ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

前往频道在 Telegram
1 029
订阅者
无数据24 小时
-17 天
-1230 天
帖子存档
သမီးဖြစ်သူရဲ့ ခေါ်သံကြောင့် ကေသီချိုရဲ့ လှမ်းလက်စ ခြေလှမ်းတွေ တုံ့ခနဲဖြစ်သွားပေမဲ့ နောက်သို့ ပြန်လှည့်မကြည့်ဖြစ်တော့ဘဲ မင်းလှိုင် နောက်သို့ ခပ်သုတ်သုတ်လိုက်သွားလိုက်တယ်။ "မေမေ ... မေမေဘယ်သွားမလို့လဲ ... မေမေဘယ်သွားတာလဲဟင် ဖေဖေ ...." အလင်းချိုကို ထားခဲ့ပြီး ဦးလေးကြိးနဲ့ အတူ ထွက်သွားတဲ့ အမေ့ကိုကြည့်ပြီး အလင်းချို နားမလည်နိုင်စွာနဲ့ အဖေ့ကို မေးလိုက်မိတယ်။ "အဖေနဲ့ အတူ အိမ်ပြန်ရအောင်နော် သမီး ...ဒီမှာ ဘွားဘွားတို့လဲ ရှိတယ် " အဖေရဲ့နှစ်သိမ့်စကားကို ကြားနေရပေမဲ့ ကျောခိုင်းသွားတဲ့ အမေ့ကိုကြည့်ပြီး အလင်းချို အင့်ခနဲ ရှိုက်ငိုမိလိုက်တယ် ။ "မငိုနဲ့လေ အလင်းချို ...ဘာလဲ သမီးရော အဖေနဲ့ မနေချင်လို့လား " "ဟဲ့ မိလင်း ... ညည်း ကလေးလဲမဟုတ်တော့ဘူး ငိုမနေနဲ့ ...နင့်အမေက အကျင့်ကောင်းတဲ့ မိန်းမ မဟုတ်ဘူး ..." အဖေနဲ့ ကြီးကြီးရဲ့ စကားကို အလင်းချိုသိပ်ပြီးနားမလည်ပေမဲ့ အဖေ စိတ်တိုနေတာကို အလင်းချို သိတာမို့ နှုတ်ခမ်းလေးမဲ့ပြီး လည်ချောင်းဝကိုရောက်လာတဲ့ ရှိုက်သံတွေကို မျိုချလိုက်ရတယ်။ ~~~~~~~ "ညည်းသားက အကြောတင်းအေ့ ... ငါတို့ပြောလဲလုပ်ချင်မှလုပ်တာ...ကြာတော့ ငါတို့လဲ ဘာမှမပြောချင်တော့ဘူး ...ဦးလေးနဲ့ အဒေါ်တွေကိုလဲ ကြောက်ရမှန်း သိတာမဟုတ်ဘူး ...သူလုပ်ချင်တာကို ဇွတ်လုပ်တဲ့အကျင့်ကတော့ ဟို ကောင့်အတိုင်းပဲ " ဒေါ်ရီက အိမ်ပေါက်ဝမှာ ဂျစ်ကန်ကန်မျက်နှာပေးနဲ့ထိုင်နေတဲ့ ရှစ်နှစ်အရွယ် မြေးဖြစ်သူကို ကြည့်ပြီး သမီးဖြစ်သူကို ပြောလိုက်တယ်။ "တော်ပါတော့ အမေရယ်...အဲ့ဒီကောင်အကြောင်း မပြောစမ်းပါနဲ့ ကျက်သရေတုံးတယ် ... ရုပ်တင်မဟုတ်ဘူးစိတ်ကပါ သူ့အဖေ အချိုးတိုင်းဆို တာသိပေမဲ့ ...ဘယ်လိုလုပ်မလဲ အမေရယ် ...သမီးက မွေးထားမိပြီလေ ...ပတ်၀န်းကျင်က မကဲ့ရဲ့အောင်တော့ ကျွေးမွေးထားရမှာပေါ့ ... သူ့ဘာသာ ကျောင်းတက်ချင်တက်မတက်ချင်နေ ... အမေလဲ သူ့ကို ဂရုစိုက်မနေနဲ့ သမီးပေးနိုင်ကမ်းနိုင်သလောက်တော့ ပေးမှာပါ " စန္ဒားဝင်းက မိခင်ကို ပြောလိုက်ပြီး မောင်တွေ ညီမတွေအတွက် သူမ ၀ယ်လာတဲ့ လက်ဆောင်ပစ္စည်းတွေ့ကို တစ်ခုချင်း ထုတ်ပြလိုက်တယ်။ "ဒီမှာ .. အကြီးမနဲ့ အလတ်မအတွက် အဝတ်အစားတွေ၀ယ်လာတယ်နော် ...အငယ်ကောင် အတွက်လဲပါတယ်..." စန္ဒာဝင်းက ပြောပြောဆိုဆိုနဲ့ အသက်နှစ်ဆယ်ကျော်စပြုပြီးဖြစ်တဲ့ ညီမငယ်နဲ့ ဆယ်ကျော်သက်အရွယ် ညီမငယ်လေးနဲ့ မောင်အငယ်ဆုံးလေးကိုပါ ခေါ်လိုက်တယ်။ ညီမတွေနဲ့ မောင်လေးကိုခေါ်လိုက်ရင်း အိမ်ပေါက်ဝမှာ ထိုင်နေတဲ့ သားဖြစ်သူကို တစ်ချက်လှမ်းကြည့်လိုက်ပေမဲ့ စန္ဒာဝင်းစိတ်ထဲရှက်သလိုလို ခံစားရတာကြောင့် မခေါ်တော့ဘဲ မသိချင်ယောင်ဆောင်နေလိုက်တယ်။မိမိနဲ့အသက်ဆယ့်ရှစ်နှစ်ပဲကွာတဲ့ သားဖြစ်သူကို သားလို့ခေါ်ရမှာကို စန္ဒာဝင်း ရှက်ကြောက်နေမိတယ်။ဟိုတစ်ချိန်က သင်း (ဒင်း) လေးရဲ့ အဖေနဲ့ ပျော်ပါးခဲ့စဉ်ကတော့ စန္ဒာဝင်းလဲပျော်ခဲ့မော်ခဲ့တာပေါ့လေ။မိဘတွေတားနေတံကြားက သင်း (ဒင်း) လေးရဲ့ အဖေနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားခဲ့မိတာပေါ့။ရုပ်လေးချော အပြောလေးကောင်းဆိုတော့ သာယာမိခဲ့တာပေါ့ ။မကြာပါဘူး။သင်း (ဒင်း) လေးကို မွေးပြီးတာနဲ့ ကိုယ်တော်ချောက ဇာတိပြလာတာပဲလေ။ အလုပ်မလဲမလုပ်ဘဲ မိုးလင်းမိုးချုပ် ပေါ်မလာဘဲ ဖဲဝိုင်းတကာ့ ဖဲဝိုင်းကို သွားနေခဲ့တာလေ။တကယ့်ကို မျိုးနဲ့ရိုးနဲ့ လောင်းကစားသမားတွေကို ဖြစ်နေကြတာကိုး။အဖေက အစ၊အမေက အဆုံးလို့ပဲ ပြောရမလား ။နောက်ဆုံးတော့ မိမိကပဲ အိမ်ထောင့်တာဝန်ကို ယူခဲ့ရတဲ့အထိ။ဒါတွေကို ခံနိုင်ရည်မရှိတဲ့ အဆုံးမှာ လမ်းခွဲကြရအောင် ဆိုတော့လည်း သူ့ဘက်က အေးအေးဆေးပဲလေ။လမ်းခွဲတော့လဲ သူတို့ဝမ်းတောင် မှန်မှန်မစားတဲ့ မိသားစုထဲမှာ သင်း (ဒင်း) လေးကို မထားခဲ့ရက်လို့ ခေါ်လာခဲ့ရတာပေါ့။မိမိရင်ကဖြစ်တဲ့ သွေးမို့သာ စန္ဒာဝင်းခေါ်လာခဲ့ရပေမဲ့ ယောကျာ်းကို နာကြည်းစိတ်တွေကြောင့်ပဲလားမသိ သူကလေးအပေါ်မှာ အပြည့်အ၀ချစ်ခင်၍မရခဲ့ပေ။ ထိုထက်ပို၍ သူကလေးနဲ့ အတူနေရမှာကို ပင် စန္ဒာဝင်းရင်ထဲ မနှစ်မြို့ မိတာကြောင့် သူကလေးကို မိခင်ကြီးဆီမှာ အပ်ခဲ့ပြီး မန္တလေးမြို့မှာ အလုပ်သွားလုပ်ခဲ့တယ်။ဒီမှာတင် ကံကြောင့်ပဲပြောရမလား၊ မိမိရဲ့ အလှကြောင့်ပဲပြောရလေမလားမသိ အသက်ခပ်ရွယ်ရွယ်သူဌေးတစ်ယောက်နဲ့ စန္ဒာဝင်း ဆုံစည်းခဲ့ရတယ်။ ကိုကြီးက အသက်လေးဆယ်ကျော် သူဋ္ဌေး လူပျိုကြီး ။စန္ဒာဝင်းကိုယ့်ကိုယ်ကို အပျိုလို့ မပြောခဲ့ပေမဲ့ ကလေးရှိပါတယ်လို့ ပြောထွက်ဖို့ ဝန်လေးခဲ့မိတာတော့ အမှန်ပါပင်။ဒါကြောင့်မို့လဲ စန္ဒာ၀င်း အနေနဲ့ မိမိမှာ အဆင်ပြေနေပေမဲ့ မုဆိုးမမိခင်ကြီးနဲ့ မောင်နှမတွေကို မိမိနေထိုင်ရာသို့ မခေါ်နိုင်ဘဲ အဝေးတစ်နေရာမှသာ ထောက်ပံ့ပေးရတော့တာပေါ့။ " အမေ့ကို ပြောစရာရှိတယ် " စန္ဒာ၀င်းက မိခင်ကို ခပ်တိုးတိုးပြောလိုက်တယ်။ "ဘာပြောမှာလဲ ... ပြောလေ " "ဟို ... ဒီအိမ်နဲ့ ခြံကိုရောင်းပြီး အမေတို့ .. နေရာသစ်ကို ပြောင်းကြမလားဟင် ...အထူးသဖြင့် သမီးတို့အကြောင်းကို မသိတဲ့နေရာကို ပြောင်းကြပါလား ...လိုတဲ့ငွေကို ကိုကြီးဆီက တောင်းလိုက်မယ်...ကိုကြီးက အားလုံးသမီးရဲ့ သဘောမို့ အဆင်ပြေမှာပါ အမေ "

အလင်းချိုက မိခင်ကို ခေါင်းငြိမ့်ပြလိုက်ပြီး ရေခဲတုံးကိုခြစ်နေတဲ့ ဆိုင်ရှင် ဦးလေးကြီးကိုပဲ ငေးကြည့်နေမိတယ်။ ကေသီချိုကတော့ သမီးလေးကို တစ်ချက်ကြည်လိုက်ပြီး ကိုထွန်းနဲ့အတူ ဆိုင်ရှေ့ကို ထွက်လာခဲ့လိုက်တယ်။ ~~~~ " သူသိသွားပြီး ကိုမင်း ...ကေသီတို့ဘယ်လိုလုပ်ကြမလဲဟင် " ကေသီချိုက ချစ်သူမင်းလှိုင်ကို အလောတကြီးနဲ့ ပြောလိုက်ရာ မင်းလှိုင်က ဂရုမစိုက်သည့်ဟန်ပန်ဖြင့် "သိတော့လဲ သိပေါ့....ဘာလဲ ကေသီက သူ့ကို မပြတ်နိုင်တာလား " "သူ့ကို မပြတ်နိုင်တာတက် သမီးကို မပြတ်နိုင်တာပါ ကိုမင်းရယ် ...သမီးလေးကခုမှ ရှစ်နှစ်ပဲရှိသေးတာလေ " ကေသီချိုက အအေးဆိုင်ထဲမှာ ထိုင်နေတဲ့ သမီးလေးအလင်းချိုကို လှမ်းကြည်းပြီး လေးလေးတွဲတွဲ ပြန်ပြောလိုက်မိတယ်။ "ကလေးကို မပြတ်နိုင်လဲ ခေါ်ခဲ့ကွာ ...ခုလို ခိုးပြီး တွေ့နေရတာကို စိတ်ကုန်နေပြီ ...'' မင်းလှိုင်ရဲ့ စကားကြောင့် ကေသီချိုက သမီးဖြစ်သူကို တွေတွေဝေဝေနဲ့ လှမ်းကြည့နေမိတယ်။ဘယ်လိုပဲဖြစ်ဖြစ် သမီးမိန်းခလေးဆိုတာ ဖခင်ရင်းနဲ့နေထိုင်တာပဲ ပိုသင့်တော်မယ်လို့ ကေသီချို ထင်နေမိတယ်။ ချစ်ရသူ မင်းလှိုင်ကို မယုံကြည်တာမဟုတ်ပေမဲ့ သမီးလေးကို သူ့အဖေရင်းလောက် မင်းလှိုင်ချစ်နိုင်ပါ့မလားလို့စိုးရိမ်စိတ်ကလေးဝင်လာမိပြန်တယ်။သူများတွေ ပြောကြသလိုပဲ သူမက သိပ်ကို မိုက်မဲတဲ့မိန်းမတစ်ယောက်ဆိုတာကို ကေသီချို ဝန်ခံပါတယ်။လှေကြီးပေါ်လှေငယ်ဆင့်တယ်ပဲပြောပြော ၊ နောက်မီးလင်းတယ်ပဲပြောပြော အခုလက်ရှိကေသီချိုရဲ့ အခြေအနေက ဆုပ်လဲစူးစားလဲရူး ဆိုတဲ့ အနေအထားမျိုးမဟုတ်လား။ ကာမပိုင်ခင်ပွန်းရှိနေရဲ့နဲ့ မင်းလှိုင်ကို အပျော်သဘောနဲ့ တွဲမိရာက ယခုတော့ ဖြတ်မရ ပြုမရ အနေအထားဖြစ်ခဲ့လေပြီ။ကေသီချို ကိုယ်တိုင်က ခင်ပွန်းဖြစ် သူ ကိုသက်ဦးထက် မင်းလှိုင်အပေါ်မှာ သံယောစဉ် ပိုခဲ့မိလေပြီ။နှစ်ယောက်သားတွဲစက အခြားသူတွေ မရိပ်မိအောင် သိုသိုသိပ်သိပ်တွဲခဲ့ပေမဲ့ နောက်ပိုင်းမှာ နှစ်ယောက်လုံး တစ်နေ့ မတွေ့ရရင်မနေနိုင်တဲ့အထိ ဖြစ်လာခဲ့တဲ့ အခြေအနေထိ ရောက်လာခဲ့တော့တယ်။ဒီလိုအခြေအနေမျိုးကို ရောက်ပြီဆိုမှတော့ ကိုသက်ဦးနဲ့မိသားစုတွေလဲ ရိပ်မိကုန်ကြတာပေါ့လေ။ကေသီချိုရဲ့ ဆွေမျိုးအသိုင်းအဝိုင်းကတော့ နယ်ဘက်ကဖြစ်တာမို့ ကေသီချိုရဲ့ အကြောင်းကို သိလဲမသိကြသလို အဆက်အသွယ်လဲမရှိကြဘူး မဟုတ်ပါလား။ "ကေသီချို..မင်း ....မင်း မိန်းမပျက်မ....ကဲဟာ" "ဖြန်း ...ဖြန်း..." " အား ...ကို ...ကိုသက်ဦး " အနားသို့ ရုတ်တရက်ရောက်လာသော ခင်ပွန်းဖြစ်သူကို ကေသီချို အံ့ဩတကြီးနဲ့ ကြည့်လိုက်မိစဉ်မှာပဲ ကေသီချိုရဲ့ ပါးပြင်နှစ်ဖက်မှာ ပူခနဲဖြစ်သွားပြီး လူကမြေပြင်ပေါ်သို့ ပုံရက် သားလဲကျသွားတယ်။ "သား တော်တော့ ... လက်လွန်သွားမယ် ...ဒီလိုမိန်းမအတွက် သားဘ၀ကို ပျက်စီးမခံနဲ့ ...." "မောင်လေး တော်တော့ ... ဒီလိုဟာမက လက်နဲ့ထိရမှာတောင် ရွံဖို့ကောင်းတဲ့ မိန်းမပဲ " သက်ဦးက ဇနီးဖြစ်သူကေသီချိုကို မီးဝင်းဝင်းတောက်လုမတက် မျက်လုံးတွေနဲ့ စူးစူးစိုက်စိုက်ကြည်နေမီပြီး ဒေါသမပြေနိုင်ဘဲ ဖြစ်နေတယ်။ဒါကိုသိတဲ့ သက်ဦးရဲ့မိခင်ဖြစ်သူနဲ့ သက်ဦးရဲ့ အစ်မကြီးက သက်ဦးကို ၀င်ဆွဲရင်း တားမြစ်လိုက်ကြတယ်။ "မင်း အိမ်ကို ပြန်လာစရာ မလိုတော့ဘူး ကေသီချို ...ငါ့အိမ်က ပစ္စည်းတွေလဲ အပ်တိုတစ်ချောင်းတောင် ရမယ် မထင်နဲ့ ... ဘယ်မှာလဲ ငါ့သမီး ... မင်းဘာသာ နေချင်တဲ့လူနဲ့နေ ...အလေလိုက်ချင်သလိုလိုက် ...ငါ့သမီးကို တော့ ခေါ်သွားဖို့စိတ်မကူးနဲ့ ကြားလား ...." "ကလေးက ...အအေးဆိုင်ထဲမှာ မောင်လေး " အစ်မဖြစ်သူရဲ့ စကားကို ကြားတာနဲ့ သက်ဦးက အအေးဆိုင်ထဲကို ခြေလှမ်းကျဲကြီးတွေနဲ့ ၀င်ချသွားလိုက်တယ် ။ ~~~~~~ အလင်းချိုက ရေခဲသုပ်စားနေရင်း အမေနဲ့ ဦးလေးကြီး စကားပြောနေတာကို ကြည့်နေတုန်းမှာပဲ အဖေရောက်လာပြီး အမေ့ကို ပါးချလိုက်တာကို မြင်လိုက်ရတာမို့ ထိတ်လန့်သွားမိပြီး လက်ထဲက ဇွန်းပါ ပြုတ်ကျသွားရတယ်။ "မေမေ " အလင်းချို ငိုသံပါကြီးနဲ့ အမေ့ကို လှမ်းခေါ်လိုက်ပြီး အပြင်ကို ပြေးထွက်ခဲ့လိုက်တော့ ဆိုင်ဝမှာ အဖေနဲ့ ဆုံကြတယ်။ "လာ ...သမီး ....ဖေဖေတို့ ပြန်ရအောင် " " မေမေ့ကို ဘာလို့ရိုက်တာလဲ ဖေဖေ ...မေမေသနားပါတယ် " သက်ဦးက သမီးဖြစ်သူရဲ့ အမေးကို မဖြေဘဲ သမီးလေးကို စွေ့ခနဲ ကောက်ချီလိုက်တယ် ။အသက်ရှစ်နှစ်ရှိနေပြီဖြစ်ပေမဲ့ ခပ်သေးသေးကိုယ်လုံးလေးနဲ့ သမီးလေးအလင်းချိုက သက်ဦး ရင်ခွင်ထဲမှာ မျက်ရည်တွေ ပြည့်နေတဲ့ မျက်လုံးပြူးပြူးလေးတွေနဲ့ သူ့အမေကိုခေါ် နေတယ်။ သက်ဦး အံကိုတင်းတင်းကြိတ်လိုက်မိတယ်။သမီးလေးကို သနားပေမဲ့ ကေသီချိုရဲ့ အကျင့်စရိုက်ကို ရွံရှာလှတာမို့ ကျောခိုင်းပစ်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ~~~~~ "မိကေသီ ...ငါ့သားနဲ့ ငါမြေးထွက်မလာခင် ညည်း ဒီနေရာက ထွက်သွားတော့ ...ငါ့သား ကိုဒုက္ခ ထပ်မပေးပါနဲ့အေ ... ဒီထက် အရှက်မကွဲချင်ရင် ဒီနေရာကနေ အမြန်ထွက်သွားတော့ ...ညည်းတို့ကြောင့် ငါ့သားလေးကို ဒုက္ခရောက်မခံနိုင်ဘူးဟဲ့ " ~~~ "မေမေ ..မေမေဘယ်သွားမလိုလဲ "

