အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ
Kanalga Telegram’da o‘tish
Ko'proq ko'rsatish
1 030
Obunachilar
-224 soatlar
-27 kun
-1330 kun
Postlar arxiv
ဧကြည်ဖြူ
"ရင်ဘတ်ပေါ်က နှင်းဆီ "
အပိုင်း (၁၈ )
*******
" အစ်မ...ခဏလေး တံခါးဖွင့်ပေးပါနော် ...နှင်းက အစ်မကို နှောက်ယှက်ဖို့ လာတာ မဟုတ်ပါဘူးရှင် "
လူတင်လှတာမဟုတ် ။အသံလေးကလည်း ချိုသာလိုက်တာလို့ အနီရင့် စိတ်ထဲက တွေးလိုက်မိတယ်။အနီရင့် တံခါးကို ဖွင့်လိုက်တယ်။
တွေ့တွေ့ချင်းမှာပဲ "လှလိုက်တာ "လို့ အနီရင့်စိတ်ထဲကနေ ရေရွတ်လိုက်မိတယ်။
" နှင်း ခဏထိုင်လို့ရမလားရှင် ."
အသံချိုချိုအေးအေးလေးနဲ့မေးလာတဲ့ အသံ။အနီရင့်မှာ ငြင်းဆန်နိုင်စွမ်းအားမရှိပါလေ။
"ဟုတ် ...ဟုတ်ကဲ့ ...ထိုင်ပါရှင် "
" နှင်းနာမည်က နှင်းသီရိပါ ... အစ်မက နှင်းကို သိလား မသိလားတော့ နှင်းမသိပါဘူး ...နှင်း ကတော့ အစ်မကို သိတာ မကြာသေးပါဘူး "
သူမရဲ့ စကားကို အနီရင့်ခေါင်းမငြိမ့် မိသလို ခေါင်းလည်းမခါမိဘူး။
"နှင်း ...နှင်းက ကိုလင်းရိပ်ရဲ့ ချစ်....ချစ်သူပါ ..."
ပြောရင်း သူမက ငိုတယ်။ငိုနေတဲ့ သူမကို ကြည့်ပြီး အနီရင့် ထိတ်ထိတ်ပျာပျာဖြစ်သွားမိတယ်။
" နှင်း နှင်းတို့ရဲ့ ချစ်သူသက်တမ်း လေးနှစ်ကျော်နေပါပြီရှင် ...လွန်ခဲ့တဲ့ လကမှ စကားများပြီး လမ်းခွဲသလို ဖြစ်သွားကြတာပါ ...တကယ်တမ်းက နှစ်ယောက်လုံး မပြတ်ကြပါဘူး ..မောင် ...မောင် ဒီလို ရုတ်တရက်ကြီး အိမ်ထောင်ပြုလိုက်မယ်လို့ နှင်း လုံးဝမထင်မိဘူး "
ပြောနေရင်း သူမထပ် ငိုတယ်။အနီရင့်ကတော့ ဆွံ့အနေသူတစ်ယောက်လို နှုတ်ဆိတ်နေမိတယ် ။
" ဒီလောက် အချိန်လေးတွင်းမှာ မောင် လက်ထပ်လိုက်တယ်ဆိုတာကို နှင်း မယုံကြည်နိုင်ဘူး ...နှင်းတို့ ချစ်သူဖြစ်နေတဲ့ အတောအတွင်းမှာ မောင်က နှင်းအပေါ် သစ္စာမဖောက်ဆိုတာ နှင်းယုံကြည်တယ် ....ဘာ ... ဘာတွေ ဖြစ်ကုန်တာလဲရှင် ...နှင်းက နှောက်ယှက်ချင်လို့ လာတာ မဟုတ်ပါဘူး ... ရင်ကွဲမတတ် ခံစားနေရလို့ ရောက်လာတာပါရှင် .. မောင်သာ မရှိရင် နှင်းသေးမှာပါ ...မောင်လည်း နှင်းလို့ ခံစားနေရမယ်ဆိုတာ နှင်းသိနေပါတယ်..."
သူမရဲ့ စကားအတိုင်းပဲ ရင်ကွဲမတတ် ငိုကြွေးနေတဲ့ သူမကို ကြည့်ပြီး အနီရင့် နောင်တ အကြီးအကျယ် ရနေမိတယ်။သူမ ပြောနေတဲ့စကားတွေကိုလည်း အနီရင့် ယုံကြည်ပါတယ်။အရင်ကလင်းရိပ် ပုံစံနဲ့ လက်ရှိ လင်းရိပ်ရဲ့ ပုံစံကို ကြည့်ရင် လင်းရိပ် ဘယ်လောက် ခံစားနေရတယ်ဆိုတာကို အနိုရင့် ကိုယ်တိုင်လည်း မြင်နေရတယ်လေ။ ဒါပေမဲ့ ဒီလို တိုက်ရိုက် လာပြောတော့ အနီရင့်က ဘာလုပ်ရမှာလဲ။စိတ်ဆိုးရမှာလား ။အမှန်တွေကို ပြောပြပြီးသူမကို တောင်းပန်ရမလား။ ဇာတ်လမ်းဇာတ်ကွက်တွေကို စိတ်ကူးယဉ်ရေးသားနေတဲ့ အနီရင့်မှာ ဒီအခြေအနေကို ဘယ်လိုတုံ့ပြန်ရမလဲ မစဉ်းစား မတွေးတောတတ်ဘဲ နေရာမှာ ငူငူချည်း ထိုင်နေမိတယ်။
" နှင်း ဒီကို ဘယ်လို ရောက်လာပြီး ... ဘာတွေ ပြောနေမိမှန်း မသိတော့ ပါဘူးရှင် ...နှင်းတောင်းပန်ပါတယ်နော် ...နှင်းကို ခွင့်လွှတ်ပါရှင် ...နှင်း...နှင်း ပြန်ပါတော့မယ် "
သူ့ဘာသာ ပြောပြီး သူ့ဘာသာ ထပြန်သွားတဲ့ နှင်းသီရိကို ကြည့်ပြီး အနီရင့် ဘာမှ ပြန်မပြောနိုင်ခဲ့ပါဘူး။နေရာမှာ တင် ကြက်သေသေလို့ နှုတ်ဆိတ်နေခဲ့မိတယ်။
*****
" ဆိုင်နေရာလဲ အဆင်ပြေတယ် ..ပြီးတော့ လက်လီလက်ကား နှစ်မျိုးလုံးရောင်းမှာဆိုတော့ အဆင်ပြေမှာပါ...လောလောဆယ် ကျွမ်းကျင်ဝန်ထမ်း နှစ်ယောက်ပဲ ခန့်ထားမယ် ...ဆိုင့်ဖွင့်ပြီးမှ အခြေအနေကို ကြည့်မယ် .. ပစ္စည်းတွေကိုတော့ အန်ကယ် ချိတ်ပေးတဲ့ ဆီကနေပဲ တိုက်ရိုက်သွင်းမှာ ... အနီရင့်က ကျွန်တော် တင်ပြတဲ့ စာရင်းတွေကိုပဲ စစ်ကြည့်လေ ..."
လင်းရိပ်က အာပေါက်အောင် ရှင်းပြပြောပြနေပေမဲ့ အနီရင့်က ဆိုဖာခုံပေါ်မှာ မလှုပ်မယှက်ချည်း ထိုင်ပြီး တစ်စုံတစ်ရာကို တွေးနေပုံရတယ်။ လင်းရိပ် ပြောနေတာတွေကိုလည်း ကြားပုံမရ။
" ဟိတ် ... နေမကောင်းတာလား ... ဘာတွေ စဉ်းစားနေတာလဲ "
လင်းရိပ်က အနီရင့်ရဲ့ နဖူးကိုး လက်ဝါးလေးနဲ့ အသာ ပုတ်လိုက်မှ အနီရင်လည်း သတိပြန်ဝင်လာတယ်။
" ဟင် ... ဘာလဲဟင် လင်းရိပ် ... ဘာပြောလိုက်တာလဲ "
အနီရင့် အလန့်တကြားနဲ့ လင်းရိပ်ကို ပြန်မေးလိုက်မိတယ်။
" နေမကောင်းလို့လား ...မင်းကို ကြည့်ရတာ မလန်းဘူး ...ကိုယ်လဲမပူပါဘူး .. ဘယ်နေရာက နေလို့ မကောင်းတာလဲ...ဆေးရုံကိုသွားသင့်ရင် သွားရအောင် "
လင်းရိပ်က မေးရင်း အနီရင့် နဖူးကို အသာစမ်းလိုက်တယ်။
အနီရင့်မှာ လင်းရိပ်ကို ကြည့်ပြီး ငိုချင်လာသလို ဖြစ်သွားမိတယ်။ လင်းရိပ်ရဲ့ ချစ်သူလာသွားတဲ့ အကြောင်းကို ပြောရင် ကောင်းမလားလို့ စဉ်းစားလိုလ်မီပေမဲ့ နှုတ်က မထွက်ပြန်ဘူး။
" ကိုယ်တော့ မပူဘူး ...နေလို့မကောင်းရင် စောစောအိပ်လိုက်တော့ လေ ....စာလဲ နောက်နေ့မှ ရေးလေ...ဆိုင်ရဲ့အခင်းအကျင်းကိုတော့ နောက်နေ့မှ အတူလိုက်ကြည့်တော့ "
" အင်းပါ ... အနီရင့် သွားအိပ်တော့မယ်နော် "
အိပ်ခန်းထဲကို၀င်သွားတဲ့ အနီရင့်ရဲ့ နောက်ကျောပြင်ကို လင်းရိပ် ငေးကြည်နေမိတယ်။အတူနေရတဲ့ အချိန်တွေ သိပ်မများ သေးဘူး ဆိုပေမဲ့ အနီရင့် ရဲ့ စိတ်ဓါတ်ကို လင်းရိပ်တဖြည်းဖြည်း ပိုသိလာခဲ့ရတယ်။ အနီရင့်က ဖွဲ့ကာနွဲ့ကာ မပြောတတ်ပေမဲ့ လူတိုင်းအပေါ်မှာ စေတနာထားတယ်။စိတ်ဆိုးစိတ်ကောက်လည်း ခဏအတွင်း စိတ်ပြေတတ်တဲ့ မိန်းခလေးမျိုး။အနီရင့်ကို
" ဟုတ်လား ...အစ်ကို့ကို ဘာမှ မပြောဘူး "
ညီမဖြစ်သူရဲ့ စကားကြောင့် လင်းရိပ် စိတ်ထဲတစ်မျိုးဖြစ်သွားမိတယ်။ သူ့အနေနဲ့ အနီရင့်ကို ကျေးဇူးတင်မိပေမဲ့ မိန်းမဆီက ချူစားရတဲ့ ဘ၀မျိုးကို အဖြစ်မခံနိုင်ပါ။ပြီးတော့ လင်းရိပ် အနီရင့်ကို ကူညီပေးရခြင်းမှာ ခင်မင်ရင်းစွဲသံယောစဉ်နဲ့ နှမချင်းကိုယ်ချင်းစာနာမိလို့ ရိုးသားစွာကူညီပေးခြင်းပါပင် ။ အနီးရင့်ဆီက ဘာကိုမှ မျှော်ကိုးပြီး ကူညီပေးခဲ့တာမဟုတ်။လုပ်ငန်းကိစ္စ လုပ်ဖို့အတွက်မှာပင် အလုပသမား အလုပ်ရှင် အနေအထားနဲ့ ကြိုးစားလုပ်ရန် လင်းရိပ်က ဆုံးဖြတ်ထားပြီးသားပင်။
******
နှင်းသီရိ အံတကြိတ်ကြိတ်နဲ့ ကြိတ်မနိုင်ခဲမရဖြစ်နေမိတယ်။"လွတ်တဲ့ငါးကြီးတယ်" လို့ပဲ ပြောရ မလား။ အမှန်တကယ် လက်လွတ်ဆုံးရှုံးလိုက်ရပြီဆိုမှ နှင်းသီရိ ချစ်သူကို အဆုံးရှုံးမခံချင်ဖြစ်လာမိတယ်။ချစ်သူက မိမိကို ဂရုတစိုက် ရှိခဲ့သလိုမျိုး အခြားသူတစ်ယောက်ကို ဂရုစိုက်ပေးနေမှာ မျိုးကို နှစ်သိရိ မလိုလား။ဒီခေတ်ဒီခါကြီးမှာ အိမ်ထောင်ပြုတာ သိပ်ကို လွယ်သလို အိမ်ထောင်ကွဲတာလည်း သိပ်ကိုလွယ်ကူတာ။နှင်းသီရိရဲ့ ဗိုက်ကိစ္စကိုလည်း ကိုလ်ည်း လူမသိသူမသိ ဖြေရှင်းလို့ရတဲ့နေရာတွေပါမှပေါ။နှင်းသီရိလည်း ကိုယ့်ကိစ္စကိုယ်ရှင်း ။ချစ်သူ လင်းရိပ်ကလည်း သူ့အိမ်ထောင်ကို ဖြေရှင်းနိုင်ရင် နှင်းသီရိတို့ ရံ့ ချစ်ခရီးက ရှေ့မဆက်နိုင်စရာ အကြောင်း မရှိဘူး။သေချာတာက လင်းရိပ်က နှင်းသီရိကိုချစ်နေတုန်းပဲဆိုတာကို လင်းရိပ်ရဲ့ မျက်ဝန်းတွေကို ကြည့်ပြီး နှင်းသီရိ သိနေတယ်။
နှင်းသီရိလမ်းမပေါ်မှာရပ်နေရင်း မျက်နှာချင်းဆိုင်က တိုက်ခန်းကိုလှမ်းကြည့်နေမိတယ်။ချစ်သူလင်းရိပ်နောက်ကို လိုက်ချောင်းရင်း သိလာခဲ့ရတဲ့တိုက်ခန်း။ ရိုးရိုးသာမန်ရပ်ကွက်တစ်ခုက တိုက်ခန်းမို့ သိပ်တော့ အထင်ကြီးစရာမရှိလှဘူး။ပြီးတော့ ချစ်သူလက်ထပ်လိုက်တယ်ဆိုတဲ့မိန်းမက သာမန်မှ သာမန်မိန်းမတစ်ယောက်သာ။ရုပ်ရည် အလှအပရော ခန္ဓာကိုယ် အလှအပ ပါ နှင်းသီရိကို နည်းနည်းလေးမှ မမီတာ အသိသာချည်းပင်။ဒီလိုမိန်းမမျိုးကို ချစ်သူလင်းရိပ်က တစ်လအတွင်း ပြောင်း ချစ်သွားတယ်ဆိုတာ အဓိပ္ပါယ်ကို မရှိ ။ ဒါကို ချစ်သူရဲ့ မျက်လုံးတွေကို ကြည့်ရင် အလွန်ပင် သိသာလှတယ်။
*****
အနီရင့် စာရေးခုံမှထလိုက်ပြီး အညောင်းပြေအညာပြေ လမ်းလျှောက်လိုက်ရင်း အိမ်ရှေ့ ၀ရံတာကိုတွက် လာခဲ့တယ်။
၀ရံတာကိုရောက်တော့ ဟိုကြည့် ဒီကြည့် လိုက်ကြည့်လိုက်တယ်။
" ဟင် "
အနီရင့် ဟိုဒီ လိုက်ကြည့်နေရင်းက လမ်းတစ်ဖက်ခြမ်းကနေ အနီရင့်ကို လှမ်းကြည့်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ကြည့်ပြီး ရင်တွေ ဒိန်းခနဲ ခုန်သွားမိတယ်။စိမ်းဖန့်ဖန့်ရောင် ၀မ်းဆက်လေးနဲ့ သိပ်ကို လှတဲ့ မိန်းမတစ်ယောက်။ဖြောင်စင်းနေတဲ့ ရွှေအိုရောင် ဆံပင်ရှည်လေးတွေက လေအဝှေ့မှာ ယိမ်းနွဲ့နေကြတယ်။သူမရဲ့အလှအပက တစ်ခါ မြင်ရုံနဲ့ မှတ်မိလွယ်တဲ့ အလှမျိုး။သူမကို ကြည့်ပြီး အနီရင့် ချက်ချင်း မှတ်မိသွားတယ်။ဒီမိန်းခလေးကို အနီရင့်သိတယ်။ လင်းရိပ်ဓါတ်ပုံပြဖူးတဲ့ လင်းရိပ်ရဲ့ချစ်သူဆိုတဲ့ မိန်းခလေး။သူမကို ကြည့်ပြီး အနီရင့် မင်သက်နေမိတယ်။သူမကလည်း အနီရင့်ကို လှမ်းကြည့်နေတယ်။နှစ်ယောက်သား အတော်ကြာ အကြည့်ချင်းဆုံနေပြီးကြတဲ့ နောက်မှာ သူမ ကားလမ်းကို ကူးလာတယ်။ပြီးတော့ အနီရင့် တို့တိုက်အောက်ကိုရောက်လာတယ်။အနီရင့်တို့တိုက်ခန်းလှေကားတွေမှာ သော့မရှိဘူး။အနီရင့် ရင်ခုန်သံတွေ တဒိန်းဒိန်းမြန်လာတယ်။ သူမများ အနီရင့်အိမ်တံခါးကို လာခေါက်ခဲ့ရင် အနီရင့် ဘာလုပ်ရမလဲ ။ ဘာတွေ ပြောရမလဲ။ အနီရင့် တစ်ကိုယ်လုံးဆတ်ဆတ် တုန်လာရုံမက အာခေါင်ထဲမှာပါ ပူပြီး ခြောက်လာတယ်။
" ဒေါက်... ဒေါက်...ဒေါက် "
တံခါးခေါက်သံက အနီရင့်ရဲ့ နားထဲမှာ ဗုံးတစ်လုံးကွဲသံလို ကျယ်လောက်လှတယ်။ မသိရင် အနီရင့် အဖြစ်က မယားကြီးသိသွားလို့ တုန်လှုပ်ချောက်ချားနေတဲ့ မယားငယ်တစ်ယောက်ရဲ့ပုံစံနဲ့ တူနေသေးတယ်။
''ဒေါက် ...ဒေါက်...ဒေါက် "
တံခါးခေါက်သံက ဒုတိယ အကြိမ် ထပ်မံထွက်ပေါ်လာတယ် ။အနီရင့် ဆက်ပြီးရပ်နေရန် အင်အားမရှိလေတော့။တံခါး၀ဆီကို ခြေတုန်လက်တုန်နဲ့ လျှောက်လာမိတယ်။
" ဒေါက် ...ဒေါက် "
=================
အပိုင်း ( ၁၈ ) ဆက်ရန်
ဧကြည်ဖြူ
နောက်ကျသွားလို့ တောင်းပန်ပါတယ်
(မျက်စိဆေးရုံသွားပြရင်း ထိုင်ရေးခဲ့တာ)
ကေဇင်ကျော်က စိတ်တိုတိုနဲ့ မြတ်ဘုန်းရဲ့ခန္ဓာကိုယ်ကြီးကို တွန်းထိုးပြီးပြောလိုက်တယ်။
