uz
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

Kanalga Telegram’da o‘tish

Ko'proq ko'rsatish
803
Obunachilar
+424 soatlar
+167 kun
+4630 kun
Postlar arxiv
"ဟာ ... မဟုတ်ပါဘူးဗျာ ..ပေါက်ပေါက်ရှာရှာ ...သုံးစရာလေးရှိလို့ပါ .... ဒေါ်ရီ့သမီးကို ပြောပေးပါနော် " ဟန်သော်လင်း တောင်းကောင်းပန်ပန်နဲ့ ပြောလိုက်ပေမဲ့ အဘွားကတော့ ယုံကြည်ဟန် မတူဘဲ "မတောင်းပေးဘူး ....မင်းက အဖေတူသားဖြစ်ချင်နေတာလား....ငါတို့ကတော့ အဆိပ်ပင်ရေမလောင်းဘူး ..." ဒေါ်ရီက အသံကျယ်ကြီးနဲ့ အော်လိုက်တယ်။ "ဟာဗျာ ... မဟုတ်ပါဘူးဆို ဒေါ်ရီကလဲ ....ကျွန်တော် ဘာလောင်းကစားမှ မလုပ်ပါဘူး..ဘာဆေးမှလဲ မသုံးဘူး...အခုကတခြားကိစ္စအတွက် အရေးတကြီးလိုနေလို့ပါဗျာ " "ဘာကိစ္စလဲ ... မပေးဘူး ... ငါ့သမီးဆီကလဲ တောင်းမပေးနိုင်ဘူး ....ဟိုကောင်နှိပ်စက်ခဲ့လို့ ငါ့သမီးလေးခမျာ ငယ်ငယ်ရွယ်ရွယ်နဲ့ ငတ်ငတ်ပြတ်ပြတ်နေခဲ့ရတယ် ....ကံကောင်းလို့ လူကောင်းနဲ့ တွေ့ပြီး အေးချမ်းနေတဲ့ ဘ၀ကို ဖျက်ဆီးဖို့မကြိုးစားနဲ့ ... ပေးတာယူ ကျွေးတာစားပြီး အေးအေးဆေးဆေးနေ... မကျေနပ်ရင် ဒီမှာမနေနဲ့တော့ " ပိုက်ဆံလေးတစ်သိန်း တောင်းမိတာကို အိမ်ပေါ်က ပါနှင်ချနေတာမို့ ဟန်သော် လင်းစိတ်တိုတိုနဲ့ အခန်းရှိရာကို ပြန်လာခဲ့လိုက်တယ်။လူရယ်လို့သိတတ်စကတည်းက ပေးတာယူ ကျွေးတာစားပြီး သူနေလာခဲ့တာပဲ။ အခန်းထဲရောက်လာတဲ့ အထိ ဟန်သော်လင်းမကျေမနပ်တွေးနေမိတယ်။ အရေးထဲ ကောင်းကင်ကြီးတစ်ခုလုံး မိုးသားတွေ အပြည့်နဲ့ အုံ့ဆိုင်းလာတာမို့ စိတ်ထဲ နေမထိထိုင်မသာ ဖြစ်လာမိတယ်။ဒီပုံအတိုင်းသာဆို ညကျရင် သူတို့တွေ ဘယ်နေရာမှာ ဘယ်လိုများ အိပ်ကြလေမလဲ။အတွေးဝင်မိတာနဲ့ ချက်ချင်း ဟန်သော်လင်း အခန်းပြင်ကိုထွက်လိုက်ပြီး အဘွားရဲ့အရိပ်အခြည်ကို ကြည့်လိုက်တယ်။ပြီးတော့အပေါ်ထပ်ကို ခြေဖွနင်းပြီးတက်ခဲ့လိုက်တယ်။ ~~~~~~~ အပေါ်ထပ်ကို ရောက်တာနဲ့ အဒေါ် အကြီးတို့လင်မယားခန်းထဲကို ဝင်ခဲ့လိုက်ပြီး လိုချင်တာကို ရှာလိုက်တယ်။ ~~~~~ လိုချင်တာ အိတ်ထဲပါလာပြီမို့ ဟန်သော်လင်း အိမ်ထဲကဟန်မပျက် ထွက်လာခဲ့တယ်။ဟန်သော်လင်းရဲ့ ခြေဦးတည့်ရာ အရပ်က ........ ======================= အပိုင်း ( ၁၂ ) ဆက်ရန်. ဧကြည်ဖြူ "

" မသိသေးဘူးဗျာ ...ဘုရားဝင်းထဲသွားခိုးအိပ်မလားလို့ ...ဘုရားလူကြီးတွေ တွေ့ရင်တော့ မောင်းထုတ်မှာပဲ ..... ဘုရားရင်ပြင်ပေါ် မတက်ပါဘူး ဝင်းထဲ မိုးလုံတဲ့ နေရာရှာအိပ်ရမှာပေါ့ '" ငထွန်း အဖြေကို ကြားတော့ ဟန်သော်လင်း သက်ပြင်းချလိုက်မိတယ်။သူတို့ကို ဟန်သော်လင်းဘာလုပ်ပေးရမလဲမသိ။ခက်တာက ဟန်သော်လင်းမှာလဲ ပိုက်ဆံမရှိ။ပိုက်ဆံရှိရင်တော့ သူ့တို့ကိုလဲ အမှိုက်ပုံကြီးရဲ့ မလှမ်းမကမ်းက နေရာတွေမှာ တဲတစ်လုံးလောက် ဆောက်ပေးထားလိုက်ချင်တယ်။ "အေး ....အဲဒါဆိုလဲ အဲ့လို ခဏနေလိုက်ကြကွာ...ငါမင်းတို့ကို ဘယ်လိုကူညီရမလဲဆိုတာ စဉ်းစားလိုက်အုံးမယ်" အပြန်လမ်းတစ်လျှောက်လုံးမှာ ဟန်သော်လင်းရင်ထဲ စူးနင့်ပြီး အောင့်တောင့်တောင့်ကြီးခံစားနေရတယ်။ ~~~~~~ မနက်ခြောက်နာရီဆိုရင် ဈေးဆိုင်ကိုဖွင့်ပြီးညကိုးနာရီကျော်မှ ဆိုင်ပိတ်ရတော့ နေမခ အင်္ဂလိပ်စာလေ့လာဖို့အတွက် အချိန်ကသိပ်မရှိဘူး။ ညီမလေးကလဲ ကျောင်းတက်နေပြီဆိုတော့ နေမခကို ဆိုင်ကူစောင့်ပေးမယ့်သူက မရှိဘူးလေ။အမေ့ကိုတော့ ဆိုင်ထဲကမှာတကုပ်ကုပ်နဲ့ ရှိမနေစေချင်ဘူး။ပြီးတော့ နေမခက ကျောင်းပြန်မတက်ဘဲ အင်္ဂလိပ်စာကို အားကြိုးမာန်တက် သင်ယူနေတာကို အမေနဲ့ အဘွားကို မသိစေချင်ဘူး။နေမခမှာ ရည်မှန်းချက်တွေရှိတယ်။ဒီမှာနေပြီး ဒီဆိုင်လေးမှာလုပ်နေရင် အဆင်ပြေလှမှ နေနိုင်စားနိုင်ချောင်လည်ရုံပေါ့။ နေမခ ရည်မှန်းချက်က ဒီထက်မြင့်တယ်။ ကျန်းမာကာစမို့ပင်ပင်ပန်းပန်း မလုပ်နိုင်ပေမဲ့ လက်တွေပဲကြီးခွံတွန့်အောင် ရေခဲထုတ်တွေ ထုတ်နေရတဲ့ အမေ့ကို သနားတယ်။ပြီးတော့ အသက်ကြီးမှ စားချင်တာ မစားရ၊ လှူချင်တာ မလှူရ၊ သွားချင်တဲ့ခရီးကို မသွားနိုင်ရှာတဲ့ အဘွားကိုလဲ သနားတယ်။ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်သောကတွေ ခံစားခဲ့ရတဲ့ ညီမလေး သဲသဲကိုလဲ လိုတရ ပြည်စုံတဲ့ဘ၀မျိုး၊နေမခရဲ့ ညီမ ဆိုရင် လူတကာက အရေးပေးရတဲ့ ဘ၀မျိုးကို ရစေချင်မိတယ်။ပြောရမယ်ဆိုရင်အမေတို့အဘွားတို့ကို အိမ်ကောင်းကောင်းမှာ အလုပ်သမား အပြည့်အစုံနဲ့ ထားချင်တာ။ခြေမွေးမီးမလောင်လက်မွေးမီးမေလောင်ဆိုတဲ့ ဘ၀မျိုးပေါ့။လှူချင်တာလှူ။ စားချင်တာစား။ဘ၀ကို အပူအပင်မရှိ ဖြတ်သန်းစေချင်တာ။ဒါတွေ ဖြစ်လာဖို့ဆိုရင် နေမခ ကြိုးစားရမှာ။ဒီနိုင်ငံမှာ ကြိုးစားနေလို့တော့ ဘ၀က မျှော်မှန်းသလောက် ဖြစ်လာမှာမဟုတ်ဘူး။နောက်နှစ် သင်္ကြန်ပြီးရင် နေမခဆယ့်ရှစ်နှစ်ပြည့်ပြီ။ အဲ့ဒါဆိုရင် နိုင်ငံခြားမှာ အလုပ်ထွက်လုပ်လို့ရပြီ။အဘွားနဲ့အမေကတော့ ခွင့်ပြုမယ်မထင်ဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် နေမခကသွားဖို့ ဆုံးဖြတ်ပြီးသား။အမေ ဆေးရုံတက်တုန်းက ကူညီခဲ့တဲ့ အဘွားရဲ့ မိတ်တွေတွေနဲ့ နေမခက ပြောထားဆိုထားပြီးသား။ အဲ့ဒီအဘွားရဲ့သားနဲ့ သမီးမိသားစုက နိုင်ငံခြားမှာနေကြတာ။ နေမခ အသက်ဆယ့်ရှစ်နှစ်ပြည့်ရင် သွားဖို့လာဖို့ကူညီပေးမယ်လို့ ပြောပြီးသား။ အလုပ်လဲ အသင့်ရမယ်။ကုန်ကျစရိတ်အတွက် နေမခတို့မတတ်နိုင်လဲ သူတို့စိုက်ထုတ်ပေးထားမယ်တဲ့။အလုပ်လုပ်ပြီး လတိုင်းပြန်ဆပ်သွားရုံပဲ။နောက်ဆုံး စိုက်ပေးထားတဲ့ ငွေအတွက် အတိုးပေးရတယ် ထားအုံး နေမခကတော့ သွားဖို့ဆုံးဖြတ်ပြီးပြီ။ အဲ့ဒါကြောင့် ဒီတစ်နှစ်အတွင်းမှာ ဆိုင်ကိုရော အမေတို့ကိုပါ အခြေကျအောင် စီစဉ်ပေးခဲ့ချင်တာ။ နေမခ သွားရဖို့နီးရင် ဆိုင်အတွက် အရင်လိုပဲ အိမ်အရောက် ပို့ပေးတဲ့အရောင်းအဝယ်ကိုပြန်လုပ်ပေးခဲ့မှာ ။ ဒီကြားထဲ ရှာနိုင်သလောက်တော့ ကြိုးစားပြီးရှာရမှာပေါ့။ ~~~~~~~ ဟန်သော်လင်းတစ်နေကုန်အိမ်မှာကုပ်နေပြီး မလုပ်စဖူး အဘွားခိုင်းတာတွေကိုပါ လုပ်ပေးရင်းနဲ့ အဘွားစိတ်ကြည်မယ့် အချိန်ကို ချောင်းနခဲ့တာ။နေ့လယ်ခင်းအလုပ်တွေပြီးသွားတော့ အဘွားက အခန်းထဲဝင်သွားပြီး တရေးအိပ်နေတာမို့ ဟန်သော်လင်း အဘွားအခန်းနားမှာ မယောင်မလည်နဲ့ စောင့်နေလိုက်တယ်။ ~~~~ နစ်နာရီထိုးခါနီးတော့ အဘွား အခန်းထဲက ထွက်လာတာမို့ ဟန်သော်လင်း အဘွားနားကိုကပ်လိုက်ပြီး "ဒေါ်..ဒေါ်ရီ ....အဲ....မှားလို့ ....အ ...အမေ " အရေးထဲ အကျင့်ဖြစ်နေတဲ့ပါးစပ်က အမေလို့ ခေါ် မထွက်ဘဲ ဒေါ်ရီလို့ပဲ ထွက်သွားလို့ မနည်း ဘရိတ်ပြန် အုပ်လိုက်ပြီး ပြန်ပြင်ခေါ်လိုက်တယ်။ မခေါ်စဖူး "အမေ"လို့ သူခေါ်လိုက်လို့ အဘွားကလဲ အံ့ဩသွားပုံရတယ်။ မျက်လုံးပြူးကြီးတွေနဲ့ မော့ကြည့်လာပြီး "ဟဲ့ ထူးထူးဆန်းဆန်းဘာလဲ...." ဒီလိုမေးတော့လဲ ပြန်ဖြေဖို့အတွက် သူ့နှုတ်က တော်တော်နဲ့ မထွက်ပြန်ဘူး။ ခါတိုင်းလို တစ်ထောင်နှစ်ထောင်တောင်းမှာမျိုးမဟုတ်တော့ နှုတ်ကမရဲဘူးဖြစ်နေတယ် ။ မနည်းအားတင်းပြီး ပြန်ဖြေလိုက်ရတယ်။ "ဟို ... ဟို ... ဒေါ်ရီ.သမီးဆီက ပိုက်ဆံနည်းနည်းလောက်တောင်းပေးပါလား...ကျွန်တော် အလုပ်လုပ်နိုင်တဲ့အချိန်ကျရင် ပြန်ဆပ်မယ်လို့ ပြောပေးနော် " "အောင်မယ် မင်းကများ ကြီးကြီးကျယ်ကျယ် ... ဘာပိုက်ဆံလဲ..." "ဟို ... ဟို ...မများပါဘူးဗျာ...တစ်သိန်းလောက်ပါပဲ.. တောင်းပေးပါနော် ..." "ဘာ...ဘာပြောတယ် ... တစ်သိန်းဟုတ်လား.....မင်း...မင်း ...ငယ်ငယ်ရွယ်ရွယ်နဲ့ လောင်ကစားလုပ်နေတာလား ...ဒါမှမဟုတ် ဆေးတွေ ဘာတွေများ သုံးနေတာလား ...."