ဧကြည်ဖြူ "#သံယောဇဉ်ကမ်းပါး " အပိုင်း (၁) ***** " နိဒါန်း " ~~~~~ "အမေ့ရဲ့ မာနတွေကိုတောင်ပံတပ်ပေးနိုင်ဖို့ မိုင်ထောင်ချီဝေးတဲ့ အရပ်ဆီကိုခရီးထွက်ခဲ့တယ်........... " ~~~~~~ " နင့်အမေကဲလား မကဲလား... ဆယ့်ငါးနှစ်နဲ့ ယောကျာ်းရတာကို ကြည့်လေ ... " ရှစ်နှစ်အရွယ်မြေးဖြစ်သူက လုံးစေ့ပတ်စေ့နားလည်နိုင်သေးတဲ့ အရွယ်မဟုတ်မှန်း သိသိနဲ့ ဒေါ်ခင်လှကတော့ မဲ့ကာရွဲ့ကာနဲ့ ပြောလိုက်တယ်။ နေမခကတော့ ဘွားအေဖြစ်သူရဲ့ စကားတွေကို စိတ်လဲမဝင်စား။နားလဲထောင်မနေဘဲ သူ့ရှေ့မှာရှိနေတဲ့ ပန်းကန်ထဲက လက်ဖက်သုပ်တွေကို တစ်ဇွန်းမောက်မောက်ခပ်စားပစ်လိုက်တယ်။ပြီးတော့ နောက်ထပ်တစ်ဇွန်းခပ်ပြီး လက်ဖဝါးထဲကို ပုံထည့်လိုက်တယ်။ အဘွားဘာတွေပြောနေတယ်ဆိုတာကို နေမခသေချာနားမလည်ပေမဲ့ မိခင်ကို မကောင်းပြောနေတယ်ဆိုတာကိုတော့ သိတယ်။ဒါကြောင့်လဲ အဘွားတို့ရဲ့ အိမ်ကြီးထဲကို နေမခသိပ်လာလေ့ မရှိဘူး။ အဘွားတို့က စားစရာ တစ်ခုခုခေါ်ကျွေးရင်လဲစားပြီးတာနဲ့ပြန်တာပဲ။ ဒါတောင် တစ်ခါတလေဆို နေမခလာစားလေ့မရှိဘူး။ အခုလို နေမခသိပ်ကြိုက်တဲ့ လက်ဖက်သုပ်ဆိုရင်တော့ မပျက်မကွက် လာစားမိတာပေါ့။ လက်ဝါးပြင်ထဲကို လက်ဖက်သုပ်တွေခပ်ထည့်ပြီးတာနဲ့ နေမခ ပြန်ဖို့ရန်မတ်တတ်ထရပ်လိုက်တယ်။ "ဟဲ့ ဒါကဘယ်လဲ ...စားပြီးတာနဲ့ ပြန်ဖို့ပဲ ...နင့်အဖိုးကို နင်းပေးအုံးလေ ...လူက လက်တောက်လောက်နဲ့ သူ့အမေစပ်စလူးစိန်မကို ပြောရင်မကြိုက်ဘူး ...ကိုလွင်ဦးတွေ့လား ရှင့်မြေးရဲ့ အချိုးကို...အဲ့ဒါ ဟိုဟာမ ကလေးကိုသွေးထိုးထားတာနေမှာ .." နေမခခြံပြင်ကို ထွက်သွားတဲ့အထိ ဒေါ်ခင်လှက ပြောလို့မကျေနပ်သေးဘူး။ဒေါ်ခင်လှရဲ့ စိတ်ထဲမှာ ချွေးမဖြစ်သူအေးမြနွယ်ကို သားဖြစ်သူနဲ့ စပြီး ယူစဉ်ကတည်းက ကြည့်မရဘူးပဲပြောရမလား။ပြောစရာအပြစ်မရှိတော့ အသက်ငယ်ငယ်နဲ့ ယောကျာ်းယူတာကိုပဲ အပြစ်လုပ်ပြီးပြောနေရတာပေါ့။ ~~~... နေမခခြံပြင်ကို ထွက်လာခဲ့ပြီး ခြံရှေ့ခြေရင်း ထောင့်လေးမှာ ကွမ်းယာရောင်းနေတဲ့ မိခင်ရှိရာဆီကို လျှောက်သွားလိုက်တယ်။ "သား ဘာတွေစားနေတာလဲ ... အိမ်စာတွေလုပ်ပြီးသွားပြီလား " အေးမြနွယ်က သူမရှိရာဆီကို လျှောက်လာတဲ့ သားဖြစ်သူကို လှမ်းမေးလိုက်တယ်။ "လက်ဖက်သုပ်စားနေတာ မေမေ ... မေမေရော စားအုံးမလား " နေမခက မိခင်ဖြစ်သူရဲ့ အမေးကိုပြန်ဖြေလိုက်ရင်း လက်ဖဝါးလေးကို မိခင်ရဲ့ရှေ့ကို ထိုးပေးလိုက်တယ်။ " မစားတော့ပါဘူး သားရယ် ... လက်ဖက်တွေအများကြီးမစားနဲ့နော် ...လေတွေအောင့်နေမှဖြင့်သားရယ် ... ပြီးရင် အိမ်ထဲမှာ သွားနေပြီး စာကျက်နေနော် သားလေး ...အဘိုးနဲ့ အဘွားခိုင်းရင်လဲ လုပ်ပေးလိုက်အုံးနော် ကြားလား သားလေး " အေးမြနွယ်က ကွမ်းယာထုတ်နေရင်းကနေ သားဖြစ်သူကို ပြောလိုက်တယ်။ နေမခက မိခင်ရဲ့ စကားကို နားထောင်ပြီး ခြံထဲကို ပြန်ဝင်လာခဲ့လိုက်တယ်။ခြံထဲကို ပြန်ဝင်လိုက်တော့ ဘွားအေ (ဖြစ်သူက အိမ်တံခါးပေါက်မှာ ခါးထောက်ပြီး ရပ်ကြည့်နေတာကို တွေ့လိုက်ရတယ် ။ နေမခလဲ အဘွားဖြစ်သူကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အဘွားတို့ အိမ်ကြီးရဲ့ ခြေရင်းက လမ်းလေးအတိုင်း လျှောက်ခဲ့လိုက်ပြီး မိမိတို့မိသားစုသုံးယောက် နေတိုင်ရာ အခန်းလေးဆီကိုပဲ တန်းပြီး လျှောက်ခဲ့လိုက်တယ် ။ ရောက်ပါပြီ။အဖေရယ် ၊ အမေရယ် နေမခရယ်နေတဲ့ အခန်းလေးက အဘွားတို့အိမိကြီးရဲ့ မီးဖိုခန်းလောက်တောင်မကျယ်ပါဘူး။ ပြီးတော့ နေမခတို့ရဲ့ အခန်းဘေးမှာ အိမ်သာလည်းရှိတယ်။ အခန်းနဲ့ အိမ်သာကြားမှာ သွပ်ပြားတွေနဲ့ ကာရံထားပေမဲ့ နေမခရွံရှာမိတာတော့ အမှန်ပဲ။ဒါပေမဲ့နေမခ အဘွားတို့အိမ်ပေါ်မှာတော့ သွားမနေချင်ဘူး ။အမေနဲ့အတူနေရတဲ့ ဒီအခန်းလေးထဲမှာပဲ နေရတာပျော်ပါတယ်။အခန်းကျဉ်းကျဉ်းစုတ်စုတ်လေးမှာ နေမခ မနေချင်ပေမဲ့ အမေရှိတဲ့နေရာဆို နေမခအတွက် ပျော်စရာနေရာပဲ။အမေမရှိတဲ့ နေရာကတော့ အဘွားတို့အိမ်လို နှစ်ထပ်အိမ်ကြီးနဲ့ တီဗီအကြီးကြီးတွေရှိလဲ နေမခ မပျော်ဘူးလေ။ ~~~~~~~ "ကေသီ " " ကိုမင်းရောက်လာပြီလား " အအေးဆိုင်ထဲမှာ အလင်းချိုတို့ ထိုင်နေတုန်းမှာ အမေ့ရဲ့ နာမည်ကို လူတစ်ယောက်က ခေါ်လိုက်တာမို့ အမေက ထိုင်နေရာက ဖျက်ခနဲထရပ်လိုက်သလို အလင်းချိုကလဲ ခေါ် သူကို မျက်လူးပြူးလေးနဲ့မော့ကြည့်လိုက်မိတယ်။အမေ့ နာမည်ကို ခေါ်လိုက်သူက အဖေနဲ့ ရွယ်တူ ဦးလေးကြီးတစ်ယောက်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ " မောင်လေးရေ ... အစ်မသမီးကို ရေခဲသုပ်တစ်ပွဲပေးပါနော် ... ရေခဲသုပ်ထဲကို ဖျော်ရည်နဲ့ နို့ဆီပဲဆမ်းပေးပါနော် ... မြေပဲနဲ့ ယိုတွေနဲ့မထည့်ပါနဲ့ ... အဲ့ဒါတွေကလေးမစားလို့ပါ " အအေးဆိုင်ကလူကို အမေက ရေခဲသုပ်မှာနေတာကိုကြည့်ပြီး အလင်းချို တံတွေးကို မျိုးချနေမိတယ်။ ရေခဲသုပ်ဆိုတာ အလင်းချို အကြိုက်ဆုံး အစားအစာပဲ။ဒါပေမဲ့ ရေခဲသုပ်ထဲမှာ မြေပဲနဲ့ ယိုတွေ ပါလာရင်တော့ အလင်းချို မစားတတ်ဘူး။ မကြိုက်ဘူး။ ဒါကိုသိလို့ အမေက ဆိုင်ရှင်ကို သေချာမှာနေတာလေ။ "သမီးလေး ... ဒီမှာရေခဲသုပ်စားပြီး ခဏထိုင်နေနော် ... အမေ ဒီကဦးလေးနဲ့ စကားသွားပြောလိုက်အုံးမယ် " "ဟုတ်ကဲ့ မေမေ "

" ဟုတ်ကဲ့ အရီး ...စာအုပ်တွေလာပို့တာ ထင်တယ် အရီးရဲ့ ...ရွာမှာ စာကြည့်တိုက် လေးဖွင့်ချင်လို့ ....မြို့ကို ငြိမ်း လှမ်းမှာလိုက်တာလေ ..." " ဟုတ်လား ...ကောင်းပတော် ... ကောင်းပ " ငြိမ်းလည်း အရီးလေးကို ပြန်ပြောလိုက်ရင်းမှ ရွာလူကြီး အိမ်ဘက်သို့ထွက်ခဲ့လိုက်လေသည်။ **** ရွာလယ်လမ်းမသို့ ရောက်သောအခါ ငြိမ်းသည် ရွာလမ်း မအတိုင်း မိမိရှိရာဘက်သို့ လျှောက်လာသော သူကိုကြည့်ပြီး နှလုံးသားမှာ ထိန်း၍မရအောင်တဒိန်းဒိန်း ဆောင့်ခုန်လာလေသည်။ "ကိုစိုင်း " ငြိမ်းတုန်တုန်လှုပ်လှုပ်နှင့်ခေါ်လိုက်မိလေသည်။ "ငြိမ်း " စိုင်းခွန်နောင်သည် ငြိမ်းရှိရာသို့ လျှောက်လာပြီးလျှင် ငြိမ်း၏ လက်ဖျားလေးကို ဆုပ်ကိုင်လိုက်ပြီး ငြိမ်းကို တမ်းတမ်း တတခေါ်လိုက်မိသည်။ - ****** "ဘယ်လို ရှာတွေ့သွားတာလဲ ... " ငြိမ်းက စိုင်းခွန်နောင်ကို ကြည့်ပြီး မေးလိုက်သည်။ "ဒီလိုပဲ နည်းမျိုးစုံနဲ့ရှာရတာပေါ့ ငြိမ်းရဲ့ ... ငြိမ်းဒီရွာမှာ ရှိတာကို သိခဲ့တာကြာပြီ... ငြိမ်း စိတ်ပျော်နေမှန်းသိလို့ တမင် ပေးနေတာပါ ...ခုတော့ ကိုယ်နဲ့ပြန်လိုက်ခဲ့တော့နော်...." စိုင်းခွန်နောင်က ငြိမ်း၏မျက်နှာလေးကို ရွှန်းရွှန်းစားစားကြည့်ရင်း ပြန်ဖြေလိုက်သည်။ "အမေ နေကောင်းလားဟင်....အမေရော ...ငြိမ်း ဒီရွာမှာ ရှိတာ သိလား..." ငြိမ်း၏ အမေးကို စိုင်းခွန်နောင်က ခေါင်းကို ငြိမ့်ပြရင်း ဖြေလိုက်သည်။ " သိတာပေါ့ ငြိမ်းရဲ့ ... ပြီးတော့ဒေါ်လေးလည်း နေကောင်းပါတယ် ...အားလုံးလဲ နေကောင်းကြပါတယ် ... ငြိမ်း ပြန်လာမယ့်နေ့ကို အားလုံးက ကျန်းကျန်းမာမာ နဲ့ စောင့်နေကြ/တယ်... ဒါကြောင့် ငြိမ်း ပြန်လိုက်ခဲ့တော့နော် ..." " စည်သူက ဘယ်မှာနေတာလဲ ..." ငြိမ်းက စိုင်းခွန်နောင်၏ အမေးကို မဖြေဘဲ သိချင်တာကို မေးလိုက်သည်။ " စည်သူက ဦးလေးနဲ့နေတယ် ငြိမ်း ..." "ဪ " "ဒါနဲ့ ငြိမ်း ကိုယ်နဲ့ပြန်လိုက်ခဲ့မှာ မဟုတ်လား ......" စိုင်းခွန်နောင်က ငြိမ်းကိုကြည့်ပြီး မချင့်မရဲနှင့် ထပ်မေးလိုက်သည်။ ငြိမ်းသည် စိုင်းခွန်နောင်ကို သေချာစိုက်ကြည့်လိုက်ပြီးနောက် စိုင်းခွန်နောင်၏နားထင်စပ်မှ ဆံပင်ကို ဆောင့်ဆွဲလိုက်ပြီး အသံမာမာနှင့် ပြောလိုက်လေသည်။ " နင့်နောက်ကို ငါမလိုက်လဲ ...ငါ့နောက်ကို နင်လျောက်လိုက်နေမှာမဟုတ်လား တင်ထူးအောင်ရဲ့ " ငြိမ်း၏ အပြောကြောင့် စိုင်းခွန်နောင်ခေါ်တင်ထူးအောင်သည် သဘောကျစွာပြုံးလိုက်ပြီးလျှင် ငြိမ်း၏ နဖူးလေးကို ခပ်ဖွဖွနမ်းလိုက်ပြီးနောက် ပြန်ပြောလိုက်လေသည်။ "မှန်တာပေါ့ ..ခင်ငြိမ်းစံရှိတဲ့နေရာက သာ တင်ထူးအောင် အတွက် ပျော်ရွှင်စရာ ကမ္ဘာတစ်ခုပဲဟာ ..." @@@@@@@@@@@ ပြီးပါပြီခင်ဗျာ အစမှအဆုံးထိ ဖတ်ရှုပေးကြသူများအား ကျေးဇူးအထူးတင်ရှိပါသည်။ ဧကြည်ဖြူ ဖတ်ရှုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင် စာဖတ်ခ ၁၀၀၀ကျပ် ပေးသွင်းလိုသူများအတွက် ပေးသွင်းရမည့် အကောင့်များမှာ KPay 09773745413 Lai Lai Win Wave 09773745413 Lae Lae Win ဖြစ်ပါတယ် အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင် LiKe & Comment & Share လေးတွေနဲ့ ကူညီပေးကြပါအုံးရှင် ကလောင်နာမည်ဖျက်ပြီး Copy ယူခွင့်မပြုပါ ခိုးယူသုံးစွဲခြင်းများ ခွင့်မပြုပါ စာဖတ်သူများအားလုံးကို ကျေးဇူးတင်ချစ်ခင်လျက်ပါ A Kyi Phyu #ဧကြည်ဖြူ

