uz
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

Kanalga Telegram’da o‘tish

Ko'proq ko'rsatish
803
Obunachilar
+424 soatlar
+167 kun
+4630 kun
Postlar arxiv
ဆိုင်သို့ ရောက်သည်နှင့် ညီညီ့ကို အသံလှမ်း ပေးလိုက်ပြီး ဆိုင်ထဲသို့ အမြန်၀င်လိုက်သည်။ ပြီးလျှင် ဂါဝန်နှင့် စကပ်များသာ သီးသန့်ပါသော အထုတ် သစ်ကို ဖောက်လိုက်ပြီး လိုချင်သော အထည်ကို မွှေနှောက်ရှာဖွေလိုက်သည်။အတန်ကြာသောအခါ၌ ငြိမ်းပခုံးပေါ်တွင် အထည်လေးငါးခြောက်ထည် ရောက်ရှိလာလေသည်။ငြိမ်းတစ်ထည်ချင်းသေချာကြည့်လိုက်သည်။ အထည်အားလုံး အမိုက်စားတွေချည်းပင်ဖြစ်သည်။ခန္ဓာကိုယ်၏ ကောက်ကြောင်းအလှအပများကိုထင်းခနဲဝင်းခနဲလင်းခနဲ့ဖြစ်သွားစေမည့် ကိုယ်ကျပ် ဂါ၀န်များ။လက်မှ နာရီကို ကြည့်လိုက်သည် ။နှစ်နာရီထိုးရန် ဆယ်မိနစ်မျှသာ လိုတော့သည်။ "ငြိမ်းရေ ... ဝါလာပြီနော် " အသံနှင့်အတူဆိုင်အတွင်းထဲသို့ မမဝါဝင်လာသည်။မမဝါက သူ့ကိုယ်သူ ဝါဟု ပြောလေ့ရှိလေသည်။ခါးလယ်လောက်ရှိသော ဆံပင်ရှည်ရှည်ဖြောင့် ဖြောင့်များမှာ ကျောပေါ်တွင် ဝဲကျနေပြီး နေ၊ လေ သိပ်မထိသော မမဝါ၏ အသားအရည်သည် ဖြူစင်ဝင်းမွတ်၍ နေလေ၏။ မမဝါကို ကြည့်ပြီး "လှလိုက်တာ "ဟု ငြိမ်း စိတ်ထဲမှမှတ်ချက်ပေးလိုက်မိလေသည်။ "လာ ...လာ မမဝါ ...ဒီမှာ ငြိမ်းရွေး ထားတယ် မမဝါကြိုက်တာလဲထပ်ရွေးပေါ့ " မမဝါကို ပြောရင်း လက်မှ နာရီကို ငြိမ့်ကြည့်လိုက်မိသည်။ "ဒီမှာ လာဝတ် ကြည့်လေမမ..." ငြိမ်းက ရွေးထားသော အထည်များကို ကမ်းပေးလိုက်သည်။ "ဘယ်လိုလဲ လှရဲ့လား ငြိမ်း...." "ဟင်" မမဝါကို ကြည့်ပြီး ငြိမ်းပင် အသက်ရှူမှားသလို ဖြစ်သွားမိလေသည်။ငြိမ်းရွေးထားသော ဆွဲသားဂါဝန်လေးသည် အဆီပိုမရှိသောမမဝါ၏ခန္ဓာကိုယ်ပေါ်တွင် လမ်းဘေး ဘေထည် နှင့်မတူဘဲ ဟိတ်ဟန် အပြည့်နှင့်လှပဝင့်ထည်နေလေသည်။ ပြီးလျှင် လည်ဟိုက် ဆွဲသားအင်္ကျီဖြစ်သောကြောင့် ဖွံ့ထား သော ရင်အစုံ၊သေးကျဉ်းသောခါးနှင့် စွင့်ကားသော တင်တို့ကြောင့် မမဝါသည် လှသည်ထက်ပို၍ ညှို့အားပြင်းသော အသွင်ကို ဆောင်နေလေသည်။ "လှလိုက်တာ မမဝါ ရယ်...နတ်သမီးလေးကျနေတာပဲ " "ငြိမ်းကတော့ ပြောပြီး ... မြှောက်မနေ ပါနဲ့နော် မမဝါ အကုန်ဝယ်မှာပါ " "တကယ်ပါ မမဝါရဲ့ ...တကယ်ကို လှတာပါ...." မမဝါကို ပြောရင်း ငြိမ်း လက်မှ နာရီကို ကြည့်လိုက်မိသည်။နှစ်နာရီ ဆယ့်ငါးမိနစ် တိတိ။ "ငြိမ်းရေ...ပျင်းနေပြီလား....." အသံနှင့်အတူဝင်လာသူက မင်းလတ်ဖြစ်သည်။ဂျင်းဘောင်းဘီရှပ်အင်္ကျီ အကောင်းစားနှင့်မင်းလတ်ပုံစံက အစဉ်အမြဲ သန့်ပြ န့် သားနားနေတတ်သည်။အသက်နှစ်ဆယ်ကျော်စလေးပဲရှိသေးသောကြောင့် လူငယ်ဆန်ဆန် ချောမောကြည့်ကောင်းသည်မှာတော့အမှန်ပင်။ မင်းလတ်က ဆိုင်ထဲ ၀င်လာရင်း ဝင်းဝါနုကို တွေ့လိုက်ရသောအခါ သတိလက်လွတ်ငေးကြည့်နေလေသည်။ဝင်းဝါနုကတော့ အတွေ့အကြုံရှိသူပီပီ မင်းလတ်ကို တစ်ချက်သာ မော့ကြည့်ပြီး အထည်များကို ရွေးနေလေသည်။မင်းလတ်သည်မှာကား ဝင်းဝါနုထံမှ အကြည့်မလွှဲနိုင်ဘဲ ရှိလေသည်။ ငြိမ်းသည် မင်းလတ်၏ အဖြစ်ကို မသိချင်ယောင်ဆောင်နေရင်းမှ မိမိပုံစံနှင့် မမဝါ၏ပုံစံကို နှိုင်းယှဉ်ကြည့်လိုက်မိလေသည်။ထိုအခါ ဘုရားရှင်လက်ထက်က နတ်သမီးနဲ့ မျောက်အိုမ ဇာတ်တော်ကို ပင် ပြေး၍ သတိရလိုက်မိလေသည်။ "မင်းလတ် ဆိုင်လေးခဏ ကြည့်ပေးထားဟာ...ချည်လုံးသွားဝယ်ချင်လို့...မမဝါ ရွေးထားနော်...စိတ်တိုင်းကျသာရွေး" ပြောပြီးသည်နှင့် ငြိမ်းဆိုင်ထဲမှ အမြန်ထွက်ခဲ့လေသည်။မင်းလတ်ထံမှ "အင်း" "အဲ" အသံလေးမျှပင် ထွက်မလာချေ။ငြိမ်းမှ ငြိမ်းပါဆိုပြီး နေ့စဉ် အချိန်မှန်လာပိုးနေသူက ငြိမ်းကိုတစ်စက်လေးမျှပင် လှည့်မကြည့်ပါချေ။ငြိမ်း ခပ်ယဲ့ယဲ့ တစ်ချက်ပြုံးလိုက်မိရင်း ဝက်သားတုတ်ထိုးဆိုင်ဘက်သို့ ခြေလှမ်းကိုဦးတည်လိုက်လေသည်။ ****** "ငြိမ်းရယ် ဒီဈေးနဲ့ လမ်းမတန်းမှာ နောက်မရနိုင်တော့ဘူးကွဲ့ .... မကြာခင် အိမ်ခြံမြေဈေးတွေတက်လိမ့်မယ် ...ရတုန်းဝယ်ထား....ငြိမ်းက လမ်းမတန်းမှာ လိုချင်တယ်ဆိုလို့ အန်တီစိုးက ပြောတာနော်...." "လိုချင်တာပေါ့ အန်တီစိုးရယ်.... ငြိမ်းက ကျောင်းပြီး ဖို့တနှစ်ကျန်သေးလို့ ကျောင်းစရိတ်က ချန်ရဦးမယ်... ကျောင်းပြီးမှဝယ်မလားတွေးနေတာ..." "တွေးမနေနဲ့ ငြိမ်းရေ...စျေးတွေက တစ်နေ့တစ်ခြား တက်နေတာနော်... ဒီနေ့နဲ့ မနက်ဖြန်တောင် တူတာမဟုတ်ဘူး....." အန်တီစိုးပြောတာကိုလည်း ငြိမ်း ပါသည်။သို့သော်လည်း လေးဆယ့် ငါးသိန်းဆိုသော ငွေသည် ငြိမ်း၏ ချမ်းသာသမျှငွေအကုန်နီးပါးဖြစ်သည်။ထိုငွေကို ပေးလိုက်လျှင် ငြိမ်လက်ထဲတွင် ဆယ်ဂဏန်းမျှပင် ပြည့်အောင် ကျန်လိမ့်မည်မဟုတ်။ငြိမ်းအတွေးက ခြံဝယ်အိမ်ဆောက် ဆိုင်ခန်းဖွင့်ပြီးမှ အမေ့ကို "ဟပ်ဂျလောင်း "ဆိုပြီး ပြလိုက်ချင်တာ ဖြစ်သည်။သည်ပုံအတိုင်း သာဆိုလျှင် မိခင်ကို ဖွင့်ပြောပြီး လက်ရှိအိမ်ကို ရောင်းလိုက်မှ အိမ်ဆောင် ဆိုင်ဖွင့်ဖို့အဆင် ပြေလိမ်မည်ထင်သည်။သို့မဟုတ်လျှင် အပြည့်အစုံဝယ်နိုင်မှ ဝယ်မည်ဆိုလျှင် မြေဈေးက အန်တီစိုးပြောသလို တရိပ်ရိပ်တက်နေသောကြောင့် နောက်နှစ်တွင် လမ်းမတန်းရဖို့ ဆိုတာ မသေချာနိုင်ပါတော့ချေ။ "လေးဆယ့်ငါးသိန်းက မလျှော့ဘူးတဲ့လား အန်တီစိုး ...ငြိမ်း အမေနဲ့ တိုင်ပင်လိုက်ဦးမယ်... မနက်ဖြန် အကြောင်း ပြန်မယ် အန်တီစိုး..." ****** ငြိမ်းက အမေ့မျက်နှာကို ငေးကြည့်ရင် အမေ့ဆီမှ အဖြေစကားကို ငံ့လင့်နေမိလေသည်။

တောက်လျှောက်သွားရသည်။သည်လမ်းသည်လည်း လမ်းသွယ်လေးဟု ဆိုသော်ငြား လမ်းသွယ် ပေါင်းများစွာထပ်ရှိပြီး ရပ်ကွက်၏ နေရာအတော်များများသို့ရောက်ရိုနိုင်လေသည်။မင်းလတ်တို့နေသောလမ်းက ရပ်ကွက်၏ ဒုတိယမြောက်မိန်းလမ်း ဟုပြောရပေမည်။လမ်းအရှည်က ဘေးရပ်ကွက်အထိပါပေါက်သည် ။မင်းလတ်တို့ အိမ်ရှေ့မှနေလည်း ငြိမ်းတို့အိမ်ကိုသွားလို့ရသည်။ ပြောရမည်ဆိုလျှင် ငြိမ်းတို့ စရောက်စဉ်အချိန်က ရပ်ကွက်သည် ဤမျှ မစည်ကားသေး။ယခုမူ ရှစ်နှစ်အတွင်း အတော်လေး လူနေပိုထူထပ်လာပြီးစည်ကားလာပြီဖြစ်လေသည်။စက်ဘီးနင်းလာရင်းမှ ငြိမ်းတို့အိမ်ဘက်သို့ သွားမည့်လမ်းသွယ်သို့ရောက်သော်လည်း စက်ဘီးကို ဆက်နင်းခဲ့လိုက်သည်။သုံးမိနစ်ခန့် နင်းပြီးချိန်၌ မင်းလတ်တို့အိမ်နားသို့ရောက်ရှိလာလေသည်။ငြိမ်း မသိမသာ လှမ်းကြည့်လိုက်သောအခါ မင်းလတ်အစ်မကြီးနှင့်တည့််တည့်တိုးလေသည်။ငြိမ်း လျှင်လျှင် မြန်မြန်ပင် ပြုံးပြရင်း လှမ်းနှုတ်ဆက်လိုက်သည်။ "မမနီ ဘာတွေလုပ်..." ငြိမ်းနှုတ်ဆက်သည်ကို မင်းလတ်၏ အစ်မ နီနီဝင်းက ခေါင်းကိုသာ တစ်ချက်ငြိမ့်ပြပြီး မျက်နှာကို တစ်ဘက်သို့ချက်ချင်းလွှဲပစ်လိုက်လေသည်။ငြိမ်း မချိပြုံး ပြုံးလိုက်မိသည်။မင်းလတ်၏ အရိပ်အယောင်ကို မူမမြင်ရပါချေ။ငြိမ်း စက်ဘီးကို ခပ်သွက်သွက်နင်းလာခဲ့ရင်း ဒုတိယမြောက် လမ်းသွယ်တွင် စက်ဘီးကို ချိုးကွေ့လိုက်ပြီး ရပ်ကွက်၏ အိမ်ခြေစုစုလေးများဆီသို့ပြန်နင်း ခဲ့လိုက်သည်။အတန်ကြာ နင်းလာပြီးသောအခါ၌ အိမ်တစ်အိမ်ရှေ့တွင် စက်ဘီးကို ထိုးရပ်လိုက်သည်။ "ဟယ် ငြိမ်း.... ဝါ့ဆီလာတာလား...." တွေ့ချင်သောသူကို အဆင်သင့် တွေ့လိုက်ရသောကြောင့် ငြိမ်း ကျေနပ်စွာပြုံးလိုက်မိလေသည်။ "ဟုတ်တယ် မမဝါ ... နေ့လည်ကျရင် အထုတ်သစ်ဖောက်မလို့ မမဝါကိုလာပြောတာ...." " အတော်ပဲ ငြိမ်းရေ... မနက်ဖြန် သွားစရာရှိလို့ ငြိမ်း ဆီလာမလို့လုပ်နေတာ..." "နှစ်နာရီလောက်လာခဲ့လေ မမဝါ ....အဲ့ဒီအချိန်ဝယ်သူမလာဘူး...ကြိုက်တာကို ဝတ်ကြည့်ပြီး ... အကျဉ်းအကျယ်ကို စက်နဲ့ တစ်ခါတည်း ငြိမ်း ပြင်း ပေးလိုက်မယ်" "စိတ်ချ ...လာခဲ့မယ် ငြိမ်းရေ..." မမဝါနှင့် စကားပြောပြီးသောအခါ လာလမ်းအတိုင်း စက်ဘီးကို ပြန်နင်းလာခဲ့လိုက်သည်။မမဝါခေါ် မဝင်းဝါနုသည် ငြိမ်း၏ ဖောက်သည် စစ်စစ် ဖြစ်သည်။ ငြိမ်းထက် သုံးလေးနှစ်ကြီးသည်။မမဝါက ချောသည်။လှသည်။ယောက်ျားတွေစကားနှင့့် ပြောရမည်ဆိုလျှင် တောင့်သည် ။ဖြောင့်သည်။ ဂါ၀န်ကျပ်ကျပ်လေးများဝတ်ထားလျှင် မိန်းမချင်းပဲ တော်ရုံ အကြည့်မလွဲနိုင်။ပြီးလျှင် မမဝါက ခေတ်လည်း ဆန်သည် ။ သူလုပ်သောအလုပ်နှင့် ခေတ်မဆန်လို့လည်း မဖြစ်။ မမဝါက ရုပ်လေးလှသောငြား ဘ၀မလှ။ လောင်းကစား ဝါသနာထုံလှသော ဖခင်နှင့် ခပ်ကဲကဲ ခပ်ဟော့ဟော့မိခင်တို့ကြောင့် စားသောက်ဆိုင်မှာ သီချင်းဆိုသည်။သည်လို ဆိုပြန်တော့လည်း စားသောက်ဆိုင်တွင် လုပ်ကိုင်သော မိန်းခလေးများကို အထင်သေး၍ပြောခြင်းမဟုတ်။သူတို့လည်း သူတို့ဘဝဝမ်းရေး တိုးတက်ရေးအတွက် ကြိုးစားနေကြသည်ပဲလေ။ မမဝါကတော့ ဘ၀၀မ်းရေးအတွက် ရုန်းကန်နေရသည်ဟု ဆိုရမည်ထက် ကိုယ်တိုင်က သည်သို့ နေရသည်ကို သဘောကျနှစ်ခြိုက်၍နေနေမှန်း လူတော်တော်များသိကြသည်။ သို့သော်လည်း မမဝါက စည်းတော့ အရှိသား ။ရပ်ကွက်ထဲတွင် မပွေး။ ရပ်ကွက်ထဲကလူများနှင့်မရှုပ်။ရပ်ကွက်ထဲမှာနေလျှင် အိမ်ပြင်ပသို့ပင် သိပ်မထွက်ချေ။သို့သော်လည်း လူသတင်းလူချင်းဆောင်သောကြောင့် လူတိုင်းတော့ သိကြသည်သာ။ငြိမ်းဆိုင်တွင် ရသမျှသော အကောင်းစား နိုင်းငံခြားဖြစ် စကပ် ဂါဝန်အသန့်များကို မမဝါ အမြဲဝယ်သည်။ပြီးလျှင် သူသိပ်မကြိုက်သော အထည်ဆိုလျှင် တစ်ခါလောက်သာ ဝတ်ပြီး အခြားလုပ်ဖော်ကိုင်ဖက်များကို ပြန်ရောင်းပစ်လိုက်သည်သာ။ ငြိမ်းစက်ဘီးကို နင်းလာရင်းမှ မင်းလတ်တို့ အိမ်ရှေ့မှအဖြတ်တွင် လှမ်းကြည့်လိုက်မိပြန်သည်။သည်အခါ၌ မင်းလတ်၏ မိခင်ကြီးကို တွေ့လိုက်ရလေသည်။မင်းလတ်၏ မိခင်ကြီးသည် ငြိမ်းကို မြင်သည်နှင့် နှုတ်ခမ်းကို့ မဲ့ရွှဲ့ပြီး အိမ်ထဲသို့ချာခနဲလှည့်ဝင်သွားလေသည်။ငြိမ်းကမူ ပြုံးဖြစ်အောင် လှမ်းပြုံးပြလိုက်သည်။ ******* "ထမင်းစားတာ မြန်လှချည်လား သမီး ...ဘာလဲ မြို့ထဲသွားမလို့လား ..." ဒေါ်ငြိမ်းဝေက ငြိမ်းကို မေးလိုက်ရင်း ငြိမ်းလုပ် သမျှကိုလိုလ်ကြည့်နေမိသည်။ "မသွားပါဘူး အမေ...အထုတ် သစ်ဖောက်မလို့ပါ.." မိခင်ကို ပြန်ဖြေလိုက်ရင်း ငြိမ်းက တန်းပေါ်တွင် ချိတ်ထားသော ရှပ်အင်္ကျီအဟောင်း တစ်ထည်ကို လှမ်းယူဝတ်လိုက်သည်။ ငြိမ်းယူဝတ်လိုက်သော အင်္ကျီကို ကြည့်ပြီး ဒေါ်ငြိမ်းဝေ လှမ်းထားလိုက်သည် ။ " သမီး ငြိမ်း....အဲ့ဒီအင်္ကျီက အတော်လေးဟောင်းစုတ်နေပါပြီ...မဝတ်နဲ့တော့လေ ..." "ရတယ် အမေ ... ဒီနေ့ တော့ ဒါပဲ ဝတ်သွားလိုက်မယ်..." "အို ...စက်ဘီးကို ဖြည်းဖြည်းနင်း နော်...ဟော့တော့ ဘောင်းဘီးကလဲ မဝတ်တော့ဘူးဆိုပြီး ပစ်ထားတဲ့ဘောင်းဘီး အဟောင်းကြီးလေ.... ဒီကောင်မလေးဘာတွေ စိတ်လောနေပြန်ပြီလဲ မသိဘူး..." ဒေါ်ငြိမ်းဝေ ငြိမ်းကို ကြည့်ပြီး မကြားတကြား လှမ်းပြောလိုက်မိလေသည်။ ငြိမ်းကမူ စက်ဘီးကို အမြန်နင်းပြီးဆိုင်သို့ ပြန်ခဲ့သည်။ ******** " ညီညီရေ ငါပြန်ရောက်ပြီနော် "

