ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

Открыть в Telegram
1 031
Подписчики
Нет данных24 часа
-17 дней
-1230 дней
Архив постов
"ဒီမှာ မသလင်းဖြူရဲ့ဖုန်းပါ ...ထွဋ်ခေါင်ဆိုတဲ့လူဆီကို ကျွန်စော်ဖုန်းဆက်ထားပါတယ် ...သူ မကြာခင် ရောက်လာလိမ့်မယ် ...သူရောက်မလာခင် မသလင်းဖြူ သိချင် နေတာတွေကို ကျွန်တော်ပြောပြပါ့မယ် .." ~~~~~~~ "ကျွန်တော်နာမည်က နေလင်းပါ ... ငယ်ငယ်ကတည်းက မိဘတွေ ဆုံးပါးသွားကြလို့ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ပဲကျန်ခဲ့တယ် ... အစ်ကိုက ကျွန်တော့်ထက် ရှစ်နှစ်ကြီးပါတယ် ... ပြီးတော့ အစ်ကိုက မကောင်းတဲ့အလုပ်မှန်သမျှအကုန်လုပ်တယ် ... အစ်ကိုနဲ့ နေခဲ့ရတဲ့ ကျွန်တော်ကရော ဘာထူးမှာလဲ .... ငယ်ငယ်ကနေခုချိန်ထိ အစ်ကိုခိုင်းသမျှကိုလုပ်ခဲ့ရတယ် ... ရုပ်လေးဗန်းပြပြီး လူတကာကိုလိမ်ညာခဲ့တယ် ...ဒါကြောင့်လဲ တစ်နေရာတည်းမှာ တည်တည် မြဲမြဲမနေနိုင်ဘဲ နေရာအနှံ့ လျှောက်သွားနေခဲ့ရတယ် ....ဒီလိုနဲ့ တစ်နေ့မှာ သူဋ္ဌေးနဲ့တွေ့ခဲ့ရပြီး ... သူဌေးက ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို အလုပ်တစ်ခုအပ်ခဲ့တယ် ... အဲ့ဒီအလုပ်က မသလင်းဖြူတို့ရဲ့ ဆွေမျိုးတစ်စုကို စောင့်ကြည့်ရတဲ့အလုပ်ပေါ့ .." "သူ ... သူက ဘာလို့ အဲ့လို စောင့်ကြည့်ခိုင်းထားရတာလဲ" သလင်းဖြူ အံ့ဩတကြီးနှင်းမေးလိုက်မိသည်။ "ဒါကတော့ အမွေတွေကို သူတစ်ယောက်တည်း ပိုင်ဆိုင်ရဖို့ ကြံနေလို့ပေါ့ ...ဒီလိုနဲ့ တစ်နေ့မှာ သူဌေးက နေ့ခင်းကြီး ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ကို တိုက်ကြီးဆီကိုလာဖို့ ခေါ်ခဲ့တယ်... ကျွန်တော်တို့ညီအစ်ကိုလဲ သူညွှန်ကြားတဲ့အတိုင်း ခြံနောက်ဘက်ကနေ ဝင်ခဲ့ပြီး .... နောက်ဖေး လှေကားကနေ တိုက်ကြီးရဲ့ အပေါ်ဆုံးထပ်ကို တက်ခဲ့တာပေါ့ ... အပေါ်ကို ရောက်တော့ ဘာကို တွေ့တယ်ထင်လဲ ... သိပ်ကို ကြောက်စရာကောင်းတဲ့ မြင်ကွင်းကို တွေ့ခဲ့ရတယ် ... ကျွန်တော်တို့ အပေါ်ကို ရောက်တော့ ....လှေကားကတက်တက်ချင်း အခန်းထဲမှာ ယောကျာ်းတစ်ယောက်ရဲ့ အလောင်းကို တွေ့ရတယ်... ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး ... အိမ်ထဲက အခန်းတစ်ခန်းထဲမှာ အမျိုးသမီးတစ်ယောက်ကို လည်ပင်းညှစ်သတ်ထားသေးတယ် ....