူနဲ့မဆိုင်ဘူး ...ပြောချင်ရင် ကျွန်တော့်ကိုပဲပြော " " အေး...နင့်ကိုပဲပြောနေတာ ...အချိန်ရှိသ၍ ဖုန်းပြောနေရလား " "ဖုန်းပြောတော့ ဘာဖြစ်လို့လဲ ...ကျွန်တော်လဲ အရွယ်ရောက်နေပြီ ကလေးမဟုတ်တော့ဘူး ....ကျွန်တော့်လွတ်လပ်ခွင့်ကို လာမပိတ်နဲ့ " သားအမိနှစ်ယောက် အပြန်အလှန်ပြောနေကြတဲ့ စကားတွေကို နားထောင်နေပြီး မြရွက်ဝါစိတ်အချဉ်ပေါက်လာမိတယ်။ ဘာကိစ္စမဆို ပြောလိုက်ရင် လူငယ်တစ်ယောက်ရဲ့ အခွင့်အရေးကမပါရင်မပြီးဘူး။ သူပြောနေတဲ့ အခွင့်အရေးက ဘာအခွင့်အရေးလဲ မိန်းမလိုက်စားတဲ့ အခွင့်အရေးလား။ "အမေတို့က လူကိုနေရာတကာ ချုပ်ချယ်လွန်းတယ်...သွားရင်သွားပြန်ပြီ.....အိမ်မှာနေလဲနေလို့...အိပ်လဲအိပ်လို့ .... ရည်းစားထားတာကအစ လိုက်ပြောနေတယ်...သူ့အမေတောင် သူဘာလုပ်လုပ် ဘာမှမပြောဘူး....ကျွန်တော်က ယောက်ျားလေးဖြစ်ပြီး ...ဒီအခွင့်အရေးတွေတောင်မရှိဘူးလား...စိတ်ညစ်တယ်...tသချင်တယ်...ကျွန်တော်က မွေးကို မွေးမလာသင့်တာ.....အမေက တကယ်ပွားတယ် " "ဟဲ့ ..ငါကပွားတာမဟုတ်ဘူး...နင်...ဒါဘယ်သွားတာလဲ .....မသွားနဲ့ လာစမ်း ..မလာဘူးလား " "မလာဘူးဗျာ ...အမေတို့က သိပ်တရားလွန်နေပြီ ...ကျွန်တော့်ကို လာမထိနဲ့နော်... " မောင်မောင့်အသံက တရစပ် ထွက်ပေါ်နေခဲ့တယ်။အသံတွေထဲမှာဆဲသံပါပါလာခဲ့တယ်။မြရွက်ဝါဆက်ပြီးနားထောင်မနေနိုင်တော့ဘဲ ထိုင်နေရာက ဆတ်ခနဲထရပ်လိုက်ပြီး မညိုအခန်းဆီကို လျှောက်သွားလိုက်တယ်။ " မောင်မောင် ..မင်းပြောတာတွေလွန်နေပြီနော် ..မင်းက တစ်ခါလာအခွင့်အရေး..အခွင့်အရေးနဲ့ ဘာအခွင့်အရေးလဲ ..အနောက်နိုင်ငံမှာက (၁၈)နှစ်ပြည့်တာနဲ့ မိဘကအုပ်ထိန်းခွင့်မရှိဘူး ..ပြောခွင့်မရှိဘဲ လွတ်လပ်ခွင့်ရသွားတယ်ဆိုတာ ..သူတို့က (၁၈)နှစ်ပြန့်တာနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ကြတာမို့ သူတို့အခွင့်အရေးကိုတောင်းတာ ..မင်းက အခွင့်အရေးတောင်းရအောင် ကိုယ့်ဘာသာရပ်တည်နိုင်ပြီလား ... မင်းအဝတ်အစားတွေကိုတောင်မင်းဘာသာ မှန်မှန်လျှော်လို့လား ပြောစမ်းပါအုံး ..အခွင့်အရေးဆိုတာ ဘာလဲသိလား ....အလုပ်ကိုကူချိန်တန် ကူရတယ် ....မအေအလုပ်များနေရင် ကူညီပေးရတယ်...စားစရာရှိရင် ပျော်ပျော်ကြီးစား ...အိပ်စရာရှိရင်အိပ်ပြီး ... လည်တဲ့ပတ်တဲ့အခါ နေကုန်နေခန်း ညအိပ်ညနေ တောင်လည်ပတ်တတ်ရင် ... မိ ဘကို ကူစရာရှိရင်လဲကူရတယ်ဟဲ့ ... လောကမှာ အယူပဲရှိပြီး အပေးမရှိလို့မရဘူး .....

#ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၁ဝ) akyiphyu ******** "ဟဲ့ ...ဘာဖြစ်လာတာလဲ ..သော့ဖွင့်တာလဲကြမ်းလိုက်တာ " မညိုရဲ့ အမေးကြောင့် မြရွက်ဝါ နှုတ်ခမ်းလေးကိုမဲ့ပြလိုက်မိတယ်။ "ထူးထူးဆန်းဆန်းကြုံလာခဲ့လို့ပါဟယ်....ကြီးကြီးလေဘာပြောလဲသိလား " " အင်း ....ဘာပြောလို့လဲ " " အမယ်လေး ..ဟင်းယူသွားအုံးတဲ့ .... သမီးညီမပန်းနုက ဟင်းတွေ ပိုချပေးထားတယ်တဲ့လေ... ပန်းနုနဲ့ငါ တစ်လပဲကွာတာကိုများ " " ဟင် ..ဘယ်လို ... ထူးခန်းလှချည်လားဟဲ့ ... ဟင်းတွေဘာတွေပေးတယ်ဆိုတော့...ဘာများဖြစ်လို့လဲ ..ထီများပေါက်လို့လား " မြခွါညိုကလဲ အံ့သြတကြီးနဲ့ မေးလိုက်တယ်။ "ထီပေါက်တာထက်ပိုတဲ့ ..ရွှေ ငန်းကြီးပိုက်မိထားလို့နေမှာပေါ့ မညိုရယ် ..သူ့ရွှေငန်းကြီးကို မြရွက်က ဝင်တိုက်လိုက်မိတော့ ....ပိုင်ရှင်ရှိကြောင်းပြချင်တာ ထင်ပါတယ် " "ဟဲ့ ...ဘာရွှေငန်းလဲ " " ဟန်လင်းသန့်ဆိုတဲ့ ရွှေငန်းလေ ....ခုပဲ သူတို့အိမ်မှာရောက်နေတယ် " " ဟယ် ....ဟုတ်လား ..ငါမြင်ဖူးချင်လိုက်တာ....ဝရန်တာကနေ စောင့်ကြည့်လိုက်အုံးမယ်.." မညိုကပြောပြောဆိုဆိုနဲ့ ဝရန်တာဆီကို ထွက်သွားခဲ့တယ်။ ~~~~~~~ " ဒေါက်..ဒေါက် " အိမ်တံခါးခေါက်သံကြောင့် မြရွက်ဝါပြေးဖွင့်လိုက်တော့ တံခါးဝမှာ ကြီးကြီးကိုတွေ့လိုက်ရတယ်။ " ကြီးကြီး..." " ဟင်းယူသွားဆိုတာကို ဘာလို့ယူမသွားတာလဲ..အခုတော့ ငါလူကြီးကိုယ်တိုင်တက်လာရပြီလေ....ခွါညိုရောဘယ်မှာလဲ " ကြီးကြီးကမောဟိုက်သံနဲ့ပြောရင်းမေးတယ်။ကြီးကြီးရဲ့အသံကိုကြားတော့ မညိုကပြေးထွက်လာတယ်။တကယ်တော့မညိုက ခုနကမှဝရန်တာကနေဝင်လာတာလေ။ " ဟုတ်ကဲ့ ကြီးကြီး......ဘာခိုင်းချင်လို့လဲ " " အိုအေ ဘာမှမခိုင်းပါဘူး.....ဒီမှာ ဟင်းပေးတာကို ...မကြီးကျယ်က ယူမသွားလို့ ကျုပ်ကိုယ်တိုင်လာပို့ရတာပေါ့ .....ဒါနဲ့ ညည်းတိုညီမရဲ့ဧည့်ကိုမြင်လိုက်ကြတယ်မဟုတ်လား.....သူကနာမည်ကြီးတဲ့.......ညည်းတို့ညီမအပျိုကြီးတော့ မကြာခင်စွံတော့မယ်ထင်တယ်.....ရွက်ဝါရောဘယ့်နှယ့်လဲ......ဘယ်တော့သတင်းကောင်းကြားရမလဲ " အိမ်-ထောင်ပြုတာများ သတင်းကောင်းတဲ့။သူ့အိမ်ကိုယ့်အိမ်မှာ အိမ်ထောင်ကွဲတွေရှိနေတာကိုပဲ ဂုဏ်ယူနေသေးတယ်လေ။ " ဪ ... ဟုတ်လား ကြီးကြီး ....ဒါဆို မြရွက်တို့လက်ဖွဲ့စုထားရမှာပေါ့လေ " " စုထားကြပေါ့အေ ....စုထားတာပိုကောင်းတယ် ....ညည်းလဲ ဒီတိုင်းမနေနဲ့ ..အိမ်ထောင်ပြုမယ်ဆိုရင် ဒီထက်အသက်မကြီးခင် အိမ်ထောင်ပြုရအောင် ပြုပြုပြင်ပြင်နဲ့နေ ....တော်ကြာမှ ရရှာလွယ်ရာ အိမ်ထောင်ရှိတဲ့သူတွေနဲ့ ဖြစ်မှာစိုးလို့ပြောတာ " "ရှင်... " ကြီးကြီးစကားကို ကြားလိုက်တော့ မြရွက်ဝါအံ့သြသွားသလို စိတ်လဲတိုသွားမိတယ်။ ဘယ့်နှယ့်လူကို ဘာအဓိပ္ပါယ်နဲ့လာပြောနေမှန်းကို မသိဘူး။ သူစိမ်းတွေသာဆိုရင် စိတ်ထဲရှိတဲ့အတိုင်း ပြောပြီး ရန်တွေ့ပစ်လိုက်ချင်တာ။ "ဟုတ်ကဲ့ပါ ကြီးကြီး......မြရွက်က အိမ်ထောင်ပြုဖို့အစီအစဉ် လဲမရှိပါဘူး ..