ဧကြည်ဖြူ "ချစ်ဆိပ် " ( ချူ ) အပိုင်း( ၁၀ ) **** "ဘာ..ဘာလို့လဲ အမေ..." "မိုးမိုးက သမီးရဲ့ အစ်မလေ ...ဘာလို့ အဲ့ဒီလို လုပ်ရတာလဲ...ဒီလိုစိတ်ထားမျိုး ဆိုတာ မထားသင့်ဘူးသမီး...ဘယ်သူကောင်းကောင်းမကောင်းကောင်း ကိုယ့်ဘက်က စေတနာမှန်အောင်ထားရမယ်လို့ မှာထားတယ်လေ....အမေ့စကားကိုနားမထောင်ဘူး လား " "ဟုတ်... ဟုတ်ကဲ့ပါ အမေ... " မိခင်ဖြစ်သူ၏စကားအဆုံးတွင် ငြိမ်းခေါင်းကို အသာငြိမ့်ပြလိုက်မိသည်။မိခင်ဖြစ်သူ စိတ်ညစ်ရမည့်အလုပ်မှန်သမျှကို ငြိမ်းလည်းတတ်နိုင်သမျှ ရှောင်ရှားနိုင်ရန် အမြဲကြိုးစားနေခဲ့သည်လေ။ ဒေါ်ငြိမ်းဝေကငြိမ်းကိုကြည့်ပြီး သက်ပြင်းမောကိုချလိုက်မိလေသည်။ ***** " ငြိမ်း ...နင်နဲ့ မင်းလတ်က ဘာတွေလဲ " ဆိုင်ထဲသို့ ဖြုန်းခနဲဝင်လာပြီးမေးလိုက်သော သူငယ်ချင်းဖြစ်သူ စိမ်းကြောင့် ငြိမ်းမှာ ရုတ်တရက် အူကြောင်ကြောင်နှင့် ပြန်ဖြေလိုက်မိသည်။ " ဘာလဲရမှာလဲ ... ဘာမှမလဲပါဘူး " "မသိပါဘူးဟယ် သူ့အမေနဲ့ သူ့အစ်မတွေက လမ်းဘေး စျေးသည်နဲ့တော့သဘောမတူနိုင်ဘူးဆိုပြီးပြောနေလို လေ... ငါတို့က အိမ်ချင်းက နီးတော့ သူတို့ပြောသမျှ သိတယ်....." စိမ်း၏ စကားကြောင့် ငြိမ်းမှာ စိတ်ထဲ ကသိကအောက်ဖြစ်သွားရလေသည်။မင်းလတ်ဆိုသည်မှာ ငြိမ်းထက် အသက်တစ်နှစ်ကြီးပြီး ကျောင်းတစ်နှစ်စောပြီးထားသူ။ရပ်ကွက်ထဲ မင်းလတ်တို့မိသားစုတွေ ငွေကြေးချမ်းသာတာလည်းငြိမ်းသိသည်။ငြိမ်းကို မင်းလတ် စိတ်ဝင်စားနေတာလည်း ငြိမ်းသိသည်။သို့သော် ငြိမ်းနှင့် မင်းလတ်သည် ယခုအချိန်ထိ ရိုးရိုးသားသား ခင်မင်နေကြခြင်းသာဖြစ်လေသည်။ "ဟုတ်လို့လားဟ ... ငါတို့က ရိုးရိုးသားသားခင် တာပါဟယ်...ငါ့ကို ပြောတာမဟုတ်လောက်ပါဘူး..." "ဒီရပ်ကွက်မှာ ခင်ငြိမ်းစံဘယ်နှစ်ယောက်ရှိလဲ ...အထည်ဟောင်းရောင်းတာဘယ်နှစ်ယောက်ရှိလို့လဲ...အဲ့ဒီမိသားစုနဲ့မပတ်သက်နဲ့...အနံကြီး ကွင်းကျယ်တွေ...အလကား မာန်တက်နေတဲ့သူတွေဟ...နင်နဲ့ ပေးစားမဲ့အစား အိမ်က အလုပ်သမားနဲ့ပဲပေးစားမယ်တဲ့လေ..." "ဘာ....အဲ့ဒီလိုပြောတယ်ဟုတ်လား...နောက်ထပ်ရော ဘာတွေ ပြောသေးလဲ ..." စိမ်း၏ စကားကြောင့် ငြိမ်း ဒေါသထောင်းခနဲ့ ထွက်သွားမိသည်။ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အပြောခံနေရတာလောက် စိတ်တိုဒေသထွက်စရာကောင်းလှတာမရှိပါချေ။ " ထားလိုက်ပါ ငြိမ်းရယ် မသိချင်နဲ့တော့....သူတို့က ပိုက်ဆံသာရှိပြီး အဆင့်မရှိတဲ့သူတွေပါ....ငါသွားတော့မယ် ... လမ်းထိပ် ဈေးဝယ်လာရင်း ဝင်လာတာဟ ..." စိမ်း ပြန်သွားသည်အထိ ငြိမ်းမှာ စိတ်ထဲ တနုံ့နုံ့နှင့် ဖြစ်နေမိသည်။ငြိမ်းကတော့ သူတို့စိတ်တွေကို မသိဘဲ လမ်းတွေ့ရင် အမြဲပြုံးပြနှုတ်ဆက်ခဲ့မိသည်။တစ်ရပ်ကွက်တည်းသားလည်းဖြစ်ပြီး ခင် မင်ရင်းနှီးသော သူငယ်ချင်း၏ မိသားစုဖြစ်သောကြောင့် ငြိမ်းက အမြဲဖော်ဖော်ရွေရွေဆက်ဆံခဲ့သည်။သူတို့ဘက်က ငြိမ်းကိုသည်လိုတွေးနေကြသည်ကို နည်းနည်းမျှပင်မရိပ်စားမိခဲ့ချေ။ယခုပြန်တွေးကြည့်မှ ငြိမ်းကိုတွေ့လျှင် မသိမသာ မျက်နှာထားတွေတင်းသွားကြတာကို ပြန်မြင်ယောင်မိသည်။ထိုစဉ်ကတော့ သူတို့နှင့် ကိုယ့်ကြား ရန်ငြှိုးရန်စမရှိသောကြောင့် သူတို့အကြောင်းနှင့် သူတို့ ကိစ္စရှိ၍သာဖြစ်မည်ဟုတွေးခဲ့သည်။ငြိမ်းက ဒါကိုမသိဘဲ ခေါ်ပြောနေမိသည်ကို သူတို့စိတ်ထဲ မည်သို့တွေး နေကြ။ ပတ်ဝန်းကျင်တွင် မည်မျှပြောဆိုနေကြသည်မသိ။တွေးရင်းမှ ရှက်စိတ်ကြောင့် ငြိမ်းတစ်ကိုယ်လုံးထူပူလာမိလေသည်။ငြိမ်းထိုင်နေရာမှထလိုက်ပြီး သေချာစဉ်းစားတွေးတောကြည့်နေမိသည်။ပြီးလျှင် မဖောက်ရသေး သော အထည်အသစ်ထုတ်နားတွင်ရပ်လျက် အတန်ကြာ စဉ်းစားနေမိပြန်သည်။ပြီးနောက် စိတ်ရှုပ်ထွေးမှုကို ဖယ်ထုတ်ပစ်လိုက်ပြီး ဆိုင်ရှေ့သို့ထွက်လိုက်ကာ ဘေးဆိုင်မှညီညီတို့ ကွမ်းယာဆိုင်ကိုကြည့်လိုက်သည် ။ကွမ်းယာဆိုင်ထဲတွင် ညီညီနှင့် သူ့သူငယ်ချင်းထိုင်နေသည်ကို တွေ့ရလေသည်။ငြိမ်းကြည့်နေသည်ကို ညီညီတို့က မမြင်။ငြိမ်းဆိုင်ကလည်း ဆိုင်ရှေ့တွင် အထည်များ တိုးလို့တွဲလောင်းချိတ်ထား၍ တော်ရုံ အပြင်မှလှမ်းကြည့်လျှင် မမြင်ရပေ။ဆိုင်သို့လာသော ၀ယ်သူအများစုက သူ့တို့ ဘေထုတ်ဝယ်သည်ကို လူမသိစေချင်သောကြောင့် ဆိုင်ရှေ့တွင် အထည်များကို ထိုသို့ တမင် ချိတ်ဆွဲပြသထားရခြင်းဖြစ်လေသည်။ငြိမ်းလည်း ပထမနှစ် ပြီးသွား ကတည်းက ဆိုင်ကို မနက် စျေးချိန်မှ လွဲ၍တစ်နေကုန်နီးပါးဖွင့်သောကြောင့် သပ်သပ်ရပ်ရပ် လေးဆောက်ထားခြင်းဖြစ်သည်။ကိုယ်ပိုင် မြေမဟုတ်သော်လည်း ပိုင်ရှင် မပေါ်သေးသောမြေဖြစ်နေ၍ ယခုလိုအေးအေးဆေးဆေးရောင်းနေနိုင်ခြင်းဖြစ်ပေသည်။ငြိမ်းသည် ဆိုင်ဘေးတွင် ရပ်ထားသော စက်ဘီးကိုဆွဲထုတ်လိုက်ပြီး ညီညီကို လှမ်းပြောလိုက်သည်။ "ညီညီရေ ....ငါအပြင် ခဏလေး သွားချင်လို့ ဆိုင်ကို နားစွင့်ပေးထားပါဦး...." "ဪ ... အေး သွားလေ ငြိမ်း...ငါကြည့်ထားလိုက်မယ်...." ငြိမ်း စက်ဘီးကို ခပ်သွက်သွက်နင်း ခဲ့လိုက်သည်။လမ်းမတန်းပေါ်တွင် နှစ်မိနစ်ခန့်နင်းပြီးနောက် ရပ်ကွက်ထဲသို့ ဝင်သော လမ်းကျယ် တစ်လမ်းရှိသည်။သည်လမ်းသည်လည်း လမ်းကျယ်လမ်းရှည်ပင်ဖြစ်သည်။မင်းလတ်တို့အိမ်က သည်လမ်းမပေါ်တွင်ရှိသည်။ငြိမ်းတို့အိမ်က မင်းလတ်တို့အိမ်မရောက်ခင် လမ်းသွယ် တစ်ခုမှ ရပ်ကွက်er အစွန်အထိ