"ဒါလေး မူးတာ ဘာဖြစ်လို့လဲ ...မင်းကို ပိုက်ဆံမပေးလို့လား ပြော ...မင်းပြောတော့ ... လက်ထပ်ရင် ပြီးရောဆို ... လက်ထပ်ပြီးရင် ကိုဘုန်းစိတ်ကြိုက် ပျော်သလိုနေဆို ...ဘာလဲ အခုမှ နောင်တရနေတာလား ....သည်းမခံနိုင်တော့ဘူးလား ...မင်းသဘောပဲနော် ....ငါကတော့ အဆင်သင့်ပဲ "
မြတ်ဘုန်းရဲ့ စကားတွေကြောင့် ကေဇင်ကျော် ဆတ်ဆတ်ခါအောင် နာကြည်း ဒေါသထွက်မိပေမဲ့ မခံချင်စိတ်နဲ့ စကားများ ရန်ဖြစ်ခဲ့ရင် လူကြီးမိဘတွေနဲ့ မောင်ဖြစ်သူပါ ပါလာမှာစိုးတာကြောင့် ဒေါသစိတ်ကို ချုပ်တည်းထားလိုက်ရတယ်။မနက်လင်းမှ ဖခင်နဲ့ မောင်ငယ်ဖြစ်သူ အိမ်မှာ မရှိချိန်မှာ မြတ်ဘုန်းကို ပြောဆို သောင်းကျန်းရန် တေးမှတ်ထားလိုက်တယ်။
*****
" ဘာဖြစ်လာပြန်ပြီလဲ သားကြီးရယ် ...မင်းကြည့်ရတာ တစ်ရက်မှ ပျော်ပျော်ရွှင်ရွှင်မတွေ့ရဘူး "
ထမင်းစားခန်းမှာ မှိုင်မှိုင်တွေတွေနဲ့ ထိုင်နေတဲ့ သားဖြစ်သူ မြတ်ဘုန်းကို ကြည့်ပြီး ဒေါ်ကေသီပြောလိုက်တယ်။မြတ်ဘုန်းက ထမင်းစားပွဲခုံပေါ် လက်ထောက်၍ မှိုင်တွေနေရာမှာ
" ဗိုက်ဆာတယ် အမေ ... စားစရာတစ်ခုခုလုပ်ပေးပါ "
" ဟင် ... မနက်ကိုးနာရီကျော်နေပြီ ..သား ဘာမှ မစားရသေးဘူးလား ...ကေဇင်ကျော်တို့ သားအမိက ဘာမှမလုပ်ထားဘူးလား "
" လုပ်ထားမှာပေါ့ အမေ ... သားမစားချင်လို့ ထွက်လာတာပါ "
အမှန်တကယ်တော့ နံနက် အဆာပြေစားရန် မြတ်ဘုန်း ထမင်းစားခန်းထဲဝင်လိုက်ချိန်မှာ ကေဇင်ကျော်တို့ သားအမိက မြတ်ဘုန်းကို ပြောဆိုနေတာကြောင့် စကားများပြီး ထွက်လာခဲ့ခြင်းပင်။ဒေါ်ဌေးဌေး မူကိုယ်တိုင်ကပါ ပြောဆိုနေတာကြောင့် မြတ်ဘုန်း ပြန်မပြောချင်တာနဲ့ မိဘအိမသို့ ကူးလာခဲ့ခြင်းပင်။မြတ်ဘုန်း ထွက်လာတော့ ကေဇင်ကျော်က ပြောဆိုပြီး နောက်ကလိုက်လာတာမို့ "မင်း ငါ့မိဘအိမ်အထိ လိုက်ပြီး ပြောဆိုနေမယ်ဆိုရင် ...ငါ ဒီကနေ အပြီးထွက်သွားတော့မှာ ...ဘာပဲဖြစ်ဖြစ် တစ်သက်လုံးပြန်လာမှာမဟုတ်ဘူး " လို့ မြတ်ဘုန်းက လေသံခပ်မာမာနဲ့ ပြောခဲ့လိုက်တာမို့ မိမိတို့ အိမ်အထိ ကေဇင်ကျော် လိုက်မလာခြင်းပင်။မြတ်ဘုန်းနောင်တရနေမိတယ်။ အစစအရာရာအတွက်ကို နောင်တတွေရနေမိတာ။ ချစ်ရသူ နီမှာ မြတ်ဘုန်းရဲ့ရင်သွေးလေး ရှိနေသလို ကေဇင်ကျော်ဆီမှာလည်း မြတ်ဘုန်းရဲ့ ရင်သွေးလေးရှိနေမှန်း သိသိနဲ့ မြတ်ဘုန်းရင်ထဲမငြိမ်းချမ်းနိုင်ပါ။"မကိုခင်မှ ဥကိုခင်မယ် " ဆိုတဲ့ စကားလိုပင် မြတ်ဘုန်း အနေနဲ့ ကေဇင်ကျော် အပေါ် တဏှာ သက်သက် ပတ်သက်ခဲ့တာမို့ ကလေးနဲ့ ပတ်သက်ပြီးတော့လည်း မြတ်ဘုန်း ဘယ်လိုမှ မခံစားရပါ။ အခုချိန်မှာ မြတ်ဘုန်းခံစား နေရတာက အနီရင့်ရဲ့ဗိုက်ထဲမှာရှိတဲ့ မြတ်ဘုန်းရဲ့ ကလေးက အခြားတစ်ယောက်ကို ဖခင်အဖြစ်သတ်မှတ်လိုက်မှာကို မြတ်ဘုန်း မလိုလား။မနှစ်သက်ပါ။ဒါနဲ့ပဲ ဒီလိုအခြေအနေမျိုးမှာ မြတ်ဘုန်း ဘာမှမတတ်နိုင်တော့ ။အရာရာက လွန်ခဲ့ပြီ။
" အမေ ... သား ကွာရှင်းလိုက်ရင် အမေတို့ ဘယ်လိုနေမလဲ ဟင် ..."
ဒေါ်ကေသီမှာ မြတ်ဘုန်းရဲ့ အမေးကြောင့်ထိတ်လန့် တုန်လှုပ်သွားရပြီး " ဘာ ..ဘာပြောတယ် သားကြီး " လို့ ပြန်မေးလိုက်ပြီး ရင်ဘတ်ကို လက်နဲ့ ဖိထားလိုက်ရတယ်။တကယ်တော့ သားကြီး မြတ်ဘုန်းက မင်္ဂလာမဆောင်ခင်ကလည်း ဒေါ်ကေသီကို ဒီလိုပဲ မေးခဲ့တာကို ဒေါ်ကေသီက လျစ်လျူရှုခဲ့မိတာ။ အဲ့ဒီမတိုင်ခင်က သားဖြစ်သူကိုယ်တိုင်က ကေဇင်ကျော်နဲ့ တတွဲတွဲလုပ်နေခဲ့ပြီး ကေဇင်ကျော်လေးကလည်း လိမ္မာရေးချားရှိတာမို့ အဆင်ပြသွားလောက်မှာပဲလို့ ခပ်ပေါ့ပေါ့ တွေးခဲ့တာ။ မင်္ဂလာပွဲပြီးမှ ကေဇင်ကျော်ရော သူ့မရဲ့မိခင် ဒေါ်ဌေးဌေးမူပါ အကျင့်စရိုက် ပုံစံတွေ ပြောင်းသွားတာကို ဒေါ်ကေသီကိုယ်တိုင်သိမြင်နေရတာမို့ သားကြီးရံ့ စကားကို ထူးပြီးတော့လည်း မအံ့သြတော့ပါ။ပြောရရင် ဒေါ်ကေသီ ကိုယ်တိုင်ကပင် ဒီလိုမျိုး အခြေအနေကို မသိစိတ်ထဲမှ ဖြစ်စေချင်နေမိတယ်လို့ပင် ပြောရလေမလား ။
" သား ခံစားနေရတာတွေကို အမေသိပါတယ်ကွယ် ...ဒါပေမဲ့ အချိန်မတန်သေးဘူးသားရယ်.. လက်ထပ်တာ နှစ်လမပြည့်သေးဘူး ကွာရှင်းကြမယ်ဆိုရင် နှစ်ဘက်လုံး ဂုဏ်သိက္ခာတွေ ထိခိုက်ကြမယ်သား ... နည်းနည်းလောက်တော့ တောင့်ခံ ကြည့်ပါအုံး သားရယ် ... မတတ်နိုင်တဲ့အဆုံးတော့ သားသဘောအတိုင်းပါပဲ "
မြတ်ဘုန်း ထမင်းစားပွဲမှာ ခေါင်းငိုက်စိုက်ချရင်း မိခင်ရဲ့ ပြောစကားတွေကို တိတ်ဆိတ်စွာနားထောင်နေမိတယ်။
*******
" ဒီလကုန်ကစပြီး ...သားအလုပ်ကထွက်ပြီး လျှပ်စစ်ပစ္စည်းဆိုင်ဖွင့်ဖို့ လုပ်ထားလို့ အလုပ်နည်းနည်း များလိမ့်မယ် ... နေရတာ အဆင်မပြေရင် ကြိတ်ပြီး မခံစားဘဲ ဖွင့်ပြောပါနော် အမေ ... သားကြိုးစားသမျှက အမေအတွက် ပဲမို့ အချိန်နည်းနည်းလောက်ပဲ စောင့်ပေးပါနော် "
လင်းရိပ်က အလုပ်သွားခါနီး မိခင်ဖြစ်သူဆီကို ဝင်တွေ့ရင်း ပြောလိုက်တယ်။
" အေးပါ သားရယ် ...အမေနေရတာ သက်သာပါတယ် ...ဆေးရုံသွားမယ်ဆိုရင်လဲ အရင်လို ပင်ပင်ပန်းပန်း သွားစရာမှ မလိုတော့တာ ..."
" အမေအတွက် စိတ်မပူပါနဲ့ အစ်ကို ....ညီမလေး အမေ့ကို ဂရုစိုက်ပါတယ်...မမနီကလည်း တစ်နေ့တစ်ခေါက်တော့ အမေ့ကို လာကြည့်တယ် ... ဆေးဖိုးဆိုပြီး ပိုက်ဆံလဲပေးတယ် ...မယူဘူး ပြောလဲ မရဘူး "
ဧကြည်ဖြူ
"ရင်ဘတ်ပေါ်ကနှင်းဆီ "
အပိုင်း ( ၁၇ )
********
နှင်းသီရိရဲ့ အဆက်မပြတ် ပြောနေတဲ့စကားတွေကို နားထောင်ပြီး လင်းရိပ် ဆွံ့အနေမိတယ်။မျှော်လင့်တကြီးနဲ့မေးနေတဲ့ နှင်းသီရိရဲ့ မျက်ဝန်းတွေကို ကြည့်ပြီး လင်းရိပ်ရင်ထဲမှာ ဆို့နင့်လာရတယ်။
" ခ ...ခဏလေးပါ နှင်း ...အခု အလုပ်ဝင်ရတော့မှာမို့ ညနေမှဆုံရအောင်.... ညနေ နှင်းတို့ ဆိုင်ရှေ့ကို လာခဲ့ပါ့မယ်"
မပြန်ချင့် ပြန်ချင်နဲ့ပြန်သွားတဲ့ချစ်သူရဲ့ ကျောပြင်ကို ကြည့်ပြီး လင်းရိပ်ရဲ့ရင်ထဲမှာ ကြေကွဲဆို့နင့်စွာခံစားနေရတယ်။
********
" မဖြစ်နိုင်ဘူး ....မောင်ညာပြောနေတာမဟုတ်လား....နှင်းကို မုန်းသွားလို့ မောင်တမင် ညာပြောနေတာမဟုတ်လား ..."
နှင်းသီရိက ခါးခါးသီးသီး ငြင်းဆန်ရင်းနဲ့ ငိုနေတယ်။
လင်းရိပ်က ငိုနေတဲ့ နှင်းသီရိကို ကြည့်ပြီး ခေါင်းကို ငိုက်စိုက်ချထားမိတယ်။
" ဘယ်သူလဲ ... ဘယ်သူနဲ့ ဒီလောက်မြန်မြန် လက်ထပ်လိုက်တာလဲ ....မောင်ပြောတော့ နှင်း တစ်ယောက်တည်းကို ချစ်တာပါဆို ..."
လင်းရိပ် ဘာမှပြန်မပြောမိ ။ နှုတ်ဆိတ်လျက် ငြိမ်သက်နေမိတယ်။
*****
အလုပ်က ပြန်ရောက်ကတည်းက ဆိုဖာခုံမှာ ငြိမ်ငြိမ်သက်သက် ထိုင်နေတဲ့ လင်းရိပ်ကို ကြည့်ပြီး အနီရင့် စိတ်ထဲမကောင်းဖြစ်နေမိတယ်။အနီရင့်ကြောင့် အခြားသူတွေ စိတ်ဆင်းရဲနေတာကို အနီရင့်မလိုလား။ ဒါပေမဲ့ ခုချိန်မှ အနီရင့်လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိပါ။ အစကတည်းက ဖြစ်ချင်ရာဖြစ်ဆိုပြီး ဖခင်ဖြစ်သူရှိရာကို လိုက်သွားမိရင် ကောင်းသားလို့ တွေးနေမိတယ်။
"လင်းရိပ် ထမင်းစားမလား ..."
အနီရင့် မဝံ့မရဲ မေးလိုက်တော့ လင်းရိပ်က ခေါင်းမော့ကြည့်လာတယ်။
" အင်း စားမယ်လေ ...မင်းရော စားပြီးပြီလား "
" ဟင့်အင်း "
" ဒါဆိုလာလေ ...စားရအောင် ... "
လင်းရိပ်က ပြောပြီး ထမင်းစားခန်းဘက်ကို ရှေ့က ထွက်ခဲ့တယ်။ထမင်းစားခန်းထဲ ရောက်တော့ လင်းရိပ်ကပဲ ဦးဆောင်ပြီးထမင်းဝိုင်းကို ပြင်လိုက်တယ်။
" ဖယ်...ဖယ် လင်းရိပ် ...အနီရင့် လုပ်ပါ့မယ် "
အနီရင့်မှာ လင်းရိပ်ကို အားနာလှတာမို့ ပြောရင်း လင်းရိပ်ကို တွန်းဖယ်လိုက်တယ် ။
" ရပါတယ်ကွာ ...မင်းက ဒီမှာ ထိုင်စောင့်နေ .... ကျွန်တော် ဒါတွေ ကျွမ်းပါတယ် "
လင်းရိပ်က အနီရင့်ရဲ့လက်လေးကိုဆွဲပြီး ခုံမှာထိုင်ခိုင်းလိုက်တယ်။ ပြီးတော့ သူက ဟင်အိုးတွေကို ပြန်နွေးတယ်။
လင်းရိပ်ကို ကြည့်ပြီး အနီရင့်မှာ အားနာသထက် အားနားနေမိတယ် ။သာမန်ကာလျှံကာ မဟုတ်ဘဲ စေတနာ အပြည်အ၀နဲ့ ကူညီလုပ်ဆောင်ပေးနေတဲ့ လင်းရိပ်ကိုကြည့်ပြီး အနီရင့်ကိုယ့်ကိုယ်ကို အပြစ်ရှိနေသလို ခံစားနေရတယ်။အနီရင့်ကြောင့် လင်းရိပ်တို့ ချစ်သူနှစ်ဦး ပြန်မဆုံရတာကိုလဲ အနီရင့်မှာ အားနာတာထက်ပိုပြီး စိတ်မကောင်းကြီးစွာ ခံစားနေမိတယ်။
"လင်းရိပ် "
အနီရင့်က လင်းရိပ် ကို လှမ်းခေါ်လိုက်တယ်။
လင်းရိပ်က အနီရင့်ကို လှည့်ကြည့်လိုက်ပြီး "ပြောလေ ... ဘာလိုချင်လို့လဲ " လို့ မေးလိုက်တယ်။
" ဟို ..ဟိုလေ ...အနီရင့်ကို အားနာစရာ မလိုဘူးနော် ...အနီရင့် နားလည်တယ် ... ခုလောက်နဲ့တင် လင်းရိပ်ကို ကျေးဇူးတင်လှပါပြီ..."
အနီရင့်ရဲ့ စကားကြောင့် လင်းရိပ်က မျက်မှောင်ကုတ်ပြီး ကြည့်လိုက်ရင်း "ကျွန်တော်က ဘာကို အားမနာရမှာလဲ " လို့ပြန်မေးလိုက်တယ်။
လင်းရိပ် အမေးကြောင့် အနီရင့် ထစ်ထစ်ငေါ့ငေါ့နဲ့ ပြန်ဖြေလိုက်တယ်။
" အယ် ...ဟို ...ဟိုလေ ....လင်းရိပ်ရံ့ အချစ်ရေးကို ပြောတာ ...အနီရင့်ကို အားနားဖို့မလိုဘူးနော် .. လိုအပ်ရင် လင်းရိပ် ကောင်မလေးကို အနီရင့်လိုက်ရှင်းပြပေးမယ်လေ "
" ဘာများလဲလို့ ... အဲ့ဒါတွေ မင်းလိုက် တွေးမနေပါနဲ့ကွာ ... ကျန်းမာရေးကိုပဲ ဂရုစိုက်ပါ ... နောက်လကျရင် ဆိုင်ဖွင့်ဖို့အတွက် ပြင်ဆင်ရအုံးမှာ မဟုတ်လား "
ပြီးတော့ လင်းရိပ်နဲ့ အနီရင့်တို့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ထမင်းစားကြတယ်။ လင်းရိပ်က ထမင်းစားရင်း သူ့ကိုအကဲခတ်ကြည့်နေတဲ့ အနီရင့်ရဲ့ အကြည်တွေကို မသိဟန်ဆောင်ရင်း ဟင်းတွေကို အနီရင့်ရဲ့ပန်းကန်ထဲကို ခပ်ထည့်ပေးရင်း ဘာမှမဖြစ်သလို ပြောလိုက်တယ်။
" မနက်ကျရင် ဟင်းကိုကျွန်တော် ချက်သွားပေးမယ် ...နေ့ခင်းနေ့လယ် ကျရင် ...ထမင်းပဲ စားနော် ...လက်ဖက်သုတ်တွေ စားတာ ... ကော်ဖီသောက်တာတွေ ရှောင်နော်...မင်း ကော်ဖီကြိုလ်မှန်းသိပါတယ် ...ဒါပေမဲ့ တစ်နှစ်လောက်တော့ သည်းခံနော် ... အရမ်းသောက်ချင်ရင်တော့ နည်းနည်းပဲ သောက်ပေါ့ "
အနီရင့် မျက်ရည်ဝဲလာမိတယ်။သူ့ရင်က ဝေဒနာကို မျိုသိပ်ပြီး အနီရင့်ကို စေတနာအပြည့်နဲ့ ပြောနေတဲ့ လင်းရိပ်ကို ကြည့်နေရတာ အနီရင့် အပြစ်ရှိသလို ခံစားနေရပြီး အနေရခက်လှပါတယ်။
********
"ကိုဘုန်း ရှင်အရမ်းလွန်နေပြီနော်...ကေဇင့် မိသားစုကို ရှင်အရေးမစိုက်တာလား ..."
