es
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

Ir al canal en Telegram
803
Suscriptores
+424 horas
+167 días
+4630 días
Archivo de publicaciones
သူမရဲ့လေသံမှာ ဇွဲမလျှော့တဲ့လေသံတွေပါဝင်နေလေတယ်။ လင်းရိပ်ခပ်လွယ်လွယ်ခေါင်းငြိမ့်ပြခဲ့ပြီး တိုက်ခန်းတံခါးကို ဖွင့်လိုက်တော့ သူမစကားတစ်ခွန်း လှမ်းပြောတယ်။ "အချစ်ကို မျက်စိမှိတ်ပြီး အကြွင်းမဲ့ မယုံကြည်နဲ့ ... အဲ့ဒါက ရှင့်ကို ဒုက္ခပေးလိမ့်မယ် " ကြောင်တောင်တောင်နိုင်လှတဲ့ သူမရဲ့စကားကို လင်းရိပ် ကျောခိုင်းပစ်လိုက်တယ်။ ***** မနက်လေးနာရီကျော်ပဲ ရှိသေးပေမဲ့ လမ်းပေါ်မှာလူတွေ ကားတွေ သွားလာလှုပ်ရှားနေကြပြီ။ ကားတွေ၊ အိမ်တွေ၊ အထပ်မြင့် တိုက်ခန်းကြီးတွေ နဲ့ ကြွယ်ဝလှတဲ့မြို့ကြီးပြကြီးမှာ လင်းရိပ် အတွက်ပိုင်ဆိုင်တာဆိုလို့ လက်ဆုပ်လက်ကိုင်ပြစရာဘာတစ်ခုမှကို မရှိဘူး။ အငှါးကား တစ်စီးကို လက်တားလိုက်ပြီး နေထိုင်ရာ အဆောင်ကို ပြန်ခဲ့လိုက်တယ်။ ****** လင်းရိပ် တက္ကစီပေါ်ကဆင်းခဲ့ပြီး သော့ခလောက်ခပ်ကြီးကြီးနဲ့ ခတ်ထားတဲ့ သံပန်းတံခါးကိုဖွင့်ပြီး ကျဉ်းပြီး မက်စောက်ချင်တဲ့ မှောင်မှောင်မည်းမည်းလှေကားတွေအတိုင်း စမ်းတဝါးဝါးနဲ့တက်ခဲ့လိုက်တယ်။တိုက်ခန်းက အရင်ခေတ်က ဆောက်ထားတာမို့ လှေကားတွေက ကျဉ်းမြောင်းတယ်။ပြီးတော့ မတ်ချင်တယ်။ ဒီထက်ဆိုးတာက နေ့နေ့ညည မီးထွန်းခွင့်မရှိတာဘဲ။လှေကားတစ်လျှောက်မှာ မီးလုံးတွေတပ်ထားပေမဲ့ မီးလုံးတွေက အလှပြထားတာပဲဖြစ်ပြီးထွန်းခွင့်မရဘူး။နေ့ဘက်မထွန်းတာထားပါတော့ ။ညဘက်ကို ညဆယ်နာရီလောက်ထိပဲထွန်းထားရုံနဲ့ မီတာ ခကသိန်း ချီကုန်သွားမှာတဲ့လား။ကြာတော့လည်း လင်းရိပ်တို့တွေ အမှောင်ထဲမှာ ကျင့်သားရစွာ လျှောက်တတ်ခဲ့ပါပြီ။ တက်နေကြဆိုပေမဲ့ အခန်းရှိရာနှစ်လွှာကို ရောက်တော့ လူက မောဟိုက်ချင်နေပြီ။မှောင်ကြီးမည်းမည်းထဲ တိုက်ခန်းသော့ကို စမ်းဖွင့်လိုက်တယ်။ပြီးတော့ တံခါးကို ပြန်ပိတ်ပြီး ကိုယ့်အခန်းရှိရာကို ခြေသံဖွဖွနင်းပြီးလျှောက်လာခဲ့တယ်။မိုးလင်းခါနီးနေပြီဖြစ်ပေမဲ့ အဆောင်တစ်ခုလုံး ဟောက်သံတွေထွက်နေတုန်းပဲ။ အဆောင်မှာရှိတဲ့သူတွေအားလုံး အဆောင်နဲ့နီးနိုးနားနားမှာပဲ အလုပ်လုပ်ကြတာမို့ အလုပ်သွားခါးနီမှ ရေအလုအယက်ချိုးကြ ။အိမ်သာကို အလုအယက်တက်ကြနဲ့ ပွက်လောရိုက်နေတတ်တာ။ လင်းရိပ်ကတော့ အဲ့ဒီဒုက္ခတွေ မခံရအောင် အခြားသူတွေ မနိုးခင် ထပြီး ရေမိုးချိုးထားလိုက်တယ်။ပြီးရင် ထမင်းတစ်လုံးတည်ပြီး ကြက်ဥကြော် ၊ လက်ဖက်သုတ်လောက်နဲ့ပဲ ဝမ်းဗိုက်ကို ဖြည့်လိုက်တာ များတယ်။ တစ်ပေသာသာရှိတဲ့ လမ်းကျဉ်းလေးအတိုင်း ခန္ဓာကိုယ်ကို ခပ်စောင်းစောင်းလျှောက်လာရင်း အခန်းရှေ့ရောက်တော့ သုံးချောင်းမြောက် သော့ကိုဖွင့်လိုက်တယ်။တံခါးပွင့်သွားပြီး အခန်းထဲကိုရောက်တော့မှလင်းရိပ် သက်ပြင်းမောကြီးကို မှုတ်ထုတ်လိုက်တယ်။ဒီလိုနေ့တိုင်း ၊ ဒီလိုညတိုင်း အဆောင်ကို ပြန်လာတဲ့အခါ လင်းရိပ် စိတ်ထဲမဝံ့မရဲ ဖြစ်မိတယ်။တကယ်တော့ ညဘက်တွေမှာ ညလုံးပေါက်နီးပါး အပြင်ထွက်တတ်တာ လင်းရိပ်တစ်ယောက်တည်းတော့ မဟုတ်ဘူး။ အားလုံးက ယောကျာ်းတွေချည်းပဲမို့ အကြောင်းပြချက်ကိုယ်စီနဲ့ ထွက်နေကြတာပဲ။ ဒါပေမဲ့ ကိုယ့်အခန်းနဲ့ ကိုယ့်ဘာသာ သော့ပိတ်ပြီးနေကြတာမို့ တစ်ယောက် အကြောင်း တစ်ယောက် မသိကြသလို သိလည်းမသိချင်ကြဘူး။ မိုးလင်းအလုပ်သွား။ မိုးချုပ် ပြန်လာပြီးအခန်းကျဉ်းလေးတွေထဲ ခေါင်းထိုးပြီးအိပ်လိုက်ကြတာပဲ။ အားလုံး ဆုံနိုင်တာဆိုလို့ မနက်ခင်းတစ်ချိန်လေးပဲ ရှိတာ။ကျန်တဲ့အချိန်တွေ ကိုယ့်ဘေးခန်းမှာ လူရှိမရှိစိတ်ဝင်တစား ဘယ်သူမှမရှိကြဘူး။ လင်းရိပ်သာ ကိုယ့်ဘာသာကိုယ် မလုံတဲ့အိုး ပွင့်ချင်နေတယ်ပဲပြောရလေမလား။ အလျားခြောက်ပေကျော် အနံလေးပေပဲကျယ်တဲ့အခန်းကျဉ်းလေးထဲ လင်းရိပ် ကျောတစ်ချက်ဆန့်ပြီးလှဲချလိုက်တယ်။ထုံးစံအတိုင်းမွန်ကြပ်မှုပေါင်းများစွာနဲ့ ပိတ်လှောင်ထားတဲ့ အထပ်သားနံရံကို ခေါင်းက သွားဆောင့်မိပြန်တယ်။ဖြစ်နိုင်ရင်ဒီအခန်းကျဉ်းလေးထဲကနေ အဝေးဆုံးကို ထွက်ပြေးသွားလိုက်ချင်တယ်။ ပြောရရင် လင်းရိပ်ဘ၀က ဆယ်နှစ်ပေ ပေခြောက်ဆယ်ကျယ်တဲ့တိုက်ခန်းထဲမှာ အခန်းဆယ်ခန်းဖွဲ့ထားတဲ့ တိုက်ခန်းထက် အဆပေါင်းများစွာမွန်းကြပ်ပိတ်လှောင်နေတယ်လို့ပဲ ပြောရလေမလား။ လင်းရိပ် လှဲနေရာက လူးလဲ ပြန်ထလိုက်ပြီး ရေသွားချိုးဖို့ပြင်လိုက်တယ်။မနက်ခြောက်နာရီကျော်မှဆိုရင် ရေချိုးခန်းနဲ့သန့်စင်ခန်းကို လုယက်သုံးရတော့မှာလေ။ အခန်းက ဆယ်ခန်း လူက ဆယ့်တစ်ယောက် အိမ်သာက တစ်လုံး ။ရေချိုးခန်းက တစ်ခန်းပဲရှိတော့ အလှည့်ကျ ဒုက္ခတော့ခံရတာပေါ့။ ******* လင်းရိပ် ရေမိုးချိုးပြီး အခန်းထဲ ပြန်ရောက်တော့ ဖုန်းက ပွင့်လာတယ်။အဆောင်မှာက ည ဆယ်နာရီကနေ မနက် ခုနှစ်နာရီအထိ ဖုန်းသံကို ပိတ်ထားရတာမို့ ဖုန်းသံကတော့ ထွက်မလာဘူး။ လင်းရိပ်ဖုန်းကို ကောက်ယူကြည့်လိုက်တယ်။အိမ်က ဆက်လာတဲ့ ဖုန်းမို့ လင်းရိပ်ဖုန်းကို ကိုင်လိုက်ပြီး ခပ်တိုးတိုးထူးလိုက်တယ်။ "ဟယ်လို .." "အစ်ကို....ဒီနေ့ပိုက်ဆံ ပို့မှာ မဟုတ်လားဟင်... ဒီနေ့ အမေလဲ ဆေးရုံသွားပြရမယ်...မောင်လေးကိုလဲ ကျောင်း စရိတ်ပေးရမယ် အစ်ကို " ဖုန်းဖွင့်ဖွင့်ခြင်း ကြားလိုက်ရတာက ညီမငယ်ရဲ့ ပူပူပန်ပန်နဲ့ မေးလာတဲ့အသံ။ လင်းရိပ် ကျောပိုးအိတ်ထဲက စာအိတ်လေးကို လက်နဲ့ ခပ်တင်းတင်းဆုပ်ကိုင် လိုက်မိပြီး

"နေအုံး ...ရှင်ပြန်လို့မရဘူး...ကျွန်မ ရှင့်ကို ခေါ်ယူဖို့အတွက် အချိန်တွေအကြာကြီး စဉ်းစားခဲ့ပြီးမှ အရဲစွန့်ခေါ်ခဲ့ရတာ....ဒီလိုလုပ်ပါလား ....ရှင့်ရင်ထဲမှာလည်း မကျေနပ်ချက်တွေ ရှိမှာပဲ .. ကျွန်မရင်ထဲမှာလည်း မကျေနပ်တာတွေရှိတယ်...အဲ့ဒီတော့ ကျွန်မတို့အချင်းချင်း သူငယ်ချင်းတွေလို ရင်ဖွင့် စကားပြောကြမလား ..."" "ဘယ်လို ကြောင်တောင် တောင်မိန်းမများလဲ"လို့လင်းရိပ်စိတ်ထဲက တွေးလိုက်မိတယ်။သူမလိုလူမျိုးက ဘာစိတ်ညစ်စရာတွေရှိနေတာလဲ။လက်ရှိ လင်းရိပ် ရောက်နေတဲ့တိုက်ခန်းက သူမရဲ့အပိုင် မဟုတ်ရင်တောင် ဒီလိုတိုက်ခန်းမျိုးမှာ ငှါးနေနိုင်တဲ့အဆင့်ဆိုတာ တော်ရုံဝင်ငွေနဲ့တော့မရလောက်ဘူး။ ဒါမှမဟုတ် သူမလဲ ကိုင်းကြီးကြီးမှာနားနေတဲ့ ငှက်တစ်ကောင်လား။ ခေတ်စကားနဲ့ ပြောရမယ်ဆိုရင် ရှူးဂါးဒယ်ဒီကြီးမရှိတုန်း အပျော် ရှာတာလား။ ဒါလဲ ဖြစ်တော့ မဖြစ်နိုင်ဘူး။ သူမပုံစံကြည့်ရတာအဲ့ဒီလို မိန်းမမျိုးနဲ့မတူဘူး။ ဒီလောကမှာ ကျင်လည်နေသူတစ်ယောက်အနေနဲ့ လင်းရိပ် လူရိပ်လူကဲလေးတော့ခတ်တတ်နေပါပြီ။ လင်းရိပ်တစ်ယောက်တည်း အတွေးများစွာနဲ့ရှုပ်ထွေးနေချိန်မှာ သူမက အခန်းထောင့် တစ်နေရာကိုလျှောက်သွားတယ်။ပြီးတော့ စာအိတ်တစ်အိတ်ကို ဆွဲထုတ်လာပြီး လင်းရိပ် ရှေ့ကိုပြန်လျှောက်လာတယ်။အနားရောက်တော့စာအိတ်ကို လက်နဲ့ ဟပြတယ်။စာအိတ်ထဲက တစ်သောင်းတန်အထပ်ကိုကြည့်ပြီး လင်းရိပ်ရံ့ အေးစက်နေတဲ့နှလုံးသားက ပူနွေးလှိုက်ဖိုလာတယ်။ငွေတွေ။ ဒီငွေတွေနဲ့လင်းရိပ် ဘဝကို လဲခဲ့တာကြာပြီပဲ။ မှတ်မှတ်ရရ ရန်ကုန်ကိုရောက်လာပြီး တစ်နှစ်ကျော်မှာ လင်းရိပ်ဟာ ငွေအတွက် အသက်ရှင်နေသူသက်သက်ဖြစ်ခဲ့တယ်လို့ပြောရမလားပဲ။ ****** လင်းရိပ် နှုတ်ကပြောလိုက်သမျှ စကားလုံးတိုင်းကို သူမက အသံဖမ်းတယ်။ပြီးတော့ ဘောလ်ပင်တစ်ချောင်းနဲ့လည်းရေးမှတ်နေလေရဲ့။ ဒါပေမဲ့ သူမစိတ်ထဲ ကျေနပ်နေပုံမရဘူး။ လင်းရိပ်ကို ခပ်စူးစူး တစ်ချက်ကြည့်ပြီး နှုတ်ခမ်းကို ကိုက်တယ်။ပြီးတော့ သူမရဲ့ ခေါင်းထက်က ကောက်ရိုးမျှင်တွေလို ရုပ်ပွနေတဲ့ ဆံပင်တွေကို လက်အစုံနဲ့ ထိုးဖွနေပြန်တယ်။ "ဟိုလေ ...ရှင်ပြောပြတဲ့ ဒီအလုပ်ရဲ့ လူ ရှာပုံနဲ့ ...အလုပ်ကို လက်ခံလိုက်ပြီးရင် တစ်ယောက်နဲ့တစ်ယောက် ထားရမယ့် စည်းတွေ ဘောင်တွေကိုတော့ တော်တော်လေးနားလည်သွားပါပြီး...ဒါပေမဲ့လေ ဟို..ဘယ်လိုပြောရမလဲ.. ရှင့်ဘ၀အကြောင်းနဲ့ရှင့်ရဲ့မိသားစု ..ရှင့်အချစ်ရေးကို ရောပြောမပြချင်ဘူးလား ...ရှင်ဘာလို့ ဒီအလုပ်ကိုရွေးချယ်ခဲ့တာလဲ ဆိုတာကို သိချင်တယ် " စပ်စပ်စုစုနိုင်လှတဲ့ သူမပုံစံကို ကြည့်ပြီး လင်းရိပ် စိတ်ထဲ အချဉ်ပေါက်လာတာမို့ မျက်နှာကိုတင်းပစ်လိုက်တယ်။ "ခင်ဗျား အတွက် ဒီမေးခွန်းက လွယ်လွယ်ကူကူ ထွက်လာပေမဲ့...ကျွန်တော့်အတွက်တော့ ဖြေဖို့ အခက်ဆုံးဆိုတာ စဉ်းစားမိရဲ့လား...ခင်ဗျားဟာက လွန်လာပြီ...အစကပြောတော့ လုပ်ငန်းခွင်အကြောင်းပဲဆို ခုတော့ ကျွန်တော့် ကိုယ်ရေးကိုယ်တာကိုပါ သိချင်နေပြန်ပြီလား ... ဒါတော့ မပြောနိုင်ဘူး..." လင်းရိပ် အသံခပ်မာမာနဲ့ပြောလိုက်တော့ သူမနှုတ်ဆိတ်သွားတယ်။ လင်းရိပ်လက်က နာရီကို ငုံ့ကြည့်လိုက်တော့ မနက် နှစ်နာရီကျော်နေပြီ။လင်းရိပ်အိပ်ချင်နေပြီ။ သူမပုံစံကြည်ရတာတော့ ဇီးကွက်တွေလို မျက်လုံးအပြူးသားနဲ့ အိပ်ချင်တဲ့ပုံလည်း မရဘူး။ "ခင်ဗျား ဒီည မအိပ်တော့ဘူးလားဟင် ...ကျွန်တော်အိပ်ချင်နေပြီဗျ...ပြီးတော့ ကျွန်တော် မနက်ကျရင် အလုပ်သွားရအုံးမှာမို့ ခဏလောက် အိပ်လို့ရမလား " လင်းရိပ် အရဲစွန့်ပြီးမေးလိုက်တော့ သူမလှည့်မကြည့် ဘဲခေါင်းကို ငြိမ့်ပြတယ်။ သူမအဖြေကြောင့် လင်းရိပ်ဝမ်းသာသွားပြီး ဆိုဖာပေါ်မှာပဲ လှဲအိပ်ချလိုက်တယ်။ဘာပဲဖြစ်ဖြစ် အနည်းဆုံး နှစ်နာရီလောက်အိပ်လိုက်ရမှ မနက်ကို အလုပ်လုပ်နိုင်မှာမဟုတ်လား။ မဟုတ်ရင် မရှိမဲ့ရှိမဲ့ အလုပ်လေးပါပြုတ်သွားမှဖြင့် ရှေ့ဆက်မတွေးရဲဘူးဖြစ်သွားမယ်။ရန်ကုန်မြို့ လိုနေရာမှာ ဘွဲ့လက်မှတ်ပေါင်းစုံ မရှိဘဲ အလုပ်ရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး ။ အထူးသဖြင့် အသက် နစ်ဆယ့်ငါးနှစ်ကျော်ပြီဆိုရင်အလုပ်လျှောက်ရတာအခက်ဆုံးပဲ။ လုပ်ငန်းရှင်အများစုရဲ့ အလုပ်ခေါ်စာကို ကြည့်လိုက်ရင် အသက် (၂၅)နှစ် မကျော်ရဆိုတာချည်းပဲ။ လင်းရိပ်လို သာမန်ဘွဲ့လက်မှတ်လေးတစ်ခုနဲ့အသက်(၂၇)မှာ လင်းရိပ်လက်ရှိလုပ်နေတဲ့ အလုပ်မျိုးမှာ ရဖို့ဆိုတာ မလွယ်တော့ဘူး။ ******* လင်းရိပ် ဖျတ်ခနဲ လန့်နိုးနိုးခြင်း လက်ကနာရီကိုကြည့်လိုက်တော့မနက် လေးနာရီကျော်နေပြီ။လင်းရိပ် ဆိုဖာပေါ်ကနေလူးလဲထလိုက်ပြီး သူမကို ကြည့်လိုက်တော့ စာရေးစားပွဲမှာ လက်တော့ တစ်လုံးနဲ့ အလုပ်များနေတုန်းပဲ။ "ကျွန်တော် ပြန်တော့မယ် " လင်းရိပ်လှမ်းပြောလိုက်တော့ သူမလှည့်ကြည့်လာတယ်။ " ပြန်လေ ... စားပွဲပေါ်မှာ ရှင့်အတွက် စာအိတ်ထားပေးထားတယ် " " ဟို....ကျွန်တော် ကိုယ်လက်သန့်စင်လို့ရမလား " "အင်း " သူမက ဒါပဲပြောပြီး လက်တော့ ကိုပဲ အာရုံစိုက်နေပြန်တယ်။ သန့်စင်ခန်းထဲက လင်းရိပ် ပြန်ထွက် လာတော့ သူမကို စားပွဲခုံမှာ ထိုင်နေတာတွေ့လိုက်ရတယ်။လင်းရိပ် သူမကို ခေါင်းငြိမ့်ပြပြီး နှုတ်ဆက်လိုက်တယ်။ "နောက်တစ်ခါ ခေါ်ရင်လာအုံးမှာလား "

