803
Obunachilar
+424 soatlar
+167 kunlar
+4630 kunlar
Postlar arxiv
စိုင်းမြတ်ရဲ့အမေးကြောင့် ပန်းရိပ်ဖြူတွေဝေသွားရပြန်တယ်။ဆွေးမျိုးသားချင်းတွေကိုတောင် ယုံကြည်လို့မရတဲ့အနေအထားမှာ စိုင်းမြတ်လိုအပြောကောာင်းလှတဲ့ ရှေ့နေတစ်ယောက်ကိုယုံကြည်ဖို့ဆိုတာ ပန်းရိပ်ဖြူအတွက်တော့ အတော်ကြီးကိုခက်ခဲတဲ့ကိစ္စပဲမဟုတ်လား။
" ဟုတ်ပြီလေ...ဒီနေ့အဖို့တော့ ကျွန်တော်မှာပြောစရာမရှိတော့ပါဘူး...ပန်းရိပ်လဲအေးအေးဆေးဆေးစဉ်းစားပါ...ဖြစ်နိုင်ရင်တော့ ....ပန်းရိပ် ဒီလိုမျိုးအခန်းပိတ်ခံရတာမျိုးကို ကျွန်တော်မမြင်ချင်တော့ဘူး ...နောက်ထပ်ဒီလိုထပ်မဖြစ်အောင် ကျွန်တော်ကြိုးစားပေးချင်တယ်.."
သူမမျက်လုံးတွေကိုတည့်တည့်စိုက်ကြည့်ပြိးပြောလာတဲ့ စိုင်းမြတ်ရဲ့အကြည့်တွေကြောင့် ပန်းရိပ်ဖြူရင်တွေဆတ်ခနဲတုန်သွားရတယ်။ဆယ်ကျော်သက်အရွယ်အထိ အိမ်ထဲကအိမ်ပြင်မထွက်ရတဲ့သူမအတွက် ဆယ်ကျော်သက်အရွယ်ရင်ခုန်သံဆိုတာ ဘာမှန်းကိုမသိခဲ့တာအမှန်။စာသင်တော့လဲ အိမ်မှာဆရာမခေါ်သင်ခဲ့ရတာ။အဲ့ဒီတုန်းကလဲ စာလာသင်တဲ့ဆရာမက သူမကိုဉာဏ်ရည်မမှီတဲ့သူလို့ ပဲထင်ခဲ့တာလေ။အမေတို့ရဲ့စိုးရိမ်ပူပန်မှုတွေအောက်မှာ ပန်းရိပ်ဖြူဘဝက လှောင်ချိုင့်ထဲကငှက်ကလေးလိုနေခဲ့ရတာလေ။သူမကိုစူးစိုက်ပြီးကြည့်နေတဲ့ စိုင်းမြတ်ရဲ့အကြည့်တွေကို ပန်းရိပ်ဖြူရင်မဆိုင်ရဲတော့တာမို့ အကြည့်တွေကိုဆတ်ခနဲလွှဲလိုက်မိတယ်။
" ကျွန်တော်သွားတော့မယ်နော် ပန်းရိပ် "
" ဟုတ်...ဟုတ်ကဲ့ "
ကျားရိုင်းမလေးအသွင်ကနေ ငြိမ်ကျသွားတဲ့ပန်းရိပ်ဖြူကို စိုင်းမြတ်ခပ်ငေးငေးကြည့်လိုက်မိတယ်။ပိန်ပိန်သွယ်သွယ်ဆံပင်ရှည်ရှည်နဲ့သူမပုံစံက မြင်လိုက်တာနဲ့ထင်းခနဲပေါ်လွင်နေတဲ့ပုံစံမျိုးလို့ပဲပြောရမလား။မိတ်ကပ်ဘာညာပြင်ဆင်ချယ်သလေ့မရှိတဲ့ ပင်ကိုယ်မျက်နှာဖြူဖြူဝင်းဝင်းလေးက ညှို့ယူနိုင်စွမ်းရှိတဲ့အလှမျိုးမဟုတ်ပေမဲ့ မြင်လိုက်ရတဲ့သူရဲ့ ရင်ကိုအေးချမ်းသွးစေမဲ့အလှမျိုး။ဒါပေမဲ့ ခက်တာကအဲ့ဒီအေးချမ်းတဲ့မျက်နှာက အချိန်ပြည့်ဒေါသတွေထွက်နေခဲ့တာလေ။ပန်းရိပ်ဖြူကို စိုင်းမြတ်သတိလက်လွတ်နဲ့ငေးစိုက်ကြည့်နေမိတုန်ူးမှာပဲ ပန်းရိပ်ဖြူကလဲ စိုင်းမြတ်ကိုဖျတ်ခနဲမော့ကြည့်လာခဲ့တယ်။
ပန်းရိပ်ဖြူခေါင်းမော့ကြည့်လိုက်ချိန်မှာ စိုင်းမြတ်နဲ့အကြည့်ချင်းဆုံသွားမိတာမို့ ရှက်သွားမိပြီး မျက်နှာကိုကမန်းကတန်းလွှဲဖယ်လိုက်မိတယ်။ဒိအခါခပ်စောစောကနှစ်ယောက်သား ဖက်ရက်သားနဲ့လုံးထွေးလဲကျခဲ့တာကိုပါပြန်တွေးလိုက်မိပြီး အတော်လေးရှက်သွားမိတယ်။
" ကျွန်တော်သွားတော့မယ်နော် ပန်းရိပ် "
" ဟုတ်ကဲ့ "
စိုင်းမြတ်ရဲ့နှုတ်ဆက်သံကို ပန်းရိပ်ဖြူအလိုက်သင့်ပြန်ဖြေလိုက်ရင်း ခေါင်းကိုမသိမသာငုံ့ထားလိုက်မိတယ်။
~~~~~~~~~~~~~
ပြေး....ပြေးတော့...အမြန်ပြေးတော့လေ...အမြန်ထပြေး..မီးတွေလောင်နေပြီ "
" အား...ပူတယ်,,ပူတယ် ...ကြောက်တယ် "
ပူပြင်းလွန်းတဲ့မီးရှိန်တွေကြောင့် သူမပြေးမိပြေးရာဇွတ်ထွက်ပြေးလာခဲ့တယ်။လူတွေ။လူဆိုးကြီးတွေ သူမနောက်ကနေ အတင်းပြေးလိုက်လာကြတယ်။
==================================
အပိုင်း(၇)ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
အမာခံစာဖတ်သူတွေကလွဲလို့
အားပေးသူတွေ နည်းသွားတယ်
မန့်တွေလဲနည်းသွားတယ်
ဇာတ်လမ်းမကြိုက်ကြလို့လားရှင်
ဒါမှမဟုတ်
လိုင်းမရကြတာလားရှင်
A Kyi လဲ Wifi အသစ်ချိန်းထားတာလိုင်းကမရလို့ စိတ်ညစ်နေရတယ်
ဆိုဖာခုံမှာခြေချိတ်ထိုင်လိုက်ပြီး လေသံမာမာနဲ့ပြောလိုက်တဲ့ ပန်းရိပ်ဖြူကို စိုင်းမြတ်တစ်ချက်စိုက်ကြည့်လိုက်တယ်။ပန်းရိပ်ဖြူပုံစက မြင်မြင်သမျှလူတိုင်းကို သံသယမျက်လုံးတွေနဲ့ပဲကြည့်တတ်တာ။ဒီထဲကမှ စိုင်းမြတ်ကသူ့အဘွားရဲ့လူယုံဖြစ်နေလို့် စကားပြောဆိုခြင်းရှိနေတယ်လို့်ပဲပြောရမလား။ဒါတောင် ယုံကြည်လို့ပြောနေတာမဟုတ်ဘဲ သူမရှုပ်သမျှကိစ္စတိုင်းကို လ်ိုက်ရှင်းပေးနေလို့ ခေါ်ပြောဆက်ဆံနေတာလဲဖြစ်တယ်။
" ပန်းရိပ် ....ကျွန်တော့်ကို ယုံတာမယုံတာကိုလဲ ကျွန်တော်ဂရုမစိုက်ဘူး...ကျွန်တော်ကကျွန်တော့်အလုပ်...ကျွန်တော့်တာဝန်ကျေအောင်လုပ်တယ်...အဲ့ဒီအတွက်ထိုက်တန်တဲ့လခငွေကြေးလဲရတယ်လေ....ကဲပါ ...ထားလိုက်ပါ...ကျွန်တော်လဲစကားအပိုတွေမပြောချင်တော့ဘူး ...အရေးကြီးတာကိုပဲပြောမယ် "
စိုင်းမြတ်ကပြောရင်းနဲ့ လက်ဆွဲအိတ်ထဲကဖိုင်တစ်ချိုု့ကိုဆွဲထုတ်လိုက်တယ်။
" ဒီမှာ...ပန်းရိပ်ကိုနှောက်ယှက်ခဲ့တဲ့နှစ်ယောက်...တစ်ယောက်ကတော့ဆေးရုံမှာပေါ့....တစ်ယောက်ကစခန်းသာကမဟုတ်ဘူး...ဘယ်သူမှန်းမသိလို့စုံစမ်းခိုင်းထားတယ်...ဆေးရုံကကောင်ကိုမေးတော့လဲ ရေရေရာရာမပြောနိုင်ဘူး...အဝေးပြေးကားဂိတ်နားကတည်းခိုခန်းမှာတည်းတာတဲ့...သွားကြည့်တော့မရှိတော့ဘူး ...လစ်သွားပြီ....ပန်းရိပ်လိုသွာတာက ဖြစ်ဖြစ်ချင်းညနေကတည်းက တိုင်လိုက်ရမှာ...ဒါဆိုရင်ဖမ်းလို့်ရနိုင်သေးတယ်...ဆေးရုံကကောင်က ဆေးသုံးထားလို့ဘာမှမသိဘူး...ငွေပေးမယ်ဆိုလို့်ခိုင်းတဲ့အတိုင်း လိုက်လုပ်တာလို့ပြောတယ်....ရှင်းရှင်းပြောရရင်ပန်းရိပ်မှန်းမသိလို့်လုပ်ခဲ့တာ ....အဓိကလူက ပြေးသွားတဲ့လူပဲ ...သူဘယ်လိုပုံစံလဲဆိုတာကို သေချာပြောပြပါ..."
" ဒါဆိုရင် ...သူတို့ ကျွန်မကိုလုပ်ကြံတယ်ဆိုတာတော့သေချာတာပေါ့ ဟုတ်လား "
" လုပ်ကြံတာလား...သူဌေးသမီးမှန်းသိလို့် ငွေညှစ်ချင်လို့လားဆိုတာကတော့... ပြေးသွားတဲ့သူကပဲပိုသိလိမ့်မယ်..."
" တောက်...အဲ့ဒီလိုမှန်းသိရင်....အဲ့ဒီနေ့က ....အဲ့ဒီကေင်ကိုပဲ ဆိုင်ကယ်နဲ့ရအောင်လိုက်တို**က်ပစ်လိုက်ပါတယ် "
" ပန်းရိပ်ဖြူ ...စကားတွေကိုအဲ့ဒီလိုလက်လွတ်စပယ်မပြောနဲ့ကွ...မင်းဒီလိုတွေဇွတ်တရွတ်လိုက်လုပ်နေမယ်ဆိုရင် ...မင်းအတွက်မကောင်းဘူးနော်...ဘာမဆိုစဉ်းစားပြီးမှလုပ်ပါ...မင်းဒီလိုတွေဆက်လုပ်နေမယ်ဆိုရင် ..ကြာရင်မင်းရဲ့မိသားစုကပါ မင်းကိုကြောက်လာလိမ့်မယ်...အဲ့ဒီလိုဆိုရင်မင်းအတွက်မကောင်းဘူး...တော်ကြာနေ သူတို့်တွေ မင်းကိုဆေးရုံမှာပို့ထားလိမ့်မယ် "
စိုင်းမြတ်ရဲ့စကားကြောင့် ပန်းရိပ်ဖြူဆိုဖာပေါ်ကနေဝုန်းခနဲထရပ်လိုက်မိတယ်။
" ဘာပြောလိုက်တယ်...ရှင်ဘာပြောလိုက်တာလဲ..ရှင်ပြောတာက ....အဘွားတို့က ...ကျွန်မကိုစိတ်လွတ်နေတယ်လို့ထင်နေတာလား ဟုတ်လား.."
" ဟေ့ အဲ့ဒီလောက်အထိ အဓိပ္ပါယ်မသက််ရောက်ဘူးလေ...နောက်ဆက်တွဲဖြစ်လာနိုင်တာကိုပြောတာ...ကျွန်တာ်ပြောမယ်...ပန်းရိပ်ဖြစ်ချင်တာတွေကို အလောတကြီးမလုပ်နဲ့ပြောတာ...လူတစ်ယောက်ကိုမယုံကြည်ဘူးဆိုရင်... မယုံဘူးလို့.ပေါ်တင်သွားပြောလို့မရဘူး....ကိုယ်စိတ်ထဲကယုံကြည်နေတာတွေ ...ထင်မြင်နေတာတွေကို စိတ်ထဲမှာမျိုသိပ်ထားပြီး သတိနဲ့နေရမှာ....ဒေါသကိုရှေ့တန်းတင်ပြီး ဆုံးဖြတ်လိုက်ရင် အမှန်ကနေအမှားဖြစ်သွားမယ်..လူတစ်ယောက်ကိုမယုံကြည်ဘူးဆိုရင် ...အဲ့ဒီလူကိုကိုယ့်ဘက်ကနေ တိတ်တဆိတ်စောင့်ကြည့်နေရမှာ..သူ့ကိုပေါ်တင်သွားတိုက်ခိုက်ရမှာမဟုတ်ဘူး ..."
စိုင်းမြတ်ရဲ့စကားတွေကြောင့် ပန်းရိပ်ဖြူတွေဝေသွားမိတယ်။
"ကဲပါလေ...နောက်ထပ်မေးခွန်းတစ်ခုထပ်မေးမယ်...အခုပန်းရိပ်ဖြစ်နေတဲ့ပြဿနာက...ပန်းရိပ်ကို လုပ်ကြံနေတဲ့သူတွေရှိတယ်လို့်...ပန်းရိပ်ကယုံကြည်နေတယ်...ဒါပေမဲ့ ဒါကိုအဘွားကလဲမယုံနိုင်ဖြစ်နေသလ်ု...အန်ကယ်ထွန်းနဲ့အန်တီမြိုင်ကလဲ ကသစ်မြိုင်မှာရော...စခန်းသာမှာပါ ပန်းရိပ်အတွက်အန္တရာယ်တစ်စုံတစ်ရာမရှိဘူးလို့ယုံကြည်ထားကြတယ် ..ဟုတ်တယ်မဟုတ်လား "
စိုင်းမြတ်ရဲ့စကားကို ပန်းရိပ်ဖြူအလောတကြီးနဲ့ခေါင်းငြိမ့်ပြလိုက်မိတယ်။
" ဟုတ်တယ်...ကျွန်မပြောတာကိုဘယ်သူမှလက်မခံကြဘူး....မယုံကြဘူး ....ကျွန်မကတော့ ...ကျွန်မကိုေ**သစေချင်တဲ့သူတစ်ယောက်သို့မဟုတ်တစ်ယောက်ထက်လဲပိုနိုင်တယ်...အဲ့ဒီလူကကသစ်မြိုင်စံအိမ်ကြီးပတ်ဝန်းကျင်မှာပဲ ရှိနေတယ်လို့ယုံကြည်တယ်...."