ငြိမ်းနေ့စဉ်တိုင်းရောင်းသည်။ဆိုင်ခန်းတော့မငှားနိုင်သေး။လမ်းဘေးတစ်နေရာတွင် ချိတ်များ တန်းများဖြင့်ရောင်းချခြင်းဖြစ်သည်။ငြိမ်းရှာသော ငွေနှင့် ဆိုင်ခန်းတစ်ခန်းလောက်ငှားလို့ရသော်လည်း ငြိမ်းမငှားခဲ့။ ငြိမ်းက ဆိုင်ခန်းကို မငှါးဘဲ အပိုင်လိုချင်တာဖြစ်သည်။လူဆိုသည်မှာလည်း အခက်သားလား နေစရာ အိမ်ပိုင်ရာပိုင်မရှိခင်က နေစရာလေးတစ်နေရာ ရရင်ကျေနပ်ပါပြီဟုထင်ခဲ့မိသည်။သို့သော်သည်သို့ မဟုတ် နေစရာရသောအခါ အိမ်လှလှလေးဆောက်ချင်ပြန်သည်။အိမ်ဆောက်ပြီးရုံမျှနှင့် မကျေနပ်နိုင်သေး ကားလေး၀ယ်စီးချင်ပြန်သည်။ငြိမ်းသည်လည်း ထိုကဲ့သို့ပင် ယခုလက်ရှိနေနေသော ချောင်လေးထဲမှ လမ်းမတန်းက တစ်နေရာကို ပြောင်းချင်လိုချင်မီလေသည်။ငြိမ်း၏ အဓိကရည်ရွယ်ချက်မှာ အမေ့ကို စက်ချုပ်နားခိုင်းပြီး တိုက်နှင့်တာနှင့် စတိုးဆိုင်ပိုင်ရှင်ကြီးအဖြစ်ထားပေးချင်မိလေသည်။ ထို့ကြောင့် ငြိမ်းကြိုးစားနေပါလေသည်။ငြိမ်းရောက်စကထက် များစွာ စည်ကားလာသော ရပ်ကွက်လမ်းမတန်းတစ်နေရာတွင် ဆိုင်ကြီး တစ်ဆိုင်ပိုင်ဆိုင်နိုင်ဖို့အရေး ငြိမ်းကြိုးစားနေပါလေသည်။ ******* "ငြိမ်းဝေ ညည်းသမီးကဘာလဲ...ငါတို့ကို တွေ့ရင် မသိချင်ယောင်ဆောင်နေတယ်......ငါတို့အိမ်ကနေ အစပြုခဲ့တဲ့ညည်းတို့ဘဝပါ အေ... အစုတ်အပြတ်တွေ ရောင်းပြီး ဘ၀မမေ့ဖို့ပြောလိုက်ပါဦး...ပြီးတော့ ညနေဘက် စျေးရောင်းရင်လမ်းထိပ်ကွမ်းယာဆိုင်က ကောင်လေးတွေနဲ့ တရုန်းရုန်းနဲ့...တော်ကြာ သူ့ဘကြီးနဲ့တွေ့ပြီး အရိုက်ခံနေရမှာစိုးလို့ ပြောတာ....နင်ကလဲနည်းနည်းပါးပါး ပြောအုံးဆူအုံးလေ...တော်ကြာနေ ကျော်မကောင်းကြားမကောင်းတွေဖြစ်နေမယ်.....အိမ်က ငါ့သမီး ညည်းတူမဆို ငါသေဆိုသေရှင်ဆိုရှင်ပဲ မလှုပ် ရဲဘူး..." ဒေါ်အေးခိုင်က ဒေါ်ငြိမ်းဝေကို ဇွတ်ပြောနေလေည်။ဒေါ်ငြိမ်းဝေမှာ သမီးဖြစ်သူ ငြိမ်းစျေးရောင်းရာမှ ပြန်လာခါနီးပြီဖြစ်သောကြောင့် ယောင်းမဖြစ်သူကို အမြန်ပြန်စေချင်နေမိပြီ ဖြစ်လေသည်။ " ဒုန်း" "အမယ်လေး ဟဲ့ ငုတ်တုတ် " ဒေါ်ငြိမ်းဝေ စိတ်ပူနေသည့်အတိုင်းပါပင် ငြိမ်းသည် စျေးသိမ်း၍ပြန်လာပြီဖြစ်လေသည်။ငြိမ်းက အထည်လှည်းကို လမ်းထိပ်မှညီညီတို့ ကွမ်းယာဆိုင်ဘေးတွင် ဈေးမှ အပြန်ကတည်းက ဝင်ထားခဲ့မြဲ ဖြစ်သည်။ထို့ကြောင့်ပင် အသက်အရွယ်လည်း မကွာလှသော ညီညီတို့ အုပ်စုနှင့် ငြိမ်း ခင် မင်နေခြင်းဖြစ်လေသည် ။ ညီညီတို့သူငယ်ချင်းတတွေနှင့် ခင်မင်ရသောကြောင့် ငြိမ်းအတွက်လည်းအကျိုးယုတ်ခြင်းမရှိပါချေ။ငြိမ်း၏ ဘေထုတ်ဆိုင်လေး လူကျပြီးဆို ညီညီတို့တတွေက ဝိုင်းကူရောင်းပေးတတ်ကြသည်။သည်မျှမကသေး ဆိုင်ခင်းဆိုင်သိမ်းလျှင် အမြင်မတော်သူက ၀င်ကူ တတ်သည်သာ ။ငြိမ်းတို့ အချင်းချင်း ကြားတွင် ဘာစိတ်ညာစိတ်များလည်းမရှိကြ။ငြိမ်းတို့အုပ်စုထဲမှာ ငြိမ်းလို အဝေးသင် တက္ကသိုလ် တက်နေသူရှိသလို ဘွဲ့ရပြီးသားလည်းပါသည်။ဆယ်တန်း အလီလီကျသူများလည်းပါသည်။လိမ္မာသော ကောင်လေးတွေပါသလို ခပ်ဆိုးဆိုး ကောင်လေးတွေလည်းပါသည်။သို့သော်လည်း ဒေါ်အေးခိုင် အထင်အမြင်သေးနေသကဲ့သို့ ငြိမ်းတို့ တတွေ လိုတာထက်ပိုပြီး ရောရောနှောနှောနေခြင်းမျိုး မရှိခဲ့။သည်လိုမျိုးတွေ ကိုလည်း ငြိမ်းကိုယ်တိုင်က သဘောမကျပါ။ယခုတော့ ငြိမ်းသည် အိမ်ထဲသို့ ၀င်လိုက်သည်နှင့် ကြားလိုက်ရသော ဒေါ်အေးခိုင်စကားများကြောင့် စိတ်တိုပြီးအိမ်ရှေ့မှ ခုံကို ကန်ချလိုက်ခြင်းဖြစ်သည်။ထိုထက်တော့ ငြိမ်းပိုမလုပ်ပါ ။ကြားထဲမှ မိခင်ဖြစ်သူစိတ်ဆင်းရဲမည်စိုးသောကြောင့် ဖြစ်ပါလေသည်။ "ဟဲ့ ငြိမ်းဝေ ငါပြန်ပြီ...ငါပြောတာကို မမေ့နဲ့....." "ဟုတ်ကဲ့ ... အစ်မ " ဒေါ်ငြိမ်းဝေက ဟုတ်ကဲ့ တစ်ခွန်းပြောပြီးငြိမ်း မျက်နှာကို လှမ်းကြည့်လိုက်မိပြန်သည်။ "ပြန်တော့မလို့လား ကြီးကြီး ...ကြီးကြီးကိုပြောစရာရှိလို့..." ငြိမ်း ပြောလိုက်သံကြောင့် ဒေါ်အေးခိုင်က လှမ်းလက်စခြေလှမ်းကိုရပ်တန့်ပြီး ငြိမ်းကိုကြည့်လိုက်သည်။ငြိမ်းက သူ့ကို နှုတ်ဆက်လေ့မရှိသောကြောင့် အံ့သြသွားခြင်းလည်း ဖြစ်၏။ "မမမိုးလေ သီဟထွန်းနဲ့ကြိုက်နေတယ်တဲ့...သိတယ်မဟုတ်လားသီဟထွန်းကို အလုပ်မရှိအကိုင်မရှိနဲ့ လေ...ဒီကြားထဲအရက်နဲ့ လောင်းကစားဆိုရှေ့ဆုံးကပါတဲ့သူလေ ကြည့်ရတာ ရုပ်လေးက ချောတော့ မမမိုးလည်းပါသွားတယ်ထင်ပါရဲ့...မဖြစ်သင့်တာမဖြစ်ရအောင် ငြိမ်းကသတိပေးတာပါ ကြီးကြီး..." "ဘာ..ဘာပြောတယ်....တကယ်လား...တကယ်ဆို အိမ်က ဟာမကို ငါကိုယ်တိုင်သတ်ပြမယ် ကြည့်နေ ..." ဒေါ်အေးခိုင်သည် ထဘီကိုမလျက်စိတ်ဆိုးမာန်ဆိုးနှင့် ပြန်သွားလေ၏။ငြိမ်းက ဒေါ်အေးခိုင်ကို ကြည့်ပြီး သဘောကျစွာ ရယ်လိုက်မိလေသည်။ "တကယ် ...တကယ်လား သမီး...မိုးမိုးက တကယ်ပဲသီဟထွန်းနဲ့ ကြိုက်နေတာလား...." ဒေါ်ငြိမ်းဝေက ငြိမ်းကို အလန့်တကြားမေးလိုက်မိသည်။သီဟထွန်း ဆိုသော ကောင်လေးသည် ခပ်ဆိုးဆိုး ခပ်ပေပေ ကောင်လေးမှန်း ရပ်ကွက်ကလူတိုင်းနီးပါး သိကြသည်လေ။ "တကယ်ပေါ့ အမေရဲ့...သမီးကိုယ်တိုင်ပဲ အောင်သွယ်ပေးခဲ့တဲ့ဟာ... ကြီးကြီးက သမီးကို သွားပုပ်လေလွင့်တွေလျှောက်ပြောနေလို့ အမြင်ကပ်ပြီး အောင်သွယ်ပေးခဲ့တာလေ...." "ဘာ...ဘယ်လို ငြိမ်း...သမီး ဘာပြောလိုက်တယ်..." @@@@@@@@@@@@@@@@@@@ အပိုင်း (၁၀ ) ဆက်ရန် ဧကြည်ဖြူ

၀ယ်သူအများစုက ငြိမ်း အသံကြောင့် ငြိမ်းကို စိတ်ဝင်တစား လှည့်ကြည့်လာကြလေသည်။ပြီးလျှင် ငြိမ်း၏ခြေထောက်နားတွင် ကျနေသော အထည်များကိုကြည့်ပြီး ဆိုင်ရှင်များကို ပါလှမ်းကြည့်ကြလေသည်။တစ်ချို့ဆိုင်ထဲသို့ဝင်လာစသူများဆိုလျှင် မသိမသာနှင့် နောက်သို့ ခြေလှမ်းများပြန်ဆုတ်သွားကြလေသည်။ဆိုင်ရှင်သည် ပါးနပ်လှစွာပင် ထိုသို့ အခြေအနေကို အမြန်ပင် ထိန်းလိုက်လေသည်။ "ဦးလေး ကောင်းပန်ပါတယ်ကွယ် ... မနေ့က လူကျတော့ အလုပ်သမားတွေနဲ့ လွှဲထားမိတာ အပယ်ထုတ်နဲ့ မှားရောင်းမိတာနေမယ်...အသစ်တစ်ထုတ်နဲ့ပြန်ချိန်းပေးပါ့မယ် ကွယ်....." ***** "ပေးလေ သမီး ...အမေလည်း ဝိုင်းသယ်မယ်..." "ရပါတယ်...အမေရဲ့..." ငြိမ်းက အထည်ထုတ်ကို မနိုင်မနင်းသယ်ရင်းမှ မိခင်ကို ပြန်ဖြေလိုက်သည်။အထည်ထုတ်သည် လေးပင်လှသော်လည်း ငြိမ်းမမှု။ဆိုင်က အထည်ထုတ်ချင်းပြန် ချိန်းပေးလိုက်သောကြောင့် ငြိမ်း အပျော်ကြီး ပျော်နေမိသည်။ မငြိမ်းဝေ သည် ငြိမ်းနောက်မှကပ်လျှောက်လာရင်း သက်ပြင်းကို မသိမသာချလိုက်မိသည်။ငြိမ်းသည် အကျင့်စာရိတ္တအရည်အချင်း၊ ဇွဲလုံ့လနှင့် မိခင်ကို သိတတ်မှု၌ အပြစ်ပြောစရာတစ်ကွက်မှ မရှိသော်လည်း ငြိမ်း၏စိတ်၌ အမှတ်ကြီးလွန်းသောစိတ်နှင့် လက်စားချေတတ်သောစိတ်လေးရှိသည်ကို တစ်စွန်းတစ မြင်နေရလေသည်။ထို့ စိတ်ကိုမူ မငြိမ်းဝေမနှစ်သက်ပါ ။ "သမီး ခုနက အထည်ထုတ်က သူ့ဘာသာလဲကျတာလား...သမီးလုပ်လိုက်တာလား..." " တမင်လုပ်ပစ်လိုက်တာ အမေ...သမီးတို့ကို အထင်သေးနေလို့လုပ်ပစ်လိုက်တာ...." ငြိမ်းက မလိမ်တတ်သူပီပီ မိခင်ကို အမှန်တိုင်းပြောလိုက်သည်။ "နောက်ဆို အဲ့ဒီလို မလုပ်ရဘူးနော် သမီး... ကိုယ့်အတွက်အန္တရာယ်များသလို သူများစီးပွားရေးကို ထိခိုက်ရင်လည်း မကောင်းဘူးလေ သမီး..." " ဟုတ်ကဲ့ အမေ...နောက်ဆို သမီးမလုပ်တော့ပါဘူး ..." ငြိမ်း၏တုံ့ပြန်စကားကြောင့် မငြိမ်းဝေ သက်ပြင်းကို မသိမသာချလိုက်မိဖြစ်သည်။ငြိမ်းသည် မည်သည့်အခါမျှ မငြိမ်းဝေ စကားကို ငြင်းပယ်ရိုးထုံးစံမရှိခဲ့။ မငြိမ်းဝေ ပြောသမျှခေါင်းငြိမ့်သည်။လက်ခံသည်။ မငြိမ်းဝေ မျက်ရည်ကျတာမြင်လျှင် ငြိမ်း အထူးတလည် ဝမ်းနည်းတတ်မှန်း မငြိမ်းဝေရိပ်စားမိသည်မှာ ကြာပြီဖြစ်လေသည်။အရွယ်နှင့်မလိုက်အောင် ငွေကို ရှာချင်နေသောစိတ်ကိုလည်း မငြိမ်းဝေ ပူပန်မိလေသည်။သို့သော် စိတ်အေးရသည်မှာ ငြိမ်းသည် ယောက်ျားများနှင့် ပတ်သက်ချင်သော စိတ်ရှိသည်ကို မတွေ့ရသောကြောင့် ဖြစ်ပါလေသည်။ ****** စျေးသည် ဈေးဝယ်များနှင့်ရှုပ်ထွေးစည်ကားနေသောစျေးထဲတွင် ငြိမ်း၏ အထည်ဟောင်းဆိုင်လေးက ဈေးကွဲလုသည့်တိုင် ၀ယ်သူမပြတ်ရှိလေသည်။ "ဒါလေးက မမနဲ့ဆိုကွက်တိပဲ...အသားကိုကိုင်ကြည့် တကယ်ကောင်းတာ...ချုပ်ခဖိုးတောင်မရှိပါဘူး မမရယ်..." "ညီမရေ ... အလုပ်လုပ်ရင်း ဝတ်ဖို ဘောင်းဘီအတိုတွေ ရှိလား ... ဈေးသက်သာတဲ့ထဲကပဲ ပြနော်..." "စိတ်ချပါရှင်... စျေးလည်းသက်သာစေရမယ် ...အထည်လည်း သန့်စေရမယ်..." နံနက်ဆယ်နာရီထိုးပြီးချိန်၌ နံနက်ခင်းဈေးက ၀ယ်သူများ မရှိတော့ဘဲ တစ်စျေးလုံး၌ ဆိုင်များသိမ်းနေကြသော ဈေးသည်များသာ ကျန်ခဲ့လေတော့သည်။ ငြိမ်းလည်း အထည်များကို ခေါက်ပြီး အိတ်ထဲ ထည့်သိမ်းလိုက်သည်။ ယခင်က အေးသီတာ နှင့့်အတူ ရောင်းခဲ့သော်လည်း နောက်ပိုင်း၌ အေးသိတာကို အထည်စားနှင့် ရောင်းခိုင်းလိုက်သည်။သူ့ဘာသာ ကြိုက်တဲ့ ဈေးသွားရောင်း။ကြိုက်သလောက်တင် ။ ငြိမ်းက တစ်ထည်ကို အမြတ်ဘယ်လောက်ဆိုပြီး သတ်မှတ်ယူလိုက်သည်။အေးသီတာတို့ကမိသားစုဦးရေများသောကြောင့် ငွေကြေးအဆင်မပြေ။ ငြိမ်းကတော့ တတ်နိုင်သမျှ ကူညီလိုက်သည်သာ။ အေးသီတာရော ငြိမ်းရော ဆယ်တန်းကို နှစ်ချင်းပေါက်အောင်ခဲ့ ကြသည်မှာ ယခုနှစ်ဆိုလျှင် သုံးနှစ်ပင်ရှိပြီလေ။ ဆယ်တန်းမှာ ငြိမ်းက ဂုဏ်ထူးတွေ တောင်ပါလိုက်သေးသည်။အင်ဂျင်နီယာလိုင်းလည်း မီသည်ဆိုရုံမီလိုက်သေး၏။သို့သော် အင်ဂျင်နီယာလိုင်းကိုလည်း ငြိမ်းမလျှောက်ခဲ့။အဝေးသင် စီးပွားရေး ပဲတက်လိုက်သည်။ ငြိမ်းအနေနှင့်လေးငါးခြောက်နှစ်မျှ အမေ့ကို ဒုက္ခမပေးရက်ပါလေ။ အမေဖြစ်စေချင်တဲ့အတိုင်း ဘွဲ့လက်မှတ်တစ်ခုကို ယူပေးဖို့ငြိမ်းဆုံးဖြတ်ပြီးသား ဖြစ်လေသည်။ကျန်သည်မှာ မိခင်ကြီး ချမ်းချမ်းသာသာနေရဖို့အရေးသာ ငြိမ်းအတွက် အရေးကြီးလှပါလေသည်။ "ဒီက သိမ်းပြီးရင် အိမ်မှာ နားရဲ့လား ငြိမ်း...ရပ်ကွက်ထဲကဆိုင်မှာတန်းထွက်တာလား...." ဘေးဆိုင်မှ မမညို၏ အမေးကြောင့် ငြိမ်းက အထည်များ သိပ်ရင်းမှ ပြန်ဖြေလိုက်သည်။ "အိမ်မှာ ပြန်နားသေးတယ် မမညို .. ဆိုင်က ညနေ သုံးနာရီကျော်လောက်မှ ထွက်တာ ညကိုးနာရီ အလုပ်သမားတွေ ပြန်ချိန်လောက်အထိဖွင့်တာ...တစ်ခါတစ်လေ အထည်သွားတိုက်ရတဲ့ရက်တွေတော့ မနားရဘူးပေါ့ မမညို..." "ငြိမ်းလဲနော် အရွယ်နဲ့မလိုက်အောင် ကြိုးစားလိုက်တာများ မမငြိမ်းဝေတို့ သားသမီးရ ကံကောင်းပါ့အေ...." မမညို့အပြောကြောင့် ငြိမ်းက ကျေနပ်စွာပြုံးလိုက်မိသည်။ မမ ညိုပြောမည်ဆိုလျှင်လည်း ပြောချင်စရာပေ မဟုတ်လား။ငြိမ်းကစျေးထဲမှာဆိုင်သိမ်းပြီးလျှင် ညနေခင်းတွင် ရပ်ကွက်လမ်းမတန်းလမ်းဘေးတစ်နေရာတွင် ညနေဘက်ဆိုင်ဖွင့်ရောင်းသည်။အဝေးသင် စာမေးပွဲဖြေခါနီးရက်များမှလွှဲ၍