စိတ်မပူပါနဲ့....ပန်းနုရဲ့သတို့သားလောင်းကိုသာစိတ်ပူပါ " "ဟဲ့ ..ဟိုကလူပျိုပါဟဲ့ ... တိုင်း သိပြည်သိပါ .." " ဟုတ်ကဲ့ပါ ....မြရွက်လဲ ဖေ့ဘုတ်မှာ ဖတ်လိုက်မိပါတယ်...၀င်ငွေလဲကောင်းရုပ်လဲ ချောတဲ့ယောက်ျားတစ်ယောက်က ဒီအချိန်ထိအိမ်ထောင်မပြုသေးတော့...ဘာဘာညာညာတွေဖြစ်နေမှာစိုးလို့ပါ " " ဘာ....ဘာတုန်းဘာဘာညာညာက " "ရှမယ်လို့ပြောတာပါကြီး ... ရှတယ်ဆိုတာဘာလဲမသိရင်... ဖူးဖူးကိုပဲ မေးလိုက်ပါ " "ဟဲ့ ..ငါသိတယ် ရှတယ်ဆိုတာကို ..ဘာမဟုတ်တာတွေလာပြောနေတာလဲ " မြရွက်ဝါပြောပြီးတော့ အိမ်ထဲပြန်ဝင်လာလိုက်တယ်။ကြီးကြီးရဲ့ မကျေမနပ်ပြောသံကိုကြားပေမဲ့ မကြားချင်ယောင်ဆောင်နေလိုက်တယ်။ ~~~~~~ "ဦးမင်းနိုင် ကားမတော်မဆ ဖြစ်ပြီးကတည်း ...သူတို့မိသားစုစီးပွားအတော်ကျသွားတာ ...လူရိုသေရှင်ရိုသေဟန်ပဲ ရှိတာကြာပေါ့ ... သမီးတစ်ယောက်ရှိတာလဲ ...ဆိုးလိုက်တာဗျာ ...မိဘရှိတာတွေထိုင်ဖြုန်းနေတာ ....အသက်အစိတ်လောက်ရှိမယ် ... လွန်ခဲ့တဲ့နှစ်က အိမ်ထောင်ကျသွားသေးတယ် ... မကြာပါဘူး ပြန်ကွဲတာပဲ ...အခုတော့ နောက်ဆုံးလက်ကျန် အိမ်နဲ့ ခြံကိုရောင်းပြီး .. နယ်ဘက်ပြောင်းမယ်ဆိုလား " လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ကိုမြင့်မောင်ပြောနေတာတွေကို နားထောင်ပြီးတော့ ဟန်လင်းသန့် ပြုံးနေမိတယ်။ " အိမ်နဲ့ခြံက နောက်ဆုံးဘယ်ဈေးနဲ့ရမလဲ ..အတိအကျသိချင်တယ် ကိုမြင့်မောင် " " ဘာလဲ ....ကိုလင်းစိတ်ဝင်စားလို့လား...နေဖို့လား...ဝယ်ရောင်းလား " " ဟုတ်ကဲ့ ...ကျွန်တော် စိတ်ဝင်စားတယ် ... ဒါပေမဲ့နေဖို့မဟုတ်ပါဘူး...အချိန်နည်းနည်းအောင်းပြီး ပြန်ရောင်းဖို့လေ " "အိုကေလေ ... အဆင်ပြေအောင် ကျွန်တော်ညှိပေးမယ် " " အိုကေ ..အိုကေ ...အဆင်ပြေရင် အကြောင်းကြားလိုက်ပါ ကိုမြင့်မောင် " " ကဲ ..ဒါဆို ပြန်ပြီဗျာ " ပွဲစားကိုမြင့်မောင်ပြန်သွားတော့ ဟန်လင်းသန့်နေရာကထပြီး ပြတင်းပေါက်မှာ သွားရပ်လိုက်တယ်။ပြတင်းပေါက်ကတဆင့် လှမ်းမြင့်ရတဲ့မြင်ကွင်းက ရန်ကုန်မြို့ရဲ့ အလှပဆုံးရှုခင်းနေရာဖြစ်တယ်။ ~~~~~~~ ''ချစ် ဘာလုပ်နေလဲ ... "

မညိုပြောရင်လဲပြောချင်စရာ။တစ်နေ့လုံးလိုလို ဖုန်းပဲပြောနေတာ ။တစ်ခါတလေများ မောင်မောင်တို့ စိတ်ကောင်းဝင်ပြီး သူ့အမေ့ကို အလုပ်လေးဘာလေး ဝိုင်းကူလုပ်ပေးနေပြီဆိုရင် ကောင်မလေးက ဖုန်းဆက်ပြီ။ ဒီခေတ်ကလဲ ခက်တော့ခက်သား။မြရွက်ဝါတို့လို သုံးဆယ်ကျော်အရွယ်တွေဆိုရင် အိုကြီးအိုမတွေလို့သက်မှတ်ပြီးဆက်ဆံနေကြတာလေ။ အသက်အစိတ်လောက်မှ အိမ်ထောင်မပြုရင်ဘဲ အရွယ် ဟိုင်းပြီလို့အပြောခံနေရတာ။လူကြီးသူမတွေကအစ ဒီလိုပြောနေတော့ ဒီခေတ်မှာကလေးတွေကအစ အိမ်ထောင်သားမွေးကိစ္စတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ စမ်းသပ်ချင်နေကြပြီလေ။ '' ဘုတ် " " အမေ့ ...ဗုဒ္ဓေါ " မြရွက်ဝါကိုယ့်အတွေးနဲ့ကိုယ်တွေးပြီး လျှောက်လာခဲ့တာ ခြံရှေ့ကလာနေတဲ့သူကို မမြင်ဘဲဝင်တိုက်လိုက်မိတယ်။ '' အို...ကန်တော့ ..