" ဟ ...အရေးမစိုက်ရအောင် ငါက ဘာတွေ လုပ်နေလို့လဲ ပြော"
မြတ်ဘုန်းက ခန္ဓာကိုယ် ဒယိမ်းဒယိုင်နဲ့ ခုတင်ပေါ်ကို လှဲချလိုက်ရင်း ကေဇင်ကျော်ကို ပြန်ပြောလိုက်တယ်။
" ဘာတွေလုပ်လို့လဲ ဟုတ်လား...အရည်တွေ အမြဲသောက်နေတာလေ... ဉာဉ့်နက်သန်းခေါင်မှ ပြန်လာပြီး အမြဲမူးလာတာလေ "
ခြံထဲမှာ သစ်ပင်တွေ အလှပန်းတွေနဲ့ အလှဆင်မယ် ဆိုင်ရဲ့ နေရာအနှံ့မှာ စာအုပ် စင်တွေနဲ့ စာအုပ်တွေထားမယ် ...ဖတ်ချင်ရင်ယူဖတ်လို့ရတယ် ..လိုချင်ရင် ၀ယ်သွားလို့ရတယ်...ဆိုင်ထဲမှာ ဓါတ်ပုံရိုက်လို့ကောင်းအောင်ပြင်ဆင်ပေးထားမယ် "
အရင်ရက်တွေကနဲ့ မတူဘဲ တက်တက်ကြွကြွ ဖြစ်နေတဲ့ အနီရင့်ကို ကြည့်ပြီး လင်းရိပ်စိတ်ချမ်းသာမိသလို ဖခင်ရဲ့ရှေ့မှာကလေးဆန်ဆန်ပြောနေတဲ့ အနီရင့်ပုံစံ
ကို ကြည့်ပြီး ပြုံးလိုက်မိတယ်။
လင်းရိပ်ပြုံးလိုက်သလို ဦးသက်အောင်လည်း သမီးဖြစ်သူကိုကြည့်ပြီး ပြုံးလိုက်တယ်။
" ငါ့သမီးကတော့ သူ့စာအုပ်တွေရောင်းစွံအောင် ဆိုင်ဖွင့်ချင်နေတာကို ဟား ...ဟား "
ဦးသက်အောင်က ပြောပြီး ရယ်လိုက်တယ်။ လင်းရိပ်လည်း လိုက်ရယ်တော့ အနီရင့်က လင်းရိပ်ကို မျက်စောင်းတစ်ချက်ဒိုင်းခနဲထိုးလိုက်တယ်။
" အဲဒီလို မဟုတ်ပါဘူး ဖေဖေရဲ့ ...သမီးက လူငယ်လေးတွေ လည်ရင်းပတ်ရင်း စာပါ ဖတ်စေချင်လို့ပါ "
" ဟုတ်ပါပြီ ...သမီးရဲ့ စိတ်ကူးက တကယ်ကောင်းပါတယ် ...အဆင်လဲ ပြေနိုင်ပါတယ် ...ဒါပေမဲ့ ဆိုင်အတွက်နေရာရှာရ ...ဆိုင် ပြင်ဆင်ရနဲ့ ပြီးတော့ ဆိုင်ရဲ့ ၀န်ထမ်းတွေလဲ ရှာရမယ် ...နောက်ဆုံး သမီး ပြောသလို ခြံထဲမှာ သစ်ပင်ပန်းမန်းတွေနဲ့ အလှဆင်ဖို့ဆိုရင် ဥယျာဉ်မှူးတစ်ယောက်ပါ လိုလာပြီ ....ပြောရတာ လွယ်တယ်သမီးရဲ့ ....ဖေဖေကတော့ မောင်လင်းရိပ်က အရောင်းပိုင်း ကျွမ်းကျင်တယ်ဆိုတော့ ဒီထက် အဆင်ပြေတာလေး လုပ်စေချင်တယ် ...လိုအပ်တဲ့ ငွေရင်းကို ဖေဖေ စိုက်ထည့်ပေးထားမယ် ...မောင်လင်းရိပ်က ကိုယ်တိုင် လုပ်ရမဲ့သူဆိုတော့ မောင်လင်းရိပ် လုပ်ချင်တဲ့အလုပ်ကိုပဲ လုပ်စေချင်တယ် "
ဦးသက်အောင်က သမီးဖြစ်သူရဲ့ ရှေ့ရေးအတွက် စိတ်ချရအောင်စီမံပေးချင်မိတယ်။
" ဟုတ်ကဲ့ပါ အန်ကယ် ...ကျွန်တော်နဲ့ နီ အတူတိုင်ပင်လိုက်ပါ့မယ် "
" တိုင်ပင်ကြပါ ...လိုအပ်တာမှန်သမျှ ဖေဖေ့ကို ပြော ကြားလား သမီး ...ဖြစ်နိုင်ရင် သမီးတို့နှစ်ယောက်လုံး ဖေဖေက ခေါ်သွားချင်တာ ..မောင်လင်းရိပ်ရဲ့ မိသားစုကရှိသေးတော့ မခေါ်ရက်လို့ ..."
ဦးသက်အောင်က ပြောနေရင်း သမီးနဲ့ သမက်ကို ကြည့်လိုက်မိတယ်။ ဦးသက်အောင်ရဲ့ စိတ်ထဲမှာ တူမဖြစ်သူ ကေဇင်ကျော်ကို ကြည့်ပြီး သမီးအတွက် စိတ်မအေးနိုင်အောင်ဖြစ်နေမိတယ်။ မြတ်ဘုန်းနဲ့ ကေဇင်ကျော်တို့ကြောင့် သမီးရဲ့ အိမ်ထောင်ရေးကို ထိခိုက်မှာကို ဦးသက်အောင် စိတ်ထဲက ပူပန်နေမိတယ်။
*****
"လင်းရိပ် ဘာဖြစ်လို့လဲ "
အနီရင့်က ထိုင်ခုံမှာ တွေတွေဝေဝေနဲ့ ထိုင်နေတဲ့ လင်းရိပ်ကို မေးလိုက်တယ်။
" ကျွန်တော် စိတ်မလုံဘူး အနီရင့်ရယ် .. အနီရင့်နဲ့ အန်ကယ်က အလုပ်အတွက် အစစအရာရာလိုက် ကူညီပေးနေတော့ ကျွန်တော် မျက်နာပူမိတယ် "
လင်းရိပ်က အနီရင့်ကို ခပ်တိုးတိုးပြန်ဖြေလိုက်တယ်။
" မဟုတ်တာတွေ တွေးပြန်ပြီ လင်းရိပ်ရယ် ... လင်းရိပ် အခုဆိုင်မှာ လုပ်နေသလိုပဲလေ ဘာကွာလို့လဲ ...အနီရင့်တို့ကငွေစိုက်ထုတ်ပေးမယ် ...လင်းရိပ်က လုပ်ငန်းကို အောင်မြင်အောင် လုပ်ရမယ် ... ရလာတဲ့ အကျိုးအမြတ်ကို ခွဲယူကြမယ် ...တကယ်လို့ အနီရင့်တို့တွေ တစ်ချိန်ချိန် ကိုယ်လမ်းကိုယ်လျှောက်ကြမယ်ဆိုရင်လဲ အလုပ်က အလုပ်ပဲလေ ... နော်ဆို ကလေးအတွက် ပုံမှန်ဝင်ငွေရှိမှ ဖြစ်မှာလေ ဒီအတောအတွင်း အနီရင့်လဲ အလုပ်နဲ့ပတ်သက်တာတွေ သင်ယူမှာပါ ....ကလေးမွေးပြီးရတော့ လင်းရိပ် လွတ်လပ်ခွင့်ပြန်ရမှာပါ "
ပြောပြီးတာနဲ့ အနီရင့်က အိမ်ရှေ့ ၀ရံတာဘက်ကို ထွက်လာခဲ့တယ်။မနက်ဖြန်မနက်စောစောမှာ ဖခင်ဖြစ်သူ မိသားစုလည်း ပြန်တော့မှာမို့ အနီရင့်စိတ်ထဲ ဟာတာတာကြီးဖြစ်နေမိတယ်။အလိုလိုနေရင်း ဝမ်းနည်းသလိုလည်း ခံစားနေရတယ်။
၀ရံတာဘက်ကို ထွက်သွားတဲ့ အနီရင့်ရဲ့ ကျောပြင်ကို ကြည့်ပြီး လင်းရိပ် စိတ်မကောင်းဖြစ်မိသွားတယ်။ သူ့အနေနဲ့ ကိုယ့်အားနည်းချက်နဲ့ ကိုယ် ဆတ်ဆတ်ထိမခံနိုင် ဖြစ်နေမိတာက အနီရင့်ကို စိတ်ထိခိုက်သွားစေလားလို့လည်းတွေးလိုက်မိတယ်။ လင်းရိပ် ဝရံတာဆီကို ထွက်လိုက်လာခဲ့တယ်။ အနီရင့်ရဲ့ နားကိုရောက်တော့ လင်းရိပ်မှာ ဘာပြောလို့ ပြောရမှန်းမသိ။
" ကျွန်တော်တို့ လမ်းလျှောက်ရင်း စာအုပ်ဆိုင်ဘက်ကို သွားကြမလား ... မနက်ဖြန် အလုပ် ပြန်ဆင်းရမှာဆိုတော့ အိမ်ကို သွားလည်ရအောင်လေ "
လင်းရိပ် စကားမရှိ စကားရှာပြီး ပြောလိုက်တယ်။ လင်းရိပ်ပြောလိုက်တော့ အနီရင့်ရဲ့ မျက်နှာလေး ပြန်ပြီး ကြည်လင်လာတယ်။
" သွားကြမယ်လေ ... မုန်းဝယ်ပြီး အန်တီတို့နဲ့ သွားစားရအောင် "
********
လင်းရိပ် အရောင်းဆိုင်ရှေ့ကို ရောက်ခါနီးမှာ ဆိုင်ရှေ့မှာရပ်နေတဲ့သူကို မြင်ပြီး နှလုံးခုန်သံတွေ အဆမတန်မြန်ဆန်လာတယ်။ခြေလှမ်းတွေကလည်း ယိမ်းယိုင်လာတယ်။
နှင်းသီရိကလည်း လင်းရိပ်ကို မြင်လိုက်တာမို့ လင်းရိပ်ဆီကို အပြေးတစ်ပိုင်းနဲ့ သွားလိုက်တယ်။
" မောင် နှင်းကို ရှောင်နေတာလားဟင် ...နှင်းကို ခွင့်မလွှတ်နိုင်ဘူးလား ... နှင်းကို မချစ်တော့ဘူးလား ...နှင်းကတော့ မောင်ကလွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်လို့ မောင့်ဆီကို ပြန်လာခဲ့တာလေ..."
=====================
အပိုင်း (၁၇) ဆက်ရန်
ဧကြည်ဖြူ
လင်းရိပ် ရေဘူးကို ပြန်ပိတ်လိုက်ရင်း အနီရင့်ကိုကြည့်လိုက်မိတယ်။မုန့်တွေကို တစ်ခုပြီးတစ်ခုယူစားနေတဲ့ အနီရင့်ရဲ့ပုံစံက ကလေးလေးတစ်ယောက်လိုပဲ လို့လင်းရိပ်ထင်လိုက်မိတယ်။မိန်းမတွေကို ပြုစုယုယပေးရတဲ့ အလုပ်ကို လင်းရိပ် ကျွမ်းကျင်တယ်။ဘယ်လိုမိန်းမကို ဘယ်လို ပြုစုပေးရင် ငွေဘယ်လောက် ရနိုင်လဲဆိုတာကို လင်းရိပ်က အထာသိတယ်။ ပါးနပ်တယ်။ရေသန့်ဘူးတစ်ဘူးဖောက်ပေးလိုက်ရင် ငွေဘယ်လောက်ဆိုတာက အစ လင်းရိပ်တို့ လောကမှာ အတာရှိတယ်။ ဒါပေမဲ့ ဒီနေ့အဖို့မှာတော့ အနီရင့်ဆီက ဘာမျှော် လင့်ချက်မှမထားဘဲ လင်းရိပ်စိတ်က အလိုလို လုပ်ပေးချင်နေမိတာ။ လင်းရိပ် အနီရင့်ကို သနားနေမိတယ်။ငွေအတွက် အပူအပင်ကင်းကင်းနေနိုင်ပေမဲ့ ရင်ဖွင့်စရာ အဖော်တစ်ယောက် တောင် မရှိတဲ့ အနီရင့် ဘ၀လေးကို လင်းရိပ် ကရုဏာသက်နေမိတယ်။စတွေ့တွေ့ချင်းက ထူးထူးဆန်းဆန်း ကြုံခဲ့ရတဲ့ ဒီမိန်းခလေးနဲ့ ဒီလောက်ထိရေစက်ပါလိမ့်မယ်လို့ လင်းရိပ် လုံးဝ တွေးမထင်ထားခဲ့မိတာတော့ အမှန်ပဲ။ ခုတော့လည်း သူမက လင်းရိပ်ဦးစားပေးရမယ့်စာရင်းထဲမှာ ပါလာခဲ့ပြီ။ ခုန လင်းရိပ်ဟော်တယ်ထဲက ထွတ်သွားတုန်းက ချစ်သူနှင်းသီရိဆီကို တကယ့်ကို သွားချင်ဇောနဲ့ ထွက်ခဲ့တာပဲ။ ဒါပေမဲ့ ဟော်တယ်ရဲ့အဝကို ရောက်တာနဲ့ အနီရင့်ရဲ့ မျက်နှာကို မြင်ယောင်လာပြီးတော့ လင်းရိပ် ရှေ့ကို ခြေဆက်မလှမ်းနိုင်ဖြစ်ခဲ့ရတယ်။ ဒါကြောင့်မို့ ချစ်သူနှင်းသီရိကို ဖုန်းဆက်ပြီး တောင်းပန်လိုက်တယ်။ ဖုန်းထဲမှာ ချစ်သူရဲ့ ငိုသံတွေကို ကြားပေမဲ့ လင်းရိပ်လုပ်ချင်တာထက် (လုပ်သင့်တာကိုပဲ ရွေးချယ်ခဲ့တယ်။ဘဝပေးအခြေအနေမကောင်းလို့ မလုပ်သင့်တဲ့အလုပ်တွေကိုတောင် လုပ်နေရတဲ့ ဘ၀မှာ လင်းရိပ် ကိုယ့်သိက္ခာကို ကိုယ်တန်ဖိုးထားချင်တယ်။ အနီရင့်နဲ့ သူ့ရဲ့ မင်္ဂလာပွဲက ဟန်ဆောင်မင်္ဂလာပွဲဖြစ်ပေမဲ့ အများအမြင်မှာ တကယ့် မင်္ဂလာပွဲပဲမို့ တစ်လပဲ ဟန်ဆောင် ဆောင် ၊ တစ်နှစ်ပဲဟန်ဆောင်ဆောင် ဒီကာလအတွင်းမှာတော့ လင်းရိပ် ကိုယ့်ကိုယ်ကို အိမ်ထောင်သည် တစ်ယောက်အဖြစ် သက်မှတ်ပြီး သိက္ခာရှိရှိနေချင်တယ်။
******
" အန်တီ့ သားလုပ်ပုံကောင်းသေးရဲ့လား....မနေ့က မနက်ထဲက ထွက်သွားတာ ဒီမနက်ထိ ပြန်မလာဘူး ...ဖုန်းဆက်တော့လည်း စက်ပိတ်ထားတယ်...အိမ်က လူကြီးတွေကို သူ လုံးဝ မလေးစားဘူး အန်တီ "
မနက်မိုးလင်းမယ်မှမကြံသေးဘူး ။အိမ်ကို ရောက်လာပြီး အပေါ်ထပ် အောက်ထပ်တစ်အိမ်လုံး အနှံ့ သူ့ယောကျာ်း မြတ်ဘုန်း ကိုလိုက်ရှာပြီး မတွေ့တော့ ပြောဆိုနေတဲ့ ကေဇင်ကျော်ကို ကြည့်ပြီး ဒေါ်ကေသီစိတ်တိုနေမိတယ်။
" နေပါအုံး ကေဇင်ရယ် မိုးမလင်းသေးပါဘူး ...တော်ကြာမှလာပြောပါသမီးရယ် ... နင့်ယောက္ခထီးအိပ်တုန်းမို့ပါ "
ဒေါ်ကေသီက တောင်းတောင်းပန်ပန်နဲ့ ပြောလိုက်မှ ကေဇင်ကျော် တစ်ယောက် ဆောင့် ဆောင့်အောင့်အောင့်နဲ့ သူတို့အိမ်ဘက်ကို ပြန်သွားခဲ့တယ်။
ကျန်ခဲ့တဲ့ ဒေါ်ကေသီမှာ ခုံပေါ်ကို စိတ်ပျက်လက်ပျက်နဲ့ ထိုင်ချလိုက်ရင်း အပြောင်းလဲကြီး ပြောင်းလဲသွားတဲ့ ချွေးမဖြစ်သူကို အံ့ဩ မယုံကြည်နိုင်အောင် ဖြစ်နေမိပြီး မိမိအမှားတွေအတွက်ပါ နောင်တ အကြီးအကျယ် ရနေမိတယ်။
******++
" ဘယ်လိုလဲ တွေ့ခဲ့လား နင့်ယောကျာ်းကို "
ဒေါ်ဌေးဌေးမူက မျက်နှာ စူပုတ်ပြီး ၀င်လာတဲ့ သမီးဖြစ်သူကို မေးလိုက်တယ်။
" မတွေခဲ့ပါဘူး အမေရယ် ... မလာဘူးတဲ့ "
" ဟုတ်လား ...ဒါဆို အဲ့ဒီကောင်ဘယ်သွားလဲ ...ဟိုဟာမ အိမ်းမှာများ သွားအိပ်တာလား"
မိခင်ဖြစ်သူရဲ့ အပြောကို သဘောပေါက်တဲ့ ကေဇင်ကျော်က ခေါင်းကို ခါယမ်းလိုက်ပြီး
" မဟုတ်တာ အမေရယ် ...ဟိုက မနေ့ကမှ လက်ထပ်တာလေ .."
" မသိသူအေ ... ညည်း ယောကျာ်းက အရင်က အနီရင့်မှ အနီရင့်ဖြစ်ခဲ့လေ "
" အခုလဲ အနီရင့်ပဲ အမေရဲ့ "ဟု ကေဇင်ကျော် စိတ်ထဲကနေ ပြောလိုက်မိတယ်။နှစ်ယောက်သား ခိုးကြောင်ခိုးဝှက်ချစ်နေတုန်းကတော့ အနီရင့်ကို အမျိုးမျိုး လိမ်ညာပြီး မိမိအနားမှာပဲ အချိန်ကုန်ခဲ့တဲ့ ကိုဘုန်း ။တကယ်တမ်း လက်ထပ်ဖို့ပြောတော့ အင်းမလှုပ် အဲမလုပ်။နောက်ဆုံးတော့ ကေဇင်ကျော်မှာ မိခင်ဖြစ်သူ အကြံပေးတဲ့အတိုင်း မရှိတဲ့ကိုယ်ဝန်ကို အရှိလုပ်ပြီး လီဆယ်ခဲ့ရတာ။ သေချာတာက ကိုဘုန်းက ကိုယ်ဝန်ကြောင့် လက်ထပ်တာမဟုတ်ဘဲ တိုင်မယ်တောမယ်ပြောလို့ လက်ထပ်ခဲ့တာမှန်း ကေဇင်ကျော်သိတယ် ။ဒါပေမဲ့လည်း ကေဇင်ကျော်မှာ ကိုဘုန်း ကိုလက်လွတ်ဆုံးရှုံးမခံနိုင်လေတော့ သိသိချည်းနဲ့ ကေဇင်ကျော် ရှေ့တိုးခဲ့မိတာ။ကိုဘုန်း တစ်ယောက်ကတော့ ကေဇင်ကျော်လိမ်ညာထားတဲ့ ကိုယ်ဝန်ကို စိတ်ဝင်စားဖို့နေနေသာသာ ကိုယ်ဝန်နဲ့ ပတ်သက်ပြီး တစ်ခွန်း တစ်လေမှပင် မဟခဲ့။မမေးခဲ့ပါဘူး။
********
" သမီးရဲ့ စိတ်ကူးက ဘာလဲ ...သမီးက ဘာလုပ်ချင်တာလဲဆိုတာ အရင်ပြော "
ဦးသက်အောင်က သမီးဖြစ်သူ အနီရင့်ကို ကြည့်ပြီး မေးလိုက်တယ်။
" ဒီလိုလေ ဖေဖေ ... သမီးက ကော်ဖီဆိုင်ပုံစံမျိုးလေး ဖွင့်ချင်တာ ..ကော်ဖီဆိုင်ဆိုပေမဲ့ ကော်ဖီတစ်မျိုးတည်း မဟုတ်ဘဲ ...ပျော်ရည်မျိုးစုံနဲ့ အဆာပြေစာမျိုးစုံ ရတဲ့ဆိုင်မျိုး ဖွင့်ချင်တာ...ဆိုင်ကို တိုက်ခန်းကျဉ်းလေးထဲမှာ မဖွင့်ဘဲခြံကျယ်ကျယ်ထဲမှာ ဖွင့်မယ် ...
ဧကြည်ဖြူ
"ရင်ဘတ်ပေါ်က နှင်းဆီ "
အပိုင်း ( ၁၆ )
********
နှင်းသီရိက သူငယ်ချင်းဖြစ်သူရဲ့ အဆောင်ရှေ့က ခုံတန်းလေးမှာ သူငယ်ချင်းနဲ့ အတူထိုင်ရင်း လင်းရိပ်ကိုစောင့်နေလိုက်တယ်။ လင်းရိပ် လာမယ်ဆိုတာကို နှင်းသီရိ ယုံကြည်နေတယ်။ လင်းရိပ်ရဲ့ အချစ်ကို နှင်းသီရိ ယုံကြည်တယ်။ တစ်ယောက် အမှားတွေ တစ်ယောက်တောင်းပန်ပြီး "ပြန်တွဲကြရအောင်"လို့ ပြောရင် လင်းရိပ်လက်ခံမယ်ဆိုတာကို နှင်းသီရိ ယုံတယ်။တကယ်တော့ လင်းရိပ်က နှင်းသီရိအတွက် နောက်ဆုံး အားကိုးရာမြက်တစ်ပင်ပဲ။ ဒီမြက်ပင်ကို နှင်းသီရိအမိအရ ဆွဲကိုင်ဖို့ ဆုံးဖြတ်ထားတယ်။နှင်းသီရိ မနေ့ကပဲ ကိုထက်နဲ့ အဆက်အသွယ် ရခဲ့တယ်။ ကိုထက်က နှင်းသီရိကို ခါချလိုက်ပြီ။ ဘယ်လိုမှ ကပ်လို့မရတော့ဘူး။ရှေ့ဆက်တိုးရင် အရှက်ကွဲမယ်တဲ့။ ဒီထက်ဆိုးရင် ကိုထက် ရောနှင်းသီရိပါ ထောင်နန်းစံရမယ်တဲ့လေ။နှင်းသီရိက ဆီးစစ်တံကိုထုတ်ပြလိုက်တော့ ငွေထုတ်ပေးတယ်။"ဖျက်ချချင်းချ ... မွေးချင်မွေးသူနဲ့မဆိုင်ဘူးတဲ့လေ " ။ပြီးတော့ ပြောသွားသေးတယ်။နှင်းသီရီမှာ ချစ်သူရှိတာရော စပွန်ဆာတွေရှိတာရောသူသိတယ်တဲ့။ "သူကနွားမဟုတ်ဘူး"တဲ့လေ။ " နှင်းမှာရည်းစားတွေရှိခဲ့တာမှန်ပေမဲ့ ...ကိုထက်ကိုပဲ ယုံပြီး ပုံအပ်ခဲ့တာပါ "လို့ နှင်းသီရိ သေမတတ် ရှင်းပြခဲ့တယ်။ ဒါပေမဲ့ သူကလက်မခံဘူး။ ခါးခါးသီးသီးကို ငြင်းတယ်။ သူ့မိသားစုသူ့အိမ်ထောင်ရေးကို အပြိုကွဲမခံနိုင်ပါဘူးတဲ့။နှင်းသီရိ ဘာလုပ်ရမလဲ။ သူပေးတဲ့ ငွေကိုယူပြီး ဆေးရုံကိုသွားရမလား။ ဒါမှမဟုတ် မိသားစုရဲ့ အဝေးဆုံးကို ထွက်ပြေးသွားရမလား ။ ကိုယ့်ကိုယ်ကိုပဲအဆုံးစီရင်လိုက်ရမလား ။ ဘာကိုမှ နှင်းသီရိ မဆုံးဖြတ်နိုင်တော့ဘူး။ ဒီလိုအချိန်မှာ နှင်းသီရိ သတိရမိတာ မောင့်ကိုပဲ ။မောင်က နှင်းသီရိကိုသိပ်ချစ်တယ်။ပြီးတော့ နှင်းသီရိကိုတန်ဖိုးလည်းထားတယ်။မောင်နဲ့ တွဲခဲ့တဲ့ ချစ်သူသက်တမ်း သုံးနှစ်ကျော်လေးနှစ်အတွင်းမှာ မောင်က နှင်းသီရိကို ပါးလေးနမ်းရုံ လက်ကလေးကိုင်ရုံကလွဲပြီး မကျူးလွန်ခဲ့ဘူး။မောင့်ကို ပြန်တောင်းပန်ပြီး နှင်းသီရိတို့ရဲ့ ချစ်ခရီးလမ်းကို ပြန်လျှောက်မယ်။ပြီးရင် အမြန်ဆုံး လက်ထပ်ကြမယ်။ ဒါဆိုရင် နှင်းသီရိရဲ့ ဗိုက်ထဲက လစွန်းရုံပဲရှိသေးတဲ့ ဗိုက်ပြဿနာက အလိုလိုပြေလည်သွားမှာပဲ။ဒါက နှင်းသီရိရဲ့ တွက်ကိန်းပဲ။ မောင်နဲ့ အတူနေရရင် နှင်းသီရိဘ၀ချမ်းချမ်းသာသာ မနေရရင်တောင် စုတ်စုတ်ပြတ်ပြတ် ဆင်းဆင်းရဲရဲနဲ့ မနေရဘူးဆိုတာ နှင်းသီရိ သိတယ်။ဒါကို သိသိနဲ့ နှင်းသီရိက လောဘတက်မိပြီး ကိုထက်နဲ့ တွဲခဲ့မိလို့ အခုလို ပြဿနာတွေရှုပ်ကုန်တာ။
*****
" ဒေါက် ...ဒေါက် "
ခပ်တိုးတိုးတံခါးခေါက်သံကြောင့် အနီရင့်ရဲ့ ရင်ထဲ ဒိန်းခနဲ ဆောင့်ခုန်သွားတယ်။ပြီးတော့ ခြေဖျားလက်ဖျားတွေပါ အေးစက်လာတယ်။"ဒုက္ခပါပဲ ... ဖေဖေထင်တယ် ...လင်းရိပ်ကို မေးရင် ငါဘယ်လိုဖြေရမလဲ " အနီရင့် ထိတ်ထိတ်လန့်လန့်နဲ့ တိုးတိုးလေး ရေရွတ်မိရင်း လိမ်ညာပြောဖို့ရန် အမြန်စဉ်းစားရတယ်။
" ဒေါက် ...ဒေါက် "
တံခါးခေါက်သံက ထပ်မံထွက်ပေါ်လာတယ်။အနီရင့် ဆက်ထိုင်မနေရဲတော့ဘဲတံခါးပေါက်နားကို တုန်တုန်ယင်ယင်နဲ့ ထလာခဲ့တယ်။
တံခါးကို ဖွင့်ဖွင့်ချင်းမှာ မြင်လိုက်ရတဲ့ မျက်နှာကြောင့် အနီရင့်ကိုယ်ကိုယ်တိုင်မသိလိုက်ခင်မှာပဲ လှိုက်ခနဲ ဝမ်းသာပျော်ရွှင်မိသွားတယ်။
" အိပ်နေတာလား ... ကျွန်တော်သွားတာ နာရီဝက်လောက်တောင် မရှိသေးဘူး... ချက်ချင်းကြီးအိပ်ပျော်သွားတာလား "
" မ ...မအိပ်ပါဘူး ... ရုပ်ရှင်ကြည်နေတာ ...ဒါနဲ့ လင်းရိပ်က မြန်လှချည်လား ...စကားရော ပြောခဲ့ရဲ့လား "
" အင်း ...မသွားတော့ဘူးလေ... ဒီနေ့က ကျွန်တော်တို့ရဲ့ မင်္ဂလာဦးနေ့မဟုတ်လား ...ပြီးတော့ ကျွန်တော်က အိမ်တောင်သည်ဖြစ်သွားပြီလေ "
" ဒါ...ဒါပေမဲ့ ...ဒီပွဲက ကျွန်မတို့အတွက် အစစ်အမှန်မှ မဟုတ်တာ "
" ကျွန်တော်တို့အတွက် အစစ်အမှန်မဟုတ်ပေမဲ့ အများအမြင်မှာ ကျွန်တော်က အိမ်ထောင်ရှိတဲ့သူ ဖြစ်သွားပြီးလေ ...ကဲပါကွာ ...ထားလိုက်ပါ ...ဒီမှာ မင်းအတွက် မုန့်ဝယ်လာခဲ့တယ် .. အတူစားရအောင် "
အနီရင့် မုန့်စားနေရင်းကနေ လင်းရိပ်ရဲ့ ကြေကွဲရိပ်တွေ လွှမ်းနေတဲ့ မျက်ဝန်းတွေကို ဖျတ်ခနဲ မြင်လိုက်ရတာမို့ စိတ်မကောင်းဖြစ်သွားမိတယ်။ပြီးတော့ လင်းရိပ်ရဲ့စိတ်ဓါတ်ကိုလည်း ပိုပြီး လေးစားသွားမိတယ်။
" ဆေးရော သောက်ပြီးပြီလား ...အခုနောက်ပိုင်း သိပ်မအန်တော့ဘူးမဟုတ်လား "
လင်းရိပ်က ပြောနေရင်းကနေ ရေသန့် တစ်ဘူးကို သွားထယူလိုက်ပြီး အဖုံးကို ဖွင့်လိုက်တယ်။ပြီးတော့ ဖန်ခွက်တစ်လုံးကိုပါ ယူလာပြီး အနီရင့်ရှေ့မှာ ချပေးလိုက်တယ်။
လင်းရိပ် ဖန်ခွက်ထဲကို ရေငှဲ့ထည့်ပေးနေတဲ့ အချိန်မှာ အနီရင့်က လင်းရိပ်ကို ကျေးဇူးတင်စွာ ကြည့်လိုက်မိတယ်။အနီရင့် ကိုဘုန်းနဲ့ တွဲနေတုန်းကဆို ဒီအလုပ်တွေကို အနီရင့်ပဲ လုပ်ပေးခဲ့ရတာလေ ။
ခမ်းခမ်းနားနားဖြစ်အောင်စီစဉ်ခဲ့တာပေါ့။ပြီးတော့ သမက်ဖြစ်သူရဲ့ သန့်ပြန့် ကြည်လင်တဲ့ ရုပ်ရည်နဲ့ မိသားစုကလည်း ရိုးရိုးအေးအေးပုံ ပုံတွေမို့ ဦးသက်အောင် အကျေနပ်ကြီး ကျေနပ်နေမိတယ်။
*****
မင်္ဂလာပွဲပြီးလို့ လူကြီးမိဘတွေကို ကန်တော့ပြီးတာနဲ့ လက်ဖွဲ့တွေကို အနီရင့်ရဲ့ တိုက်ခန်းကိုပို့ပြီး အနီရင့်နဲ့လင်းရိပ်မှာ ဟိုတယ်ကို တန်းလာခဲ့ရတယ်။တကယ်တော့ ဒီအစီအစဉ်ကလည်း လင်းရိပ်နဲ့ အနီရင့်တို့စီစဉ်ခဲ့တဲ့ထဲမှာ မပါဘူး။အနီရင့်ရဲ့ဖခင်က သူတို့မိသားစုတည်းတဲ့ ဟော်တယ်မှာ သမီးနဲ့ သမက်အတွက် ဟော်တယ်ခန်းပါ စီစဉ်ပေးခဲ့တာ။အနီရင့်နဲ့လင်းရိပ်မှာ မငြင်းသာဘဲ ဟော်တယ်ကိုလိုက်ပါခဲ့ရတယ်။
********
ငှားထားတဲ့ ဟော်တယ်ခန်းက သားနားလွန်းလှတယ်။ခက်တာက အိပ်စရာ ခုတင်က နှစ်ယောက်အိပ်ခုတင်တစ်လုံးတည်းရှိတယ်။
လင်းရိပ်နဲ့ အနီရင့်တို့ နှစ်ယောက်ထိုင် ဆိုဖာခုံမှာ ဘေးချင်းကပ် ထိုင်နေမိကြတယ်။
" မင်းနားချင် သွားနားတော့လေ ...တစ်နေကုန် ပင်ပန်းထားတာ မဟုတ်လား..."
လင်းရိပ်က အနီရင့်ကို ပြောလိုက်တယ်။
" လင်းရိပ်ကရော "
"ဒီမှာပဲ အိပ်လိုက်မယ်လေ "
လင်းရိပ်က ဆိုဖာခုံကို လက်နဲ့ပုတ်ရင်း ပြန်ဖြေလိုက်တယ်။
" ဆိုဖာက တိုတိုလေး ...လင်းရိပ် အရပ်ကြီးနဲ့ ဘယ်လို အိပ်မလဲ "
" ရပါတယ်ကွာ ... အိပ်တတ်ပါတယ် ...ဒါနဲ့ ဒီမှာ မင်းရဲ့ ဆေးတွေ ကျွန်တော် ယူလာတာ ...ဆေးသောက်လိုက်အုံး "
လင်းရိပ်က သူ့ကျောပိုးအိတ်ထဲက ဆေးတွေကို ထုတ်ပြီး အနီရင့်ကို ကမ်းပေးလိုက်တယ်။
အနီရင့်က လင်းရိပ်ကို ကျေးဇူးတင်စွာ လှမ်းကြည့်ပြီး ဆေးတွေကို ယူလိုက်တယ်။
" ကဲ့ပါ ...အဲ့ဒီမှာတော့ မအိပ်ပါနဲ့ လင်းရိပ်ရယ် ...ဒီခုတင်ပေါ်မှာပဲ လာအိပ်ပါ... အလယ်က ခွခေါင်းအုံးတွေ ချထားလိုက်လို့ရပါတယ် ...လင်းရိပ်ကို အနီရင့် ယုံကြည်ပြီးသားပါ "
" အင်း ... အင်းပါ "
အနီရင့်နဲ့ လင်းရိပ်တို့ အိုးတိုးအမ်းတမ်းနဲ့ စကားပြောနေကြတုန်း မှာ လင်းရိပ်ဖုန်းက မြည်လာတာမို့ လင်းရိပ်က ဖုန်းကို လှမ်းယူပြီး ကြည့်လိုက်တယ် ။
" ဟင် " ဖုန်းမျက်နှာပြင်ပေါ်မှာ ပေါ်နေတဲ့ နံပတ်ကိုကြည့်လိုက်ပြီး လင်းရိပ် ကြက်သေသေသွားမိတယ်။
" ဘာဖြစ် လို့လဲ လင်းရိပ် ...ဖုန်းကိုင် လိုက်လေ "
အနီရင့်က ငိုင်တွေသွားတဲ့ လင်းရိပ်ကို လှမ်းပြောလိုက်မှ လင်းရိပ် သတိဝင်ပြီး ဖုန်းကို ကောက်ကိုင်လိုက်တယ်။
" ဟယ်လို "
လင်းရိပ် တုန်တုန်ယင်ယင်နဲ့ ထူးလိုက်မိတယ်။
" မောင် ... မောင်ဘယ်မှာလဲဟင် ...အဆောင်မှာလား ...မောင့်ကို နှင်းတွေ့ချင်တယ် ...နှင်းအခု အပြင်မှာ မောင်...သူငယ်ချင်းရဲ့ အဆောင်မှာ ရောက်နေတယ် ...နှင်းကို လာတွေ့ပါနော် မောင် ... မောင်မလာမချင်း နှင်းစောင့်နေမှာနော် "
ပြောပြီးတာနဲ့ နှင်းသီရိက ဖုန်းချသွားတယ် ။လင်းရိပ် ဘာမှ ပြန်ပြောခွင့် မရလိုက်။လင်းရိပ်မှာ ဖုန်းကို ကိုင်ပြီး ကြောင်တောင်တောင်နဲ့ ထိုင်နေမိတယ်။
" လင်းရိပ် ...ဘာဖြစ်လို့လဲ ...ဘယ်သူဖုန်းဆက်တာလဲ ....အိမက ဆက်တာလား "
အနီရင့်က လင်းရိပ်ရဲ့ ပခုံးကို ပုတ်ပြီး မေးလိုက်မှ လင်းရိပ်သတိဝင်လာပြီး နာရီကို ကြည့်လိုက်တော့ ည (၈ ) နာရီ ထိုးပြီးသွားပြီ။
" ဟို ... ဟို ...ကျွန်တော့် ကောင်မလေး ဖုန်းဆက်တာ ...အရေးကြီး ကိစ္စရှိလို့တဲ့ ခဏလောက် တွေ့ချင်လို့တဲ့ "
လင်းရိပ် အနီရင့်ကို အားတုံ့အားနာနဲ့ ဖြေလိုက်တယ်။
အနီရင့်မှာ လင်းရိပ်ရဲ့ အဖြေကြောင့် ထိတ်လန့်အံ့သြသွားမိပြီး လင်းရိပ်ကို မေးလိုက်တယ်။
" လင်း ...လင်းရိပ် ပြောတော့ လမ်းခွဲ လိုက်ကြပြီဆို "
" ဟုတ် ...ဟုတ်တယ် ... လမ်းခွဲလိုက်ကြပြီး ...ဒါပထမဆုံး သူပြန်ဆက်တာ ....ကျွန်တော်ဘာလုပ်ရမလဲ ဟင် ...အနီရင့် ဆုံးဖြတ်ပါ "
လင်းရိပ်က အနီရင့်ကို ကြည့်ပြီး ပြောလိုက်တယ်။
အနီရင့်ကို မျှော်လင့်တကြီးနဲ့ ကြည့်နေတဲ့ လင်းရိပ်ရဲ့ မျက်ဝန်းတွေကို ကြည့်ပြီး အနီရင့် ဆုံးဖြတ်ချက်ကိုချလိုက်တယ်။
" သွားလေ ...သွားလိုက်ပါ လင်းရိပ်ရယ် ...အနီရင့် နားလည်ပါတယ် ..."