လင်းရိပ် စိတ်ထဲကနေ သက်ပြင်းတစ်ချက်ကို ဟူးခနဲချလိုက်မိပြီး သူမလက်ညှိုးထိုးပြတဲ့ အခန်းဘက်ကိုလျှောက်ခဲ့တယ်။ဇာတ်လမ်းကတော့စပြီး ထင်တယ်။ကြည့်ရတာ သူမကို ပြုစုယုယပေးရမယ့် အနေအထားမျိုးဖြစ်နေတယ်။ ****** လင်းရိပ် ကုန်သွားတဲ့ ကော်ဖီခွက်ကို စားပွဲပေါ်ကို ချလိုက်ပြီး သူမရဲ့ဘေးနားကို တိုးကပ်ပြီး ထိုင်လိုက်တယ်။သူမက တစ်ချက်မော့ကြည့်လာတယ်။ "ဒီမှာ ...ဒီလောက် နေရာအကျယ်ကြီးကို ဘာလို့ အနားလာကပ်ထိုင်နေတာလဲ ...ဝေးဝေးမှာထိုင်စမ်းပါ " "ဗျာ" သူမရဲ့တုန့်ပြန် စကားကြောင့် လင်းရိပ် အူကြောင်ကြောင်ဖြစ်သွားမိတယ်။ အနားကပ်မထိုင်နဲ့ဆိုတော့ သူကဘာလုပ်ရမှာလဲ။သူမက လင်းရိပ်ကို ဘာအတွက်ခေါ်ထားတာလဲ။ သူမအပြုအမူက ဈေးသည်ကိုခေါ်ပြီး ဈေးဗန်းကို မဖွင့်နဲ့လို့ပြောသလိုဖြစ်နေပြီ။ဘာပဲဖြစ်ဖြစ် ဒီလိုအနေအထားမျိုးကို လင်းရိပ်ဆိုတဲ့ကောင်က ပိုသဘောကျတာပေါ့။ ဘဝပေး အခြေအနေကြောင့်သာ ဒီအလုပ်ကို လုပ်နေရပေမဲ့ ဒီအလုပ်က လင်းရိပ်ရွံရှာစက်ဆုပ်တဲ့အလုပ်ပဲမဟုတ်လား။ "ရှင့်မှာ ချစ်သူရှိလား.." ရုတ်တရက် ထမေးလိုက်တဲ့သူမရဲ့ စကားကြောင့် လင်းရိပ်စိတ်တိုသွားမိတယ်။တကယ်ဆို အစကတည်းက ပြောထားကြပြီးသားလေ တစ်ယောက် အကြောင်း တစ်ယောက် မစပ်စု ကြေးလို့။ လင်းရိပ်စိတ်ကို ထိန်းပြီး ပြန်ဖြေလိုက်တယ်။ "အလုပ်စပြောက တည်းက တစ်ယောက်အကြောင်း တစ်ယောက် မမေးကြေး မပြောကြေးလို့ ပြောထားတယ်လေ... ဒီမေးခွန်းကို မဖြေနိုင်တဲ့အတွက် တောင်းပန်ပါတယ် " လင်းရိပ်ဖြေလိုက်တော့ သူမမျက်နှာတင်းခနဲ ဖြစ်သွားတာကိုတွေ့လိုက်ရတယ်။ပြီးတော့ သူ့ဘက်ကို မျက်နှာတည်ကြီးနဲ့ လှမ်းကြည့်ပြီး "ဒါလေး ဖြေရတာကို ဘာများ ထိခိုက်သွားလို့လဲ ... ဒီနေ့အတွက် ရှင့်ကို စကားပြောဖို့ခေါ်လိုက်တာသိရဲ့လား...ကျွန်မမေးတာတွေကို ဖြေပြီး ကျွန်မပြောတာတွေကို နားထောင်ပေးရုံနဲ့ ရှင်ရနေကြ ဈေးထက် နှစ်ဆ ပိုပေးမှာကို မလိုချင်ဘူးလား " သူမက ငွေစကားပြောလာတော့ စိတ်ထဲ ဒေါသထောင်းခနဲဖြစ်သွားမိတယ်။ ဒါပေမဲ့လည်း ဒီလိုအချိန် ဒီလိုနေရမှာ ဒေါသထွက်ခွင့်မရှိဘူးဆိုတာ လင်းရိပ် သိတယ်။ အဓိက,က သူမတို့ စိတ်ကျေနပ်ပျော်ရွှင်ဖို့သာ အဓိကမဟုတ်လား။ သိချင်စိတ်တွေ ပြင်းပြနေတဲ့ သူမရဲ့ အာရုံကို ပြောင်းနိုင်ဖို့ လင်းရိပ်ကြိုးစားကြည်လိုက်တယ်။ " ကျွန်တော့်မှာ ချစ်သူရှိတာမရှိတာ ဘာအရေးကြီးလို့လဲ .... မင်းရဲ့ ပျော်စရာ အချိန်တွေကို ဒီတိုင်း ဖြုန်းပစ်မလို့လား...မင်းစိတ်တိုင်းကျဖြစ်အောင် ကိုယ်ကူညီပေးနိုင်ပါတယ်.... "လင်းရိပ် အသံကို တတ်နိုင်သလောက် အချိုထည့်ပြီး ပစ်ကျွေးလိုက်တယ်။တော်ရုံမိန်းမမျိုးဆို ဒီလိုအခြေအနေ့မှာ လင်းရိပ်ဆီပစ်ကြွေ လာတာပဲ။ ဒါပေမဲ့ အခြေအနေက လင်းရိပ်ထင်သလိုဖြစ်မလာဘူး။ သူမက ထိုင်နေရာကနေ ဒေါသတကြီးထရပ်လိုက်ပြီး စားတော့ ဝါးတော့ မတတ်မျက်နှာမျိုးနဲ့ "အော်ဂလီဆန်စရာကောင်းတဲ့ပုံစံကြီး နဲ့ မပြောစမ်းပါနဲ့ ... ရှင်သိထားဖို့က ရှင့်ကိုခေါ်လိုက်တာက ရှင်နဲ့ ပျော်ပါးဖို့မဟုတ်ဘူး ... မဖြစ်မနေ ဒီညမှာ လူတစ်ယောက်နဲ့ စကားပြောနေမှ ဖြစ်မှာမလို့ခေါ်လိုက်တာ...ပြီးတော့ ကျွန်မက စာရေးဆရာမတစ်ယောက်ပဲ ရှင်တို့လို လူတွေရဲ့ အကြောင်းကိုဝတ္တု ရေးချင်လို့ ရှင့်ကို ခေါ်လိုက်တာ...အဲ့ဒါကြောင့် ရှင့်ရဲ့အပြုအမူတွေကို သတိထားနေပါ " သူမရဲ့ စကားကြောင့် လင်းရိပ် ခဏတာ ကြောင်အသွားမိပြန်တယ်။ပြီးမှ သေချာတွေးကြည့်လိုက်တော့ ဒါဟာ စိတ်တိုစရာ စကားလား ဘာလားဆိုတာကို သေချာ မခွဲခြားနိုင်ဖြစ်နေမိတယ်။ ဒါပေမဲ့ ယောကျာ်း ဆိုတဲ့ မာနက ဟုန်းခနဲ ထတောက်လာတယ်။ " ဘာလဲ ခင်ဗျားတို့စိတ်ထဲ ကျုပ်တို့လိုကောင်တွေကို ငွေပေးလိုက်တာနဲ့ ခိုင်းတာလုပ်မယ်လို့ထင်နေတာလား ... ကျုပ်တို့ရဲ့အလုပ်က သေးသိမ် ရွံရှာစရာကောင်းနေပေမဲ့ ကျုပ်တို့ကလည်း မိသားစုအတွက်ဆိုတဲ့စိတ်နဲ့ ရုန်းကန်နေကြတာပဲ....အထင်သေးရှုံ့ချတဲ့ ပုံစံနဲ့တော့ မကြည့်နဲ့ " လင်းရိပ် ဒေါသတကြီး တုံ့ပြန်ပြောလိုက်တာကို သူမက သေချာစိုက်ကြည့်နေတယ်။ပြီးတော့ ဖုန်းကိုဖွင့်ပြီးဟိုဒီလက်နဲ့ တို့ထိနေတယ်။ သူမရဲ့ပုံစံကိုကြည့်ပြီး သူမ အသံဖမ်းနေမှန်း လင်းရိပ် သိလိုက်တယ် ။ " ခင်ဗျား ..ဒါဘာလုပ်နေတာလဲ..." လင်းရိပ်စိတ်တိုလာပြီး သူမကို လေသံမာမာနဲ့မေးလိုက်တယ်။သူမက ခပ်တည်တည်ပဲ ပြန်ဖြေလာတယ်။ "အသံဖမ်းနေတာလေ... ကျွန်မသိချင်တာက ဒါပဲ ...ရှင်တို့ ဒီအလုပ်ကို ဝါသနာအရလုပ်နေတာလား...ရှင်တစ်ကိုယ် ရေကောင်းစားဖို့လား...ဒါမှမဟုတ် မိသားစုအတွက်လား သိချင်ရုံပဲ...ပြီးတော့ ရှင်တို့လိုလူတွေဆီမှာရော ဖြူဖြူစင်စင် စိတ်နဲ့ ချစ်ရတဲ့သူရှိလားသိချင်လို့ ..." "ခင်ဗျား ငွေရှိတယ်ဆိုပြီး ကျုပ်ကို ခေါ်ပြီး စော်ကားနေတာလား ...အလုပ်မဖြစ်ဘူးဆိုရင်လဲ ကျွန်တော်ပြန်တော့မယ်..." လင်းရိပ် ကျောပိုးအိတ်ကို ကောက်လွယ်ပြီး ပြန်ဖို့ပြင်လိုက်တော့ သူမလင်းရိပ်ရှေ့ကို ဖျတ်ခနဲ ရောက်လာတယ် "

ဧကြည်ဖြူ "ရင်ဘတ်ပေါ်က နှင်းဆီ " ( အပိုင်း ၁ ) ****** "အခန်းနံပတ် 4" အခန်းရဲ့နံပတ်ကို ကြည့်ပြီး လင်းရိပ်တစ်ချက်တွေခနဲဖြစ်သွားမိတယ်။အခြားသူတွေအတွက်တော့ မသိပေမဲ့ လင်းရိပ်အတွက်တော့ နံပတ် (၄) က ရုတ်တရက် ကံကောင်းစေတတ်သလို ရုတ်တရက် ကံဆိုးစေတဲ့ နံပတ်ဆိုရင်လည်း မမှားဘူး။ "ဒေါက်...ဒေါက်...ဒေါက်.." တံခါးကို လင်းရိပ် မဝံ့မရဲခေါက်လိုက်တယ်။ မိနစ်အနည်းငယ်ကြာတဲ့အထိ တံခါးက ပွင့်မလာဘူး။ ဒုတိယအကြိမ်မြောက် တံခါးကို ထပ်ခေါက်ဖို့ လက်ကို ရွက်လိုက်တဲ့အချိန်မှာပဲ " ကျွီ..." အသံရှည်ဆွဲပြီး မြည်လာတဲ့ တခါးသံနဲ့အတူပျင်းတိပျင်းတွဲလေးပင်စွာပွင့်လာတဲ့ တံခါးကို ကြည့်ပြီး လင်းရိပ်ရင်ဘတ်အစုံက တံခါးနဲ့အပြိုင် နှေးကွေးလေးလံ အေးစက်စွာခုန်လှုပ်နေတယ်။ပွင့်သွားတဲ့တံခါးကနေ အခန်းထဲကို လင်းရိပ်ဖျတ်ခနဲ လှမ်းဝင်လိုက်တယ်။ခေါင်းကိုမော့ ရင်ကိုကော့ပြီး မျက်နှာအနေအထားရော ခန္ဓာကိုယ်ကိုပါ စွဲလမ်းတပ်မက်သွားစေအောင် ပြင်ဆင်ပြီး အခန်းထဲကို လင်းရိပ်၀င်လိုက်ချိန်မှာ မြင်ရလိုက်ရတဲ့မြင်ကွင်းကြောင့် ရုတ်တရက်ကြောင်အမ်းအမ်းဖြစ်သွားမိတယ်။ လင်းရိပ် အများဆုံးကြုံဖူးတာက ခပ်မှိန်မှိန် မီးအလင်းရောင်ရယ်၊မျက်နာရဲ့အရေးအကြောင်းတွေကို မိတ်ကပ်ထူလပျစ်တွေနဲ့ဖုံးထားတတ်တဲ့ ဆေးဆိုးပန်းရိုက်မျက်နာတွေရယ်၊ည ဝတ်ဂါ၀န်ရှည်ခပ်ပါးပါးကို ဝတ်ဆင်ထားတဲ့သူတွေကိုပဲ မြင်ဖူးခဲ့တာ။ အခုတော့ သူ့ရှေ့တည့်တည့်မှာရပ်နေတဲ့ အမျိုးသမီးရဲ့ပုံစံကိုကြည့်ပြီး ကြောင်တက်တက် နဲ့ ကြည့်နေမိတယ်။တစ်ခန်းလုံးထိန်ထိန်လင်းနေတဲ့ မီးရောင် အောက်မှာ အနက်ရောင်ရှပ်လက်ရှည်နဲ့ အနက်ကွက် ဒူးဖုံး ဘောင်းဘီတိုကို ဝတ်ဆင်ထားတဲ့သူမ။လှိုင်းတွန့်ဆံပင်ကောက်ကောက်တွေကို ဖားလျားချထားပြီး မျက်နှာက ပြောင်သလင်းခါနေတဲ့ သူမပုံစံက နည်းနည်းတော့ဖိုသီဖက် သိနိုင်လှတယ်။ပိုပြီးထူးဆန်းတာက သူမရဲ့ အသက်အရွယ်ပဲ။အသက်က သုံးဆယ်ကျော်ပုံမရသေးဘူး။ပြီးတော့ ဒီလို မပြင်မဆင်ပုံစံနဲ့တောင် ကြည့်ပျော် ရှုပျော်ရှိတဲ့ပုံထွက်နေတယ်လေ။အရပ်က ငါးပေကျော်တယ် ဆုံရုံလောက်ပဲရှိမယ်ထင်ရတယ်။ကိုယ်ခန္ဓာက ပုရိသတွေကို ဆွဲဆောင်နိုင်လွန်းတဲ့ကိုယ်လုံးမျိုး မဟုတ်ပေမဲ့ ပိန်ခြောက် ပြားကပ်နေတာမျိုး ၊ အဆီပိတ်ပြီး ၀ဖီးနေတာမျိုးလည်းမဟုတ်ပြန်ဘူး။ ဒီအသက်အရွယ် ဒီလိုပုံစံနဲ့မိန်းမမျိုးက သူလိုလူကို ခေါ်စရာ အကြောင်း မရှိတာတော့ သေချာတယ်။ လင်းရိပ် သူမကို သေသေချာချာကြည့်နေမိပြီး အိမ်များမှားတာလား ။ဒါမှမဟုတ် သူမက ကြားပွဲစားများလားလို့ တွေးလိုက်မိတယ်။သူမကလည်း ဘာတစ်ခွန်းမှမပြောဘဲ ခပ်စူးစူး ပြန်ကြည့်နေတာမို့ လန့်လာမိပြီး လက်ထဲက ဖုန်းကို ဖွင့်ပြီး ခေါ်ကြည့်လိုက်မိတယ်။ "...ဘယ်လိုဖြေရမလဲ....ပေါ့ပါးခြင်းနဲ့ ဘ၀...ဘယ်ကိုသွားမလဲ အတိအကျမသိတဲ့..ခရီးသည်တစ်ဦးရဲ့ ညနေ့များ ...." သာယာချိုမြတဲ့ ဂီတသံနဲ့အတူ သီချင်းသံက အခန်းထဲမှာ ထွက်ပေါ်လာတယ်။သူမက ခပ်တည်တည်ပဲ ဖုန်းကို ကောက်ကိုင်လိုက်ပြီး နားမှာ ကပ်လိုက်တယ်။ "ဘာရပ်လုပ်နေတာလဲ...ထိုင်လေ" တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်တဲ့ သူ့မရဲ့ အသံကို နားထောင်ပြီး လင်းရိပ်ခပ်ကြောင်ကြောင်နဲ့ "ဟုတ်ကဲ့ "လို့ ပြန်ဖြေလိုက်ပြီး ခေါင်းကို ငြိမ့်ပြလိုက်မိတယ်။ " ကော်ဖီအပူသောက်မလား...အအေးသောက်မလား " " ဟုတ်ကဲ့ ...