ကန်တော့ မတော်လို့ပါ " ဝင်တိုက်မိတဲ့သူကို မော့ကြည့်လိုက်ပြီး မြရွက်ဝါတောင်းပန်စကားပြောလိုက်မိတယ်။မော့အကြည့်မှာ တွေ့မြင်လိုက်ရတဲ့လူပုံစံကြောင့်မြရွက်ဝါနည်းနည်းတော့ရှိန်သွားမိတယ်။ရှပ်အင်္ကျီဖြူနဲ့ပုဆိုးအပြာကွက်ကိုဝတ်ထားတဲ့သူ့ပုံစံက မြင်လိုက်တာနဲ့နှစ်ခါပြန်ကြည့်ရမဲ့ပုံစံမျိုးပဲ။မြင့်မားတဲ့ သူ့အရပ်ကြီးအောက်မှာ မြရွက်ဝါမှာပုတုတုကွတတဖြစ်သွားသလို ထင်လိုက်မိတယ်။ ပြီးတော့ သု့ကိုမြင်လိုက်တာနဲ့ မြရွက်ဝါချက်ချင်းမှတ်မိလိုက်တယ်။ ဖူးဖူးလာပြတဲ့ပုံထဲကထက် အပြင်မှာပိုပြီးချောမော ကြည့်ကောင်းနေတာတော့အမှန်ပဲ။သူ့ကိုကြည့်ပြီး မြရွက်ဝါကိုယ့်ကိုယ်ကိုတောင် အားငယ်သွားမိတယ်။ " ဟဲ့..ဟဲ့..ဘယ်လိုဖြစ်ရတာလဲရွက်ဝါရယ် ..မကြီးမငယ်နဲ့ပျာယာခတ်နေရလား..ဧည့်သည်ကိုလဲဝင်တိုက်တယ်...လာပါ..မောင်ဟန်လင်းသန့်..သမီးအိမ်ထဲမှာရှိတယ်.." " ကိုလင်းရောက်လာပြီလား ..စောသားပဲ..အိမ်ထဲဝင်ပါအုံး " ကြီးကြီးရဲ့စကားမဆုံးခင်မှာပဲ အိမ်ထဲကနေထွက်လာတဲ့ ပန်းနုထွေးရဲ့အသံကိုကြားလိုက်ရတာမို့ မြရွက်ဝါခေါင်းလေးငုံ့ပြီးအသာရှောင်ထွက်လာခဲ့လိုက်တယ်။ခြံရှေ့ကိုကျော်ပြီးတော့ နောက်ကိုမသိမသာလှည့်ကြည့်လိုက်မိချိန်မှာ မျက်လုံးပြူးကြီးတွေနဲ့စိုက်ကြည့်နေတဲ့ ကြီးတော်ကြိးကိုတွေ့လိုက်ရတာမို့ မြရွက်ဝါပခုံးလေးတွန့်ပြီးခပ်သွက်သွက်လျှောက်လာခဲ့လိုက်တယ်။ကြည့်ရတာကြီးတော်ကြီးက မတော်ရသေးတဲ့သားမက်လောင်းကို တွန့်တိုနှမြောနေပုံရတယ်။သူသာတွန့်တိုနေတာ မြရွက်ဝါကဖြင့် အိမ်နေရင်းတီရှပ်အင်္ကျီပွပွ၊ဘောင်းဘီရှည်ပွပွ၊ ဆံပင်တွေကပွပွနဲ့ဆိုတော့ ဘာပုံစံကြီးဖြစ်နေမလဲ မသိဘူး။မြရွက်ဝါက လူကသာပုတာ အတ်အစားဖက်ရှင်ကျတော့ မင်းသမီးသက်မွန်မြင့်လို့ ဘောင်းဘီရှည်ပွပွနဲ့ တီရှပ်ပွပွတွေ ဝတ်ရတာသိပ်ကြိုက်တာ။ဒီလိုဝတ်ထားလိုက်ရင် ကိုယ့်ရဲ့ကိုယ်လုံးကိုလဲ ဘယ်သူမှမမြင်နိုင်တော့ဘူးပေါ့။မြရွက်ဝါက ကိုယ်ခန္ဓာကိုယ်ကို တခြားသူတွေက တဏှာရမ္မက်အကြည့်တွေနဲ့ ကြည့်မှာ သိပ်ကြောက်တာလေ။ အဲ့ဒါကြောင့်လဲ မြရွက်ဝါဘယ်သွားသွား ဒီလိုပုံစံနဲ့ပဲသွားတာများတယ်။တချို့က ဒါကို အပြစ်မြင်ပြီး အသက်ကြီးမှငယ်မူပြန်ပြီး ကိုးရိုးကားရားတွေဝတ်တယ်ဆိုပြီး ပြောဆိုနေကြသေးတာ။အဲ့ဒီပြောတဲ့သူတွေထဲမှာ မြရွက်ဝါတို့အဘွားနဲ့ကြီးတော်ကြီးကထိပ်ဆိုးကပါတယ်။သူတို့က ထဘီစကပ်နဲ့အင်္ကျီလက်ပြတ်အတိုအကပ်မျိုးဝတ်မှမြန်မာဆန်တယ်၊လိမ္မာယဉ်ကျေးတယ်လို့ယူဆထားကြတာလေ။ ~~~~~~~~~ " ရွက်ဝါတူမလေး ....ခဏလာပါအုံး." " ဟုတ်ကဲ့....ကြီးကြီး .. " ကြီးတော်ဖြစ်သူရဲ့ခေါ်သံကြောင့် မြရွက်ဝါလှမ်းကြည့်လိုက်ပြီး စတိုးဆိုင်ဆိုင်ထဲကို လျှောက်သွားလိုက်တယ်။ " ဟုတ်ကဲ့ ကြီးကြီး...ပြောလေ " " သမီးတို့ထမင်းမစားရသေးဘူးမဟုတ်လား..သမီးညီမပန်းနုက ..