uz
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

Kanalga Telegram’da o‘tish

Ko'proq ko'rsatish
803
Obunachilar
+424 soatlar
+167 kunlar
+4630 kunlar
Postlar arxiv
ပန်းရိပ်ဖြူကိုတမင်ကိုလိုက်ချောင်းနေတာကိုတွေ့လိုက်ရတာမို့ ဘုန်းသိင်္ခအခြေအနေကိုကြည့်နေလိုက်တယ်။ပန်းရိပ်ဖြူကတော့ သူမကိုလူနှစ်ယောက်လိုက်ချောင်းနေတာကို သိပုံမရဘဲ ကျောက်နံရံကြီးကိုသာ ငေးကြည့်နေတာကိုတွေ့လိုက်ရတယ်။သူမကိုလိုက်ချောင်းနေတဲ့သူကလဲ သူမကိုအန္တရာယ်မပြုဘဲ လိုက်ချောင်းရုံပဲချောင်းနေတာကိုတွေ့ရတာမို့ သူမကိုလိုက်စောင့်ရှောက်နေတဲ့သက်တော်စောင့်များလားလို့ ဘုန်းသိင်္ခတွေးလိုက်မိသေးတယ်။ဒါပေမဲ့ဘုန်းသိင်္ခသိလာသလောက်တော့ သူမကိုလိုက်စောင့်ရှောက်ပေးနေသူက အောင်မောင်းဆိုတဲ့တစ်ယောက်ပဲ။ အခုလူကပုပုညှပ်ညှပ်ခပ်သေးသေးဆိုတော့ အောင်းမောင်းမဟုတ်နိုင်တာသေချာတယ်။ဘုန်းသိင်္ခအတွေးများနေချိန်မှာပဲ ပန်းရိပ်ဖြူတစ်ယောက် စမ်းချောင်းကိုပြန်ဖြတ်လျှောက်လာခဲ့ပြီး ဆိုင်ကယ်ဆီကိုလျှောက်သွားတာကိုမြင်လိုက်ရတာကြောင့် သစ်ပင်နောက်ကွယ်မှာ အသာကွယ်ရပ်နေလိုက်ရတယ်။ပန်းရိပ်ဖြူက ဆိုင်ကယ်ပေါ်တက်ပြီးဝူးခနဲမောင်းထွက်သွားခဲ့တယ်။ပန်းရိပ်ဖြူထွက်သွားပေမဲ့ ဘုန်းသိင်္ခမသွားသေးဘဲ ဦးထုပ်နဲ့လူကိုဆက်ပြိးစောင့်ကြည့်နေလိုက်တယ်။ပန်းရိပ်ဖြူထွက်သွားပြီးတော့ ခဏအကြာမှာပဲ ဦးထုပ်နဲ့လူလဲ စမ်းချောင်းအောက်ဘက်ကိုခပ်မြန်မြန်ဆင်းသွားတာကိုတွေ့လိုက်ရတယ်။အားလုံးထွက်သွားပြီးတော့ အတော်လေးကြာတော့မှ ဘုန်းသိင်္ခလဲခြုံတွေထဲကဆိုင်ကယ်ကိုပြန်ဆွဲထုတ်လိုက်ပြီး စမ်းချောင်းရှိရာဆီကိုသွားလိုက်တယ်။အစကတည်းက ဘုန်းသိင်္ခရဲ့ရည်ရွယ်ချက်ကစမ်းချောင်းဆီကိုလာခဲ့တာလေ။မမျှော်လင့်ထားပါဘဲ သူဌေးသမီးပန်းရိပ်ဖြူနဲ့ ဘုန်းသိင်္ခလမ်းချင်းတူနေခဲ့ပြီး ပန်းရိပ်ဖြူရဲ့နားလည်ရခက်တဲ့အပြုအမူကိုတွေ့လိုက်ရတာလေ။ ဘုန်းသိင်္ခစမ်းချောင်းလေးထဲက ကျောက်တုံးတွေကိုလှမ်းနင်းပြီးကျော်ဖြတ်လာခဲ့လိုက်တယ်။ ~~~~~ "ဪ ...ညဘက်ကြီးဘယ်သူများလာတာလဲလို့ ..ငါ့ချွေးမ ပါလားဟဲ့ .....မိုးချုပ်ကြီးဆိုတော့ ယောက္ခမဖြစ်သူနေကောင်းရဲ့လားလို့ လာကြည့်တာလား " မလာစဖူးရောက်လာတဲ့ ချွေးမဖြစ်သူကို ကြည့်ပြီး ဘွား ကြေးဥက ခပ်ငေါ့ငေါ့မေးလိုက်တယ်။ ဒေါ်ပန်းမြိုင်ကလဲ ယောက္ခမကြီးရဲ့ အကျင့်ကိုသိသူမို့ ဘာမှခွန်းတုံ့ပြန်ပြောမနေတော့ဘဲ ယောက္ခမကြီးရှေ့က ကျွန်းဆက်တီခုံမှာဝင်ထိုင်လိုက်တယ်။ ================================== အပိုင်း(၁၁ )ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/https://www.facebook.com/100067151540690/posts/714519084129803/https://www.facebook.com/100067151540690/posts/714519330796445/https://www.facebook.com/100067151540690/posts/714519684129743/https://www.facebook.com/100067151540690/posts/714519970796381/https://www.facebook.com/100067151540690/posts/714520240796354/https://www.facebook.com/100067151540690/posts/714520624129649/https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/

" ဒီမှာ ပန်းရိပ်ဖြူ...နင်နဲ့ငါတို့က မခေါ်ချင်နေလို့ရတယ်...မတော်ချင်ဘဲနေလို့တော့မရဘူးနော်....ဘာပဲဖြစ်ဖြစ် အဘွားကျေးဇူးတွေကလဲ ငါတို့မိသားစုတွေအပေါ်မှာရှိနေတော့.....နင့်ကိုလဲ...ငါတို့စောင့်ရှောက်ပေးရမှာပေါ့....နင့်ကိုရှင်းရှင်းပဲမေးမယ်....အဘွားကပြောတယ်...နင့်ကို စိုင်းမြတ်နဲ့နေရာချပေးမလို့ဆို.,,,,အဲ့ဒီကိစ္စကို နင်ရောလက်ခံတာလား " ထွန်းညိုမောင်ရဲ့စကားကြောင့် ပန်းရိပ်ဖြူအကြီးအကျယ်အံ့ဩသွားရတယ်။ဒီကိစ္စကို ပန်းရိပ်ဖြူ လုံးဝကိုမသိတာလေ။ " အေး ..ငါပြောမယ်....နင်နဲ့စိုင်းမြတ်ဘယ်အခြေအနေထိရောက်နေပြီလဲဆိုတာတော့ ငါမသိဘူး...ဒါပေမ့ ငါနင့်ကိုသတိပေးမလို့လာခဲ့တာ ...တစ်လောကလုံးကိုမယုံတဲ့နင်က စိုင်းမြတ်ဆိုတဲ့ကောင်ကိုယုံတာတော့ အံ့ဩစရာအကောင်းသားပဲ....ငါကတော့ယောက်ျားချင်းမို့ သူ့အတွင်းစိတ်ကိုနည်းနည်းပါးပါးရိပ်စားမိနေသလိုပဲ...ဒီကောင်နင့်ပြဿနာမှန်သမျှကိုလိုက်ရှင်းပေးပြီး ...နင့်အပေါ်ဂရုစိုက်ပြနေတာတွေက ဟန်ဆောင်မှုတွေလို့ပဲ ငါထင်တယ်...နင်လိုလူကိုသူလက်ထပ်ချင်တယ်ဆိုရင်လဲ သူလဲနင့်အမွေတွေကိုမက်လို့ပဲနေမှာ " " ဘာ...ဘာပြောလိုက်တယ်ကိုညို....အမွေမက်လို့ဟုတ်လား....လာပြန်ပြီလာဒီအမွေ...လူတွေငွေကိုတော်တော်မက်နေကြတယ်...ဟုတ်ပါတယ်လေ....ငွေနဲ့ပတ်သက်ရင် အမျိုးအရင်းတွေကပါ ကျွန်မကိုလုပ်ကြံချင်နေကြတာဆိုတော့ ...စိုင်းမြတ်ဆိုတဲ့သူလဲ ....ကျွန်မအမွေတွေကိုမက်နေတာဟုတ်ချင်ဟုတ်မှာပေါ့...သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကိုညို....ပန်းရိပ်ဖြူဆိုတဲ့ကျွန်မကလဲ ဆွေမျိုးရင်းတွေကိုမယုံသလို...ဘယ်သူ့ကိုမှလဲမယုံပါဘူး....ပြီးတော့ ဒီကိစ္စတွေက သိပ်မကြာခင်မှာပြီးသွားတော့မှာပါ " " အေးလေ...ငါကလဲအစ်ကိုတစ်ယောက်အနေနဲ့သတိပေးသင့်တာကို လာသတိပေးတာပါ ...ကျန်တာကတော့ နင့်ကိစ္စပါ..ငါသွားပြီ " ထွန်းညိုမောင်ကပန်းရိပ်ဖြူကိုနှုတ်ဆက်ပြိး ထပြန်သွားခဲ့တယ်။ပန်းရိပ်ဖြူမှာ နေရာမှာအတန်ကြာ ထိုင်နေခဲ့ပြိးတော့မှ ကားဂိုထောင်ဆီကို ထလာခဲ့လိုက်တယ်။ ~~~~~~~~~~~~~~~ ဘုန်းသိင်္ခ ကားဂိုထောင်ထဲကိုဝင်မလို့ပြင်လိုက်ပြီးမှ ကားဂိုထောင်ထဲမှာ လူရိပ်တစ်ခုမြင်လိုက်ရတာမို့ ကိုယ်ကိုနံရံနောက်ကွယ်မှာအသာကွယ်ရပ်ပြီး လူရိပ်ကိုလှမ်းကြည့်လိုက်တယ်။ဒီအခါ ဘုန်းသိင်္ခတွေ့လိုက်ရတာက ဆိုင်ကယ်တွေကြားမှာကုန်းကုန်းကွကွနဲ့ကြည့်နေတဲ့ ပန်းရိပ်ဖြူကိုတွေ့လိုက်ရတယ်။ဆိုင်ကယ်တွေကြားမှာ ဆိုင်ကယ်တွေကိုသေသေချာချာလိုက်ကြည့်နေပြီးတော့မှ ဆိုင်ကယ်တစ်စီးပေါ်တက်ထိုင်လိုက်တာကိုတွေ့လိုက်ရတယ်။ဘုန်းသိင်္ခ နေရာကနေခပ်မြန်မြန်ခွါလိုက်ပြီး ပန်းရိပ်ဖြူမမြင်အောင်အမြန်ရှောင်လိုက်ရတယ်။ ~~~~~~~~~~~~ ဆိုင်ကယ်က လေဟုန်ကိုထိုးဖောက်ပြီး တရိပ်ရိပ်ပြေးနေခဲ့တယ်။ရှေ့ကမှုန်ပျပျမြင်နေရတဲ့ဆိုင်ကယ်ကိုကြည့်ပြီး မျက်ခြည်မပြတ်အောင် ဘုန်းသိင်္ခလိုက်လာခဲ့လိုက်တယ်။ဆိုင်ကယ်က စခန်းသာမြို့ကထွက်လာခဲ့ပြီးအပန်းဖြေစခန်းရှိရာဘက်ကိုဦးတည်းနေတာမှန်းဘုန်းသိင်္ခရိပ်စားမိလိုက်တယ်။သို့ပေမဲ့ ဆိုင်ကယ်ကရေတံခွန်တောင်ရောက်ခါနီးမှာပဲ ကားလမ်းမကြီးပေါ်ကကွေ့ဆင်းချသွားပြီး တောလမ်းကြားထဲကိုမောင်းဝင်ချသွားခဲ့တာကိုတွေ့လိုက်ရတော့ ဘုန်းသိင်္ခချက်ချင်းလိုက်မဝင်သေးဘဲ အတော်ကြာဲရပ်ကြည့်နေမိတယ်။အတော်လေးကြာတော့မှ ဆိုင်ကယ်ကိုစက်သံသိပ်မထွက်အောင်စီးလာခဲ့ရင်း တောလမ်းလေးထဲကိုမောင်းဝင်လာခဲ့လိုက်တယ်။ဒီနေရာက အပန်းဖြေစခန်းနဲ့ ကျောက်တောင်နံရံတွေခြားနေပြီး အနောက်မှာစမ်းချောင်းတွေပဲရှိတာလေ။အလုပ်ကိုစရောက်ကတည်းက ပတ်ဝန်းကျင်နေရာအနှံ့ကို ဘုန်းသိင်္ခလိုက်ကြည့်လေ့လာထားတာမို့ ဒီနေရာဝန်းကျင်ကို ဘုဉ်းသိင်္ခရောက်ပြီးသွားပြီလေ။ ဘုန်းသိင်္ခအတော်လေးလျှောက်လာပြီးချိန်မှာ စမ်းချောင်းနားမှာရပ်ထားတဲ့ဆိုင်ကယ်ကိုတွေ့လိုက်ရတာမို့ သူ့ဆိုင်ကယ်ကိုတော ကုန်းမြင့်ထက်က ခြုံပင်တွေကြားမှာရပ်ထားလိုက်ပြီး စမ်းချောင်းဘေးမှာ ရပ်နေတဲ့သူမကိုအသာလှမ်းကြည့်လိုက်တယ်။ဘုန်းသိင်္ခကြည့်နေတုန်းမှာပဲ ပန်းရိပ်ဖြူက စမ်းချောင်းထဲကနင်းဖြတ်သွားပြီး ကျောက်တောင်နေရာအနှံ့ကိုလက်နဲ့လိုက်စမ်းနေတာကိုတွေ့လိုက်ရတယ်။သူမရဲ့ရူးကြောင်ကြောင်ပုံစံကို ဘုန်းသိင်္ခအသာလှမ်းကြည့်နေလိုက်တယ်။သူမက အတော်ကြာအောင် ကျောက်နံရံတွေနားမှာလှည့်ပတ်ကိုင်တွယ်ကြည့်နေပြီးတော့မှ တစ်နေရာမှာစိတ်ပျက်လက်ပျက်ထိုင်ချလိုက်တာကိုတွေ့လိုက်ရတယ်။ " ဟင် " ပန်းရိပ်ဖြူကိုဘုန်းသိင်္ခကြည့်နေချိန်မှာပဲ ပန်းရိပ်ဖြူရဲ့အတော်လှမ်းလှမ်းမှာ ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားတဲ့သူတစ်ယောက်ကိုတွေ့လိုက်ရတာမို့ ဘုန်းသိင်္ခမတ်တတ်ရပ်နေရာက ဖျတ်ခနဲထိုင်ချလိုက်ပြီး အခြေအနေကို စောင့်ကြည့်နေလိုက်တယ်။သူတို့နှစ်ယောက်လုံးကတော့ ကုန်းမြင့်တစ်နေရာမှာရှိနေကြတဲ့ ဘုန်းသိင်္ခကိုမမြင်ကြဘူး။ဦးထုပ်ဆောင်းထားသူကို ဘုန်းသိင်္ခသေချာကြည့်လိုက်မိတယ်။အပန်းဖြေစခန်းထဲက ဆောက်လုပ်ရေးအလုပ်သမားတွေနဲ့အပန်းဖြေစခန်းရဲ့ဝန်ထမ်းအကုန်နီးပါးကို ဘုန်းသိင်္ခသိတယ်။ဒါပေမဲ့ ခက်တာကအခုမြင်နေရတဲ့သူက ဦိးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းထားတာကြောင့် လူလုံးမကွဲဘူးဖြစ်နေတာ။ဦးထုပ်နဲ့လူက