အနီရင့်က ပြောရင်း လင်းရိပ်ရဲ့ ကျောပိုးအိတ်လေး ကို ယူပြီး လင်းရိပ်ဆီကို ကမ်းပေးလိုက်တယ်။
လင်းရိပ်က အနီရင့်ကို ကျေးဇူးတင်စွာ တစ်ချက်ကြည့်လိုက်ပြီး ကျောပိုးအိတ်လေးကို လှမ်းယူလိုက်တယ်။ပြီးတော့ ဟော်တယ်ခန်းရဲ့ အပြင်ကို လှမ်းထွက်လာခဲ့တယ်။
အခန်းထဲမှာတော့ အနီရင့် တစ်ယောက်တည်း ဆိုဖာခုံပေါ်မှာ ငူငူချည်း ထိုင်ပြီး ကျန်နေခဲ့တယ်။
=====================
အပိုင်း (၁၆ ) ဆက်ရန်
ဧကြည်ဖြူ
စာရေးမရဲ့ စကားကြောင့် နှင်းသီရိ ဘာပြောလို့ပြောရမှန်းမသိဖြစ်သွားမိတယ်။ရဲမင်းထက်ရဲ့ ကုမ္ပဏီက ပြည်ပအလုပ်အကိုင်ရှာဖွေပေးတဲ့ အေဂျင်စီမို့ စာရေးမက နှင်းသီရိကို အလုပ်လာရှာသူ့အမှတ်နဲ့ ပြောနေခြင်းဖြစ်တယ်။
" ဒီ ...ဒီလိုပါ ...ကျွန်မက ...ဒီက သူဋ္ဌေး ကိုရဲမင်းထက်နဲ့ တွေ့ချင်လို့ပါ ..."
" ဪ ... ဆရာနဲ့တွေ့ချင်တာလား ...ဆရာက သူဇနီး နေမကောင်းဖြစ်နေလို့ တောင်ကြီးကို ပြန်သွားပါတယ်...ဒီလကုန်ပြီးမှ ပြန်လာမှာပါ "
" ရှင် "
ကြားလိုက်ရတဲ့ စကားကြောင့် နှင်းသီရိ ခေါင်းထဲမှာ သွေးတွေ ဒိန်းခနဲ ဆောင့်တိုးသွားပြီး လူက မိုက်ခနဲ ဖြစ်သွားမိတယ်။လုံးဝမထင်မှတ်ထားခဲ့တဲ့ အဖြေ။နှင်းသီရိကိုယ်တိုင် အထပ်ထပ်အခါခါ မေးခဲ့ပြီး "လူပျိုကြီး "ပါဆိုတဲ့ စ ကားကြောင့် ယုံမှတ်ပြီး နှင်းသီရိရဲ့တစ်ဘ၀လုံးကို ပုံအပ်ခဲ့တာလေ။
" သူ ...သူဌေးရဲ့ ဖုန်းနံပတ်လေးများ ရနိုင်မလား ဟင် "
နှင်းသီရိ တုန်တုန်ရီရီနဲ့ ပြောလိုက်မိတယ်။
" တောင်းပန်ပါတယ်ရှင် .. ဆရာကို အရင်ပြောပြပြီး ဖုန်းနံပတ်တောင်းပေးမှာမို့ အစ်မရဲ့ ဖုန်းနံပတ်လေး ပေးထားခဲ့လို့ရပါတယ် "
နှင်းသီရိ ခေါင်းငိုက်စိုက်ချပြီး ရုံးထဲက ပြန်ထွက်လာခဲ့မိတယ်။လမ်းတစ်လျှောက်လုံး နှင်းသီရိမှာ အသိစိတ် ကင်းမဲ့နေသူလို လမ်းပေါ်မှာ ဦးတည်ရာမဲ့ လျှောက်သွားနေမိတယ်။
*****
ကေဇင်ကျော်မှာ မင်္ဂလာပွဲထဲမှာထိုင်နေရင်း ကြိတ်မနိုင်ခဲမရ ဖြစ်နေမိတယ်။အစတုန်းကတော့ မင်္ဂလာပွဲကို ခန်းမမှာတောင် မဆောင်နိုင်ဘဲ ဘုန်းကြီးကျောင်းမှာ အကျဉ်းရုံးတဲ့ပွဲဆိုပြီး လှောင်ပြောင်ချင်လို့ ရောက်လာခဲ့တာ။ ဒါပေမဲ့ ရောက်လာတော့ ထင်ထားတာနဲ့ တခြားဝီကို ဖြစ်နေခဲ့တာ။ စည်လိုက်တဲ့ မင်္ဂလာပွဲဆိုတာ ဘုန်းကြီးကျောင်းရှေ့မှာ ကားတွေဆိုတာ အပြည့်ပဲ။တစ်ယောက်တည်း ကုပ်ကုပ်လေး နေတတ်တဲ့ အနီရင့်ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေဆိုတာ ဘယ်က ပေါ်လို့ ပေါ်လာမှန်းကို မသိဘူး။ လာတဲ့ ဧည်သည်တွေထဲမှာ ကေဇင်ကျော်သိတဲ့ အနုပညာရှင်တွေ ပါသလို ၊ ကေဇင်ကျော်မသိတဲ့ အနုပညာရှင်တွေလဲ အများကြီး လာကြတယ်။မှန်တာပြောရရင် အနီရင့် စာရေးတာကို ကေဇင်ကျော် လုံးဝအထင်မကြီးခဲ့တာအမှန်ပဲ။အနီရင့်ရေးတဲ့ ၀တ္ထုကို ရုပ်ရှင်ရိုက်တယ်ဆိုတဲ့ သတင်းကို ကြားခဲ့ပေမဲ့လုံးဝကို အထင်မကြီးခဲ့တာ။အနီရင့်ကလည်း သူ့အကြောင်းတွေကို သိပ်ပြီး ထုတ်ပြောလေ့မရှိတာမို့ ကေဇင်ကျော်တို့ တစ်မိသားစုလုံး အနီရင့်ကို အထင်သေးခဲ့ကြတာ။ ဒီအုပ်စုထဲမှာ မြတ်ဘုန်းရံ့အမေ ဒေါ်ကေသီလည်း ပါတယ် ပြောရမှာပဲ။ ခုတော့ လာတဲ့ ဧည့် ပရိတ်သတ်ကိုကြည့်ပြီး ကေဇင်ကျော် အလိုမကျ ဖြစ်နေမိတယ်။ဒီကြားထဲ သတိုးသားလောင်းကလည်း ကေဇင်ကျော်ထင်ထားသလို ပုံဆိုးပန်းဆိုးပုံမျိုးမဟုတ်ဘဲ ကိုဘုန်းထက် ပိုပြီး ရုပ်ရည်သားနားနေပုံက ရုပ်ရှင်မင်းသားတွေထက်တောင် ကြည့်ကောင်းနေတာကိုလည်း ကေဇင်ကျော် မကျေမနပ်ဖြစ်နေမိတယ်။ပြီးတော့ မိမိ မင်္ဂလာဆောင်ဖိတ်တုန်းကတော့ လက်ဖွဲ့ငွေပဲ ပို့ ပေးပြီး သူ့သမီး မင်္ဂလာပွဲကို ကျတော့ မိသားစုလိုက် လာပြီး လိုလေသေးမရှိအောင် လုပ်ပေးနေတဲ့ အနီရင့်ရဲ့ဖခင်ကိုလည်း မကျေနပ်မိ။
" အမေ သမီးတို့ ပြန်ရအောင် "
" အေး ...ပြန်ကြမယ် ... ငါက အစကတည်းက လာချင်တာမဟုတ်ဘူး ...နင့် အဘွားနဲ့ နင့်အဖေကို သွားခေါ်လိုက်အုံးမယ် "
" အဘွားတို့ ပြန်မလိုက်လည်း ထားခဲ့ ...သမီးတို့ ဘာသာပြန်ကြရအောင် "
*******
အနီရင့် ဧည်သည်တွေကို ဧည့်ခံရင်း ခေါင်းတွေပါ တရိပ်ရိပ် မူးလာတယ်။မင်္ဂလာပွဲက အနီရင့်နဲ့လင်းရိပ် စီစဉ်ထားသလို သာမာန်ပွဲသေးလေးမဟုတ်ဘဲ စည်စည်ကားကားကြီးကို ဖြစ်နေတာ။ အထူးသဖြင့် အနီရင့်ရဲ့ ဖခင်ဖြစ်သူမှာ သူ့ရဲ့ မိတ်ဟောင်း ဆွေဟောင်း တွေက အစ ဖိတ်ထားခဲ့တာ။
" ဒီလောက်များတဲ့ ဧည့်သည်တွေကို ဘယ်သူ ဖိတ်လိုက်တာလဲဟင် "
အနီရင့်က လင်းရိပ်နားကို ကပ်ပြီး မေးလိုက်တယ်။
" မသိဘူးလေ ... မင်းရဲ့ စာပေမိတ်ဆွေတွေ ဒီလောက်များမယ် မထင်ခဲ့ဘူး "
" အင်း ... ဟုတ်တယ် သူ တို့ကိုတော့ဖိတ်လိုက်တယ် ...တော်ကြာ ဗိုက်ထွက်လာမှ တစ်မျိုးထင်နေကြမှာစိုးလို့ "
" မင်း နေလို့ အဆင်ပြေရဲ့လား ....သံပရာရည်ဖြစ်ဖြစ် သောက်မလား ...ခဏလောက်ထိုင်နေအုံး အရမ်းလှုပ်ရှားနေလို့ မဖြစ်ဘူးထင်တယ် "
လင်းရိပ်က အနီရင့် နဖူးပေါ်က ချွေးစေးလေးတွေကို ကြည့်ပြီး ကြင်ကြင်နာနာနဲ့ ပြောလိုက်သလို လက်ကလည်း လက်ကိုင်ပ
ဝါလေးကို ယူပြီး အနီရင့်ရဲ့ နဖူးပြင်ပေါ်က ချွေးစလေးတွေကို သုတ်ပေးလိုက်တယ်။
ဒီမြင်ကွင်းကို ကြည့်ပြီး အနီရင့်ရဲ့ ဖခင်ဖြစ်သူ ဦးသက်အောင်က ကျေနပ်နေမိတယ်။သူ့စိတ်ထဲမှာ တစ်ချိန်လုံး သမီးဖြစ်သူအတွက် စီတ်ပူပြီး နေခဲ့ရတာ။ သူသိသလောက် မြတ်ဘုန်းနဲ့ သမီးဖြစ်သူ အနီရင့်တို့ လူငယ်ချင်း မေတ္တာမျှ နေတယ်လို့ သိထားတာ။ရုတ်တရက် မြတ်ဘုန်းနဲ့တူမဖြစ်သူ ကေဇင်ကျော်တို့ လက်ထပ်ကြမယ်ဆိုတော့ သမီးဖြစ်သူ အတွက် ဦးသက်အောင် သိပ်ကို စိတ်ပူခဲ့ရတာ။ သမီးဖြစ်သူတော့ ခဲမနဲ့တူမရဲ့ အနိုင်ကျင့်တာကိုခံရပြန်ပြီလို့ တွေးပြီး စိတ်ပူခဲ့ရတာ။ ခုလို သမီးက အိမ်ထောင်ပြုတော့မယ်ဆိုတော့ ဦးသက်အောင် ဇနီးနဲ့ သားကိုပါ ခေါ်ချလာပြီး သမီးရဲ့ မင်္ဂလာပွဲကို
မြတ်ဘုန်း စိတ်မထိန်းနိုင်ဘဲ လင်းရိပ်ရဲ့ မျက်နှာကို ထိုးချပစ်လိုက်တယ်။ လင်းရိပ်မှာ ရုတ်တရက် အထိုးခံလိုက်ရတာမို့ ရှောင်ချိန်မရလိုက်ဘူး ။လင်းရိပ်စိတ်တို သွားပေမဲ့ ပြန်မတုံ့ပြန်မိ ။တော်ကြာ ရုန်းရင်းဆန်ခတ် ဖြစ်ရင် ဘေးအခန်းတွေ သိသွားမှာကို တွေးလိုက်မိလို့ စိတ်ကို လျှော့လိုက်ရတယ်။ လင်းရိပ်က မိခင် နှလုံးရောဂါသည်နဲ့ နေနေကြမို့ ဒေါသကို ချက်ချင်းထိန်းလိုက်နိုင်တယ်။
" ဘယ်သူလဲ လင်းရိပ် ...ဟင် ...ရှင် ...ရှင် ဘာလာလုပ်တာလဲ ကိုဘုန်း "
အနီရင့်က အခန်းပြင် ကိုထွက်လာမေးလိုက်ရင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အလန့်တကြားနဲ့ မေးလိုက်တယ် ။
" အနီရင့် မင်းက ဒီပိုင်းလုံးကောင်နဲ့ လက်ထပ်မှာဆို ဟုတ်လား ...မင်း ရူးနေပြီလား .... ကိုယ်ဝန်ကြောင့် လက်ထပ်မှာဆိုရင် လက်မထပ်နဲ့ ... ငါ မင်းကို တစ်သက်လုံး ထောက်ပံ့ စောင့်ရှောက်ပေးနိုင်တယ် "
" ဘာပြောတယ် ရှင်ရူးနေတာလား ကိုဘုန်း... သွား...ခုချက်ချင်း ဒီက ထွက်သွား "
အနီရင့် ဒေါသတကြီးနဲ့ အော်လိုက်တယ်။
" အနီရင့် ...မအော်နဲ့ လေ စိတ်ကို ထိန်းအုံး .."
လင်းရိပ်က ဒေါသတကြီး ဖြစ်ပြီး တဆတ်ဆတ် တုန်ယင်နေတဲ့ အနီရင့်ရဲ့ ခန္ဓာကိုယ်လေးကို လှမ်းထိန်းပြီး ခပ်တိုးတိုး ပြောလိုက်တယ်။
" ဟေ့ကောင် ပိုင်းလုံးကောင် ဖယ်စမ်း ... အနီရင့်ကို မထိနဲ့ ကဲကွာ ..."
မြတ်ဘုန်းက ဒေါသတကြီးနဲ့ လင်းရိပ်ကို ဆောင့်ဆွဲပြီး ထိုးဖို့ဟန်ပြင်လိုက်တယ်။
" ဟင် ...ကိုဘုန်း ရှင် ဒါဘာလုပ်တာလဲ ...ကဲဟာ "
" ဖြန်း "
လက်ရွယ်နေတဲ့ မြတ်ဘုန်းရဲ့ မျက်နှာပြင်ကို အနီရင့်က ဦးအောင် ချပစ်လိုက်ပြီး မြတ်ဘုန်းကို မောင်းထုတ်လိုက်တယ်။
" ထွက်သွား ..အခုချက်ချင်း ထွက်သွား ...လင်းရိပ်က ပိုင်းလုံးကောင် မဟုတ်သလို ကိုဘုန်းလို လူယုတ်မာလဲ မဟုတ်ဘူး ...အနီရင့် ဘဝကို လာမနှောက်ယှက်နဲ့ ... ကိုယ့်အရှက်ကို မခွဲချင်လို့ အေးအေးဆေးဆေးနေနေတာကို ...အနီရင့်ကို စိတ်လာဆွရင် ကိုဘုန်းတို့ တစ်မိသားစုလုံးကိုပါ အရှက်ခွဲ ပစ်မှာ "
အနိုရင့်ရဲ့ ဒေါသတကြီးနဲ့ ပြောလိုက်တဲ့ စကားကြောင့် မြတ်ဘုန် ကြောင်အပြီး ကြည့်နေမိတယ်။အနီရင့်ဟာ မြတ်ဘုန်း တစ်ခါမှ မမြင်ဖူးခဲ့တဲ့ ပုံစံနဲ့ ကျားရိုင်းမလေးလို မြတ်ဘုန်းကို ရန်လိုနေတဲ့ အကြည့်တွေနဲ့ ကြည်နေခဲ့တယ်လေ။
" လင်းရိပ် ... ရှင့်နှုတ်ခမ်းက သွေးတွေက ဘာဖြစ်တာလဲ ရှင့်ကို သူထိုးလိုက်တာလား ဟင် ... ဟုတ်လား .."
လင်းရိပ်ရဲ့ မျက်နှာကို ကြည့်ပြီး စိုးရိမ်တကြီး ပြောနေတဲ့ အနီရင့်ကို ကြည့်ပြီး မြတ်ဘုန်း ခေါင်းကို ငိုက်စိုက်ချလို့ ပြန်ထွက်လာခဲ့တယ်။
******
" ရှင်က ဘာလို့ ပြန်မထိုးတာလဲ...."
အနီရင့်က လင်းရိပ်ရဲ့ နှုတ်ခမ်းထောင့်ကို ဆေးလိမ်းပေးရင်းပြောလိုက်တယ်။
" သူထိုး ကိုယ်ထိုးနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ကုန်ရင် ပတ်ဝန်းကျင်က ကြားသွားမှဖြင့် ...ပြီးတော့ အဲ့ဒါမင်းရဲ့ ချစ်သူ မဟုတ်လား ...."