စကားတွေက နားထောင်နေရင်း ပိုပြီးလွန်လာတယ်။ဒါက တစ်ခုခုကို မကျေနပ်ရင် ပြောတက်တဲ့အဘွားတို့ရဲ့ ဝသီပါပဲလို့ ဟန်သော်လင်း ဥပေက္ခာပြုထားခဲ့ပေမယ့် တစ်ခါတစ်ခါ အဘွားတို့ ပြောတဲ့ စကားတွေက ဟန်သော်လင်းရဲ့ ကိုယ်ထဲက သွေးတွေကို ပူနွေးလာစေတယ်။သူတို့ မစားချင်မှ စားရတဲ့ ဟန်သော်လင်းဘ၀။ အစားတစ်လုတ်စားတိုင်း အပြောအဆိုခံနေရတဲ့ဘ၀။ ဦးလေးမဝတ်ချင်တော့တဲ့ အင်္ကျီတွေကိုပဲ ဝတ်ရတဲ့ဘ၀။ ပိုက်ဆံလေး ငါးရာ တစ်ထောင်ရဖို့ကို နှစ်ပြားမတန်အောင် အဆူခံ အပြောခံပြီးမှ ရတာမျိုး။အိမ်မှာ သူ့ကို မြင်တာနဲ့ ဟုတ်တာတွေရော ၊မဟုတ်တာတွေ ဧရာပြောနေတော့ ဘယ်သူ့က အိမ်မှာ ကြာရှည်နေနိုင်မလဲ။အိပ်ရင် အိပ်ပြန်ပြီ။ စားရင်စား ပြန်ပြီး၊ သွားရင် သွားပြန်ပြီးနဲ့ ဘယ်အခါများ အပြောမခံရတဲ့နေ့ရှိဖူးလို့လဲ ။ဘွားအေ နဲ့ အဒေါ်တွေကြောင့် စိတ်ညစ်နေရလို့ အဓမ လာတဲ့အချိန်များ သာသာယာယာရှိပြီ ထင်ပြီးသွားမကပ်နဲ့။ အနားမရောက်သေးဘူး အော်ထုတ်တော့တာ။အမေ့ယောကျာ်း ဆိုတဲ့ လူကြီးပါလာရင် ပိုဆိုးတယ်။ဟန်သော်လင်း ဒိုးချင်ရာကို ဒိုး။နေချင်ရာမှာနေ။မျက်နှာမမြင်ရလေ ကောင်းလေဆိုတာမျိုး။ဒီလို ဘ၀ကြီးထဲမှာ သူက ဘာကို ကြိုးစားရမှာလဲ။ သူသွားရင် ပျော်နေကြပြီး၊ သူမသွားရင် မျှော်နေကြတဲ့ လမ်းဘေးကလူတွေနဲ့ နေရတာကမှ ပိုပြီးပျော်စရာကောင်းနေသေးတဲ့ဟာ ။ဟန်သော်လင်း အိပ်နေရာကနေ ဖျတ်ခနဲ ထလိုက်ပြီး ခုတင်ပေါ်ကဆင်းလိုက်တယ်။ပြီးတော့ တန်းမှာချိတ်ထားတဲ့ အင်္ကျီကို လှမ်းယူလိုက်ပြီး အပြင်ကို ထွက်ခဲ့လိုက်တယ်။ "ဟဲ့ ဒါက ဘယ်ကို အလေလိုက်အုံးမှာလဲ ..." အဘွားအသံက နောက်က ကပ်ပါလာတယ်။ဟန်သော်လင်း လှည့်မကြည့်မိတော့။ဒီမိသားစုမှာ သူလူလာဖြစ်ရတာက အဘွားတို့တွေလဲ စိတ်ဆင်းရဲရသလို၊ သူလဲ စိတ်ဒုက္ခများရပါတယ်။ ~~~~ "ဟေ့ သော်ကြီး ....ဘယ်လဲကွ " အသံကြားလို့ လှည့်ကြည့်လိုက်တော့ လက်ဖက်ရည်ဆိုင်ထဲကနေလှမ်းခေါ် နေတဲ့ ဇော်ခန့်ကို တွေ့လိုက်ရတယ်။ဇော်ခန့်ဆိုတာက သူနဲ့ သက်တူရွယ်တူပဲ ။ ဒီရပ်ကွက်ကိုရောက်ပြီး သိပ်မကြာခင်မှာပဲ သိခဲ့ကြတာ။ ဇော်ခန့်ကတော့ မိဘတွေလဲ ရှိတယ် ။မောင်နှမတွေ အများကြီးလဲ ရှိတယ်။ ဇော်ခန့်တို့ တစ်မိသားစုလုံး ကားဂိတ်မှာစျေးရောင်းကြတာ။ဇော်ခန့် နောက်လိုက်ရင်း သူလဲလမ်းဘေးကလေးတွေနဲ့ ရင်းနှီးခဲ့တာပေါ့။ရှင်းရှင်းပြောရရင် ကလေးတွေကို သူနဲ့ ဘ၀တူတွေမို့ ဟန်သော်လင်းက သနားမိတယ်။ဘာပဲပြောပြော သူ့ကမှ ပြန်စရာအိမ်၊စားစရာအိမ် ရှိသေးတယ်။ သူ့တို့လေးတွေမှာတော့ လမ်းဘေးမှာအိပ်၊ လမ်းဘေးမှာစားကြရတဲ့ ဘ၀တွေ။ဒီလိုတွေ တွေ့ရတော့ အမေနဲ့ အဘွားကို ဟန်သော်လင်း စိတ်ထဲကနေ ကျေးဇူးတင်မိပါတယ်။ ဒါပေမဲ့ ခက်တာက အဲ့ဒီစိတ်က အိမ်ပြန်မရောက်ခင် အထိပဲ ခံတာ။အိမ်ပြန်ရောက်လို့ အပြောခံ အဆူခံလိုက်ရရင် ကောင်းတဲ့စိတ်တွေ မှန်သမျှ ကြက်ပျောက်ငှက်ပျောက်ပျောက်ကုန်တာ။ "မင်း ဟိုသတင်းကြားပြီးပြီလားကွ." "ဘာသတင်း လဲဟ ...စာမေးပွဲကျလို့ ဆိုပြီးအိမ်ကဆူနေတာနဲ့ တစ်မနက်လုံးအိပ်နေတာကွ " ဆိုင်းမဆင့်ဗုံမဆင့် ထပြောလိုက်တဲ့ဇော်ခန့်ကို ဟန် သော်လင်း ပြန်မေးလိုက်မိတယ်။ "တံတားတွေအောက်မှာ လူတွေကို မနေခိုင်းတော့ဘူးတဲ့ဟ ....ဒီနေ့ကစပြီး မအိပ်ရတော့ဘူးတဲ့လေ ..လူကြီးတစ်ချို့ကတော့ အမှိုက်ပုံကြီးနားက မြေလွတ်တွေဘက်ကို ပြောင်းကြမယ်လို့ ပြောနေတယ် ... မိုးတွင်း ဆိုတော့ ဒုက္ခတော့များမယ်ဟ ...ဘာပဲဖြစ်ဖြစ် တံတားအောက်မှာက လေမလုံပေမဲ့ မိုးလုံတယ်လေ" ဇော်ခန့်ရဲ့စကားကို ကြားလိုက်ရတော့ ဟန်သော်လင်းရင်ထဲ ဒိန်းခနဲ ဆောင့် ခုန်သွားတယ်။ပြီးတော့ ထိုင်ရာက အမြန်ထလိုက်ပြီး ကားဂိတ်ဘက်ကိုပြေးထွက်ခဲ့လိုက်တယ်။ ~~~~ ဟန်သော်လင်း ကားဂိတ်ကိုရောက်သွားတော့ စျေးသည်တွေ အားလုံးမျက်နှာတွေ သိပ်မကောင်းကြဘူး။ဟန်သော်လင်း ငထွန်းတို့ အုပ်စုကို အရင်ရှာလိုက်တယ်။ တွေ့ပါပြီ။ ကားတစ်စီးပြီး တစ်စီးပေါ် အလုအယက်ဈေးတက်ရောင်းနေကြတဲ့ ဟန်သော်လင်းတို့အုပ်စု ။ အားလုံးပေါင်း ရှစ်ယောက် ကိုးယောက်လောက်တော့ ရှိမယ်။ အသက်တွေက ဆယ့်ငါးနှစ်က အကြီးဆုံး ။ သူတို့အားလုံး ကားဂိတ်မှာ ရေသန့်ဘူး၊ မြေပဲစားလှော်၊ အချဉ်ထုတ်၊.ကွမ်းယာ စသဖြင့်ရောင်းကြတယ်။ စျေးမရောင်းဘဲ ပလုံကောက်တဲ့သူတွေလဲရှိတယ်။သူတို့တွေ စျေးပဲ ရောင်းရောင်း၊ ပလုံပဲ ကောက်ကောက် ညနေကျရတော့ တံတားအောက်မှာစု အိပ်ကြတယ်။ တံတားကြီးက သူတို့အိမ်၊ သူတို့အိပ်ရာ။ သူတို့ဗိမာန်။ အခုအဲ့ဒီနေရာမှာ မနေရတော့ဘူးဆိုရင် သူတို့တွေ ဘယ်မှာများ သွားနေကြလေမလဲ ။အိမ်ကို ခေါ်သွားဖို့ဆိုတာကလဲ မဖြစ်နိုင်။ သူတောင် နေ့တိုင်းနှင်ချခံနေရတဲ့ဘ၀လေ။ သူတို့အားလုံး သူ့ကို တွေ့သွားကြတော့ သူ့အနားကို အပြေးရောက်လာကြတယ်။ "ကိုကြီး ..ငါတို့ကို တံတားအောက်မှာ မနေခိုင်းတော့ဘူးတဲ့ ..." သူ့အနားကို အပြေးရောက်လာတဲ့ မဲလုံးလေးက ငိုမဲ့မဲ့နဲ့ပြောတယ် ။ကျန်တဲ့သူတွေရဲ့ မျက်နှာတွေကလဲ မဲလုံးလေးလို ငိုမဲ့မဲ့လေးတွေ။ "အင်း...ငါလဲသတင်းကြားလို့ ရောက်လာတာ ....မင်းတို့ ဒီည ဘယ်မှာ အိပ်ကြမှာလဲ ... ငထွန်း " သူတို့အုပ်စုထဲမှာ အကြီးဆုံးဖြစ်တဲ့ငထွန်းကို ဟန်သော်လင်းမေးလိုက်တယ်။

ဧကြည်ဖြူ "သံယောဇဉ် ကမ်းပါး " "အပိုင်း ( ၁၁ ) ******* နေမခစျေးဝယ်ပြီးတော့ ညနေ သုံးနာရီပင်ထိုးတော့မယ်။အလှကုန်ပစ္စည်းနဲ့ ကလေးကစားစရာပစ္စည်းများပါ ၀ယ်လာတာမို့ လက်ထဲမှာ အထုတ်အပိုးတွေက အပြည့်။အနေအထားက ကားငှါးပြီး ပြန်ရမယ့်ပုံမျိုးပင်။ ကားငှါးရင်လဲ စရိတ်က နည်းမယ် မထင်။ရုံးဆင်းချိန်မရောက်သေးတာမို့လိုင်းကား တိုးစီးရင်တော့ ရလောက်အုံးမယ်ထင်ပါရဲ့။ နေမခ ကိုယ့်အတွေးနဲ့ကိုယ် အထုတ်တွေကို မနိုင်မနင်းဆွဲပြီး အနော်ရထာလမ်းဘက်ကို ထွက်ခဲ့လိုက်တယ်။ နေမခ ကားလမ်းကူးဖို့ ကားလမ်းဘေးမှာ စောင့်နေတုန်းမှာပဲ ရှေ့ကဖြတ်သွားတဲ့တက္ကစီကားတစ်စီးကို အမှတ်တမဲ့လှမ်းအကြည့်မှာ ကားထဲက ကားမောင်းသူကလဲ လှမ်းကြည့်တာမို့ နှစ်ယောက်သား အကြည့်ချင်းဆုံမိသွားကြတယ်။ "ဟင် " ကားပေါ်ကလူကိုမြင်လိုက်ရတော့နေမခမင်သက်မိသလိုဖြစ်သွားပြီးမှ အကြည့်ကိုချက်ချင်းလွှဲပစ်လိုက်တယ်။ကားပေါ်မှာ အဖေနဲ့သူ့နောက်မိန်းမလေ။ရယ်လို့မောလို့၊ ပျော်လို့ ရွှင်လို့ပေါ့။ နေမခကို လှမ်းကြည့်နေတဲ့ အဖေ့ရဲ့မျက်၀န်းတွေက ခဏလောက်တော့ အရောင်ပြောင်းသွားတယ်လို့ ထင်လိုက်ရပေမဲ့ သူ့နောက်မိန်းမနဲ့ အရယ်အမောပင်မပျက်။ နေမခလဲ အကြည့်ကိုလွှဲပြီး အဝေးကလာနေတဲ့ကားကို လှမ်းကြည်လိုက်တယ်။အဖေဆိုပေမဲ့ နေမခတို့မိသားစုဘဝကို ဖျက်ဆီးခဲ့တဲ့သူကို ခေါ်ချင် ပြောချင်စိတ်လဲမရှိပါ။ ဖြစ်နိုင်ရင် နောက်လဲထပ်မတွေ့ချင်ပါလေ။ ~~~~~~~ "အမယ်လေးဟဲ့ ဂုဏ်ထူးလေးတစ်ဘာသာ ပါတာများ အေ...ခိုးချထားလို့ရတာကိုတော့ အထင်ကို မကြီးဘူး ...ကိုယ် အရည်အချင်းနဲ့ အောင်တာကိုပဲ လိုချင်တာ..." ကြီးကြီးအေးရဲ့အသံက တစ်တိုက်လုံးမှာ ဟိန်းထွက်နေတယ်။ကြည်ပြာက သူ့အခန်းထဲမှာ အော်ကြီးဟစ်ကျယ်နဲ့ ငိုနေတယ်။အလင်းချိုမှာ အသံ ပင်မထွက်ရဲ။ကြည်ပြာ စားမေးပွဲကျပြီးအလင်းချိုအောင်တာက သူ့တို့အတွက်တော့ သတင်းဆိုးကြီးတစ်ခုဖြစ်သွားခဲ့တယ်။အလင်းချိုမှာ ဂုဏ်ထူးတစ်ခုပါလာပြီး စာမေးပွဲအောင်ပေမဲ့ ဝမ်းသာဟန် မပြရဲပါ။စာမေးပွဲအောင်တဲ့အကြောင်းကို အဖေ့ကို ပြောပြချင်ပေမဲ့ အဖေက သတိပင်ရဟန် မတူပါ။အလင်းချိုက အရဲစွန့်ပြီး အဖေ့ဆီကိုဖုန်းဆားပါရစေဟု အဘွားဆီမှာ ခွင့်တောင်းမိရာမှ အခုလို အော်ကြီးဟစ်ကျယ်တွေ ဖြစ်ကုန်တာပါပင်။ ကျူရှင်တွေတစ်ခုပြီးတစ်ခုတက်နေတဲ့ ကြည်ပြာက စာမေးပွဲ မအောင်တော့ ကျူရှင်တစ်ခုမှ မယူဘဲ စာပေးပွဲအောင်ခဲ့တဲ့ အလင်းချိုက ခိုးချလို့အောင် တာဟု အပြောခံရတော့တာပဲ။စာမေးပွဲ အောင်ခြင်း မအောင်ခြင်းအတွက် အဖေ့ကို ပြောပြချင်ရုံမှအပ အလင်းချိုမှာ စိတ်လှုပ်ရှားမှု မဖြစ်ပါ။စာမေးပွဲဖြေပြီး ကတည်းက ဖြေနိုင်လား ၊ မဖြေနိုင်လားဆိုတာ ကိုယ်သာ အသိဆုံးပဲဟာ။ အဖေ့ကို ပြောပြချင်တယ်ဆိုတာကလဲ အဖေက တစ်ချိန်လုံး အဘွားတို့ ပြောတာတွေကိုပဲယုံပြီး အလင်းချိုကို အထင်သေးသလိုဖြစ်နေတာကြောင့်ပင်။ "တော်လိုက်တာ ...အိမ်အလုပ်တွေလဲ ကူလုပ်နေရတာကို ဂုဏ်ထူးနဲ့အောင်တာပေါ့လေ ...." မိစန်းက အလင်းချိုကိုကြည့်ပြီး ခပ်တိုးတိုးပြောလိုက်တယ် ။ "မပြောပါနဲ့ ဒေါ် လေးစန်းရယ်... ကြားသွားလို့ ထပ်ပြီး အပြောခံနေရပါအုံးမယ် ." အလင်းချိုက ဒေါ်လေး စန်းကို ပြောပြီး ခြံထဲကို ဆင်းလာခဲ့လိုက်တယ်။ ဒီအချိန်မှာ သူတို့ မမြင်အောင်နေတာက ပိုကောင်းတယ်မဟုတ်လား။မဟုတ်ရင် ကျူရှင်တွေ တစ်ခုပြီးတစ်ခုလိုက်တက်နေတဲ့သူကပဲ "ဆယ်တန်းအောင် တာက ဘဝ မဟုတ်ဘူး...."ဘာညာပြောတာတွေကို ကြားနေရအုံးမှာ။အလင်းချိုကလဲ ဆယ်တန်းဆိုတာက ဘ၀ဘာဖြစ်တယ်။ညာဖြစ်တယ်ပြောနေတာမဟုတ်ပါဘူး ။ ကိုယ်ထမ်းဆောင်ရမဲ့ တာဝနံကို ကျေပွန်အောင်ပဲ ကြိုးစားခဲ့တာ။ သူတို့ပြောနေသလို ဟိုလူ့ထက်သာရမယ်။ ဒီလူ့ထက် သာရမယ်ဆိုတဲ့အတွေးလဲမရှိဘူး။ အဓိကက ကိုယ်ရှင်သန်ရာ ဘ၀မှာ အကောင်းဆုံးဖြစ်အောင် နေထိုင်သွားဖို့ပဲ ကြိုးစားနေတာ။ အဲ့ဒီအတွက် အလင်းချိုက အခြားသူရဲ့ အခွင့်အရေးတွေကို လိုက်လုနေတာမှ မဟုတ်တာ။ ~~~~~~~ "ဟန်သော်လင်း ဘယ်မှာလဲ ..တောင်းလိုက်တဲ့ ကျူရှင်ဖိုး...တောင်းလိုက်တဲ့ စာအုပ်ဖိုး ... ငါတို့မှာတော့ ပေးလိုက်ရတာ ...ခွေးဖြစ်မယ့်ကောင်ရဲ့....ရှေ့လျှောက်ဘာလုပ်စားမှာလဲ ပြော ...." ဒေါ်ရီက စိတ်တိုတိုနဲ့ အော်လိုက်တယ်။ ဆူညံနေတဲ့ အသံတွေကို မကြားရအောင် ဟန်သော် လင်းနားထဲကို နားကြပ်ထည့်ပြီး သီချင်းကို ဖွင့်လိုက်တယ်။ အစကတည်းကမှ မဖြေခဲ့တဲ့ စာမေးပွဲကဘယ်လိုလုပ် အောင်မှာလဲ။ဒါကို ဆူပူသောင်းကျန်နေလိုရော အောင်မှာတဲ့လား ။ "ပြောနေတာ ကြားလား ... အခုချိန်ထိမထသေးဘူးလား...ထစမ်း...အိမ်မှာ ဖြုန်း ဖို့ပဲ သိတဲ့ဟာ..ဖအေတူသား ....နင်က ငါတို့မိသားစုကို ဒုက္ခပေးဖို့သက်သက် မွေးလာတဲ့ကောင်ပဲ ...နင့်ကြောင့် ငါ့သမီးကြီးမှာ မိဘနဲ့ အတူနေချင်တာတောင် မနေရရှာဘူး ... နင်ဒီလောက် အကြောတင်းမှန်းသိရင် ငယ်ငယ်ကတည်းက နင့်အဖေဆီမှာထားခဲ့ ခိုင်းရမှာ...အဲ့ဒါမှ လူမွေးလူရောင် မပြောင်ဘဲ နေမှာ ...ခုတော့ ထမင်းဝအောင်စားနေရတော့ လူပါးဝနေတယ် "