နေ့ခင်းကြီးမှာ လူနှစ်ယောက်တောင် သတ်ထားတာ တကယ့်ကို လူမဟုတ်ဘဲ မိစ္ဆာ တစ်ကောင်လိုပဲ ... ကျွန်တော်တို့ညီအစ်ကိုက လူလိမ် လူမိုက်တွေဆိုပေမဲ့ လူရိုက်တာကလွဲလို့ လူမသတ်ဖူးဘူး ... ဒါပေမဲ့ သူပေးတဲ့ငွေကြေးက ကျွန်တော်တို့ ညီအစ်ကို အတွက် မက်မောစရာမို့ အလောင်းတွေကို ဖျောက်ဖျက်ပေးဖို့ ကျွန်တော်တို့ လက်ခံလိုက်ကြတယ် " သလင်းဖြူသည် နေလင်း ပြောနေသော စကားများကို နားထောင်နေပြီးနောက် ကြက်သေသေလျက်ရှိသည်။ရင်ထဲ၌ ထိတ်လန့် ကြောက်ရွံ့မှုနဲ့အတူ ရွံ့ရှာစက်ဆုပ်မုန်းတီးသောစိတ်များပါ ဝင်ရောက်လာမိလေသည်။ "ဒါ ...ဒါဆို .. တ ...တကယ်ပဲ ခေါ် လေး သေသွားပြီးပေါ့ ...ဒေါ်လေးတို့ရဲ့ အလောင်းတွေကို ဘယ်မှာ ဝှက်ခဲ့တာလဲ ...ဒီအိမ်နားမှာလား ...ဒါမှမဟုတ် ကျွန်မတို့ ခြံထဲက ရေတွ င်းပျက်ထဲကို ပစ်ချခဲ့တာလား " သလင်းဖြူက နာနာကြည်းကြည်းနှင့် မေးလိုက်သည်။ "မှန်ပါတယ်...အလောင်းတွေက ရေတွင်းပျက်ထဲမှာပါ ... နေ့လယ်ခင်းကြီးမှာ အလောင်းတွေကို အဝေးကို သယ်သွားတာထက် ... အိမ်သားတွေ မရှိတဲ့ ခြံထဲမှာ ဖျောက်ပစ်တာက အလွယ်ကူဆုံးပဲလေ ... အလောင်းတွေကို ရေတွင်းထဲပစ်ချလိုက်ပြီး အပေါ်ကနေ မိုးကာစတွေရော ...အမှိုက်တွေပါ ပစ်ချခဲ့ပြီး အပေါ်ကနေ သွပ်အဟောင်းတွေ ဟန်မပျက်ပြန် အုပ်ခဲ့တယ်...ပြီးတော့ နောက်နေ့မနက်စောစောမှာပဲ ... ကျွန်တော်တို့ ညီအစ်ကိုနဲ့ သစ်ပင်ခုတ်သမားအချို့ ခြံထဲက အပင်တွေကို ရှင်းပြီး သစ်ကိုင်းသစ်ခက်တွေကို ရေတွင်းထဲကို ပစ်ချ ကြတာပေါ့ ... အဲ့ဒီအချိန်မှာ တခြားအလုပ်သမားတွေက ရေတွင်းထဲမှာ လူသေအလောင်းတွေ ရှိနေမှန်း မသိတော့ အလုပ်ကို ပျော်ပျော်ရွှင်ရွှင်လုပ်နေကြပေမဲ့ ကျွန်တော်တော့ အရမ်းကို ကြောက်နေခဲ့မိတာ ...သစ်ကိုင်တွေကို ရေတွင်းထဲပစ်ချပြီး ရေတွင်းပြည့်သွားတော့ ရေတွင်းရဲ့ဘေးနှုတ်ခမ်းသားတွေကို ဖြိုချပြီး အပေါ်ကနေ ကျောက်ပြားတွေနဲ့ပိတ်ပစ်လိုက်ကြတယ် ... ဒါတောင် အားမရလို့ ခုတ်ထားတဲ့ သစ်လုံးပိုင်းတွေကို အဲ့ဒီနားတစ်ဝိုက်မှာပဲ ဖုံးအုပ်ထားတဲ့ ပုံစံမျိုးလုပ်ခိုင်းခဲ့တယ်လေ " နေလင်းပြောနေသော စကားများကို နားထောင်နေရင်းမှ ဒေါ် လေးတို့ချစ်သူနှစ်ယောက်ကို သနားလွန်း၍ သလင်းဖြူ၏ ရင်ထဲ၌ တလှိုက်လှိုက်နှင့် ဝမ်းနည်း ဆို့နင့်လာမိလေသည်။ " ရက်စက်လိုက်တာရှင် ..ကိုယ့်ညီမအရင်းကို လုပ်ရပ်လိုက်တာ ...ဘယ်လိုစိတ်နဲ့များ ဒီလောက်ထိလုပ်ရက်ရတာလဲ ..." " တောင်း ..တောင်းပန်ပါတယ် မသလင်းဖြူ ... " နေလင်းက သလင်းဖြူကို ကြည့်၍ မျက်လွှာကို ချပြီး တောင်းပန်စကားဆိုလိုက်သည်။ "ရှင်က ဘာလို့ ...