" ချစ်သူ ဟုတ်လား ... ဘာချစ်သူလဲ ...လူတစ်ယောက်ကို အထင်သေးသွားပြီ ဆိုရင် အချစ်ပါ ပျောက်ဆုံးသွားတာထင်တယ် ... အနီရင့်ချစ်ခဲ့တဲ့ ကိုဘုန်းက သေဆုံးသွားပြီ ...အခုကိုဘုန်းက အနီရင့်နဲ့ ဘာမှမဆိုင်တဲ့သူပဲ "
အနီရင့်ကိုကြည့်ပြီး လင်းရိပ် ချစ်သူနှင်းသီရိကို သတိရသွားမိတယ်။ချစ်သူနှင်းသီရိလည်း လင်းရိပ်ကို အထင်သေးသွားတာမို့ အခုချိန်လောက်ဆို လုံးဝကို မုန်းမေ့သွားပြီထင်ပါရဲ့။ လင်းရိပ် ဘက်ကရော ချစ်သူအပေါ် ဘယ်လို သဘောထားနေမိလည်း ဆိုတာကိုတော့ လင်းရိပ်မသိပါ။ တတ်နိုင်သမျှ ချစ်သူရဲ့ အကြောင်းကို လင်းရိပ်မေ့ပစ်ဖို့ကြိုးစားနေမိတာတော့ အမှန်ပါပင်။
" အဖေက ပြန်လာမယ်လို့ ပြောတယ် လင်းရိပ် ...ဘယ်လိုလုပ်ကြမလဲ ဟင် "
အနီရင့်ရဲ့ မေးသံကို ကြားမှ လင်းရိပ် အတွေး အိမ်ထဲက ရုန်းထွက်ပြီး အနီရင့်ကို ပြန်ဖြေလိုက်တယ်။
" ဘယ်လိုလုပ်ရမလဲ ...ဒီအတိုင်း ဟန်မပျက်နေလေကွာ ...မင်းက စာရေးဆရာမပဲဟာ ...အိုက်တင်တွေ ဘာတွေ မရဘူးလား "
" လင်းရိပ် ရှင်နောက်မနေနဲ့ ... တော်ကြာ အဖေရိပ်မှသွားမှာ စိုးတယ် ... အဖေသာ အဖြစ်မှန်တွေကို သိသွား ရင် ဘာတွေဖြစ်ကုန်မလဲ မသိဘူး "
" မသိအောင်တော့ ဂရုစိုက်ရမှာပေါ့ ...ကျွန်တော်တောင် အမေတို့ ယုံကြည်အောင် ပြောနိုင်သေးတာပဲ ...ဘာပဲဖြစ်ဖြစ် ကျွန်တော့် မိသားစုက မင်းကို ချစ်ကြတယ်ကွ...မင်းနဲ့ လက်ထပ်တော့မယ်လို့ ပြောလိုက်တော့ သူတို့ အရမ်းဝမ်းသာနေကြတာ "
အနီရင့်နဲ့လင်းရိပ်ရဲ့ကြားမှာ ပြန်လည် တိတ်ဆိတ်သွားတယ်။
" မင်္ဂလာပွဲပြီးရင်တော့ ... ဆိုင်ဖွင့်ဖို့ အတွက် သေချာလေးလုပ်ကြရအောင် ... ဒီကြားထဲလဲ ဆိုင်နေရာကို လင်းရိပ် အဆင်ပြေမယ်ထင်တဲ့ နေရာမှာပဲ ရှာလိုက်နော် "
******
နှင်းသီရိ မဝံ့မရဲနဲ့ ရုံးခန်းထဲကို ဝင်လာခဲ့တယ်။
" မင်္ဂလာပါ ...ကြိုဆိုပါတယ်ရှင် "
တံခါးဖွင့် ဖွင့်ခြင်းမှာ အသံချိုချိုလေးနဲ့ နှုတ်ဆက်လိုက်တဲ့ ၀န်ထမ်းမလေးကြောင့် နှင်းသီရိ ကြောက်စိတ်တွေတော့ ပြောလျော့ သွားမိတယ်။
'
" ဘာအကူအညီ ပေးရမလဲရှင် .. ဘယ်နိုင်ငံကို သွားချင်တာလဲရှင် ...တတ်ကျွမ်းတဲ့သူနဲ့ ဆွေးနွေးလို့ရပါတယ် "
" ရှင် ... ဟို .... ဟို "
ဧကြည်ဖြူ
" ရင်ဘတ်ပေါ်ကနှင်းဆီ "
အပိုင်း ( ၁၅ )
*****
လက်ထဲက ဖိတ်စာလေးကိုကြည့်ပြီး အသက်မဲ့သွားသူလို မြတ်ဘုန်း ငြိမ်သက်နေမိတယ်။သူရဲ့ မင်္ဂလာပွဲပြီးလို့ ဆယ်ရက်ကျော်ကျော်ပဲရှိသေးတယ်။ချစ်ရသူရဲ့ မင်္ဂလာဦးဆွမ်းကျွေး ဖိတ်စာက မြတ်ဘုန်းတို့ဆီကို ရောက်လာခဲ့ပြီ။ သူမဘယ်သူနဲ့ လက်ထပ်မှာလဲ။ချက်ချင်း လက်ထပ်လိုက်တယ်ဆိုတာက ကိုယ်ဝန်ကြောင့်ပဲ ဆိုတာကို မြတ်ဘုန်းသိလိုက်တယ်။
"ဘယ်လိုလဲ ရှင့်ဟာမလေးက လူကြည့်တော့ မတုန်မလှုပ်နဲ့ မြန်လှချည်းလား ...ကြည့်ရတာ ရှင်နဲ့အပြိုင်ထားထာတာ-နေမယ် "
ကေဇင်ကျော်ရဲ့ အပြောကို မနှစ်သက်လှတာမို့ မြတ်ဘုန်းကျောခိုင်းပြီးထွက်လာခဲ့တယ်။ဒါတောင် ကေဇင်ကျော်ရဲ့ အသံက နောက်က ကပ်ပါလာသေးတယ်။
" ဘာလဲ ...ရှင်က ခံစားနေရတာလား ... ဘယ်လို ကောင်နဲ့ ယူတာလဲဆိုတာကို သိချင်လို့ ကေဇင်တို့က ဒီမင်္ဂလာပွဲကို သွားဖြစ်အောင် သွားမှာ သိရဲ့လား "
လူ့အကြောင်း ပေါင်းကြည့်မှ သီဆိုသလိုပဲ မြတ်ဘုန်းလည်း ကေဇင်ကျော်တို့အိမ်မှာ လိုက်နေတာ တစ်ပတ်ကျော်ပဲရှိသေးပေမဲ့ ကေဇင်ကျော်တို့ သားအမိရဲ့ စိတ်ရင်း အလုံးစုံကို သိခဲ့ရတယ်။ သားအမိနှစ်ယောက်လုံးက အပြင်ပန်းက ကြည့်ရင် ရိုးရိုးသားသား အေးအေးဆေးဆေး ပုံစံလေးတွေနဲ့ အတွင်းစိတ်ကောက်ကျစ် ကြတာကို မြတ်ဘုန်း သိခဲ့ရပြီ။ ဒါတင်မကသေးဘူး သားအမိနှစ်ယောက်လုံး လောဘလည်းကြီးကြတယ်။ပြီးတော့ ကေဇင်ကျော်က သူ့ကိုယ်သူပဲ အလှအပ ပြင်ဆင်တတ်ပြီး အိမ်မှုကိစ္စတွေမှာ အင်မတန် အပျင်းကြီး ပြီး ဖြစ်ကတတ်ဆန်း နိုင်တာတွေကိုလည်း မြတ်ဘုန်းသိခဲ့ရပြီး။ အစစအရာရာ ကေဇင်ကျော်ရဲ့မိခင် ဒေါ်ဌေးဌေးမူရဲ့ အစီအမံတွေနဲ့သာ နေထိုင်ရတာကိုလည်း မြတ်ဘုန်းသိခဲ့ရတယ်။မြတ်ဘုန်း ဒါတွေကို သိသိနဲ့ လျစ်လျူရှုထားပြီးနေခဲ့လိုက်တယ်။ မင်္ဂလာပွဲစပြီး ကျင်းပပြီးတဲ့နေ့ကစလို့ မြတ်ဘုန်း အရက်နဲ့ပဲ အဖော် ပြုတော့တယ်။သူ့ဘ၀က ကေဇင်ကျော်တို့အိမ်မှာစိတ်မချမ်းသာလို့ အိမ်ကိုပြန်တော့လည်း မိခင်ဖြစ်သူက ကေဇင်ကျော်တို့ သားအမိအပေါ်မှာ မကျေနပ်သမျှကို မြတ်ဘုန်းကိုပဲ ပြောတာ။ကြာတော့ တစ်ပတ်ကျော်အတွင်းမှာကို မြတ်ဘုန်းက ကိုယ့်ဘဝကို စိတ်အပျက်ကြီး ပျက်လာမိတယ်။
*******
" အနီရင့် လက်ထပ်တော့မယ်ဆို မြန်လှချည်းလား ...ဘာလဲ မင်းနဲ့ တွဲနေကတည်းက နောက်တစ်ယောက်ရှိနေတာထင်တယ် ...သူတို့ ညီအစ်မတွေက စရိုက်တွေ အကျင့်တွေကတော့ တူသားပဲ "
မြတ်ဘုန်းထင်တဲ့အတိုင်းပဲ ။ ဟိုအိမ်မှာ စိတ်ညစ်လို့ အိမ်ကိုပြန်လာမိတာ။အနီရင်ရဲ့ မင်္ဂလာဖိတ်စာကို ကိုင်ပြီး မကျေမချမ်းနဲ့ ပြောနေတဲ့ မိခင်နဲ့ စပြီး ဆုံတွေ့လိုက်ရတယ် ။
" ဒီအကြောင်းတွေ တော်ပါတော့ အမေရယ် ... သား ဘာမှ မကြားချင်တော့ဘူး "
" မကြားချင်လို့ ရမလား ... မင်းမိန်းမနဲ့ မင်းယောက္ခမက တစ်ပတ်အတွင်းကို အချိုးတွေပြောင်းလှချည်လား ....သားငယ်ရဲ့ ဆိုင်ကို မင်းမိန်းမနဲ့ မင်းယောက္ခမက သွားတယ်ဆို ... ဘာသွားလုပ်တာလဲ ...အဲ့ဒီဆိုင်က သူတို့နဲ့ ဘာဆိုင်လို့လဲ ပြော ... မင်းတော့ နွားဖြစ်ပြီ မြတ်ဘုန်းရဲ့ သိရဲ့လား "
မိခင်ဖြစ်သူဆီက ကြားလိုက်ရတဲ့ စကားတွေကြောင့် မြတ်ဘုန်း မချိပြုံး ပြုံးလိုက်မိတယ်။" အဲ့ဒီနွားဖြစ်အောင် လုပ်ခဲ့တဲ့အထဲမှာ အမေလဲ ပါတယ်လေ "လို့ မြတ်ဘုန်းစိတ်ထဲကပဲပြောလိုက်မိတယ်။ပြီးတော့ မြတ်ဘုန်းမကြာခင်ကမှ သိခဲ့ရတဲ့ ကေဇင်ကျော်တို့ရဲ့အိမ်နဲ့ ခြံက ပေါင်နှံထားတာကိုသာ မိခင်ကြီးသိသွားရင် သွေးများတက်သွားမလားလို့တောင် မြတ်ဘုန်းတွေးနေမိတယ် ။
" မင်း ဘာဖြစ်နေတာလဲ ကေသီ ...ဒီပွဲက မင်းဦးစီးတဲ့ပွဲမဟုတ်လား ...အခုမှ ဘာလို့ သားကိုပဲ အပြစ်တွေမြင်နေတာလဲ"
မပြောစဖူး ၀င်ပြောလိုက်တဲ့ ဖခင်ကြီးကြောင့် မြတ်ဘုန်း အံ့ဩသွားမိသလို မိခင်ဖြစ်သူလဲ အသံတိတ်သွားတယ်။ မြတ်ဘုန်းကတော့ စိတ်ညစ်ညစ် အပြင်ကို ပြန်ထွက်လာခဲ့တယ်။ခုချိန်မှာ မြတ်ဘုန်း သိချင်နေတာက အနီရင့် ဘယ်သူနဲ့ လက်ထပ်မှာလဲ ဆိုတာကိုပဲ။ ဒါပမဲ့ ဒီကိစ္စကို ဘယ်သူ့ကို သွားမေးရမလဲ ။ဖိတ်စာထဲမှာ နာမည် ပါပေမဲ့ ဘယ်သူမှန်းကို မြတ်ဘုန်းမသိဘူး။
*****=
မြတ်ဘုန်း စိတ်ညစ်ညစ်နဲ့ ကားကို ဦးတည်ရာမဲ့ လျှောက်မောင်းလာရင်းကနေ သတိဝင်လာမိတဲ့အချိန်မှာ ကားက အနီရင့် တိုက်ခန်းရှိရာ လမ်းထဲကိုရောက်နေခဲ့ပြီ။ မထူးတော့ပြီမို့ မြတ်ဘုန်းကားကို လမ်းမဘေး တစ်နေရာမှာ ရပ်ခဲ့ပြီး အနီရင့်ရဲ့ တိုက်ခန်း ရှိရာကို တက်လာခဲ့လိုက်တယ်။
" ဒေါက် ...ဒေါက် ..."
မြတ်ဘုန်း တံခါးခေါက်လိုက်ပြီး မကြာခင်မှာ အထဲက လမ်းလျှောက်လာသံကို ကြာလိုက်ရတယ်။ပြီးတော့ တံခါးဖွင့်သံ။
တံခါးပွင့်သွားတာနဲ့ မြင်လိုက်ရတဲ့ မျက်နှာကြောင့် မြတ်ဘုန်း ဒေါသစိတ်တွေ ထောင်းခနဲဖြစ်သွားမိတယ်။
" မင်း ...မင်း "
မြတ်ဘုန်း စိတ်တိုတိုနဲ့ လင်းရိရဲ့ အင်္ကျီကော်လံစကို ဆောင့်ဆွဲပြီး မေးလိုက်မိတယ်။
" နီ နဲ့ လက်ထပ်မှာ မင်းလား "
" ဘယ်သူလဲ လင်းရိပ် "
အနီရင့်က အခြေအနေကို မသိဘဲ ထမင်းစားခန်း ကနေ လှမ်းမေးလိုက်တယ်။
" ဟုတ်ကဲ့ အနီရင့်နဲ့ လက်ထပ်မှာ ကျွန်တော်ပါ "
" ဘာ ...ဘာကွ ....မင်းလို ပိုင်းလုံး ကောင်ကများ နီနဲ့ လက်ထပ်မယ် ဟုတ်လား ... မင်းက များ ရာရာစစ ကဲကွာ ..."
" ခွပ် "
" လင်းရိပ် ...ရှင် ဘာတွေ အတွေးချော်နေတာလဲ ... ကျွန်မက ငွေစိုက်ထုတ်ပေးတယ် ...ရှင်က အလုပ်လုပ်ပေး ...ရတဲ့ အကျိုးအမြတ်ကို ခွဲယူကြမယ် ...အဲ့ဒါနဲ့ ဘယ်လို ပိုင်းလုံး ဖြစ်မှာလဲ ...တကယ်ဆို လင်းရိပ်ကသာ နစ်နာသူ ဖြစ်မှာပါ ... အနီရင့်ရဲ့ အရှက်နဲ့ သိက္ခာကို ကာကွယ်ပေးတဲ့အတွက် ဒီထက်မက ထိုက်တန်ပါတယ် "
" အဲ့ဒီလို မပြောနဲ့ အနီရင့် ... မင်းပြောတာက ...ကျွန်တော်ရဲ့ စေတနာကို ငွေနဲ့ တန်ဖိုးဖြတ်သလို ဖြစ်သွားမယ် "
" ဟို ..အနိုရင့် စကားပြောမှားသွားရင် တောင်းပန်ပါတယ် ... လင်းရိပ်ရဲ့ စေတနာကို နားလဲပါတယ်...အနီရင့်တို့ အလုပ်တူတူလုပ်ကြမယ်လေ သဘောတူတယ် မဟုတ်လား "
အနီရင့်ရဲ့ စကားအဆုံးမှာ နှစ်ယောက်သားကြားမှာ ပြန်လည် တိတ်ဆိတ်သွားတယ်။
*******
မကိုင်တဲ့ဖုန်းကို နှင်းသီရိ အခါခါ ခေါ်နေမိတယ်။လွန်ခဲ့တဲ့တစ်ပတ်ကစပြီး ကိုထက်တစ်ယောက်ခရီးထွက်သွားခဲ့တာ။ သွားသွားချင်းရက်တွေက ကိုထက်နဲ့ ဖုန်းအဆက်အသွယ် ရခဲ့ပေမဲ့ နောက်ရက်တွေက စပြီး ကိုထက်ဖုန်းကို ဘယ်လို ခေါ်ခေါ် ဖုန်းကိုင်ခြင်းမရှိတော့ပါ။
======================
အပိုင်း ( ၁၅ ) ဆက်ရန်
ဧကြည်ဖြူ
ကေဇင်ကျော်က မိခင်ဖြစ်သူကို ခပ်တိုးတိုးပြန်ပြောလိုက်ပြီး ခင်ပွန်းလောင်းရှိရာကို ထွက်လာခဲ့တယ်။
*******++=
" ကိုဘုန်း ...ကိုဘုန်း သတိထားအုံးလေ ..."
ကေဇင်ကျော်က မြတ်ဘုန်းရဲ့ ခန္ဓာကိုယ်ကြီးကို မနိုင်မနင်း တွဲရင်း အပေါ်ထပ်အိပ်ခန်းရှိကို တက်လာခဲ့တယ်။ အားအားလုံးက တစ်နေကုန်ပင်ပန်းထားကြတာမို့ အိပ်ကုန်ကြပြီ။ ကေဇင်ကျော်မှာသာ မူးပြီးရငစ်နေတဲ့ ကိုဘုန်းနံ့ သူ့ရဲ့ သူငယ်ချင်းတွေကြောင့် အခုချိန်ထိ အနားမရနိုင်သေးဘူး။
"နီ ...ကိုယ် တောင်းပန်ပါတယ်ကွာ...အားလုံး ကိုယ့်အဖြစ်တွေပါ အချစ်ရယ် ...."
မူးမူးနဲ့ ဗလုံးဗထွေး ပြောနေတဲ့ ကိုဘုန်းကို ကြည့်ပြီး ကေဇင်ကျော် ဒေါသတွေထွက်လာမီ တာကြောင့် ကိုဘုန်ရဲ့ ကျောပြင်ကို စိတ်ရှိလက်ရှိ ထုရိုက်ပစ်လိုက်မိတယ်။ကေဇင်ကျော် ဒီလောက် ထုရိုက်နေတဲ့ကြားကနေ ကိုဘုန်းက တနီနီနဲ့ မြည်တမ်းနေတာမို့ ကေဇင်ကျော် မင်္ဂလာဦးညမှာပဲ ချုံးပွဲချ ငိုလိုက်မိတယ်။
******+
" သား ဒီည ဒီမှာအိပ်မှာလား ..."