အဲ့ဒါပဲ ။ အဲ့ဒီဟာမလေးကို နေမခ ကြည့်လို့မရတဲ့ အကြောင်းအရင်းက အဲ့ဒီမျက်နှာကြောင့်ပဲ။မိန်းခလေးတန်မဲ့ တည်တည်တံ့တံ့ ဖြေပါလား။ ဘာတဲ့ ပြီးတော့ ဆိုက်ကားခကို သုံးပစ်လိုက်လို့တဲ့လေ။ အဲ့ဒီတော့ လမ်းလျှောက်ပေါ့။ ဘယ်သူမှ မသနားဘူး။ငွေကို လိုအပ်တဲ့နေရာမှာ မသုံးဘဲ အလွယ်တကူသုံးပစ်လို့ကတော့ ဒီထက် ဒုက္ခရောက်အုံးမှာမှတ်။နည်းတောင်နည်းသေးတယ်လို့ နေမခစိတ်ထဲကနေ ပြောလိုက်မိတယ်။ အလင်းချို လက်ထဲကဆွဲခြင်းနဲ့ အထုတ်တွေကို မနိုင်မနင်းဆွဲရင်း ဆိုက်ကားဆရာ ဦးလေးကြီးရဲ့ အမေးကို ပြန်ဖြေလိုက်ပြီး လှည့်ထွက်လိုက်ချိန်မှာ စက်ဘီးနားမှာရပ်နေပြီး စူပုပ်တင်းမာနေတဲ့ မျက်နှာနဲ့ လှမ်းကြည့်နေတဲ့ သူ့ကို တွေ့လိုက်ရတယ်။အိမ်နီးနားချင်းတွေမို့ အလင်းချိုက ရယ်ပြလိုက်တာကို မျက်နှာကိုချာနဲလွှဲသွားတယ်။မာနကလဲကြီးလိုက်တာ၊အခြေကြီးတဲ့ မမဒါလီနဲ့လိုက်ပါပေ့။အလင်းချို ခြေလှမ်းတွေကို အားယူလှမ်းရင်း ဆက်လျှောက်ခဲ့တယ်။ဒီနေ့အတွက်ရတဲ့ ဆိုက်ကားခကို အပင်အားဆေးတွေ ဝယ်လိုက်မိတာမို့ ကိုယ့်ဒုက္ခနဲ့ ကိုယ် အလင်းချို လမ်းလျှောက်ရအုံးမှာပေါ့။ ====================== အပိုင်း (၁၁) ဆက်ရန် ဧကြည်ဖြူ

အဘွားဆီက ထွက်လာတဲ့ စကားတွေက နားထောင်နေရတဲ့ အလင်းချိုအတွက် ဖိနပ်တိုက်ပေးရတာထက် ဆယ်ဆပင်ပန်းတယ်လေ ။ပြီးရင် သူတို့တွေက မထင်ရင်မထင်သလို အလင်းချိုရဲ့ အပင်လေးတွေကိုလဲ ဖျက်ဆီးပြဖို့အတွက် မျက်စောင်း တရွယ်ရွယ်နဲ့ မဟုတ်လား။ "ဟဲ့ မိလင်း ... နင် ငါတို့ တစ်အိမ်ကျော်က မုန့်ဆိုင်မှာစျေး၀ယ်ဖူးလား " " ဟင် ...ဘာဖြစ်လို့လဲ မမဒါလီ .. ၀ယ်ဖူးပါတယ်" အလင်းချိုက ယေင်ဝါးဝါးနံ့ပြန်မေးလိုက်မိတယ်။ "အေး ..အဲ့ဒီဆိုင်မှာ ကောင်လေးချောချောတစ်ယောက် ရှိတာတွေ့လား " မမဒါလီရဲ့ စကားကြောင့် အလင်းချိုစိတ်ထဲ ပြုံးချင်စိတ်ဖြစ်သွားမိတယ်။အလင်းချိုကတော့ စူပုပ်နေတဲ့ မျက်နှာကိုပဲ ပြေးမြင်လိုက်မိတယ်။သူက ချောလား မချောလား မသိပေမဲ့ အလင်းချိုတွေ့လိုက်တိုင်းတော့စူပုပ်နေတာပဲလေ။ ''အဲ့ဒီ တစ်ယောက်က... သူတို့ဆိုင်ရှေ့က ငါဖြတ်သွားတိုင်းလိုက်ကြည့်နေတာဟဲ့ " မပဒါလီစိုးက ခပ်မြူးမြူးလေး ပြောတော့ အလင်းချိုခေါင်းကို ငြိမ့်ပြလိုက်မိတယ်။မမဒါလိက လှတော့ ဟုတ်ချင်လဲ ဟုတ်မှာပေါ့။ "ဟုတ်မှာပေါ့ မမဒါလီ ...မမဒါလီက လှတာကို " အလင်းချိုက အလိုက်သင့် ပြန်ဖြေလိုက်တယ်။ "အေး အဲ့ဒါကြောင့် ငါပြောမလို့ ... နင်က အမေတူသမီးဆိုတော့ ကောင်လေးကို သွားပြီး မမြူဆွယ်နဲ့နော်...ရုတ်ရုတ်သတင်းထွက်လို့ကတော့ နင် အသေပဲ ...အိမ်ကနေပါ မောင်းထုတ်ခိုင်းမှာ " မမဒါလီစကားကိုကြားတော့ အလင်းချိုပြုံးလိုက်မိတယ်။ငိုလို့မရ၊၊ မကျေနပ်တာကို ပြောပြလို့မရတဲ့ ဘဝမှာ အလင်းချိုပြုံးပဲ ပြုံးနေရမှာပေါ့။အလင်းချို တောင် ရေရေရာရာ မသိတဲ့ အမေ့အကြောင်းကို လူကြီးတွေရဲ့ စကားကို နားယောင်ပြီးတော့ သာလိုက် ပြောနေကြတာမဟုတ်လား။တကယ်က သူတို့ အမေ့ကို မြင်တောင်မမြင်ဖူးကြဘူးလေ။ ~~~~ နေမခက တစ်နေကုန်ဈေးရောင်းရတဲ့ငွေတွေကို အမျိုးအစားလိုက်ခွဲပြီးတော့ သေချာ ရေတွက်လိုက်တယ်။ဈေးက ရောင်းရပေမဲ့ အမြတ်က ထင်သလောက်မကျန်ဘူး ။အမြတ်ငွေနဲ့ နေမခတို့အိမ်ရဲ့ တစ်နေ့တာအသုံးစရိတ်နဲ့ က သိပ်ပြီး မကွာလှ။ ဒီလိုသာ ဆက်သွားနေရင် ကြာရင် ဈေးရင်းကိုပင် ထိလာနိုင်တယ်။ " မနက်ဖြန်ကစပြီး ပစ္စည်းတွေကို အိမ်အရောက် မမှာနဲ့တော့ ...သားကိုယ်တိုင်သွားဝယ်မယ်လေ" ခုံပေါ်မှာထိုင်နေကြတဲ့ အဘွားနဲ့ အမေ့ကို နေမခ ပြောလိုက်တယ် ။ "ဖြစ်ပါ့မလား သားရယ် ...သားနိုင်ပါ့မလား " "အေး ဟုတ်တယ်...အဘွားလဲ စိတ်မချဘူး ... သူတို့ လာပို့တာပဲ ရောင်းပါကွယ် ...လိုတာရှိရင် ဒီစျေးက ပြေးဝယ်ပေါ့" "မဖြစ်ဘူးအဘွားရဲ့ ...အဲ့လိုပဲ အိမ်အရောက် ပို့ပေးတာတွေကိုမှာပြီး ရောင်းနေရတာ အမြတ် မကျန်ဘူးလေ... ပြီးတော့ အလှကုန်ပစ္စည်းတွေကို ဒီနားစျေးထဲကပဲ ယူပြီး ရောင်းနေတာကလဲ အမြတ် မကျန်ဘူး ..သားကိုယ်တိုင် မင်္ဂလာစျေးတို့ ...သိမ်ကြီးစျေးတို့မှာ သွားဝယ်မယ် ... သဲသဲလဲစျေးရောင်းတာ ကျွမ်းနေပြီဆိုတော့ သားက စျေးဝယ်မယ်လေ ...အဲ့ဒါမှ အမြတ် ကျန်မှာ " စိတ်မချဟန်နဲ့ ရှိနေကြတဲ့ အဘွားနဲ့ အမေ့ကို နေမခက သေချာရှင်းပြလိုက်တယ်။အမေနဲ့ အဘွားက စိတ်မချနိုင်ပေမဲ့ နေမခလဲ အရင်က မြို့ထဲနဲ့ အနီးတစ်ဝိုက်မှာ နေခဲ့တာပဲဟာ ။အရာရာကို စိုးရိမ်နေရင်တော့ ကိစ္စတိုင်းက စိုးရိမ်စရာတွေပဲမဟုတ်လား။ဒါပေမဲ့ မဖြစ်သေးတာကို တွေးပြီး ကြောက်ရွံ.ပူပန်နေမဲ့အစား လက်တွေ့ကျကျ ဖြေရှင်းလိုက်တာက ပိုကောင်းမယ်မဟုတ်လား။ ဘာပဲဖြစ်ဖြစ် အသက်အရွယ်ရနေပြီဖြစ်တဲ့အဘွားရယ်၊ ကျန်းမာ ကာစ အမေရယ်၊ အရွယ်မရောက်သေးတဲ့ ညီမငယ်လေးအတွက် နေမခက ပိုပြီး ကြိုးစားရမှာမဟုတ်လား။အဘွားခမျာ နေမခတို့မိသားစုကြောင့် ဒုက္ခရောက်ရတာလေ။ သူ့ဟာနဲ့သူဆိုရင် ပြည့်ပြည့်စုံစုံနဲ့ နေနေရမှာ။အခုတော့ အဘွားမှာ သူ့လှူချင်သလို မလှူနိုင်၊သူသွားချင်တာကို မသွားနိုင်ဘဲ ခြစ်ခြစ်ခြုတ်ခြုတ်နဲ့ သူးစွဲနေရရှာတာကို နေမခတို့အသိပဲဟာ။ "အဘွားတို့ကလဲ စိတ်မပူပါနဲ့ ...မနက်ဖြန် သားစျေးသွားမယ် ... ဒီနားက ဝယ်မရောင်းတော့ဘူး " ~~~~~~ နေမခ ဆိုင်ဖွင့်ပြီးတာနဲ့ ဆိုင်အတွက် လိုအပ်တာနည်းနည်းနဲ့ ဟင်းချက်စရာတွေဝယ်ဖို့ ဈေးဘက်ကို ထွက်ခဲ့တယ်။ဒီနေ့ သိမ်ကြီးဈေးလဲ သွားမှာမို့ ဈေးထဲကို စောစောလာခဲ့တာ။ နေမခစျေးဝယ်ပြီးတာနဲ့ ပစ္စည်းတွေကို စက်ဘီးပေါ်တင်ပြီး ထုတ်ပို့နေတုန်းမှာပဲ ဈေးထဲကနေ အိပဲ့အိပဲ့နဲ့ ထွက်လာတဲ့ ပြူးထူးကြောင်တောင်မလေးကို မြင်လိုက်ရတယ်။ လက်နှစ်ဖက်လုံးမှာ ပစ္စည်းတွေ အပြည်နဲ့ လမ်းလျှောက်နေပုံက ဟိုယိုင်ဒီယိုင်။ဝယ်ထားတဲ့ ပစ္စည်းတွေကလဲ မနည်းမနော ။တစ်ပတ်စာ ဆယ်ရက်စာအလားပဲ။ နေမခသိသလောက်တော့ သူတို့အိမ်မှာ လူတွေအများကြီးပဲ ရှိတဲ့ဟာ။ ပစ္စည်းတွေ ဒီလောက် အများကြီး ဝယ်ဖို့ကို ဒီငပိန်မလေးတစ်ယောက်ကိုပဲ လွှတ်ရလား။ကြည့်ရတာ အမြင်ကိုမတော်ဘူး။ "တူမကြီးရေ ဆိုက်ကားစီးမလား ..." နေမခကြည့်နေတုန်းမှာပဲ ဆိုက်ကားဆရာ ဦးလေးကြီးတစ်ယောက်က လှမ်းမေးသံကို ကြားလိုက်ရတယ် ။ "မစီးတော့ပါဘူး ဦးကြီးရယ် ဆိုက်ကားခပေးလိုက်တဲ့ ပိုက်ဆံကို သုံးလိုက်မိလို့လေ... ဟိ ...ဟိ "