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၁၀) akyiphyu ********* " ပန်းရိပ် နေမကောင်းဘူးဆို ....ဘာဖြစ်တာလဲ...အခုရောသက်သာသွားပြီလား ...နေမကောင်းဘဲနဲ့ဘာလို့အပြင်မှာထွက်ထိုင်နေတာလဲ " စိုင်းမြတ်က ပန်းရိပ်ဖြူကိုနွေးထွေးကြင်နာစွားမေးလိုက်ပြီး ပန်းရိပ်ဖြူထိုင်နေတဲ့ခုံတန်းလျားမှာ ဝင်ထိုင်လိုက်တယ်။ " ကျွန်မသက်သာပါတယ်...ကိုစိုင်းမြတ် ...ဒီနေ့ပြန်လာတာစောသားပဲ " " ဟုတ်တယ်...ပန်းရိပ်နေမကောင်းဘူးဆိုလို့် ...သတင်းမေးရအောင်စောစောပြန်လာခဲ့တာ...သက်သာသွားလို့်တော်သေးတာပေါ့...ဖျားတာလား...နေပူထဲတွေဆိုင်ကယ်လိုက်မစီးနဲ့လေ ပန်းရိပ်ရယ် ...ဒီမှာနေရတာပန်ရိပ်ပျင်းနေရင်း ...ဘွားကြေးဥနဲ့မြို့ထဲလိုက်ခဲ့လေ ...မြို့ထဲရုံးမှာ ကျွန်တော်လဲရှိတော့ ...ပန်းရိပ်သွားချင်တဲ့နေရာတွေကို ... ကျွန်တော်အားတဲ့အချိန်အဖော်လိုက်ပေးမှာပေါ့ " စိုင်းမြတ်ရဲ့စကားကြောင့် ပန်းရိပ်ဖြူခေါင်းမော့ကာစိုင်းမြတ်ကိုကြည့်လိုက်မိတယ်။တည်ကြည်တဲ့မျက်နှာသွင်ပြင်နဲ့ နွေးထွေးတဲ့စိုင်းမြတ်ရဲ့အပြုံးကိုမြင်လိုက်ရတော့ ပန်းရိပ်ဖြူရင်ထဲအားရှိသလိုဖြစ်သွားမိတယ်။ " ပန်းရိပ်ဘာတွေခံစားနေရတာလဲ...ဘာတွေကိုစိုးရိမ်နေတာလဲဆိုတာကို....ကျွန်တော်သိချင်တယ်....အဲ့ဒီလိုသိရမှလဲ ...ပန်းရိပ်ကိုကျွန်တော်ကူည်ီနိုင်မှာလေ " စိုင်းမြတ်က ပန်းရိပ်ဖြူရဲ့မျက်နှာကိုတည့်တည့်စိုက်ကြည့်ပြီးပြောလိုက်တော့ ပန်းရိပ်ဖြူလဲ စိုင်းမြတ်ကိုပြန်ငေးကြည့်နေမိတယ်။ ~~~~~~~~~~~~~~ အလွမ်းဆွတ်ကားကို ကသစ်မြိုင်ခြံထဲကို မောင်းဝင်လာခဲ့ရင်း ခြံထဲရှိပန်းခြံလေးဆီကို အမှတ်တမဲ့လှမ်းကြည့်လိုက်မိရင်း ခန္ဓာကိုယ်လေးမှာမသိမသာတုန်ယင်သွားရတယ်။စိတ်ကသတိလက်လွတ်ဖြစ်ပြီးကားကိုရပ်မိတော့မလိုတောင်ဖြစ်သွားရတယ်။ပန်းခြံထဲက ခုံတန်းလျားမှာ ထိုင်နေကြတဲ့ စိုင်းမြတ်နဲ့ပန်းရိပ်ဖြူကတော့ အလွမ်းဆွတ်တို့ကားဝင်လာတာကိုတောင် သတိပြုမိပုံမရကြပါဘူး။ခုံတန်းလျားမှာထိုင်ပြိး နှစ်ယောက်သားမျက်နှာချင်းဆိုင်ကြည့်နေကြတာ လောကကြီးကိုတောင် မေ့နေကြပုံရတယ်။အလွမ်းဆွတ်အံလေးကိုမသိမသာကြိတ်လိုက်ပြီး ကားကိုကားဂိုထောင်ဆီကိုမောင်းလာခဲ့လိုက်တယ်။ကားဂိုထောင်ရှေ့မရောက်ခင်မှာ ကားပေါ်လိုက်စီးလာတဲ့ သန္တာအောင်ကို အရင်ချပေးလိုက်တယ်။ပြီးတော့မှ ကားဂိုထောင်ဆီကိုမောင်းလာခဲ့လိုက်တယ်။ ကားကိုဂိုထောင်မှာ ကားထည့်ပြီးတော့ အလွမ်းဆွတ်ကသစ်မြိုင်စံမအိမ်ကြီးရှိရာကိုမသွားနိုင်သေးဘဲ ပန်းခြံဆီကိုလှမ်းမျှော်ကြည့်နေမိတယ်။ဒီအချိန်မှာပဲ ဆိုင်ကယ်တစ်စီးကားဂိုထောင်ရှေ့က်ိုရောက်လာပြီး အလွမ်းဆွတ်ရှေ့မှာထိုးရပ်လာခဲ့တယ်။ " ကိုဘုန်း ...ဒီနေ့တော့စောပါလား " ဆိုင်ကယ်ပေါ်ကဆင်းလာတဲ့ ဘုန်းသိင်္ခကို အလွမ်းဆွတ်နှုတ်ဆက်လိုက်တယ်။အရင်နေ့တွေကဆိုရင် ဘုန်းသိင်္ခကအလုပ်ပြီးလဲ စခန်းသာမြို့ထဲမှာလည်ပတ်နေတတ်တာမို့ အိမ်ကိုညရှစ်နာကျော်မှအမြဲလိုလိုပြန်ရောက်တဲ့သူလေ။ဒီနေ့တော့ ညနေမမှောင်ခင်မှာပြန်ရောက်လာတာမို့ အလွမ်းဆွတ်လှမ်းမေးလိုက်မိတယ်။ " ဟုတ်တယ်အလွမ်း...ဒီနေ့ အလုပ်ထဲမှာပင်ပန်းသွားတာနဲ့စောစောပဲပြန်လာလိုက်တာ.." ဘုန်းသိင်္ခက အလွမ်းဆွတ်ကို ပြန်ဖြေလိုက်ရင်းနဲ့ အလွမ်းဆွတ်ကြည့်နေတဲ့ဆီကိုလှမ်းကြည့်လိုက်တယ်။ဒီအခါ သူတို့နဲ့ခပ်လှမ်းလှမ်းက ပန်းခြံထဲမှာထိုင်နေကြတဲ့ စိုင်းမြတ်နဲ့ပန်းရိပ်ဖြူကိုတွေ့လိုက်ရတာမို့ မသိမသာလေးပြုံးလိုက်မိတယ်။ " မာနကြီးလှတဲ့ သူဌေးသမီးက ဒီလိုတော့လဲငြိမ်နေပါလားဗျ ....ကျွန်တော်တော့ သူ့ကိုတွေ့တာနဲ့လန့်လို့် ဝေးဝေးကရှောင်ပါတယ်ဗျာ " ဘုန်းသိင်္ခရဲ့စကားကို အလွမ်းဆွတ်ဘာမှပြန်ပြောမနေတော့ဘဲ ဘုန်းသိင်္ခကိုနှုတ်ဆက်ပြီးသာပြန်ခဲ့လိုက်တယ်။ ~~~~~~~~~~~~~~~ " နင်နေမကောင်းဘူးဆိုပန်းရိပ်..အခုသက်သာပြီလား " အသံနဲ့အတူ သူမရှေ့မှာဝင်ထိုင်လိုက်တဲ့ အစ်ကိုဝမ်းကွဲဖြစ်သူထွန်းညိုမောင်ကို ပန်းရိပ်ဖြူခပ်စူးစူးတစ်ချက်မော့ကြည့်လိုက်မိတယ်။သူမနဲ့ဘယ်တုန်းကမှ အဆင်မပြေခဲ့တဲ့အစ်ကို။ညီမဖြစ်တဲ့သူထက် အလွမ်းဆွတ်ကိုသာမျက်နှာသာပေးသူမို့ ပန်းရိပ်ဖြူသဘောမကျတဲ့သူတွေထဲ အစ်ကိုဝမ်းကွဲထွန်းညိုမောင်ကလဲ ထိပ်ဆုံးကပါနေခဲ့တယ်။ " အလွမ်းဆွတ်ဆီလာတာထင်တယ်...ဒီနေ့နားရက်မို့ သူအိမ်ထဲမှာရှိတယ်သွားလေ ...ဒီမှာအပိုတွေလာပြောမနေနဲ့....ပန်းရိပ်ဘာသာအေးအေးဆေးဆေးအနားယူနေတာ " ပန်းရိပ်ဖြူရဲ့မာမာတင်းတင်းစကားသံကြောင့် ထွန်းညိုမောင်လဲ မျက်နှာတင်းခနဲဖြစ်သွားရပြီး " တစ်ခါတလေများ...ငါ့ကို ....နင်ကောင်းကောင်းမွန်မွန်ပြောလို့်မရဘူးလားပန်းရိပ်ဖြူ....နင်နဲ့ငါကရန်သူတွေမဟုတ်ပါဘူးဟ ..ငါကနင်နဲ့စကားပြောချင်လို့လာခဲ့တာ " " ကျွန်မနဲ့စကားပြောမလို့ ဟုတ်လား....ဘာစကားလဲ....ကသစ်မြိုင်စံအိမ်ကနေထွက်သွားခိုင်းမလို့လား " ထွန်းညိုမောင်ရဲ့ထူးထူးဆန်းဆန်းစကားကြောင့် ပန်းရိပ်ဖြူကခပ်ရွှဲ့ရွှဲ့ပြန်မေးလိုက်တယ်။ ပန်းရိပ်ဖြူရဲ့စကားကြောင့်ထွန်းညိုမောင်စိတ်ထဲတင်းခနဲတော့ဖြစ်သွားရတယ်။

" အို ... ကျေးဇူးတင်စရာလား အလွမ်းရယ် ..ဒါက မဇာယုတို့ အလုပ်တွေလို့ ...သူဌေးကတော်ကမှာထားပြီးသားပါ " မဇာယုရဲ့ တုံ့ပြန် စကားကြောင်း အလွမ်းဆွတ် သက်ပြင်းချလိုက်မိပြီး ပါးပြင်ပေါ်စီးကျလာတဲ့ မျက်ရည်စတွေကို အသာပွတ်သုတ်လိုက်တယ်။ ================================== အပိုင်း(၁ဝ )ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ

ဘွားကြေးဥရဲ့စကားကြောင့် ဒေါ်ပန်းမြိုင်မှာ မျက်စိမျက်နှာပျက်သွားရပြီး " အဲ့ဒါတော့ မဖြစ်ဘူးအမေ ....သမီးကတစ်ခါတလေ ...ညဘက်တွေမှာယောင်ပြီးလမ်းထလျှောက်တတ်တယ်...သမီးကိုကသစ်မြိုင်စံအိမ်ကလွဲရင် ဘယ်မှာမှစိတ်မချပါဘူး ....အမေကလဲလမ်းလျှောက်နိုင်တာမဟုတ်ဘူး...မစောရီအနေနဲ့လဲ...အမေတို့နှစ်ယောက်လုံးကိုတော့ ကြည့်ပေးနိုင်မှာမဟုတ်ဘူး ...မစောရီကလွဲရင်ကျန်တဲ့သူတွေနဲ့လဲ စိတ်မချနိုင်ပါဘူး အမေ....သမီးကိုကျွန်မမျက်စိအောက်မှာပဲထားချင်ပါတယ် " ချွေးမဖြစ်သူရဲ့စကားကအခြေအနေနဲ့အသင့်တော်ဆုံးစကားမို့ ဒေါ်ပန်းမြိုင်ဘာမှမပြောဘဲနှုတ်ပိတ်နေလိုက်ရတယ်။ " အေးလေ...ဒါဆိုလဲပြီးတာပဲ....ဒါနဲ့မင်းတို့ကို ပြောစရာရှိတယ်ဘိုထွန်း " " ဟုတ်ကဲ့...ပြောပါအမေ " ဦးဘိုးထွန်းက မိခင်ကြိးကိုကြည့်ပြီးပြောလိုက်တယ်။ " အေး ..ငါပြောမှာကတော့ ငါ့မြေးကြီးရဲ့အိမ်ထောင်ရေးကိစ္စပဲ ...မင်းတို့ပြောသလိုပဲ.. မြေးကြိးကလဲအိမ်ထောင်ပြုရမဲ့အရွယ်ကိုရောက်နေပြီ...မြေးကြီးကိုသင့်တော်တဲ့သူနဲ့အိမ်ထောင်ချပေးချင်တယ်...." ဘွားကြေးဥရဲ့စကားကြောင့် ဦးဘိုထွန်းနဲ့ဒေါ်ပန်းမြိုင်မှာ အံ့ဩတုန်လှုပ်သွားခဲ့ကြတယ်။ " အမေ့မြေးကို အိမ်ထောင်ချပေးဖို့ဟုတ်လားအမေ...အမေ့မြေးကဘာပြောလို့လဲ...သူ့မှာချစ်သူရှိတယ်လို့်ပြောလို့လား..." ဒေါ်ပန်းမြိုင်မျက်နှာပျက်ပျက်နဲ့ယောက္ခမြစ်သူကိုမေးလိုက်တယ်။ " မပြောပါဘူးအေ....သူမပြောတော့လဲ...စိတ်ချရတဲ့သူနဲ့ လူကြီးတွေကစီစဉ်ပေးရမှာပေါ့...မြေးလေးအတွက်သင့်တော်တဲ့သူလဲရှိပြီးသားပဲ " " သင့်တော်တဲ့သူ ...ဟုတ်လားအမေ...ဘယ်...ဘယ်သူများလဲ " " ဘယ်သူရှိရမှာလဲ ...မောင်စိုင်းမြတ်ပေါ့... " " ဗျာ ...မောင်းစိုင်းမြတ်ဟုတ်လားအမေ " စိုင်းမြတ်ဆိုတဲ့နာမည်ကြောင့် ဦးဘိုထွန်းရောဒေါ်ပန်းမြိုင်ပါ အံ့ဩသွားကြရတယ်။ ~~~~~~~~~~~ အခန်းထဲကကြားလိုက်ရတဲ့စကားသံကြောင့် အလွမ်းဆွတ်ကိုယ်လေးဆတ်ခနဲတုန်ခါသွားရပြီး မျက်လုံးအိမ်ထဲမှာမျက်ရည်တွေပါရစ်ဝဲလာခဲ့ရတယ်။အခန်းထဲကစကားသံတွေကိုဆက်ပြီးနားထောင်နိုင်စွမ်းမရှိတော့တာမို့ အလွမ်းဆွတ်ယိမ်းယိုင်တဲ့ခြေလှမ်းတွေနဲ့အခန်းနားကထွက်လာခဲ့တယ်။ဘဝမှာ တစ်ခါသာပွင့်ဖူးခဲ့တဲ့အချစ်ပန်းလေးက ဖူးငုံကာစမှာပင်ကြွေကျခဲ့ရလေပြီ။ " ဟယ် အလွမ်း.. ဘာဖြစ်လို့လဲဟင်...ဘွားကြေးဥအော်လိုက်လို့လား...မမလေးအော်လိုက်လို့်လား " မဇာယုက အလွမ်းဆွတ်ပါးပြင်ပေါ်က မျက်ရည်စတွေကိုမြင်ပြီး ခပ်တိုးတိုးမေးလိုက်တယ်။ " မ...မဟုတ်ပါဘူ မဇာယုရယ် " အလွမ်းဆွတ်ခေါင်းလေးကို ခါးယမ်းပြီးပြန်ဖြေလိုက်ပေမဲ့ မဇာယုကယုံကြည်ပုံမရဘဲ အသံခပ်တိုးတိုးနဲ့ထပ်ပြောလိုက်တယ်။ " မငိုပါနဲ့အလွမ်းရယ်....အပေါ်ထပ်ကိုအလွမ်းမသွားနဲ့တော့...မဇာယုပဲသွားတော့မယ်...အလကားနေ ...မြေးအဘွားတွေက အလွမ်းကိုပဲပြဿနာရှာနေကြတယ်...." မဇာယုကမကျေမချမ်းနဲ့ခပ်တိုးတိုးပြောလိုက်တယ်။မဇာယုတို့အတွက် အသက်ဆယ့်ရှစ်နှစ်ကျော်မှ ကသစ်မြိုင်ကိုပြန်ရောက်လာခဲ့ရတဲ့ သူဌေးသမီးပန်းရိပ်ဖြူထက်စာရင် သူမတို့ ကသစ်မြိုင်ကိုရောက်စဉ်ကတည်းက ကသစ်မြိုင်မှာရှိနေခဲ့တဲ့ အလွမ်းဆွတ်လေးကိုသာ ပိုပြိးသံယောဇဉ်ရှိကြတယ်။အနေအေးတဲ့အလွမ်းဆွတ်ကလဲ မဇာယုအပါအဝင်အလုပ်သမားအားလုံးနဲ့အဆင်ပြေတယ်။ရှင်းရှင်းပြောရရင် အလွမ်းဆွတ်နဲ့အဆင်မပြေတာဆိုလို့် ပန်းရိပ်ဖြူတို့မြေးအဘွားပဲရှိတာ။ပန်းရိပ်ဖြူကတော့ အလွမ်းဆွတ်နဲ့တင်မဟုတ်ဘဲ သူ့မိဘနှစ်ပါးရယ်သူ့အဘွားရယ်ကလွဲလို့ ဘယ်သူနဲ့မှကိုအဆင်မပြေတာ။မြင်မြင်သမျှလူတွေကို သူ့ကိုလုပ်ကြံမဲ့သူတွေလို့ပဲပေါက်ကရတွေထင်နေတော့တာလေ။ပိုဆိုးတာက ပန်းရိပ်ဖြူ ကသစ်မြိုင်ကိုပြန်ရောက်လာချိန်မှာ ကသစ်မြိုင်က အလုပ်သမားတွေအားလုံးက လူသစ်တွေဖြစ်နေခဲ့ပြီး သူနဲ့ရင်နှီးတဲ့သူရယ်လို့လဲမရှိခဲ့ဘူး။တကယ်တော့ ကသစ်မြိုင်ကအလုပ်သမားတွေအားလုံးကို ရေတံခွန်တောင်ကြားအမှုဖြစ်ပြီးချိန်မှာပဲ အလုပ်ကနေဦးဘိုထွန်းကိုယ်တိုင်ထုတ်ပစ်ခဲ့လိုက်တာ။ပြောရရင် ရေတံခွန်တောင်ကြားဖြစ်စဉ်မှာ အိမ်တွင်းလူ လက်ထောက်ချတယ်လို့ မသင်္ကာခဲ့လို့အလုပ်သမားဟောင်းတွေအကုန်လုံးကိုထုတ်ပစ်လိုက်ပြီး နယ်ဝေးကလူတွေရှာပြီးအလုပ်ခေါ်ခဲ့တာ။ဒီထဲမှာ အသက်နှစ်ဆယ်အရွယ် မဇာယုပါလာခဲ့တာ။ပန်းရိပ်ဖြူကတော့ ရေတံခွန်းတောင်ကြားအမှုဖြစ်ပွားပြီးတော့ ပြည်ပအထိဆေးသွားကုနေရတာရော ရန်ကုန်မှာနှစ်ရှည်လများဆေးကုနေရတာတွေကြောင့် အမှုဖြစ်ပြီးလို့ ကိုးနှစ်လောက်ကြာမှ ကသစ်မြိုင်ကိုပြန်ရောက်လာခဲ့တာလေ။အတိအကျပြောရမယ်ဆိုရင် ကိုးနှစ်ကျော်စအရွယ်ကနေ အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးမှ ကသစ်မြိုင်ကို ပန်းရိပ်ဖြူပြန်ရောက်လာခဲ့တာ။ပန်းရိပ်ဖြူပြန်ရောက်လာကတည်းက အပြုအမူတွေက အရိုင်းဆန်ပြီး မာနလဲကြီးတယ်။စကားပြောလဲမောက်မာလွန်းတာမို့ ဘယ်သူနဲ့မှကိုအဆင်ပြေခဲ့ဘူး။ပန်းရိပ်ဖြူနဲ့အဆင်မပြေလို့လဲ မဇာယုကလွဲလို့ အိမ်အလုပ်သမားတွေမကြာခဏကို ထွက်လိုက်ဝင်လိုက်ဖြစ်ခဲ့ရတယ်။ "သူက ...နေမကောင်းရင် ပိုပြီး ပြဿနာရှာတတ်တယ် မဟုတ်လား ...အပေါ်ထပ်ကခေါ်ရင် ...အလွမ်းမသွာနဲ့တော့ " " ဟုတ် ...ဟုတ်ကဲ့ပါ မဇာယု ..ကျေးဇူးတင်ပါတယ် "

ဖျတ်ခနဲပျောကွယ်သွားတာကိုတွေ့လိုက်ရတယ်။ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားတဲ့ ပုံရိပ်ကြောင့် ဘုန်းသိင်္ခအံ့ဩတုန်လှုပ်သွားပြီး ပြတင်းပေါက်ဆီကို မမှိတ်မသုန်စိုက်ကြည့်နေလိုက်တယ်။ ~~~~~~~~ " ဂျစ်...ဂျစ် " " ဂျစ်...ဂျစ် " နားထဲမှာတဂျစ်ဂျစ်မြည်သံလိုလိုကြားလိုက်ရတာကြောင့် ပန်းရိပ်ဖြူမျက်လုံးကိုအားယူပြိးဖွင့်ကြည့်လိုက်မိတယ်။အခန်းတစ်ခုလုံးကညအိပ်မီးပြာလဲ့လဲရောင်အောက်မှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ခပ်စောစောက အိပ်ချင်းမူးတူးနဲ့ကြားနေခဲ့ရတဲ့အသံကိုလဲမကြားရတော့ဘဲ ချောက်ချားစရာကောင်းလောက်အောင် တိတ်ဆိတ်လွန်းနေခဲ့ပြန်တယ်။ပန်းရိပ်ဖြူ မျက်လုံးအစုံကို ပွတ်သပ်ပြီး အခန်းနေရာအနှံ့ကို လိုက်ကြည့်လိုက်မိတယ်။ " အင်း..အင်း...ဟင်း...ဟင်း အသံက ကြားလိုက်ရတယ်ဆိုရုံညည်းတွားသံတိုးသဲ့သဲ့သာ။သို့ပေမဲ့ ပန်းရိပ်ဖြူနားထဲမှာတော့ ဗုံးတစ်လုံးပေါက်ကွဲသွားတဲ့အသံလေလား မြည်ဟီးသွားခဲ့တယ်။ "ဘယ်...ဘယ်သူလဲ...ဘယ်သူလဲလို့မေးနေတာကြားလား ...ဖြေလေ " ပန်းရိပ်ဖြူကြောက်လန့်တကြားမေးလိုက်ရင်းနဲ့ မီးခလုတ်ဆီကို ထသွားဖို့ရန်ပြင်လိုက်တယ်။ "ဘုတ် " " အမယ်လေး " ပန်းရိပ်ဖြူရဲ့လက်တွေ မီးခလုတ်ဆိကိုလက်လှမ်းလိုက်ချိန်မှာပဲ ရုတ်တရက်ဆိုသလို သူမနောက်ကျောကနေ တစ်စုံတစ်ယောက်ဖြတ်ပြေးသွားခဲ့ပြီး သူမကိုဝင်တိုက်သွားတာမို့ အလန့်တကြားအော်ဟစ်လိုက်မိသလို လူကလဲကြမ်းပြင်ပေါ်ကို ဘုတ်ခနဲမြည်အောင်လဲကျသွားရတော့တယ်။လူကအရမ်းကိုထိတ်လန့်တုန်လှုပ်သွားတာကြောင့် အော်ဟစ်ခေါ်လိုက်ပေမဲ့ အသံကလည်ချောင်းထဲမှာပဲ တစ်ဆို့ထစ်အနေခဲ့တယ်။ဘယ်လိုအော်အော်အသံကထွက်မလာတော့ကြောက်စိတ်ကနေဒေါသစိတ်အဖြစ်ပြောင်းလဲသွားရတော့တယ်။ဒီအချိန်မှာပဲ အခန်းတံခါးကိုကုတ်ခြစ်နေတဲ့အသံနဲ့အတူ အေးစက်စက်ညည်းတွားသံကြီးကိုကြားလိုက်ရပြန်တယ်။ " အင်း...ဟင်း..ဟင်း " " ဘယ်..ဘယ်သူလဲ...ဘယ်သူလဲလို့ " ပန်းရိပ်ဖြူအသံမာမာနဲ့မေးလိုက်ပေမဲ့ ဖြေသံထွက်မလာခဲ့ဘဲ အခန်းတံခါးဝဆီကညည်းတွားသံကြီးသာပေါ်ထွက်နေလေတယ်။သူမအတင်းကုန်းရုန်းထလိုက်ပြီး တံခါးကိုဖွင့်လိုက်တယ်။ " ဟင် " တံခါးဖွင့်လိုက်ချိန်မှာ ပန်းရိပ်ဖြူမြင်တွေ့လိုက်ရတာက တံခါးဝကိုကျောခိုင်းပြီး ရပ်နေတဲ့မိန်းမတစ်ယောက် " ဘယ်.... ဘယ်သူလဲ...နင်ဘယ်သူလဲ ...ပြောလေ " ပန်းရိပ်ဖြူမေးနေပေမဲ့ အမျိုးသမီးကတုတ်တုတ်တောင်မလှုပ်ဘဲ မလှုပ်မယှက်ကြီး ရပ်နေခဲ့ပြီးမှ တဖြည်းဖြည်းချင်း သူမဘက်ကိုလှည့်လာတာကိုတွေ့လိုက်ရတယ်။ဒီအခါ မီးသွေားတုံးလိုမည်းနက်နေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတာမို့ ပန်းရိပ်ဖြူအသက်ရှူရပ်သွားသလိုကြောင်အကာကြည့်နေမိတယ်။ ~~~~~~ " ပန်းရိပ်...ပန်းရိပ်....သမီးဘာလုပ်နေတာလဲ...ညသန်းခေါင်ကြီး အခန်းဝမှာဘာရပ်လုပ်နေတာလဲ " ဒေါ်ပန်းမြိင်မှာ အခန်းပြင်ကအသံသဲ့သဲ့ကြားလိုက်မိတာမို့ အပြင်ကိုထွက်ကြည့်လိုက်တဲ့အခါမှာ သမီးဖြစ်သူက အခန်းပြင်စင်္ကြန်လမ်းမှာ တောင့်တောင့်ကြီးရပ်နေတာကို တွေ့မြင်လိုက်ရတာကြောင့် အထိတ်တလန့်ပြေးသွားလိုက်မိတယ်။ " သမီး...သမီး...ပန်းရိပ် သတိထားလေ...သတိထားစမ်း ...." မတ်မတ်တောင့်တောင့်ကြီးဖြစ််နေတဲ့ သမီးဖြစ်သူကို ဒေါ်ပန်းမြိုင်အတင်းလှုပ်ခါပြီး ခေါ်လိုက်တယ်။ " ဟင်း .... " သမီးဖြစ်သူဆီက အေးစက်စက်သက်ပြင်းရှည်ချသံကြီးကိုကြားလိုက်ရတာမို့ ဒေါ်ပန်းမြိင်ပါလန့်သွားရတယ်။ "ပန်းရိပ်...ပန်းရိပ် " " အ...အမေ.." ပန်းရိပ်ဖြူသတိဝင်လာမိချိန်မှာ မိခင်ဖြစ်သူကိုတွေ့လိုက်ရတာမို့ တုန်တုန်ယင်ယင်ထစ်ထစ်ငေါ့ငေါ့နဲ့ခေါ်လိုက်မိပြီး မတ်မတ်ရပ်နေရာကခွေခနဲလဲကျသွားခဲ့ရတော့တယ်။ ~~~~~~~~~~~~~~~ " ပန်းမ်ြိုင် ...ဒါဘယ်လိုဖြစ်ရတာလဲ ..,.ငါ့မြေးဘယ်လိုဖြစ်ရတာလဲ ....မနေ့ကအကောင်းကို ဒီနေ့မှချက်ချင်းကြီးနေမကောင်းထဖြစ်ရလား ..နင်တ်ို့တွေ ကိုယ့်သာသမီးကျန်းမာရေးကိုလဲသိရဲ့သားနဲ့ဂရုရောစိုက်ကြရဲ့လား ..." ဘွားကြေးဥရဲ့အသံက ကသစ်မြိင်စံအိမ်ကြီးထဲမှာဟိန်းထွက်နေခဲ့တယ်။ဦးဘိုထွန်းက မိခင်ဖြစ်သူကိုကြည့်လိုက်ပြီး " တော်ပါတော့ အမေရယ်...ကြီးကြီးကျယ်ကျယ်ဖြစ်တာလဲမဟုတ်ပါဘူး....ဖျားရုံပါ ...ပြီးတော့ အမေ့မြေးကဆယ့်ခြောက်နှစ်အရွယ်လေးမဟုတ်တော့ဘူး...နှစ်ဆယ့်ခြောက်နှစ်ပါ...အိမ်ထောင်ပြုရမဲ့အရွယ်ကိုတောင်ရောက်နေပါပြီ...ကျွန်တော်တို့တွေ သူ့ကိုလိုတာထက်ပိုပြီး ဂရုစိုက်ပေးခဲ့ကြလို့ သူအခုလိုပုံစံမျိုးဖြစ်နေခဲ့တာ....." " တော်စမ်းဘိုတွန်း...မင်းကဖအေဖြစ်ပြီး... ဒီလိုပြောရလား..ငါ့မြေးကနှစ်ဆယ့်ခြောက်နှစ်ဆိုပေမဲ့ ...ကျန်းမာရေးကောင်းတာမဟုတ်ဘူးလေ...မင်းဒါကိုသိသိနဲ့ဒီလိုပြောရလား " " တော်ပါတော့အမေရယ်....ဒီစကားတွေကို မပြောပါနဲ့တော့ ....ကျန်းမာရေးမကောင်းဘူးဆိုပြီး လိုတာထက်ပိုပြီးအလိုတွေလိုက်ခဲ့လို့...သူဒီလိုတွေဖြစ်နေရတာလေ...." " တော်ပြီဟေ့ ဘိုထွန်း...မင်းတို့တာဝန်မယူနိုင်ဘူးဆိုရင်ပြော ...ငါ့မြေးကိုငါခေါ်သွားမယ် .....စောရီ...ငါ့မြေးအခန်းထဲကိုသွားမယ် ...ငါ့မြေးကိုငါ့တိုက်ကိုခေါ်သွားမယ် "