" ဟို ...အယ် ... အိပ်လို့မရဘူး အမေ ... မနက် အလုပ်ကို စောစောသွားရမှာမို့ပါ "
လင်းရိပ်က ခေါက်ဆွဲကြော်ထုတ်တွေကို ညီမဖြစ်သူကို ကမ်းပေးလိုက်ပြီး မိခင်ကြီး အမေးကို ဖြေလိုက်ပြီး မလုံမလဲနံ့ ခေါင်းကို ငုံ့ထားလိုက်မိတယ်။တကယ်တော့ ဒီည ချိန်းထားတဲ့ ဧည့်သည်မရှိပါ။ဒါပေမဲ့ အနီရင့်နဲ့ ချိန်းထားတာမို့ ဒီကအပြန်မှာ အနီရင့်ရဲ့ အိမ်ကို သွားရမှာပင် ။
"သားကြီးလဲ အမေတို့ကြောင့် ပင်ပန်းလှပါပြီကွယ် ...အမေ့အတွက် သိပ်မပူပါနဲ့သားရယ် ... အမေလဲ နေရတာ သက်သာပါတယ်...ပြီးတော့ သားရဲ့ ညီမက အထည်တွေ ယူချုပ်မလို့တဲ့လေ နွယ်နွယ်လေးက ကူညီပေးရှာတယ်...သားက ခွင့်ပြုလိုက်နော် "
မိခင်ရဲ့ စကားကြောင့် လင်းရိပ်က ညီမဖြစ်သူကို လှမ်းပြောလိုက်တယ်။
" မချုပ်ပါနဲ့ ငါ့ညီမရယ် ...နင့်မှာ အမေ့ကိုလဲကြည့်ရ ...ချက်ရပြုတ်ရ နဲ့ ပင်ပန်းလှပါတယ်... အစ်ကို လောက်ငှအောင် ရှာပေးနိုင်ပါတယ် "
******
လင်းရိပ်နဲ့ အနီရင့်တို့ မျက်နှာချင်းဆိုင် ထိုင်နေကြပြီး ဘယ်ကစပြောလို့ ပြောရမှန်းမသိကြဘဲ ခေါင်းတွေ ငုံ့ထားမိကြတယ်။ လင်းရိပ်ကလည်း စပြောဖို့ မဝံ့ရဲသလို အနီရင့်ကလည်း စပြောဖို့ နှုတ်မရဲ ဖြစ်နေမိတယ်။
" ဟို ...မင်း ဘာစားပြီးပြီလဲ "
နောက်ဆုံးတော့ လင်းရိပ်ကပဲ စတင်ပြီး စကားစလိုက်ရတယ်။
" ခေါလ်ဆွဲပြုတ် စားထားတယ် "
" ....ခေါက်ဆွဲပြုတ်ပဲလား "
အနီရင့်ရဲ့ အဖြေကြောင့် လင်းရိပ် ဟူးခနဲ သက်ပြင်းချလိုက်မီပြန်တယ်။
" ဟို ... လင်းရိပ် ပြောသလို လုပ်မယ်ဆိုရင် ...လင်းရိပ်က ဒီမှာ လာနေမှာပေါ့နော် "
" ဗျာ '" လင်းရိပ်မှာ မီးဖိုခန်းဘက်သွားပြီး အနီရင့်အတွက် အိုဗာတင်း တစ်ခွက်လောက် သွားဖျော်ပေးဖို့ ထထွက်လိုက်တဲ့အချိန်မှာ အနီရင့်ရဲ့ မေးသံကြောင့် ကြောင်တောင်တောင်နဲ့ လှည့်ကြည့် လိုက်ပြီးမှ အနီရင့်ရဲ့ မေးခွန်းကို သဘောပေါက်သွားရပြီး ပြန်ဖြေလိုက်တယ်။
" အင်း ... ညရေးညတာ မင်းတစ်ယောက်တည်း ဖြစ်နေတာကို စိတ်ပူလို့ ဒီမှာတော့ လာနေချင်တယ် ...ဒါပေမဲ့ မင်းအဆင်မပြေရင် မနေဘူးလေ ... ကျွန်တော့်မှာလဲ တစ်ခါတစ်လေ ညဘက် အလုပ်ရှိ တယ်လေ ...မင်းသဘောပဲပေါ့ "
လင်းရိပ်ဖြေလိုက်တော့ အနီရင့်က ပြန်လည်တိတ်ဆိတ်သွားတယ်။အတော်လေးကြာမှ
" လင်းရိပ် ခဏထိုင်အုံး ...အနီရင့်တို့ စကား သေချာ ပြောရအောင် "
လင်းရိပ် ခုံမှာပြန် ၀င်ထိုင်လိုက်တယ်။
" လင်းရိပ် မိဘတွေကိုရော ... ဘယ်လိုပြောမှာလဲ ...သူတို့က လင်းရိပ်ရဲ့ချစ်သူကိုလဲ မြင်ဖူးကြတယ်မဟုတ်လား "
" အဲ့ဒါတွေ ထားလိုက်ပါကွာ .. အရေးကြီးတာက ကိုယ်ဝန်ကိစ္စကို မင်းရဲ့ချစ်သူရယ် ... ကျွန်တော် ရယ်ပဲ သိတာလေ ... အဲ့ဒီကိစ္စကို ကျွန်တော့်မိသားစုတွေပါ မသိစေနဲ့...ဒါဆိုရပြီ "
လင်းရိပ်ပြောလိုက်တော့ အနီရင့်ခေါင်းကို ငုံ့ထားလိုက်မိတယ်။
" အနီရင့် ပြောစရာ ရှိသေးတယ်...လင်းရိပ်ရဲ့ ညဘက်အလုပ်ကို မလုပ်စေချင်ဘူး "
ဒီတစ်ခါငိုင်တွေ သွားရသူက လင်းရိပ်ပါ။လင်းရိပ်လည်း ဒီအလုပ်ကို မလုပ်ချင်တော့ပါဘူး။ တကယ်ဆို ချစ်သူဆိက အထင်အမြင်သေး စွန့်ပစ်တာကို ခံခဲ့ရပြီးကတည်းက ဒီအလုပ်ကို စွန့်လွှတ်ချင်ခဲ့တာ ။ အစကတည်းကလည်း ပျော်မွေ့ လို့ လုပ်ခဲ့တဲ့ အလုပ်မှမဟုတ်တာ။ဘဝပေး အခြေအနေအရမို့ မလုပ်ချင်ဘဲ လုပ်ခဲ့ရတဲ့အလုပ်လေ။
" ဒါ ...ဒါကတော့ ....ကျွန်တော့် ဘဝကိုလဲ မင်းသိသားနဲ့ ...ဒီအလုပ်ကို လုပ်ချင်လွန်းလို့ လုပ်နေတာမဟုတ်ဘူးလေ...."
လင်းရိပ် ခေါင်းကိုငုံ့ပြီး ခပ်တိုးတိုးပြောလိုက်တယ်။
" အနီရင့် သိပါတယ် ... လင်ရိပ်ရဲ့အမေအတွက် ဆေးဖိုးနဲ့ ခွဲစိတ်ဖို့ ငွေလိုနေတယ် မဟုတ်လား ..အဲ့ဒီအတွက် အခြားလုပ်ငန်းတစ်ခုကို လုပ်ရအောင် ..."
လင်းရိပ် အနီရင့်ကို ဖျတ်ခနဲ မော့ကြည့်လိုက်မိတယ်။
" ဟုတ်တယ် လုပ်ငန်း တစ်ခု လုပ်ရအောင် ...အနီရင့်က ငွေစိုက်မယ် လင်းရိပ်က လုပ်အားစိုက်ပေါ့ ... အနီရင့်က စာရေးတာနဲ့ စာဖတ်တာကလွဲရင် ဘာမှ မလုပ်ချင်ဘူး .."
" မဖြစ်နိုင်ဘူး ... မင်းလုပ်ပုံက ကျွန်တော့်ကို ပိုင်းလုံးကောင် ဖြစ်အောင် လုပ်နေသလိုပဲ "
မနက် (၉) နာရီကျော်က ခန်းမမှာ မင်္ဂလာပွဲ ကျင်းပခဲ့ပြီး ညနေ နေဝင်ရီတရော အချိန်ကစလို့ မြတ်ဘုန်းတို့ ခြံနဲ့ ကေဇင်ကျော်တို့ရဲ့ ခြံထဲမှာ ဧည့်ခံပွဲလေးတစ်ခု ထပ်ကျင်းပကြတယ်။ခေတ်စကားနဲ့ ပြောရမယ်ဆိုရင်တော့ သတိုးသားနဲ့သတို့သမီးရဲ့ ရင်းနှီ ခင်မင်တဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကိုပဲ ဖိတ်ပြီး ကျင်းပတဲ့ လူပျို၊ အပျို နောက်ဆုံး ညပွဲပေါ့ ။ဒါပေမဲ့ မြတ်ဘုန်းအတွက် အဓိပ္ပါယ်ကတော့ အရင်လို လွတ်လွတ်လပ်လပ် နေခွင့်မရှိတော့ဘူးဆိုတဲ့ ပွဲတစ်ခုပဲဖြစ်တယ်။
"သားကြီး ...လာအုံး "
မြတ်ဘုန်း တစ်ယောက် သောက်ထားတဲ့ အရက်ရှိန်နဲ့ ပွဲခင်းထဲမှာ ရီဝေဝေဖြစ်နေတုန်းမှာ မိခင်ဖြစ်သူက လာရောက်ဆွဲခေါ်သွားတာမို့ မြတ်ဘုန်းမှာ မိခင်းကြီးနောက်ကို ယိမ်းတိမ်းယိုင်တိုင်နဲ့လိုက်ပါသွားရတယ်။
*******
" ဘာဖြစ်တာလဲ အမေရာ ...ဟိုမှာ သားသူငယ်ချင်းတွေနဲ့ စကားပြောနေတာကို "
" သားကြီး ...ကေဇင်တို့က ဘာအချိုးချိုးတာလဲ ....အမေတို့ဘက်က တင်တောင်းငွေပေးထားတာ ကိုတောင် မနက်က ရတဲ့ လက်ဖွဲ့တွေကို သူတို့က အကုန်သိမ်းသွားပါလား ဟင် ....အမေတို့က လိုချင်လို့ ပြောတာမဟုတ်ဘူး... နည်းနည်းပါးပါး အကျိုးအကြောင်းလေးတောင် မဟဘူးလေ ... လက်ဖွဲ့တွေ တင်သွားတဲ့ ကားကို သူတို့အိမ်ကို တန်းမောင်းခိုင်းပြီး အမေတို့ကို ဘာမှကို မပြောဘူး "
" မသိဘူးလေ အမေရာ ...အမေတို့စီစဉ်ကြတဲ့ ကိစ္စလေ ... သား ဘာမှမသိဘူး ...အမေသိချင်ရင် သူတို့ကိုသာ သွားမေးလိုက်တော့ ...သားသွားသောက်လိုက်အုံးမယ် "
*******
မြတ်ဘုန်းက ပွဲခင်းရဲ့ အလယ်မှာထိုင်ရင်း အရက်တွေ တစ်ခွက်ပြီး တစ်ခွက် သောက်နေမိတယ်။ ဒီနေ့အဖို့ မြတ်ဘုန်း မူးပြီး မှောက်သွားချင်တာပဲသိတယ်။
ကေဇင်ကျော်က မြတ်ဘုန်းကို ကြည့်ပြီး ဒေါသတွေ ထွက်နေမိတယ်။မနက် မင်္ဂလာပွဲပြီးကတည်းက မြတ်ဘုန်း အရက်တွေ သောက်နေတာကို တွေ့နေရပေမဲ့ လူအများရှေ့မို့ ကေဇင်ကျော်မှာ ပြောခွင့်မသာခဲ့။ ဒီကြားထဲ မိခင်ဖြစ်သူကလည်း " ဘယ်လိုဖြစ်နေတာလဲ မိကေဇင် ....သူဘာသာ သောက်တာ ဘာဖြစ်လဲ ... လွှတ်ထားလိုက်စမ်းပါအေ " ဒီစကားကို မိခင် ဘာလို့ ပြောလဲ ကေဇင်ကျော် သိတာပေါ့။ မြတ်ဘုန်း မူးနေတော့ မိခင်က သူ့စိတ်ကြိုက် စီမံခန့်ခွဲနေတာလေ။ ဒါပေမဲ့ မိခင်ကို ကေဇင်ကျော်အပြစ် မပြော ။အစကတည်းက ဒီယုန်မြင်၍ ဒီခြုံထွင်ခဲ့တာမို့ မြတ်ဘုန်းပိုင်သမျှက ကေဇင်ကျော်တို့တွေ အပိုင်လို့ သက်မှတ်ပြီးသားပဲလေ။
" ညည်း မျက်နှာကို ပြင်ထားစမ်း ကေဇင် ..တော်ကြာ ကေသီက ခုကတည်းက သူ့သားကို နိုင်စားတယ် ထင်နေမယ် .."
" လက်ဖွဲ့ ထုတ်ကားကို သမီးတို့အိမ်ကို မောင်းလာခိုင်းကတည်းက အန်တီကေသီ မျက်နှာ သိပ်မကောင်းဘူးလို့ သမီး တော့ ထင်တာပဲ အမေ "
" ထားလိုက်စမ်းပါ အေ...လက်ဖွဲ့တွေက ညည်းတို့အတွက်ပဲဟာ သူက လိုချင်နေတာလား ...အံ့ပါရဲ့ "
မယူခင်က တစ်မျိုး။ယူပြီးတော့ ကိုယ့်အပိုင်ဖြစ်သွားပြီးမို့ ကေဇင်ကျော်ရဲ့ မိခင် ဒေါ်ဌေးဌေးမူက အချိုးပြောင်း လေပြီ။ပြောရရင် ဒေါ်ဌေးဌေးမူက အနီရင့်ရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြတ်ဘုန်းကိုသိပ်ပြီး ကြည့်ရခဲ့တာမဟုတ်ဘူး။ မြတ်ဘုန်းက သူ့ကို ကြိတ်ပြီး သဘောကျနေရှာတဲ့ သမီးဖြစ်သူကို ကေဇင်ကျော်ကိုကျတော့ ဖုတ်လေသည့် ငပိ ရှိတယ်မထင်ဘဲ အနီရင့်မှ အနီရင့် ဖြစ်နေတာကို နည်းနည်းလေးမှ ကို ကြည့်ရခဲ့တာမဟုတ်ဘူး။ ဒီကြားထဲ မြတ်ဘုန်းက ဘွဲ့မရခင်ကတည်းက ကိုယ်ပိုင်လုပ်ငန်းတွေနဲ့ အောင်မြင်လာတော့ အနီရင့် အပေါ်ထားတဲ့ ဒေါ်ဌေးဌေးမူရဲ့ မကျေနပ်မှုက ပိုပြီးကြီးထွားတယ်။ဘယ်နှယ့် ဖိတ်ချင်ဖိတ် ကိုယ်အိတ်ထဲပဲဖိတ်ရမှာပေါ့လို့ ဒေါ်ဌေးဌေးမူ အတွေးဝင်ခဲ့တယ်။ ဒါနဲ့ပဲ ဒေါ်ကေသီကို အနီရင့်ရဲ့ မကောင်း သတင်းတွေကိုလုပ်ကြံပြီးသတင်းပို့ရတာပေါ့။အနီရင့်က အိမ်မှာ ဘယ်လိုရိုင်းကြောင်း ၊ လူကြီးတွေကို ပြန်ခံပြောတဲ့အကြောင်း ၊ အပျင်းကြီးတဲ့ အကြောင်းတွေကို လုပ်ကြံပြီး သတင်းပို့ရတာပေါ့။ဒေါ်ကေသီဆိုတာကလည်း သူ့အိမ်ကလွဲပြီး အခြားအိမ်ကို အကူးအသန်းမရှိတော့ ဒေါ်ဌေးဌေးမူရဲ့ အကွက်ထဲကို၀င်တာပေါ့ ။တစ်ခါက နှစ်ခါပြောရင်း မသိသာပေမဲ့ ဒေါ်ဌေးဌေးမူက အနီရင့်အကျင့်မကောင်းကြောင်းတွေကို နှစ်ချီပြီး ပြောခဲ့တာလေ။ကုန်ကုန် ပြောရရင် ဒီလိုမင်္ဂလာပွဲ ဖြစ်လာအောင်လည်း ဒေါ်ဌေးဌေးမူပဲ ဇာတ်ကွက်ကို အစီအစဉ်ချခဲ့ရတာပေါ့။တမင်ကို မြတ်ဘုန်း အပြင်ထွက်ရင် သမီးဖြစ်သူ ကေဇင်ကို ကားကြုံလိုက်ခိုင်းရ။" အိမ်မှာ သမီးတစ်ယောက်တည်းမို့ အဖော်လာနေပေးပါအုံး " ဆိုတဲ့ ဇာတ်မျိုးတွေဖန်တီးခဲ့ရတာပေါ့။တစ်ခုတော့ရှိတာပေါ့။ကာယကံရှင်ကိုယ်တိုင်က နဲ့တဲ့တဲ့ ဖြစ်နေတော့လည်း နှဲ့ရတာတော့ ပိုလွယ်ကူသွားတာပေါ့။
" ကြိုပြောထားမယ်နော် ...မိကေဇင် ... ညည်းယောကျာ်းကို အလိုလိုက်အလျှော့ပေးပြီး ညည်း ယောက္ခမ အကြိုက်လိုက်မယ်တော့ မကြံနဲ့နော် ... ညည်းအဖေရဲ့ လုပ်ငန်းတွေကလဲ ကောင်းတော့တာမဟုတ်ဘူး ... ဒီအိမ်နဲ့ ဒီခြံကလဲ ပေါင်နှံထားရတယ်ဆိုတာသိတယ်မဟုတ်လား ....အေး ညည်း ယောကျာ်းဆီက ရသမျှကိုသဲ့ယူဖို့ပဲတွေးထား ကြားရဲ့လား "
" သမီး သိပါတယ် အမေရယ် ...ဒါတွေပြောမနေပါနဲ့ ... တစ်ယောက်ယောက်ကြားသွားမှဖြင့် "
လင်းရိပ်ရဲ့ စကားက သူမရဲ့ မာနကို ထိပါသွား၍ထင်ပါရဲ့ အနီရင့်ရဲ့ ခန္ဓာကိုယ်လေးက ဆတ်ခနဲ မတ်ထောင်လာတာကို လင်းရိပ်တွေ့လိုက်ရတယ်။ လင်းရိပ် ဆက်ပြီးတော့ သူမရဲ့ မာနစိတ်ကိုနှိုးဆွလိုက်တယ်။
" အခန်းကို အမှောင်ချသလို .. အချစ်အတွက်နံ့ မင်းဘ၀ကိုပါ အမှောင်ချမလို့လား "
" လင်းရိပ် .ရှင် တော်တော့နော် "
အနီရင့်က ဒေါသသံလေးနဲ့ လင်းရိပ်ကို ပြောလိုက်တယ်။
