803
Obunachilar
+424 soatlar
+167 kunlar
+4630 kunlar
Postlar arxiv
ကျွတ် သနားလိုက်တာ "
" ကဲ သွားရအောင် မေရီ ...တော်ကြာ သူဋ္ဌေးရောက်လာရင် ပြဿနာတွေတက်ကုန်မယ် ''
"ဟုတ်ကဲ့ ...လာပါပြီ အစ်ကိုကြီး "
~~~~~
မေရီသည် သူမ၏ မျက်နှာကို ခပ်မြန်မြန်ချယ်သလိုက်ပြီးလျှင် အခန်းထဲတွင် ပြင်ဆင်သင့်သည်များကို ပြင်ဆင်ထားလိုက်သည် ပါးလွှာသော ဇာခန်းဆီးများ အိပ်ရာခင်းများနှင့် စောင်များ၊ ပြီးလျှင် ကြက်မွှေး၊ ငှက်မွှေးများအပြည့်ထည့်ထားသော ခေါင်းအုံးကြီးများနှင့် အခန်းထောင်ရှိ မီးလင်းဖိုသည်လည်း အရှိန်တလူလူဖြင့် တောက်လောင်လျက်ရှိလေသည်။မေရီ၏သည် နာနာကြည်းကြည်းဖြင့် နှုတ်ခမ်းကိုပေါက်ထွက် လုမတတ်သွားဖြင့်ဖိ၍ ကိုက်လိုက်သည် ။ယနေ့ မှောင်စပျိုးချိန်တွင် အဘွားဖြစ်သူနှင့်မောင်ဖြစ်သူကို မက်ဂန်း၏ တပည့်များ ဖမ်းခေါ်လာကြသည်ကို မေရီသိနေသည်။မေရီတို့ မြေးအဘွားသုံးယောက်လုံး အလွန်းဆုံး အသက်ရှင်နိုင်မှ တစ်ရက်သာဖြစ်သည်။မေရီကို သတ်ဖို့ရန်အတွက် အားလုံး စီစဉ်ထားသည်ကို မေရီ သိနေသည်။သို့သော်လည်း မေရီသည် ကြောက်ရွံ့မှုများကို မျိုသိပ်လျက် ဘာကိုမျှမသိသော သိုးငယ်လေးကဲ့သို့ ပြုံးပျော်ရွှင်ဟန်ဆောင်၍နေလိုက်သည်။မေရီ၏ ဟန်ဆောင်မှုများသည် ပိရိ လွန်းလှသောကြောင့် တိုက်ကြီး၏အပေါ်ထပ်တစ်ထပ်လုံးကို မေရီ စိတ်တိုင်းကျသွားလာနေထိုင်ခွင့်ရခဲ့သည်လေ။ ဒါသည် မသေခင် ပျော်ပျော်နေဆိုသော သဘောမျိုးဖြင့် ပေးထားသော အခွင့်အရေး ဖြစ်သည်ကိုလည်း မေရီကောင်းကောင်း သိလေသည်။သတ်ခါးနီး သားကောင်ကို ဆော့ကစားချင်သေးသော တိရစ္ဆာန်လောက်တောင် သနားကြင်နာစိတ်မရှိသည့်ကမ်းကုန်အောင် မိုက်သည့် လူယုတ်မာ သူဋ္ဌေးကြောင့် မေရီသည် ရတောင့်ရခဲအခွင့်အရေးကို အသုံးချနိုင်ရန် ကြိုးစားရပါလေတော့သည်။
~~~~~~~~
ဇာတ်သိမ်းပိုင်းဆက်ရန်
(ဇာတ်သိမ်းကိုဒီညပဲထပ်တင်မှာပါ)
#ဧကြည်ဖြူ
မက်ဂန်း၏စကားကြောင့် မေရီ့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်သွားသော် မေရီသည် ဟန်မပျက်ပြုံလိုက်ပြီး စိတ်ဆိုးနေသော လေသံခပ်မာမာဖြင့် မက်ဂန်းကို ပြန်၍ဖြေလိုက်လေသည်။
"အို .. ဘယ်က မြေအဘွား သုံးယောက်မှာလဲ အစ်ကိုကြီး ....သူ့တို့ မြေးအဘွားနှစ်ယောက်က မေရီ့ကို လူရာမသွင်းဘူးလေ ...အဲ့ဒါကြောင့် အဆက်အသွယ် မလုပ် ... မခေါ်မပြောတာ ကြာလှပေါ့ ... ပြီးတော့ မေရီ.ကံနဲ့ မေရီရတဲ့ငွေကြေးကို ဘယ်သူ့ကိုမှ မပေးနိုင်ဘူး "
"ဪ ...မေရိက အဲ့ဒီလိုလား ...အစ်ကိုကြီးက မေရီ့ကို မိသားစုအတွက် ငွေရှာနေတယ်လို့ထင်နေတာ "
" အို ...မရှာပါဘူး ... မေရီဘာသာ အဝတ်အစားဖိုးတောင် မလောက်တဲ့ဟာ "
မေရီက နှုတ်ခမ်းကို မဲ့၍ ဖြေလိုက်သည်။မက်ဂန်းက မေရီ့မျက်နှာကို တစ်ချက်မျှကြည်ပြီးလျှင် မှာစရာရှိသည်ကို မှာကြားပြီးနောက် အခန်းပြင်သို့ထွက်ရန် ပြင်လိုက်လေသည်။လေသည်။
" အေး ...အေး ... မင်းဒီနေ့ သေချာ အလှပြင်ထားအုံး ... မနက်ဖြန် စက်ရုံကို ဧည့်သည်တွေ လာမှာမို့ သူဋ္ဌေးဒီည ဒီမှာ အိပ်အုံးမှာ ...အဲ့ဒါ မင်းသေချာ ပြုစုပေးလိုက်အုံး "
"အို ...အစ်ကိုကြီးက မေရီကို ဘာလို့သူဋ္ဌေးဆီပဲ အတင်းဇွတ်ပို့နေရတာလဲ ...မေရီက အစ်ကိုကြီးကို တွေ့ချင်လို့ ရောက်လာခဲ့တာ သိရံလား ...ဘာလဲ အစ်ကိုကြီး မိန်းမသိသွားမှာကြောက်လို့လားဟင် ... ပြောပါအုံး ... မေရီ သိုသိုသိပ်သိပ်နေတတ်ပါတယ် အစ်ကိုကြီးရဲ့ ...ခစ် ... ခစ် "
မေရီသည် ညုတုတုလေသံဖြင့် ပြောလိုက်ရင်းမှ မက်ဂန်း၏ လည်ပင်းဆီသို့ သူမ၏ လက်အစုံဖြင့်သိုင်း၍ဖက်လိုက်လေသည်။မက်ဂန်းသည် တစ်ခဏအတွင်း၌ ငြိမ်သက်၍ သွားပြီးလျှင် မေရီ၏ကိုယ်လုံးလေးကို သူ၏လက်ကြမ်းကြီးများဖြင့် ပြန်၍ ဖက်တွယ်လိုက်လေသည်။မေရီသည် သူမ၏လက်ဖဝါးနုနုလေးများဖြင့် မက်ဂန်း၏ အဆီရစ်နေသော ခန္ဓာကိုယ်အနှံ့သို့ ပွတ်သတ်ကိုင်တွယ်လိုက်ပြီး မက်ဂန်း၏ ဘောင်းဘီအိတ်ထဲမှ ကျောက်မီးခြစ်လေးကို အသာအယာ ထုတ်ယူထားလိုက်လေသည်။
" ဒါနဲ့လေ အစ်ကိုကြီး ... ဘီနာ့ကို ဘာလုပ်မှာလဲဟင် .... မတော် သူ့က မေရီကိုများ ရန်ပြုနေမလားဟင် ...မေရီအရမ်း ကြောက်နေလို့ပါ "
"သူ မင်းကို အန္တရာယ်မပြုနိုင်ပါဘူး မေရီလေးရယ် ...အစားငတ် ရေငတ်ထားလိုက်တော့ သူ့ဘာသာ အသက်တောင်ခပ်ယဲ့ယဲ့ပဲကျန်တော့တာ "
" အမယ်လေး တော်ပါသေးရဲ့ အစ်ကိုကြီးရယ် ... မေရီဖြင့် သူ့မျက်နှာကို ကြည့်ပြီး လန့်နေတာ ...ဒါနဲ့ သူ့ကို မေရီ ခဏလောက်ကြည့်ချင်တယ် အစ်ကိုကြီး ...သူ့လို သူတောင်းစားသာသာကောင်က မေရီ့ကို ကြိုက်တယ်ဆိုပြီး ပြောဖူးလို့ လက်စာချေချင်လို့ "
" ဟုတ်ပါပြီကွာ ...မေရီတွေ့ချင်တယ်ဆိုရင် တွေ့ရမှာပေါ့ ...အခုတော့ သူဋ္ဌေးမလာခင် အစ်ကိုကြီးတို့နှစ်ယောက် ခဏလောက် အနားယူကြရအောင်ကွာ "
မက်ဂန်းသည် သွားကြီး ဖြဲလျက် တဟဲဟဲ ရယ်ပြီးလျှင် မေရီ့ ကိုယ်လေးကို ခပ်တင်းတင်းပွေ့ဖက်လိုက်လေသည်။
~~~~~
"သူ့ကို အစားမကျွေးရ ရေမတိုက်ရဘူးဆို ဆရာ "
ဘီနာ့ကို ချုပ်ထားသော အခန်းရှေ့တွင်စောင့်နေသော သူက မက်ဂန်း၏ဘေးတွင် ရပ်နေသော မေရီ့က်ထဲမှ ရေဘူးကိုကြည့်၍ပြောလိုက်လေသည်။ထိုအခါ မေရီသည် ခပ်ဆတ်ဆတ်လေသံဖြင့်
" အို ... ဒီရေဘူးက သူ့ကိုတိုက်ဖို့ မဟုတ်ပါဘူး ... သူ့ရှေ့မှာ သောက်ပြချင်လို့ တမင်ယူလာတာ "
"ကဲပါကွာ ... မေရီ သူ့ကို လှောင်ချင်တာမဟုတ်လား ....မြန်မြန်ဝင်သွားလိုက် မေရီ ... အစ်ကိုကြီး ဒီမှာတိုင်ပင်စရာလေးရှိလို့ "
~~~~
"ကျွီ "
သံတံခါးပွင့်သံနှင့်အတူ သွေးညှီနံ့များက မေရီ့နားခေါင်းဝသို့ လှိုက်ခနဲရောက်လာသည်။
အလင်းရောင် ခပ်မှုန်မှုန်သာ ရှိ ဘော မြေအောက်ခန်းထဲတွင် တံခါးဖွင့်သံကြောင့် ဘီနာ ခေါင်းကို အားယူ၍ ထောင်ကြည့်လိုက်သည်။
"ဘယ်လိုလဲ ...ထင်းသယ်တဲ့ကောင်ရဲ့ ...နင်လိုကောင်ကများ ရာရာစစ ငါ့ကို ကြိုက်သတဲ့လား ... ခုတော့ ဘယ်လိုလဲ ငါ့အကြောင်း သိသွားပြီမဟုတ်ဟင်း ... ဟင်း ... ဟင်း...ဘာလဲ ရေသိပ်သောက်ချင်နေတာပေါ့လေ .. ဟုတ်လား ... နင့်ကို ရေတိုက်မယ့်အစား ဒီတိုင်း သွန်ပစ်လိုက်မှာပေါ့ ဟဲ့ကောင်ရဲ့ ... ဟုတ်တယ်မလား အစ်ကိုကြီး "
မေရီက ပြောရင်းမှ မက်ဂန်းကို လှမ်းကြည့်လိုက်ပြီးနောက် ဘီနာ့၏ခေါင်းထက်မှနေ၍ ရေများကို ခပ်ဖြည်းဖြည်းလောင်းချလိုက်လေသည်။
" တောက် ..ခွေးမ ... ထွက်သွားစမ်း ... ခုချက်ချင်းထွက်သွား .. နင့်မျက်နှာကို မမြင်ချင်ဘူး "
"သွားမှာပါ ... လူသတ်သမားကောင်လေးရဲ့ ....နင်ဆီကို လာချင်လွန်းလို့ လာတယ်များထင်နေလား ...နင် ဒုက္ခရောက်တာကို ကြည့့်ချင်လွန်းလို့ လာတာ သိရဲ့လား ... ဟင်း ....ဟင်း "
မေရီသည် လှောင်ပြောင်သံဖြင့် ပြောပြီးလျှင် ဘီနာ၏ နားသို့ တို့ကပ်လိုက်ပြီး လေသံမျှဖြင့် ပြောလိုက်လေသည်။"နင်လွတ်ခဲ့ရင် ငါ့အဘွားနဲ့ ငါ့မောင်လေးကို ကယ်ပေးပါ ...နင်တို့ ထွက်ပြေးလို့ရအောင် ငါလုပ်ပေးမယ် " ပြောပြီးသည်နှင့် မေရီသည် ဘီနာ့ ကိုယ်ပေါ်မှ အင်္ကျီစုတ်ကြီးက ကိုဆွဲကိုင်လိုက်ပြီးလျှင် "ဘယ်လိုလဲ နင် ရေအရမ်းသောက်ချင်နေတာမဟုတ်လား ... ကြမ်းပြင်ပေါ်က ရေတွေကို လျှာနဲ့လျှက်လေ ... ဪ ...ကြိုးနဲ့တုတ်ခံထားရလို့ သောက်လို့မရဘူးပေါ့လေ ဟုတ်လား ...ကျွတ် ...
ဧကြည်ဖြူ
"ဘီနာ "
အပိုင်း (၁၀)
******
"ဝုတ် ဝုတ် ဝုတ် "
" တွေ့ပြီဟေ့ ...တွေ့ပြီ ...ဟိုကောင်ဒီဘက်မှာ...ဒီဘက်ကိုလာကြ ...."