အိမ်ပေါ်သို့ရောက်လျှင် အညံ့များသာပါသော အထုတ်ကို သေချာပြန်ထုတ်ပိုးလိုက်သည်။ ပြီးလျှင် အမေ့စက်ခုံပေါ်မှ ကပ်ကြေးနှင့်ပေကြိုးကို ယူလိုက်ပြီး ဂျင်းဘောင်းဘီနှင့်စကပ်များသာပါသောအထုတ်ဘေးတွင် ထိုင်ချပြီး အနာအဆာများကို တစ်ထည်ချင်းသေချာစစ်ဆေးကြည့်လိုက်သည်။ညှပ်သင့်တာညှပ်သည်။ဖြတ်သင့်တာဖြတ်သည်။အစွန်းချွတ်ဆေး သုံး၍ လျှော်ရမည့်အထည်ကို အမှတ်အသားလုပ်ပြီး သက်သက် ဖယ်ထားလိုက်သည်။နောက်ဆုံးပြီးသောအခါ အသန့်ထည် အချို့သာ ကျန်တော့သည်။ပြန်ချုပ်ရမည့်အထည်များကို ပုံထားလိုက်ပြီး လျှော်ရမည့် အထည်များကို ယူလျက် ရေချိုးသော နေရာဆီသို့ငြိမ်းသယ်ခဲ့လိုက်သည်။ မငြိမ်းဝေသည် နောက်ဖေးတွင် ညနေစာ ချက်နေရင်းမှ ငြိမ်းကို တိတ်တဆိတ်လှမ်းကြည့်နေရင်းပြုံးလိုက်မိသည်။ပြီးနောက် ငြိမ်းဆီသို့လျှောက်သွားလိုက်ပြီး ချီးကျူးစကားဆိုလိုက်မိသည်။ "အမေ့ သမီးကတော့ တော်လိုက်တာနော်...ဒီပုံအတိုင်းသာဆို အမေတို့ မကြာခင် ချမ်းသာမှာပါအေ...ဒါနဲ့ အထည်တွေက လျှော်မလို့လားသမီး...မှောင်တော့မယ်လေ မနက်မှလျှော်ပါလား..." "ရတယ် အမေ ... မနက်ကျရင် ဆိုင်ကို ပြန်သွားမလို့လေ...ပြန်ရရမရရ သွားတော့ ပြောရမယ် အမေ..." ***** ဆိုက်ကားပေါ်က အထုတ်ကို ဆွဲယူလိုက်ပြီး မြေပြင်ပေါ်သို့ အသာချလိုက်သည် ။ငြိမ်းတို့ရပ်ကွက်မှနေ ဘေထုတ်ရောင်းသောဆိုင်သို့ကား နှစ်ဆင့် စီးရမည် ဖြစ်လေသည်။ကား ထိုးဆိုက်လာသည်နှင့် မိခင်ဖြစ်သူထက် ဦးအောင် ငြိမ်းက အထုတ်ကို သယ်ပြီး ကားပေါ်သို့တက်လိုက်သည်။ငြိမ်းသည် ဆယ့်ခုနှစ် မပြည့်သေးသော်လည်း မိခင်ထက် အရပ်အမောင်းရော အားအင်ပါ သန်မာနေပြီဖြစ်လေ၏။ "အမေ ဝိုင်းမမှာပေါ့ သမီးရယ်....." "ရပါတယ် အမေရဲ့ ...သမီးနိုင်ပါတယ်..." စီးလာသောကားဂိတ်ဆုံးသွားသောအခါ နောက်တစ်ဆင့် စီးရပြန်လေသည်။ "အထုတ်ကလေးလှချည်လား ... အထုတ်ခပေးရမယ်..." ကားစပါယ်ယာက အထုတ်ကို ဝိုင်းကူဆွဲရင်း အသံပြတ်နှင့် ပြောလေ၏။ပေါက်တဲ့နဖူး မထူးပြီမို့ ငြိမ်းတို့သားအမိမှာ လူခနှင့်အထုတ်ခကိုပါ ပေးလိုက်ရသည်။ရပ်ကွက်ထဲကထွက်သည့်ကားတွင်လည်း အထုတ်ခရော လူခပါ ပေးရသည်။ယခင်နေ့က ကားခနှင့် ယနေ့ ကားခပါပေါင်းလျှင် ခရီးစရိတ်က မနည်းလှ။ကုန်ကျငွေများကို စိတ်ထဲမှ တွက်ကြည့်လိုက်ရင်း ငြိမ်း ရင်ထဲပူလောင်လာသည်။ "ဟာ ...အရေးထဲ ...တောက်..." နောက်တွင်ရပ်နေသောလူ၏ အပြုအမှုကြောင့် စိတ်တိုပြီး ငြိမ်းခပ်တိုတိုးရေရွတ်ရင်း နောက်သို့ လှည့်ကြည့်လိုက်သည်။အသက်က သုံးဆယ်ကျော်။အမြင်ကပ်စရာရုပ်နှင့် လူကြီး။ငြိမ်းနောက် တည့်တည့်တွင် ရပ်နေပြီး အတင်းကိုတိုးကပ်နေသည်။ကားဘရိတ်အုပ်၍ ယိုင်သလိုနှင့် ငြိမ်းကို သူ့ကိုယ်နှင့်အတင်းဖိကပ်သည်။ပြီးလျှင် တစ်ချက်တစ်ချက် သူ့လက်သည် လက်တန်းကို ကိုင်ထားသော ငြိမ်း၏ လက်ကို လာ၍ထိကိုင်ပြန်လေသည် ။ငြိမ်းက ခြေထောက်နှစ်ဘက်ကို နောက်ဘက်မှ အသာကြွလိုက်ပြီးလျှင် သူ၏ခြေထောက်ရှိရာသို့မှန်း၍ကပ်လိုက်သည်။ ပြီးလျှင် သူကတိုးကပ်နေသည်ကို ငြိမ်နေလိုက်သည်။ငြိမ်းအပြုအမူကြောင့် ထိုသူအတော်ပျော်သွားပုံရလ၏။ငြိမ်းလည်း အားလုံးအသင့်ပြင် ထိုလူအငိုက်မိပြီဆိုမှ ကော်ဖိနပ်မာမာကို စီးထားသော ခြေထောက်နှစ်ဖက်ကို ထိုသူ၏ခြေထောက်ပေါ်တွင် အားပါတရ စုံနင်းချပစ်လိုက်သည်။ "အား" ထိုသူ့ထံမှ အသံသဲ့သဲ့ထွက်လာသည်။ငြိမ်းမသိချင်ယောင်ဆောင်ပြီး ခြေထောက်များကို အားယူပြီးဆောင့်၍ထပ်မံ နင်းချလိုက်သည်။သည်တစ်ခါ၌ ထိုလူအတော် နာကျင်သွားပုံရလေသည်။ငြိမ်းခြေထောက် အောက်မှ အတင်းရုန်းထွက်သွားပြီး ကား၏တံခါးဝနားသို့ အတင်းတိုးဝှေ့ ထွက်သွားလေသည်။ငြိမ်းအားပါးတရပြုံးလိုက်သည်။ ***** **** "ခင်ဗျားတို့ကြိုက်လို့ ဝယ်သွားတာပဲ...ခုမှလာလဲလို့ရမလားဗျ...ကျွန်တော်တို့လဲ အများနဲ့ လုပ်စားနေရတာ ဒီလိုလာပြန်လဲတိုင်း လဲမပေးနိုင်ဘူး......" ဘေထုတ်ဆိုင်သို့ ရောက်သောအခါ ဆိုင်ရှင်ကအသံခပ်မာမာနှင့် ပြောလေသည်။ "ကျွန်မသမီးက ကလေးပဲရှိသေးတယ်ရှင့်....သူကျောင်းစရိတ်ရှာဖို့ အလုပ်လုပ်မယ်ဆိုပြီး ဒီဆိုင်ကို ယုံယုံကြည်ကြည်နဲ့ လာခဲ့တာပါ....ကျွန်မတို့ကလဲ ကိုယ်ပေးတဲ့ပိုက်ဆံနဲ့ညီတဲ့ ပစ္စည်းကိုပဲလိုချင်တာပါ .. အခုတော့ အစ်ကိုကြီးတို့ဆိုင်က သန့်ပါတယ် ဆိုပြီးထည့်ပေးလိုက်တဲ့ အထုတ်ကို ကိုယ်တိုင်ကြည့်ကြည့်ပါဦးရှင်.... " ဆိုင်ရှင်ကို မငြိမ်းဝေက လေသံအေးအေးနှင့်ပင် ရှင်းပြလိုက်သည်။ငြိမ်းကမူ ဝယ်သူများရှုပ်ထွေးနေသောကြားမှာ အထည်ထုတ်ကို မသိမသာ ဖွင့်ချလိုက်ပြီး တမင်ပင် အထည်ထုတ်ကို ဘေးသို့လဲကျအောင်လုပ်ပစ်လိုက်သည်။ အထည်ထုတ်ကဘေးသို့ လဲကျသွားသည်။ငြိမ်းက လဲကျသွားသော အထုတ်ကို ပြန်မရင်း အထည်များကို ဘေးသို့ ထွက်ကျအောင်လုပ်ပစ်လိုက်သည်။အဝတ်ဟောင်းများက အောက်သို့ ပြုတ်ကျလာသည်။ စျေးဝယ်သူများက ငြိမ်း၏ အထည်ထုတ် ကိုစိတ်ဝင်စားသွားကြလေပြီ။ "သမီးမှာ ဘောက်ချာလည်းပါတယ်...အသန့်တွေဆိုလို့ ဒီအထုတ်ကို သုံးသောင်းနဲ့ ယုံကြည်ပြီးဝယ်ခဲ့တာပါ...ဒါတွေကို သမီးကဘယ်လိုရောင်းရမှာလဲ..ပြီးတော့ ဒီငွေသုံးသောင်းက သမီးအမေစက်ချုပ်ပြီး ပင်ပင်ပန်းပန်း ရှာထားတဲ့ ငွေတွေပါ ..."

ဧကြည်ဖြူ "ချစ်ဆိပ် " (ချူ ) အပိုင်း(၉ ) - - - - - - - - - - - - - - - - " ဘာဖြစ်လို့လဲ သမီး...ဘာလို့ငိုတာလဲ...လန့်လိုက်တာ..." ငြိမ်းငိုသံကြောင့် မငြိမ်းဝေက ထိတ်ထိတ်ပျာပျာ နှင့်မေးရင်း ငြိမ်း ရှိရာ အိမ်အပေါ်ဆင့်သို့လှမ်းတက်လိုက်သည်။ ငြိမ်းကငိုနေရင်းမှ မိခင်ဖြစ်သူကိုအဝတ်ပုံကို မေးငေါ့ပြလိုက်သည်။ "အထည်တွေက တအားညံ့တဲ့ အထည်တွေပဲပါတယ် အမေ...ရတဲ့စျေးနဲ့ပြန်ရောင်းရင်တောင် တစ်သောင်းကျော်လောက်ရဖို့တောင် မနည်းပြန်ရောင်းရမှာ..." ငြိမ်းကမိခင်ကိုပြောရင်း စိတ်တို ဝမ်းနည်းလွန်းသဖြင့် ထပ်မံငိုချလိုက်မိသည်။ငွေသုံးသောင်းဆိုသည်မှာ မိခင်ကြီး နေ့စဉ်နေကုန်နေခန်းစက်ချုပ်၍ ရထားရသောငွေဖြစ်သည်။ထိုမျှတန်ဖိုးရှိသောငွေကို ငြိမ်းဖြုန်းမိသဖြင့် ပို၍ဝမ်းနည်းရလေသည်။ "ဆိုင်ကို ပြန်ပြောလို့မရဘူးလား သမီး...နောက်တစ်ထုတ်ကရော ကြည့်ပြီးပြီလား" "မကြည့်ရသေးဘူး အမေ...ဆိုင်ကို ပြန်ပြောရင်လည်း ... သူတို့လည်း အထုတ်ပြရောင်းရတာမို့ မသိဘူးပဲပြောမှာ...ဒါပေမဲ့ သိအောင်တော့မနက်ဖြန်သွားပြောရမယ်...အညံ့ထုတ်လား အသန့်ထုတ်လား သူတို့မသိဘူးဆိုတာ အလကားပြောတာ အမေ...." ငြိမ်းငိုရင်းနှင့့်ပင် ဒေါသထွက်လာမိလေ၏။စျေးရောင်းသောသူအများစု၏ အကျင့်သည် မိမိ၏ မကောင်းမကန်းပစွည်းများကို မသိနားမလည်သူများကို ထိုးရောင်းတတ်သော အကျင့်ရှိကြလေ၏။ထိုပြင် အနာအဆာ ပစ္စည်းများကို အရင်ဆုံးရောင်းထွက်အောင် လိမ်ညာလှည့်ဖြား ရောင်းတတ်ကြသည်။ထိုလုပ်ရပ်များသည် လွန်စွာ ယုတ်ညံ့သော လုပ်ရပ်များ ဖြစ်သည်ဟု ငြိမ်းထင်မိသည်။ငြိမ်းသည် ဈေး စရေးဖူးကတည်းက ထိုသို့အလုပ်များကို ရှောင်ရှားခဲ့သည်။ ကျိုးလုနီးနီး ၊ ပြတ်လုနီးနီးကလစ်များ ၊ ခေါင်းစည်းကြိုးများကို ပြုပြင်ပြီးမှသာရောင်းခဲ့သည်။ ပြုပြင်၍ မရတော့လျှင် စွန့်ပစ်လိုက်သည်ပင်။ကိုယ့်ရဲ့ ထမင်းရှင် ဈေးဝယ်သူများကို စိတ်ဒုက္ခမပေး။ ကြီးကြီးခင်နှင့် ဘေထုတ်ထည်များလိုက် ရောင်းပေးစဉ်ကလည်း အစွန်းပါလျှင်ပါသည်။အပြဲပါလျှင် ပါသည်ဟု ပြောရောင်းခဲ့သည်သာ။မကောင်းမကန်းပစွည်းများကို ၀ယ်သူထံ အတင်းထိုးရောင်းလေ့မရှိပါ။ "ကဲပါ သမီးရယ် ဖြစ်လာမှတော့ ငိုမနေနဲ့တော့ ... ဒါက သင်ခန်းစာပေါ့...နောက်ဆို အလုပ်ကို အလောတကြီးမလုပ်နဲ့ပေါ့...ဒီအထည်တွေ ပြန်ထည့်ထားလိုက်..ကျန်တဲ့ အထုတ်ဖောက်ကြည့်ဦး....." ပြေရင်း မငြိမ်းဝေက အထည်များကို အိတ်ထဲသို့ ပြန်ကောက်ထည့်ပေးလိုက်သည်။ ပါလာသော အထည်များမှာ ငြိမ်းငိုမည်ဆိုလျှင်လည်း ငိုချင်စရာပေ။အများစုမှာ ကလေးဝတ် အထည်များဖြစ်ပြီး လူကြီးဝတ်များမှာ အစွန်းအပေများနှင့် အနာအဆာများပါသော အထည်များ ဖြစ်လေသည်။ ငြိမ်းက ကျန်သော တစ်ထုတ်ကို ဖောက်ကြည့်လိုက်သည်။ ပြီးလျှင် အိတ်ထဲမှ အထည်များကို တစ်ထည်ချင်းထုတ်ကြည်လိုက်သည်။ သည်အထုတ်က အထည်ရေးမများလှပေ။ " ဒီအထုတ်ကတော့ မဆိုးဘူးပဲ သမီးရဲ့.." အထည်များကိုကြည့်ပြီး မငြိမ်းဝေပြောလိုက်သည်။ ငြိမ်းက တစ်ထည်ချင်း ကြည့်ရင်း စိတ်တွက် တွက်နေမိသည်။ ပြီးလျှင် မိခင်ဖြစ်သူကို ခေါင်းခါပြလိုက်မိသည်။ "ဒီအထုတ်လည်း ပြန်ရောင်းရင် အရင်းလောက်ပဲ ရမှာ အမေ...." "ဘာပဲဖြစ်ဖြစ် စိတ်မပျက်ပါနဲ့သမီးရယ်...အစမို့ပါ နောက်ဆိုရင် သမီးပိုကျွမ်းကျင်လာပြီး အဆင်ပြေသွားမှာ ပါ...." ******* ငြိမ်း စိတ်ညစ်ညစ် နှင့် ခြံထဲသို့ ဆင်းလာပြီး သစ်ပင်တွေကြား လမ်းလျှောက်နေမိသည်။ခြံထဲတွင် စိုက်ထားသော ချဉ်ပေါင်ပင်လေးများသည် အညွှန့် တလူလူနှင့်ဖြာဝေနေသည်။ခြံနောက်ဘက်မှသရက်ပင်လေးများလည်း သိသိသာသာ ရှင်သန်ကြီးထွားလာလေသည်။ကန်စွန်းပင်နှင့် ငရုတ်ပင်များသည်လည်း အားယူ၍ရှင်သန်နေကြ လေ၏ ။ဆောင်းဦးပေါက်က စိုက်ထားသော ဗူးပင် သုံးလေးပင်သည်ပင် စင်ပေါ်တွင် အညွှန့်များ ဖြာဝေလျက် သီးကောင်းနေဆဲပင်။ဆောင်းရာသီလက်ကျန် ပဲပုစွန်များနှင့် ပဲတောင့် ရှည်သီးများသည်လည်းသူတို့၏ နောက်ဆုံး သက်တမ်းလေးတွင် အားကုန်သီးပွင့်နေကြဆဲပင်။ တယူတယနှင့် မနည်းစိုက်ပျိုးခဲ့ရသော နှင်းဆီပင်များသည်လည်း ယခုအခါ၌ အဖူးအငုံလေးများစတင်ဖူးပွင့်နေပြီ ဖြစ်လေသည်။ငြိမ်းသည် သစ်ပင်များကို လျှောက်ကြည်နေရင်းမှ အိမ်ရှေ့ ခြံဆောင့်ရှိ ရေတုံကင်ဆီသို့သွားပြီး တုံကင်ကို အားပါးတရ နှိပ်ရင်း မိမိအဖြစ် ကိုစဉ်းစားသုံးသပ်နေမိလေသည်။အမေသည် သူပင်ပင် ပန်းပန်း ရှာထားသော ငွေများ ဆုံးရှုံးသွားသည်အတွက် နှမြောတသဖြစ်မည်မှာ မလွဲချေ။သို့သော် အမေက သူ.ခံစစားချက်ကို တစ်စွန်းတစ်စလေးမျှမပေါ်ရအောင်ထိန်းချုပ်ထားနိုင်ပေသည်။မိခင်က သည်မျှ မိမိကို နားလည်ပေးထားပါလျက် ငြိမ်းအနေနှင့် သည်တစ်ခါ၌ စိတ်ဓါတ်ကျပြီး စွန့်လွှတ်လိုက်ရင် နောင်ဘယ်သောအခါမှ အမေက ငြိမ်းကို ယုံကြည်တော့မည်မဟုတ်ဟု တွေးမိလိုက်ပြန်သည်။အမေ မယုံတာထက် အမေ့ကို ချမ်းချမ်းသာသာနှင့်ထားချင်သော ငြိမ်း၏ စိတ်ကူးများသည် တစ်သက်လုံးလေထဲ တိုက်အိမ်ဆောက်နေသကဲ့သို့သာ ဖြစ်လိမ့်မည်ထင်သည်။ကျောက်စည်ထဲတွင် ရေများပြည်လျှံသွားပေပြီ။ ငြိမ်းသည်လည်း အတွေးစများကိုရပ်ပြီး အိမ်ပေါ်သို့ ပြန်တက်ခဲ့လိုက်သည်။