" ဟုတ်ပြီလေ...အဲ့ဒါဆိုရင် ....ပန်းရိပ်ယုံကြည်ထင်မြင်နေတာ....မှန်မမှန်ကိုတိတ်တဆိတ်စုံစမ်းပြီး မိသားစုတွေကိုသက်သေပြရမှာပေါ့...ပြီးတော့ လုပ်ကြံတဲ့သူလက်ကနေလွတ်မြောက်အောင်လဲ...ပန်းရိပ်ကြိုးစားရမှာပေါ့ ..ဒါပေမဲ့ အခုလိုမျိုးစိတ်လိုက်မာန်ပါတွေလုပ်ပြီး တဇွတ်ထိုးလိုက်လုပ်နေလို့တော့မရဘူး..."
" ဒါ...ဒါဆိုရင် ...ကျွန်မဘယ်လိုလုပ်ရမှာလဲ..ကျွန်မပြောတာတွေကို...အဘွားပဲဖြစ်ဖြစ်ယုံအောင် ...ကျွန်မဘယ်လိုလုပ်ရမလဲ "
ပန်းရိပ်ဖြူအလောတကြီးနဲ့မေးလိုက်မိတယ်။
" ဟုတ်ပြီလေ..အားလုံးယုံကြည်လက်ခံလာမဲ့နည်းကို ကျွန်တော်ပြောပြရင်ရော ပန်းရိပ်ကလက်ခံမှာလား...လိုက်နာနိုင်မှာလား...ကျွန်တော့်ကိုရောယုံကြည်မှုရှိရဲ့လား "
" လွှတ်စမ်း...ကျွန်မကိုလွှတ်...ရှင်လဲသူတို့နဲ့ကြံရာပါပဲမဟုတ်လား "
" မင်းတော်တော့ပန်းရိပ်ဖြူ...မင်းထင်ရာကိုဇွတ်ပြောမနေနဲ့...အခုချိန်မှာ မင်းအတွက်ဒီလိုနေတာကအသင့်တော်ဆုံးပဲမို့ ဒီတိုင်းနေခိုင်းထားတာပေါ့...မင်းကျူးလွန်ထားတာ လူတစ်ယောက်ေ*/သသွားနိုင်တဲ့ပြစ်မှုကွ.....သူ့ခန္ဓာကိုယ်ကအကောင်းပကတိအတိုင်းမဟုတ်တော့ဘူးမင်းသိရဲ့လား ...အဲ့ဒီအတွက် သူဌေးလဲငွေတွေအများကြီးလျော်လိုက်ရတယ် ...အားလုံးကမင်းထောင်မကျဖို့ ...မင်းကောင်းဖို့အတွက်ပဲလုပ်ပေးနေကြတာ ...မင်းကအပြစ်လုပ်ထားပြီးတော့ ....လိုတိုင်းတရနေတဲ့ အခန်းထဲမှာနေရတာကိုနာတယ်ထင်နေတာလား "
ပန်းရိပ်ဖြူကသူမကိုအတင်းချုပ်နှောင်ထိန်းဖက်ထားတဲ့ စိုင်းမြတ်ကိုတွန်းထုတ်ပစ်လိုက်ပြီး
" ရှင့်ကို ...ကျွန်မပြောပြီးပြီနော်...ကျွန်မအပြစ်ခံရမှာကိုမကြောက်ဘူး...ကျွန်မကိုသက်ဆိုင်ရာကိုအပ်လိုက်စမ်းပါ....ကျွန်မရူးနေတာမဟုတ်ဘူး...အဲ့ဒီကောင်တွေကအရင် ...ကျွန်မကိုလုပ်ကြံခဲ့တာလို့် ရှင့်ကိုဘယ်နှစ်ခါပြောရမလဲ.."
" သူတို့ မင်းကိုလုပ်ကြံတယ်ဆိုရင်လဲ...မင်းဘက်ကသက်ဆိုင်ရာကိုတိုင်ဖို့လုပ်ခဲ့လားပြော..သက်ဆိုင်ရာကိုမတိုင်တာထားပါအုံး...တစ်ယောက်ကိုရောပြောပြခဲ့လား...မင်းစိတ်ကြိုက်ဆုံးဖြတ်ပြီး ..သူတို့်ကိုလက်စားချေ အပြစ်ပေးဖို့ကြိုးစားခဲ့တာမဟုတ်လား..မင်းမှတ်ထား...မင်းရဲ့မဆင်မခြင်လုပ်ရပ်တွေကြောင့်ပဲ.... မင်းကတရားလိုကနေတရားခံဖြစ်သွားခဲ့ရတာ..ဘယ်အရာမဆိုစဉ်းစားတွေးတောပါလို့ ...မင်းကိုပြောနေတာဘယ်နှစ်ခါရှိနေပြီလဲ ..အခုတော့မင်းအပြစ်နဲ့ မင်း ...ဒီအခန်းထဲမှာနေလိုက်ပါအုံး ..သိပ်မကြာခင်မှာ ဒီအခန်းထဲကထွက်ခွင့်ရမှာပါ "
စိုင်းမြတ်ရဲ့စကားအဆုံးမှာ ပန်းရိပ်ဖြူက စိုင်းမြတ်ဖမ်းချုပ်ထားတဲ့လက်ကနေအတင်းရုန်းထွက်လိုက်ပြီး အခန်းပေါက်ဆီကိုပြေးထွက်သွားလိုက်တယ်။
" ဟာ...ဟေ့...ဟေ့ ...ပန်းရိပ်မပြေးနဲ့..."
စိုင်းမြတ်မှာအလန့်တကြားအော်လိုက်ပြီး ပန်းရိပ်ဖြူကို အတင်းပြေးဆွဲလိုက်တယ်။
" အမေ့ "
" ဝုန်း "
စိုင်းမြတ်ကအားနဲ့လှမ်းဆွဲလိုက်တာကြောင့် ပန်းရိပ်ဖြူရောစိုင်းမြတ်ပါ တံခါးပေါက်ဝနားမှာ နှစ်ယောက်သားထွေးလုံးပြီးလဲကျသွားတော့တယ်။
" ရှင်...ရှင်...ဘာလုပ်တာလဲ ...ဖယ်နော်..ဖယ်စမ်း"
သူမကိုယ်ကိုနောက်ကျောကနေသိုင်းဖက်သလိုဖြစ်နေတဲ့ စိုင်းမြတ်ကိုအတင်းဆောင့်တွန်းပြီး ပန်းရိပ်ဖြူကုန်းထဖို့လုပ်လိုက်တယ်။ဒီအချိန်မှာပဲ တံခါးဝကိုလူတစ်ယောက်ရောက်ရှိလာခဲ့တယ်။တံခါးဝမှာလာရပ်သူကို ပန်းရိပ်ဖြူနဲ့စိုင်းမြတ်အလန့်တကြားနဲ့မော့ကြည့်လိုက်မိကြတယ်။
မျက်စိရှေ့ကမြင်ကွင်ကိုကြည့်ပြီး အလွမ်းဆွတ်ကြောင်အကာရပ်နေမိတယ်။သူမကိုမြင်မှအတင်းလူချင်းခွါဖို့ ကြိုးစားနေကြတဲ့ နှစ်ယောက်ကိုကြည့်ပြီး အလွမ်းဆွတ်ရင်ထဲမှာ လှိုက်ခနဲဝမ်းနည်းသွားမိတယ်။
" ဟို...ဟို ...ဆော...ဆောရီး ...အမေပန်းမြိုင်ကမုန့်ပို့ခိုင်းလိုက်လို့ပါ "
ပြောပြီးတာနဲ့ အလွမ်းဆွတ်လက်ထဲကမုန့်ဗန်းကို စားပွဲခုံပေါ်အမြန်သွားတင်လိုက်ပြီး အခန်းထဲကထွက်သွားဖို့ပြင်လိုက်တယ်။ဒီအချိန်အထိ တင်းတင်းဖက်ထားကြတဲ့နှစ်ယောက်သားကြောင့် အလွမ်းဆွတ်မျက်ရည်ပါကျချင်လာမိတယ်။
" အလွမ်းဆွတ်. ..အမေတို့က ....ငါ့ကိုအပြင်မထွက်ခိုင်းသေးဘူးတဲ့လား...ဘာလို့် နင်ပဲငါ့အခန်းထဲကိုလာနေရတာလဲ..."
ပန်းရိပ်ဖြူရဲ့စကားသံကြောင့် အလွမ်းဆွတ်ကိုယ်လေးတွန့်ခနဲဖြစ်သွားရပြီး
" အမေပန်းမြိုင်က.... နင့်ကိုမြင်ရင်စိတ်မကောင်းဖြစ်လို့မလာတာတဲ့...ပြီး....ပြီးတော့ နင်တို့စားဖို့အတွက်မုန့်လာပို့ခိုင်းလို့ငါလာပို့ပေးတာပါ "
" အေး...ငါလိုချင်တာမုန့်မဟုတ်ဘူး ....ငါဘယ်တော့အပြင်ထွက်ရမလဲဆိုတာကိုပဲ သိချင်တယ် ....ငါ့အမေကိုသွားမေးပေး "
ပန်းရိပ်ဖြူရဲ့စကားကြောင့် အလွမ်ဆွက်ခေါင်းကိုဆတ်ခနဲငြိမ့်ပြလိုက်ပြီး အခန်းထဲကထွက်သွားဖို့ခြေလှမ်းပြင်လိုက်တယ်။
" ဪ...ဒါနဲ့...ငါဘယ်တော့အပြင်ထွက်လို့ရမလဲ မေးခိုင်းတာနော်...ငါ့ကိုအမြဲအခန်းပိတ်ထားဖို့ပြောခိုင်းတာမဟုတ်ဘူးကြားရဲ့လား ....နင်ဖြစ်စေချင်တာတွေသွားပြောမနေနဲ့ ...ကိုယ့်နေရာကိုယ်သိပါ....ငါတို့သားအမိကြားမှာ ဝင်မမွှေနဲ့ကြားလား "
ပန်းရိပ်ဖြူရဲ့စကားတွေကြောင့် အလွမ်းဆွတ်တစ်ကိုယ်လုံးအသားတွေတဆတ်ဆတ်တုန်လာတဲ့အထိရှက်ရွံ့သွားမိတယ်။ကိုယ်စိတ်ဝင်စားနေမိတဲ့သူရှေ့မှာ ခပ်နှိမ်နှိမ်အပြောခံလိုက်ရတာဆိုတော့ရင်ထဲပိုနာကျင်သွားမိတယ်။အလွမ်းဆွတ်နေရာကနေ ခပ်မြန်မြန်လှည့်ထွက်လာခဲ့လိုက်တယ်။
~~~~~~~~~
အလွမ်းဆွတ်တံခါးပြန်ပိတ်သွားတာကိုကြည့်ပြီး ပန်းရိပ်ဖြူတောက်တစ်ခေါက်လိုက်မိကာ
" ကဲ ...ကျွန်မကိုလွှတ်ပါတော့ ...ရှင်သွားဆိုလဲသွားချင်စိတ်မရှိတော့ဘူး "
ပန်းရိပ်ဖြူရဲ့ စကားကြောင့် စိုင်းမြတ်ကပန်းရိပ်ဖြူကိုချုပ်ဖမ်းထားတဲ့လက်တွေကိုလွှတ်ပေးလိုက်ပြီး
"ပန်းရိပ်နဲ့စကားပြောချင်လို့. ကျွန်တော်လာခဲ့တာပါပန်းရိပ် "
" ဘာပြောမှာလဲ...အလိမ်အညာစကားတွေ...နှစ်သိမ့်စကားတွေတော့ လာမပြောနဲ့ ...ရှင့်ဘာသာဘာကောင်ကြီးဖြစ်နေနေကျွန်မဂရုမစိုက်ဘူးနော်....ရှင့်ကိုတော့ယုံကြည်နေတယ်လို့ မထင်လိုက်နဲ့..."
#စံအိမ်ခေါ်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း(၆)
akyiphyu
*********
" ပြေး ...ပြေးတော့ ..နင်ဘာလုပ်နေတာလဲအလွမ်းဆွတ်..."
မပီမပြင်သံနဲ့လှမ်းအော်လိုက်တဲ့အသံကြောင့် အလွမ်းဆွတ်နောက်ကိုလှည့်မကြည့်တောဘဲ အားကုန်ပြေးထွက်ခဲ့တယ်။သူမကိုအော်ဟစ်ပြောလိုက်သူက ပန်းရိပ်ဖြူလား၊သစ်ခက်လားဆိုတာကို အလွမ်းဆွတ်မကွဲပြားနိုင်တော့။ကြောက်စရာလူဆိုးကြီးတွေရဲ့လက်ကလွတ်မြောက်အောင်ပြေးဖို့ပဲတွေးပြီးအားကုန်ပြေးထွက်လာခဲ့မိတယ်။
" အမေပန်းမြိုင်...အမေပန်းမြိုင်...သမီးကြောက်တယ်...သမီးကြောက်တယ်..."