"နယ်ဘက်ကို ... တစ်လလောက်တော့ နေဖြစ်မယ် " " ဘာပြောတယ် သမီး တစ်လ ဟုတ်လား .... မဖြစ်နိုင်ဘူး ....အမေခွင့်မပြုချင်ဘူး ... ပြီးတော့ ထူးထူးလည်း ဆေးရုံကဆင်းခွင့်ရသေးတာ မဟုတ်ဘူး ...သူမိသားစုတွေရောက်နေပြီဆိုပေမဲ့ တာဝန်အရှိဆုံးသူက သမီးမဟုတ်လား ..." ဒေါ်ငြိမ်းဝေက တားမြစ် စကားဆိုလိုက်သည် ။ ငြိမ်းသည် မိခင်ဖြစ်သူကို ဖြည်းလေးစွာ လှည့်ကြည့်လိုက်ပြီး ခပ်တိုးတိုး ပြန်ပြောလိုက်သည်။ " ငြိမ်းကို ခွင့်ပြုပေးပါ..ငြိမ်း ဒီမှာ ဆက်နေရင် သေသွားလိမ့်မယ်... ငြိမ်း ဒီပတ်ဝန်းကျင်က ဘယ်သူ့ကိုမှ မတွေ့ချင်ဘူး ...ငြိမ်းကို သနားသလို ...လှောင်ပြောင်သလိုကြည့်တဲ့အကြည့်တွေကိုလည်း ရင်မဆိုင်ချင်ဘူး ...ခွင့်ပြုပေးပါ ...မနက်ဖြန်ညနေ ကားနဲ့သွားဖို့ လက်မှတ်လည်း ဖြစ်ပြီးပါပြီ ...." ငြိမ်း၏ စကားကြောင့် ဒေါ်ငြိမ်းဝေသည် ပါးစပ်အဟောင်းသားနှင့် ငြိမ်းကို ငေးကြည့်နေမိပြီးလျှင် ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာလေသည်။ ****** ငြိမ်းသည် သီးသန့် လူနာခန်းရှေ့တွင် အတန်ကြာ ရပ်နေမိပြီးနောက် တံခါးကို ခပ်ဖြည်းဖြည်း ခေါက်လိုက်သည်။ထိုအခါ အထဲမှ လှုပ်ရှားသံကြားလိုက်ရပြီး အခန်းတံခါးမှာ ပွင့်လာလေသည်။ " မမငြိမ်း လာလေ အထဲဝင် ...ကိုထူးတော့ အိပ်ပျော်နေတယ် ... မမနှိုးလိုက်နော် ကျွန်တော်အပြင် ခဏ သွားလိုက်အုံးမယ် ...." စိုင်းခွန်နောင်၏ ညီလေးက ငြိမ်းကို နှုတ်ဆက်ပြီး အခန်းပြင်သို့ ထွက်သွားလေသည်။ ငြိမ်းသည် လူနာစောင့်ခုံပေါ်တွင် ထိုင်လိုက်ပြီး အိပ်ပျော်နေသော စိုင်းခွန်နောင်၏ မျက်နှာကိုငေးကြည့် နေမိလေသည်။အပြစ်ကင်းစင်လှသော စိုင်းခွန်နောင်၏ မျက်နှာကို ကြည့်နေရင်းမှ ငြိမ်းနှုတ်မှ ခပ်တိုးတိုးလေး ရေရွတ်လိုက်မိလေသည်။ "နင် နဲ့ ငါ ကံမကုန်သေးရင် ပြန်ဆုံကြရမှာပါ ထူးရယ် ... အခုတော့ ငါ့ကို သွားခွင့် ပြုပါအုံးနော် " ငြိမ်းသည် ပြောပြီးသည်နှင့် စိုင်းခွန်နောင်၏ အပါးမှလှည့် ထွက်လိုက်လေသည်။ " ငြိမ်း " ထိုအခါ စိုင်းခွန် သည် ခုတင်ထက်မှနေ၍ ငြိမ်း၏လက်ကလေးကို လှမ်းဆွဲလိုက်ပြီး ငြိမ်းကို ခပ်တိုး တိုးခေါ်လိုက်သည်။ " ဘယ်ကို သွားမလို့လဲ ငြိမ်း ... ကိုယ့်ကို ထားခဲ့တော့မလို့လား ....မင်းကို တွေ့ရဖို့ ကိုယ်ဘယ်လောက် ကြိုးစားခဲ့ရလဲ ငြိမ်းရယ် ...ထွက်မသွားပါနဲ့နော် ...ငြိမ်း ကျေနပ်တဲ့အထိ ငြိမ်းပေးတဲ့ အပြစ်တွေကိုခံယူရင်း စောင့်နေပါရစေနော်....လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ငြိမ်းကို နှုတ်မဆက်ဘဲ ထွက်ခဲ့ရပေမဲ့ ငြိမ်းကို ကိုယ် တစ်ရက်လေးမှ မမေ့ခဲ့ပါဘူး ... ငြိမ်းနဲ့ တွေ့တဲအခါ ချမ်းချမ်းသာသာ ထားနိုင်အောင် တိုင်းတစ်ပါးမှာ ကိုယ်ကြိုးစားခဲ့တာပါ ...ထားမသွားပါနဲ့နော် ငြိမ်းရယ် " ငြိမ်းသည် စိုင်းခွန်နောင်၏ ပြောစကားများကို တိတ်ဆိတ်စွာနားထောင်နေမိလေသည်။ပြီးလျှင် စိုင်းခွန်နောင်ဘက်သို့ လှည့်ကြည့်ပြီး ပြောလိုက်သည်။ " ငြိမ်းတို့ ကံမကုန်သေးရင် ပြန်ဆုံကြမှာပါ ...ကိုဆန်းလင်းအောင်က ပြောတယ် ... နင် ငါ့ကို တစ်ချိန်လုံးရှာခဲ့တာဆို ...ခုလည်း ငါပျောက်သွားတဲ့အခါ နင်လိုက်ရှာပေါ့ ... ဒီတစ်ခါပြန်တွေ့ရင် ထွက်မပြေးတော့ပါဘူး ...ခုတော့ ခွင့်ပြုပေးပါ " "ငြိမ်းရယ် " စိုင်းခွန်နောင်သည် ခုတင်ပေါ်မှနေ ငြိမ်း၏ လက်ကလေးကို မလွှတ်တမ်း ခပ်တင်းတင်းဆုပ်ကိုင်ဆွဲထားလေသည်။ ငြိမ်းသည်လည်း ခုတင်ဘေးတွင် တောင့်တောင့်မတ်မတ်ဖြင့် ရပ်နှေမိလေသည်။ ***** စမ်းချောင်းလေးသည် ကြည်လင်အေးမြစွာ တသွင်သွင်စီးဆင်း၍နေလေသည်။ငြိမ်းသည် မြို့သာ ရွာသူလေးများဖြစ်ကြသော မော်မော်နှင့်သော် သော်တို့ ညီအစ်မ နှင့်အတူ စမ်းချောင်းထဲတွင် အဝတ်လျှော် ရေချိုးကြရင်း ရေဆော့ကစားနေကြရင်းမှ သော်သော်က ငြိမ်းကို မေးလိုက်လေသည်။ " မမငြိမ်း သမီးတို့ရွာမှာ နေတာ ပျော်ရဲ့လားဟင် .." "ပျော်တာပေါ့ သော်သော်ရဲ့ ..." ငြိမ်းက သော်သော် အမေးကို ခေါင်းငြိမ့်ပြပြီးပြန်ဖြေလိုက်သော်အခါ သော်သော် ရော မော်မော်ပါ ရွှင်မြူး သွားကြလေသည်။ "တကယ်နော် မမငြိမ်း ....ဒါဆို မြို့ကို မပြန်ရတော့ဘူးနော် သမီးတို့ရွာမှာပဲ တစ်သက်လုံး နေရမှာနော် " "အင်းပေါ့ သော်သော်ရဲ့ နေမှာပေါ့ " " ဟေး ... ပျော်လိုက်တာ " ငြိမ်း၏ အဖြေကြောင့် ဆယ်ကျော်သက်အရွယ်လေးများဖြစ်ကြသော သော်သော် နှင့်မော်မော်တို့က ဟေးခနဲ ထအော်လိုက်ကြလေသည်။ယခုဆိုလျှင် ငြိမ်းသည် မြို့သာ ဆိုသော သည်ရွာလေးကို ရောက်ရှိနေသည်မှာ ရှစ်လပင်ကျော်လာခဲ့ပြီဖြစ်လေသည်။မြို့သာ ရွာလေးသို့ ငြိမ်းသည် အသိတစ်ယောက်၏အကူအညီဖြင့် ရောက်လာခဲ့ပြီးလျှင် ရွာထဲရှိ သော်သော်တို့ မိသားစု၏ အနီးဆုံးခြံထဲတွင် အိမ် ငှါး၍ နေခဲ့ခြင်းဖြစ်လေသည်။မြိုသာ ရွာလေးသည် မြို့နှင့် အင်မတန်မှ အလှမ်းကွာလှပြီး အေးချမ်းသော ရွာလေး ဖြစ်လေသည်။ ******* "ငြိမ်းရေ ... ဧည်သည် လာသကွဲ့ ... သူ့မှာ စာအုပ်တွေလည်း အများကြီးပါလာတယ်...ရွာလူကြီး အိမ်မှာ ငြိမ်းကို မေးနေတာ အရီကြားခဲ့တာပဲ " ငြိမ်းက ခြံထဲက အပင်လေးများကို ရေလောင်း နေရင်းမှ ခြံဝရှိ အရီးလေးကို ပြန်အော်ပြောလိုက်သည်။

ဧကြည်ဖြူ " ချစ်ဆိပ် "(ချူ ) ( ဇာတ်သိမ်းပိုင်း ) ****** ငြိမ်းသည် အခန်းထဲသို့ ကြည့်ပြီး မယုံနိင်စွာ မေးလိုက်မိပြီးနောက် တုန်တုန်လှုပ်လှုပ်နှင့် နောက်သို့ ပြန်လှည့်ပြေးခဲ့မိလေသည်။ ဒေါ်ငြိမ်းဝေတို့ မှာလည်း ရုတ်တရက်ပေါ်လာသော ငြိမ်းကို ကြည့်ပြီး ထိတ်လန့် တုန်လှုပ်သွားကြရကာ ကြက်သေသေလျက် ရှိနေကြလေသည်။ပြီးနောက် စိုင်းခွန်နောင်သည် ဦးစွာသတိဝင်လာပြီးနောက် လှည့်ထွက်ပြေးသွားသော ငြိမ်းနောက်သို့ ထ၍ပြေးလိုက်ခဲ့လေသည်။ **** ငြိမ်သည် ထိတ်လန့်တုန်လှုပ်စွာ ဆိုင်ထဲမှ ပြေးထွက်ခဲ့လေရာ ဆိုင်ရှေ့ လမ်းပေါ်သို့ ရောက်သောအခါ လူတစ်ယောက်နှင့်ဝင်တိုက်မိပြီး မြေပြင်ပေါ်သို့ ပစ်လဲကျသွားရလေသည်။ငြိမ်း လဲကျနေရာမှ ကုန်းထပြီး ဝင်တိုက်မိသော တစ်ဖက်လူကိုကြ ည့်လိုက်မိရာ မိမိအား စားတာ့ဝါးတော့ မတတ် စူးစူးဝါးဝါးစိုက်ကြည်နေသော့ မူယာဟန်ကို တွေ့လိုက်ရလေသည်။ "နင့်ကို ငါစောင့်နေတာ ခင်ငြိမ်းစံရဲ့...သူများဘဝကို ဖျက်ဆီးပြီးတော့ နင့်အလှည့် ရောက်မှာစိုးလို့ အိမ်ထဲကအိမ်ပြင် မထွက်ဘဲ ပုန်းနေတယ်ပေါ့ ဟုတ်လား... နင် ငါ့ကို ဒီလိုလုပ်လိုက်တော့ နင်ဘာပြန်ရလဲ ...ရဲရင့်ကို ငါသတ်လိုက်တာလားပြော....နင်အခု ငါနဲ့လိုက်ခဲ့ လာ...." မူယာဟန်သည် ပြောပြောဆိုဆိုနှင့် ငြိမ်း၏လက်ကို ဆောင့်ဆွဲကာ ခေါ်လေသည်။ မူယာဟန်၏ အပြုအမူကြောင့် ငြိမ်း တစ်ကိုယ်လုံး တဆတ်ဆတ်တုန်သည်အထိ ဒေါ်သထွက်လာမိပြီး မူယာဟန်ကို့ အားကုန် ဆောင့်တွန်းထုတ်ပစ်လိုက်သည်။ပြင်းလွန်းသောအရှိန်ကြောင့် မူယာဟန်မှာ နောက်ပြန်လဲကျသွားလေ၏။ မူယာဟန်သည် လဲကျသွားရာမှ ပြန်ထလိုက်ပြီးလျှင် မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ငြိမ်းကိုကြည့်လိုက်ပြီးနောက် အိတ်ထဲမှ ဓါးကို ထုတ်ယူလိုက်ပြီး ငြိမ်းကို ပြေး၍ ထိုးလိုက်လေသည်။ "ငြိမ်း" စိုင်းခွန်နောင်သည် ငြိမ်းနောက် ပြေးလိုက်လာရာမှ မြင်လိုက်ရသော မြင်ကွင်းကြောင့် စိုးရိမ်တကြီး အော်ဟစ်လိုက်မိပြီးလျှင် ငြိမ်း၏ ခန္ဓာကိုယ်လေးကို ဘေးသို့ တွန်းထုတ်ပစ်လိုက်သည်။ " အား " မူယာဟန်၏ လက်ထဲမှ ဓါးသည် စိုင်းခွန်နောင်၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားလေသည်။ "ဟာ ဓါးနဲ့ ထိုးလိုက်ပြီး ...." "ဆေးရုံကား ခေါ်ကြပါအုံးဟဲ့ " "ရဲစခန်းကိုပါ ဖုန်း ဆက် " လူအချို့ဆီမှ အသံများ ထွက်လာကြသလို ဆိုင်ထဲမှ ပြေးထွက်လာသော ဒေါ်ငြိမ်းဝေတို့ အုပ်စုမှာလည်း လန့်ဖျပ်ပြီး စိုင်းခွန်နောင် အနားသို့ အပြေး အလွှား ရောက်ရှိ လာကြ လေသည်။ ငြိမ်းမှာ နေရာတွင်ပင် မလှုပ်မယှက် ရပ်လျက် ဓါးဒဏ်ရာဖြင့် လဲကျနေသော စိုင်းခွန်နောင်ကို မမှိတ်မသုန် စိုက်ကြည့်နေမိပြီး ကြက်သေသေနေမိလေသည်။ ******* "သမီး .... ရေသောက်လိုက် အုံး......သမီးအရမ်းလန့်သွားတယ် မဟုတ်လား .." ဒေါ်ငြိမ်းဝေက လက်ထဲမှ ရေဘူးကို ငြိမ်း၏ လက်ထဲသို့ထည့်ပေးလိုက်လေသည်။ ငြိမ်းက ငြင်းဆန်ခြင်းမပြုဘဲ ရေဘူးကိုယူထားလိုက်ပြီး ဆေးရုံ၏ ခုံတန်းပေါ်တွင် ထိုင်လျက် မှ စိုင်းခွန်နောင်ကိုခွဲစိတ်ကုသပေးနေသော ခွဲစိတ်ဆောင်သို့သာ ကြည့်နေ့မိလေသည်။ ဒေါ်ငြိမ်းဝေမှာ သမီးဖြစ်သူ၏ အေးစက်တင်းမာနေသော မျက်နှာကို ငေးကြည့်နေမိ ပြီး ခပ်လှမ်းလှမ်းတွင် ထိုင်နေသည်။အနီးအပါးတွင် ဆန်းလင်းအောင် နှင့် မိတ်ဆွေအချို့လည်း ရှိနေကြပြီး အားလုံးမှာ ခွဲစိတ်ခန်းဆီသို့သာ အာရုံရောက်နေကြလေသည်။ထိုစဉ်မှာပင် ခွဲစိတ်ခန်းတံခါးပွင့်လာပြီး အထဲမှ သူ့နာပြုတစ်ယောက်ထွက်လာပြီး လှမ်း၍ ခေါ်လေသည်။ "ကိုတင်ထူးအောင် ခွဲစိတ်လို့ ပြီးပါပြီ ....အသက်အန္တရာယ် မစိုးရိမ်ရတော့ပါဘူး " သူနာပြု၏ စကားကြောင့် ငြိမ်းရင်ထဲ လှိုက်ခနဲ ဆောင့််ခုန်ပြီး ပျော်ရွှင်သွားမိသလို ပါးပြင်ပေါ်သို့ ပူနွေးစွတ်စိုသော မျက်ရည်စများလည်း စီးကျ၍လာလေသည်။ ***** " သမီး " ဒေါ်ငြိမ်းဝေသည် ခုတင်ပေါ်တွင် ထိုင်ချလိုက်ပြီး ငြိမ်းကို မဝံ့မရဲခေါ်လိုက်သည်။ ငြိမ်းသည် မှန်တင်ခုံရှေ့တွင် ထိုင်လျက်မှ မိခင်ဖြစ်သူ၏ အသံကို ကြားသော်လည်း လှည့်၍ မကြည့်ဘဲ နေမိလေသည်။ " အမေ တောင်းပန်ပါတယ် သမီးရယ်....အဲ့ဒီတုန်းက ထမင်းနပ်မှန်အောင် မစားရဘဲ လမ်းဘေးမှာနေ လမ်းဘေးမှာ အိပ်နေရတဲ့ စည်သူ လေးကိုကြည့်ပြီး အမေ့ရင်ထဲမှာ သမီးငယ်ငယ်က အဖြစ်တွေကိုပဲ မြင်ယောင်နေမိတာမို့ သနားပြီး လက်ခံခဲ့မိတာပါ ...." ဒေါ်ငြိမ်းဝေက ငြိမ်း၏ ကျောပြင်ကို ငေးမောကြည့်လျက် တတွတ်တွတ် တောင်းပန်နေမိလေသည်။ ငြိမ်းသည် မနေ့က အဖြစ်အပျက်များ ပြီးကတည်းက မည်သူ့ကို မျှ စကား မပြောဘဲ ငြိမ်သက်တိတ်ဆိတ်လျက်ရှိလေသည်။စည်သူ့ခမျာ အစ်မဖြစ်သူ၏ တင်းမာ အေးစက်နေသော အမှုအရာကြောင့် သူ့အခန်းထဲမှပင် မထွက်ရဲဘဲရှိလေသည်။ "အမေ ..စည်သူ လေးကို ပြန်ပို့လိုက်ရတော့မလား ...သမီး သဘောအတိုင်း လုပ်ပါနော် ...." ဒေါ်ငြိမ်းဝေက သမီးဖြစ်သူကို ကြည့်ပြီး ခပ်တိုးတိုးပြောလိုက်သည်။ "ငြိမ်း ခရီးသွားမလို့ ပါ " ငြိမ်း၏ စကား ဒေါ်ငြိမ်းဝေ ထိတ်လန့်အံ့သြသွားပြီး အထစ်ထအငေါ့ငေါ့နှင့် မေးလိုက်မိသည်။ "ဘာ...ဘယ်လို ...သမီး ခရီးသွားမလို့ဟုတ်လား ...ဘယ်ကို သွားမှာလဲ ... ဘယ်လောက်ကြာမှာလဲ ..."