" မ .မလုပ်ပါနဲ့ မမဒါလီ ... နောက်ဆို အလင်းချိုချက် ချင်းလာပါ့မယ် " မမဒါလီစိုးရဲ့ ဒေါသတကြီးနဲ့ ပြောလိုက်တဲ့စကားကြောင့် အလင်းချိုတစ်ထစ် ငေါ့ငေါ့နဲ့ ပြန်ပြောလိုက်မိတယ်။ဒီသစ်ပင်လေးတွေဖြစ်လာဖို့ အလင်းချို မနည်းပြုစုပျိုးထောင်ခဲ့ရတာလေ။အပြင်ထွက်ခွင့်မရှိ၊ တခြားပျော်ရွှင်စရာမရှိတဲ့ အလင်းချိုအတွက် အပင်လေးတွေစိုက်ပျိုးနေရတာကပဲ ပျော်ရွှင်စရာလေ။ပြီးတော့ အလင်းချို စိုက်ထားတဲ့ ပန်းတွေနဲ့ အသီးအရွက်တွေကို သူတို့လဲ ခူးကြ၊ပန်ကြ၊စားကြတာပဲကို။တစ်ခုခုဆို ဒီအပင်တွေကိုပဲ ရန်ရှာနေတော့ အလင်းချိုမှာသူတို့ခိုင်းသမျှကို မငြင်းရဲဘူးဖြစ်နေတယ်။အလင်းချိုက အိမ်အလုပ်တွေရယ် သူတို့တွေခိုင်းတဲ့ အလုပ်တွေနဲ့ပဲ အချိန်ကုန်နေမယ့်အစား ရှစ်တန်းကျောင်းသူ ဘဝထဲက ခြံရဲ့ မြေလွတ်မှာ ပန်းပင်နဲ့ သီးပင်စားပင်လေးတွေစိုက်ခဲ့တာပေါ့။နည်းပေးလမ်းညွှန် ဆရာကတော့ ဒေါ်လေးစန်းပေါ့။အလင်းချိုက သစ်ပင်စိုက်ဝါသနာပါတယ်လို့ပြောလိုက်တော့ ဒေါ်လေးစန်းက ရွာမှာနေတုန်းက သစ်ပင်စိုက်ခဲ့တဲ့အတွေ့အကြုံတွေကို ပြောပြ သင်ပြတော့တာပဲ။ ဒေါ်လေး စန်းပြောတာကို နားထောင်ပြီး အလင်းချိုလဲစိုက်တတ်သလောက် စိုက်ရတာပေါ့။အဖေ တစ်ခါတလေ အိမ်လည်လာရင် ပေးတဲ့ မုန်ဖိုးတွေကလဲ သစ်ပင်စိုက်တဲ့အထဲ ပါသွားတာပဲ။ သစ်ပင်စိုက်တဲ့ အကျိုးအမြတ် အနေနဲ့ ၀င်ငွေတော့ မရဘူးပေါ့။ဒါပေမဲ့ အသီးအရွက်ဟင်းနဲ့ အတို့အမြှုပ် အတွက်ကတော့ အလင်းချိုရဲ့စိုက်ခင်းထဲက လတ်လတ်ဆတ်ဆတ် ခူးစားရုံပဲလေ။ အခုဆိုရင် ဈေးထဲမှာ အသီးအရွက် တောင်သိပ်ဝယ်စရာမလိုတော့ဘူး။ ချဉ်ပေါင်လား၊ကန်စွန်းလား၊ ငရုတ်သီးစိမ်းတောင့်လား၊ မြင်းခွါရွက်လား ဒါတွေကတော့ အမြဲလိုလို ရတယ်။ပဲသီးတို့ ဗူးသီးတို့ကတော့ သူ့အချိန်အခါနဲ့သူပေါ့။ဆယ်တန်း စာမေးပွဲဖြေခါနီးတုန်းကတော့ သစ်ပင်တွေကို ခဏ ပစ်ထားလိုက်ရသေးတယ်။အိမ်အလုပ်ကတစ်ဖက်၊ စာက တစ်ဖက်နဲ့ အပင်တွေကို ဂရုမစိုက်နိုင်ခဲ့တော့ အပင်တွေ တော်တော်များများ သေသွားခဲ့တယ်။အလင်းချိုရဲ့ ရည်းမှန်းချက်ကတော့ ကြီးကြီးကျယ်ကျယ်လို့ပဲ ပြောရမလား အပင်တွေစိုက်ရင်း ဝင်ငွေရအောင် လုပ်ချင်တာ။ သေချာတာက ဒီနှစ်ဆယ်တန်းအောင်ခဲ့ရင်တောင် အလင်းချိုမှာ တက္ကသိုလ်တက်ဖို့ အခွင့်အရေးက မသေချာဘူးဆိုတာ အလင်းချို သိနေတယ်။အပြင်မှာ ကိုယ့် ဘာသာအလုပ်ထွက်လုပ်ပြီး နေဖို့ကိုလဲ အလင်းချိုသတ္တိမရှိသေးဘူး။ပြီးတော့ အိမ်ကနေ အလုပ်သွားအလုပ် ပြန်လုပ်ဖို့ကလဲ လုံးဝကို မဖြစ်နိုင်တာ။အိမ်မှာ အလုပ်တွေများလွန်းလို့ အဘွားတို့က အိမ်မှာ ဒေါ်လေး စန်းနဲ့ ဝိုင်းကူခိုင်းတာ။ အဓိက က အဖေကလဲ နောက်မိန်းမနဲ့ ကလေးရပြီး အလင်းချိုအတွက် အိမ်စရိတ်များများစားစား မပေးနိုင်တော့တာလဲပါတယ်။အဲ့ဒီတော့ အလင်းချိုက နေစရိတ်စားစရိတ် ကျေအောင် လုပ်ပေးရတယ်ပဲပြောရမလား။ ဒီလို အကြောင်းတွေကို အဖေသိလား၊ မသိဘူးလားဆိုတာကိုတော့ အလင်းချိုမသိဘူး။ အလင်းချို သိသလောက်တော့ အဖေက အလင်းချိုကို တွေ့တာနဲ့ " နင့်အမေနဲ့မတူစေနဲ့ ဆိုတဲ့ စကားကလွဲရင် ဘာမှ သိပ်ပြောတာမဟုတ်ဘူး။ အဖေ့ထက်ဆိုးတာက အဘွားလို့ပဲ ပြောရမလား။ အဘွားက အလင်းချို အလှလေးနည်းနည်းပြင်တာနဲ့ကို ပြောတော့တာပဲလေ။ အဘွားရဲ့ လက်သုံးစကားက "မအေတူသမီး မအေလိုအချိုးတော့ မချိုးနဲ့ ကတုံးတုံးပြီး သီလရှင်ဝတ်ပေးလိုက်မယ် ... ငါက သက်ဦးလိုတော့ ငြိမ်ခံနေမှာမဟုတ်ဘူး " တဲ့လေ။မှန်တာပြောရရင် အမေနဲ့အဖေ့ကြားမှာ ဘယ်လိုပြဿနာတွေရှိခဲ့လဲဆိုတာ အလင်းချို မသိဘူး။အဖေကလဲ ပြောပြတာမဟုတ်ဘူး။ ဒါမှမဟုတ် တကယ်ပဲ အမေက အဘွားတို့ ပြောသလို စာရိတ္တ ချို့ယွင်းနေသူလား။ ဒါနဲ့ပဲ အမေနဲ့ ရုပ်ချင်းတူတဲ့ အလင်းချိုက တစ်ချိန်မှာ အမေ့လိုဖြစ်မှာပဲဆိုပြီး နှိမ်ချ ပိတ်လှောင်ထားချင်ကြတာလား။ လူကြီးတွေရဲ့ အတွေးတွေက တစ်ဖက်စွန်းရောက်နေတယ်လို့ အလင်းချိုတစ်ခါတစ်ခါ တွေးမိတယ်။ ဒါပေမဲ့လဲ ဘယ်တတ်နိုင်မလဲ။ လူကြိးတွေရဲ့ စိတ်အတွေးတွေကို အလင်းချိုက ဘယ်လိုပြောင်းပေးနိုင်မှာလဲ။အဲ့ဒီတော့ အလင်းချိုဘာသာ အဆင်ပြေပြေနေတတ်အောင်ပဲ ကြိုးစားရတော့တာပေါ့။အလင်းချိုရဲ့ ကံကြမ္မာကို ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်ရယ်လဲ အပြစ်မတင်ချင်တော့ဘူး။ ဒီနေရာကနေ အဆင်ပြေပြေနဲ့ မရုန်းထွက်နိင်သမျှတော့ ကျေးဇူးကြွေးတွေကို ပြုံးပြုံးလေးနဲ့ ဆပ်ပြီးနေသွားဖို့ပဲ အလင်းချိုတွေးထားတယ်။တစ်ခုတော့ရှိတာပေါ့ အလင်းချိုဘ၀က ဒီလိုဘ၀နဲ့ပဲတန်တယ်ဆိုပြီးတော့ အရာရာကို လက်လျှော့အရှုံးပေးလိုက်ရတာမျိုး မဟုတ်ဘဲ ဒီလိုဘ၀ထဲကနေ အလင်းချို့အတွက် အဆင်ပြေနိုင်မဲ့ နည်းလမ်းကိုတော့ ကြိုးစားရှာဖွေရမှာပေါ့။ "ငါ့ဖိနပ်တွေ တိုက်ပေးအုံး...ဒေါ်လေးစန်းက ပြီးစလွယ်လုပ်လွန်းလို့ ဖိနပ်တွေက ပြောင်ပြောင်ရောင် ရောင်ကို မရှိဘူး " အတွေးများနေတဲ့ အလင်းချိုမှာ မမဒါလီက သူ့ရှေ့ကို ဖိနပ်တွေ ပစ်ချပေးလိုက်မှ သတိဝင်လာပြီး ပြန်ဖြေလိုက်မိတယ်။ "ဟုတ်ကဲ့ .မမဒါလီ " တကယ်တော့ ဒီဖိနပ်တိုက်တဲ့အလုပ်ဆိုတာက အလင်းချိုရဲ့ အလုပ်မဟုတ်ဘူးလေ။ ဒါပေမဲ့ အလင်းချိုမှ မလုပ်ပေးရင်လဲ မမဒါလီက အသံပြဲကြီးနဲ့ အော်ပြီး မဟုတ်တရုတ်တွေ လုပ်ကြံပြီး အဘွားကို ပြောတော့မှာလေ။အဘွားဆိုတာကလဲ မမဒါလီက ပြောတာဆိုရင် "ညဘက်မှာ နေထွက်တယ်"လို့ ပြောရင်တောင် ယုံမယ့် သူမျိုးဆိုတော့ ကျန်တာတွေတော့ ပြောမနေနဲ့တော့။ အဲ့ဒီအခါကျရင်

"ဟုတ်တယ် မင်းလဲ ဒီမှာလာနေပါလားဟ" "ဟာ ...ဒီမှာတော့ မနေနိုင်ဘူဟ ..ငါက ခေါင်းအုံးပါမှ အိပ်တတ်တာ ... ဒါပေမဲ့ မပူနဲ့ ငါကြီးလာလို့ ပိုက်ဆံပိုရှာနိုင်ရင် ခြံအကျယ်ကြီးဝယ်ပြီး မင်းတို့နဲ့ အတူတူနေမယ် ... ငါ့တို့အိမ်မှာက နားငြီးလို့ ငါလဲ မနေချင်ဘူး " "ဟေး ..တကယ်လား ...ခြံ မြန်မြန်ဝယ်နော် ကိုကြီး ... ကျွန်တော်တို့လဲ ခေါင်းအုံးနဲ့ အိပ်ချင်လို့ " ကလေးတစ်သိုက်က တက်ညီလက်ညီ ထအော်တော့ ဟန်သောလင်း ပြုံးရယ်လိုက်မိတယ်။သူ့ဘ၀က ဒီလိုနေရတာပဲ စိတ်ချမ်းသာတယ်။အိမ်ပြန်ရောက်သွားရင် အဘွားတို့နဲ့ တည့်မှ မတည့်တာကို ။ ~~~~~~ "ဒေါ်ရီရေ.... ကျွန်တော်ပြန်လာပြီ ခင်ဗျ " ဟန်သော်လင်း အိမ်ထဲကိုကြည့်ပြီး လှမ်းအော်လိုက်တယ်။ ဟန်သော်လင်း အော်လိုက်တုန်းမှာပဲ အဘွားဖြစ်သူ ဒေါ်ရီ ထွက်လာပြီး "ဟဲ့ ကောင်လေး ...ခေါ် ပြန်ပလား ဒီဒေါ်ရီ ...အမေလို့ ခေါ်ဖို့ပြောရတာအာပေါက်နေပြီ " "ဟာဗျာ ...မခေါ်ချင်ဘူး ...အဘွားလို့ မခေါ်နဲ့ဆို မခေါ်ဘူး ...အမေလို့တော့မခေါ်ချင်ဘူး ...သူများတွေမေးရင် မွေးစားသားလို့ ပြောလိုက်ပေါ့ " ဟန်သော်လင်း ခပ်တည်တည်နဲ့ ပြောလိုက်ပြီး အိမ်ပေါ်ကို တက်လာခဲ့တယ်။ဒီနေ့ ဟန်သော်လင်း အိမ်ပြန်လာတာ စောနေ၍ပဲလားမသိ။အိမ်မှာ အဘွားကလွဲပြီး ဘယ်သူမှရှိမနေပါ။ ခါတိုင်းဆို အလှပြင်ဆိုင်ဖွင့်ထားတဲ့ အဒေါ်အငယ် မရောက်သေးရင်တောင် အထည်ဆိုင်ဖွ င့်ထားတဲ့ အကြီးမတို့လင်မယားတော့ ပြန်ရောက်နေပြီလေ။ဦးလေးအငယ်ကိုတော့ အမေကသူနဲ့အတူမန္တလေးမှာ ခေါ်ထားတာမို့ အိမ်မှာမရှိဘူး။အမေက ဟန်သော်လင်း အပေါ်မှသာ စိမ်းစိမ်းကားကား ဆက်ဆံတတ်ပေမဲ့ သူ့မောင်နှမတွေကိုတော့ သိပ်ချစ်တာလေ။ သူ့ညီမနှစ်ယောက်လုံးကို ဆိုင်တစ်ဆိုင်စီဖွင့်ပေးခဲ့တယ်။ဟန်သော် လင်းအတွက်ကတော့ ထမင်းနပ်မှန်အောင် စားရရုံရယ်၊အဘွားဆီက အော်ကြီးဟစ်ကျယ် တောင်းမှ ရတဲ့ မုန့်ဖိုးလောက်ပဲရတာလေ။ဖုန်းလေးတစ်လုံးဝယ်ပေးဖို့တောင် မနည်းတောင်းခဲ့ရတာ။ "မင်း တစ်နေ့တစ်နေ့ လည်လိုက်ပတ်လိုက်နဲ့ပဲ အချိန်ကုန်နေမှာလား ... သင်တန်းတစ်ခုခုတက်ဖို့လုပ်တဲ့ ...မင်းအမေက ဖုန်းဆက်တယ် " "ဘာသင်တန်းတက်ရမှာလဲ ...တက်စေချင်ရင် ကိုယ်တိုင်ဖုန်းဆက်ပါလား ..." ဟန်သော်လင်းက အဘွားဖြစ်သူကို ပြန်အော်ပြောလိုက်တယ်။အမေက ဒီလိုပဲ သူ့ကို ဘယ်တော့မှ ကိုယ်တိုင် မပြောဘဲ ကြားလူနဲ့ပဲပြောတယ်။ မသိရင် ဟန်သော် လင်းက သူ့အတွက် အန္တရာယ်ပေးမယ့်လူကျနေတာပဲ။ အမေက ဟန်သော်လင်းကို သူ့ရဲ့ သားပါလို့ သူ့ယောက်ျား သူဋ္ဌေးကြီးသိသွားမှာကို စိုးရိမ်တာလား၊ ဒါမှမဟုတ် အမေကိုယ်တိုင်က ဟန်သော်လင်းကို မုန်းတီးရွံရှာနေတာလာဆိုတာကတော့ အမေကိုယ်တိုင်ပဲ အသိဆုံးဖြစ်မယ်ထင်တယ်။ "မင်းတစ်နေ့တစ်နေ့ အပြင်မှာ အလေနတော သွားနေဖို့ပဲ သိတယ် ...အိမ်မှာ နည်းနည်းပါးပါး ကူပါအုံးလား ...အပြင်လေးထွက်သွားလိုက် ဗိုက်ဆာရင် အိမ်ပြန်စားလိုက်နဲ့ ဟုတ်နေတာပဲ ...အဲ့ဒီလိုသာဆက်နေ ငါသေရင် မင်းလမ်းပေါ်ရောက်မှာ သိရဲ့လား " " ဒေါ်ရီပြောမှပဲ ကျွန်တော် ဗိုက်ဆာလာပြီ ထမင်းစားမယ်နော့် ...." ဒီလောက် ပြောဆိုနေတဲ့ကြားက မခိုးမခန့် ပြောပြီး ထမင်းစားခန်းထဲကို ဝင်သွား တဲ့ ဟန်သော်လင်းကို ကြည့်ပြီး ဒေါ်ရီ စိတ်တိုတိုနဲ့ ထမင်းစားခန်းထဲထိလိုက်သွားလိုက်တယ်။ "အေး ပြောလို့တောင် မဆုံးသေးဘူး .... စားဖို့ သောက်ဖို့ လောက်ပဲသိတယ် ... အုပ် ဆောင်းထဲမှာ ရှိတဲ့ ငါးဟင်းနဲ့ပဲ စာနော် ... ဆိတ်သားဟင်းကို ထည့်မစားနဲ့...အဲ့ဒီဟင်းက နင့်အစ်မကြီးက သူ့ယောကျာ်းအတွက် ချက်ထားခဲ့တာ " "ဟုတ်ကဲ့ပါ ဒေါ်ရီ " ဟန်သော်လင်းက ခပ်ပြုံးပြုံးပြန်ဖြေလိုက်ပြီး မီးဖို့ခန်းထဲနေရာအနှံ့ကို လိုက်ရှာလိုက်တယ်။ သူ့ဟာသူ ဘာမှမပြောဘဲထားရင် ခုံပေါ်မှာတွေ့တဲ့ ဟင်းနဲ့ပဲ စားပစ်လိုက်မှာ။ ခုလို တကူးတကမှာပြီဆိုရင်တော့ ဟန်သော်လင်းက တွေ့အောင်ရှာပြီသာမှတ်။သူတို့ဘာသာ ဘယ်သူ့အတွက်ပဲဖြစ်ဖြစ်၊ ဘာလုပ်ဖို့ပဲဖြစ်ဖြစ် ဒီလိုခွဲခြားခွဲခြားလုပ်တာဆိုရင် ဟန်သော် လင်းတို့က အရွဲ့တိုက်ပြီးသားပဲ။ သူတို့အားလုံးရဲ့ စိတ်ထဲမှာ ဟန်သော်လင်းဆိုတာ လူပိုတစ်ယောက်။မတတ်သာလို့ ခေါ်ထားရတာမျိုးဆိုတော့ သူတို့စားသလို စားခွင့်မရှိ၊ သူတို့ နေသလို နေခွင့်မရှိဘူးလို့သက်မှတ်ထားကြတာ။ ဒါပေမဲ့ ဟန်သော် လင်းပဲ ဘယ်ရမလဲ။ အားလုံးကို ပြုံးပြုံးလေးနဲ့ပဲ ဆန့်ကျင်ပစ်လိုက်တာပေါ့။ဒီလို ဆန့်ကျင်လို့ တစ်အိမ်သားလုံးက ပြဿနာရှာခဲ့ရင်လည်း ဟန်သော်လင်းတို့က ဂရုမစိုက်ပါ။ပြောချင်တဲ့သူ့ ပြောချင်ရာသာပြော သီချင်းလေးတအေးအေးနဲ့ ခပ်ပြုံးပြုံးပဲနားထောင်ပေးနေလိုက်တယ်။ စကားတွေ ပြိုင်ပြောရရတာကို ဟန်သော်လင်း ဝါသနာမပါ။ဒီထက်လွန်ပြီး လက်ပါ ခြေပါတော့မလုပ်နဲ့ မရဘူး။အိမ်ထဲမှာရှိတဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းမှန်သမျှ တစ်စစီဖြစ်သွားမယ်။ ~~~~~~~ "ဟဲ့ မိလင်း ..နှင့် အလုပ်က ဘာအရေးပါလို့လဲ ..ငါခိုင်းတာကို အရင်လာလုပ်ပေးစမ်း " မမဒါလီစိုးရဲ့ အသံကြောင့် အလင်းချို လက်ထဲက ရေပုံးကို ချထားခဲ့ပြီး ပြေးသွားလိုက်တယ် ။ " နင်ဘာလို့ ငါခေါ်ရင်ချက်ချင်းမလာတာလဲ ..နင့်အပင်တွေက ဘာအရေးကြီးလို့လဲ.. နောက်နေ့ အဲ့ဒီအပင်တွေကို ငါဖျက်ဆီးပြမယ် ......"