ထွက်ပြေးဖို့ကြံရွယ်သည့် ဘီနာကပဲ နောက်ကျသွားလေသည်လား။သို့မဟုတ်လျှင် ခွေးများကပင် ကံကောင်းနေသည်လား မသိပါချေ။ဘီနာ သစ်ပုံထဲမှထွက်လိုက်သည်နှင့် တစ်ပြိုင်နက် ကျားဟိန်းသံများသဖွယ်စူးရှကျယ်လောင်လှသော ခွေးဟောင်သံများ ထွက်ပေါ်လာပြီးလျှင် ခွေးများနှင့်အတူလူတစ်စုက ဘီနာ့အနားသို့ အပြေးအလွှားရောက်ရှိလာကြလေသည်။ အများနှင့်တစ်ယောက် ကြားတွင် ဘိနာ့အတွက် လွတ်လမ်းမမြင်ပါလေ။ဘီနာ့အတွက် အားမတန်၍မာန်လျှော့လိုက်ရလေသည်။သို့မဟုတ်လျှင်လည်း ထိုးမယ့်ဆင်နောက်သို့ ခြေတစ်လှမ်းဆုတ်ခြင်းသာ ဖြစ်လေသည်။
" ဗုန်း ...ဗုန်း ...ဗုန်း "
"ဖြောင်း...ဖြောင်း ..."
" ဒုက်..ဒုက် ... ခွပ် ... ခွပ် "
အင်အားချင်းလည်းမမျှ။ခနွာကိုယ်ချင်းလည်းမမျှ။ရန်ပြုဟန်လည်းမပြ။ပြေးရန်လည်း ဟန်ပြင်ခြင်းမပြုလုပ်ရပါဘဲနှင့် လူယုတ်မာများသည် ဘီနာ့ကိုဝိုင်း၍ ထိုးကြိတ်ကန်ကျောက်ရိုက်နှက်ကြလေသည်။စစ်စစ် ဘီနာသည် မည်သို့အပြစ်ကိုကျူးလွန်ထားသည်၊ မထားသည်ကို သူတို့စိတ်မ၀င်းစားကြပေ။သူတို့ ခံခဲ့ရသမျှအငုံစိတ်ဖြင့် စိတ်ရိုလက်ရှိ ဝိုင်းဝန်းထိုးကြိတ်နေကြခြင်းဖြစ်လေသည်။
"ဟေ့ ...ဟေ့ ...တော်ကြစမ်း ... ရပ်ကြတော့ ... တော်ကြာ သေသွားအုံးမယ် .. သူဌေးက သူ့ကို ...
မေးစရာတွေရှိတယ်တဲ့ သူ့ကိုခေါ်လာခဲ့ကြစမ်း "
~~~~~
" မော်စီကို သတ်တာ ဒီကောင်လား
မေရီ ... ဟုတ်လား "
မက်ဂန်းက ဘီနာ့ မျက်နှာကို လက်တစ်ဖက်နှင့် ခပ်ကြမ်းကြမ်းဆွဲမော့လိုက်ပြီးလျှင် မေရီ့ကိုမေးလိုက်လေသည်။မေရီသည် သွေးပျက်လုမတတ် ထိတ်လန့ ကြောက်ရွံ့နေသော မျက်နှာဖြင့် မော့၍ကြည့်လာပြီးလျှင် တုန်တုန်ယင်ယင်ဖြင့် ခေါင်းကို ငြိမ့်ပြလေသည်။
ဘီနာက သွေးအလိမ်းလိမ်းကြားမှနေ၍ မေရီ့ကို ပြုံးပြလိုက်ပြီလျှင် ကွဲပြဲနေသော နှုတ်ခမ်းအစုံဖြင့် မေရီကို စကားလှမ်းပြောလိုက်သည်။
" တစ်နေ့မှာ လူတိုင်း သေဆုံးရမှာပဲ မေရီ...ဒါပေမဲ့ သေမှာကိုကြောက်တဲ့စိတ်တွေနဲ့ အခါခါသေဆုံးရင် ရှင်သန်နေရတာမျိုးက လူဖြစ်ရှုံးတယ်လို့ခေါ်တယ် မေရီ ... မင်းသိရဲ့လား "
"အောင်မယ် ...မင်းလိုကောင်ကများ ...ဘာစကားကြီးစကားကျယ်တွေပြောနေတာလဲ ... မော်စီကို ဘာလို့ သတ်လိုက်တာလဲ ပြောစမ်း ... မင်းကိုဘယ်သူလွှတ်လိုက်တာလဲ ... ပြောစမ်း မြန်မြန် "
ဘီနာ့က အံကိုကြိတ်၍ သူဋ္ဌေး၏မျက်နှာကိုမော့ကြည့်လိုက်ပြီး
"သူ့ကို ကျုပ်သတ်တာမဟုတ်ဘူး ...သူက အရင်ရန်လာစလို့ ရှောင်ရင်း တိမ်းရင်းကနေ ဒီအခြေအနေထိဖြစ်သွားရတာ ''
" ဖြောင်း ...ဖြောင်း "
"မင်းကများ သူဋ္ဌေးကို လေသံမာမာနဲ့ ပြန်ပြောနေရလား ...မင်းဒီကို ဘာအကြံအစည်နဲ့လာခဲ့တာလဲ မှန်မှန်ပြောစမ်း "
မက်ဂန်းသည် သူဌေးကို မျက်နှာလိုမျက်နှာရလုပ်ရန်အတွက် ဒဏ်ရာဒဏ်ချက်များစာရရှိထားပြီဖြစ်သော ဘီနာ့ကို ထိုးကြိတ်ကန်ကျောက်ပြန်လေသည်။
အရိုးထိအောင်ပင်နာလှသော နာကျင်မှုများကို ခါးစည်းခံရင်း ဘီနာဘူးကွယ်၍ ငြင်းသည်။ ခန္တာကိုယ်အနှံ့သို့ ကျရောက်လာသော ရိုက်ချက်များကြားတွင် အမှန်တကယ်၌လည်း ဘီနာ့တွင် ဖြေစရာ စကားမရှိပါချေ။
"ရပ်ကြအုံး ... ဘယ်လိုမေးမေး ဒီကောင့်ပုံစံက ဖြေယ့်ပုံ မဟုတ်ဘူး ...အဲ့ဒီတော့ သူ့ကို အစား ငတ်ရေငတ်ထားပြီး အနုနည်းမေး....လူတွေက ငတ်လာပြီဆိုရင် ဘာမဆိုမငြင်းဆန်ဘဲ လုပ်လိမ့်မယ် "
"ဟုတ် ... ဟုတ်ကဲ့ပါ သူဌေး "
"အေး ...ပြီးတော့ စက်ရုံထဲက ပုန်ကန်ချင်တဲ့ကောင်တွေရယ် ... လူသိများတဲ့ ကောင်တွေရယ်ကို ဖမ်းပြီး တောထဲက အိမ်မှာ ခဏပို့ထားလိုက် ... ဒီနေရာမှာ ငါ့စကားကို နာခံမယ့်သူတွေပဲ ရှိနေတာကို လိုချင်တယ် မက်ဂန်း ...ကြားလား "
သူဋ္ဌေးက ဆေးတံကို အားပါးတရ ဖွာရှိုက်လိုက်ရင်းမှ မက်ဂန်းကို ပြောလိုက်သည်။မက်ဂန်းသည် သူဌေးမင်း၏ရှေ့တွင် ဒူထောက်ချလုမတက် ခါးကို ညွှတ်ကိုင်းရင်းမှ ရို့ကျိုးစွာ ပြန်၍ဖြေလေသည်။
~~~~~~
" ကျွန် ...ကျွန်တော်ကို ...ရေ...ရေ ...နည်းနည်းလောက် တိုက် .. တိုက်ပါဗျာ ...ရေငတ်လွန်းလို့ပါ "
ဘီနာသည် ခြောက်သွေ့ကွဲအက်နေသော နှုတ်ခမ်းအစုံဖြင့် အားယူပြောလိုက်ပြီး အစောင့်ထံမှ သောက်ရေအနည်းငယ်များကို တောင်းယူလိုက်လေည်။
"ဘာကွ ...မင်းကများ ...ရာရာစစရေ တောင်းရဲတယ်ပေါ့လေ ...မင်းကိုယ်မင်း ဘာများထင်နေလဲကွ .. ဒီနေရာက အချုပ်တောင်ဆိုတာ သိရဲ့လား ..."
သူဌေးမရှိလျှင် သူတို့ကိုယ်သူတို့ ဘုရင်ခံ ထက်ပင် ရာထူးအာဏာ ပိုကြီးသကဲ့သို့ အထင်ရောက်နေသော အစောင့်ဘီနာ့ကို ခပ်ကြမ်းကြမ်းပေါက်ငမ်းလိုက်လေသည်။
ရေငတ်လွန်းလှသဖြင့် သတီပင်လစ်လုမတတ် ဖြစ်နေသော ဘီနာသည် ခြောက်သွေ့အက်ကွဲနေသည့် နှုတ်ခမ်းအစုံကို အားယူ၍ မရှိသည့် တံတွေးကို အားယူ၍ မျိုချလိုက်ရလေသည်။
~~~~~~~
"ဒီမြို့မှာ မင်းတို့ မြေးအဘွားသုံးယောက်အပြင် ကျန်တဲ့ဆွေမျိုးရင်းချာတွေရော ရှိသေးလား မေရီ ... သူဋ္ဌေးက မင်းကို ကျေးဇူးတင်လို့တဲ့ ...မင်းတို့ အမျိုးတွေကို ထောက်ပံ့စရိတ်ပေးချင်နေတာ "
ဉာဉ့်သန်းခေါင်ယံကုန်လုလု ချိန်တွင် ခွေးဟောင်သံများသည် ထင်းရုံထဲ၌ ကျားဟိန်းသံများအလား ထွက်ပေါ်လျက်ရှိသည် ။အနံ့ခံကောင်းလှသော ခွေးများဖြစ်သောကြောင့် ဘီနာ့အိပ်စက်ခဲ့ရာ အိပ်ရာကို အနံ့ခံစေပြီးနောက် အနံ့ဖြင့် ရှာဖွေစေလေသည်။
"ခွေးတွေက သစ်ပုံကိုပဲထိုးဟောင်နေတယ် ... သေချာတယ် ဒီကောင် ဒီထဲမှာပဲရှိရမယ် ...ဆရာမက်ဂန်းနဲ့ သူဌေးဆီကို အကြောင်သွားကြားစမ်း "
ပါးပြင်ပေါ်သို့ ပေါက်ခနဲ စီးကျလာသော မျက်ရည်စကို ဘီနာ ခပ်ကြမ်းကြမ်းပွတ်သုတ်ပစ်လိုက်ပြီးလျှင် မော်စီဆီမှ ယူထားလိုက်သော သေနတ်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။ယနေ့ည သည် ဘီနာ့အတွက် နောက်ဆုံး အသက်ရှင်ရမည့်ညလည်း ဖြစ်နိုင်သည်။အသက်ရှင်သန်ဖို့ရာ ဘုရားသခင်ထံတွင် ဘီနာဆုမတောင်းမိပါချေ ။ ဘုရားရှင်သည် ကောင်းသောလမ်းကို ညွှန်ပြခဲ့ပြီးပြီ ဖြစ်သည်။လူသားများ၏ နှလုံးသားနှင့်အသိဉာဏ်ကို ပွင့်လန်းလာစေရန် လမ်းပြခဲ့ပြီးပြီ ဖြစ်သည်။ထို့အတွက် ဘီနာ၏ လွတ်မြောက်မှုအတွက် ကိုယ့်ဘာသာကြိုးစားရမည်ဆိုသည်ကို ဘီနာကောင်းစွာနားလည်ပေသည်။ဘီနာသည် ထင်းရုံသို့ရောက်ကတည်းကပင် အရေးကြုံလျှင် ပုန်းခိုနိုင်ရန်အတွက် သစ်လုံးများနှင့် ထင်းများကို အသုံးပြုလျက် သစ်လုံးများကြားတွင် လိုဏ်ခေါင်းလမ်းသဖွယ် ပြုလုပ်ခဲ့သည်။လိုဏ်ခေါင်းတွင် ထွက်ပေါက်နှစ်ခုရှိသည်။တစ်ပေါက်မှာ ဘီနာနေထိုင်ရာ သစ်လုံးတဲနှင့်အနီးဆုံးတွင် ရှိပြီးလျှင် ကျန်တစ်ပေါက်မှာ အနောက်ဘက် တောစပ်ဘက်သို့ထွက်ဘောနေရာတွင်ရှိသည်။အပေါက်များ၏ထိပ်တွင် သစ်လုံးတိုများဖြင့် ဟန်မပျက်ပိတ်ထားသောကြောင့် လူချည်းသက်သက်ရှာလျှင်မူ တွေ့ရန်မလွယ်ကူလှပါချေ။ယခုကဲ့သို့ ခွေးများ ပါလာသောအခါတွင်မူ လွတ်မြောက်ရန် လွယ်ကူမည်မထင်ပေ။ဝမ်းလျားထိုးအနေအထားမှ ဘီနာသည် တောစပ်ဘက်ထွက်ပေါက်ရှိရာသို့ တဖြည်းဖြည်း တိုးရွှေ့၍သွားသည်။
" တွေ့ပြီလား "
" မတွေ့သေးဘူး သူဌေး "
" တွေ့အောင်ရှာကြစမ်း ... မိုးမလင်းခင်တွေ့မှဖြစ်မယ် ... လွှစက်တွေယူခဲ့ကြ ...သစ်လုံးတွေကိုဖယ်ပြီးရှာကြစမ်း "
"ဝုတ် ဝုတ် ဝုတ်
~~~~~~~
ထိပ်ဝတွင်ခံထားသော သစ်လုံးကို ခပ်ဖြည်းဖြည်းတွန်းဖယ်လိုက်ပြီးနောက် ဘီနာလျောခနဲတိုးထွက်လိုက်သည်။လွတ်ရန် လမ်းစမရှိသည်ထက်စာလျှင် အန္တရာယ်များလှသော တောအုပ်သည်ပင် ဘီနာရှင်သန်ဖို့ရာ အခွင့်အရေး ဖြစ်နိုင်သည်မဟုတ်ပါလား။
@@@@@@@@@@@@@@@@@
အပိုင်း ( ၁၀ )
ဇာတ်သိမ်းပိုင်း ဆက်ရန်
ဧကြည်ဖြူ
ဘီနာသည်းခံရပေမည်။
"ရှာကြစမ်း ... အမြန်ရှာကြ ....သူ့ကိုမတွေ့ရင် မင်းတို့ဓါးစာခံဖြစ်သွားမယ် "
ထင်းရုံထဲတွင် ဆူညံပွက်လောရိုက်နေသောအသံများနှင့်ဓါတ်မီးရောင်တဝင်းဝင်းကို ဘီနာမြင်နေရသည်၊၊ဘီနာ တုတ်တုတ်မျှမလှုပ်ရဲပါ။အများနှင့် တစ်ယောက် ဘီနာမယှဉ်ဝံ့မယှဉ်ရဲပါ။ ဘီနာ့အတွက် နှလုံးရည်စွမ်းအားနှင့် ဉာဏ်စွမ်းအားသည် သာ အားကိုးရာဖြစ်သည် မဟုတ်ပါလား။
~~~~
"ဘာ ...မတွေ့ဘူး ဟုတ်လား ....မင်းတို့ တယ်ပေါ့ဆ ပါလား မက်ဂန်း ....စက်ရုံဝန်းထဲက လူတစ်ယောက်ပျောက်သွားတာတောင် မသိရအောင် မင်းတို့ တယ်ညံ့ပါလားကွ ...မင်းတို့ကောင်တွေ ... ငါ့ခွေးတွေလောက်ကောင် အားမကိုးရပါလား .... အသုံးမကျတဲ့ကောင်တွေ..."
