အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ
Открыть в Telegram
Больше
1 031
Подписчики
Нет данных24 часа
-17 дней
-1230 дней
Архив постов
မေမိုးစက်တစ်ကိုယ်လုံးတုန်ယင်လာတယ်။
"ဟို .... ဟို ... ဆောရီးနော် ကိုတေဇ...မိုးစက်ကချစ်သူကိုစောင့်နေတာပါ...သူလာရင် အထင်လွဲသွားမှာစိုးလို့ ..."
မေမိုးစက်ရဲ့ စကားကြောင့် တေဇမျက်နှာကွက်ခနဲ ပျက်သွားရပြီး
"ဪ ..ဆောရီးနော်မိုးစက် ... ကျွန်တော်တောင်းပန်ပါတယ် "
တေဇဒီလိုပြောတော့လဲ မေမိုးစက်မှာ အားနာနာမျက်နှာပူပူနဲ့ပဲ ပြုံးပြလိုက်ရတယ်။တေဇ ကတော့ မျက်နှာသိပ်မကောင်းဘဲ သူငယ်ချင်းတွေဝိုင်းဆီကို ရွှေ့ပြောင်းသွားခဲ့တယ်။
~~~~~
"တေဇဆိုတဲ့ အဆိုတော်ကောင်လေးက မင်းကိုသဘောကျနေပုံပဲတဲ့ "
ဆိုင်ထဲလူပါးချိန်မှာ အနားလာထိုင်ပြီးပြောလိုက်တဲ့ လင်းမြတ်ဇင်ကို မေမိုးစက်ခေါင်းငြိမ့်ပြပစ်လိုက်တယ် ။
"ဟုတ်တယ်လေ .. သူပြောထားတာ ကြာလှနေပြီ ...သူ့ကိုစိတ်မဝင်စားလို့ မိုးစက်ဒီဆိုင်ကိုလာနေတာပေါ့ "
မေမိုးစက်ခပ်တည်တည်နဲ့ ပြောပစ်လိုက်တော့ လင်းမြတ်ဇင် ရှက်ပြီး ခြေလှမ်းကျဲကြီးတွေနဲ့ ကောင်တာနောက်ပြန်ဝင်သွားခဲ့တယ်။ မေမိုးစက်လဲ ပြောလိုက်ပြီးမှ ကိုယ့်ဘာသာရှက်ပြီး ခေါင်းမဖော်ရဲဖြစ်ကာ ကောင်တာရှေ့ပိုက်ဆံသွားထားလိုက်ပြီး ဆိုင်ထဲက မပြေးရုံတမယ် ထွက်လာခဲ့ လိုက်တယ်။
~~~~~
"ဟိတ် ..နေအုံး ...ဒီလိုပြေးလို့ရမလား ...ပြန်အမ်းငွေယူသွားအုံးလေ "
အနောက်ကပြေးလိုက်လာသံနဲ့အတူ လက်ကိုလှမ်းဆွဲခံလိုက်ရတာကြောင့် မေမိုးစက်ရင်တွေ တဒိန်းဒိန်းခုန်ကာ ခြေလှမ်းတွေတုံ့ခနဲ ရပ်တန့်သွားရတယ်။
"ဒီနေ့က မိုးမချုပ်သေးလို့လိုက်မပို့တော့ဘူးနော် .... ဒီလပြည့်နေ့ ဆိုင်ပိတ်မယ်သိလား ..ဖုန်းဆက်လိုက်မယ်နော် ..အပြင်သွားရအောင် "
" ရှင် "
မေမိုးစက်မှာ အံ့ဩဝမ်းသာ ဟန်ပင်မပြလိုက်ရပါ ။လင်းမြတ်ဇင်တစ်ယောက် ဆိုင်ဘက်ကိုချက်ချင်းပြန်ထွက်သွားခဲ့ပါလေပြီ။
~~~~~
"နောက်လဲ အန်တီတို့အိမ်ကိုဝင်ထွက်နိုင်ပါတယ်နော်..မောင်ချစ်ဦး "
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အန်တီ "
နှစ်ယောက်သားအတိုင်အဖောက်ညီနေကြတဲ့ မိခင်နဲ့တောသူဌေးသားကိုကြည့်ပြီး မြယွန်းမီနှာခေါင်းလေးရှုံ့လိုက်မိတယ်။ တောသူဋ္ဌေးသားဆိုသူကလဲ ရုပ်ကတော့ကြည့်ပျော်ရှုပျော်ရှိပါရဲ့။ ခက်တာက ပြည်တည်တည်မျက်နှာနဲ့ မသိရင်မြယွန်းမီဘ၀က သူ့မှမယူရင်ယူမဲ့သူမရှိတဲ့ပုံမျိုးနဲ့ ။ ဒီလိုလူမျိုးကို ရှာလဲရှာတွေ့တတ်တဲ့မိခင်ကိုပဲ မြယွန်းမီအံ့သြနေမိတယ်။
"စားနော်မောင်ချစ်ဦး ...ဒီဟင်းတွေအကုန် မင်းညီမချက်ထားတာကွဲ့ "
မိခင်ရဲ့စကားအဆုံးမှာ မြယွန်းမီ သည်းမခံနိုင်တော့ဘဲ စကားတပြောလိုက်မိတယ်
"မဟုတ်ဘူး အမေ ..သမီးက ထမင်းပဲချက်ထားတာ...ဟင်းတွေကိုကိုချက်သွားတာပါ ..."
မိခင်ရဲ့မျက်နှာကွက်ခနဲပျက်သွားပြီးမျက်လုံးပြူးကြီးနဲ့ ကြည့်လိုက်တာကို မသိချင်ယောင်ဆောင်ပြီး မြယွန်းမီကိုယ့်ဘာသာ ထမင်းငုံ့စားနေလိုက်တယ်။ဧည့်သည်ပြန်သွားရင်တော့ မြယွန်းမီရဲ့ အဖြစ်ကတွေ့ရဲစရာပင် မရှိ။
~~~~~~
"ညည်းဧည့်သည်ရှေ့မှာ ဘာအချိုးချိုးလိုက်တာလဲ မိယွန်း... သူက ပညာတတ်ဘွဲ့ရသူဋ္ဌေးဟဲ့ ....ဟိုကောင်လို ရုပ်ကလေးဗန်းပြပြီး မိဘလုပ်စာထိုင်ဖြုန်းနေတဲ့ ကောင်မဟုတ်ဘူး ...မောင်ချစ်ဦးက ကိုယ်ပိုင်လုပ်ငန်းတွေနဲ့ ချမ်းသာနေတဲ့သူ ...ဟိုကောင်လို မိန်းမတွေနဲ့ရှုပ်ပွေနေတဲ့သူ မဟုတ်ဘူး "
သူစိတ်ထင်ရာကိုပြောနေတဲ့ မိခင်ကိုကြည့်ပြီး မြယွန်းမီ အံလေးကို ကြိတ်ထားလိုက်မိတယ်။
"သမီး အိမ်ထောင်မပြုချင်သေးဘူးလို့ ပြောထားတာပဲ ... သမီးအေးအေးဆေးဆေးပဲနေချင်တယ် "
"ရတယ်လေ ... လက်မထပ်ချင်သေးလဲ ဒီတိုင်းလေ့လာကြည့်ပေါ့ ...မောင်ချစ်ဦးက လူငယ်လုပ်ငန်းရှင်များသင်တန်းဆိုလား .. အစည်းအဝေးဆိုလားလာတက်တာတဲ့ ... ရန်ကုန်မှာတစ်လခွဲလောက်နေမှာ ...အဲ့ဒီအတောအတွင်း ကောင်းကောင်းမွန်မွန်ဆက်ဆံကြားလား ... မိဘကို စိတ်ဆင်းရဲအောင် ကလန်ကဆန်လုပ်ဖို့ပဲ တွေးမနေနဲ့ "
" ဟုတ်ကဲ့ပါ "
~~~~~
အိမ်ကိုဧည့်သည်လာမယ်ဆိုလို့ ဘယ်သူတွေများလဲလို့ဟန်နေထူးတွေးနေမိတာ ပန်းသွေးချယ်ကိုတွေ့လိုက်ရတာမို့ အံ့ဩသွားရတယ်။အထက်အောင်တူညီဝတ်စုံ၀မ်းဆက်ကို မြန်မာဆန်ဆန်ဝတ်ဆင်ထားပြီး မျက်နှာမှာသနပ်ခါးနဲ့။ ဆံပင် ရှည်တွေကို ရိုးရိုးယဉ်ယဉ်လေးထုံးဖွဲ့ထားတယ်။ ထဘီကိုခြေမျက်စိဖုံးနဲ့ ပြတိုက်ထဲက မြန်မာမလေးလိုလိုဘာလိုလို။
"သားရေထိုင်အုံးလေ ... အမေတော့အမေရဲ့ပိုးထည်ဆိုင် အတွက် သမီးပန်းသွေးချယ်ကိုပဲ မော်ဒယ်အဖြစ်ငှါးလိုက်ပြီ ..အဲ့ဒါသားလဲတွဲရိုက်ရမှာနော် "
မိခင်ရဲ့စကားကြောင့် ဟန်နေထူးလန့်ဖျပ်သွားမိပြီး
"ဟာ မဖြစ်ဘူးအမေ .. ကျွန်တော် မအားလို့ပါ တခြားမော်ဒယ်ပဲငှားလိုက်ပါနော် .... တေဇနဲ့ရိုက်မလားအမေ ..."
"မဟုတ်တာသားရယ် ..အမေ့သားတစ်ယောက်လုံးရှိတာ တခြားမော်ဒယ်ငှားစရာလား ....ခဏနေ ရိုက်ကူးရေးတွေလာတော့မှာ .. ဒီနေ့ အစမ်းရိုက်ကြည့်ရအောင်"
"ဗျာ ..ဟို .. ကျွန်တော်ချိန်းထားတာရှိတယ် အမေ "
ဟန်နေထူးရဲ့အမေးကြောင့် မြယွန်းမီမှာ အဖြေရခက်သွားရတယ်။ဟန်နေထူးက သူ့ဘ၀ကို ချက်ချင်းကြီး ပြောင်းလဲလို့မရပေမဲ့ သူမအကြိုက်လိုက်ပြီး ပြောင်းလဲလာတာကို သိနေတာမို့ ဒီထက်ပိုပြီးလဲ မြယွန်းမီအနေနဲ့မပြောချင်ပါ။ အချိန်ကာလတစ်ခုရောက်သွားရင်တော့ မိခင်ဖြစ်သူစိတ်တိုင်းကျဖြစ်လာနိုင်တာမို့ အချိန်တစ်ခုအထိစောင့်ဖို့ကိုပဲ မြယွန်းမီမျှော်လင့်ထားမိတာ။
" အမေက အဆောင်မှာမနေခိုင်းတော့ဘူး ...အိမ်ကိုပြန်လာခိုင်းနေ တယ် .."
"ဟုတ်လား ...အဲ့ဒါလဲကောင်းပါတယ် .. ကိုယ်လဲပြောမလို့ပဲ .. ယွန်း အိမ်မှာပြန်နေရင် ...အလုပ်ကို ကိုယ်အကြိုအပို့လုပ်ပေးမယ်လေ..."
အဖြစ်မှန်ကိုမသိဘဲ ၀င်ပြောလိုက်တဲ့ ချစ်သူကိုကြည့်ပြီး မြယွန်းမီစိတ်မကောင်းဖြစ်သွားမိတယ်။''ကျွန်မအမေက ရှင့်ကိုမယုံလို့ ..ရှင်နဲ့ဝေးအောင်ကြံစည်နေတာ "သိရဲ့လားလို့ ပြောလိုက်ရင် သူဘယ်လိုဖြစ်သွားမလဲ မသိနိုင်ပါ။
"ချက်ချင်းတော့ပြောင်းလို့မရသေးပါဘူး.... သူဌေးကို ပြောရအုံးမှာပေါ့ ... ပြီးတော့အမေက ပြောသေးတယ် ... ယွန်းကို အိမ်ထောင်ချပေးမလို့တဲ့ နယ်ဘက်ကလူတစ်ယောက်နဲ့ ''
"ဘာ...ဘာပြောလိုက်တယ်ယွန်း...တကယ်ပြောနေတာလား "
ဟန်နေထူးကားကို လမ်းဘေးဘက်ကို ဆွဲချရပ်လိုက်ပြီး အထိတ်တလန့်နဲ့ မြယွန်းမီကိုမေးလိုက်တယ်။
မြယွန်းမီမှာ ဟန်နေထူးရဲ့ အပြုအမူကြောင့် ရင်ဘတ်ကို လက်နဲ့ဖိလိုက်မိပြီး
"လန့်သွားတာပဲကိုနေရယ် ....အေးအေးဆေးဆေးပြောလဲ ရရဲ့သားနဲ့ "
'' ဟာ ယွန်းရယ် ..ဒီကိစ္စက အေးဆေးလို့မရဘူးလေ ..ကိုယ့်ရင်တွေအရမ်းပူနေပြီသိရဲ့လား ... ကိုယ်ဘာလုပ်ရမှာလဲပြော ... လူကြီးတွေကို ဖွင့်ပြောပြီးချက်ချင်းလာတောင်းရမှာလား "
"ကိုနေရယ် ... ယွန်းကိုမယုံဘူးလား....အမေဘယ်သူနဲ့ သဘောတူတူ ယွန်းလက်ခံမှဖြစ်မှာပါ ....."
"ဖြစ်..ဖြစ်ပါ့မလားယွန်းရယ်... ကိုယ်စိတ်ပူနေပြီ .... ကိုယ့်ကိုတော့ မထားခဲ့ပါနဲ့နော် .."
ချစ်သူရဲ့လက်ကိုဆွဲယူပြီး ဟန်နေထူး မျက်နှာငယ်လေးနဲ့ ပြောလိုက်မိတယ်။သူ့ဘ၀မှာ မြယွန်းမီမရှိရင်ဘ၀ကြီးတစ်ခုလုံး အဓိပ္ပါယ်မဲ့သလိုဖြစ်သွားမှာကို သူသာအသိဆုံးပါပင်။
"စိတ်မပူပါနဲ့ ကိုနေရယ် ...အိမ်နဲ့ အဆင်ပြေအောင် ယွန်းကြိုးစားမှာပါ ...ကိုနေ့ဘက်ကသာ အွန်လိုင်းပေါ်မှာလဲ မဟုတ်မမှန်တဲ့သတင်းပဲဖြစ်ဖြစ်မထွက်အောင် ဂရုစိုက်ပါနော် ... အထူးသဖြင့် မိန်းမကိစ္စသတင်းမျိုးမထွက်စေနဲ့နော် ...အမေက ကိုနေနဲ့ယွန်းအကြောင်းကိုရိပ်မိနေပြီဆိုတော့ ...ကိုနေ့သတင်းတွေကို လိုက်ကြည့်နေမှာသေချာတယ် ..."
"အဲ့ဒီအတွက်တော့ စိတ်မပူပါနဲ့ကွာ ... လက်ခံထားတဲ့ အလုပ်တွေပြတ်ရင် ....အွန်းလိုင်းလဲသိပ်မသုံးတော့ပါဘူး ... အရင်ကဆို ကိုယ်ဘာလုပ်လုပ်လိုင်းပေါ်တင်တာ ..အခုမတင်ဖြစ်တော့ပါဘူး ...အင်တာဗျူးတွေလာရင်တောင် ကိုယ်ရှောင်နေခဲ့တာပါ "
"ယုံပါတယ်ကိုနေရယ် ...ကိုနေ့ အချစ်ကို လက်ခံလိုက်ကတည်းကယုံကြည်လို့လက်ခံလိုက်တာပါ ... ကိုနေလဲသတိနဲ့နေ ယွန်းလဲအမေနဲ့ အဆင်ပြေအောင် ကြိုးစားမယ်သိလား ...."