ဧကြည်ဖြူ "သံယောဇဉ် ကမ်းပါး " အပိုင်း ( ၁၀ ) *** " ဘာ အူကြောင်ကြောင်ကြည့်နေတာလဲ ... မင်းရဲ့အမှိုက်တွေ တစ်လမ်းလုံးကျခဲ့တယ်လို့ ပြောနေတာ နားလည်ရဲ့လား...မင်းတို့လို ကိုယ့်တာဝန်ကိုယ်မကျေတဲ့ လူတွေကြောင့် အခြားသူတွေပါဒုက္ခရောက်နေတာ " သူဘာတွေပြောနေတာလဲလို့ အလင်းချို တွေးနေမိပြီးမှ သူ့လက်ထဲက အမှိုက်တွေကိုကြည့်ပြီး သဘောပေါက်သွားရတယ်။ "အလင်းချိုရဲ့အမှိုက်တွေ ကျခဲ့တာလား .. ပေးလေ နင့်အမှိုက်တွေကိုပါ ...ငါ ပစ်ပေးပါ့မယ် ..." "မလိုပါဘူး ... ငါ့အလုပ် ငါ့ဘာသာလုပ်မယ် ...နင်သာ လမ်းမှာ အမှိုက်တွေထပ်မကျစေနဲ့ " အသားက မဖြူမညို ။အရပ်က နေမခပခုံးလောက်ပဲရှိမယ့် ပြူးထူးကြောင်တောင် ကောင်မလေးကို နေမခဘုပြောလိုက်မိတယ်။သူ့ကို စိတ်တိုပြီး အပြစ်ပြောနေတဲ့သူကို ပြန်ပြီး ပြုံးရယ်ပြနေပုံက အမြင်ကပ်စရာလိုလို၊ စိတ်တိုစရာလိုလိုနဲ့။ သူ့ခန္ဓာကိုယ်နှစ်ကိုယ်စာလောက်၀င်လို့ရတဲ့ ရှပ်အင်္ကျီဖားဖားကြီးကို ဂျင်းဘောင်းဘီ ခပ်ဟောင်းဟောင်းနဲ့ တွဲဝတ်ထားပုံက မသိရင် ယောကျာ်လျာလိုလို ဘာလိုလို ။ ခေါင်းပေါ်မှာ ခပ်တင်းတင်းစုစည်းထားတဲ့ ဆံပင်ရှည်ရှည်တွေရှိနေလို့သာပေါ့။ သူ့ဘာသာပြောချင်ရာပြောပြီး သူ့ဘာသာ စိတ်တိုနေတဲ့ သူ့ကို အလင်းချိုက မျက်နှာချိုသွေးပြီး ရယ်ပြလိုက်ကာမှ ဘုကြည့်ကြည့်လာတဲ့သူ့အကြည်တွေကြောင့် အလင်းချို မျက်နှာကို လွှဲဖယ်လိုက်ပြီး အမှိုက်ပုံ ရှိရာကို ခပ်သွက်သွက် လျှောက်ခဲ့လိုက်တယ်။ သူကတော့ ခြေသံပြင်းပြင်းနဲ့ အလင်းချိုကို ကျော်တက် သွားလေရဲ့။ သူ့ကြည့်ရတာ အလင်းချိုနဲ့ သက်တူရွယ်တူလောက်ပဲရှိမယ်ထင်တယ်။ အသားဖြူဖြူ ပိန်ပိန်သွယ်သွယ်နဲ့ သူ့ပုံစံကို ဒီနားတစ်ဝိုက်မှာအရင်က မမြင်ဖူးသလိုပဲ ။ သန့်သန့်ပြန့်ပြန့် ရုပ်ရည်နဲ့ သူ့ကို ကြည့်ရတာ တစ်အိမ်အိမ်ရဲ့ သူဋ္ဌေးသားလေးတစ်ယောက် အခုမှ အမှိုက်လာပစ်ဖူးတဲ့ပုံပဲ။ ~~~~ အမှိုက်တွေ ပစ်ခဲ့ပြီး အပြန်လမ်းမှာ အလင်းချိုနဲ့ သူက ရှေ့နောက် မလှမ်းမကမ်းကနေ လမ်းလျှောက်ခဲ့ကြတယ်။သူ့မျက်နှာက တစ်လောကလုံးကို ရှာကျွေးထားရသလို မှုန်တေတေနဲ့ စူပုတ်နေတာပဲ။ သူက အလင်းချိုတို့ အိမ်ရှိတဲ့ဘက်ကို သွားနေတာမို့ အလင်းချိုလဲ နောက်က တိတ်တိတ်ဆိတ်ဆိတ်လိုက်ခဲ့တယ်။အိမ်နားရောက်ခါနီး လမ်းလေးခွဆုံနားကိုရောက်တော့ ရှေ့ကဈေးဆိုင်ထဲကို ၀င်သွားတဲ့သူ့ကို ကြည့်ပြီး အလင်းချိုလဲ နောက်ကနေ အသာလေး လိုက်ဝင်လိုက်တယ် ။ဒီဆိုင်က ဒေါ်လေးစန်းပြောတဲ့ ဆိုင်သစ်ဆိုတာလေ ။ ဒီဆိုင်ကိုကျော်ပြီး ရှေ့ဆက်သွားရင် အလင်းချိုတို့အိမ်ကို ရောက်ပြီလေ။ ~~~~~~ "ဘာယူမှာလဲ " မိန်းခလေးတန်မဲ့ ပြုံးရိပ်သန်းနေတဲ့ မျက်နှာလေးနဲ့ အူကြောင်ကြောင် ကောင်မလေးကို နေမခအသံခပ်မာမာနဲ့ မေးလိုက်တယ်။၀ယ်သူတွေကို ချိုချိုသာသာ ပြောလို့ အမေကမှာထားပေမဲ့ ဒီကောင်မလေးကို စိတ်ထဲကြည့်မရသလိုဖြစ်နေမိတာကို ။ "ငါး ... ငါးမုန့်ကြော် " အလင်းချိုက သူ့ကို ကိုယ့်လိုပဲ ၀ယ်သူထင်နေမိတာ။ သူ့ဆီက အသံမာမာနဲ့ မေးလိုက်သံကို ကြားလိုက်ရမှ ထစ်ထစ်ငေါ့ပေါ့နဲ့ ပြန်ဖြေလိုက်မိတယ်။ "ဟိုဘက်ထောင့်မှာလေ ... မတွေ့ဘူးလား ...အူတူတူနဲ့ " " ဟုတ်... ဒီမှာ ပိုက်ဆံနော် '' အလင်းချိုကပဲ အမှတ်မရှိတာလား ။ သူကပဲ နဂို မျက်နှာကြောတင်းတာလား မသိ။ မုန့်ဖိုး ပိုက်ဆံကို အလင်းချိုက တရိုတသေ ပေးလိုက်တာကို သူက ဆောင့်အောင့်ပြီး ဆွဲယူလိုက်တယ်လေ။ ~~~~~~ "မင်းကများ ငါ့ကို ဘာကောင်ထင်နေလဲ .. ဟေ့ကောင် မင်းလစ်လိုက်တော့..အချင်းချင်းတွေ လူပါးလာမဝနဲ့ " ဟန်သော်လင်းက ရှပ်အင်္ကျီလက်ကို ဟန်ပါပါ ခေါက်တင်လိုက်ပြီး အသံခပ်မာမာနဲ့ ပြောလိုက်တော့ အနီးတဝိုက်မှာရှိနေတဲ့ကောင်တွေအားလုံးငြိမ်ကျသွားတယ် ။ ဒီကုန်းကျော်တံတား တစ်ဝိုက်နားမှာ ဟန်သော်လင်းက ကလေးတွေကြားမှာတော့ ဗိုလ်ပဲ ။ ဝတ်စားထားတော့သားသားနားနားသန့်သန့်ပြန့် ပြန့်နဲ့ လူပုံကလဲ တောင့် တောင့်ဖြောင့်ဖြောင့်ဆိုတော့ မသိရင် ဟန်သော်လင်းပုံစံက သူဋ္ဌေးသားလိုလို ဘာလိုလိုနဲ့ အမြဲ ကြော့ကြော့မော့မော့နဲ့လေ။ ဒါပေမဲ့ တကယ်တမ်းက ဟန်သော်လင်းကဂျပွေး။အသက်သာငယ်တာ ပညာက မငယ်ဘူး ။အသက်ဆယ်ခွန်ပဲရှိသေးပေမဲ့ မမကြီးတွေကို ညာစားတတ်နေပြီ။တစ်ခုရှိတာက အဲ့ဒီမမကြီးတွေဆီက ရတဲ့ပိုက်ဆံတွေကိုတော့ အလဟာသမဖြုန်းဘူး။ ဒီကုန်းတံတားအောက်မှာရှိတဲ့ မိမရှိဖမရှိကလေးတွေနဲ့ မိဘရှိရဲ့နဲ့ အစွန့်ပစ်ခံကလေးတွေကို ပေးတယ် ၊ ကျွေးတယ် ။ "မင်းတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ရန်မဖြစ်ကြနဲ့ ... တစ်ယောက် စျေးရောင်းနေရင် နောက်တစ်ယောက်က လုမရောင်းနဲ့ ...အဆိုးဆုံးက ပိုက်ဆံလိုက်တောင်းတာပဲ... ကားတွေပေါ်တက်ပြီး ပိုက်ဆံတောင်းတာဖြစ်ဖြစ် ...လမ်းသွားလမ်းလာတွေဆီမှာ ပိုက်ဆံတောင်းတာကို တွေ့ရင် လက်သီးစာပဲနော် တွေ့လား ... ဈေးရောင်းမကောင်းလို့ စားဖို့မရှိရင်ပြော ..ပိုက်ဆံပေးမယ် ... ဟိုကောင်ငထွန်းတို့ အုပ်စုနော် မင်းတို့ ရုတ်ရုတ် မလုပ်နဲ့ .. ဒီတစ်ခါ စျေးရင်းပြုတ်ရင် ထုတ်မပေးတော့ဘူး ...မင်းတို့ကို ချေးဖို့ ငှားဖို့ကို ငါလဲမနည်းရှာနေရတာ ... အိမ်ကလဲ ငါ့ကိုနှင်ချနေပြီဟ " " နှင်ချရင် ဒီမှာလာနေပေါ့ ကိုကြီး ."

ဘာကြောင့်ရယ်လို အလင်းချိုခံစားမနေချင်ပါ။ "သမီးရေ အလင်းချို ...အမှိုက်သွားပစ်ရင်းနဲ့ မုန့်ဝယ်စားချင်စားခဲ့ ... တစ်ခြံကျော်မှာ စျေးဆိုင်သစ်ဖွင့်တာ ဒေါ်လေးစန်း တွေ့ခဲ့တယ် " ပြောပြောဆိုဆိုနဲ့ ဒေါ်လေးစန်းက အလင်းချိုကို တစ်ထောင် တန်တစ်ရွက်လှမ်းပေးရှာတယ်။ "ရပါတယ် ဒေါ်လေးစန်းရယ် ...သမီးမှာပိုက်ဆံရှိပါတယ်" အလင်းချိုက ဒေါ်လေးစန်းလက်ထဲက ပိုက်ဆံကို မယူဘဲ ပြန်ပေးလိုက်တယ်။ ဘ၀တူချင်းတူတူ ဒေါ်လေး စန်းရဲ့ ပိုက်ဆံကို အလင်းချို မယူရက်ပါဘူး။ ဒေါ်လေးစန်းမှာ တစ်နေကုန်တစ်နေခန်း အလုပ်လုပ်ရပြီး တစ်လလုံးနေမှ လုပ်အားခရရှာတာလေ။ အလင်းချို ဘ၀ကလဲ အမေတူသမီးဖြစ်မှာစိုးလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ မုန့်ဖိုးမရတာကတော့ အမှန်ပဲ ။ ဒါပေမဲ့ တစ်ခါတလေ အဘွားစိတ်လိုလက်ရ ရှိတဲ့အခါ အလင်းချိုကို မုန့်ဖိုးပေးတက်တယ် ။ အဲ့ဒီမုန့်ဖိုးတွေကိုပဲ အလင်းချိုက မသုံးဘဲစုထားတာလေ။ ~~~~~ အမှိုက်အိတ်တစ်ပြုံတစ်မကြီးကို မနိုင်မနင်းသယ်လာတဲ့ ကောင်မလေးကို ကြည့်ပြီး နေမခစိတ်တိုသွားပါတယ်။ဘယ်နှယ့် တစ်လမ်းလုံး သူ့အိတ်ထဲက အမှိုက်တွေက ဟိုထွက်ကျ ဒီထွက်ကျနဲ့လေ။ပြုတ်ကျတဲ့ အမှိုက်စတွေကို မြင်တဲ့ အခါ ပြန်ကောက်တတ်ပေမဲ့ သူမမြင်တဲ့ အမှိုက်ကျတော့ အမြင်မတော်တာနဲ့ နေမခလိုက်ကောက်ခဲ့ရတယ်လေ။ "ဟိတ် ... ဒီမှာ " စိတ်တိုလာတဲ့ အဆုံးမှာ ရှေ့ကသွားနေတဲ့ကောင်မလေးကို နေမခ ခပ်ဆတ်ဆတ်လေး လှမ်းအော်လိုက်တယ်။ အဲ့ဒီအခါ ကောင်မလေးက နေမခကို မျက်လုံးပြူးပြူးလေးတွေနဲ့လှည့်ကြည့်လာပြီး "ဟင် ... အလင်းကိုခေါ်တာလား ..ဘာလို့လဲဟင် .. အမှိုက်ပစ်ပေးရမှာလား " အောင်မယ်ပေးပုံကိုက မသိရင် ကိုယ်ကပဲ သူ့ကို ဗိုလ်ကျပြီး အမှိုက်ပစ်ခိုင်းနေတာလိုလိုနဲ့။ "ဘာကိစ္စ မင်းကို ငါ့အမှိုက်တွေကို ပစ်ခိုင်းရမှာလဲ ...ဒီမှာတွေ့လား ...တစ်လမ်းလုံးမင်း ကျခဲ့တဲ့ အမှိုက်တွေကို ငါကောက်လာရတာ....မင်းဟာက အမှိုက် လာပစ်တာလား....အမှိုက်လိုက်ဖွနေတာလား ... အလုပ်လုပ်ရင် ရှေ့နောက်ကြည့်ပြီး မလုပ်တတ်ဘူးလား " " ဟင် " အခုမှတွေ့ဖူးကြတာကို ခပ်တည်တည်နဲ့လာဟောက်နေတဲ့သူ့ကိုကြည့်ပြီး အလင်းချို အူကြောင်ကြောင်နဲ့ ကြည့်လိုက်မိတယ်။ =================== အပိုင်း ( ၁၀ ) ဆက်ရန် ..... ဧကြည်ဖြူ