"ဖြောင်း ... ဖြောင်း "
"ဝုန်း " "ဒုန်း "
သူဋ္ဌေးမင်းသည် ဒေါသတကြီးနှင့် ပြောဆိုပြီးလျှင် မက်ဂန်း အပါအဝင် လူမိုက်များကို စိတ်ရှိလက်ရှိထိုးကြိတ်ကန်ကျောက်လေသည်။
" အသုံးမကျတဲ့ကောင် ...ရှာကြ ...အဲ့ဒီကောင်ကို တွေ့အောင် ရှာကြ ...သူ့မှာ ကြံရာပါတွေရှိလိမ့်မယ်...ခွေးတွေကို သုံးပြီး ရှာစမ်းမက်ဂန်း "
~~~~~
မေရီ ဖျတ်ခနဲလန့်နိုးလာချိန်၌ နံဘေးတွင် သူဋ္ဌေးမင်းမရှိပါလေတော့။မေရီကျေကျေနပ်နပ်ပြုံးလိုက်မိသည်။ဘီနာ့ အကြောင်းကို သတင်းပေးခြင်းအတွက် ဆုငွေမရလျှင်လည်း မေရီမမှုတော့ပါ။ သူဋ္ဌေးမင်းက မေရီကို စွဲလမ်းသွားခဲ့လျှင် မေရီအတွက် အခွင့်အရေးကောင်းများ ရနိုင်သည်မဟုတ်ပါလား။မက်ဂန်းလိုအလုပ်သမားခေါင်းဆောင်ထက် သူဋ္ဌေးမင်းလိုလူမျိုးသည်သာ မေရီတို့မိသားစုဘ၀ကို ပြောင်းလဲပေးနိုင်သည်မဟုတ်ပါလား။
မေရီခုတင်ထက်မှ ထလိုက်ပြီးလျှင် ဖရိုဖရဲဖြစ်နေသော ခန္ဓာကိုယ်ကို ပြင်ဆင်လိုက်သည်။ပြီးနောက်ခြေကို ဖော့လျက် အခန်းပြင်သို့ ထွက်ခဲ့သည်။
~~~~~~~
" ပြောလေ ... မင်းတို့ ဘယ်သူတွေကိုတိုင်ထားသေးလဲ "
"မ ...မတိုင်ပါဘူးခင်ဗျား ... အစ်ကိုကြီးက အိမ်ကမကြာခဏ ထွက်သွားတတ်တဲ့ အကျင့်ရှိလို့ ဘယ်ကိုမှလဲ မတိုင်ထားပါဘူး "
"အဘိုးကြီး ... မှန်မှန်ဖြေစမ်း ခင်ဗျားသားပျောက်နေတဲ့ အကြောင်းကို ဘယ်သူတွေကို လိုက်ပြောသေးလဲ "
မက်ဂန်းသည် စိတ်မရှည်စွာပင် အသက်ကြီးကြီးအဘိုးအိုကြီး၏ လည်ပင်းကို ဓါးဖြင့် ထောက်၍မေးလိုက်လေသည်။ထို မြင်ကွင်းကို သူဋ္ဌေးမင်းသည် ဆိုဖာခုံပေါ်တွင် မိန့်မိန့်ကြီးထိုင်လျက်မှ ကြည့်နေလေသည်။
"မလိမ်နဲ့နော် အဘိုးကြီး ....ခင်ဗျာသားဆီကို လာတဲ့သူကိုရော သိတယ်မဟုတ်လား ...သူနဲ့ ပတ်သက်ပြီး လာစုံစမ်းတဲ့သူတွေရှိတယ်မလား ...."
" မ ...မသိပါဘူးကွယ် ... သားကြီးက သူဘာလုပ်လုပ် အိမ်ကိုပြောလေ့မရှိပါဘူး..သူ့ဆီလာတဲ့ဧည့်သည်ကိုလဲ မသိပါဘူးကွယ် "
"ဟာ ...ဒီအဘိုးကြီးလိမ်နေတာပဲ ...ကဲကွာ ...လိမ်အုံး...လိမ်ချင်အုံး "
" ဗုန်း ...ဗုန်း "
"ဖြောင်း ...ဖြောင်း "
မက်ဂန်းနှင့် သူ၏တပည့်လူမိုက်များသည် အဘိုးကြီးတို့သားအဖသုံးယောက်ကို စိတ်ရှိလက်ရှိ ကန်ကျောက်ရိုက်နှက်ကြလေသည်။သားအဖသုံးယောက်မှာ ကြမ်းပြင်ပေါ်တွင် သွေးအလိမ်းလိမ်းဖြင့် အသနားခံလျက်ရှိကြလေသည်။
"ဟေ့ မက်ဂန်းလာအုံး .... ရပ်လိုက်ကြတော့ ..မေးလဲ ဘာမှထူးမှာမဟုတ်ဘူး အပြတ်ရှင်းလိုက်တော ... ဘီနာဆိုတဲ့ကောင်ကိုမိရင် ချုပ်ထားလိုက် ... ဒါနဲ့ မေရီ ဆိုတဲ့ ကောင်းမလေးကိုပါရှင်းပစ်ရမယ် ...အဲ့ဒီကောင်းမလေး မိသားစုတွေကိုပါ စုံစမ်းပြီးခေါ် လာခဲ့... "
~~~~~~
အခန်းထဲမှ ခပ်သဲ့သဲ့ကြားလိုက်ရသော အသံများကြောင့် မေရီသည်သွေးပျက်လုမတက် ထိတ်လန့်တုန်လှုပ်သွားမိပြီး မောင်ဖြစ်သူနှင့်အဘွားဖြစ်သူအတွက် လွန်စွာစိုးရိမ်သွားမိလေသည်။ မေရီတို့တွင် မိသားစုဆို၍ မြေအဘွားသုံးယောက်သာရှိသည်။မြို့လေး၏ အစွန်အဖျားတွင် အဘွားဖြစ်သူမှာ မုန့်လုပ်ရောင်း၍ ဝမ်းရေးအတွက် ဖြေရှင်းကြသည်။မေရီ၏မစို့မပို့လုပ်အားခမှာ ပန်းနာရင်ကြပ်ရောဂါသည်ဖြစ်သောမောင်ဖြစ်သူအတွက် ဆေးဖိုးသာဖြစ်သည် မဟုတ်ပါလား။မေရီသည် မောင်ဖြစ်သူအတွက် လုံလောက်သော ဆေးဖိုးဝါးခနှင့် အဘွားဖြစ်သူအတွက် ငွေစအနည်းငယ်မျှကိုသာ မျှော်လင့်ခဲ့ခြင်းဖြစ်ပေသည်။ ယခုမူ မေရီ၏အတွေးစိတ်ကူးများသည် သွေးညှီနံ့များလှိုင်ခဲ့လေပြီ။မေရီသည် အတန်ကြာမျှ အသက်ကင်းမဲ့သူလို ရပ်နေမိပြီးနောက် စင်္ကြန်လမ်းလေးအတိုင်း ခြေလှမ်းများကို ခပ်ဖွဖွနင်းလျက်ထွက်ခဲ့လေသည်။
"ဟေ့ ရပ်စမ်း... အဲ့ဒါ ဘယ်သူလဲ ..."
ခက်ထန်မာကျောသောအသံက ဟိန်းခနဲထွက်ပေါ်လာသည်။
"ဟို .. ကျွန်...ကျွန်မ ... မေ ..မေရီပါရှင် ...အဆောင်ကို ပြန်တော့မလို့ပါရှင် "
မေရီသည် အသံကို မတုန်အောင်သတိထား၍ ဖြေလိုက်သည့်ကြားမှ အသံမှာတုန်တုန်ယင်ယင်ဖြင့်ထွက်သွားလေသည်။
" မေရီတဲ့ ဆရာမက်ဂန်း "
"ဟေ့ ..မေရီ ပြန်တော့မလို့လား ... နေပါအုံး ... သူဌေးကမင်းကို ဆုချမလို့တဲ့ ...အခန်းထဲက စောင့်နေခိုင်းထားတယ် ... ဟေ့ကောင်တွေ မေရီကိုအခန်းထဲ ခေါ်သွားကြစမ်း "
ကျယ်လောင်စွာ ထွက်ပေါ်လာသော မက်ဂန်း၏ အသံကြောင့် မေရီ့မှာထိန်းထားသည့်ကြားမှပင် ဒူးများမှာ ညွှတ်ခနဲခွေကျသွားလေတော့သည်။
~~~~~~~
" ဝုတ် ... ဝုတ် ... ဝုတ် "
ဧကြည်ဖြူ
ဘီနာ
အပိုင်း (၉)
******
"ရပ်စမ်း ဘယ်သူလဲ "
ခက်ထန်မာကျောလှသော မေးသံကြောင့် မေရီ၏ခြေလှမ်းများသည် တုံ့ခနဲ ရပ်တန့်သွားပြီး တုန်တုန်ယင်ယင်နှင့် ပြန်ဖြေလိုက်လေသည်။
"မေ ... မေရီပါ အစ်ကိုကြီး "
"မေရီဟုတ်လား ...မင်းကို ငါမခေါ်ထားဘူးလေ "
မေရီ၏ ဖြေသံအဆုံးတွင် မက်ဂန်သည် မာဆက်ဆက်အသံဖြင့်ပြန်၍ ပြောလိုက်လေသည်။
" ဟုတ် ... ဟုတ်ပါတယ် မခေါ်ထားပါဘူးရှင် ... အစ်ကိုကြီးကို အရေးတကြီးပြောစရာရှိလို့လာခဲ့တာပါ "
"ဟေ့ ...ဘယ်သူလဲ မက်ဂန်း "
မေရီနှင့် မက်ဂန်းစကားပြောနေစဉ်မှာပင် သူဌေးကလေသံမာမာဖြင့် လှမ်း၍မေးလေသည်။
"ဟို ..ပျော်တော်ဆက်မလေးပါ သူဋ္ဌေး ... အခုချက်ချင်း ပြန်လွှတ်လိုက်ပါ့မယ် "
မက်ဂန်းသည် သူဋ္ဌေးမင်းကို ရို့ရို့ကျို့ကျို့ပြန်ဖြေလိုက်ပြီးလျှင် မေရီကို မျက်နှာရိပ်မျက်နှာကဲဖြင့် ပြန်ရန် လုပ်ပြနေစဉ်မှာပင် အခန်းထဲမှ သူဌေးမင်း၏ အသံထွက်ပေါ်လာလေသည်။
"ဟုတ်လား ...ဒီကို ခေါ်လာခဲ့စမ်း မက်ဂန်း "
~~~~~
" ဟေ ....အလှလေးပါလားဟ... သူ့ကို ငါမမြင်ဖူးပါဘူး .."
သူဌေးမင်းသည် မေရီကိုစားတော့ဝါးတော့မတတ် ကြည့်ရင်းပြောလိုက်လေသည်။
"သူ ... သူက လူသစ်ပါ သူဋ္ဌေးမင်း "
မက်ဂန်းသည်သူဌေးမင်း ငြိုငြင်သွားမည်စိုးသောကြောင့် ထစ်ထစ်ငေါ့ငေါ့ဖြင့် လိမ်လည်ပြောဆိုလိုက်လေသည်။
"ဟုတ်လား ....ဒါနဲ့ ညကြီးအချိန်မတော် ဒီကိုဘာလာလုပ်တာလဲ ...မင်းကို ဘယ်သူခေါ်ထားတာလဲ မိန်းခလေး "
သူဌေးမင်း၏ အမေးကြောင့် မေရီ၏ခန္ဓာကိုယ်လေးမှာ ဆတ်ခနဲတုန်သွားရပြီးလျှင် ထိတ်လန့် တုန်လှုပ်စိတ်ဖြင့် မက်ဂန်းကို လှမ်း၍ကြည့်လိုက်လေသည်၊၊
"ဘယ် ..ဘယ်သူမှ မခေါ်ထားပါဘူး သူဋ္ဌေးမင်း ... သူပြောတာတော့ အရေးတကြီး ပြောစရာရှိလို့လာတယ်လို့ ပြောပါတယ် ... ဟဲ့ကောင်မ ဘာပြောမှာလဲ .... ပြောလေ ... ဒီမှာ သူဋ္ဌေးမင်း မေးနေတာမကြားဘူးလား "
မက်ဂန်းသည် သူဋ္ဌေးမင်းကို ပြန်ဖြေရင်းမှ မေရီကိုခပ်ငေါက်ငေါက်ပြောလိုက်လေသည်။
"ဟို ...ဟို ...ဒီ ...ဒီလိုပါရှင် ... မော်... မော်စီကို သတ်...သတ်တဲ့သူကို မြင်...မြင်လိုက်တယ်လို့ ပြောမလို့ လာခဲ့တာပါ "
"ဘာ ...ဘာပြောတယ် ... မော်စီကို သတ်လိုက်တဲ့သူဟုတ်လား ...အဲ့ဒါ ဘယ်သူလဲ ... ပြောစမ်း ....မြန်မြန်ပြောစမ်း..."