ကျွန်တော်မသောက်တော့ပါဘူး..." နှစ်ယောက်သားမျက်နှာချင်းဆိုင်အနေအထားနဲ့ ဖုန်းပြောနေကြတာ ကြောင်တောင်တောင်တော့နိုင်လှတယ်။ လက်ထဲက ဖုန်းကို ချပြီး လင်းရိပ်ခန္ဓာကိုယ်ကို မတ်နေအောင်ပြင် ထိုင်လိုက်တယ်။ မသိရင် ကိုယ့်ပုံစံက ခုမှ အစပျိုးတဲ့ ခပ်တုံးတုံးဘဲတစ်ပွေလို ဖြစ်နေပြီ။တကယ့်ကို ထိတ်ထိတ်ကြဲ မိန်းမတွေရှေ့မှာတောင် အေးဆေးတည်ငြိမ်စွာ ဖြတ်ကျော်ခဲ့တာ ဒီပုတုတု အမျိုးသမီးရှေ့မှာ ရုပ်ပျက်နေတဲ့အဖြစ်ကို စိတ်ထဲက နေမကျေမနပ်ဖြစ်သွားမိပြီး နားမှာ ကပ်ထားတဲ့ ဖုန်းကို ချလိုက်တယ်။သူမကလည်း လက်ထဲက ဖုန်းကို ချပြီး သူ့ရှေ့က ခုံမှာဝင်ထိုင်လိုက်တယ်။ပြီးတော့ အသံခပ်အေးအေးနဲ့ လှမ်းပြောတယ်။ "မသောက်လို့တော့ မရဘူး...သောက်ရမယ်...မသောက်ရင် စောစောစီးစီးအိပ်ပျော်သွားမှာပေါ့...ရှင်ဒီညအိပ်သွားလို့မရဘူး..." " ဗျာ" လို့ ယောင်ယမ်းပြီးထွက်သွားတဲ့ ကိုယ့်ကိုယ်ကို လင်းရိပ်စိတ်တိုလာမိပြီ။ ဒီလိုနေရာ ဒီလိုအနေအထားမှာ ဒီစကားက ဘာမှ မထူးဆန်းဘူး။ ဒီထက်ပိုတဲ့ စကားတွေတောင် ကြားခဲ့ဖူးတဲ့ကောင်က ဒီစကားတစ်ခွန်းအတွက် ကယောင်ချောက်ချား ဖြစ်နေစရာအကြောင်းမရှိဘူးလေ။ " သောက်မယ်လေ... အပူပဲသောက်တော့မယ် " ခဏတာပျောက်ဆုံးသွားတဲ့ ကိုယ့်ပုံစံကို ပြန်ရှာဖွေလိုက်ပြီး လင်းရိပ် ညှို့သံအပြည့်နဲ့ ပြောလိုက်တယ်။ လင်းရိပ်ဆိုတဲ့ကောင်က ဘယ်လိုအရာမျိုးကိုမှ ထူးပြီး တုန်လှုပ်တတ် တဲ့ ကောင်မဟုတ်တော့ဘူး။ လောကဓံကို အံတုရင်ဆိုင်နိုင်ဖို့အတွက် ဟိုအရင်က ရိုးရိုးအေးအေးနေတတ်တဲ့ လင်းရိပ် ဆိုတဲ့ လူရိုးလေး အဖြစ်က ပျောက်ဆုံးခဲ့တာကြာခဲ့ပြီလေ။ "သောက်မယ်ဆိုရင် ဟိုမှာ မီးဖိုခန်း တွေ့လား...အဲ့ဒီမှာ သွားဖျော်သောက်လိုက်...ရေခဲသေတ္တာထဲမှာ မုန့်တွေရှိတယ် ရှင်ကြိုက်တာယူစားလို့ရတယ်နော်...ဪ ကျွန်မအတွက်ပါ ကော်ဖီတစ်ခွက်လောက် ဖျော်ခဲ့ပေးအုံး"

" လိုက်မှာပေါ့ ...နောက်တစ်ခါပြန်ဆုံရင် ... ပိုးဖြူလက်ကို ဘယ်တော့မှမလွှတ်တော့ဘူးလို့ ကျွန်တော်ပြောခဲ့တယ်လေ .. ခုချိန်ကစပြီး အိုမင်းသွားတဲ့နောက်ဆုံးနေ့အထိ... ပိုးဖြူရဲ့ လက်ကိုမလွှတ်ပေးတော့ဘူး " မိုးထက်က ပိုးဖြူ၏လက်ဖဝါးလေးကို သူ့လက်နှင့်ခပ်တင်းတင်းဆုပ်ကိုင်ရင်း ပြောလိုက်သည်။ @@@@@@@@@@@@@@@@@@@@@@@@@ ~ ~ ~ ~ ပြီးပါပြီ ~~~~ အစမှ အဆုံးတိုင်ဖတ်ရှုပေးကြသော စာချစ်သူများကို အထူးကျေးဇူးတင်ရှိပါတယ်ရှင် ...မပိုးဖြူကို ကယ်တင်ခဲ့တဲ့ ဗီဒီယိုဖိုင်ဖြန့်သူကိုတော့ စာဖတ်သူများ စိတ်ကြိုက် သက်မှတ်နိုင်ကြပါသည်။ #ဧကြည်ဖြူ *ဇာတ်လမ်းအသစ်တွေကိုလဲ အားပေးကြပါအုံးရှင် * ဖတ်ရှုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင် စာဖတ်ခ ၁၀၀၀ကျပ် ပေးသွင်းလိုသူများအတွက် ပေးသွင်းရမည့် အကောင့်များမှာ KPay 09773745413 Lai Lai Win Wave 09773745413 Lae Lae Win ဖြစ်ပါတယ် အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင် LiKe & Comment & Share လေးတွေနဲ့ ကူညီပေးကြပါအုံးရှင် ကလောင်နာမည်ဖျက်ပြီး Copy ယူခွင့်မပြုပါ ခိုးယူသုံးစွဲခြင်းများ ခွင့်မပြုပါ စာဖတ်သူများအားလုံးကို ကျေးဇူးတင်ချစ်ခင်လျက်ပါ A Kyi Phyu #ဧကြည်ဖြူ

မပိုးဖြူ၏ တအံ့တဩရေရွတ်သံလေးဆုံးသည်နှင့် မပိုးဖြူ၏အနားသို့မိုးထက်ရောက်ရှိလာခဲ့လေသည်။ "ပိုး....ပိုးဖြူ ." "ဟုတ်...ဟုတ်ကဲ့ .....ကိုမိုးထက် ခရီးထွက်လာတာလားဟင် " မပိုးဖြူ အယောင်ယောင် အမှားမှားနှင့် ပြန်မေးလိုက်မိသည်။ "ဟုတ်တယ် ....ကိုယ့်ဝန်ထမ်းတွေနဲ့ ခရီးထွက်လာတာလေ " နှစ်ယောက်သား နှုတ်ဆက်စကားပြောလိုက်ကြပြီးနောက် တစ်ယောက်မျက်နှာကိုတစ်ယောက်ငေးကြည့်ကာ နှုတ်ဆိတ်နေမိကြလေသည်။ အတန်ကြာသောအခါမှ နှစ်ဦးသားကြားမှတိတ်ဆိတ်မှုကို မိုးထက်က စတင်ဖြိုခွဲလိုက်လေသည်။ ''ကျွန်တော်တို့ ပြန်ဆုံကြပြီနော် ပိုးဖြူ " ~~~~~ ဆိုင်မှ၀န်ထမ်းကောင်မလေးများနှင့်အဖွဲ့ကျနေကြသော မိုးထက်၏ဝန်ထမ်းများကို မပိုးဖြူ တအံ့တသြဖြင့် လိုက်ကြည့်နေမိလေသည်။အားလုံးအရွယ်စုံ ယောကျာ်း၊မိန်းမ ၊ ကြီးကြီးငယ်ငယ်ရွယ်ရွယ်လတ်လတ်ဖြင့် မိုးထက်၏ဝန်ထမ်းများမှာ အရွယ်စုံရှိလေသည်။သူပြောပုံအရ မန္တလေးဆိုင်ခွဲမှ၀န်ထမ်းများပါ ပါသည်တဲ့လေ။မန်နေဂျာမှစသန့်ရှင်းရေးဝန်ထမ်းများပါ လိုက်ပါလာသောခရီးဖြစ်၍ လူစုံအရွယ်စုံပါနေသည်မှာ မထူးဆန်းသော်လည်း ထူးဆန်းနေသည်မှာ သူတို့အားလုံး၏ အဝတ်အစားများဖြစ်လေသည်။ "ပိုးဖြူ " မိုးထက်က မပိုးဖြူဘေးတွင်ထိုင်လိုက်ပြီး ခပ်တိုးတိုးခေါ် လိုက်သည်။မပိုးဖြူက မိုးထက် မျက်နှာကို မော့ကြည့်လိုက်ပြီး '' ကိုမိုးထက်က ၀န်ထမ်းတွေကိုသိပ်ဂရုစိုက်တာပဲနော် ... ဝန်ထမ်းတွေအတွက် တစ်လကိုသိန်း (၂၀) ကျော်ဖိုးလောက် အဝတ်အစားတွေအမြဲဝယ်ပေးနေတာပေါ့လေ ဟုတ်လား ..'' "ဗျာ " ဖြုန်းခနဲ့မို မပိုးဖြူပြောသောစကား၏အဓိပ္ပါယ်ကို မိုးထက်နားမလည်နိုင်ဘဲဖြစ်နေရာမှ သူ၏ ဝန်ထမ်းလေးများ ဝတ်ဆင်လာကြသောအဝတ်အစားများကိုကြည့်ပြီးသဘောပေါက်သွားရလေသည်။ မပိုးဖြူပြောသည်ကိုသဘောပေါက်သွားသည်နှင့်တစ်ပြိုင်နက် မိုးထက်ကသူ့၏ခေါင်းထက်မှဆံပင်များကို လက်တစ်ဖက်ဖြင့်ပွတ်လိုက်ပြီး မဝံ့မရဲလေသံဖြင့် မပိုးဖြူကို တောင်းပန်လိုက်လေသည်။ "ဟို ... ဟို ... စိတ် .. စိတ်မဆိုးပါနဲ့နော် ပိုးဖြူ ... ကျွန် ... ကျွန်တာ် တောင်းပန်ပါတယ်" သူမမျက်နှာကို စောင်းငဲ့ကြည့်ကာ တောင်းပန်စကားပြောနေသော မိုးထက်၏မျက်နှာကို မပိုးဖြူပြန်ငဲ့ကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။ပြီးနောက် နှစ်ဦးသား ကြားရုံလေသံမျှနှင့်မပိုးဖြူမေးလိုက်သည်။ "ဆိုင်ရှေ့ကိုရော လာသေးလား ...." "အင်း " မပိုးဖြူ၏အမေးကို မိုးထက်အင်းလိုက်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။ " ပြီးတော့ ...ပိုးဖြူအပြင်သွားရင်ရော နောက်ကလျှောက်လိုက်သေးလား " "အင်း .. အမြဲတော့မဟုတ်ပါဘူးကွာ " " ဒါဆို အခုလာဆုံတာကရော ....တိုက်ဆိုင်တာမှဟုတ်ရဲ့လား " "ဟာ .... ဒါကတော့ တကယ်တိုက်ဆိုင်တာပါ ပိုးဖြူရယ် ..တ ကယ်ပါ .. ဒီခရီးစဉ်ကို ကျွန်တော် စီစဉ်တာမဟုတ်ပါဘူး ..၀န်ထမ်းလေးတွေစီစဉ်တာပါ.....မယုံရင် သူတို့ကို သွားမေးကြည့်လို့ရပါတယ် ပိုးဖြူရယ်.... " ပျာပျာသလဲနှင့် ငြင်းဆိုနေသော မိုးထက်ကိုကြည့်ပြီး မပိုးဖြူခေါင်းကိုငုံ့လိုက်ကာ မိုးထက်မမြင်အောင်ကြည်ကြည်နူးနူးပြုံးလိုက် မိသည်။ "ပိုးဖြူ ... စိတ်မဆိုးပါနဲ့နော် .. ကျွန်တော်လေ ပိုးဖြူဆိုင်နားကို လာတာ ..ပိုးဖြူသွားတဲ့နောက်ကို လိုက်မိတာက.... ပိုးဖြူကိုလွမ်းလွန်းလို့ပါကွာ ....ဒီခရီးကတော့ ကျွန်တော်ကြံစည်ထားတာမဟုတ်ပါဘူး " မျက်နှာပျက်ပျက်နှင့် ပြောနေသောမိုးထက်ကိုကြည့်ပြီး မပိုးဖြူကထပ်မေးလိုက်သည်။ " ကိုမိုးထက်တို့ ...ညနေကျရင်ဘယ်သွားအုံးမှာလဲဟင် " " ညနေ မန္တလေးတောင်သွားဖို့ စီစဉ်ထားတယ်တဲ့ " " ဟုတ်လား ..ပိုးဖြူတို့လဲသွားမှာ လေ " မိုးထက်၏အဖြေစကားကို မပိုးဖြူအပြုံးလေးနှင့်ပြန်ပြောလိုက်သည်။ မပိုးဖြူ၏စကားကြောင့် မိုးထက်မှာ ထခုန်လုမိမတတ်ဝမ်းသာပျော်ရွှင်သွားမိပြီးလျှင် မပိုးဖြူကို ကြည့်ကာ မဝံ့မရဲဖြင့် မေးလိုက်မိသည်။ "ဟို ..ဟို ... ကျွန်တော်တို့တူတူသွားကြမလားဟင် " မိုးထက်၏အမေးကို မပိုးဖြူကမဖြေဘဲ ခေါင်းကိုငုံ့ကာပြုံးနေလိုက်သည်။ မိုးထက်ကလည်း မပိုးဖြူ၏ မျက်နှာလေးကို ပြုံး၍ငေးကြည့်နေမိသည်။မပိုးဖြူကမော့ အကြည့်တွင် နှစ်ဦးသားအကြည့်ချင်းဆုံမိကြလေသည်။ထိုအချိန်တွင် အင်းရေပြင်မှဖြတ်တိုက်လာသော လေနုအေးသည်နှစ်ဦးသားကြားသို့ တိုးဝှေ့ကျီစယ်သွားလေသည်။ ~~~~~ အနောက်ဘက် မိုးကုပ်စက်ဝိုင်းဆီသို့ တစ်စစဝင်ရောက်ပျောက်ကွယ်သွားသော ပုစွန်ဆီရောင်နေလုံးကြီးကို မိုးထက်နှင့်မပိုးဖြူတို့ ငေးကြည့်နေမိကြသည်။ "ဒီလိုနေ၀င်ဆည်းဆာချိန်နဲ့ နံနက် ခင်းဆည်းဆာချိန်တွေကို.... ကျွန်တော်တို့နှစ်ယောက် အမြဲတူတူကြည့်နေခွင့်ရရင်ကောင်းမယ် ." မိုးထက်က မပိုးဖြူမျက်နှာလေးကို ငေးကြည့်ပြီးပြောလိုက်သည်။ "အင်းနော် " မပိုးဖြူ၏ ခပ်တိုးတိုးတုံ့ပြန်စကားကြောင့် မိုးထက်မပိုးဖြူနှင့်မျက်နှာချင်းဆိုင်ရပ်လိုက်ပြီး "ကျွန်တော်တို့ ရန်ကုန်ကိုတူတူပြန်ကြမလားပိုးဖြူ " "ပိုးဖြူကအတူတူမပြန်ဘူးလို့ ပြောရင်ရော ... ကိုမိုးထက်ကမလိုက်ဘူးလား "

"ဟယ်...ဟုတ်လား ...ခုမှသိတယ် ..ဒါဆို ကျေးဇူးရှင်ဖောက်သည်ကြီးပေါ့ မမရဲ့" " ဟုတ်တာပေါ့ ဖြိုးဖြိုးရယ် .. မမ ဆိုင်ဖွင့်စက... မရောင်းရလို့စိတ်ဓါတ်တွေအကြီးအကျယ်ကျနေချိန်မှာ ....အဲ့ဒီဝယ်သူကြောင့် စိတ်ဓါတ်တွေတက်ကြွလာပြီး ...ဒီနေ့လိုထိကြိုးစားလာနိုင်တာပေါ့ ... သူကလဲ အဲဒီချိန်ကနေဒီနေ့ထိ အားပေးနေတာပဲလေ ..." "တကယ့် ကျေးဇူးရှင်ပဲ ..ဒါနဲ့ မမ ..ဝယ်သူက ယောကျာ်းလား မိန်းမလားမသိဘူးနော် " "ဪ ဖြိုးဖြိုးရယ် ... အရင်တုန်းက မမကမဝတ်အင်္ကျီတွေပဲ ရောင်းတာလေ ...အဲ့ဒီအချိန်ကတည်းက အားပေးလာတာဆိုတော့ အမျိုးသမီးပဲနေမှာပါ " ~~~~~~~~ "ဖြူဖြူရယ် ... အိမ်ပြောင်းသွားတာလဲငါ့ကိုတောင်မပြောဘူး...တစ်နှစ်ကျော်တောင် လုံးဝကိုမတွေ့ဘူးဟယ် ...ဘယ်မှာများသွားနေနေတာလဲ ..အွန်လိုင်းရှော့လဲ မလုပ်တော့ဘူးလား " ဝေဝေ၏ တရစပ်မေးခွန်းများကြောင့် မပိုးဖြူ ပြုံးလိုက်ပြီး "ရန်ကုန်မှာပဲနေတာပါ ဝေဝေ .. အွန်လိုင်းရှော့လေးလုပ်ထားပေမဲ့ အရောင်းစာရေးမလေးတွေကိုပဲ ရောင်းခိုင်းထားလို့ပါ .. တောင်းပန်ပါတယ် သူငယ်ချင်းရယ် ....ပိုးဖြူဘာကြောင့် အဆက်အသွယ်ဖြတ်ထားတာလဲဆိုတာကို ဝေဝေသိမှာပါ...ပိုးဖြူ သူတို့မိသားစုတွေကို မယုံဘူးလေ ..ဒါကြောင့်တိတ်တိတ်လေးနေတာပါ " "အင်းပါဖြူဖြူရယ် ... ဝေဝေသိပါတယ် ....ဖြူဖြူမသိချင်ပေမဲ့ ပြောပြရအုံးမယ် ...မျိုးမမနိုင်ထောင်ကျသွားတယ်သိလား...ကိုဇင်မောင်ရဲ့ဖုန်းဆိုင်တွေလဲပိတ်လိုက်ပြီး စိတ်ကျရောဂါဖြစ်နေလို့ ဆေးကုသမှုခံယူနေတယ်လို့ သတင်းသဲ့သဲ့ကြားတာပဲ .. ဒါနဲ့ မင်းရဲ့သမီးနဲ့ရော အဆက်အသွယ်ရှိလားဖြူဖြူ...