ကျွန်မသူငယ်ချင်းစိုင်းလွှမ်းအဖြစ် ဟန်ဆောင်ခဲ့တာလဲ ...ဆက်ပြောပါ " " ဒါက...ကျွန်အော်တို့ အလောင်းတွေကို ဖျောက်ဖျက်ပစ်လိုက်ပြီး သိပ်မကြာခင်မှာ ...ကိုစိုင်းရန်နိုင် ရွာကို ရောက်လာခဲ့တယ်လေ ... ကိုစိုင်းရန်နိုင်ကို စောင့်ကြည့်ဖို့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို တာဝန်ပေးခဲ့တယ် .... သူထင်တဲ့အတိုင်းပါပဲ ကိုစိုင်းရန်နိုင်က အိမ်ကြီးကို ရောက်ပြီး မကြာခင်မှာဘဲ သူသိချင်တာတွေကို ရှက်ဖွေ စုံစမ်းခဲ့တယ် ..ဒါပေမဲ့ သူဘာကိုမှာ လက်ဆုပ်လက်ကိုင် မပြနိုင်ခဲ့ဘူးလေ "

ဧကြည်ဖြူ " အဝါရောင်ရဲတိုက် " ဇာတ်သိမ်းပိုင်း ******* " စိုင်းလွှမ်း ." သလင်းဖြူ အထိတ်တလန့်နှင့် အော်လိုက်မိလေသည်။မြင်လိုက်ရသော မြင်ကွင်းက သွေးပျက်စရာအတိပါပင် ။တစ်ဖက်လူမှ သလင်းဖြူကို ဓါးနှင့် လှမ်း၍ထိုးလိုက်သည်ကို နေလင်း (ခေါ် ) စိုင်းလွမ်းက လှမ်း၍ ကာလိုက်ခြင်းဖြစ်သည် ။ အခန်းထဲတွင် အလင်းရောင် ခပ်မှိန်မှိန်သာ ရှိခြင်းကြောင့် စိုင်းလွှမ်းကိုမည်မျှ ထိခိုက်သွားသည်ကို မသိသော် လည်း စိုင်းလွှမ်း၏နာကျင်စွာ အော်လိုက်သော အသံကြောင့် ဓါးနှင့်ထိသွားပုံရလေသည်။ "ဖြူလေး .....အပြင်ကို ထွက် ... ညဘက်တည့်တည့်မှာ လှေကားရှိတယ် ...အပေါ် ကို တက်ပြီးပြေးတော့ " စိုင်းလွှမ်း၏ စကားကြောင့် သလင်းဖြူ လှေကားရှိရာဘက်သို့ မှန်းဆ၍သွားလိုက်လေသည်။လေးငါးဆယ်လှမ်းမျှ လျှောက်သွားလိုက်သည်နှင့်လှေကားကို ခပ်ဝါးဝါး မြင်ရလေသည်။သလင်းဖြူ လှေကားဆီသို့ ရောက်သည်နှင့် စိုင်းလွှမ်းရှိရာဆီသို့ တစ်ချက်မျှ လှည့်၍ ကြည့်လိုက်ပြီး လျှင် လှေကားပေါ်သို့ လျင်လျင်မြန်မြန်တက်ခဲ့လိုက်သည်။လှေကား အဆုံးတွင် တံခါးတစ်ချပ်ကို တွေ့ရသောကြောင့် တွန်းဖွင့်လိုက်သောအခါ ပြင်ပမှ အလင်းရောင်ကို တွေ့လိုက်ရလေသည်။သလင်းဖြူ တံခါးကို ပြန်ပိတ်လိုက်ပြီးနောက် တံခါးမကြီးကို ရှာလိုက်လေသည်။သလင်းဖြူ ရောက်ရှိနေသော နေရာသည် မည်သည့်အရပ်တွင် ရှိမှန်း မသိသော်လည်း အိမ်၏ပုံစံမှာဟောင်းနွမ်းနေသော်လည်း ခိုင်ခန့် လုံခြုံလေ၏။ခပ်စောစောက သလင်းဖြူကို ဖမ်းထားခဲ့သောနေရာမှာ အိမ်ကြီး၏ မြေအောက်ခန်း ဖြစ်ပုံရလေသည်။အိမ်ကြီးသည် သလင်းဖြူ တွေ့ရသလောက်တော့ ပေနှစ်ဆယ်ပေလေးဆယ်မျှလောက် ကျယ်ဝန်းသော အုတ်ခံသစ်သားအိမ်ဟောင်းတစ်လုံသာဖြစ်လေသည်။သလင်းဖြူ ရှာဖွေကြည့်နေမိရင်းမှ တံခါးမကြီးကို တွေ့သော်လည်း တံခါးကို အပြင်မှသော့ပိတ်ထားပုံရလေသည်။တံခါးမှာ ဘယ်လိုဖွင့်ဖွင့် မပွင့်ဘဲ ရှိလေသည်။မပွင့်သည့် အဆုံးတွင် သလင်းဖြူ လက်လျှော့လိုက်ပြီး နောက်ထပ်တံခါးပေါက်ကိုရှာကြည့်လိုက်လေသည်။ပြတင်းပေါက်များရှိသော်လည်းဖွင့်၍ကမရဘဲရှိလေသည်။သလင်းဖြူ အထိတ်ထိတ်အလန့်လန့်နှင့်ပင် ဖွင့်ထားသော တံခါးတစ်ချပ်တလေများတွေ့ရလိုတွေ့ရငြား အလောတကြီး ရှာဖွေနေမိလေသည်။အတန်ကြာရှာဖွေပြီးသောအခါတွင် နောက်ထပ် တံခါးမကြီးတစ်ချပ်ကို တွေ့သော်လည်း သည်အခါ၌တံခါးမှာ အတွင်းမှ သော့ခတ်ထားခြင်းဖြစ်လေသည်။ထပ်မံ၍ အိမ်၏ နေရာအနှံ့တွင် သော့ကို ရှာဖွေကြည့်ရာ အစအနပင်မတွေ့ရဘဲရှိလေသည်။ထိုစဉ်မှာပင်သလင်းဖြူ၏နောက်ဘက်မှ ခြေသံကိုကြားလိုက်ရ၍လှည့်ကြည့်လိုသောအခါတွင် လက်မောင်းတွင် သွေးများ စီးကျလျက် သလင်းဖြူရှိရာဆီသို့ မောပန်းတကြီးနှင့်ရောက်လာသော စိုင်းလွှမ်းကိုတွေ့လိုက်ရလေသည်။ "ဖြူလေး....ဒီမှာ သော့ ... ဘာမှ မစိုးရိမ်နဲ့တော့ အန္တရာယ်မရှိတော့ဘူး .. မြေအောက်ခန်းတံခါးကိုလဲ ပိတ်ထားလိုက်ပြီ " " နင့် .. နင့်လက်မှာ သွေး...သွေးတွေနဲ့ ... ဟို ... ဟို တစ်ယောက် ရောဟင် " သလင်းဖြူ သော့ကို လှမ်းယူလိုက်ပြီး အထစ်ထစ်အငေါ့ငေါ့နှင့် မေးလိုက်မိသည်။ "ရတယ် ဖြူလေး ငါဘာမှ မဖြစ်ဘူး ... ငါ့အစ်ကိုလဲ ဘာမှမဖြစ်ပါဘူး ....သူသောက်မယ့် အရက်ထဲမှာ အိပ်ဆေးခတ်ထားလို့ အိပ်ပျော်သွားပြီး တော်တော်နဲ့တော့ နိုးမှာ မဟုတ်ဘူး ...အပြင်မှာ မိုးချုပ်တော့မယ် ... နေရဲရဲ့လား `" စိုင်းလွှမ်းက မျက်နှာငယ်လေးနှင့် သလင်းဖြူကို လှမ်းမေးလိုက်လေသည်။ "နင် ...နင် သက်သာရဲ့လား ... ဒဏ်ရာကို အဝတ်နဲ့စည်းထားလိုက်ပါလား ..ပြီးတော့ နင် ပါရွာထဲကို လိုက်ခဲ့ပြီး လက်ကို ဆေးခန်းပြပါ " သလင်းဖြူလည်း မိမိအသက်ကို ကယ်ထားသောစိုင်းလွှမ်းကိုကြည့်ပြီး ကရုဏာစိတ်ဝင်မိသောကြောင့် စိုးရိမ်စွာမေးလိုက်မိသည်။ " ရ...ရပါတယ် ဆေးခန်းတော့မပြတော့ပါဘူး ....အဝတ်တစ်ထည်သွားယူပြီးပဲ စည်းထားလိုက်မယ် ..." ~~~~ သလင်းဖြူက စိုင်းလွှမ်းယူလာသော အဝတ်စနှင့် စိုင်းလွှမ်း၏ ဒဏ်ရာကိုစည်းနှောင်ပေးလိုက်သည်။ ဒဏ်ရာကရှပ်ထိသွား၍သာတော်ပေတော့သည်။ "ကျွန်... ကျွန်တော်တောင်းပန်ပါတယ် မသလင်းဖြူ " နေလင်း(ခေါ်) စိုင်းလွှမ်းက သလင်းဖြူကို ကြည့်ပြီး မဝံ့မရဲ့ တောင်းပန်စကားဆိုလိုက်သည်။ "ကျွန်မကို သတ်ခိုင်းနေတာ ဘယ်သူလဲဆိုတာကို ကျွန်မသိတယ် .... ရှင်က ဘာကြောင့် ကျွန်မသူငယ်ချင်းစိုင်းလွှမ်းလို့ ဟန်ဆောင်နေရတာလဲကစပြီး အားလုံးရှင်းပြပါ " သလင်းဖြူက နေလင်းကို မေးလိုက်သည်။ "ကျွန်တော် အားလုံးကို ရှင်းပြပါ့မယ် .... " ~~~~~~~ "ဒါက ဘယ်နေရာလဲ " အိမ်ပြင်သို့ ရောက်သောအခါ အိမ်မှာ တောင်ကုန်းအမြင့် တစ်ခုပေါ်တွင်တည်ဆောက်ထားခြင်းဖြစ်ကြောင်းကို သလင်းဖြူတွေ့လိုက်ရလေသည်။အိမ်၏ပတ်ဝန်းကျင်၌လည်း လူနေအိမ်ဟူ၍ မတွေ့ရဘဲ သစ်ပင်ကြီးများနှင့် တောင်ကုန်းများကိုသာတွေ့ရသောကြောင့် သလင်းဖြူ မေးလိုက်ခြင်းဖြစ်သည်။ "ဒီနေရာက လျှိုချောက် အနောက်ဘက်ကတောအုပ်ပဲ...ဒီအိမ်မှာ အရင်က မိသားစုတစ်စုနေခဲ့ကြတယ်တဲ့ ... ဒါပေမဲ့ ဓါးပြတိုက်ခံရပြီး အိမ်သားအချို့ အသတ်ခံလိုက်ရလို့ အိမကိုစွန့်ပစ်သွားကြတာတဲ့ .. ဒါနဲ့သူဌေးက ဒီအိမ်ကို ဝယ်လိုက်ပုံရတယ် " "ဪ "

မိမိအခန်းရှိရာဆီသို့ လျှောက်လာသော ခြေသံကို ကြားလိုက်ရသည်နှင့် သလင်းဖြူ အသင့်အနေအထား ပြင်လိုက်ပြီး တံခါးဘေးတွင် မတ်မတ်ရပ်၍ နေလိုက်လေသည်။အပြင်မှ ခြေသံသည် တံခါးရှေ့တွင် ရပ်သွားပြီးနောက် သော့ဖွင့်နေသံကို ကြားလိုက်ရလေသည်။ပြီးနောက် တံခါးသည် ဖြည်းညှင်းစွာပွင့်လာပြီးလျှင် အပြင်မှလူသည် အခန်းထဲသို့ ဝင်လာလေသည်။ထိုလူဝင်လာသည်နှင့် သလင်းဖြူ ထိုလူကို လက်နှစ်ဖက်နှင့် ဆောင့်တွန်းပစ်လိုက်လေသည်။ထိုအခါ ထိုလူသည် လျှင်မြန်ဖျတ်လတ်စွာ ရှောင်တိမ်းလိုက်ပြီးလျှင် သလင်းဖြူ၏ လက်နှစ်ဖက်ကိုဖမ်း၍ ဆုပ်ကိုင်လိုက်လေသည်။ "ဖြူလေး ...စိတ်အေးအေးထားပါ ...မင်း မှာ အန္တရာယ်မရှိတော့ပါဘူး " " နင် ... နင် စိုင်းလွှမ်း ... မဟုတ်ဘူး နင်က ငါ့သူငယ်ချင်းစိုင်းလွှမ်း မဟုတ်ဘူး ....နင် ဘယ်သူလဲပြော ... " သလင်းဖြူသည် အခန်းထဲသို့ ရောက်လာသောသူ၏ အသံကိုကြားလိုက်ရသည်နှင့် ဒေါသတကြီးနှင့် မေးလိုက်သည်။ " ဟုတ်ပါတယ် ...ငါက မင်းသူငယ်ချင်းစိုင်းလွှမ်း မဟုတ်ပါဘူး ...ငါ့နာမည်က နေလင်းတဲ့ ... အခုအရေးကြီးတာက မင်း ဒီကနေ အမြန်ဆုံးထွက်သွားဖို့ပဲ ... တော်ကြာ ငါ့အစ်ကို သတိရလာလျှင် မင်းရော ငါရော အသက်ခံရလိမ့်မယ် ... သူသတိပြန်မရလာခင် ဒီကနေ အမြန်ဆုံး သွားကြစို့ " "ဟင့်အင်း .. ဖယ် ... ဖယ် ... နင့်ကို ငါမယုံဘူး ... နင်က လူလိမ် လူသတ်သမားပဲ ... ငါနား မကပ်နဲ့နော် " သလင်းဖြူသည် မိမိလက်ကို ဆုပ်ကိုင်ထားသော နေလင်းခေါ်စိုင်းလွှမ်း၏ လက်မှ ဆောင့်၍ ရုန်းလိုက်ပြီး ဒေါသနှင့် ပြောဆိုလိုက်သည်။ "ဒါဆို....