uz
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

Kanalga Telegram’da o‘tish

Ko'proq ko'rsatish
803
Obunachilar
+424 soatlar
+167 kunlar
+4630 kunlar
Postlar arxiv
ဧကြည်ဖြူ " အဝါရောင် ရဲတိုက် " အပိုင်း ( ၈) **** " ထွဋ်ခေါင်ပါ ... မနက်ဖြန်မှ ကိုယ်တို့ ဆက်ပြောကြမယ် ..သွားတော့..မြန်မြန်သွားတော့ " ထွဋ်ခေါင်ဆိုသော အမည်ကြောင့် သလင်းဖြူ ဆတ်ခနဲတုန်လှုပ်သွားမိပြီး ထိတ်လန့်ကြောက်ရွံ့စိတ်များအပြင် စိုးရိမ်ပူပန်စိတ်များပါဝင်ရောက်လာမိလေသည်။မတော်တဆ ယခုအချိန်တွင် ရွှေရည်ဝင်းနှင့်တည့်တည့် တိုးမိပါလျှင် သလင်းဖြူ၏ သိက္ခာ တစ်ပြားမှမရှိအောင်ပင် အပြောခံရနိုင်သည်ကို တွေး၍ပူပန်သွားမိလေသည်။ထိုသို့အတွေးဝင်မိသည်နှင့် တစ်ပြိုင်နက်အခန်းရှိရာသို့ တုန်တုန်ယင်ယင်နှင့် ပြန်၍ လာခဲ့သည်။ ~~~~~~~ အခန်းထဲသို့ ရောက်သည်နှင့် ခုတင်ပေါ်သို့ သလင်းဖြူ အရုပ်ကြိုးပြတ်ထိုင်ချလိုက်မိလေသည်။လူတစ်ကိုယ်လုံးမှာလည်း ယခုအချိန် အထိ ချွေးစေးများထွက်နေပြီးတုန်ယင်၍နေလေသည်။ဤအိမ်ကြီးတွင် ဘာတွေဖြစ်နေသနည်း။ခရီးသွားနေသည် ဆိုသော ဒေါ်လေးကို အဘယ်ကြောင့် ဝိဉာဉ်ကဲ့သို့ မြင်နေရပါသနည်း။ပြီးလျှင် ခပ်စောစောက အခန်းထဲတွင် လှုပ်ရှားသွားလာနေသူသည် မည်သူဖြစ်နိုင်ပါသနည်း ။အပေါ်ထပ်တွင် ထွဋ်ခေါင်တို့ ဧည့်သည် နှစ်ယောက်နှင့် သလင်းဖြူတို့ မောင်နှမ လေးယောက်သာရှိသည်။အခန်းထဲမှ လူသည် ကိုစိုင်းရန်နိုင်လား ။ ကိုဇော်ထိုက်လား ။ သို့မဟုတ်လျှင် ရွှေရည်ဝင်းပေပဲလား။ သို့ဆိုလျှင် မည်သည့်အတွက်ကြောင့် ညကြီးအချိန်မတော်တွင် ထိုအခန်းထဲကို ၀င်၍ ဘာလုပ်နေပါသနည်း ။ သလင်းဖြူ စဉ်းစားရင်း ခေါင်းတွေပါ ထိုးကိုက်လာလေသည်။ ~~~~~~ ထမင်းစားခန်းထဲရှိ လူများအားလုံး သလင်းဖြူ၏ စကားကြောင့် သလင်းဖြူကို ဝိုင်း၍ ကြည့်ရှုနေကြလေသည်။သလင်းဖြူလည်း ပြောလက်စနှင့် မထူးပြီဖြစ်သောကြောင့် မာန်ကို တင်း၍ ဆက်ပြောလိုက်သည်။ " သမီး ဟိုမှာ အလုပ်အဆင်ပြေသွားတာနဲ့ ကြီးကြီးတို့ ...ဘဘတို့ ထုတ်ပေးထားတဲ့ငွေတွေကို ပြန်ဆပ်မှာပါ " ထမင်းစားပွဲဝိုင်းသည် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်၍နေလေသည်။ " အင်း ... သူများနိုင်ငံသွားပြီး ပိုက်ဆံရှာမှာကို ကြီးကြီးတော့ သဘောမကျပေမဲ့ ....အသက်ငယ်ရွယ်တဲ့ အချိန်မှာ ဘ၀တိုးတက်ရေးအတွက် ကြိုးစားချင်တာကိုတော့ ကြီးကြီးအားပေးပါတယ်ကွယ် ...ဒါပေမဲ့ လောလောဆယ် ကြီးကြီးတို့မှာ ငွေတွေက လုပ်ငန်းထဲမြှုပ်နေတော့ အခက်သားလား ...တစ်လတန်သည် နှစ်လတန်သည် စောင့်နေနိုင်ရင်တော့ မဖြစ်ဖြစ်အောင် လုပ်ပေးရမှာပေါ့ကွယ် " ဒေါ်ကြည်အေးသည် တူမဖြစ်သူ သလင်းဖြူကို ကြည့်၍ ပြောလိုက်လေသည်။ "အင်း ....ထင်တော့ ထင်သားပဲ ... မလာစဖူး အလာထူး ကတည်းက တစ်ခုခုတော့ တစ်ခုခုပဲ ဆိုတာ သိပြီးသား .. နောက်ဆုံးတော့ ရှင်းရှင်းပြောရရင် ငွေချေးတာကို အကြောင်းပြပြီး အမွေတောင်းချင်တာပဲ မဟုတ်လား ...လူတွေလဲ ခက်တော့ခက်သား ... မိဘဘိုးဘွားအမွေကို တိုးတက်အောင် လုပ်ဖို့တော့ စိတ်မဝင်စားကြဘူး ...တောင်းဖို့ရမ်းဖို့ ကျတော့ သတိရကြသားပဲ ......လိုချင်ကြလဲ ခြံတွေသာ ဖဲ့ယူသွားကြ" ဒေါ်ကြည်အေး ပြောပြီးသွားသော အခါတွင် ဒေါ်ခင်အေးသည် သလင်းဖြူ နှင့်စိုင်းရန်နိုင်ကို တစ်လှည့်စီကြည့်ရှုလျက် ပြော်လေသည်။ထိုအခါ ဦးမြင့်အေးသည် ညီမဖြစ်သူကို လှမ်း၍ ဟန့်လိုက်လေသည်။ " မခင်အေးရယ် နင်ဘယ်လို ပြောလိုက်တာလဲ ... ကလေးတွေ အကူအညီလိုလို့ လာတာကို ဒီလိုပြောရလား ..နိုင်သလောက်ပေးနိုင်ရင်ပေး ... မပေးနိုင်ရင်လဲ တိတ်တိတ်နေ ...ဒီမှာ ဧည့်သည်တွေလဲ ရှိနေတာ မြင်ရဲ့နဲ့ " ဦးမြင့်အေး ထိုသို့ ပြောနေစဉ်မှာပင် ရွှေရည်ဝင်းသည် သလင်းဖြူကို မျက်နှာတင်းတင်းနှင့် တစ်ချက်လှမ်း၍ ကြည့်ပြီးလျှင် ထွဋ်ခေါင်တို့ကို ခေါ်၍ ထမင်းစားခန်းမှ ထွက်သွားပြီ ဖြစ်လေသည်။ သလင်းဖြူမှာမူ ရွှေရည်ဝင်းနှင့်လည်း သည်ထက်ပို၍ ပြဿနာမဖြစ်ချင်သလို ညအခါများတွင် ကြုံဆုံရသော စိတ်ရှုပ်ထွေးစရာ ကိစ္စများကိုလည်း သည်းမခံနိုင်တော့သောကြောင့် လူစုံချိန်တွင် မိမိလာရင်း အကြောင်းကို ဖွင့်ပြောလိုက်ခြင်းဖြစ်သည။ "ဒါဆိုလဲ ကြုံတုန်းပြောရအုံးမယ် ...အမွကိစ္စဆိုရင်လဲ အချိန်တန်ရင် အားလုံး ရသင့် ရထိုက်သလောက်တော့ ရကြမှာပဲ ...သည်ကြားထဲမှာတော့ လယ်တွေ ခြံတွေကို ထုခွဲပစ်တာမျိုးကို မလုပ်ချင်ဘူး ... နေနိုင်ရင် ဒီအိမ်ကြီးမှာ ကြိုက်သလောက် နေလို့ရတယ် ... အားလုံးဝိုင်းလုပ်ဝိုင်းစားနဲ့ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးနေကြတာ ဘယ်လောက် ပျော်စရာကောင်းလဲ " ဒေါ်ကြည်အေးသည် ထိုစကားများကို ပြောပြီးသည်နှင့် နေရာမှ ထလျက် ထမင်းစားခန်းအပြင်သို့ ထွက်သွားလေသည်။ ~~~~ "သလင်းဖြူ " သလင်းဖြူ တောလမ်းလေးအတိုင်း စက်ဘီးကိုနင်းလာစဉ် လမ်းဘေးတစ်နေရာတွင် ရပ်၍ စောင့်နေသော အစ်ကိုဖြစ်သူ စိုင်းရန်နိုင်ကို တွေ့လိုက်ရသောကြောင့် စက်ဘီးကို ရပ်လိုက်ရလေသည်။ "သလင်းဖြူ ...မင်းကွာ တကယ့် ဇွတ်တရွတ်ပါပဲလား ....ငါ ဒီလောက် ပြောထားတာကိုတောင် ...ပိုက်ဆံကိစ္စကို ရအောင် ပြောသေးတယ်နော် " စိုင်းရန်နိုင်သည် သလင်းဖြူ စက်ဘီးရပ်လိုက်သည်နှင့် စိတ်ဆိုးမာန်ဆိုးနှင့် ပြောလိုက်လေသည်။

ထောင်ထသွားပြီးလျှင် လူမှာ သတိလစ်လဲကျမလို ယိုင်ခနဲ ဖြစ်သွားမိလေသည်။ထိုအခါ သလင်းဖြူ နောက်ကျောဘက်မှ နေ၍ တစ်စုံတစ်ယောက်က သလင်းဖြူ၏ ခန္ဓာကိုယ်ကို လက်နှင့် အသာဖမ်းထိန်းလိုက်ရုံမျှမကဘဲ လူကိုပါအခန်းထဲသို့ ဆွဲသွင်းလိုက်သောကြောင့် သလင်းဖြူဆောင့်၍ရုန်းလိုက်သည်။ ထိုအခါ ထိုသူသည် သလင်းဖြူ နားသို့ တိုးကပ်လာပြီးနောက် လေသံမျှနှင့် ပြောလေသည်။ " ရှူး ...တိတ်တိတ်နေ ... ဟိုအခန်းထဲမှာ လူရှိနေတယ် " ထိုသူ၏ စကားကြောင့် သလင်းဖြူလည်း တုပ်တုပ်မျှ မလုပ်ရဲဘဲ ငြိမ်သက် ၍နေမိလေသည်။ထိုမှ မကြာမီအချိန်အတွင်းမှာပင် တိုးတိုးဖွဖွနင်းလျှောက်လာသော ခြေသံကို ကြားရလေသည်။သလင်းဖြူသည် ကြောက်လွန်း၍ ဒူးများပင် တဆတ်ဆတ်တုန်လာမိလေသည်။ "သတိထားအုံးလေ ... သွားရအောင် ...ဟိုလူထွက်သွားပြီး " ကြောက်စိတ်ကြောင့် သလင်းဖြူ သတိကင်းမဲ့ ချင်သလို ဖြစ်နေမိစဉ်မှာပင် နားနားသို့ တိုးကပ်၍ ပြောလိုက်သော အသံ ခပ်တိုးတိုးကြောင့် သတိဝင်လာပြီးလျှင် ထိုသူ၏ လက်မှ ရုန်းထွက်လိုက်ပြီး ခပ်တိုးတိုးမေးလိုက်မိသည်။ " ဘယ်... ဘယ်သူလဲဟင် " =================== အပိုင်း ( ၈ ) ဆက်ရန် ဧကြည်ဖြူ

"ဘာ .. ဘာရှင့် ...ရှင် ပြောပုံက ....ဖွ ...ဖွ မပြောကောင်းမဆိုကောင်း ...ကျွန်မ ဒေါ်လေးက တစ်ခုခုဖြစ်နေတဲ့ပုံမျိုး ပြောစရာလား " ထွဋ်ခေါင်၏ စကားကြောင့် သလင်းဖြူ စိတ်တိုစွာ ပြန်ပြောလိုက်မိလေသည်။ "ဟာ မင်းမှားနေပြီ ....ကိုယ်က မင်းအဒေါ်ရယ်လို့ ပြောတာမဟုတ်ဘူးနော် ... ဒီမှာ ကိုယ်ပြောမယ် မင်း သရဲကြောက်တတ်လား ...ကိုယ့်စိတ်ထင် ညဘက်တွေ အခန်းပြင်ကို ထွက်မိရင် စင်္ကြန်လမ်းမှာ တစ်ယောက်ယောက်ကို မြင်ရတတ်တယ် ... စတွေ့တွေ့ချင်းတုန်းကတော့ မင်းနဲ့ ရွှေရည် တစ်ယောက်ယောက်လို့ ထင်ခဲ့မိတာ ဒါပေမဲ့ နောက်ကျတော့ မဟုတ်မှန်းသိလာမိတယ် ... ဘာလို့လဲ ဆိုတော့ ရေချိုခန်းနားရောက်ရင် ပျောက်ပျောက်သွားတတ်လို့ပဲ " "ရှင် " ထွဋ်ခေါင်၏ စကားကြောင့် သလင်းဖြူ ထိတ်လန့်တုန်လှုပ်စွာပင် မော့ကြည့်လိုက်မိသည်။ " သရဲတစ္ဆေ ဝိဉာဉ်တွေကို ...ကံနိမ့်နေမှသာ မြင်ရတာတဲ့ ...ဒီလိုသာဆိုရင် ဒီအိမ်ကြီးထဲမှာ မင်းနဲ့ ကိုယ်က ကံနိမ့်နေလို့ မြင်ရတာများလား " " ရှင် ...ရှင် ဘာတွေပြောနေတာလဲ မဟုတ်တာတွ ပြောမနေနဲ့ " သလင်းဖြူ အလန့်တကြားနှင့် ပြန်ပြောလိုက်မိသည်။ "မင်းကလဲ ကြောက်တတ်လိုက်တာ ....တကယ်ဟုတ်မဟုတ်တောင် မသေချာသေးဘူး ...အဲ့ဒါကြောင့် မင်း ကြုံခဲ့ရတာကို ပြောပြပါလား ...." "ကိုထွဋ်ခေါင်က ဒီကိုရောက်နေတာလား ...ရွှေရည်က ကိုထွဋ်ခေါင် အိမ်ဘက်ကို ပြန်သွားတယ်ထင်နေတယ် " ဇွတ်တရွတ်မေးနေသော ထွဋ်ခေါင်ကြောင့် သလင်းဖြူ အကြပ်ရိုက်နေစဉ်မှာပင် ရုတ်တရက် ရွှေရည်ဝင်းရောက်လာသောကြောင့် သလင်း ဖြူဝမ်းသာသွားမိလေသည်။ -~~~~ "သလင်းဖြူ ခဏလောက် " အဆင် သင့်ထုတ်ပိုးပြီးသား အထည်ထုတ်တွေကို သလင်းဖြူ စာရင်း လုပ်ပေးနေစဉ် ရွှေရည်ဝင်း၏ ခေါ်သံကြောင့် သလင်းဖြူထသွားလိုက်သည်။ "ဘာခိုင်းမလို့လဲ ရွှေရည် " "ငါနဲ့ ခဏလိုက်ခဲ့ "ထိုမျှသာ ပြောပြီး ရွှေရည်ဝင်းကရှေ့မှ ထွက်သွားသောကြောင့် နောက်မှ သလင်းဖြူ လိုက်သွားခဲ့လိုက်သည်။ ~~~~~ လူရှင်းသောနေရာသို့ ရောက်သောအခါ ရွှေရည်ဝင်းသည် လှမ်းနေသော ခြေအစုံကို ရပ်တနဲ့လိုက်ပြီး သလင်းဖြူကို လှည့်ကြည့်လိုက်သည်။ "ဒီမှာ သလင်းဖြူ ...နင် အနေအထိုင် ဆင်ခြင်သင့်တယ် .. ဘာလို့ ကိုထွဋ်ခေါင် နောက်ကို လိုက်ကပ်နေရတာလဲ ...ဟိုက သူဌေးသား တော်ရုံ မိန်းမမျိုးကို စိတ်မ၀င်စားဘူး သိရဲ့လား....နင် ကိုယ့်အခြေအနေကိုယ်သိမှ ပေါ့ ...နင်မှာ ငွေရေးကြေးရေး အခက်အခဲရှိနေလို့ ရောက်လာခဲ့တာကို ငါတို့ မသိဘူး များထင်နေတာလား " ရွှေရည်ဝင်း၏ စကားကြောင့်သလင်းဖြူ ဒေါသထောင်းခနဲ ထွက်သွားမိသော်လည်း စိတ်ကိုထိန်းမနည်းပင် ပြန်ထိန်းလိုက်ရသည်။ "မဟုတ်တာတွေ မပြောပါနဲ့ ရွှေရည် ....နင့် ဧည့်သည်ကို ငါက ဘာလိုလိုက်ကပ်နေရမှာလဲ ...အဲ့ဒီလို ကိစ္စတွေကို ငါစိတ်မဝင်စားဘူး....ဟုတ်တယ် နင်ပြောသလိုပဲ ငါက ငွေလိုနေလို့ မိုးနှဲကိုလာခဲ့တာ ...အဲ့ဒါကြောင့် ငွေကိစ္စကလွဲရင် ဘာကိုစိ မ၀င်စားဘူး " " ငါကလဲ နင့်ကို စေတနာနဲ့ သတိပေးနေတာ ...နောက် ကိုဆင်ခြေပေါ့" သူပြောချင်ရာကို ပြောပြီးသည်နှင့် ရွှေရည်ဝင်းက ပြန်၍ လှည့်ထွက်သွားလေသည်။ သလင်းဖြူမှာသာ ရှက်စိတ် ဒေါသစိတ်များကြောင့် အံကိုတင်းတင်းကြိတ်၍ထားမိလေသည်။ ~~~ ~~~ ညဉ့်နက်လာပြီ ဖြစ်သော်လည်း ဒေါသကြောင့် လူက အိပ်မပျော်နိုင်ဘဲရှိလေသည်။သလင်းဖြူ အိပ်ရာထဲတွင် တလူးလူးတလိမ့်လိမ့် လုပ်နေမိပြီးနောက် သန့်စင်ခန်းရှိရာဘက်သို့ ထ၍လာခဲ့သည်။ ~~~~~~ စင်္ကြန်လမ်းတစ်လျှောက်သည် ယခင်နေ့များကကဲ့သို့ပင် မီးရောင်များဖြင့် လင်း၍ နေပါလေသည်။ သို့သော်လည်း သလင်းဖြူမှာ ယခင်နေ့များက လို အေးအေးဆေးဆေး မဟုတ်တော့ဘဲ ကြောက်ရွံ့ထိတ်လန့်နေမိလေသည်။စင်္ကြန်လမ်းတစ်လျှောက် လျှောက်လာခဲ့စဉ် ထွဋ်ခေါင်၏ ပြောစကားများကို ကြားယောင်လာမိပြီး ကြက်သီးများထလာမိလေသည်။မသိလျှင့် ကိုယ့်ကို တစ်ယောက်ယောက်က စောင့်ကြည့်နေသကဲ့သို့ပင်ခံစားနေရလေသည်။ရှေ့ဆက်သွားဖို့ရန်အတွက်ပင် သလင်းဖြူ ခြေထောက်တွေ အားမရှိ ချင်သလို ဖြစ်လာမိလေသည်။ "ဘုတ် " "အမယ်လေး "ဟုအော်မိမလိုဖြစ်ပြီးမှ သလင်းဖြူ ကိုယ့်ပါးစပ်ကိုယ် လက်ဝါးနှင့် ခပ်တင်းတင်းဖိပိတ်ထားလိုက်ရသည်။ ကြားလိုက်ရသော အသံမှာ အခန်းတစ်ခန်းထဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ သေချာသည်မှာ အနောက်ဘကရှိ အခန်းများတွင် လူမနေသည်မှာ သေချာသည်။ နေမည်သူလည်းမရှိဘူး ဟုတ်လား ။ ဧည့်သည့်နှစ်ယောက် အပါအဝင် အိမ်ရှိ ယောကျာ်းလေးနှစ်ယောက်မှာ အိမ်ရှေ့ ၀ရံတာအနီးမှ အခန်းများတွင် နေကြသည်။ရွှေရ ည် ဝင်းနှင့် သလင်းဖြူမှာ အိမ်၏ အလယ်ရှိ အခန်းများတွင် နေခြင်းဖြစ်သည်။ ပြောရလျှင် ခ အပေါ်ထပ်ဝယ် လူမနေသော အခန်းလေးခန်း ရှိသည်။ယခုထိုအသံမှာ လူမနေသော အခန်းများမှ ထွက်ပေါ်လာနေခြင်းဖြစ်သည်။သလင်းဖြူ ကြောက်ကလဲ ကြောက် ' သိကလဲ သိချင်နေသောကြောင့် ခြေကို အသာဖော့ နင်းလျက် အသံကြားရာ အခန်းဆီသို့ တိုးကပ်၍ သွားမိလေသည်။ထိုစဉ်မှာပင် သလင်းဖြူ၏ နောက်မှ အရိပ်တစ်ခုကို တွေ့လိုက်ရသောကြောင့် သလင်းဖြူ၏ ကိုယ်ထဲရှိသွေးများခဲတောင့်သွားသလို အေးခနဲဖြစ်သွားမိလေသည်။တစ်ကိုယ်လုံးကြက်သီးမွှေ့ညှင်းများ