သူစင်္ကာမှာကျောင်းသွားတက်နေတယ်လေ သိလား " " သမီးနဲ့အဆက်အသွယ်ရှိပါတယ် ဝေဝေ ... အွန်လိုင်းကနေ စကားပြောဖြစ်ကြပါတယ် .... ဒါပေမဲ့သမီးကဟိုဘက်ကအကြောင်းတွေကို လုံးဝမပြောသလို ... တို့လဲ မသိချင်ဘူးလေ " " အင်းပါ ဖြူဖြူ ... မင်းပျော်ရွှင်နေတာကိုတွေ့ရတော့ တို့လဲ ဝမ်းသာပါတယ် " မဆုံတာကြာပြီဖြစ်သော မပိုးဖြူနှင့်ဝေဝေတို့စကားအများကြီးပြောဖြစ်ခဲ့ကြလေသည်။ ~~~~~ "ဟာ လေးလေး ...လာလည်တာလား ..လေးလေးကလဲ နေနိုင်လိုက်တာ ...အမြဲလာလည်ပါဆို မလာဘူး " " ဟုတ်သားပဲ လေးလေးကလဲ ... ကျွန်တော်တို့က လေးလေးကို မျှော်နေတာကို " တိုက်ကြီး၏ ဧည့်ခန်းထဲသို့ မိုးထက်ဝင်လိုက်သည်နှင့် တူနှင့် တူမဖြစ်သူက မိုးထက်ဆီသို့အပြေးရောက်လာပြီး မူနွဲ့ပြောဆိုကြလေသည်။မိုးထက်က တူနှင့်တူမဖြစ်သူကိုကြည့်ပြီး ပြုံးလိုက်က တောင်းပန်စကားဆိုလိုက်ရလေသည်။ "ကဲပါကွာ .... လေးလေးတောင်းပန်ပါတယ်နော် ဟုတ်လား " "မိုးထက် ... ငါ့ညီ ဘယ်တုန်းက ရောက်နေတာလဲ " ထိုသို့ မိုးထက်တို့သုံးဦးသား စကားပြောနေကြစဉ်မှာပင် ဧည့်ခန်းထဲသို့ ကိုနောင်လတ်ဝင်ရောက်လာပြီး မိုးထက်ကို နှုတ် ဆက်လိုက်လေသည်။မောင်နှမနှစ်ယောက်သည် ဖခင်ဖြစ်သူ ဧည့်ခန်းထဲသို့ဝင်လာသည်ကို တွေ့သည်နှင့် ထိုင်နေရာမှ ဆတ်ခနဲထရပ်လိုက်ကြပြီးလျှင် မောင်နှမနှစ်ယောက်ပြိုင်တူလိုလိုပင် မိုးထက်ကို နှုတ်ဆက်လိုက်ကြလေသည်။ " ကျွန်တော်တို့ အပေါ်ထပ်ကို တက်တော့မယ် ...လေးလေး ပြန်မယ်ဆိုရင် အပေါ်ထပ်ကိုတက်ခဲ့အုံးနော် လေးလေး......" ကလေးနှစ်ယောက်၏ အပြုအမူကြောင့် မိုးထက်မှာယောက်ဖဖြစ်သူကို စောင်းငဲ့ကြည့်လိုက်မိလေသည်။ထိုအခါ သားဖြစ်သူနှင့်သမီးဖြစ်သူကို ရီဝေဖျော့တော့သော မျက်ဝန်းများဖြင့် လိုက်လံငေးကြည့်နေသော ယောက်ဖဖြစ်သူကိုတွေ့လိုက်ရလေသည်။ " တစ်နှစ်ကျော်ခဲ့ပါပြီ ယောက်ဖရာ ..သားနဲ့သမီးက အစ်ကိုနဲ့အကြည့်ချင်းတောင်အဆုံမခံကြဘူး...အစ်ကို့ အသံကြားတာနဲ့ လှစ်ခနဲပျောက်သွားကြတယ်... မိသားစုတွေနဲ့ ထမင်းလက်ဆုံမစားရတာ တစ်နှစ်ကျော်ခဲ့ပါပြီ... " "သူတို့လေးတွေရဲ့ရင်ထဲက နာကျင်မှုတွေပျောက်သွားတဲ့အထိ ....စောင့်နေပေးလိုက်ပါကိုနောင်..." အံကိုတင်းတင်းကြိတ်လျက် ပြောနေသောယောက်ဖဖြစ်သူကိုကြည့်ပြီး မိုးထက်အားပေး နှစ်သိမ့်လိုက်မိပါသည်။ ~~~~~ "ကောင်မလေးတွေ ဦးပိန်မှာပဲ အချိန်ကုန်မလို့လား ... တောင်ပေါ်မတက်ကြဘူးလား " " တက်ရမှာပေါ့ မမရယ်.....ရွှေမန်းတစ်ခွင်နှံ့အောင်လည်မှာနော် မမ " ယနေ့ မပိုးဖြူနှင့်ဆိုင်မှဝန်အရောင်းစာရေးမလေးများ မန္တလေးနှင့်ပြင်ဦးလွင်သို့ အလည်ခရီးထွက်ခဲ့ကြခြင်းဖြစ်သည်။ဆိုင်၏ ပထမဆုံးခရီးစဉ်ဖြစ်၍ ၀န်ထမ်းကောင်မလေးသုံးယောက်ရော မပိုးဖြူပါပျော်နေကြလေသည်။မန္တလေးတွင် လေးဦးသားတည်းခိုခန်းတွင်တည်ပြီး တစ်နေကုန်ကားစီးလုံးငှားကာတစ်မြို့လုံးအနှံ့ လည်ပတ်နေခြင်းဖြစ်သည်။ဦးပိန်တံတားသို့ ရောက်ကာမှ မချောလေးများမှာ ခေါ် မရဖြစ်နေ၍ မပိုးဖြူမှာလောနေရခြင်းဖြစ်သည်။ဦးပိန်တံတားပေါ်တွင် လမ်းလျှောက်ရသည်ကို မပိုးဖြူကြိုက်နှစ်သက်ပါသော်လည်း နေဝင်ဆည်းဆာချိန်ကို မန္တလေးတောင်ပေါ်မှနေ မပိုးဖြူငေးကြည့်ချင်သည်လေ။ကောင်မလေးများကိုခေါ်ရင်း မပိုးဖြူတံတားပေါ်တွင်ရပ်၍ ငေးနေစဉ်မှာပင် တံတားထိပ်ဆီမှ လှမ်းလျှောက်လာသော လှုတစ်ယောက်ကို ကြည့်ပြီး ရင်တွေတဒိန်းဒိန်းခုန်လာလေသည်။ " ကို ..ကိုမိုးထက် "

~~~~~ မပိုးဖြူသည် တရားရုံးခန်းထဲမှထွက်အလာတွင် အခန်းဝတွင် ရပ်နေသောသမီးဖြစ်သူကို တွေ့လိုက်ရလေသည်။ "အမေတောင်းပန်ပါတယ် သမီးရယ် ..သမီးရဲ့အဖေ့ကိုသိက္ခာကျအောင်လုပ်ဖို့မရည်ရွယ်ခဲ့ပါဘူး ....သမီးအဖေကို အမေ လက်မခံနိုင်ပေမဲ့ ..သမီးကတော့ အမေ့ရင်ထဲမှာ အမြဲရှိပါတယ် ....သမီးလေး အမေ့ဆီကို လာချင်တယ်ဆိုရင် အချိန်မရွေး လာခဲ့လို့ရပါတယ် .. "ချစ်တဲ့သူနဲ့ ကွေကွင်းရတဲ့ဒုက္ခထက်... မုန်းတဲ့သူနဲ့အတူနေရတဲ့ဒုက္ခကပိုကြီးတာကို...တစ်နေ့နေ့တစ်ချိန်ချိန်မှာသမီးလဲ နားလည်သဘောပေါက်လာမှာပါ ...သမီးက အမေ့ကိုမုန်းနေတယ်ဆိုရင်တောင်... အမေက သမီးကို ဘယ်တော့မှမမုန်းပါဘူးကွယ် " မတုန်မလှုပ် အမူအရာဖြင့်နားထောင်နေသောသမီးဖြစ်သူကို ခပ်ယဲ့ယဲ့အပြုံးဖြင့် ကြည့်လိုက်ရင်း မပိုးဖြူတရားရုံးအပြင်သို့ ထွက်လာခဲ့ပါသည်။ ~~~~ "ဒီမှာ ပိုးအိဇင် ..မင်းခဏနေအုံး ...မင်းအဖေက ပိုးဖြူအပေါ်မှာ ရက်စက်နိုင်တာတော့ ထားပါတော့ ..မင်းက သားသမီးဖြစ်ပြီး ငါ့သူငယ်ချင်းအပေါ်မှာ...ဘာလို့ အဲ့ဒီလောက်ရက်စက်ရတာလဲ ... မင်းရဲ့အမေကို ..နည်းနည်းလေးမှ တောင်မချစ်ဘူးလားဟင် ...ငါ့သူငယ်ချင်းက... မင်းကြောင့် သူ့ရဲ့ငယ်ရွယ်နုနယ်ခဲ့တဲ့တစ်ဘလုံးသည်းခံပြီးနေခဲ့တာသိရဲ့လား ...'' မပိုးဖြူထွက်သွားသော်လည်း ဝေဝေသည် ပိုးအိဇင်၏အနားတွင် ရပ်လိုက်ပြီးနောက် ပိုးအိဇင်၏ အေးစက်စက် အမူအရာကို ကြည့်ကာ မကျေမနပ်နှင့် ပြောလိုက်သည်။ ပိုးအိဇင်က ဝေဝေ့ကို မော့ကြည့်လိုက်ပြီး တစ်လုံးချင်း ပြန်ပြောလိုက်လေသည်။ "မိုက်မဲခဲ့တဲ့သမီးအတွက် ...အမေ့ကိုဒုက္ခမခံစေချင်တော့ပါဘူးအန်တီ....သမီးကြောင့် အမေနောက် ဆံငင်ပြီး အရင်လိုဘ၀မျိုးကိုပြန်မရောက်စေချင်ပါဘူး ... သမီး အမေ့ကိုချစ်ပါတယ်...ဒါပေမဲ့ အခုချိန်တော့ဒီအကြောင်းတွေ အမေ့ကိုမသိစေချင်သေးပါဘူး ...အချိန်ကျလာတဲ့ တစ်နေ့မှာတော့ အမေ့ဆီကိုသွားမှာပါ....သမီးရဲ့အ မေကို အန်တီကူညီပေးပါအုံးနော် " ပိုးအိဇင်က ပြောပြီးသည်နှင့်ခေါင်းစွပ်အင်္ကျီလေးကို ခေါင်းပေါ်သို့ဆွဲတင်လိုက်ပြီး တရားရုံးအပြင်သို့ ထွက်ခွါသွားခဲ့လေသည်။ ~~~~ "ကျေးဇူးတင်ပါတယ် မနွယ် .. ဒီကျေးဇူးတွေကို ... ကျွန်မရင်ထဲမှာ တစ်သက်လုံး မှတ်ထားမှာပါရှင် " မိမိအားရှေ့နေလိုက်ပေးခဲ့သော မနွယ်နွယ်ကို မပိုးဖြူတလေးတစားဖြင့် ကျေးဇူးတင်စကားပြောလိုက်ပါလေသည်။ " အို ...ရပါတယ် မပိုးဖြူ....ကျွန်မကြိုးစားခဲ့တယ်ဆိုတာထက်... မပိုးဖြူဘက်က မှန်ကန်ခဲ့တာရယ် ... ဗီဒီယိုတွေကို အွန်လိုင်းမှာဖြန့်ခဲ့တဲ့ တစ်စုံတစ်ယောက်ရဲ့ ကျေးဇူးတွေကြောင့်ပါရှင် ....မပိုးဖြူဘက်က နိုင်သွားလို့ ထပ်တူ၀မ်းသာရပါတယ်ရှင်.." "ကျေးဇူးတင်ပါတယ်ရှင် ... ကျွန်မကို ပြန်ခွင့်ပြုပါအုံးရှင် " မပိုးဖြူသည် ကျေနပ်သောအပြုံးကိုပြုံးလျက် ရှေ့နေမနွယ်နှင့်လမ်းခွဲပြီး အိမ်သို့ ပြန်ခဲ့သည်။အပြန်လမ်းတစ်လျှောက် အငှါးကားပေါ်တွင်လိုက်ပါလာခဲ့ရင်းမှ မပိုးဖြူမှာ အိပ်မက်ဆိုးကြီးမှနိုးထလွတ်မြောက်လာခဲ့သူလို ပေါ့ပါးလန်းဆန်း၍ နေလေသည်။ ~~~~~~ "ဗီဒီယိုကို ဖြန့်လိုက်သူကဘယ်သူလဲ မသိပေမဲ့ ...နင်အရမ်းကံကောင်းတယ် ဖြူဖြူ...နင် အခု ဘာလုပ်မလဲဟင် ...အခုအိမ်မှာပဲ ဆက်နေမှာလား ....ဒီအိမ်ကို ကိုဇင်မောင်သိတယ်မဟုတ်လား ..နင်အိမ်ပြောင်းတာပိုကောင်းမယ်ထင်တယ်ဖြူဖြူ...ပြီးတော့ နင့်သမီးလေးကြောင့်လဲ စိတ်မကောင်းမဖြစ်နဲ့နော် ..သူကငယ်သေးတော့ ...အဘိုးအဘွားတွေနဲ့ ကြီးတော်တွေက ... မြှောက်ထိုးပင့်ကော်လုပ်ပြီး... သွေးခွဲထားလို့ပါ " ဝေဝေ၏စကားကြောင့် မပိုးဖြူခေါင်းကိုငြိမ့်ပြလိုက်သည်။ "အင်းပါ ဝေဝေ ... အိမ်ပြောင်းဖို့ကိုလဲ စဉ်းစားထားပါတယ် " ~~~~~~~ "ပိုးဖြူရယ် ....ကျွန်တော် ပိုးဖြူကိုနားလည်ပါတယ် ...ပိုးဖြူပျော်အောင်နေပါနော် ....ကျွန်တော် ပိုးဖြူကိုအမြဲသတိရနေမှာပါ ... ကျွန်တော်တို့ကံမကုန်သေးရင်တော့ တစ်နေ့ပြန်ဆုံကြမှာပါ.....အဲ့ဒီတစ်နေ့ကို ရောက်လာခဲ့ရင်တော့ ပိုးဖြူရဲ့လက်ကို မလွှတ်ပေးတော့ဘူးနော်....အဲ့ဒီနေ့ကို ကျွန်တော်စောင့်နေပါ့မယ် " မိုးထက်၏နွမ်းဖျော့ဖျော့ စကားသံများကိုကြားနေရသော်လည်း မပိုးဖြူခေါင်းကိုငုံ့ကာငြိမ်သက်နေမိသည်။အချိန် အတော်ကြာမပိုးဖြူတို့နှစ်ယောက်ကြား ငြိမ်သက်တိတ်ဆိတ်နေခဲ့ပြီးနောက် မိုးထက်သည် ထိုင်နေရာမှ ထလိုက်ပြီးလျှင် "ကျွန်တော်သွားတော့မယ်နော် ပိုးဖြူ ... ဘယ်နေရာကိုပဲရောက်ရောက်ကျန်းမာအောင်နေပါပိုးဖြူ " နှုတ်ဆက်ပြီးပြန်သွားသော မိုးထက်၏ခြေသံများ ဝေးကွာတိတ်ဆိတ်သွားပြီးနောက် ....။ နာရီအတန်ကြာအောင် ဆိုဖာခုံတွင်ပင်မပိုးဖြူ မလှုပ်မယှက်ထိုင်နေမိလေသည်။ ~~~~~~ "ဒီဖောက်သည်ကလေ တစ်နှစ်လုံးလုံး တစ်ပတ်မှမပျက်ဘဲ အားပေးတယ်နော်မမ...သူ့ဆိုင်လဲတော်တော်ရောင်းရတယ်ထင်တယ် " အရောင်းစာရေးမလေး ဖြိုးဖြိုး၏စကားကြောင့်.. မပိုးဖြူက ပြုံးလိုက်ပြီး "တစ်နှစ်ဘယ်ကမလဲ ဖြိုးဖြိုးရယ် ....မမစျေးစရောင်းကတည်းက အားပေးလာတာလေ ... "