ဒီရှပ်အင်္ကျီကို အပေါ်က ထပ်ဝတ်ဦးထုပ်ဆောင်းပြီး နောက်က လိုက်ခဲ့ " နေလင်းသည် ဒေါသတကြီးဖြစ်နေသော သလင်းဖြူ၏ လက်ကို လွှတ်ပေးလိုက်ပြီး အခန်းတံခါးကို ဖွင့်ကာ ရှေ့မှ ထွက်သွားလိုက်သည်။ "ဟေ့ကောင် နေလင်း ...ဘာလဲ မင်းက မိန်းမတစ်ယောက်အတွက် ....ညီအစ်ကိုချင်း သစ္စာဖောက်တာပေါ့ဟုတ်လား ....မင်းငါ့ကို အရက်သောက်ရအောင်လို့ ပြောကတည်းက ငါသိနေတယ်ကွ မင်းမဟုတ်တာတစ်ခုခု လုပ်တော့မယ် ဆိုတာကိုလေ " နေလင်းခေါ် စိုင်းလွှမ်းနှင့် သလင်းဖြူတို့ အခန်းရှေ့သို့ ထွက်လိုက်သည်နှင့် အခန်းရှေ့တွင် ဓါးရှည်ကို ကိုင်ဆွဲလျက် ရပ်စောင့်နေသော သူကို တွေ့လိုက်ရသောကြောင့် သလင်းဖြူ ထိတ်ထိတ်လန့်လန့်နှင့် ခြေလှမ်းများရပ်တန့်သွားရလေသည်။ နေလင်းသည် အခန်းရှေ့တွင် ဓါးကို ကိုင်စွဲလျက် ရပ်နေသော အစ်ကိုဖြစ်သူကို မြင်လိုက်ရသည်နှင့် သလင်းဖြူကို သူ၏နောက် မှာထားလိုက်ပြီး ကိုယ်တိုင်က သလင်းဖြူ၏ အရှေ့တွင် ရပ်၍ အစ်ကိုဖြစ်သူကို ရင်ဆိုင်လိုက်သည်။ "တောင်းပန်ပါတယ် အစ်ကို...သူ့ကို မသတ်ပါနဲ့ ဗျာ ...အစ်ကို လိုချင်တဲ့ ငွေကို ကျွန်တော် ရအောင်ရှာပေးပါ့မယ် ... သူ့ကို လွှတ်ပေးလိုက်ပါ အစ်ကို " နေလင်းက အစ်ကိုဖြစ်သူကို တောင်းပန်စကားပြောလိုက်သည်။ "ဟေ့ကောင် အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့ မင်းပါးစပ်ကို ပိတ်ထား ...မင်းကို ပါသတ်မိလိမ့်မယ် ... အဲ့ဒီကောင်မ ကို ကိုက်တဲ့ မြွေကို မင်းကလဲထားလိုက်တာ မဟုတ်လား ... မင်းက တကယ့် အဖျက်သမားပဲ ....ဖယ်စမ်း အဲ့ဒီဟာမကို ငါကိုယ်တိုင် သတ်မယ်" "ကျွန်တော် တောင်းပန်ပါတယ် အစ်ကို ... အစ်ကိုခိုင်းသမျှ ကျွန်တော် အကုန်လိုက်လုပ်ပေးခဲ့တယ်လေ ... ဒီတစ်ခါ ... ဒီတစ်ခါလေးပဲ ကျွန်တော့်ဆန္ဒကို လိုက်လျောပေးပါလား ... သူ့ကို ထားခဲ့လိုက်ပြီး ကျွန်တော်တို့ ဒီအတိုင်း ထွက်သွားကြရအောင် " "ဘာကွ ဒီတိုင်း ထွက်သွားရအောင် ငါကရူးနေလို့လား ...သူ့ကိုသတ်ပေးလိုက်တာနဲ့ ... လေးငါးဆယ်နှစ်မက ရှာရမဲ့ ငွေကို တစ်ထိုင်တည်း ရမှာကွ အရူးရ ... ပြီးတော့ အဲ့ဒီဟာမကို လွှတ်ပေးလိုက်ရင် မင်းရောငါပါ ထောင်ထဲသွားရမှာကို တွေးမိရဲ့လား " သလင်းဖြူသည် နေလင်းခေါ် စိုင်းလွှမ်း၏ နောက်တွင် တုန်တုန်ယင်ယင်နှင့် ရပ်နေမိသည်။ "ကဲကွာ ...