ဧကြည်ဖြူ " အဝါရောင် ရဲတိုက် " အပိုင်း ( ၇ ) ******* "ဘာလို့ မေးတာလဲ " သလင်းဖြူ နားမလည်နိုင်စွာပြန်မေးလိုက်မိသည်။ " အသက်ငယ်ငယ်နဲ့ ဆုံးသွားတော့ သိချင်လို့မေးတာ ... မပြောချင်လဲ မင်းသဘောပဲ " စိတ်တိုသွားပုံရသော အစ်ကိုဖြစ်သူကို ကြည့်ပြီး သလင်းဖြူ ကိုယ်စိတ်ကိုယ်လျှော့လိုက်သည်။ " အရင်ကဆို အမေ့လောက်ကျန်းမာတာ အမေပဲလေ ...ဒါပေမဲ့ အဘိုးရဲ့နာရေးက ပြန်လာပြီး သိပ်မကြာဘူး ခရီးပန်းပြီး စဖျားတာပဲ ... အဲ့ဒီကတည်းက ပြောရမှာပဲ တရှောင်ရှောင်ဖြစ်ပြီး အိပ်ရာထဲလဲတော့တာ....ပြန်သက်သာလဲ တစ်ရက် နှစ်ရက်ပဲ ... ဆေးရုံဆေးခန်းတွေလဲ စုံအောင် ပြတာပေါ့...မြန်မာဆရာတွေနဲ့ လည်းကုတယ် ... မီးယပ်သွေးဆုံးကိုင်တယ်ဆိုလို့ ဆရာပေါင်းစုံနဲ့ ကုခဲ့တာပဲ .... ဒီလိုနဲ့ သက်သာလိုက်ပြန်ဖြစ်လိုက်နဲ့ အချိန် တစ်နှစ်ကျော်လာခဲ့တယ် ... နောက်ဆုံး အသိမိတ်ဆွေတွေက ပယောဂဆရာနဲ့ ကုဖို့အကြံပေးလို့ ဖြူလေးနဲ့ အဖေလဲ အယုံအကြည် သိပ်မရှိကြပေမဲ့ နယ်ဘက်မှာရှိတဲ့ ပယောဂဆရာတစ်ယောက်ကိုပါ သွားပင့်ခဲ့ကြတယ် ... ဖြစ်ချင်တော့ လမ်းမှာ ကားပျက်လို့ ဆိုပြီး ညမိုးချုပ်မှ ဆရာကအိမ်ကို ရောက်လာခဲ့တယ်....အဲ့ဒီညရောက်ရောက်ချင်းမှာ ဆရာက အမေ့ကို ကြည်ပြီး ..မင်းကိုလုပ်ထားတဲ့သူရှိရင် လက်ထောင်လို့ပြောခဲ့လို့ အမေက သူ့လက်တွေကို ထောင်ပြခဲ့သေးတယ် ... ဒါနဲ့အဲ့ဒီညကတော့ ဆရာက မိုးချုပ်နေလို့ ဆိုပြီး မနက်မှ ကုသပေးမယ်ဆိုပြီး စောစောအိပ်ရာဝင်ခကြတာပေါ့ .... မနက်လင်းလို့ ခုနှစ်နာရီကျော်ကျော်လေးမှာပဲ အမေဆုံးသွားခဲ့တာလေ " သလင်းဖြူသည် အစ်ကိုဖြစ်သူအား မိခင်ဖြစ်သူ၏ အကြောင်းကို အစမှ အဆုံးတိုင် ရှည်လျားစွာရှင်းပြလိုက်သည်။ စိုင်းရန်နိုင်သည် သလင်းဖြူပြောသမျှကို သေချာစွာ နားစိုက်ထောင်၍ နေလေသည်။ပြီးလျှင် သလင်းဖြူ၏ စကားဆုံးသွားသော အခါ၌ ပြန်ရန် ပြင်လိုက်ရင်း သလင်းဖြူကို စေ့စေ့ကြည့်လိုက်ပြီးလျှင် အသံခပ်ပြတ်ပြတ်နှင့် ပြောလိုက်လေ၏။ "မင်းကို ပြောထားတယ်နော် ကိုယ့်အိမ်ကိုယ်ပြန်ပြီး ကိုယ့်အလုပ် ကိုယ် ပြန်လုပ်ဖို့...အဓိပ္ပါယ်မရှိဒီမှာနေပြီး ဘာလုပ်နေမှာလဲ ...ဆွေမျိုးသားချင်းတွေကြားမှာ.. မင်း ငွေစကားပြောလိုက်လို့ အားလုံး သွေးကွဲသွားကြမှာမျိုးကို ငါမလိုချင်ဘူး " အစ်ကိုဖြစ်သူ စိုင်းရန်နိုင်၏စကားကြောင့် သလင်းဖြူ စိတ်ရှုပ်ထွေးသွားမိသည်။ကိုယ့်ကြောင့်ဆွေမျိုးတစ်စုလုံး ပြဿနာဖြစ်မည်ကိုတော့ သလင်း ဖြူလည်းမလိုလားပါချေ။ ~~~~---------- "အဆင်မပြေသေးပါဘူးဟာ .... ငွေကိစ္စပြောဖို့အရေးကို ပြောလို့မထွက်ဘူးဖြစ်နေတာ ... နင်အားတဲ့အချိန်လေး ငါ့အဖေကို သွားကြည့်ပေးပါအုံးဟယ် .. အိမကို ဖုန်းမဆက်ချင်လို့ဟ ... တော်ကြာ ငွေအဆင်ပြေလားလို့ အဖေ မေးရင် ငါမဖြေချင်ဘူး ..." "အေးပါဟာ ...ဒါနဲ့ နင်လဲ အဆင်မပြေဘူးထင်ရင် ပြန်လာခဲ့တော့လေ ... ဒီမှာပဲ အလုပ်သစ်ရှာပြီး နင့်အဖေ ပြောသလို အခန်းငှါးနေလိုက်လေ " "အင်းပါ ... အဆင်မပြေတာထက် ...ခုထိ ငွေလာရှာတဲ့အကြောင်းကို ပြောမထွက်သေးလို့ပါ ...ပြောရင် အဆင်ပြေလောက်မယ်ထင်ပါတယ် " သလင်းဖြူသည် စက်သံများနှင့် ဝေးရာ ရက်ကန်းရုံ၏ အနောက်ဘက် ခြံစပ်တွင် ရပ်လျက် ရန်ကုန်မှသူငယ်ချင်းဖြစ်သူထံသို့ ဖုန်းဆက်၍ အကျိုးအကြောင်းများကိုပြောနေမိသည်။ " ဒါနဲ့ ဖြူလေ နင့်ကို ပြောစရာရှိသေးတယ် ... နင်စိတ်တော့ မတို့နဲ့နော်" "ဘာလဲဟ ပြောလေ " '' ကိုလတ်လေ အိမ်ထောင်ပြုတော့ မလို့တဲ့ ... သတိုးသမီးလောင်းက ပိုက်ဆံတော့ရှိပုံရတယ် ...ကြည့်ရတာ နင်နဲ့ တွဲနေကတည်းကများ ဖြစ်နေကြတာလား မသိဘူး " " ဪ ... ကောင်းပါတယ်ဟာ ... ငါနဲ့သာဆိုရင် နှုတ်ခမ်းပဲ့ ချင်း မီးမှုတ်တဲ့ဘ၀မျိုးပဲဖြစ်နေမှာလေ " ချစ်သူဟောင်း၏ မင်္ဂလာသတင်းကို ကြားရသောအခါ သလင်းဖြူရင်ထဲမှာ ဗလာဖြစ်၍နေသည်။ငွေကြေးမပြည့် စုံသည့် ဘ၀တွင် ဝမ်းနည်းဝမ်းသာခံစားချက်တွေ ပျောက်ဆုံးကုန်ပြီ ထင်သည်။ " မင်းနဲ့ စကားခဏလောက် ပြောချင်လို့ရမလား " "ရှင် " သလင်းဖြူ စိတ်ရှုပ်ထွေးစွာ ထိုင်နေမိစဉ်မှာပင် နောက်ပါးဆီမှ ရုတ်တရက် အသံထွက်ပေါ်လာသောကြောင့် မော့ကြည့်လိုက်မိရာ ထွဋ်ခေါင်ဆိုသူကို တွေ့လိုက်ရလေသည်။မာန်မာနကြီး ပုံရသောသူက သလင်းဖြူနှင့် စကားပြောချင်သည်ဆိုသောကြောင့် သလင်းဖြူအံ့ဩသွားမိသည်။ "ဟုတ်ကဲ့ ...ရပါတယ် ပြောလေ ..." "ဒီလိုပါ ...မင်း တစ်နေ့က မင်းအဒေါ်ကို အိပ်မက်မက်တယ်ဆို တလေ အဲ့ဒါ ဘယ်လိုမက်တာလဲ ပြောပြလို့ရမလား " " ဘာလို မေးတာလဲ ..ပြီးတော့ ကျွန်မအိပ်မက် မက်တာမဟုတ်ပါဘူး ...တကယ်တွေ့ခဲ့တာ " ထွဋ်ခေါင်၏ အမေးစကားကြောင့် သလင်းဖြူ စိတ်တို သွားမိပြီး ဘုပြောလိုက်မိသည်။ပြီးလျှင် လူပုံစံနှင့် ကွဲပြားလှစွာ ကိုယ်နှင့်မဆိုင်သော ကိစ္စများကိုပါ စိတ်ဝင်စားနေသော သူ့ကို နားမလည်နိုင်သလို မော့ကြည့်လိုက်မိသည်။ "ဟိတ် ...မင်း ကိုယ့်ကို ထူးဆန်းတဲ့ သတ္တဝါကို တွေ့သလို ကြည့်မနေနဲ့ .... ကိုယ်က သရဲတစ္ဆေ အကြောင်းတွေကို စိတ်ဝင်စားလို့ မေးကြည့်မိတာ .... တကယ်လို့ကွာ မင်းတွေခဲ့တာ ဝိဉာဉ် ရောမဖြစ်နိုင်ဘူးလား "

သလင်းဖြူ ဘကြီးဖြစ်သူကို မဝံ့မရဲနှင့် ပြောလိုက်သည်။ " အေး ... ပြော...ပြောလ သမီးရဲ့ ..ဘာပြောချင်လို့လဲ " " အယ် .. ဟို ... ဟို " "သလင်းဖြူ မင်းကို ကြီးကြီး ရှာနေတယ် ... " သလင်းဖြူ အားတင်း၍ ပြောရန် ပြင်လိုက်စဉ်မှာပင် စိုင်း ရန်နိုင်၏ အသံကျယ်ကျယ်ကို ကြားလိုက်ရသော ပြောရန် စကားလုံးများမှာ လည်ချောင်းဝတွင် တစ်ဆို့၍သွားလေသည်။ ~~~~ " ကြီးကြီးမဆုံးခင် ..ဘယ်လို ဝေဒနာတွေ ခံစားခဲ့ရလဲ မင်းမှတ်မိလား သလင်းဖြူ " စိုင်းရန်နိုင်သည် သလင်းဖြူနှင့်အတူ ရက်ကန်းရုံသို့ ဆိုင်ကယ်စီးလာခဲ့ပြီးလျှင် လူရှင်းသော လမ်းတစ်နေရာအရောက်တွင် ဆိုင်ကယ်ကို ရပ်တန့်လိုက်ပြီးလျှင် သလင်းဖြူကို မေးလိုက်ခြင်းဖြစ်လေသည်။ သလင်းဖြူမှာ အစ်ကိုဖြစ်သူစိုင်းရန်နိုင်ထံမှ မထင်မှတ်သောမေးခွန်းကို ကြားလိုက်ရသောကြောင့် အံ့ဩသွားမိလေသည်။ ======================= အပိုင်း ( ၇ ) ဆက်ရန် ဧကြည်ဖြူ