လရောင်ဝိုးတဝါးအောက်မှာပြေးမိပြေးရာဇွတ်ပြေးလာခဲ့ရင်း လဲကျသွားတာလဲအခါခါ။လဲကျရင် အတင်းကုန်းကုန်းထပြီး လရောင်မှုန်မှုန်အောက်မှာ မရပ်မနားဆက်ပြေးနေခဲ့တယ်။
" အား "
ပြေးနေရင်းက ကုန်းလျောတစ်ခုကနေ တလိမ့်ခေါက်ကွေးပြုတ်ကျသွားတာမို့ အလွမ်းဆွတ်ကြောက်လန့်တကြားနဲ့အော်ဟစ်လိုက်မိတယ်။
"အား "
နာကျင်မောပန်းလွန်းတာကြောင့် အလွမ်းဆွတ်ဖျတ်ခနဲ သတိဝင်လာခဲ့မိတယ်။ဒီအခါမှပဲ အလွမ်းဆွတ်အိပ်မက်မက်နေမှန်းသတိရလိုက်မိတယ်။အိပ်မက်ဆိုပေမဲ့ အလွမ်းဆွတ်တစ်ကိုယ်လုံးဇောချွေးတွေပြန်က လူကအတော်လေးမောပန်းနေခဲ့တယ်။အလွမ်းးဆွတ်အသက်ကိုခပ်ပြင်းပြင်းရှူသွင်းရှူထုတ်လိုက်ပြီး အိပ်ရာပေါ်ကလူးလဲထထိုင်လိုက်တယ်။အခုလပိုင်းထဲမှာ ငယ်ငယ်ကအကြောင်းတွေကို အလွမ်းဆွတ်မကြာခဏအိပ်မက်လိုပြန်မက်နေခဲ့မိတာ။စိတ်ထဲမေ့ဖျောက်ထားချင်ခဲ့တဲ့ အကြောင်းတွေကိုအိပ်မက်အဖြစ်ပြန်မက်နေရတာမို့ အလွမ်းဆွတ်အရမ်းကိုပင်ပန်းမိတယ်။ဖြစ်ပွားခဲ့တဲ့အမှုဖြစ်စဉ်မှာ အလွမ်းဆွတ်တစ်ယောက်တည်း ဒဏ်ရာကြီးကြီးမားမားမရခဲ့ဘဲ ကသစ်မြိုင်စံအိမ်ကို အန္တရာယ်ကင်းကင်းနဲ့ပြန်ရောက်လာခဲ့တာလေ။ကျန်ခဲ့တဲ့သူတွေက ေသသူတွေ ေသသွားကြပြီ အသက်ရှင်ရက်လွတ်မြောက်ခဲ့ကြတဲ့ ဒေါ်ပန်းမြိုင်နဲ့ပန်းရိပ်ဖြူလဲ ပြည်ပထိသွားပြီးဆေးကုသမှုခံယူခဲ့ရတယ်။အားလုံးထဲမှာ အလွမ်းဆွတ်တစ်ယောက်ပဲ ကံကောင်းခဲ့ရတာလေ။
" ရှပ်...ရှပ် ...ရှပ် "
အလွမ်းဆွတ်အတိတ်ဆီကို အတွေးရောက်သွားမိနေစဉ်မှာပဲ အခန်းပြင်က ခြေသံတိုးဖွဖွကိုကြားလိုက်ရတာမို့ မျက်လုံးတွေပြူကျယ်သွားရတယ်။ညနက်သန်းခေါင်ကြီးဘယ်သူများလဲလို့တွေးရင်း တံခါးနားကိုလျှောက်သွားလိုက်တယ်။
တံခါးကိုခပ်ဖြည်းဖြည်းတွန်းဖွင့်ကြိည့်လိုက်တော့လဲ ခြေသံလဲမကြားရတော့သလို စင်္ကြလမ်းတစ်လျှောက်လုံးကလဲ ရှင်လင်းတိတ်ထိတ်နေခဲ့တယ်။အလွမ်းဆွတ်အံ့ဩသွားမိပြီး ခပ်ကြောင်ကြောင်ရပ်နေမိတယ်။
" ထောက်...ပတောက်...ပတောက် "
" အမေ့ "
ရုတ်တရက်ဆိုသလို သူမနောက်ကျောဆီကထွက်ပေါ်လာတဲ့တတောက်တောက်မြည်သံကြောင့် အလွမ်းဆွတ်တစ်ကိုယ်လုံးကြက်သီးဖြန်းဖြန်းထကာ အခန်းထဲကိုအထိတ်တလန့်နဲ့လှည့်ကြည့်လိုက်မိတယ်။
" အမယ်လေး "
ဒီအခါ ညအိပ်မီးရောင်နဲ့ မြင်လိုက်ရတာက အခန်းထောင့်တစ်နေရာမှာမလှုပ်မယှက်ရှိနေတဲ့ အရိပ်မည်းကြီးတစ်ခု။မြင်ကွင်းကိုကြည့်ပြီး အလွမ်းဆွတ်တစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားရတယ်။ကြောက်လန့်တကြားနဲ့အော်ဟစ်လိုက်ပေမဲ့ အသံကထွက်မလာခဲ့။လူကနတ်ပူးနေသလို တစ်ကိုယ်လုံးတုန်တုန်ယင်ယင်ဖြစ်ကာ မီးခလုတ်ကို အမြန်ပြေးဖွင့်လိုက်မိတယ်။
"ချောက် "
မီးရောင်လင်းထိန်သွားတဲ့အခန်းထဲမှာ သူမကလွဲလို့ ဘာဆိုဘာမှရှိမနေခဲ့ပါ။စောစောက အရိပ်မည်းကြီးရှိနေတဲ့နေရာမှာ တဖျပ်ဖျပ်လှုပ်ရှားနေတဲ့ ပြတင်းလိုက်ကာစကိုသာတွေ့လိုက်ရတယ်။အလွမ်းဆွတ်တစ်ကိုယ်လုံး ကြက်သီးတွေထကာ ပြတင်းပေါက်နားကို မရဲတရဲ လျှောက်သွားလိုက်မိတယ်။ဒီအခါပြတင်းတစ်ချပ်က ပွင့်နေခဲ့ပြီး လိုက်ကာစကလေ့အဝှေ့မှ တဖျပ်ဖျပ်လှုပ်ရှားယိမ်းနွဲ့နေခဲ့တာလေ။ညတုန်းက ပြတင်းပေါက်မှန်ချပ်တွေအကုန်လုံးကို ပိတ်ခဲ့တယ်လို့ပဲ အလွမ်းဆွတ်ထင်နေမိတယ်။ပြတင်းမှန်ချပ်ကို ပြန်ပိတ်လိုက်ပြီး ခုတင်ဆီကိုပြန်လျှောက်လာခဲ့မိတယ်။သူမတစ်သက်လုံးနေလာခဲ့တဲ့အိမ်မှာ အခုလိုမျိုးတစ်ခါမှမကြုံခဲ့ဖူး။ ကသစ်မြိုင်စံအိမ်မှာ ပန်းရိပ်ဖြူတစ်ယောက်ကလွဲလို့ အားလုံးက အေးအေးဆေးဆေးဖြတ်သန်းခဲ့ကြတာပဲလေ။အလွမ်းဆွတ်ခုတင်ပေါ်ပြန်ထိုင်ချလိုက်ပြီး ရေတစ်ခွက်ကိုငှဲ့သောက်လိုက်တယ်။ရေငှဲ့နေချိန်မှာ လက်တွေက တဆတ်ဆတ်တုန်နေခဲ့တယ်။ရေသောက်ပြီးတာနဲ့ အလွမ်းဆွတ် စိတ်ထဲကနေ မြတ်စွာဘုရားကို အာရုံပြုကန်တော့လိုက်ပြီး ဘုရားဂုဏ်တော်တွေကို ရွတ်ဖတ်ပူဇော်လိုက်ရတယ်။
~~~~~~
" ဒုန်း "
"ခွမ်း "
စိုင်းမြတ်အခန်းထဲကိုဝင်ဝင်ချင်းမှာပဲ သူရှိရာတည့်တည့်ကို ဝဲပျံလာတဲ့ အလှပန်းအိုးကို မနည်းရှောင်တိမ်းလိုက်ရတယ်။
" မင်း...မင်း...ဘယ်လိုလုပ်လိုက်တာလဲပန်းရိပ်ဖြူ "
" ရှင့်ပါးစပ်ကိုပိတ်ထားလိုက်စမ်းပါကိုစိုင်းမြတ်...ရှင်ကလူလိမ်ပဲ....ရှင်ဘာတွေပြောခဲ့လို့ ...ဒီအခန်းထဲမှာ ကျွန်မအပိတ်ခံထားရတာလဲ ပြောစမ်းပါအုံး...ဘာလဲဟိုကောင်ကေ**သသွားလို့လား "
ပန်းရိပ်ဖြူကစိုင်းမြတ်ကိုအော်ဟစ်မေးလိုက်ရင်း သူမနဲ့မလှမ်းမကမ်းမှာရှိနေတဲ့ သစ်သားပန်းပုရုပ်ကိုလှမ်းယူလိုက်တာမို့ စိုင်းမြတ်ကပန်းရိပ်ဖြူရဲ့လက်ကိုဖမ်းဆွဲလိုက်ပြီး ပန်းရိပ်ဖြူကိုအတင်းချုပ်ဖက်ထားလိုက်တယ်။
စာဖတ်ခ 1000Ks ပေးသွင်းဖို့ရန်အခြေအနေအခက်အခဲရှိပါကလဲ Free ဖတ်ရှုလို့ရပါတယ်ရှင်
စ/ဆုံး ဖတ်ရှုပြီးမှလဲ စာဖတ်ခကိုပေးသွင်းလို့လဲရပါတယ်ရှင် ....
စာဖတ်သူများကို မေတ္တာရပ်ခံချင်တာက စာဖတ်ခ 1000 Ks ပေးသွင်းနိုင်သူများအနေဖြင့်စာဖတ်ခပေးသွင်းပေးပါရန်နှင့်
အခန်းဆက်ဝတ္ထုမှာလဲရေးသားထားပြီးသော ဝတ္ထုမဟုတ်ပါဘူးရှင် ..
နေ့စဉ်ရေးသားပြီးတစ်ပိုင်းစီတင်ပေးသွားမှာဖြစ်ပါတယ်...
စာဖတ်ခကို KPay (or) Wave နဲ့ ပေးသွင်းလို့ရပါတယ်
A Kyi phyu မှာ Paid group မရှိပါဘူးနော်
ငွေအများကြီးပေးလဲ စ/ဆုံး ပေးဖတ်စရာမရှိပါဘူးရှင်
တစ်နေ့တစ်ပိုင်းပဲ ရေးပြီး
ရေးပြီးတာနဲ့တင်တာပါ
စာဖတ်ခ 1000 ကျပ်ကိုလဲ စ/ဆုံး ဖတ်ပြီးမှ ဇာတ်လမ်းကြိုက်မှလဲ ချီးမြှင့်လို့ရပါတယ်
ငွေပို့ထားတဲ့ ss ပြပြီး စ/ဆုံး Link လာတောင်းရင် A Kyi မျက်နှာပူလို့ပါရှင်
ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win
Wave
09773745413
Lae Lae Win ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
#AKyiPhyu
#ဧကြည်ဖြူ
)နှစ်ပြည့်မှာအမေ ...ကျွန်တော်တို့ဂရုစိုက်ရလိမ့်မယ် "
သားဖြစ်သူရဲ့စကားတွေကိုနားထောင်ပြီး ဘွားကြေးဥသက်ပြင်းကိုအခါခါချကာ မှိုင်တွေနေမိတယ်။ဒီမြေးတစ်ယောက်ကိုကာကွယ်ဖို့အတွက် ဘွားကြေးဥဘာကိုမဆိုလုပ်ဖို့ဝန်မလေးခဲ့ဘူး။သို့ပေမဲ့ မြေးမလေးခံစားနေရတဲ့စိတ်ဝေဒနာကိုတော့ပျောက်ကင်းအောင်ဘွားကြေးဥမစွမ်းဆောင်ပေးနိုင်ခဲ့ဘူး။ရေတံခွန်တောင်ကြားမှာအမှုဖြစ်ပြီး ရှစ်နှစ်ကျော်ကျော်လုံးစိတ်ကျန်းမာရေးကုသမှုခံယူခဲ့ရတဲ့မြေးလေး။သူမကိုးနှစ်အရွယ်ကနေ စခန်းသာမြို့ကထွက်သွားခဲ့ရပြီး ဆယ့်ရှစ်နှစ်ပြည့်ပြီးတော့မှ စခန်းသာမြို့လေးကိုပြန်လာခဲ့ရရှာတာ။စခန်းသာကိုပြန်ရောက်လာခဲ့ပေမဲ့ မြေးဖြစ်သူရဲ့စိတ်အခြေအနေကမတည်ငြိမ်သေးတာမို့ ကသစ်မြိုင်စံအိမ်ကြီးမှာပဲ အစောင့်အရှောက်နဲ့ထားခဲ့ရတာ။ပြောရမယ်ဆိုရင် အသက်နှစ်ဆယ်ကျော်ပြီးတော့မှ စိတ်အခြေအနေပုံမှန်လိုဖြစ်လာခဲ့တဲ့မြေးဖြစ်သူကို ဘွားကြေးဥမှာအသနားပိုပြီး ချစ်ခဲ့ရတာ။ငယ်ဘဝတစ်လျှောက်လုံးဆေးရုံပေါ်မှာပဲ ရှိနေခဲ့ရတဲ့မြေးမလေးကို အစွမ်းကုန်အလိုလိုက်ထားခဲ့မိတာအမှားတဲ့လား။ဘွားကြေးဥမှာ ရစ်ဝဲလာတဲ့မျက်ရည်တွေကို မျက်တောင်နဲ့ပုတ်ခတ်ထုတ်လိုက်ပြီး အံကိုတင်းတင်းကြိတ်ထားလိုက်တယ်။
~~~~~~~~~~~~~~
" တံခါးဖွင့်နော်...ခုချက်ချင်းဖွင့်ပေး ..အမေတံခါးဖွင့်ပေးနော်...အဘွားရေ...အဘွား "
တံခါးကိုအပြင်ကနေသော့ပိတ်သွားတာကြောင့် ပန်းရိပ်ဖြူ အော်ဟစ်လိုက်တယ်။ပန်းရိပ်ဖြူဘယ်လောက်အော်အော် အခန်းတံခါးကတော့တုတ်တုတ်မှမလှုပ်ဘဲရှိတယ်။ဘေးနားကရှိသမျှပစ္စည်းတွေက်ို ပန်းရိပ်ဖြူစိတ်ရှိလက်ဲရှိပေါက်ခွဲပစ်လိုက်တယ်။
~~~~~~~~~~~~~
" ပန်းရိပ်...နင်အဆင်ပြေလား...နင်လိုချင်တာရှိရင် ငါ့ကိုပြောလေ..."
အလွမ်းဆွတ်ကချောင်းကြည့်ပေါက်ကနေ ပန်းရိပ်ဖြူကိုချောင်းကြည့်လိုက်ပြီး လှမ်းမေးလိုက်တယ်။
"အဘွားကိုခေါ်ပေး...အဘွားဘာလို့မလာတာလဲ "
ပန်းရိပ်ဖြူမျက်နှာထားတင်းတင်းနဲ့ အလွမ်းဆွတ်ကိုလှမ်းမေးလိုက်တယ်။
" အဘွားနေမကောင်းလို့မလာတာ ပန်းရိပ်.....နင်လိုချင်တာမှန်သမျှကို လုပ်ပေးဖို့အဘွားကမှာထားပါတယ်...ဒါပေမဲ့ အခန်းထဲကတော့ထွက်လို့မရဘူး ...အဘွားကို နင်ဘာပြောချင်လို့်လဲ ငါသွားပြောပေးမယ် "
" ဘာ...နင်ကငါ့အဘွားကိုပါ အပိုင်သိမ်းလိုက်ပြီလားအလွမ်းဆွတ် ....နင့်ကို ...ငါ့အဘွားနားကိုမကပ်ဖို့ဘယ်နှစ်ခါပြောထားရမလဲ...နင့်ကိုလဲငါမယုံဘူး ..နင်လဲငါ့အမွေတွေကိုလိုချင်လို့ ငါ့ကိုလုပ်ကြံချင်နေတာမဟုတ်လား...နင့်အကြံကိုငါသိတယ်နော်...နင်ကငါ့ကိုမနာလိုဖြစ်ပြီး ....ငါ့ဘဝကိုအားကျနေတာမဟုတ်လား....နင်မြဲမြဲမှတ်ထားအလွမ်းဆွတ်...ရေတံခွန်တောင်ကြားအပန်းဖြေစခန်းရဲ့ အရှင်သခင်မကပန်းရိပ်ဖြူဆိုတဲ့ ငါပဲ...အလွမ်းဆွတ်ဆိုတဲ့နင်က ရေတံခွန်တောင်ကြားရဲ့အလုပ်သမားဆိုတာကိုမမေ့နဲ့....ပြီးတော့ ငါ့အဘွားနားကိုနင်မကပ်နဲ့ကြားလား "
ပန်းရိပ်ဖြူရဲ့ခက်ထန်ကြမ်းတမ်းလှတဲ့စကားတွေကြောင့် အလွမ်းဆွတ်အံလေးကိုတင်းတင်းကြိတ်လိုက်ပြီး
" နင်...ငါ့ကိုအဲ့ဒီလောက်ထိပြောစရာမလိုဘူးပန်းရိပ်...နင်နဲ့ငါကညီမဝမ်းကွဲတွေပါ....နင့်ကိုမနာလိုစရာအကြောင်းလဲမရှိဘူး ....ငါ့အတွက်တော့နင်တို့ကငါ့ကျေးဇူးရှင်တွေပါ...ငါ့အတွက်စိတ်ချမ်းသာမှုပဲလိုအပ်တာ....နင့်ရဲ့စည်းစိမ်ချမ်းသာတွေကိုလဲ ငါမမက်ဘူး...နင်အရမ်းပြောင်းလဲသွားတယ်ပန်းရိပ်...နင်ကငယ်ငယ်ကနဲ့လုံးဝကိုမတူတော့ဘူး ...နင့်ကငါ့ကိုမယုံသင်္ကာဖြစ်နေသလိုပဲ...ငါလဲနင့်ကိုမယုံသင်္ကာဖြစ်ချင်လာပြီ "
" ဘာ...နင်ဘာပြောလိုက်တယ်အလွမ်းဆွတ်....နင်ဘာပြောလိုက်တာလဲ "
အလွမ်းဆွတ်ကပြောပြီးတာနဲ့ ပြန်လှည့်ထွက်သွားတာကြောင့် ပန်းရိပ်ဖြူအော်ဟစ်မေးလိုက်တယ်။သို့ပေမဲ့ အလွမ်းဆွတ်ကတော့ ပန်းရိပ်ဖြူကိုလုံးဝကိုလှည့်မကြည့်တော့ဘဲ ထွက်သွားခဲ့တယ်။ပန်းရိပ်ဖြူစိတ်တိုဒေါသထွက်ပြီး အခန်းထဲမှာကျန်ခဲ့ရတယ်။
~~~~~~~~~~
"ပန်းရိပ်သနားပါတယ် အမေပန်းမြိင်ရယ် ....အခန်းတံခါးပဲဖြစ်ဖြစ် ဖွင့်ပေးထားလိုက်ပြီး ...ခြံထဲကမထွက်ဖို့ပဲ လုပ်ထားရင် မရဘူးလား "
အလွမ်းဆွတ်ရဲ့ စကားကြောင့် ဒေါ်ပန်းမြိုင်က ခေါင်းကိုခါယမ်းလိုက်ပြီး
''သူ့ကိုသနားလို့မရဘူး သမီး...ဒီတိုင်း သူ့စိတ်ကြိုက်လိုက်နေရင် ပိုပြီးဆိုးသွားလိမ့်မယ် ....သူ့ကိုအခန်းထဲမှ ပိတ်ထားတယ်ဆိုပေမဲ့ ....နန်းဆောင်တစ်ခုလို ကျယ်ဝန်းတဲ့အခန်းထဲမှာလိုအပ်တာမှန်သမျှတောင်းဆိုလို့ရနေတာပါ သမီးရယ် ... သူ့ကို ဒီအတိုင်းလွှတ်ထားပေးလိုက်ရင် ... သူ့ဘဝပျက်စီးသွားလိမ့်မယ် ... သမီးက အပန်းဖြေစခန်းအတွက်ပဲ စဉ်းစားပါ ....."
" ဟုတ်ကဲ့ပါ အမေပန်းမြိုင် "
ကြီးတော်ဖြစ်သူဒေါ်ပန်းမြိုင်ရဲ့စကားကြောင့် အလွမ်းဆွတ်ခေါင်းငြိမ့်ပြကာ နှုတ်ဆိတ်နေလိုက်တယ်။
==================================
အပိုင်း(၆)ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
" မင်္ဂလာပါ "
စာချစ်သူများရှင်
#စံအိမ်ခေါ်သံ
(အခန်းဆက်ဝတ္ထု) ကိုစာဖတ်ခ 1000 Ksပေးသွင်းပြီး နေ့စဉ်ဖတ်ရှုနိုင်ပါတယ်။
အော်သံနက်ကြီးပေါ်ထွက်လာပြီတော့ ဆိုင်ကယ်ကိုအရှိန်မထိန်းနိုင်တော့ဘဲ ဆိုင်ကယ်တခြားလူတခြားလဲကျသွားတော့တယ်။ပန်းရိပ်ဖြူ ဆိုင်ကယ်ပေါ်ကဆင်းသွားလိုက်ပြီး အနားကိုလျှောက်သွားလိုက်တယ်။
" ဟဲ့ကောင် ...ပြောစမ်း...နင်တို့ငါ့ကိုဘာလို့လုပ်ကြံတာလဲ ...နင်တို့ကိုဘယ်သူခိုင်းတာလဲ ...ပြောစမ်း....မပြောဘူးလား "
" အား....အီး ...အီး ..ငါ့...ငါ့ကိုဆေးရုံပို့ပေးပါ...ငါ့ခြေထောက်နဲ့ငါ့လက်တွေလှုပ်လို့မရတော့ဘူး....ငါတောင်းပန်ပါတယ် "
" အသ/က်နဲ့အဝေးကြီးပါ ...ဘာကြောက်နေတာလဲ...မနေ့က နင်တို့ ငါ့ကိုလုပ်ကြံဖို့ကြိုးစားတော့ ဒီမျက်နှာမဟုတ်ပါဘူး ...နင်တို့အလှည့်ကျတော့ ကြောက်တတ်လှချည်လား...နင်ဆေးရုံသွားချင်တယ်ဆိုရင် ငါမေးတာကိုဖြေလေ...ဘာလဲ မဖြေဘူးလား...နင်မဖြေဘူးဆိုရင် ငါ့အကြောင်းသိအောင်ပြရသေးတာပေါ့ "
ပန်းရိပ်ဖြူပြောပြီးတာနဲ့ အင်္ကျီအိတ်ထဲကျသ လက်ကိုင်ဓ**ားကို ထုတ်ယူလိုက်ပြီး သူ့မျက်နှာကိုချိန်ရွယ်လိုက်တယ်။ဒီအချိန်မှာပဲ သူမနားကိုဆိုင်ကယ်တစ်စီးထိုးရပ်လာခဲ့တယ်။
" ပန်းရိပ်ဖြူ...မင်း...မင်းအဲ့ဒါဘာလုပ်နေတာလဲ....မင်းတော်တော်ဆိုးသွမ်းပါလားကွ...မင်းအခုလုပ်နေတာက ထောင်ကျသွားနိုင်တယ်ဆိုတာကိုသိရဲ့လား..."
အသံနဲ့အတူအနားရောက်လာသူက စိုင်းမြတ်။စိုင်းမြတ်က လဲကျနေတဲ့သူကိုတစ်ချက်ကြည့်လိုက်ရင်း ပန်းရိပ်ဖြူလက်ကိုပုတ်ထုတ်လိုက်တယ်။ပြီးတော့ ဖုန်းကိုထုတ်ဆက်လိုက်တယ်။
" ဒီမှာ...မင်းခဏသည်းခံလိုက်အုံး ..."
စိုင်းမြတ်ကလဲနေသူကိုပြောပြီးတော့ ပန်းရိပ်ဖြူကိုကြည့်လိုက်တယ်။
" ပန်းရိပ်ဖြူ...မင်းအခုဖြစ်တာက ဆိုင်ကယ်ချင်းတိုက်မိတာနော်သိလား...တကယ်လို့များ...မင်းကိုစစ်ဆေးမေးမြန်းခံရမယ်ဆိုရင်...ကျွန်တော်ပြောသလိုပဲဖြေပါ ဟုတ်ပြီလား "
စိုင်းမြတ်ရဲ့စကားကြောင့် ပန်းရိပ်ဖြူမျက်မှောက်ကြုတ်ကာကြည့်လိုက်ပြီ
" ဒီမှာ ကိုစိုင်းမြတ်....ကျွန်မကလုပ်ရဲရင်ခံရဲတယ်....သူတို့မနေ့က ကျွန်မကိုလုပ်ကြံခဲ့ကြတာ...သူတို့ ကျွန်မကိုဘာလို့လုပ်ကြံတာလဲ....ဘယ်သူကခိုင်းတာလဲဆိုတာကိုကျွန်မသိချင်တယ်...သိရမှလဲဖြစ်မယ်...ကျွန်မအတွက် ဖမ်းဆီးချုပ်နှောင်ခံရတယ်ဆိုတာက ဘာမှမထူးဆန်းဘူး "
ပန်းရိပ်ဖြူရဲ့စကားကြောင့် စိုင်းမြတ်မျက်နှာထားတည်တင်းတင်းနဲ့ ပန်းရိပ်ဖြူကိုကြည့်လိုက်ပြီး
" မင်းသိချင်နေတဲ့ မေးခွန်းကို ....ရအောင်မေးထားပေးပါမယ်....ဒါပေမဲ့ အခုချိန်မှာအရေးကြီးဆုံးက ...သူတစ်ခုခုမဖြစ်သွားဖို့ပဲ...တကယ်လို့များ...သူသာတစ်ခုခုဖြစ်သွားခဲ့ရင် ...အရင်ဆုံးဒုက္ခရောက်မှာက မင်းပဲကွ...အဲ့ဒါကိုမင်းသိရဲ့လား...အခြေအနေအချိန်အခါကိုကြည့်ပြီး ဆုံးဖြတ်ရတယ်...မင်းဒီလိုသာစိတ်လိုက်မာန်ပါလုပ်နေရင်...ကသစ်မြိုင်စံအိမ်ရဲ့အရှင်သခင်ကမင်းဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး ...မင်းနားလည်လား "
" ဘာ...ရှင်ဘာပြောလိုက်တယ်ကိုစိုင်းမြတ်..."
ပန်းရိပ်ဖြူအံ့ဩတုန်လှုပ်ကာ ပြန်မေးလိုက်ချိန်မှာပဲ သူမတို့နားကိုဆိုင်ကယ်တစ်စီးနဲ့ကားတစ်စီးရောက်လာခဲ့တယ်။စိုင်းမြတ်က ရောက်လာသူတွေကိုလှည့်ကြည့်လိုက်ပြီး
" အောင်းမောင်းက ပန်းရိပ်ဖြူကိုခေါ်သွားလိုက််တော့ ...ကဲ...ပန်းရိပ်ဖြူ မင်းလိုက်သွားတော့ ...ဒီကကိစ္စကိုမပူနဲ့ ...မင်းသိချင်တာကို ရအောင်မေးပေးထားမယ်ဟုတ်ပြီလား ....ငါပြောတာကိုမင်းနားမထောင်ရင်တော့ ...မင်းဘက်ကနေ ငါဘာမှဝင်မပြောပေးတော့ဘူး ...အဲ့ဒါဆိုရင်တော့ အခြေအနေကိုမင်းနားလည်မှာပါ ပန်းရိပ်ဖြူ "
"တောက် "
စိုင်းမြတ်ရဲစကားကြောင့် ပန်းရိပ်ဖြူတောက်တစ်ချက်ကိုခေါက်လိုက်ပြီး သူမဆိုင်ကယ်ပေါ်ကိုတက်ကာ အရှိန်ပြင်းပြင်းနဲ့မောင်းထွက်လာခဲ့လိုက်တယ်။
~~~~~~~~~~~~
" ဒါတွေအားလုံးက အမေအလိုလိုက်ထားလို့်ဖြစ်ခဲ့ရတာတွေပါ....အခုဆိုရင်သမီးအခြေအနေကဘယ်လောက်ထိဆိုးလာလဲဆိုတာ...အမေသိပြီမဟုတ်လား....ဝတ္ထုတွေဖတ် ရုပ်ရှင်တွေကြည့်ပြီး စိတ်ကူးယဉ်နေရုံတင်မကတော့ဘူး ...အပြင်မှာပါရူးကြောင်ကြောင်တွေလိုက်လုပ်နေတာ....ဒီနေ့ကိစ္စကိုကြည့်ရင် ဒါကလူသ//တ်မှုဖြစ်သွားန်ုင်တဲ့အနေအထားပါအမေ ...အဲ့ဒီလိုသာဖြစ်သွားခဲ့ရင်ဘယ်လိုလုပ်မလဲအမေ "
သားဖြစ်သူရဲ့စကားကြောင့် ဘွားကြေးဥတွေဝေကာထိုင်နေခဲ့တယ်။
" ကျွန်တော်ကအဖေအရင်းပါ အမေ...ကျွန်တော့်သားသမီးကိုမချစ်ဘဲနေမလား....အရွယ်နဲ့မလိုက်အောင် သူခံစားခဲ့ရတာတွေအတွက် ...ကျွန်တော်တို့အကောင်းဆုံးလုပ်ပေးခဲ့တယ်...နိုင်ငံရပ်ခြားကကောင်းဆုံးအတော်ဆုံးဆရာဝန်တွေနဲ့ပဲကုသပေးခဲ့တာပါ....အလွမ်းဆွတ်လေးကိုကြည့်ပါအမေ...သူလဲအမှုဖြစ်စဉ်မှာပါဝင်ခဲ့တဲ့သူပါ..ဒါပေမဲ့သူကြံ့ကြံ့ခိုင်နိုင်တယ်အမေ...ပညာရေးကိုလဲဆုံးခန်းတိုင်အောင်သင်ယူနိုင်ခဲ့တယ်....အလွမ်းဆွတ်ကိုကြည့်ရင်....သမီးအတွက်ကျွန်တော်တို့ပိုပြီးခံစားရတယ်အမေ...ကျွန်တော်တောင်းပန်ပါတယ်အမေရယ်....ဖြစ်ခဲ့တာတွေလဲ ဖြစ်ခဲ့ပြီးပြီမို့ ပန်းမြိင်ကိုလဲအမေအပြစ်မမြင်ပါနဲ့တော့ ...သမီးကိုလဲသူ့အမေလက်ထဲကိုပြန်ထည့်ပေးလိုက်ပါအမေ....သူ့အမေပဲထိန်းပါလိမ့်မယ်...လိုအပ်ရင် စိတ်ရာဂါဆရာဝန်နဲ့ဆွေးနွေးကုသရလိမ့်မယ်...အမေခွင့်ပြုပေးပါ...မဟုတ်ရင် ဒီနေ့ထက်ဆိုးတဲ့ အခြေအနေမျိုးတွေဖြစ်လာလိမ့်မယ်...ပြီးတော့ သမီးလေးကဒီနှစ်ထဲမှာ(၂၆