ဆိုင်ရှိလူတစ်ယောက်သည် ငြိမ်းနှင့် အေးသီတာကိုကြည့်ပြီး လေသံမာမာနှင့် ပြောလေသည်။ဒါသည် ဈေးဝယ်သူ၏ ပုံပန်းသဏ္ဍန်ကို ကြည့်ပြီး အထင်သေးတတ်သော ဆိုင်ရှင်များနှင့် အလုပ်သမားများ ၏အကျင့်စရိုက်ပင်ဖြစ်လေသည်။ငြိမ်းကလည်း ငြိမ်မခံတတ်တော့ ခပ်မာမာပင် ပြန်ပြောပစ်လိုက်သည်။ " သင်္ကြန် ဝတ်ဖို့အများဆုံးပါတဲ့ အစုံထုတ် တစ်ထုတ်လောက် လိုချင်တယ်...ခုမှစရောင်းမှာမို့ သန်တာလေး ပေး ပါ ...အရင်ကလည်းဒီဆိုင်မှာ ဝယ်ဖူးပါတယ်...အဆင်ပြေရ င် နောက်လည်း အမြဲယူမှာပါ...." ဦးလေးကြီးသည် ငြိမ်းစကားကိုနားထောင်ပြီး ငြိမ်းကို ခပ်တည်တည်နှင့်ကြည်နေလေသည်။အတန်ကြာသောခါမှ "သုံးသောင်းတစ်ထုတ် ရှိတယ် ...အထည်နှစ်ရာကျော်ပါတယ်....အသန့်ထည်တွေ အများကြီးပါတယ်နော်....တစ်ထည်ငါးရားတော့ အေးအေးဆေးရတယ်...ယူမလား...." "ဟုတ်ကဲ့ ယူမယ်....ဒါဆို လူကြီးဝတ်ဘောင်းဘီနဲစကပ်တွေချည်းပါတဲ့ အထုတ် နှစ်သောင်းတန်း ရှိလား....ရှိရင် တစ်ထုတ်ပေး..." "ရှိတယ်...ရှိတယ်...ပေးမယ်" ငြိမ်းသည် အေးသီတာနှင့်အတူ အထုတ်နှစ်ထုတ်ကို ကားနှစ်ဆင့်စီးပြီး ဆိုက်ကား အဆင့ဆင့်စီး၍ အိမ်သို့ သယ်ယူခဲ့လေသည်။အိမ်၌ ဒေါ်ခင်မာမြင့်ပေးခဲ့သော အင်္ကျီချိတ်များလည်းရှိသလို ဈေးထဲတွင်လည်း တစ်နေ့ သုံးရာနှင့် နေရာ ငှါးထားပြီးပြီးဖြစ်လေသည် ။ပြီးလျှင် ဈေးအသွားအပြန်အတွက် တွန်းလှည်းအဟောင်း လေးတစ်စီးလည်းအဆင်သင့် ၀ယ်ယူထားပြီးပြီဖြစ်သည်။ငြိမ်းသည် ပျော်ရွှ တက်ကြွစွာ အိမ်သို့ ပြန်ခဲ့လေသည်။ ******* "ဒီနေ့တော့ နားပါအုံးလား သမီးရယ်...ထမင်းအေးဆေးစားပြီးမှ လုပ်ပါကွယ်... ဟိုမယ် သီတာအေးလဲဆာရောပေါ့....ကဲလာ လာ သမီးသီတာအေးရေ ထမင်းလာစားအုံး..." ငြိမ်းက ဈေးမှပြန်ရောက်သည်နှင့် အထည်ထုတ်ကို ဖွင့်ကြည့်ရန်ပြင်လိုက်သောကြောင့် မငြိမ်းဝေက တားမြစ်လိုက်ခြင်းဖြစ်လေသည်။ မိခင်ပြောမှ ငြိမ်းလည်း အပေါ်မှ ထပ်ဝတ်သွားသော ရှပ်အင်္ကျီကိုချွတ်ပြီးတန်းမှာ ချိတ်လိုက်သည်။ပြီးမှ ဝတ်ထားသော ဘောင်းဘီကို အိမ်နေရင်း ဘောင်းဘီနှင့်လဲဝတ်လိုက်ပြီး ထမင်းစားရန် ပြင်လိုက်သည်။ ထမင်းသာ ထိုင်စားနေရသော် လည်း ငြိမ်းစိတ်တွေက အထည်ထုတ်နှစ်ထုတ်ဆီသို့သာရောက်နေသည်။အထုတ်တွေကို ဖွင့်ပြီးအထဲမှအထည်တွေကို မြန်မြန်ကြည့်ချင်လှပြီဖြစ်လေသည်။ "ရေလေ ဘာလေး သောက်ပါအုံး သမီးရယ်..." ထမင်းစားပြီးသည်နှင့် အထည်ထုတ်တွေနား ထိုင်ချလိုက်သော သမီးဖြစ်သူကို လှမ်းအော်လိုက်ရင်း မငြိမ်းဝေက ဈေးဝယ်သူလာသောကြောင့် ရောင်းနေလေသည်။သီတာအေး လည်း ထမင်းစားပြီးသည်နှင့် သူ့အိမ်ဘက်သို့ ပြန်သွားလေသည်။ ငြိမ်း တစ်ယောက်တည်း အိမ်ရှေ့ခန်းတွင် အထည်များအနီး ထိုင်ချလိုက်သည်။မိခင်ဖြစ်သူ မငြိမ်းဝေကမူ အိမ်ရှေ့ အဖီချထားသော ဈေးဆိုင်ထဲတွင် ဈေးဝယ်သူများကို ရောင်းနေ၏။ငြိမ်း စိတ်ထဲ ဘာရယ်မဟုတ် ခြေတုန်တုန်လက်တုန်တုန်နှင့် အထည်ထုတ်ကို ဖွင့်ကြည့်လိုက်သည်။ အထည်ထုတ်ကို ဖွင့်နေသော ငြိမ်း၏ လက်များသည် တဆတ်ဆတ်တုန်ယင်နေလေ၏။ဆယ်တန်း စာမေးပွဲဖြေစဉ်ကပင် ရင်မ တုန်ခဲ့သော်လည်း ယခုအခါ၌ ငြိမ်း ရင်တွေတထိတ်ထိတ် အခုန်မြန်နေလေသည်။နောက်ဆုံးတော့ အထည်ထုတ် ကပွင့်သွားလေပြီ။ အထုတ်ထဲမှ အထည်တွေကိုတစ်ထည်ချင်း ဆွဲထုတ်လိုက်သည်။ " အထည်တွေက ဘာလုပ်တာလဲ မငြိမ်းဝေ ..." "ဘေထုတ်တွေလေ ...စျေးထဲ ရောင်းဖို့တဲ့ ငြိမ်းသွားဝယ်လာတာလေ..." ဈေးဝယ်လာသူထံမှ မေးသံနှင့် မိခင်ဖြစ်သူ၏ပြန်ဖြေနေသံကို ငြိမ်းကြားနေရသည်။သို့သော် အသံများသည် ငြိမ်းနားထဲ၌ တိုးသွားလိုက် ကျယ်သွားလိုက်နှင့်ကြားနေရလေသည်။ငြိမ်းသည် အထုတ်ထဲမှအထည်များကို တစ်ထည်ချင်း ဆွဲထုတ်နေရင်းမှ ဝမ်းနည်းပက်လက်နှင့် ငိုချလိုက်မိလေတော့သည်။ "အဟင့်...ဟင့်...ဟီး...ဟီး....ဟီး..." @@@@@@@@@@@@@@ အပိုင်း (၉) ဆက်ရန် ဧကြည်ဖြူ

ခပ်ဝေးဝေးမှ ဦးအောင်ရှောင်လေ၏။သည်မျှမကသေး အိမ်ပြောင်း စဉ်အခါက မမခင်ကို တရိုတသေ ကန်တော့ခဲ့သော်လည်း မမခင်၏ယောက်ျား ဦးစိုးလွင်ကိုမူ လှည့်၍တောင်မကြည့်တာလည်း မငြိမ်းဝေ သတိပြုမိသည်။ သမီးလေး ငြိမံးကို ကြည့ပြီး မငြိမ်းဝေ တစ်ခါတစ်ရံတွေးမိသည်မှာ ငြိမ်းသည် သူ့ဖခင်နှင့် သူ့ဘွားအေအမျိုးများကိုမုန်းတီးနားကျည်းပြီး နေလေမလား။ငရဲငအုံကြီး စေမည့် အတွေးတွေ များ တွေးနေလေမလား ကို မငြိမ်းဝေ ပူပန်မိလေသည်။ သေချာသည်မှာ ငြိမ်းသည် ရန်ကုန်သို့ရောက်ကတည်း က သူ့ဖခင်အပါအဝင် ရွာမှ မည်သူ့အကြောင်း၊ မည်သည့်အရာကိုမှ ပြောဆိုခြင်းမရှိတော့ပါလေ။တစ်ခါတလေ "သမီး အဖေကို သတိမရဘူးလား"ဟုမေးလျှင် "မရဘူး''ဟု တုံးတိတိ ပြန်ဖြေလေ့ရှိ၏။"ဒါဆို ထူးထူးလေးကိုရော သတိမရဘူးလား သမီး... သူက သမီးဆိုးသမျှ အနိုင်ယူ သမျှ သည်းညည်းခံတယ်လေ " ဟု မငြိမ်းဝေ ပြောလျှင် "သတိမရပါဘူး..အ ကျင့်မကောင်းတဲ့မျိုးတွေ...သူလည်းအဒေါ်တူမှာပဲ ... မတော်တဆတောင် လမ်းမှာ ပြန်မဆုံချင်ဘူး" ဟု ငြိမ်း ပြောလေတိုင်း မငြိမ်းဝေ ရင်ထဲ စိုးရိမ်ပူပန်မိသည်။သတိထားမိသလောက် ငြိမ်းသည် သူ၏ငယ်သူငယ်ချင်း တင်ထူးအောင်တို့တိတ်တိတ်လေးအိမ်ပြောင်းသွားပြီးကတည်းက ရင်းနှီးခင်မင်သော သူငယ်ချင်းမထားသည်ကို မငြိမ်းဝေသတိထားမိလေ၏။ ******* " ဖြစ်ပါ့မလား သမီးရယ် ... အမေစိတ်မချဘူး ...အိမ်မှာပဲ အမေ့ကိုစျေးကူရောင်းပေးပါလား...." " စိတ်ချပါ အမေရဲ့...သမီးတစ်ယောက်တည်း လုပ်မှာမှမဟုတ်တာ...အေးသီတာကို အမေသိတယ်မဟုတ်လား...သမီးတို့အတန်းထဲကလေ သူလည်း အလုပ်ရှာ မယ် ပြောလို့ သမီးနဲ့ ဈေးကူရောင်းဖို့ ပြောလိုက်တယ်...ရောင်းရရင် ရောင်းရသလို နေ့တွက်ခပေးမယ်လို့ ပြောပြီးပြီ...." " ဘေထုတ်ဆိုတာ ဘယ်ရပိုးရနဲ့ မတော်...အညံ့ထုတ်နဲ့မိရင် ဒုက္ခများလိမ့်မယ်... " အတန်းတင် စာမေးပွဲကြီး ဖြေပြီးသွားသည်နှင့် ငြိမ်းက မိခင်ဖြစ်သူထံတွင် ဘေထုတ်ရောင်းရန်ခွင့်တောင်းနေခြင်း ဖြစ်လေသည်။ဘေထုတ် ရောင်းသော အလုပ်သည် မရှက်မကြောက်နှင့် ရောင်း ရဲဝယ်ရဲပြောရဲဆိုရဲလျှင် အမြတ်အသားတင်ကျန်သော အလုပ်မှန်း ငြိမ်းက ဒေါ်ခင်မာမြင့်ကိုကူညီလုပ်ကိုင်ပေးခဲ့ဖူးသောကြောင့်သိနေသည် ။လူဆိုသည်မှာလည်း အထည်များ အယားပြေ ဆိုသောစကားကဲ့သို့ လှသော | စျေးပေါသော အထည်များမြင်လျှင့် လိုချင်ကြလေသည်သာ။မကြာမီအချိန်၌ သင်္ကြန် လည်းရောက်တော့မည်ဖြစ်သောကြောင့် ဂျင်းဘောင်းဘီနှင့် သင်္ကြန်ဖက်ရှင်အတိုအပြတ်များအတွက် ဘေထုတ် သည်များ လက်မလည်အောင် ရောင်းချရတော့မည် ဖြစ်လေသည်။ငွေကြေးလည်း တတ်နိုင် ဆိုင်ခန်းနေရာရှိသူများဆိုလျှင် ခေါင်ထုတ်များကို ဈေးပို့ပေးဝယ်ပြီးလျှင် ဆိုင်ခန်း၌ အကျအန ချိတ်ပြီး ငါးရာတန်ကို သုံးလေးထောင်လောက်တင်ရောင်းပေလိမ့်မည်။ငြိမ်းသည် ဘ၀ကို့အိမ်ဆိုင်အသေးလေးထဲတွင် မြှုပ်နှံမထားချင်။ငွေရှာချင်သည်။အသက်ရလာပြီဖြစ်သော မိခင်ကို စက်မချုပ်စေဘဲ ချမ်းချမ်းသာသာထားချင်သည် ။တိုက်နှင့်ကားနှင့် မထားနိုင်လျှင်တောင် ငွေကြေးနဲ့ပတ်သက်လျှင် မပူမပင်ရအောင် ထားချင်သည်။မိမိတို့သားအမိကို နှိမ်ခဲ့သူများရှေ့တွင် ဝင့်ဝင့်ကြွားကြွားနေပြချင်သည်။ ထို့အတွက် ငြိမ်းသည် ငွေကို ကြိုးစားရှာရန် ဆုံးဖြတ်ထားပြီးပြီ ဖြစ်လေသည်။ "စိတ်မပူပါနဲ့ အမေရာ...ယူရမယ့်ဆိုင်တွေလည်း သမီး သိပါတယ်... ပြီးတော့ အစကို ငွေနည်းနည်းနဲ့ အထည်ရေတစ်ရာနှစ်ရာလောက်ပဲ စမ်းကြည့်မှာပါ..." "သမီး ဒီလောက် စိတ်အားထက်သန်နေမှတော့ အမေမထားတော့ပါဘူးကွယ်...ဒါပေမဲ့ အလုပ်ဆိုတာဇွဲရှိရှိလုပ်ရတယ်... သည်းခံသင့်သလောက် သည်းခံရတယ်....ကိုယ်မျော်မှန်းတဲ့အတိုင်း ဖြစ်မလာရင်လဲလွယ်လွယ်နဲ့ စိတ်ဓါတ်ကျလို့မဖြစ်ဘူး..." ငြိမ်းစိတ်အားထက်သန်နေသောကြောင့်သာ မငြိမ်းဝေ ခွင့်ပြုခဲ့ရသော်လည်း မတော်တဆ လုပ်ငန်းထဲ၌ အမှားအယွင်းဖြစ်သွားလျှင် သမီးလေးငြိမ်း စိတ်ဓာတ်ကျသွားမည့်အရေးကို သာ မငြိမ်းဝေတွေးပူနေမိလေ၏။ ********* ငွေငါးသောင်းထည့်ထားသော အိတ် လေးကို ငြိမ်းစလွယ်သိုင်းလွယ်ထားပြီး အေးသီတ နှင့်အတူ အဟောင်းထည်လက်ကားပေးသော ဆိုင်ထဲသို့ ဝင်ခဲ့သည်။ဆိုင်ထဲတွင် ဝယ်ယူသူများနှင့် ကြိတ်ကြိတ်တိုးနေ လေ၏။အများစုမှာ သိန်းကို ဆယ်ချီအထိ ဝယ်ယူသူများဖြစ်ပြီး ငြိမ်းတို့လို အထုတ်သေး ဝယ်ယူသူမှာရှားလှလေသည်။ပြီးလျှင် ဘေထုတ်ကလည်း စျေးအမျိုးမျိုးရှိသလို အထည်အမျိုးအစားလိုက် စျေးလည်း ကွာသည်။အစုံထုတ် (ကလေး၊လူကြီးဝတ်အစုံပါသော အထုတ်) |ကျားဝတ်သီးသန့်၊ မဝတ်သီးသန့် ၊ ဂျင်းထည် သီးသန့်၊ စကပ် ဂါဝန်ဟူ၍ အထုတ်မျိုးစုံရှိလေသည်။ထိုထဲမှ ငြိမ်းက သောင်းပြောင်းအရောထုတ်ကို ယူမည်ဖြစ်လေသည်။ ငြိမ်းလည်းကြိတ်ကြိတ်တိုးနေသော ဝယ်သူများကြား တိုးဝှေ့ဝင်ကြည့်လိုက်သည်။ "ထုံးစံအတိုင်းပဲ...အထည်တွေကတော့ ရွေးယူခွင့်မရှိဘူး...အားလုံးနိုင်ငံတကာကလာတဲ့ အထည်သန့်တွေချည်းပဲ...အထည်ရေအလိုက် နှစ်သောင်းတန် ကနေ သိန်းကျော်အထိ အစားစားရှိတယ်...ပြည်တွင်းဖြစ် အပေါင်ဆုံးတွေလည်းသက်သက်သာသာ နဲ့ရမယ်နော်..." ရွေးခွင့် မရှိဟုဆိုသော်လည်း ငြိမ်းသည် ငါးသောင်းအောက် အထုတ်များကို အိတ်ပြင်မှ လက်နှင့် ထိစမ်းကြည့်နေမိသည်။ "ကလေးမ ယူမှာလား...မယူရင်လဲဖယ်.... "