မေရီ၏ တုန်ယင်ထစ်ငေါ့နေသော ပြောသံမဆုံးခင်မှာပင် သူဋ္ဌေးမင်း၏ အသံကဟိန်းထွက်၍ လာလေသည်။
" မေးနေတာမကြားဘူးလား ... မြန်မြန်ဖြေလိုက်လေ "
မက်ဂန်းသည် မေရီကို ကြည့်ပြီး အသံမာမာနှင့် ဟိန်းဟောက်လိုက်လေသည်။မက်ဂန်းကို ကြည့်၍ မေရီမှာ ကတုန်ကယင်ဖြင့် ပြန်၍ဖြေလိုက်လေသည်။
"အဲ့ ...အဲ့ဒါ ... ဘီ ... ဘီနာပါ ...မော်စီကို ဘီနာသတ်လိုက်တာကို ကျွန်မမြင်လိုက်ပါတယ် "
" ဘာ ... ဘီနာဟုတ်လား ...ဘီနာဆိုတာ ဘယ်သူလဲ ... ဘယ်ကကောင်လဲ ...မင်းသိလား မက်ဂန်း ...."
သူဋ္ဌေးသည် ထိုင်ရာမှဝုန်းခနဲ ထရပ်လိုက်ပြီးလျှင် ဒေါသတကြီးဖြင့်မက်ဂန်းကို မေးလိုက်လေသည်။
"သိ ...သိပါတယ် သူဋ္ဌေးမင်း ... ထင်းရုံက အလုပ်သမားကောင်လေးပါ ... ခုချက်ချင်းသွားဖမ်းခိုင်းလိုက်ပါ့မယ် သူဌေးမင်း "
"အေး အဲ့ဒီကောင်ကို သွားဖမ်းပြီး ဒီကို အမြန်ဆုံးခေါ်လာခဲ့ ... ငါခဏအနားယူလိုက်အုံးမယ် "
သူဋ္ဌေးသည် မေရီ၏ခန္ဓာကိုယ်ကို သိမ်းကြုံး ကြည့်လိုက်ပြီး ပြောလိုက်လေည်။
~~~~~~
သစ်လုံးများကြားရှိ လူတစ်ကိုယ်စာနေရာလေးတွင် ငြိမ်သက်စွာဝပ်လျက် ဘီနာခေတ္တမျှ ငြိမ်၍ စဉ်းစားနေမိသည်။မေရီကို အလုံးစုံ ယုံကြည်၍မရမှန်း ဘီနာ သိသည်။မေရီမှမဟုတ် ဤစက်ရုံရှိ မည်သူ့ကိုမျှယုံကြည်၍မရနိုင်မှန်း ဘီနာသိသည်။သို့သော်လည်း ထွက်ပြေးရန်အတွက်လမ်းမှာ အနောက်ဘက် တောအုပ်သာရှိသည်။ယခုလို ရာသီဥတုမျိုးနှင့်ဆိုလျှင် တောအုပ်ထဲမှ ဖြတ်လျှင် အသက်ရှင်ဖို့ရန် အခွင့်အလမ်းနည်းပါးသည်ကိုလည်း ဘီနာသိသည်။ ထို့ထက်ပို၍ နောက်ရက်တွင် စစ်ဆေးရေးများရောက်လာခဲ့လျှင် ဘီနာ့မှာ လုပ်စရာများရှိသည်။ ပြင်ဆင်သင့်သည်များကိုလည်း ဘီနာပြင်ဆင်ထားခဲ့ပြီးပြီဖြစ်သည်။သည်တစ်ကြိမ် အခွင့်အရေးသည် ဘီနာ အပါအဝင်အလုပ်သမားများနှင့် ဤမြို့လေးအတွက် နောက်ဆုံးအခွင့်အရေးလည်းဖြစ်နိုင်သည်။သည်လိုအခွင့်အရေးမျိုးကို ဘီနာ လက်မလွတ်ချင်ပါ။နောက်ဆုံး ဘီနာ၏အသက်ကို စွန့်လွတ်ရမည်ဆိုလျှင်တောင် သည်အခွင့်အရေးကို အောင်မြင်စေချင်သည်။
"ရှာကြစမ်းဟေ့ ... အမြန်ရှာကြစမ်း "
" တဲထဲမှာတော့ မရှိဘူး ... ဒီကောင်ဘယ်သွားတာလဲ ...ထွက်ပြေးသွားပြီလား "
ရုတ်ချည်ပေါ်ထွက်လာသော ဆူဆူညံညံအသံများကြောင့် ဘီနာ၏ခန္ဓာကိုယ်ထဲရှိသွေးများပင် ခဲတောင့်သွားသလို ခံစားလိုက်ရသည်။သစ်လုံးများကြား တစ်ကိုယ်စာတွားသွားလို့ရရုံလိုဏ်ခေါင်းသဖွယ် လုပ်ထားခြင်းကြောင့် ထိုသူများ ဘီနာ့ကိုရှာတွေ့ဖို့ရန် ခဲယဉ်းလှပေသည်၊၊ရှာမတွေ့ သည့်အဆုံး၌ ထင်းရုံကြီးကို မီးတင်ရှို့လိုက်ရင်တော့ဖြင့် ဘီနာ့အတွက်လွတ်လမ်းမရှိ ဖြစ်သွားနိုင်သည်။ သို့သော်လည်း သူဌေး လိုလူမျိုးသည် သူ့ပစ္စည်းတစ်ခုတလေးကိုမျှဆုံးရှုံးခံမည့်လူစားမျိုးမဟုတ်။စစ်ဆေးရေးများလာသည်အထိ
" ဟုတ်..ဟုတ်ကဲ့ ... မတွေ့ပါဘူးဆရာ ...လူတွေက ကျွန်တော်ကို တွေ့ရင်နံလို့ဆိုပြီး မောင်းထုတ်ကြလို့ ...ကျွန်တော်လဲ လူတွေနားကို သိပ်မကပ်တော့ ဘာမှမသိပါဘူး "
ဘီနာက မက်ဂန်းနှင့်မလှမ်းမကမ်းတွင် ရပ်လျက်မှ မဝံ့မရဲဖြင့်ဖြေလိုက်လေသည်။ထိုအခါမက်ဂန်းသည် ဘီနာ့ကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီးလျှင်
"သူတို့ပြောတာလဲ မလွန်ဘူး ... မင်းတစ်ကိုယ်လုံးနံစော်နေတာပဲ ...သွားစမ်းကွာ ....သွားစမ်း ...မင်းကို မြင်ရတာ ကျက်သရေတုံးတာပဲ အဖတ်တင်တယ် ... အေး ... အလုပ်ကို သေချာလုပ် ကြားလား ... မသင်္ကာစရာလူတွေဘာတွေ တွေ့ရင် ငါတို့ကိုလာပြော ကြားလား "
"ဟုတ် ... ဟုတ်ကဲ့ပါဆရာ "
~~~~~
"ဟဲ့ကောင်လေး ဖြည်းဖြည်းစားစမ်းပါဟဲ့ ... အကောင်သေးသလောက် မင်းလဲတယ်အစားကြီးသကိုး ...ရော့ ...ရော့....ဟိုလူတွေ မမြင်ခင်မြန်မြန်စား "
ထမင်းချက် အမျိုးသမီးကြီးသည် ပြောပြောဆိုဆိုနှင့် အသားဟင်းခပ်ကြီးကြီးတစ်တုံးကို ခပ်၍ ဘီနာ၏ထမင်းပန်းကန်ထဲသို့ ခပ်သွက်သွက်ထည့်ပေးလိုက်လေသည်။ခပ်သွက်သွက်မထည့်လို့လည်းမဖြစ်ချေ။အလုပ်သမားများထဲမှ ခပ်ဆိုးဆိုး လူအချို့သည် ဘီနာ့ကို မြင်လျှင် ရန်ရှာချင်ကြသည်၊၊သို့အတွက် ဘီနာ့မှာ ထမင်းစားလျှင်ပင် ထမင်းစားရန် ထားပေးထားသော တန်းလျားခုံများတွင် အကျအနထိုင်၍မစားရဘဲ ယခုကဲ့သို့ မီးဖိုများနံဘေးတွင် ခပ်သွက်သွက်စားရလေသည်။ဘီနာ့ကို အနိုင်ကျင့်သူများသည် အမှန်စစ်စစ် လူမိုက်များတော့မဟုတ်ကြပါချေ။သူတို့သည်လည်း မက်ဂန်တို့အုပ်စု၏ ဗိုလ်ကျအနိုင်ကျင့်ခြင်းကို ခံနေရသူများ ဖြစ်ကြလေသည်။ထို့ကြောင့် သူတို့၏ သိမ်ငယ်စိတ် ၊ အငုံစိတ်များကို တလွဲပေါက်ကွဲကာ ကြီးနိုင်ငယ်ညှင်းသဘောမျိုးဖြင့် အနိုင်ကျင့်ကြခြင်းဖြစ်လေသည်။ဘီနာ့အနေနှင့်မူ ပြဿနာကို ရှောင်ရှားချင်သောကြောင့် ထိုလူစုများကို ထိပ်တိုက်မတိုး ရအောင်တတ်နိုင်သမျှရှောင်ရှားခဲ့လေသည်။ဘ၀သည် ဘီနာ့အတွက်သေမထူးနေမထူးဆိုသော်လည်း ဦးနှောက်အသိဉာဏ် အပင်းခံထားရသူများ၏လက်ချက်ကြောင့်ဖြင့်တော့ အဓိပ္ပါယ်မဲ့ ဘီနာမသေချင်ပါလေ။
" ဟဲ့ကောင်လေး ....နင်လဲ ကိုယ့်အလုပ်ကိုယ်လုပ်ပြီးရင် ဟိုဒီလျှောက်မသွားနဲ့နော် ...ဒီရက်ပိုင်း လူတွေလျော့သွားတာ သတိထားမိတယ် ... ဘယ်သူတွေမှန်း သေချာမသိပေမဲ့ ထမင်းလာစားတဲ့သူတွေ လျော့သွားတာသေချာတယ် ...."
"ဟုတ်လား ဒေါ်ကြီး ..... ကျွန်တော်က အလုပ်သမားတွေကိုဝေးဝေးရှောင်လေ့ရှိတော့ သိပ်မသိဘူး ... လျော့သွားတယ်ဆိုတာ ဘာကိုပြောတာလဲ ....သူတို့ အလုပ်ထွက်သွားကြတာလား "
" မဟုတ်ပါဘူး ... အယ် ... မသိပါဘူး ...ငါတို့နဲ့လဲမဆိုင်ပါဘူး .... ရော့ ... ရော့ ...ဒီမှာ ဟင်းအနှစ်တွေထပ်ယူ ..."