သားသားနားနားတော့ ရှိကြတယ်။ အဘွားက ဒီရပ်ကွက်ထဲမှာ ပေလေးဆယ် ခြောက်ဆယ် ခြံတစ်ခြံကို ဝယ်ခဲ့တာ ။ခြံထဲမှာ နှစ်ထပ်အိမ်လေး တစ်လုံးလဲပါတော့ နေမတို့အတွက် နေထိုင်ဖို့လဲ အဆင်ပြေတယ်။အဘွားက အိမ်ရှေ့မှာ သွပ်မိုး အုတ်ကာ ချေးဆိုင်လေးကို ဆောက်ခဲ့တယ်။တကယ်တော့ အဘွားမှာ လက်ကျန်ငွေ သိပ်မရှိတော့ဘူးဆိုတာကို နေမခသိတယ်။အဘွားရဲ့ ပိုင်ဆိုင်မှုက ဒီအိမ်နဲ့ ဒီခြံပဲ ရှိတော့တာကို သိတယ်။ မသာကာ ဘဏ်မှာ သိမ်းထားပါစေအုံး ဆယ်ဂဏန်း လောက်ပဲရှိမှာကိုလဲ နေမခသိတယ်။ဒီအိမ်မှာ အဘွားကလဲ အသက်ရလာပြီ။ အမေကလဲ ကျန်းမာစမို့ အိမ်ရဲ့ စီးပွားရေးကို နေမခ တာဝန်ယူဖို့ကို ဆုံးဖြတ်လိုက်တယ်။ အခုဆိုရင် နေမခ အသက်က ဆယ့်ခွန်နနှစ်ပြည့်တော့မှာမို့ အသက်ဆယ့် ရှစ်နှစ် အထိ အိမ်ရဲ့စီးပွားရေးကို ဦးဆောင်ပေးရင်း အင်္ဂလိပ်စာနဲ့ ကွန်ပျူတာနဲ့ပတ်သက်တာကို နေမခ သင်ယူမယ်။မြန်မာ ပြည်ကလဲ ဖွံ့ဖြိုးနေပြီမို့ ဖုန်းတွေ ကွန်ပျူ တာတွေလဲ ခေတ်စားလာပြီဆိုတော့ သင်ယူဖို့က သိပ်မခက်ခဲတော့ဘူးလေ။ဒါတွေကို သင်ပြီးရင်တော့ အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးတာနဲ့ နေမခ နိုင်ငံခြားမှာ အလုပ်သွားလုပ်မယ်။ပြီးရင် အဘွားနဲ့ အမေရယ်၊ ညီမလေးကို အဘိုးတို့ထက် ပိုကောင်းတဲ့ နေရာ ၊ ပိုသာတဲ့ တိုက်မျိုးနဲ့ ထားဖို့ ကြိုးစားမယ် ။ဒါက နေမခရဲ့ ရည်မှန်းချက်ပဲ။ ~~~~~~ "သားက ဒီနှစ် ကျောင်းပြန်မတက်တော့ ဘူးလား " အေးမြနွယ် သားကြီးကိုကြည့်ပြီး ခပ်တိုးတိုး မေးလိုက်မိတယ်။ "မတက်တော့ဘူး အမေ ... အဘွားကလဲ အသက်ကြီးပြီလေ အမေရယ် ...အမေ့ဆိုင်ကို ဝိုင်းကူနိုင်မှုမဟုတ်ဘူး ..အမေလဲ ကျန်းမာကာစမို့ ပင်ပင်ပန်းပန်း လုပ်လို့ မရဘူးလေ ...ဒါပေမဲ့ စိတ်ချပါ အမေရယ် ...သားကြိုးစားမှာပါ " "အဘွားတို့ကြောင့်တော့ မြေးလေးကို ဒုက္ခမရောက်စေချင်ပါဘူးကွယ် .. အဘွားတို့ စျေးရောင်းစားတတ်ပါတယ်။ ခပ်တိုးတိုး ၀င်ပြောတဲ့ အဘွားကို ကြည့်ပြီး နေမခ စိတ်မကောင်းဖြစ်သွားမိတယ်။နားပေါက်မှာ ရွှေနားကပ် ခပ်သေးသေးတစ်ရံကလွဲလို့ ဆွဲကြိုးလေးတစ်ကုံးတောင် မရှိရှာတော့တဲ့ အဘွား ။အဘွားက ရိုးရိုးအေးအေးနေတတ်သူဆိုပေမဲ့ ရှေးလူကြီးပိပီ ရွှေကို မြတ်နိုးတန်ဖိုးထားပြီး ဝတ်စားတတ်တဲ့ အကျင့်ရှိမှန်း နေမခ သိပြီးသားပင်။ အခုတော့ အဘွားခမျာ လူမြင်တင့်ရုံ နားကပ်လေးတစ်ရံမှ အပ ဘာဆိုဘာမှ မရှိရှာ။ဒီအတွက် နေမခ အတော်လေး စိတ်မကောင်း ဖြစ်မိတယ်။ "သားတို့နေရာက လမ်းလေးဆုံးလဲ ဖြစ်တော့ ဘာဆိုင်ဖွင့်ဖွင့် အဆင်ပြေမှာပါ ... အရင်လိုပဲ ကုန်ခြောက်ဆိုင်ဖွင့်ကြမလား အဘွား ...ပြီးတော့ အလှကုန်ဆိုင်လေးပါ တွဲဖွင့်မယ်လေ ..." "ငါ့မြေးတောင် တော်တော် အရွယ်ရောက်လာပြီးပဲ " အန်တီချိုက ပြောရင်း အေးမြ နွယ်ကို ကြည့်တယ်။ အေးမြနွယ် သားဖြစ် သူကို ကြည့်ရင်း စိတ်ထဲ ကြည်နူးနေမိတယ်။ တကယ်တော့ အေးမြ နွယ်ရဲ့ မသိစိတ်ထဲမှာ သားကို သူ့အဖေနဲ့ တူမှာကို သိပ်ကို ကြောက်နေမိတာ။ သူ့အဘိုး အဘွားတွေနဲ့ စိတ်တွေ တူနေမှာကို စိုးရိမ်ခဲ့မိတာ။ အခုလိုဆိုတော့ အေးမြနွယ် ရင်ထဲ ကြည်နူးပျော်ရွှင်နေမိတယ်။ သားကြီးသာ ဒီလို လိမ္မာနေမယ်ဆိုရင် အေးမြနွယ် ဒုက္ခတွေကို ရင်ဆိုင်နိုင်ပါတယ်။ ~~~~~~ "နိုင်ရဲ့လား သမီးရယ် ...အမှိုက်တွေက မနည်းဘူး...မေမေကြီးတို့က ဆိုတာလဲ ဒီအမှိုက်ပစ်ခကိုမှ နှမြောနေကြတယ် ... အခုတော့ ငါ့သမီးလေး အလင်းချိုပဲ ပင်ပန်းရတယ် " စိတ်တိုပြီး ပွစိပွစိပြောနေတဲ့ ဒေါ် လေး စန်းကို ကြည့်ပြီး အလင်းချို ရယ်လိုက်မိတယ် ။ဒါက အလင်းချို အမှိုက် သွားပစ်တော့မယ်ဆိုရင် လုပ်နေကျ ၊ ပြောနေကျ ခေါ် လေးစန်းရဲ့ ပုံစံပဲ မဟုတ်လား။ အမှိုက်ပစ်တဲ့ တာဝန်ကလဲ အလင်းချို အဘွားတို့အိမ်ကို စရောက်ကတည်းက လုပ်ခဲ့ရတာမို့ အလင်းချိုအတွက် မထူးဆန်းတော့ပါ။ အခုဆိုရင် ဒီလိုအမှိုက် သွားပစ်ရတာကိုပဲ အလင်းချိုက ကျေနပ်သလိုဖြစ်နေပါပြီ။တစ်နေကုန်းတစ်နေခန်း အမှိုက်ပစ်ချိန်ကလွဲလို့ အလင်းချို အိမ်ထဲက အိမ်ပြင်ကို ထွက်ခွင့်ရတာမဟုတ်ဘူးလေ။ဆယ်တန်း စာမေးပွဲဖြေပြီးသွားကတည်းက အလင်းချို အပြင်ထွက်ခွင့် မရတော့တာလေ။ အမှိုက်ပစ်ရတဲ့ အလုပ်ကသာ အလင်းချိုအတွက် အပြင်ထွက်ခွင့်ရတဲ့ တစ်ခုတည်းသော အခွင့်အရေးလေ။အလင်းချိုကို ဒီလိုပဲနေဖို့ ပိတ်ပင်ထားတဲ့သူကတော့ အလင်းချိုရဲ့ ချစ်ရပါတဲ့ အဖေကိုယ်တိုင်ပါပဲ။အဖေက အလင်းချိုကို အပြင်ထွက်ခွင့်မပေး ၊ အလှပြင်ခွင့်လဲမပေးဘဲ တီရှအင်္ကျီဖားဖား ၊ ဂျင်းဘောင်းဘီးကိုသာ ဝတ်ဆင်ခိုင်းခဲ့ပြီး အိမ်ထဲမှာပဲ နေစေခဲ့တယ်။အဖေက နောက်အိမ်ထောင်ပြုလိုက်ပြီမို့ အဘွားအိမ်မှာမနေတော့ပေမဲ့ အလင်းချိုတစ်ခုခုအမှားလုပ်တာနဲ့ အိမ်ကလူတွေက လှမ်းတိုင်နေကြလေ။ ဒါပေမဲ့ အဘွားတို့ မတိုင်လဲ အလင်းချို ကိုယ်တိုင်က အမေတူသမီးလို့ အပြောမခံချင်လို့ ကိုယ်ဘာသာ ဆင်ခြင်ပြီးနေခဲ့တယ်။အလင်းချို ငယ်ငယ်ကတော့ အမေကဘယ်လိုလူမျိုးလဲဆိုတာကို မသိခဲ့ပေမဲ့ အရွယ်ရောက်လာတော့ အလင်းချို နားလည်လာခဲ့ရတယ်။ နားလည်လာခဲ့တာနဲ့အမျှ အမေ့ကိုလဲ အလင်းချိုအပြစ်မပြောလိုခဲ့ပါ။လူသားအားလုံးက ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးနေကြတာမို့ တစ်နေ့ကျရင် အလင်းချိုရဲ့ ဘဝကိုလဲ အလင်းချို စိတ်တိုင်းကျ ရှင်သန်နိုင်ဖို့ပဲ တွေးနေမိတယ်။အလင်းချိုရဲ့ ကံဆိုးခြင်းတွေက ဘယ်သူ့ကြောင့်

အေးမြနွယ်က သားကို လှမ်းပြီး ထားလိုက်တယ်။ ဦးလွင်ဦးတို့ကတော့ နေမခရဲ့ဒေါသတကြီးနဲ့ ပြောတဲ့စကားတွေကို ပါးစပ်အဟောင်းသားနဲ့ နားထောင်နေကြတယ်။ ဦးလွင်ဦးတို့ စိတ်ထဲမှာ အေးမြနွယ်က သူတို့အပေါ်မှာ ပြန်မပြောဝံ့ မှန်းသိလို့ မောင်းတင်ပြီး လာခဲ့ကြပေမဲ့ ဒီရောက်တော့ သူတို့အမှန်တကယ် ရင်ဆိုင်လိုက်ရသူက မြေးဖြစ်သူ နေမခဖြစ်နေမှန်း သိလိုက်ကြတဲ့ အခါ စိတ်ကို လျှော့ချလိုက်ကြတယ်။ မလျှော့ချလို့လဲ မဖြစ်ဘူးဆိုတာကို ဦးလွင်ဦးတို့သိကြတယ်လေ။ ညီမဖြစ်သူ ဦးလွင်ဦး အပေါ်မှာ ကြောက်ရွံ့ ရှိသေတယ် ဆိုပေမဲ့ မဖြစ်မနေ ရွေးချယ်ရမယ်ဆိုရင် အေးမြနွယ်တို့ မိသားစုကိုပဲ ရွေးချယ် မယ်ဆိုတာ သိပြီးသားလေ။ ~~~~~ "ကံကောင်းလိုက်တာ သမီးရယ် ...အိမ်က တည့်သွားပြီ ...သမီး ခွဲစိတ်ပြီးတာနဲ့ အိမ်သစ်ကို ပြောင်းကြမယ် " ဆေးရုံကို ရောက်ရောက်ချင်းမှာပဲ ပြောလိုက်တဲ့အန်တီ့စကားကြောင့် အေးမြနွယ်တို့ သားအမိ ဝမ်းသာသွားကြတယ်။ "တ ..တကယ်လား အဘွား ...အဲ့ဒါဆို အဘွား အဆင်ပြေသွားပြီပေါ့ " နေမခက အဘွားကိုထဖက်ပြီး မေးလိုက်တယ်။ "တကယ်ပေါ့ မြေးရဲ့ ...မနေ့က စရံပါချသွားပြီလေ ..." "ဒါ ...ဒါဆို ...အန်တီ ဘယ်ကိုပြောင်းမှာလဲဟင် ` အေးမြနွယ် စိုးတထိတ်ထိတ်နံ့ မေးလိုက်မိတယ်။ အေးမြနွယ်တို့ မိသားစုအနေနဲ့ အန်တီ ဘယ်ကိုပြောင်းပြောင်းလိုက်ရမှာ ဆိုပေမဲ့ အရင်တုန်းက အန်တီက အိမ်ပြောင်းရင် သူ့အစ်ကိုတွေရှိတဲ့ လမ်းထဲကို ပြောင်းမယ်လို့ ပြောထားဖူးတာမို့ အေးမြနွယ် တုန်တုန်ယင်ယင်နဲ့မေးလိုက်မိတာ ။ " ပြောင်းဖို့ ရွေ့ဖို့ကိစ္စအတွက် သမီးပူမနေနဲ့ ..အန်တီ့မောင်၀မ်းကွဲလေးတွေကို အကူအညီတောင်းထားတယ် ...အဓိက က အစ်ကိုတို့နဲ့ ဝေးတဲ့နေရာကို ပြောင်းကြတာပေါ့ကွက် ..." အန်တီ့ရဲ့ စကားကြောင့် အေးမြနွယ် ပြောမပြတတ်အောင် ၀မ်းသာသွားမိတယ် ။တကယ်တော့ အန်တီက အေးမြနွယ်တို့အတွက် ဘုရားက ဖန်ဆင်းပေးထားတဲ့ လူသားတစ်ယောက်လိုပါပင်။ အေးမြနွယ် ပြန်ကျန်းမာခဲ့ရင်ဖြင့် အန်တီကို ပြန်ပြီး လုပ်ကျွေးပြုစုပေးချင်လှပါပြီ။ ~~~~~~ ရက်အနည်းငယ်အတွင်းမှာပဲ အန်တီရဲ့ အိမ်က ရောင်းထွက်ခဲ့ပြီး အေးမြနွယ်လဲ မွေးရာပါ နှလုံးအပေါက်ကို ခွဲစိတ်ဖာထေးတာ အောင်မြင်ခဲ့ပါတယ်တယ်။ အိမ်ရောင်းလိုက်ပြီးတဲ့နောက်မှာ အန်တီတစ်ယောက် ပြဿနာပေါင်းစုံကို ရှင်းခဲ့ရတာကိုတော့ အေးမြ နွယ်မသိခဲ့ရပါဘူး ။ နေမခကတော့ တစ်ခါတစ်ရံအိမ်ကို ပြန်တာမို့ ပြဿနာတွေအားလုံးကိုသိခဲ့ရတယ်။ ~~~~ "လိုချင်လဲ ညီမကိုသာ သတ်ပြီးတော့ ယူသွားကြပါတော့ အစ်ကို...အစ်ကို သားနဲ့သမီးကို ညီမက ဘာကိစ္စ အမွေပေးရမှာလဲ ..ညီမသေသွားလို့လား ...အောင်သီဟ မင်းလဲ အရှက်မရှိပါလားဟဲ့ ... မင်းရဲ့ သားသမီးတွေနဲ့ မင်းမိန်းမကို ကျွေးမွေးစောင့်ရှောက်ပေးထားတာကို ကျေးဇူးမတင်ဘဲ နောက်မီန်းမအတွက်ပါ ငါက အမွေပေးရအုံးမှာပေါ့ ဟုတ်လား .. မင်း ရှာကျွေးနိုင်လို့ ယူထားတာလေ ငါနဲ့ဘာဆိုင်လဲ ...." အန်တီတီချိုတစ်ယောက် ဒေါသမထွက်စဖူး ဒေါသအကြီးအကျယ် ထွက်ပြီး လေသံမာမာနဲ့ ပြောလိုက်တယ်။ "နင့် တူနဲ့ တူမက သူတို့ အဆင် မပြေကြလို့ ငွေအရင်းအနှီးလေး နည်းနည်းပါးပါး တောင်းကြတာပါ မိချို...နင် ဒီလို ပြောစရာလား " ဦးလွင်ဦးက ညီမဖြစ်သူကို ထပြောလိုက်တယ် ။ " အစ်ကို သားနဲ့ သမီးနဲ့က ငွေတောင်းရုံတင်မကဘူး ....ခြိမ်းခြောက်တဲ့ ပုံမျိုးနဲ့ ပြောနေတာကို အစ်ကိုလည်းအမြင်ဘဲမဟုတ်လား....ညီမ ပိုက်ဆံကို ညီမ စေတနာရှိရင် ပေးချင်လဲပေးမယ် ...မပေးချင်လဲ မပေးဘူး ...အခုတော့ တဆိတ်ရှိ ဒီကလေးတွေနဲ့ပဲ ခြိမ်းခြောက်နေတာ ...မသိရင် သူ့သွေးသားရင်းတွေ မဟုတ်တဲ့ အတိုင်းပဲ " အဘွားရဲ့ ပြဿနာ။ အဘိုတို့မိသားစုတွေ့ရဲ့ အနိုင်ကျင့်မှုနဲ့ အဖေရဲ့ လူမဆန်တဲ့ လောဘတွေကို နေမခ မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရတဲ့အခါ အဖေတို့ မိသားစုတွေကို ပိုပိုပြီး စက်ဆုပ်ရွံရှာသွားမိတယ်။အဘွားမှာလည်း ဘယ်လောက် မပေးဘူးလို့ ငြင်းနေပေမဲ့ ဆေးရုံပေါ်မှာ ရှိနေတဲ့ အမေကို ပြဿနာ သွားရှာမှာစိုးလို့ အဘိုးတို့ကို ငွေအချို့ ခွဲဝေပေးခဲ့ရတယ်။ စိတ်ရှိတိုင်းသာဆိုရင် အဖေတို့ မိသားစုတွေကို နေမခ သောင်းကျန်းပစ်လိုက်ချင်ပေမဲ့ အားမတန်လို့မာန်လျော့ခဲ့ရတယ်။ ဒါပေမဲ့ နေမခစိတ်ထဲမှာတော့ တစ်နေ့မှာ အဖေတို့ မိသားစုတွေ နောင်တရနာကျင်စေရမယ်လို့တေးမှတ်ထားလိုက်ခဲ့တယ်။ ~~~~~~~ " ဘယ်လိုလဲ အမေ ....အိမ်ကို သဘော ကျရဲ့လား " နေမခ အမေ့ကို အိမ်ထဲကို တွဲခေါ်လာရင်း မေးလိုက်တယ်။အမေ့မျက်နားလေး ပြုံးနေတာကို မြင်ရတော့ နေမခ ပျော်မိတယ်။အဘွားရဲ့ အိမ်နဲ့ ခြံကို ရောင်းလိုက်ပြီး ရတဲ့ငွေ အပြည့်အ၀ နဲ့ဆိုရင် အဘွားက မြို့ထဲမှာပဲ တိုက်ခန်းကောင်းကောင်းနှစ်ခန်းလောက် ၀ယ်ပီး နေနိုင်မှာဖြစ်ပေမဲ့ အဘွားရဲ့ ငွေတစ်ချို့က ပဲ့ထွက်သွားတာမို့ အဘွားခမျာ မြိုနဲ့ အနီဆုံးဖြစ်တဲ့ မြို့သစ်နဘက်ကို ပြောင်းရွေ့ခဲ့ရတယ် ။ဒီနေရာက မြို့သစ်ဆိုပေမဲ့ မြို့ထဲနဲ့လဲ နီးပြီး လူနေမှု အဆင့်အတန်းကတော့ အထည်ကြီးပျက်များ နေထိုင်တဲ့ရပ်ကွက်မို့ လူနေသန့်တယ်။အများစုက နေမခတို့လို စျေးကောင်းရတဲ့နေရာကို ရောင်းခဲ့ပြီး ဝိတ်လျော့တဲ့အနေနဲ့ပြောင်းခဲ့ကြသူတွေမို့ အိမ်တွေကအစ