ငြိမ်းသည် လက်ထဲမှ ငွေထုတ်ကို စားပွဲခုံပေါ်သို့ ချလိုက်ပြီး ရှေ့ကလူဆီသို့ ပေးနေစဉ်မှာပင် အထပ်သား ခပ်ပါးပါးတစ်ချပ်သာ ခြားထားသော တစ်ဖက်ခန်းဆီမှ စကားသံများကို နားထောင်ပြီး ရင်တွေ တဒိန်းဒိန်းဆောင့်ခုန်လာမိလေသည်။မိခင်ဖြစ်သူ၏ အသံနှင့် အတူ ကြားလိုက်ရသော စကားသံများကြောင့် ငြိမ်းသည်ဘေးအခန်းဆီသို့ ခြေဦးလှည့်လိုက်မိလေသည်။ **** " ကဲ .. စည်သူပြန်ကြရအောင်ကွယ် ... ဒေါ် လေးတို့ပြန်မယ် ထူးထူး မင်းသူငယ် ...." "အမေ " ဒေါ်ငြိမ်းဝေ၏ အသံမဆုံးခင်မှာပင် အခန်းဝမှ လိုက်ကာစလေးမှာ လွှင့်ခနဲ မြောက်တက်သွားပြီး ထွက်ပေါ်လာသော ငြိမ်း၏အသံကြောင့် ဒေါ်ငြိမ်းဝေတို့ အားလုံး လန့်ဖျပ်သွားကြလေသည်။ "သမီး " "ငြိမ်း" "မမငြိမ်း " ငြိမ်းသည် လိုက်ကာစကို မလိုက်ချိန်၌ တွေ့မြင်လိုက်ရသော မြင်ကွင်းကို ထိတ်လန့်တုန်လှုပ်စွာကြည့်နေမိရင်းမှ နှုတ်မှလည်းလှမ်းမေးလိုက်မိလေသည်။ " ရှင်က ထူးထူးပေါ့ ဟုတ်လား ကိုစိုင်းခွန်နောင် ... ဒါနဲ့ စည်သူ မင်းအဖေကရော ဘယ်သူလဲ..." @@@@@@@@@@@@@@@@ ဇာတ်သိမ်းပိုင်း ဆက်ရန် ဧကြည်ဖြူ

ငြိမ်းပြောနေစဉ်မှာပင် မူယာဟန်က တက်တစ်ချက် ခပ်ပြင်းပြင်းခေါက်ပြီး ဖုန်းချသွားသော ကြောင့် ငြိမ်းလက်ထဲမှ ဖုန်းကို စားပွဲပေါ်သို့တင်လိုက်စဉ် မှာပင် နောက်ထပ် ဖုန်းဝင်လာသောကြောင့် ကြည့်လိုက်သော အခါ " စိုင်းခွန်နောင် "ဆိုသော နာမည်ကြောင့် ရင်ထဲ ဒိန်းခနဲ ဆောင့်ခုန်သွားပြီး ငြိမ်း တုန်တုန်လှုပ်လှုပ် နှင့် ဖုန်း ပါဝါကို ပိတ်ချပစ်လိုက်လေသည်။ ***** ဒေါ်ငြိမ်းဝေ သည် ငြိမ်းရှိရာ စာကြည့်ခန်းထဲသို့ ဝင်လာခဲ့ပြီးနောက် ငြိမ်းကို လှမ်းမေးလိုက်သည်။ "သမီး ဘယ်သွားစရာရှိသေးလဲ ... အမေအပြင် ခဏလောက်သွားမလို့ ...." ငြိမ်းကစာဖတ်နေရာမှ မိခင်ဖြစ်သူ၏ အသံကြောင့် မော့ကြည့်လိုက်ပြီး ခေါင်းကို ခါယမ်းပြရင်း ပြန်ဖြေလိုက်သည်။ "သမီး သွားစရာမရှိပါဘူး ...ဒါနဲ့ အမေက ဘယ်သွားမလို့လဲ " ငြိမ်း၏ အမေးကြောင့် ဒေါ်ငြိမ်းဝေမှာ ဆတ်ခနဲ တုန်လူပ်သွားမိသော စိတ်ကို ထိန်းလိုက်ပြီး ဟန်မပျက် ပြန်ဖြေလိုက်သည်။ "စည်သူကျောင်းပိတ်ရက်ဆိုတော့ ....သူ့အဖေဆီ သွားပို့ပေးမလို့ ... ပြီးတော့ ကျောင်းကြီးပိတ်မှပဲ ပြန်ပို့ပေးမယ့်အကြောင်း ပြောမလို့လေ...." " ဟုတ်ကဲ့ အမေ .သွားလေ ... သမီးလည်း စည်သူလေးရဲ့ အဖေကို တစ်ခါမှကို မတွေ့ဖူးသေးဘူး.... တစ်ခါလောက် တွေ့ပြီး လိုအပ်တာတွေ နည်းနည်းပါးပါး ကူညီပေးလိုက်အုံးမယ်....." "အင်း ....အင်းပါ ... တစ်နေ့လောက် ... အိမ်ကို ခေါ်လိုက်မယ်လေ.... အခုတော့ အမေ သွားလိုက်အုံးမယ် ...." "ဟုတ်ကဲ့ အမေ...တက္ကစီစီးသွားနော် အမေ...လိုင်းကားစီးမနေနဲ့အုံး .." ****** မိခင်ဖြစ်သူ ထွက်သွား သည်နှင့် ငြိမ်းလည်း စာကြည့်စားပွဲမှ ထလာခဲ့ပြီး ဖုန်းကိုဆက်လိုက်ရင်းမှ အပေါ်ထပ်သို့ တက်ခဲ့လေသည်။ "ဟယ်လို " " ကဲ့ ..အစ်မရေ ... ဘယ်လိုလဲ သတင်းတွေကြား တယ် မဟုတ်လား...သူ့အိမ်မှာလဲ နေခွင့်မရတော့ဘူးဗျ ....သူ့ဘိုးတော်ကြီးက ရှက်လို့ ဆိုပြီး အိမ်ကို အလာမခံဘူးတဲ့ ...ဆိုင်လည်းပိတ်ထားရတယ်... ပြီးတော့ ဟိုတိုက်ခန်းကိုလည်းရတဲ့ဈေးနဲ့ရောင်းထုတ်ပစ်လိုက်ပြီတဲ့ ...." .. တစ်ဖက်မှ လူ၏စကားသံကို နားထောင်ရင်း ငြိမ်းက သိချင်တာကို မေးလိုက်သည်။ "သူနဲ့ တိတ်တိတ်ပုန်း ဖြစ်နေတဲ့ သူက ရော " " ဟာ ... သူက အဆိုးဆုံးပေါ့ ..သူ့ကိုတော့ ဟိုနေ့ ယူမယ်... ဒီနေ့ယူမယ်နဲ့ အပျော့ဆွဲဆွဲထားပြီး .....လူမသိအောင် ရှုပ်နေတာတွေကို အခုသိသွားတော့ အဘိုးကြီးကလူကိုယ်တိုင်တောင် ဆင်းမတွေ့ဘဲ ခြံစောင့်ကတဆင့် မောင်းထုတ်ခဲ့တာဗျ ... ဘွားတော်ကြီးက ငရှုပ်ပါဗျာ... ခုတော့ တည်းခိုခန်းတစ်ခုမှာ တည်းနေတယ်..." "ဟုတ်လား ...ကျေးဇူးပဲ... ကျန်တဲ့ငွေနဲ့ အပိုဆုငွေပါ ပေးမယ်....." ငြိမ်း လက်ထဲမှဖုန်းကို ချပြီး အပြင်သွားရန် ပြင်ဆင်လိုက်သည်။ ***** " ဒီမှာ ကိုအောင်မင်း ... ရှင် ဒီရက်အတွင်း ရှင့်သားနဲ့မတွေ့နဲ့အုံး ....တော်ကြာ သမီးလေး မတော်တဆတွေ့သွားရင်မလွယ်ဘူး ..ခုချိန်မှာ သမီး စိတ်က ကြည်တာ မဟုတ်ဘူး....ခုလည်းထူးထူးက တိုင်ပင်စရာရှိတယ်ဆိုလို့သာ လာခဲ့ရတာ ...သမီးကို အိမ်မှာ ထားခဲ့ရတာ စိတ်ကမဖြောင့်ဘူး...ဒါကြောင့်မို့ဒီမှာပဲ ချိန်းလိုက်တာ ..... ထူးထူးက ဒေါ်လေးကို ဘာပြောချင်လို့လဲ ....မြန်မြန်ပြောပြီး မြန်မြန်ပြန်ကြတာပေါ့ကွယ်....." ဒေါ်ငြိမ်းဝေက စားပွဲခုံမှာ ဝင်ထိုင်လိုက်သည်နှင့် အလောသုံးဆယ် ပြောလိုက်လေသည်။ "ဟုတ်ကဲ့ ...ကိစ္စက ငြိမ်းကိစ္စပါပဲ ....ခုဆိုမမူယာဟန်က ....သူ့အသိုင်းဝိုင်းမှာရော..လူ့ပတ်ဝန်းကျင်မှာပါ အရုက်တကွဲဖြစ်နေပြီ... အိမ်ကလဲ နှင်ချခံလိုက်ရသလို.....စီးပွားရေးတွေလည်း ဘာမှလုပ်မရတော့တဲ့ အခြေအနေထိ ရောက်သွားတာ ....အဲ့ဒီအတွက် သေချာတာက ငြိမ်းကို အငြိုးထားလိမ့်မယ်...အဲ့ဒါကြောင့် ငြိမ်းကို စောင့်ကြည့်မှ ဖြစ်မယ်ထင်တယ် ဒေါ် လေး...ကျွန်တော်လည်း မမူယာဟန်ကို စောင့်ကြည့်ဖို့ လူတစ်ယောက်ဆီမှာ အကူအညီတောင်းထားတယ် ...ညီလေးကလဲ အိမ်ရောက် တာနဲ့ မင်းမမငြိမ်းနားမှာကပ်နေနော် ..." "ဟုတ်ကဲ့ပါ ကိုကြီး " " အေးပါကွယ် ...ထူးထူးရယ် သားရှိလို့သာပေါ့ ...မဟုတ်ရင် အဒေါ်တော့ ဘာလုပ်ရမှန်းမသိဘူး ... မွေးထားတဲ့အဖေက ပေးခဲ့တဲ့ စိတ်ဒုက္ခတွေကြောင့် ..... မင်းသူငယ်ချင်း ငြိမ်းက ဒီလိုဖြစ်နေတာပါ...တကယ်တမ်းပင်ကိုယ်စိတ်က တစ်ဖက်သားကို သနားကြင်နာတတ်တဲ့သူပါ ...အဲ့ဒါတွေအားလုံးက ရှင့်ကြောင့်ပဲ ကိုအောင်မင်း ...ထူးထူးရယ် သားကိုတော့ အားနာပါတယ်... ဒီကိစ္စတွေအားလုံးပြီးရင် ဒေါ်လေးတော့ မင်းတို့နဲ့ အဆက်အသွယ်ဖြတ်ပြီးနေချင်တယ်...သမီးကို စိတ်ပျော်ရွင်နေတာပဲမြင်ချင်တယ် ဒေါ်ငြိမ်းဝေ၏ စကားကြောင့် စိုင်းခွန်နောင်မှာ မျက်နှာကို အောက်သို့ ငုံ့ချလိုက်မိသလို ဦးအောင်မင်းကလည်း ဒေါ်ငြိမ်းဝေကိုကြည့်ပြီး ခပ်တိုးတိုးပြန်ပြောလိုက်လေသည်။ "အေးပါ ငြိမ်းဝေရာ .... နင်ကလဲ ကလေးရှေ့မှာ ဒီလိုပြောရလား ....သားလေးက သူ့အစ်မကို သံယောစဉ် တွယ်နေပြီဟ ..." ****