တမင်းချက်အမျိုးသမီးကြီးသည် ဘီနာမေးသည်ကို မဖြေချင်ဟန်ဖြင့် စကားလမ်းကြောင်းကို လွှဲလိုက်ပြီးလျှင် ဘီနာ့ထမင်းပန်းကန်ထဲသို့ ဟင်းအနှစ်များကို ခပ်ထည့်ပေးပြန်လေသည်။
ဘီနာသည် မီးဖိုနံဘေးတွင် ထမင်းကို ခပ်ကုပ်ကုပ်စားနေရာမှ ထမင်းချက်အမျိုးသမီးကြီးကို ကျေးဇူးတင်စွာဖြင့် မော့ကြည့်လိုက်သည်။ အမျိုးသမီးကြီးကတော့ ဘီနာ့ကိုမကြည့်ဘဲ ထမင်းစားပွဲများရှိရာသို့ ပြန်၍လျှောက်သွားလေသည်။ဘီနာသည် ထမင်းချက်အမျိုးသမီးကြီးပေးသော အသားဟင်းတုံးကို ကိုက်ဖဲ့စားသောက်နေရင်းမှ ပါးပြင်ပေါ်သို့မျက်ရည်ပေါက်များ စီးကျလာလေသည်။ဘီနာသည် ရှင်သန်ဖို့အတွက် အစားကိုမျှတအောင် စားနေခြင်းဖြစ်သည်။ဘီနာ၏ အနာဂတ်သည် ဘီနာ့လက်ထဲတွင်သာရှိသည်ဖြစ်သောကြောင့် နောက်ဆုံးအချိန်ထိ ရှင်သန်သွားဖို့ရာ ဘီနာစွမ်းနိုင်သလောက် ကြိုးစားရမည် ဖြစ်လေသည်၊၊
~~~~~~
မေရီသည် အနွေးထည် ခပ်ထူထူပေါ်မှ ပုဝါထူထုတစ်ထည်ကို ခြုံလွှမ်းလိုက်ပြီးလျှင် တိုက်ကြီးရှိရာဘက်ဆီသို့ ခြေလှမ်း ခပ်သွက်သွက်ဖြင့် လျှောက်လှမ်းခဲ့လေသည်။နေ့အချိန်တွင် ဘီနာက စက်ရုံတစ်ဝန်းလုံးအနှံ့ ထင်းလှည်းတစ်စီးဖြင့် လူးလားခေါက်တုံး သွားလာလျက်ရှိသောကြောင့် မေရီမှာ ဟန်မပျက်နေခဲ့ပြီးလျှင် ယခုကဲ့သို့ ညအချိန်သို့ရောက်သောအခါမှ လူမမြင်သူမမြင်အောင် ထွက်ခဲ့ခြင်းဖြစ်လေသည်၊၊တနည်းအားဖြင့် မက်ဂန်း၏ မယားကြီးဖြစ်သူ မသိအောင် မက်ဂန်းနှင့် ခိုးတွေ့ရခြင်းဆိုလျှင် ပို၍မှန်ပေမည်။မေရီသည် အသက်အရွယ်ကြီးနေပြီဖြစ်သောမက်ဂန်းကိုမချစ် ၊ မနှစ်သက်ပါ။သို့သော်လည်း မေရီအတွက် အချစ်သည်အရေးမပါ။ မသန့်စင်တော့သောခန္ဓာကိုယ်အတွက် မေရီ့မှာ ခံစားချက်လည်းမရှိပါချေ။မေရီ၏ မျှော်လင့်ချက်သည် မေရီတို့ မိသားစုအဆင်ပြေရန်သာ
ဖြစ်လေသည်။
မေရီကခြေကို ခပ်ဖွဖွနင်းလျက် အပျော်မယ်များ အဝင်အထွက်လုပ်ကြသည့်လျှို့ဝှက်တံခါးပေါက်ဆီမှ တိုက်ကြီးထဲသို့ ဝင်ခဲ့လေသည်။တိုက်ကြီး၏ အနီးပတ်ဝန်းကျင်တွင်တော့ ယခင်ညများထက် ပို၍တိတ်ဆိတ်ငြိမ်သက်လျက်ရှိပေသည်။တိုက်ကြီး၏ မလှမ်းမကမ်းရှိ မက်ဂန်းတို့အိမ်သည်ပင်လျှင် မီးမှောင်ချထားသည်ကို တွေ့ရလေသည်။
~~~~~~
အပိုင်း (၉ ) ဆက်ရန်
ဧကြည်ဖြူ
မေရီသည် ဘီနာ့ကို မျက်လုံး စိမ်းကြီးများဖြင့်ကြည့်လျက် လေသံမာမာဖြင့် ပြောသည်။အတင်းအကျပ်တော့ မပြောချေ။ဘီနာ့ကို ကြည့်၍ အနည်းမျှတော့လန့်နေလေသည်။
"ဟုတ်ပြီ မေရီ ... အဲ့ဒီကိစ္စတွေအတွက် ငါတောင်းပန်ပါတယ် ...ငါတောင်းဆိုချင်တာက ...ဒီကိစ္စကို ဘယ်သူ့ကို မှမပြောဘဲ မသိချင်ယောင်ဆောင်နေပေးပါနော် ... မကြာခင် အချိန်တွင်းမှာ ဒီကိစ္စတွေကပြီးသွားတော့မှာပါ ...အဲ့ဒါကြောင့် ဒီကိစ္စတွေကို နင်ဘယ်သူ့ကိုမှ မပြောပါနဲ့နော် မေရီ ....ငါတောင်းပန်ပါတယ် ..."
ဘီနာက အတန်တန်တောင်းပန်လိုက်သောအခါ မေရီသည် တစ်ခဏမျှ ငြိမ်သက်သွားပြီးလျှင် ဘိနာ့ရှေ့မှ ခြေလှမ်းများကို နောက်သို့ဆုတ်လိုက်လေသည်။
"ကောင်းပြီလေ ..ငါနှုတ်ပိတ်ထားပေးမယ်... နောက်ကိုနင်လဲ ငါ့ကို စကားလာမပြောနဲ့ .. အေး တကယ်လို့ များ နင့်ကြောင့် ငါတို့ အလုပ်သမားတွေ အနေရခက်မယ်ဆိုရင်တော့ ဒီကိစ္စကို ငါပြန်စဉ်းစားရမှာပဲ ... ပြီးတော့ ငါဒီကိစ္စတွေကို သိသွားလို့ ငါ့အသက်ကိုပါ ရန်ရှာဖို့တော့ မစဉ်းစားနဲ့နော် ...သစ်နက်မရှိတော့ပေမဲ့ ...ဦးလေးကြီးမက်ဂန်းကလဲ ငါ့ကို သဘောကျနေတာကို နင် သိထားပါ..."
မေရီ၏ စကားကြောင့် ဘီနာ့သည် ခေါင်းကို မသိမသာ ခါယမ်းလိုက်မိလေသည်။
" အေး ..နင် သတိတော့ထားပါမေရီ .. သူတို့က လူတစ်ယောက်ကို အပြတ်ရှင်းချင်ရင် အဲ့ဒီလူရဲ့ မိသားစုကိုပါ ဒုက္ခပေးတတ်တယ် "
မေရီသည် ဘီနာ့ကို ဘာမျှပြန်မပြောဘဲ ဘီနာ၏ ထင်းရုံထဲမှ လှစ်ခနဲ ပြေးထွက်သွားလေသည်။
~~~~~
"ဘာကွ ... မော်စီပျောက်နေတယ်ဟုတ်လား "
"ဟုတ် ...ဟုတ်ပါတယ် သူဋ္ဌေး ...အစကတော့ ဟိုကောင်မလေးကို ရှာဖို့ သူခရီး ပြန်ထွက်သွားတယ်ထင်တာ ....သူ့အခန်းထဲကို ဝင်ကြည့်လိုက်တော့မှ သူ့ပစ္စည်းတွေ အကုန်ရှိနေတာကို တွေ့လိုက်ရတယ် ... ငွေတွေလဲ ယူမသွားဘူး ..."
သူဋ္ဌေးမင်း၏ အမေးကို မက်ဂန်းက ခေါင်းကို ဖြည်းလေးစွာဖြင့် ငြိမ့်ပြလျက် ပြန်ဖြေလိုက်လေသည်။
"ဒါဆို ...သူလဲ သစ်နက်လိုများ ဖြစ်သွားတာလား ... မင်းတို့ သူ့ကို သေချာရှာပြီးပြီလား ....မိန်းခလေတွေအဆောင်မှာရော ရှာပြီးပြီလား ...ပြီးတော့ သစ်နက်ကို တွေ့တဲ့ လျှိုထဲမှာရော ရှာပြီးပြီလား "
"ရှာပြီးပြီဆရာ ..."
"ဒီကိစ္စဟာ မရိုးသားဘူး ... စက်ရုံ တစ်ဝန်းလုံးကို မြေလှန်ရှာစမ်း ... မင်းတို့ကောင်တွေ အသုံးမကျလို့ ပြဿနာတွေတက်ကုန်ပြီး သိရဲ့လား ... ဟိုသုံးကောင်ထဲက တစ်ယောက်က မြို့မှာ ထင်ပေါ်သူတစ်ယောက်ပဲ ...အရာရှိတွေကြားထဲ လဲပေါက်ရောက်တယ် .. အခုအဲ့ဒီကောင်ကို ဋ္ဌာနကလူတွေနဲ့လိုက်ရှာနေတယ် ...မကြာခင် ခြေရာခံမိသွားပြီး ဒီကို ရောက်လာနိုင်တယ် သိရဲ့လား "
"ဟုတ်... ဟုတ်ကဲ့ သူဌေး "
"ဒါတွေက မင်းတို့အသုံးမကျလို့ ဖြစ်တာ ... မင်းတို့ ဟိုကောင့်ကိုသာ တိုးတိုးတိတ်တိတ်ရှင်းနိုင်ခဲ့ရင် ဒီပြဿနာတွေ ဖြစ်လာစရာအကြောင်းကို မရှိဘူး ...ဒီကြားထဲ ဟိုဂန်းနာမလေးက လွတ်သွားသေးတယ် ... ငါ့အထင်တော့ ဒီစက်ရုံမှာ ငါတို့ကို ဒုက္ခပေးမယ့်သူတွေတော့ ရှိနေပြီ အဲ့ဒီကောင်တွေကို တွေ့အောင်ရှာပြီး အပြတ်ရှင်းပစ်လိုက်ကြ ...ပိပိရိရိရှိပါစေနော် ... တစ်ခုခုသတင်းထွက်လို့ကတော့ မင်းတို့လဲအသက်ရှင်ဖို့ မမျှော်လင့်နဲ့ "
~~~~~
ပျောက်ချင်းမလှပျောက်သွားသော မော်စီကြောင့်မက်ဂန်းတို့အုပ်စုမှာ မြင်မြင်ရာမသင်္ကာသူမှန်သမျှကို ညလူခြေတိတ်ချိန်၌ ဝင်၍ ဆွဲကြလေတော့သည်။အထူးတလည် ဆောက်လုပ်ထားသော တိုက်ကြီး၏မြေအောက်ခန်းထဲ၌ ဒဏ်ရာဒဏ်ချက်များဖြင့် လဲနေသူများလည်း အများအပြားရှိလေသည်။
" ဘယ်ကောင်းမှလဲ ၀န်မခံဘူး...ဒီလိုရှာနေရင်တော့ တွေ့မှာမဟုတ်ဘူး ...အဒီတော့ ငွေစကြေးစနဲ့ မျှားပြီး စုံးစမ်းစမ်းမက်ဂန်း ... ဒီရက်ပိုင်းထဲမှာ ရှင်းစရာရှိတာတွေကို အမြန်ရှင်းထား .... မင်းကောင်တွေထဲမှာ သေချာရှာအုံး ....ငါ့သားကို တခြားနေရာပို့ထားပြီးပြီမို့ ဟိုအရူးမကိစ္စပေါ်လာရင် ငါ့သားနာမည် လုံးဝမထွက်စေနဲ့ ကြားလား "
~~~~~~~
"မော်စီအကြောင်း သတင်းပေးတဲ့သူကို သူဋ္ဌေးမင်းက ဆုချီးမြှင့့်မှာတဲ့လား ...ဆုကြေးကဘယ်လောက်ရမှာရမှာလဲဟင် သိကြလား "
မေရီက ကြားရသောသတင်းစကားအတွက် မေးမြန်းလိုက်သည်။
" ငွေအလုံအလောက်ပေးမယ်ကြားတာပဲ ...ကြည့်ရတာ မော်စီက သူဋ္ဌေးမင်းရဲ့ငွေတွေများ ခိုးသွားလို့လား ... မော်စီအကြောင်း သိရင်တောင် ပြောရဲကြပါ့မလား ... မော်စီက ဘယ်လောက်ရက်စက်လဲ လူတိုင်း သိနေတာပဲဟာ "
စကားသံများသည် မေရီ၏ နားထဲတွင် အဆက်မပြတ်ကြားယောင်လျက်ရှိလေသည်။ဤစက်ရုံဝန်းထဲတွင် မော်စီထက်ကြောက်စရာကောင်းသောသူရှိနေသည်ကိုသိနေသော မေရီအတွက် စိတ်ထဲ၌မတင်မကျဖြစ်လျက်ရှိလေသည်။
~~~~~~~
"ဟိတ်ကောင် ဘီနာ ... မင်းဒီကိုလာအုံး..."
ဒေါသသံဖြင့် လှမ်းအော်လိုက်သော မက်ဂန်းကြောင့် ဘီနာသည် မက်ဂန်းနားသို့ ခပ်ရို့ရို့ လျှောက်၍ သွားလိုက်သည်။
"မင်းက စက်ရုံတစ်ဝန်းလုံး လျှောက်သွားနေတာ ...မသင်္ကာစရာလူတွေ ဘာတွေ တွေ့မိသေးလား ..."
ဧကြည်ဖြူ
"ဘီနာ "
အပိုင်း (၈)
******
ဘီနာက ခြေကိုကုပ်၍ မသိမသာရုန်းသည်။ထိုအခါ လက်တစ်ဖက်တည်းနှင့်ဆွဲနေသော ထိုသူမှာ ရှေ့ဆက်၍မတိုးနိုင်ဘဲ မောပန်း၍လာလေသည်။မောပန်းလာသည်နှင့်အမျှ ဒေါသထွက်လာပြီး ဘီနာ့ကို အော်ဟစ်ဆဲဆို၍ ထိုးကြိတ်ကန်ကျောက်လေသည်။
"ကောင်မ ကောင်းကောင်းမလိုက်ဘူးလား ...ငါက ညှာနေတာကို အကောင်းမှတ်နေတာလား ...ကဲဟာ ....သေစမ်း "
"ဗုန်း...ဗုန်း ....."
"ခွပ် ... ခွပ် "
ခန္ဓာကိုယ်အနှံ့သို့ ကျရောက်လာသော လက်သီးချက်များနှင့် ခြေထောက်ကန်ချက်များကြောင့် ဘီနာ့တစ်ကိုယ်၌သွေးစသွေးနများပင်ထွက်၍ လာသည်။ဘီနာသည် အံကိုတင်းတင်းကြိတ်၍ ခံနေပြီးလျှင် ထိုသူ၏ခြေအစုံကို လက်နှစ်ဖက်နှင့်စုံကိုင်၍ တောင်းပန်လိုက်သည်။
"တော် ...တော်ပါတော့ ...လိုက်...လိုက်ခဲ့ပါ့မယ် ... ခြေ ... ခြေထောက်က အရမ်းနာနေလို့ပါ...လိုက်..လိုက်ခဲ့ပါ့မယ် ...ထက်မရိုက်ပါနဲ့တော့ တောင်းပန်ပါတယ် "
" ဒီလိုမှပေါ့ ..အစကတည်းက ဒီလို လိမ္မာလိုက်ရင် ပြီးနေတာကို ဘာလို့ အသားနာခံနေရတာလဲ ......"