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၉) akyiphyu ********* " မနေ့ကမှရောက်လာတဲ့ ဧည့်သည်နဲ့ ပြဿနာဖြစ်ရလားပန်းရိပ်ရယ် .... " နှစ်ယောက်တည်းကျန်ခဲ့တော့မှ စိုင်းမြတ်ကခပ်တိုးတိုးမေးလိုက်တယ်။ " သူက မနေ့ကမှကသစ်မြိုင်ကိုရောက်လာပြီး ...ဒီနေ့မနက်မှာပဲ ...ကျွန်မရဲ့ဆိုင်ကယ်တွေကားတွေနားမှာမယောင်မလည်နဲ့ရှိနေခဲ့တာပါ ကိုစိုင်းမြတ် ...ဒါက ဘာသဘောဖြစ်နိုင်မလဲ ....ကျွန်မရဲ့ကားတွေဆိုင်ကယ်တွေကို တစ်ခုခုလုပ်ဖို့ကြံစည်နေတာမဟုတ်ဘူးလား " " ပန်းရိပ်ရယ်...အဲ့ဒါနဲ့ပဲ ...သူ့ကိုပေါ်တင်မေးလိုက်တယ်ပေါ့ဟုတ်လား...ပြီးတော့ ဒီအကြောင်းကိုအန်တီမြိုင်ပါသိသွားတယ်ပေါ့ဟုတ်လား " " အမေကသိသွားတာမဟုတ်ဘူး...ကျွန်မကိုယ်တိုင်ပြောပြီး ...သူ့ကိုအလုပ်ထုတ်ပစ်ဖို့ပြောလိုက်တာ " ပန်းရိပ်ဖြူရဲ့စကားကြောင့် စိုင်းမြတ်သက်ပြင်းမောကိုချလိုက်မိပြီး " ပန်းရိပ်ရယ်....ပန်းရိပ်ကိုကျွန်တော်ပြောထားတယ်လေ....လူတစ်ယောက်ကိုမယုံသင်္ကာဖြစ်နေမိပြီဆိုရင် အဲ့ဒီလူကိုပေါ်တင်မမေးရဘူး...မပြောရဘူးလေ....သူမသိအောင်ပညာသားပါပါနဲ့လေ့လာအကဲခတ်ရမှာလေ....ဒီလိုပေါ်တင်ကြီးသွားမေးရင်ဘယ်သူက ဝန်ခံမှာလဲ..." " အို ...မသိဘူးလေ....ကျွန်မကတော့ ကိစ္စတစ်ခုကိုပွင့်ပွင့်လင်းလင်းပြောပြီးဖြေရှင်းလိုက်ချင်တာပဲသိတယ်...ကျွန်မကကိုစိုင်းမြတ်တို့လိုပညာမသင်ခဲ့ရလို့... ပညာသားပါပါပြောတာဆိုတာတွေလဲမလုပ်တတ်ဘူး ....လူတစ်ယောက်ကိုမုန်းရင်မုန်းတယ်ဆိုပြီး ဒဲ့ရှင်းလိုက်တာပဲသဘောကျတယ် " ပန်းရိပ်ဖြူရဲ့စကားကြောင့် စိုင်းမြတ်စိတ်မကောင်းဖြစ်သွားရတယ်။ " ပန်းရိပ်ရယ်...ဒါတွေကပညာတတ်ဖို့မလိုပါဘူး...ပညာတတ်မှကိုယ့်အန္တရာယ်ကိုရှောင်ရှာတတ်တာမဟုတ်ဘူး...ကျွန်တော်ပြောပြီးသားလေ...ဘာမဆိုအလောတကြီးမဆုံးဖြတ်နဲ့ အချိန်လေးခဏပေးပြိးစဉ်းစားရမယ်...ပြောချင်တာကိုပြောချလိုက်တာလွယ်ပေမဲ့ အဲ့ဒီအတွက်အကျိုးသက်ရောက်မှုတွေကို ကိုယ်ပဲခံစားရမှာလေ....ကျွန်တော်ရှင်းရှင်းပဲပြောမယ်...မပြောကောင်းမဆိုးကောင်းကွာ..တကယ်လို့်ပန်းရိပ်သာမတော်တဆဖြစ်သွားခဲ့ရင် .....အကျိုးအမြတ်ခံစားရမဲ့သူကဘယ်သူလဲဆိုပြီး အရင်တွေးရမယ်...ပြီးရင်အဲ့ဒီလိုလူတွေကိုပန်းရိပ်သတိထားရမှာ ....သူခိုင်းထားတဲ့အစွယ်အပွားတွေကိုလိုက်ရှင်းနေရုံနဲ့မပြီးဘူး,,,အဲ့ဒါကပန်းရိပ်အတွက်ပိုပြီးအန္တရာများလာရုံပဲရှိမှာ...အဲ့ဒီတော့ ပန်းရိပ်စိတ်ထဲမှာ ပန်းရိပ်ကိုလုပ်ကြံနေချင်တဲ့သူတကယ်ရှိနေတာလို့်ယုံကြည်နေရင် ...အဓိကတရားခံကိုမိအောင်ဖမ်းပြီးအပြစ်ပေးနိုင်ဖို့ကြိုးစားပါ...သူခိုင်းစေထားတဲ့လူတွေကိုလိုက်ရှင်းနေရင်တော့ ဘယ်တော့မှရှင်းလို့ကုန်မှာမဟုတ်ဘူး...ပန်းရိပ်အတွက်ရန်သူတွေပိုများလာတာပဲရှိမှာ " စိုင်းမြတ်ရဲ့စကားကြောင့် ပန်းရိပ်ဖြူတွေဝေသွားမိတယ်။ " ကျွန်တော်ပြောတာကို လက်ခံလားပန်းရိပ် " စိုင်းမြတ်ကခပ်တိုးတိုးထပ်မေးလိုက်တယ်။စိုင်းမြတ်ရဲ့အမေးကို ပန်းရိပ်ဖြူခပ်လေးလေးခေါင်းငြိမ့်ပြလိုက်ပြီး "ပန်းရိပ်လက်ခံပါတယ်...သဘောလဲပေါက်တယ်...ဒါပေမဲ့ တစ်ခုခုဆိုရင်ပန်းရိပ်ဒေါသအရမ်းထွက်တယ်...စိတ်မထိန်းနိုင်ဘူး ...ချက်ချင်းသောင်းကျန်းပစ်လိုက်ချင်စိတ်ကိုထိန်းလို့်မရဘူး " " ဪ ...ဒါကမခက်ပါဘူး ပန်းရိပ်ရယ်...တကယ်လို့်ပန်းရိပ်ဒေါသအရမ်းထွက်နေပြီးဆိုရင်.....အသက်ကို မှန်မှန်ရှူပြီးတစ်ကနေတစ်ဆယ်အထိရေကြည့်ပါ...စိတ်နည်းနည်းငြိမ်သွားလိမ့်မယ်....ပြီးတော့ပန်းရိပ်ဒီလိုဖြစ်နေတာတွေက..... ပန်းရိပ်မှာချစ်ရမဲ့သူမရှိသေးလို့ဒေါသတွေအရမ်းကြီးနေတာပါ...ချစ်ရမဲ့သူတွေ့လာတဲ့နေ့ကျရင် ပန်းရိပ်ရဲ့စိတ်တွေနုညံ့လာပါလိမ့်မယ် " " ရှင် " စိုင်းမြတ်ရဲ့စကားကြောင့် ပန်းရိပ်ဖြူအလန့်တကြားနဲ့စိုင်းမြတ်ကိုမော့ကြည့်လိုက်မိတယ်။ဒီအခါသူမကို ငေးကြည့်နေတဲ့စိုင်းမြတ်နဲ့အကြည့်ချင်းဆုံသွားမိပြီး ဆွံ့အသွားသလိုပြန်ငေးကြည့်နေခဲ့မိတယ်။အချစ်တဲ့လေ။ဒီစကားက ပန်းရိပ်ဖြူအတွက်စိမ်းသက်လွန်းလှတဲ့စကားလေ။ " ပန်းရိပ် ....ဒီကရှေ့လျှောက် ပန်းရိပ်သိပ်ပြီးမစိုးရိမ်နဲ့တော့နော်....ကျွန်တော်ပန်းရိပ်ကိုကူညီမှာပါ....ပန်းရိပ်မထိခိုက်ရအောင်ကျွန်တော်ကာကွယ်ပေးပါ့မယ် " " ရှင် " စိုင်းမြတ်ရဲ့စကားတွေကြောင့် ပန်းရိပ်ဖြူရင်တွေတလှပ်လှပ်တုန်ခါသွားရကာ အလန့်တကြားနဲ့ စိုင်းမြတ်ကို မော့ကြည့်လိုက်မိပြန်တယ်။ ဒီအခါစိုင်းမြတ်ကလဲ သူမကိုငေးကြည့်နေတာမို့ ပန်းရိပ်ဖြူကမန်းကတန်း ခေါင်းကိုငုံ့ချလိုက်မိတယ်။ကသစ်မြိုင်ခြံဝန်းကြီးက ညအမှောင်အောက်မှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ ~~~~~ ဘုန်းသိင်္ခက ပြတင်းပေါက်မှန်နောက်ကွယ်ကနေ ခြံထဲကိုခပ်စူးစူးလှမ်းကြည့်နေမိရင်း မသိမသာပြုံးလိုက်မိတယ်။ပြီးတော့ပြတင်းပေါက်က ပြန်ခွါဖို့ပြင်လိုက်ချိန်မှာပဲ ကသစ်မြိုင်စံအိမ်ကြီးဆီကို အကြည့်ရောက်သွားမိခိုက်မှာ ပြတင်းပေါက်တစ်ခုမှာ ရပ်နေတဲ့ခပ်ဝါးဝါးပုံရိပ်သဏ္ဌာန်တစ်ခုကိုတွေ့လိုက်ရတယ်။ဘုန်းသိင်္ခခန္ဓာကိုယ်ကို ဆတ်ခနဲ နောက်ကိုအမြန်ဆုတ်လိုက်ပြီး ကသစ်မြိုင်တိုက်ကြီးပေါ်က ခပ်ဝါးဝါးပုံရိပ်ကိုလှမ်းကြည့်လိုက်တယ်။ ပုံရိပ်က ပြတင်းပေါက်မှာ အတန်ကြာ ရပ်နေပြီးတော့မှာ

" ဗျာ...သခင်မလေးဘာတွေပြောနေတာလဲ ...သခင်မလေးပြောနေတာတွေကိုကျွန်တော်နားမလည်နိုင်ဘူး ....သခင်မလေးကိုကျွန်တော်ကဘာလို့လုပ်ကြံရမှာလဲ....ဘာလဲ သခင်မလေးက ...ရုပ်ရှင်တွေထဲကလို လူဆိုးဂိုဏ်ကြီးတစ်ဂိုဏ်မှာ... အရင်ကအလုပ်လုပ်ခဲ့ပြီး သစ္စာဖောက်ပြီးထွက်ပြေးခဲ့လို့်လား " " ဘာ...ဘာတွေလာပြောနေတာလဲ ...ရှင်ရူးနေတာလား ....ဘာသခင်မလေးလဲ " ဘုန်းသိင်္ခရဲ့ ခပ်ကြောင်ကြောင်စကားကြောင့် ပန်းရိပ်ဖြူဒေါသထွက်ပြီး လေသံကျယ်ကျယ်နဲ့အော်ပစ်လိုက်တယ်။ဒီအချိန်မှာပဲ သူတို့နားကိုလူတစ်ယောက်ရောက်လာခဲ့တယ်။ " ပန်းရိပ်....မှောင်နေပြီကို ဘာလုပ်နေတာလဲ .." " ကို..ကိုစိုင်းမြတ် " စိုင်းမြတ်ရဲ့အသံကြောင့် ပန်းရိပ်ဖြူကစိုင်းမြတ်ကိုမော့ကြည့်လိုက်ပြီး ပြန်နှုတ်ဆက်လိုက်တယ်။ " ဪ...ဘယ်သူများလဲလို့်....ကိုဘုန်းသိင်္ခပါလား.....စကားပြောနေကြတာလား ...ကျွန်တော်အနှောက်အယှက်များပေးမိသွားတာလား " " အို....မဟုတ်ပါဘူးကိုစိုင်းမြတ်...သူနဲ့ပန်းရိပ်ကြားမှာစကားပြောစရာကိစ္စလဲမရှိပါဘူး ....သတိပေးစရာလေးရှိလို့ ပြောနေတာပါ...ပြောလို့လဲပြီးပါပြီ " စိုင်းမြတ်ရဲ့စကားကို ပန်းရိပ်ဖြူက ကမန်းကတန်းရှင်းပြလိုက်ချိန်မှာပဲ ဘုန်းသိင်္ခက နှစ်ယောက်လုံးကိုနှုတ်မဆက်တော့ဘဲ အနားကထွက်လာခဲ့လိုက်တယ်။ ================================== အပိုင်း(၉ )ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ

" ဒီမှာ သခင်မလေးရဲ့ ... ဘာတွေပြောနေတာလဲ ...ကျွန်တော်ကယဉ်ကျေးမှုအရပြုံးပြတာလေ....သခင်မလေးကိုဘာများအန္တရာယ်ပြစော်ကားမိလို့လဲ....ကျွန်တော်တို့တွေအလုပ်လုပ်ဖို့အတွက် ရပ်ဝေးမြေခြားကနေမိသားစုတွေနဲ့ခွဲပြီး တကူးတကလာခဲ့ကြရတာ...သခင်မလေးနှင်ချင်တိုင်းနှင်လို့မရဘူး..ကျွန်တော်တို့မှာအချိန်တွေအများကြီးရင်းထားရတာ...အချိန်ဆိုတာ ငွေနဲ့ပြန်ဝယ်လို့ရတဲ့အရာလဲမဟုတ်ဘူး ...သခင်မလေးစိတ်ထင်တိုင်း လာပါ.....သွားပါလုပ်လို့မရဘူးဗျ....ပြီးတော့ ကျွန်တော့်အတွက် ဒီနေ့တစ်ရက်ပဲလည်ပတ်ခွင့်ရတော့မှာ ...နောက်ရက်တွေအလုပ်ဝင်ရတော့မှာ...အဲ့ဒီတော့ ကျွန်တော့်အချိန်တွေကိုမဖြုန်းပါနဲ့တော့ဗျာ...မကျေနပ်သေးရင်ညကျမှလူကြီးစုံရာရှေ့မှာဆက်ရှင်းကြတာပေါ့ ....ကျွန်တော့်ကိုခွင့်ပြုပါအုံး " " ဘာ ....ရှင်မသွားနဲ့အုံး...မသွားနဲ့လို့ပြောနေတာမကြားဘူးလား " ပန်းရိပ်ဖြူအော်ဟစ်တားမြစ်လိုက်ပေမဲ့ ဘုန်းသိင်္ခကဆိုင်ကယ်ပေါ်တက်ကာ မောင်းထွက်သွားခဲ့တယ်။ပန်းရိပ်ဖြူမှာ နေရာမှာဒေါသဖြစ်ပြီးကျန်ခဲ့ရတော့တယ်။ ~~~~~~~~~~~~~~~~~ " သမီးပန်းရိပ်...မောင်ဘုန်းသိင်္ခနဲ့ပြဿနာဖြစ်တယ်ပေါ့ဟုတ်လား....အဲ့ဒီတော့ မောင်ဘုန်းသိင်္ခကိုကသစ်မြိုင်ကနေထွက်သွားစမ်းလို့ပြောလိုက်ပြန်ပြီမဟုတ်လား " မိခင်ကြီးရဲ့စကားကြောင့် ပန်းရိပ်ဖြူမိခင်ဖြစ်သူကို မျက်လုံးအပြူးသားနဲ့မော့ကြည့်လိုက်မိပြီး တစ်ဆက်တည်းမှာပဲ သူမနဲ့မျက်နှာချင်းဆိုင်အနေအထားနဲ့ထိုင်နေတဲ့ ဘုန်းသိင်္ခကို မု**န်းတီးစွာမော့ကြည့်လိုက်မိတယ်။ " သမီး ...မောင်ဘုန်းသိင်္ခကိုသွားမကြည့်နဲ့....အမေပြောတာကိုနားထောင်....မောင်ဘုန်းသိင်္ခတို့ကို အပန်းဖြေစခန်းလှပရေးးအတွက် အတူလက်တွဲလုပ်ဖို့ စာချုပ်ချုပ်ပြီးခေါ်ထားရတာ....သူ့ဘက်ကိုယ့်ဘက်စာချုပ်ဖောက်ဖျက်မိရင် ...လျော်ရမဲ့လျော်ကြေးငွေကို အမေ့တို့်ဘက်ကလဲလျော်ပေးနိုင်ပါတယ်...ဒါပေမဲ့ ဘာဖြစ်မလဲဆိုတော့ အမေ့တို့တွေလုပ်ငန်းနဲ့ပတ်သက်ပြီးနာမည်ဆိုးကျန်ခဲ့နိုင်တယ်ဆိုတာသိလား ....ပြီးတော့မောင်ဘုန်းသိင်္ခက...အမေတို့ရဲ့အလုပ်သမားမဟုတ်ဘူး...အပန်းဖြေစခန်းအတွက်အကူအညီတောင်းဖို့ ခေါ်ယူထားရတဲ့ပညာရှင်တစ်ယောက်ပဲ....ဒါကြောင့်သမီးမောင်ဘုန်းသိင်္ခကိုမနှောက်ယှက်ပါနဲ့ကွယ်...အမေတောင်းပန်ပါတယ်...သူကအမေတို့ဘက်ကကမ်းလှမ်းခေါ်လို့ ရန်ကုန်ကနေတကူးတကရောက်လာခဲ့တဲ့သူပါ...သမီးကိုလဲသူမသိသလို... စခန်းသာကိုလဲခုမှပထမဆုံးအကြိမ်ရောက်ဖူးတဲ့သူပါ......အလုပ်အတွက် နောက်ခြောက်ထအထိမောင်ဘုန်းသိင်္ခတို့က ကသစ်မြိုင်မှာနေရမှာမို့ ....သမီးလဲကိုယ့်ဘာသာနေပါ ...မောင်ဘုန်းသိင်္ခကိုလဲ အန်တီမြိုင်ကပဲ တောင်းပန်ပါတယ်ကွယ်....အန်တီမြိုင်သမီးကစကားအပြောအဆိုမတတ်လို့ပါ ...နောက်ကိုဒီလိုမျိုးမဖြစ်စေရပါဘူးကွယ် " ဒေါ်ပန်းမြိုင်ရဲ့တောင်းပန်စကားကြောင့် ဘုန်းသိင်္ခက ဒေါ်ပန်းမြိုင်ကိုခေါင်းငြိမ့်ပြလိုက်ပြီး " ဟုတ်ကဲ့ ရပါတယ်အန်တီမြိုင်...ကျွန်တော်စိတ်ထဲမှာမထားပါဘူး...ဘာပဲဖြစ်ဖြစ်ကျွန်တော့်ဘက်ကလဲဆင်ခြင်ပါ့မယ် ....မပန်းရိပ်ဖြူကိုလဲကျွန်တော်ကပဲတောင်းပန်ပါတယ်....." ဘုန်းသိင်္ခခပ်ပြုံးပြုံးအမူအရာနဲ့ပြောလိုက်တော့ ပန်းရိပ်ဖြူ နှုတ်ခမ်းကိုကိုက်ကာ ဘုန်းသိင်္ခကိုမော့ကြည့်လိုက်တယ်။ဒီအခါမှာ သူမကိုခပ်ပြုံးပြုံးကြည့်နေတဲ့ဘုန်းသိင်္ခရဲ့မျက်နှာကိုမြင်ပြီး ဒေါသတွေထွက်လာရပြန်တယ်။ " အဆင်ပြေသွားပြီဆိုရင်တော့ ...ကျွန်တော့်ကိုပြန်ခွင့်ပြုပါအုံး အန်တီမြိုင်...ကျွန်တော့် ဒီနေ့ စခန်းသာမြို့ရဲ့အလှအပတွေကိုလိုက်လေ့လာထားတာမို့ အရမ်းပင်ပန်းနေလို့ပါ " " ဟုတ်လား...အားနာလိုက်တာမောင်ဘုန်းသိင်္ခရယ်....နားပါ...နားပါ ...အေးအေးဆေးဆေးသွားနားလိုက်ပါ...မနက်ကျရင်လဲ ကိုးနားရီလောက်မှအလုပ်ထဲသွားကြမှာမို့.. အေးအေးဆေးဆေးမှထလို့်ရပါတယ်ကွယ် " " ဟုတ်ကဲ့ ...ကျေးဇူးပါအန်တီမြိုင် ...ကျွန်တော့်ကိုသွားခွင့်ပြုပါအုံးနော် ...သွားပါအုံးမယ်နော် မပန်းရိပ်ဖြူ " ဘုန်းသိင်္ခနှုတ်ဆက်ပြီးတော့နေရာကထလာလိုက်တယ်။ ~~~~~~~~~~~~~~~~ " ဒီမှာ ဘုန်းသိင်္ခ....ရှင်ခဏနေအုံး " ဘုန်းသိင်္ခခြံထဲက ပန်းခြံလေးထဲမှာ ခဏထိုင်နားပြိးတော့ တိုက်ပေါ်ကိုတက်ဖို့ပြင်လိုက်စဉ်မှာပဲ အသံနဲ့အတူအနားကိုလျှောက်လာတဲ့ပန်းရိပ်ဖြူကိုတွေ့လိုက်ရတာမို့ ခြေစုံကိုရပ်လိုက်ပြီး ပန်းရိပ်ဖြူကို ကြည့်လိုက်တယ်။ " ဟုတ်ကဲ့ ...ဘာများပြောချင်လို့်လဲ သခင်မလေး " " ဘာ...တောက်....ရှင်လာမရွှဲ့နဲ့...ရှင့်ကိုသတိပေးထားမလို့်လာခဲ့တာ...ကျွန်မကိုတွေ့ရင်ရှင်မပြုံးနဲ့...ကျွန်မ ရှင်ပြုံးတာကိုမုန်းတယ်...ပြီးတော့‌ ပြောထားအုံးမယ်....ရှင့်ကိုတစ်ယောက်ယောက်ကခိုင်းထားတာဆိုရင်လဲ ....ကျွန်မကဂရုမစိုက်ဘူးဆိုတာသိထားလိုက်....ပန်းရိပ်ဖြူကဘာကိုမကြောက်တတ်ဘူးသိလား ...ငါ့ကိုလုပ်ကြံဖို့ရောက်လာတာဆိုရင် ခိုးကြောင်ခိုးဝှက်နဲ့တော့ မလုပ်ကြံနဲ့တည့်တည့်ရင်ဆိုင်လို့ရတယ်နော် "

ကားဂိုထောင်ပေါက်ဆီက ဒုန်းခနဲမြည်သံကြောင့် ဘုန်းသိင်္ခဆိုင်ကယ်တွေကြားမှာရပ်နေရာက နောက်ကိုလှည့်ကြည့်လိုက်မိတယ်။ဒီအခါ တံခါးဝကနေ သူ့ကိုမျက်နှာထားတင်းတင်းနဲ့လှမ်းကြည့်နေတဲ့ မိုက်တိမိုက်ကန်းပုံစံနဲ့အမျိုးသမီးတစ်ယောက်ကိုလှမ်းတွေ့လိုက်ရတယ်။သူကြည့်နေချိန်မှာပဲ အမျိုးသမီးက သူမလက်ထဲမှာကိုင်လာတဲ့တု/*တ်နဲ့ သူ့ကိုလှမ်းချိန်ရွယ်လိုက်ပြီး အော်ဟစ်လိုက်တာကိုတွေ့လိုက်ရတယ်။ " ရှင်ဘယ်သူလဲ...သူခိုးလား....လူသ//တ်သမားလား....အောင်မောင်း....အောင်မောင်းဘယ်မှာလဲ ....ဒီမှာ ..ကားဂိုထောင်ထဲမှာသူခိုးရောက်နေတယ်....လုံခြုံရေးတွေဘာလုပ်နေကြတာလဲ " ပန်းရိပ်ဖြူအော်ဟစ်ခေါ်လိုက်တဲ့အသံကြောင့် ခြံထဲကအလုပ်သမားတွေအားလုံး ကားဂိုထောင်ဆီကိုအပြေးအလွှားရောက်ရှိလာခဲ့ကြတယ်။ " မမလေး...မမလေးဘာဖြစ်လို့လဲ " " ဘာဖြစ်လို့လဲ ဟုတ်လား...ရှင်တို့တွေ လုံခြုံရေးကိုဘယ်လိုတာဝန်ယူထားကြတာလဲ...ဟိုမှာမြင်လားရှင့်တို့ပထွေးကို ...သူခိုးက ကားဂိုထောင်ထဲရောက်နေတာတောင်ရှင်တို့မသိကြဘူးဟုတ်လား....ကျွန်မအရင်မြင်လို့ပေါ့ ...မဟုတ်ရင် ..အခုလောက်ဆိုကျွန်မ‌ေ**သနေလောက်ပြီ " ပန်းရိပ်ဖြူရဲ့စကားကြောင့် အားလုံးကဘုန်းသိင်္ခရှိရာကိုလှမ်းကြည့်လိုက်ကြပြီး မျက်လုံးတွေပြူးသွားကြတော့တယ်။ " ဟို....ဟို...မမလေး...သူ..သူက " " ဟာ.....ဖမ်းစရာရှိတာဖမ်းကြလေ...ဘာလုပ်နေကြတာလဲ ...ရှင်တို့တွေကပါ ကြံရာပါတွေလား " ပန်းရိပ်ဖြူအော်ဟစ်ပြောဆိုလိုက်ပြီးတော့ အလုပ်သမားတွေကိုပါ ထိတ်လန့်တုန့်လှုပ်စွာနဲ့ကြည့်လိုက်တယ်။ပန်းရိပ်ဖြူရဲ့သွေးမရှိတော့သလို ဖြူဖျော့သွားတဲ့မျက်နှာက်ိုမြင်လိုက်ရတော့မှ အောင်းမောင်းတစ်ယောက်ပန်းရိပ်ဖြူကိုအမြန်ဖြေရှင်းပြောပြလိုက်ရတော့တယ်။ " မဟုတ်ဘူးမမလေး...မဟုတ်ပါဘူး...သူကသူဌေးကတော်တို့ရဲ့ဧည့်သည်ပါ.....အပန်းဖြေစခန်းပြင်ဆင်ဖို့အတွက်ရောက်လာတဲ့ ဒီဇိုင်းနာတဲ့...နာမည်ကဘုန်းသိင်္ခတဲ့မမလေး ....မနေ့ကရောက်လာတာပါ....ဘွားကြေးဥလဲသိပါတယ်...." အောင်းမောင်းရဲ့စကားကိုကြားလိုက်ရတော့ ပန်းရိပ်ဖြူမယုံကြည်နိုင်သေးဘဲ ဘုန်းသိင်္ခကိုလှမ်းကြည့်လိုက်တယ်။ပြီးတော့ မသင်္ကာတဲ့စိတ်နဲ့လှမ်းမေးလိုက်တယ်။ " ရှင်ကဧည့်သည်ဆိုရင် ဧည့်သည်လိုနေပါလား...ကားဂိုထောင်ထဲမှာဘာလာလုပ်နေတာလဲ...ကျွန်မဆိုင်ကယ်တွေနားမှာ ဘာကိစ္စရပ်နေတာလဲ ...." ပန်းရိပ်ဖြူရဲ့ခပ်ကြောင်ကြောင်မေးခွန်းကြောင့် ဘုန်းသိင်္ခသူ့ပခုံးကိုတစ်ချက်တွန့်လိုက်ပြီး " ကျွန်တော် စခန်းသာမြို့ထဲလိုက်ကြည့်ချင်လို့် ...ဒီမှာရှိတဲ့ဆိုင်ကယ်တွေယူစီးလို့ရတယ်ဆိုလို့ ဆိုင်ကယ်ရွေးနေတာပါဗျာ ...ဘာမဟုတ်တာမှမကြံရပါဘူး " " တော်စမ်း....ဆိုင်ကယ်ရွေးးတာကရွေးလို့ရတယ်...ဒါပေမဲ့ ...ဒီဘက်ထဲကဆိုင်ကယ်တွေကိုထိခွင့်မရှိဘူးလို့် ...ရှင့်ကိုမမှာထားကြဘူးလား...အပန်းဖြေစခန်အတွက်လာတယ်ဆိုရင် အလွမ်းဆွတ်နဲ့တော့ဆုံပြီးလောက်ပြီပေါ့ ...သူကမမှာထားဘူးလား....." " ဪ...ပြောထားပါတယ်ဗျ....ပြောထားလို့လဲ အဲ့ဒီဘက်ကဆိုင်ကယ်တွေကိုကြည့်တောင်မကြည့်ပါဘူးအမိရယ်...ဒေါသကလဲကြီးလိုက်တာဗျာ....ဟော့ဒီမှာသေချာကြည့်ပါဗျာ... စည်းဒီဘက်ကဆိုင်ကယ်လေးကိုသဘောကျလို့ကြည့်မိတာပါ...ဒီဆိုင်ကယ်ကိုတော့စီးလိုရတယ် မဟုတ်လား " ဘုန်းသိင်္ခက ဆိုင်ကယ်တွန်းထုတ်လိုက်ရင်း ခပ်ပြုံးပြုံးမေးလိုက်တယ်။ ပြုံးစိစိမျက်နှာထားနဲ့ သူမကိုကြည့်ပြီးပြောလာတဲ့ ဘုန်းသိင်္ခကိုကြည့်ပြီး ပန်းရိပ်ဖြူ မျက်နှာတင်းခနဲဖြစ်သွားရတယ်။ '' ဘာလဲ ...ရှင်က ဘာပြုံးတာလဲ ... ဘာသဘောနဲ့ပြုံးတာလဲ ....ကျွန်မဘယ်သူလဲ ရှင်သိရဲ့လား .....ကျွန်မနာမည်ပန်းရိပ်ဖြူ ...ကသစ်မြိုင်စံအိမ်ပိုင်ရှင်သူဌေးဦးဘိုထွန်းနဲ့ဒေါ်ပန်းမြိုင်ရဲ့သမီးပဲ......ကသစ်မြိုင်ခြံထဲမှာနေမယ်ဆိုရင် ဒီလောက်တော့မှတ်ထားရမယ် ....နောက်တစ်ခါကျွန်မကို မလေးမစား ပုံစံလာမလုပ်နဲ့ " ပန်းရိပ်ဖြူက ဒေါသတကြီးနဲ့ ပြောလိုက်ပြီး ဘုန်းသိင်္ခကို ခါးထောက်ပြီးကြည့်လိုက်တယ်။ ဘုန်းသိင်္ခက မရယ်မိအောင်သတိထားလိုက်ပြီး ခေါင်းလေးကို ဆတ်ခနဲညွှတ်ပြလိုက်ပြီး "ဪ ..ဟုတ်ကဲ့ပါသခင်မလေး ... ကျွန်တော်မှတ်ထားလိုက်ပါ့မယ်ဗျာ ....နောက်ကို ဒီလို ထပ်မဖြစ်စေရပါဘူးခင်ဗျာ " ဘုန်းသိင်္ခခပ်ရွှဲ့ရွှဲ့ပြောလိုက်ရင်းနဲ့ သတိထားနေတဲ့ကြားက ပြုံးလိုက်မိတယ်။ ဘုန်းသိင်္ခရဲ့ပြုံးစစမျက်နှာထားကို ကြည့်ပြီး ဒေါသအကြီးအကျယ်ထွက်သွားသူက ပန်းရိပ်ဖြူဖြစ်တယ်။ '' ရှင် ..ရှင်ဘာသဘောနဲ့ပြုံးတာလဲ ...ကျွန်မကိုလှောင်တဲ့သဘောလား ...ဟုတ်လား .. မသွားနဲ့ ....ရှင်မသွားနဲ့အုံး ... ရှင့်ကိုအလုပ်ထုတ်ပစ်မယ် ... ရှင် ခုချက်ချင်း ကသစ်မြိုင်က ထွက်သွားစမ်း " ဘလိုင်းကြီးထသောင်းကျန်းတဲ့ ပန်းရိပ်ဖြူကို ကြည့်ပြီး ဘုန်းသိင်္ခစိတ်ညစ်သွားမိတယ်။ကားဂိုထောင်အပြင်ဘက်ကို လှမ်းကြည့်တော့လဲ အလုပ်သမားတွေအုပ်စုမရှိတော့တာမို့ စိတ်ရှုပ် ပြီးရင်း ရှုပ်သွားရတော့တယ်။