"အင်းပါ ချစ်ရယ် ... ကိုယ်တော့ ရင်တွေပူနေတာပဲသိတယ် "
ဟန်နေထူးစိုးရိမ်ပူပန်စိတ်နဲ့ ပြောလိုက်မိပြီး ချစ်သူရဲ့လက်ကလေးကို ခပ်တင်းတင်းဆုပ်ကိုင်ထားမိတယ်။အနီးကပ်ရှိနေပေမဲ့လဲ ဝေးရမှာကိုစိုးထိတ်နေမိတဲ့ စိတ်က နှလုံးသားကိုတမြေ့မြေ့ လောင်မြှိုက်နေသလို ခံစားနေရတယ်။
သူမလက်ကို ခပ်တင်းတင်းဆုပ်ကိုင်ကာ ငြိမ်သက်နေတဲ့ဟန်နေထူးကို မြယွန်းမီကြည့်လိုက်မိပြီး
"ကဲပါ ...ဘာမှ တွေးပူမနေနဲ့ ....မိန်းမပြဿနာကလွဲလို့ ဘာပြဿနာရှိရှိ ...ကိုနေ့ဘက်ကပဲအမြဲနေမှာပါနော်"
" အင်းပါကွာ ... ကိုယ့်အတွက် စိတ်ချပါ "
မြယွန်းမီ ချော့ပြောလိုက်မှပဲ ဟန်နေထူးမျက်နှာလဲ ပြုံးလာနိုင်တော့တယ်။
~~~~~
'' မိုးစက် .. မိုးစက်ပါလား ..မိုးစက်က ဒီမှာနေ့လယ်စာလာစားတာလား ...ကိုယ်လဲငထူးကညွှန်းတာနဲ့ ဘော်ဒါတွေခေါ်ပြီးလာစားကြည့်တာ "
ရင်းနှီးနေတဲ့ အသံကြောင့် မေမိုးစက်အထိတ်တလန့်နဲ့မော့ကြည့်လိုက်မိတော့ မျက်မှန်နဲ့ ဦးထုပ်နဲ့ ရုပ်ဖျက်လာပုံရတဲ့ တေဇကိုတွေ့လိုက်ရတယ်။
"ကို...ကိုတေဇ "
"ဟုတ်ပါတယ်ဗျာ ... ကျွန်တော် တေဇပါ ...ဘာလဲ မမှတ်မိဘူးလား ...မိုးစက်တစ်ယောက်တည်းမဟုတ်လား .. ကျွန်တော်ထိုင်လို့ရမလား "
မေမိုးစက်နှုတ်ကနေ မထိုင်နဲ့လို့ ပြောမလို့ ဟန်ပြင်လိုက်ပေမဲ့ နှုတ်က အားနာပြီးထွက်မလာခဲ့ပါ။တေဇကလဲပြောပြောဆိုဆိုနဲ့ ၀င်ထိုင်လိုက်တော့ စိုးရိမ်စိတ်နဲ့ ကောင်တာနောက်ကိုလှမ်းကြည့်လိုက်မိတယ်။ သူမတို့ရှိရာကို တစ်ချက်သာလှမ်းကြည့်ပြီး ကျောခိုင်းသွားတဲ့ လင်းမြတ်ဇင်ကိုကြည့်ပြီး ရင်ထဲပူပန်သွားမိတယ်။
"မိုးစက် ..ဘာဖြစ်နေတာလဲဟင် .. နဖူးမှာလဲချွေးတွေနဲ့ နေမကောင်းလို့လား"
တေဇရဲ့ စိုးရိမ်တဲ့အမေးကို မေမိုးစက်ဖြုန်းခနဲ မဖြေနိုင်ဘဲ ကြောင်အနေမိတယ်။ဘေးဝိုင်းက တေဇသူငယ်ချင်းတွေရဲ့ဝိုင်းဆီကို စားပွဲထိုးကောင်လေးရောက်လာပြီး မီနူးကတ်တလောက်ကိုပြရင်း မေမိုးစက်တို့ဝိုင်းကိုလှည့်ကြည့်လာတော့ စိတ်က ပိုပြီးထူပူသွားမိပြန်တယ်။နဂိုကမှ မာနကြီးလှတဲ့လူက အထင်လွဲသွားရင်ဖြင့် ဘယ်လိုဖြေရှင်းရမလဲလို့တွေ့ရင်း
#ရူးနေတဲ့ကြယ်
(အခန်းဆက်ဝတ္ထု)
အပိုင်း( ၁၅ )
*******
"ဒီညနေ ချက်ချင်းပြောင်းလို့တော့ မဖြစ်ဘူးအမေ...အဆောင် ဆိုပေမဲ့... သူဋ္ဌေးကစည်းကမ်းတကျထားပေးထားတာပါ ....နေချင်နေပြောင်းချင်ပြောင်းလုပ်လို့မရပါဘူး ... သူဋ္ဌေးကိုကြိုပြောရမှာပါ "
မြယွန်းမီရဲ့ စကားကြောင့် ဒေါ်မြစန္ဒာမှာ စိတ်အလိုမကျဖြစ်သွားရပြီး
"ဒါဆိုလဲ မနက်ဖြန်ရုံးဖွင့်တာနဲ့ ပြောလိုက်တော့ ...ညည်းကို လောကကြီးအကြောင်းကိုသိရအောင်ပေးနေလိုက်တာ ... ရည်းစားထားဖို့ မဟုတ်ဘူး ... ရုပ်ချောတာကိုမက်ရင် ဘာဖြစ်မလဲ သိတယ်မဟုတ်လား ...အဲ့ဒီကောင်ပုံစံက ဟိုဟာမတွေထက်ဆိုးမယ် "
"အမေရယ် " လို့သာမြယွန်းမီစိတ်ထဲကပြောလိုက်မိတော့တယ်။
"သမီးကလေးမဟုတ်တော့ပါဘူး အမေရယ် ..အိမ်မှာပြန်နေစေချင်ရင် သမီးပြန်နေပါ့မယ် .. အိမ်ထောင်ပြုဖို့ကိစ္စကိုတော့ သမီးဘာသာဆုံးဖြတ်ခွင့်ပြုပါနော် ...ပြီးတော့ အခုချိန်လဲ အိမ်ထောင်မပြုသေးပါဘူး...အသက် (၂၇) လောက်မှ အိမ်ထောင်ပြုမယ် ...ဖြစ်နိုင်ရင် အဖေ့ခြံကို သမီးပြန်ဝယ်နိုင်အောင်ကြိုးစားချင်သေးတယ် "
သမီးဖြစ်သူရဲ့ စကားကြောင့် ဒေါ်မြစန္ဒာမျက်နှာပျက်သွားရပြီး
"ညည်းအခုထိအဲ့ဒီခြံကို စွဲလမ်းနေတာလား မိယွန်း ... ဒီနေ့ခေတ်စျေးနဲ့ အနားတောင်ကပ်နိုင်မှာမဟုတ်ဘူးသိရဲ့လား "
မီခင်ဖြစ်သူရဲ့အသံမှာ ငုံသံပါလာတော့မြယွန်းမီ ရှေ့ဆက်စကားမဆက်မိတော့ပါ။ငယ်စဉ်ကတည်းက နေလာခဲ့တဲ့ခြံလေးမို့ သတိရစိတ်ကို မေ့ဖျောက်လို့မရတာကတော့ အမှန်ပါ။
~~~~~
မိခင်နဲ့ ညီမဖြစ်သူရဲ့ စကားသံတွေကို အိမ်တံခါး၀ကနေလင်းမြတ်ဇင်နားထောင်နေမိပြီး အပြင်ကို ပြန်ထွက်လာခဲ့မိတယ်။သူ့မိုက်ပြစ်တွေအတွက် ဆုံးရှုံးသွားခဲ့ရတဲ့အိမ်နဲ့ခြံကို သူ့ရင်ထဲမှာလဲနှမြောတမ်းတနေမိပါတယ်။ ကုန်ဆုံးသွားခဲ့တဲ့ အချိန်တွေကို ပြန်ယူလို့မရပေမဲ့ ရှေ့ဆက်ပြီးဒီအပြစ်တွေကိုပေးဆပ်ဖို့အတွက် လင်းမြတ်ဇင်ကြိုးစားဖို့ဆုံးဖြတ်ထားပြီးသားပါ။
အဓိပ္ပါယ်မဲ့လျှောက်လာခဲ့တဲ့ ခြေထောက်တွေက ဆိုင်ရှေ့ကိုပြန်ရောက်လာခဲ့ပြီး ဆိုင်ထဲကို၀င်လိုက်တယ်။ည (၉)နာရီဆိုပိတ်တဲ့ ဆိုင်က တိတ်ဆိတ်နေခဲ့တယ်။သန့်ရှင်းသပ်ရပ်နေတဲ့မီးဖိုချောင်ကိုရှင်းလင်းနေချိန်မှာပဲဖုန်းသံက မြည်လာခဲ့တယ်။
"ဟယ်လို အမေ "
"သားကြီး မင်းပြန်မလာသေးဘူးလား .. ဘယ်အချိန်ရှိနေပြီလဲ ...အခုဘယ်မှာလဲ ဆိုင်မှာပဲလား .. ဘယ်ရောက်နေတာလဲ "
မိခင်ရဲ့မေးသံကစိုးရိမ်ပူပန်သံများပြည့်နေတာကို လင်းမြတ်ဇင်သတိထားလိုက်မိတယ်။
"ဆိုင်မှာ သန့်ရှင်းရေးလုပ်နေလို့ အမေ ....ကျွန်တော့်အခုပြန်လာပြီနော် "
" နောက်ကျနေပြီပဲ ...ပြန်လာခဲ့တော့..မနက်မှဆက်ရှင်းပါကွယ်...မင်းညီမလဲ ပြန်ရောက်နေတာသိတယ်မဟုတ်လား "
" ဟုတ်ကဲ့ အမေ ..အခုပြန်လာခဲ့ပါ့မယ် "
~~~~~~~
" ကိုကိုထမင်းကြော်ပေးထားတယ်နော် ယွန်း...စားသွားအုံး...ထမင်းချိုင့်လဲပြင်ပေးထားတယ် ယူသွားလိုက်နော် "
မောင်နှမနှစ်ယောက်မျက်နှာချင်းဆိုင်ဆုံမိကြစဉ်မှာ လင်းမြတ်ဇင်က ခပ်တိုးတိုးပြောလိုက်တယ်။လင်းမြတ်ဇင်က မနက်ပိုင်းစောစောထပြီး မိခင်အတွက်ချက်ပြုတ်ပေးခဲ့ပြီး ဆိုင်ကိုမနက် (၆) နာရီကျော်တာနဲ့ သွားရမှာ။ သူ့ဆိုင်နဲ့ ပတ်သက်ပြီး မိခင်ကြီးက ဝင်ရောက်စွက်ဖက်ခြင်းတော့မရှိပေ။မိခင်ဖြစ်သူ ဒေါ်မြစန္ဒာက ခင်ပွန်းဖြစ်သူဆုံးသွားကတည်းက အပြင်စီးပွားရေးကိုပဲ လုပ်ခဲ့သူပီပီ အချက်အပြုတ်ကိုလဲဝါသနာမပါတော့ သူမရဲ့အိမ်ခြံမြေပွဲစားအလုပ်မှာပဲအချိန်ကုန်နေတတ်တာ။
မြယွန်းမီ အစ်ကိုဖြစ်သူကို တစ်ချက်မော့ကြည့်လိုက်မိပြီး ငါးနှစ်အတွင်းမှာ ပထမဆုံးစကားတစ်ခွန်းကို ပြောလိုက်မိတယ်။
"ဆိုင်အဆင်ပြေလား "
ညီမဖြစ်သူဆီက အမေးစကားကိုကြားလိုက်ရတာမို့ လင်းမြတ်ဇင် ဝမ်းသာပျော်ရွှင်သွားမိပြီး စကားသံများပင်အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားရတယ်။
"ပြေ....ပြေပါတယ် ...ညီမလေး သူငယ်ချင်းရဲ့အကူအညီကြောင့် လဲ ....ဆိုင်ကလူသိလဲများသွားတယ်...အွန်လိုင်းက မှာစားတာတွေလဲရှိလို့ ဝန်ထမ်းတွေလဲထက်ခေါ်ထားတယ် "
" ဟုတ်..ဟုတ်ကဲ့ ..၀မ်းသာပါတယ် .. ဒါ ..ဒါနဲ့..မိုးစက်က ရိုးသားပြီး စိတ်ထားဖြူစင်တဲ့သူပါ "
မြယွန်းမီပြောပြီးတာနဲ့ အခန်းထဲကို အပြေးတပိုင်းနဲ့ ပြန်ဝင်ခဲ့လိုက်တယ်။လူ့သဘောက အဆုံးပြောလို့မရပေမဲ့ မေမိုးစက်ရဲ့ အကျင့်စာရိတ္တကတော့ ပန်သွေးချယ်လိုမိန်းမမျိုးနဲ့ တခြားစီမဟုတ်လား။ သမီးအရင်းကိုတောင် မယုံကြည်နိုင်တဲ့မိခင်အတွက်ကတော့ သူစိမ်းတစ်ယောက်ကို ယုံကြည်ဖို့ဆိုတာခက်ခဲပေမဲ့ မေမိုးစက်လိုတော်ရုံ စိတ်မဆိုးတတ်တဲ့သူမျိုးကို တွေ့ရဖို့ဆိုတာ မလွယ်ကူတဲ့ရေစက်မျိုးမဟုတ်လား။
~~~~~
" ယွန်း ...ဘာဖြစ်နေတာလဲဟင် ..မျက်နှာလဲမကောင်းဘူး .. အိမ်နဲ့ အဆင်မပြေလို့လား "
ချစ်သူမြယွန်းမီကိုကြည့်ပြီး ဟန်နေထူးစိုးရိမ်စွာမေးလိုက်မိတယ်။
" ကိုလင်းက မိုးစက်ကိုညီမလေးတစ်ယောက်လိုပဲ သဘောထားပါရစေတဲ့လေ... ဒီတစ်သက်အိမ်ထောင်မပြုတော့ဘူးတဲ့ "
" သူက အဲ့ဒီလိုပြောတာလား ....ဒါဆိုလဲ မိုးစက်သူ့ကိုမေ့လိုက်ပြီး တေဇနဲ့ပဲတွဲပစ်လိုက်ကွာ "
မြယွန်းမီရဲ့ စကားကြောင့် မေမိုးစက်မှာ မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်သွားရပြီး
"ဟယ် ..မဟုတ်တာယွန်းရယ် ..မိုးစက်က ကိုလင်းကိုပဲချစ်တာ..သူပြန်ချစ်တဲ့အချိန်ထိစောင့်နေပါ့မယ် "
" အင်းပါ ..ဟုတ်ပါပြီ...ဒီလိုလုပ်လေ....ဒီတစ်ပတ်တော့ တို့တစ်ယောက်တည်း အိမ်ပြန်လိုက်အုံးမယ် ..နောက်တစ်ပတ်မှာ တို့အိမ်လိုက်လည်မလား ...အမေနဲ့လဲ တွေ့ရတာပေါ့ "
" တ..တကယ်လားဟင်ယွန်း...မိုးစက်ကို တကယ်ခေါ်တာလား "
"တကယ်ပေါ့ ...ဒီလောက်ကောင်း တဲ့ယောင်းမလောင်းကို ဘယ် အလွတ်ခံလို့ ဖြစ်မလဲ "
ရယ်ပြီးပြောနေတဲ့ မြယွန်းမီ ကို ကြည့်ပြီး မေမိုးစက်နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိတယ်။အချစ်နဲ့တွေ့ပြီးတဲ့နောက်မှာ နုညံ့သိမ်မွေ့လာတဲ့ မြယွန်းမီပုံစံကို ကြည့်ပြီး မေမိုးစက်ပါ ပျော်ရွှင်မိတာအမှန်ပါ။
~~~~~~
" ဒီနေ့ပုဆိုးတွေဘာတွေနဲ့ပါလား ... ဘယ်ပွဲသွားမလို့လဲ "
ပုဆိုးနဲ့ ရှပ်အင်္ကျီအဖြူကို ဝတ်ထားတဲ့ ဟန်နေထူးကိုကြည့်ပြီး မြ ယွန်းမီမေးလိုက်မိတယ်။
"ကိုယ့်ချစ်သူက အမြင်စူးရှသားပဲ ...ပွဲမဟုတ်ပါယွန်းလေးရယ်...အမေကအလှူသွားမလို့ လိုက်ပို့ခိုင်းထားလို့လေ....ယွန်းကို လိုက်ပို့ပြီးရင် ...အမေ့ကို၀င်ခေါ်ပြီး လိုက်ပို့ပေးမလို့လေ "
" ဒါများကိုနေရယ် ...ယွန်းကို ဘာလို့လိုက်ပို့နေရတာလဲ ...တော်ကြာကိုနေ့အမေက ယွန်းကိုမုန်းသွားအုံးမယ် "
" မပို့လို့ရမလား ယွန်းရယ်... ကိုယ့်အတွက်တော့ အမေကလဲ အရေးကြီးသလို... ချစ်သူကလဲ အရေးကြီးတာပဲလေ .. ဒါနဲ့ ယွန်း ဒီည အိမ်မှာအိပ်မှာလား...အဆောင်ပြန်မှာလား ကိုယ်ဘယ်အချိန်လာကြိုရမှာလဲ "
"အင်းဒီညတော့ အိမ်မှာပဲအိပ်လိုက်မယ် ... မနက်ဖြန်မနက်မှ လာကြိုလေ ...."
"ဒီနေ့ထက်မတွေ့ ရတော့ဘူးလား...လွမ်းနေရတော့မှာပဲ ... မဖြစ်တော့ပါဘူးကွာ...လူကြီးတွေကိုဖွင့်ပြောပြီး မြန်မြန်လက်ထပ်တော့မှ ဖြစ်မှာပါ ''
မြယွန်းမီရဲ့ လက်ကလေးကိုဆွဲယူလိုက်ပြီး ဟန်နေထူးတိုးဖွဖွ ပြောလိုက်မိတယ်။တကယ်ပဲ သူ့ရင်ထဲမှာ ချစ်ရသူနဲ့ ခွဲမနေချင်တော့ပါ။ ချစ်မိပြီဆိုတော့လဲ ကိုယ်မမြင်ကွယ်ရာမှာ သူမအန္တရာယ်ဖြစ်မှာကို တွေးပြီးစိုးရိမ်ပူပန်နေမိတာက နေ့စဉ်ရက်ဆက် မဟုတ်လား။
~~~~~
အလှူအိမ်ထဲကို ဝင်ဝင်ချင်းမှာပဲ မြင်လိုက်ရတဲ့မျက်နှာတွေကြောင့် ဟန်နေထူးမိခင်ကို ဖျတ်ခနဲမော့ကြည့်လိုက်မိတယ်။
"ဟော အန်တီမော်လာပြီးလား.....ကိုထူးလဲပါတာလား...လာပါ ..၀င်ကြပါ ... ချယ် တို့က ရင်းနှီတဲ့သူတွေပဲရွေးဖိတ်လို့ ဧည့်သည်တွေသိပ်မများပါဘူး ...လာလေကိုထူး "
ပန်းသွေးချယ်ရဲ့ဖိတ်ခေါ်သံလေးက ကြည်လင်ချို့မြစွာထွက်ပေါ်လာခဲ့တယ်။ မျက်နှာမှာ သနပ်ခါးလေးကိုလိမ်းထားပြီး မြန်မာဆန်ဆန်ဝတ်စုံလေးနဲ့ လှပနေတဲ့ ပန်းသွေးချယ်ကိုကြည့်ပြီး ဒေါ်ထူးထူးမော်က ပြုံးလိုက်တယ်။
"သမီးချယ်ကတော့ လှနေတာပဲနော် .. အန်တီ့မှာသမီးလေးတစ်ယောက်သာရှိရင် ဒီလိုပုံစံလေးပဲ ဆင်မှာ .. မြန်မာဆန်ဆန်လေးဆို အန်တီက သိပ်သဘောကျတာ "
ခပ်တိုးတိုးပြောလိုက်တဲ့ မိခင်ရဲ့ စကားသံကြောင့် ဟန်နေထူး ပန်းသွေးချယ်ကိုမော့ကြည့်လိုက်မိတယ်။ပန်းသွေးချယ်က ဟန်နေထူးကို ပြုံးမြမြလေးကြည့်လိုက်တယ်။ဟန်နေထူးအကြည့်တွေကို ပြန်လွှဲလိုက်ပြီးစားပွဲဝိုင်းတစ်ခုမှာ ဝင်ထိုင်လိုက်တယ်။
~~~~~
"မင်းခေါင်းသိပ်မာပါလား မေမိုးစက် ... ကိုယ့်ကို မင်းမရွံ့ဘူးလား... "
လင်းမြတ်ဇင်က မေမိုးစက်ကိုကြည့်ပြီး အသံမာမာနဲ့ပြောလိုက်တယ်။
''အဲ့ဒါက အတိတ်တွေပဲကိုလင်းရယ်...မိုးစက်နားလည်ပေးနိုင်ပါတယ် ....လူဆိုတာတစ်ကြိမ်တစ်ခါတော့ မှားဖူးတာပဲ ..မိုးစက်ကတော့ အတိတ်ထက် အနာဂတ်ကိုပဲ စိတ်ဝင်စားတယ်"
ခေါင်းမာလှတဲ့မေမိုးစက်ကို လင်းမြတ်ဇင် ငေးကြည့်နေမိတယ်။အချစ်ဆိုတာကို ကြောက်နေမိတဲ့သူ့အတွက် ဇွဲကောင်းလှတဲ့ ဒီကောင်မလေးကသူ့ရင်ထဲကို မသိမသာနဲ့တိုးဝင်လာတာကို သူမတားဆီးနိုင်ဖြစ်နေမိတယ်။
~~~~~~~
" ညည်းရဲ့ကြီးတော်တွေက ညည်းကို အညာဘက်ကသူဋ္ဌေးသားတစ်ယောက်နဲ့ ပေးစားမလို့တဲ့ ..ကောင်လေးက ရိုးသားတယ် ... ပွဲရုံလုပ်ငန်းတွေပိုင်တယ်တဲ့ ...အမေ တော့ ခေါင်းငြိမ့်လိုက်တယ် ...ရှေ့အပတ်ထဲကောင်လေးလာလည်လိမ့်မယ် "
"ရှင် "
ရုတ်တရက်ပြောချလိုက်တဲ့ မိခင်ရဲ့စကားကြောင့် မြယွန်းမီအံ့ဩတုန်လှုပ်သွားရတယ်။
"မ .. မဖြစ်နိုင်တာအမေ ... သမီးအိမ်ထောင်မပြုချင်သေးဘူး "
" တော်စမ်း မိယွန်း ...ညည်း အဆောင်မှာနေတယ်ဆိုပြီး ဒီမအေဘာမှမသိဘူး ထင်နေလား ...ဟန်နေထူးဆိုတဲ့ကောင်က ရုပ်လေးကချောချော ...မိန်းမတွေကဝိုင်းဝိုင်းလည်နေတာ သိရဲ့လား ..အဲ့ဒီလိုလူရှုပ်နဲ့ သဘောမတူနိုင်ဘူး ... မနက်ဖြန်ကစပြီး ညည်းကိုအဆောင်မှာလဲမထားတော့ဘူး ... အိမ်မှာပဲနေရတော့မယ် ..ဒီညနေအဆောင်မှာပစ္စည်းတွေသွားသိမ်းမယ် "
" ရှင် "
@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း (၁၅) ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
"ဒုက္ခပါပဲ ကိုထူးရယ် ..မချယ်ကလဲ ဒီနေ့မှပူလွန်းလို့ ဒီလိုဝတ်လာမိတာ ....ဒီပုံစံနဲ့တော့ အငှားကားမစီးရဲဘူးကွယ် .. ခုနကတည်းက ကုန်တိုက်ပေါ်မှာ အပေါ်အင်္ကျီတစ်ထည်လောက် ဝယ်လိုက်ရမှာကို "
ပန်းသွေးချယ်က သူမကိုယ်ပေါ်က ရင်ဟိုက်အင်္ကျီကိုကြည့်ရင်း ရှက်သလိုဟန်နဲ့ပြောလိုက်တယ်။
ဟန်နေထူးသက်ပြင်းကို မသိမသာရှိုက်လိုက်ပြီး
" ဒါဆိုလဲ ..ကျွန်တော်လိုက်ပို့ပေးပါ့မယ် အစ်မ ... ကျွန်တော်ကားသွားယူလိုက်အုံးမယ် ဒီကပဲခဏစောင့်နေပါနော် "
~~~~~
ကားနောက်တံခါးဖွင့်ပေးပါရဲ့နဲ့ ကားရှေ့ခန်းမှာသာဝင်ထိုင်လိုက်တဲ့ပန်းသွေးချယ်ကြောင့်ဟန်နေထူးစိတ်တော့ရှုပ်သွားမိတယ်။ရင်ဟိုက်အင်္ကျီလက်ပြတ်နဲ့ မို့မောက် တဲ့ရင်အစုံက မြင့်လို့မသင့်တော် တာတော့အမှန်။ဒီခေတ်ကြီးထဲ ဒီလို ဝတ်စားတာမျိုးကရိုးနေပြီဆိုပေမဲ့ တော်ရုံယောက်ျားကတော့ မြင်ရုံနဲ့ စိတ်ဖောက်ပြားမိလေမလားပဲ။
"ပိုးအိနဲ့ရော အဆင်ပြေလား မောင်လေး ... သူကနည်းနည်းတော့ ဆိုးချင်တယ်"
ပန်းသွေးချယ်ရဲ့စကားကြောင့် ဟန်နေထူး ဖျတ်ခနဲတစ်ချက်ငဲ့ကြည့်လိုက်ပြီး
" သူနဲ့ကျွန်တော် ဘာမှမဆိုင်ပါဘူး အစ်မ .."