ဘီနာက တိုးလျှိုးတောင်းပန်လိုက်သောအခါ ထိုသူသည် ရိုက်ရန်ပြင်နေသော လက်ကိုရုပ်သိမ်းလိုက်ပြီး သူ၏လက်ဖဝါးပေါ်မှ ဘီနာ၏ သွေးစများကို ပွတ်သုတ်လိုက်ပြီး ကျေနပ်အားရဟန်နှင့် ပြောလိုက်လေသည်။
"ဟုတ် ... ဟုတ်ကဲ့ လိုက်ခဲ့ပါ့မယ် "
ဘီနာသည် ထိတ်လန့်ကြောက်ရွံ့နေသော အသံဖြင့်အထစ်ထစ်အငေါ့ငေါ့ပြန်ဖြေလိုက်ပြီး မြေပြင်ပေါ်မှ ကုန်း၍ထဟန်ပြင်လိုက်ရင်း နံဘေးရှိ သစ်သားချောင်းတစ်ချောင်းကို လျှင်မြန်စွာကောက်ယူလိုက်ပြီးလျှင် ထိုသူ၏ ပေါင်ကြားတည့်တည့်သို့ အားကုန်ရိုက်ချပစ်လိုက်သည်။ထိုမှ တစ်ချက်နှင့်အားမရဘဲ ခန္ဓာကိုယ်အနှံ့သို့ ဆင့်၍ဆင့်၍ ရိုက်ချပစ်လိုက်လေသည်။
" ကဲဟာ...ကဲဟာ...ခွေးတွေ ... မိန်းခလေးတစ်ယောက်ကို လက်နက်အားကိုနဲ့ အနိုင်ကျင့်မယ်ပေါ့ ....နင်နဲ့ငါသိတောင်မသိဘဲ နင့်သခင်က သတ်ခိုင်းတိုင်းလိုက်သတ်နေတယ်ပေါ့ ...နင်ကလူ မဟုတ်ဘူးလား ရူးတိုက်တိုင်းကိုက်တဲ့ ခွေးလား ..."
ဘီနာ၏ရိုက်ချက်များသည် ပြင်းလွန်းလှ၍ ထိုသူမှာ အော်ပင် မအော်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ပစ်လဲကျသွားပြီးလျှင် ဆန့်ငင်ဆန့်ငင်ဖြစ် အကြောများ ဆွဲပြီးနောက် ငြိမ်သက်သွားလေသည်။ငြိမ်သက်သွားသော ခန္ဓာကိုယ်ကြီးကို ဘီနာကထင်းပုံများကြားသို့ မနိုင်မနင်းဆွဲသွင်းလိုက်သည်။ပြီးနောက် ထင်းများကိုအုပ်သည့် မိုးကာစတစ်စကို ယူ၍ သက်မဲ့ ခန္ဓာကိုယ်ကြီးပေါ်သို့ ဖုံးအုပစ်လိုက်သည်။
" ဖြောက် "
ထိုသို့ဘီနာအလုပ်များနေစဉ်မှာပင် သစ်ကိုင်းခြောက်ကိုနင်းသံလိုလို ကြားလိုက်ရသောကြောင့် ဘီနာစိုးရိမ်ထိတ်လန့်စွာဖြင့် လှည့်ကြည့်လိုက်စဉ်မှာ ထင်းရုံကြီးဘေးမှ ရိပ်ခနဲဖြတ်ပြေးသွားသော လူတစ်ယောက်ကို မြင်လိုက်ရသောအခါ ဘီနာသည် ခန္ဓာကိုယ်မှ နာကျင်မှုများကို အလေးမထားနိုင်ဘဲ ထွက်ပြေးသွားသော လူရိပ်နောက်သို့ အပြေးလိုက်ခဲ့သည်။
~~~~
ရှေ့မှ ပြေးနေသောသူသည် ဘီနာ့လောက်အပြေးမမြန်သောကြောင့် တစ်ခဏအတွင်းမှာပင် ပြေးနေသူ၏ လက်ကိုဘီနာ လှမ်း၍ ဆောင့်ဆွဲနိုင်လိုက်လေသည်။
" မင်း ...မင်းဘယ်သူလဲ ...ဟင် ...မေ ..... မေရီလား "
ဘီနာသည် မေရီ၏လက်ကို ဆုပ်ကိုင်လျက်သားနှင့် ကြက်သေသေသွားမိလေသည်။
"လွှတ် ... လွှတ်စမ်း ... နင်က လူသတ်သမားပဲ ... သစ်နက်ကိုလဲ နင်သတ်လိုက်တာ မဟုတ်လား .... ပြောလေ ပြော "
မေရီသည် ဘီနာ့လက်ထဲမှ သူ၏လက်ကို ဆောင့်ရုန်းလျက် တုန်တုန်ယင်ယင်နှင့် ပြောလိုက်လေသည်။
" ငါ ...ငါရှင်းပြမယ် မေရီ ...အားလုံးကို ငါရှင်းပြမယ် ...နင် မအော်ပါနဲ့နော် ...တော်ကြာ တစ်ယောက်ယောက်ကြားသွားရင် ငါ့ကိုမက်ဂန်းသတ်လိမ့်မယ် ... ငါရှင်းပြတာကိုနားထောင်ပါနော် ..."
မေရီသည် ဘီနာ့ကို ကြောက်၍ပင်လားမသိချေ။ဘီနာ၏စကားကို နားထောင်ပြီးလျှင် ဘီနာဆွဲခေါ်ရာသို့ ပါလာခဲ့လေသည်။
~~~~~~~
"ငါရှင်းပြနေတာ အမှန်တွေပါ မေရီ ... ငါမလိမ်ဘူး ...ဒီစက်ရုံမှာ လူတွေမကြာခဏ ပျောက်နေတာကို နင် သတိထားမိတယ်မဟုတ်လား ...အဲ့ဒါ သူတို့အလုပ်ထွက်သွားကြတာမဟုတ်ဘူး ...အားလုံး အသတ်ခံလိုက်ရတာပဲ ..."
"အို ... အဲ့ဒါကတော့ သူတို့က သူဌေးကို ပုန်ကန်ချင်တာကို သူဌေးက အပြစ်ပေးမှာပေါ့ ...ပေးတာယူ ကျွေးတာစားပြီး အေးအေးဆေးဆေးနေရင် ဘယ်သူက အလကားနေရင်း ရန်ပြုမှာလဲ "
"ဘာ ..ဘာပြောတယ် မေရီ ...ငါဒီလောက်ရှင်းပြနေတာကို နင် သဘောမပေါက်ဘူးလား ...ငါရော ....ငါကရော ဘာအပြစ်တွေလုပ်မိလို့လဲ ...ငါ့နေရမှာ နင်ဆိုရင်ရော ဘယ်လိုလုပ်မှာလဲပြော ... ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး မသိကျိုးကျွံပြုပြီးနေရင် တစ်နေ့ကျရင် ကိုယ့်အလှည့်ကို ရောက်လာလိမ့်မယ် နင်သိရဲ့လား မေရီ "
ဘီနာသည် ဒေါသသံစွက်လျက် အသံခပ်အုပ်အုပ်ဖြင့် ပြောလိုက်သည်။
" မသိဘူး ...မသိဘူး ...နင်က လူသတ်သမား...နင့်ကြောင့် သူဌေးမင်းနဲ့ မက်ဂန်းတို့လူစုက ငါတို့အလုပ်သမားတွေကို ရိုက်နှက် ဒုက္ခပေးနေတာ နင်မမြင်ဘူးလား ...ငါက ငါ့မောင်လေးအတွက် ဆေးကုဖို့ ငွေလာရှာနေတာ...နင်ကြောင့်တော့ ငါဒုက္ခရောက်မခံနိုင်ဘူး ..."
"မင်းက တယ်ပြီး အပုန်းကောင်းပါလား မိန်းခလေးရဲ့ ... ငါ့မှာတော့ မင်းကို ရှာလိုက်ရတာ အငတ် အငတ်အပြတ်ပြတ်ဘဝကိုရောက်ရော ...ဒီကြားထဲ မင်းကိုတွေ့အောင်မရှာနိုင်လို့ဆိုပြီး သူဋ္ဌေးက ငါ့ကို နှိပ်စက်သေးတယ်... "
ထိုသူသည် ပြောပြောဆိုဆို နှင့် ဘီလူးသဘက်စီးနေသောမျက်နှာမျိုးနှင့် ဘီနာ၏အနားသို့ တိုးကပ်၍ လာလေသည်၊၊
အချိန်က ညနေ နေဝင်ချိန်။တဖွဲဖွဲကျဆင်းနေသောနှင်းမှုန်များကြောင့် နေကခပ်စောစောဝင်သည်။ပတ်ဝန်းကျင်တစ်ခွင်လုံး လူလုံးက မသဲမကွဲ။အထူးသဖြင့် ဘီနာ၏ ထင်းထဲသည် စက်ရုံဝန်း၏ အစွန်ကျဆုံးနေရာတွင် ရှိနေသောကြောင့် လူသွားလူလာအလွန်ပြတ်သည်။ဘီနာက ပတ်ဝန်းကျင်ကို အဆက်မပြတ် အကဲခတ်သည်။လက်ထဲတွင် ရှိနေသော ပုဆိန်ကို ပို၍တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။
"ကဲ ကောင်မလေး အေးအေးဆေးဆေး လိုက်ခဲ့မလား .. ဒါမှမဟုတ် မင်းခြေထောက်ကိုဖြစ်ဖြစ် ရိုက်ချိုးပြီး သူဌေးဆီကို ခေါ်သွားရမလား ပြော...မင်းဒီမှာ ရှိနေတာကို သူဌေးသိသွားရင် ဘယ်လိုများ ဖြစ်သွားမယ်ထင်လဲ "
တဟဲဟဲ ရယ်မောလျက် အနားသို့ တိုးကပ်လာသော ထိုသူကို ဘီနာမမှိတ်မသုန်စိုက်ကြည်ရင်း ခြေလှမ်းများကို နောက်သို့ တရွေ့ရွှေ့ဆုက်သွားလိုက်သည်။
" ငြိမ်ငြိမ်လေးရပ်နေစမ်း ကောင်မလေး ... ငါ့လက်ထဲမှာ ဘာလဲ မင်းမြင်လား ... သေနတ်ကွ သေနတ် ...ပစ်ရင် သေတတ်တယ် ... မင်းကို အရှင်ဖမ်းလို့မရရင် အသေပစ်သတ်လိုက်ဖို့ကို သူဌေးကမှာထားပြီးသားကွ "
ဘီနာသည် ရွေ့လျားနေသော ခြေလှမ်းများကို တုံ့ခနဲ ရပ်ပစ်လိုက်သည်၊၊
" မင်းလက်ထဲက ပုဆိန်ကို ပစ်ချလိုက်စမ်း ... ပစ်ချလေ ... ပြောတာ မကြားဘူးလား ...ငါ့ကိုဘာမှတ်နေလဲ ပစ်ထည့်လိုက်မှာနော် "
သေနတ်တကားကားနှင့်ခြိမ်းခြောက်ပြောဆိုနေသောသူ၏ မျက်နှာကို ကြည့်လျက် လက်ထဲမှ ပုဆိန်ကို ဘီနာပစ်ချလိုက်သည်။
"ဒီလိုမှပေါ့ ကောင်မလေးရယ် ...မင်းကလိမ္မာပါတယ် ..ဒါနဲ့ ငါမသိလို့မေးပါရစေအုံး ... မင်းက လွတ်လွတ်ကျွတ်ကျွတ်ကို မပြေးဘဲ ဘာလို့ဒီမှာ လာနေနေရတာလဲ "
ဘီနာက ဘာမှ ပြန်မဖြေဘဲ ထိုသူ၏အခြေအနေကို မျက်တောင်မခတ်ကြည့်နေလိုက်သည်။ထိုသူသည် ဘီနာ၏နားသို့ တိုးကပ်လာသည်။ဘီနာသည် ထိတ်ထိတ်လန့်လန့်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပြီးလျှင် တောင်းပန်စကားဆိုလိုက်သည်။
"တောင်း ...တောင်းပန်ပါတယ် ...သူတို့ဆီတော့ မပို့ပါနဲ့နော် ... သွားစရာ နေရာမရှိလို့ ဒီမှာလာနေတာပါ "
" ဒါက မင်းကိစ္စပဲ ...ငါနဲ့မဆိုင်ဘူး ...ငါနဲ့ဆိုင်တာက မင်းကို သူဌေးဆီကို ခေါ်သွားဖို့ပဲ .."