သလင်းဖြူသည် ရင်ဖွင့် ပြောပြစရာလူ မရှိသည့်အဆုံးတွင် ထုံးစံအတိုင်း ကုက္ကိုစု ကွင်းဆီသို့ ရောက်လာခဲ့ပြီးလျှင် သူငယ်ချင်းဖြစ်သူ စိုင်းလွှမ်းကို ပြောပြနေမိလေ သည်။ "ဒါနဲ့ နေပါအုံး ...မင်း မေးလိုက်တော့ရော ဒေါ် လေးက ဘာမှ မပြောဘူးလား " "အင်း ဟုတ်တယ် ..ဘာမှတော့ မပြောဘူး ...ဒါနဲ့ နင်ရော ငါပြောတာကို ယုံရဲ့လားဟင် " သလင်းဖြူက စိုင်းလွှမ်းကို သေချာအောင် ထပ်မံ၍မေးလိုက်သည်။ "ဘယ်လို ပြောရမလဲ ဖြူလေးရယ် ... အိပ်မက်မဟုတ်ရင်တောင် တကယ့် အဖြစ်အပျက်တော့ မဟုတ်ဘူးထင်တယ် ...ပြောရမယ်ဆိုရင် ရုပ်ရှင်တွေထဲကလို တစ်ယောက်နဲ့တစ်ယောက် သတိရနေကြပြီး စိတ်ချင်း ဆက်သွယ်မိကြတာမဟုတ်ဘူးလား " "ဟင် နင်ကလဲ မဖြစ်နိုင်တာတွေ .. ငါ့ စိတ်ထင် ...ဖွ ...ဖွ ... ဟို .. ဒေါ် လေးများ တစ်ခုခုဖြစ်နေပြီလားမသိဘူးနော် " " မဟုတ်တာတွေ မတွေးစမ်းပါနဲ့ ဖြူလေးရယ် " "မသိတော့ ပါဘူးဟာ ...စိတ်ရှုပ်လိုက်တာ ` စိုင်းလွှမ်း၏ စကားကြောင့် သလင်းဖြူလည်း စိတ်ရှုပ်ရှုပ်နှင့် ခေါင်းပေါ်မှ ဆံပင်ရှည်များကို လက်နှင့်စုံကုတ်လိုက်လေသည်။ စိုင်းလွှမ်းသည် စိတ်ညစ်စိတ်ရှုပ်နေသော သလင်းဖြူ၏ မျက်နှာလေးကို ငေးကြည့်၍နေပြီးလျှင် သူ၏ လက်ချောင်းများကို ဆုပ်လိုက်ဖြန့်လိုက် နှင့်လုပ်နေလေသည်။ ~~~~~~ သလင်းဖြူ ကုက္ကိုစု ကွင်းမှ ပြန်၍ လာခဲ့ပြီး မှ ညက စိုင်းလွှမ်းလာခဲ့သော အကြောင်းကို မေးရန် မေ့သွားခဲ့သည်ကို အမှတ်ရလိုက်မိလေ၏။ စက်ဘီးကို နင်းလာခဲ့ရင်း မှ အစ်ကိုစိုင်းရန်နိုင်နိုင့်လမ်းတွင် မတော်တဆ ဆုံမည်စိုးသောကြောင့် ရွာလမ်းမဘက်မှ မပြန်ဘဲ လမ်းကြိုလမ်းကြားလေးများဆီမှ စက်ဘီးကို ပတ်နင်း၍ ပြန်ခဲ့လေသည်။ " ဟင် " ဆုံမိမည်စိုး၍ ရှောင်ကာမှ ဆုံရသော အဖြစ်မျိုးပါပင်။ သို့သော် ကံအားလျော်စွာပင် အစ်ကိုဖြစ်သူ စိုင်းရန်နိုင်ကို သလင်းဖြူက ဦးစွာ မြင်လိုက်ရခြင်းဖြစ်ပါလေသည်။စိုင်းရန်နိုင်မှာမူ သလင်းဖြူကို မမြင်ဘဲ အမျိုးသမီးကြီးတစ်ယောက်နှင့် စကားပြောနေခြင်းဖြစ်ပါလေသည်။သလင်းဖြူလည်း စက်ဘီးကို ရပ်တန့်လိုက်ပြီး စိုင်းရန်နိုင်မမြင်အောင် လမ်းဘေးရှိသစ်ပင်ကြီးတစ်ပင်နှင့် ကွယ်၍ရပ်နေလိုက်သည်။စိုင်းရန်နိုင်သည် အမျိုးသမီးကြီးနှင့် စကားရပ်ပြောနေရာမှ ခြံကျယ်ကြီးထဲသို့ ဝင်သွားသည်ကို တွေ့လိုက်ရလေသည်။ စိုင်းရန်နိုင် ဝင်သွားသောခြံကြီးကို သလင်းဖြူကြည့်နေမိရင်းမှ စိုင်းရန်နိုင်နှင့်အတူ စကားပြောနေသော အမျိုးသမီးကြီးကို မှတ်မိသလိုလိုဖြစ်လာမိသည်။ "ဟုတ်တယ် ... သူက ဒေါ်သီပဲ ...စိုင်းလွှမ်းရဲ့ မိထွေး ဒေါ်သီပဲ .... သူတို့ဝင်သွားတာ စိုင်းလွှမ်းတို့အိမ်ပဲဟာ " သလင်းဖြူ အံ့သြစွာပင် တစ်ယောက်တည်း ရေရွတ်ပြောဆိုနေမိရင်းမှ အစ်ကိုဖြစ်သူ စိုင်းရန်နိင်သည် အောက်လမ်းပညာသည်လိုလို၊ စုန်းကဝေလိုလို နာမည်ကြီးခဲ့သော ဒေါ်သီနှင့် အဘယ်အတွက်ကြောင့် ပတ်သက်နေသည်ကို စဉ်းစား၍ မရနိုင်အောင် ဖြစ်နေမိလေသည်။ ~~~~~~~ သလင်းဖြူ တိုက်ကြီးထဲသို့ ၀င်လိုက်သောအခါ ဧည့်ခန်းကျယ်ကြီးထဲတွင် ဘကြီးဖြစ်သူ ထိုင်နေသည်ကို မြင်လိုက်ရသောကြောင့် နှုတ်ဆက်စကား ဆိုလိုက်သည်။ "ဘဘ ဒီနေ့ အစောကြီး ပြန်လာတာလား " "ဟုတ်တယ် သမီးရေ ... ဘဘကြီးသိပ်နေလို့မကောင်းလို့ပါကွယ် ...ပြီးတော့ ညက သမီးရဲ့ အိပ်မက်ကိုလဲ ဘဘစဉ်းစားနေမိတာ ... ဘဘလဲ ခုတလော အိပ်မက်တွေမကောင်းလို သမီး ဒေါ်လေးကို စိတ်ပူနေတာ ...ဘဘသဘောအရတော့ သမီး ဒေါ်လေးလဲ မငယ်တော့ဘူးမဟုတ်လား...သူ့အိမ်ထောင်ရေးကို သူ့ဘာသာ ရွေးချယ်သင့်တယ်လို့ထင်တာပဲ ...ဒါပေမဲ့ ခက်တာက သမီးတို့ရဲ့ကြီးတော်ပဲကွယ် ...စည်းမျဉ်းစည်းကမ်းတွေကလဲများသလား မမေ့နဲ့ .... ဖြစ်နိုင်ရင် အားလုံးကို သူ့လိုပဲ တစ်ကိုယ်တည်းအရိုးထုတ်စေချင်တာထင်တာပဲ ....ဒါကြောင့်လဲ သမီး ဒေါ်လေးက မကြီးမငယ်နဲ့ ထွက်ပြေးသွားတာပေါ့ ... ဘဘကတော့ ဒါတွေအတွက် စိတ်သောက အဖြစ်မခံနိုင်ဘူး ...ကိုယ့်ဘာသာ အေးအေးဆေးဆေးပဲ နေချင်တယ် ..ဘဘရဲ့ သားသမီးတွေလဲ သူတို့ချစ်တဲ့သူနဲ့ ယူကြပါစေ ... အိမ်ထောင်သည် မဟုတ်ရင် ပြီးတာပဲ " ဘကြီးဖြစ်သူ၏ စိတ်သဘောထားကြောင့် သလင်းဖြူ ရင်ထဲတွင်ကျေနပ်သဘောကျသွားမိလေသည်။ဤသို့ဆိုလျှင် သလင်းဖြူ၏ အခက်အခဲကိုလည်း ဘကြီးဖြစ်သူအား အကျိုးအကြောင်း ပြောပြမည်ဆိုလျှင် အဆင်ပြေနိုင်လောက်မည်ဟု သလင်းဖြူ ထင်မိလေသည်။သို့မဟုတ်လျှင် ဤအိမ်ကြီးတွင် နေရသည်မှာ သလင်းဖြူကို လိုလားဟန်မပြကြသော ကြီးကြီးခင်အေး၊ ရွှေရည်ဝင်းနှင့် သူ့မိခင် ဒေါ်ကြူကြူဝင်း၊စိုင်းရန်နိုင်တို့ကြောင့် သလင်းဖြူမှာအနေရခက်လှပါသည်။သည်ကြားထဲ၌အိမ်၏ လက်စွဲတော်ဖြစ်သော ဒေါ်သုန်သည်ပင်လျှင် သလင်းဖြူကို မချေမငံ ပြောဆိုဆက်ဆံတတ်သောကြောင့် သလင်းဖြူမှာ အနေရ ကြပ်သည်မှာတော့ အမှန်ပါပင်။ကျန်သော ကြီးကြီးကြည်အေး၊ ဘဘမြင့်အေးနှင့် အစ်ကိုဇော်ထိုက်တို့မှာမူ ဖော်ဖော်ရွေရွေရှိကြသော်လည်း တစ်နေ့မှ တစ်ခါလောက်သာ မျက်နှာချင်းဆိုင်ဆုံရသူများ ဖြစ်ကြသည် မဟုတ်ပါလား ။ မည်သို့ ဖြစ်စေ သလင်းဖြူသည် ဤအိမ်ကြီးတွင် နေထိုင်ရသည်မှာ ရန်ကုန်မှာနေစဉ်ကကဲ့သို့ပင် ပျော်ရွှင်မှုမရှိ ဖြစ်နေမိလေသည်။ "ဟို...ဟိုလေ ဘဘကြီး ...သမီး ပြောစရာရှိလို့ "

ရေချိုးခန်းတစ်ခန်းထဲမှ ရေလောင်းသံများ ကြားလိုက်ရသောကြောင့် အံ့ဩ၍ သွားမိသည်။ညဉ့်နက်သန်းခေါင်ကြီး ရေထချိုးနေသော ရွှေရည်ဝင်းကို နားမလည်နိုင်စွာတွေးရင်း သလင်းဖြူ အိပ်သာထဲသို့ဝင်ခဲ့လိုက်သည်။ ~~~~~~~ "ဒေါက် ...ဒေါက် ...ဒေါက် " "ဖြူလေး ...သမီးလေး " အိပ်ပျော်မည်မှ မကြံသေး ခေါ်သံနှင့် အတူတံခါးခေါက်သံကြောင့် သလင်းဖြူအိပ်ရာထဲမှ လူးလဲထလိုက်ပြီး အခန်းတံခါးဆီသို့လျှောက်လာခဲ့လိုက်သည်။ပြီးလျှင် အိပ်ချင်မူးတူးနှင့် အခန်းတံခါကို ဖွင့်ကြည့်လိုက်ရာ "ဟင် ..ဒေါ်လေး ...ဒေါ်လေး ဘယ်တုန်းက ပြန်ရောက်တာလဲ " တံခါးအပြင်တွင် ဒေါ် လေးကိုတွေ့လိုက်ရသောကြောင့် သလင်းဖြူ ဝမ်းသားအားရနှင့် ဒေါ်လေးကို ခေါ်လိုက်မိသည်။သို့သော် ဒေါ်လေးသည် ညှိုးငယ်သော မျက်ဝန်းများဖြင့် သလင်းဖြူကို ကြည့်၍နေသောကြောင့် သလင်းဖြူစိုးရိမ်တကြီး မေးလိုက်မိသည်။ "ဘာ ...ဘာဖြစ်လို့လဲဟင် ဒေါ်လေး...ကြီးကြီးတို့ဆူလို့လား ...ဒါနဲ့ ဦးငယ်နဲ့ရော တွေ့လားဟင် " သလင်းဖြူမှာ အဆက်မပြတ် မေးခွန်းတွေမေးနေမိသော်လည်း ဒေါ်လေးသည် တစ်ခွန်း မျှပြန်၍မပြောဘဲ သလင်းဖြူကို အတန်ကြာမျှ စူးစိုက်ကြည့်နေပြီးနောက် ကျော်ခိုင်းထွက်သွားလေသည်။ "ဟင် " သလင်းဖြူသည် ကျောခိုင်း၍ ထွက်သွားသော ဒေါ်လေး၏နောက်ကျောပြင်ကို ငေးမောကြည့်နေမိရာ ဒေါ် လေး ဝတ်ဆင်ထားသော ပါတိတ်ဝမ်းဆက်ကို မှတ်မိ၍သွားမိပြီး ခပ်စောစောက ရေချိုးခန်းထဲတွင် ရေချဉ်းနေသူမှာ ရွှေရည်ဝင်းမဟုတ်ဘဲ ဒေါ်လေး ဖြစ်နေမှန်းသိလိုက်ရလေသည် ။ ~~~~~ "ဒေါ်လေးရော ...ဒေါ်လေး မနိုးသေးတာလဲ ဒေါ်ကြီးသုန် " ထွဋ်ခေါင်တို့ ဧည့်သည် နှစ်ယောက် အပါ လူစုံတက်စုံရှိနေသော ထမင်းစားခန်းထဲမှ လူများသည် သလင်း ဖြူ၏ မေးခွန်းကြောင့် သလင်းဖြူကို မော့ကြည့်လိုက်ကြလေသည်။ဒေါ်ကြည်အေးသည် ပါးစပ်ထဲသို့သွင်းရန်ပြင်နေသော ထမင်းလုတ်ကို အောက်သို့ပြန်ချလိုက်ပြီး "ဘယ်လို သလင်းဖြူ ... နင့် ဒေါ်လေး ခရီးထွက်သွားတယ်လေ.....နင် ဘာတွေ မေးနေတာလဲ " " ဟုတ် ဒေါ် လေး ခရီးထွက်သွားတာသိတယ်လေ ...ဒါပေမဲ့ မနေ့ညက ဒေါ် လေး ပြန်လာပြီလေ ...ညက သမီး ဒေါ်လေးလာနှုတ်ဆက်တယ်လေ .." "ဘာ .. ဘာပြောတယ် ... နင့် ဒေါ်လေး ပြန်ရောက်လာပြီး ဟုတ်လား ... ဒေါ်သုန် ဖြူလေး ပြောတာဟုလား ... ရင်အေးပြန်လာပြီလား " ဒေါ်ကြည်အေးသည် သလင်းဖြူ၏ စကားကြောင့် အိမ်၏ လက်စွဲတော်ကြီး ဒေါ်သုန်ကို အထိတ်တလန့် မေးလိုက်လေသည်။ "မဟုတ်တာ မမကြီးရယ် ...ညက ရင်အေးပြန်မလာပါဘူး...ကျွန်မလဲ ဘယ်သူ့ကိုမှ တံခါးထ မဖွင့်ပေးရပါ ရှင် ...တကယ်လို့ ကျွန်မအိပ်ပျော်နေလို့ မသိလိုက်ရင်တောင် တစ်ယောက်ယောက်တော့ တံခါးဖွင့်ပေးရမှာပေါ့ " " အင်း ဒေါ်သုန် ပြောတာလဲ ဟုတ်တာပဲ မမကြည်... ဒါဆို ဘယ်သူက ရင်အေးကို တံခါးဖွင့်ပေးလိုက်တာလဲ ....ကျွန်မတော့ မသိဘူးနော် " ဒေါ်သုန်၏ စကားဆုံးသောအခါ ဒေါ်ခင်အေးက ဝင်၍ပြောလေသည်။ " ကျွန်တော့်အထင်တော့ ဖြူလေးက အိပ်မက်မက်ခဲ့တာကို တကယ်လို့ ထင်နေတာဖြစ်မယ် ..." အမှတ်မထင်ဝင်ရောက်ပြောဆိုလိုက်သော စိုင်းရန်နိုင်၏ စကားကြောင့် ထမင်းစားခန်းထဲရှိ လူများမှာ သလင်းဖြူကို ပြုံးစေ့မေ့မျက်နှာများဖြင့် ကြည့်ရှုကြလေသည်။ "ဟား....ဟား ငါ့တူမလေးကတော့ကွာ ....သူ့အစ်ကို ပြောသလိုပဲ ... အဒေါ်နဲ့ ဦးလေးကို သတိရနေတာနဲ့ အိပ်မက်မက်ခဲ့တာကို တကယ်လို့ထင်နေမိတာ ဖြစ်မယ် ..." ဦးမြင့်အေးသည် သဘောကျစွာ တဟားဟားရယ်လျက် ဝင်၍ပြောလေသည်။ဦးမြင့်အေး၏ ရယ်ရယ်မောမော စစနောက်နောက်နှင့် ပြောလိုက်သော စကားသံထွက်ပေါ်လာသောအခါမှပင် တိတ်ဆိတ်ငြိမ်နေသော ထမင်းဝိုင်းမှာ ပြန်၍ အသက်ဝင်စည်းကားလာလေသည်။ သလင်းဖြူမှာတော့ ညတုန်းက အဒေါ်ဖြစ်သူကို မြင်လိုက်ရသော အဖြစ်သည် အိပ်မက်မဟုတ်မှန်း သေချာနေသောကြောင့် အစ်ကိုဖြစ်သူ စိုင်းရန်းနိုင်ကို ဘုကြည့် ကြည့်၍ မျက်စောင်းဖြင့်ထိုးမိလေသည်။ထိုအခါ စိုင်းရန်နိုင်သည် သလင်းဖြူကို စူးစူးရဲရဲမျက်လုံးပြူးကြီးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသောကြောင့် သလင်းဖြူ အလန့်တကြားနှင့် အကြည့်ကိုလွှဲဖယ်လိုက်ရာ စူးရှတောက်ပသော အကြည့်များဖြင့် ကြည့်နေသော ထွဋ်ခေါင်ဆိုသူနှင့် သလင်းဖြူအကြည့်ချင်းဆုံလိုက်ရလေသည်။ထွဋ်ခေါင်၏ အကြည့်စူးစူးကြောင့် သလင်းဖြူ မျက်လွှာကိုချလိုက်ပြီး စိတ်တိုတိုနှင့် ထမင်းကြော်များကို တစ်ဇွန်းပြီး တစ်ဇွန်း အဆက်မပြတ် ခပ်စားပစ်လိုက်သည်။ ~~~~~~ "လူစိတ်ဝင်စားအောင်လုပ်တာလဲ တော်ရုံလုပ်ပါ သလင်းဖြူရယ် ... တော်ကြာ ခရီးသွားနေတဲ့ ငါ့ဒေါ်လေး နင့်ကြောင့် မနာမကျန်း ဖြစ်နေပါအုံးမယ် " စားသောက်ပြီးကြ၍ ထမင်းစားခန်းထဲမှ အသီးသီးထွက်လာကြစဉ် ရွှေရည်ဝင်းက သလင်းဖြူနားသို့ ကပ်၍ ဤသို့ မခံချင်အောင် ပြောသွားလေခြင်း ဖြစ်လေသည်။ ~~~~ "တကယ်ပါဆို အိပ်မက်မဟုတ်ပါဘူးဟာ ...ထင်ထင်ရှားရှားမှ တကယ့် ထင်ထင်ရှားရှားကြီးပါ ...လုံး၀အိပ်မက်မဟုတ်ဘူး " "အင်းဟာ .. မင်းပြောတာကို နားထောင်ပြီး ငါတောင် ခေါင်းခြောက်လာပြီ ဖြူလေးရာ "