#နွေလယ်အိပ်မက် (အခန်းဆက်ဝတ္ထု ) အပိုင်း (၂၅) (ဇာတ်သိမ်းပိုင်း ) ******** " ဟာ ...ဒီကောင်လူလိမ်ပဲ...ဇင်မောင်ဆိုတဲ့ကောင်လူလိမ်ပဲ ..သူ့ဗီဒီယိုဖိုင်တွေရော..ပုံတွေပါလိုင်းပေါ်မှာအများကြီးတက်လာတယ် ..ဒီမှာကြည့်ကြပါအုံး ...." အမည်မသိထိုလူသည် အော်ဟစ်ပြောဆိုရင်း သူ့လက်ထဲမှ တက်ဘလက်ကိုဘေးမှလူများကိုပါ ပြသလေသည်။ထိုအခါ ဘေးရှိ လူများသည်လည်း ဖုန်းကိုယ်စီထုတ်၍ ကြည့်ရှုကြလေသည်။တရားခွင်အချိန်သည် တရားရုံတွင် လူဝင်လူထွက်များသောအချိန်ဖြစ်၍ ဘာရယ်မဟုတ် သိလိုစိတ်ဖြင့်၀င်ရောက် နားထောင်ကြည့်ရှူသူများသည်လည်း ဖုန်းကိုယ်စီဖြင့် အွန်းလိုင်းပေါ်မှ ဗီဒီယိုဖိုင်ကိုရှာဖွေကြည့်ရှုကြလေသည်။ "ဟုတ်တယ် ဒီကောင်ပဲ ....ဇင်မောင်ဆိုတဲ့ကောင်ပဲ ...ကြည့်ပါအုံး ... လူမြင်ကွင်းမှာတောင် တခြားမိန်းမနဲ့နမ်းနေကြတယ် ....သွားထားတဲ့ဟော်တယ်တွေ..တည်းခိုခန်းတွေကမနည်းဘူးပဲ " " ကောင်မကလဲဟယ် ..ရုပ်လေး သနားကမားနာနဲ့" "ဟာ..ဒီမိန်းမကိုသိတယ် ...(....) အလှကုန်အွန်လိုင်းရော့ကလေ .. သူ့ဆိုင်က ရန်ကင်းမှာပဲ ..." " စီစီတီဗီ(date ) တွေကိုကြည့်ပါအုံးဟယ် ... နေ့တိုင်းအချိန်ပြည့် အဲ့ဒီအမျိုးသမီးနဲ့ ရှိနေခဲ့တာပဲ ..." " ကွာရှင်းပေးလိုက်ပါ တရားသူကြီး .... ဒီကောင် လူယုတ်မာ ..သူကဖောက်ပြန်နေပြီး ... အပြစ်မရှိတဲ့ မိန်းမကိုပြန်စွပ်စွဲနေသေးတယ် " " ဟုတ်တယ် ..မပိုးဖြူနဲ့ကွာရှင်းပေးပြီး ဒီလူယုတ်မာကိုထောင်ချပစ်ပါ ... ယုတ်မာချက်ကရုပ်နဲ့မလိုက်ဘူး " " ဒုန်း ...ဒုန်း " " အားလုံးတိတ်ကြပါ ..ဒါကတရားခွင်ပါ ...တရားဝင်သက်သေတွေကိုယူမှာပါ " ဖုန်းကိုယ်စီထုတ်၍ ရုတ်ရုတ်သဲသဲဖြစ်ကာ ဆူညံပွက်လောရိုက်နေသော လူများကြောင့် တရားသူကြီးက တုံးကိုထုလိုက်ပြီး သြဇာသံအပြည်ဖြင့်အော်လိုက်သည်။ "အို ဒီထက်တရားဝင်တာ ဘာရှိမလဲ ..မပိုးဖြူရဲ့ရှေ့နေ့က တရားသူကြီးကို ဖုန်းထဲကဗီဒီယိုတွေပြပြီး ...သက်သေတင်သွင်းလိုက်ပါ " ခပ်လည်လည် ခပ်သွက်သွက်လူများက မပိုးဖြူ၏ရှေ့နေထံသို့ ဖုန်းကို သွားပေးကြလေသည်။ "နောက်ထပ် ရုံးချိန်းထပ်မချိန်းပါ နဲ့တော့.. ဒီနေ့ပဲကွာရှင်းပေးလိုက်ပါ " " ဇင်မောင်ဆိုတဲ့ လူလိမ်ကောင်ကို ထောင်ချပါ " " ဒုန်း ...ဒုန်း " အားလုံးတိတ်ကြပါ ... ဆက်ပြီးဆူပူနေမယ်ဆိုရင် ..၀တ္တရားနှောက်ယှက်မှုနဲ့ အားလုံးကို ထိန်းသိမ်းရပါလိမ့်မယ် " တာဝန်ရှိသူ၏အော်ဟစ်သံ အဆုံးတွင် အသံများငြိမ်ကျသွားသော်လည်း မည်သူမျှ အခန်းပြင်သို့ထွက်သွားခြင်းမပြုကြဘဲ ဖုန်းကိုယ်စီကိုင်၍အခြေအနေကို စောင့်ကြည့်နေကြလေသည်။ကိုဇင်မောင်နှင့်သူ၏မိခင်ကြီးအပါအ၀င် အစ်မနှစ်ယောက်မှာမူ ခေါင်းများ ငိုက်စိုက်ချလျက်တိတ်ဆိတ်ငြိမ်သက်စွာရှိနေကြလေသည်။ မပိုးဖြူ၏ရှေ့နေမနွယ်နွယ်သည် ဖုန်းကိုယူဆောင်လျက် တရားသူကြီးထံသို့ လျှောက်သွားလေသည်။ကိုဇင်မောင်၏ ရှေ့နေ့ ဖြစ်သူမှာ လေပူတစ်ချက်ကိုမှုတ်ထုတ်ပြီး လေးတွဲစွာခေါင်းကိုခါယမ်းလိုက်လေသည်။ "ဒုန်း " "တရားခွင်ကို နာရီဝက်တိတိရပ်နားပါမယ် ... နောက်မိနစ်သုံးဆယ်မှာ တရားခွင်ပြန်စပါမယ် " တရားခွင်ကို မိနစ်သုံးဆယ်ရပ်နားလိုက်သော်လည်း လာရောက်နာထောင်နေသူများမှာ မပြန်ကြဘဲ စင်္ကြန်လမ်းတစ်လျှောက်တွင် ရပ်လျက်၊ ထိုင်လျက်ဖြင့် ကိုဇင်မောင်တို့ကို ကြည့်၍ ပြစ်တင်ပြောဆိုနေကြ လေသည်။ ~~~~~ "ဘ ( ...) ဦး၏သမီးဖြစ် မပိုးဖြူအား ( .......) ဤအမှုမှ အနိုင်ဒီဂရီ ပေးလိုက်ပါသည်....ဘ ( ...) ဦး သားဖြစ်သူ ကိုဇင်မောင်သည် အိမ်ထောင်ရေးဖောက်ပြန်ခြင်း ... ကွာရှင်းထားသော ဇနီးဟောင်းကို ဂုဏ်သိက္ခာညှိုးနွမ်းအောင်အသရေဖျက်ခြင်း..ရုံးတော်တွင် မမှန်မကန်ထွက်ဆိုခဲ့ခြင်းများအတွက် ငွေဒဏ် (သို့) ထောင်ဒဏ် (သို့) ပြစ်ဒဏ်နှစ်ရပ်လုံးကိုကျခံစေရမည့်အပြင် ....ကိုဇင်မောင်၏ ပိုင်ဆိုင်မှုများကို တစ်ဝက်စီခွဲ၍ နစ်နာသူမပိုးဖြူ ထံသို့ ပေးလျော်ရမည်.....နောက်နောင် ကိုဇင်မောင်သည် မပိုးဖြူအားလူဖြင့်ဖြစ်စေ ....စာဖြင့်ဖြစ်စေ ....တဆင့် စကားဖြင့်ဖြစ်စေ .. မည်သို့မျှနှောက်ယှက်ခြင်းမပြုရန် ရုံးတော်မှ အမိန့်ချမှတ်လိုက်သည်...." "ဒုန်း " " ဖြောင်း ...ဖြောင်း ....ဖြောင်း " " ဒုန်း " " အားလုံးငြိမ်ကြပါ " တရားသူကြီး၏ စကားသံအဆုံးတွင် လက်ခုပ်တီးသံများ တဖြောင်းဖြောင်း ထွက်ပေါ်လာသဖြင့် ရုံးတော်မှသတိပေးတားမြစ်လိုက်ရပြန်သည်။ အားလုံးတိတ်ဆိတ်ငြိမ်သက်သွားချိန်တွင် မပိုးဖြူသည် ထိုင်နေရာမှထလိုက်ပြီးလျှင် "တရားသူကြီးမင်းနှင့်တကွ ...နှစ်ဖက်ရှေ့နေများ .. တာဝန်ကျ၀န်ထမ်းများနှင့်လာရောက် နားထောင်ပေးကြသူများအားလုံး ကို ကျေးဇူးတင်ရှိပါတယ်ရှင် ... အားလုံးရှေ့မှာပဲ ကျွန်မပြောစရာရှိပါတယ် ... အဲ့ဒါကတော့ နစ်နာကြေးအဖြစ်ကျွန်မရရှိမဲ့ ငွေကြေးနဲ့ပစ္စည်းဥစ္စာတွေကို ကျွန်မ မယူဘဲသမီးဖြစ်သူပိုးအိဇင်ကိုအားလုံးလွှဲပေးမည်ဖြစ်ပါကြောင်းပြောချင်တာပါ ...." " ဖြောင်း ...ဖြောင်း ......ပြောင်း " ဒီတစ်ခါလက်ခုပ်သံများကိုတော့ တရားသူကြီးမင်းလဲမတား မြစ်တော့ဘဲ ခပ်ပြုံးပြုံးပင် နားထောင်နေခဲ့လေသည်။

"ကျွန်မပြောပါရစေရှင်.....ကျွန်မဘ၀တစ်လျောက်လုံး.. ခင်ပွန်းသည်အပေါ် မှာ သစ္စာရှိခဲ့ကျိုးနွံခဲ့တာကို ခင်ပွန်းဖြစ်သူနဲ့သူ့မိသားစုကအသိဆုံးပါ...သူ အပြင်မှာပျော်ပါးပြီး ....ကျွန်မကိုစိတ်ဒုက္ခအမျိုးမျိုးပေးခဲ့တယ်....ကျွန်မနေထိုင်မကောင်းဖြစ်နေချိန်နဲ့ဆေးရုံဆေးခန်းရောက်နေချိန်တွေမှာတောင် ကိုဇင်မောင်ဟာကျွန်မ နားမှာ ခဏတစ်ဖြုတ်လေးတောင်ရှိမနေခဲ့ဘဲ တိတ်တိတ်ပုန်းမိန်းမဆီမှာပဲအချိန်ကုန်ခဲ့တဲ့သူပါ ... သူပြောသလိုပဲ ..သူကျွန်မကိုကိုယ်ထိလက်ရောက် ရိုက်နှက်တာမျိုးတွေမလုပ်ခဲ့ပေမဲ့ မ်ား ကျွန်မ ကိုယ့်အသက်ကိုယ် အကြိမ်ကြိမ်အခါခါလုပ်ကြံမိအောင် ... စိတ်ဒုက္ခတွေပေးခဲ့တဲ့သူပါ ... ခန္ဓာကိုယ်အရည်ပြားပေါ်မှာဒဏ်ရာရမှဒဏ်ရာလို့သက်မှတ်တာလား .. ကျွန်မမှာအပြစ်ရှိတာဆိုလို့ ...သူ့ကိုချစ်ခင်ယုံကြည်ပြီး လက်ထပ်ပေါင်းသင်းခဲ့မိတဲ့ အပြစ်ပဲရှိပါတယ်... နောက်ဆုံး ကွာရှင်းပေးပါဆိုလို့လဲ ကျွန်မဘက်ကပြဿနာမရှာဘဲ ... ကွာရှင်းပေးခဲ့ပါတယ်ရှင် ..ဒါပေမဲ့ကျွန်မဘက်က သူ့အပေါ် ဒီလောက်လိုက်လျောပေးခဲ့တာတောင် ... သူက ကျွန်မကိုတစ်ပြန်စွပ်စွဲခဲ့တယ် ....သူနဲ့ပြတ်ပြတ်စဲစဲကွာရှင်းခဲ့ပြီးလို့ နှစ်လနီးပါးအကြာမှ ... အမျိုးသားအသိမိတ်ဆွေ တစ်ယောက်နဲ့အတူ ...လူအများကြီးရှိတဲ့ ဧည့်ခံပွဲကို... ကျွန်မတက်ခဲ့တာပါ ...သူတို့ဖောက်ပြန်ချင်တိုင်းဖောက်ပြန်ပြီး ဇနီးသည်ကိုထားခဲ့တာတော့လွယ်သလောက် ....ဒုက္ခတွေခံစားရလွန်းလို့ မိန်းမသားဖြစ်တဲ့ကျွန်မကခံနိုင်ရည်မရှိတော့လို့ ...ကွာရှင်းချင်ပါတယ်ဆိုတော့ခက်ခဲလှချည်လား ...သူတို့ဖောက်ပြန်တာကိုသက်သေပြနိုင်ဖို့အတွက်... သူ့တို့ရဲ့အိပ်ခန်းထိကျွန်မကကျူး ကျော်ရမှာလား ..ကျွန်မခံစားရတဲ့ စိတ်ဒုက္ခ...စိတ်သောကတွေကိုကျွန်မအသိဆုံးပါ ... ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကျွန်မ ကိုဇင်မောင်ကိုပြန်မပေါင်းပါဘူး ... ကျွန်မကိုစိတ်ဒဏ်ရာအမျိုးမျိုးပေးပြီး ..တခြားအမျိုးသမီးတစ်ယောက်နဲ့ပေါ်ပေါ်တင်တင်လူမှုရေးဖောက်ပြန်ခဲ့တဲ့ ကိုဇင်မောင်ကိုင်း ကျွန်မဘယ်တော့မှ ပြန်မပေါင်းပါဘူး ...အဲ့ဒီအတွက် ကျွန်မဘက်ကမှားတယ်... အပြစ်ရှိတယ်လို့ယူဆရင်ကျွန်မကိုထောင်ချလိုက်ပါ.. ကိုဇင်မောင်ကိုတော့ ဘယ်တော့မှပြန်မပေါင်းပါဘူးရှင် .. ကျွန်မပြောချင်တာဒါပါပဲ " မပိုးဖြူ၏ စကားသံအဆုံးတွင် တရားခွင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ကိုဇင်မောင်သည် မထီတရီအပြုံးဖြင့် မပိုးဖြူကို ကြည့်နေသည်။ " ကိုဇင်မောင့် အနေနဲ့ရော ဘာပြောချင်ပါသလဲ " ရှေ့နေ၏စကားအဆုံးတွင် ကိုဇင်မောင်သည် ကျမ်းကျိန်လွှာကိုရှေ့တွင်ထားလျက်မှ မုသားစကားများကိုစတင်ပြောလေသည်။ "သူ ကျွန်တော့်ကိုအမျိုးမျိုးစွပ်စွဲခဲ့ပါတယ် ..သူဆေးရုံတက်နေရချိန် ...နယ်ဘက်ကဆိုင်ခွဲကြောင့် ကျွန်တော်နယ်ကိုဆင်းနေရချိန်ဖြစ်ပါတယ် ...ဇနီးနဲ့သားသမီးတွေအတွက် ကျွန်တော်စွမ်းနိုင်သလောက် အလုပ်တွေကြိုးစားလုပ်နေခဲ့တာပါ ...မပိုးဖြူကို ကျွန်တော့်မိဘတွေသဘောမတူတဲ့ကြားက သူ့ကိုချစ်လွန်းလို့ ...မိသားစုတွေနဲ့ အတိုက်အခံဖြစ်ပြီး ကျွန်တော်လက်ထပ်ခဲ့တာပါ...ကျွန်တော်ချစ်လို့လက်ထပ်ထားတဲ့သူကို.. ကျွန်တော် ဘယ်တော့မှ ဒုက္ခမပေးပါဘူး ...လက်ရှိမှာလဲ ...ကျွန်တော့်မိသားစုလေးပြိုကွဲသွားမှာစိုးလို့ .....ကျွန်တော်ဒီလိုတွေ တရားရင်ဆိုင်နေရတာပါခင်ဗျာ....ကျွန် တော့်ဇနီးကိုနစ်နာစေလိုတဲ့စိတ်လုံးဝမရှိပါဘူး " ကိုဇင်မောင်က သူ့စကားကို အဆုံးသတ်လိုက်ပြီး အောင်နိုင်သူတစ်ယောက်၏ အပြုံးမျိုးဖြင့်ပြုံးလိုက်လေသည်။အားလုံးသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိလေသည်။ တရားသူကြီးသည်အမှုကို ဆုံးဖြတ်ရခက်ခဲလှစွာပင် အမှုရုံးချိန်ကို နောက်တစ်ပတ်သို့ထပ်မံပြောင်းရွေ့ချိန်းဆိုလိုက်လေသည်။တရားသူကြီးသည် ချိန်းဆိုအမိန့်စကားပြီးဆုံး၍ တုံးကိုထုရန်ရွယ်လိုက်စဉ်မှာပင် တရားခွင်တွင် လာရောက်ကြည့်ရှုနေသော လူအုပ်ထဲမှ အသံတစ်သံထွက်ပေါ်လာလေသည်။ @@@@@@@@@@@@@@@@@@@ အပိုင်း (၂၅) (ဇာတ်သိမ်းပိုင်းဆက်ရန် ) #ဧကြည်ဖြူ

''ကူညီတာ မကူညီတာကကိုဇင်မောင့်ကိစ္စပါ ..ရတနာကလဲ သူပြောခိုင်းတဲ့အတိုင်း ပြောပြတာပါ ..မျိုးကထပ်မှာလိုက်ပါသေးတယ် ..တကယ်လို့ ကိုဇင်မောင် သူ့ကို မကူညီဘူးဆိုရင် .. ကိုဇင်မောင်နဲ့ သူ့ပုံတွေကို ...အွန်းလိုင်းမှာဖြန့်လိုက်ပြီး ကိုဇင်မောင်အခုဖြစ်နေတဲ့အမှုကို လက် ရှုံးနိမ့်အောင်လုပ်မယ်လို့ပြောလိုက်တယ် " "ဘာ...ဘာပြောတယ်ကွ... သူလိုမိန်းမကများ ...ဇင်မောင်လိုကောင်ကို ခြိမ်းခြောက်ရဲတယ်ပေါ့ ဟုတ်လား ...သူက အချုပ်ထဲကနေဘာလုပ်နိုင်မှာတဲ့လဲ ..လုပ်လို့ရရင် လုပ်လို့ပြောလိုက်ပါ ရတနာ ..ထောင်သက်တိုးမှာကို မကြောက်ရင်လုပ်လို့ ပြောလိုက်စမ်းပါ " ဇင်မောင်၏ ဒေါသတကြီးအမူအရာကြောင့် ရတနာစိုးမျက်နှာပျက်သွားပြီး "ဒီမှာ ကိုဇင်မောင် ..စကားကို အေးအေးဆေးဆေးပြောပါ .... ရှင်တို့ကိစ္စက ရတနာနဲ့လဲမဆိုင်ပါဘူး ....ရှင်တို့တွေ အရမ်းကို ပူးပူးတွဲတွဲဖြစ်ခဲ့ကြလို့ သံယောဇဉ်တွေရှိခဲ့ကြတယ်ထင်လို့ ရတနာက သူပြောခိုင်းတဲ့အတိုင်းလာပြောပေးတာပါ .." "မင်းကိုတော့ အားနာပါတယ် ရတနာ...နောက်ဆိုရင် မျိုးမမနိုင်နဲ့ပတ်သက်တဲ့ ကိစ္စဆိုရင် လာမပြောပါနဲ့ ...ကိုယ်စိတ်မဝင်စားသလို ..ကိုယ်နဲ့လဲ မဆိုင်ဘူး ... ကိုယ့်ကို သွားခွင့်ပြုပါအုံး ရတနာ .." ကိုဇင်မောင်သည် ပြောပြီးသည်နှင့် ရတနာစိုး၏ ရှေ့မှ ထွက်လာခဲ့လေသည်။ ~~~~~~~~ "နင် ကိုကျော်သက်တို့သတင်းကြားပြီးပြီလား ပိုအိ" "ဟင့်အင်း ဘာသတင်းလဲ ..ငါ သူတို့အကြောင်းကိုမသိချင်ပါဘူး " သူငယ်ချင်းဖြစ်သူ၏ စကားကို ပိုးအိဇင်ငြင်းဆန်လိုက်သည်။ " ဒါဆို သူတို့သတင်းကို .. နင်မကြားသေးဘူးပဲ...ကိုကျော်သယ်နဲ့.သဲသဲတို့ ဆိုင်ကယ်မှောက်လို့တဲ့လေ ..အသက်အန္တရာယ်တော့မစိုးရိမ်ရဘူးပြောတယ် ... နှစ်ယောက်လုံးခြေထောက်တွေတော့ ထိသွားတယ်တဲ့ " " ဪ .. ဟုတ်လား ..