"မဆိုးပါဘူး အမေ...ဒီနေရာမှာ ကုန်ခြောက်ဆိုင်လေးဖွင့်ရင် အဆင်ပြေမယ်ထင်တယ်...." မငြိမ်းဝေသည် ငြိမ်း၏အတွေးစိတ်ကူးကြောင့် အံ့သြသွားမိလေ၏။ အဘယ် ကြင့်ဆိုသော် မငြိမ်းဝေကိုယ်၌ကလည်း အိမ်ဆိုင်လေးဖွင့်ရန် စိတ်ကူးထားသောကြောင့် ဖြစ်လေသည်။ "ငွေပိုရင်တော့ ရေတုံကင်လေးဖြစ်ဖြစ် တူးရအောင် အမေ... သစ်ပင်စိုက်ရင် ရေလိုတယ်...ရေ၀ယ်သုံးရရင် ကြာရှည် ဆိုမလွယ်ဘူး....ဘာပဲဖြစ်ဖြစ် သမီးတို့တွေ သူများမျက်နှာကြည့်ပြီးနေရတဲ့ ဘ၀က လွတ်တော့မှာမို့ အရမ်းပျော်တာပဲ ...လူတန်းစေ့နေနိုင်အောင်တော့ သမီးကြိုးစားမှာပါ အမေ ***** "သမီးရေ တော်တော့...စာလာကျက်တော့ ...ကျန်တာ အမေဆက်လုပ်လိုက်မယ်..." ငြိမ်းက မိခင်ကို ခေါင်းခါပြလိုက်မိသည်။ " မနက်ဖြန်မနက်မှ စောစောထကျက်မယ် အမေ...ဒီပစ္စည်းတွေ အမေတစ်ယောက်တည်း နေရာချနေရင် တစ်နေကုန်တောင် ပြီးမှာမဟုတ်ဘူး.." ငြိမ်းက ပြောရင်း ဆိုက်ကားနှင့်သယ်လာပြီးအိမ်ရှေ့တွင် ပုံချထားသော ပစွည်းများကို အိမ်ပေါ်သို့ အမြန်သယ်တင်လိုက်သည် ။ငြိမ်းတို့အိမ်လေးသည် ပေနှစ်ဆယ်ခြောက်ဆယ်ခြံလေးထဲတွင် ခေါင်းရင်းဘက်ခြမ်းမှာ ကပ်ဆောက်ထားပြီးအိမ်ကိုခြံရှေ့သို့ တိုးကပ် ဆောက်ထားသော အုပ်ဖိနပ်နှင့် ဆောက်ထားသော သွပ်မိုးထရံကာ အိမ်လေး ဖြစ်သည်။ သွပ်မိုးထရံကာ ဟုဆိုသော်လည်း ဆင့်တန်းများသာ သစ်သားဖြစ်ပြီး အပေါ်မှ ဝါးကြမ်းများကို ခပ်စိပ်စိပ် ခင်းထားသည်။အိမ်အကျယ်မှာ အနံဆယ့်နှစ်ပေနှင့် အရှေ့အနောက်ပေသုံးဆယ် ဆောက်ထားသည်။ထို့ပြင် အိမ်ပြုပြင်သည့်အခါ၌ အဆင်ပြေစေရန် ခေါင်းရင်းဘက်တွင် မြေနှစ်ပေချန်ထားလိုက်သည်။ခြေရင်းဘက်၌မူ မြေပိုရထားသော မြေနှင့်ဆိုလျှင် မြေရှစ်ပေပိုလေ၏။အိမ်နောက်ဘက်၌လည်း ပေသုံးဆယ် ကျန်သေးသည်။ထိုမြေလွတ်များတွင် သစ်ပင်စိုက်ရန် ရည်ရွယ်ထားသောကြောင့် ခြံရှေ့ ခြေရင်းဘက်တွင် ရေတုံကင် တူးလိုက်သလို ခြံကိုလည်း ဝါးကပ်များဖြင့် ခပ်စိပ်စိပ် ကာလိုက်ရလေသည်။သို့မှသာ အိမ်နီးနားချင်းအိမ်များရှိ ကြက်၊ ဝက်၊ ဘဲများနှင့် ခွေးများ၏ရန်မှလွတ် ပေမည်။ပြီးလျှင် ဈေးဆိုင်ဖွင့်ရန်အတွက် အိမ်ကို ရှေ့သို့တိုးဆောက်ထားခြင်းကြောင့် ဈေးဆိုင်လေးလည်း အမြန်ဆုံးဖွင့်လို့ရနေပြီဖြစ်လေသည်။ "သမီး စာမေးပွဲ မပြီးမချင်း ...သစ်ပင်စိုက်တာ ...စျေးရောင်းတာတွေကို လုပ်ခွင့်မပြုဘူးနော်...စာမေးပွဲပြီးမှာ သမီးလုပ်ချင်တာတွေလုပ် .... တီ ဗွီနဲ့ အောက်စက်လည်း စာမေးပွဲပြီးမှဝယ်ပေးမယ်...အခုတော့ အမေ ရှာလို့ရတဲ့ငွေရယ် ကျန်တဲ့ ငွေရယ်နဲ့ချွေတာသုံးကြတာပေါ့....." "ဟုတ်ကဲ့ပါ အမေ... တစ်ခါတလေ စာကျက်ရင်း စျေးကူရောင်းခွင့်တော့ ပြုပါနော်...ရှေ့လဆိုကျောင်း ခေါ်ချိန်တွေပြည့်သွားလို့...ကျောင်းကိုနေ့တိုင်းတက်စရာလည်းမလိုတော့ဘူးလေ အမေရဲ့....." ******** လမ်းထိပ် ကင်းတဲမှ သံချောင်းခေါက်သံကြောင့် မငြိမ်းဝေ ဖျတ်ခနဲ လန့်နိုးသွားသည်။သံချောင်း ခေါက်သံ နှစ်ချက်တိတိကြားလိုက်ရသည်။ မငြိမ်းဝေသည်ငြိမ်းကိုကြည်လိုက်သည်။သို့သော် ခြင်ထောင်ထဲတွင် ငြိမ်းက မရှိ။ မငြိမ်းဝေ ခြေကို ခပ်ဖွဖွနင်းပြီး အိမ်ရှေ့သို့အသာချောင်းကြည့်လိုက်သည်။ငြိမ်းသည် စာကြည့်စားပွဲခုံပုလေးတွင် အသံတိတ် စာကျက်နေလေသည်။ကြည့်ရသည်မှာ ရေးမှတ်၍ ကျက်နေပုံရလေ၏။စာကိုစိတ်ဝင်တစားကျက်မှတ်နေသောကြောင့် မငြိမ်းဝေကြည့်နေသည်ကို မသိဘဲ ရှိလေသည် ။ထိုမြင်ကွင်းကြောင့် မငြိမ်းဝေရင်ထဲ စိတ်ချမ်းသာမိလေ၏။မငြိမ်းဝေသည် ကိုယ်တိုင်က အလယ်တန်းအဆင့် အောင်ရုံသာ ပညာသင်ကြားခဲ့ရပြီး မိဘတွေ စီးပွာရေးမပြေလည်သောကြောင့် ရှစ်တန်းအောင်သောအခါ ကျောင်းမှထွက်ပြီး စက်ချုပ်သင်ခဲ့ရသည်။အိမ်၏စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ ဝိုင်းကူခဲ့ရသည်။ထိုအချိန်မှစ၍ ပညာရေးနှင့့်ဝေးခဲ့ရသည်။သို့သော်လည်း မငြိမ်းဝေသည် အလုပ်တစ်ဖက်ကြားမှာ လက်လှမ်း မီရာ စာပေများကို လေ့လာမှတ်သားခဲ့သည်။ထိုသို့ စာပေများ လေ့လာဖတ်ရှုခဲ့၍ ထင်သည် ။ မငြိမ်းဝေလောကဓံကို မကြောက်မရွံ ရင်ဆိုင်နိုင်ခဲ့သည်။သမီးလေး ငြိမ်းကိုလည်း ထိုသို့ပင် မငြိမ်းဝေ ဖြစ်စေချင်မိ၏။ သမီးငြိမ်းကို ဆရာဝန် ၊ အင်ဂျင်နီယာ၊ ကျောင်းဆရာမ စသည်ဖြင့် ဘာဖြစ်ရမည်၊ ညာဖြစ်ရမည်ဟု ဖိအားမပေး။ မမျှော်လင့်ထားပါ။ မငြိမ်းဝေ မျှော်လင့်ထားသည်မှာ သမီးလေး ငြိမ်းကို အတွေးအခေါ်မှန်ကန်တဲ့သူ။ ကြုံလာသမျှ လောကဓံကို သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန်နှင့် ရင်ဆိုင်ကျော်ဖြတ်ရဲသောသူတစ်ယောက်သာ ဖြစ်စေချင်ရုံပင် ။ပြီးလျှင် ကိုယ့်အပေါ် မကောင်းတဲ့သူတွေကို သည်း ခံသင့်ရင်သည်းခံ ခွင့်လွတ်သင့်ရင်ခွင့်လွတ်နိုင်သော စိတ်လေး ရှိစေချင်သည်။သည်ကိစ္စ၌မူ သမီးလေး ငြိမ်းသည် အနည်းငယ်စိတ်ဓါတ် မာကျောနေသည်ဟု မငြိမ်း ဝေ ထင်မိလေ၏။ မှတ်မှတ်ရရ မငြိမ်းဝေတို့ အဆင်ပြေလာသောအခါ အစ်ကိုကျော်ဦးတို့မိသားနှင့် ခေါ်ခေါ်ပြောပြောပြန် နေခဲ့သည်။သို့သော်လည်း သမီးလေး ငြိမ်းသည် သူ့အစ်မတစ်ဝမ်းကွဲမိုးမိုးနှင့် သူ့မောင်တစ် ဝမ်းကွဲတိုးတိုးကို လမ်းတွေ့လျှင် ပျူပျူငှာငှာနှုတ်ဆက်တတ် ၊ အိမ်သို့အလည်ခေါ်တတ်သော်လည်း သူတို့အိမ်သို့ လုံး၀ သွားလေ့မရှိပေ။တောင်းတောင်းပန်ပန်နှင့် ခေါ်လျှင်တောင်မလိုက် ။ သူ့ဘကြီးနှင့် ကြီးတော် မအေးခိုင်တို့နှင့် လမ်း၌ ဆုံမိလျှင်ပင်

ဧကြည်ဖြူ "ချစ်ဆိပ် " (ချူ ) (အပိုင်း ၈ ) - - - - - - - - - - - - - - - - - "ရောင်းမှဖြစ်မယ်ဆိုတော့လဲ ..ရောင်းရမှာပေါ့ မမခင်ရယ်...ဒါနဲ့ ဘယ်လောက်နဲ့ရောင်းမှာလဲ......" "အိမ်အပါ ဆယ့်ရှစ်သိန်းလောက် ရမယ်ထင်တယ်... လမ်းမတန်းဆိုတော့လေ..." "ဪ....ဆယ့်ရှစ်သိန်းဆိုတော့ မဆိုးပါဘူး...မမခင်တို့က ခြံ ပြန်မ၀ယ်တော့ဘူးလား..." "မဝယ်တော့ပါဘူး အေ...အကြီးကောင်ကိုဝယ်ပေးထားတဲ့ခြံမှာပဲ သွားနေတော့မယ် ... အသက်ကြီးလာလို့ ဒီအထည်ဟောင်း ရောင်းတဲ့ အလုပ်လည်း မလုပ်နိုင်တော့ပါဘူး အေ...ညည်းတို့သားအမိရော ခြံလေးဘာလေးဝယ်ဖို့ငွေမစုမိသေးဘူးလား..." "ခြံဝယ်ဖို့ ငွေစုမိလိုက်...ခြံတွေက ဈေးတက်သွားလိုက်နဲ့ လိုက်လို့ကို မမီဘူး ဖြစ်နေတာ မမခင်ရဲ့.....စျေးလေတန်လို့ ဝယ်မယ်စိတ်ကူးလိုက် သူဋ္ဌေးတွေက ဝယ်သွားလိုက်နဲ့......" ***** " ဒါဆို သိပ်မကြာခင် ပြောင်းပေးရမှာပေါ့ ဟုတ်လား...အမေ..." ငြိမ်း စိတ်ပျက်လက်ပျက်နှင့်မိခင်ကို မေးလိုက်မိသည်။ "အဲ့ဒီလိုပဲ ပြောရမှာပေါ့...လမ်းမတန်းဆိုတော့ လူကြိုက်လဲများတယ်လေ သမီးရဲ့..." "ဒုက္ခပါပဲ အမေရယ်... ဒါနဲ့ ...ဒီလမ်းပေါ်မှာ ...ဆိုင်ခန်းငှါးဖို့ စုံစမ်းကြည့်မလား ဟင် အမေ ... သမီးဆီမှာ စုထားတဲ့ ငွေရှိတာပဲ...." ငြိမ်းစကားကြောင့် မငြိမ်းဝေခေါင်းကို အသာခါယမ်းလိုက်မိလေ၏။ "တစ်လ တစ်သောင်းတဲ့ ...ပြီးတော့ ခြောက်လတစ်နှစ်စာ တင်ခိုင်းတာ သမီးရဲ့....ဒီပုံအတိုင်းသားငှားနေရရင်...အမေတို့ တော့ ဒီတစ်သက် အိမ်ငှားဘ၀ကကျွတ်မှာ မဟုတ်ဘူး...အမေစဉ်းစားထားတာ ရှိတယ်...အမေတို့မှာရှိတဲ့ငွေနဲ့ ချောင်ကျကျ တစ်နေရာလောက်တော့ ဝယ်လို့ရလောက်တယ်... ဘယ်လိုသဘောရလဲ သမီး...အလုပ်တော့ ပြောင်းရမှာပေါ့....." မငြိမ်းဝေ သည် ငြိမ်းကို တိုင်တိုင်ပင်ပင်နှင့့် ပြောလိုက်သည်။ငြိမ်းသည်လည်း အသက် ဆယ့်ငါးနှစ်ကျော် ဆယ်တန်းကျောင်းသူ အရွယ်ရောက်နေပြီဖြစ်သောကြောင့် မငြိမ်းဝေ အတွက် အားကို အားထားရနေလေပြီ ဖြစ်လေ၏။ " ကောင်းတယ်အမေ...သမီးတို့ကိုယ်ပိုင်အိမ်နဲ့ပဲ နေကြမယ်... အိမ်ပိုင်ရှင်တွေရဲ့ မျက်နှာကိုကြည့်နေရတဲ့ဘ၀မှာလဲ မနေချင်တော့ပါဘူး....ချောင်ကျတဲ့နေရာမို့ ဈေးရောင်းလို့ မရလဲ မနက်ခင်းစျေးထဲ နေရာတစ်နေရာငှားပြီး ရောင်းကြမယ်...သမီး အတန်းတင်စာမေးပွဲပြီးသွားရင် ဈေးထဲမှာ ဘေထုတ်ရောင်းမယ် အမေ...ယူတဲ့နေရာလည်းသမီးသိတယ် ... အမေဘာမှမပူနဲ့ ... မနက်ဖြန်ကစပြီး မြေကွက်သာအမြန်ရှာတော့ " ပြောရင်း ငြိမ်းက သူ့ခေါင်းအုံးလေးထဲတွင် သပ်သပ်ရပ်ရပ် ခေါက်ထည့်ထားသော ငွေတစ်ထပ်ကို မိခင်ဖြစ်သူကိုလှမ်းပေးလိုက်သည်။ မငြိမ်းဝေကလည်း သင်ဖြူးဖျား အဟောင်းလေး၏ အလယ်ကြားတွင်ထည့်ထားသော ငွေစက္ကူများကို ထုတ်၍ ရေတွက်လိုက်၏။ ပြီးလျှင် အဖုံးပိန်ချိုင့်နေပြီဖြစ်သော သံသေတ္တာအဟောင်းလေးကို ဖွင့်လိုက်လေသည်။သေတ္တာထဲ၌ ထဘီ အဟောင်းများရှိ၏။မငြိမ်းဝေ သည် သေတ္တာ၏ ထောင့်တစ်နေရာကို နှိုက်၍ အထုတ်တစ်ထုတ်ကို ဆွဲယူလိုက်သည်။ ငြိမ်းက မိခင်လုပ်သမျှကို သေချာကြည့်နေမိပြီး "ဘာလဲ အမေ''ဟု မေးလိုက်သည်။ မငြိမ်းဝေက ငြိမ်းကို အနားသို့ ခေါ်ပြီး အထုတ်လေးကို ဖြည်ပြလိုက်ရာ ငြိမ်းသည်အထုတ်လေးထဲမှ အရာများကိုကြည့်ပြီး အံ့ဩဝမ်းသာစွာ မိခင်ကို ခပ်တိုးတိုးမေးလိုက်မိသည်။ "ရွှေ...ရွှေတွေပါလား...အမေ...." "သမီးအဖေနဲ့ နေတုန်းက အမေစုထားခဲ့တာတွေလေ... သမီးလေး အရွယ်ရောက်မှပေးမလို့လုပ်ထားတာ...ခုတော့ရောင်းထုတ်ပြီး နိုင်သလောက် ခြံလေးဝယ်ကြတာပေါ့...ခုခေတ်ဈေးနဲ့ဆို ခြောက်သိန်းကျော်လောက်ရမယ်ထင်တယ်...အမေတို့ စုထားတဲ့ငွေ ငါးသိန်းကျော်နဲ့ဆို ရပ်ကွက်အနောက်ချောင်ထဲမှာ မြေတစ်ကွက်လောက်တော့ ၀ယ်နိုင်မှာပါ...." "၀မ်းသာလိုက်တာအမေရယ်...အဲ့ဒါဆို သမီးတို့ အိမ်ပိုင်ခြံပိုင်နဲ့နေရင်တော့မှာပေါ့နော်... ခြံ၀ယ်ပြီးရင် အိမ်ကို ခပ်သေးသေးပဲဆောက်မယ် အမေ... မြေပိုချန်ထားပြီး သီးပင်စားပင်တွေစိုက်ကြမယ်... ဟင်းချက်စရာဖိုးသက်သာတာပေါ့ အမေရာ...ပြီးရင် တီဗွီလေးတစ်လုံးနဲ့အောက်စက်လေးတစ်လုံးလောက်ဝယ် ကြမယ်နော် ... ညဘက် စက်ချုပ်ရင်းအပျင်းပြေကြည့်လို့ရတာပေါ့..." ငြိမ်းက သူလိုချင်တာတွေ မိခင်ကို ပြောလိုက်သည်။ မငြိမ်းဝေက စိတ်ကူးနှင့်ပျော်ရွှင်နေသော သမီးဖြစ်သူကို ကြည်နူးစွာ ကြည့်လိုက်မိပြီး "အေးပါ သမီးရယ် ... သမီးသာ ဆယ်တန်းကို နှစ်ချင်းပေါက်အောင်ရင် အမေတို့အတွက် ...အားလုံးပြည့်စုံပါပြီကွယ်...ကဲ ခုတော့ အိပ်ကြစို့...သမီးလည်းမနက် စောစောထ စာကျက် ... အမလည်း မနက်လင်းတာနဲ့ မြေကွက်လိုက်ရှာမယ် ဟုတ်ပြီလား..." ****** "ဒီခြံပဲ...သမီးသဘောကျတယ်ဆိုရင် ... အမေတို့ ဝယ်လိုက်ကြမယ်လေ...ငါးသိန်းခွဲတဲ့...အိမ်ဆောက်တာနဲ့မီးလျှောက်ဖို့ပါဆိုရင် အမေတို့ရှိတဲ့ငွေနဲ့လောက်မှာပါ...ပေနှစ်ဆယ်ခြောက်ဆယ် ဆိုတော့ သစ်ပင်လည်းစိုက်လို့ရတာပေါ့..." မိခင်ပြသော မြေကွက်ကိုငြိမ်းသေချာ ကြည့်လိုက်မိသည်။ မြေကွက်သည် ရပ်ကွက်၏ချောင်ကျသော နေရာတွင် ရှိသည်။ဈေးနင့်လည်း အလွန်ဝေးလေသည်။ချောင်ကျသောနေရာဟု ဆိုသော်လည်း အိမ်ခြေတော့ အတော်များများရှိ လေ၏။ ရှိသောအိမ်များမှာလည်း အတော်လေးပင်ဆင်းရဲကြဟန် ရှိလေသည်။