#စံအိမ်ခေါ်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း(၅)
akyiphyu
*********
" ဟဲ့ကောင်မ...ဆိုင်ကယ်ပေါ်ကခုချက်ချင်းဆင်းခဲ့စမ်း "
လက်ထဲမှာတု ~~တ်ရှည်ကိုကိုင်မြှောက်ပြီးပြောလာတဲ့အေးစက်စက်အသံကြီးကြောင့် ပန်းရိပ်ဖြူရင်တွေထိတ်ခနဲခုန်လှုပ်ရှားသွားခဲ့ပေမဲ့ မျက်နှာကိုအမူအရာမပျက်အောင်ထိန်းထားလိုက်တယ်။ပြီးတော့လူက ဆိုင်ကယ်ပေါ်မှာဆက်ထိုင်နေလိုက်တယ်။
" ပြောနေတာမကြားဘူးလား...ဘာလဲမဆင်းဘူးပေါ့ဟုတ်လား "
တစ်ယောက်ကမေးရင်းနဲ့ ဆိုင်ကယ်ဆီကိုပြေးဝင်လာခဲ့တယ်။ပြေးလာသူလက်ထဲမှာ တု*တ်ကရှိနေခဲ့တာ။ကျန်တဲ့သူရဲ့လက်ထဲမှာတော့ ဆိုင်ကယ်ဦီးထုပ်ကိုခပ်တင်းတင်းဆုပ်ကိုင်ထားတယ်။ပန်းရိပ်ဖြူအခြေအနေကိုအမြန်တွက်ချက်ကြည့်လိုက်တယ်။သူမရောက်နေတဲ့နေရာက လမ်းမကြီးကနေငါးမိနစ်လောက်ပဲဝင်လာရသေးတာ။ဒီနေရာကလူပြတ်တယ်ဆိုပေမဲ့ ဒီလမ်းကနေ မကြာခဏသူမသွားနေခဲ့တာ။တစ်ခါမှဒီလိုမကြုံခဲ့ဖူးဘူး။သေချာတာက သူမရင်ဆိုင်နေရတဲ့နှစ်ယောက်ဆေးကြောင်နေတဲ့ပုံစံမဟုတ်ဘူးဆိုတာကို ပန်းရိပ်ဖြူချက်ချင်းရီပ်မိလိုက်တယ်။၊တု**တ်ကိုင်ပြီးလျှောက်လာတဲ့လူရဲ့ပုံစံက သူမကိုဖြတ်ရို/က်မဲ့ပုံစံဆို
တာကို သဘောပေါက်လိုက်တာနဲ့သူမဆိုင်ကယ်ကိုနောက်ကိုအမြန်ပြန်ကွေ့ပြီးမောင်းထွက်လိုက်တယ်။
" ဟေ့ ..ဘာလဲကြောက်သွားပြီလားအပျ/-က်မရဲ့ "
တု**တ်ကိုင်ထားတဲ့လူက မိုက်မိုက်ရိုင်းရိုင်းအော်ဟစ်ဆဲဆိုလိုက်ပြီးတော့ တဟားဟားအော်ရယ်လိုက်တယ်။ပြီးတော့ သူမတည့်တည့်ကိုတု/တ်နဲ့လှမ်းပစ်ပေါက်လိုက်တယ်။ပန်းရိပ်ဖြူဆိုင်ကယ်ကို တု/တ်နဲ့ဆန့်ကျင်ဘက်ကို အမြန်စောင်းချပစ်လိုက်ရတယ်။တကယ့်ကိုကပ်သီးလေးမှကပ်သီးလေးလွဲချော်သွားခဲ့တာ။ပန်းရိပ်ဖြူတောက်တစ်ချက်ကိုခပ်ပြင်းပြင်းခေါက်လိုက်ပြီး လမ်းကျဉ်းလေးထဲမှာပဲ သစ်ပင်ကြိုသစ်ပင်ကြားကနေ ဆိုင်ကယ်ကိုပြန်ကွေ့လိုက်ပြီး သူတို့နှစ်ယောက်ဆီကိုဆိုင်ကယ်ကိုအရှိန်ပြင်းပြင်းနဲ့မောင်းချသွားလိုက်တယ်။
" ဟာ...ဟေ့...ဟေ့ ...သောက်ကောင်မ ...ဟေ့ကောင်ချောက်ဘက်ကိုခုန်ဆင်းလိုက် "
ခဏအတွင်းမှာပဲ အခြေအနေကရုတ်တရက်ပြောင်းလဲသွားခဲ့ပြီး သားကောင်ဘဝကနေမုဆိုးဘဝကိုပန်းရိပ်ဖြူရောက်ရှိသွားခဲ့တော့တယ်။သူတို့နှစ်ယောက်လုံး အခြေအနေမဟန်မှန်းသိတော့ ချောက်ထဲကိုခုန်ဆင်းပြေးသွားကြတယ်။ပန်းရိပ်ဖြူကုန်းမြင့်ပေါ်ကနေသူတို့ကိုငုံ့ကြည့်လိုက်ပြီးတော့ ဆိုင်ကယ်ပေါ်ကဆင်းလိုက်တယ်။ပြီးတော့ ခပ်လှမ်းလှမ်းမှာရပ်ထားတဲ့ သူတို့ဆိုင်ကယ်ကိုဆင်ခြေလျောအတိုင်းတွန်းချပစ်လိုက်တယ်။
" ဟာ ...သောက်ရူးမ...."
အောက်ကနှစ်ကောင်က တဝုန်းဝုန်းလိမ့်ဆင်းလာတဲ့သူတို့ဆိုင်ကယ်ကိုကြည့်ပြီး ပန်းရိပ်ဖြူကိုပျစ်ပျစ်နှစ်လှမ်းဆဲတယ်။ဒီအချိန်မှာပဲ တောလမ်းလေးအတိုင်းဆိုင်ကယ်တစ်စီးမောင်းဝင်လာတာကိုတွေ့လိုက်ရတယ်။
" မမလေး ...မမလေးဘာဖြစ်တာလဲ "
အောင်မောင်းက ဆိုင်ကယ်ကိုပန်းရိပ်ဖြူဘေးနားအထိမောင်းလာခဲ့ပြီးတော့ လှမ်းမေးလိုက်တယ်။
ပန်းရိပ်ဖြူက ချောက်ဘက်ထဲကို လက်ညှိုးထိုးပြလိုက်ပြီး
" ဘာမှမဟုတ်ဘူး ...ထားလိုက်ပါ....ဒီကောင်တွေ ဆေးကွဲနေတာနေမယ "
ပန်းရိပ်ဖြူပြောနေချိန်မှာပဲ အောက်ကလူနှစ်ယောက်က သူတို့ဆိုင်ကယ်ကိုတောင် လှည့်မကြည့်နိုင်တော့ဘဲ ချောက်အောက်ဘက်ကိုဆက်ပြီးပြေးဆင်းသွားတော့တယ်။အောင်မောင်းက သူတို့်နှစ်ယောက်နောက်ကိုလိုက်ဖို့ပြင်လိုက်တယ်။
" သူတို့နောက်ကိုလိုက်စရာမလိုဘူး...သူတို့ထဲကတစ်ယောက်ကိုကျွန်မသိတယ် ....ထားလိုက်စမ်းပါ "
ပန်းရိပ်ဖြူခပ်အေးအေးပြောလိုက်တော့ အောင်မောင်းက လန့်သွားတဲ့မျက်နှာနဲ့လှမ်းကြည့်တယ်။ပန်းရိပ်ဖြူဘာမှဆက်မပြောတော့ဘဲ နေရာကနေဆိုင်ကယ်ကိုဝူးခနဲမောင်းထွက်ခဲ့လိုက်တယ်။
~~~~~~~~~~~~~~~
ဆိုင်ကယ်ပေါ်မှာငြိမ်သက်စွာထိုင်နေပြီး ပတ်ဝန်းကျင်ကို ပန်းရိပ်ဖြူအကဲခတ်နေလိုက်တယ်။ညနေမှောင်စပျိုးလာပြီဆိုတော့ စခန်းသာမြို့ရဲ့ လမ်းကြားတစ်နေရာကလဲ အလင်းရောင်ပျောက်ကာ လူလုံးမပီချင်သလိုဖြစ်လာခဲ့တယ်။နေရာကအိမ်ခြေကျဲတဲ့နေရာဆိုတော့ လမ်းပေါ်မှာလူသွားလူလာပါပြတ်တောက်စပြုလာတယ်။လူခြေပြတ်ကာ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်နေရင်း ပန်းရိပ်ဖြူလက်ကနာရီကိုကြည့်လိုက်မိတယ်။ညနေခြောက်နာကျော်။ဒီအချိန်လောက်ဆိုရင် အောင်မောင်းတစ်ယောက် စခန်းသာမြို့ရဲ့လမ်းကြိုလမ်းကြားပါမကျန် သူမကိုလိုက်ရှာနေပေလိမ့်မယ်။ဆက်ပြီးစောင့်နေဖို့ရန်သူမမှာအချိန်သိပ်မရှိတော့။နာရီကိုကြည့်ကာ စိတ်ပျက်လက်ပျက်နဲ့ ဆိုင်ကယ်ကိုမောင်းထွက်ဖို့ပြင်လိုက်ချိန်မှာပဲ ခပ်လှမ်းလှမ်းကနေမောင်းလာတဲ့ ဆိုင်ကယ်ကိုတွေ့လိုက်ရတယ်။ဆိုင်ကယ်မောင်းလာသူကိုကြည့်ပြီး ပန်းရိပ်ဖြူခပ်မဲ့မဲ့ပြုံးလိုက်တယ်။ဆိုင်ကယ်ပေါ်ကလူကလဲ သူမကိုလှမ်းကြည့်လာတယ်။သူမကဆိုင်ကယ်ကိုလဲပြောင်းထားပြီး ဦးထုပ်လဲဆောင်းထားတော့ သူမှတ်မိပုံမရဘူး။ဆိုင်ကယ်ကိုသူမဘေးနားကနေ တမင်ကိုကပ်မောင်းလာခဲ့တယ်။ပန်းရိပ်ဖြူတစ်ချက်ပြုံးလိုက်ပြီး လက်ထဲမှာအသင့်ကိုင်ထားတဲ့ တု*တ်နဲ့ဖြတ်ရိုက်ချလိုက်တယ်။
" အား "
" အေး...အောင်မောင်းကိုသေချာမှာထားနော် စောရီ...နောက်ကနေနီးနီးကပ်ကပ်မလိုက်ခိုင်းနဲ့နော် ...အထူးသဖြင့်ရေတံခွန်တောင်ကြားဘက်ကို လုံးဝမသွားစေနဲ့ကြားလား....ကဲ ..ငါတို့ လဲ မြို့ထဲဘက်ခဏသွားကြရအောင် "
" ဟုတ်ကဲ့ပါ မေမေကြိး "
ဒေါ်စောရီက ဘွားကြေးဥရဲ့စကားကိုခေါင်းငြိမ့်ပြလိုက်ပြီး မြို့ထဲသွားဖို့ရန်ပြင်ဆင်လိုက်တယ်။
~~~~~~~~~~~~~~
နောက်ခပ်လှမ်းလှမ်းကနေပါလာတဲ့ ဆိုင်ကယ်ကိုနောက်ကြည့်မှန်ကနေ ပန်းရိပ်ဖြူခပ်မဲ့မဲ့စိုက်ကြည့်လိုက်ရင်း ဆိုင်ကယ်ကိုလမ်းကြားတစ်ခုထဲကိုလီဗာကုန်နင်းပြီးမောင်းဝင်ချသွားလိုက်တယ်ု။သူမအတွက်ဆိုင်ကယ်စီးသက်က အလွမ်းဆွတ်လောက်သက်တမ်းမကြာသေးဘူးဆိုပေမဲ့ အလုပ်အကိုင်ရယ်လို့မရှိတဲ့ဘဝမှာ ဆိုင်ကယ်တစ်စီးနဲ့ပဲလျှောက်သွားနေခဲ့ရတာလေ။ဒီတော့လဲ ဆိုင်ကယ်ဆိုတာက သူမအတွက်မရှိမဖြစ်အဖော်တစ်ယောက်လိုဖြစ်နေခဲ့ပြီး ဆိုင်ကယ်စီးကျွမ်းကျင်အဆင့်ဖြစ်နေခဲ့တာပေါ့။စခန်းသာမြို့ဆိုတာကလဲဘယ်လောက်ကျယ်လို့လဲ။မြို့ထဲတစ်ပတ်နဲ့ကသစ်မြိုင်စံအိမ်အရောက်ကို နာရီဝက်တောင်မစီးရဘူးလေ။မြို့ပြင်အနှံ့ဆိုရင်တော့ နာရီနည်းနည်းပိုကြာတာပေါ့။ကသစ်မြိုင်ကနေ ရေတံခွန်တောင်ကြားအရောက်ဆိုရင်တော့တစ်နာရီလောက်ပဲမောင်းရတယ်။ခရီးလမ်းကသိပ်မဝေးဘူး။ဒါပေမဲ့ အဲ့ဒီခရီးလမ်းကိုပဲ ပန်းရိပ်ဖြူမှာသွားခွင့်မရှိဘူး။တကယ်လို့ ဘယ်သူမှမသိအောင်သွားမိရင်လဲ မကြာဘူးနောက်ကလိုက်လာတော့တာပဲ။ပြောတော့လဲ ရေတံခန်တောင်ကြားပန်းဖြေစခန်းက တစ်ချိန်မှာ သူမပိုင်ဆိုင်ရမဲ့အမွေအနှစ်သာပြောတာ ခုချိန်မှာတော့ ရေတံခွန်တောင်ကြားမှာတည်ဆောက်ထားတဲ့ အပန်းဖြေစခန်းတွေကို ဦီးစီးအုပ်ချုပ်ထားနိုင်သူက အလွမ်းဆွတ်သာဖြစ်နေခဲ့တယ်လေ။မှန်တာပြောရရင် ဒါကိုလဲ ပန်းရိပ်ဖြူမကျေမနပ်ဖြစ်နေမိတာပေါ့။
ပန်းရိပ်ဖြူဆိုင်ကယ်ကိုကွေ့ချလိုက်ပြီး နောက်ကလိုက်လာတဲ့သူမျက်ခြည်ပြတ်သွားအောင် တောလမ်းကြားထဲကိုဇွတ်မောင်းဝင်ခဲ့လိုက်တယ်။
~~~~~~~~~~~~~
" ဘုတ် "
ရုတ်တရက်ကြီး ရှေ့ကိုဘုတ်ခနဲပြုတ်ကျလာတဲ့ အရာဝတ္ထုတစ်ခုကြောင့် ပန်းရိပ်ဖြူလန့်ပြီး ဆိုင်ကယ်ကိုထိုးရပ်ပစ်လိုက်တယ်။ဆိုင်ကယ်က သံရှည်ဆွဲမြည်သွားပြီး အရှိန်နဲ့ထိုးရပ်သွားတာကြောင့် ဆိုင်ကယ်မှာ လဲကျမလိုပါဖြစ်သွားခဲ့ရတယ်။ဒီအချိန်မှာပဲ သစ်ပင်တွေနောက်ကနေမျက်နှာဖုံးဝတ်ထားတဲ့ လူနှစ်ယောက်ထွက်လာတာကို ပန်းရိပ်ဖြူတွေ့လိုက်ရတယ်။
==================================
အပိုင်း(၅)ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
#စံအိမ်ခေါ်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း(၄)
akyiphyu
*********
" ဂီး ....."