မသေကြဘူးဆိုတော့ ကံကောင်းတာပေါ့ " ပိုးအိဇင်က ခံစားချက်မဲ့စွာပြန်ပြောလိုက်သည်။ "ဟုတ်တယ် နင်လဲကံကောင်းတယ်သိလား ပိုးအိ ..သူတို့က စလုံးကိုရောက်တဲ့အထိ...မောင်နှမဟန်ဆောင်ပြီးအတူနေကြရင်း... နင့်ဆီကရသလောက်ချူဖို့ ကြံစည်ထားကြတာတဲ့ ..အဲ့ဒါဟိုတလောကမှ သူတို့ဆီကို ခပ်ချောချော အမျိုးသမီးတစ်ယောက် ရောက်လာပြီး...သူတို့လိမ်ထားတာတွေကိုရဲတိုင်မယ်...ထောင်ထဲထည့်မယ်လို့ကြိမ်းမောင်းသွားလို့ ကြောက်ပြီးလစ်သွားတာတဲ့သိလား ....ငါ့ကို ကိုကျော်သက် သူငယ်ချင်းပြောပြတာလေ" " ဘာပြောတယ်.. သူတို့ကအဲ့ဒီလောက်ထိကြံစည်ထားကြတာပေါ့လေ ဟုတ်လား ..." ပိုးအိဇင်သည် ဒေါသဖြင့်အံလေးကြိတ်ရင်းမှ ခပ်ချောချော အမျိုးသမီးဆိုသည်ကို စဉ်းစားကြည့်လိုက်သည်။မျက်လုံးထဲတွင် မျိုးမမနိုင်၏ပုံစံပေါ်လာလေသည်။ "ဒါနဲ့ ခပ်ချောချော အမျိုးသမီးက ဘယ်လိုပုံတဲ့လဲ .... အရမ်းလှပြီး အရမ်းဟော့တဲ့ပုံစံတဲ့လား " သူငယ်ချင်းဖြစ်သူကို ပိုးအိဇင်က မေးလိုက်သည်။ "ငါ့မှာ ပုံရှိတယ်ဟ ..အဝေးကနေဓါတ်ပုံရိုက်ထားလိုက်တယ်တဲ့လေ ..ဒီမှာ.....ဒီပုံပဲ " "ဟင် ..." သူငယ်ချင်းဖြစ်သူပြသောပုံကိုကြည့်ရင်း ပိုးအိဇင် ကြက်သေသေသွားမိသည်။ပုံထဲတွင် ပိုးအိဇင်မြင်တွေ့လိုက်ရသည်မှာ သူမလုံး၀အထင်သေးခဲ့သော မိခင်ဖြစ်သူ မပိုးဖြူဖြစ်နေခြင်းကြောင့်ဖြစ်လေသည်။ဘာကိုမျှ သိနားလည်ခြင်းမရှိဘဲ သူမတို့ကို ဆရာလိုက်လုပ်၊လိုက်ချုပ်ချယ်နေသည်ဟုထင်ခဲ့မိသော မိခင်ဖြစ်သူကိုတွေ့လိုက်ရသောကြောင့် ပိုးအိဇင်ဆွံ့အ၍ သွားမိလေဘည်။ ~~~~~~ "သမီး .. မနက်ဖြန် အဖေတို့ ရုံးချိန်းရှိတယ်နော် .. သမီးသက်သေလိုက်ပေးပါနော် ...အဖေတောင်းပန်ပါတယ် သမီးရယ်... သမီးအိပ်ဆေးတွေသောက်လိုက်တာ သမီးအမေကြောင့်လို့ပြောပြပေးရုံပါပဲ " ဖခင်ဖြစ်သူ၏ စကားကြောင့် ပိုးအိဇင်ထိုင်နေရာမှ ဆတ်ခနဲထရပ်လိုက်ပြီး "တော်ပါတော့ အဖေ...သမီးဘာကြောင့်ဆေးတွေသောက်တာလဲဆိုတာကိုရော ..အဖေတို့သိကြရဲ့လားဟင်... စိတ်ရောဝင်စားကြလို့လားပြောပါအုံး ..." "ဘယ်လိုပြောလိုက်တာလဲ သမီး ..သမီးအကြောင်းကို အဖေက စိတ်မဝင်စားဘဲနေမလား ..ပိုက်ဆံကိစ္စနဲ့ သမီးကို အဖေတို့ဆူလိုက်မိလို့.. လုပ်တာမဟုတ်လား ...ဒီကိစ္စကဘာအရေးကြီးလို့လဲ သမီးရယ်...အဘွားတို့ပိုက်ဆံကို သမီးသုံးတာပဲလေ...သမီးကို အဖေတို့ အပြစ်မပြောပါဘူး ... သမီး ဘာသာစိတ်ပူပြီးလျှောက်လုပ်နေတာပါ " ပိုးအိဇင်ဖခင်ဖြစ်သူကို ရီဝေစွာငေးကြည့်နေမိသည်။ "အဖေတော်ပါတော့နော် ....အမေ့ကို လွှတ်ပေးလိုက်ပါတော့နော် ...အဖေရောသမီးပါအမေ့ကိုမလိုချင်လို့ စွန့်ပစ်ခဲ့ပြီးသွားပြီးလေ .... ကိုယ့်ဘ၀နဲ့ ကိုယ်နေပါတော့နော် ...သမီးတောင်းပန်ပါတယ် " မမြင်စဖူး မျည်ရည်အဝဲသားနှင့်ပြောနေသော သမီးဖြစ်သူကို ကိုဇင်မောင်အံ့ဩတကြီး ငေးကြည့်နေမိလေသည်။ ~~~~~~~ "မပိုးဖြူအနေနဲ့ ...တကယ်ပဲ တခြားအမျိုးသားတစ်ယောက်ရှိနေလို့ ခင်ပွန်းသည်ကိုအပြစ်ရှာ စွပ်စွဲပြီး... အိမ်ကထွက်သွားခဲ့တာလား ..." ရှေ့နေ့၏မေးခွန်းအဆုံးတွင် မပိုးဖြူအသံကိုတည်ငြိမ်အောင် ထိန်းလိုက်ပြီး

ဒါပေမဲ့ ဒီထက်ဆိုးတဲ့အပြစ်ဒဏ်တော့ နှစ်ယောက်လုံးခံစားရစေမယ်...လူကုံထံအသိုင်းအဝိုင်းရဲ့ပါတီပွဲတွေကို သူများယောကျာ်းနဲ့မှပွဲတက်ချင်တဲ့ ဒီလိုမိန်းမမျိုးကို ...လူအများသိအောင်တော့ သင်ခန်းစာပေးရမှာပေါ့လေ " "ရှင် ... မ..မလုပ်ပါနဲ့ရှင် .. ကျွန်..ကျွန်မတောင်းပန်ပါတယ်ရှင် ... နောက်ကို လုံးဝမပတ်သတ်တော့ပါဘူးရှင် ... မိန်းမသားချင်း ကိုယ်ချင်းစာပေးပါနော်.... တောင်းပန်းပါတယ် မကျော့ကျော့စံ " "ဖြန်း ..ဖြန်း ." မျိုးမမ၏ တောင်းပန်စကားသံမဆုံးမီမှာပင် မျိုးမမ၏ပါးပြင်နှစ်ဖက်ကို ကျော့ကျော့စံကချပစ်လိုက်သည်။ "ပါးစပ်ပိတ်ထားလိုက်စမ်း ..ဘာမိန်းမသားလဲ ..ဒီလိုကောင်ကိုမပတ်သက်ရလဲ... နောက်တစ်ကောင်ဆီသွားပြီး ...နောက်ထပ်မိသားစုတစ်စုကို ဖျက်ဆီးအုံးမှာမဟုတ်လား " "မိန်းမ ဒီလောက်ဆိုတော့ပါတော့ဟာ ..... သူ့ကိုလဲ ငါအတည်မယူပါဘူး ...သူကလဲ နှစ်ခါမပြောရဘဲလိုက်လျောလွန်းတော့... ငါ့ရဲ့သွေးသားဆန္ဒကိုမလွန်ဆန်နိုင်ဘဲ မှားမိသွားတာပါ ....ပြတ်ပြတ်စဲစဲလုပ်ဖို့လည်း တွေးထားပြီးသားပါ " " ဖြန်း ..ဖြန်း " ကိုနောင်သည် စကားကို ဆုံးအောင်ပြောခွင့်မရလိုက်ပါ ။ကျော့ကျော့စံက ယောကျာ်းဖြစ်သူ၏ မျက်နှာပြင်ကို လက်ဝါးဖြင့် ခပ်ကြမ်းကြမ်း ရိုက်ချပစ်လိုက်သည်။ "တော်စမ်း ... ရွံစရာကောင်းလွန်းလို့ ရှင့်ပါးစပ်ကိုပိတ်ထားစမ်းပါ....သွေးသားကရှင့်ဆီမှာပဲရှိတာလား ... ဘယ်လိုမိန်းမက မြူဆွယ်နေပါစေ... ရှင့်မှာစောင့်စည်းတတ်တဲ့ ကိုယ်ကျင့်သိက္ခာမရှိလို့ ဖြစ်တာ ... အဲ့ဒီအတွက် ရှင့်တစ်ဘ၀လုံး မိသားစုရှေ့မှာသိမ်သိမ်ငယ်ငယ်နဲ့ နေစေရမယ်မှတ် ... ထောင်ကျတာထက် ဆိုးဝါးတဲ့ပြစ်ဒဏ်ကိုရှင်ခံစားစေရမယ်....ဗီဒီယိုရိုက်တာရပ်လိုက်တော့ ငါတို့ပြန်ကြမယ်.... " ကျော့ကျော့စံသည် ယောကျာ်းဖြစ်သူနှင့်မျိုးမမတို့အား ဗီဒီရိုရိုက်နေခြင်းကိုရပ်တန့်ခိုင်းလိုက်ပြီး အခန်းပြင်သို့ ပြန်ထွက်ခဲ့သည်။ ကျော့ကျော့စံထွက်သွားသည်နှင့်ကိုနောင်သည်လည်း အ၀တ်အစားများအမြန်ဝတ်ဆင်ကာ ဇနီးဖြစ်သူနောက်သို့အပြေးလိုက်ခဲ့လေသည်။အခန်းထဲတွင် တော့ မျိုးမမနိုင်တစ်ယောက်တည်းသား ကျန်ရစ်ခဲ့လေသည်။ ~~~~~~~ မျိုးမမသည် အံကိုတင်းတင်းကြတ်ရင်းမှ ကားကိုမောင်းလာခဲ့ သည်။ မိမိကို ပစ်ပစ်ခါခါထားခဲ့ပြီးထွက်သွားသောကိုနောင့်ကို ကြည့်ပြီး ကိုဇင်မောင်ကိုမျက်လုံးထဲမြင်ယောင်လာမိလေသည်။မျိုးမမ၏အဖြစ်က ကားတစ်စီး၊ငွေကြေးအနည်းငယ်ကြောင့်လူပုံအလယ်အရှက်ခွဲမခံရလိုက်ရခြင်းကိုပဲ ကံကောင်းသည်ဟုမှတ်ယူရမလိုဖြစ်ခဲ့လေပြီ။ကိုနောင်တစ်ယောက် သူမဆီကိုပြန်လာဖို့ လမ်းစမရှိတော့တာကိုတော့ မျိုးမမလုံး၀သိရှိလိုက်ပါလေပြီ။ မျိုးမမကြိတ်မနိုင်ခဲမရ အတွေးများဖြင့် ကားကိုမောင်းလာခဲ့ရင်း ကားရှေ့တည့်တည့်မှ လက်ပြတားနေသော ယာဉ်ထိန်းရဲများကြောင့် ကားကိုလမ်းဘေးသို့ ထိုးရပ်ပေးလိုက်ရသည်။ " ယာဉ်မောင်းလိုင်စင်ပြပါခင်ဗျာ " တာဝန်ရှိသူများ တောင်းသည့် အတိုင်း မျိုးမမလိုင်စင်ထုတ်ပြလိုက်သည်။ "ဟုတ်ကဲ့ မမျိုးမမနိုင်ခင်ဗျား ...ဒီကားက အခိုးခံထားရလို့ တိုင်ထားတဲ့ကားပါခင်ဗျာ .. မမျိုးမမနိုင်စခန်းကို လိုက်ခဲ့ပေးပါ" " ရှင် " တာဝန်ကျအရာရှိ၏ စကားကြောင့် မျိုးမမနိုင်တစ်ကိုယ်လုံး မိုးကြိုးပစ်ချခံလိုက်ရသလိုခံစားလိုက်ရလေသည်။ ~~~~~~ "ဘယ်လိုဖြစ်ရတာလဲ မျိုးမမရယ်..... ရတနာဖြင့် ယုံတောင်မယုံနိုင်ဘူး " ရဲမေတစ်ယောက်အချုပ်ခန်းထဲမှ ခေါ်ထုတ်လာပေးသော မျိုး မမကိုကြည့်ပြီး ရတနာစိုးကမေးလိုက်သည်။ "ရတနာရယ် ....မျိုးကိုကယ်ပါအုံးနော် .. အဲ့ဒီကားက ကိုနောင်ကပေးသုံးထားတာပါ မျိုးခိုးထားတာလဲ မဟုတ်ပါဘူး .. မျိုးကို အာမခဲနဲ့ ထုတ်ပေးပါနော် ရတနာ " မျိုးမမကငိုရှိုက်လျက် ရတနာစိုးကို အကူအညီတောင်းလိုက်သည်။မျိုးမမ၏စကားကိုကြားသည်နှင့်ရတနာစိုးက ခေါင်းကို ခါယမ်းပစ်လိုက်ပြီး "ဟင့်အင်း ... တို့မကူနိုင်ညီနိုင်တဲ့အတွက် စိတ်မကောင်းပါဘူးမျိုး...မင်းက မထိသင့်တဲ့သူကို သွားထိတာကို .. လည်လွန်းတဲ့ င်္ဘီးချီးသင့်ဆိုတာ အဲ့ဒါကိုပြောတာပဲ ...ကိုဇင်မောင်လိုလူမျိုးကို ရထားရင်လဲ အေးဆေးနှပ်နေလိုက်ပေါ့ ..မင်းကလောဘကြီးတာကို ...ရတနာ မကူညီရဲဘူး ... မကျော့ကျော့စံလိုလူမျိုးစိတ်ဆိုးသွားရင်.... ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလဲ မင်းကိုယ်တွေ့ပဲမဟုတ်လား ..ရတနာ ပြန်တော့မယ် ..." "ရ..ရတနာ ....မင်းမကူညီနိုင်ဘူး ဆိုရင်လဲ ...ကိုဇင်မောင်ကို မျိုးမှာ လိုက်တဲ့ စကားလေးတွေပဲသွားပြောပေးပါနော် ရတနာ ... ဒါလေးတော့ ကူညီပါရတနာရယ် ....မျိုးအနုအညွှတ်တောင်းပန်ပါတယ် " ~~~~~ " ကိုဇင်မောင်... မျိုးရဲ့သတင်းကို ကြားတယ်မဟုတ်လားဟင် ... ရတနာ..မျိုးကို သွားတွေ့တော့... မျိုးက ကိုဇင်မောင်ကိုမှာလိုက်ပါတယ် ... သူ့ကိုကူညီပေးပါတဲ့ ...သူ့ကိုအာမခံနဲ့ ထုတ်ပေးပါလိုပြောလိုက်ပါတယ် .." "ဘာပြောလိုက်တယ် ရတနာ ....ကိုယ်က ဘာကိစ္စသူ့ကို ကူညီရမှာလဲ ..သူလိုအပျက်မသူခိုးမတစ်ယောက်ကို ...ဘာကိစ္စ ကူညီရမှာလဲ " ကိုဇင်မောင်က ခနဲ့တဲ့တဲ့ဖြင့်ရယ်လိုက်ရင်းပြောလိုက်သည်။