ဧကြည်ဖြူ " အဝါရောင် ရဲတိုက် " အပိုင်း (၆) ***** "ဘယ်သူလဲ " သလင်းဖြူ ခြံတံခါးမကြီးနားသို့ လျှောက်သွားလိုက်ပြီး သံတိုင်များကြားမှ ကြည့်လိုက်မိသည်။သို့သော်လည်း ခြံတံခါးရှေ့ရှိ မီးရောင် အောက်တွင် လူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရဘဲရှိလေသည်။ "ဖြူလေး ...ငါပါ " သလင်းဖြူ ခြံရှေ့လမ်းမပေါ်သို့ ဟိုသည် ဝေ့ဝဲရှာနေမိစဉ် မှောင်ရိပ်ကျနေသော အုတ်တံတိုင်း ဘေးနားမှအသံကိုကြားလိုက်ရသောကြောင့် ဘေးအုတ်နံရံဘက်သို့ သံတိုင်းများ ကြားမှ စောင်းငဲ့၍ လှမ်းကြည့်လိုက်မိသည်။ထိုအခါ မှောင်ရိပ်ခပ်ကျကျ နေရာတွင် ရပ်နေသော မည်းမည်း သဏ္ဍာန်လူရိပ်ကို တွေ့လိုက်ရလေသည်။ "ဘယ်သူလဲ " သလင်းဖြူ မဝံ့မရဲနှင့် လှမ်းမေးလိုက်မိသည်။ "ငါပါ ...စိုင်းလွှမ်း " မှောင်ရိပ်ထဲမှ ဖြေသံကြောင့် သလင်းဖြူ အံ့သြသွားမိလေသည်။စိုင်းလွှမ်း၏ အသံမှာ အနည်းငယ် ပြောင်းနေသလိုဖြစ်နေသောကြောင့် သလင်းဖြူမမှတ်မိနိုင်ဘဲဖြစ်နေခြင်းဖြစ်သည်။ "စိုင်းလွှမ်းလား ...ဘာဖြစ်လို့လဲ..ဘာဖြစ်လာတာလဲ သူငယ်ချင်း " စိုင်းလွှမ်း၏ အက်ကွဲကွဲ တုန်တုန်ယင်ယင်နှင့် ဖြစ်နေသော အသံကြောင့် သလင်းဖြူ စိုးရိမ်စွာမေးလိုက်မိသည်။ "ငါ ...ငါ ဘာမှ မဖြစ်ဘူး ....နင် ...နင်ပြန်တော့ ဖြူလေး ... မြို့ကို အမြန်ဆုံးပြန်တော့နော် ... ငါသွားပြီး ဖြူလေး " "ဟင် ...စိုင်းလွှမ်း နေအုံးလေ ... ဘာဖြစ်လို့လဲ ...နင်ကလဲ ဘာမှန်း မသိဘူး...စိုင်းလွှမ်း ...စိုင်းလွှမ်း " " ဒီမှာ ...မင်း ဘာလုပ်နေတာလဲ ... ငါဖုန်းပြောနေတာကို လာနားထောင်နေတာလား ..." သလင်းဖြူသည် စိုင်းလွှမ်းရှိနေသော အုတ်တံတိုင်းဘက်ဆီသို့ တိုးကပ်ရွေ့လျားသွားနေရင်းမှ အနီးအနားမှ မေးလိုက်သော အသံကို ကြားလိုက်ရသောကြောင့် ကြည့်လိုက်မိသောအခါ ထွဋ်ခေါင်ဆိုသူကိုတွေ့လိုက်ရလေသည်။ထွဋ်ခေါင်ကို မြင်လိုက်ရသည်နှင့် သလင်းဖြူလည်း မျက်နှာထားကို တင်းပစ်လိုက်ပြီး " ဘာကိစ္စ ရှင်ဖုန်းပြောတာကို နားထောင်ရမှာလဲ ... ကျွန်မသူငယ်ချင်း နဲ့ စကားပြောနေတာ မမြင်ဘူးလား " ထွဋ်ခေါင်သည် သလင်းဖြူကို သေချာကြည့်လိုက်မိပြီး နားမလည်နိုင်စွာ မေးလိုက်သည်။ "ဘယ်မှာလဲ မင်းသူငယ်ချင်း ... လက်ထဲမှာ ဖုန်းလဲ မရှိဘဲနဲ့ " "အို ...ဖုန်းနဲ့ပြောနေတာမှ မဟုတ်တာ ... သူကအပြင်မှာ ...ခုန သူပြောတာရှင် မကြားဘူးလား " သလင်းဖြူ အသံမာမာနှင့် ပြောလိုက်သည်။ " ဘာသံမှ မကြားပါဘူး ...မင်းတစ်ယောက်တည်း ပြူးတူးပြဲတဲနဲ့လိုက်ကြည့်နေတာပဲ တွေ့တယ် " "မကြားလဲနေ ...အရူး ....ဘ၀င်ရူးရူးနေတော့ ဘယ်ကြားမလဲ" "ဘာ ... ဘာကွ ...မင်းဘာပြောသွားတာလဲ " သလင်းဖြူ ပြောပြီးသည်နှင့် ပြေးထွက်လာခဲ့သည်။ထွဋ်ခေါင်ဆိုသူ၏ ဒေါသတကြီးနှင့်ပြောသံကို ကြားလိုက်ရသောအခါ သလင်းဖြူကျေကျေနပ်နပ် ပင်ပြုံးလိုက်မိလေသည်။ ~~~~~~ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်၍ဘဲလား သို့မဟုတ်လျှင် ညအိပ်ခါနီးမှ ရေများသောက်လိုက်မိသောကြောင့်လားမသိ သလင်းဖြူ အိပ်ပျော်နေရာမှ ဖျတ်ခနဲ လန့် နိုးလာမိသည်။နိုးနိုးချင်းမှာပင် အပေါ့အပါးသွားချင်စိတ်ကြောင့် အိပ်ချင်မူးတူးနှင့် အိမ်သာဘက်သို့ ထွက်လာခဲ့မိသည်။ "ရှပ် ...ရှပ်..ရှပ် " သလင်းဖြူ အခန်းထဲမှ ထွက်လိုက်စဉ်မှာပင် စင်္ကြန်လမ်းဆီးမှ ခြေသံကို ကြားလိုက်ရသောကြောင့် နားစွင့် ကြက်လိုက်မိသည် ။ခြေသံပိုင်ရှင်မှာ မောင်နှမတွေထဲမှ တစ်ယောက်ယောက်ဖြစ်နေလျှင် ဘာမှ မဖြစ်သော်လည်း ထွဋ်ခေါင်ဆိုသူနှင့် ဧည့်သည် ဖြစ်နေမှာကို စိုးရိမ်နေမိသသည်။ တော်ကြာ မတော်တဆ တိုက်ဆိုင်စွာဆုံမိလျှင် ရွှေရည်ဝင်းတစ်ယောက် စိတ်ပူ၍မဆုံး ဖြနေပြီး ပေါက်ကရတွေပြောမှာကို ကြောက်မိသည်။ အခန်းထောင့်ကွယ်ဆီမှ နေ၍ စင်္ကြန် လမ်းဆီသို့ သလင်းဖြူချောင်းကြည့်လိုက်မိသည်။ထိုအခါ စင်္ကြန်လမ်းမီးရောင်မှိန်မှိန်အောက်တွင် ကျောခိုင်းသွားသော မိန်းမတယောက်ကို မြင်လိုက်ရလေသည်။တင်ပါးပေါ်သို့ ဝဲကျနေသော ကျစ်ဆံမြီးကြီးကို မြင်လိုက်ရသောကြောင့် ရွှေရည်းဝင်မှန်း သိလိုက်ရသည်။သို့သော်လည်း ညကြီးသန်းခေါင်တွင် ပါတိတ်ဝမ်းဆက်ကို ဝတ်ဆင်ထားသောကြောင့် အံ့ဩသွားမိလေသည်။ရွှေရည်ဝင်းကို မြင်သောအခါ သလင်းဖြူ၏ စိတ်တွင်းမှ မကျေမနပ်စိတ်ကလေးက ပြန်ပေါ်လာသောကြောင့် ရွှေရည်ဝင်းနောက်သို့ ဆက်မလိုက်ဘဲ ထောင့်ချိုးကွေ့တွင် သလင်းဖြူ ခေတ္တမျှရပ်နေလိုက်မိသည်။ထူးဆန်းစွာပင် သလင်းဖြူ ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် ရွှေရည်ဝင်း၏ ခြေလှမ်းများလည်း ရပ်တန့် ၍သွားသည်ကိုတွေ့လိုက်ရလေသည်။အချိန်ခဏမျှ ကြာလျှင် ရွှေရည်ဝင်င်း သည်ရှေ့သို့ ဆက်လျှောက်၍သွားသည်ကို တွေ့လိုက်ရလေသည်။ သလင်းဖြူလည်း ရွှေရည်ဝင်းထွက်သွားပြီး အချိန်အနည်းငယ် အကြာတွင် အိမ်သာဘက်ဆီသို့ လျှောက်လာခဲ့လိုက်သည်။ အိမ်သာဆီသို့ ရောက်သောအခါ မိန်းမအိမ်သာနှစ်ခန်းလုံးမှာ အပြင်မှ ချစ်ပိတ်ထားသောကြောင့် ရွှေရည်ဝင်း တစ်ယောက် အိမ်သာထဲမှာမဟုတ်မှန်းသိလိုက်ရသည်။သို့နှင့် ရွှေရည်ဝင်းကို တွေ့လိုတွေ့ငြား ဟိုဟိုသည် သည်လိုက်ရှာကြည့်နေမိစဉ်မှာပင် "ဖြန်း ...ဖြန်း....ဖြန်း "

သလင်းဖြူ ရေချိုးရန်ထွက်လာစဉ် ရွှေရည်ဝင်းက သလင်းဖြူကို သူ့အခန်းထဲသို့ ဆွဲခေါ်လာပြီးလျှင် ထိုစကားကို ပြောခြင်းဖြစ်လေသည်။သလင်းဖြူမှာ ဖြုန်းခနဲ ရွှေရည်ဝင်း၏ စကားကို နားမလည်နိုင်ဘဲ ပြန်၍မေးလိုက်မိလေသည်။ "နင်အခုမှ ရူးချင်ယောင် ဆောင် မနေနဲ့...နေ့လယ်က ကိုထွဋ်ခေါင်ကို နင်ကြည့်နေခဲ့တာလေ ... ဘယ်လိုပဲ ဖြစ်ဖြစ်...နင်ကိုယ့်ကိုယ်ကို ထိန်းသင့်တယ် ... နင့်ကြောင့် ငါတို့ မျိုးရိုးကို အထင်သေးမခံနိုင်ဘူး ...နောက်ဆိုဆင်ခြင်ဟာ " ရွှေရည်ဝင်း၏ စကားကို ကြားလိုက်ရသောအခါ သလင်းဖြူ ရှက်လွန်းသဖြင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်အောင် ဒေါသထွက်သွားမိလေသည်။ "မဟုတ်ဘူး ရွှေရည် ...နင်မှားနေပြီ ...ငါ သူ့ကို ကြည့်နေတာမဟုတ်ဘူးနော် ...ကြည့်နေမိသလို ဖြစ်သွားတာ " "ဘာပဲဖြစ်ဖြစ် ညီမချင်းမို့ ပြောလိုက်မယ် ...ဒီကိစ္စကို ကြီးကြီးမသိစေနဲ့နော် ...မဟုတ်ရင် နင့်ကို နှင်ထုတ်လိုက်မယ် ...ဒါပဲ သွားတော့ ....နင် ရေချိုးမလို့မဟုတ်လား သွားချိုးတော့ " ~~~~~~~ ရေချိုးခန်းထဲသို့ ရောက်သောအခါ သလင်းဖြူစိတ်တိုတိုနှင့် ရေတွေကို တဝုန်းဝုန်းလောင်းချိုးပစ်လိုက်သည်။ " ဒေါက် ...ဒေါက် ...." " ဖြူလေး ... သလင်ဖြူ " " ရှင် " သလင်းဖြူ ရေချိုးနေစဉ်မှာ တံခါးခေါက်သံနှင့်အတူ တစ်ယောက်ယောက်၏ ခေါ်သံကို ကြားလိုက်ရသောကြောင့် လှမ်းထူးလိုက်ပြီး တံခါးကို ဖွင့့်ကြည့်လိုက်သည်။ထိုအခါ အခန်းအပြင်တွင် တိတ်ဆိတ်၍ နေပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရပေ။ကြားလိုက်ရသည်မှာ မိန်းမသံဖြစ်သောကြောင့် ကြီးကြီးကြည်အေးသို့မဟုတ် ကြီးကြီးခင်အေးပင် ဖြစ်လိမ့်မည်ထင်သည်။သလ င်းဖြူစိတ်ရှုပ်ရှုပ်နှင့် ရေချိုးခန်းထဲသို့ပြန်ဝင်လိုက်ပြီး ရေချိုးခြင်းကို လက်စသပ်လိုက်သည်။ ~~~~~~~ ညခုနှစ်နာရီဆိုသော အချိန်သည် ရန်ကုန်မြို့မှာဆိုလျှင် အစည်းကားဆုံးနှင့် ဆူညံပွက်လောရိုက်နေသေးသော အချိန်ဖြစ်သည်။ယခုမူ တိတ်ဆိတ်နေသော ခြံဝန်းကျယ်ကြီးထဲရှိ သစ်သား ကွပ်ပျစ်တွင် သလင်းဖြူ ငေါင်စင်းစင်းနှင့် ထိုင်နေမိသည်။ယခင်ရက်များကဆိုလျှင် ညရောက်လျှင် ခြံထဲသို့ဆင်းရန် အခွင့်အရေးပင် ရခဲ့သည်မဟုတ်ပေ။ညမိုးချုပ်သည်နှင့် ဦးသောင်း၏ ခွေးနှစ်ကောင်က ခြံထဲတွင် ရောက်နေပြီဖြစ်သောကြောင့် ဖြစ်ပါလေသည်။ကျန်လူများနှင့် ခွေးကြီးနှစ်ကောင်မှာ ရင်းနှီးနေသော်လည်း သလင်းဖြူနှင့်မူ စိမ်းသက်လွန်းလှပါလေသည်။ယခုတောင် ဧည့်သည် နှစ်ယောက် ရောက်နေခြင်းကြောင့် ခွေးကြီးနှစ်ကောင်ကို ပိတ်လှောင်ထား၍သာ ဤကဲ့သို့ ခြံထဲဆင်းနေနိုင်ခြင်းဖြစ်သည်။ " ဖြူလေး ....ဖြူလေး " သလင်းဖြူ ကွပ်ပျစ်ပေါ်တွင် စိတ်ပျက်လက်ပျက်နှင့် ထိုင်နေစဉ်မှာပင် ခြံပြင် ဘက်ဆီမှ သလင်းဖြူ၏နာမည်ကို ခေါ်လိုက်သံကို ကြားလိုက်ရသောကြောင့် သလင်းဖြူထိုင်နေရာမှ ဆတ်ခနဲ ထရပ်လိုက်မိပြီး ခြံ၀ဆီသို့ လှမ်း၍ ကြည့်လိုက်မိသော်လည်း ခြံဝတွင် လူရိပ်လူယောင်ကိုမျှ မတွေ့ရဘဲရှိလေသည်။ "ဖြူလေး ...ဖြူလေး " " အမေ့ " ဒုတိယအကြိမ်မြောက် ခေါ်လိုက်သောအသံသည် သလင်းဖြူ၏နားနားသို့ကပ်၍ခေါ်လိုက်သကဲ့သို့ သို့ ခံစားလိုက်ရသောကြောင့် သလင်းဖြူလန့်ပြီး အော်မိမလိုပင်ဖြစ်သွားရလေသည ။ ======================= အပိုင်း ( ၆ ) ဆက်ရန် ဧကြည်ဖြူ