" ကျွန်တော် ပြောတာ လွန်လို့လား ....အစားလဲမစား ...အိပ်လဲ မအိပ်နဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံနေတာလား "
လင်းရိပ် ထပ်ပြောလိုက်တော့ သူမဆီက ရှိုက်သံသဲ့သဲ့ထွက်လာတာကို လင်းရိပ်ကြားလိုက်ရတာမို့ စိတ်ထဲမကောင်းတော့ဖြစ်မိသွားတယ်။
" ကျွန်တော်ပြောတာ လွန်သွားရင် တောင်းပန်ပါတယ်..မင်းကို ဒီလိုပုံစံနဲ့ မမြင်ချင်ဘူး "
" ရှင် ပြောတာ မလွန်ပါဘူး လင်းရိပ်ရယ် .... ဒါပေမဲ့ရှင်ထင်သလို အချစ်ကြောင့် ခံစားနေရတာမဟုတ်ဘူး ...အနီရင့်ရဲ့ လက်တွေ့ဘဝကို စဉ်းစားမိလိုက်တိုင်း ရှက်ကြောက်နေမိတယ်...ခုလို လူမသူမသိအခြေအနေမှာ တောင် လူတွေနဲ့ မတွေ့ ရဲလောက်အောင် ဖြစ်နေမိတာ တကယ်လိုများ နောက်သုံးလေးလ ဆိုရင် ဘယ်လိုလုပ်ရမလဲ မတွေးရဲဘူး ...သတ္တိ ဘယ်လောက် ရှိတယ်ပဲ ပြောပြော တကယ်တမ်းကြုံလာရတော့ အရမ်း ကြောက်နေမိတယ် "
အနီရင့်ရဲ့ စကားအဆုံးမှာ နှစ်ယောက်သားပြန်လည်တိတ်ဆိတ်နေမိကြတယ် ။တိတ်ဆိတ်မှုကို လင်းရိပ်ကပဲ စတင်ဖြိုခွင်းလိုက်တယ်။
"ဒီလိုသာဆို ရှေ့ဆက်ဘယ်လိုလုပ်မလဲ ... ဒီကလေးကို မမွေးဘဲ နေမှာလား "
" အို လင်းရိပ် ...ရှင်ဘယ်လိုပြောလိုက်တာလဲ "
" မင်းစိတ်ဆိုးတယ်မဟုတ်လား ...ဒါဆို ...သတ္တိရှိရှိရင်ဆိုင်ပစ်လိုက်လေ ..ခုလို လုပ်တာက မင်းရော ကလေးအတွက်ပါ အန္တရာယ်များတယ်သိရဲ့လား "
အနီရင့်ဆီမှ စကားသံထွက်မလာ။
" မီးဖွင့်လိုက်ရမလား "
လင်းရိပ်မေးလိုက်တော့ အနီရင့်မှာ တိတ်ဆိတ်နေဆဲ။ လင်းရိပ်က သက်ပြင်းရှည်ကြီးကို ချလိုက်ရင်း အလင်းမှိန်မှိန်အောက်မှာ ဝိုးတဝါး မြင်နေရတဲ့ အနီရင့်ကို လေးလေးနက်နက် စကားဆိုလိုက်တယ်။
" မင်းကို ကျွန်တော်ပြောချင်တာရှိတယ်...ကျွန်တော့် စကားကို ကြားပြီး တစ်မျိုးတော့ မထင်စေချင်ဘူး "
လင်းရိပ်ရံ့ လေးနက်တည်ကြည်တံ့ လေသံကြောင့် အနီရင့်က ငိုနေတာကို ရပ်ပြီး လင်းရိပ်ကို ကြည့်လိုက်တယ်။
" ပြောပါ လင်းရိပ် ...ဒီအချိန်မှာ အနီရင့်အတွက် တိုင်ပင်လို့ရတာ လင်းရိပ်တစ်ယောက်ပဲရှိတာလေ ...အနီရင့် စိတ်မဆိုးပါဘူး "
အနီရင့်ရဲ့ စကားဆုံး တော့ လင်းရိပ်က အသက်ကို ခပ်ပြင်းပြင်းရှူသွင်း ရှူထုတ်လိုက်ပြီး ပြောချင်တာကို တစ်လုံးချင်း ပြောလိုက်တယ်။
" ဒီစကားပြောလို့ အထင်တော့ မလွှဲစေချင်ဘူး ...မင်းကို ကူညီနိုင်တာ ဒိတစ်နည်းပဲ ရှိလို့ပါ ... ကျွန်.... ကျွန်တော် .. မင်းကို လက်ထပ်ပါရစေ "
" ရှင် ...ဘာ .ဘာပြောတယ် လင်းရိပ် "
အနီရင့်အလန့်တကြားနဲ့ လင်းရိပ်ကို ပြန်မေးလိုက်မိတယ်။
" ဟုတ်တယ် ... အများ အမြင်မှာ ကျွန်တော်တို့လက်ထပ်လိုက်ပြီလို့ ပွဲအသေးလေးတစ်ခုလောက်လုပ်ပြီး ကြေငြာလိုက်မယ် ...ဒါပေမဲ့ ကျွန်တော်တို့ လက်ထပ်စာချုပ်လဲမချုပ်ဘူးလေ... ကလေးမွေးတဲ့ အထိ ဖခင်အမည်ခံပြီး စောင့်ရှောက်ပေးမယ် ...ကျန်တဲ့ အပိုင်းကို ကလေးမွေးဖွားပြီးမှ ဆက်စဉ်းစားကြတာပေါ့ ... သေချာတာတစ်ခုက မင်းရဲ့ ငွေကြေးစည်းစိမ်နဲ့ မင်းကို စိတ်နဲ့ တောင် မပြစ်မှားဘူးလို့ ကျွန်တော် ကတိပေးတယ်..."
လင်းရိပ်ရဲ့ စကားတွေအဆုံးမှာ အနီရင့် အံ့သြမင်သက်ပြီး အသက်ရှူဖို့တောင် မေ့နေမိတယ်။ ပြီးတော့ မဝံ့မရဲနဲ့လင်းရိပ်ကိုမေးလိုက်မိတယ်။
" ရှင် ...ရှင့်ရဲ့ ချစ်သူကိုရော ...ရှင် အဲ့ဒါတွေ တွေးမိရဲ့လား "
" ကျွန်တော်တို့ လမ်းခွဲလိုက်ကြပြီး ....ကျွန်တော် အကြောင်းကို သူသိသွားတယ် ...ပြီးတော့ သူ့မှာ နောက်ထပ် ချစ်ရသူလဲ ရှိနေတယ်လေ( ... အနီရင့်သာ ကျွန်တော်လိုလူကို မရွံရှာဘဲ လက်ခံနိုင်တယ်ဆိုရင် .. ကျွန်တော် ကလေးရဲ့ ဖခင်အဖြစ် အမည်ခံပေးပါ့မယ် "
" အနီရင့် ရှင့်ဘဝကို မရွံပါဘူး အထင်လဲ မသေးဘူး...ဒါ ...ဒါပေမဲ့ ဒီကိစ္စက လွယ်လွယ်နဲ့ ဆုံးဖြတ်ရမဲ့ ကိစ္စမဟုတ်ဘူး ...ရှင်လဲ သေချာပြန်စဉ်းစားပါ ... အနီရင့်လဲ စဉ်းစားကြည့်ပါ့မယ် ...ဒီလိုပြောလို့ လင်းရိပ်ကိုလဲ တကယ် ကျေးဇူး တင်ပါတယ် "
စကားဝိုင်းက ပြန်လည် တိတ်ဆိတ်သွားတယ်။ လင်းရိပ်က ထိုင်နေရင်း အသက်ရှူမွန်းကြပ်လာသလို ခံစားရတာကြောင့် မီးဖိုခန်းဘက်ကို ထလာခဲ့ပြီး မီးဖိုခန်းထဲက ရှုပ်ပွနေတာတွေကိုရှင်းနေလိုက်တယ်။ပြီးတော့ အနီရင့်ကို စကားလှမ်းပြောလိုက်တယ်။
" ကျွန်တော် ဒီည ... ဒီမှာ အိပ်လို့ ရတယ် မဟုတ်လား "
အနီရင့်က လင်းရိပ် အမေးကို ကြားပေမဲ့ ပြန်မဖြေမီ။ဒီနေ့ ကိုဘုန်းနဲ့ မကေဇင်တို့ရဲ့ မင်္ဂလာပွဲနေ့ ဖြစ်လို့ အနီရင့်ကို လင်းရိပ် စိတ်ပူနေမှန်း အနီရင့် ရိပ်မိနေတယ်လေ။
*******
" ဟယ်လို ...အစ်ကို ပြော လေ..."
ဖုန်းထဲက ညီမဖြစ်သူရဲ့ အသံကို ကြားလိုက်ရတော့ လင်ရိပ် ဖြန်းခနဲ ဘာပြောရမှန်းမသိ ဖြစ်သွားမိတယ်။
"အယ် ...ဟို ...အမေ နေလို့ သက်သာတယ် မလား .. သွေးပေါင်တွေ ဘာတွေ တိုင်းတယ် မဟုတ်လား "
အမေနေရတာ မသက်သာရင် သူ့ဆီကို အလတ်မက ဖုန်းဆက်တတ်မှန်းသိသိနဲ့ လင်းရိပ် မေးလိုက်မိတယ်။
" သက်သာပါတယ် အစ်ကိုရဲ့ ... သွေးပေါင်လည်း ပုံမှန်ပါပဲ ..."
" ဪ အေး ...အေးပါ ...ဒါနဲ့ ...နင်မမနီ ဒီနေ့ ဆိုင်ကို လာသေးလား ..."
" မလာဘူး အစ်ကို "
" မလာဘူးလား .. အိမ်မှာ ဘာချက်လဲ အလတ်မ .. နင့် မမနီကို ဟင်းသွားပို့ပေးလိုက်ပါလား ...အမေ့ကို ဆိုင်က စာရေးမလေးနဲ့ ခဏထားခဲ့လို့ရတယ် မဟုတ်လား "
" ဟုတ်ကဲ့ အစ်ကို ... ရပါတယ် ..ညီမလေးသွားလိုက်မယ် "
ညီမဖြစ်သူဆီက ဖုန်းချသွားတော့ လင်းရိပ်တွေဝေနေမိတယ်။တကယ်ဆိုအနီရင့် အကြောင်းကို သိနေတဲ့ လင်းရိပ် ကိုယ်တိုင်သွားသင့်မှန်း သိပေမဲ့ အလုပ်ကလည်း တစ်ဖက် ပြီးတော့ အနီရင့်ဆီ ခဏခဏ သွားရတာကို စိတ်ထဲမှာ အားတုံ့အာနာဖြစ်နေရတာကြောင့်လဲပါတယ်။ သူလိုလူ ကြောင့် အနီရင့်ကို ပတ်ဝန်းကျင်က ကဲ့ရဲ့ရှုံ့ချမှာမျိုးကို လင်းရိပ်မလိုလားပါ။ သူ့ဘဝကတော့ မိသားစုအတွက်ဖြစ်လာတာမို့ပေါက်တဲ့နဖူး မထူးပါလေတော့။ချစ်ရသူကလည်း စွန့်သွားခဲ့ပြီးမို့ ရှိသမျှ အချစ်တွေနဲ့ အချိန်တွေကို မိသားစုဆီကို လုံးလုံး ပေးအပ်နိုင်ဖို့ပဲ လင်းရိပ်တွေးထားမိတော့တယ်။အဓိက က မိခင်နှင့်တကွ မိသားစုကို သက်ဆုံးတိုင် စောင့်ရှောက်နိုင်ရေးအတွက် ရောဂါဆိုးတွေ မကူးစက်ဖို့ကိုပဲ ရှောင်ရှားကာကွယ်နိုင်ဖို့ လင်းရိပ်တွေးထားတော့တယ်။ကျန်တဲ့ အပိုင်းမှာ တော့ လင်းရိပ်အတွက် အရှက်သိက္ခာထက် မိသားစုကပဲ ပိုအရေးကြီးတယ်လေ။
ဝယ်သူတစ်ယောက်ကို ရှင်းပြပြောဆိုပြီး ရောင်းချပြီးချိန်မှာ ဖုန်းမြည်လာတာမို့ လင်းရိပ်ကောက်ကိုင်လိုက်တယ်။
" ဟယ်လို အလတ်မ ပြောလေ "
" အစ်ကို ..အစ်ကိုရေ ...မမနီဘာဖြစ်နေတာလဲ မသိဘူး ညီမလေးနဲ့ စကားပြောရင်း မူးလဲသွားလို့လေ မျက်တွင်းတွေကလည်း ဟောက်ပက် နဲ့ ညဘက်တွေ မအိပ်ဘဲ စာပဲရေးနေတာထင်တယ် "
" ဟင် ..ဟုတ်လား ...အ ...အခုရော "
ညီမဖြစ်သူကို လင်းရိပ် စိုးရိမ်တကြီးနဲ့မေးလိုက်မိတယ်။
" အခု အိပ်ရာထဲမှာ အစ်ကို ...ညီမလေး ဘာလုပ်ရမလဲ ဟင် ...မမနီကို ဆေးခန်းသွားရအောင် ပြောတော့လဲ မသွားဘူးတဲ့လေ ...ညီမလေးကလဲ အကြားချည်း နေလို့ မာဘူးလေ အစ်ကို ...အမေ့ကို စိတ်မချဘူး ...မမနွယ်ကိုလဲ အားနာတယ် "
" အေး ...အေးပါ ... သူ့ကို့ စားစရာ ပြင်ပေးထားခဲ့ပြီး နင်ပြန်လိုက်တော့လေ အလတ်မ "
ဖုန်းချပြီးတဲ့နောက်မှာ လင်းရိပ်စိတ်ထဲ နောက်ကျိ ရှုပ်ထွေးနေမိတယ်။ မတော်တဆ သူမ မကောင်းတာ တစ်ခုခုများကြံစည်လိုက်မလားလို့လဲတွေးနေမိတယ်။သာမာန်ဆို အနီရင့်က စိတ်ဓါတ် မာကြောခိုင်မာသူဆိုတာကို လင်းရိပ်သိပေမဲ့ ကိုယ်ဝန်လွယ်ထားရတဲ့ အချိန်မှာ အမျိုးသမီး တွေရဲ့ စိတ်က သူ့အလိုလို အလိုမကျတာတွေ၊စိတ်တိုတာတွေနဲ့စိတ်အားငယ်ပြီး မကောင်းတာတွေကို တွေးတတ် လုပ်တတ်တယ်လို့ စာထဲမှာ လင်းရိပ်ဖတ်ထားဖူးတယ်။ အနီရင့်ကိုတော့ ဒီလို မဖြစ်စေလို မိပေ။လင်းရိပ် နာရီကို ကြည့်လိုက်တော့ အချိန်က တစ်နာရီပင် မထိုးတတ်သေး။ပြောပြီး ပြန်ဖို့ဆိုတာလုံး၀ မဖြစ်နိုင် ။ဘာပဲဖြစ်ဖြစ် ညနေ ဆိုင်ပိတ်ချိန်အထိ စောင့်ဆိုင်းရမှာပါပင်။ ဒီကြားထဲ အနီရင့် ဘာမှမဖြစ်ဖို့ ကိုပဲ လင်းရိပ် ဆုတောင်းနေမိတယ်။
***** ***
" ဟို ...မမ ... ကျွန်တော်တို့ ဒီည ချိန်းထားတာကို မနက်ဖြန် ကို ရွှေ့လိုက်လို့ အဆင်ပြေမလား ဟင် မမ ...ဒီနေ့ ကျွန်တော် နေသိပ်မကောင်းချင်လို့ပါ "
တစ်ဖက်က သဘောတူညီမှုရပြီးတဲ့အချိန်မှာ လင်းရိပ်ဖုန်းကို ချလိုက်ပြီး အနီရင့်ရဲ့တိုက်ခန်းဆီကို အမြန်ဆုံးထွက် လာခဲ့မိတယ်။ တကယ်ဆို ဒီနေ့ည ချိန်းထားတဲ့ မမကြီးက အပေးအကမ်းရက်ရောလှတယ်။ သူမနဲ့ တစ်ခါ ချိန်းရင် အမေ့အတွက် တစ်လစာ ဆေးဖိုးလောက်ကို ရတတ်တာ။ ဒါပေမဲ့လည်း ဘယ်လိုလုပ်မလဲ ဒီညအဖို့မှာ အနီရင့်တစ်ယောက်တည်းထားရမှာကို လင်းရိပ်က ဘာမဆိုင်ညာမဆိုင် စိတ်ထဲ ပူပန်နေမိတယ်လေ။လင်းရိပ် စိတ်ထဲ အနီရင့်ကို ကိုယ့်ညီမလေးသာ ဖြစ်ရင် ဆိုတဲ့ အတွေးတွေပဲ စိတ်ထဲ ၀င်ရောက်နေမိတယ်။
********
လင်းရိပ် တိုက်ခန်းထဲကို ၀င်လိုက်ချိန်မှာ တိုက်ခန်း တစ်ခုလုံး အ၀င်အထက်တံခါးနားက မီးလေး တစ်လုံးပဲထွန်းထားတာမို့ အထဲမှာ အလင်းက မှုန်ပျပျသာလင်းနေတယ်။ဘာပဲဖြစ်ဖြစ် အနီရင့်ကို မြင်လိုက်ရတော့မှ လင်းရိပ်လည်း အသက်ဖြောင့် ဖြောင့် ရှူနိုင်တော့တယ်။
" မင်းနေကောင်းရဲ့လား '
တံခါးဖွင့်ပေးပြီး ယိုင်တိယိုင်တိုင်နဲ့လျှောက်သွားတဲ့ အနီရင့်ကို လင်းရိပ်လှမ်းမေးလိုက်တယ်။ အနီရင့်က နှုတ်က မဖြေဘဲ ခေါင်းပဲ ငြိမ့်ပြပြီး ဆိုဖာခုံမှာ အရုပ်ကြိုးပြတ် ဝင်ထိုင်လိုက်တယ်။ လင်းရိပ်လည်း အနီရင့်ရဲ မျက်နှာချင်းဆိုင်ခုံမှာဝင်ထင်လိုက်တယ်။
"နေလို့ မကောင်းရင် ဆေးခန်းသွားပါလားကွာ ....မင်းဒီလိုပဲ နေတော့မှာလား...မင်းကိုယ်မင်း ဂရုမစိုက်တော့ဘူးလား ...ကလေးကိုရော ထည့်မတွေးတော့ဘူးလား ...မင်းပြောတော့ သူ့ကိုမေ့နိုင်တယ်ဆို...မင်းဘ၀မင်းတည်ဆောက်နိုင်တယ်ဆို "