"ဟင် ..ဟုတ်လား ..သူကတော့ ချစ်သူတွေလိုလိုပြောထားလို့ပါ ဆောရီးနော် မောင်လေး "
ပန်းသွေးချယ် အံ့ဩဟန်လေးနဲ့ ပြန်ပြောလိုက်ရင်း ရင်ထဲမှာ ကြိတ်ပြီးဝမ်းသာသွားမိတယ်။
"အဲ့ဒီကိစ္စကို ကျွန်တော်သူနဲ့ ရှင်းအုံးမှာပါ ..အမေ့သူငယ်ချင်းရဲ့ သမီးမို့ ခေါ်ခေါ် ပြောပြောရှိခဲ့ပါတယ်... ပြီးတော့ ကျွန်တော့်မှာ ချစ်သူရှိတယ် "
ဟန်နေထူးရဲ့စကားကြောင့် ပန်းသွေးချယ်လက်သီးကို မသိမသာဆုပ်လိုက်မိပြီး
" ဟုတ်လား ...ကြည့်ရတာ ညီမလေးပိုးအိက တစ်ဖက်သတ်ဖြစ်နေမိတာထင်တယ် "
ဟန်နေထူးစကားတွေ ဆက်မပြောတော့ဘဲ နှုတ်ဆိတ်ကာ ကားကိုပဲ အာရုံစိုက်မောင်းနေလိုက်တယ်။
~~~~~
" ဒီဆိုင်ဖွင့်ရင် ကိုယ်သိပ်အားမှာမဟုတ်တော့ဘူး ..ဘယ်အချိန် လာတွေ့လို့ရမလဲဟင် "
"ဘယ်လိုဖြစ်နေတာလဲ ..ဟိုမှာ လှမ်းကြည့်နေတာ မတွေ့ဘူးလား "
အလုပ်လုပ်နေတဲ့နောက်ကို တကောက်ကောက်လိုက်ပြီး စကားတွေပြောနေတဲ့ ဟန်နေထူးကို မြယွန်းမီခပ်တိုးတိုးလေး ငေါက်လိုက်တယ်။နောက်နှစ်ရက် နေရင်အလုပ်ကအချောထည်အပ်ရတော့မှာမို့ ပြင်ဆင်တဲ့အပိုင်းတွေကအားလုံးပြီးနေပြီ။လိုအပ်တာလေးနည်းနည်းပါးပါးပြင်ဆင်ရုံမို့ အကူဝန်ထမ်းတောင်နှစ်ယောက်ပဲ ပါလာတော့တာ။
"ဒါပြီးရင်ဘယ်မှာဆင်းရမှာလဲ ..နယ်တော့မသွားရဘူး မဟုတ်လားဟင် ..ဖြေအုံးကွာ "
မျက်နှာငယ်လေးနဲ့ လိုက်မေးနေတဲ့ ဟန်နေထူးကိုကြည့်ပြီး မြ ယွန်းမီတင်းမထားနိုင်တော့ဘဲ
"နယ်မသွားရပါဘူး ....မြို့ထဲမှာပဲ လုပ်ရမှာ..."
"ဟူး .. တော်ပါသေးရဲ့ကွာ ... ဟိုချာတိတ်က နယ်တွေလဲသွားရတယ်ပြောလို့ ကိုယ့်မှာလန့်နေမိတာ ... အလုပ်နဲ့ အဆောင်ကို ကိုယ်အကြိုအပို့လုပ်ပေးလို့ရလားဟင် "
မြယွန်းမီးခေါင်းလေးကို ခါယမ်းလိုက်ပြီး
"မရဘူးလေ ... အလုပ်ကကြိုပို့နေတယ်လေ... တော်ကြာသူများအမြင်ကပ်လိမ့်မယ် "
"ဟာကွာ ...ဒါဆိုဘယ်အချိန်တွေ့ရမှာလဲ ပြောအုံး...မင်းမကြိုက်တာတွေလဲ ကိုယ်အကုန်လိုက်နာတယ်နော် ယွန်းလေး ... မတွေ့ရလို့တော့မဖြစ်ဘူး "
ကလေးဆိုးကြီးလို့ ဘေးနားက တဂျီဂျီလုပ်နေတဲ့သူ့ကို မြယွန်းမီမျက်စောင်းခဲလိုက်ပြီး
"ပိတ်ရက်တွေ တွေ့မယ်ဟုတ်ပြီလား .... တစ်နေကုန်တော့တွေ့လို့မရဘူးနော် ... အိမ်ပြန်ပြီးအမေ့ကိုလဲ သွားတွေ့ရသေးလို့ ''
" ဟုတ်ကဲ့ပါဗျာ ... သခင်မလေး အမိန့်အတိုင်းပါပဲ "
ပြုံးစစမျက်နှာနဲ့ ပြောလာတဲ့ ဟန်နေထူးကိုကြည့်ပြီး မြယွန်းမီပြုံးလိုက်မိတယ်။သူမရဲ့အေးစက်စက်နှလုံးသားကို အရည်ပျော်အောင်လုပ်နိုင်တဲ့ ဒီလူသားက သူမဆီကချစ်အဖြေကိုလဲရအောင်တောင်းနိုင်ပြီး သူမကိုလဲ ပြုံးရယ်လာအောင်လုပ်နိုင်စွမ်းရှိသော ယောကျာ်းတစ်ယောက်ပါ ပင် ။ဒါတင်မကသေးဘဲ အစ်ကို ဖြစ်သူနဲ့ပါ စစ်ပြေငြိမ်းရေးအတွက်ဆောင်ရွက်နေသူလဲဖြစ်တယ်။
"ယွန်း ဒီတစ်ခေါက်အိမ်ပြန်ရင် ကိုလင်းနဲ့လဲစကားပြောလိုက်ပါလားကွာ ..ကိုလင်းကိုကြည့်ရတာ ယွန်းကိုချစ်ပုံပါပဲ ... ကြည့်ရတာရည်းစားထားမယ်ဆိုရင်တောင် ယွန်းနဲ့ ပြန်ပြေလည်ပြီးမှထားမဲ့ပုံပဲ...မိုးစက်တစ်ယောက်တော့ ဆွေးပြီပဲ "
" ဟင် ဟုတ်လို့လား "
မြယွန်းမီအံ့ဩပြီးဟန်နေထူးဘက်ကိုလှည့်မေးလိုက်မိတယ် ။
ဟန်နေထူးက မြယွန်းမီရဲ့ မျက်နှာလေးကိုစိုက်ကြည့်နေရင်း
" တကယ်ပြောတာပေါ့ ယွန်းရဲ့... ဘာပဲဖြစ်ဖြစ်ကွာ ယွန်းဘက်က နည်းနည်းလျှော့လိုက်ပါလားကွာ "
မြယွန်းမီသက်ပြင်းချလိုက်မိပြီး မိုးစက်မျက်နှာကို မြင်ယောင်လိုက်မိတယ်။မိုးစက်နဲ့ သူမကြားမှာ အလုပ်ကိစ္စအပြင်ကိစ္စတွေကိုပြောလေ့ရှိပေမဲ့ အစ်ကိုဖြစ်သူနဲ့ ပတ်သက်ပြီး မပြောကြေးလို့ သူမဘက်ကပဲ အရင်ပြောထားခဲ့တာ။ ဒါကြောင့်လဲ မိုးစက်ကသူ့အချစ်ရေးကိစ္စကို ဘယ်တော့မှ ထက်မပြောတော့တာကြာခဲ့ပါပြီ။
~~~~
"မိုးစက် မင်းနဲ့ တို့အစ်ကိုရဲ့အခြေအနေက ဘယ်လိုလဲဟင် "
မမေးစဖူးမေးလိုက်တဲ့ မြယွန်းမီကြောင့် မေမိုးစက်အံ့သြသွားမိသလို ခေါင်းလေးကိုခပ်ဖြည်းဖြည်းခါယမ်းပြလိုက်တယ်။
ပြောရင်းကနေ ခုံပေါ်ကနေ ယိုင်လဲမလိုဖြစ်သွားရတဲ့ မေမိုးစက်ကို လင်းမြတ်ဇင်မှာအမြန်ဖမ်းထိန်လိုက်ရတယ်။
" ခေါင်းအရမ်းမူးနေလား ...ကောင်တာနောက်မှာ ခဏလာထိုင်လိုက် ... မင်းရဲ့ဖုန်းပေး ညီမလေးယွန်းကိုလှမ်းခေါ်လိုက်မယ် "
မေမိုးစက်ခေါင်းတွေ မူးနောက်လာတာကြောင့် စကားပင် ကောင်းကောင်းပြန်မဖြေနိုင်တော့ ။ လင်းမြတ်ဇင်မှာ သူ့မကိုလက်တစ်ဖက်က ပွေ့ခေါ်လာခဲ့ရင်း ကောင်တာနောက်က နောက်မှီခုံမှာထိုင်ခိုင်းလိုက်ရတယ်။
"သံပုရာသီးလေးရှူထားလိုက်အုံး ..ညီမလေးလာမှဆေးခန်းသွားလိုက်နော် "
"ဟုတ်..ဟုတ်ကဲ့ "
လင်းမြတ်ဇင်ချက်ပြုတ် နေရင်းမှ မေမိုးစက်ကို လှမ်းကြည့်ပြီး သက်ပြင်းမောတွေသာ ချနေမိတယ်။
~~~~~
မျက်လုံးအစုံကိုမှိတ်ကာ ခုံပေါ်မှာမှီထိုင်နေတဲ့ မေမိုးစက်ကို ကြည့်ပြီး မြယွန်းမီစိတ်မကောင်းဖြစ်သွားမိတယ်။သူ့ခမျာ မိန်းမ တန်မဲ့ ဆိုက်ဆိုက်လာနေရတဲ့ အဖြစ်။ မြယွန်းမီကိုတွေ့တော့ အစ်ကိုဖြစ်သူက အနားကို လျှောက်လာခဲ့ပြီး
" ညီမလေးအတွက် ဟင်းတွေ ထည့်ပေးထားတယ် ယူသွားလိုက်နော် ... သူ့အတွက်လဲ ထည့်ပေးထားတယ် ... နောက်ရက်တွေ သူ့ကိုမလာခိုင်းနဲ့တော့ ..."
စကားသံခပ်တိုးတိုးနဲ့ ပြောလာတဲ့ အစ်ကိုဖြစ်သူကို မြယွန်းမီ အကဲခတ်ကြည့်လိုက်မိတယ်။ပုံစံက အေးဆေးတည်ငြိမ်နေပြီး မေမိုးစက်ကို ကြည့်တဲ့အကြည့်တွေက မရိုးသားခြင်းတွေမပါ။ သူတို့ကြားထဲမှာ မြယွန်းမီဝင်မရှုပ်လိုပါ။မေမိုးစက်ကိုခေါ်ပြီး ဆိုင်ထဲကထွက်ခဲ့လိုက်တယ်။လင်းမြတ်ဇင်ကလဲ မေမိုးစက်ကိုကူတွဲကာ ဆိုင်ရှေ့မှာရပ်ထားတဲ့ အငှါးကားပေါ် ထိလိုက်တင်ပေးခဲ့တယ်။
~~~~
"ကျွန်တော်ရှင်းရှင်းပဲပြောမယ် အမေ ...ပိုးအိကို သူငယ်ချင်းအဖြစ်နဲ့တောင် မပတ်သက်ချင်ဘူး ... သူ့အကျင့်ကို ကျွန်တော် မကြိုက်ဘူး .. သူ့က မသိရင်သူနဲ့ကျွန်တော်ကပဲချစ်သူတွေဖြစ်နေတဲ့ပုံစံမျိုးသတင်းတွေ လွှင့်နေတာ...ရှေ့လျှောက် အမေ့မျက်နှာကိုထောက်ပြီး ခေါ်ပြောတာမျိုးတွေလဲ မလုပ်တော့ဘူး "
"သားရယ် ..အဲ့ဒါက ပိုးအိလေးက သားကိုချစ်လို့ပါကွယ် "
ဒေါ်ထူးထူးမော်က ပြေရာပြေကြောင်းပြောလိုက်တယ်။
"ဘာချစ်တာလဲ အမေရာ ..အချစ်ဆိုတာတစ်ဖက်သတ်ချစ်လို့မရဘူး...သူ့ဟာက သူနဲ့ကျွန်တော် ဘာမှမပတ်သက်သေးဘူး ...ဆိုင်လာပြီး ကျွန်တော့်ဝန်ထမ်းတွေကို အထက်စီးကဆက်ဆံတာ ... သူ့ပုံစံက ကျွန်တော့်ရဲ့ချစ်သူလိုလို ဘာလိုလိုပေါ့ ... အဲ့ဒီလိုပုံစံတွေကိုလဲ ကျွန်တော်အရမ်းမုန်းတာအမေသိရဲ့သားနဲ့ ...အမေ့ဘာသာ သူ့ကိုချစ်ချစ်မချစ်ချစ်ကျွန်တော်ဘာမှမပြောပါဘူး .... ဒါပေမဲ့ ကျွန်တော်နဲ့တော့ လာမနွယ်စေနဲ့နော် " "
" အင်းပါ ...အမေလဲ သူ့ကို သတိပေးလိုက်ပါ့မယ် "
သာဖြစ်သူ ဘက်ကမှန်နေတာမို့ ဒေါ်ထူးထူးမော်ဘက်က စိတ်ကို တထစ်လျှော့ချလိုက်ရတယ်။
~~~~~
"ဘုက်"
"ဟာ "
" အို ...အမယ်လေး "
ထောင့်ချိုးအကွေ့မှာ ဟန်နေထူးတစ်စုံတစ်ယောက်နဲ့ဝင်တိုက်လိုက်မိပြီး တစ်ဖက်လူမှာပစ္စည်းတွေတခြားလူတတခြားနဲ့ လဲကျသွားရတာမို့ ဟန်နေထူးအမြန်အဆန်တောင်းပန်လိုက်ရတယ်။
"ဟာ .. ဆောရီးပါဗျာ ...ဘာများဖြစ်သွားသေးလဲ ...ဟင် မပန်း သွေးချယ်လား"
တစ်ဖက်မှလဲကျသွားသူမှာ ပိုးအိရဲ့အစ်မဝမ်းကွဲတော်စပ်သူ့ ပန်းသွေးချယ်ဆိုတဲ့အမျိုးသမီးဖြစ်နေတာမို့ ဟန်နေထူးအံ့ဩသွားရတယ်။
"ဪ ..ဘယ်သူများလဲလို့ ကိုထူးပါလား ..ရတယ်...ရတယ် မချယ်ဘာမှမဖြစ်ပါဘူး ...ဒါ ..ဒါပေမေ့ ဟို..ဟိုလေဖိနပ်တော့ပြတ်သွားတယ်ကွယ် "
" ဟာ ..ဟုတ်လား ..အားနာလိုက်တာ အစ်မရယ် ...ဟိုနားမှာဆိုင်ရှိပါတယ် ....ကျွန်တော်ဝယ်ပေးပါ့မယ် "
ဟန်နေထူးက ပြုတ်ကျသွားတဲ့ ပစ္စည်းတွေကိုလိုက်ကောက် ပေးပြီး ပြောလိုက်တယ်။ပန်းသွေးချယ်ကလဲနေရာမှပြန်ထလိုက် တယ်။
"အ ..အမေ့ "
ပန်းသွေးချယ်တစ်ယောက်လဲနေရာကအထမှာ ခြေထောက်မထောက်နိုင်တာမို့ ခန္ဓာကိုယ်က ယိမ်းယိုင်သွားပြီး ဟန်နေထူးကို ဖမ်းဆွဲလိုက်တယ်။ ဟန်နေထူးလဲ အယောင်ယောင်အမှားမှားနဲ့ ပြန်ဖမ်းဆွဲလိုက်တာမို့ နှစ်ယောက်သားမှာ ပူးပူးကပ်ကပ်ဖြစ်သွားရတယ်။ ကံကောင်းတာက ဟန်နေထူးက ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားတာမို့ ပတ်ဝန်းကျင်းကလူတွေက ဟန်နေထူးမှန်းမသိတာ ကံကောင်းသွားတယ်။
"ဆော...ဆောရီးနော်မောင်လေး... မချယ်ခြေထောက်အရမ်းနာသွားလို့ပါ ..."