"ကိုဆန်း ...ကျွန်တော်ကို ဒီရက်ပိုင်း အလုပ်ပျက်ခွင့်ပေးပါဗျာ...ဆိုင်ကိစ္စတွေကို ကိုဆန်းပဲ တာဝန်ယူပေးပါ..." "ဟ ...မင်းက ဘာလုပ်အုံးမလို့လဲကွ " စိုင်းခွန်နောင် စကားကြောင့် ဆန်းလင်းအောင်က ယောင် နနနှင့် ခေါင်းငြိမ်းပြလိုက်ရင်းပြန်မေးလိုက်သည်။ "ဒီပုံအတိုင်းဆို ငြိမ်းမှာအန္တရာယ်ရှိလောက်တယ် ကိုဆန်း...မူယာဟန်က ငွေရှိရုံတင်မဟု တ်ဘူး ကြောက်ဖို့ကောင်းတဲ့စိတ်ဓါတ်ပါရှိတဲ့သူပဲ ..ဒီထဲက စာတွေအရဆို သူက ရဲရင့်ကို ခြိမ်းခြောက်ခဲ့တာပဲ....သူ့သဘောက သူကရဲရင့်ကို စိတ်အပန်းပြေရုံ အပျော်တွဲမယ် ... ဒါပေမဲ့ ရဲရင့်က ငြိမ်းနဲ့ဝေးရမှာကို ကြောက်ပြီး သူနဲ မပတ်သက်ဖို့ဆုံးဖြတ်ခဲ့ပုံပဲ...ဒါကြောင့် သူက ငြိမ်းရိပ်မိအောင် တမင်လုပ်ခဲ့တာပဲ....ကြားထဲက မလည်ရှုပ်လုပ်ခဲ့မိတဲ့ ရဲရင့်က အသက်ပါဆုံးခဲ့ရတာပေါ့....သူတို့ထက်ပိုဆိုးသွားတာက ငြိမ်းပဲ....ရဲရင့်ကို ရွံရှာ ဒေါသထွက်နေချိန်မှာ ရုတ်တရက် ရဲရင့်ဆုံးသွားတော့ သူ့မှာ ဒေါသဖြေစရာလူမရှိတော့တဲ့အပြင် ရဲရင့်အမေကိုပါ စောင့်ရှောက်ပေးရတဲ့ဘ၀ကို ရောက်ခဲ့ရတယ်လေ. ..ပြီးတော့ ငြိမ်းက သူ့အဖေကို လက်စားချေမယ်ဆိုပြီး စိတ်တင်းပြီးနေလာခဲ့ရာက ...လမ်းဘေးမှာ သူ့အဖေကို ပြန်တွေ့ခဲ့ရတော့ သူတော်တော်စိတ်ထိခိုက်ခဲ့တာဆိုတော့...." "အေး ငါလဲ ခုမှတွေးမိတယ် ... မူယာဟန်ကများ ငြိမ်းကို ရန် လာပြုခဲ့ရင် ...ငြိမ်းရဲ့ စိတ်ထဲက ဒေါ်သတွေ ပွင့်ထွက်သွားလောက်တယ်ကွ ..." ဆန်းလင်းအောင်က စိုးရိမ်တကြီးနှင့်ပြောလိုက်သည်။ "ဟုတ်တယ် ကိဆန်း ကျွန်တော် စိုးရိမ်တာ အဲ့ဒါပဲ ..." စိုင်းခွန်နောင်က ပြောရင်းမှ အပြင်သို့သွားရန် အမြန်ဆုံးပြင်ဆင်လိုက်လေသည်။ ***** "မမငြိမ်း ....အိမ်ထဲမှာ သွားနေလေ ...ဆိုင် အတွက် စိတ်ချပါ...ဒီနေ့ ဆိုင်ထဲကို မလာနဲ့တော့နော်..." ဆိုင်မှ အလုပ်သမားကောင်မလေးတွေက ဆိုင်ဝတွင် မသိမသာတစ်မျိုး သိသိသာသာတစ်မျိုး စူးစမ်းအကဲခတ်နေကြသော လူအချို့ကို ကြည့်ပြီး ငြိမ်းကို အိမ်ထဲဝင်နေရန်ပြောလာလေသည်။ငြိမ်းက ခေါင်းကို အသာငြိမ့်ပြလိုက်ပြီး အိမ်တွင်းသို့ ဝင်ခဲ့လိုက်လေသည်။ ****** "သမီး ...အမေ၀င်ခဲ့မယ်နော် " ခေါ် ငြိမ်းဝေက ငြိမ်း၏ အခန်းဝမှ အသံပေးလိုက်ပြီး ငြိမ်း၏ အခန်း ထဲသို့ဝင်ခဲ့လေသည်။ ငြိမ်းက မှန်တင်ခုံရှေ့တွင် ထိုင်နေရင်းမှ နောက်သို့ ပြန်လှည့်ပြီးမိခင်နှင့်မျက်နှာချင်းဆိုင်ထိုင်လိုက်လေသည်။ "သမီး ... ဘာတွေဖြစ်နေကြတာလဲဟင် ...ရဲရင့်နဲ့ မူယာဟန်နဲ့ဗီဒီယိုဆိုတာ ဘာကိုပြောတာလဲ ... ဒီနေ့မှ ဆိုင်ကိုလဲ ...လူတွေ လာလှချည်လား..." "ဘာမှမဟုတ်ဘူး အမေ...မသိချင်ယောင်ဆောင်နေလိုက်ပါ ..." ဒေါ်ငြိမ်းဝေက ငြိမ်း၏ အေးစက်စက် မျက်နှာကို အကဲခတ်ကြည့်လိုက်သည်။ " အမေတို့ အိမ်ပြောင်းကြမလား သမီး ...." "ရှင် ... ဘာလို့လဲ အမေ ....ဘာလို့ ပြောင်းရမှာလဲ ...သမီးတို့က ဘာအပြစ် လုပ်ထားလို့လဲ ...." ငြိမ်းက မိခင်ကို ကြည့်ပြီး အေးစက်စက် ပြန်ပြောလိုက်သည်။ "အင်းပါ သမီးအဆင်ပြေရင် ပြီးတာပဲ ... လူတွေ ဘာတွေပြောပြော အချိန်တန်လို့ မောသွားရင် ပါးစပ်ပိတ်သွားကြမှာပဲလေ..." "ရပါတယ် အမေရယ် ... သမီး ဘာမှမဖြစ်ပါဘူး...တကယ်လို့ ဒီနေ့ ရဲရင့်အမေ လာခဲ့ရင် သမီးမတွေ့ချင်လို့ အမေပဲ ပြောလိုက်တော့ ...." "အင်းပါ ..အမေပဲပြောလိုက်ပါ့မယ် ...ဒါဆို အမေ အောက်ထပ် သွားတော့မယ် " ဒေါ်ငြိမ်းဝေက ပြောပြီး ငြိမ်း၏အခန်းထဲမှ ပြန်ထွက်ခဲ့သည်။ ******* " ချစ်သူ့ဆီကို... အတောင်ပံ ...ဖြန့်ကျက်လို့သွားချင်တယ်...." ငြိမ်း မှန်တင်ခုံရှေ့တွင် ထိုင်နေစဉ် မှသင် ဖုန်းသံက ထမြည်လာလေသည်။ငြိမ်းက ဖုန်းကို ကောက်ယူ နားထောင်လိုက်သည်။ "ဟယ်လို.." "ခင်ငြိမ်းစံ ... နင်လုပ်တာမဟုတ်လား ...နင့်ကို အသရေဖျက်မှုနဲ့ တရားစွဲမယ် " ငြိမ်းဖုန်းကို ကောက်ကိုင်လိုက်သည်နှင့် တစ်ဖက်မှာဒါသတကြီးနှင့် ပြောလာသော မူယာဟန်၏ အသံကို ကြားလိုက်ရလေသည်။ငြိမ်းက နှုတ်ခမ်းကို တွန်၍ ပြုံးလိုက်ပြီး "ဒီမှာ မမူယာ...လုပ်ချင်ရင်လုပ်လိုက်လေ...ရှင်တို့ကြောင့် ... ငြိမ်းလည်း အခု အိမ်ထဲက အိမ်ပြင်မထွက်ရဲအောင် ရှက်နေရတာမို့ ...လူသိရှင်ကြားဖြစ်သွားအောင် သွားတိုင်လိုက်ပါ....ပြီးတော့ ခုဖုန်းပြောတာကို သက်သေအဖြစ် အသံသွင်းထားမို့ သက်သေတစ်ခု တိုးတာပေါ မမူယာ..." ငြိမ်းက မူယာဟန်ကို ခပ်ရွဲ့ရွဲ့ပြန်ပြောလိုက်ပြီး တစ်ယောက်တည်းသဘောကျစွာ ရယ်လိုက်မိလေသည်။ "ဘာ ... ခင်ငြိမ်းစံ....နင်...နင်ကြောင့် ငါ့ဘဝပျက်စီးသွားစီးသွားပြီဟဲ့ သိရဲ့လား...ငါ့မိသားစု ငါ့အသိုင်းအဝိုင်းမှာလည်း မျက်နှာမပြရဲတော့ဘူး ....နင့်ကို ခွင့်မလွှတ်ဘူး ...နင် မကြာခင် ငါ့အကြောင်း သိစေရမယ် ခင်ငြိမ်း စံ ..." "ဟုတ်ကဲ့ ....စောင့်မျှော်နေပါ့မယ် ဒေါ် မူယာဟန်...ရှင့်ရဲ့ အပျော်တွေ အပျက်ဖြစ်သွားလို့ စိတ်မကောင်းပါဘူးရှင်.... ဒါပေမဲ့ရှင်တို့လို မိန်းမတွေက ဒီထက်ဆိုးဝါးတဲ့ ဘ၀မျိုးနဲ့ အဆုံးသတ်ရမှာ .... အခုတော့ ရှင်ဘဝ နေစရာမဲ့မဲ့...စားစရားမဲ့မဲ့ဘ၀ကို မရောက်သေးတော့ စိတ်ထဲမကျေနပ်သေးဘူး ..." " တောက် "

ဧကြည်ဖြူ " ချစ်ဆိပ် " (ချူ ) အပိုင်း ( ၂၂ ) ****** "ငြိမ်း ...ဘယ်ကို လာတာလဲ " စိုင်းခွန်နောင်၏ အမေးကြောင့် ငြိမ်း အထစ်ထစ်အငေါ့ငေါ့နှင့် ပြန်ဖြေလိုက်သည်။ " ဟို ..ဟို ကော်ဖီခဏဝင်သောက်တာပါ... ကိုစိုင်းရော ဘယ်လာတာလဲ..." "ကျွန်တော်လည်း ကိစ္စရှိလို့ ဒီဘက် လာတာပါ ...ငြိမ်း ဘယ်သွားမှာလဲ ကျွန်တော်လိုက်ပို့ပေးမယ် ..." "ဟို ..ဟို ရတယ် ...ငြိမ်းက တက္ကစီငှားပြန်မှာ " ငြိမ်းက စိုင်းခွန်နောင်ကို ငြင်းလိုက်ပြီး ကားသွားငှါးရန်ပြင်လိုက်လေသည်။ စိုင်းခွန်နောင်က ငြိမ်း ရှေ့တွင် ပိတ်ရပ်၍ တားဆီးလိုက်လေသည်။ "ငြိမ်း ကျွန်တော်လိုက်ပို့ပေးပါရစေ ... ကားပေါ်ကိုတက်ပါနော်.... ဒီနေ့ ငြိမ်းသွားချင်တဲ့နေရာမှန်သမျှကို လိုက်ပို့ပေးမယ် ... အခုတော့ ကားပေါ်တက်ပါ ...လူတွေ ကြည့်ကုန်ကြပြီး..." ငြိမ်းက စိုင်းခွန်နောင်၏ မျက်နှာကိုတစ်ချက် စိုက်ကြည့်လိုက်ပြီးကားပေါ်သို့တက်လိုက်သည်။ စိုင်းခွန်နောင်သည် ကားကိုမောင်းနေရင်းမှ ငြိမ်းကို မသိမသာ အကဲခတ်နေမိသည်။ ငြိမ်းသည် ကားပေါ်တွင် တိတ်ဆိတ်စွာလိုက်ပါလာပြီးနောက် အတန်ကြာလျှင် စိုင်းခွန်နောင်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။ "ကိုစိုင်း ရဲရင့်တို့ အကြောင်းကိုဘယ်ချိန်ကတည်းက သိနေတာလဲ ..." " ဗျာ ...." စိုင်းခွန်နောင်မှာ ငြိမ်း၏ မေးခွန်းကြောင့် ကြောင်အသွားရလေသည်။ " အဲဒီနေ့က မမူယာ ဟန်ရဲ့ တိုက်ခန်းရှေ့မှာ ကိုစိုင်းရဲ့ ကားကို တွေ့လိုက်တယ်" "အဲ့ ... အဲ့ဒါက ..." စိုင်းခွန်နောင်က ငြိမ်း၏စကားကြောင့် ရုတ်တရက် ဘာပြန်ပြောရမည်မသိ ဖြစ်သွားမိလေသည်။ " မဖြေလည်း ရပါတယ် ....ကိုစိုင်းမသိဟန်ဆောင်နေရမှာစိုးလို့ ငြိမ်းက ပြောတာပါ " ငြိမ်းက စိုင်းခွန်နောင်ကို ပြောလိုက်ရင်း တစ်ဖက်သို့မျက်နှာကိုလွှဲလိုက်သည်။ "ငြိမ်းကို ပြောစရာရှိတယ်... ဒါပေမဲ့ ကျွန်တော့် စကားကြောင့် ငြိမ်း တစ်မျိုးတော့ မထင်စေချင်ဘူး..." စိုင်းခွန်နောင်က ငြိမ်းကိုကြည့်ပြီး မဝံ့မရဲ ပြောလိုက်မိသည်။ "ဟုတ်ကဲ့ ... ပြောလေ ကိုစိုင်း ..." "ဟို...ဒီလိုပါ ငြိမ်း...ရဲရင့် အမေရဲ့ တာဝန်တွေကို ကျွန်တော် ယူပေးပါရစေ...အခုချိန်မှာ ရဲရင့်ရဲ့အမေကို တွေ့နေရတာ ငြိမ်းများစိတ်ပင်ပန်းနေမလာလို့ပါ ...." စိုင်းခွန်နောင်၏ စကားဆုံးသောအခါ ငြိမ်းက အံကိုတင်းတင်းကြိတ်လိုက်မိပြီး စိုင်းခွန်နောင်ဘက်ကို လှည့်ကြည့်ပြီးပြန်ပြောလိုက်သည်။ "ငြိမ်းက ဘာအပြစ်မှ မလုပ်ရပါဘဲ...လူတစ်ယောက်ကို မုန်းဖို့ အခွင့်အရေးလေးတောင် ကံတရားက မပေးဘူး...တကယ်အဖြစ်လုပ်ခဲ့တဲ့သူတွေကတော့ အနေအစား မပျက်ဘဲ ပျော်ရွှင်နေလိုက်ကြတာနော်...." "ငြိမ်းရယ် " စိုင်းခွန်နောင်စိတ်ထဲမှ သနားကြင်နာစ္စာ ရေရွတ်လိုက်မိပြီး ငြိမ်း၏ တင်းမာ အေးစက်နေသော မျက်နှာလေးကို ကြည့်လိုက်မိပြီး နှစ်သိမ့်စကားပြောလိုက်မိသည်။ " အားလုံးကို ဥပေက္ခာပြုလိုက်ပါ ငြိမ်းရယ်.. သူတို့အတွက် ကံ ကြမ္မာက ထိုက်သင့်တဲ့ အဖြစ်ဒဏ်ရှိပြီးသားပါ ..." "နေချင်တာပေါ့ ...မူယာဟန်လို မိန်းမမျိုးတွေကြောင့် ဘ၀ပျက်သွားရတဲ့ မိသားစုတွေ...ဒုက္ခပင်လယ်ဝေခဲ့ရတဲ့ မိသားစုတွေ အများကြီးရှိတယ်....ဒါပေမဲ့ အဲ့ဒီလို မိန်းမတွေအတွက် ထိုက်သင့်တဲ့ အပြစ် ဒဏ်ရယ် မရှိဘဲ အားလုံးက ကံတရားကိုလွှဲချနေပြီး သူတို့ရဲ့ အပြစ်တွေကို လျစ်လျူရှုနေကြတော့ ...." စိတ်ထဲရှိတာတွေကို ပြောချလိုက်ပြီးနောက် ငြိမ်းက ကားပြတင်း မှန်မှတဆင့် အဝေးသို့ငေးကြည့်နေမိလေသည်။ စိုင်းခွန်နောင်လည်း ငြိမ်းကိုကြည့်ကာ မလုံမလဲစိတ်ကြောင့် နှုတ်ဆိတ်လျက် ကားကို မောင်းခဲ့လေသည်။ ***** "စိုင်း...ထအုံး ....လိုင်းဖွင့်ကြည့်အုံး....လိုင်းပေါ်မှာ မူယာဟန်နဲ့ရဲရင့်ရဲ့ ဗီဒီယိုဖိုင်တွေနဲ့ ပုံတွေ ပလူပျံနေတာပဲ..." "ဗျာ ...ဘာ ...ဘာပြောတယ် ကိုဆန်း.. ဘာဗီဒီယိုတွေလဲ...." ကိုဆန်း၏ စကားကြောင့် စိုင်းခွန်နောင် အိပ်နေရာမှ အမြန်ထလိုက်သည်။ " ဘာရမှာလဲ ဟိုဗီဒီယိုတွေပေါ့ကွ...ဗီဒီယို ဖိုင်တွေကတော့ ကြည်လင်ပြတ်သားနေရောပဲ ...ခုချိန်လောက်ဆို ငြိမ်းလဲ သိပြီး လောက်ပြီထင်တယ် အခြေအနေ သွားကြည့်လိုက်အုံး...ဒါနဲ့ဒါတွေကို ဘယ်သူ တင်လိုက်တာလဲကွ ...မူယာဟန်ကိုယ်တိုင်တော့ မဟုတ်လောက်ဘူးထင်တယ်..သူ့ ဇယားကြီးသိသွားရင် အသတ်ခံရမယ့်ကိန်းကွ ...ဒါနဲ့ငြိမ်း များတင်လိုက်တာလား..." စိုင်းခွန်နောင်မှာ ဆန်းလင်းအောင် ပြောနေသော စကားများကို ဂရုမပြုနိုင်ဘဲ ကွန်ပျူတာရှေ့တွင် ထိုင်ချလိုက်ပြီး ဖွင့်ကြည့်လိုက်လေသည်။ဆန်းလင်းအောင်က ခုံကိုဆွဲယူကာ စိုင်းခွန်နောင်ဘေးတွင် ဝင်ထိုင်ရင်း ပြောလိုက်သည် " အကြမ်းတွေချည်းပဲ စိုင်းရ ...မင်းကြည့်နိုင်မှာမဟုတ်ဘူး .... အရှက်အကြောက်ကြီးတဲ့ မိန်းမဆိုရင် ဓါတ်ပုံတွေနဲ့တင် သေနိုင်တယ်... ဒီကြားထဲ မူယာဟန်က သူ့အသိုင်းအဝိုင်းပတ်ဝန်းကျင်နဲ့ အဝတ်အထည် ဖက်ရှင်လောကမှာ လူသိများတဲ့ သူဋ္ဌေး ဆိုတော့ သွားပြီပေါ့ကွာ " စိုင်းခွန်နောင်သည် ကွန်ပျူတာ ဖန်သားပြင်ကို ကြည့်နေရင်းမှ ကွန်ပျူတာကို ပိတ်လိုက်ပြီး ခုံမှ အမြန်ထကာ ဆန်းလင်းအောင်ဆီ ခွင့်တိုင် လိုက်လေသည်။