ဖယ်စမ်းပါ ... သူ့ကိုသတ်ပြီး ရတဲ့ငွေနဲ့ ငါတို့ ညီအစ်ကို အမြန်ဆုံးထွက်သွားကြရအောင် " "မဖယ်ဘူး ..မဖယ်ပေးနိုင်ဘူး အစ်ကို ... ကျွန်တော်သေမှ အစ်ကို သူ့ကို သတ်လို့ရမယ် ...အဲဒီတော့ အစ်ကို သတ်ချင်ရင် ကျွန်တော့်ကို အရင်သတ်လိုက်ပါ ..." "အေး သတ်မယ် ....အဲ့ဒီဟာမကို အရင်သတ်ပြီးမှ ...မင်းကို သတ်မယ် ... ဖယ်စမ်း ...ကဲကွာ " "အား " "အမယ်လေး " ==================== ( ဇာတ်သိမ်းပိုင်းမျှော် ) ဧကြည်ဖြူ

သလင်းဖြူ ကြားရသလောက်တော့ ထိုလူသည် ဒေါသထွက်နေဟန် ရှိလေသည်။အပြောခံနေရသော တစ်ဖက်လူမှာမူ တိတ်ဆိတ်လျက် ရှိလေသည်။သလင်းဖြူ ထိုလူ၏အသံကို အာရုံစိုက်၍ နားထောင်ကြည့်သော်လည်း အသံမှာ စိမ်းလှလေသည်။သလင်း ဖြူသိသော အသံမဟုတသည်မှာ သေချာလှပါလေသည်။ "ဒါပေမဲ့ ဘယ်လိုလုပ်မလဲ ... ခုန မင်း တွေ့တယ်မဟုတ်လား ...ပိတ်လှောင်ခံထားရတဲ့ မြွေက ဒေါသတကြီးနဲ့ သူ့ကို ပေါက်ထည့်လိုက်တာလေ ... ငါတောင် မကြည့်ရက်လို့ အပြင်ကို မြန်မြန်ထွက်ခဲ့ရတာ.... မင်းဆိုရင်တော့ ခံစားနေရမှာကို နားလည်ပါတယ်ကွာ ...ဒါပေမဲ့ စိတ်မကောင်းမဖြစ်နဲ့ဟ သူ့သွေးအရင်းကတောင် သတ်ခိုင်းနေတာကို ...ငါတိုလို ငွေအတွက် လုပ်နေရတဲ့ကောင်တွေက ဘာတတ်နိုင်မလဲ " ကြားလိုက်ရသော စကားကြောင့် သလင်းဖြူမှာ ကိုယ်ထဲရှိသွေးကြောများ ရပ်ဆိုင်းသွားသလိုခံစားလိုက်ရပြီးလျှင် မှောင်မည်းနေသော အခန်းကျဉ်းလေး၏ နေရာအနှံ့သို့ အထိတ်တလန့်ဖြင့် လိုက်၍ကြည့်လိုက်မိလေသည်။ထိုလူပြောပုံအရဆို သလင်းဖြူမှာ မြွေကိုက်ခံထားရပြီ ဖြစ်လိမ့်မည်ထင်ပါလေသည်။သို့ဆိုလျှင် သလင်းဖြူသည် သေသွားခဲ့ပေပြီလား ။ သို့မဟုတ်လျှင် သေအံ့မူးမူးအခြေအနေများလား ။ သလင်းဖြူ ကိုယ့်ကိုယ်ကို ထိုးဆိတ်၍ ကြည့်လိုက်သည့်အခါတွင် နာကျင်မှုဝေဒနာကို ခံစားရလေသည်။ပြီးလျှင် အရိုက်ခံထားရသော ဇက်ပိုးဆီမှ အနည်းငယ်နာကျင်နေသည်မှအပ မည်သည့် ဝေဒနာကို မျှ မခံစားရပါလေ။ " ညမိုးချုပ်တာနဲ့ မြွေကိုက်ခံရပြီးသေနေတဲ့ မင်းဟာမလေး အလောင်းကို ရွာနဲ့မနီးမဝေးမှာ သွားပစ်ရမှာကွ ... စိတ်မကောင်းတော့ မဖြစ်ပါနဲ့ကွာ ..ကိစ္စအားလုံးပြီးရင် မင်းလိုချင်နေတဲ့ငွေတွေ အကုန်ရမှာလေ ... မင်းငွေလိုလို့ ဒီအလုပ်ကို လက်ခံခဲ့တာပဲ မဟုတ်လား..... ဘာ အခုမှ သူတော်ကောင်းယောင်ဆောင်နေရတာလဲ ... ဘာလဲ ရုပ်ဆိုးတဲ့ငနဲမကို မင်းကြိုက်နေတာလား နေလင်း " ထိုလူက ခပ်လှောင်လှောင်ပုံစံမျိုးဖြင့် ဆက်၍ ပြောနေစဉ်မှာပင် အခန်းထဲသို့ ထပ်မံဝင်ရောက်လာသော ခြေသံသဲ့သဲ့ကို ကြားလိုက်ရပြန်လေသည်။ထိုသို့ ကြားလိုက်ရပြီး မရှေးမနှောင်းမှာပင် ခပ်စောစောကလူ၏အသံက ထွက်ပေါ်လာပြန်လေသည်။ "အားလုံး အဆင် သင့်ပါပဲ သူဌေး ...