"အစ်မတို့ အိမ်ရောင်းရတော့မယ် ငြိမ်းဝေရဲ့...အိမ်က အမူးသမား ကိုဆေးကုဖို့ ချေးငှားထားတဲ့ငွေတွေရယ်...သားကြီးအတွက် ချေးငှားပေးထားတဲ့ ငွေတွေ ရော အကြွေး ကပတ်လည် ဝိုင်းနေပြီလေ...ဒီကြားထဲ သားတော်မောင်က အမွေတောင်းနေတယ်လေ... နေစရာမရှိသူ့ အိမ်လာနေတဲ့ ဒီအိမ်ကို ရောင်းလိုက်တဲ့လေ... အဲ့ဒါ ငြိမ်းဝေ တို့သားအမိ ကြိုကြိုတင်တင် အိမ်ရှာထားရအောင် မမခင်က ပြောတာ....အိမ်က ရောင်းမယ်ဆို ဝယ်မယ်သူကအဆင်သင့်ပဲ......" "ရှင်....ဒါ...ဒါဆို....ကျွန်မတို့သားအမိကချက်ချင်းပြောင်းရမှာပေါ့...ဟို...သမီးလေးဆယ်တန်းပြီးတဲ့အထိ တောင်နေလို့မရတော့ဘူးပေါ့..." "အေးဟယ်...ငြိမ်းဝေရယ်...မမခင် တကယ်စိတ်မကောင်းပါဘူးအေ...." @@@@@@@@@@@@@ အပိုင်း(၈)ဆက်ရန် ဧကြည်ဖြူ

"အို...ဟဲ့...ဟဲ့ သမီး...စိတ်ကို ထိန်းစမ်း...သူက အမူးသမား....သူနဲ့ဖက် ဖြစ်လို့ဘာအကျိုးရှိမှာလဲ...ပြီးတော့ မမခင် မျက်နှာကို ထောက်ရမယ်လေ...ဘာပဲဖြစ်ဖြစ် လခပေးနေရတယ်ဆိုပေမဲ့ ကိုယ့် ကျေးဇူးရှင်တွေလေ..သည်းခံသင့်သလောက် သည်းခံရမယ် သမီး ... ဒီထက် အမေတို့ သိက္ခာကို ထိပါးလာရင်တော့ အမေတို့ ဒီကပြောင်းကြတာပေါ့ကွယ်...ခုတော့ မသိချင်ယောင်ဆောင်နေလိုက်ပါ သမီးရယ်..." မိခင်၏ တားမြစ်မူကြောင့် ငြိမ်းသည် လက်ထဲ တွင် တင်းတင်းဆုပ်ထားမိသော ထောက်ချွန်ကို စားပွဲခုံပေါ်ပြန်ချလိုက်သည်။ ******** " သေချာစဉ်းစားဦး ငြိမ်းဝေရဲ့...အချိန်တန်တော့ နင့်သမီးက လင်ယူမှာ အဲ့ကျမှ နင်တစ်ယောက်တည်း ဒုက္ခရောက်နေမယ်...ဦးချိုတူးက အိမ်ထောင်ရှိတယ်ဆိုပေမဲ့ မိန်းမက မန္တလေးမှာနေတာ ဒါပေမဲ့ ရောဂါသည် ပါတဲ့အေ.... ညည်းကို သေချာတောင်းရမ်းယူပါမယ်တဲ့...ညည်းသာ ခေါင်းငြိမ့်ရင် ဒီရပ်ကွက်မှာခြံတစ်ခြံဝယ်ပေးမယ်တဲ့....ဘယ်လိုသဘောရလဲ....." ငြိမ်း ကျောင်းကပြန်ရောက် ရောက်ခြင်း ဒေါ်ခင်မာမြင့်၏ ဘေထုတ်ဆိုင်ထဲသို့ ဝင်ပြီး အထည်များ နေရာပြန်ချနေစဉ်မှာပင် အခန်းဘက်မှ ကြားလိုက်ရသော စကားသံများကြောင့် ငြိမ်းတစ်ကိုယ်လုံး သွေးများ ပွက်ပွက်ဆူလာလေသည်။ငြိမ်း ဒေါသကို မထိန်းနိုင်ဘဲ အိမ်ခြံပွဲစားတစ်ဖြစ်လဲ လူပွဲစားဒေါ်မြသောင်းကို ရန်တွေ့ရန် တစ်ဘက်ရှိ မိမိတို့ ဆိုင်ခန်းဘက်သို့ ကူးသွားရန်ဟန် ပြင်လိုက်ရာ မိခင်ဖြစ်သူ၏ ပြန်ပြော သောအသံကိုကြားလိုက်ရလေသည်။ "မဟုတ်တာတွေ ဒေါ်မြသောင်းရယ်....ကျွန်မကိုယ်ပိုင်အိမ်နဲ့ နေဖို့ သူများအသိုက်အမြုံကို ဖျက်ဆီးရမှာတဲ့လား ...ဒီလိုအလုပ်မျိုးကို ဒီတစ်သက် မပြောနဲ့ နောက်တစ် သက်တောင် မလုပ်ဘူး အဒေါ်ရေ ...ပြီးတော့ ကျွန်မမှာ သမီးလေးရှိတယ် ... နောက်အိမ်ထောင်လည်း ပြုဖို့ အစီအစဉ်မရှိပါဘူး...." "အေးပါဟဲ့ ....ငါက ညည်း တို့သားအမိ မတော်တဆ အရက်သမား စားမိသွားမှာ စိုးလို့ပါ အေ...ညည်း သမီးကလည်း အချောလေး မဟုတ်လား ....သတင်းတွေ ပေါင်းစုံထွက်နေလို့ပါ အေ..." "ဒီမှာ ...ဒေါ်မြသောင်း" "ဟင် ... သမီး ငြိမ်း.... ဒေါ်မြသောင်း ပြန်ပါတော့နော် ..." မငြိမ်းဝေမှာ ဒေါသတကြီး အော်လိုက်သော ငြိမ်းအသံကြောင့် ထိတ်လန့် သွားမိပြီး ဒေါ်မြသောင်းကို အတင်းပြန်လွှတ်လိုက်ရလေသည်။ ငြိမ်း စိတ်တိုတိုနှင့် ဒေါ်မြသောင်းရှေ့မှ ပိတ်ရပ်လိုက်သည်။ "ကျွန်မအမေကိုတော့ သူများအငယ်အနှောင်အဖြစ်မခံဘူး.... နေစရာ စားစရာမရှိရင် ကျွန်မကိုယ်တိုင် ဈေးတောင်းခေါင်းရွက်ပြီးရှာကျွေးလိုက်မယ်... ပြီးတော့ ကျွန်မတို့ သားအမိ အမူးသမားစာ မဖြစ်ခင် အဒေါ်ကြီး သမီးအလုပ်သွားအလုပ် ပြန်ကိုသာ သေချာ လိုက်ကြိုပါနော်.....တော်ကြာ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေမှာစိုးလို့..." "သမီး ငြိမ်း.... အဲ့ဒီလို မပြောရဘူးလေ....ပြန်ပါတော့ ဒေါ်မြသောင်းရယ် ပြန်ပါတော့နော်...." ဒေါ်မြသောင်းက ဆူဆူအောင့် အောင့်နှင့်ထွက်သွားသလို ငြိမ်းလည်း စိတ်တိုတိုနှင့် မိခင်ဘေးမှဝင်ထိုင်လိုက်သည်။ "အမေရယ်... ဒီလိုလူမျိုးတွေနဲ့ အပေါင်းအသင်းမလုပ်ပါနဲ့ဆို..." "ဘယ်ဟုတ်မလဲသမီးရယ် ... မခေါ်ချင်ပေမဲ့ သူ့အရပ်နဲ့ သူ့ဇာတ် မေးထူးခေါ် ပြောလေးတော့ လုပ်ရတာပေါ့..." "ဒါနဲ့ သမီးမရှိတဲ့အချိန်မှာ ဘဘစိုးလွင်က အမြဲပြောဆိုနေတာလား အမေ..." "မူးမှ ပြောတာပါ သမီးရယ်...ခုတလော မမခင်လည်း စီးပွားရေးအဆင်မပြေဘူးသမီးရဲ့ ..အဲ့ဒါကြောင့် ...မမခင် ကိုသနားလို့ အမေလည်း တောရုံဆို မသိချင်ယောင်ပဲဆောင်နေလိုက်တယ် ...." မငြိမ်းဝေ ခပ်တိုးတိုးပြောရင်း ဒေါ်ခင်မာမြင်တို့အိမ်ဘက်သို့လှမ်းကြည့်လိုက်မိသည်။မိမိတို့သားအမိက အဆင်ပြေပြီး ဒေါ်ခင်မာမြင့်အဆင်မပြေတော့လည်း မငြိမ်းဝေမှာ စိတ်မကောင်းဖြစ်ရလေသည်။ ယခုဆိုလျှင် မငြိမ်းဝေတို့ဆီမှ ဒေါ်ခင်မာမြင့် တတိတိနှင့် ချေးယူထားသောငွေမှာလည်း မနည်းလှပါတော့ချေ။ "စီးပွားရေးက ဘယ်အဆင်ပြေမလဲ အမေရယ်...ကြီးကြီးခင်တစ်ယောက်တည်းရှာတဲ့ ငွေကို ... ယောကျ်ားနဲ့ သားက ထိုင်ဖြုန်းနေတာကို...အခုဆို သမီးက ဆိုင်မှာသိပ်မကူပေးနိုင်တော့ ဆိုင်မှာလည်း ဖြစ်ချင်တိုင်း ဖြစ်နေတယ်...သမီးဆယ်တန်းဖြေပြီးတာနဲ့ ကြီးကြီးခင်ကို အရင်လို စျေးကူရောင်းပေးမှာပါ...ပြီးရင်...သမီးကိုယ်တိုင် ကိုယ်ပိုင်ဆိုင်လည်း ဖွင့်မှာ..." အားမာန်အပြည့်နှင့် ပြောနေသော ငြိမ်းကိုကြည့်ပြီး မငြိမ်းဝေကျေနပ်စွာပြုံးမိလေသည်။ မငြိမ်းဝေ ဘ၀တစ်လျှောက်၌ မိဘကံ |ဆွေမျိုးသားချင်းကံနည်းလှသော်လည်း သားသမီးကံကောင်းသည့်အတွက် မငြိမ်းဝေကြည်နူးကျေနပ်မိလေသည်။ယခုဆိုလျှင် ငြိမ်းသည် ဆယ်တန်းကျောင်းသူကြီး ဖြစ်နေပြီ ဖြစ်သောကြောင့် မငြိမ်းဝေအတွက် လွန်စွာအားကို နေရပြီဖြစ်သည်။ ***** " ငြိမ်းဝေရယ် ... ပြောရမှာတော့ အားနားတယ်ဟယ်... သမီးလေး ငြိမ်းကလည်း ကျောင်းတက်နေတော့ ဘယ်လို တောင် ပြောရမလဲ မသိပါဘူး ငြိမ်းဝေ ရယ်..." "..ဘာ...ဘာဖြစ်လို့ များလဲ မမခင်ရယ် ... မထိတ်သာ မလန့်သာနဲ့...." မငြိမ်းဝေ မှာ မျက်နှာညှိုးညှိုးနှင့့်ရောက်လာပြီး ပြောလိုက်သော ဒေါ်ခင်မာမြင့်၏ စကားကြောင့် ချုပ်လက်စ စက်ကို ရပ်ပြီး ထိတ်ထိတ်လန့်လန့်နှင့် မေးလိုက်မိသည်။

"ဒီလို အေ...ပြောရမှာလည်း ....အားနာပါတယ်...ခုဆိုညည်းတို့သားအမိလည်း အဆင်ပြေနေပြီ ဆိုတော့ ... အိမ်လခလေး ငါးရာ တစ်ထောင်လောက် တိုးပေးပါလားဟယ်...မမခင်လည်းအဆင်မပြေလို့ပါ...နင်တို့သိတဲ့တိုင်း အတိုင်း...အိမ်က အမူးသမားကိုဆေးကုနေရတယ်လေ....ဒီကြားထဲ ဖဲကြွေးနဲ့ နှစ်လုံး သုံးလုံးကြွေးကရှိသေးတယ်..." ဒေါ်ခင်မာမြင့်စကားကြောင့် မငြိမ်းဝေနှင့်ငြိမ်းတို့ တစ်ယောက်မျက်နှာကိုတစ်ယောက် ကြည့်ပြီး သက်ပြင်း ကိုယ်စီ ချလိုက်မိကြလေသည်။ ******** "အမေ...မအိပ်သေးဘူးလား...." အချိန်က ညဆယ့်တစ်နာရီကျော်နေပြီ။ ငြိမ်း လက်ထဲမှ စာအုပ်ကို ချပြီး စက်ချုပ်နေဆဲဖြစ်သော မိခင်ကို မေးလိုက်သည်။ငြိမ်းသည် ကျူရှင်လည်း မတက်နိုင်သလို နေ့လယ်နေ့ခင်း၌ ဈေးဆိုင် ထိုင်ပေးပြီး မိခင်ကို အထည်ဝိုင်းကူ ချုပ်ပေးရသေးသောကြောင့် ညဘက်မှသာ စာကို ကောင်းကောင်းကျက်ရလေသည်။ "သိမ်းတော့ မှာပါ သမီးရဲ့...သမီးတစ်ယောက်တည်း ဖြစ်နေမှာစိုးလို့ အမေ စက်ချုပ်ရင်း စောင့်ပေးနေတာ..." ပြောရင်း မငြိမ်းဝေက ချုပ်ထားသောအထည်များကို ခေါက်ပြီး ခုံပေါ်တင်လိုက်သည်။ ငြိမ်းက စက်နားတစ်ဝိုက်မှ ပိတ်စညှပ်စများနှင့် အပ်ချည်မျှင်များကို တံမြက်စည်းနှင့် သေချာလေး လှည်းလိုက်ပြီး အိပ်ရာခင်းလိုက်သည်။အခန်းလေးသည် ကျဉ်းလွန်းလှသောကြောင့် သည်နေရာမှာပဲ အလုပ်လုပ် ။ သည်နေရာမှာပဲထမင်းစားပြီး သည်နေရာတွင်ပင် အိပ်ရလေသည်။ ******** နွေရာသီ ကျောင်းများ ပိတ်လေပြီ။ငြိမ်းသည် စာမေးပွဲ ပြီးသည်နှင့်ဆိုင်၏ တာဝန်များကို အကုန်ယူလိုက်လေသည် ။ယုတ်စွအဆုံး ကားနှစ်ဆင့်စီး၍ သွားရသော သိမ်ကြီးဈေးသို့ပင် တစ်ယောက်တည်း သွားတတ်နေပြီဖြစ်လေသည်။ပြီးလျှင် ငြိမ်သည် ဈေးထဲတွင် ဒေါ်ခင်မာမြင့်နှင့်အတူ ဘေထုတ်ထည်များလိုက် ရောင်းပြန်လေသည် ။ မငြိမ်းဝေ တားသော်လည်း မရပါချေ။ငြိမ်းစိတ်ထဲ၌ ကိုယ်ပိုင်အိမ်ခြံလေး ပိုင်ဆိုင်ရဖို့အရေးသည် အဓိကဖြစ်နေလေသည်။ငြိမ်းသည် ယခုအခါ၌အသက်ဆယ့်် ငါးနှစ်ထဲဝင်လာပြီးဖြစ်သောကြောင့် လူကောင်လည်း ထွားလာသလို့ လှလည်းလှ လာလေည်။ဆံပင်ညှပ်ခ နှပြောသည်ဟုဆိုပြီး မညှပ်ဘဲထားသော ဆံပင်များသည်လည်း တင်ပါးထိ အောင်ပင် ရှည်လျားကာ အသားမဖြူမညိုနှင့် လိုက်ဖက် ကြည့်ကောင်းလှပေသည်။သို့သော် ငြိမ်းသည် ဆံပင်ကို ဖားလျားချထားလေ့မရှိဘဲ ခပ်မြင့်မြင့် စီးထားတတ်လေသည်။ပြီးလျှင် ငြိမ်းသည် အလှကြိုက်ပင်ကြိုက်သောငြား မိန်းမဆန်ဆန် ဝတ်လေ့ဝတ်ထသိပ်မရှိဘဲ သူရောင်းသော ဘေထုတ်ထည်များထဲမှ ဘောင်းဘီရှည်များနှင့် တီရှပ် ၊ ရှပ်အင်္ကျီများကိုသာ ဝတ်ဆင်တတ်လေ၏။ "ကိုယ်လုပ်နေတဲ့ အလုပ် ...ကိုယ့်ထမင်းအိုးကိုမှ ကိုယ်တိုင်က အထင်သေးသလို သိမ်ငယ်သလို ထင်နေလို့မဖြစ်ဘူးလေ အမေရယ်...ဘာပဲဖြစ်ဖြစ် သမီးတော့ ဘေထုတ်ထည်တွေ ဝတ်ရလို့မရှက်ပါဘူး...အသက်ကြီးတဲ့အထိကိုဝတ်နေမှာပဲ..." ငြိမ်း ထိုသို့ ပြောလေတိုင်း မငြိမ်းဝေမှာ ရင်ထဲ အမျိုးအမည်ဖော်ရခက်သော ဝေဒနာကို ခံစားရစမြဲဖြစ်လေသည်။ "အမေ့ဆိုင်မှာ ကလေး ကစားစရာတွေတင်ရောင်မလား အမေ ... (၂၄) လမ်းကဝယ်ရောင်းကြမယ်..." " အမေလည်း စဉ်းစားနေတာ...ဒါပေမဲ့ သမီးက ဒီနှစ် ကိုးတန်းတက်ရမှာလေ.... စာတွေလည်း များလာပြီမဟုတ်လား...ပြီးတော့ သမီးကို ကျူရှင်တက်ခိုင်းမလားလို့...." ငြိမ်းက ဘေထုတ်ထည်များကို အသန့်နှင့် အညံ့ရွေးထုတ်နေရင်းမှ မိခင်ကိုလှမ်းကြည့်လိုက်သည်။ "စိတ်မပူပါ နဲ့ အမေရဲ့ ... မြန်မာစာတွေကို သမီးကြိုကျက်ထားပါတယ်....ကျူရှင်ကတော့ ကျောင်းတက်မှပဲ စာမလိုက်နိုင်ရင်တက်မှာပေါ့...ခုတော့ ကျောင်းစရိတ်ရအောင် ငွေရှာလိုက်အုံးမယ်...အမေလည်း အမေ့ဆိုင်က ငွေ အမေ့ဘာသာစု...သမီးလည်း အထည်ကူရောင်းလို့ရတဲ့ငွေကို သမီးဘာသာ စုမယ်...သမီး ဆယ်တန်းအောင်ရင် ခြံလေး တစ်ကွက်ဝယ်ရအောင် နော် အမေ..." ***** " ( ..... ) ဟာမတွေ...မနေ့တစ်နေ့ကမှ တောကတက်လာပြီး လူပါး၀တယ်ပေါ့လေ... နေစရာမရှိလို့ ပေးနေတာကို လူပါး၀ကြတယ်...စိုးလွင်ကို ဘာထင်နေလဲ....(...) ဆံလေး တစ်ပြားနှစ်ပြားချေးတာကို မယုံသလိုနဲ့....သွားကြ ခုချက်ချင်း ငါ့အိမ်ပေါ်ကဆင်း....." "တော့် ပါးစပ်ပိတ်ထားစမ်း ...အသက်က ဖင်ဆောင့်နေပြီး...မရှက်ဘူးလား..." "ဟဲ့ ...ဂန်နာမရဲ့ ငါ့ပါးစပ်ကိုဘာလို့ လိုက်ပိတ်နေရတာလဲ...ဘာလဲ ငါက သူတို့လူပါး၀သမျှ ငြိမ်ခံနေရအောင် သူတို့က ငါ့မယားတွေလား ပြောလေ...." အိမ်ရှင် ဒေါ်ခင်မာမြင်တို့လင်မယားစကားများနေကြခြင်းဖြစ်လေသည်။ ဦးစိုးလွင်သည် နေ့ခင်းက မငြိမ်းဝေဆီ ဖဲရိုက်ဖို့အတွက် ငွေလာချေးရာ မငြိမ်းဝေကမချေးလိုက်သောကြောင့် ညရောက်သောအခါ မူးရူးပြီး ဆဲဆိုပြောနေခြင်းဖြစ်လေသည်။ မငြိမ်းဝေက စက်ချုပ်ရင်း မသိချင်ယောင်ဆောင်နေသော်လည်း ငြိမ်းကစာကျက်နေရင်းမှ ဆတ်ခနဲထရပ်လိုက်သည်။ "ဒီလူကြီး အရမ်းမိုက်ရိုင်းနေပြီ အမေ...ငြိမ်းသည်းမခံနိုင်တော့ဘူး...သူဆဲဆိုနေတာကို သည်းခံနေခဲ့တာ နှစ်ချီနေပြီ...သည်းခံမှန်းသိလို့ သူက သားဆဲမယားဆဲပါဆဲလာ ပြောလာပြီ...ငြိမ်းသည်းမခံနိုင်တော့ဘူး..."