အိမ်ခေါင်တည့်တည့်ပေါ်က ငှက်ဆိုးထိုးသံကြောင့် ပန်းရိပ်ဖြူမျက်လုံးတွေ ဖျတ်ခနဲပွင့်လာခဲ့ပြီး အိပ်ရာထဲကထထိုင်လိုက်တယ်။တစ်ညလုံးမပိတ်ထားခဲ့တဲ့ ပြတင်းပေါက်ကလိုက်ကာစက လေအဝှေ့မှာတဖျပ်ဖျပ်လှုပ်ရှားနေပုံက သူမကိုလက်ယပ်ခေါ်နေသယောင်ယောင်ထင်လိုက်ရတယ်။ပန်းရိပ်ဖြူခုတင်ပေါ်မှာ ထိုင်ရင်း ပြတင်းပေါက်ဆီကို မျက်လုံး အကြောင်သားနဲ့ငေးကြည့်နေမိတယ်။
" ရှပ်...ရှပ်...ရှပ် "
ဒီအချိန်မှာပဲ အခန်းရှေ့စင်္ကြန်လမ်းဆီက ရုတ်တရက်ထွက်ပေါ်လာတဲ့ခြေသံကြောင့် တံခါးရှိရာကိုပန်းရိပ်ဖြူလှည့်ကြည့်လိုက်မိတယ်။ပန်းရိပ်ဖြူလှည့်ကြည့်လိုက်တဲ့အခိုက်မှာ အသံကချက်ချင်းပြန်တိတ်သွားတယ်။နံရံပေါ်ကတိုင်ကပ်နာရီကိုကြည့်လိုက်ချိန်မှာ ည(၁)နာရီကျော်နေပြီ။ဒီအချိန်ကြီးမှာ သူမအခန်းရှေ့ကိုဘယ်သူလာတာလဲ။ခုတင်အောက်က သစ်သားတုတ်ကိုကောက်ယူလိုက်ပြီး အခန်းတံခါးဆီကို ပန်းရိပ်ဖြူလျှောက်သွားလိုက်တယ်။အခန်းတံခါးဆီကိုရောက်တော့ တံခါးကိုခပ်ဟဟဖွင့်ကြည့်လိုက်တယ်။
"ဟင်...ဘယ်သူလဲ "
စင်္ကြန်လမ်းတစ်လျှောက် သူမကိုကျောခိုင်းလျှောက်သွားနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့နောက်ကျောကိုတွေ့မြင်လိုက်ရတာမို့ ပန်းရိပ်ဖြူအံ့ဩတုန်လှုပ်ကာနောက်ကနေအမြန်ပြေးလိုက်သွားလိုက်တယ်။ဒီအခါအမျိုးသမီးက နောက်ကိုလှည့်မကြည့်ပါဘဲနဲ့ ပန်းရိပ်ဖြူလိုက်လာတာကိုသိပုံနဲ့ ရှေ့ကနေခပ်သွက်သွက်လျှောက်သွားတယ်။
" နင်ဘယ်သူလဲ...အလွမ်းဆွတ်လား...ရပ်လေ...ရပ်လို့ပြောနေတာကြားလား "
အမျိုးသမီးက ပန်းရိပ်ဖြူပြောတာက်ို ဂရုမစိုက်ဘဲရှေ့ကိုခပ်သွက်သွက်သွားနေရင်းက အခန်းထောင့်ချိုးတစ်ခုကိုကွေ့သွားခဲ့တယ်။ပန်းရိပ်ဖြူလဲ အမျိုးသမီးနောက်ကို အမှီလိုက်လိုက်တယ်။သို့ပေမဲ့ ထောင့်ချို့အကွေ့မှာ ရှင်းလင်းတိတ်ဆိတ်နေတဲ့ လသာဆောင်ဝရန်တာကို တွေ့လိုက်ရတယ်။ပျောက်ချင်းမလှပျောက်သွားတဲ့ အမျိုးသမီးကြောင့် ပန်းရိပ်ဖြူတစ်ကိုယ်လုံး နတ်ပူးသလို တုန်ယင်သွားမိတယ်။တုန်တုန်လှုပ်လှုပ်နဲ့ ဝရန်တာကနေ အောက်ကို သွားငုံ့ကြည့်လိုက်မိတဲ့အခါ လရောင်ဝိုးတဝါးအောက်မှာ ခြံဝန်းတစ်ခုလုံးကတိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။
" ဘုတ် "
" အမေ့ "
ခြံဝန်းထဲကို ပန်းရိပ်ဖြူ လိုက်ကြည့်နေမိစဉ်မှာ နောက်ကျောဆီကနံရံကို ဘုတ်ခနဲရိုက်ပုတ်လိုက်သံထွက်ပေါ်လာတာမို့ နောက်ကိုလှည့်ကြည့်လိုက်မိတယ်။ ဒီအခါ လသာဆောင်တံခါးဝမှာ ရပ်ပြီး သူမကိုစိမ်းစိမ်းကြီးစိုက်ကြည့်နေတဲ့ အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရတာမို့ ပန်းရိပ်ဖြူလန့်ဖျပ်ကာ ကြက်သေသေသွားမိတယ်။အမျိုးသမီးကို ပန်းရိပ်ဖြူကြောင်အကာငေးကြည့်နေမိခိုက်မှာ အမျိုးသမီးရဲ့မျက်နှာက တဖြည်းဖြည်းနဲ့အရည်ကြည်ဘုတွေလို အဖုအပိမ့်တွေပေါ်ပေါက်လာခဲ့ပြီး ချက်ချင်းဆိုသလိုမျက်နှာ ကြီးက မီးသွေးတုံးကြီးလိုမည်းနက်သွားတာကိုတွေ့လိုက်ရတယ်။မြင်ကွင်းကိုကြည့်ပြီး ပန်းရိပ်ဖြူကြောက်လန့်တကြားနဲ့အော်လိုက်မိတော့တယ်။
"အမယ်လေး "
ပန်းရိပ်ဖြူအော်ဟစ်လိုက်ပြီး နေရာမှာပုံရက်သားလဲကျသွားခဲ့ရတယ်။ ဒီအခါမှာ သူမမျက်စိရှေ့တည့်တည့်မှာရှိနေတဲ့ အမျိုးသမီးလဲပျောက်ချင်းမလှပျောက်ရှသွားခဲ့ပြန်တယ်။
"အ...အဘွား ....အဘွား "
ပန်းရိပ်ဖြူကြောက်ကြောက်လန့်လန့်နဲ့ အဘွားကိုအော်ဟစ်ခေါ်လိုက်မိချိန်မှာ လသာဆောင်တံခါးဝကို လူတစ်ယောက်ရောက်လာခဲ့တယ်။
" ပန်းရိပ် ....သမီး... ဘာဖြစ်တာလဲ ...အိပ်မက်ဆိုးတွေမက်နေပြန်ပြီလား "
" အ ...အမေ "
တံခါးဝမှာရပ်နေတဲ့ မိခင်ဖြစ်သူကိုတွေ့လိုက်ရတာကြောင့် ပန်းရိပ်ဖြူထိတ်ထိတ်လန့်လန့်ထစ်ထစ်ငေါ့ငေါ့နဲ့ ခေါ်လိုက်မိတယ်။
ဒေါ်ပန်းမြိုင်က ကြမ်းပြင်မှာ လဲကျနေတဲ့သမီးဖြစ်သူနားမှာ ထိုင်ချလိုက်ပြီး ပွေ့ထူလိုက်တယ်။
" သ...သမီး ..ပန်းရိပ် ဘာဖြစ်တာလဲ ..ဘာဖြစ်လို့လဲ "
" သ....သမီး ...သူ့ ... သူ့ကိုတွေ့...တွေ့ပြန်ပြီ အမေ ... မီးလောင်ခံထားရတဲ့ အမျိုးသမီးကို သမီးတွေ့ပြန်ပြီ အီး ..ဟီး..ဟီး "
" အို ...မဟုတ်တာ သမီးရယ် ..သမီးအိပ်မက်မက်တာနေမှာပါ သမီးရယ် ...ထနော် သမီး ... သမီးအခန်းထဲကို အမေလိုက်ပို့ပေးမယ် "
ဒေါ်ပန်းမြိုင်က သမီးဖြစ်သူရဲ့ ပိန်ပါးပါးကိုယ်လေးကိုဆွဲပွေ့ထူလိုက်ပြီး အိမ်ထဲကိုပြန်ဝင်လိုက်တယ်။
~~~~~~~~
ပန်းရိပ်ဖြူကိုတွဲပြီးစင်္ကြန်လမ်းအတိုင်း ဒေါ်ပန်းမြိုင်လျှောက်လာစဉ်မှာပဲ ဒေါ်ပန်းမြိုင်တို့ရဲ့ အိပ်ခန်းတံခါးကပွင့်လာခဲ့ပြီး ဖခင်ဖြစ်သူဦးဘိုထွန်းထွက်လာခဲ့တယ်။
"ဘာဖြစ်တာလဲမြိုင် "
" သမီးလေ ..အိပ်မက်ဆိုးတွေမက်နေလို့ပါ ကိုထွန်း
" ဪ ...အိပ်မက်ဆိုးတွေ မက်နေပြန်ပြီလား ...လသာဆောင်တံခါးကို ဘယ်သူဖွင့်ထားပြန်တာလဲ ....နောက်ရက်တွေမဇာယုကို သေချာဂရုစိုက်ခိုင်းကွာ .. "
ဦးဘိုထွန်းက ထိတ်လန့်တုန်လှုပ်နေတဲ့ သမီးဖြစ်သူကို တစ်ချက်ကြည့်ကာ စကားအနည်းအကျဉ်းပြောပြီး အခန်းထဲပြန်ဝင်သွားခဲ့တယ်။
ဒေါ်ပန်းမြိုင်နဲ့ ပန်းရိပ်ဖြူက ခပ်လှမ်းလှမ်းမှာရှိနေတဲ့ ပန်းရိပ်ဖြူရဲ့အခန်းဆီကို ဆက်လျှောက်သွားလိုက်တယ်။
ကသစ်မြိုင်စံအိမ်ကြီးမှာ အိမ်ခွဲနေစေခဲ့တယ်။အဲ့ဒီအချိန်ကတည်းက ချွေးမနဲ့ သိပ်အဆင်မပြေခဲ့လို့ ချွေးမဖြစ်သူနဲ့ မျက်နှာချင်းဆိုင်ပြီးတောင် စကားမပြောခဲ့ဖူးဘူး။စခန်းသာမှာနေစဉ်ကလဲ မြေးငယ်လေးကိုသာ မြို့လယ်ကတိုက်ကြီးမှာ ခေါ်ယူထားခဲ့တာ။မြေးကြီးဖြစ်တဲ့ ပန်းရိပ်ဖြူကို စာရင်းထဲမှာတောင် ရှိခဲ့တာ မဟုတ်ဘူး။ပြောရရင် လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကမှ မြို့ကပြန်ရောက်လာတဲ့ ပန်းရိပ်ဖြူလေးကို သနားပြီးမြေးအဖြစ် အသိအမှတ်ပြုလက်ခံခဲ့တာ။ပန်းရိပ်ဖြူကို မြေးအဖြစ် လက်ခံပြီးကတည်းကလဲ ကသစ်မြိုင်စံအိမ်ဘေးမှာ တစ်ထပ်တိုက်ပုလေးဆောက်ပြီး သူ့အလုပ်သမားတွေနဲ့ နေခဲ့တာ။ကသစ်မြိုင်စံအိမ်နားကို ဘွား ကြေးဥပြောင်းလာခဲ့တော့ မွေးစားသားသမီးတွေလိုဖြစ်နေတဲ့ ဦးသိန်းထွန်းနဲ့ ဒေါ်ကြာဖြူတို့မိသားစုကပါ ကသစ်မြိုင်စံအိမ်ဘေးကို ပြောင်းလာခဲ့ကြတော့တာ။ဒီတော့လဲ ကသစ်မြိုင်စံအိမ်ဝန်းကျင်က ဘွားကြေးဥရဲ့သားမြေးမြစ်တွေ နေထိုင်ရာ တသီးတသန့်နေရာလိုဖြစ်လာခဲ့တော့တယ်။
"ဒီမှာ ပန်းမြိုင်.....ညည်းတို့သားအမိကြောင့် ငါ့မြေးခမျာ ပညာရေးကို တောင် အလယ်တန်းထိပဲ သင်နိုင်ခဲ့တာမဟုတ်လား .. အသက်ဆယ့်ရှစ်နှစ်အထိ ဆေးရုံဆေးခန်းပဲပြနေရလို့ စခန်းသာကိုတောင်ပြန်မလာနိုင်ခဲ့ဘူးမဟုတ်လား....ကျန်းမာရေးမကောင်းတဲ့ငါ့မြေးကြီးဆီက ညည်းက ဘာတွေကိုများမျှော်လင့်နေတာလဲ ပြောပါအုံး ...ညည်းတို့ကြောင့် ရခဲ့တဲ့စိတ်ဒဏ်ရာကို နားလည်မပေးနိုင်ဘဲ .... ညည်းက တစ်နေ့တစ်နေ့အပြစ်တွေပဲ မြင်နေတာလား ပြောစမ်းပါအုံး "
ဒေါ်ပန်းမြိုင်မှာ ဘွား ကြေးဥရဲ့ စကားတွေကို မတုံ့ပြန်နိုင်ဘဲ ခေါင်းကိုသာငုံ့ထားပြီး ခပ်တွေတွေထိုင်နေခဲ့တယ်။
==================================
အပိုင်း(၄ )ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
ညည်းကြောင့်ပဲလေ....ညည်းကညည်းအမေရဲ့ကျန်းမာရေးအတွက်ခရီးထွက်တာကို ငါ့မြေးတွေကိုခေါ်သွားခဲ့လို့ ဒီလိုအဖြစ်ဆိုးတွေကြုံခဲ့ရတာဟဲ့...ဘယ်မှာလဲ ငါ့မြေးအငယ်လေး...ငါ့မြေးအထွန်းလေးကို တွေ့အောင်နင်ပြန်ရှာပေးလေ....ညည်းကတော့မီးလောင်ဒဏ်ရာရသွားတဲ့မျက်နှာကို ပြည်ပထိသွားခွဲစိတ်ကုသပြီး ဘာမှမဖြစ်သလိုလှလှပပနေနိုင်တယ်...ကိုယ့်သားလေးကအလော**င်းတောင်ပြန်မရဘဲရှိနေတာကို... ညည်းဒီလိုနေနိုင်တာအံ့ပါရဲ့အေ...မိခင်စိတ်မရှိတဲ့ဟာမရဲ့ "
ဘွားကြေးဥကချွေးမဖြစ်သူ ဒေါ်ပန်းမြိုင်ကိုဒေါသတကြီးနဲ့အော်ဟစ်ပြောလိုက်တယ်။ဘွားကြေးဥတစ်ယောက် အသက်အရွယ်(၇၀)ကျော်လာပြီမို့ လူကဇရာထောင်းလာခဲ့ပေမဲ့ဒေါသတွေကတော့မလျှော့နိုင်ခဲ့ပါဘူး။လူကလွန်ခဲ့တဲ့ ဆယ့်ခုနစ်နှစ်လောက်က ကားမတော်မဆဖြစ်ခဲ့တာကြောင့် ခြေထောက်နှစ်ဖက်လုံးလှုပ်ရှားသွားလာနိုင်ခြင်းမရှိဘဲ ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေခဲ့ရပေမဲ့ စိတ်ကသန်မာဆဲ။ဘွားကြေးဥရဲ့စိတ်အစဉ်က ဆယ့်ခြောက်နှစ်ကြာက ပျောက်သွားခဲ့တဲ့ မြေးငယ်ကိုစောင့်မျှော်နေခဲ့တာလဲဖြစ်တယ်။
" ငါ့မြေးကြီးက သူ့မောင်လေးကိုပြန်မတွေ့လို့ ...,စိတ်သောကတွေခံစားနေရပေမဲ့... ညည်းကတော့ ငါ့မြေးကြိးစိတ်ကိုနားလည်မပေးဘဲ...ငွေနောက်ပဲလိုက်နေတာမဟုတ်လားပန်းမြိုင်ရဲ့ "
ယောက္ခမဖြစ်သူရဲ့စကားလုံးကြမ်းကြမ်းတွေကြောင့် ဒေါ်ပန်းမြိုင်က အံကိုတင်းတင်းကြိတ်လိုက်ပြီးယောက္ခမကြီးကိုမော့ကြည့်လိုက်ပြီး
" တော်...တော်ပါတော့အမေရယ်...သွားလေသူကျွန်မရဲ့အမေကိုလဲ အပြစ်မပြောပါနဲ့တော့ရှင်...သားလေးနဲ့သမီးပန်းရိပ်ကကျွန်မရဲ့သားနဲ့သမီးပါ...အားလုံးထက်မိခင်ဖြစ်တဲ့ကျွန်မကပိုခံစားရပါတယ်အမေရယ်....ကျွန်မတို့စီးပွားရှာနေတယ်ဆိုတာကလဲ ...သမီးနဲ့သားအတွက်ပါပဲ...အခုဆိုရင်သမီးကြီးက အသက်နှစ်ဆယ့်ငါးနှစ်ကျော်လာခဲ့ပေမဲ့ ဘာစီးပွားမှလဲမလုပ်တတ်မကိုင်တတ်....ဆွေမျိုးတွေနဲ့လဲအဆင်မပြေတာအမေသိတယ်မဟုတ်လား...ဒါကိုကျွန်မကမဆုံးမဘဲ ပစ်ထားလိုက်ရင်ပိုဆိုးသွားမှာပေါ့....ဒီထက်ပိုးဆိုးမလာခင်မှာ .....သမီးကြီးကိုကျွန်မတော့ဆုံးမရမှာပဲအမေ....ကျွန်မကိုအမေကြိုက်သလိုပြောနိုင်တယ်....သမီးကိုဒီတိုင်းတော့လွှတ်မထားနိုင်ဘူးအမေ "
ယောက္ခမဖြစ်သူကို ဒေါ်ပန်းမြိုင်ပြန်ပြောလိုက်ပြီး အခန်းထဲကထွက်ဖို့ပြင်လိုက်တယ်"
" နေအုံး ...မိပန်းမြိုင် ..ငါပြောလို့မပြီးသေးဘူး ...ညည်းမသွားနဲ့အုံး..... အေး ... ငါ့မြေးကြီးဒီလိုဖြစ်နေတာ နင်တို့ကြောင့်ဟဲ့...နင်တို့ကြောင့်ဖြစ်တာလေ... ငါပိုင်သမျှက ငါ့မြေးအတွက်ပဲဟေ့...မိသားစုသန်းခေါင်စာရင်းထဲမှာ ဘယ်လူပိုမှလာမထည့်နဲ့နော် ...သမီးရင်းထက်တူမကို ပစားပေးနေတဲ့မိန်းမ .."