ပြောပြောဆိုဆိုနှင့် ဘီနာ၏လက်တစ်ဖက်ကို ဆောင့်၍ ဆွဲလိုက်သောကြောင့် ဘီနာ့မှာ ထိုသူ၏ လက်ထဲသို့ တရွတ်ဆွဲ၍ ပါသွားလေတော့သည်။ဘီနာသည် ချောနေသော နှင်းခဲများပေါ်တွင် ခြေကိုကုပ်၍ထားသည်။မည်မျှပင် အင်အားချင်းမမျှသည်ဆိုသော်လည်း ထိုသူသည် ဘီနာ၏ ခန္ဓာကိုယ်ကို သူ၏လက် တစ်ဖက်တည်းနှင့် မထိန်းနိုင်ဘဲ ရှိလေသည်။
@@@@@@@@@@@@@@@@@@@
အပိုင်း (၈ ) ဆက်ရန်
ဧကြည်ဖြူ
ဧကြည်ဖြူ
"ဘီနာ "
အပိုင်း ( ၇ )
******
"ထောက် "
တိုက်ကြီးနားသို့အရောက်တွင် တိုက်၏ အရှေ့ဘက်ဆီမှ ကျောက်မီးခြစ် ခြစ်သံခပ်သဲ့သဲ့ ကြားလိုက်ရသည်။ဘီနာသည် ခန္ဓာကိုယ်သေးသေးလေးကို တိုက်နံရံဘေးတွင် ပိပြားနေအောင်ကပ်၍ ရပ်လိုက်သည်။တိုက်ကြီးထဲ၌မူတိတ်ဆိတ်ငြိမ်သက်လျက်ရှိပေသည်။
"ဖျပ် ...ဖျပ် ..ဖျပ် "
ဘီနာငြိမ်သက်စွာ ရပ်လျက်ရှိစဉ်မှာပင် ခပ်ဟဟဖွင့်ထားသော တိုက်ကြီး၏ ပြတင်းမှတဆင့်ခြေသံများကို ကြားလိုက်ရသည်။
"မြန်မြန်လုပ်ကြစမ်းကွာ ...ဘာလဲ မင်းတို့က ကြောက်နေကြတာလား... "
"မဟုတ်ပါဘူးဆရာ ...အသံတွေထွက်မှာစိုးလို့ ထိန်းသယ်နေရလို့ပါ "
"မင်းတို့ကို ပြောလိုက်ရင် ဆင်ခြေတွေချည်းပဲ ...သစ်နက်ဆိုတဲ့ကောင်လောက် အားမကိုးရဘူး ... မြန်မြန်သယ်သွားပြီး မြန်မြန်ရှင်းပစ်လိုက်ကြ "
"ဟုတ်... ဟုတ်ကဲ့ပါဆရာ ...ဒါနဲ့ ဟိုနေ့က ခေါ်လာတဲ့ သုံးယောက်ကိုရော ဘယ်လိုလုပ်မှာလဲ "
"ဟ ... အဲဒီကိစ္စတော့ သူဋ္ဌေးမပြောသေးဘူး ... သူတို့ကို ခေါ်လာတာကို ဘယ်သူတွေ မြင်လိုက်သေးလဲ သတင်းစုံစမ်းရအုံးမယ် ... ဒီသုံးယောက်ကိုသာ ခြေရာလက်ရာမကျန်အောင် သေချာရှင်းကြ ... ထုံးစံအတိုင်း မြှုပ်နေကြနေရာမှာပဲ မြှပ်လိုက် ...ကဲကွာ မြန်မြန်လုပ်ကြစမ်း "
အတိုင်းသား ကြားနေရသော တီးတိုးစကားသံများကိုနားထောင်ပြီး ဘီနာလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိလေသည်။အချိန်မှီ မကယ်တင်နိုင်ခဲ့သည့်အတွက် ရင်ထဲ၌ဆို့နင့်၍နေမိသည်။နောက်ထပ် နစ်နာသူတွေများစွာ ရှိလာနိုင်သေးသည်ကိုသိလိုက်ရသော်လည်း သည်အရာတွေကို ကယ်တင်ဖို့ရာ ဘီနာ့တွင် စွမ်းအားလည်းမရှိ၊ ခွန်းအားလည်းမရှိပါချေ။ဘီနာလုပ်နိုင်သည်မှာ ဤသို့ တိတ်တဆိတ်လိုက်လံချောင်းမြောင်းခြင်းနှင့် မြို့များသို့ ပို့မည့် ကုန်ပစွည်းထုတ်များထဲသို့ ပစ်စာဆန်ဆန် စာများ တိတ်တဆိတ်လိုက်လံထည့်ခြင်းသာဖြစ်သည်။သို့သော်လည်း ယခုအခါ၌ စည်းကမ်းများပို၍တင်းကြပ်လိုက်သောကြောင့် စာတိုများထည့်ခြင်းကို လက်လျှော့လိုက်ရပြီဖြစ်သည်။သို့ပေမဲ့ ထိုစာတိုများကြောင့် မကြာမီရက်ပိုင်းအတွင်း စစ်ဆေးရေးများ လာရောက်စစ်ဆေးမည်ဆိုသောကြောင့် မျှော်လင့်ချက်တော့ထားနိုင်ပေသေးသည်။သို့အတွက် သူတို့၏ မကောင်းမှုများ လုပ်သည့် လျှို့ဝှက်နေရာများကို တိတ်တဆိတ်စုံစမ်းထားရမည်မှာ ဘီနာ၏ တာဝန်ဖြစ်လာပေသည်။
လူတစ်စုသည် ညအမှောင် အောက်တွင် အိတ်အနက်များဖြင့် ထုတ်ပိုးထားသော အိတ်ထုတ်ကြီးများကို ထမ်းပိုး၍ ထွက်သွားကြလေသည်။ သူတို့ကို ကြည့်ရသည် လုပ်မြဲအလုပ်များကို လုပ်နေကြသည့်အလား အေးဆေးစွာပင် လုပ်ဆောင်လျက်ရှိကြလေသည်။
~~~~~
"ဟိတ်ကောင် ဘီနာ ...မင်း အလုပ်လုပ်တာ နှေးလွန်းတယ် မြန်မြန်လုပ်စမ်းကွာ ... အလုပ်ကို စောစော မသိမ်းနဲ့လို့ မင်းကို ဘယ်နှစ်ခါပြောရမလဲ ...ထင်းတွေ အလျဉ်မီအောင် မပို့နိုင်ရင် မင်းကို စားစရာမပေးဘဲ အငတ်ထားမှာ..သွားစမ်းကွာ ....မင်းလိုကောင်မျိုးတွေကို ခေါ်ထားမိတာ ဆန်ကုန်တာပဲ အဖတ်တင်တယ် "
မက်ဂန်းသည် ဆူပူကြိမ်းမောင်းရင်းမှ ဘီနာ၏ကျောပြင်ကို သူ၏ခြေထောက်ကြမ်းကြီးများဖြင့် လှမ်း၍ကန်လေသည်။ဘီနာသည် နာကျင်လွန်းသောကြောင့် မျက်၀န်းအိမ်တွင်မျက်ရည်များရစ်ဝဲကျလာလေသည်။အမှန်တကယ်ဆိုရလျှင် ဘီနာ့မှာ မိုးလင်းမိုးချုပ် ထင်းများကို ခွဲခြမ်းရသည်။ပြီးလျှင် စက်ရုံတစ်ဝန်းလုံးသို့ ထင်းများကို လိုက်လံပို့ဆောင်ရလေသည်။ ယခင်ကဘီနာ့နေရာတွင်လုပ်ခဲ့သောသူကို စက်ရုံထဲတွင် ခေါ်၍ ခိုင်းထားပြီး ဘီနာ့ကို လုပ်အားခမပေးဘဲ အစားသုံးနပ်ကျွေးပြီး ခိုင်းခြင်းဖြစ်လေသည်။စားရသည်နှင့့်မတန်မဆအောင် ဘီနာလုပ်ရလေသည်။သည်စက်ရုံတွင် ဘီနာတစ်ယောက်တည်း မတန်မဆ လုပ်နေရခြင်းတော့မဟုတ်ပါချေ။ စက်ရုံတစ်ဝန်းလုံးရှိအလုပ်သမားများအားလုံးလိုလို မတန်မဆခိုင်းစားခံနေရခြင်းဖြစ်လေသည်။ပထမအဆင့် အနေနှင့် သူဋ္ဌေးသည် အလုပ်သမားများအား ရသင့်သည့်လခထက် ဈေးနှိမ်၍ ပေးလေသည်။သည်ကြားထဲ မက်ဂန်းသည် အလုပ်သမားများရသည့် လုပ်အားခကို ခေါင်းပုံထက်ဖြတ်ပြန်သည်။အားလုံးက သည်အခြေအနေများကို သိသိနှင့် ငြိမ်ခံနေကြခြင်းဖြစ်သည်။ငြိမ်မခံလျှင်လည် လူ့အသက်ကို ပိုးကောင်တစ်ကောင်သာသာ သဘောထားကြသော မက်ဂန်းတို့အုပ်စုက ရှိနေသည်လေ။လူမသိသူမသိ ပျောက်ဆုံးသွားသော လူများလဲ များစွာရှိကြသည်လေ။ကြာသောအခါ သူတို့၏ စိတ်တွင်းအသိဉာဏ်တွင် သူတို့၏ ဘ၀ပေးအခြေအနေသည် သည်မျှသာ ဖြစ်သည်။ဘုရားသခင်၏ ချီးမြှောက်မှုသည် သည်မျှလောက်သာရှိသည်ဟု ခံယူလိုက်ကြပုရလေသည်။
~~~~~
"ဒုက် .. ဒုက် "
"ဟေ့ကောင်လေးမင်းခေါင်းကို မော့လိုက်စမ်း "
သစ်လုံးများကို ထင်းအရွယ်အစားဖြစ်အောင် ပုဆိန်ဖြင့်ခုတ်ဖြတ်နေစဉ်မှာပင် ခက်ထန်မာကျောလှသော အသံတစ်သံကြောင့် ဘီနာဖျတ်ခနဲမော့ကြည့်လိုက်မိသည်။ ထိုအခါမျက်စိရှေ့တွင် မြင်လိုက်ရသူကြောင့် ဘီနာ ထိတ်လန့်တုန်လှုပ်သွားမိပြီး လက်ထဲမှ ပုဆိန်ပင် လွတ်ကျမလို ဖြစ်သွားရလေသည်။
"ဒီမြို့မှာက တခြားအလုပ်ရှာလဲ မထူးပါဘူး ... တစ်မြို့လုံးနီးပါးက သူဌေးမင်းရဲ့ အလုပ်ရုံတွေလေ .. အခြားသူတွေရဲ့ အလုပ်ရုံတွေလဲ ရှိပေမဲ့ သူဋ္ဌေးမင်းရဲ့ တပည့် လူမိုက်တွေကို ကြောက်လို့ သူတိုနှောက်ယှက်ရင် ဘယ်သူမှ အလုပ်မခန့် ရဲကြဘူးလေ "
"ဟင် တစ်မြို့လုံးက အဲ့ဒါကို ငြိမ်ခံနေကြတာပဲလား "
" မတရားတာကို ဘယ်သူက ငြိမ်းခံချင်မှာလဲ ဘီနာ ...ဒါပေမဲ့ အဘွားပြောတာတော့ ဒါက ဘုရားသခင်ရဲ့ အလိုကျဖြစ်တာတဲ့လေ ... မေရီတို့က ဘာတတ်နိုင်မှာတဲ့လဲ "
မေရီ၏စိတ်ပျက်အားငယ်စွာ ပြောလာသော သွင်ပြင်ဟန်ပန်ကို ကြည့်ပြီး ဘီနာ့စိတ်ထဲတွင် အားမလိုအားမရစိတ်များဖြစ်ပေါ်လာမိလေသည်။
~~~~~~~~
" ဒီကောင်က ဘယ်ရောက်သွားတာလဲ ... ကဲ ဒီနေ့ လုပ်မဲ့ကိစ္စတွေ ခဏထားလိုက်အုံး ...သစ်နက်ဆိုတဲ့ကောင်က မိန်းမရှုပ်တတ်တာကလွဲရင် ဒီလိုသွားချင်ရာသွားနေတဲ့ကောင်မျိုးမဟုတ်ဘူး .. သူ့မှာ အကြောင်း တစ်ခုခုတော့ ရှိလိမ့်မယ် ...ဒါနဲ့ ဟိုကောင်မလေး နောက်လိုက်နေတာရော ဘာသတင်းရလဲ ..အဲ့ဒီဟာမလေး လွတ်သွားပြီး မြို့ပေါ်မှာ သတင်းတွေ ပျံ့ကုန်လို့မဖြစ်ဘူးနော်...နောက်ထပ် လူလွှတ်ပြီး လမ်းတစ်လျှောက် အလွတ်မပေးဘဲ ရှာကြ .... မင်းတို့ ဒီဟာမလေးတစ်ယောက်ကိုတောင် မရှာနိုင်ကြဘူးလား ... အသုံးမကျတဲ့ ကောင် တွေ...လုပ်သမျှအကုန် တလွဲတချော်တွေချည်းပဲ "
သူဌေးမင်းသည် ဆဲဆိုကြိမ်းမောင်းလျက် ပြောဆိုပြီးလျှင် စိတ်အလိုမကျစ္စွာဖြင့်အလုပ်သမားများကို ကိုယ်ထိလက်ရောက်ပါရိုက်နှက်ခြင်းများပြုလေသည်။
~~~~~~
"ဟိတ်ကောင် ... မင်းက အလုပ်ကို မြန်မြန် မလုပ်တတ်ဘူးလား .... လှည်းတွန်းနေပုံက အားမရှိဘူးလား ...ကျွေးသမျှကိုစားပြီးအချောင်ခိုနေတာလား ... သွားစမ်းကွာ ...သွားစမ်း ..ငါ့ရှေ့က မြန်မြန်ထွက်သွား "
မက်ဂန်းသည် သူအပြောခံရသမျှ ဒေါသကို ဖြေဖျောက်ရန်အတွက် မြင်မြင်သမျှ လူများကို ရိုက်မောင်းပုတ်မောင်းလုပ်လေလေ၏။သည်သို့အပြုအမူသည်အလုပ်ရုံဝန်းထဲတွင် သိပ်တော့မထူးဆန်းပါချေ။တစ်ယောက်နှင့်တစ်ယောက် ထက်ဆင့်၍ကြီးနိုင် ငယ်ညှင်း အနိုင်ကျင့်ခြင်းများသည် ထုံးစံတစ်ခုလိုပင် ဖြစ်နေခဲ့သည်။ကြာသောအခါ မဖြစ်မနေလိုက်နာရမည့် ကိစ္စများကဲ့သို့ပင် အရိုးစွဲနေကြပြီဖြစ်လေသည်။
~~~~~~~
" သစ်နက်ကို ခုချိန်ထိမတွေ့ကြဘူးလား ...ကြည့်ရတာ ဒီကိစ္စက ရိုးသားပုံမရဘူး...ဖမ်းထားတဲ့ကောင်တွေထဲက ....မြို့ခံဆိုတဲ့ကောင်ရဲ့ မိသားစုတွေကို ညကျရင် သွားခေါ်လာခံကြ ကြားလား ...အခြားသူတွေ မရိပ်မိအောင် လုပ်ကြ ... "
" စိတ်ချပါ ... သူဌေးမင်း ... "
~~~~~~~
"သူ ...သူတို့က ဘယ်သူတွေလဲ အဒေါ်ကြီး "
အချုပ်ခန်းသဖွယ် ဆောက်လုပ်ထားသော အခန်း ကျဉ်းလေးထဲတွင် ဒဏ်ရာဒဏ်ချက်များဖြင့် လဲနေသော အဘိုးကြီးတစ်ယောက်နှင့် သက်လတ်ပိုင်း လူနှစ်ယောက်ကို ထိတ်လန့် တုန်လှုပ်စွာကြည့်လိုက်မိပြီး ထမင်းချက်အဒေါ်ကြီးကို ဘီနာ မေးလိုက်သည်။
" ဒီမြို့ကလူတွေပဲ ... သူတို့စိတ်အလိုမကျတာတစ်ခုခုရှိလို့် ဖမ်းထားတာလေ ....သူတို့က အဲ့ဒီလိုပဲ ... ဒီမြို့ကလူတွေဘယ်သူကမှ ဝင်မပါ ရဲမှန်းသိတော့ သူတို့စိတ်တိုင်းကျပြုမူနေကြတာပဲ...ဒီမြို့ကလူကြီးလဲ သူ့တို့ကိုကျော်ပြီး ဘာမှကိုမလုပ်ရဲဘူးလေ "
" သူ ...သူတို့ကို တွန်းလှန်ရဲတဲ့သူတစ်ယောက်မှ မရှိဘူးပေါ့ ဟုတ်လား အဒေါ်ကြီး "
ဘီနာက မဝံ့မရဲနှင့် မေးခွန်းထုတ်လိုက်သည်။ထိုအခါ ထမင်းချက် အဒေါ်ကြီးသည် တောင်မြောက်အရပ်လေးပါးကို လှည့်ပတ်၍ ကြည့်ရှုလိုက်ပြီးနောက် "တွန်းလှန်ရဲတဲ့သူ မရှိတာမဟုတ်ဘူး....ချောက်တွန်းတဲ့သူတွေ များပြားလားတာပဲ .... ငွေစကြေးစအနည်းပါးကို မက်ပြီး ...သူတော်ရော မသူတော် ရော ... စီးပွားပြိုင်ဖက် ၊ရန်ဖက်ဆိုရင်ကို ချောက်ထွန်းနေတာလေ.... ဘယ်တတ်နိုင်မလဲကွယ်ဘုရားသခင်အလိုတော်အတိုင်းပဲပေါ့...မင်းလဲ သူတို့ကြားကို သွားစပ်စုမနေနဲ့အုံး မက်ဂန်းဆိုတဲ့ကောင်က သူ့အဖိခံရရင် လက်အောက်ငယ်သားတွေကို ပိုပိုပြီး နှိပ်စက်တတ်တယ်..ဝေးဝေးကရှောင်...."