ဧကြည် ဖြူ "ချစ်ဆိပ် "( ချူ ) အပိုင်း ( ၇ ) -- - - - - - - - - - - - - - - - - မငြိမ်းဝေနှင့် ငြိမ်းတို့ကြုံရမည့် ပြဿနာမှာ ရေချိုး ၊ အိမ်သာသုံးလျှင် အနောက်ဘက် ဒေါ်ခင်မာမြင်တို့ အိမ်ခြံထဲသို့ ၀င်၍သုံးရမည် ဖြစ်လေသည်။ နေ့ခင်းဆိုလျှင် အရေး အကြောင်း မဟုတ်သော်လည်း ညရေးညတာ၌ ဒုက္ခများလောက်ပေမည်။ပြီးလျှင် ဒေါ်ခင်မာမြင့်၏ ယောကျာ်းအရက်သမားကိုလည်းထည့် တွက်ရမည်ဖြစ်သည်။ မငြိမ်းဝေနှင့် ငြိမ်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး သက်ပြင်းပြိုင်တူချလိုက်မိကြသည်။ "သမီး ရေချိုးရင် တစ်ယောက်တည်းသွားမချိုးနဲ့နော်.." "အမေ.နောက်ထဲကို တစ်ယောက်တည်းမသွားနဲ့နော် သမီးနဲ့တူတူသွားမယ်..." ထိုစကားကိုသားအမိနှစ်ယောက် ပြိုင်တူပြောမိကြခြင်းဖြစ်ပါလေသည်။မငြိမ်းဝေက ငြိမ်း၏ ခေါင်းထက်မှ ဆံနွယ်ရှည်လေးများကို လက်ဖဝါးနှင့် ခပ်ဖွဖွပွတ်ပေးလိုက်ရင်း ခပ်တိုးတိုးပြောလိုက်မိသည်။ "တစ်နှစ်လောက်ပဲ သည်းခံပြီးနေကြရအောင် သမီး ... ဒီကြားထဲ အမေတို့အရင်ကထက် ပိုကြိုးစားကြမယ်...အနေအထိုင်ကိုလည်း ဆင်ခြင်နော် သမီး ... အမေတို့ ဘ၀တွေက နေတတ်ထိုင်တတ်မှ သူများအပြောလွတ်မှာ..." ငြိမ်းက ခေါင်းကို အသာငြိမ့်ပြလိုက်ရင်း "ဟုတ်ကဲ့ပါ အမေ" ဟုပြန်ပြောလိုက်သည် ။ငြိမ်းအသက်အရွယ် ငြိမ်းဖတ်သောစာအုပ်များထဲမှ အသိများအရ ငြိမ်းသည်လည်း သိသင့်သလောက် အရာများကိုသိနေပြီဖြစ်လေသည်။ ******* "အလှကုန်ပစ္စည်းလေးတွေ ရောင်းတာ မဆိုးဘူး သမီးရေ ...အမေလည်း စက်ချုပ် မပျက် ၀င်ငွေ လည်းကောင်းသားပဲ...ငါးခြောက်ရောင်းတာကို ဖြုတ်လိုက်မလားလို့ အမေ တွေးနေတာ..." မငြိမ်းဝေက အပ်ထည်လေးများကို ချုပ်ရင်းမှ ငြိမ်းကို လှမ်းပြောလိုက်သည်။ ငြိမ်းက လက်ထဲမှ စာအုပ်ကို ချလိုက်ပြီး မိခင်ဖြစ်သူကို ပြန်ပြောလိုက်၏။ "သမီးလည်း ...အမေ့ကိုပြောမလိုပဲ...အခုဆို သမီးက ကျောင်းတက်နေရတော့ မနက်ပိုင်းဆို ဆိုင်ပိတ်ထားရတာမဟုတ်လား ....မနက်ဘက်မှာအလုပ်သမားတွေအလုပ်သွားတာနဲ့စျေးသွားစျေးပြန်တွေရှိတော့ ဆိုင်က ရောင်းရတယ် အမေရဲ့....ပြီးတော့ လေ ကြီးကြီးခင်ကပြောတယ်... စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ သူက ဈေးတွေထဲ အထည်သွားရောင်းမလို့ သမီးကို လိုက်ကူးရောင်းပေးဖို့ပြောနေတယ်...ရောင်းရတဲ့ အမြတ်ငွေထဲကနေ သမီးကိုလည်း ခွဲပေးမယ်တဲ့...." ငြိမ်းစကားကြောင့် မငြိမ်းဝေလှမ်းကြည့်လိုက်မိသည်။ငြိမ်းသည် အသက်ဆယ့်လေးနှစ်ပင်မပြည့်သော်လည်း သွက်၏။ချက်ချာ၏။လောကဓံ ရိုက်ချက်များကြောင့် ထင်သည် ငွေကို အရွယ်နှင့်မလိုက်အောင် တစ်ပြားနှစ်ပြားမှအစ ရှာဖွေသည်။ချွေတာသည်။ကျောင်းတက်နေသော်လည်း ကျောင်းမှပြန်ရောက်သည်နှင့် စာအုပ်ကိုလက်တစ်ဖက်မှ ကိုင်လျက် စာကျက်ရင်း အလှကုန်ဆိုင်လေးမှာစျေးကူရောင်းသည်။ မငြိမ်းဝေ ခဏတဖြုတ် စက်ချုပ်နားချိန်တွင် စက်ပါတက်ချုပ်၍ကူသေးသည်။ဒါတင်မဟုတ် ခေါင်းရင်းခြမ်းမှ အိမ်ရှင် ဒေါ်ခင်မာမြင့်၏ အထည်ဟောင်းဆိုင်ကိုပါ ပြေး၍ဝိုင်းကူရောင်းချပေးတတ်ပြန်သေးသည်။ဒေါ်ခင်မာမြင့်သည် သားတစ်ယောက်သာရှိပြီး သားက အိမ်ထောင်ကျကာအဝေးတွင် နေလေသည်။အိမ်တွင် လင်မယားနှစ်ယောက်တည်းရှိပြီး လင်ဖြစ်သူက အမြဲမူးနေသောကြောင့် စီးပွားကို ကိုယ်တိုင် ရှာနေရခြင်းဖြစ်လေသည်။သည်ကြားထဲ၌ အိမ်ထောင်ခွဲသားကိုလည်း ထောက်ပံ့ပေးရသောကြောင့် ဒေါ်ခင်မာမြင့်မှာ ငွေရှာသမျှ လောက်ငှသည် မရှိခဲ့ပါချေ။ဒေါ်ခင်မာမြင့်၏ ယောက်ျား ဦးစိုးလွင်မှာမူ အပူအပင်ကင်းလှပေသည်။ အရက်မသောက်ထားလျှင် ဒေါ်ခင်မာမြင့်ပြောသကဲ့သို့ပင် လူရှိရမှန်းပင်မသိရ။အရက်သောက်ထားသောအခါ၌မူ လူတကာကိုစိန်ခေါ်သည်။ရစ်သည်။ရမ်းချင်သည်။သတ္တိရှိ၍ တော့မဟုတ်ချေ။တစ်ယောက်ယောက်ကများ အောက်ငေါက်လိုက်လျှင်ငြိမ်ကုပ်သွားတတ်သည် ။ ကံကောင်းသည်မှာ ဦးစိုးလွင်သည် မိန်းမကိစ္စကိုစိတ်မ၀င်စားဘဲ အရက်နှင့်လောင်းကစား ကိစ္စကိုသာ စိတ်ဝင်စားတတ်သောကြောင့် မငြိမ်းဝေတို့ သားအမိမှာ အနေအထိုင် ချောင်နေခြင်းဖြစ်လေသည်။ " ဖြစ်ပါ့မလား သမီးရယ်..ကျောင်းပိတ်ရင် အိမ်စာတွေ လုပ်ရမှာကရှိသေးတယ် မဟုတ်လား.....ပြီးတော့ သမီးကစျေးထဲမှာ အော်ဟစ် ရောင်းရဲလို့လား...စျေးထဲ ရောင်းတယ်ဆိုတာ အိမ်ဆိုင်တွေလို ထိုင်နေလို့မရဘူး သမီးရဲ့ အော်ဟစ် ရောင်းမှ ...ရောင်းရတာ..." "ဒါများ အမေရယ်...ဟော့ဒီမှာကြည့် ...သမီးရောင်းပြမယ်..လာနော်...လာထား...တစ်ထည်မှ ငါးဆယ်...သုံးထည်ယူတစ်ရာပဲ....ဂါဝန်လား ... စကပ်လား...ဘောင်းဘီလား....တီရှပ်လား အကြိုက်ရှာ.....အကြိုက်မွှေနော်...." ငြိမ်းကိုကြည့်ပြီး မငြိမ်းဝေ သဘောကျစွာရယ်မီ ပြန်သည်။ "ငါ့သမီးက မဆိုးဘူး ...ရောင်းတတ်သားပဲ..." "ဟုတ်တယ် ငြိမ်းဝေရေ ....ညည်း သမီးရောင်းတတ်ပုံတော့ ကြာရင် ငါ့စီးပွားကို လုတော့မယ်ပုံပဲ...စံပြဈေးက ဘေထုတ်တန်းများ ခေါ်သွားမိရင် အထည် တောင်ပုံရာပုံထဲကနေ ကောင်းပေ့ဆိုတဲ့ အထည်ကို သူ့ပဲရွေးတတ်တာအေ့ ... " ငြိမ်းတို့သားအမိနှစ်ယောက် စကားပြောနေစဉ် ၀င်ရောက် ပြောဆိုလိုက်သူမှာ ဒေါ်ခင်မာမြင့်ပင်ဖြစ်ပါလေသည်။ "ဒါနဲ့ ငြိမ်းဝေ နင့်ကို ပြောစရာရှိလို့လာတာ...." "ဟုတ်ကဲ့ ... ပြောလေ...မမခင် ...."

"အစ်ကို....အစ်မအေးခိုင်....ငြိမ်းဝေ တို့သွားတော့မယ်နော်..." မငြိမ်းဝေက အထုတ်ကို ခေါင်းပေါ် ရွက်လိုက်ပြီး အစ်ကို ဖြစ်သူနှင့် ယောင်းမကို လှမ်းနှုတ်ဆက်လိုက်သည်။ပြီးလျှင့် ငြိမ်းကိုပါ နှုတ်ဆက်ခိုင်းလိုက်သည် ။ပြောင်းရမည့်နေရာက တစ်ရပ်ကွက်တည်းဆိုသောငြား နူတ်ဆက်ရမည့်တာဝန်မှာ မိမိတို့၏ တာဝန်ဖြစ်သည်ဟု မငြိမ်းဝေက ခံယူထားသည်။ "ဘဘ...ကြီးကြီး...သမီးတို့ သွားတော့မယ်..." "အေး....အေး...." အိမ်ထဲမှ အသံသာကြားရသည်။ပြတင်းပေါက်သို့ပင် ထကြည့်ဖော်မရသော အစ်ကိုဖြစ် သူ့ကြောင့် မငြိမ်း ဝေမျက်ရည်ကျမိပြန်သည်။ငြိမ်းကတော့ ခေါင်းကို မော့လျက် သူ့စာအုပ်ထုတ်ကိုရွက်ပြီး လက်တစ်ဖက်မှ အတုတ်ကို ဆွဲလျက် ဒေါ်ခင်မာမြင့် ဆိုင်ရှိရာသို့ ထွက်ခဲ့လေသည်။ *** *** " အခန်းက ကျဉ်းတော့ ကျဉ်းတယ်....ဒါပေမဲ့ နေရမှာပါအေ...ကြည့် ကျက်ပြီး နေကြ...တစ်ခါတလေ ငါ့ယောက်ျားမူးရင်တော့ ပတ်ဝန်းကျင်ကို ဆဲတတ်ဆိုတတ်တယ်...ဒါပေမဲ့ လူကြောက်ပါအေ...မမူးရင် အသံတောင်ထွက်ရဲ့တဲ့သူ မဟုတ်ဘူး" ဒေါ်ခင်မာမြင့်စကားကြောင့် ငြိမ်းတို့သားအမိတစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်လိုက်မိကြလေသည်။ အခန်းသည် ဒေါ်ခင်မာမြင့်ပြောသကဲ့သို့ အမှန်တကယ်ပင်ကျဉ်းပါလေ၏။ဒေါ်ခင်မာမြင့်က သူ့အထည်ဟောင်း ရောင်းသော အခန်းနှင့် ငြိမ်းတို့သားအမိနေမည့်အခန်းကို အထပ်သားပြား မထူမပါးနှင့်ကာထားပေးလေ၏။အောက်တွင် မြေပြောင်ပြောင်ပေါ် သစ်သားပြားများ ခင်းပေးထားသည်။ခန်းစည်းမပါ ။ နောက်ဖေးမီးဖိုချောင် မရှိ။အနောက်ဘက်တွင် ဒေါ်ခင်မာမြင့်တို့မိသားစုနေသော အိမ်ရှိသည်။ငြိမ်းတို့သားအမိက အခန်းကျဉ်းလေးထဲမှာပင်ချက်ပြုတ်စားရပေမည်။ဒါက ပြသနာ /မဟုတ်။ကိုကျော်ဦးတို့အိမ်မှာလည်းငြိမ်းတို့သားအမိ သည်လိုအခန်း ကျဉ်းလေးနှင့် နေခဲ့ရသည်လေ။ပြဿနာမှာ ..... @@@@@@@@@@@@@@ အပိုင်း ( ၇ ) ဆက်ရန် ဧကြည်ဖြူ