ဧကြည်ဖြူ " သံယောဇဉ် ကမ်းပါး " အပိုင်း ( ၉ ) ***** "ဟဲ့ ...ဟဲ့ ဒါက ဘယ်လိုဖြစ်နေကြတာလဲဟဲ့ " အောက်ထပ်ကိုရောက်သွားပြီးဖြစ်တဲ့ အန်တီအသံက ဟိန်းခနဲထွက်လာတယ်။ အေးမြနွယ်အောက်ထပ်ကို ရောက်လာတော့ အခန်းနှစ်ခန်းရဲ့ ရှေ့က ခြံဝန်းထဲမှာ မမျှော်လင့်ထားတဲ့ မြင်ကွင်းကိုတွေ့လိုက်ရတယ်။နေမခနဲ့ သူ့အဒေါ် ရန်ဖြစ်စကားများနေကြတာ။ သားကြီး နေမခက ဘယ်လောက်ထိစိတ်တိုနေလဲ (ဆိုရင် သူအကြိုက်ဆုံး ဘောက်စ် ကိုပါ ရိုက်ခွဲထားတာကို တွေ့လိုက်ရတယ်။ " အန်တီလေးတို့ ရောက်ကတည်းက...ကျွန်တော်တို့ မိသားစုတွေ တစ်ရက်မှ စိတ်မချမ်းသာခဲ့ရဘူး ...ဒီမှာ မနေကြတော့နဲ့ ပြောင်းကြတော့ ..." "ဟဲ့ ငါတို့က ဘာလို့ ပြောင်းရမှာလဲ ...ဒီအိမ်က ငါ့အဒေါ်အရင်းရဲ့အိမ်ဟဲ့ ... ပြီးတော့ ငါတို့က ပိုက်ဆံပေးပြီးနေတာ ...နင်တို့လို အလကား လာကပ်နေတာ မဟုတ်ဘူး " " သားကြီး နေမခ ...မင်းဘာဖြစ်နေတာလဲ .." အဒေါ်နဲ့တူ လူကြားမကောင်းအောင်အော်နေကြတာမို့ အေးမြနွယ် လှမ်းဟန့်လိုက်တယ်။ "နင်တို့ တော်ကြပါတော့ ဟယ် ... ပတ်ဝန်းကျင်မှာ ရှက်စရာကောင်းလိုက်တာ " အန်တီချိုက တူမနဲ့ မြေးရဲ့ကြားမှာဝင်ရပ်ပြီး ဟန့်တားလိုက်တယ်။ "ဘာလဲ အန်တီက သူတို့ကိုထိလို့ နာတာလား ... သမီးက အန်တီ့ တူမအရင်းပါ အန်တီရဲ့ ...သူတို့က အန်တီ ဆီမှာကပ်စာနေတဲ့ ဟာတွေ ...အန်တီငွေတွေကို လိုချင်လိုကပ်နေတာ အန်တိသိရဲ့လား .." " ဒုန်း " "အန်တီလေးတို့သာ အဘွား ငွေတွေကို လိုချင်လို့ လာကပ်နေတာမဟုတ်ဘူးလား .." နေမခက ခုံကို ထုရိုက်လိုက်ရင်း အဒေါ်ဖြစ်သူကို ပြန်အော်ပစ်လိုက်တယ်။ "တော်ကြပါတော့ဟယ် ...ငါတောင်းပန်ပါတယ်...ငါလည်းစိတ်ဆင်းရဲလှပါပြိ ...နင်တို့အားလုံးနဲ့ဝေးရာကို ငါ ထွက်သွားချင်နေပြီ " အန်တီချိုက နှစ်ယောက်လုံးကို အော်လိုက်တယ် ။ " အေးပါ နေမခ ...နင်တို့ သားအမိတွေက အန်တီက အရေးပေးတယ်ဆိုပြီး လူပါးဝနေကြတာပဲ....ငါအခု အဖေ့ဆီကိုဖုန်းဆက်မယ် " " ဆက်လေ ဆက်ပေါ့ ...ကျနော်တို့ကကြောက်နေရမှာလား...." " တောကြပါတော့ ....သားကြီး နေမခ တော်ပါတော့ကွယ် ...အမေတောင်းပန်ပါတယ် " အေးမြနွယ်က ငိုရင်း လှမ်း အော်လိုက်တော့မှ နေမခက အဒေါ်ဖြစ်သူကို ပြန်အော်နေတာကို ရပ်လိုက်ပြီး အိမ်ရှေ့စျေးဆိုင်ထဲကို ဝင်သွားတယ်။ ~~~~~~ "နင်တို့က ဘာတွေဖြစ်နေကြတာလဲ ..." ခြံထဲကို ရောက်တာနဲ့ ဦးလွင်ဦးက ဒေါ်သသံနဲ့ အော်လိုက်တယ်။ "ညီမလဲ မသိတော့ဘူး ...အစ်ကို့ သမီးနဲ့ အစ်ကို့ မြေးတွေ ဖြစ်နေကြတာလေ ..." အစ်ကိုဖြစ်သူရဲ့ အသံကို ကြားလို့ အန်တီက အပေါ်ထပ်က ဆင်းလာပြီး ပြောလိုက်တယ်။ "အဒေါ်ကို ပြန်ပြောနေတယ် ဟုတ်လား ...ဘယ်လောက်ရိုင်းတဲ့ ဟာလဲ ... စမန် ခုတ်နေတဲ့ဟာတွေ " ဒေါ်ခင်လှက သမီးဖြစ်သူ ပြောသမျှကို နားထောင်ပြီး မြေးဖြစ်တဲ့ နေမခကို ပြောလိုက်တယ် ။ အဘိုးနဲ့ အဘွားရဲ့အသံကို ကြားလိုက်ရတာနဲ့ အမေ့ကို ယပ်ခတ်ပေးနေရာကနေ နေမခ မတ်တတ်ထရပ်လိုက်တယ်။ "သား ဘယ်သွားမှာလဲကွယ် ...ဟိုမှာ သားရဲ့ဘွားလေးရှိတယ် ...ဘွားလေးပြောပြ လိမ့်မယ် ...သားမသွားပါနဲ့ကွယ် .တော်ကြာ စကားတွေ များကုန်ရင် သားပဲ ငရဲရမှာ ..." " ဟင့်အင်း အမေ...သား သွားပြောမယ် ... ဘွားလေးက အဘိုးကို ကြောက်ရတယ် ... ဒီပြဿနာက သားရှာတဲ့ ပြဿနာမို့ သားပဲ သွားရှင်းလိုက်မယ် ....သဲသဲ အပြင်ထွက်မလာခဲ့နဲ့နော် ...ထွက်လာရင် ကိုကို စိတ်ဆိုးမှာ " အမေ ဆွဲတားနေတဲ့ကြားက နေမခ အိမ်ရှေ့ကို ထွက်လာခဲ့တယ်။ တားနေတဲ့ကြားက ဇွတ်ထွက်သွားတဲ့ သားကြီးနေမခကြောင့် အေးပြနွယ်လဲ့ အိမ်ရှေ့ကို လိုက်ထွက်ခဲ့ရတယ်။ ~~~~~ "အိပ်ချိန်လဲ မဟုတ်ဘဲ သီချင်းဖွင့်မိတာ ကျွန်တော့် အလွန်လား ... လူကြီးတွေကိစ္စဆိုပြီး ကျွန်တော်ဝင်မပါခြင်းလို့ နေနေတာ ...အဘိုးတို့ကအရမ်းကို လွန်နေပြိ ..ကျွန်တော်တို့ရှေ့မှာ တင် ကျွန်တော်တို့အမေကို သေပါစေလို့ပြောတယ် ...ပြီးတော့ အန်တီလေး ရှိသေးတယ် ...အဖေ့နောက်မိန်းမက ဆံပင်က အရှည်ကြီးနဲ့ ပိုက်ဆံရှိတယ်ဆိုပြီး အမေကြားအောင် အမြဲပြောနေတာလေ ... ဘာလဲ ကျွန်တော့်အမေကို သေစေချင်နေကြတာလား .." နေမခက ဒေါသတကြီးနဲ့ အော်လိုက်တယ်။ "အဘိုးတို့က စိတ်တိုလို့ ပြောမိတာပါ ...." မြေးဖြစ်သူ နေမခ ဒေါသ တအားထွက်နေမှန်းသိတော့ ဦးလွင်ဦး လေသံကို လျှော့ပြီး ပြောလိုက်တယ် ။ "စိတ်တိုတယ် ဟုတ်လား....အဘိုးတို့ စိတ်တိုအောင်... သားတို့ အမေက ဘာလုပ်လို့လဲ ...အဘိုးရဲ့သားက သားတို့ အမေကို နှိပ်စက်ခဲ့တာလေ .. နောက်မိန်းမဆီ သွားဖို့ကို ပိုက်ဆံတောင်းလို့မရလို့ ညီမလေးနဲ့ ခြိမ်းခြောက်ခဲ့တာကို အဘိုးတို့ သိသိနဲ့ ဘာမှ မပြောခဲ့ကြဘူးလေ ... ဒီကြားထဲ အမေ့ကို ယောကျာ်းတွေနဲ့ ရှုပ်တယ်ဆိုပြီး မဟုတ်က ဟုတ်ကလျှောက်ပြောကြသေးတယ် ... အဘိုးတို့က အတော်ရက်စက်တဲ့ လူတွေ ... ဒီနေ့ကစပြီး အဘိုးတို့နဲ့ ကျွန်တော်တို့ သေခန်းပြတ်ပဲ ..အဘိုးတို့ နဲ့ အမျိုးလဲ မတော်ချင်ဘူး ...ပတ်လဲ မပတ်သက်ချင်တော့ဘူး " "သား နေမခ ...ဘာတွေ ပြောနေတာလဲ တော်တော့ "

အစားအသောက်ရှားပါးတယ်ဆိုတာလဲ မရှိခဲ့ဘူး။ အဝတ်အစား အစုတ်ဝတ်ရတာမျိုးလဲ မရှိခဲ့ဘူး။ကျောင်းပဲသွားသွား၊ အိမ်မှာပဲနေနေ အ၀တ်အစားတွေဆိုတာ မီးပူတိုက်ပြီးသား သန်းရှင်းသပ်ရပ်နေတာမျိုးလေ။အမေက ဈေးဆိုင် အလုပ်တွေနဲ့ ဘယ်လောက် အလုပ်များနေပါစေ နေမခတို့ စားဖို့ ဝတ်ဖို့ကို မညည်းမညူလုပ်ပေးခဲ့ရှာတာ။ နေမခတို့အတွက်တော့ အမေက အကောင်းဆုံး၊ အတော်ဆုံးလူသားတစ်ယောက်ပဲ ။ ~~~~~ အေးမြနွယ် ခွဲစိတ်ဖို့ အတွက် တစ်လပဲလိုတံ့ချိန်မှာ အန်တီချိုရဲ့ အပေါင်းအသင်းတွေက ငွေထုတ်ချေးမယ်လို့ ပြောလာကြတာမို့ အေးမြနွယ်တို့မှာ ဝမ်းသာခဲ့ရတယ်။ အန်တီချိုက နဂိုကတည်းက စေတနာကောင်းပြီး ရက်ရောသူတစ်ယောက်မို့ အပေါင်းအသင်းမိတ်ဆွေတွေ ပေါများပါတယ် ။အန်တီချို အကူအညီတောင်းတာနဲ့ ကူညီပေးမယ့်သူတွေကလဲ မရှားလှပါ။ "အဆင်ပြေပြီး သမီးရေ ဘာမှ ပူမနေနဲ့တော့ ... လိုနေတဲ့ ငွေလဲပြည့်ပြီ...အတိုးလဲ ပေးစရာမလိုဘူး ...အိမ်ရောင်းပြီးမှ ဆပ်တဲ့ ...ဟဲ့ ...ဟဲ့ ...ဘာလို့ငိုနေရတာလဲ ဒီကလေးမနဲ့ ဒါ ၀မ်းသာစရာလေ " အန်တီ့စကားကို ကြားတော့ အေးမြနွယ် ဝမ်းသာလွန်း၍ ငိုမိခြင်းပါ ။ ဘယ်လိုပင် တရားမရှိဘူး ပြောပါစေ အေးမြ နွယ်မသေချင်သေးဘူး။ သားနဲ့သမီးကို အေးမြနွယ်စိတ်မချဘူး။အန်တီရှိရင် သားနဲ့ သမီးအတွက် မပူရဘူးဆိုပေမဲ့ အန်တီက ရိုးသားအေးဆေးလွန်းသူမို့ အေးမြနွယ်ရဲ့ ယောက္ခမတွေကို မလွန်ဆန်နိုင်ဘူးဆိုတာ အားလုံးသိနေကြတယ်လေ။ ယောက္ခမတွေဆိုတာကလဲ ငွေကိုသာ ဦးစားပေးတတ်ကြတာလေ။ "ဝုန်း " "ဒုန်း " "ဂွမ်း " "ဟဲ့ ...ဟဲ့ ဘာဖြစ်ကြတာလဲ " အေးမြ နွယ်နဲ့ အန်တီတို့ အပေါ်ထပ်မှာ စကားပြောနေတုန်းမှာပဲ အောက်ထပ်က ဝုန်းဝုန်းဒိုင်းဒိုင်းအသံများကို ကြားလိုက်ရတာမို့ အန်တီက ထိတ်ထိတ်ပျာပျာနဲ့ အော်မေးလိုက်ပြီး အောက်ထပ်ကို ပြေးဆင်းသွားတယ်။ အေးမြနွယ်မှာတော့ အန်တီ့လို ပြေးမဆင်းနိုင်ဘဲ တဒိန်းဒိန်းခုန်လှုပ်သွားတဲ့ ရင်ဘတ်ကို လက်နဲ့ အသာဖိပြီး လှေကားထစ်တွေအတိုင်း တဖြည်းဖြည်း တရွေ့ရွေ့ဆင်းလာခဲ့ရတယ်။ အောက်ထပ်မှာတော့ ဘာတွေဖြစ်နေကြလဲ မသိ။ တံခါးကို ထုသံ ၊ ခြံတံခါးသံတိုင်းကို ထုရိုက်သံလိုမျိုး အသံတွေကို ကြားနေရတယ်။ ================== အပိုင်း (၉) ဆက်ရန် ..... ဧကြည်ဖြူ