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၈) akyiphyu ********* " ထမင်းစားလို့အဆင်ပြေကြရဲ့လားကွယ်.....ဒီကဆန်ကရန်ကုန်ဆန်နဲ့သိပ်မတူလို့... ရန်ကုန်ဆန်ကိုသက်သက်ချက်ခိုင်းထားတာပါ..." ဒေါ်ပန်းမြိုင်က သန္တာအောင် နဲ့ဘုန်းသိင်္ခကိုကြည့်ပြီးမေးလိုက်တယ်။ " ဟုတ်ကဲ့ အဆင်ပြေပါတယ်အန်တီမြိုင်....သန္တာတို့စားတတ်ပါတယ်ရှင်...နောက်ရက်တွေတကူးတကကြီး ဒုကွမရှာပါနဲ့ရှင်....အားလုံးစားသလိုပဲစားပါမယ် " " ရပါတယ်ကွယ်...တကူးတကလုပ်ရတာမဟုတ်ပါဘူး ...မောင်ဘုန်းသိင်္ခလဲအေးအေးဆေးဆေးထိုင်ပါအုံး ...အိမ်သားတွေနဲ့မိတ်ဆက်ပေးချင်လို့ပါ " ဒေါ်ပန်းမြိုင်ရဲ့စကားကြောင့် ဘူန်းသိင်္ခကအခန်းထဲမှာရှိနေကြသူတွေကို တစ်ချက်ဝေ့ဝဲကြည့်လိုက်တယ်။ " အမေနဲ့အိမ်သားအားလုံးကို ဒီကဧည့်သည်နှစ်ယောက်နဲ့မိတ်ဆက်ပေးပါမယ်...သူတို့နှစ်ယောက်က ရန်ကုန်ကနေလာခဲ့ကြတဲ့... အိမ်တွင်းအလှဆင်ဒီဇိုင်းနာနှစ်ယောက်ပါ...ဒီကမိန်းကလေးနာမည်ကသန္တာအောင်ပါ...ဒီတစ်ယောက်ကတော့ မသန္တာရဲ့လက်ထောက်ဖြစ်တဲ့မောင်ဘုန်းသိင်္ခပါ....ရေတံခွန်တောင်ကြားအပန်းဖြေစခန်းကအတွက် လက်တွဲပြီး အလုပ်လုပ်ကြဖို့ခြောက်လစာချုပ်ချုပ်ထားတာပါအမေ...ပြီးတော့ တစ်လက်စတည်း ကသစ်မြိုင်မှာပါပြုပြင်မှုလေးတွေလုပ်ချင်လို့ပါ...အမေ့တိုက်ဘက်မှာရောပြုပြင်ချင်သေးလားလို့်ပါ " ချွေးမဖြစ်သူဒေါ်ပန်းမြိုင်ရဲ့စကားကြောင့် ဘွားကြေးဥကဘုန်းသိင်္ခတို့ကို ခပ်စူးစူးစိုက်ကြည့်လိုက်ပြီး " အဘွားကြီးတွေပဲနေတဲ့အိမ်ကတော့ ဘာပြုပြင်စရာရှိမှာလဲအေ...ညည်းတို့သဘောပါ ....ဒါနဲ့ငါ့မြေးကြီးရောသဘောတူရဲ့လား...သူ့အခန်းထဲကိုသူသဘောတူမှဝင်ကြနော် ...ဇွတ်မလုပ်ကြနဲ့ ...နေပါအုံးအေ...ငါ့အိမ်ကိုလဲ ငါ့မြေးကြီးကလုပ်ဆိုရင်လုပ်တာပေါ့ ....ဒါနဲ့ငါ့မြေးဘယ်မှာလဲ...အိမ်မှာမရှိဘူးလား..." ဘွားကြေးဥကမေးရင်းနဲ့သူ့မြေးကိုလှည့်ပတ်ရှာလိုက်တယ်။ " သမီးကအိပ်နေတယ်အမေ " " ဟဲ့ ...ဘာလို့ဒီအချိန်ကြီးအိပ်နေရတာလဲ ...နေမကောင်းဘူးလား...စောရီသွားမယ်...ငါ့မြေးကိုသွားကြည့်ရအောင် " ဘွားကြေးဥရဲ့အမိန့်ပေးစကားသံအဆုံးမှာ ဒေါ်စောရီက ဝှီးချဲကိုဓါတ်လှေကားရှိရာဘက်ကိုတရွေ့ရွေ့တွန်းသွားခဲ့တယ်။ဒီမြင်ကွင်းကိုကြည့်ပြီး ဦးဘိုထွန်းနဲ့ဒေါ်ပန်းမြိုင်ကပြိုင်တူလိုလိုသက်ပြင်းချလိုက်မိကြတယ်။အဖြစ်သည်းလွန်းတဲ့ မိခင်ဖြစ်သူကို သားဖြစ်တဲ့ဦးဘိုထွန်းလဲဘယ်လိုမှမတာနိုင်ဘူး။ " ဆောရီးပါ...သန္တာနဲ့ မောင်ဘုန်းသိင်္ခရေ...အန်တီမြိုင်တို့အမေကဒီလိုပဲ ...သူ့မြေးနဲ့ပတ်သက်ရင်နည်းနည်းသည်းတယ်....ခုထွက်သွားတာက ..အန်တီမြိုင့်ယောက္ခမကြီးပေါ့ ...ဒီကသမီးတို့အန်ကယ်ထွန်းရဲ့အမေပေါ့ကွယ်...အမေ့ကိုဒီကလူတွေအားလုံးကတော့ ဘွားကြေးဥလို့်ခေါ်ကြတယ်....ခေါင်းရင်းကတိုက်ပုလေးမှာနေတာ...အမေနဲ့အတူပါသွားတာကဒေါ်စောရီတဲ့ .....အမေတို့တိုက်မှာလဲထမင်းချက်နဲ့အလုပ်သမားတွေရှိသေးတယ်...သူတို့နဲ့တော့မိတ်ဆက်မပေးတော့ဘူး...ဒီကအလုပ်သမားတွေကတော့ အန်တီမြိုင်တိူ့တိုက်ကပေါ့ ...သူကတော့ မဇာယုတဲ့ ...အိမ်ကအလုပ်သမားခေါင်းဆောင်ပါ...အလုပ်သမားတွေခိုင်းလို့အဆင်မပြေတာပဲဖြစ်ဖြစ်....တစ်ခုခုစိတ်တိုင်းမကျရင် မဇာယုကိုပြောလို့ရပါတယ်....ပြီးတော့ ခြံရှေ့ဂိတ်တဲမှာ ခြံစောင့်သုံးယောက်ရှိတယ်အောင်းမောင်းဆိုတဲ့လူငယ်တစ်ယောက်လဲရှိတယ်...မောင်ဘုန်းသိင်္ခဟိုနားဒီနားလည်ပတ်ချင်ရင် အောင်မောင်းတို့ကိုမေးလို့ရတယ်...အောင်မောင်းကတော့ စခန်းသာတစ်မြို့လုံး သူမသိတဲ့နေရာမရှိဘူး...ဪ ..ပြီးတော့ မောင်ဘုန်းသိင်္ခကိုမိတ်ဆက်ပေးဖို့တစ်ယောက်ကျန်သေးတယ်...သူကမောင်ဘုန်းသိင်္ခနေတဲ့တိုက်မှာနေတဲ့သူပါ...ဟော...ပြောရင်းဆိုရင်း မောင်စိုင်းမြတ်လာပြီပဲ...မောင်စိုင်းမြတ်ရေလာပါကွယ်...မောင်စိုင်းမြတ်ကိုဧည့်သည်တွေနဲ့မိတ်ဆက်ပေးချင်လို့ခေါ်လိုက်တာပါ ....အန်တီမြိုင်တို့ကြောင့်အလုပ်ရှုပ်သွားရင်တောင်းပန်ပါတယ်ကွယ် " ဒေါ်ပန်းမြိုင်ရဲ့စကားကြောင့် ဘုန်းသိင်္ခကစိုင်းမြတ်ကိုလှမ်းကြည့်လိုက်တယ်။စိုင်းမြတ်ကလဲ ဘုန်းသိင်္ခကိုလှမ်းကြည့်လိုက်တာမို့ နှစ်ယောက်သားအကြည့်ချင်းဆုံသွားကြတယ်။ဒီအခါသွက်သွက်လက်လက်ရှိတဲ့ ဘုန်းသိင်္ခကသူ့ပင်ကိုယ်အမူအရာတိုင်း စိုင်းမြတ်ကိုပြုံးပြလိုက်တယ်။စိုင်းမြတ်ကလဲ ခပ်အေးအေးပြန်ပြုံးပြလိုက်တယ်။ " မောင်ဘုန်းသိင်္ခရေ...ဒီကမောင်ရင်က မောင်ဘုန်းသိင်္ခနေတဲ့တိုက်မှာနေတဲ့ ရှေ့နေလေးမောင်စိုင်းမြတ်ပါကွယ် ...မောင်စိုင်းမြတ်ကိုလဲမိတ်ဆက်ပေးရအုံးမယ်....ဒီကမောင်ရင်ကမောင်ဘုန်းသိင်္ခတဲ့...မောင်စိုင်းမြတ်နေတဲ့တိုက်မှာပဲ အခန်းစီစဉ်ပေးထားပါတယ်....မောင်စိုင်းမြတ်အတွက်အဆင်ပြေရဲ့လားကွယ်...ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ် " " ဟုတ်ကဲ့ ရပါတယ်အန်တီမြိုင်....အဆင်ပြေပါတယ်...တိုက်ခန်းကအကျယ်ကြီးပဲဟာ " " ကျေးဇူးပါ မောင်စိုင်းမြတ်ရေ ...." အိမ်သားတွေနဲ့မိတ်ဆက်ပေးပြီးသွားတော့ ဘုန်းသိင်္ခနဲ့စိုင်းမြတ်တို့လဲ ကသစ်မြိုင်စံအိမ်ကြီးထဲကနေထွက်လာခဲ့ကြပြီး ခြံထဲကတိုက်ပုလေးဆီကို ပြန်ခဲ့ကြတယ်။ ~~~~~~~~~~~~~~~~ " ဒုန်း "

ဘုန်းသိင်္ခရဲ့အပြုံးကြောင့် အလွမ်းဆွတ်မျက်မှောင်လေးမသိမသာကြုတ်လိုက်မိပြီး လှည့်ထွက်လာခဲ့လိုက်တယ်။ဘုန်းသိင်္ခပုံစံက ကိုစိုင်းမြတ်နဲ့လုံးဝကိုမတူဘဲ လူတစ်ယောက်ကိုစူးစူးရဲရဲစိုက်ကြည့်နေတတ်ပြီး ပြုံးနေတတ်တယ်။သေချာစဉ်းစားကြည့်ရင်သူ့ပုံစံက ဘာမှရည်ရွယ်ထားပုံမဟုတ်ပေမဲ့ အကြည့်ခံရသူဖို့က အနေရခက်လှတယ်။ပြီးတော့ ပြုံးနေတဲ့သူ့မျက်နှာကလဲ အနောက်တိုင်းရုပ်ရှင်ကားတွေထဲကပလေးဘွိုင်းတွေလိုအပြုံးမျိုးနဲ့ ပြုံးနေတာလေ။တော်ရုံမိန်ကလေးဆိုရင် ညှို့ငင်သလိုဖြစ်နေတဲ့သူ့အကြည့်တွေနဲ့ပလေးဘွိုင်းလိုအပြုံးကြောင့်အလွယ်တကူကြွေဆင်းသွားမှာသေချာတယ်။အလွမ်းဆွတ်ကတော့ နှလုံးသားထဲမှာပိုင်ရှင်ရှိပြီးသားမို့ ရင်တုန်မိရုံကလွဲလို့ဘာခံစားချက်မှကိုမရှိပါဘူး။ပြုံစစ သူ့မျက်နှာကို အလွမ်းဆွတ်တစ်ချက်ငဲ့ကြည့်လိုက်ပြီး တိုက်ထဲကပြန်ထွက်လာခဲ့လိုက်တယ်။ " မိလုံးရေ သွားရအောင် " "ဟုတ်ကဲ့ မမ " ================================== အပိုင်း(၈ )ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ

" အို...ဆောရီးပါနော်သမီးရေ...သမီးတို့နေထိုင်တာအဆင်ပြေအောင်မေးရတာပါ...စိတ်မရှိပါနဲ့နော်မောင်ဘုန်းသိင်္ခ " " ဟုတ်ကဲ့...ရပါတယ်အန်တီမြိုင် " "ကဲပါ....ဒါဆိုလဲထမင်းစားပြီးနားလိုက်ကြပါအုံး ...ညနေကျမှအိမ်သားတွေနဲ့မိတ်ဆက်ပေးမယ်...အလုပ်ထဲကိုတော့သဘက်ခါမှစဝင်ကြပါကွယ် ....ဒါဆို အန်တီမြိုင်အပန်းဖြေစခန်းဘက်ကိုသွားလိုက်အုံးမယ်...ဒီနေ့တော့ လိုအပ်တာမှန်သမျှကို သမီးလွမ်းကိုပြောလိုက်ပါ...သမီးလွမ်းအားလုံးစီစဉ်ပေးပါလိမ့်မယ် " " ဟုတ်ကဲ့ပါ အန်တီမြိုင် ...ကျေးဇူးတင်ပါတယ် " ဒေါ်ပန်းမြိင်ကပြောပြီးတာနဲ့ နေရာကထသွားခဲ့တယ်။ ~~~~~~~~~~~~ " ဒါကကိုဘုန်းသိင်္ခအတွက် အခန်းပါ....ပြင်ဆင်ပေးထားတာအဆင်ပြေရဲ့လားရှင်...အဆင်မပြေတာရှိရင်ပြောပါ....ဒီအောက်ထပ်မှာ ကားဂိုထောင်ရှိပါတယ်...ကိုဘုန်းသိင်္ခကဆိုင်ကယ်စီးတတ်လား...ကားစီးစီးဆိုင်ကယ်စီးစီး ...အပြာရောင်မျဉ်းတားထားတဲ့ဘက်က ကားနဲ့ဆိုင်ကယ်တွေကလွဲလို့... ကိုဘုန်းသိင်္ခနှစ်သက်ရာကိုယူစီးလို့ရပါတယ်..." အလွမ်းဆွတ်ရှင်းပြနေရင်းက ဘုန်းသိင်္ခကိုကြည့်လိုက်မိတယ်။ဒီအခါသူမကိုစိုက်ကြည့်နေတဲ့ ဘုန်းသိင်္ခနဲ့အကြည့်ချင်းဆုံသွားတာမို့ စိတ်ထဲတုန်လှုပ်သလိုခံစားလိုက်ရတယ်။ " ဟို...ဟို...ဘာများအဆင်မပြေလို့လဲကိုဘုန်းသိင်္ခ " အလွမ်းဆွတ်တုန်တုန်ယင်ယင်နဲ့မေးလိုက်မိတယ်။ " ဪ...ရပါတယ်..အဆင်ပြေပါတယ်...ဒါနဲ့ တစ်ခုလောက်မေးချင်လို့ပါ...တကယ်လို့်များ ..ဟိုလေဗျာ အပြာရောင်မျဉ်းထဲကဆိုင်ကယ်တစ်စီးပဲဖြစ်ဖြစ်ယူစီးမိရင်ပြဿနာတက်နိုင်တာလား...ကျွန်တော်ကလဲဆိုင်ကယ်မြင်ရင်မနေနိုင်တဲ့သူဆိုတော့ ...ကိုယ်သဘောကျတဲ့ဆိုင်ကယ်မြင်ရင်ယူစီးမိမှာစိုးလို့မေးထားတာပါ ...ဒါနဲ့မ အလွမ်းဆွတ်နာမည်ကခေါ်ရတာနည်းနည်းထောက်နေလို့ခေါ်စေချင်တဲ့အသုံးအနှုန်းရှိရင်ပြောပါဗျာ ...ကျွန်တော့်ကိုလဲ မသန္တာတို့ခေါ်သလိုပဲ သိင်္ခလို့ခေါ်တာပဲဖြစ်ဖြစ်,..ကိုဘုန်းလို့ခေါ်တာပဲဖြစ်ဖြစ်အဆင်ပြေသလိုခေါ်လို့ရပါတယ် ....အားလုံးအလုပ်အတူတွဲလုပ်ရမှာဆိုတော့ ..တစ်ယောက်နဲ့တစ်ယောက်စိမ်းမနေအောင်ပါ ... " ဘုန်းသိင်္ခရဲ့ စကားကြောင့်အလွမ်းဆွတ်သက်ပြင်းလေးကိုချလိုက်မိပြီး " ဟုတ်ကဲ့ ..ကျွန်မကိုအလွမ်းလို့်ခေါ်လို့ရပါတယ် ကိုဘုန်း ...ပြီးတော့ အပြာရောင်မျဉ်းထဲကဆိုင်ကယ်တွေကို လုံးဝယူစီးလို့မရပါဘူးရှင်...အဲ့ဒီဆိုင်ကယ်တွေက ....သူဌေးရဲ့သမီးဆိုင်ကယ်တွေပါ...သူ့ဆိုင်ကယ်တွေကိုထိရင် မိုးမီးလောင်အောင်သောင်းကျန်းပါလိမ့်မယ် " " ဪ ...သူဌေးသမီးရဲ့ဆိုင်ကယ်တွေလား....သူဌေးသမီးဆိုတော့လဲ ...ဒီလောက်တော့ရှိမှာပေါ့နော်...စိတ်ချပါဗျာ...မထိနဲ့ဆိုမထိပါဘူး...ကြည့်ရုံတော့ကြည့်လို့ရတယ်မဟုတ်လား ...ရှင်းရှင်းလင်းလင်းသိရအောင်မေးထားတာပါ " ကပ်သီးကပ်သပ်မေးနေတဲ့ ဘုန်းသိင်္ခဆိုသူကို အလွမ်းဆွတ်စိတ်မရှည်နိုင်စွာကြည့်လိုက်မိတယ်။ " ဟာ...ဆောရီးပါဗျာ...ကျွန်တော်ကအလှအပဒီဇိုင်းဆင်သူဆိုတော့ ....ဘယ်နေရာမဆိုလှလှပပလေးနေရာချထားရတာကို အကျင့်ပါနေတော့,,,ဆိုင်ကယ်တွေမသေမသပ်စီထားတာမြင်ရင်...လှပသေသပ်အောင်နေရာပြန်ချမိမှာစိုးလို့်ပါ " အလွမ်းဆွတ်ဘုန်းသိင်္ခကို မျက်လုံးချင်းဆုံကာပြန်စိုက်ကြည့်လိုက်ပြီး " ဟုတ်ကဲ့ပါ ကိုဘုန်း...ဒါဆိုရင်ဖြင့် ကျွန်မကလဲသေချာလေးသတိပေးပါရစေ ...အပြာရောက်မျဉ်းထဲကဆိုင်ကယ်တွေကားတွေကိုလုံးဝလုံးဝမထိပါနဲ့....ပြီးတော့ သူဌေးရဲ့သမီးနဲ့မျက်နှာချင်းဆိုင်ဆုံတဲ့အခါမှာ ခေါင်းကိုငုံ့ထားပါ..သူ့ကိုမျက်လုံးချင်းဆုံအောင်သွားမကြည့်ပါနဲ့ ....တကယ်လို့်များသူအပြင်သွားချိန်နဲရှင်တို့အပြင်သွားချိန်တိုက်ဆိုင်နေရင် ...သူ့ကိုဦးစားပေးလိုက်ပါ ....သူထွက်သွားပြီးတာနဲ့နောက်ကလိုက်ထွက်တာမျိုးမလုပ်ပါနဲ့....အဲ့ဒါကလဲအရေးကြီးတဲ့အချက်ပါပဲ .....ပြီးတော့ ...ဒီမှာလူခေါ်ဘဲလ်ပါ....တစ်ခုခုလိုချင်တာဖြစ်ဖြစ်သိချင်တာဖြစ်ဖြစ်ရှိရင် ဘဲလ်တီးလိုက်ပါ....ဒီအပေါ်ထပ်မှာအခန်းငါးခန်းရှိပြီး ... ထောင့်ကနအစွန်းခန်းမှာနေသူတစ်ယောက်ရှိပါတယ်...ညကျရင်သူနဲ့မိတ်ဆက်ပေးပါမယ်....အိမ်သာရေချိုးခန်းကတော့ စင်္ကြန်လမ်းအတိုင်းလျှောက်သွားရင်တွေ့ပါလိမ့်မယ်...အနောက်ဘက်မှာမီးဖိုခန်းတစ်ခန်းရှိပြီး ...ရေခဲသေတ္တာထဲမှာအစားအသီးအနှံအစားသောက်တွေလဲထည့်ပေးထားပါတယ်...ကော်ဖီလက်ဖက်ရည်ကြိုက်တတ်ရင် ဖျော်သောက်ရအော့င်လဲ အားလုံးအဆင်သင့်ထားပေးထားပါတယ်...ပြီးတော့ အရက်ဘီယာသောက်တတ်ရင်လဲ အနည်းအကျဉ်းထားပေးထားပါတယ်...တစ်ခုရှိတာက ..အရက်ဘီယာသောက်ပြီးရင် ကိုယ့်အခန်းထဲမှာပဲကိုယ်ဘာသာနေပါ...တခြားသူစိတ်အနှောက်အယှက်ဖြစ်အောင်မလုပ်ရပါဘူး...ဒါတွေကလောလောဆယ်လိုက်နာရမဲ့စည်းကမ်းတွေပါ ... ညနေ (၆)နာရီမှာ ညစာစားပါမယ် ... ထမင်းကို စံအိမ်ကြီးထဲမှာလာမစားချင်ရင်လဲ ဒီကိုပို့ပေးပါမယ် ..ဒါပေမဲ့ ဒီညတော ကသစ်မြိုင်မှာပဲ လာစားလိုက်ပါအုံး တခြားသူတွေနဲ့မိတ်ဆက်ပေးရမှာမို့ပါ ...ကျွန်မကိုသွားခွင့်ပြုအုံး...အေးအေးဆေးဆေးနားပါကိုဘုန်းသိင်္ခ " " ဟုတ်ကဲ့ ကောင်းပါပြီဗျာ...ခုလိုစိတ်ရှည်လက်ရှည်နဲ့ရှင်းပြပေးလို့ကျေးဇူးတင်ပါတယ်နော် အလွမ်း " အလွမ်းဆွတ်ကိုကြည့်ပြီး ဘုန်းသိင်္ခခပ်ပြုံးပြုံးအမူအရာနဲ့ပြောလိုက်တယ်။

သူ့မှာလဲတစ်ဦးတည်းသောသားလေးတစ်ယောက်ရှိနေခဲ့တာကြောင့်ဖြစ်တယ်။ဦးလှထွန်းတို့မှာ ဘွားကြေးဥရဲ့တူနဲ့တူမဆိုပေမဲ့ သူတို့နဲ့အသက်အရွယ်မတိမ်းမယိမ်းဖြစ်တဲ့ ဘွား ကြေးဥရဲ့သား ဘိုဘိုထွန်းနဲ့တော့ယှဉ်လို့မရခဲ့ဘူးပေါ့။ဦးလှထွန်းတို့မောင်နှမမှာ ဘိုဘိုထွန်းအနိုင်ကျင့်ခဲ့သမျှကိုခံခဲ့ရတာပေါ့ ။ငယ်ဘဝတွေကို ပြန်တွေးရင် ဦးလှထွန်းတို့မောင်နှမရင်နာရတာကတော့အမှန်ပါ။ဘွားကြေးဥရဲ့အောက်ခြေသိမ်းအလုပ်မှန်သမျှကို လုပ်ခဲ့ရတာကဦးလှထွန်းတို့မောင်နှမဖြစ်ပြီး အကျိုးခံစားခွင့်မှန်သမျှကိုတော့ သားဖြစ်တဲ့ ဦးဘိုထွန်းကပဲ ခံစားခွင့်ရခဲ့တာလေ။ဘွား ကြေးဥက ဦးလှထွန်းတို့မောင်နှမကို အမွေစားအမွေခံဖြစ်စာချုပ်စာတမ်းနဲ့ မွေးစားဖို့ တွန့်နေခဲ့ပေမဲ့ သားဖြစ်သူနဲ့ သဘောမတူကြည့်မရခဲ့တဲ့ချွေးမကိုတော့ ကသစ်မြိုင်စံအိမ်ကြီးနဲ့ လုပ်ငန်းတော်တော်များများကိုပါ ခွဲဝေပေခဲ့တာ။ဦးလှထွန်းအတွက်တော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကမှ ပွဲရုံအသေးလေးတစ်ခုကို အပြီးအပိုင်ပေးခဲ့တာလေ။ ပွဲရုံကလဲ သေးသေးဆိုမှ ခပ်သေးသေးပါပဲ။လက်ထဲ အရင်းအနှီးများများမရှိလို့ ကုန်ပစ္စည်းများများမလှောင်နိုင်ခဲ့ဘူး။ပြောရရင် သားဖြစ်သူထွန်းညိုမောင်ဘွဲ့ရပြီး အလုပ်ထဲဝင်လာတော့မှ ဦးလှထွန်းတို့ရဲ့ပွဲရုံလဲ လူလူသူသူဖြစ်လာခဲ့တာပေါ့။ညီမဖြစ်သူ ဒေါ်ကြာဖြူနဲ့သူ့သားကြီးကတော့ ဘွား ကြေးဥရဲ့လုပ်ငန်တွေမှာ အခုချိန်ထိလုပ်ကိုင်နေကြတုန်းပါပဲ။ ဘာပဲဖြစ်ဖြစ်သူတို့အတွက်လဲ တည်းခိုခန်းလေးတစ်ခန်းလောက်တော့ဖြစ်ဖြစ် စာချုပ်စာတမ်းနဲ့ ရသင့်နေပြီလို့ ဦးလှထွန်းတွေးနေမိတာ။မတော် ကြီးတော်ကြီးဘွားကြေးဥ ကတိမ်းကပါးဖြစ်သွားရင် ညီမဖြစ်သူမိသားစု ဒုက္ခရောက်မှာကို ဦးလှထွန်းတွေးပူနေမိတယ်။ဘ၀ဆိုတာ ပြောလို့မရဘူး မဟုတ်လား။ အခုဆိုရင် ဦးလှထွန်းတို့တွေလဲ အသက်ငါးဆယ်ကျော်လာကြပြီဖြစ်သလို ဘွားကြေးဥလဲ အသက်(၇၀)ကျော်လာခဲ့ပြီ မဟုတ်လားလေ။ ~~~~~~~~~~ ခြံရှေ့ကိုထိုးဆိုက်လာတဲ့ ကားဆီကို အလွမ်းဆွတ်လျှောက်သွားလိုက်တယ်။အလွမ်းဆွတ်ကားနားကိုရောက်ချိန်မှာ ကားတံခါးတွေပွင့်လာခဲ့ပြီး ကားထဲကနေရုပ်ရည်ချောမောတဲ့ခပ်ဟော့ဟော့ အမျိုးသားတစ်ယောက်နဲ့အလွမ်းဆွတ်တို့နဲ့သက်တူရွယ်တူလောက်ရှိမဲ့ခပ်ရိုးရိုးပုံနဲ့အမျိုးသမီးတစ်ယောက်ဆင်းလာကိုတွေ့လိုက်ရတယ်။ " မင်္ဂလာပါရှင်...ကျွန်မနာမည်အလွမ်းဆွတ်ပါရှင်...ရေတံခွန်တောင်ကြားအပန်းဖြေစခန်းကတာဝန်ရှိသူတစ်ယောက်ပါ " ဧည့်သည်တွေကို အလွမ်းဆွတ်နှုတ်ဆက်လိုက်တယ်။ " ဟုတ်ကဲ့မင်္ဂလာပါရှင်....ကျွန်မက သန္တာအောင်ပါ...." "ဟုတ်ကဲ့ ..ကျွန်တော်ကဘုန်းသိင်္ခပါ...တွေ့ရတာဝမ်းသာပါတယ် " " ဟုတ်ကဲ့အိမ်ထဲဝင်ကြပါရှင်...အိမ်ထဲမှာသူဌေးကတော်စောင့်နေပါတယ်ရှင် " ဧည့်သည်နှစ်ယောက်ကို ကသစ်မြိုင်စံအိမ်ထဲကို အလွမ်းဆွတ်ခေါ်ခဲ့လိုက်ပြီးဧည့်သည်တွေကို ဖျတ်ခနဲလှည့်အကြည့်မှာ သူမကိုစူးရှတဲ့အကြည့်တွေနဲ့ကြည့်နေတဲ့ ဘုန်းသိင်္ခဆိုသူရဲ့အကြည့်နဲ့ဆုံလိုက်ရတယ်။သူ့အကြည့်စူးစူးကြောင့် အလွမ်းဆွတ်ရင်ထဲစိမ့်ခနဲဖြစ်သွားတာမို့ မျက်လွှာကိုအမြန်ချလိုက်မိတယ်။ဒါကအလွမ်းဆွတ်ရင်ခုန်ခြင်းတော့မဟုတ်နိုင်၊အလွမ်းဆွတ်မှာ ရင်ခုန်စရာပိုင်ရှင်ရှိပြီးသားပဲမဟုတ်ပါလား ။ ~~~~~~~~~~~~ ဧည့်သည်တွေဝင်လာတာနဲ့ ဒေါ်ပန်းမြိုင်ကထိုင်နေရာကထလိုက်ပြီး ကြိုဆိုလိုက်တယ်။ " ထိုင်ကြပါကွယ်...ခရီးပန်းလာရောပေါ့ ....တစ်ခုခုအရင်စားပြီးအနားယူကြပါအုံး ....တည်းခိုဖို့အတွက်ကိုတော့ ကသစ်မြိုင်မှာပဲ တည်းဖို့စီစဉ်ပေးထားပါတယ်...ကသစ်မြိုင်ကနေအပန်းဖြေစခန်းကို ဆိုင်ကယ်နဲ့သွားရင်မကြာပါဘူး...ဆိုင်ကယ်မစီးတတ်ရင်လဲကားစီစဉ်ပေးထားပါတယ် " " ဟုတ်ကဲ့ပါ သူဌေး.....ကျေးဇူးတင်ပါတယ်ရှင်...ကျွန်မကသန္တာအောင်ပါ..." " တွေ့ရတာဝမ်းသာပါတယ်သန္တာ...အန့်တီကိုသူဌေးလို့်မခေါ်ပါနဲ့ကွယ်...ဒီကအလုပ်သမားတွေခေါ်သလိုအန်တီမြိုင်လို့ပဲခေါ်ပါကွယ် ...ဒီကမောင်ရင်လေးနာမည်ကိုလဲပြောပါအုံး " ဒေါ်ပန်းမြိုင်ကအပြုံးချိုချိုနဲ့နှုတ်ဆက်လိုက်ပြီးဘုန်းသိင်္ခကိုခပ်စူးစူးစိုက်ကြည့်လိုက်တယ်။ " ဟုတ်ကဲ့ ကျွန်တော်ကဘုန်းသိင်္ခပါ...မသန္တာရဲ့ လက်ထောက်ပါ အန်တီမြိုင်" ခပ်သွက်သွက်ပုံဟန်ရှိတဲ့ ဘုန်းသိင်္ခကို ဒေါ်ပန်းမြိုင်စူးခနဲတစ်ချက်ကြည့်လိုက်မိပြီး " တွေ့ရတာဝမ်းသာပါတယ် မောင်ဘုန်းသိင်္ခ....ဒါနဲ့အန်တီကပွင့်ပွင့်လင်းလင်းပဲပြောတတ်တော့ ...ပွင့်ပွင့်လင်းလင်းပဲမေးပါရစေ...ဟိုလေ...သန္တာနဲ့မောင်ဘုန်းသိင်္ခကချစ်သူတွေများလား...ဒီလိုမေးလိုက်လို့စိတ်မရှိကြပါနဲ့နော်...နှစ်ယောက်အတွက်အခန်းစီစဉ်ပေးထားတာအဆင်မပြေမှာစိုးလို့မေးတာပါ....မိန်းကလေးအတွက်ကို ကသစ်မြိုင်စံအိမ်ထဲမှာအခန်းစီစဉ်ပေးထားပြီး ...ယောကျ်ားလေးအတွက်ကတော့ လွတ်လွတ်လပ်လပ်နေလို့ရအောင် ....ခြံထဲကတိုက်မှာစီစဉ်ပေးထားလို့ပါ....တကယ်လို့်အဆင်မပြေရင် ပြန်ပြီးစီစဉ်ပေးပါ့မယ် " ဒေါ်ပန်းမြိုင်ရဲ့စကားကြောင့်သန္တာအောင်က ရှက်ဝဲဝဲပြုံးလိုက်ပြီး " စီစဉ်ထားတဲ့အတိုင်းပဲရပါတယ်အန်တီမြိုင်....သန္တာနဲ့သိင်္ခကမောင်နှမဝမ်းကွဲတွေပါရှင် "