သမီးတို့အတွက်ဟင်းပိုချက်ထားတယ် ယူသွားလိုက်အုံး " " ရှင် " မကြားစဖူးကြားလိုက်ရတဲ့ စကားကြောင့် မြရွက်ဝါအံ့ဩသွားမိတယ်။ " နောက်ဖေးမှာသွားယူလိုက်နော် သမီး..." ကြီးတော်ကြီးဆီက ဟင်းရယ်လို့တစ်ခါမှမရဖူးတာမို့ မြရွက်ဝါအံ့ဩပြီးရင်းအံ့ဩနေမိတယ်။ဘာကြောင့်ဒီလိုပေးမှန်းမသိပေမဲ့ သူစိမ်းယောက်ျားတစ်ယောက်ရှေ့မှာဆိုတော့ စိတ်ထဲရှက်သလိုလိုဖြစ်သွားမိတယ်။မယူလို့လဲမကောင်း၊ယူချင်စိတ်ကလဲမရှိနဲ့စိတ်ညစ်သွားမိတယ်။ကြည့်ရတာ မတော်ရသေးတဲ့သမက်ရှေ့မှာမျက်နှာရချင်ပုံပါပဲ။သူခင်းတဲ့ဇာတ်လမ်းမှာ မြရွက်ဝါကဇာတ်ပို့ဇာတ်ရံပေါ့လေ။ဒါမှမဟုတ် မြရွက်ဝါကို တမင်သက်သက်သက်ဒေါက်ဖြုတ်လေသလား မသိတော့ပါဘူး။မြရွက်ဝါ အိမ်ထဲဝင်ရခက်ထွက်ရခက်ဖြစ်နေချိန်မှာ သူမကိုလှမ်းကြည့်လိုက်တဲ့ ကိုလူချောနဲ့အကြည့်ချင်းဆုံလိုက်ရတယ်။လှမ်းကြည့်နေတဲ့မျက်နှာက ပြုံးစစနဲ့မို့မြရွက်ဝါစိတ်တိုသွားမိပြီး အံကြိတ်ပြလိုက်မိတယ်။မသိရင်သူ့ရည်းစားဆီကပဲ မြရွက်ဝါတို့ကကပ်စားနေသလိုလို။မြရွက်ဝါမျက်စောင်းထိုးပြီးချာခနဲလှည့်ထွက်ခဲ့လိုက်တယ်။ပြီးတော့ပါးစပ်ကနေလဲ ခပ်ကျယ်ကျယ်ပြောပစ်ခဲ့လိုက်တယ်။ " မယူတော့ပါဘူးကြီးကြီးရယ်..ကျေးဇူးတင်ပါတယ်...တစ်ခါစယူလိုက်မိရင်...နောက်ထပ်နောက်ထပ်အကျင့်ပါမှာစိုးလို့ပါ " ပြောချင်တာကိုပြောပြီးတော့ မြရွက်ဝါလှည့်ထွက်လာခဲ့လိုက်တယ်။ရင်ထဲမှာတော့အစိုင်အခဲလေးတစ်ခုကပ်ပါလာခဲ့တယ်။ ===================================== အပိုင်း( ၁ဝ ) ဆက်ရန် A KYI PHYU #ဧကြည်ဖြူ အပိုင်း( ၁ ) Link

လက်ချိုးပြီးမရေနိုင်တော့ဘူး...သူတို့စာတွေကိုဖတ်ရတာ ...သမီးရည်စားတွေနဲ့စကားပြောနေကြတာနဲ့မတူဘူး ...အပျက်မနဲ့နှာဘူးကောင်ပြောနေကြသလိုပဲ " " သူ...သူတို့က တည်းခိုခန်ုတောင်သွားပြီးပြီဟုတ်လား...နေပါအုံး..မောင်မောင်ကဘယ်ကပိုက်ဆံရလို့လဲ..သူ့ကိုတစ်နေ့မှမုန့်ဖိုးတစ်ထောင်ပဲပေးတာလေ...အဘွားကလဲမုန့်ဖိုးတော့ များများမပေးဘူးမဟုတ်လား " မြရွက်ဝါနားမလည်နိုင်ဘဲမေးလိုက်မိတယ်။တူဖြစ်သူကို သူ့အမေမြခွါညိုက တစ်နေ့မုန့်ဖိုးတစ်ထောင်ပဲပေးတာ။အဘွားကလဲ သူ့မြစ်ကလေးစားချင်တာ လိုချင်တာရှိရင် အတူနေသမီးကြီးမိသားစုမသိအောင် ဝယ်ပေးတတ်ပေမဲ့ မုန့်ဖိုးပေးရင်တစ်ထောင်နှစ်ထောင်ထက်ပိုပေးလေ့မရှိဘူး။ မြရွက်ဝါလဲ တစ်ခါပေးမှသုံးထောင်ထက်ပိုပြီးပေးလေ့ မရှိဘူး။ပြီးတော့တူဖြစ်သူ မောင်မောင်ကလဲ အသက် (၁၈)နှစ်ထဲရောက်လာပေမဲ့ ကလေးတွေလိုပဲ မုန့်သိပ်စားတာ။လူကြီးတွေပေးသမျှပိုက်ဆံအကုန် မုန့်ဝယ်စားပစ်တဲ့သူမျိုးလေ။ သူလိုချင်တာတစ်ခုခုရှိရင် အိမ်ကအကုန်ဝယ်ပေးရတာ။ဆယ်တန်းနှစ်ခါ ကျပြီးကတည်းက ကျောင်းမတက်တော့ဘဲ ဘာသာစကား သင်တန်းတစ်ခုမဟုတ်တစ်ခုသွားတက်နေတတ်တယ်။အိမ်မှာတော့ ဘာစာမှမလေ့လာပါဘူး။မိုးလင်းမိုးချုပ်တစ်နေကုန်ဖုန်းတစ်လုံးနဲ့ ဂိမ်းဆော့လိုက် ဖုန်းပြောလိုက်နဲ့ပဲ အချိန်ကုန်နေတာ။မအေနဲ့ အဒေါ် ဈေးရောင်းပစ္စည်းတွေထုပ်ပိုးပြီး အလုပ်တွေရှုပ်နေတာမြင်လဲ ကူရမှန်းမသိဘူး။အချိန်တန်ထမင်းထစားလိုက် အပေါင်းအသင်းတွေနဲ့ အပြင်ထွက်လည်လိုက်နဲ့ ဘာအလုပ်မှကို မလုပ်တာ။ သူ့ကိုကြည့်ပြီး မြရွက်ဝါသိပ်စိတ်တိုတာ။ သူ့အမေကတော့ သူ့သားကို သိပ်ပြီးထိန်းချုပ်ရင် မကောင်းဘူးဆိုပြီး အလိုလိုက်အလျော့ပေးပါတယ်။အလိုလိုက်အလျော့ပေးတဲ့ကြားက တစ်ခါတလေ သူ့ကိုချုပ်ချယ်ပါတယ်ဆိုပြီး ထပြီးအော်သေးတာ။ အစားနဲ့ အဆော့ရယ် အအိပ်ပဲမက်တဲ့ဒီကောင်လေးက အခုတော့လူကြီး ဇာတ်ကို ကနေပြီတဲ့လေ။ "သူရတဲ့ မုန့်ဖိုးနဲ့ ....