~~~~
"သစ်နက်ကို တွေ့ပြီ ......"
မက်ဂန်း၏ လက်ရင်း တပည့်များထဲမှ တစ်ယောက်၏အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ထိုသူ၏အသံကိုကြားလိုက်ရသောအခါ ထင်းတုံးများကို မီးလင်းဖိုနားတွင် အစီအရီချနေသော ဘီနာ့လက်များသည် တဆတ်ဆတ်တုန်ယင်၍ လာပြီးလျှင် ရင်တွင်း၌တလှပ်လှပ်ခုန်လှုပ်လာလေသည်။
" ဘယ်မှာလဲ ... ဘယ်မှာ တွေ့တာလဲ "
"လျှိုထဲကျနေတာဆရာ ... သွားဆင်းကြည့်တော့ သေနေပြီ ...ပြီးတော့ သူ့ခန္ဓာကိုယ်မှာ ဓါးဒဏ်ရာတွေလဲ တွေ့တယ်...ကြည့်ရတာ သူ့အသတ်ခံရတာ ဖြစ်နိုင်တယ် "
" ဘာ ...ဘာပြောတယ် ...အသတ်ခံရတာ ဟုတ်လား ... ဘယ်ကောင်လဲ ...ဘယ်ကောင်သတ်တာလဲ "
မက်ဂန်းသည် သူ့အားကိုးရသော လူမိုက်တပည့်သေဆုံးသွားသည်ဆိုသော သတင်းကြောင့် သွေးရူးသွေးတန်းနှင့် လာခေါ်သူ နောက်သို့လိုက်ပါသွားလေသည်။
ဧကြည်ဖြူ
"ဘီနာ "
အပိုင်း (၆ )
*****
အေးစက်တိတ်ဆိတ်၍ ချောက်ချားစရာကောင်းလှသော သန်းခေါင်ယံ၏ အမှောင်ထုအောက်၌ ဘီနာသည် ထင်းလှည်းတို အသံမထွက်အောင် ထိန်း၍ တွန်းခဲ့သည်။ထင်းလှည်းထဲတွင် အပေါ်ယံမှ ထင်းအချို့ကို တင်ခဲ့သည်။ထိုထင်းများ၏ အောက်၌မူ အသက်ဝိဉာဉ် ကင်းမဲ့နေပြီဖြစ်သော လူယုတ်မာကြီး၏ အတ္တဘောခန္ဓာကိုယ်ကြီးရှိလေသည်။ထင်းလှည်းကို အလုပ်ရုံ၏ အနောက်ဘက်တောအုပ်ထဲရှိရာဆီသို့ တရွေ့ရွေ့ တွန်းလာခဲ့လေသည်။ထိုတောအုပ်လေးထဲတွင် မက်စောက်သောလျှိုကြီးတစ်ခုရှိသည်ကို ဘီနာသိထားလေသည်။
~~~~~~~
ကိစ္စများပြီးသောအခါ ထင်းလှည်းတွန်းရာ လမ်းကြောင်း တစ်လျှောက်ရှိ ဘီးရာများကိုနှင်းခဲများဖြင့် ဟန်မပျက်ပြန်၍ ဖုံးအုပ်ပစ်ခဲ့သည်။ယခင်ကဆိုလျှင် ပုရွက်ဆိတ်တစ်ကောင်ကိုပင် သတ်ဖို့ရန်ဝန်လေးလှသော ဘီနာသည် ယခုအချိန်၌ ကိုယ့်ကိုယ်ကိုယ်ပင် မယုံကြည်နိုင်ဖြစ်၍နေမိသည်။သိမ်မွေ့ နုညံ့၍ ထိတ်လန့်အားငယ်တတ်သော ဘီနာ၏ နုလုံးသားသည် ဘီနာကိုယ်၌ပင် မယုံကြည်နိုင်လောက်အောင်အေးစက်မာကျော၍နေခဲ့လေပြီ။
~~~~~
".ဟိုကောင် သစ်နက် ဘယ်ရောက်နေလဲ ... ဒီကောင့်ကို မနက်လင်းကတည်းက ရှာလို့မတွေ့ဘူး .... ခိုင်းစရာအလုပ်ပေါ်ပြီဆိုရင် အဲ့ဒီကောင်က ဒီတိုင်းပဲ ...ရှာကြစမ်း ဒီကောင့်ကို ... အမြန်ရှာကြ "
အလုပ်သမားခေါင်းဆောင်မယ်ဂန်း၏အသံသည် အလုပ်ရုံဝန်းထဲတွင် ဟိန်းထွက်၍ နေလေသည်။
~~~~~~
"ဒီကောင့်ကို မတွေ့ကြဘူးလား ...အလုပ်ကိစ္စက ဒီနေ့ အပြတ်လုပ်ရမှာကို သိသားနဲ့ ဒီကောင်ဘယ်ကို ထွက်သွားပြန်ပြီလဲ ... သူဋ္ဌေးမင်းရောက်လာရင်တော့ ဒုက္ခပဲ ...သွားကြ ..ရှာကြစမ်းကွာ ...ဘာမှ သုံးစားမရတဲ့ကောင်တွေ ... "
"ဖြောင်း "
"ဝုန်း "
"ဂွမ်း "
"ဟိုဟာမတွေနေတဲ့ တဲတွေဘက်ရော သွားရှာကြ "
မက်ဂန်းသည် ဒေါသတကြီးနှင့် အော်ဟစ်ဆဲဆိုလျက် ပစွည်းများ ၊ လူများကို ကန်ကျောက်ရိုက်ပုတ်လျက်ရှိလေသည်။
"အလုပ်ရုံဝန်းထဲမှာတော့ မရှိဘူး ဆရာ ... ရှာတာနဲ့ နေရာစုံနေပြီ "
"တောက် ... ဒီကောင်ဘယ်ကို သွားနေတာလဲ ....သူ့ကောင်မ ဘယ်မှာလဲ .. မေးကြည့်စမ်း "
~~~~
"ဟဲ့ကောင်လေး ...နင့် လုပ်စရာရှိတာကို သေချာလုပ်နော် ... ဒီနေ့ မက်ဂန်းဆိုတဲ့ကောင်နဲ့ မဆုံအောင်နေ ...အဲဒီကောင် ဒီနေ့ ဘီလူးသရဲစီးနေတယ် ...ဟိုဘက် မိန်းခလေး ဆောင်မှာလဲ မိန်းခလေးတွေကို ရိုက်နှက်သွားသတဲ့ ... သူ့ကောင်ပျောက်နေတာ မိန်းခလေးတွေနဲ့ ဘာဆိုင်လို့လဲ ... ငါ့တို့ရဲ့ ဒုက္ခတွေလဲ မသေးလှပါလားကွယ် "
ထမင်းချက်အမျိုးသမီးကြီး၏ စကားကြောင့်ဘီနာ၏စိတ်ထဲတွင် ထိတ်ခနဲ တုန်လှုပ်မိသွားပြီး ခန္ဓာကိုယ်မှာ မသိမသာတုန်ယင်၍သွားလေသည်။လူသားတစ်ယောက်ပေမို့ ဘီနာ့မှာ ထိတ်လန့်ကြောက်ရွံ့နေမိသော်လည်း သေမထူးနေမထူးသည့် ဘဝကို တွေးလိုက်မိသောအခါ အံကိုကြိတ်၍ လက်သီးကို အလိုလို ဆုပ်မိသွားလေသည်။
~~~~~~~
မျက်နှာနှင့် ခြေလက်များပေါ်တွင် ရိုက်နှက်ခံထားရသော ဒဏ်ရာများနှင့် တရှုံ့ရှုံ့ငိုနေသော မေရီကို ကြည့်ပြီး ဘီနာသနားသွားမိလေသည်။ စစ်စစ် မေရီသည် ဘီနာ့ထက် အသက်နှစ်နှစ်ခန့်မျှသာကြီးသော မိန်းမချောလေးဖြစ်သည်။မေရီသည်လည်း အခြားမိန်းမချောလေးများကဲ့သို့ အလှမာန်တက်ပြီး မော်ကြွားလိုဟန်ရှိသော်လည်း သူ၏အတွင်းစိတ်နှလုံးသားသည် အနည်းငယ်မျှသနားကြင်နာတတ်ဟန် ရှိလေသည်။သူသည် ဘီနာ့ကို အရောတဝင် ဆက်ဆံခြင်းငှာ မရှိသော်လည်း စားစရာလေးများရှိလျှင် ဘီနာ့ကို ပေးကမ်းလေ့ရှိသည်။တစ်ခါတလေ ဘီနာ့ကို ကြည့်ပြီး "ငါ့မှာလဲ နင့်အရွယ် မောင်လေးတစ်ယောက်ရှိတယ်သိလား ...သူက အမြဲနေမကောင်းဖြစ်နေတော့ သူ့အတွက် ဆေးဖိုး ရအောင် ငါဒီမှာအလုပ်လာလုပ်နေရတာလေ ...နင်လဲ သန့် သန့်ရှင်းရှင်းနေရရင် ငါ့မောင်လေးလို ကြည့်ကောင်းမယ်ထင်တယ် " ဟု စိတ်လိုလက်ရ ပြောတတ်လေသည်။
"ဘာ ...ဘာဖြစ်တာလဲ မေရီ ... မေရီကို ဘယ်သူ ရိုက်သွားတာလဲ "
ဘီနာက မေရီ့ကို ကြည့်ကာ အသံတုန်တုန်နှင့်မေးလိုက်သည်။
"ဦးလေးကြီး မက်ဂန်းရိုက်သွားတာလေ ... သူ့တပည့်သစ်နက် ဘယ်သွားလဲဆိုတာကို မေရီကမသိလို့တဲ့လေ ...မေရီကဘယ်လိုသိမှာလဲ ဘီနာရယ် ... အဲ့ဒီသစ်နက် ဆိုတဲ့လူက သူဌေးအားကိုးနဲ့မိန်းမတကာနဲ့လိုက်ရှုပ်နေတာလေ ...သူမထိရဲတာဆိုလို့ သူဌေးရဲ့ အမြှောင်မယားတွေနဲ့ ဦးလေးကြီးမက်ဂန်းရဲ့မိန်းမပဲရှိတာလေ... မေရီက သူတို့ကိုကြောက်လို့ သစ်နက်ဆိုတဲ့လူကိုလက်ခံနေရတာ ...သူဘာလုပ်လုပ်ဘယ်သွားသွား မေရီမှစိတ်မဝင်စားတာ ....အဲ့ဒါ မသိရကောင်းလားဆိုပြီး မေရီကို ရိုက်သွားတယ် "
မေရီသည် အံလေးကို ခပ်တင်းတင်းကြိတ်လျက် အသံတိုးတိုးဖြင့် ပြောလေသည်။
"ဘာလို့ ဒီမှာဒုက္ခခံနေတာလဲ မေရီ ... တခြားနေရာမှာ အလုပ်ရှာလုပ်ပါလား...ဒီမှာက အလုပ်သမားအချင်းချင်းလဲ ကြီးနိုင်ငယ်ညှင်းလုပ်နေကြတာမဟုတ်လား... "
မေရီ၏ စကားကြောင့် ဘီနာ့မှာ စိတ်မကောင်းဖြစ်သွားမိပြီးလျှင် နှုတ်မှလွှတ်ခနဲ ပြောမိသွားလေသည်။