#နွေလယ်အိပ်မက် (အခန်းဆက် ဝတ္တု ) အပိုင်း (၂၄) ****** အခန်းတံခါးပွင့်ဟလာသည်နှင့် ကျော့ကျော့စံသည် ကလေးနှစ်ယောက်ကို လက်ဆွဲလျက် အခန်းထဲသို့တိုးဝင်လိုက်လေသည်။ "မိန်း...မိန်းမ ...သားကြီး ..သ...သမီး " ကိုနောင်သည် အခန်းတံခါးဖွင့်လိုက်ချိန်တွင် အခန်းထဲသို့ဝင်လာကြသော ဇနီးနှင့်သားသမီးနှစ်ယောက်ကိုကြည့်ပြီး တုန်လှုပ်ချောက်ချားစွာ ခေါ်လိုက်လေသည်။ထို့အတူ တဘက်ပိုင်းအတိုလေးကိုသာရင်တွင်ပတ်လျက်ရှိနေသောမျိုးမမသည်လည်း ထိတ်လန့်တုန်လှုပ်သွားကာ ကြက်သေသေလျက် ကျော့ကျော့စံတို့သားအမိသုံးယောက်ကို မျက်လုံးအကြောင်သားနှင့်ကြည့်နေလေသည်။ " ဟာဗျာ...ဒါဘာတွေလဲ ... အဖေဗျာ ... လုပ်ရက်တယ် " " အ ..အဖေ့ကိုမုန်းတယ်... အဖေ အိမ်ကိုပြန်မလာခဲ့နဲ့တော့...ပြန်ရအောင်နော် အမေ ..သမီးတို့ပြန်ရအောင် ..." သားနှင့်သမီးဖြစ်သူမှာ ဖခင်ကိုကြည့်ပြီး မယုံကြည်နိုင်စွာပြောဆိုလိုက်ကြပြီး အငယ်မလေးမှာ ဝမ်းပန်းတနည်းဖြင့် ငိုလေတော့သည်။ "မငိုပါနဲ့ သမီးရယ် ... အမေတို့သားအမိတွေကသာ ... သားတို့သမီးတို့အဖေကို... လေးစားယုံကြည်ပြီးချစ်ခင်နေရတာ ..သမီးတို့အဖေက ..အမေတို့ သားအမိတွေကို အချိန်မပေနိုင်ဘဲ သူ့မယားငယ်နဲ့ပဲပျော်ပါးနေခဲ့တာလေ " " မိန်း ..မိန်းမရယ် ... ကိုယ် ..ကိုယ်တောင်းပန်ပါတယ်...ဗီဒီယိုလဲမရိုက်ပါနဲ့ကွာ " "ရှင့်ပါးစပ်ကိုပိတ်ထားလိုက် ကိုနောင် ...အပြင်ကတစ်ယောက်လောက်၀င်လာခဲ့အုံး... သားနဲ့ သမီးကိုခေါ်သွားပြီး.. သူတို့အဘွားအိမ်ကိုလိုက်ပို့ပေးလိုက်ပါ ..ကျန်တဲ့သူတွေနေခဲ့ကြ ... သားနဲ့သမီးပြန်နှင့်နော်... အမေနောက်ကလိုက်လာခဲ့မယ် " ကျော့ကျော့စံသည် ပြောရင်းနှင့် သားဖြစ်သူနှင့်သမီးဖြစ်သူကို အခန်းပြင်သို့ ထွက်ခိုင်းလိုက်ပြီး ဗီဒီယိုရိုက်နေသူနှင့် သူမသာ အခန်းထဲတွင်ကျန်ခဲ့လေသည်။ ထို့နောက် သူမကဆိုဖာခုံတွင် ဝင်ထိုင်လိုက်လေသည်။ "ကဲပါ ထိုင်ကြပါအုံး .. ညောင်မြစ်တူးရင်းပုတ်သင်ဥပေါ်သွားတဲ့အတွက် စိတ်မကောင်းပါဘူးမျိုး မမနိုင် .. ဒီမှာကိုနောင်ရှင်ကသိပ်လည်နေပြီပေါ့လေဟုတ်လား...မြန်မာတစ်နိုင်ငံလုံးရဲ့ ဘယ်ဟော်တယ်ဘယ်တည်းခိုခန်းကိုမဆို ...ကျော့ကျော့စံက အလွယ်တကူစုံးစမ်းမေးမြန်း ဝင်ထွက်လို့ရတာကို ရှင်မသိဘူးလား " " ကိုယ်တောင်းပန်ပါတယ်မိန်းမရယ် ..ပြန်ကြရအောင်နော်" "ဘာလဲ အခုမှရှက်နေတာလား ...ရှက်စရာ ကိုယ်ကျင့်သိက္ခာကျန်သေးလို့လား..ရှင်တို့ ဒီထက် အရှက်မကွဲချင်ရင်.. ကျွန်မပြောတဲ့အတိုင်းပဲလုပ်ပါ ....စကားအပိုတစ်ခွန်းမှမပြောနဲ့ ....ထိုင်ဆိုရင် အခုချက်ချင်းထိုင်လိုက်ကြ " ကျော့ကျော့စံက လေသံမာမာနှင့်ပြောရင်းထိုင်ခိုင်းလိုက်သည်။ကိုနောင်နှင့်မျိုးမမနိုင်တို့သည်မဝံ့မရဲဖြင့် ကျော့ကျော့စံ၏ရှေ့ကြမ်းပြင်တွင် ထိုင်ချလိုက်ကြလေသည်။ "အမယ်လေးလေ...ကြမ်းပြင်ပေါ်မှာမထိုင်လိုက်ကြပါနဲ့ ...ခုံပေါ်မှာပဲထိုင်ကြပါနော် ..တော်ကြာ အတိတ်ကံမကောင်းခဲ့လို့... မယားငယ်ဖြစ်ရတာပါဆိုပြီး... ကိုယ်ရဲ့အောက်တန်းကျတဲ့စိတ်ဓါတ်ကို ဘာသာရေးနဲ့ခုတုံးလုပ်ပြီး ကံကိုလွှဲချနေကြတဲ့ မယားငယ်အသိုင်းအဝိုင်းတွေက ကျွန်မကိုလူဆိုးမကြီးလို မြင်သွားပါအုံးမယ်ရှင် .. ဆိုဖာခုံပေါ်မှာပဲ ထိုင်လိုက်ကြပါနော် " ကိုနောင်နှင့်မျိုးမမနိုင်သည် ကျော့ကျော့စံ၏ စကားကို မလွန်ဆန်နိုင်ဘဲ ခုံပေါ်တွင်မရဲတရဲဖြင့်ထိုင်လိုက်ကြလေသည်။ကိုနောင်သည် ဇနီးဖြစ်သူကျော့ကျော့စံကို ကြောက်လှသည် မဟုတ်သော်လည်း အခန်းပြင်တွင် ကျော့ကျော့စံ၏လူများသုံးလေးယောက်ထက်မနည်းရှိနေနိုင်သည်ကို ရိပ်စားမိသောကြောင့် ဖြစ်လေသည်။ "ဒီမှာမျိုးမမနိုင် ... မင်းသိပ်မိုက်တယ်သိလား ...ဇင်မောင်လိုကောင်မျိုးကို မြူဆွယ်ဖြားယောင်းနိုင်ရင်လဲ ... အငြိမ်အောင်းနေလိုက်တော့လေ .. ဘာဖြစ်လို့လဲဆိုတော့ ...ပိုးဖြူဆိုတဲ့ဇင်မောင့်မိန်းမက... မင်းတို့ကိုရွံလွန်းလို့ အဖက်လုပ်မှာမဟုတ်ဘူး ...ဒါပေမဲ့ကျော့ကျော့စံကိုတော့ ဒီလိုလာလုပ်လို့မရဘူး...ကျော့ကျော့စံက အမှိုက်တွေ့ရင် ရှင်းပစ်တတ်တယ်သိရဲ့လား ... ဘယ်လိုလဲကိုနောင်... ရှင်ကတော့ အိမ်ကမယားကြီးက ရိုးနေပြီဆိုပြီး အသစ်လေးပြောင်းသုံးတယ်ပေါ့လေ .. ရှင်က သူရဲ့ ဘယ်နှစ်ယောက်မြောက်လဲ မေးကြည့်ပါအုံး... သေချာတာကတော့ ဇင်မောင်ဆိုတဲ့ကောင်က ရှင့်ထက်စီနီယာကျတယ်သိရဲ့လား " ကျော့ကျော့စံ၏ စကားကြောင့်ကိုနောင်က မျိုးမမကိုမျက်လုံးပြူးကြီးများဖြင့် ကြည့်လိုက်သည်။မျိုးမမက ခေါင်းကိုတွင်တွင်ငုံ့၍ထားလေသည်။ "ပြောစမ်းပါအုံး မျိုးမမနိုင် ...မင်းဘာတွေပြောချင်သေးလဲ ....ငါကလဲ ပိုးဖြူလိုပဲ ယောကျာ်းကို အလွယ်တကူကွာရှင်းပေးမယ်လို့ မင်းကထင်နေတာလား ... လုံးဝမကွာပေးဘူးသိရဲ့လား....နောင်လတ်ဆိုတဲ့ကောင်... သူ့မိသားစုရှေ့မှာသူ့အိမ်မှာ...ခြံစောင့်တစ်ယောက်လောက်တောင် ရဲရဲဝံ့ဝံ့သိက္ခာရှိရှိ မနေထိုင်ရဲဘဲ ...တစ်သက်လုံးသိမ်ငယ်စွာနဲ့နေစေရမယ် .. အဲ့ဒါကျော့ကျော့စံပေးတဲ့အပြစ်ဒဏ်ပဲ ..ရှင်တို့ကို ဘယ်မှမတိုင်ဘူး ..ဘာလို့လဲဆိုတော့ အဲ့ဒီလိုတိုင်လိုက်ရင်ရှင့်ဟာမက တရားဝင်လင်မရှိတော့ အပြစ်ခံရမှာမဟုတ်ဘူး......

ဝန်ထမ်းလေးက အခန်းတံခါးကိုခေါက်နေချိန်တွင် ကျော့ကျော့စံက သားနှင့်သမီးကိုလက်ဆွဲလိုက်ပြီး တံခါးဘေးအခန်းနံရံတွင် မှီရပ်လိုက်သည်။မိခင်၏ အပြုအမူများကိုကြည့်ပြီး ကလေးနှစ်ယောက်မှာ နားမလည်နိုင်ဖြစ်နေကြလေသည်။ထိုစဉ်မှာပင် အခန်းတံခါးမှာ ပွင့်ဟလာလေသည်။ @@@@@@@@@@@@@@@@ အပိုင်း (၂၄) ဆက်ရန် #ဧကြည်ဖြူ ဒီနေ့ အလုပ်များလို့ ဇာတ်လမ်က တိုသွားပါတယ်ရှင် မကြာမီဇာတ်သိမ်းတော့မှာပါရှင် ဇာတ်ကတမင်နာအောင် ရေးတာ မဟုတ်ဘဲ လူတွေကောက်ကျစ်ယုတ်မာတတ်တာကို ရေးဖွဲ့ထားတာပါရှင်

သမီးကတော့ အဖေတို့ကြားမှာ မပါပါဘူး....ဘယ့်သူဘက်ကမှလဲ မလိုက်ပါဘူး...ဒါပေမဲ့အဖေရယ် ...အဖေ့မှာ ငွေရှိတယ် အသိုင်းအဝိုင်းရှိတယ်ဆိုပြီးတော့ မတရားသောနည်းတွေနဲ့ အနိုင်မယူပါနဲ့နော် ..အမေ့ဘဝတစ်လျှောက်လုံး အဘွားတို့တွေရောအဖေပါအနိုင်ယူခဲ့ကြတာလေ ... အဲ့ဒီထဲမှာ သမီးလဲပါခဲ့တယ် ... သမီးနောက်လဆိုကျောင်းသွားတက်ရတော့မယ် .. ဒီကြားထဲမှာ ဘာပြဿနာမှ မတက်ချင်ဘူး.. " ပိုးအိဇင်သည် ဖခင်နှင့်ဘွား အေဖြစ်သူကို ပြောပြီးသည်နှင့် သူမအခန်းရှိရာ အပေါ်ထပ်ဆီသို့ တက်သွားခဲ့လေသည်။ ~~~~~~ "ဒီလောက်ဖြစ်နေတာကို မမက အခုမှသိရတယ်ပေါ့ ဟုတ်လား ... အဲ့ဒါကြောင့်မို့ မမပြောခဲ့တယ်လေ... သူတို့ကွာရှင်းတာ နှစ်လကျော်ပဲရှိပါသေးတယ်လို့ ... အခုဇင်မောင်ဆိုတဲ့ကောင်က သူ့အပြစ်တွေကိုလိမ်ညာဖုံးကွယ်ပြီးတော့ ..ငါ့မောင်ကိုပါ ဒီအမှုထဲဆွဲသွင်းတယ်ပေါ့လေ ဟုတ်လား .. မပိုးဖြူဘ၀ကတော့ သနားစရာပဲ ..ဒါနဲ့ဇင်မောင်က မိုးထက်ဆိုတာဘယ်သူလဲဆိုတာကို မသိတာလား ... ဒါမှမဟုတ်မိုက်ရူးရဲဆန်တာလား ... သူတို့ပြဿနာ သူတို့ဘာသာမရှင်းဘဲ... ငါ့မောင်ကိုဆွဲသွင်းလိုက်တာဆိုတော့ သေချာတာကတော့ အသူ့သေတွင်းသူတူးလိုက်တာပဲ...သူနဲ့တွဲခဲ့တာမျိုးမမနိုင်နော် ... နောက်ရုံးချိန်က ဘယ်နေ့လဲနွယ်နွယ် " ကျော့ကျော့စံက မောင်ဖြစ်သူကိုပြောနေရင်းမှ သူတို့၏ရှေ့နေ ကိုမေးလိုက်သည်။ "နောက်တစ်ပတ် (.....)နေ့ပါမကျော့ " "အိုကေ...အချိန်ရသားပဲ ... ဒီကိစ္စကို မမရှင်းလိုက်မယ် .. မောင်လေး မင်းဘေးဖယ်နေလိုက်တော့ " "ဟာ .. မဟုတ်ဘူးလေမမ ..ဒီကိစ္စလောက်က ကျွန်တော်ဖြေရှင်းနိုင်ပါတယ်...မမ မပါနဲ့နော် " အစ်မဖြစ်သူ၏ စကားကြောင့် မိုးထက်မှာစိုးရိမ်သွားပြီး တားမြစ်လိုက်သည်။ "ဘာကို မပါရမှာပဲမိုးထက် ... လေးလေးတို့က မင်းကိုမမဆီမှာ အပ်သွားတယ် ... မင်းကိစ္စက မမကိစ္စပဲ ..အေး ဒီကိစ္စကိုတော့ မမမိဘတွေရော ..လေးလေးတို့ပါမသိစေနဲ့ " တားလျှင်လည်း ရမည့်ပုံမပေါ်သော အစ်မဖြစ်သူကြောင့်မိုးထက် အကြီးအကျယ်ခေါင်းကိုက်သွားမိလေသည်။ ~~~~~~~ "တူ...တူ..တူ " မကိုင်မချင်း ခေါ်နေသော ဖုန်းကို မပိုးဖြူစက်ဆုပ်ရွံရှာစွာ ကြည့်လိုက်ကာ ကောက်ကိုင်လိုက်ပြီး ဒေါသဖြင့်အော်လိုက်သည်။ "ဘာလဲ ...ဘာကိစ္စဆက်နေတာလဲ ... ရှင်ပြောချင်တာရှိရင် ရှေ့နေနဲ့ ပြောလို့ ပြောပြီးသွားပြီလေ " " ဒေါသမထွက်ပါနဲ့ ပိုးဖြူရယ် ..ရှေ့နေရှေ့မှာ မင်းမပြောချင်မှာဆိုလို့ ... မောင်တို့နှစ်ယောက်ပဲ အရင်ဆွေးနွေးရအောင်ဖုန်းဆက်လိုက်တာပါ ..မင်းကိုပြောမယ်...ဒီကြားထဲမှာ ... မင်းသာ မောင်တို့ဆီကိုပြန်လာခဲ့ရင် တရားရုံးကိစ္စတွေကို မောင်အကုန်ရှင်းပစ်လိုက်ပါမယ် ..မဟုတ်ရင်တော့ မင်းကိုပြန်ခေါ်ပြီး ...မိုးထက်ဆိုတဲ့ကောင်ကို ထောင်ချပစ်မယ်..အဲ့ဒီအကြောင်းလေး ညှိချင်လို့ ဖုန်းဆက်လိုက်တာပါ...ပိုးဖြူ သဘောကို မောင်စောင့်နေမယ်နော် " "လူယုတ်မာကောင် " "ဒုန်း " "ဝုန်း " ကိုဇင်မောင်ဘက်မှ ဖုန်းချသွားသည်အထိ မပိုးဖြူ ဒေါသမပြေနိုင်ဘဲ ခုံ၊ စားပွဲများကိုထုရိုက်ကန်ကျောက်ကာ ငိုမိလေသည်။အတူနေကောင်မလေးက မပိုးဖြူဆီသို့ ရောက်လာပြီးလျှင် မပိုးဖြူကို ဆွဲတားလိုက်ပြီး "စိတ်ကိုထိန်းပါမမရယ် ...တရားကိုနတ်စောင့်ပါတယ် ..ဆရာကလဲ မမကိုကူညီပေးမှာပါ ... ဆရာကိုယုံလိုက်ပါမမရယ် '' မပိုးဖြူသည် ခံစားရလွန်း၍ ကောင်မလေး၏ပခုံးတွင် ခေါင်းကိုမှီကာ အံကိုတင်းတင်းကြိတ်၍ငိုမိလေသည်။ ~~~~~~ "ဘယ်သွားမလို့လဲ အမေ .. သားတို့ကိုလဲ ကြိုမပြောထားဘဲနဲ့ " "ဟုတ်သားပဲ မေမေ ..မီးမီးတို့ ဘယ်သွားမလို့လဲဟင် " ဆယ့်ရှစ်နှစ်အရွယ်သားဖြစ်သူနှင့်ဆယ့်ငါးနှစ်အရွယ်သမီးငယ်၏အမေးကြောင့် ကျော့ကျော့စံက သာနှင့်သမီးကိုကြည့်လိုက်ပြီး တိုးညှင်းစွာပြောလိုက်သည်။ "မေမေက သားနဲ့ သမီးတို့ရဲ့ အကူအညီလိုအပ်နေလို့ပါကွယ် ...ကြိုတင်မပြောထားဘဲ ခေါ်လာခဲ့မိလို့ မေမေတောင်းပန်ပါတယ်နော်" "မေမေကလဲ ...မီးတို့ကိုတောင်းပန်းစရာမလိုပါဘူး ... မေမေကဒီလို့ အချိန်ကြီးမီးတို့နဲ့အပြင်မသွားဖူးလို့ မေးတာပါ .. ဟုတ်တယ်နော်ကိုကို " အငယ်မလေးက မိခင်ကိုပြန်ဖြေရင်း အစ်ကိုဖြစ်သူကိုပါ ပြောလိုက်သည်။ "ဟုတ်ပါတယ် အမေ ... အဖေလဲ မပါလို့မေးကြည့်တာပါ...သားတို့က အမေနဲ့သွားရရင် ပျော်တောင်ပျော်သေးတယ် " ချစ်စရာကောင်းလွန်းလှသော သာနှင့်သမီး၏စကားကြောင့် ကျော့ကျော့စံတစ်ယောက်ကျေနပ်စွာပြုံးလိုက်လေသည်။ ~~~~~ ကျော့ကျော့စံတို့၏ကားလေးသည် ဟော်တယ်တစ်ခု၏ ရှေ့တွင်ရပ်တန့်သွားလေသည်။မရှေ့မနှောင်းမှာပင် ကားတစ်စီးထပ်မံရောက်ရှိလာလေသည်။ထိုကားပေါ်မှ ဆင်းလာသူများမှာ ကျော့ကျော့စံ၏ဝန်ထမ်းအလုပ်သမားများဖြစ်လေသည်၊၊ "မင်းတို့နောက်ကလိုက်ကလိုက်ခဲ့ကြ ...." ~~~~~~ " ဒေါက် ... ဒေါ် "