မှောင်ရိပ်ထဲမှ သွားနေခြင်းဖြစ်ပုံရလေသည်။သလင်းဖြူက အခန်းမီးကို ပိတ်ထားသောကြောင့် ထိုသူမှာ သလင်းဖြူကို မြင်ပုံမရပေ။သို့သော်လည်း တစ်ချက်တစ်ချက်၌ ထိုသူသည် တိုက်ကြီးဆီသို့ လှမ်း၍ ကြည့်နေသည်ကို မြင်ရလေသည်။ "ဟင် ...အစ်ကို စိုင်းရန်နိုင်ပါလား " သလင်းဖြူသည် လူရိပ်ကို မျက်တော်မခတ်တမ်းလိုက်ကြည့်နေမိရာမှ အမှောင်ရိပ်မှ အလင်း ထဲသို့ ဖြတ်အကူးတွင် မျက်နှာသွင်ပြင်ကို ဖျတ်ခနဲ မြင်လိုက်ရသောကြောင့် အစ်ကို စိုင်းရန်နိုင်မှန်းသိလိုက်ရခြင်းဖြစ်လေသည်။သည်အချိန်ကြီး အစ်ကိုစိုင်းရန်နိုင် ဘာကိစ္စများ ရှိနေသည်ကို သလင်းဖြူ မတွေးတတ်ဘဲရှိသည်။ ထိုသို့ကြည့်နေစဉ်မှာပင် အစ်ကိုစိုင်းရန်နိုင်သည် ကန်ပေါင် ဆီသို့ သွားရာလမ်းအတိုင်း ဆက်၍ သွားနေသည်ကို တွေ့လိုက်ရလေသည်။သလင်းဖြူ စိတ်ရှုပ်ရှူပ်နှင့် ပြတင်းတံခါးကို အသာပိတ်ပြီး အိပ်ရာပေါ်သို့ လှဲချလိုက်သည် ။မိမိကို လိုလားပုံမရသော အစ်ကိုစိုင်းရန်နိုင်နှင့် ခပ်ခွါခွါနေရန် သလင်းဖြူဆုံးဖြတ်ချက်ချထားပြီးပြီ ဖြစ်လေသည်။ ~~~~~ ကိုယ်လဲနားမလည်သော၊ စိတ်လည်းမ၀င်စားသော အလုပ်များကို လုပ်ရသည်မှာ ပျင်းစရာကောင်းလှပေသည်။နဂိုကမှ အဝတ်အထည်ကို စိတ်မ၀င်စားသူ သလင်းဖြူအတွက် နားအူလောက်အောင် သံစုံထွက်နေသော ရက်ကန်းစင်များနားမှ ခွါလာပြီးလျှင် စက်သံများနှင့်ဝေးရာ ရွှေရည်ဝင်း၏ ရုံခန်းအနားရှိ ခုံတွင် ထိုင်ချလိုက်မိသည။ အထဲတွင် ရွှေရည်ဝင်းနှင့်ထွဋ်ခေါင်ဆိုသူတို့ လက်တော့များဖြင့် အလုပ်များနေကြသည်ကို အမှတ်တမဲ့ ငေးကြည့်နေမိရင်း လမ်းပျောက်နေသကဲ့သို့ ဖြစ်နေသော ကိုယ့်အကြောင်း ကိုယ်ပြန်တွေးမိသည်။တက္ကသိုလ်မှ ရိုရိုးသာမန် ဘွဲ့တစ်ခုရပြီးလျှင် ထိုဘွဲ့နှင့်အလုပ်မရနိုင်သောကြောင့် သင်တန်းပေါင်းစုံတက်ခဲ့သည်။သို့သော်လည်း အလုပ်ရသောအခါ လစာမှာ မိမိတစ်ယောက်စာလောက်ငှရုံပင်ရှိသောကြောင့် စိတ်ဓါတ်တွေကျခဲ့မိသည်။သည်ကြားထဲ မိခင်ကဆုံးပြီး မကြာမီပင် ဖခင်ဖြစ်သူ၏ လုပ်ရပ်ကြောင့် သည်နိုင်ငံမှ အဝေးဆုံးသို့သာ ထွက်ပြေးသွားချင်မိသည်။အဘက်ဘက်မှ အားမကိုးရသော ချစ်သူကိုလည်း သံယောစဉ် မတွယ်ချင်တော့ပါ။ငွေသာရှိလျှင် ပျော်ရွှင်စရာကောင်းသော ဘဝတစ်ခုကို ရှာဖွေနိုင်လိမ့်မည်ဟုတွေးနေမိသည်။ "ဖြူလေး ဘာလုပ်နေတာလဲ ...ဒါတွေကို နင်နားလည်မှာ မဟုတ်သေးဘူး ...ဟိုဘက်မှာ အမေနဲ့ အမှာစာ စာရင်းတွေ ကူလုပ်ပေးလိုက်နော် " " ဟင် " သလင်းဖြူ အတွေးလွန်နေရာမှ ရွှေရည်ဝင်း၏ အသံကြောင့် ကြည့်လိုက်မိသောအခါ ထွဋ်ခေါင်ဆိုသူနှင့် အကြည့်ချင်းဆုံသွားမိလေသည်။ထိုအခါမှပင် သလင်းဖြူ ငေးမိငေးရာ ငေးနေမိခြင်းမှာ ထွဋ်ခေါင်ဆိုသူ၏ မျက်နှာနှင့် တည့်တည့်ဖြစ်နေသောကြောင့် ချက်ချင်းမျက်နှာကို လွှဲပစ်လိုက်မိသည်။ဒါသည်ပင် သလင်းဖြူမှာ ထွဋ်ခေါင်ဆိုသူကို ခိုးကြည့်နေမိရာမှ လူမိ၍ ရှက်သွားသည့်ပုံနှင့်တူ၍ သွားလေသည်။နှစ်ယောက်လုံးက သလင်းဖြူကို မျက်နှာထားခပ်တင်းတင်း လှမ်း၍ ကြည့်နေကြလေသည်။အထူးသဖြင့် ရွှေရည်ဝင်း၏ မျက်လုံးများသည် စိတ်ရှုပ်စိတ်ပျက်ဟန်ပေါက်နေသည်ကို မြင်လိုက်ရလေသည်။သလင်းဖြူ နှစ်ယောက်လုံးကို ကျောခိုင်းပြီးထွက်ခဲ့လိုက်သည်။ ~~~~ သလင်းဖြူ စိတ်ရှုပ်ရှုပ်နှင့် စက်ဘီးကို နင်းလာခဲ့မိရာမှ ကုက္ကိုစုကွင်းဘက်သို့ ရောက်မှန်းမသိ ရောက်လာခဲ့မိလေသည်။ရောက်လာပြီးမှမထူးပြီမို့ ကုက္ကိုပင်အောက်မှာထိုင်ချလိုက်မိသည်။ " ဖြူလေး ငါ့ဆီလာတာလား " "ဟင် စိုင်းလွှမ်း ... နင်ကလဲ သရဲလိုပဲ ဘယ်ကပေါ်ပေါ်လာတာလဲ " ရုတ်တရက် အနားသို့ ရောက်ချလာသော စိုင်းလွှမ်းကို ကြည့်ပြီး သလင်းဖြူ အံ့သြစွာ မေးလိုက်မိသည်။ " မင်း စာသင်ကျောင်း ဘေးက ဖြတ်လာကတည်းက မြင်လို့ လိုက်လာခဲ့တာလေ... ဒါနဲ့ ငါနောက်က ပါလာမှန်းမသိအောင် ဘာတွေများအတွေးလွန်နေတာလဲ " "အတွေးလွန်တာထက် စိတ်ရှုပ်လို့ပါ...ဘာပဲဖြစ်ဖြစ် ညကျရင်တော့ ငွေကိစ္စကို ပြောလိုက်တော့မယ်ဟာ " "ဟင် ...ဒါဆို မင်းပြန်တော့မှာပေါ့ ....ငါတို့ ပြန်တွေ့တာတောင် မကြာသေးဘူး ခွဲရတော့မှာပေါ့ " စိုင်းလွှမ်းက ပြောရင်း သက်ပြင်းကိုချ၍ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး ခေါင်းကို အောက်သို့ငုံ့ချလိုက်သည်။ပြီးနောက် မြေပြင်ပေါ်တွင် တုတ်တစ်ချောင်းနှင့် ရေးခြစ်နေလေသည်။ သလင်းဖြူမှာ စိုင်းလွှမ်း၏ အပြုအမူကို ငေးကြည့်နေမိပြီးလျှင် နှုတ်မှလွှတ်ခနဲ ပြောလိုက်မိသည်။ "နင် ဒီမှာ အလုပ်မရှိဘူး မဟုတ်လား စိုင်းလွှမ်း ... ရန်ကုန်ကို လိုက်မလား ...အဆောင်မှာ နေပြီး အလုပ်လုပ်လို့ရတယ် ...." "လိုက်ချင်တာပေါ့...ဒါပေမဲ့ ရန်ကုန်မှာ ငါမနေဖူးဘူးလေ.... ပြီးတော့ မင်းက နိုင်ငံခြားသွားမှာဆို .. တစ်ယောက်တည်း အဆင်ပြေမယ်မထင်ဘူး " စိုင်းလွှမ်းစကားမှာ မှန်နေသောကြောင့် သလင်းဖြူ ဘာမှမပြောတော့ဘဲနှုတ်ဆိတ်နေမိသည်။ "တော်ပါပြီကွာ ... စိတ်ညစ်စရာတွေ တွေးမနေနဲ့တော့ ...ပျော်ပျော်ပဲ နေကြအောင်နော် ဖြူလေး " ~~~ " နေ့လယ်က နင့်ပုံစံက ရုပ်ပျက်လွန်းတယ် သလင်းဖြူ ....ကိုယ့်ကိုယ်ကို မိန်းခလေးဆိုတာလဲ သတိထားအုံး " "ဘာ ... နင် ဘာပြောတာလဲ ရွှေရည် "

" ငါ့တူမလဲ ပျင်းနေပြီဆို တော့ မနက်ဖြန်ပဲ ရက်ကန်းရုံကို လိုက်ခဲ့ပါလား ... ရန်ကုန်မြို့က လာတာဆိုတော့ မြို့သူတွေ ကြိုက်လောက်မဲ့ အဆင်ဒီဇိုင်းတွေကို ငါ့တူမက ပိုသိမှာပေါ့ " " ရှင် .. " ကြီးတော်ဖြစ်သူ၏ စကားကြောင့် သလင်းဖြူ ဘာပြောလို့ ပြောရမည်မသိ ဖြစ်သွားမိသည်။ဖြစ်နိုင်လျှင် မိမိလာရင်း အကြောင်းကို ဖွင့်ပြောပစ်လိုက်ချင်သော်လည်း တခြားသူစိမ်းများပါ ရှိနေသောကြောင့် သလင်းဖြူနှုတ်ဆိတ်၍နေမိလေသည်။ "ဖြူလေးကို စာရင်းတွေနဲ့ ... ပစ္စည်းပို့တာတွေပဲ အရင်း စမ်းခိုင်းကြည့်ပါလားကြီးကြီး ...ဒီဇိုင်းအထိတော့ သူမလုပ်နိုင်လောက်သေးဘူးထင်တယ် " " အင်း ..ဟုတ်ပါတယ် ..အဲ့ဒီလိုပဲ စခိုင်းကြည့်ရတာပေါ့ သမီး ရွှေရည် " ကြီးတော်ဖြစ်သူ၏ စကားကို ရွှေရည်ဝင်းက ဝင်၍ပြောဆိုလိုက်ပြန်လေသည်။ "ဒါနဲ့ ...မောင်ထွဋ်ခေါင်တို့လည်း အလုပ်ရှုပ်ခံပြီး တခြားနေရာ ရှာမနေပါနဲ့ကွယ် .. ကြီးကြီးတို့ ဆီမှာပဲ တည်းပါ ... မန္တလေးနဲ့ဒီကို သွားလိုက်လာလိုက်လုပ်နေရမှာဆိုတော့ ...အိမ်တစ်လုံးငှားရင် အလုပ်တွေရှုပ်ပါတယ် ..အပေါ်ထပ်မှာ သူတို့မောင်နှမလေးယောက်ပဲ နေတာလေ ..အခန်းတွေ အများချည်းပဲဟာ ဘာမှအားနာနေစရာမလိုဘူးနော် " "ဟုတ်ကဲ့ ကြီးကြီး ...ဒီလိုဆိုရင်လဲ နေပါ့မယ် .. ကျွန်တော်တို့ကြောင့် ကြီးကြီးတို့ အလုပ်ရှုပ်မှာ စိုးမိလို့ပါ " " အိုကွယ် ....မရှုပ်ပါဘူး ....အားနာစရာမလိုဘူး ....လွတ်လွတ်လပ်လပ်သာနေကြပါ " "ဟုတ်တယ်ကွဲ ...မောင်ထွဋ်ခေါင်တို့ ဘာမှ အားနာစရာမလိုဘူး " ထွဋ်ခေါင်ဆိုသူကို လှိုက်လှိုက်လှဲလှဲပျူပျူငှာဌာနှင့် ဖိတ်ခေါ်နေသော ကြိတော်ဖြစ်သူနှင့် ဒေါ်ကြူကြူ၀င်းကို ကြည့်ပြီး သလင်းဖြူဘဝင်မကျသလို ဖြစ်သွားမိသည်။မိမိရောက်စဉ်အခါတုန်းကတော့ မကြည်သလိုကြည်သလို မျက်နှာနှင့် ကြည့်နေခဲ့သော ဒေါ်ကြူကြူဝင်းသည် ယခုအခါ သူမ၏မျက်နှာမှာ ပုရွက်ဆိတ်များ အုံခဲချင်စရာကောင်းလောက်အောင် ချိုမြကြည်လင်နေလေသည်။ထို့အတူ ရွှေရည်ဝင်း၏ မျက်နှာသည်လည်း မပြုံးတုံ့တုံ့ ပြုံးတုံ့တို့နှင့်ရှိနေသည်ကို တွေ့ရလေသည်။ ~~~ "လုံးစုံများစွာ သတ္တဝါ ကျန်းမာကြပါစေ ...." သလင်းဖြူ အပေါ်ထပ်သို့တက်လာခဲ့စဉ် ဒုတိယထပ်ရှိ ဘုရားခန်းဆီမှ ဘကြီး မြင့်အေး၏ မေတ္တာပို့အမျှဝေသံ ခပ်ကျယ်ကျယ်ကို ကြားလိုက်ရသောကြောင့် သလင်းဖြူ ခြေကို အသာဖော့နင်းလိုက်သည် ။ သလင်း ဖြုရောက်သည့်နေ့မှစ၍ ယနေ့သုံးရက် မြောက်သည်နေ့အထိ အကြီးမြင့်အေးတစ်ယောက်မှလွဲ၍ မည်သူမျှ ဘုရားရှိခိုးသည်ကို တွေ့ရခြင်းမရှိပေ။ဘကြီးမြင့်အေးကမူ မနက်အိပ်ရာမှနိုးသည်နှင့် ဘုရားရှိခိုး အမျှဝေနေတတ်သည်။မနက်ဘက်ခြံထဲသို့ မသွားမီ တွင်လည်း ရဟန်းသံဃာများကို ဆွမ်းများလောင်းလေ့ရှိလေသည်။ထိုမှ ညနေသို့ရောက်သော အခါ၌လည်း ဘုရားရှိခိုးပုတီးစိပ်ခြင်း အမျှဝေခြင်းများကို ပြုလုပ်လေ့ရှိလေသည် ။ ကြီးကြီးကြည်အေးမှာမူ ထိုသို့မဟုတ်ဘဲ အလုပ်မှ ပြန်ရောက်သည်နှင့် မီးဖိုချောင်ကိစ္စ ၊ အိမ်ကိစ္စများတွင် ဝင်ပါလေ့ရှိသည်။ကြီးကြီးခင်အေးတို့ ဇနီးမောင်နှံမှာမူ မနက်စာစားပြီးသည်နှင့် စျေးဆိုင်သို့ထွက်သွားပြီးလျှင် ည( ၇ ) နာရီတွင် အိမ်သို့ ပြန်ရောက်လေသည်။ထိုမှ စားသောက်ပြီးလျှင် သူတို့၏ အခန်းထဲသို့ဝင်သွားကြလေတော့သည်သာ။ ~~~~~~ သလင်းဖြူ လက်တော့ကို ပိတ်လိုက်ပြီး ခါးကို အညောင်းဆန်လိုက်သည်။သလင်းဖြူက အွန်လိုင်းမှ ဂျပန်စာ သင်ယူနေခြင်းဖြစ်သည်။ ရန်ကုန်မှာတုန်းကတော့ နေစဉ်လိုလို သင်ယူခဲ့သော်လည်း မိုးနှဲရွာသို့ လာရန်ပြင်စဉ်ကပင် နားထားခဲ့ခြင်းဖြစ်သည်။ယခုရွာသို့ရောက်သောအခါ ဒေတာနှင့်ဝယ်သုံးရခြင်းကြောင့် မလုပ်ဖြစ်ခဲ့ခြင်းဖြစ်သည်။ယနေ့ညမှ ပြန်၍စလုပ်ခြင်းဖြစ်သည်။သလင်းဖြူတို့လို စောစောမအိပ်တတ်သူအတွက် ညဦးပိုင်းသည် အင်မတန်မှ ပျင်းရိငြီးငွေ့စရာကောင်းလှပါလေသည်။ညဆိုလျှင် တော်တော်နှင့် မအိပ်ဘဲ မနက်လင်းလျှင် မထချင်သော သလင်းဖြူအတွက် ရွာဓလေ့မှာ အသားမကျသေးသည်မှာ အမှန်ပင်ဖြစ်ပါလေသည်။ သလင်းဖြူ အညောင်းဆန့်လိုက်ပြီးလျှင် ပြတင်းပေါက်နားတွင် ရပ်လိုက်ပြီး လေကို တစ်ဝရှူသွင်းလိုက်သောအခါ တစ်ကိုယ်လုံးလန်းဆန်းသွားလေသည်။ "ဟင် " သလင်းဖြူ လေကိုရှူသွင်းရှူထုတ်လုပ်နေရင်းမှ ခြံထဲတွင် လှုပ်ရှားသွားလာနေသော လူရိပ်ကို မြင်လိုက်ရသောကြောင့် ရုတ်တရက် လန့်သွားမိသည်။ခြံကြီးထဲတွင် မီးများကို ထွန်းထားသော်လည်း သစ်ပင်ကြီးများကြောင့် မှောင်ရိပ်ကျနေသော နေရာများ ရှိနေလေသည်။ကြည့်ရသည့်ပုံမှာ လူရိပ်သည် မှောင်ရိပ်ကျနေသော နေရာများမှ ရွေး၍ သွားနေခြင်း ဖြစ်ပုံရလေသည်။အချိန်သည်မနည်းလှတော့ ညဆယ့်နှစ်နာရီပင်ထိုးပေတော့မည်။သလင်းဖြူမှာ စောစောအိပ်ကျင့်မရှိသောကြောင့်သာ မအိပ်သေးခြင်းဖြစ်သည်။ယခုအချိန်၌ တစ်တိုက်လုံးရှိ လူများမှာအိပ်မောကျ၍နေကြပေလိမ့်မည်။ထိုသို့ဆိုလျှင် ခြံထဲမှ မြင်နေရသောသူသည် မည်သူနည်း။ဦးသောင်းလား။မောင်လုံးလား ၊ အခြားအလုပ်သမားတစ်ယောက်ယောက်များ ခြံကို လှည့်ပတ်ကြည့်နေခြင်းလော ။ သလင်းဖြူ ၏ အခန်းမှ နေ၍ တိုက်၏ ခြေရင်းဘက်ကို လှမ်း၍ မြင်နေရသလို ဂိုထောင်ကိုလဲ မြင်နေရသည်။ထို့ပြင် နောက်ဖေးကန်ဘက်သို့ပတ်သွားသော လမ်းလေးကိုလဲ မြင်နေရသည် ။လူရိပ်သည် ကန်ဘက်သို့