ပန်းသွေးချယ်က ဟန်နေထူးရဲ့လက်မောင်းတစ်ဖက်ကို မလွှတ်ပေးသေးဘဲ ခပ်တင်းတင်းဆုပ်ကိုင်ထားရင်းက ပြောလိုက်တယ်။
"ရပါတယ် အစ်မ...ဖိနပ်ဆိုင်ကိုအရင်လိုက်ပို့ပေးပါ့မယ် ..ဒါနဲ့ အစ်မ မှာကားမပါရင်...ကျွန်တော်ကားငှါးပေးလိုက်ပါ့မယ် "
ဟန်နေထူးက ဟန်မပျက်ပြန်ပြောလိုက်ပြီး သူ့လက်ကို ဆုပ်ကိုင်ကာ သူ့ကိုမှီတွဲထားတဲ့ ပန်းသွေးချယ်ကို ထိန်းတွဲရင်း ဖိနပ်ဆိုင်ဆီကိုလျှောက်သွားလိုက်တယ်။
ပန်းသွေးချယ်တစ်ယောက် ဟန်နေထူးရဲ့လက်မောင်းကို မှီတွယ်လျှောက်နေရင်းမှတစ်ချက်တစ်ချက်မှာ ဟန်နေထူးဘက်ကို သူမရဲ့ကိုယ်လုံးအိအိလေးနဲ့ မသိမသာတွန်းတိုက်လိုက်တယ်။ဖိနပ်ဆိုင်ထဲရောက်တော့လဲ ဘေးနားမှာထိုင်နေတဲ့ဟန်နေထူးကို ကြည့်ပြီး ပန်းသွေးချယ်ရင်ထဲကျေနပ်နေမိတယ်။
~~~~~~~
မြယွန်းမီတံခါးကိုခေါက်ကြည့်လိုက်တယ်။
" ဒေါက် .. ဒေါက် "
"မိုးစက် ...မိုးစက်အိပ်နေတာလား ..နေမကောင်းဘူးလား "
မြယွန်းမီရဲ့ခေါ်သံမဆုံးခင်မှာ အခန်းထဲကခြေသံနဲ့အတူ အခန်းတံခါးပွင့်လာခဲ့တယ်။အခန်းဝမှာ ဆံပင်ဖိုးရိုးဖားရား၊မို့အစ်နေတဲ့မျက်နှာနဲ့ မေမိုးစက်ကို တွေ့လိုက်ရတာမို့ မြယွန်းမီအထိတ်တလန့်နဲ့ မေးလိုက်မိတယ်။
"မိုးစက် ဘာဖြစ်တာလဲ..ဘာပြသနာဖြစ်လို့လဲ ... ဆိုင်ကိုညနေတိုင်းသွားတယ်မဟုတ်လား ..... ဆိုင်မှာ ဘာဖြစ်လာတာလဲ ...တို့အမေ က ဘာပြောလိုက်လို့လဲ "
"ယွန်း ..ယွန်းရယ်...အဟင့်..ဟင့် "
မေးလိုက်ကာမှ ရှိုက်ကြီးတငင်ငိုချလိုက်တဲ့ မေမိုးစက်ကြောင့် မြယွန်းမီရင်ထဲပူပန်သွားရတော့တယ်။
~~~~~~
သူကြုံခဲ့ရတဲ့ အဖြစ်ကို မျက်ရည်တွေနဲ့ပြောပြနေတဲ့ မေမိုးစက်ရဲ့စကားအဆုံးမှာ မြယွန်းမီ သက်ပြင်းတွေချလိုက်မိတယ်။
"မိုးစက်သိချင်တယ်ဆိုရင် ဒီအဖြစ်အပျက်တွေကို တို့အကုန်ပြောပြပါ့မယ် ... တို့အစ်ကိုပြောတာအမှန်တွေပါပဲ ...ဒါပေမဲ့ အပြည့်အစုံတော့မဟုတ်ဘူးပေါ့ ....သူကရည်စားမရခင်အချိန်ထိ သိပ်ဆိုးတဲ့လူတစ်ယောက်တော့မဟုတ်ခဲ့ပါဘူး ...အမေကအလိုလိုက်ထားလို့ အိမ်မှာဗိုလ်ကျချင်တာမျိုးတော့ ရှိခဲ့တယ် ... ဒါပေမဲ့ ပန်းသွေးချယ်ဆိုတဲ့ မိန်းမ နဲ့ တွေ့ပြီးတဲ့နောက်မှာ... အဲ့ဒီမိန်းမကိုပံ့ပုံးဖို့အတွက်... တို့ရဲ့ကျောင်းစရိတ်တောင်ချမ်းသာမပေးခဲ့ဘူး ...အဲ့ဒီမိန်းမကရှုပ်မှန်းသိလို့ တို့ကတားခဲ့တော့ တို့ကိုရန်လုပ်ခဲ့တယ်...အမေနဲ့လဲ ပြဿနာတွေ ဖြစ်တာပေါ့ ...ဒီလိုကနေ အဲ့ဒီမိန်းမသိပ်ရှုပ်မှန်းကို သူကိုယ်တိုင်သိသွားပြီး အဆက်အသွယ်ဖြတ်လိုက်တယ်...အဲ့ဒီမှာ ဟိုဘက်ကတရားစွဲတာပဲ ... နှစ်ဘက်အပြန်အလှန်တရားစွဲကြရင်း တို့ဘက်ကနိုင်သွားပါတယ်... ပန်းသွေးချယ်နဲ့ ရှုပ်ခဲ့တဲ့ကောင်တွေက ... သူတို့ကိုယ်တိုင်ရိုက်ထားတဲ့ အိပ်ရာပေါ်က ဗီဒီယိုဖိုင်တွေကို တို့ အမေကိုငွေနဲ့ရောင်းစားခဲ့ကြတယ်လေ ...အဲ့ဒီဗီဒီယိုဖိုင်တွေကြောင့် သူတို့လဲအရှက်ကွဲခဲ့ရတာပေါ့ "
မြယွန်းမီ ပြောနေတာကို နားထောင်နေရင်းမှ မေမိုးစက်မျက်ရည်တွေကို သုတ်ပစ်လိုက်ပြီး
"တို့လေ မရှက်တော့ပါဘူးယွန်းရယ် ..သူကိုမြင်လိုက်လိုက်တာနဲ့ ချစ်သွားခဲ့မိတာ ... စတွေ့တွေ့ချင်းတုန်းက ယွန်းရဲ့ချစ်သူထင်ပြီး ကြိတ်ငိုခဲ့ရသေးတယ် .. ယွန်းရဲ့ အစ်ကိုဆိုတာကို သိလိုက်ရတော့ သိပ်ပျော်သွားခဲ့တယ်...ဘာပဲဖြစ်ဖြစ် မိုးစက်ကြိုးစားကြည့်ချင်တယ် "
မေမိုးစက်ရဲ့ ဝင်းပသွားတဲ့ မျက်နှာလေးကို မြယွန်းမီကြည့်လိုက်ပြီး
"တို့အမေကိုတော့ သတိထားပါ ...သူ့သားနဲ့ ပတ်သက်ရင် စိတ်ဒဏ်ရာတွေရှိနေလို့.... မိန်းခလေးတိုင်းကို ပန်းသွေးချယ်လို့ထင်နေလို့ပါ ... ရှင်းရှင်းပြောရရင် သမီးအရင်းဖြစ်တဲ့တို့ကိုတောင် ပန်းသွေးချယ်လိုမိန်းမမျိုးလို့ထင်နေတာလေ ... တို့အမေနဲ့ မတွေ့အောင်တော့ ရှောင်နိုင်သမျှရှောင်ပါ "
"အင်းပါ .... စိတ်ချပါယွန်းရဲ့ ..မိုးစက်အခုဗိုက်ဆာနေလို့ တစ်ခုခုသွားစားလိုက်အုံးမယ် "
"တို့ဝယ်လာပါတယ် ..အတူစားမယ်လေ "
"ဟင့်အင်း ယွန်းပဲစားပါ ...မိုးစက်က ဆိုင်မှာသွားစားမလို့ "
ပြောရင်းရေချိုးဖို့ပြင်နေတဲ့ မေမိုးစက်ကိုကြည့်ပြီး မြယွန်းမီ ခေါင်းကို ဖြည်းဖြည်းလေးလေးခါယမ်းလိုက်မိတယ်။
~~~~~
စားပွဲထိုးကောင်လေး လက်ညှိုးထိုးပြတာကိုကြည့်ပြီးလင်းမြတ်ဇင် ဟူးခနဲသက်ပြင်းချလိုက်မိတယ်။မနေ့ညကပြောလိုက်လို့ မလာတော့ဘူးထင်ထားတာ။ နေ့ခင်းကြီးမှာ ထီးမပါဘာမပါနဲ့ရောက်ချလာပြန်ပြီ။
"ဘာစားမှာတဲ့လဲ .."
"ထမင်းတဲ့အစ်ကို .."
လင်းမြတ်ဇင်စိတ်ရှုပ်ရှုပ်နဲ့လှမ်းကြည့်လိုက်မိချိန်မှာပဲ သွားတွေပေါ်အောင်ပြုံးပြလာတာမို့ လင်းမြတ်ဇင်အကြည့်ကို ချက်ချင်းလွှဲပစ်လိုက်ရတယ်။
မေမိုးစက်စားပွဲခုံမှာထိုင်နေရင်း လင်းမြတ်ဇင်ရဲ့လှုပ်ရှားမှုတွေကို ငေးမောကြည့်နေမိတယ်။မီးဖိုခန်းနဲ့ကောင်တာကြားမှာ အကာအရံကတစ်ဝက်ပဲရှိလို့ မေမိုးစက်မှာ ကံကောင်းနေရတာ။ မာနကြီးလှတဲ့ ကိုရွှေမင်းသားကတော့ သူမရှိရာဆီကိုတစ်ချက်သာလှမ်းကြည့်ပြီး လှည့်ကိုမကြည့်တော့တာ။ မေမိုးစက်မှာ သူ့ကိုသာလိုက်ကြည့်နေရတယ်။ ညကမအိပ်ထားတဲ့အရှိန်ကြောင့် ခေါင်းတစ်ခုလုံးအုံခဲပြီး မူးနောက်နေတယ်။
~~~~~~~
" ဟိုတစ်ယောက်ပြန်သွားပြီလား "
လင်းမြတ်ဇင် အပြင်ကို လှမ်းမကြည့်ဘဲ အကူကောင်လေးကို မေးလိုက်မိတယ် ။
"မပြန်ဘူးအစ်ကို ရှိတယ် ...သိပ်နေမကောင်းဘူးထင်တယ် ... ခေါင်းကိုလက်နဲ့ နှိပ်နေတာတွေ့တယ်..."
ကောင်လေးပြောမှ လင်းမြတ်ဇင် သတိထားပြီးလှမ်းကြည့်လိုက်မိတော့ မျက်နှာလေးရှုံ့မဲ့နေတဲ့သူမကို သတိထားလိုက်မိတယ်။
~~~~
'' မင်းနေမကောင်းဘူးလား ..နေမကောင်းရင်ပြန်တော့လေ ..ကားငှားပေးလိုက်မယ် "
မေမိုးစက်ခေါင်းတွေမူးနောက်နေတဲ့ကြားက လင်းမြတ်ဇင်ရဲ့အသံကိုကြားလိုက်ရတော့ ခေါင်းကိုခါယမ်းပစ်လိုက်ပြီး
" ဟင့်အင်း ..ကောင်း ..ကောင်းပါတယ် ကိုလင်း ..ညကအိပ်မပျော်လို့ နည်းနည်းလေး ခေါင်းမူးနေတာ ."
"ဟာ...ဟေ့ ..ဟေ့ သတိထားအုံးလေ ..ဒုက္ခပါပဲကွာ "
#ရူးနေတဲ့ကြယ်
(အခန်းဆက်ဝတ္ထု )
အပိုင်း (၁၄ )
******
"ဒီမှာမပိုးအိ... ရှင့်မှာအချိန်တွေ အရမ်းပေါနေပေမဲ့..ကျွန်မမှာ အချိန် အဲ့လောက်မပေါဘူး...ကျွန်မမိဘကိုစောင့်ရှောက်နိုင်ဖို့ အလုပ်လုပ်ရအုံးမယ်... အချစ်က လူတစ်ယောက်အတွက် အရေးပါတယ်ဆိုပေမဲ့ .. ကိုယ့်ချစ်သူရဲ့စာရိတ္တဖောက်ပြားမှုအတွက် တစ်ခြားတစ်ယောက်နဲ့ ရန်ဖြစ်ပြီး လုယူနေရမဲ့အလုပ်မျိုးကိုသိက္ခာကျခံပြီး ကျွန်မ မလုပ်ဘူး... ကိုယ့်အဆင့်အနေအထားနဲ့ လွတ်လွတ်လပ်လပ်ယောကျာ်းကို ရှာလို့ရတယ်... ကိုယ်ကဆိုရှယ်မီဒီယာပေါ်မှာ လူသိများတယ်ဆိုတိုင်း တစ်ခြားသူအကြောင်းကို ဖွဖို့မစဉ်းစားနဲ့ ..လိုတာထက်ပိုနေရင်း ဥပဒေကမနေဘူးဆိုတာသိထားပါ ... ပြီးတော့လေ ချစ်သူဆိုတာသူချစ်ကိုယ်ချစ်နှစ်ယောက်လုံးချစ်နေကြတာကိုမှ ချစ်သူလို့ခေါ်တာပါ .... နောက်နောင် ကျွန်မကိုဘာကိစ္စနဲ့မှ လာမပတ်သက်ပါနဲ့ ..ပြန်ခွင့်ပြုပါအုံး "
ပြောပြီးတာနဲ့ မြယွန်းမီ ထပြန်လာခဲ့လိုက်တယ်။ပိတ်ရက်လေးမှာတောင် အေးအေးဆေးဆေး အပြင်ထွက်ခွင့်မရတဲ့အဖြစ်ကို စိတ်ပျက်မိသလို ဟန်နေထူးကိုလဲ စိတ်တိုသလိုဖြစ်သွားမိတာမို့ ဖုန်းခေါ်ပစ်လိုက်တယ်။
~~~~~
ဦးထုပ်ကြီးကိုဆောင်းပြီး နေကာမျက်မှန်အမည်းကြီးတပ်ပြီး ရောက်လာတဲ့ဟန်နေထူးကို ကြည့်ပြီး မြယွန်မီ ပိုပြီးစိတ်ရှုပ်သွားရတယ်။ သူဒီလိုလုပ်လာကာမှ လူပိုကြည့်ပြီးမှတ်မိလွယ်တာကိုလဲသိပုံမရ။ဆိုင်ထဲကို ဝင်ဖို့ ဟန်ပြင်နေတဲ့ သူ့ကို မြယွန်းမီဆောင့်ဆွဲပစ်လိုက်ပြီး
" ရှင်ဒီလိုလုပ်လာမှ ပိုသိသာတာသိရဲ့လား ..တော်ပြီ ကားပေါ်မှာပဲပြောတော့မယ်... လမ်းရှင်းတဲ့နေရာမှာပဲကားလျှောက်မောင်းတော့ "
မျက်နှာကိုကြည့်ကာ မျက်စောင်းထိုးပြီး ပြောသွားတဲ့ မြယွန်းမီရဲ့နောက်ကို ခပ်လှမ်းလှမ်းကနေ ဟန်နေထူးလိုက်လာခဲ့ရင်း ပြုံးလိုက်မိတယ်။အရင်ကဆို အပြင်ထွက်တဲ့အခါတိုင်း လာနှုတ်ဆက်တဲ့သူ.မရှိရင် စိတ်ညစ်တတ်တဲ့ကောင်က အခုတော့ တစ်ယောက်ယောက်လာနှုတ်ဆက်မှာကို စိုးရိမ်ပူပန်နေရတဲ့အဖြစ်။အလုပ်ကို ချက်ချင်းစွန့်လွှတ်ဖို့ မဖြစ်နိုင်သေးပေမဲ့ လက်ခံထားတဲ့ ကြော်ငြာတွေရိုက်ကူးပြီးရင်တော့ ဆယ်လီဆိုတဲ့ ဘ၀ကနေရုန်းထွက်ဖို့ ဆုံးဖြတ်လိုက်ရခြင်းက သူမလေးကိုချစ်တဲ့စိတ်တစ်ခုတည်းကြောင့်သာဖြစ်တယ်။ သူမနှုတ်ကနေဖွင့်ပြောခြင်းမရှိပေမဲ့ ကိုယ့်နားကိုလူတွေဝိုင်းအုံလာရင် မျက်လုံးစိမ်းကြီးတွေနဲ့ လှမ်းကြည့်တတ်တာကို သတိထားမိချိန်ကစလို့ ကိုယ့်ဘက်က အလိုလိုကိုဆင်ခြင်လာမိတာလဲ အံ့ဩစရာတော့ကောင်းလှတယ်။
~~~~
" ခုနပဲ ပိုးအိဆိုတဲ့တစ်ယောက်နဲ့တွေ့ခဲ့သေးတယ်... ဈေးလေးထွက်ဝယ်တာကို ဘယ်လိုသိပြီး လိုက်လာလဲမသိဘူး ... ကျွန်မအဲ့ဒါမျိုးတွေမဖြေရှင်းချင်ဘူး...ပြီးတော့လိုင်းပေါ်မှာ သတင်းထက် ပျံ့ကြည့်ပါလား ...အမေကအရင်လို ငြိမ်နေမှာမဟုတ်ဘူး ..."
"ပိုးအိက ယွန်းကိုလာတွေ့တယ်ဟုတ်လား ..သူဘာတွေပြောသွားသေးလဲ ...ကိုယ်တောင်းပန်ပါတယ်ကွာ .. ကိုယ်နဲ့ သူကခင်ခင်မင်မင်မင်နေကြသူတွေတောင် မဟုတ်ပါဘူး ...ဒီကိစ္စက ကိုယ့်သိက္ခာကိုလဲထိခိုက်လို့ အမြန်ဆုံးဖြေရှင်းမှဖြစ်မယ် "
ဟန်နေထူးတောင်းပန်နေတာကိုကြည့်ပြီး မြယွန်းမီလေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်မိတယ်။
"ရှင့်ကို အဖြေတောင်မပေးရသေးဘူး ...ဒီလိုတွေကြုံနေရတော့ စိတ်ညစ်တယ် ....ကျွန်မလေဘ၀ကို အေးအေးချမ်းချမ်းပဲနေချင်တာ .. ဒီလိုကိစ္စတွေကို မဖြေရှင်းချင်ဘူး "
" ကိုယ်တောင်းပန်ပါတယ်ကွာ....နောက်မဖြစ်စေရပါဘူး ...."
မျက်နှာငယ်လေးနဲ့ တောင်းပန်နေတဲ့ ဟန်နေထူးကိုကြည့်ပြီး မြယွန်းမီကားကူရှင်ကို မှီချလိုက်မိပြီး စကားလမ်းကြောင်းကိုလွှဲပစ်လိုက်တယ်။
" ဆိုင်မှာကြော်ငြာရိုက်တာရော အဆင်ပြေလား ...အမေကရှင့်ကို ဘာပြောသေးလဲ "
"ပြေပါတယ် ....အန်တီနဲ့က ခဏပဲ ဆုံလိုက်ရတာပါ ... ဘာမှတော့ မပြောဘူး..."