"ဒါဆိုရင် ကိုဇင်မောင်ကမဖောက်ပြန်ဘူးလို့ ငြင်းဆိုတာပေါ့ ..မပိုးဖြူဘက်ကပြောတာကတော့ ကိုဇင်မောင်နဲ့ တခြား အမျိုးသမီးတစ်ယောက် ချောင်းသာမှာပျော်ပါးနေခဲ့တဲ့ပုံတွေကို လက်ဝယ်ရရှိခဲ့ပြီး ...ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးရတဲ့အချိန်မှာ အားလုံးဖျက်ဆီးပစ်ခဲ့ရတယ်လို့ပြောခဲ့ပါတယ် ... တကယ်လို့များ အဲ့ဒီပုံတွေ သက်သေပြလို့ ရခဲ့မယ်ဆိုရင် ကိုဇင်မောင်ကိုလိမ်လည်မှုအပြင် ..မပိုးဖြူကိုစိတ်နှလုံးညှိုးနွမ်းအောင် အကြိမ်ကြိမ်လုပ်ဆောင်မှု စိတ်အနှောက်က်အယှက်ပေးမှု ....အသရေဖျက်မှုတွေနဲ့ တရားပြန်စွဲရပါလိမ့်မယ် " "ဟုတ်ကဲ့ ... လက်ခံပါတယ် ... ကျွန်တော့်အနေနဲ့ တခြားသောအမျိုးသမီးတွေနဲ့ လုပ်ငန်းကိစ္စကြောင့် တွဲသွားတွဲလာလုပ်ရုံ အပြင် မရိုးမသားဘာကိစ္စမှမရှိခဲ့ပါဘူး ...ပြီးတော့ အခုလိုတရားရင်ဆိုင်နေရတာလဲ .. ကျွန်တော်တို့မိသားစုလေး စည်းစည်းလုံးလုံးနဲ့ ပြန်နေချင်တဲ့စိတ်ကြောင့်ပါ ...မပိုးဖြူကို နစ်နာစေလိုသောစိတ်မျိုး လုံးဝကိုမရှိခဲ့ပါဘူး " မပိုးဖြူဘက်မှရှေ့နေ၏ အမေးကို ကိုဇင်မောင်ကမျက်နှာလေးညှိုးနွမ်းလျက်မှ ပြန်၍ဖြေလေသည်။တရားရုံတွင်လာရောက် နားထောင်နေကြသောသူများမှာ ကိုဇင်မောင်၏ ဟန်ဆောင်လိမ်ညာမှုကို မသိကြဘဲ ကိုဇင်မောင်၏ရုပ်ရည်သွင်ပြင်နှင့် ဟန်ဆောင်ထားသော အပေါ်ယံအသွင်အပြင်ကိုကြည့်ပြီး ကိုဇင်မောင်ကို သနားဂရုဏာသက်နေကြလေသည်။ နှစ်ဖက် ရှေ့နေများမှ မေးခွန်းများ မေးကြပြီးနောက် သက်သေခံစာရွက်စာတမ်းများကိုရုံတော်သို့တင်သွင်းပြီး အမှုကို နောက်တစ်ပတ်သို့ ချိန်းဆိုလိုက်လေသည်။ ရုံတော်မှအထွက်တွင် မပိုးဖြူ၏ မျက်နှာမှာတင်းမာနေသလောက် ကိုဇင်မောင်မှာမူ အောင်နိုင်သော မျက်နှာထားဖြင့် ရှိလေသည်။ ~~~~ မပိုးဖြူသည် ရှေ့နေ့ရုံးခန်းဆီသို့ ပြန်ရောက်သည်နှင့် ဆိုဖာခုံပေါ်သို့ အရုပ်ကြိုးပြတ်ထိုင်ချကာ ငိုပစ်လိုက်လေသည်။ "စိတ်ကိုလျှော့ပါ မပိုးဖြူ ... ကျွန်မတို့ သက်သေရအောင်ရှာတာပေါ့...မပိုးဖြူဆေးရုံတက်နေချိန်မှာ ကိုဇင်မောင်မရောက်လာခဲ့တာ ..ရောက်လာပေမဲ့ မိနစ်ပိုင်းလေးပဲနေပြီး ပြန်သွားခဲ့တာတွေကို ဆေးရုံရဲ (စီစီတီဗီ ) မှတ်တမ်းကနေယူပြီး သက်သေပြလို့ရပေမဲ့ ... ညဘက်တွေမှာ ကိုမိုးထက်ကလူနာလာစောင့်ပေးတဲ့ ပုံတွေပါနေခဲ့တယ် မပိုးဖြူ ....ပြီးတော့ သူတို့ကဧည့်ခံပွဲကပုံကို .သက်သေတင်ပြခဲ့တယ်ဆိုတော့ ပိုရှုပ်သွားပြီး ...ဒီကိစ္စကို ကိုမိုးထက်တို့နဲ့ ကျွန်မတိုင်ပင် ကြည့်လိုက်ပါမယ် ...တစ်ပတ်အချိန်ရသေးတာမို့ ကျွန်မတို့ကြိုးစားကြပါစို့ " " ကိုမိုးထက်က ကျွန်မကို ကူညီထားခဲ့တဲ့သူပါ ....သူ့ကို ကျွန်မကြောင့် ဒုက္ခမရောက်စေချင်ဘူး ...ဒုက္ခခံရမယ်ဆိုရင် ကျွန်မပဲဒုက္ခခံလိုက်ပါတော့မယ် " "မဟုတ်သေးဘူး မပိုးဖြူ ... လိမ်ညာပြီးအနိုင်ကျင့်စော်ကားနေမှန်းသိသိနဲ့ ဒီအမှုကို ...ကျွန်မတို့ အရှုံးမပေးပါဘူး ..မပိုးဖြူအိမ်ပြန်ပြီးအနားယူလိုက်ပါ ..နောက် ရုံးချိန်းမှာ မပိုးဖြူသူငယ်ချင်းကိုပါခေါ်ခဲ့ပါ " "ဟုတ်ကဲ့ ကျွန်မပြန်လိုက်ပါအုံးမယ် " ~~~~~~ မပိုးဖြူ အိမ်သို့ ပြန်ရောက်ပြီး မကြာမီမှာပင်မိုးထက်ဆီမှ ဖုန်း၀င်လာခဲ့လေသည်။ "ဟယ်လို ကိုမိုးထက် " မပိုးဖြူနွမ်းဖျော့ဖျော့အသံနှင့်ထူးလိုက်မိသည်။ "ပိုးဖြူ ...ဘာမှစိတ်မညစ်နဲ့ နော်... ကျွန်တော့်အတွက်လဲ စိတ်မပူပါနဲ့...နောက်ရုံးချိန်မှာ အားလုံးအဆင်ပြေမှာပါ .. ကျွန်တော်ပြောတာကို ယုံပြီးစောင့်ပေးပါနော် " " ဟုတ် .. ဟုတ်ကဲ့ပါ ကိုမိုးထက် " မိုးထက်ဆီမှ ဖုန်းချသွားတော့ မပိုးဖြူ ဆိုဖာခုံပေါ်မှာ မလှုပ်မယှက်ထိုင်ပြီးငြိမ်သက်နေမိသည်။ ~~~~~ "အဖေတို့ တကယ်ပဲတရားရုံးရောက်တဲ့အထိ ဖြစ်ကုန်ကြတာလား " ပိုးအိဇင် မယုံကြည်နိုင်စွာ ဖခင်ဖြစ်သူကို မေးလိုက်သည်။ "ဟုတ်တယ် သမီး ....လိုအပ်ရင်သမီးကိုပါ အဖေသက်သေခေါ်မယ်နော် ... သမီးဆေးသောက်လိုက်တဲ့ကိစ္စကတ် သမီးအမေကြောင့် စိတ်ညစ်ပြီးသောက်တာလို့ ပြောနော်သမီး...အဖေ့ကို .ချစ်ရင် သက်သေလိုက်ပေးပါနော် သမီးလေး " " ဟုတ်ပါတယ် မြေးလေးရယ် .. မဟုတ်ရင် လိမ်ညာအမှုဆင်မှုနဲ့ မြေးလေးရဲ့ အဖေထောင်ကျန်င် တယ်မြေးလေး " " အ ... အဖေတို့ ဘယ်လိုတွေ လုပ်နေကြတာလဲ ...အဖေနဲ့ အန်တီမျိုးရဲ့ကိစ္စက ဘယ်လိုဖြစ်သွားလို့လဲ " " အဲ့ဒီမိန်းမက အဖေ့ကို ချူစားနေတဲ့ပိုင်းလုံးမပါသမီးရယ်...သူလိုက်လျောလွန်းလို့ အဖေမှားသွားမိတာပါ ...အခုလဲ သူက နောက်ထပ် သူဋ္ဌေးတစ်ယောက်နဲ့ ရှုပ်နေပြန်ပြီလေ ..ဒီလိုမိန်းမနဲ့တွဲခဲ့မိတာ အဖေမှားပါတယ် သမီးရယ် ..... နောက်ကို အဖေမရှုပ်တော့ပါဘူး..အဖေတို့မိသားစုလေး စည်းစည်းလုံးလုံးပြန်နေချင်လို့ပါ " ပိုးအိဇင်က ဖခင်ဖြစ်သူနှင့် ဘွားအေကြီးကိုကြည့်လိုက်ပြီး "အဖေ့ကို မချစ်တော့တဲ့သူနဲ့ အတူတူနေအုံးမလို့လား...အမေ့ကို လွှတ်ပေးလိုက်ပါတော့ အဖေ ရယ် ...အဖေ့ပုံစံနဲ့ ကြိုက်တဲ့မိန်းမကို ထပ်ယူလို့ရပါတယ် ...

#နွေလယ်အိပ်မက် (အခန်းဆက်ဝတ္ထု ) အပိုင်း (၂၃ ) ****** (စာရေးသူ၏ စိတ်ကူးပုံဖော်ထား သော တရားခွင်ဖြစ်ပါသည်။တကယ့်တရားခွင်များနှင့် မနှိုင်းယှဉ်စေလိုပါ / ယုတ်မာကောက်ကျစ်တတ်သူများကြောင့် စိတ်သောကခံစားနေရသည့် လူအများ အတွက် ရေးဖွဲ့ပါသည်) "ကိုဇင်မောင်နဲ့ မပိုးဖြူတို့ရဲ့ အမှုကိစ္စက တစ်ဖက်ဖက်က မလျှော့ရင် အချိန်ကြန့်ကြာနိုင်တယ် ..အဲ့ဒီတော့ ရှေ့နေ့တွေနဲ့ မျက်နှာစုံညီအရင်ညှိကြရအောင် ....ဒီနေရာမှာပဲ နှစ်ဦးနှစ်ဖက်ပြေလည်သွားရင်တော့ ပိုကောင်းတာပေါ့ " နှစ်ဖက်ရှေ့နေ၏ ညှိနှိုင်းပေးမှု စကားသံအဆုံးမှာ မပိုးဖြူ ခေါင်းကို ခပ်သွက်သွက်ခါယမ်းပစ်လိုက်သည်။ ''ကျွန်မတို့ တရားဝင်ကွာရှင်းခဲ့ပြီးသားပါ ... ဘာသက်ဆိုင်မှုမှလည်းမရှိတော့ပါဘူး ... ကျွန်မတို့ တရားဝင်ကွာရှင်းထားတာကို ရုံးတော်က တရာဝင်သက်မှတ်ပေးဖို့ကိုပဲ ကျွန်မကြိုးစားမှာပါ " " ကဲ..ဟုတ်ပါပြီ...ကွာရှင်းချင်တဲ့ အကြောင်းကရောဘာကြောင့်ပါလဲ' တစ်ဖက်ရှေ့နေ၏အမေးက ကြိုတင်တွေးထားခဲ့ပြီးသားဖြစ်သော်လည်း မပိုးဖြူကိုတစ်ခဏမျှတွေဝေသွားစေပါသည်။ "ဖြေပါ မပိုးဖြူ " ရှေ့နေ့ကြီးဆီမှမေးသံ ထပ်မံပေါ်ထွက်လာချိန်မှာတော့ မပိုးဖြူဘေးတွင်ထိုင်နေသော ရှေ့နေ့မှ မပိုးဖြူအားလက်ကိုတို့ကာသတိပေးလိုက်ပါလေသည်။ "ဟုတ်ကဲ့ပါရှင် ... ကျွန်မဟာ (၁၈) နှစ်လုံးလုံး သားကိုသခင်လင်ကိုဘုရားလိုကိုးကွယ်ပြီးနေခဲ့သူပါ ..... သူတို့တွေရဲ့ကျန်းမာရေး..လူမှုရေး ..စီးပွားရေးကိစ္စတွေမှာ စိတ်အနှောက်အယှက်အထိအခိုက်မရှိရအောင် (၁၈) နှစ်လုံးလုံး ဂရုတစိုက် လုပ်ကိုင်ပေးခဲ့ပါတယ် ....ဒါပေမဲ့ ခင်ပွန်းဖြစ်သူဆီက ကျွန်မပြန်ရလိုက်တာက ကျွန်မကိုအိမ်ဖော်တစ်ယောက်လို ..လိင်ကျွန်တစ်ယောက်လိုဆက်ဆံရုံအပြင်မပိုခဲ့ပါဘူး...သူသွားချင်ရာသွားလုပ်ချင်ရာလုပ်နေခဲ့ပြီး... ကျွန်မကိုဇနီးမယားတစ်ယောက်ရယ်လို့သဘောမထားခဲ့ပါ...အဲ့ဒါကြောင့် ကျွန်မအနေနဲ့ ပြတ်ပြတ်သားသား ကွားရှင်းချင်ပါတယ် " " ကဲ ဟုတ်ပါပြီ မပိုးဖြူ ..... ခင်ပွန်းဖြစ်သူ ပြောတာကတော့ ...ခင်ပွန်းဖြစ်သူကိုစွပ်စွဲပြီး အိမ်ပေါ်ကဆင်းသွားခဲ့တယ်.....အိမ်ပေါ်ကဆင်းသွားပြီးနောက် မကြာမီမှာပဲ အမျိုးသားတစ်ယောက်နဲ့ တွဲနေခဲ့တယ်လို့ ပြောခဲ့ပါတယ် ... ဒီလိုဆိုရင်ဖြင့် မပိုးဖြူဘက်က ခင်ပွန်းဖြစ်သူကို ကွာရှင်းချင်တဲ့ အကြောင်းအရင်းက အဲ့ဒီအမျိုးသားကြောင့်များလား... အဲဒီအမျိုးသားနဲ့ ပါတီပွဲကို အတူတက်ခဲ့တဲ့ပုံတွေလဲ သက်သေရှိပါတယ် " ရှေ့နေ့ ဖြစ်သူ၏ စကားကြောင့် မပိုးဖြူအံကိုတင်းတင်းကြိတ်လိုက်မိပြီး ကိုဇင်မောင်ကို လှမ်းကြည့်လိုက်မိသည်။ ''ကျွန်မယနေ့အချိန်ထိ ခင်ပွန်းဖြစ်သူကိုဇင်မောင်နဲ့ကလွဲပြီးဘယ်အမျိုးသားနဲ့မှ မရိုးမသားမပတ်သက်ခဲ့ဖူးပါဘူး..ပါတီပွဲကို အမျိုးသားအသိမိတ်ဆွေတစ်ယောက်နဲ့တက်ခဲ့တာမှန်ပါတယ် ...တက်ခဲ့ရတဲ့ အကြောင်းအရင်းကလဲ ... ကျွန်မကို သူတောင်းစားတယောက်လို အထင်သေးနေတဲ့ ခင်ပွန်းဟောင်းကိုဇင်မောင်ရယ်....သူနဲ့လူမှုရေးဖောက်ပြန်နေတဲ့အမျိုးသမီးရယ်ကို ကျွန်မရဲ့မာန်မာနကိုပြချင်လို့ မိတ်ဆွေဖြစ်သူကို အကူအညီတောင်းပြီး ပွဲကိုတက်ခဲ့တာပါ " " ဒါဆို အတူတွဲခဲ့တဲ့ အမျိုးသားတစ်ယောက်ရှိတယ်ဆိုတာတော့ မငြင်းဘူးပေါ့...ဒီလောက်ပါပဲ .... တစ်ဖက်က ရှေ့နေလဲမေးလို့ရပါပြီ " တစ်ဖက်ရှေ့နေက ချောင်ပိတ်မေးခွန်းကို မေးလိုက်ပြီးနောက် မပိုးဖြူအဖြေကို တောင်းခံခြင်းမပြုဘဲ သူ့မေးခွန်းကိုရပ်ပစ်လိုက်သည်။မပိုးဖြူ အံကိုတင်းတင်းကြိတ်ထားရုံမျှအပ ပြောခွင့် မသာခဲ့ပါချေ။ " ကိုဇင်မောင်အနေနဲ့ တခြားအမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြားပြီး အိမ်ကိုလဲပြန်မလာဘဲ .မပိုးဖြူကိုစိတ်ဆင်းရဲသောကရောက်အောင်အမျိုးမျိုးစိတ်ဒုက္ခပေးခဲ့တယ်လို့ သိရပါတယ် ... နောက်ဆုံးမှာ မပိုးဖြူဆီက ကွာရှင်းခွင့်တောင်းပြီး ရှေ့နေနှစ်ယောက်နဲ့ရပ်ကွက်ဥက္ကဌတို့ရဲ့ရှေ့မှာ နှစ်ဦးသဘောတူကွာရှင်းခဲ့တယ်လို့ သိရပါတယ် ...ကွာရှင်းစာချုပ်နှင့်အတူ မပိုးဖြူဆေးရုံတက်ခဲ့ရတဲ့ ဆေးမှတ်တမ်းတွေ မပိုးဖြူဆီမှာ ရှိနေပါတယ် ...ကိုဇင်မောင် အနေနဲ့ ဘာများပြောချင်ပါသလဲ " "ဟုတ်ကဲ့ .... ကျွန်တော်လူမှုရေး မဖောက်ပြားခဲ့ပါဘူး ...လုပ်ငန်း လုပ်နေသူတစ်ယောက်ဖြစ်လို့ အမျိုးသမီးတွေနဲ့လဲ တွဲသွားတွဲလာလုပ်ရတာတွေ ရှိပါတယ် ...ဒါကို မပိုးဖြူကအထင်လွဲခဲ့ပါတယ် .... ကျွန်တော် မပိုးဖြူကို တိုက်နဲ့တာနဲ့ကောင်းကောင်းမွန်မွန်ထားခဲ့တာပါ .. ကျွန်တော်အရက်လဲမသောက်.. မူးယစ်ဆေးဝါးလဲမသုံးသလို... လောင်းကစားလဲမလုပ်ပါဘူး...ယနေ့ အချိန်ထိလည်း သူ့ကိုနှိပ်စက်ဖို့နေနေသာ လက်ဖျားလေးနဲ့တောင် မရွယ်ခဲ့ပါဘူး.... မပိုးဖြူက ကျွန်တော့်ကိုမတရားစွပ်စွဲပြီး ကွာရှင်းခွင့်တောင်းခဲ့ပါတယ်.... ကျွန်တော်ဘက်က အပြစ်မရှိလို့ ကွာရှင်းခွင့်ကို လက်မခံတဲ့အခါ ...သူကအိပ်ဆေးတွေသောက်ပြီး သတ်သေဖို့ ကြိုးစားခဲ့ပါတယ် ... အဲ့ဒါကြောင့် သူကျေနပ်အောင် ကွာရှင်းစာချုပ်မှာ ဟန်ပြလက်မှတ်ထိုးပေးခဲ့တာပါ ... ကျွန်တော်တို့မှာ (၁၇)နှစ်အရွယ် သမီးတစ်ယောက်ရှိပါတယ် ..သမီးလေးကလဲ မိခင်ဖြစ်သူကိုလိုအပ်နေပါတယ် ... ရုံးတော်က ကျွန်တော်တို့ .သားအဖရဲ့ တောင်းဆိုမှုကိုလက်ခံစဉ်းစားပေးဖို့ တောင်းဆိုပါတယ် "