ဧကြည်ဖြူ " အဝါရောင်ရဲတိုက် " အပိုင်း ( ၅ ) ******* " ဒီမှာ ဘာထိုင်လုပ်နေတာလဲ ... ဒီလောက်လူပြတ်တဲ့နေရာကို " စိုင်းရန်နိုင်သည် ဆိုင်ကယ်ပေါ်မှ ဆင်းလာပြီးလျှင် သလင်းဖြူ ရှိရာသို့ လျှောက်၍ လာပြီး မေးလိုက်လေသည်။ "ဟို ... ပျင်းနေတာနဲ့ ...ငယ်ငယ်က ဆော့ခဲ့တဲ့နေရာကို သတိရလို့လာကြည့်တာ အစ်ကို " သလင်းဖြူလည်း စိတ်ထဲဖျတ်ခနဲပေါ်လာသည့်အတိုင်းဖြေလိုက်သည်။ " ဒီနေရာက မိန်းခလေးတစ်ယောက်တည်း လာလို့ကောင်းတဲ့ နေရာမဟုတ်ဘူး ... ရွာကြီးက စည်ကားလာသ လို အရက်သမား... ဖဲသမားတွေလဲ ပေါလာပြီ ... တစ်ယောက်တည်း စိတ်ထင်တိုင်း လျှောက်သွားမနေနဲ့ ...ထ ..ထ ...ပြန်ရအောင် " "ဟုတ်... ဟုတ်ကဲ့ ...အစ်ကို " သလင်းဖြူသည် အစ်ကိုဖြစ်သူ စိုင်းရန်နိုင်၏စကားအတိုင်း ထိုင်နေရာမှ ထလိုက်သည်။ထို့နောက် စက်ဘီးကိုတွန်းယူလာပြီးလျှင် အစ်ကိုဖြစ်သူကို မေးလိုက်မိသည်။ "ဦးငယ်နဲ့ဒေါ်လေး ဘယ်ကို ခရီးထွက်သွားကြတာလဲ ဆိုတာကို ....အစ်ကို သိလားဟင် " သလင်းဖြူ၏ မေးခွန်းကြောင့် စိုင်းရန်နိုင်သည် သလင်းဖြူကို ကြည့်လိုက်ပြီး " သေချာတော့ မသိဘူး ...သူတို့အချင်းချင်းပြောနေတာကို ကြားရသလောက်တော့ ...ဒေါ်လေးက သူတို့သဘောမတူတဲ့ လူတစ်ယောက်နဲ့ လိုက်သွားပုံပဲ ....အဲ့ဒါကြောင့် ဦးငယ်က ဒေါ်လေးကိုလိုက်ရှာနေတယ် ထင်တယ် ....မင်းဒီအကြောင်းကို လိုက်လျှောက်ပြီးမေးမနေနဲ့နော် .. ကြီးကြီးတို့က ဒေါ်လေးနဲ့ ပတ်သက်ပြီး စိတ်ဆိုးနေကြပုံရတယ် " "ဟုတ် ... ဟုတ်ကဲ့ပါ အစ်ကို ...ဒါနဲ့ အစ်ကို့အလုပ်က ဘယ်မှာလဲ " သလင်းဖြူသည် အစ်ကိုဖြသူကို ကြည်လျက် သိချင်တာကို မေးလိုက်သည်။ " အလုပ်နေရာကတော့ အစုံပဲ ... ရက်ကန်းရုံက ခေါ်လဲ သွားတယ် ..ကုန်ခြောက်ဆိုင်က ခေါ်ခိုင်းလဲသွားတယ် ... ဘကြီးမြင့်အေးတို့ခြံထဲက လူလိုတယ်ဆိုလဲ သွားလိုက်တာပဲ .. ဒါနဲ့ မင်းကိုလဲ မေးရအုံးမယ် ...မင်းဒီရွာကို ဘာလာလုပ်တာလဲ " " ရှင် " သလင်းဖြူသည် အစ်ကိုဖြစ်သူ၏ မေးခွန်းကြောင့် ရုတ်တရက် မည်သို့ပြန်ပြောရမည်မှန်းမသိဖြစ်သွားမိလေသည်။ " ငါ့အထင်ပြောရရင်တော့ ...မင်းလိုချင်တာရှိလို့ လာခဲ့တာပဲ ဖြစ်မယ်....အဲ့ဒီလိုသာဆိုရင်တော့ မင်းပြန်သွားတာ ပိုကောင်းမယ် ... ဒီမှာ အလကားရတာ ဘာမှမရှိဘူး ...ပြီးတော့ မင်းလိုမြို့ပေါ်မှာ နေတဲ့သူက ဒီက အလုပ်တွေကို လုပ်နိုင်မှာ မဟုတ်ဘူး " ထိုစကားများကို မျက်နှာထားခပ်တင်းတင်းနှင့် ပြောနေသော အစ်ကိုဖြစ်သူကို ကြည့်ပြီး သလင်းဖြူနားမလည်ဖြစ်နေမိသည်။အစ်ကိုစိုင်းရန်နိုင်သည်လည်း သည်အိမ်ကြီး၏ ဆွေမျိုးရင်းချာ တစ်ယောက်ဖြစ်သကဲ့သို့ သလင်းဖြူသည်လည်း ဆွေမျိုးရင်းချာ တစ်ယောက်ပင်မဟုတ်ပါလား ။ သူတောင်နေလို့ရပါလျက်နှင့် သလင်းဖြူကရော ဘာကြောင့် နေ၍မဖြစ်ပါသနည်း။သလင်းဖြူသည် စိတ်ထဲမှ မကျေမနပ်တွေးလိုက်မိပြီးလျှင် မသိမသာ မျက်မှောင်ကို ကြုတ်လိုက်မိလေသည်။ " လွယ်လွယ်လေးတွေးပြီး လွယ်လွယ်ပဲ ရောက်လာခဲ့တာ မဟုတ်လား ...လိုချင်စိတ်ပဲ ရှိပြီး လုပ်ချင်စိတ်မရှိရင်တော့ ဒီအိမ်ကနေ ငွေတစ်ကျပ်တောင် ရမှာမဟုတ်တာ သေချာတယ် ...အဲ့ဒါကြောင် အချိန်တွေအလကား အကုန်မခံဘဲ အမြန်ဆုံးပြန်တော့ ...ဒါပဲ ....ငါသွားပြီး " ပြောပြောဆိုဆိုနှင့် ဆိုင်ကယ်ကို မောင်းထွက်သွားသော အစ်ကို ၀မ်းကွဲဖြစ်သူ စိုင်းရန်နိုင်၏ နောက်ကျောပြင်ကို ကြည့်ပြီး သလင်းဖြူစီတ်တိုသွားမိသည်။အသက်အရွယ် သိပ်မကွာသော မောင်နှများဖြစ်သောကြောင့် ချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ရွှင်နေရမည်လား ထင်မိပါသည်။သူ့ဘက်မှ သလင်းဖြူကို မလိုလားသော သဘောကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောသွားခဲ့လေသည်။ ~~~~ အိမ်သို့ ပြန်ရောက်သောအခါ ထုံးစံအတိုင်း ခြံတံခါးကြီးမှာ သော့ခတ်ပိတ်ထားသောကြောင့် ခြံစည်းရိုးအုတ် ဘောင်မှ လူခေါ်ဘဲလ်ကိုနှိပ်လိုက်သည်။ယခင်နေ့ညကမူ လူခေါ်ဘဲလ်ရှိသည်ကို မသိသောကြောင့် အာပြဲအောင် အော်ခဲ့ရသည်လေ။ ဘဲကိုနှိပ်လိုက်ပြီး သိပ်မကြာခင်မှာပင် ခြံ၀ဆီသို့ လူတစ်ယောက် ခပ်သုတ်သုတ် လျှောက်လာသည်ကို တွေ့လိုက်ရလေသည် ။ ထိုလူမှာ မောင်လုံးဆို သူတော့ မဟုတ်ပါချေ။နောက်ထပ် အလုပ်သမားတစ်ယောက်ပင် ဖြစ်ပုံရလေသည်။ ~~~~~~~ "သလင်းဖြူ ...ဒီကို ခဏလာအုံး " အိမ်ရှေ့ ပေါက်မှ နေ၍ တိုက်ကြီးထဲသို့ သလင်းဖြူ ၀င်လိုက်သည်နှင့် တစ်ပြိုင်နက် ဧည့်ခန်းထဲတွင် ထိုင်နေကြသော ကြီးကြီးတို့လူစုကို တွေ့လိုက်ရပြီးလျှင် ကြီးကြီးကြည်အေးက လှမ်းခေါ်လိုက်သောကြောင့် သလင်းဖြူမျက်လွှာကို ချလျက် ဧည့်ခန်းကျယ်ကြီးရှိရာဆီသို့လျှောက်သွားလိုက်လေသည်။ "လာ ...ဒီမှာ ထိုင်အုံး ..ဘယ်ကို ထွက်သွားလိုက်တာလဲ " "ဟို ပျင်းလို့ ... စာသင်ကျောင်းဘက်သွားကြည့်တာ ကြီးကြီး " ကြီးတော်ဖြစ်သူ၏ အမေးကို ပြန်ဖြေလိုက်ရင်း ထိုင်နေကြသူများကို သလင်းဖြူ အကဲခပ်လိုက်မိသည်။ထိုအခါမှ ခပ်စောစောက တွေ့ခဲ့ရသော ထွဋ်ခေါင်ဆိုသူမှာ မိမိ၏ မျက်နှာချင်းဆိုင်တည့်တည့်တွင်ထိုင်နေမှန်းကို တွေ့ရှိလိုက်ရလေသည်။ထိုသို့ သူ့ကို အမှတ်တမဲ့ကြည့်လိုက်မိသည်ကို သူကလည်း သလင်းဖြူကို မျက်နှာထားတည်တည်နှင့် တစ်ချက် ပြန်ကြည့်ပြီးလျှင် ရွှေရည်ဝင်းနှင့် စကားဆက်၍ပြောနေလေသည်။