ဘယ်လို တည်းခိုခန်းသွားလဲ...တည်းခိုခန်းခတွေက ဘယ်လောက်တဲ့လဲ ..." "ဟဲ့ ..တည်းခိုခန်းခကို ငါက ဘယ်လိုသိမလဲဟဲ့ ... ဟိုဘက်က ဟာမကအကုန်ခံတာ ...နင့်တူအတွက် လမ်းစရိတ်ပါလွှဲပဲ သေးတယ် " " ဟင် ..ဟုတ်လား ...ကောင်မလေးလဲမလွယ်ပါလား မညို " " အဲ့ဒါ မလွယ်တာမဟုတ်ဘူး...လွယ်တာမှအညှာလွယ်တာ ....ကောင်မလေးပြောပုံဆိုပုံက နင့်တူတစ်ယောက်တည်းတောင်ကရဲ့လားမသိဘူး ...." အစ်မဖြစ်သူရဲ့ စကားကြောင့် မြရွက်ဝါသက်ပြင်းချလိုက်မိတယ်။ ဒီခေတ်လူတချို့က ( my body my choice ) ဆိုပြီး ဘယ့်သူ့ကိုမှဂရုမစိုက်ကြတော့တာလေ။ရည်းစားဖြစ်သူနဲ့အတူအိပ်ချင်လဲအိပ်မယ်။ကလပ်တွေ ဘားတွေမှာတစ်ညတာတွေ့တဲ့သူနဲ့လဲ အိပ်ချင် အိပ်လိုက်ကြတာပဲ။ ပြီးတော့ သူငယ်ချင်းတွေပါလို့ ပြောပြီး လဲ အတူအိပ်ချင်အိပ်နေကြတဲ့ ခေတ်လေ။ပြောရရင် တိရစ္ဆာန်တွေလိုပဲ သစ္စာတရားနဲ့မေတ္တာတရားကို နားလည်တန်ဖိုးထားရမှန်းမသိကြဘဲ ကြုံရာနဲ့အိ<ပ်ဖို့ပဲ တွေးနေကြတာလေ။ " စိတ်ဆင်းရဲခံမနေပါနဲ့ မညိုရယ်.... ယောက်ျားလေးပဲဟာ " " အိုယောက်ျားလေးဆိုတိုင်း လွှတ်ထားရမှာလား ... ရည်းစားထားတာက ကြိုက်သလိုထားစမ်းပါအေ...ဒီလိုတဏှာကိစ္စတွေကိုတော့ မရဘူး...ငါက သူ့ကို ယောက်ျားကောင်းဖြစ်စေချင်တာ.....အလကားရတိုင်းလိုချင်နေရင် ..သူလဲအပေါစား ယော<ကျာ်းဖြစ်သွားတာ သိရဲ့လား...ယော<က်ျားလေးမို့ ဒီလိုကိစ္စမှာ နေချင်သလိုနေခွင့်မရှိဘူး...နင်ဆိုရင်ရော ....အဲ့ဒီလို ယောက်ျားမျိုးကို အထင်ကြီးမလားပြော " " မသိတော့ပါဘူး မညိုရယ် ... အခုခေတ်က တိရစ္ဆာန်တွေလိုပဲ ကြုံရာလူနဲ့အိပ်နေကြတဲ့သူတွေပေါလွန်းလို့ ... မြရွက်တော့ အိမ်ထောင်မပြုတော့ဘူး.....အဲ့ဒီလိုမျိုးတွေကိုလဲ စိတ်ရှုပ်လို့ဘယ့်သူကိုမှလဲ ဘာမှမပြောချင်ဘူး ...လူဆိုတာ ကိုယ်ဖြစ်ကိုယ်ခံပဲ ....မြရွက်ဈေးသွားဝယ်အုံးမယ် .." မြရွက်ဝါပြောပြီးတာနဲ့ အိမ်သော့ကိုယူပြီး ထွက်ခဲ့လိုက်တယ်။တကယ်ဆို တူဖြစ်သူနဲ့ပတ်သက်ပြီး အမြင်မတော်တာတွေ မပြောချင်တာတွေများနေပေမဲ့ မြရွက်ဝါမပြောဖြစ်ပါဘူး။ သူ့အမေပြောရင်တောင် ကလန်ကဆန် ပြန်ပြောတတ်တဲ့တူဖြစ်သူကို မြရွက်ဝါဆူတာပြောတာလဲ မလုပ်ဘူး။မုန့်ဖိုးပေးစရာရှိရင် ပေးလိုက်ပြီး ခပ်မှန်မှန်ပဲနေလိုက်တယ်။ပြောရဆိုရအောင်လဲ သူကမြရွက်ဝါ လက်ပေါ်ကြီးပြင်းလာတဲ့ သူမဟုတ်ဘူးလေ။ သူ့ဖအေနဲ့ သူ့မအေကွာရှင်းပြီးမှ မြရွက်ဝါတို့အိမ်မှာလာတာနေ။အရင်ပြောင်းလာကာစ (၁၆)နှစ်အရွယ်တုန်းကတော့ ရည်းစားလဲမထားသေးတော့ ပြောလို့ဆိုလို့ရသေးတယ်။နောက်တော့ မကြာပါဘူး ဂိမ်းဆော့ရင်း ရည်းစားရသွားတော့ ပြောမနိုင်ဆိုမနိုင်ဖြစ်လာတာပဲ။အစတုန်းကတော့ အိမ်ကလူတွေမသိအောင် နေတယ် ။နောက်တော့ လူကြီးတွေရှေ့လဲမရှောင် ဖုန်းတွေပြောနေကြတော့တာ။ ဟိုဘက်က ကောင်မလေးကလဲ မောင်မောင့်ထက်သုံးနှစ်ကြီးတယ်လို့သိရတယ်။ ဒါပေမဲ့ အချိန်ပြည့်လိုင်းပေါ်မှာ ဂိမ်းဆော့နေကြပြီး ဆော့လို့ပြီးရင် ဖုန်းပြောကြတယ်။မောင်မောင့်ကို မြရွက်ဝါတို့ညီအစ်မ ဘာမှကိုခိုင်းချိန်မရဘူး။ ဟိုဘက်က အသက်နှစ်ဆယ်ကျော်ပြီဖြစ်တဲ့ ကောင်မလေးလဲအချိန်ပြည့်နီးပါး ဂိမ်းဆော့ဖုန်းပြောနေတာကို မြရွက်ဝါအံ့ဩနေမိတာ။တကယ်ဆိုရင် သူတို့တွေသာ တကယ်ချစ်ကြတာဆိုရင် အနာဂတ်အတွက် ပညာသင်ကြမလား၊ ငွေရှာကြမလား တိုင်ပင်ဆွေးနွေးကြရမှာမဟုတ်ဘူးလား။ အခုတော့ ကောင်မလေးကလဲ

#ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၉) akyiphyu ******** ဟန်လင်းသန့်ရဲ့စိတ်တွေ အတိတ်ကိုသတိရသွားခဲ့မိပြီး နှုတ်ခမ်းကို တွန့်ကွေးကာ မဲ့ ပြုံးပြုံးလိုက်မိတယ်။အသက်ဆယ်နှစ်ကျော်ကတည်းက သူ့ဘဝကို သူကိုယ်တိုင်ရုန်းကန်တည်ဆောက်လာခဲ့တာ အခုဆိုရင် သူ့အသက်သုံးဆယ့်ခြောက်နှစ်အရွယ်သို့တိုင်ရောက်လာခဲ့ပြီ။သူ့မှာစည်းစိမ်ဥစ္စတွေလဲ အတော်အသင့်ချမ်းသာပြည့်စုံနေခဲ့ပြီ။သူ့အတွက်သံယောဇဉ်တွယ်တာစရာလဲမရှိခဲ့သလို ဘယ်သူတစ်ဦးတစ်ယောက်ကိုမှလဲ ချစ်ခင်နှစ်သက်မိတာမျိုးတွေလဲမဖြစ်ခဲ့ဖူးဘူး။ဘဝကို ကိုယ်ပိုင်ကားတွေတစ်စီးပြီးတစ်စီးထည်လဲစီးရင်း ခရီးတွေထွက်ရင်းပျော်ပါးနေခဲ့တယ်။ပြီးတော့ သူတို့အပေါ် ရက်စက်ခဲ့တဲ့ လူသားတစ်ယောက်ဖြစ်တဲ့မိခင်ဖြစ်သူဒေါ်ခင်မေရီရဲ့ပြောင်းလဲမှုတွေကိုအေးအေးဆေးဆေးထိုင်ကြည့်ရင်းနဲ့ဘဝကိုကျေနပ်နေခဲ့တယ်။ ~~~~~~~ " မမညိုတို့ကလဲ အွန်းလိုင်းဈေးရောင်းနေကြပြီးတော့... ဒီလောက်ဖေ့ဘုတ်မှာ ဆယ်လီဖြစ်နေတဲ့ ဟန်လင်းသန့်ကိုတောင်မသိဘူးလား...သူ့အသက်ကမမပန်းနုတို့မမရွက်ဝါတို့နဲ့ရွယ်တူလောက်ပဲရှိမယ်...အယ်..ဒါပေမဲ့ရုပ်ရည်ကတော့တခြားစီပေါ့နော်.....သူကအသက်သာကြီးတာ..မင်းသားတွေတောင်သူလောက်မချောဘူး...ဘော်ဒီကလဲအမိုက်စားပဲမမခွါညိုရဲ့..အခုအဒီလူက မမပန်းနုနဲ့မိတ်ဆွေတွေဖြစ်နေတာတဲ့သိလား.....အင်း ..မိတ်ဆွေဆိုတာ ထက်ဘာညာဘာညာတွေလဲ ဖြစ်ချင်ဖြစ်မှာပေါ့ " ဖူးဖူးက အလုပ်လာဝိုင်းကူလုပ်ပေးရင်းနဲ့သူကြားသိလာသမျှကိုဖောက်သည်လာချနေတာ။ဖူးဖူးဆိုတာက မြရွက်ဝါတို့အဖေရဲ့တူမ။မြရွက်ဝါတို့ အဒေါ်ရဲ့သမီးအငယ်ဆုံး။အဒေါ်ကသားသမီးနှစ်ယောက်မွေးထားတယ်။အကြီးကယောက်ျားလေး။ဖူးဖူးဝေခေါ်ဖူးဖူးကအငယ်။ပြီးတော့ဖူးဖူးက မြရွက်ဝါတို့မောင်နှမတစ်ဝမ်းကွဲအုပ်စုထဲမှာလဲအသက်အငယ်ဆုံးဖြစ်သလို မြရွက်ဝါတိုညီအစ်မနဲ့လဲအဆင်ပြေဆုံးတစ်ယောက်တည်းသောသူပေါ့။ကျန်တဲ့သူတွေက မြရွက်ဝါတို့ညီအစ်မနဲ့သိပ်ပြီးအစေးမကပ်ကြဘူး။အထူးသဖြင့် ကြီးကြီးတို့မိသားစုနဲ့မြရွက်ဝါတို့ ပိုပြီးအဆင်မပြေကြဘူး။ကြီးကြီးတို့မိသားစုမှာက သားသမီးသုံးယောက်ရှိတယ်။အကြီးဆုံးကယောက်ျားလေး။အငယ်နှစ်ယောက်ကမိန်းကလေးတွေ။ပြောရရင်ကြီးကြီးတို့က စီးပွားရေးအဆင်ပြေကြတော့ သားသမီးသုံးယောက်လုံးကို ဘွဲ့ရပညာတတ်တွေဖြစ်တဲ့ အထိကျောင်းထားနိုင်ခဲ့တယ်။ကြီးကြီးရဲ့သမီးနှစ်ယောက်ဖြစ်တဲ့ သဲနုဖွေးနဲ့ပန်းနုထွေးက မြရွက်ဝါတို့ညီအစ်မတွေနဲ့သက်တူရွယ်တူတွေပဲ။အကြီးမသဲနုဖွေးကလဲ မြခွါညိုလိုပဲ အိမ်ထောင်ကွဲနေတာ။သူ့မှာကသမီးတစ်ယောက်ရှိတယ်။အငယ်မပန်းနုထွေးကတော့ အခုချိန်ထိအိမ်ထောင်မကျသေးဘူး။သူအိမ်ထောင်မကျသေးတာက မြရွက်ဝါလို ရုပ်ဆိုးလို့တော့မဟုတ်ဘူး။အရွေးလွန်းနေလို့မရတာ။ပန်းနုထွေးတို့ညီအစ်မက မြခွါညိုလိုပဲ သိပ်လှတဲ့မိန်းမချောတွေပါပဲ။သေချာအောင်ပြောရမယ်ဆိုရင် အဘွားဒေါ်မြနှစ်ရဲ့မျိုးဆက်တွေထဲမှာ မချောမလှတဲ့သူဆိုလို့ မြရွက်ဝါတစ်ယောက်ပဲပါတယ်လို့ပြောရမလားပဲ။ဒါကြောင့်လဲ အလှကြိုက်တဲ့အဘွားကမြရွက်ဝါကို သိပ်ပြီးကြည့်မရတာပေါ့။အဝတ်အစားဆိုရင်လဲ မဝတ်တတ်မစားတတ်နဲ့မျက်နှာကိုလဲ အချိုးကျအောင်မပြင်တတ်တဲ့ မြရွက်ဝါက မလှပါဘူးဆိုမှ ပါဝါမျက်မှန်ကတပ်ထားရသေးတာလေ။ဒီလိုမပြင်တတ်မဆင်တတ်ဘူးဆိုတာကလဲ မြရွက်ဝါတို့ကဆင်းရဲတော့ငွေကိုချွေတာသုံးစွဲခဲ့ရတာမဟုတ်လား။ငယ်ငယ်ကတည်းကချွေတာတတ်တဲ့အကျင့်က အသက်ကြီးလာတဲ့အထိကိုပါလာခဲ့တာ။အခုချိန်မှာ အဘွားကျေးဇူးကြောင့် တိုက်ခန်းနဲ့နေနေရပေမဲ့တော်ကြာ အဘွားကစိတ်ပြောင်းသွားပြီးနှင်ချမှာလဲ တွေးရသေးတယ်မဟုတ်လား။အဲ့ဒီတော့ မြရွက်ဝါမှာ ကိုယ်တိုင်ငွေရှာနိုင်ပြီး ငွေကြေးချောင်လည်နေရင်တောင် ဘယ်ပစ္စည်းကိုမှ ဈေးကြီးပေးပြီးဝယ်မသုံးဘူး။အလှပြင်ပစ္စည်းဝယ်ဖို့အတွက်တော့ ပိုဝေးတာပေါ့။အစ်မဖြစ်သူမြခွါညိုရဲ့ မှန်တင်ခုံပေါ်က အလှပြင်ပစ္စည်းတွေကိုပဲ ငေးမောရင်တိတ်တိတ်လေးအားကျနေရတာပေါ့။မိန်းခလေးပဲ အသက်ဘယ်လောက်ပဲ ကြီးလာကြီးလာလှချင်စိတ်ရှိတာပေါ့။ပြီးတော့ဒီခေတ်ကြီးက လူတိုင်းလိုလိုအလှအပကိုဦးစားပေးလာကြတာမဟုတ်လား။ ~~~~~~~~ " မညို ဘာဖြစ်နေတာလဲ " ဈေးရောင်းတဲ့ပစွည်းတွေရှေ့မှာထိုင်ပြီး မျက်ရည်ကျနေတဲ့ အစ်မဖြစ်သူကို မြရွက်ဝါစိုးရိမ်ပြီးမေးလိုက်မိတယ်။ " နင့်တူ..နင့်တူအလိမ္မာတုံးကြီးလေ...သူ့ကောင်မနဲ့အတူအိပ်ကြတဲ့အဆင့်တောင်ရောက်နေကြပြီဟဲ့ " " ဟင်..ဟုတ်လား...မညိုကဘယ်လိုသိလဲ..သူပြောပြတာလား " မြရွက်ဝါလဲ အံ့ဩစိုးရိမ်ပြီးမေးလိုက်မိတယ်။ " ဪ..သူကတော့ပြောမလားဟဲ့..ဟိုတစ်ခါ သူ့ဖုန်းပျက်လို့ သွားပြင်ထားတုန်းက ...ငါ့ဖုန်းအဟောင်းကိုသူယူသုံးထားတာလေ..အဒါသူ့ဖေ့ဘုတ်တွေကိုပြန်မဖျက်သွားဘူးလေ ...ငါလဲညကမှဝင်ကြည့်မိတာ ...တစ်ယောက်နဲ့တစ်ယောက်စာတွေပို့ထားလိုက်ကြတာ..ပညာသင်ဖို့အကြောင်းမပါဘူး..အချစ်အကြောင်းမပါဘူး..အိပ်ရာပေါ်ကအကြောင်းတွေချည်းပဲ..အေး..ဒါပေမဲ့ နင့်တူကပြောတာနည်းနည်း...ဟိုဟာမကစပြောတာတွေချည်းပဲ..မောင်နဲ့ဘာဖြစ်ချင်တယ်..ဘာလုပ်ချင်တယ်ဆိုတဲ့အကြောင်းတွေပဲ ..အချန်ပြည့်ပြောနေကြတာ...သူတို့ပြောနေတာတွေကို ..ငါလိုအိမ်ထောင်သည်တောင်မဖတ်ရဲဘူး..သွားထားတဲ့တည်းခိုခန်းတွေကလဲ

ဧကြည်ဖြူ၏ ဝတ္ထုများ - Telegram 频道 @httpsmrqylfpmbti1ogu1 的统计与分析