"ဘာမှမပြောတော့ တော်သေးတာပေါ့ ... ရှင်ဘယ်သွားစရာရှိသေးလဲ .. ကျွန်မပြန်တော့မယ် ကားမှတ်တိုင်မှာပဲချပေးခဲ့ပါ "
" ဟာ..မဟုတ်တာ ..အဆောင်နားထိလိုက်ပို့ပေးမယ် ... အထုပ်တွေ နဲ့ လိုင်းကားစီးလို့ အဆင်မပြေပါဘူး "
ဟန်နေးထူးပြောလိုက်တော့ မြယွန်းမီက မငြင်းဘဲခေါင်းငြိမ့်ပြလိုက်တယ်။ဟန်နေထူးမှာ ရှေ့ဆက်ရမဲ့စကားတစ်ခွန်းအတွက် မဝံ့မရဲဖြစ်နေပြီးမှ အရဲစွန့်ကာ ပြောလိုက်မိတယ်။
"ယွန်း ကိုယ့်ကိုအဖြေမပေးသေးဘူးလားဟင် "
ဟန်နေထူးရဲ့ခပ်တိုးတိုးအသံကြောင့် မြယွန်းမီဖျတ်ခနဲမော့ကြည့်လိုက်ပြီး
"ရှင့်ကိုစောင့်ကြည့်အုံးမယ်လို့ ပြောထားတယ်လေ .....ပြီးတော့ ပိုးအိလိုဇာတ်လမ်းမျိုးတွေလဲ နောက်ထပ်မကြားချင်ဘူး .."
ပြင်းထန်လှတဲ့ ရာဇသံကြောင့် ဟန်နေထူးခေါင်းငြိမ့်ပြပြီး နှုတ်ပိတ်ကာ ကားကိုမောင်းခဲ့ရတယ်။
~~~~~~
တနင်္ဂနွေပိတ်ရက်ဆိုပေမဲ့ အဆောင်တစ်ခုလုံးမှာ လူမရှိဘဲတိတ်ဆိတ်နေတယ်။ကိုယ့်သော့နဲ့ ကိုယ်မို့ တိုက်တံခါးကိုဖွင့်ပြီးဝင်ခဲ့လိုက်တယ်။ဈေးဝယ်လာတဲ့ အထုပ်ကို မီးဖိုခန်းထဲမှာသွားထားလိုက်ပြီး မေမိုးစက်ရဲ့အခန်းကို ကြည့်လိုက်မိတယ်။အခန်းက အပြင်ကသော့ခတ်မထားတာမို့ မေမိုးစက်တစ်ယောက် အခန်းထဲမှာရှိပုံရတယ်။သို့ပေမဲ့ အခန်းက လူမရှိသလို တိတ်ဆိတ်နေတာမို့
လင်းမြတ်ဇင်ရင်မောလာမိတယ်။မိခင်ဖြစ်သူက ဆိုင်ဖွင့်ပွဲပြီးကတည်းက ဆိုင်ကိုသိပ်လာလေ့ မရှိတော့တာမို့ မဆုံဖြစ်ကြသေးပေမဲ့ တစ်နေ့နေ့ဆုံသွားခဲ့မှာကို စိတ်ထဲပူနေမိတယ်။
မေမိုးစက်ခေါက်ဆွဲကြော်တစ်ပွဲကို အချိန်ဆွဲစားရင်း မျက်ရည်တွေပါကျလာမိတယ်။မိန်းမတန်မဲ့ မိန်းမနောက်ပိုးဖြစ်ရတဲ့ ဘ၀ကတွေးကြည့်ရင်ရှက်ဖို့ကောင်းလှပါတယ်။လင်းမြတ်ဇင်ဆိုတဲ့လူက မေမိုးစက်တစ်ယောက်တည်း ပထမဆုံးရောက်လာတဲ့နေ့ကပဲ နှုတ်ဆက်စကားပြောခဲ့ပြီး နောက်ရက်တွေမှာ အဖက်ပင်မလုပ်တော့ ။မောင်နှမနှစ်ယောက်လုံးအေးစက်စိမ်းကားကြတဲ့နေရာမှာတော့ တစ်ပုံစံတည်းပင်။ တကယ်ဆိုရင်မေမိုးစက်ကို မိန်းခလေးတစ်ယောက်အဖြစ် အသိအမှတ်မပြုရင်တောင်ဖောက်သည်တစ်ယောက်အဖြစ်တော့ ပျူပျူငှာငှာ ဆက်ဆံသင့်တယ်မဟုတ်လား။ဆိုရှယ်မီဒီယာခေတ်ကြီးမှာ အွန်လိုင်းကိုလုံးဝမသုံးကြတဲ့ ဒီမောင်နှမကို ဘယ်လိုနားလည်ပေးပြီး ဘယ်လိုချဉ်းကပ်ရမလဲမသိတော့ ။ဖုန်းနံပတ်လေးရထားလို့ ဆက်ပြန်တော့လဲ စကားသုံးခွန်းမပြည့်ခင် ဖုန်းချပစ်တတ်သူ။ဆိုင်အထိရောက်လာပြန်တော့လဲ အသိအမှတ်ပင်ပြုဖော်မရ။နောက်ဆုံးတော့ ချစ်မိတဲ့မေမိုးစက်မှာသာ အရှက်လဲရ၊ အသည်းလဲကွဲရမလိုပင်။ မေမိုးစက်ပိုက်ဆံအိတ်လေးကိုဖွင့်ပြီး ငွေရှင်းဖို့လှမ်းခေါ်လိုက်တယ်။ ဒီအခါ ငွေရှင်းဖို့အတွက် စားပွဲထိုးလေးမလာဘဲ လင်းမြတ်ဇင်ကိုယ်တိုင်ထလာတာကို မြင်လိုက်ရတော့ မေမိုးစက်ရင်တွေ ဝုန်းဒိုင်းကြဲခုန်လှုပ်သွားရတယ်။သူ့လက်ထဲမှာ ဖျော်ရည်တစ်ခွက် ကိုကိုင်လာပြီး လျှောက်လာပုံက အိမ်မက်ထဲက နတ်သားလေးတစ်ပါးလမ်းလျှောက်လာသလိုပါပင်။အနားကိုရောက်တဲ့အခါ လင်းမြတ်ဇင်က သူ့လက်ထဲက ဖျော် ရည်ခွက်ကို မေမိုးစက်ရှေ့ကိုချပေးလိုက်ပြီး ခပ်တိုးတိုးစကားပြောလိုက်တယ်။
"မပြန်နဲ့အုံး ..ခဏလေးစောင့်ပေးပါလား .... အစ်ကိုလိုက်ပြန်ပို့ပေးမယ် "
"ရှင် .. ဟုတ်.... ဟုတ်ကဲ့ "
မယုံနိုင်စရာ စကားကို ကြားလို့ရတာမို့ မေမိုးစက်အပျော်လွန်ကာ အသက်ရှပင်ရပ်မလိုဖြစ်သွားရတယ်။လင်းမြတ်ဇင်ကတော့ ပြောပြီးတာနဲ့ ကောင်တာနောက်ထဲပြန်ဝင်သွားခဲ့တယ်။
~~~~
"ဆိုင်ကပြန်ရင် ..လိုင်းကားစီးပြီး ပြန်တာလား "
နှစ်ယောက်သားယှဉ်လျှောက်လာရင်းမှ လင်းမြတ်ဇင် ခပ်တိုးတိုးမေးလိုက်တယ်။
" လိုင်းကားစီးတဲ့အခါလဲစီးတယ် .. ကားငှားစီးတဲ့ အခါလဲစီးတယ် ..(7 ) နာရီကျော်ဆိုတော့ လိုင်းကားတွေ ရှိပါသေးတယ် "
မေမိုးစက် မရဲတရဲဖြေလိုက်ရင်း လင်းမြတ်ဇင်ရဲ့မျက်နှာကို ခိုးကြည့်လိုက်မိတယ်။
"မင်းအသက်ဘယ်လောက်ရှိပြီလဲ .. ယွန်းနဲ့တူတူပဲလား "
" ဟုတ် ..ယွန်းထက် (၆)လကြီးပါတယ် "
"ဟုတ်လား ... အစ်ကို့အသက်က (၂၇) ပြည့်ပြီးပါပြီ ... အစ်ကို့အကြောင်းကို ညီမလေးကပြောဖူးလားတော့ မသိဘူး ... အစ်ကိုအသက်(၂၁)နှစ်အရွယ်မှာ ကာမလိမ်လည်မှုနဲ့တရားစွဲခံခဲ့ရဖူးတယ် ... ရည်းစားဟောင်းကတရားစွဲခဲ့တာပေါ့ "
"ရှင် "
မေမိုးစက်မျက်လုံးအပြူးသားနဲ့ လင်းမြတ်ဇင်ကိုမော့ကြည့်လိုက်မိတယ်။
"အဲ့ဒီအမှုကြောင့် အဖေထားခဲ့တဲ့ အိမ်နဲ့ ခြံလဲကုန်ခဲ့တယ်လေ... အစ်ကိုငယ်ငယ်တုန်းကအရမ်းဆိုးခဲ့တာ...ညီမလေးယွန်းကိုလဲ အမြဲအနိုင်ကျင့်ပြီး ထိုးကြိတ်ရိုက်နှက်ခဲ့တယ် .. အဲ့ဒါကြောင့်လဲညီမလေးက အစ်ကို့ကိုစိတ်နာနေတာပေါ့ ..."
မေမိုးစက် ဘာတစ်ခွန်းမှပြန်မပြောမိဘဲ လင်းမြတ်ဇင်ပြောသမျှကို နားထောင်နေမိတယ်။
"အစ်ကို့အကြောင်းတွေ အကုန်သိချင်ရင် ညီမလေးကိုမေးကြည့်ပါ ...ကိုယ်လိုကောင်နဲ့ ပတ်သက်ရင် ရှက်ဖို့ကောင်းပါတယ် ..နောက်ရက်တွေဆိုင်ကို မလာနဲ့တော့နော်...အခုကားငှါးပေးလိုက်ပါ့မယ် "
မေမိုးစက် ဘာပြန်ပြောရမှန်းမသိအောင်ဆွံအသွားမိတယ်။တည်ကြည်တဲ့ပုံစံသွင်ပြင်နဲ့ သူ့အမူအရာက သူမကိုအထင်သေးခြင်းမရှိဘဲသူ့ကိုယ်သူသာ လူယုတ်မာတစ်ယောက်အဖြစ် ပုံဖော်ပြီးဇာတ်လမ်းကိုရပ်တန့်ပစ်လိုက်ဖို့ကြိုးစားပုံက တကယ်သေသပ်လှပပါပေတယ်။
" ဟို ... ဟို ..တစ်ခုလောက်မေးလို့ရမလား..."
မေမိုးစက် မဝံ့မရဲနဲ့မေးလိုက်တာမို့ လင်းမြတ်ဇင်လှမ်းလက်စခြေလှမ်းကိုရပ်ပြီး မေမိုးစက်ကိုကြည့်လိုက်တယ်။
" ရည်းစားဟောင်းကို သတိရနေသေးလားဟင် "
မေမိုးစက်ရဲ့ အမေးအဆုံးမှာ လင်းမြတ်ဇင်အကြည့်စူးစူး တစ်ချက်နဲ့ မေမိုးစက်ကို စိုက်ကြည့်လိုက်ပြီး
'' ရန်ကုန်မြို့ကိုခြေချလိုက်တာက အမေနဲ့ ညီမလေးပေါ်မှာတင်နေတဲ့ မိုက်ပြစ်အကြွေးတွေကိုဆပ်ဖို့ပါ ... ကျန်တာတွေ ဦးနှောက်ထဲမှာ မရှိပါဘူး ..."
ကားငှါးပေးခဲ့ပြီး လှည့်ထွက်သွားခဲ့တဲ့ လင်းမြတ်ဇင်ကို မေမိုးစက်ကားနောက်ခန်းကနေ လည်ပြန်ငေးကြည့်နေမိတယ်။မေမိုးစက်ရဲ့ရင်ထဲမှာဟာပြီးနာကျင်နေမိကာ ပါးပြင်ပေါ်ကိုမျက်ရည်တွေစီးကျလာမိတယ်။
~~~~~~
"မင်းကိုလူလို ပြောနေတာနော် မြယွန်းမီ ... ကိုထူးနဲ့ အနေအထိုင် ဆင်ခြင်ပါ ... မင်းလုပ်ငန်းထဲမှာပါ လုပ်စားလို့မရအောင်အရှက်ခွဲမခံချင်ရင် ကိုထူးနဲ့မပတ်သက်နဲ့ပါနဲ့ "
လူနောက်ကိုအတင်းလိုက်လာပြီး သိက္ခာချတဲ့စကားတွေ လာပြောနေတဲ့ ပိုးအိဆိုတဲ့ အမျိုးသမီးကို မြယွန်းမီစိတ်ပျက်စွာ ကြည့်လိုက်မိတယ်။
@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း (၁၄ ) ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
" ကျေးဇူးတင်ပါတယ် ငါ့ညီ...ဒါပေမဲ့ အစ်ကိုတို့မျက်နှာတွေတော့မပါစေချင်ဘူး...ဆိုင်ကိုပဲ သီးသန့်ကြော်ငြာပေးမယ်ဆိုရင် လက်ခံပါတယ်...ကြော်ငြာအတွက် ဝန်ဆောင်ခကိုလဲပြောပါ "
"မဟုတ်တာ မလိုပါဘူးအစ်ကိုရာ ... ကျွန်တော်တို့ကို ဧည့်ခံကျွေးမွေးတဲ့အတွက် မေတ္တာလက်ဆောင်ပါ ...ရိုက်ကူးရေးကိုတော့နောက်ရက်မှာလာရိုက်ချင်ပါတယ် ..အစ်ကိုတို့ အဆင်ပြေတဲ့အချိန်လာခဲ့ပါ့မယ် "
" ကျေးဇူးတင်ပါတယ် ငါ့ညီ ...အစ်ကို့ကိုဖုန်းနံပတ်ပေးခဲ့လေ "
ဟန်နေထူးနဲ့လင်းမြတ်ဇင်တို့ စကားပြောနေကြချိန်မှာ ဆိုင်ထဲကတခြားဧည့်သည်တွေက သူတို့နှစ်ယောက်ကို အကဲခတ်ကြည့်နေကြသလို ဒေါ်မြစန္ဒာလဲဟန်နေထူးကို မသိမသာအကဲခတ်နေခဲ့တယ်။
မြယွန်းမီထမင်းကိုသာ ငုံ့စားနေပေမဲ့ မိခင်ဖြစ်သူကို မသိမသာ ကြည့်နေမိတယ်။မိခင်ရဲ့ အကြည့်တွေက မြယွန်းမီတို့ဆိုင်ထဲစ၀င်လာကတည်းက ဟန်နေထူးကိုအကဲခတ်ကြည့်နေတာကို သတိထားမိလိုက်တယ်။မှတ်မိလို့ ကြည့်တာလားဘာလားသေချာမသိပေမဲ့ မှတ်မိသွားရင်ဖြင့် တစ်ခုခုထပြောလိုက်မှာကိုရင်ထဲစိုးထိတ်နေမိတယ်။သူမအနေနဲ့ အစတုန်းကလိုက်လာခဲ့ဖို့ရည်ရွယ်ချက်မရှိပေမဲ့ မေမိုးစက်အတွက်လိုက်လာပေးခဲ့ခြင်းဖြစ်တယ်။မေမိုးစက်တို့ပဲ လွှတ်လိုက်ရင်ဖြင့် သားဖြစ်သူနဲ့ ပတ်သက်ရင် အစိုးရိမ်လွန်နေတဲ့မိခင်က ထင်ရာတွေးနေမှာစိုးလို့ လိုက်လာခဲ့ရခြင်းသာဖြစ်တယ်။ အခုတော့ မိခင်ဖြစ်သူရဲ့စိတ်ဝင်စားက ဟန်နေထူးဆီကိုရောက်နေတော့ ရင်ထဲစိုးထိတ်နေရပြန်တယ်။
မေမိုးစက်ထမင်းစားနေရင်းကနေ လင်းမြတ်ဇင်ကိုမသိမသာ ခိုးကြည့်နေမိတယ်။ စားဖိုမှုဝတ်စုံလေးနဲ့ရှင်းသန့်ကြည့်ကောင်းနေတဲ့သူက အနောက်ဖက်ချက်ပြုတ်တဲ့ အခန်းထဲဝင်သွားလိုက်ပြန်ထွက်လာလိုက်နဲ့ အလုပ်များနေပြီးမေမိုးစက်တို့ကို တစ်ချက်တစ်ချက်တော့ လှမ်းကြည့်ပြီးပြုံးပြရှာတယ်။သူပြုံးပြတဲ့အချိန်ကို မေမိုး စက်ကလဲ အမိအရပြန်ပြုံးပြလိုက်ရင် မသိမသာခေါင်းလေးငုံ့သွား တာကို သတိထားလိုက်မိတယ်။မောင်နှမနှစ်ယောက်လုံးက တူတော့လဲတူကြသား တစ်ယောက်ကအေးတိအေးစက်ဖြစ်ပြီး၊ တစ်ယောက်ကလဲထူးမခြားနားပုံစံမျိုးနဲ့လေ။မိခင်ဖြစ်သူ ဒေါ်မြစန္ဒာကိုကြည့်ရတာတော့ အကြည့်တွေက စူးရှပြီး ထက်မြက်မဲ့ပုံစံမှန်း မေမိုးစက်အကဲခတ်လိုက်မိတယ်။ မေမိုးစက်သက်ပြင်းမောကို မသိမသာချလိုက်မိတယ်။
စားပြီးသောက်ပြီးလို့ အားလုံးပြန်ကြတော့မဲ့ အချိန်မှာ ဒေါ်မြစန္ဒာက သမီးဖြစ်သူကို လက်ဆွဲပြီး လူရှင်းတဲ့နေရာကို ခေါ်သွားလိုက်တယ်။
~~~~~
"မိယွန်း ...ဟိုဟန်နေထူးဆိုတဲ့ကောင်လေးက နင်နဲ့ သတင်းထွက်တဲ့ ကောင်လေးမဟုတ်လား...ဘယ်လိုဖြစ်ပြီး အတူတူရှိနေရတာလဲ "
မိခင်ရဲ့အမေးကြောင့် မြယွန်းမီခေါင်းကို ငြိမ့်ပြလိုက်ပြီး
" ဟုတ်ပါတယ် ... အခုသူ့ဆိုင်ကို သမီးတို့ပြင်ဆင်ပေးနေရတာပါ "
" ဒါဆို ... ဒီကိစ္စပဲဆိုတာသေချာတယ်နော် ..ညည်း သူ့ကိုတစ်ဖက်သတ်ကြိုက်နေတာဘာညာတော့ မဟုတ်ပါဘူးနော် "
" မဟုတ်ပါဘူး ..မကြိုက်ပါဘူး ..ဒါပဲမေးမှာမဟုတ်လား ..သမီးတို့အလုပ်ပြန်ဝင်ရအုံးမယ် ..သွားတော့မယ် "
" အင်း ..အင်း ...အမေနဲ့ အစ်ကိုကို အရှက်ရအောင်တော့မလုပ်နဲ့နော်မိယွန်း...ညည်းသာတစ်ခုခုဆိုရင် ငါသေလိမ့်မယ် ... ဘာသတင်းမှလဲ မကြားချင်ဘူးနော် "
မိခင်ရဲ့ အမှာစကားတွေကို နားထောင်ပြီး မြယွန်းမီလေးပင်တဲ့ ခြေလှမ်တွေနဲ့ ထွက်လာခဲ့မိတယ်။
~~~~
အပြန်လမ်းမှာ အသွားတုန်းကထက် ပိုပြီးတိတ်ဆိတ်အေးစက်နေတဲ့မြယွန်းမီးရဲ့မျက်နှာကို ဟန်နေထူး မသိမသာခိုးကြည့်နေမိတယ်။သူ့မှာတော့ မျက်နှာလုပ်ချင်လွန်းလို့ ကြော်ငြာရိုက်ဖို့တွေဘာတွေပြောခဲ့ပြီးပြီ။ ရှေ့ဆက်ဘာတွေဖြစ်မယ်မသိပေမဲ့ သူမရဲ့ မိသားစုနဲ့ အဆင်ပြေအောင်နေဖို့ ကို ဆုံးဖြတ်ထားမိတယ်။
~~~~~~
"သတင်းထဲက အတိုင်းဆိုရင် မတော်တဆ ဖြစ်ကြတာပဲအမေ ... အကြောင်းမသိဘဲ လူတွေ ပေါက်ကရတွေရေးလို့ သတင်းပျံ့ကုန်တာပါ ..ဒါနဲ့ အမေက ဘာကို စိုးရိမ်လို့လဲ ....ကြော်ငြာရိုက်ဖို့ကိစ္စကို ငြင်းလိုက်ရမှာလား အမေ "
လင်းမြတ်ဇင် မိခင်ကိုပြန်မေးလိုက်တယ်။
"ဟင့်အင်း မငြင်းနဲ့ ...သားအဲ့ဒီကောင်လေးနဲ့ ခင်မင်အောင် ပေါင်းပြီး... အခြေအနေကို အကဲခတ်ရမယ်...ကောင်လေးကြည့်ရတာ ချောလဲချော ..နာမည်လဲကြီးတော့ ရှုပ်မှာသေချာတယ် ... မင်းညီမကိုအမေတို့ စောင့်ကြည့်မှရတော့မယ်...အမေ တော့ မင်းညီမကို အိမ်ထောင်ချပေးမလားလို့ ... မင်းတို့ကြီးတော်တွေကိုပဲ နယ်ဘက်ကနေရိုးရိုးအေးအေးတစ်ယောက်လောက် ရှာခိုင်းရမယ် ..."