ဘွားကြေးဥက ဒေါသတကြီးနဲ့ ပြောနေတာတွေကို ဒေါ်ပန်းမြိုင်တစ်ယောက်ခွန်းတုံ့မပြန်ဘဲ ငြိမ်သက်စွာနားထောင်နေပေးလိုက်တယ်။ကသစ်မြိုင်စံအိမ်မှာ ဘွားကြေးဥက အာဏာအကြီးဆုံးသူတစ်ယောက်ဖြစ်ပြီး ဘွားကြေးဥရဲ့ပိုင်ဆိုင်မှုတွေက မရေမတွက်နိုင်အောင်များပြားလှတာမို့ ဆွေမျိုးတစ်စုလုံးကပါ ကြောက်ရွံ့ရိုသေပြီး ပစားပေးခံထားရသူလဲဖြစ်တယ်။ပြီးတော့ ဘွားကြေးဥမှာ အခြွေအရံတွေကလဲပေါများလှတယ်။ဒီတော့လဲ ဘယ်သူမှ ဘွားကြေးဥကို ကလန်ကဆန် မလုပ်ရဲကြဘူးပေါ့။လမ်းကောင်းကောင်းမလျှောက်နိုင်တာကလွဲလို့ စိတ်ဓါတ်မာကျောနေဆဲဖြစ်တဲ့ ဘွားကြေးဥက ကသစ်မြိုင်စံအိမ်ကြီးမှာတင်မဟုတ်ဘဲ စခန်းသာတစ်မြို့လုံးမှာပါ သြဇာအာဏာရှိသူတစ်ယောက်ဖြစ်နေခဲ့တယ်။ဒီလိုဖြစ်နေအောင်လဲ ဘွားကြေးဥရဲ့ ဘေးနားမှာ ဒေါ်စောရီလိုလူတွေများစွာရှိနေခဲ့တယ်လေ။ဒေါ်စောရီက ဦးဘိုထွန်းတို့ဇနီးမောင်နှံနဲ့ အသက်အရွယ်မတိမ်းမယိမ်းဖြစ်ပြီး အရပ်ထောင်ထောင်မောင်းမောင်းနဲ့သန်သန်မာမာပုံဟန်ရှိတဲ့ တိုင်းရင်းသူအမျိုးသမီးကြီးတစ်ယောက်ဖြစ်တယ်။ဒေါ်စောရီဆယ်ကျော်သက်အရွယ်ကတည်းက ဘွားကြေးဥဆီကိုရောက်ရှိနေခဲ့ပြီး အိမ်ထောင်လဲမပြုဘဲ ဘွားကြေးဥရဲ့ လက်သုံးတော်တောင်ဝှေးအဖြစ်ဘွားကြေးဥနားမှာသာအစဉ်အမြဲကပ်နေခဲ့သူဖြစ်တယ်။လွန်ခဲ့တဲ့ဆယ့်ခြောက်နှစ်ကျော်က ရေတံခွန်တောင်ကြားမှာ ဓ**ားပြတိုက်မှုဖြစ်ပွားချိန်မှာ ဘွားကြေးဥတစ်ယောက်စခန်းသာမြို့မှာမရှိခဲ့ဘဲ ပြည်ပမှာဆေးသွားကုနေခဲ့တာဖြစ်တယ်။အဲ့ဒီအချိန်တုန်းကတော့ဘွားကြေးဥဆေးသွားမကုခင်ကလဲ ကသစ်မြိုင်စံအိမ်ကြီးမှာနေတာမဟုတ်ဘဲ စခန်းသာမြို့လယ်ကသုံးထပ်တိုက်ကြီးမှာနေခဲ့တာဖြစ်တယ်။ပြည်ပကဆေးကုပြီးပြန်လာချိန်မှာတော့ သတင်းဆိုးကိုကြားခဲ့ရတယ်။သတင်းဆိုးကိုဘွားကြေးဥသိရချိန်မှာ အခင်းဖြစ်ဖြစ်ပြီးလို့ ခြောက်လကျော်မျှကြာနေခဲ့ပြီ။ အားလုံးက ဘွားကြေးဉရဲ့ကျန်းမာရေးအတွက် ဒီကိစ္စကို ဖုံးဖိထားခဲ့ကြတာ။ဘွားကြေးဥ ပြန်ရောက်လာချိန်မှာတော့ မြေးကြီးနောက်ကိုလဲ မလိုက်နိုင်ဘဲ ရှိခဲ့တယ်။အဲ့ဒီအချိန်က ဒေါ်ပန်းမြိုင်နဲ့ ပန်းရိပ်ဖြူတို့က ပြည်ပမှာဆေးကုသမှုခံယူနေခဲ့ကြတာ။ မြေးအကြီးမနောက်ကို လိုက်ဖို့မဖြစ်တဲ့ဘွားကြေးဥက စခန်းသာမြို့အနီးပတ်ဝန်းကျင်က မြို့ရွာတွေပါမကျန် မြေးအငယ်လေးကို မြေလှန်ပြီးရှာဖွေခဲ့တယ်။တကယ်တော့ ဘွားကြေးဥအချစ်ဆုံးက မြေးအငယ်ဆုံးလေး ထွန်းမြတ်မောင်သာဖြစ်တယ်။ဘွားကြေးဥက မာနကြီးပြီးခက်ထန်လွန်းသူမို့ ချွေးမဖြစ်သူဒေါ်ပန်းမြိုင်နဲ့ သိပ်ပြီးအဆင်မပြေခဲ့ဘူး။ ဒါကြောင့်လဲ သားဖြစ်သူအိမ်ထောင်ကျတာနဲ့ မြို့ပတ်လမ်းက
" ဟုတ်...ဟုတ်ကဲ့ပါ အမေပန်းမြိုင် "
ဒေါ်ပန်းမြိုင်ရဲ့ခိုင်းစေမှုကြောင့်အလွမ်းဆွတ်က စံအိမ်အောက်ထပ်ကိုပြန်ဆင်းရန်အတွက် လှေကားရှိရာဆီကို အပြေးတစ်ပိုင်းနဲ့ထွက်လာခဲ့တယ်။
" အမေဘာလုပ်မလို့လဲ...သမီးအခန်းထဲကိုတခြားသူတွေမခေါ်နဲ့နော်...သမီးမကြိုက်ဘူး...."
" တော်တော့ ပန်းရိပ်....သမီးအရမ်းလွန်နေပြီဆိုတာ သိရဲ့လား....သမီးကြောင့်အလုပ်သမားတွေမကြာခဏအသစ်ခေါ်နေရတာကိုသိရဲ့လား ....ဒီအီမ်မှာ သမီးဒဏ်ကိုခံနိုင်တာဆိုလို့ အလွမ်းဆွတ်နဲ့ မဇာယုပဲရှီတော့တယ်....လူတကာကိုသံသယမျက်လုံးတွေနဲ့ကြည့်နေတာ သမီးမပင်ပန်းဘူးလား....မိဘကဒီလောက်ဆုံးမနေတဲ့ကြားကနေ ရိုင်းစိုင်းလိုက်တာလဲအရမ်းပဲ....သမီးဒီလိုဆက််လုပ်နေမယ်ဆိုရင် ...ကသစ်မြိုင်စံအိမ်ကနေဝေးရာကိုပို့ရလိမ့်မယ်.."