စိုင်းလွှမ်းကဲ့သို့ တော့အုပ်အဝင်ဝသို့ ရောက်သွားတတ်ပြီး လူအုပ်စုနှင့် မနည်း ပြန်၍ ခေါ်ခဲ့ကြရလေသည်။သလင်းဖြူကဖြင့်မူ ထိုသို့ အဖြစ်မျိုးကို မကြုံဖူးပါလေ။ ကြုံစရာလဲ အကြောင်းရှိမည်မဟုတ်ပေ။အဘယ့်ကြောင့်ဆိုသော် သလင်းဖြူသည် ကျောင်း ရောက်လျှင် အိမ်သာလည်း မသွားသလို ကုက္ကိုစု ကွင်းသို့လည်း သွား၍ ဆော့ကစားခြင်း မရှိသောကြောင့်ပါပင်။ယုတ်စွအဆုံး ရွာထဲမှ ဥစ္စာစောင့် ဝင်စားသူ ရှိသည်ဆိုသော အိမ်ရှေ့မှပင် လမ်းလျှောက်လေ့မရှိသောကြောင့် ဖြစ်ပါလေသည်။ " ဟိတ်..ဘာတွေးငေးနေတာလဲ " "အမယ်လေး " သလင်းဖြူ ကိုယ့်အတွေးနှင့်ကိုယ် ငေးမောနေမိစဉ်မှာပင် နောက်ပါးဆီမှ ရုတ်တရက် အသံကြားလိုက်ရသောကြောင့် လန့်ဖျပ်၍ အော်လိုက်မိပြီး နောက်သို့ လှည့်ကြည့်လိုက်မိလေသည်။ထိုအခါ ကုက္ကိုပင်ကြီး ဘေးတွင် ရပ်နေသော ဦးထုပ်ဆောင်းထားသော ဖြူဖြူသွယ်သွယ်နှင့် ကြည့်ကောင်းသော ဟန်ပန်ရှိသည့် အမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရသောကြောင့် သလင်းဖြူ မဝံ့မရဲနှင့်မေးလိုက်မိသည်။ "ရှင် ...ရှင်က ဘယ်သူလဲ ...စိုင်းလွှမ်းလားဟင် " "ဟာ ...တကယ်ကြီး မမှတ်မိတာလား ဖြူလေးရာ" "ဟယ် ....ဆောရီ သူငယ်ချင်းရာ ...မနေ့ညက နင့်မျက်နှာကို ငါသေချာမမြင်လိုက်ရဘူးလေဟာ ...ဒါနဲ့ နင်တကယ် ရောက်လာတာပဲနော် ... နင်ဘယ်မှာနေတာလဲ ..ဘုန်းကြီးကျောင်းမှာနေတာလား " သလင်းဖြူက စိုင်းလွှမ်းကိုကြည့်ပြီး သိချင် စိတ်ဖြင့် မေးလိုက်သည်။ "ဒါတော့ မမေးနဲ့ လေ ဖြူလေးရာ ....တော်ကြာ ငါက ဟိုတောအုပ်ထဲက ငါ့အမေဆီမှာနေတာလို့ ပြောရင် မင်းလန့် ပြေးသွားမှာစိုးလို့ " " ဟာ ...နင်ကလဲ ပေါက်ကရ ... ခြောက်ဖို့ လှန့်ဖို့ဆို ရှေ့ဆုံးကပဲ ..ဘာလဲ ငါ့ကို ငယ်ငယ်တုန်းကလို ကြောက်မှာမဟုတ်တော့ဘူးလို့ ထင်နေတာလား " စိုင်းလွှမ်း၏ပြုံးစစနှင့်မျက်နှာသွင်ပြင်ကို ကြည့်ပြီး သလင်းဖြူကလည်း ပြန်၍စနောက်လိုက်သည်။ " အင်း ငါလဲ မင်းနဲ့တွေ့မှပဲ ပျော်သလိုလိုရှိလာတော့တယ် ဖြူလေးရယ် " "ငါလဲ တူတူပါပဲဟာ ... စိတ်တွေရှုပ်နေတာ... နင်နဲ့တွေ့မှပဲ ပြုံးနိုင်တာ " သလင်းဖြူ၏ စကားကြောင့် စိုင်းလွှမ်းက သလင်းဖြူ၏ မျက်နှာကို စူးစိုက်၍ကြည့်လိုက်ပြီး မေးခွန်းထုတ်လိုက်လေသည်။ "ဒါနဲ့ မင်းတို့အဘိုးဆုံးတုန်းကတောင် မင်းများလာမလားဆိုပြီး ငါက မျှော်နေသေးတာ ...အဲ့ဒီတုန်းကတောင် မလာဘဲ ... အခုမှ တစ်ယောက်တည်း ရောက်လာတာ ထူးဆန်းတယ်နော် ...ဧကန္တ မြို့မှာ အသည်းကွဲလာတာလား " "အမယ်လေး ပေါက်ကရတွေ ပြောတတ်ပ သူငယ်ချင်းရယ် ...ငါဘာလို့လာလဲ အမှန်တိုင်းပြောရမလား " "အင်း ... ပြောလေ " "အမွေ လာတောင်းတာဟ '' "ဘယ် ...ဘယ်လို ဖြူလေး ...အမွေလာတောင်းတာ ဟုတ်လား " စိုင်းလွှမ်းက အံ့ဩသွားဟန်ဖြင့် မေးလိုက်လေသည်။ "တကယ်ပြောတာ...ငါ့အဖေလဲ နောက်အိမ်ထောင်ပြုလိုက်ပြီလေ ... ငါ့အမေရဲ့ နေရာမှာ တခြားမိန်းမတစ်ယောက် ရောက်နေတာကို မကြည့်ချင်ဘူးဟာ ....အဲ့ဒါကြောင့် သတိရရင်တောင် ချက်ချင်းပြန်လို့မရတဲ့ နိုင်ငံရပ်ခြားကို ထွက်သွားမလို့လေ ...အဲ့ဒီအတွက်ငွေလိုနေလို့ အမွေတောင်းမယ်ဆိုပြီး ရောက်လာခဲ့တာပဲ " "ဟူး ... မင်းအဖြစ်က လွယ်ပါ့မလား ဖြူလေးရယ် " "မသိပါဘူးဟာ ... လွယ်တော့ လွယ်မယ် မထင်ဘူး ... ကြီးကြီးက ငါ့ကို ရွှေရည်ဝင်းနဲ့ အလုပ် လိုက်လုပ်ဖို့ ပြောနေတယ် ...ဒါနဲ့ ရွှေရည်ဝင်း က ဘာလုပ်တာလဲ သိလား...ကျန်တဲ့သူတွေရော ဘာအလုပ်တွေလုပ် ကြာတာလဲ နင်သိလားဟင် စိုင်းလွှမ်း " သလင်းဖြူက စိုင်းလွှမ်းကို မေးလိုက်သည်။ "ဘယ်လို ... သူတို့ ဘာအလုပ်တွေ လုပ်ကြလဲ တကယ်မသိဘူးလင်း " "အင်း ...မသိပါဘူးဆို " စိုင်းလွှမ်း၏ အမေးကို သလင်းဖြူက ခေါင်းခါပြလိုက်ပြီး ပြန်ဖြေလိုက်သည်။ "ရွှေရည်ဝင်းတို့ သားအမိနဲ့ မင်းတို့ ကြီးတော်အပျိုကြီးက ရက်ကန်းရုံကြီး ထောင်ထားတယ်လေ....မင်းဘကြီး ဦးမြင့်အေးနဲ့ အစ်ကိုဇော်ထိုက်က ခြံလုပ်ငန်း လုပ်တယ် သစ်သီး ခြံတွေမှ အများကြီးပဲ ...ပြီးတော့ ဒေါ်ကြီးခင်အေးနဲ့ သူ့ယောကျာ်းက ရွာလယ်မှာ ကုန်ခြောက်ဆိုင်ကြီး ဖွင့်ထားတယ်လေ ... " "ဟုတ်လား ... ဘာမှကို မသိဘူး " "ဒါနဲ့ အစ်ကိုစိုင်းရန်နိုင်က ဘယ်မှာလုပ်နေလဲ မသိဘူးနော် " "သလင်းဖြူ ...သလင်းဖြူ မဟုတ်လား ....မင်းဒီမှာဘာလုပ်နေတာလဲ " " ဟင် အစ်ကိုစိုင်းရန်နိုင် " သလင်းဖြူသည် ရုတ်တရက် ခေါ်သံကြားလိုက်ရသောကြောင့် ကြည့်လိုက်သောအခါ အစ်ကိုဝမ်းကွဲဖြစ်သူစိုင်းရန်နိုင်ကို တွေ့လိုက်ရသဖြင့် ဘေးနားမှ သူငယ်ချင်းစိုင်းလွှမ်းကို ငဲ့ကြည့်လိုက်မိသောအခါ စိုင်းလွှမ်းတစ်ယောက် နေရာမှာ မရှိတော့သည်ကို တွေ့လိုက်ရလေသည်။ ===================== အပိုင်း ( ၅ ) ဆက်ရန် ဧကြည်ဖြူ

ဖိုးသက်ပြင်းတစ်ယောက် ကျောင်းနောက် ဘက်ရှိ ကုက္ကုစုကွင်း နောက်မှ တောအုပ်ထဲသို့ ရောက်နေပြန်ပြီ ဆိုသော သတင်းမှာ တစ်ကျောင်းလုံးသို့ပျံ့နှံ့သွားသည်။ ဆိုရလျှင် အသက်ခုနစ်နှစ်ဆိုသောအရွယ်သည် အပူအပင်ကင်းကင်းနှင့်ရှိနေရမည့် အရွယ်သာ ဖြစ်လေသည်။သို့သော်လည်း ဖိုးသက်ပြင်းခေါ် စိုင်းလွှမ်း၏ ဘ၀မှာမူ အရွယ်နှင့်မမျှအောင် ဒုက္ခမျိုးစုံ ကြုံခဲ့ရလေသည်။အမှန်အားဖြင့် စိုင်းလွှမ်းသည် ပစ္စည်းဥစ္စာကြွယ်ဝသော မိဘနှစ်ပါး၏ တစ်ဦးတည်းသော သားလေး ဖြစ်သော်လည်း ရုပ်ရည်ချောမောသလောက် ရှုပ်ပွေ့လှသော ဖခင်ဖြစ် သူ့ကြောင့် စိတ်ဆင်းရဲသောကများ နှင့်ပြည့်နေခဲ့ရသော ကလေးဖြစ်ခဲ့သည်။မိခင်ဖြစ်သူမှာလည်း ရှုပ်ပွေလှသော ယောကျာ်းဖြစ်သူကို မကွာရှင်းဘဲ သည်းခံ၍ပေါင်းခဲ့သူဖြစ်သည်။စိုင်းလွှမ်း၏ ဖခင်သည် စိုင်းလွှမ်း၏မိခင်အပေါ် အင်မတန်မှ အနိုင်နိုင့်ဗိုလ်ကျသူ ဖြစ်လေသည်။စိုင်းလွှမ်း၏ မိခင်မှာ အမြဲလိုလိုအရိုက်အနှက် ခံနေရသည်ကို တစ်ရွာလုံးကို သိသော်လည်း ကိုယ်နှင့် မဆိုင်ဟုဆိုလျက် ဥပေက္ခာပြုခဲ့ကြလေသည်။သည်သို့နှင့် စိုင်းလွှမ်း၏ ဖခင်သည် ရွာထဲတွင် အောက်လမ်း စုန်းအတတ်ပညာများ တတ်ကျွမ်းသည်ဟုနာမည်ထွက်နေသော ဒေါ် မှဲ့ကြီး၏သမီး မယ်သီဆိုသောအမျိုးသမီးနှင့် ရပ်သိရွာသိ တွဲခဲ့ပြီးလျှင် ဇနီးဖြစ်သူကို မောင်းထုတ်ဖို့ရန် ကြိုးပမ်းခဲ့သည်။ထို့အတောအတွင်း၌ စိုင်းလွှမ်းသည် ထိုဝေဒနာများကို မခံစားနိုင်သည့်အလား ကျန်းမာရေးချူချာလာပြီးလျှင် တစ်နေ့သော အခါတွင် သေဆုံးသွားခဲ့လေသည်။ထိုစဉ်က စိုင်းလွှမ်းမှာ အသက်ခြောက်နှစ်မျှသာ ရှိပေသေးသည်။ စိုင်းလွှမ်း၏ မိခင်သည် သေဆုံးသွားပြီဖြစ်သော စိုင်းလွှမ်း၏ သက်မဲ့ ခန္ဓာကိုယ်ကို သင်္ဂြိုဟ်ခွင့်မပေးဘဲ သုံးရက်လုံးလုံး မျက်နှာကို တစိမ့်စိမ့်ကြည့်လျက် ငူငူချည်းပင် ထိုင်၍ ကြည့်နေသည်ကို တစ်ရွာလုံး သိရှိကြလေ၏။ သုံးရက်မြောက်သောနေ့တွင် စိုင်းလွှမ်း၏ ခန္ဓာကိုယ်ကို မြေမြှုပ်သင်္ဂြိုဟ်ရန်အတွက် စိုင်းလွမ်း၏မိခင်ကို ရွာဦးဘုန်းကြီးကပင် တရားချ၍တောင်းခဲ့ရလေသည်။သည်သို့နှင့် မြေချရန်အတွက် အခေါင်းဖုံးကို ပိတ်ဖို့လုပ်နေစဉ်တွင် စိုင်းလွှမ်းမှာ မျက်လုံးဖွင့်ကြည့်လာပြီးလျှင် "အမေ ''ဟု ခေါ်လိုက်သည်ကို အားလုံး တွေ့မြင်ကြားသိခဲ့ရလေသည်။ထိုနေ့မှစ၍ စိုင်းလွှမ်းဆိုသော နာမည်အစား "ဖိုးသက်ပြင်း "ဟု၍ အများက ခေါ်ခဲ့ကြလေသည်။သို့သော်လည်း ဖိုးသက်ပြင်းခေါ် စိုင်းလွှမ်း၏ ကံကောင်းခြင်းသည် ကြာရှည်ခြင်းမရှိခဲ့ပါလေ။စိုင်းလွှမ်း တစ်ယောက် ပြန်၍ကျန်းမာသန်စွမ်းလာပြီး မကြာခင်မှာပင် သူ၏မိခင်ဖြစ်သူသည် ရောဂါ မည်မည်ရရ မရှိပါဘဲ သေဆုံး၍သွားခဲ့လေသည်။ရောဂါရှာမရဟု ဆိုသော်လည်း ရွာသူရွာသားအချို့၏ စိတ်တွင်း၌ ကိုယ့်မိသားစုအရေးမဟုတ်၍ မသိဟန်ပြု၍နေခဲ့ကြသော်လည်း ဒေါ်မှဲ့ကြီးတို့သားအမိက အောက်လမ်းပညာဖြင့် သတ်လိုက်သည်ဟု ယုံကြည်ကြလေသည်။ ထိုအချိန်မှစ၍ စိုင်းလွှမ်းသည် "ကုက္ကို စုကွင်း နောက်ရှိ တောအုပ်ထဲမှ သူ၏ အမေက သူ့ကို လှမ်းခေါ်နေတယ် " ဟုဆိုသော စကားကို မကြာခဏပြော၍ လာလေသည်။ ~~~~ " လူကောင်းကြီးတဲ့ သူတွေပဲ ထွက်ကြ .... ဟေ့ အငယ်တွေ မလိုက်သွားနဲ့ ... သူ့အဖေရော လာပြီလား .." လက်ငါးချောင်း ပင်မပြည့်သော ဆရာ၊ ဆရာများမှာ ကျောင်းသားကြီး အချို့ကို ခေါ်ဆောင်လျက် ကုက္ကိုစုကွင်း အနောက်ဘက်တောအုပ်ရှိရာသို့ ထွက်သွားကြလေသည်။ ထိုသို့အချိန်မျိုး၌ သလင်းဖြူသည် ကြောက်လွန်း၍ ငိုနေမိသော်လည်း သူငယ်ချင်းဖြစ်သူကို စိုးရိမ်လွန်း၍ ကျောင်း နောက်ဘက်ရှိ ပြတင်းပေါက်မှ တို့ဝှေ့၍ ကြည့်ခဲ့မိသလို နှုတ်မှလဲ အများနည်းတူ သူငယ်ချင်း၏နာမည်ကို အာခေါင်ခြစ်၍ ခေါ်ခဲ့ပါလေသည်။ " စိုင်းလွှမ်းရေ ....ဒီကို ပြန်လာခဲ့လေ ...အဲ့ဒါနင့်အမေမဟုတ်ဘူး " "ဖိုးသက်ပြင်းရေ ...ပြန်လာခဲ့လေ ...ငါတို့နဲ့ အတူ ဆော့ရအောင် " "ဟယ် ... ဟိုမှာ တွေ့လား တောအုပ်ထဲမှာ အစိမ်းရောင် ဝမ်းဆက်နဲ့မမတွေလှမှလှပဲ " " ဘယ်မှာလဲ ... မတွေ့ဘူး " "ဟုတ်တယ် ...ငါလဲ တွေ့တယ်ဟ " ကျောင်းသားများ၏ တစ်ယောက်တစ်ပေါက် အော်သံများကြားတွင် သလင်းဖြူလည်း မျက်လုံးအစုံကို ပြူးကျယ်လျက် ကြည့်ရှုခဲ့ပါသည်။ သို့သော် တောအုပ် အစာမှနေ၍ စိုင်းလွှမ်းကိုလှမ်းခေါ် ဖို့ ကြိုးစားနေကြသော ဆရာဆရာမများ၊ ကျောင်းသားကြီးများနှင့် တောအုပ်လေး၏ အ၀င်နားရှိသစ်ပင်ကြီးအောက်တွင် အသိမဲ့သူကဲ့သို့ ရပ်နေသော သူငယ်ချင်းဖြစ်သူကို စိုင်းလွှမ်းကိုသာ တွေ့မြင်ရပါလေသည်။ထိုသို့လူခေါ်ပွဲသည် တစ်ခါတစ်ရံတွင် ဟိုဘက်သည်ဘက် ခဲလုံးများ၊ တုတ်ကျိုးများနှင့် ပစ်ပေါက်သည့်အခြေအနေသို့ပင် ရောက်ရှိတတ်ပါလေသည်။ထူးဆန်းသည်မှာ ကျောင်းသားများ ဘက်မှ ပစ်လိုက်သော ခဲ၊ တုတ်များဖြင့်ပင် တောအုပ်ဘက်မှ ပစ်သူကို မတွေ့ရပါဘဲ ပြန်၍ ဝဲပျံလာသည်ကိုမူ သလင်းဖြူ တွေ့မြင်ခဲ့ရပါလေသည်။ကံကောင်းသည်မှာ ခဲများ ဘယ်လောက် ပစ်ပစ်စိုင်းလွှမ်းကို ခဲတစ်လုံးတစ်လေမျှ မထိခြင်းပင်ဖြစ်ပါလေသည်။ပြီးလျှင် ထိုသို့ အဖြစ်အပျက်များမှာ အမြဲတစေဖြစ်နေခြင်းမျိုး မဟုတ်ဘဲ တစ်လတစ်ခါလောက်မှ ဖြစ်ခြင်းမျိုးဖြစ်လေသည်။နောက်ပိုင်း၌မူ စိုင်းလွှမ်း တစ်ယောက်တည်း မဟုတ်တော့ဘဲ .ကျောင်းသူကျောင်းသားအချို့လည်း