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၇) akyiphyu ********* "သမီး ...သမီးပန်းရိပ်...နေ့ခင်းကြောင်တောင်ကြီးဘာတွေယောင်အော်နေတာလဲ " " အမယ်လေး " ရုတ်တရက်လက်ကိုဆွဲကိုင်လှုပ်ယမ်းခံလိုက်ရတာကြောင့် ပန်းရိပ်ဖြူအလန့်တကြားအော်ဟစ်လိုက်မိပြီး ထထိုင်လိုက်မိတယ်။ဒီအခါမှ သူမကိုလှုပ်နှိုးနေသူက မိခင်ဖြစ်သူမှန်းသိလိုက်ရတာမို့ ထိတ်လန့်တုန်လှုပ်နေတဲ့စိတ်တွေပြေလျော့သွားရတယ်။ " ဘယ်လိုလဲသမီး...နေ့ခင်းကြီးအိပ်ပျော်နေပြီး ...အိပ်မက်ဆိုးတွေမက်နေပြန်ပြီလား " " ဟုတ်..ဟုတ်..မဟုတ်ပါဘူးအမေ...အမေကရုတ်တရက်လာနှိုးလိုက်တော့ ပန်းရိပ်လန့်သွားလို့ပါ..." " အမေ့ကြောင့် လန့်သွားတယ်ဆိုရင် အမေတောင်ပန်းပါတယ်နော်...သမီးအခန်းကိုအမေသော့လာဖွင့်ပေးတာပါ....အခုချိန်ကစပြီးသမီးရဲ့အခန်းကို အမေတို့သော့လုံးဝမခတ်တော့ပါဘူး ...ဒါပေမဲ့တစ်ခုတော့ရှိတယ်နော်သမီး ...အပြင်ကိုသွားမယ်ဆိုရင်တော့ အဖော်ခေါ်သွားရမယ်...ရေတံခွန်တောင်ကြားကိုသွားချင်တယ်ဆိုရင်လဲ အမေတို့ကိုယ်တိုင်လိုက်ပို့ပေးမယ်....ဒါတွေအားလုံးက သမီးရဲ့ကျန်းမားရေနဲ့သမီးဘေးကင်းဖို့အတွက်လုပ်နေတယ်ဆိုတာကို သမီးသိတယ်မဟုတ်လား ..." " ဟုတ်...ဟုတ်ကဲ့ပါအမေ " အနည်းငယ်ပြောင်းလဲချင်နေတဲ့ သမီးဖြစ်သူရဲ့ပုံစံကို ဒေါ်ပန်းမြိုင်သတိထားလိုက်မိတာမို့ သမီးဖြစ်သူကိုသေချစူးစိုက်ကြည့်လိုက်မိတယ်။ " အမေ...ဘာ..ဘာဖြစ်လို့လဲဟင်..." ပန်းရိပ်ဖြူက မိခင်ကြီးရဲ့အကြည့်တွေကြောင့်မလုံမလဲနဲ့ပြန်မေးလိုက်မိတယ်။ "အင်း..ဘာမှမဟုတ်ပါဘူးကွယ်...အမေ့သမီးက ဒီလိုအေးအေးဆေးဆေးဖြစ်နေတော့ အံ့ဩမိတာကြောင့်ရယ်....ပျော်တာကြောင့်ရယ်ကြည့်မိတာပါကွယ် " မိခင်ကြီးရဲ့စကားကြောင့် ပန်းရိပ်ဖြူသက်ပြင်းခိုးရှိုက်လိုက်မိပြီး အံလေးကို မသိမသာကြိတ်ထားလိုက်မိတယ်။ ~~~~~~~~ " ပန်းရိပ်ဖြူတော့... ပြဿနာအကြီးအကျယ်ဖြစ်တယ်တဲ့ ..အဲ့ဒီသတင်းကိုမင်းကြားသေးလားထွန်းညို" ဖခင်ဖြစ်သူရဲ့အမေးကြောင့် ထွန်းညိုမောင်ခေါင်းကိုငြိမ့်ပြလိုက်ပြီး " ကြားတယ်အဖေ...ဆေးသမားနှစ်ကောင်က သူ့ဆီကငွေလုတာကိုမကျေနပ်လို့ ...နောက်ရက်ဆိုင်ကယ်နဲ့သွားတိုက်တယ်ဆိုလား ...ဒါပေမဲ့ ဆိုင်ကယ်ချင်းတိုက်မိတယ်ဆိုပြီး အမှုကိုသိမ်းလိုက်တယ်တဲ့...ဟိုဘက်ကောင် အတော်လေးခံလိုက်ရပေမဲ့ ငွေတွေဘယ်လောက်ရလိုက်လို့်လဲ မသိဘူး ....သက်ဆိုင်ရာကစစ်တော့ ဆိုင်ကယ်ချင်းတိုက်တာဆိုပြီးထွက်ဆိုတယ်လေ... ပြီးတော့လဲ ဘာဖြစ်တယ်တော့မသိဘူး ..အဲ့ဒီကောင်ပဲ ပြန်စစ်ဆေးခံနေရတယ်တဲ့. " " အင်း...အဲ့ဒီကောင်မလေးကြောင့် ...မင်းတို့်အဘွားလဲရှိသမျှစည်းစိမ်ပြုတ်မဲ့ကိန်းပဲ ...စိတ်ကျန်းမာရေးမကောင်းဘူးဆိုရင်လဲ .... အခန်းထဲပိတ်ထားတာဖြစ်ဖြစ်...ဆေးရုံမှာထားတာပဲဖြစ်ဖြစ်လုပ်ရမှာပေါ့ ...ဒီတိုင်းထားနေရင် ကြာရင်ပြဿနာအကြီးကြိးတက်လိမ့်မယ် " " အဖေရာ ...ဦးလေးထွန်းတို့က ဘယ်လိုအဲ့ဒီလိုအဖြစ်ခံမလဲ....ပန်းရိပ်ဖြူ(၂၆ )နှစ်ပြည့်မှ ရေတံခွန်တောင်ဘက်ကမြေတွေကို အမွေဆက်ခံခွင့်လွှဲပြောင်းစာချုပ်ကိုရမှာလေ...အခုအပန်းဖြေစခန်းဆောက်နေတဲ့နေရာက ...ဦးလေးထွန်းတို့အပိုင်ဆိုလို့ အမှုဖြစ်ထားတဲ့နေရာတစ်ဝိုက်ပဲရှိတာမဟုတ်လား " ထွန်းညိုမောင်က သူသိသမျှကို ဖခင်ဖြစ်သူကိုပြောပြလိုက်တယ်။ " အင်း....ဒေါ်နှင်းမြိုင်လဲ အံ့ဩစရာပဲ ...အမွေကိုသမီးဖြစ်သူကို မပေးဘဲ ...မြေးကိုပေးသွားရတယ်လို့်.... " " ဒါကတော့ အကြောင်းရှိမှာပေါ့ ကိုလှထွန်းရယ်...ကြည့်ရတာ သမက်ကိုမယုံတာလား...သမီးကိုမယုံတာလားပဲ..ပြီးတော့ဒေါ်နှင်းမြိုင်ရဲ့ညီမကလဲ မြေတွေကိုလိုချင်နေပုံရတယ် ....အသက်ကြီးမှ စခန်းသာကိုပြောင်းလာတာကြည့်ပါလား " အနားကိုရောက်လာပြီး ဝင်ပြောလိုက်တဲ့ ဇနီးဖြစ်သူကြောင့် ဦးလှထွန်းကခေါင်းကိုခါယမ်းလိုက်ပြိး " အင်း....ငါလဲမမှန်းတတ်ပါဘူးကွာ ....ငါတို့ကြီးတော်လဲ ဘယ်လိုစီမံထားလဲမသိဘူး ...ငါကတော့ရသင့်ရထိုက်သလောက်ရထားပြီးပြီမို့ ကျေနပ်ပါပြီ...ငါတို့သားမှာလဲ ကိုယ်ပိုင်လုပ်ငန်းရှိနေပြီဆိုတော့ ဘာမှမလိုချင်တော့ပါဘူး...အသက်တွေလဲကြီးနေပြီမို့ အေးအေးဆေးဆေးပဲနေချင်တော့တယ်...ဒါပေမဲ့ကြာဖြူကကျေနပ်ပါ့မလားမသိဘူး....ဘာပဲဖြစ်ဖြစ်ကြီးကြီး ကားမတော်မဆဖြစ်တုန်းကလဲ ကြာဖြူကပဲအနီးကပ်ပြုစုပေးခဲ့ရတာလေ ...ကြာဖြူတို့ကိုလဲ နည်းနည်းပါးပါးပေးသင့်သေးတယ်ထင်တယ်....အခုကခြံနဲ့တိုက်ပဲရတာလေ ...လုပ်ငန်းရယ်လို့လဲ ခွဲမပေးထားထားဘူး ....ပြီးတော့ကြာဖြူမှာက သားသမီးနှစ်ယောက်တောင်ရှိတာ ...ဒီအိမ်နဲ့ခြံကို ဘယ်လိုအမွေခွဲကြမလဲ " ဦးလှထွန်းက သူ့အတွက်မပူဘဲ တစ်ဖက်ခြံမှာနေတဲ့ ညီမဖြစ်သူအတွက် တွေးပြီးပြောလိုက်တယ်။ဦးလှထွန်းတို့မောင်နှမနှစ်ယောက်လုံး ငယ်စဉ်ကတည်းက မိဘတွေဆုံးသွားကြတာကြောင့် ဦးလှထွန်းတို့ကို ကြီးတော်ဖြစ်တဲ့ဘွားကြေးဥကပဲ မွေးစားခဲ့တာ။ဒါပေမဲ့အမွေစားအမွေခံအနေနဲ့တော့မွေးစားခဲ့တာမဟုတ်ဘူးပေါ့။ဘွားကြေးဥရဲ့ ယောက်ျားကမျိုးရိုးစဉ်ဆက်ချမ်းသာလာခဲ့တော့ ဘွားကြေးဥကသိပ်ပြီးချမ်းသာလာခဲ့တာ။ငွေကြေးချမ်းသာသလာက် မောက်မာလှတဲ့ ဘွားကြေးဥက တူနဲ့တူမဖြစ်တဲ့ ဦးလှထွန်းတို့မောင်နှမကိုကြည့်ရှုစောင့်ရှောက်ပေးခဲ့တယ်။အမွေးစားအမွေခံအဖြစ်မမွေးခဲ့ဘူးဆိုတာကတော့