" မမကြီး...ကျွန်မရောက်ပါပြီဲရှင် "
ဒေါ်ပန်းမြိုင်တစ်ယောက် သမီးဖြစ်သူကိုဆုံးမပြောဆိုနေချိန်မှာပဲ....မဇာယုတို့ အခန်းဝကိုရောက်ရှိလာခဲ့ကြတယ်။
" မဇာယု...လာ...အထဲဝင်ခဲ့....ပန်းရိပ်အခန်းကိုအခုချက်ချင်းရှင်းစမ်း ...အိပ်ရာခုတင်နဲ့အဝတ်အစားအသုံးအဆောင်....အလှအပပစ္စည်းတွေကလွဲလို့ ဘာမှမချန်ထားနဲ့နော်...အကုန်ရှင်းပစ်....စာအုပ်တွေကိုအကုန်ရှင်းပစ်လိုက်...တစ္ဆေသရဲဇာတ်လမ်းတွေ....စုံထောက်ဇာတ်လမ်းတွေဖတ်ပြီး အလကားစိတ်ကူးယဉ်နေတာ...အဲ့ဒီစာအုပ်တွေဖတ်ပြီး ဘာအကျိုးရှိလဲ....လူတကာကိုမယုံသင်္ကာဖြစ်မယ်....မဟုတ်တာတွေကိုဇာတ်လမ်းဆင်ပြောမယ်...တစ်နေ့တစ်နေ့မဟုတ်တာတွေပဲပြောနေတာ "
" ဒေါ်ဇာယု မထိနဲ့နော် ... ကျွန်မပစ္စည်းတွေကို ထိရဲထိကြည့်လိုက်စမ်း "
"ဟဲ့ ....ဟဲ့ ..အို...ပန်းရိပ်ဖြူ ..ညည်း...ညည်း ... မအေတစ်ယောက်လုံးရှိနေတာကို အဲ့ဒါဘာလုပ်တာလဲ "
ပန်းရိပ်ဖြူက ခုတင်အောက်မှာ ဝှက်ထားတဲ့ သစ်သားတု....တ်ကိုဆွဲထုတ်ယူလိုက်ပြီး တင်တင်းဆုပ်ကိုင်ကာ မဇာယုကိုချိန်ရွယ်ပြီး ပြောလိုက်တာကြောင့် ဒေါ် ပန်းမြိုင်နဲ့မဇာယုတို့မှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြတယ်။ဒီအချိန်မှာပဲ အခန်းပြင်စင်္ကြန်လျှောက်လမ်းဆီက တရွေ့ရွေ့ရွေ့လျားလာတဲ့ တကျွီကျွီမြည်သံကို အားလုံးကြားလိုက်ကြရတယ်။
တကျွီကျွီမြည်ကာရွေ့လျားလာတဲ့အသံက ပန်းရိပ်ဖြူရဲ့အခန်းရှေ့တည့်တည့်မှာရပ်တန့်သွားခဲ့တာကြောင့် ဒေါ်ပန်းမြိုင်နဲ့မဇာယုတို့နှစ်ယောက်မှာ တုန်လှုပ်ကာအခန်းဝကိုလှည့်ကြည့်လိုက်ကြတယ်။
" ပန်းမြိုင်...ဇာယု...နင်တို့တွေ ငါ့မြေးအခန်းထဲမှာဘာတွေလုပ်နေကြတာလဲ....ငါ့မြေးကြီးမကြိုက်တာကိုမလုပ်ပါနဲ့လို့နင်တို့ကို ငါပြောထားတာကိုဂရုမစိုက်ကြတဲ့သဘောလား...ဘာလဲ...နင်တို့ကဒီအဘွားကြီးကိုအလေးမထားတဲ့သဘောလား ပြောကြစမ်း "
" ဒုန်း "
ဘွားကြေးဥကဒေါသတကြီးနဲ့ပြောလိုက်ရင်း သူမလက်ထဲကတောင်ဝှေးနဲ့ ကြမ်းပြင်ကိုဒုန်းခနဲမြည်အောင်ဆောင့်ချပစ်လိုက်တယ်။
" နင်တို့အခုချက်ချင်း ငါ့မြေးကြီးအခန်းထဲကထွက်ကြစမ်း "
ဘွားကြေးဥရဲ့အမိန့်အာဏာသံဆန်လှတဲ့စကားကြောင့် ဒေါ်ပန်းမြိုင်ပါသမီးဖြစ်သူအခန်းထဲကနေအမြန်ထွက်လိုက်ရတော့တယ်။
"နင်တို့တွေ ..မောင်းထုတ်မခံချင်ရင် သတိထားနေကြနော်ဇာ ယု ....ကြေးဥကိုလာမစမ်းနဲ့နော် ...ပန်းမြိုင် ငါ့အခန်းထဲကိုလိုက်ခဲ့ "
ဘွားကြေးဥကအားလုံးကိုပြောပြီးတော့ အခန်းထဲကမြေးဖြစ်သူကို တစ်ချက်လှမ်းကြည့်လိုက်တယ်။မြေးဖြစ်သူက အံကိုတင်းတင်းကြိတ်ပြီး ရပ်နေတာကိုမြင်လိုက်ရတော့ ဘွားကြေးဥသက်ပြင်းရှည်ကြီးကိုချလိုက်တယ်။ပြီးတော့ သူမနောက်မှာငြိမ်ငြိမ်သက်သက်ရပ်နေတဲ့ အမျိုးသမီးကိုခပ်တိုးတိုးပြောလိုက်တယ်။
" စောရီ...ငါ့မြေးအခန်းတံခါးကိုပိတ်ပေးလိုက် "
ဘွားကြေးဥရဲ့စကားအဆုံးမှာ ဒေါ်စောရီကစကားသံတစ်ခွန်းမှမထွက်ဘဲ အခန်းတံခါးကိုညင်ညင်သာသာပြန်ပိတ်ပေးလိုက်တယ်။
~~~~~~~~~~~
ဘွားကြေးဥက ချွေးမဖြစ်သူဒေါ်ပန်းမြိုင်ကိုမျက်နှာချင်းဆိုင်ကြည့်လိုက်တယ်။မီးဝင်းဝင်းတောက်လုမတတ်ဖြစ်နေတဲ့ ဘွားကြေးဥရဲ့ဒေါသမျက်လုံးတွေက ဒေါ်ပန်းမြိုင်တစ်ကိုယ်လုံးကို အရည်ပျော်သွားလုမတတ်စိုက်ကြည့်နေခဲ့တာဖြစ်တယ်။
" ညည်းဘာတွေလုပ်နေတာလဲ ပန်းမြိုင်...ငါ့မြေးကြီးသူ့ဘာသာနေနေတာကို ...ညည်းဘာလို့သွားသွားဆွနေတာလဲ...သူ့အခန်းထဲကိုတခြားသူဝင်တာမကြိုက်ဘူးလို့ပြောထားရင် မဝင်နဲ့လေ...ဘာတွေဒီလောက်ခက်ခဲနေလို့ ညည်းတို့တွေမလိုက်နာနိုင်ဘူးဖြစ်နေတာလဲ "
ယောက္ခမကြိးရဲ့စကားကြောင့် ဒေါ်ပန်းမြိုင်က ယောက္ခမကြီးကို ပြန်ကြည့်လိုက်ပြီး
" သူကလေးမဟုတ်တော့ဘူးအမေ...သူ့စိတ်တိုင်းကျလိုက်လျောမပေးနိုင်တော့ပါဘူး...ဖြစ်ခဲ့သမျှကိစ္စတွေအတွက် သူတစ်ယောက်တည်းခံစားနေရတာမဟုတ်ပါဘူး....ကျွန်မထက်ဘယ်သူကပိုပြီးခံစားရအုံးမှာလဲအမေ...သူ ဒီလိုတွေဆက်လုပ်နေမယ်ဆိုရင်....သူ့ကိုစိတ်ရောဂါဆရာဝန်နဲ့ပြရလိမ့်မယ်အမေ "
" ဘာ...ညည်းဘာပြောလိုက်တယ်ပန်းမြိုင် ...ညည်းပါးစပ်ကို ပိတ်ထားစမ်းပန်းမြိုင်....ငါ့မြေးကြီးဒေါသကြီးတယ်ဆိုတာက ...သူ့ငယ်ဘဝမှာထိတ်လန့်စရာကိစ္စတွေကြုံခဲ့ရလို့ဆိုတာညည်းကပိုသိမှာပေါ့ .....ဒါတွေအားလုံးက ညည်းကြောင့်ဖြစ်ခဲ့တာလေ...မမှတ်မိတော့ဘူးလား....ငါ့မြေးကြီးမှာ (၈))နှစ်လောက်ဆေးကုခဲ့ရတာလဲ
#စံအိမ်ခေါ်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း(၃)
akyiphyu
*********
" အူး ..ဝူး...ဝူး ...ဝူး "
ခပ်ဝေးဝေးဆီကနေဆွဲဆွဲငင်ငင်အူလိုက်တဲ့ခွေးအူသံတွေကြောင့် ဦးဘိုထွန်းတစ်ယောက် ဆတ်ခနဲလန့်နိုးသွားပြီး အနားမှာအိပ်ပျော်နေတဲ့ ဇနီးဖြစ်သူကို ကြည့်လိုက်တယ်။
"မြိုင် ...မြိုင်...ထပါအုံး...ခွေး...ခွေးအူသံတွေကြားလား ... "
ယောက်ျားဖြစ်သူရဲ့ အထိတ်တလန့် လှုပ်နှိုးလိုက်ခြင်းကြောင့် ဒေါ်ပန်းမြိုင်မှာ အိပ်ချင်မူးတူးနဲ့ နှိုးလာခဲ့ရပြီး
" ဘာ...ဘာဖြစ်လို့လဲ ကိုထွန်း "
" ခွေး... ခွေးအူသံတွေ မကြားဘူးလားမြိုင် ... ခွေးတွေတအားအူနေတယ် "
"ဪ ... ဘာများလဲလို့ကိုထွန်းရယ် .... လူခြေတိတ်ချိန်ဆိုတော့ မြို့ပြင်အစပ်ကအသံတွေကိုကြားရတာပါရှင် ...ကြည့်ရတာ ..... ဒီနေ့ မြို့ပြင်သုသာန်မှာ နာရေးရှိတယ်ထင်ပါတယ် ..ကဲပါဘာမှမဖြစ်ပါဘူး ...ပြန်အိပ်လိုက်တော့နော် ...မြိုင်စောင့်နေပေးပါ့မယ် "
ဒေါ်ပန်းမြိုင်ကပြောရင်းနဲ့ရေတကောင်းထဲကရေကို ဖန်ခွက်ထဲငှဲ့ထည့်ပြီး ယောက်ျားဖြစ်သူကို ကမ်းပေးလိုက်တယ်။
ဦးဘိုထွန်းက ဇနီးဖြစ်သူ ကမ်းပေးတဲ့ ရေဖန်ခွက်ကိုယူသောက်လိုက်ပြီးတော့ အိပ်ရာထဲပြန်လှဲလိုက်တယ်။ဒေါ်ပန်းမြိုင်က ယောက်ျားဖြစ်သူရဲ့ ခန္ဓာကိုယ်ပေါ်ကို ခြုံစောင်ကို လွှားခြုံပေးလိုက်ပြီး ပြတင်းပေါက်ရှိရာဆီကို လျှောက်သွားလိုက်တယ်။ပြတင်းပေါက်နားကို ရောက်တဲ့အခါခြံဝန်းထဲကိုခပ်စူးစူး တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် အတွင်းမှန်တံခါးကိုပိတ်လိုက်တော့တယ်။မှန်တံခါးပိတ်ပြီးသွားတဲ့အခါ လိုက်ကာအထူကြီးတွေကိုပါ ဆွဲပိတ်ပစ်လိုက်တယ်။တံခါးပိတ်ပြီးသွားတဲ့အခါ ပြင်ပကအသံတွေကို လုံးဝမကြားရတော့ဘဲ အခန်းထဲမှာတိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။
ဒေါ်ပန်းမြိုင်က ယောက်ျားဖြစ်သူအိပ်နေတဲ့ဘေးမှာ အသာတိုင်ချလိုက်ပြီး နံရံကပ်ဗီရိုကြီးကို ခပ်တွေတွေစိုက်ကြည့်ကာ ငြိမ်သက်နေခဲ့တယ်။
~~~~~~~~
" ပြောစမ်း....မေးနေတာမကြားဘူးလား...ငါ့အခန်းထဲကိုဘာဝင်လုပ်တာလဲလို့ နင့်ကိုမေးနေတယ်လေ....ဖြေလေ...မဖြေဘူးလား...အေး...နင်မဖြေဘူးဆိုရင်...ဖြေအောင်မေးရမှာပေါ့လေ "
ပန်းရိပ်ဖြူကဒေါသတကြီးမေးနေရင်းက နံရံထောင့်မှာချိတ်ဆွဲထားတဲ့ ကြိမ်လုံးကိုသွားယူလိုက်တယ်။
" ကျွန်မ...ကျွန်မကိုအပေါ်ထပ်ကအခန်းတွေ သန့်ရှင်းရေးလုပ်ဖို့ခိုင်းလိုက်လို့ ...သန့်ရှင်းရေးလာလုပ်တာပါမမလေးရယ်...ကျွန်မမှာ ဘာ....ဘာရည်ရွယ်ချက်မှ ... မ...မရှိပါဘူးရှင်...မမလေးအခန်းကို မဝင်ရဘူးဆိုတာကိုမသိလို့..ဝင်...ဝင်မိတာပါမမလေး "
" တော်စမ်း....တိတ်စမ်း...နင်ပြောသမျှကို ငါကယုံမယ်ထင်နေတာလားဟင်...ငါ့ကိုဘာမှမသိတဲ့ငတုံးလို့ထင်နေတာလား...ဒီအိမ်မှာ ငါ့အခန်းထဲကိုဘယ်သူမှ မဝင်ရဘူးဆိုတာကိုသိသိနဲ့... နင်ဘာကိစ္စဝင်တာလဲ...ဘာအကြံအစည်နဲ့ဝင်တာလဲပြောလေ...မပြောဘူးလား "
ဆူညံပွက်လောရိုက်နေတဲ့ အပေါ်ထပ်အခန်းဆီကို အလွမ်းဆွတ်အပြေးတက်လာခဲ့လိုက်ပြီး ပန်းရိပ်ဖြူရဲ့အခန်းရှိရာ အဆောင်ဆီကိုအပြေးအလွှားသွားလိုက်တယ်။
" ပန်းရိပ်...ပန်းရိပ်...ဘာ...ဘာဖြစ်လို့လဲဟင်...သူက မနေ့ကမှရောက်တဲ့ အလုပ်သမားအသစ်ပါ ....နင့်အခန်းထဲကိုသူဝင်တာလား ...သူမသိလို့ဝင်မိတာနေမှာပါ ပန်းရိပ်ရယ်....ငါတောင်းပန်ပါတယ်ဟယ်....သူ့ကိုမှာထားဖို့မေ့သွားလို့ပါ...ငါ့ကြောင့်ဖြစ်ရတာပါ...ငါတောင်းပန်ပါတယ်ပန်းရိပ်ရယ် "
အခန်းဝမှာပေါ်လာတဲ့အလွမ်းဆွတ်ကို ပန်းရိပ်ဖြူကလှမ်းကြည့်လိုက်ပြီး လက်ထဲကကြိမ်လုံးနဲ့အလုပ်သမားမိန်းကလေးရဲ့ခြေသလုံးသားကိုခပ်ပြင်းပြင်းရိုက်ချပစ်လိုက်တယ်။
" အား "
အလုပ်သမားလေးရဲ့အော်သံကလွှတ်ခနဲထွက်လာခဲ့တယ်။
" နင် ဒီအိမ်မှာအလုပ်ဆက်လုပ်ချင်တယ်ဆိုရင်...ဒီအိမ်ရဲ့အရှင်သခင်မအစစ်က ဘယ်သူလဲဆိုတာကိုအရင်လေ့လာထားကြားလား...ကသစ်မြိုင်စံအိမ်မှာဘားတွေလုပ်ရမယ်...ဘာတွေမလုပ်ရဘူးဆိုတဲ့စည်းကမ်းတွေကိုသေချာလေ့လာထား...,ဒါကပထမဦးဆုံးအကြိမ်မို့ ဒီတစ်ခါသက်ညှာပေးလိုက်တာနော်.....နောက်တစ်ခါဆိုရင်တော့...ပါးစပ်နဲ့လုံးဝမပြောတော့ဘူးဆိုတာမှတ်ထား ....ပြောတာကြားလား '
" ဟုတ်...ဟုတ်ကဲ့ပါမမလေး "
" ဟုတ်ကဲ့ဆိုရင်ခုချက်ချင်းထွက်သွားလိုက်တော့ ..နင်လဲအလုပ်သမားတွေကိုသေသေချာချာမှာထားပါ အလွမ်းဆွတ်...နောက်တစ်ခါဆိုရင် ...နင်ပါ ဒီအိမ်ပေါ်ကဆင်းသွားရမယ်မှတ် "
အလွမ်းဆွတ်ကို မုန်းမုန်းတီးတီးကြည့်ရင်းပြောလိုက်တဲ့ ပန်းရိပ်ဖြူရဲ့စကားသံမဆုံးခင်မှာဘဲ အခန်းဝကို မိခင်ဖြစ်ဒေါ်ပန်းမြိုင်ရောက်ရှိလာခဲ့လေတယ်။
" ပန်းရိပ်ဖြူ....ဘာတွေသောင်ကျန်းနေပြန်တာလဲဟင်....သူကသန့်ရှင်းရေးလုပ်ဖို့အတွက် သမီးအခန်းထဲကိုဝင်တာလေ...တမင်သက်သက်ဝင်တာမှမဟုတ်ဘဲ ...ဘာဖြစ်လို့အဲ့ဒီလောက်သောင်းကျန်းနေရတာလဲ ....သူများသားသမီးကိုကြိမ်လုံးနဲ့ရိုက်ရလား...သမီးဘာဖြစ်လို့အဲ့ဒီလောက် ဆိုးဝါးနေရတာလဲ..."
ဒေါ်ပန်ုးမြိုင်ကမေးလိုက်ရင်းနဲ့ သမီးဖြစ်သူအခန်းထဲကိုဝင်သွားလိုက်တယ်။
" အလွမ်းဆွတ်...သမီးသွားတော့....မဇာယုနဲ့ကောင်မလေးတစ်ယောက်ကိုလွှတ်လိုက်...အဘွားမသိစေနဲ့နော်သမီး ..."