" အဘိုးတို့က အရမ်းလွန်နေပြီ ...ထားလိုက်တော့ အဘွား သွားမတောင်းနဲ့တော့ ...အဘွားအသိတွေဆီက ချေးပေးပါနော် အဘွား ... အမေနေကောင်းတာနဲ့ သားနိုင်ငံခြားမှာ အလုပ်သွားလုပ်ပြီး အဘွားရဲ့အကြွေးတွေကို ဆပ်ပေးပါ့မယ် ..ပြီးတော့ အဘိုးတို့နဲ့လဲ မပတ်သက်နဲ့တော့ ... အဘွား တူမကိုလဲ ဒီမှာ မနေခိုင်းနဲ့တော့ အမေ့အကြောင်းတွေကို တစ်လမ်းလုံး အတင်းလိုက်ပြောနေတာ " "ဟယ် ...သား နေမခ ... ဘယ်လို ပြောတာလဲကွယ် ...အဲ့ဒီလို မပြောရဘူးလေ .. သားငရဲကြီး လိမ့်မယ် .. သူတို့က အမေနဲ့ ဘာမှမတော်ကြပေမဲ့ သားရဲ့ အဘိုးနဲ့အဘွားအရင်းတွေလေ " သားဖြစ်သူ နေမခရဲ့ ဒေါသတကြီးနဲ့ ပြောလိုက်တဲ့ စကားကြောင့် အေးမြနွယ်အလန့်တကြားနဲ့ တားမြစ်လိုက်မိတယ်။သားလေးကို ငရဲရစေမှာ မျိုးကိုတော့ အေးမြ နွယ်လက်မခံနိုင်ပါ။ဒါတောင် ကံကောင်းလို့ အငယ်မ တို့ မိသားစု ဒီနေ့အိမ်မှာမရှိလိုသာပေါ့ ။မဟုတ်ရင် ကြီး ကောင်ဝင်လာပြီဖြစ်တဲ့ သားနေမခက စိတ်တိုနေချိန်မှာ သူ့အဒေါ်တွေကို မပြောဘူးလို့ အာမခံနိုင်တာမဟုတ်ဘူး။ အန်တီချိုကတော့ ကိုယ်တိုင်ကြုံလာခဲ့ရသူမို့ မြေးဖြစ်သူ ရှေ့မှာ စိတ်ညစ်ညစ်နဲ့ထိုင်နေမိတယ်။ ~~~ " မထည့်နိုင်ဘူးနော် ... သဲသဲက သားညီမ ...သားညီမကို ဘယ်သူနဲ့မှ မထည့်နိုင်ဘူး ...အဘွားလဲ ထည့်ပေးလိုက်ဖို့ မတွေးနဲ့နော် " နေမခ အဘွားကို စိတ်တိုတာမဟုတ်ပေမဲ့ အော်ပြောလိုက်မိတယ်။ ဟုတ်တယ်လေ အမေနေမကောင်းမှန်း သိသိနဲ့ နေမခတို့ကို ပစ်ထားခဲ့ကြပြီးမှ သူတို့ခရီးသွားမှာမို့ ညီမလေးကိုပါ ခေါ်သွားမယ်တဲ့ ။မထည့်ပေးနိုင်ဘူး။ ညီမလေးကို ဘယ်သူနဲ့မှ စိတ်မချဘူး။ " အေး ...အေးပါဟယ် ...အဘွားက အငယ်လေး ...သူတို့ကခေါ်မယ်ဆိုမှတော့ မထည့်လို့ ရမလား " "ရတယ် အဘွား ...ဒီကိစ္စက အဘွားနဲ့ မဆိုင်တော့ ဘူး ...သားပြောမယ် " ~~~ ~~ အေးမြနွယ် ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်ရင်း ဘုရားကို အာရုံပြု ရှိခိုးနေတုန်းမှာ အပေါ်ထပ်က မြေးအဘွားနှစ်ယောက်ရဲ့ ဆူသံကို ကြားလိုက်ရတာမို့ ရင်တွေ ဒိန်းခနဲ ဆောင့်ခုန်သွားမိတယ်။ အပေါ်ထပ်ကို လှမ်းအော်မေးဖို့ကလဲ အားအင်မရှိတာမို့ အိမ်ပေါက်၀ကို ကြည့်ပြီး သားကြီးနေမခ ဆင်းအလာကို စောင့်နေလိုက်ရတယ်။ အေးမြနွယ်ကြည့်နေတုန်းမှာပဲ သားကြီးနေမခ အိမ်ထဲကို ဝင်လာတာမို့ အေးမြ နွယ်အလောသုံးဆယ် မေးလိုက်မိတယ်။ "ဘာ ..ဘာဖြစ်တာလဲ သား ...အဘွားကို ဘာလို့ အော်နေတာလဲ " နေမခ အမေ့ဘေးနားမှာ ၀င်ထိုင်လိုက်ပြီး " အဘွားကို အော်တာ မဟုတ်ဘူး အမေ ...အဘိုးတို့ပေါ့ ညီမလေးကို နယ်ဘက်ကို ခေါ်သွားမလို့တဲ့ ...အဲ့ဒါ မထည့်နိုင်ဘူးလို့ ပြောနေတာ " "ဘယ်လို ... နယ်ကို ခေါ်သွားမလို့ ဟုတလား ...မဖြစ်နိုင်တာ ...အမေလဲ မည့်ချင်ဘူး သား ..." အေးမြနွယ် စိတ်ထဲ ထိတ်ခနဲ ပူပင်သွားမိတာမို့ သားရဲ့ လက်ကို အားကိုးတကြီး ဆွဲကိုင်လိုက်မိတယ်။ "စိတ်ချပါ အမေရာ ..သားလဲ မထည့်ပေးပါဘူး " နေမခက အမေရဲ့ ပိန်လှီနေတဲ့ လက်ကလေးကို ဆုပ်ကိုင်ပြီး အံကိုကြိတ်ကာပြောလိုက်မိတယ်။ ~~~~ " ဒုန်း " "ဝုန်း " "ခွမ်း " "လူပါး၀တဲ့ ဟာတွေ..... ငါ ( ..... ) ဟာတွေ ... စိတ်ချ နင်တို့နဲ့ ငါတို့သေးခန်း ပြတ်ပဲဟေ့ ... ဘယ်တော့မှ မပတ်သက်ဘူး " ဦးလွင်ဦးက ခြံထဲမှာ ရှိတဲ့ ပစ္စည်းတွေကို ကန်ကျောက်ပြီး ပြောဆို ဆဲဆိုနေတယ်။ "အဲ့ဒီ ( ... ) မက ....ရှင့်မြေးတွေကို သွေးထိုးပြီး ရိုင်းအောင်လုပ်ထားတာ ...သေလဲ မသေနိုင်ဘူး ...အရိုင်းအစိုင်းတွေကို ခေါ်မနေနဲ့ ပြန်ကြမယ် " ဒေါ်ခင်လှက ယောကျာ်းဖြစ်သူရဲ့ ဘေးကနေ အေးမြနွယ်တို့ ကြားအောင် အော်ပြောလိုက်တယ်။ အေးမြနွယ်ကလဲ ကြားပါတယ်။မိမိကို သေပါစေဆုတောင်းတာမို့ စိမ်မကောင်းဖြစ်မိပေမဲ့ ဘာမှလဲ ပြန်ပြောစရာမရှိပါ။သူတို့က မိဘတွေမို့ ပြောချင်ရာပြောကြပါစေဟု သဘောထားပြီး ဘုရားကိုပဲ အာရုံပြုနေရင်း သားကြီးနေမခရဲ့လက်ကို ခပ်တင်းတင်းဆုပ်တိုင် ထားလိုက်ရတယ် ။မတော် အဘိုးအဘွားတွေကို ပြန်ပြောနေမှာစိုးရတယ်။ အပေါ်ထပ်က အန်တီဆီက ဘာအသံမှ မကြား ရတာမို့ အေးမြနွယ် သက်ပြင်းကို မသိမသာချလိုက်မိတယ်။ " သေလဲ မသေနိုင်ဘူး ... မြန်မြန်သေအေးတယ် " အမေ့ကို ကျိန်ဆဲနေတဲ့ အဘိုးနဲ့ အဘွားကို ကြည့်ပြီး နေမခအံကိုတင်းတင်းကြိတ်ထားမိတယ်။နေမခ သိတတ်တဲ့ အရွယ်ကတည်း အဖေနဲ့ အဘိုးအဘွားတို့ အမေ့ကို အမျိုးမျိုးနှိပ်စက်ခဲ့ကြပေမဲ့ အမေက အမြဲသည်းခံခဲ့တယ်။အဘိုးအဘွားတို့ကို ပြန်ပြောတာမျိုး၊ နောက်ကွယ်မှာ ပြောဆို ကျိန်ဆဲတာမျိုးလဲ ရှိခဲ့တာမဟုတ်ဘူး။ နေမခက ပြန်ပြောမိရင်တောင် အမေက တားမြစ်ခဲ့တာ။ အဖေရှိတုန်းကလဲ တစ်ခါတလေ အမေ့ကို ရိုက်နှက်ခဲ့ပေမဲ့ အမေ့က မျက်ရည်ကျရုံကလွဲပြီး အဘိုးအဘွားတို့လို ဆဲဆိုတာမျိုးကိုတောင် လုပ်ခဲ့တာမဟုတ်ဘူး ။ ကိုယ့်အမေ့မို့ ပြောတာမဟုတ်ဘူး ။အဖေက တစ်နှစ်မှာ အနည်းဆုံးတစ်ခါလောက်တော့ အိမ်ကနေ ထွက်သွားတတ်တယ်။ နေမခသိတတ်တဲ့ အရွယ်ကို ရောက်လာတော့ အဖေက ပိုဆိုးလာတယ်လို့ပဲ ပြောရမလား ။တစ်နှစ်ကို နှစ်ခါသုံးခါလောက် ကောင်မလေးတွေနဲ့ ထွက်သွားတတ်တာ ။ဒါပေမဲ့ အဖေထွက်သွားလို့လဲ နေမခတို့ မောင်နှမ ဒုက္ခမရောက်ခဲ့ပါဘူး။ အမေက စျေးရောင်းပြီးရှာကျွေးခဲ့တယ်။ နေမခတို့မှာ

ဧကြည်ဖြူ "သံယောဇဉ် ကမ်းပါး" အပိုင်း (၈ ) ** * ** "အန်တီချိုတို့တော့ မြေးတွေနဲ့ မပျင်းရတော့ဘူးပေါ့ " ၀ယ်နေကျ ဟင်းရွက်သည်လေးက စသလို နောက်သလိုပြောတော့ အန်တီချိုတစ်ယောက် ခပ်ယဲ့ယဲ့ပြုံးလိုက်မိတယ်။ဟင်းရွက်သည်ပြောသလိုပဲ မပျင်းရတာတော့ အမှန်ပင်။အိမ်ပြောင်းလာတဲ့ တူမအရင်းရဲ့ကလေးနဲ့ မြေးမလေး သဲသဲက အသက်အရွယ်ချင်းက မတိမ်းမယိမ်းတွေ။ သဲသဲလေးကအကြီး မိုးသည်းခံတတ်ပေမဲ့ အသေးမလေးက ခပ်စ္စာစွာဆိုတော့ မြေးမလေးသဲသဲခမျာ အထုအရိုက်ခံရတတ်တယ်။ မြေးချင်းတူတူဆိုပေမဲ့ မြေးမလေးသဲသဲကို ထိတော့ ရင်ထဲမကောင်းပါ။ အစားအသောက် တစ်ခုစုကျွေးရင်လဲ အသေးမလေးက သူ့ကို အရင်ခေါ်ကျွေးမှ ကျေနပ်တာမျိုး။ကိုယ်က အကျင့်ဖြစ်နေတာမို့ မြေးလေး သဲသဲရေ ခေါ်မိရင် အသေးမလေးကစိတ်ကောက်တော့တာပဲ ။ကလေးစိတ်ကောက်တာက အရေးမကြီးပေမဲ့ တူမဖြစ်သူကပါ ကြေးတိုက်ပြီး ဒီဘက်မှာ ဖြစ်သမျှ အလုံးစုံကို သူ့အဖေအမေတွေဆီကို ဟုတ်တာတွေရော ၊မဟုတ်တာတွေပါသတင်းပို့နေလေတော့ ကိုယ်တွေမှာ အလိုလိုနေရင်း အနေကျုံ့နေရတဲ့ဘ၀မျိုးဖြစ်နေတာ။ ဒီဘက်ကများ တစ်ခုခုပြောမိလုပ်မိရင် သတင်းက အစ်ကိုနဲ့ ယောင်းမဆီကိုရောက်သွားပြီး ဖုန်းနဲ့ တစ်မျိုး ၊ လူကိုယ်တိုင်တစ်မျိုး ပြစ်တင်ပြောဆိုကြတော့တာပဲ။အခုတော့ ကိုယ်တွေမှာ ပြောစရာလုပ်စရာရှိရင် တိုးတိုးတိတ်တိတ်နဲ့ ကျိတ်ပြောကျိတ်လုပ်ကြရတဲ့ ဘ၀ကို ရောက်မှန်းမသိ ရောက်နေခဲ့ကြရတဲ့ဘ၀လေ။ ~~~ "တစ်ပတ် တစ်ပတ်ဆေးဖိုးက တစ်သိန်းနီးပါးပဲ အဖေရဲ့ ... ဟို နှစ်ကောင်ကဆိုတာလဲ စားတာမှ တအားပဲ ... ဒီကြားထဲ အကြီးကောင်က အလိုက်ကန်းဆိုးမသိ သီချင်းတွေ ထထဖွင့်သေးတာ ...အဖေ့ညီမ မှာ အကြွေးတွေ ဝိုင်းနေပြီးနော် ...အိမ်ရောင်းပြီးရင် ပြန်ဆပ်မယ်ဆိုပြီး ချေးထားတဲ့ငွေတွေက မနည်းဘူး " ဦးလွင်ဦးးနဲ့ဒေါ်ခင်လှက သမီးဖြစ်သူပြောတာကို နားထောင်နေကြရင်း ကြိတ်မနိုင်ခဲမရဖြင့်ပင် "ဒီအရူးမကိုတော့ ဘယ်လိုပြောရမှန်းကို မသိတော့ဘူး ...ဒီဟာတွေကြောင့်တော့ ရှိသမျှ ကုန်တော့မယ်..ရောဂါသည်ကလဲ သေစရာရှိ မသေးဘူး ..." "သေမှာမဟုတ်ဘူး အဖေရေ ... အန်တီက ဦးစားပေးတယ် ဆိုပြီး အကြောကို တင်းနေတာပဲ ... အိမ်ရောင်းမထွက်ခင် အဖေ့ဆီမှာလိုတဲ့ ပိုက်ဆံကို လာချေးမယ်လို့ ပြောနေသံကြားတယ် ..." "အို ..မချေးနိုင်ပါဘူး...ပေးလဲ မပေးနိုင်ဘူး ... ကိုယ့်ချွေးမလဲ မဟုတ်တော့ဘူး ...သူသေသွားလို့ ကလေးတွေ ကျန်ခဲ့ရင်တော့ ခေါ် မွေးရမှာပေါ့ ... အခုအောင်သီဟ မိန်းမမှာလဲ ကိုယ်ဝန်ရနေပြီတဲ့ ...မိချိုရဲ့ အမွေက သူတို့နဲ့ ဘာမှမဆိုင်ဘူး ရမဲ့ရ ငါ့သား အောင်သီဟ ပဲ ရ ရမှာ " ဒေါ်ခင်လှက မကျေမနပ်နဲ့ ရေရွတ်လိုက်တယ်။ ဦးလွင်ဦးကလဲ တောက်တစ်ခေါက်နဲ့ မကျေမနပ်ဖြစ်နေမိတယ်။ ~~~~ "အမေ့နားမှာပဲ တစ်ချိန်လုံး ကပ်နေစရာ မလိုပါဘူး သားရယ် ...စာလေးဘာလေး လေ့လာပါအုံး " အေးမြနွယ်က သားဖြစ်သူကို ကြည့်ပြီး ပြောလိုက်တယ်။နေမကောင်းတာ ခြောက်လကျော်လာဖြစ်တဲ့အတွက် သားကြီးရဲ့ ပညာရေးကိုလဲ ထိခိုက်ခဲ့ရတယ် ။အိမ်နဲ့ ဆေးရုံကို အချိန်အခါ မရွေး သွားနေရတဲ့အပြင် တစ်ယောက်တည်း နေလို့မဖြစ်တဲ့ အေးမြနွယ်ကြောင့် သားကြီးမှာ ကျောင်းနားခဲ့ရတယ်လေ။ကျောင်းနားခဲ့ရပေမဲ့ သားက အင်္ဂလိပ်စာကိုတော့ အချိန်အားတာနဲ့ လေ့လာသင်ယူနေရှာတယ်။ အေးမြနွယ်လဲ အမြန်ဆုံးပြန်ကောင်းချင်နေပါပြီ ။အန်တီ့ကိုလဲ အားနာလှပြီလေ။ပြီးတော့ သားကြီးကိုလဲ နောက်နှစ်တော့ ဆယ်တန်းကိုဖြေစေချင်မိတယ်။ ~~~~ ဦးလွင်ဦးက ညီမဖြစ်သူရဲ့မျက်နှာကို ခပ်စူးစူးစိုက်ကြည့်ပြီးပြောလိုက်တယ်။ "သိန်းနှစ်ဆယ် ဟုတ်လား ..... ဘယ်လိုဖြစ်လို့ အသည်းအသန် ပြန်တောင်းနေရတာလဲ " အစ်ကိုဖြစ်သူရဲ့ လေသံခပ်မာမာကြောင့် အန်တီချိုမှာ မျက်နှာကို မသိမသာအောက်ကိုငုံ့လိုက်မိတယ်။ကိုယ့်ပိုက်ဆံ ကိုယ်ပြန်လာတောင်းတာမို့ အစ်ကိုဖြစ်သူကိုကြောက်တာမဟုတ်ပေမယ့် စိတ်ထဲမှာတော့ စိုးရွံ့နေမိတာအမှန်ပင်။ "ကောင်မလေးကလဲ နောက်လထဲမှာ ခွဲစိတ်ဖို့ရက်ရတယ်လေ အစ်ကို ...ညီမမှာလဲ ငွေကမပြည့် လိုပါ ... အိမ်ကလဲ ကြည့်တဲ့သူတွေသာ လာနေတာ ဈေးကမတည့်ဘူးဖြစ်နေတယ် " "အေး ... ဘယ်တည့်မလဲ ...နင်တို့ငွေလိုနေမှန်းသိတော့ နှိမ်ချင်နေကြတာလေ ...နင်ကိုယ်က မဟုတ်တာ ... သူကနင့်တူမ မို့လို့လား နင်ဒီလောက်လိုက်လုပ်ပေးနေတာ ... အေး ငါ့မှာလဲ ငွေက လက်ထဲမရှိသေးဘူး... လုပ်ငန်းထဲ သုံးထားလို့ ပေးစရာမရှိဘူး " ~~~~~~ အစ်ကိုတွေရဲ့အိမ်က ပြန်ထွက်လာတော့ ကောင်းကင်မှာ ပူနေတဲ့ နေမင်းကြီးထက် အန်တီချို့ရဲ့ရင်ထဲက အပူမီးက ပိုနေခဲ့ပါပြီ။အစ်ကိုဖြစ်သူဆီကငွေကို ပြန်ရခဲ့ရင် မသကာလိုလှ ငါးသိန်း၊ ဆယ်သိန်းသာပေါ့။ အခုတော့ ငွေကို ဘယ်လိုရှာရပါ့မလဲ ။ မရတဲ့အဆုံးမှာ အိမ်ကို ပေါင်လိုက်ရလေမလား။ရှေ့မျက်နှာ နောက်ထားပြီး အပေါင်းအသင်းတွေဆီ ချေးရရင် ကောင်းလေမလား ။ လောလောဆယ် အိမ်ပြန်ရောက်ရင် အေးမြနွယ်တို့ သားအမိကို ဘယ်လိုပြောရမှန်းပင် မသိပါလေတော့ ။ အေးမြနွယ်ကတော့ သူ့ယောက္ခတွေ အကြောင်းကို သိသူမို့ ဘာမှ ပြောမှာမဟုတ်ပေမဲ့ မြေးဖြစ်သူက နားလည်သိတတ်နေပြီမို့ စိတ်ဆိုးဒေါသထွက်ပေအုံးမယ် ။ ^~~~~~