မိခင်ရဲ့စကားကြောင့် လင်းမြတ်ဇင်မျက်လုံးပြူးသွားရပြီး
" ဖြစ်ပါ့မလားအမေရယ်.....ညီမလေးကို သူချစ်တဲ့သူနဲ့ပဲ စီစဉ်ပေးလိုက်ပါလား ...ညီမလေးကို လဲအရင် မေးပါအုံး "
"အင်း ..မေးတော့မေးမှာပါ...ဒါပေမဲ့ ငါ့သားလဲသိတဲ့အတိုင်းပဲ.. လောကကြီးမှာ လူလည်တွေချည်းပဲလေ ... သားလဲချစ်သူရရင်... အမေ့ကိုအရင်တိုင်ပင်ပါနော် ...သားကိုအမေယုံကြည်ပါရစေ ''
"ဟုတ် ..ဟုတ်ကဲ့ပါအမေ ''
လင်းမြတ်ဇင် မိခင်ကျေနပ်အောင် ခေါင်းငြိမ့်ပြလိုက်မိတယ်။ သူနဲ့ပတ်သက်ပြီး မိခင်ရဲ့ရင်ထဲမှာ ပူပန်သောကတွေ ရှိနေဆဲပဲဆိုတာကို သိလိုက်ရတာမို့ စိတ်မကောင်းလဲဖြစ်သွားမိတယ်။
#ရူးနေတဲ့ကြယ်
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၃)
*****
အဆောင်ထဲမှာနှစ်ယောက်တည်းကျန်ခဲ့တာမို့ လွတ်လွတ်လပ်လပ်ပြောဆိုလိုက်ကြပြီး နှစ်ယောက်လုံး အံ့ဩဆွံ့အကာငြိမ်သက်သွားမိကြတယ်။ဦးစွာမေမိုးစက်သတိဝင်လာခဲ့ပြီး သူမအခန်းရှိရာကိုပြေးသွားလိုက်တယ်။ မြယွန်းမီမှာ မီးဖိုခန်းထဲမှာ ငူငူငေါင်ငေါင်နဲ့ ကျန်နေခဲ့မိပြီး မေမိုးစက်ကို ပြောလိုက်ခြင်းအတွက် နောင်တတွေရနေမိတယ်။
~~~~
"ဒေါက် ..ဒေါက် "
မြယွန်းမီအခန်းတံခါးကိုခေါက်လိုက်တော့ မေမိုးစက်ရဲ့ အခန်းတံခါးက ခပ်ဟဟပွင့်လာခဲ့ပြီး မျက်ရည်တွေရွှဲနေတဲ့မျက်နှာနဲ့ မေမိုးစက်ကို မြယွန်းမီတွေ့လိုက်ရတယ်။ မြယွန်းမီသက်ပြင်းသဲ့သဲ့ ကိုချလိုက်ပြီး တောင်းပန်စကားပြောလိုက်တယ်။
"တို့ပြောတာလွန်သွားတယ် ...တောင်းပန်ပါတယ်နော်မိုးစက် ... ပြီးတော့ မိုးစက်ရင်ထဲက ခံစားချက်ကို အထင်လဲမသေးသလိုအပြစ်လဲမပြောပါဘူး...တို့အစ်ကိုနဲ့တို့က အဆင်မပြေတာသိတယ်မဟုတ်လား ... သူနဲ့ ပတ်သက်ပြီးတို့ ဘာမှမသိချင်ဘူး "
ပြောပြီးတာနဲ့ မြယွန်းမီ ကျောခိုင်းထွက်ခဲ့လိုက်တယ်။သယ်သူ့အချစ်ရေးကိုမှ သူမဝင်ရောက်ပြောဆိုခြင်းမပြုလိုတော့ပါ။ ဒီလိုကိစ္စက တခြားသူကနားချလို့ရတဲ့ကိစ္စမျိုးမဟုတ်ဘဲ ကိုယ်တိုင်ဒုက္ခကြုံမှသိမဲ့ကိစ္စမျိုး မဟုတ်ပါလား။
~~~~~~~
အလုပ်ကကောင်မလေးကို အဖော်ခေါ်ပြီး ဆိုင်ဖွင့်ပွဲဆီကိုသွားဖို့လုပ်ထားတာမို့ မေမိုးစက်အလှအပလေး နည်းနည်းပြင်လိုက်တယ်။
"ဘယ်အချိန်သွားမှာလဲ "
မေးသံကြောင့် မေမိုးစက် လှည့်ကြည့်လိုက်တော့ မြယွန်းမီ ကို တွေ့လိုက်ရတာမို့ အံ့ဩရင်တုန်သွားရတယ်။
"ဟို ...ဟို .. ခဏနေရင်သွားမလို့ပါ "
"ပြင်ပြီးရင်ထွက်လာခဲ့လေ... စောင့်နေမယ် "
မြယွန်းမီရဲ့စကားကြောင့် မေမိုးစက် ထခုန်မိမတတ်ဝမ်းသာသွားမိကာ အမြန်ဆုံးပြင်ဆင်လိုက်တယ်။
~~~~~~
နောက်ကြည့်မှန်ထဲကတဆင့်မြင်နေရတဲ့ စူပုတ်ပုတ်မျက်နှာလေးကို ဟန်နေထူးမသိမသာနဲ့ လှမ်းခိုးကြည့်လိုက်တယ်။ သူလိုနာမည်ကြီးတစ်ယောက်က မဖိတ်တဲ့ပွဲကိုလိုက်လာမိတာက ဒီတစ်ကြိမ်ပထမဆုံးပွဲလို့ပဲပြောရမလား။ သူတို့အုပ်စုတွေ ပြင်ဆင်ပြီးထွက်လာတော့မှ လိုက်ပို့မယ်ဆိုပြီးကားနဲ့ ဇွတ်တင်ခေါ်လာခဲ့လိုက်တာ။ အားလုံးက ကျေကျေနပ်နပ်နဲ့ သူ့ကားပေါ် ကိုတက်လာခဲ့ကြတော့ သူမလဲစူပုတ်ပုတ်မျက်နှာနဲ့ပါလာရတာပေါ့။မျက်နှာကြည့်ရတာတော့ သိပ်ကြည်ပုံမရ။ ကားပေါ်ရောက်ကတည်းကစာအုပ်ဖတ်ပြီး ငြိမ်ငြိမ်သက်သက်နဲ့လိုက်ပါလာခဲ့တယ်။
ဖိတ်စာကတ်ထဲကလိပ်စာ ရှေ့ကိုရောက်တဲ့အခါ သပ်ရပ်သန့်ရှင်းတဲ့ "အမေ့အိမ် '' ဆိုတဲ့ဆိုင်လေးကို သူတို့အားလုံးတွေ့လိုက်ရတယ်။ဆိုင်ရှေ့ရောက်တော့ ဟန်နေထူးကားပေါ်ကနေ သွက်လက်စွာဆင်းလိုက်ပြီးနောက်ကလူတွေလဲ လိုက်ဆင်းကြပေမဲ့ မြယွန်းမီတစ်ယောက်သာနောက်ဆုံးမှာ ကျန်ခဲ့တယ်။
~~~~~
ဆိုင်ထဲဝင်လာတဲ့ လေးငါးယောက်အုပ်စုကိုကြည့်ပြီး လင်း မြတ်ဇင်ဖြုန်းခနဲတော့ ကြောင်အနေမိတယ်။နောက်မှ မေမိုးစက် ဆိုတဲ့ မိန်းခလေးကို မှတ်မိသွားပြီး စိတ်ထဲထိတ်ခနဲဖြစ်သွားမိတယ်။သူတို့အုပ်စုတွေရဲ့ နောက်ဆုံးမှာ မှုန်ကုပ်ကုပ်မျက်နှာလေးနဲ့လိုက်လာတဲ့ ညီမဖြစ်သူကိုမြင်လိုက်ရတော့ စိတ်ထဲလှိုက်ခနဲ ပျော်သွားရပြီး မိခင်ကိုလှမ်းကြည့်လိုက်မိတယ်။မိခင်ဖြစ်သူဒေါ်မြစန္ဒာကလဲ မျက်စိလျင်သူမို့သမီးဖြစ်သူကိုပါမြင်လိုက်ပြီး ဧည့်သည်တွေကို ကြိုဆိုလိုက်တယ်။
"လာကြပါကွယ် ...ထိုင်ကြပါ ...သမီးနဲ့အလုပ်တူလုပ်ကြတဲ့ သူငယ်ချင်းတွေထင်တယ်...အန်တီက မြယွန်းမီရဲ့အမေဒေါ်မြစန္ဒာပါ ... သူကတော့ဒီဆိုင်ရဲ့စာဖိုးမှူးလင်းမြတ်ဇင်တဲ့ ...မြယွန်းမီရဲ့အစ်ကိုပေါ့...ကလေးတို့ အားမနာနဲ့ စားကြနော် "
ဒေါ်မြစန္ဒာက ဧည့်ဝတ်ပြုကြိုဆိုရင်းမှ အုပ်စုထဲမှာ ယောကျာ်းသားနှစ်ယောက်ဖြစ်တဲ့ ဟန်နေထူးနဲ့ ဝန်ထမ်းကောင်လေးကို သေချာကြည့်လိုက်တယ်။ အထူးသဖြင့် ဟန်နေထူးကို ဒေါ်မြစန္ဒာကသေချာကြည့်နေမိတယ်။
" လိုတာရှိရင်ပြောကြပါနော် ... ဒီမှာက နောက်ရက်တွေဆိုတရုတ်အစားအစာနဲ့မြန်မာထမင်းဟင်းစုံရပါတယ် "
လင်းမြတ်ဇင်က အားလုံးကို နှုတ်ဆက်ပြီး ညီမဖြစ်သူရှေ့ကို ဝက်ချိုချဉ်ပွဲနဲ့ ဟင်းချိုပန်းကန်လေး သီးသန့်ထက်ချပေးလိုက်တယ်။နှစ် (၂၀) ကျော်တူတူနေလာခဲ့သူမို့ ညီမဖြစ်သူရဲ့အကြိုက်တွေကို လင်းမြတ်ဇင်သိပြီးသားပါ။ ညီမငယ်ရဲ့ အကြိုက်ဟင်းပွဲတွေကို ညီမငယ်ရဲ့ရှေ့မှာချပေးလိုက်တယ်။
" မင်္ဂလာပါ အစ်ကို ... ကျွန်တော်က မြယွန်းမီတို့နဲ့ လက်ရှိအလုပ်အတူတူတွဲလုပ်နေတဲ့သူပါ နာမည်ကဟန်နေထူးလို့ခေါ်ပါတယ် ...အွန်လိုင်းမှာ ကြော်ငြာလေးတွေလဲ ရိုက်ပါတယ် ...အစ်ကိုလက်ခံမယ်ဆိုရင် ... အစ်ကို့ဆိုင်ကိုလဲ ကျွန်တော်ကြော်ငြာပေးချင်ပါတယ် "
ဟန်နေထူးရဲ့ စကားကြောင့် မိခင်ဖြစ်သူနဲ့ညီမငယ်ကို လင်းမြတ်ဇင်ဖျတ်ခန် လှမ်းကြည့်လိုက်မိတယ်။ဒီအခါ မိခင်ဖြစ်သူရဲ့မျက်နှာပေါ်မှာ စိုးရိမ်စိတ်တွေ ဖြစ်ပေါ် သွားတာကို မြင်လိုက်ရတာမို့
"ယွန်း..ယွန်းရယ် ပြောရက်လိုက်တာ ....ယွန်းဘာကိုရည်ရွယ်ပြီး ပြောတာလဲဆိုတာကိုမိုးစက် သိပါတယ်...ယွန်းကိုညီမရင်းတစ်ယောက်လို မိုးစက်ချစ်တာပါ ..ယွန်းပြောတာတွေကို မိုးစက် စိတ်မဆိုးပါဘူး...ဒါပေမဲ့မိုးစက် ရှင်းပြတာကိုလဲယွန်းနားထောင်ပေးပါနော် ....မိုး..မိုးစက်ကအဲ့ဒီလိုမိန်းမမျိုးမဟုတ်ရပါဘူးကွာ ...မိုးစက်အားလုံးကိုခင်တတ်ပါတယ်..မိုးစက်ဘ၀မှာ ဘယ်ယောကျာ်းကိုမှ လိုတာထက်ပိုပြီး အရောမဝင်ခဲ့ပါဘူး...အားလုံးကိုအစ်ကိုတွေမောင်တွေလိုပဲ သဘောထားခဲ့တာပါ...မိုးစက်ပြောပြမယ် ကိုတေဇကမိုးစက်ကိုချစ်ခွင့်ပန်ခဲ့ပါတယ် .. မိုးစက်ငြင်းပစ်ပြီး သူငယ်ချင်းလိုပဲသဘောထားခဲ့တာပါ ...ပြီးတော့ ကိုဟန်နေထူးနဲ့ လိုတာထက်ပိုပြီး စကားပြောမိတာကလဲ သူကယွန်းအကြောင်းတွေလာလာမေးနေလို့ စကားပြောဖြစ်တာပါ....ကိုဟန်နေထူးက စိတ်ထားလေးကောင်းလို့ ယွန်းနဲ့သဘောတူမိတယ်...အဲ့ဒါကြောင့် ယွန်းကြိုက်တတ်တာလေးတွေကို သူ့ကိုပြောပြမိတယ် ဒီထက်မပိုပါဘူး.... မိုး..မိုးစက်လေ ဒီနေ့အချိန်ထိဘယ်ယောကျာ်းနဲ့မှ အရောတဝင်မနေခဲ့ပါဘူးယွန်းရယ် ...ယွန်းခုနမေးတယ်မဟုတ်လား...ယွန်းရဲ့ အစ်ကိုဆိုင်ဖွင့်ပွဲကို မိုးစက်ကဘာပတ်သက်လို့သွားရမှာလဲဆိုတဲ့ မေးခွန်းကိုလေ ... မိုးစက်အမှန် တိုင်းဖြေရမလား...မိုးစက်လေ ယွန်းကိုချစ်သလိုပဲ ...ယွန်းရဲ့ အစ်ကိုကိုလဲ မြင်မြင်ချင်းချစ်သွားမိလို့ပဲ ... ဒါကိုယွန်းမကြိုက်ဘူးဆိုရင် မိုးစက်အလုပ်ထွက်ပြီးနယ်ကိုပြန်ပါတော့မယ် "
ဒီတစ်ခါ ကြက်သေသေသွားရသူက မြယွန်းမီဖြစ်တယ်။မေမိုးစက်ရဲ့မျက်နှာကို အံ့ဩထိတ်လန့် စွာငေးကြည့်နေမိပြီး ဆွံ့အနေခဲ့မိတယ်။
@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း (၁၃) ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
ပန်းသွေးချယ်က ဒေါ်ထူးထူးမော်ကို စနောက်လိုက်ရင်း အိမ်အခြေအနေကို အကဲခတ်လိုက်တယ်။အခြေအနေကြည့်ရတာတော့ အတော်လေးချမ်းသာကြပုံပင်။ဒီလိုချမ်းသာတဲ့သူတွေက ညီမ၀မ်းကွဲဖြစ်သူပိုးအိကို လိုလိုလားလားနဲ့ချွေးမတော်ချင်နေကြတာကို စိတ်ထဲကမလိုသလိုပင်ဖြစ်လာမိတယ်။ဒီအချိန်မှာပဲဧည့်ခန်းထဲကို ဝင်လာတဲ့ ဟန်နေထူးကို မြင်လိုက်ရတယ်။ဟန်နေထူးကို မြင်လိုက်ရချိန်မှာတော့ ပန်းသွေးချယ်ရင်ထဲကလောဘကပိုပြီးတိုးပွားလာခဲ့ရတော့တယ်။
"သားဒီကိုခဏလာပါအုံး...ပိုးအိ အစ်မနဲ့မိတ်ဆက်ပေးမလို့ "
မိခင်ရဲ့ဆန္ဒကိုမလွန်ဆန်ချင်တာကြောင့် ဟန်နေထူးစိတ်မပါလက်မပါနဲ့ မိခင်ရဲ့ဘေးမှာဝင်ထိုင်လိုက်ရတယ်။
" ကိုထူးမှတ်ထားအုံးနော် .. ဒီမှာ ပိုးအိရဲ့အစ်မဝမ်းကွဲလေ မမပန်းသွေးချယ်တဲ့ .."