အမှုအရာများကို တော့သဲကွဲစွာ မြင်ရဘဲရှိလေသည်။ထိုမြင်ကွင်းကိုကြည့်ပြီး စိုင်းခွန်နောင် ရင်ထဲ၌ ဗလောင်ဆူလာလေ သည်။"ငြိမ်းဘတွေ လုပ်နေတာလဲ " ဟု ပြေး၍ မေးချင်စိတ်များပါ ပေါ်ပေါက်လာလေသည်။အတန်ကြာသောအခါ ငြိမ်းသည် စားပွဲမှ ပြန်ထလာသည်ကို တွေ့လိုက်ရလေသည်။ငြိမ်းထွက်လာသည်ကို မြင်သည်နှင့် စိုင်းခွန်နောင်လည်း ကားပေါ်မှ အမြန်ဆင်းလိုက်ပြီး ငြိမ်း ဆီသို့ ခပ်သွက်သွက် လျှောက်သွားလိုက်လေသည်။ " ငြိမ်း " ဆိုင်ထဲမှ ထွက်လာသော ငြိမ်းကိုစိုင်းခွန်နောင် ခေါ်လိုက်သည်။ ငြိမ်းသည် စိုင်းခွန်နောင်ကို ရုတ်တရက် တွေ့လိုက်ရသောကြောင့် အံ့ဩ ထိတ်လန့်သွားပြီး အထစ် ထစ်အငေါ့ငေါ့နှင့် စိုင်းခွန်နောင်ကို ပြန်၍ခေါ်လိုက်လေသည်။ "ကို ...ကိုစိုင်း " @@@@@@@@@@@@@@@@@@@@ အပိုင်း ၂၂ ဆက်ရန် ဧကြည်ဖြူ

မပြုလုပ်ခဲ့ပါလေ။ရဲရင့်ဆုံးသွားပြီးသည့်နောက်မှာတော့ ဖုန်းကို နည်းပညာ ကျွမ်းကျင်သူထံအပ်နှံလိုက်ပြီး လျှို့ဝှက်နံပတ်ဖြင့် ပိတ်ထားသော် ဖုန်းကို ဖွင့်ခိုင်းလိုက်သည့်အပြင် ဖုန်းထဲမှ ဖျက်ထား ဖျောက် ထားသောပုံများနှင့် ဗွီဒီယိုဖိုင်များကိုပါ ပြန်ရှာခိုင်းထားလိုက်ခြင်းဖြစ်သည်။ ငြိမ်း အိပ်ရာပေါ်သို့ လှဲချလိုက်ပြီး ဖုန်းကို ဖွင့်ကြည့်လိုက်ပြီး ဖေ့ဘုက်မက်ဆင်ဂျာသို့ ဝင်ကြည့်လိုက်သည်။ပြီးလျှင် အမြဲစကားပြောနေကျ အကောင့်သို့ ဝင်ကြည့်လိုက်သည်။ {Facebook user ) ဆိုသော စာတမ်းကို မြင်လိုက်ရသည်။နောက်ဆုံးပို့ထားသော စာကြောင်းများကို ငြိမ်း ဖတ်ကြည့်လိုက်မိသည်။ "တကယ်လို့ များ ကျွန်တော့် မင်္ဂလာပွဲ ပျက်သွားရင် ခင်ဗျားလည်း မလွယ်ဘူးနော်...ခင်ဗျားခြိမ်းခြောက်ပြီး ပို့ထားတဲ့ ဗွီဒီယိုဖိုင်တွေ ဓါတ်ပုံတွေ ကျွန်တော့်ဆီမှာအကုန် ရှိတယ်...." "မင်းရူးနေလား ... ငါ့မိသားစုကို လာမရူပ်နဲ့နော်...မင်းဘယ်လောက်လို ချင်လဲပြော..." "ခင်ဗျား အလှည့်ကျတော့ ကြောက်တတ်လှချည်လား ဒေါ်မှုယာ ဟန် ...ကျွန်တော် တောင်းပန်နေတဲ့ကြားက ကျွန်တော့်ဘဝကို ပျက်အောင်ဖျက်ခဲ့တာလေ...ခင်ဗျားမိသားစုကို ထိမှာတော့ကြောက်တယ်လား ..." "မင်းကို ပြောလိုက်မယ်... ငါ့ကိုလာရှုပ်ရင် ...မင်းဘ၀ဒီထက်ဆိုးသွားမယ်..." စာတွေကိုဆက်ဖတ်ချင်စိတ်မရှိတော့သောကြောင့် ငြိမ်း မက်ဆင်ဂျာထဲမှ ပြန်ထွက်ပြီး ဓါတ်ပုံတွေ ၊ ဗွီဒီယိုတွေ ကို၀င်ကြည့်လိုက်သည်။ငြိမ်းလက်ထဲသို့ ဖုန်းရောက်နေသည့်အချိန်မှစ၍ ပထမ ဦးဆုံး ဝင်ကြည့်မိခြင်းဖြစ်လေသည်။ ဓါတ်ပုံဖိုင်ထဲသို့ကြည့်လိုက်သောအခါ တွေ့မြင်လိုက်ရသော ဓါတ်ပုံများကိုကြည့်ပြီး ငြိမ်း ရင်ထဲ အော်ဂလီဆန်သွားမိလေသည်။မိန်းမတစ်ယောက်၏ မမြင်သင့် မမြင်အပ်သောအရာမှန် သမျှကို အသားပေး ဖော်ပြထားသော မူယာဟန်၏ ပုံများနှင့် စက်ဆုပ်ရွံရှာဖွယ် ဗွီဒီယိုဖိုင်အချို့ကိုလည်း တွေ့ရလေသည်။ငြိမ်းသည် ဖုန်းကိုကြည့်ပြီး အံကိုတင်းတင်းကြိတ်ထားမိလေသည်။ ******** "သားရယ် ဒေါ် လေးလည်း ယုံယုံကြည်ကြည်နဲ့ တိုင်ပင်ရမယ့်သူဆိုလို မင်းပဲရှိလို့ပါကွယ်..." ဒေါ်ငြိမ်းဝေသည် စိုင်းခွန်နောင်ကို ကြည့်ပြီး ပြောလိုက် သည်။ "ဟုတ်ကဲ့ ဒေါ် လေး ပြောပါ...ဒေါ်လေးနဲ့ ငြိမ်းရဲ့ကိစ္စက ကျွန်တော့်ရဲ့ ကိစ္စပဲလေ " စိုင်းခွန်နောင်က ဒေါ်ငြိမ်းဝေ၏ ရှေ့တွင် ထိုင်လျက် ရိုရိုသေသေပင်ပြန်ပြောလိုက်သည်။ "ငြိမ်းကို ကြည့်ရတာ တစ်မျိုးပဲ သားရယ်... တစ်ခုခုကို ကြိတ်ပြီး လုပ်နေသလိုပဲ...မေးရင်လဲမဖြေဘူး ... သူဘာတွေလုပ်နေလဲ ဒေါ်လေး စိတ်ပူလှပြီ ... အရင်နဲ့မတူတာတော့ သေချာတယ်..." " စိတ်ချပါ ဒေါ်လေး ...ကျွန်တော် ငြိမ်းကို စောင့်ကြည့်ပေးထားပါ့မယ်...." ***** စိုင်းခွန်နောင်သည် ကားပေါ်တွင် ထိုင်လျက် ငြိမ်းတို့၏ ရပ်ကွက်လမ်းမသို့ မျှော်ကြည့်လိုက်သည်။ဒေါ်ငြိမ်းဝေထံမှ ဖုန်းရပြီးကတည်းက သူ ငြိမ်းကိုလာစောင့်နေခြင်း ဖြစ်လေသည်။စိုင်းခွန်နောင် ကြည့်နေစဉ်မှာပင် ခြေလှမ်းမှန်မှန်နှင့် လျှောက်လာသော ငြိမ်းကို တွေ့လိုက်ရလေသည်။ဂျင်းဘောင်းဘီရှည်နှင့်အနက်ရောင် ရှပ်အင်္ကျီကို ဝတ်ထားပြီး လျှာထိုးဦးထုပ်ကို ခပ်ငိုက်ငိုက် ဆောင်းပြီး တစ်လောကလုံးကို ထီမထင်သည့်ဟန်နှင့် လျှောက်လာလေသည်။ကျောထက်မှလွယ်ထားသော ကျောပိုးအိတ်လေးနှင့် ကျစ်ဆံမြီး တုတ်တုတ်ကြီးသည် လမ်းလျှောက်သည့်အခါ ဟိုသည် ယိမ်း၍နေလေသည်။စိုင်းခွန်နောင်သည် ငယ်စဉ်ကတည်းကပင် သံယောစဉ်ကြီး ချစ်ခင်ခဲ့ရသော ငယ်သူငယ်ချင်းမလေးကို သတိလက်လွတ် ငေးမောကြည့်နေမိလေသည်။စိုင်းခွန်နောင်ကြည့်နေစဉ်မှာပင် ငြိမ်းသည် တက္ကစီကားတစ်စီးကိုလက်တားပြီး တက်သွားသည်ကို မြင်လိုက်ရလေသည် ။စိုင်းခွန်နောင်လည်း ထိုကား နောက်မှ လိုက်ခဲ့လေသည်။ယခုတလော အလုပ်မှအလုပ်ကိုပဲ စိတ်၀င်စားသော ငြိမ်းတစ်ယောက် မကြာခဏအပြင်သို့ထွက်နေသောကြောင့် ဒေါ်ငြိမ်းဝေက စိုးရိမ်ပြီး ငြိမ်းသွားရာနောက်သို့ လိုက်ကြည့်ရန် စိုင်းခွန်နောင်ကို အကူအညီတောင်းထားခြင်း ဖြစ်လေသည်။တကယ်တော့ ငြိမ်းကို စောင့်ကြည့်ပြီး ကူညီစောင့် ရှောက်ပေးရသော အလုပ်သည် စိုင်းခွန်နောင်အတွက်တော့ မထူးဆန်းလှပေ။ငယ်စဉ်ကတည်းကပင် ငြိမ်းသွားလေရာ ၊ ဆော့လေရာနောက်သို့ သူ့မှာ တကောက်ကောက်လိုက်ပါခဲ့ရသည်။ယခုအခါ သည်လို အခွင့်အရေးမျိုးကို ပြန်ရလာသည့်အတွက် စိုင်းခွန်နောင်ကျေနပ်ပျော်ရွှင်မိလေသည်။ကံကောင်းသည်မှာ အလုပ်ကိစ္စများကို ဆန်လင်းအောင်က ဝိုင်းဝန်းကူညီပေးသလို အချို့မဖြစ်မနေ ကိုယ်တိုင် လုပ်ရမည့်အလုပ်များကိုမူ ညဘက်တွေ၌ လုပ်ကိုင်ရလေသည်။ စိုင်းခွန်နောင်ကားကိုအတန်ကြာမောင်းလာပြီးနောက် ငြိမ်းစီးသွားသော တက္ကစီ ကား ရပ်လိုက်သည်ကို တွေ့လိုက်ရသောကြောင့် စသူလည်းကားကို ခပ်လှမ်းလှမ်းတွင် ရပ်တန့်လိုက်လိုက်ပြီး လှမ်းကြည့်နေလိုက်သည်။ ကြည့်နေစဉ်မှာပင် ငြိမ်းက ကားပေါ်မှဆင်းလာပြီး ကော်ဖီဆိုင်တစ်ဆိုင်ထဲသို့ဝင်သွားလေသည်။ဆိုင်ထဲသို့ရောက်သောအခါ ငြိမ်းသည် ဦးထုပ်ဆောင်းထားသော လူတစ်ယောက်၏ စားပွဲ၌ သွားထိုင်လိုက်သည်ကို တွေ့ရလသည်။ပြီးလျှင် နှစ်ယောက်သား စကားပြောနေကြဟန်ကို တွေ့လိုက်ရလေသည်။ ကော်ဖီဆိုင်သည် မှန်များဖြင့် ကာထားသော ကြောမျက်နှာ