"သမီးရယ် အမွေဆိုတာ စားထိုက်မှ စားရတာမျိုးပါ ...သမီး အမေရဲ့ အမျိုးတွေက မောက်မာလွန်းတယ် ...အဖေကတော့ မသွားစေချင်ဘူးကွယ် ...သမီး အဖေတို့နဲ့ မနေချင်ဘူးဆိုရင် ...သမီး အတွက် အခန်းတစ်ခန်း အဖေငှားပေးပါ့မယ်ကွယ် ... ဘယ်နိုင်ငံကိုမှလဲ မသွားပါနဲ့ သမီးရယ် ... သမီးဆီက လစာကိုလဲ အဖေမယူပါဘူး ...အဲ့ဒါဆို အဆင်မပြေဘူးလားသမီးရယ် " "ဟာ ...အဖေကလဲ အမွေ ဆိုတာ စားထိုက်မှ စားရတာမျိုးမဟုတ်ဘူး ...တောင်းမှရတာမျိုး အဖေရ ...သမီးလဲ လောဘတကြီး သွားတောင်းမှာမဟုတ်ပါဘူး ... နိုင်ငံခြားသွားလို့ရရုံ ငွေချေးမှာပါ ... ဟိုဘက်မှာ အဆင်ပြေတာနဲ့ ပြန်ဆပ်မှာပါ "ထိုသို့ ဖခင်ဖြစ်သူ သဘောမကျသည့်ကြားမှ သလင်းဖြူ ဇွတ်ထွက်လာခဲ့ခြင်းဖြစ်ပါလေသည်။ ပွင့်ဟ နေသော ဂိုထောင် တံခါးပေါက်မှ ဝင်လိုက်သည်နှင့် သွပ် အကြည်သားမှ ထွင်းဖောက်လာသော အလင်းရောင်ကြောင့် ဂိုထောင်ထဲရှိ ပစ္စည်းများကို ရှင်းရှင်းလင်းလင်းမြင်နေရလေသည်။ဂိုထောင်၏ အဝင်တံခါးနားတွင် မိန်းမစီးစက်ဘီးတစ်စီးကို တွေ့ရပြီး ဆိုင်ကယ်တစ်စီးကိုလဲတွေ့ရသည်။ဂိုထောင်အတွင်းဘက်၌ ဆန်အိတ်များနှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူအိတ်များကိုလည်း တွေ့ရသည်။ပြီးလျှင် ထပ်ခိုးသဖွယ် အထပ်တစ်ထပ်ပါရှိပြီး ထပ်ခိုးအောက် အတွင်းဘက်၌မူ အနည်းငယ် မှောင်မိုက်၍နေလေသည်။ "ဘုတ် ... ဘုတ် " "အမေ့ " သလင်းဖြူ ဂိုထောင်အတွင်းဘက်သို့ စူးစူးစမ်းစမ်းကြည့်နေမိစဉ်မှာပင် ဆန်အိတ်များကို လူတစ်ယောက်လက်နှင့် ပုတ်လိုက်သကဲ့သို့ အသံကြားလိုက်ရသောကြောင့် စက်ဘီးကို တွန်း၍ ဂိုထောင် အပြင်သို့ ကမန်းကတန်း ပြန်၍ထွက်ခဲ့လိုက်သည်။ "ဘုရား ..ဘုရား အဘိုး များမကျွတ်သေးလို့လား " သလင်းဖြူ ကိုယ့်ဘာသာ တစ်ယောက်တည်း ပြောဆိုရင်းမှ ကြောက်စိတ်ဝင်လာသောကြောင့် စက်ဘီးပေါ်တက်နင်းပြီး ခြံတံခါးဝနားသို့ စီးလာခဲ့လိုက်သည်။တံခါးဝသို့ ရောက်သောအခါ မောင်လုံး ရပ်နေမြဲရပ်နေသည်ကို တွေ့လိုက်ရသောကြောင့် "အစ်ကိုရေ သော့ရှိတယ် မဟုတ်လား ...တံခါးလေး ခဏလောက်ဖွင့်ပေးပါလားဟင် " ~~~~ ရွာလမ်းတစ်လျှောက် စက်ဘီးနင်းလာခဲ့ရင်းမှ သလင်းဖြူ အံ့သြပြီးရင်းအံ့သြနေမိသည်။ယခင် သလင်းဖြူ ငယ်စဉ်က အိတ်စုတ်ကလေးများသာရှိခဲ့သော ရွာကြီးသည် ယခုအခါ တိုက်ခံအိမ်များဖြင့် ပြည့်၍ နေလေသည်။သလင်းဖြူတို့နေသော ဘက်မှ အခြမ်းသည် တိတ်ဆိတ်ခြောက်ကပ် နေသော်လည်း ရွာထဲတွင်မူ ရန်ကုန်မြို့မှ ရပ်ကွက်ကြီး တစ်ခုကဲ့သို့ စည်ကား၍နေလေသည်။လမ်းဘေးတွင် စတိုးဆိုင်များ၊ ကုန်စုံဆိုင်ကြီးများနှင့် ရွှေဆိုင်မှအစရှိ လေသည်။ စျေးလမ်းလေးသဖွယ် ဖြစ်နေသော လမ်းမထက်တွင် မုန့်ဆိုင် ၊ လက်ဖက်ရည်ဆိုင်များကိုလည်း တွေ့ရ၏။ကြည့်ရသည်မှာ ရွာ၏ ဈေးတန်းသဖွယ် လမ်းမသည် တောင်ဘက်သရက်ချိုရွာအထိ လမ်းပေါက်နေပုံရသည်။သလင်းဖြူတို့ဘိုးဘွားပိုင်ခြံကြီးတည်ရှိရာ ရွာ၏အရှေ့ဘက်နှင့်တော့ လားလား မဆိုင်အောင် စည်ကား၍ နေလေသည်။ထို့ပြင် ရွာလမ်းများမှာလည်း ဟိုယခင်ကကဲ့သို့ သဲလမ်းများ မဟုတ်ဘဲ ကွန်ကရစ်လမ်းများဖြစ်သောကြောင့် စက်ဘီးစီး၍ ကောင်းလှပေသည်။သလင်းဖြူ စက်ဘီးနင်းလာရင်းမှ ငယ်သူငယ်ချင်း တစ်ယောက်တစ်လေကို တွေ့လို့ တွေ့ငြား လိုက်ကြည့်မိသော်လည်း မတွေ့ရပေ။ငယ်သူငယ်ချင်းများရွာတွင် မရှိတော့၍ပဲလား သို့မဟုတ် ရုပ်များ ပြောင်းသွားကြ၍ သူ့မမှတ်မိ၊ ကိုယ့်မမှတ်ဖြစ်နေကြသည်လား မသိ မြင်မြင်သမျှလူများသည် သလင်းဖြူအတွက် မျက်နှာစိမ်းများသာဖြစ်နေလေသည်။သို့နှင့် သလင်းဖြူ စက်ဘီးကို စာသင်ကျောင်းရှိရာလမ်းဘက်ဆီသို့ မှန်းဆ၍နင်းလာခဲ့သည်းရှစ်နှစ်ဆိုသော အချိန်အတွင်း၌ မိုးနှဲ ရွာကြီးသည် မမှတ်မိချင်စရာကောင်းလောက်အောင် ပြောင်းလဲ၍နေခဲ့သည် ...။ ~~~~~~ မုန်းဆ၍ နင်းလာခဲ့သော လမ်းမသည် စာသင်ကျောင်းသို့သွားသော လမ်းမှန်ဖြစ်နေသောကြောင့် သလင်းဖြူကျေနပ်သွားမိသည်။ပြီးနောက် စက်ဘီးကို စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများကြားရှိ လမ်းဘက်သို့ ချိုးကွေ့၍နင်းလာခဲ့သည်။ထိုအခါ သလင်းဖြူတို့ ငယ်စဉ်က သစ်ပင်ဝါးပင်ကြီးများနှင့် ကြောက်စရာကောင်းလှသော တောလမ်းကြားသည် ယခုအခါ၌မူ သူငယ်ချင်းဖြစ်သူ စိုင်းလွှမ်း ပြောသကဲ့သို့ပင် မုန့်ဆိုင်တန်းလေးများဖြင့် စည်ကားနေသည်ကို တွေ့ရလေသည်။သလင်းဖြူ စက်ဘီးကို ဆက်၍ နင်းခဲ့ပြီးလျှင် မိုးနှဲရွာ၏ ဆုတောင်းပြည့်ဘုရားကြီး ဘေးမှ လမ်းအတိုင်း ဆက်၍ နင်းခဲ့သည်။ဘုရားကြီးကိုကျော်လွန်လာသည်စျေးဆိုင်တန်းများမှာ မရှိတော့ဘဲ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများ၏ အနောက်ဘက်ရှိ ကုက္ကိုစုကွင်းသို့ရောက်ရှိလာခဲ့လေသည်။ "ကလင် ...ကလင် ...ကလင် " အကြီးဆုံး ကုက္ကိုပင် ကြီးအောက်တွင် စက်ဘီးကို ရပ်လိုက်ပြီး သလင်းဖြူ စက်ဘီးဘဲလ်ကို နှိပ်လိုက်သည်။ပြီးလျှင် တောင်မြောက်အရပ်လေးပါးသို့ ကြည့်လိုက်သော်လည်း သူငယ်ချင်းစိုင်းလွှမ်း၏အရိပ်အယောင်သော်ကိုမျှမတွေ့ရသောကြောင့် သလင်ဖြူ ကန်မောင်နှမရှိရာသို့ ငေးကြည့်လိုက်မိပြီး ငယ်စဉ်က အဖြစ်အပျက် အချို့ကို သတိရလိုက်မိလေသည်။ ~~~~~~ "ဖိုးသက်ပြင်းလေး အနောက်ဘက် တောအုပ်ထဲ ရောက်သွားပြန်ပြီးတဲ့ " " ဟာ ဒုက္ခပါပဲ ..အတန်းကြီးက ကောင်လေးတွေကို ဖိုးသက်ပြင်းကို သွားခေါ် ဖို့ လွှတ်ကြပါအုံး "

ဧကြည်ဖြူ " အဝါရောင်ရဲတိုက် " (အပိုင်း ၄ ) ******* "ဘုတ် " "အမယ်လေး " " ဟဲ့ ...ဟဲ့ ဘယ်လိုများ ဖြစ်လာရတာလဲ သလင်း ဖြူ ... ဧည့်သည်ကို အားနားစရာ ..." "ဘာဖြစ်လာတာလဲ သလင်းဖြူ " သလင်းဖြူ ရုတ်တရက် ထိတ်လန့်သွားမိပြီး ဇွတ်ပြေးချလာမိရာ လူတစ်ယောက်နှင့် တိုက်မိသွားပြီး မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်လဲကျသွားရာမှ ကြီးတော်ဖြစ်သူဒေါ်ကြည်အေးနှင့် ရွှေရည်ဝင်း၏ အသံကိုကြားလိုက်ရသောကြောင့် ဝမ်းသာပျော်ရွှင်သွားမိလေသည်။ "မကြီးမငယ်နဲ့ ဘာလို့ ပြေးလွှားနေရတာလဲ သလင်းဖြူ ...ဒီမှာ ဧည့်သည်ကို တောင်းပန်လိုက် အုံး " "ဟို ... ဟိုလေ ..ကန်နားမှာ အုတ်ဂူတွေ တွေ့လို့ .... ရုတ်တရက်ဆိုတော့ လန့်သွားပြီး ပြေးလာမိတာ ...တောင်း ...တောင်းပန်ပါတယ်ရှင် " " ဘာများဖြစ်လို့များလဲလို့အေ...အုတ်ဂူတောင် မမြင်ဖူးဘူးလား...နင့် အဘိုးနဲ့အဘွားရဲ့ အုတ်ဂူတွေလေ ... တကယ်ပါပဲ ....သူ့ကိုယ်စား ဒေါ်ဒေါ်တို့ပဲ တောင်းပန်ပါတယ် မောင်ထွဋ်ခေါင်ရယ် " ရွှေရည်ဝင်း၏ မိခင်ဖြစ်သူ ဒေါ်ကြူကြူဝင်း စကားကြောင့် သလင်းဖြူမှာ ရှက်ရွံ့သွားမိပြီး မိမိနှင့်ဝင်တိုက်မိသူကို မော့၍ကြည့်လိုက်မိကာတောင်းပန်လိုက်သည်။ထိုအခါ ရှုတည်တည် မျက်နှာထားနှင့် ကြည့်နေသော ထွဋ်ခေါင်ဆိုသောသူကို တွေ့လိုက်ရလေသည်။ထိုသူ၏ အသက်အရွယ်မှာ သလင်းဖြူတို့နှင့် အသက်အရွယ် သိပ်ကွာလှမည့်ပုံမပေါ်သော်လည်း ယောကျာ်းပီသပြီး ချောမောကြည့်ကောင်းသော ရုပ်ရည်ကြောင့် မာနကြီး ဟန် ရှိလေသည် ။ သလင်းဖြူ တောင်းပန်နေသည်ကို မျက်နှာထားတင်းတင်းနှင့် ကြည့်၍ နေလေသည်။ထိုသူ၏ ဘေးတွင် ရပ်နေသောနောက်ထပ် အမျိုးသားမှာမူ ရယ်ချင်နေသော စိတ်ကို မနည်းမျိုသိပ်ထားရပုံရလေသည်။ "ဟို ...တောင်းပန်ပါတယ်ရှင် " သလင်းဖြူသည် လူကြီးများ၏ ရှေ့တွင်ဖြစ်နေသော ထွဋ်ခေါင်ဆိုသောထိုလူချောအား အမြင်ကပ် စိတ်ကို ဘေးသို့ တွန်းဖယ်၍ ထပ်မံတောင်းပန်လိုက်ပြီးလျှင် မြေပြင်ပေါ်တွင် ကျနေသော ပိုက်ဆံအိတ်ကို ကောက်ယူလိုက်ပြီး ထိုသူထံသို့ ကမ်းပေးလိုက်သည်။ထိုအခါ ကိုလူချောက သလင်းဖြူ လက်ထဲမှ သူ့ပိုက်ဆံအိတ်ကို ဆတ်ခနဲ ဆွဲယူလိုက်ပြီးလျှင် ရွှေရည်ဝင်းဘက်သို့ ချက်ချင်း လှည့်၍သွားလေသည်။ "လာပါ ကိုထွဋ်ခေါင် ...သူက ရွှေရည်နဲ့ ညီမတစ်ဝမ်းကွဲပါ ... မနေ့ကမှ ဒီကိုရောက်လာတာလေ ... " ရွှေရည်ဝင်းသည် ထွဋ်ခေါင်ကို ပြောဆိုလျက်တိုက်ကြီးထဲသို့ ရှေ့မှ ဦးဆောင်၍၀င်သွားလေသည်။သူတို့၏ နောက်မှ ဒေါ်ကြည်အေးနှင့် ဒေါ်ကြူကြူဝင်းတို့သည်လည်း ဝင်လိုက်သွားကြလေသည်။ " ဟွန်း နှာဘူး '' တိုက်ထဲသို့ဝင်သွားသော သူတို့၏ နောက်ကျောပြင်ကို ကြည့်၍ သလင်းဖြူ နှာခေါင်းကိုရှုံ့လိုက်ပြီး မကျေမနပ်နှင့် ခပ်တိုးတိုးပြောလိုက်မိသည်။ပြီးလျှင် ဖိုသီဖတ်သီပုံစံနှင့်ဖြစ်နေသော ကိုယ့်ပုံစံကို ပြန်ကြည့်လိုက်မိပြီး ရှက်သလိုလိုဖြစ်သွားမိသည်။တီရှပ် အဖြူရောင်လက်တို ခပ်ပွပွနှင့်အနက်ရောင် ဆွဲသားဘောင်းဘီရှည်ကို ဝတ်ထားသော သလင်းဖြူ၏ပုံစံမှာ ကိုယ့်ဟာနှင့်ကိုယ်ဆိုလျှင် ကြည့်၍ သိပ်မဆိုးလှသော်လည်း မြန်မာဆန်ဆန်နှင့် ကျက်သရေရှိရှိ လှပနေသော ရွှေရည်ဝင်းနှင့် ယှဉ်လိုက်သောအခါ နတ်သမီးနှင့် မျောက်အိုမကဲ့သို့ ကွာခြားနေသည်ဟု ထွဋ်ခေါင်ဆိုသူ၏ မျက်ဝန်းထဲတွင် မြင်သွားလိမ့်မည်ထင်ပါလေသည်။ သလင်းဖြူ တိုက်ထဲသို့ ပြန်ဝင်ချင်စိတ် မရှိသောကြောင့် ခြံတံခါးဝနားတွင် ရပ်နေသော ယမန်နေ့ညက သလင်းဖြူ၏အိတ်ကို အပေါ်ထပ်သို့ သယ်ပို့ပေးခဲ့သော မောင်လုံး ဆိုသူ၏ အနားသို့ လျှောက်သွားလိုက်လေသည်။ " ဒီမှာရှင့် ...ဒီအိမ်မှာ စက်ဘီး မရှိဘူးလားဟင် ...ရွာထဲလျှောက်ကြည့်ချင်လို့ပါ " " ဟုတ်ကဲ့ စက်ဘီးရှိပါတယ် အစ်မလေး .. တိုက်ခြေရင်းက ဂိုထောင်ထဲမှာပါ " "ကျေးဇူးပါပဲနော် " မောင်လုံးကို ကျေးဇူးတင်စကားပြောလိုက်ပြီးနောက် ဂိုထောင်ရှိရာဆီသို့ သလင်းဖြူ လျှောက်လာခဲ့လိုက်သည်။ ~~~~~~ ဂိုထောင်ဟုဆိုသော်လည်း ရန်ကုန်မြို့ရှိ အိမ်များထက်ပင် ကြီးမားခမ်းနားစွာဆောက်ထားသော အဆောက်အဦးကြီးကို ကြည့်ပြီး သလင်းဖြူ ပခုံးနှစ်ဘက်ကို တွန့်လိုက်မိသည်။လူနေသော တိုက်အိမ်ကြီးကိုပင် မဆိုလေနှင့် ဂိုထောင် ဆောက်လုပ်သော ကုန်ကျစရိတ်သည်ပင် နည်းလှမည် မဟုတ်ပေ။နိုင်ငံရပ်ခြားသို့ သာသာယာယာသွားနိုင်သော ကုန်ကျ စရိတ်ထက်ပင် ပို၍ ကုန်ကျမည့် ပုံရလေသည်။သလင်းဖြူတို့နေစဉ်ကတော့ ခြေတံရှည် သစ်သားအိမ်ကြီးထဲတွင် စုနေကြပြီး အဘိုးနှင့် အဘွားမှာ ဤမျှလောက် ချမ်းသာသည်ဟု သလင်းဖြူမသိခဲ့ပါ။ အသက်အလွန်ငယ်သေးသောကြောင့်လည်းဖြစ်လိမ့်မည်ထင်ပါသည်။ယခုသည်ကို လာခါနီးမှပင် အဘိုးနှင့် အဘွားမှာ မြေဧကပေါင်းများစွာ ပိုင်ဆိုင်ခဲ့ပြီး သိမ်းဆည်းထားသော ရတနာများပါ ရှိသည်ကို ဖခင်ဖြစ်သူက ပြောပြခဲ့သည်။သို့သော်လည်း ဖခင်ဖြစ်သူသည် မိခင်ကြီး၏ ဆွေမျိုးသားချင်းများနှင့် မပတ်သက်ချင်သကဲ့သို့ စကားဆိုခဲ့သေးသည်။