"တွေ့ရတာဝမ်းသာပါတယ်နော် မောင်လေး.... လမ်းတွေ့ရင်လဲ ခေါ် ပေါ့ "
ပန်းသွေးချယ်ဟန်မပျက် နှုတ်ဆက်လိုက်ရင်း ဟန်နေထူးကို မသိမသာခိုးကြည့်နေလိုက်တယ်။ပုံထဲ၊ ဗီဒီယိုထဲမှာထက် အပြင်မှာ ပိုကြည့်ကောင်းတဲ့ ဟန်နေထူးရဲ့ပုံစံက ပန်းသွေးချယ်အတွက် ရင်ခုန်ချင်စရာဖြစ်နေခဲ့တယ်။
"ကျွန်တော် ဆိုင်သွားတော့မယ် အမေ "
"နေအုံးလေ သားရဲ့ ..သမီးပိုးအိတို့လဲ သားနဲ့အတူလိုက်မလို့တဲ့ "
မိခင်ရဲ့စကားကြောင့် ဟန်နေထူးစိတ်ရှုပ်သွားရတယ်။ ငြင်းဆန်လိုက်ဖို့ ပြင်လိုက်တဲ့အချိန်မှာ မိခင်ကခပ်စူးစူးတစ်ချက်လှမ်းကြည့်တာမို့ စိတ်ကိုလျှော့ပြီး ကားထဲဝင်ထိုင်နေလိုက် တယ်။ဟန်နေထူးလဲ ခေတ်လူငယ်တစ်ယောက်ပါပဲ။ခေတ်လူငယ်ပီပီ မိန်းမတွေရဲ့အတွင်းစိတ်ကို အနည်းငယ်အကဲခတ်နိုင်တယ်လို့ပဲပြောရမလား။ပိုးအိနဲ့အစ်မ၀မ်းကွဲဆိုသူကို ဟန်နေထူးစိတ်ထဲလုံးဝကိုသဘောမတွေ့မိတာအမှန်။
''အားနာလိုက်တာကွာ ... မမလိုက်ရှုပ်သလိုများဖြစ်နေပြီလားဟင် "
ပန်းသွေးချယ်က ကားပေါ်တက်တာနဲ့ ဟန်နေထူးကို ကြည့်ပြီးပြောလိုက်တယ်။ဟန်နေထူးတစ်ချက်ပြုံးလိုက်ပြီး
"ကိစ္စမရှိပါဘူး ...မပန်းသွေးချယ်... ကျွန်တော့်အမေရဲ့ မိတ်ဆွေတွေကို ကျွန်တော်လိုက်ပို့ပေးနေကြပါ ....အမေကဒီလိုပါပဲ သားယောကျာ်းလေးတစ်ယောက်တည်းမွေးထားတော့ ...မိန်းခလေးတွေတွေ့တိုင်းကိုခင်မင်နေတော့တာပဲ ...ကောင်းတာဆိုးတာတွေ ခွဲခြားနေတာမဟုတ်ဘူး "
ဟန်နေထူးရဲ့ စကားကြောင့် ပိုးအိနဲ့ပန်းသွေးချယ်တို့မျက်နှာပျက်သွားကြပြီး ပိုးအိကဟန်မဆောင်နိုင်ဘဲထပြောလိုက်တယ်။
"ကိုထူးပြောပုံက မသိရင် ...ပိုးအိတို့ကပဲ တစ်မျိုးဖြစ်နေသလားလို့ ...ကိုထူးနော် အန်တီမော်နဲ့ ပြန်တိုင်ပစ်မှာ သိလား"
"သဘောပါဗျာ...သွေးထက်တော့ ရေပိုမပျစ်နိုင်ပါဘူး ... ဒါမှမင်းစကားကို ပိုယုံကြည်တော့လဲ ငါ့ကံပေါ့ "
ဟန်နေထူးနဲ့ ပိုးအိတို့ရဲ့ အခြေအနေကို အကဲဆတ်ပြီး ပန်းသွေးချယ်ပြုံးလိုက်မိတယ်။ဒီအခြေအနေလောက်ဆိုရင်ဖြင့် ညီမဖြစ်သူကို အသာလေးအနိုင် ပိုင်းနိုင်တာကို ပန်းသွေးချယ်သဘောပေါက်လိုက်တယ်။မိန်းမတစ်ယောက်က ဘယ်လောက်ပဲ လှလှ မာယာကြွယ်တဲ့မိန်းမတွေကိုမယှဉ်နိုင်ဘူးဆိုတာကို ပန်းသွေးချယ်ကအသိဆုံးပဲလေ။
~~~~
"ယွန်းအစ်ကိုရဲ့ ဆိုင်ဖွင့်ပွဲကို မသွားဘူးလား ...မိုးစက်တော့ကိုထူးဆီမှာ ခွင့်ကိုင်ထားတယ် ...မိုးစက်တို့ခဏလောက်သွားရအောင်လေ "
မေမိုးစက်ရဲ့ စကားကြောင့် မြယွန်းမီး ထမင်းပေါင်းအိုကို လက်ထဲကချလိုက်ပြီး မေမိုးစက်ကို ခပ်စူးစူးလှည့်ကြည့်ပစ်လိုက်တယ်။
"ဒီမှာမိုးစက် ...မင်းကတို့အစ်ကိုရဲ ဆိုင်ဖွင့်ပွဲကို ဘာပတ်သက်လို့ သွားမှာလဲ ... တို့အစ်ကိုနဲ့ မင်းနဲ့ ဘယ်နှစ်ခါတွေ့ဖူးလို့ သွားမှာလဲ .. ပြောပါအုံး ."
မြယွန်းမီရဲ့ အေးစက်စက် အမေးကြောင့် မေမိုးစက်အံ့ဩတုန်လှုပ်ပြီး မြယွန်းမီကို မော့ကြည့်လိုက်မိတယ်။ ဒီအခါ ဒေါသမျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတဲ့ မြယွန်းမီရဲ့ မျက်လုံးတွေနဲ့ ရင်ဆိုင်လိုက်ရတာမို့ မေမိုးစက် အထိတ်ထိတ်အလန့်လန့်နဲ့ ပြန်ရှင်းပြလိုက်မိတယ်။
"မိုး...မိုးစက်က ယွန်းကိုသွားစေချင်လို့ယွန်းနဲ့ အဖော်လိုက်ပေးချင်လို့ပါ "
မျက်နှာငယ်လေးနဲ့ ရှင်းပြနေတဲ့ မေမိုးစက်ကို မြယွန်းမီကြည့်လိုက်ပြီး
"ဒီမှာ မိုးစက် ... တို့ဘ၀မှာ မိုးစက်ကို ပထမဆုံးနဲ့နောက်ဆုံးသူငယ်ချင်းအဖြစ် တို့စိတ်ထဲမှာ တကယ်ကိုခင်မင်ခဲ့မိတာ သိရဲ့လား ... တို့လေလျှပ်ပေါ်လော်လည်တဲ့လူတွေကို သိပ်ရွံသိပ်မုန်းတယ်သိလား...အထူးသဖြင့် မိန်းမတစ်ယောက်က ယောကျာ်းလေးတိုင်းနဲ့ အရောတဝင်နေလွန်းတာကို မုန်းတယ် ... မိန်းခလေးတစ်ယောက်က သူချစ်ခင်တဲ့ယောကျာ်းတစ်ယောက်ကိုအရောဝင်လို့ရတယ်..ရေလာမြောင်းပေးလုပ်လို့ရတယ်..ဒီလောက်တော့တို့လဲ နားလည်တယ်...ဒါပေမဲ့ လာသမျှယောကျာ်းတိုင်းကို အဲဒီလိုလုပ်နေရင်တော့ အဲ့ဒါအချစ်မဟုတ်တော့ဘူး တဏှာဖြစ်သွားပြီး ....အဲ့ဒီလိုမိန်းမတွေကြောင့် ပျက်စီးခဲ့ရတဲ့ မိသားစုတွေအများကြီးပဲ "
မြယွန်းမီရဲ့ စကားတွေကို မေမိုးစက်နားထောင်နေရင်း အသက်ရှူရပ်သွားသလိုပင်ခံစား လိုက်ရပြီး ငိုချလိုက်မိကာ တုန်တုန်ယင်ယင်နဲ့ ပြန်ပြောလိုက်မိတယ်။
"ဟို ...ဟိုဒီကအစ်ကိုရှင့် ...ယွန်းက သူ့မအားလို့ မိုးစက်ကို လွှတ်လိုက်တာပါ ..အားနာပါတယ်ရှင် "
" ဟုတ်ကဲ့ ... ညီမလေးမအားဘူးလား ... အားနာပါတယ်ခင်ဗျာ ... ထမင်းချိုင့်နဲ့ ဒီအထုပ်လေး ပေးခဲ့ပါရစေ...."
"ရ..ရပါတယ်ရှင့် ကို ...
"
" ကျွန်တော့်နာမည်လင်းမြတ်ဇင် ပါ ...ဒီကညီမက ညီမလေးရဲ့လုပ်ဖော်ကိုင်ဖက်ထင်တယ်...ညီမတို့အတွက်ပါ ကျွန်တော်ဟင်းတွေပိုချက်လာခဲ့ပါတယ် "
အားနာသံလေးနဲ့ ပြောနေတဲ့ သူ့ကိုကြည့်ပြီး မေမိုးစက်မှာကြားထဲက အားနာသွားမိပြီးမဆီမဆိုင်သနားစိတ်ပါဖြစ်သွားမိတယ်။ သူ့ခမျာနေ့တိုင်းထမင်းချိုင့်လာပို့ပေးနေရတာကို မာနကြီးတစ်ခွဲသားနဲ့နေနေတဲ့ မြယွန်းမီကိုပါ စိတ်ခုချင်သလိုဖြစ်သွားရတယ်။
"ဘာလို့ ဟင်းတွေပိုချက်လာရတာလဲ ကိုလင်းမြတ်ဇင်ရယ် ..မိန်းမတွေဆိုတာ ကို့ချစ်သူချက်တဲ့ဟင်းကို ...ကိုယ်တစ်ယောက်ပဲစားချင်တာရှင့် ... တစ်ခြားသူကိုကျွေးချင်တာမဟုတ်ဘူး "
"ဗျာ "
မေမိုးစက်ရဲ့စကားကြောင့် လင်းမြတ်ဇင်မျက်လုံးပြူးသွားရပြီး
"ဟို ..ဟိုမှားနေပြီ ညီမရဲ့ ... ကျွန်တော်က မြယွန်းမီရဲ့အစ်ကို အရင်းပါဗျာ... လွန်ခဲ့တဲ့တစ်ပတ်ကျော်ကမှ နိုင်ငံခြားကပြန်ရောက်လာတာပါ...ညီမလေးယွန်းက ..ကျွန်တော့်ကိုစိတ်ဆိုးနေလို့ သူကြိုက်တဲ့ဟင်းတွေချက်ပြီး စိတ်ဆိုးပြေအောင်ချော့နေရတာပါ ...ဒါပေမဲ့နောက်သုံးလေးရက် နေရင် ကျွန်တော်လဲဆိုင်ဖွင့်ရတော့မှာမို့ ထမင်းချိုင့်ကိုကိုယ်တိုင်လာမပို့နိုင်တော့ပါဘူး "
"ရှင် .. ဟုတ်.... ဟုတ်လား ...ကန်...ကန်တော့ပါနော် ... မိုးစက်တောင်းပန်ပါတယ် ကိုလင်းမြတ်ဇင် ... မိုးစက်မသိလို့ပြောလိုက်မိတာပါ "
မေမိုးစက်တောင်းပန်စကားပြောလိုက်ရင်း ရင်ထဲမှာ လှိုက်ခနဲခုန်သွားမိတယ်။စိတ်ဓါတ်ကျနေရင်းကနေ ချက်ချင်းမြူးတူးလာမိပြီး စိတ်ထဲမှာတလှိုက်လှိုက်နဲ့ပျော်ရွှင်လာမိတယ်။
" ကိုလင်းမြတ်ဇင်က ဘာဆိုင်ဖွင့်မှာလဲ ...ယွန်းကိုရအောင်ခေါ်လာပြီး မိုးစက်တို့လာအားပေးပါ့မယ်ရှင် ... မိုးစက်နာမည်က မေမိုးစက်ပါရှင် ... ယွန်းနဲ့ တစ်ဖွဲ့တည်းပါ "
" ဟုတ်ကဲ့တွေ့ရတာ ဝမ်းသာပါတယ် ညီမ ... အစ်ကိုကစားသောက်ဆိုင်ဖွင့်မှာပါ ... ဖွင့်ပွဲနေ့မှာ ညီမတို့အဖွဲ့တွေကိုဖိတ်ပါတယ်...ဒီမှာ ဖိတ်စာကတ်ပါ ...ညီမလေးအတွက်ကတော့ သူ့အိတ်ထဲမှာ ထည့်ထားပေးပါတယ် ... ကျွန်တော့်ကို ပြန်ခွင့်ပြုပါအုံး "
နှုတ်ဆက်ပြီးပြန်သွားတဲ့ လင်းမြတ်ဇင်ကိုကြည့်ပြီး မေမိုးစက်ရင်တွေတသိမ့်သိမ့်ခုန်ကာ ကျန်ခဲ့တယ်။
~~~~
"ဘာတွေငေးနေတာလဲ ကိုထူး "
ငူငူငေါင်ငေါင်နဲ့ထိုင်နေပြီး မြယွန်းမီအလုပ်လုပ်နေတာကို ငေးကြည့်နေတဲ့ဟန်နေထူးကို မေမိုးစက်မသိဟန်ဆောင်ပြီး မေးလိုက်တယ်။ပြီးတော့ ဟန်နေထူးဘေးကခုံမှာဝင်ထိုင်လိုက်တယ်။
" အခုတလော သူဌေးကိုကြည့်ရတာသိပ်မရွှင်ဘူးပဲ ...ဘာဖြစ်လို့လဲဟင်.....မိုးစက်တို့အလုပ်လုပ်တာကို စိတ်တိုင်းမကျလို့လား "
"ဟာ ..မဟုတ်ပါဘူးမိုးစက်ရယ် ...အဆင်ပြေပါတယ် ...အားလုံးတော်ကြပါတယ် "
"ဒါဆိုဘာကို စိတ်တိုင်းမကျလို့လဲ ကိုထူးရဲ့ ..လိုင်းပေါ်မှာလဲကို ထူးအလုပ်တွေက အောင်မြင်နေတာပဲကို "
" ဒီလိုပါပဲဗျာ ....ဒါနဲ့ဟိုတစ်ယောက်ရော သူ့ချစ်သူနဲ့အဆင်ပြေသွားပြီလား....."
ဟန်နေထူးက ဘုဆတ်ဆတ်အသံနဲ့ မေးလိုက်တာမို့ မေမိုးစက်ရယ်ချင်စိတ်ကို မနည်းမျိုသိပ်လိုက်ရတယ်။
"ယွန်းမှာချစ်သူမရှိပါဘူး ကိုထူးရဲ့ ... ဘာတွေပြောနေတာလဲ "
" ဘာလို့မရှိရမှာလဲဗျာ ... ထမင်းချိုင့်လာပို့နေတဲ့တစ်ယောက်လေ ..."
"ဪ ....မဟုတ်ပါဘူး...သူက ယွန်းရဲ့အစ်ကိုရင်းတဲ့.. နိုင်ငံခြားမှာ အလုပ်လုပ်ပြီးဟိုတလောကမှ ပြန်လာတာတဲ့လေ ... သူ့ညီမစိတ်ဆိုးနေလို့ ဟင်းတွေလာပို့ပြီး ချော့နေတာတဲ့ ....."