" ရဲ့ရင့်ကို ကြည်ပါအုံး မမူယာရယ်... နှစ်ဆယ့်လေးနှစ်ပဲ ရှိသေးတာပါ..ဘ၀တက်လမ်းတွေအများကြီးရှိသေးတဲ့အရွယ်ပါ...ဒီလိုချက်ချင်းကြီးဖြစ်သွားတော့ သူမကျွတ်လွတ်နိုင်မှာပဲစိုးရိမ်မိတယ်...မမူယာ လဲသူ့အတွက်အလှူအတန်းလေး လုပ်ပေးပါနော် ...ဇနီးမောင်နှံလို နေခဲ့တော့ တော်ကြာ သူ့စိတ်ထဲများစွဲနေမလားလို့ပါ " " ရှင်" မူယာဟန်သည် ငြိမ်းပြောလိုက်သော စကားကြောင့် အထိတ်တလန့် ဖြစ်သွားပြီးလျှင် လူအုပ်ကြားထဲမှ အတင်းတိုး၍ ရုန်းထွက်လိုက်လေသည် ။ သည်အခါ၌ ငြိမ်းသည်လည်း မူယာဟန်၏နောက်သို့ အလိုက်သင့်လိုက်သွားလိုက်လေသည်။ "ပြန်တော့မလို့လား မမူယာ...သင်္ဂြိုဟ်ပြီးတဲ့အထိ မနေတော့ဘူးလား ...ဘာပဲဖြစ်ဖြစ်လာပေးတာကျေးဇူးပါနော်..." ငြိမ်းက မူယာဟန်၏ လက်ကို လွှတ်ပြီး ပြောလိုက်သည်။ "ဟုတ်... ဟုတ်ကဲ့ ....ဆိုင်မှာ ဧည့်သည်တွေနဲ့ချိန်းထားလို့ပါ ငြိမ်း....မမူယာကို ပြန်ခွင့်ပြုပါအုံးနော် ..." မူယာဟန်က အထစ်ထစ်အငေါ့ငေါ့ နှင့် နှုတ်ဆက်လေသည်။ ငြိမ်းက ခေါင်းကို အသာငြိမ့်ပြလိုက်သည်။မူယာ ဟန်ကျောခိုင်းထွက်ခွါသွားပြီး အခန်းပေါက်ဝသို့ရောက်သောအခါ ငြိမ်းက မူယာဟန်ကို အသံ မတိုးမကျယ်နှင့်လှမ်းခေါ်လိုက်သည်။ " ခဏနေပါအုံး ....မမူယာ " မူယာဟန်သည် ငြိမ်း၏ခေါ်သံကြောင့် တုန်လှုပ်ချောက်ချားစွာဖြင့် နောက်သို့လှည့်ကြည့်လိုက်လေသည်။ ငြိမ်းက မူယာဟန်၏ အနားသို့ လျှောက်သွားပြီးလျှင် အသံ ခပ်တိုးတိုးနှင့် ပြောလိုက်သည်။ " ရဲရင့် မတော်တဆမှုဖြစ်တော့ သူ့ဖုန်းမပါသွားဘူးတဲ့ မမူယာ ..မမူယာဆီမှာများ ဖုန်း ကျန်ခဲ့သေးလား ဟင်.." ပြောပြီးသည်နှင့် ငြိမ်းက ရုပ်အလောင်းအနားသို့ ပြန်လှည့်လျှောက်လာခဲ့သည်။ ငြိမ်းတို့ အနီးနားမှ လူများသည် ငြိမ်းနှင့် မူယာဟန်ကို စူးစမ်းသလိုကြည့်နေကြလေသည်။မူယာဟန်မှာတော့ ငြိမ်းပြောသွားသော စကားကြောင့် နေရာတွင်ပင် ကြက်သေသေလျက် ရပ်၍ကျန်ခဲ့လေသည်။ "ဆွေမျိုးတွေ ဆုံပြီဆိုရင် မီးသင်္ဂြိုဟ်ပါတော့မယ် ခင်ဗျာ ခွင့်ပြုပေးကြပါ" သင်္ချိုင်းမှ တာဝန်ရှိသူ၏ ပြောစကားအဆုံးတွင် အလောင်းအနီးအပါးမှလူများ ဘေးသို့ ကပ်ပေးလိုက်ကြလေသည်။ အသုဘ အခမ်းအနားသည် ငိုသံတိတ်ဆိတ်လျက်ရှိသည် ။တစ်ဦးတည်းသော ငိုမည့်သူ ရဲရင့်၏ မိခင်မှာ သတိလစ်မေ့မျောသွားသောကြောင့် သိတတ်နားလည်သူအချို့က ပြုစုပေးလျက်ရှိလေသည်။အသုဘပို့ လာ သူများက ငြိမ်းကို အကဲခပ်စောင့်ကြည့်၍နေကြသည် ။ငြိမ်းလည်း ဘယ်အချိန်များ သတိလစ်မေ့လဲသွားရှာမည်လဲဟု သူတို့ တွေးထင်နေ ကြလေသည်။ ငြိမ်သည် တိတ်ဆိတ်ငြိမ်သက်စွာပင် ရဲရင့်၏ သက်မဲ့ခန္ဓာကိုယ်အား သက်ဆောင်သွားသော အခေါင်းတင် တွန်းလှည်း နောက်မှလိုက်ပါလာခဲ့လေသည်။ ***** " တကယ်ဆို ဒီလိုအချိန်မှာ ငြိမ်းရဲ့ အနီးဆုံးမှာ မင်းကူညီပေးနေသင့်တာ စိုင်း " ဆန်းလင်းအောင်က စိုင်းခွန်နောင်ကိုကြည့်ပြီးပြောလိုက်သည်။ စိုင်းခွန်နောင်က ကားပေါ်မှနေ သင်္ချိုင်းထဲသို့ လှမ်းကြည့်နေရင်းမှ ဆန်လင်းအောင် ကိုခပ်တိုးတိုးပြန်ပြောလိုက်လေသည်။ "သွားချင်တာပေါ့ ကိုဆန်းရာ...ဒါပေမဲ့ အဲ့ဒီကို ရောက်ရင် ကျွန်တော် ငြိမ်းအနားကို သွားမိမှာပဲ...အဲဒါဆို လူတွေရဲ့ မျက်လုံးတွေ ...ပါးစပ်တွေက ငြိမ်နေမယ် မထင်ဘူး...လူတွေငြိမ်းကို တစ်မျိုး မြင်မှာကို ကျွန်တော် အကြောက်ဆုံးပဲ ကိုဆန်း...." စိုင်းခွန်နောင်သည် ပြောရင်း သုသာန် ထဲသို့ငေးမျှော်ကြည့်နေမိလေသည်။ ****** " ဘယ်လိုလုပ်မလဲ သမီး ..မအေးမွန်က သူ့သားတစ်လပြည့်ဆွမ်းကျွေးပြီးရင်လဲ ..အဲ့ဒီအိမ်မှာပဲဆက်နေချင်တယ်တဲ့လေး..သူ့သဘောက သူသားခေါင်းချသွားတဲ့အိမ်က မပြောင်းချင်တဲ့ သဘောပဲ ..." ဒေါ်ငြိမ်းဝေက လက်ထဲမှ အထုတ်ကို ချလိုက်ပြီး ဆက်တီခုံမှာ ဝင်ထိုင်ရင်း ပြောလိုက်သည်။ယခင်နေ့ကမှ ရဲရင့်၏ အသုဘရက်လည်ပြီးဆုံးသွားသောကြောင့် ငြိမ်းတို့သားအမိ ယနေ့မှပင် မိမိတို့အိမ်သို့ပြန်လာခဲ့ကြခြင်းဖြစ်လေသည်။ " အခုတော့ စိတ်ထဲရှိ သလိုလုပ်ပါစေ အမေ ....သမီးတို့ပဲ တာဝန်ယူကြည့်ရှုစောင့်ရှောက်ပေးကြတာပေါ့.... ရေရှည်အတွက်တော့ သူတို့အမျိုးတွေက ကူညီမပေးဘူးဆိုရင် တစ်မျိုးတစ်ဖုံ စီစဉ်ကြတာပေါ့အမေ ..... အခုတော့ သမီးခဏလောက် အိပ်လိုက်အုံးမယ် ...အမေလည်း နားလိုက်အုံး ... တစ်ပတ်လုံး အအိပ်ပျက် အစားပျက်ထားတာ မဟုတ်လား...." ငြိမ်းက မိခင်ကို ပြောပြီးသည်နှင့် အပေါ်ထပ်ရှိ မိမိ အခန်းရှိရာသို့ တက်ခဲ့လေသည်။ **** ငြိမ်းသည် အခန်းထဲသို့ရောက်သောအခါ တံခါးကို ချက်ချပိတ်လိုက်လေသည် ။ပြီးနောက် ဗီဒိုကို ဖွင့်လိုက်ပြီး အထဲမှ ရဲရင့်၏ ဖုန်းကို ယူထုတ်လိုက်သည် ။ငြိမ်း၏ အခန်းထဲသို့ ရဲရင့်ဝင်လာပြီး တောင်းပန်ချိန်က ဖုန်းကျန်ခဲ့ခြင်းဖြစ်သည်။ဖုန်းပြန်ပေးချိန်ပင်မရလိုက်ဘဲ ထိုညကပင် ရဲရင့်ဆုံးပါးသွားခဲ့ခြင်းဖြစ်လေသည်။ရဲရင့်ဆုံးသွားပြီ ဆိုသောအခါ သူ၏ဖုန်းကို ငြိမ်းကြည့်ဖို့ရန်ဆုံးဖြတ်ခဲ့လိုက်သည်။ရဲရင့်နှင့် ငြိမ်းပတ်သက်ခဲ့သည့်သက်တမ်းတစ်လျှောက်၌ ရဲရင့်အား လေးစားသောအားဖြင့် သူ့ရဲ့ကိုယ်ရေးကိုယ်တာကို ငြိမ်း စွက်ဖက်ခြင်း ၊ အနိုင်ယူခြင်းမပြုခဲ့ပေ။ထို့ကြောင့်ပင် ရဲရင့်၏ ဖုန်းကိုး တစ်ခါတစ်လေမျှ တောင်းယူကြည့်ရှုခြင်း

ဝတ္ထု တင်ပေးတာ နောက်ကျသွားတဲ့ အတွက် စာချစ်သူတွေကို တောင်းပန်ပါတယ်ရှင် ဧကြည်ဖြူ " ချစ်ဆိပ်" (ချူ ) အပိုင်း (၂၁) ****** "အရက်တွေ အတော်လေး သောက်ထားပြီး ကားကို မိုင်ကုန်မောင်းခဲ့ပုံပဲ...ကံကောင်းလို့ ညဘက်ဖြစ်နေလို့ ပေါ့.... မဟုတ်ရင် တခြားသူတွေပါ ထိခိုက်ကုန်မှာ ...လမ်း အရှင်းကြီးမှာကို ကားက လမ်းဘေးကသစ်ပင်ကို ဝင်ဆောင့်ခဲ့တာ...." နားထဲတွင် ကြားနေရသော အသံများကိုကျောခိုင်းပြီး ပိတ်ဖြူဖြင့် ဖုံးလွှမ်းထားသော ရုပ်အလောင်းရှိရာသို့ ငြိမ်းလျှောက်လှမ်းသွားလိုက်သည်။ဘေးတွင် ရပ်နေသော လူတစ်ယောက်က ပိတ်ဖြူကို အသာလှပ်ပြသည်။ ပိတ်ဖြူ အောက်တွင် ပေါ်လာသော ရဲရင့်၏မျက်နှာတွင် သွေးစ အနည်းငယ်မျှနှင့် ယောင်ယမ်း ညိုမည်းနေသည့် ဒဏ်ရာအချို့ကိုတွေ့ရသည် ။ တင်းတင်းစေ့ထားသော နှုတ်ခမ်းများ။မပွင့် တပွင့် ဖြစ်နေသောမျက်လုံးများ။အရာရာသည် အေးစက် တိတ်ဆိတ်နိုင်လွန်းလှသည်။ " ရုပ်ပျက် ဆင်းပျက် ဖြစ်မသွားတာပဲ ကျေးဇူးတင်ရမယ်......" "အမလေး ...သားလေးရယ်...အမေ့ကို ထားခဲ့ပြီလား .... တစ်မိသားစုလုံး အတူတူ ခရီးထွက်ကြမယ်ဆို...အီး ..ဟီး ...ဟီး...သမီးလေးငြိမ်း...သားလေးကို ကယ်ပေးပါးအုံးနော်....အဒေါ် ... တောင်းပန်..... " ရဲရင့်၏ မိခင်သည်ပြောရင်မှ ခွေခနဲ လဲကျသွာလေသည်။ " မအေးမွန် ...သတိထားလေ...သတိထားပါအုံး....စိတ်ကို ထိန်းပါအုံး မအေးမွန် ..." ဒေါ်ငြိမ်းဝေသည် လဲကျသွားသော ရဲရင့်၏ မိခင် ဒေါ်အေးမွန်ကို ဖေးမထိန်းကူရင်း သူနာပြု တစ်ယောက်၏ အကူအညီနှင့် ခေါ်ထုတ်သွားရလေသည်။ "ထုံးစံအတိုင်း သုံးရက်ပဲထားမယ် ... အမေနဲ့ ဒေါ် လေးကလဲ စိတ်ထိခိုက်နေကြတာမို့ ...ကိစ္စ အစအဆုံးကို ဦးလေးတို့ဆီမှာ အကူအညီတောင်းပါတယ် ...သင့် တော်သလို စီစဉ်ပေးကြပါ " ငြိမ်းက ရပ်ကွက်၏ လူမှုအသင်းအဖွဲ့မှ လူကြီးများကို အကူအညီတောင်းလိုက်သည်။ပြီးလျှင် ခုတင်ပေါ်တွင် ရှိနေသော ရဲရင့်၏ သက်မဲ့ခန္ဓာကိုယ်ကို တစ်ချက် စိုက်ကြည့်ပြီး အပြင်သို့ထွက်လာခဲ့သည်။ရဲရင့်၏ သက်မဲ့ခန္ဓာကိုယ်ကို ကျောခိုင်းပြီးထွက်လာသည့်အခါ ငြိမ်း၏ လည်ချောင်းတစ်လျှောက်န့် စူးရှနာကျင်၍နေသည်။သို့သော် မျက်ရည်တစ်စက်မျှ ကျမလာခဲ့ပေ။ ***** "သနားပါတယ်ဟယ် ... " " သေသွားတဲ့သူလဲ သနားဖို့ကောင်းသလို...ကျန်ခဲ့တဲ့သူလဲ သနားဖို့ကောင်းတယ်..." "အေးဟယ် ... မင်္ဂလာပွဲရက်ကြီးမှာ ဖြစ်သွားတာ" တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသော လူအုပ်ကြားထဲမှ ငြိမ်းသည် အသုဘ ခန်းမ၏ ၀င်ပေါက်သို့ မျှော်ကြည့်မိလိုက်ပြန်သည်။ ဒေါ်ငြိမ်းဝေသည်လည်း သမီးဖြစ်သူ ကြည့်နေသော နေရာသို့ လှမ်း၍ကြည့်လိုက်မိသည်။ထိုအခါ ဧည့်သည် များကြားမှ အနက်ရောင်ဝတ်စုံပြည့်နှင့် ဝင်လာသော မူယာဟန်ကို ကြည့်ပြီး ဒေါ်ငြိမ်းဝေဆတ်ခနဲ တုန်လှုပ်သွားမိသည်။ပြီးလျှင် သမီးဖြစ်သူ၏ လက်ကို ယောင်ယမ်း၍ ဆွဲယူဖျစ်ညှစ်လိုက်မိလေသည်။ ငြိမ်းက မိခင်၏ လက်မှ အသာရုန်းထွက်လိုက်ပြီးလျှင် အနားသို့ လျှောက်လာသော မူယာဟန်၏လက်ကိုဆွဲကာ အသက်ဝိညာဉ်ကင်းမဲ့နေပြီဖြစ်သော ရဲရင့်၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ရသော နေရာသို့ ဆွဲခေါ်ယူလိုက်လေသည်။ မူယာဟန်သည် ဟန်မပျက်ပင် ငြိမ်း၏ ဘေးတွင် ရပ်လျက် ရဲရင့်၏ရုပ်အလောင်းကိုကြည့်လိုက်လေသည်။ "လာပေးတာ ...ကျေးဇူးပါ မမူယာ...ရဲရင့်ကလည်း မမူယာကို မျှော်နေမယ်ထင်ပါတယ်.....သူ့ရဲ့နောက်ဆုံးအချိန်မှာ ကျွန်မထက် ပိုပြီးရင်းနှီးကျွမ်းဝင်ခဲ့တဲ့ မမူယာကိုပဲ တမ်းတခဲ့မှာ သေချာပါတယ်...."ငြိမ်းက မူယာဟန်၏နားနားသို့ ကပ်ပြီး လေသံမျှနှင့် ပြောလိုက်သည်။ငြိမ်း၏ စကားကြောင့် မူယာဟန်သည် တုန်တုန်ယင်ယင်နှင့် ဖြစ်သွားသလို ရဲရင့်၏ ရုပ်အလောင်းကိုမကြည့်ဘဲ မျက်နှာကိုဘေးသို့အနည်းငယ်မျှလွှဲ၍ထားလေသည်။ "ကြည့်ပါအုံး ...မမူယာရယ်...အိပ်နေတဲ့အတိုင်းပဲနော်...နောက်ဆုံးအနေနဲ့ သူ့နဖူးလေးကို လက်နဲ့ အသာလေး ထိပြီး နှုတ်ဆက်ပေးပါနော်... သူ့ရဲ့ ဝဋ်ကြွေးတွေဒီဘ၀မှာတင် ပြီးဆုံးသွားဖို့ ကျွန်မတို့ ဆုတောင်းပေးကြတာပေါ့..." ငြိမ်းကလေသံအေးအေးလေးနှင့် ပြောလိုက်ပြီးလျှင် မူယာဟန်၏လက်ကိုဆွဲယူလျက် ရုပ်အလောင်းကိုထိကိုင်စေလိုက်လေသည်။ထိုအခါ မူယာဟန်သည် အထိတ်တလန့်နှင့် သူ၏ လက်ကို အတင်းပြန်ရုန်းလိုက်လေသည်။ထိုအပြုအမူကို ငြိမ်းက မသိယောင်ပြုပြီးနေလိုက်သည်။ ဒေါ်ငြိမ်းဝေသည် ငြိမ်းနှင့်မူယာဟန်ကို အလွှတ် မပေးဘဲ စောင့်ကြည်နေလေသည်။ " ပြီးရင် ...ရဲရင့်ရဲ့အမေကို နှုတ်ဆက်သွားပေးပါအုံး မမူယာ... သူတို့မှာ ပြေးကြည့်မှာ သားအမိ နှစ်ယောက်တည်းရှိတာလေ...ရဲရင့် အဖေတော့ ရှိပါသေးတယ်...ဒါပေမဲ့ မယားငယ်နဲ့လေ ... သားသမီးဆုံးတာတောင် မလာနိုင်တဲ့ ဘဝပါ...အသက်ကြီးမှ တဏှာဖက်တော့ မိသားစုတွေ ဘ၀ပျက်ရတာပေါ့ ...သားကလဲ အဖေတူဖြစ်သွားတော့... ကျန်းမာရေးမကောင်းတဲ့ မိခင်ကြီး ဘ၀တော့ ဒုက္ခပင်လယ်ဝေပြီပေါ့..." ငြိမ်း၏ စကားကြောင့် မူယာဟန်သည် မျက်နှာကွက်ခနဲပျက်သွားရုံမျှမက မသိမသာနှင့် ခြေလှမ်းများကို နောက်သို့ ဆုတ်လိုက်လေသည်။ ငြိမ်းသည် နောက်သို့ မသိမသာဆုတ်သွားသော မူယာဟန်၏ လက်ကိုတင်းတင်းကြပ်ကြပ် ဆွဲထားလိုက်ပြီး မူယာဟန်နားသို့ကပ်ပြီးခပ်တိုးတိုးထပ်ပြောလိုက်သည်။

ရဲရင့်က ငြိမ်း၏ ပခုံးများကို ကိုင်လှုပ်လျက် ပြောလေသည်။ "မင်းကို ရွံတယ် ...ခုချက်ချင်းငါ့အခန်းထဲကထွက်သွားစမ်း ... မင်းနဲ့ငါ ဘာမှမဆိုင်ဘူး...ဘာမင်္ဂလာပွဲကိုမှလဲ မျှော်လင့် မနေနဲ့...ဘာမှလဲ လာပြောမနေနဲ့တော့..." ငြိမ်းက ပြောပြီး ရဲရင့်ကို တွန်းထုတ်ပစ်လိုက်သည်။ ရဲရင့်က တုတ်တုတ်မျှမလှုပ်ဘဲ တောင့်ခံနေပြီး အံကိုတင်းတင်းကြိတ်၍ထားသည်။ပြီးနောက် ငြိမ်း၏မျက်နာကို စူးစိုက်ကြည့်လိုက်ပြီးတစ်ခွန်းချင်း ပြောလိုက်သည်။ "မမက ရက်စက်တယ်နော်...မမမှာ ချစ်ခြင်းမေတ္တာဆိုတာမရှိဘူး ....ကျွန်တော် အမှားလုပ်မယ့်အချိန်ကို စောင့်ပြီး ကျွန်တော်ကို စွန့်ပစ်ဖို့ အမြဲပြင်ဆင်နေခဲ့တာ မဟုတ်လား....ကျွန်တော်က ယောက်ျားဗျ... ချစ်သူဆီကနွေးထွေး ယုယမှုကို လိုချင်တောင့်တမိတာ သဘာဝပဲ ...ဒါပေမဲ့ မမဆီက ဘာတွေရခဲ့လို့လဲ...မမ ကျွန်တော်နဲ့ပတ်သက်ရင် အမြဲအေးစက်ခဲ့တယ် ....ကျွန်တော့်ရဲ့မျက်လုံးတွေကို ကြည့်ပြီး မမ ဘယ်သူ့ကိုရှာနေတာလဲ .... ဘယ်သူ့အစားကျွန်တော့်ကို ကြည့်နေ့ ခဲ့တာလဲ ...ခင်ဗျားက ကျွန်တော့်ကို တကယ်မချစ်ခဲ့ပေမဲ့ ကျွန်တော်က ခင်ဗျားကို တကယ်ချစ်ခဲ့တာ ...ခင်ဗျားရဲ့စိတ်ရင်းကိုသိရဲ့နဲ့ ချစ်ခဲ့တာ...ဒါပေမဲ့ စိုင်းခွန်နောင်ဆိုတဲ့ကောင် ပေါ်လာပြီးတဲ့နောက်မှာ မမပုံစံတွေ ပြောင်းလာတာလဲ ကျွန်တော်သိတယ် ..." "ဘာ ...မင်း ပါးစပ်ပိတ်ထားစမ်း...ပြီးတော့...မင်းက တဏှာနဲ့ ချစ်ချင်း မေတ္တာကို မခွဲခြားနိုင်တဲ့သူပဲ....တကယ်လို့ မင်းပြောသလိုသာဆို....မင်းကို မချစ်တဲ့ ငါက တောင် မင်းအပေါ် သစ္စာ စောင့်နိုင်သေးတာ ...ချစ်ပါတယ်ဆိုတဲ့ မင်းက ဘာလို့ သစ္စာမစောင့်တည်နိုင်ရတာလဲ....တော်ပါတော့ ဆင်ခြေတွေမပေးနဲ့တော့ ...မင်းက သစ္စာမဲ့တယ်...ငါက ခွင့် မလွှတ်ဘူး ...ဒါကြောင့် လမ်းခွဲကြမယ်...ဒါပဲလေ...အကြောင်းပြချက်တွေ ထပ်မပေးနဲ့တော့ ... ငါကိုယ်တိုင်း ပျိုးထောင်ခဲ့တဲ့ သူကို ...ငါကိုယ်တိုင်မဖျက်ဆီးချင်လို့ ...မင်းကို ငါ့ဆီက ထွက်သွားဖို့ပြောနေတာ...မူယာဟန်လို ငွေနဲတဏှာပဲရှိတဲ့မိန်းမ မျိုးနဲ့ မင်းဖြစ်တယ်ဆိုကတည်းက မင်းကငါ့ရင်ထဲမှာ မရှိတော့ဘူး ....ပြန်တော့... ငါ ဒေါသမထွက်ချင်ဘူး" ငြိမ်းက ပြောပြီးသည်နှင့် ရဲရင့်ကို ကျောခိုင်းလျက် အခန်းပြင်သို့ ထွက်ခဲ့သည်။ "မမ မောင့်ကို...လက်မခံတာ သေချာရင် .. ကိုယ့်ကိုယ်ကို သတ်သေ ပစ်မှာ " ရဲရင့်က ငြိမ်း၏ နောက်ကျောပြင်ကို ကြည့်ပြီး ဒေါသတကြီး အော်ဟစ်ပြောလိုက်သည်။ ငြိမ်းက နောက်သို့ တစ်ချက် ခပ်စိမ်းစိမ်း ပြန်လှည့်ကြည့်လိုက်ပြီး " အဲ့ဒါ မင်းဆန္ဒပဲ ငါနဲ့မဆိုင်ဘူး "ဟု ပြောပြီး အောက်ထပ်သို့ဆင်းခဲ့လိုက်သည်။အခန်းထဲမှ ရဲရင့်၏ ငိုသံသဲ့သဲ့ကို ကြားရသည်။ရဲရင့်ငိုသံကြောင့် ငြိမ်း ရင်ထဲစူးခနဲထိုးအောင့်သွားသည်မှာတော့အမှန်ပင်။ဘာပဲဖြစ်ဖြစ်ငြိမ်းသည် ရဲရင့်အပေါ်၌ သံယောစဉ်အပြည့်ရှိခဲ့သည်လေ။ ***** " သမီး ... ငြိမ်း ..." ခေါ်သံကြောင့် ငြိမ်းအိပ်ပျော်နေရာမှ ဆတ်ခနဲ နိုးသွား သည် ။ နာရီကို ကြည့်လိုက်တော့ ညနှစ်နာကျော်ပင် ရှိသေးသည်။ " .. ဘာဖြစ်လို့လဲ အမေ..သမီး အစောကြီး ထွက်သွားမှာစိုးလို့ လာချောင်းတာလား .... " ငြိမ်းက ငိုထားဟန်ပေါက်နေသော မိခင်၏မျက်နှာကို ကြည့်ပြီး ပြောလိုက်သည်။ "သမီး...ဖုန်းပိတ်ထားတာလား " ဒေါ်ငြိမ်းဝေက ငိုသံကြီးနှင့် မေးလိုက်သည်။ "ဟုတ်ကဲ့ အမေ ''ဟု ဖြေလိုက်ပြီး ငြိမ်းက မိခင်ကို ကြည့်လိုက်သည်။မိခင်ကြီး၏မျက်နှာသည် ငိုထား၍ မို့အစ်နီရဲနေလေသည်။ "အမေ ဘာဖြစ်တာလဲ ....အမေငိုထားတာလား " " ရဲရင့် ဆုံးသွားပြီးတဲ့ ... " "ရှင်" ငြိမ်းသည် မိခင်ဆီမှ ကြားလိုက်ရသော စကားကြောင့် လူမှာမိုက်ခနဲ ဖြစ်သွားပြီး ခုတင်ပေါ်တွင် တောင့်တောင့်ကြီး ငြိမ်သက်နေမိလေသည်။ @@@@@@@@@@@@@@@ အပိုင်း ၂၁ ဆက်ရန် ဧကြည်ဖြူ

"မိန်းမတစ်ယောက်က ယောကျားတစ်ယောက်ကို မချစ်ပေမဲ့ ... လေးစားယုံကြည်မှုနဲ့တစ်သက်လုံး အတူနေ သွားလို့ရတယ်....ဒါပေမဲ့ ရွံရာစက်ဆုပ်သွားပြီဆိုရင်တော့ ရှိရင်းစွဲ ချစ်ခြင်း မေတ္တာတရားပါ ပျောက်ဆုံးသွားတယ် ..." ငြိမ်းက ပြောပြီးသည် တံခါးပေါက်ဘက်သို့ လျှောက်သွားလိုက်သည် ။ တံခါးနားသို့ ရောက်လျှင် ရဲရင့်ကို တစ်ချက်လှည့်ကြည့်ပြီးပြောလိုက်သည်။ "ငါ ကျေနပ်တယ်...မင်းလိုလူမျိုးက အဲ့ဒီလို မိန်းမနဲ့ပဲ တန်တာ...ငါ ရဲ့အချိန်တွေနဲ့ ငွေတွေကို နှမြောမိလို့ ...မင်းတို့နှစ်ယောက်လက်ထပ်ရအောင် ငါကိုယ်တိုင် ကူညီပေးအုံးမှာ နေကြည့်ပေါ့ အဲ့ဒီလို မိန်းမနဲ့..." " မမ ...မမ ... ကျွန်တော်လည်းလိုက်မယ်..." " အရှက်မကွဲ ချင်ရင် အေးအေးဆေးဆေးနေခဲ့...နောက်တစ်ခွန်း ထပ်မပြောဘူးနော်..." ငြိမ်းက သူ့နောက်သို့ အတင်းကပ်လိုက်လာသော ရဲရင့်ကို အသံခပ်မာမာနှင့် ပြောပြီး အပြင်သို့ ပြန်ထွက်ခဲ့သည်။အပြင်သို့ ရောက်လျှင် တက္ကစီကားပေါ်သို့တက်လိုက်လေသည်။ ကားဆရာ ကိုကျော်စိုးသည် ငြိမ်းကားပေါ်သို့ ရောက်သည်နှင့် ကားကို အမြန်ဆုံး မောင်းထွက်ခဲ့လေသည်။ ထိုမြင်ကွင်းကို စိုင်းခွန်နောင်တစ်ယောက် ကားပေါ်မှ မမှိတ်မသုန်ကြည့်နေမိပြီးနောက် ငြိမ်းတို့ကားနောက်မှလိုက်၍ သူ၏ ကားကို မောင်းခဲ့ လေသည်။ ***** "ဘယ် ...ဘယ်လို သမီး .... မင်္ဂလာပွဲကိုဖျက်မယ် ဟုတ်လား ....မနက်ဖြန်တစ်ရက်ပဲ လိုတော့မှ မင်္ဂလာပွဲကို ဖျက်မယ်တဲ့လား .... ဘာတွေဖြစ်ကုန်တာလဲ အမေ့ကိုလဲ ပြောပါအုံးအေ...အားလုံး သမီးစိတ်တိုင်းကျချည်းပဲလုပ်နေခဲ့ပြီးမှ ... " ဒေါ်ငြိမ်းဝေက ငြိမ်းကို အထိတ်တလန်ံ့ ကြည့်ရင်း အဖြစ်အပျက်များကို မယုံကြည် နိုင်စွာ မေးလိုက်သည်။ " ရဲရင့်နဲ့ မမူယာဟန်က ကြိုက်နေကြတယ် အမေ...အဲ့ဒါကို သိသိနဲ့ သမီးက ဘယ်လို ရှေ့ဆက်ရမလဲ " "ဘာ ...တ ...တကယ်လား ....မောင်ရဲရင့်က မူယာဟန်နဲ့လား ....အဲ့...အဲ့ဒါဆို မင်္ဂလာပွဲကရော....." "မတတ်နိုင်ဘူးလေ အမေ ... ဖိတ်စာ ဝေမိတဲ့သူတွေကို ပြန်တောင်းပန်လိုက်ရုံပေါ့ " ဒေါ်ငြိမ်းဝေသည် ငြိမ်း၏ အေးတိအေးစက်နှင့် ပြောနေသော အမူအရာကို ကြည့်ပြီး အားမလိုအားမရနှင့် ဆူပူပြောဆို လိုက်သည် ။ "ပြောတာ လွယ်လှချည်းလား ငြိမ်းရဲ့ ...ကိုက့်ကိုယ်ကိုမိန်းခလေးဆိုတာကိုလည်း သတိထားအုံး ...မောင်ရဲရင့် ဘယ်မှာလဲပြော ...အမေ သူနဲ့ စကားပြောမယ် " ဒေါ်ငြိမ်းဝေသည် စိုးရိမ်ပူပန်စွာ ပြောပြီး အောက်ထပ်သို့ဆင်းသွားသည်။ ကျန်ခဲ့သောငြိမ်းသည် မင်္ဂလာပွဲအတွက် ပြင်ဆင်ထားသော ပစ္စည်းများကို တစ်ချက်ကြည့်လိုက်ပြီး ဒေါ်ကြူကို လှမ်းခေါ်လိုက်သည်။ "ဒေါ်ကြူ ... ဒါတွေကို အိတ်နဲ့ အကုန်စုထည့်ပြီး သိမ်းပေးပါအုံး ...ဪ...ပြီးတော့ ငြိမ်း မင်္ဂလာပွဲ ပျက်သွားပြီး ...အဲ့ဒါ အမေ စိတ်ပူနေမယ် ထင်တယ် အမေ့ကို ဂရုစိုက်ပေးပါအုံးနော်..." ဒေါ်ကြူသည် ငြိမ်းအားမယုံကြည်နိုင်သလို ငေးမောကြည့်နေသည်။ငြိမ်းကတော့ အေးအေးဆေးဆေးပင်။ အခန်းထဲဝင်ပြီး ရေမိုးချိုးရန်ပြင်လိုက်လေသည်။ ***** " သမီး ...အောက်ထပ်မှာ မောင်ရဲရင့်ရောက်နေတယ်....ခဏလောက်တွေ့ပြီး စကားပြောလိုက်ပါ..." ငြိမ်း ရေမိုးချိုးပြီးသည်နှင့် ခရီးထွက်ရန်အတွက် အဝတ်အစားများကို ကျောပိုးအိတ်ထဲထည့်နေစဉ်မှာပင် မိခင်၏အသံကိုကြားလိုက်ရသောကြောင့် မော့ကြည့်ပြီး ခေါင်းကိုငြိမ့်ပြလိုက်သည်။ "အခန်းထဲကိုလွှတ်လိုက်ပါ အမေ " "ဒေါက် ..ဒေါက် " မိခင်ဖြစ်သူ ဒေါ်ငြိမ်းဝေ ထွက်သွားပြီး မကြာမီမှာပင် အခန်းတံခါးခေါက်သံ ထွက်ပေါ်လာလေသည်။ ငြိမ်းက တံခါးဘက်သို့ တစ်ချက်လှည်ကြည့်ပြီး အသံပြုလိုက်သည်။ " ၀င်လာခဲ့ " ရဲရင့်သည် မဝံ့မရဲနှင့် အခန်းထဲသို့ဝင်လာပြီးနောက် ငြိမ်းနှင့်မလှမ်းမကမ်းတွင် ရပ်၍နေသည်။ ငြိမ်းက ရဲရင့်ကို မော့ကြည့်ပြီးမေးလိုက်သည်။ "ဘာကိစ္စရှိလို့လဲ " ငြိမ်းအသံသည် ပကတိ အေးစက်လျက်။ဒေါသသံ မပါ ။ သူစိမ်းတစ်ရံဆံကို တွေ့ရသကဲ့သို့ ရဲရင့်ကိုကြည့်ပြီး မေးလိုက်သည်။ ရဲရင့်သည် မတ်မတ် ရပ်နေရာမှ ငြိမ်း၏ အနားတွင် ဒူးတုပ်ထိုင်ချလိုက်ပြီး ငြိမ်းကို တောင်းပန်စကားဆိုလိုက်သည်။ " မောင့်ကို ခွင်လွှတ်ပါနော် မမ...မမ မရှိရင် မောင်သေလိမ်မယ်ထင်တယ် " ထိုသို့ ရဲ့ရင့်က ပြောလိုက်သောအခါ ငြိမ်းက ရဲရင့်ကို ကြည့်ပြိုး လှောင်ပြုံးလေးနှင့့် "ဟုတ်လား "ဟု မေးလိုက်သည်။ပြီးနောက် ရဲရင့်၏ မျက်နှာကို ကြည့်လိုက်ပြီး မဲ့ပြုံးတစ်ချက်ပြုံးပြီး ပြောလိုက်သည်။ " အဲ့ဒီလို ဖြစ်သွားရင်လဲ မင်္ဂလာပွဲဖျက်ဖို့ကိစ္စ ဖြေရှင်းရလွယ်သွားတာပေါ့ " ရဲရင့်သည် ငြိမ်း၏ အလေးအနက်မရှိသော ဟန်ပန်ကို အံ့သြစ္စာ ကြည်နေမိပြီးနောက် မချင့်မရဲ ဝမ်းနည်းစိတ်ဖြင့်ပြောဆိုလိုက်သည်။ "မမ တစ်ခုခုပြောပါ ...မကျေနပ်ရင် မောင့်ကို သတ်လိုက်ပါ... အခုတော့ မမပုံစံက အေးစက်လွန်းတယ်.... ဒါပေမဲ့ ထူးတော့ မထူးဆန်းပါဘူး ...မမက မောင်နဲ့ ပတ်သက်ရင် အမြဲအေးစက်နေခဲ့တာပဲ ...ခုချိန်ထိ ချစ်တယ်လို့ ပါးစပ်က တစ်ခွန်းမှ မပြောခဲ့ဖူးသလို မောင့်ရင့်ထဲမှာ ဘာစိတ်ကူးတွေရှိလဲ ... ဘာတွေခံစားနေရလဲဆိုတာကို ရော မမ စိတ်ဝင်စားခဲ့ဖူးလို့လား ..."