"ဗျာ ...တ...တကယ်လား "
ဟန်နေထူးဝမ်းသာသွားတဲ့ စိတ်ကို မထိန်းချုပ်နိုင်ဘဲ လွှတ်ခနဲမေးလိုက်မိတယ်။
"တကယ်ပါကိုထူးရဲ့ ... သူ့နာမည်ကလင်းမြတ်ဇင်တဲ့ ...သူရဲ့စားသောက်ဆိုင်ဖွင့်ပွဲကိုလာဖို့ ဖိတ်စာ တောင်ပေးသွားသေးတယ် ..ဒီမှာကြည့်ပါလား "
မေမိုးစက် ပိုက်ဆံအိတ်ထဲမှာ တယုတယသိမ်းထားတဲ့ ဖိတ်စာလေးကို မထိရက်မကိုင်ရက်နဲ့ ဟန်နေထူးကို ပြလိုက်တယ်။
"ခဏနော်မိုးစက် .. ကျွန်တော်ဓါတ်ပုံရိုက်ယူထားမလို့ "
ဟန်နေထူးက ဖုန်းကို ထုတ်ပြီး ဖိတ်စာလေးကို ဓါတ်ပုံရိုက်ယူလိုက်တယ်။
~~~~
ခုံမှာနှစ်ယောက်သားထိုင်ပြီး တွတ်ထိုးနေကြတဲ့ ဟန်နေထူးနဲ့ မေမိုးစက်ကိုကြံည့်ပြီး မြယွန်းမီမျက်နှာလွှဲပစ်လိုက်တယ်။ကိုယ်လုပ်စရာရှိတာကိုလုပ်ပြီး သူတို့ရှိရာကိုအာရုံမရောက်မိအောင် နေလိုက်တယ်။
~~~~~
"မမပန်းသွေးချယ်က ..... အမေ့အစ်မတစ်ဝမ်းကွဲကမွေးတာလေ အန်တီမော် ... ပိုးအိနဲ့ဆိုညီမနှစ်ဝမ်းကွဲပေါ့ "
ပိုးအိကပန်းသွေးချယ်ကို ဒေါ်ထူးထူးမော်နဲ့ မိတ်ဆက်ပေးလိုက်တယ် ။
"သမီးပိုးအိတို့ အမျိုးတွေက အချောတွေပဲနော် ... သမီးပန်းသွေးချယ်က အိမ်ထောင်ကျပြီလား "
"မကျသေးပါဘူး အန်တီ ... အိမ်ထောင်ရေးလဲ စိတ်မဝင်စားပါဘူး အန်တီရယ် ...အပျိုကြီးလုပ်မလား တွေးနေတာ "
မေမိုးစက်ရဲ့အချစ်အဖူးအပွင့်လေးက ငုံကာစမှာပင် ကျိုးပြတ်ရပါလေပြီ။ပိုင်ရှင်ရှိတဲ့သူကို မှခုန်မိတဲ့ အလိုက်မသိတဲ့ကိုယ့်နှလုံးသားကို ဆဲရေးတိုင်းထွာပစ်လိုက်ရင်း သူငယ်ချင်းမလေး မြယွန်းမီကိုမျက်နှာချင်း မဆိုင်ရဲဖြစ်နေမိတယ်။သူငယ်ချင်းမလေးကတော့ မေမိုးစက်ရဲ့အဖြစ်ကိုမသိပေမဲ့ ကိုယ့်အကြောင်းကိုယ်သိနေတဲ့ မေမိုးစက်မှာ ဆင်ဖြူ့မျက်နှာဆင်မည်းမကြည့်ဝံ့သလို ဖြစ်နေမိတယ်။မသိစိတ်ကဖြစ်ပေါ်လာမိတဲ့ ခံစားချက်တွေအတွက် မေမိုးစက်မျက်နှာပူပြီး မြယွန်းမီကို မခေါ်ရဲသလိုဖြစ်နေမိတာ။
မြယွန်းမီတိုက်ထဲပြန်ဝင်ခဲ့ချိန်မှာ ၀န်ထမ်းလေးတွေရဲ့ မျက်လုံးတွေက သူမကိုစူးစမ်းသလိုကြည့်နေတာကိုသတိထားလိုက်မိတယ်။ မေမိုးစက်ကိုလှမ်းကြည့်လိုက်တော့ မျက်နှာလွှဲသွားတာကို သတိထားလိုက်မိတယ်။ထမင်းချိုင့်ကိုစားပွဲမှာ ချခဲ့လိုက်ကာ အထုပ်ကိုကျောပိုးအိတ်နားမှာထားခဲ့လိုက်ပြီး ဆေးသေတ္တာထားတဲ့နေရာကို လျှောက်သွားလိုက်တယ်။
ဆေးပလာစတာကို မြယွန်းမီထုတ်ယူလိုက်ပြီး လက်မှာကပ်ဖို့ လုပ်လိုက်ချိန်မှာပဲ အနားကိုဟန် နေထူးဖျတ်ခနဲရောက်လာပြီး ဆေးပလာစတာကို ဆွဲယူလိုက်တယ်။
"ငြိမ်ငြိမ်နေ ကပ်ပေးမယ် "
တုံးတိတိအသံနဲ့ ပြောရင်း လက်ကိုဆွဲယူလိုက်တဲ့ ဟန်နေထူးကြောင့် လူကလန့်သွားပေမဲ့မရုန်းမိလိုက်ပါ။လက်ကိုညှစ်ဆေးထည့်လိုက်ပြီး ပလာစတာကပ်ပေးနေတဲ့ သူ့မျက်နှာကို မြယွန်းမီငေးမောကြည့်နေမိတယ်။ဟန်နေထူးကလဲ ခေါင်းကိုဖျတ်ခနဲမော့အကြည့်မှာ နှစ်ယောက်သားအကြည့်ချင်းဆုံသွားမိကြတယ်။
" မင်းချစ်သူကချောသားပဲ"
ဟန်နေထူးနှုတ်က အေးစက်စက်ထွက်ကျလာတဲ့ စကားသံကြောင့် မြယွမ်းမီအံ့သြသွားမိပြီးမှ ဘာမှပြန်ဖြေရှင်းမနေတော့ဘဲနှုတ်ဆိတ်နေလိုက်တယ်။
~~~~~
"သားရယ် ...ဟော်တယ်တစ်ခုခုမှာ အလုပ်ရအောင်ဝင်လုပ်ပါလားကွယ်...အမေတော့ဆိုင်မဖွင့်စေချင်ဘူး "
ဒေါ်မြစန္ဒာ သားဖြစ်သူကို ကြည့်ပြီး စိုးရိမ်စိတ်နဲ့ ပြောလိုက်မိတယ်။
"ဘာဖြစ်လို့လဲ အမေ .. ဆိုင်ဖွင့်ပြီးမှ အခြေအနေမကောင်းရင် ကျွန်တော်စိတ်ဓါတ်ကျမှာစိုးလို့လား "
လင်းမြတ်ဇင် မိခင်ကို အကျိုးအကြောင်းပြန်မေးလိုက်တော့ ခေါ်မြစန္ဒာအဖြေရခက်စွာ သက်ပြင်းချလိုက်ပြီးမှ
"သားလက်ရာနဲ့ဆိုရင် ဆိုင်ကဖြစ်မှာကို အမေယုံပါတယ် ... ဒါပေမဲ့ ဟိုမိန်းမတွေ လာနှောက်ယှက်မှာကို အမေစိုးရိမ်နေမိတယ်...ဖြစ်နိုင်ရင် သားပြန်ရောက်နေတာကိုသူတို့သိသွားမှာကိုကြောက်နေမိတာ"
လင်းမြတ်ဇင်မှာ စိတ်ပူနေတဲ့မိခင်နားကို ထသွားလိုက်ပြီး
" စိတ်မပူပါနဲ့ အမေရယ်... ကျွန်တော်ကလေးမဟုတ်တော့ပါဘူး ..ပြဿနာဖြစ်လာရင်လဲ ရင်ဆိုင်နိုင်ပါတယ်....ကျွန်တော်တို့မှာ သူတို့ကိုကြောက်ပြီးရှောင်နေစရာအကြောင်းမှမရှိတာ ''
"ရှောင်နေကြောက်နေစရာတော့ မလိုဘူးပေါ့သားရယ်...ဒါပေမဲ့သူတို့က ဆိုးသွမ်းတဲ့အဆင့်ကိုကျော်ပြီး...ယုတ်မာတဲ့လူမျိုးတွေပဲသားရဲ့ ..သူတို့မှာအရှက်တရားရော အကြောက်တရားပါမရှိဘူး ... အမှန်တိုင်းပြောရရင် အမေသူတို့ကိုကြောက်တယ်... သူတို့နဲ့တစ်နိုင်ငံစီဝေးတဲ့နေရာမှာပဲ နေချင်တော့တယ်...အဲ့ဒါကြောင့် သားလဲဆိုင်ဖွင့်ရင် ကြေငြာပါနဲ့နော် .. တတ်နိုင်သလောက်သားမျက်နှာကိုလိုင်းပေါ်မတင်ပါနဲ့ သိုသိုသိပ်သိပ်ပဲ နေပါကွယ် "
"ဟုတ်ကဲ့ပါ အမေ ... စိတ်ချပါ ဆိုင်ကြေငြာရင် ကျွန်တော်ပုံမပါစေရပါဘူး "
~~~~~~
" ကိုထူးနဲ့ မမိုးကိုကြည့်ရတာတစ်မျိုးပဲနော် ..နှစ်ယောက်လုံးမျက်နှာတွေမရွှင်ကြဘူး ... စိတ်ကောက်နေကြတာလား မသိဘူ "
" အေးဟဲ့ ..စကားကို မနားတမ်းပြောတတ်တဲ့မမိုးပါးစပ်ပိတ်နေတာတော့ အရမ်းသိသာတယ်...ကိုထူးလဲ မျက်နှာကြီးတင်းနေတာပဲ သိလား... "
ပရိဘောဂတွေကို နေရာချရင်း ခပ်တိုးတိုးပြောနေကြတဲ့ အုပ်စုကို မြယွန်းမီခပ်တင်းတင်းတစ်ချက်လှမ်းကြည့်လိုက်ပြီး
"အဲ့ဒီစားပွဲနေရာချထားတာစောင်းနေတာမမြင်ဘူးလား အလုပ်ကို သေချာလုပ်ကြအုံး ...စကားတွေပဲ များမနေကြနဲ့ "
မပြောစဖူး အသံမာမာနဲ့ ထအော်ပြောလိုက်တဲ့ မြယွန်းမီကို အားလုံး တအံ့တဩနဲ့ လှမ်းကြည့်ကြတယ်။တခြားသူတစ်ယောက်ကို အဖက်လုပ်ပြီးဆူပြောတာမျိုးကို မြယွန်းမီကလုံးဝလုပ်လေ့မရှိတဲ့သူမျိုးလေ။အမှားတစ်ခုခုတွေ့ရင်လဲ တစ်ဖက်လူကိုဘာမှပြောမနေဘဲ ကိုယ်တိုင်ထလုပ်ပစ်တဲ့သူမျိုးမဟုတ်လား။
"မယွန်း ထမင်းချိုင့်လာပို့နေတယ် "
အ၀နားမှာ အလုပ်လုပ်နေတဲ့ ကောင်လေးရဲ့အသံကြောင့် မြယွန်းမီစိတ်ညစ်သွားမိပြီး မေမိုးစက်ကို လှမ်းကြည့်လိုက်တယ်။ မေမိုးစက်ကလဲ ခုံတွေကိုစစ်နေရင်းမှ မြယွန်းမီကိုဖျတ်ခနဲလှမ်းကြည့်လိုက်တာမို့ နှစ်ယောက်သားအကြည့်ချင်းဆုံမိသွားကြတယ်။ မြယွန်းမီက မေမိုးစက်နားကို လျှောက်သွားလိုက်ပြီး
"မိုးစက် ...တို့အစား ထမင်းချိုင်းသွားယူပေးပါလားဟင် ...တို့ကို မေးရင် အလုပ်ကလက်လွှတ်လို့မရလို့လို့ ပြောပေးပါ "
"ဟင် .. အင်း..အင်း "
ကြားလိုက်ရတဲ့ စကားကြောင့် မေမိုးစက်အယောင်ယောင်အမှားမှားနဲ့ ခေါင်းငြိမ့်ပြလိုက်မိပြီး ခြံဝကိုထွက်လာခဲ့မိတယ်။ရင်ထဲမှာတော့ တဒိန်းဒိန်းခုန်လှုပ်နေခဲ့ပြီး ခြေလှမ်းတွေမမှားအောင်သတိထားနေရတယ်။
~~~~~~
#ရူးနေတဲ့ကြယ်
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၂)
******
ခြံထဲကနားနေခုံနားမှာ ထမင်းချိုင့်လေးကိုလက်တစ်ဖက်ကဆွဲရင်း တစ်ဖက်ကအထုပ်တစ်ထုပ်ကိုဆွဲကာရပ်နေတဲ့သူကိုကြည့်ပြီး မြယွန်းမီရဲ့ခြေလှမ်းတွေ ရပ်တန့်သွားရတယ်။ တဆက်တည်းမှာပဲ လက်ဖျားခြေဖျားတွေပါအေးစက်လာပြီး အာခေါင်တွေပါခြောက်လာခဲ့တယ်။(၅) နှစ်အတွင်းမှာ အသားပိုဖြူလာပြီး ယောကျာ်းပီသတဲ့မျက်နှာသွင်ပြင်က ပိုကြည့်ကောင်းလာခဲ့တယ်။ဖျတ်ခနဲလှမ်းကြည့်လာတဲ့ မျက်ဝန်းတွေကတောင်းပန်တိုးလျှိုးနေတဲ့အကြည့်တွေဆိုပေမဲ့ သူ့ကိုမြင်လိုက်တာနဲ့ နဖူးပြင်နားက ဒဏ်ရာဟောင်းကတဆစ်ဆစ်နာကျင်ကိုက်ခဲလာသလိုခံစားလိုက်ရတယ်။ပြီးတော့ နဖူးပြင်ကဒဏ်ရာထက်ပိုပြီးနာကျင်လာတာ ရင်ထဲကနာကျင်မှုပါပဲ။
" ယွန်း ... ညီမလေး ...ကိုကိုတို့စကားခဏလောက်ပြောရအောင် နော် ..ခဏလေးပါပဲ ...ညီမလေး ကြိုက်တဲ့အသည်းအမြစ်ဟင်းကိုကိုချက်လာပေးတယ် "
ကြားလိုက်ရတဲ့စကားတွေက ရင်ထဲကနာကျင်မှုတွေကိုမပြေနိုင်ခဲ့ပါ။ထမင်းချိုင့်ကို တင်းတင်းဆုပ်ကိုင်ထားတဲ့လက်တွေက သူမကိုထိုးကြိတ်ခဲ့တဲ့လက်တွေဆိုတာကိုနာနာကြည်းကြည်းနဲ့တွေးနေမိတယ်။
"ညီမလေး ကိုကိုတောင်းပန်ပါတယ် .. ကိုကိုတို့ခဏလေးပဲ စကားပြောရအောင် "
တိုက်ရှေ့မှာငူငူချည်းရပ်နေတဲ့ ညီမဖြစ်သူကိုလင်းမြတ်ဇင် တောင်းပန်းစကားနဲ့ခေါ်လိုက်တယ်။မြယွန်းမီရဲ့ခြေလှမ်းတွေ မလှမ်းချင်လှမ်းချင်နဲ့လှမ်းခဲ့လိုက်ပြီး ခုံတန်းလျားဆီကိုလျှောက်သွားလိုက်တယ်။ပြီးတော့ ခုံပေါ်မှာ စက်ရုပ်တစ်ရုပ်လိုတောင့်တောင့်မတ်မတ်၀င်ထိုင်လိုက်တယ်။
"ကိုကိုပြန်ရောက်နေတာ (၅) ရက်ရှိသွားပြီး .. တနင်္ဂနွေပိတ်ရက်တုန်းကညီမလေးအိမ်ပြန်လာမယ်ထင်လို့ ဟင်းတွေချက်ထားသေးတယ် ... အမေ့ကိုမေးလိုက်တော့လဲ မရေမရာမို့ ...ညီမလေးစိတ်ဆိုးနေတယ်ဆိုတာကိုကိုသိလိုက်ပါတယ်...ဖြစ်ခဲ့တာတွေ အားလုံးအတွက်ကိုကိုတောင်းပန်ပါတယ် ...နောက်ဘယ်တော့မှ အဲ့ဒီလိုထပ်မဖြစ်စေရပါဘူး စိတ်ချပါ..ကိုကိုဘယ်မိန်းမနဲ့မှမပတ်သက်တော့ဘူး...ညီမလေး အခုချက်ချင်းအိမ်ပြန်မလာရင်တောင် ...အမြန်ဆုံးအိမ်ပြန်လာခဲ့ပါနော် ... ကိုကိုက အိမ်နားမှာပဲစားသောက်ဆိုင်ဖွင့်ဖို့လုပ်ထားတယ် "
အစ်ကိုဖြစ်သူပြောသမျှကို မြယွန်းမီတိတ်ဆိတ်စွာနားထောင်နေမိတယ်။အစ်ကိုဖြစ်သူကိုပြန်လည်ပြောဆိုရန်စကားလုံးများပျောက်ဆုံးနေခဲ့သလို နှုတ်ကလဲ ဆွံ့အနေခဲ့တယ်။
"ဆိုင်မဖွင့်သေးခင် ကိုကိုနေ့တိုင်း ထမင်းချိုင့်လာပို့ပေးမယ် ...ညီမလေးသူငယ်ချင်းတွေအတွက်ပါ ပိုချက်လာခဲ့ပေးမယ်လေ "
" မလိုပါဘူး ရပါတယ်...အဆောင်မှာ အိုးခွက်တွေ ပေးထားလို့ချက်စားလို့လွယ်ပါတယ် "
မြယွန်းမီရဲ့နှုတ်ကလွှတ်ခနဲ ထွက်သွားချိန်မှာ လင်းမြတ်ဇင်မျက်နှာပျက်သွားခဲ့ပြီး မျက်ရည်တွေရစ်ဝဲနေတဲ့မျက်လုံးတွေနဲ့ ညီမဖြစ်သူကို ငေးကြည့်လိုက်မိတယ်။
''ကိုကို့ကိုခွင့်မလွှတ်နိုင်သေးဘူးလား ... အမေနဲ့ ညီမလေးကိုတွေ့ချင်လို့ ကိုကိုပြန်လာခဲ့တာပါ ...ညီမလေးမကျေနပ်ရင် ကိုကို့ကိုကြိုက်သလိုပြောပါ...လက်သီးနဲ့ ပြန်ထိုးပါ ...ကိုကိုတောင်းပန်းပါတယ်နော် ခွင့်လွှတ်ပေးပါ "
မျက်လုံးအိမ်မှာမျက်ရည်တွေရစ်ဝဲပြီး တောင်းပန်နေတဲ့ အစ်ကို ဖြစ်သူကို မြယွန်းမီအေးစက်စက် ကြည့်လိုက်ပြီး
"အလုပ်အရေးကြီးနေလို့ အလုပ်ပြန်ဝင်ရအုံးမယ် ... "
" အင်း ...အင်းပါ ...ကိုကိုပြန်တော့မယ်နော်....ထမင်းချိုင့်တော့ ထားခဲ့မယ်နော် ...ပြီးတော့ ဒီအထုပ်ထဲမှာက ညီမလေးအသားအရည်နဲ့လိုက်မဲ့ အလှပြင်ပစ္စည်းတွေပါ ...အထက်အစားတွေလဲ ကိုကိုဝယ်လာသေးတယ် ...နောက်ရက်တွေ ထမင်းချိုင့်လာပို့ရင်း နည်းနည်းစီယူလာခဲ့မယ် "
လင်းမြတ်ဇင်စိတ်ကိုတင်းကာ ညီမငယ်ကိုပြောလိုက်ပြီး လေးလံတဲ့ခြေလှမ်းတွေနဲ့ ပြန်ထွက်လာခဲ့တယ်။
မြယွန်းမီကတော့ထိုင်ခုံပေါ်မှာ ကျောက်ရုပ်တစ်ရုပ်လိုထိုင်ကာ ငြိမ်သက်နေမိတယ်။ အစ်ကိုဖြစ်သူပြန်ထွက်သွားတဲ့အခါမှ မြ ယွန်းမီရဲ့ မျက်ဝန်းအိမ်မှာ မျက်ရည်တွေစို့တက်လာခဲ့ပြီး ပါးပြင်ပေါ်ကို တပေါက်ပေါက်စီးကျလာခဲ့တယ်။ဟိုအရင်တုန်းကလို မောင်နှမနှစ်ယောက်ချစ်ချစ်ခင်ခင်နဲ့ ပြန်ခေါ်လိုက်ချင်ပေမဲ့ မသိစိတ်ကတားဆီးနေခဲ့တယ်။ပြီးတော့ မသိစိတ်ထဲကစိုးထိတ်ကြောက်ရှုံ့နေမိပြန်တယ်။
မြယွန်းမီတို့နှစ်ယောက်ကို အပေါ်ထပ်ကနေ ရပ်ကြည့်နေခဲ့ပြီး ဟန်နေထူးရင်ထဲမှာမောလျသွားရတယ်။ရင်ခုန်သံတွေကအေးစက်သွားရပြီး ဒေါသတွေပါထွက်လာမိတယ်။ဟိုတစ်ယောက်ပြန်ထွက်သွားတော့ ငိုပြီးကျန်ခဲ့တဲ့သူမကိုကြည့်ကာ စိတ်ထဲမကျေမနပ်ဖြစ်နေမိတယ်။ယောကျာ်းတစ်ယောက်အတွက်ငိုစရာလား။ဟိုကလဲ ယောကျာ်းတန်မဲ့ ချွဲချွဲနွဲ့နွဲ့ ဘာတွေများပြောသွားလဲမသိဘူး။အေးစက်စက်ကျောက်ရုပ်မလေးတောင်မျက်ရည်တွေသုတ်နေတယ်ဆိုတော့ စိတ်ထဲအလိုမကျဖြစ်သွားမိတယ်။
~~~~~==
လူတစ်ယောက်ကို မြင်လိုက်တာနဲ့ ရင်တွေဖြောင်းဆန်အောင်ခုန်သွားရတဲ့အချစ်မျိုးကို မေမိုးစက်ငယ်ငယ်ကတည်းက စိတ်ကူးယဉ်ခဲ့တာ။ ဒီလိုအဖြစ်မျိုးကို တစ်ကြိမ်တစ်ခါမှ မကြုံဆုံခဲ့ဖူးတဲ့ မေမိုးစက် ။ဒီနေ့မှာတော့ လူတစ်ယောက်ကိုဖျတ်ခနဲ မြင်လိုက်ယုံနဲ့ ရင်တွေထိန်းမရအောင်ခုန်ခဲ့ရလေပြီ။တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ကာ နှလုံးသားက တထိတ်ထိတ်ခုန်ခဲ့ရလေပြီ။ သို့ပေမဲ့