ညမိုးချုပ်တာနဲ့ အလောင်း သွားပစ်မှာပါ ...ပြီးတော့ လက်ကျန်ငွေရတာနဲ့ ကျွန်တော်တို့ နှစ်ယောက် ဒီကနေ အဝေးဆုံးကို ထွက်သွားဖို့ ပြင်ဆင်ထားပြီးသားပါ " သူဌေးဆိုသော အခေါ်အဝေါ်ကြောင့် သလင်းဖြူ၏ ရင်အစုံမှာ တထိတ်ထိတ် အခုန်မြန်လာပြီးလျှင် တံခါးနားဆီသို့ နားကို ပို၍ တိုးကပ်လိုက်မိလေသည်။မှောင်ရိပ်ထဲမှလူများကို သဲသဲကွဲကွဲ မမြင်ရသော်လည်း အသံများကို သေချာစွာနားစွင့်နေမိသည်။ "အလောင်းလာပစ်တဲ့အခါ ကျန်ငွေကို ပေးခိုင်းလိမ့်မယ်... ကိစ္စ ပြီးတာနဲ့ မင်းတို့ တစ်ခါတည်း ထွက်သွားတော့ ... " "ဟင် " သူဋ္ဌေးဆိုသော လူ၏ အသံကို ကြားလိုက်ရသော အခါ သလင်းဖြူ နားထဲတွင် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။ထိုသို့ တစ်ပြိုင်နက်တည်းမှာပင် မျှော်လင့်ထားခဲ့ပြီးသားဖြစ်သော်လည်း လက်တွေ့ကြုံလာရသောအခါ၌မူ မယုံကြည်နိုင်ခြင်း ၊အံ့သြခြင်းများဖြင့် သလင်းဖြူ၏ ခန္ဓာကိုယ်ထဲရှိ သွေးများ အေးခဲသွားသလို ခံစားလိုက်ရလေသည်။ အသံများမှာ တိတ်ဆိတ်သွားပြီးလျှင် အပြင်သို့ ထွက်ခွါသွားသော ခြေသံကို ပြန်၍ ကြားလိုက်ရလေသည်။ "ကဲ နေလင်း ... အလောင်းကို သွားပစ်ဖို့ ပြင်ဆင်ကြစို့ကွာ .." ထွက်ခွါသွားသော ခြေသံပျောက်ကွယ်သွားသည်နှင့် အခန်းထဲရှိ လူ၏အသံကို ကြားလိုက်ရပြီး သလင်းဖြူ အခန်းဘက်ဆီသို့ လျှောက်လာသော ခြေသံကို ကြားလိုက်ရလေသည်။ " အေးဆေးပေါ့ အစ်ကိုရာ ... မိုးချုပ်မှ ပစ်ရမှာလေ ... အခုမှ အစောကြီး ရှိသေးတာကို ..လာပါ ရဲဆေးလေးထပ်တင်ပြီးမှ လုပ်ကြတာပေါ့ " တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သောသူ၏ အသံကိုကြားလိုက်ရသောအခါ သလင်းဖြူတစ်ကိုယ်လုံး လေထဲလွင့်မျော သွားသလိုဖြစ်သွားမိသည်။ အံ့သြမယုံကြည်နိုင်ခြင်းထက်ပို၍ ဝမ်းနည်းယူကျုံးမရ ဖြစ်သွားခဲ့မိသည်။သလင်းဖြူ၏ နောက်ဆုံးထွက်သက်သည် သလင်းဖြူ အယုံကြည်ရဆုံးသူ သို့မဟုတ် သံယောစဉ် အရှိဆုံးသူ၏ လုပ်ကြံဖန်တီးမှုကြောင့် သေဆုံးရတော့မည်ဖြစ်သည်။သလင်းဖြူ အံကိုခပ်တင်းတင်းကြိတ်ထားမိသည်။ကျားခံတွင်းထဲသို့ ရောက်နေပြီဖြစ်သော သလင်းဖြူ၏ အဖြစ်က လာမည့်ဘေးကို ပြေးတွေ့၍ အသက်ရှင်သန်လွတ်မြောက်မှုအတွက် နောက်ဆုံးအချိန်အထိ ကိုယ့်ဘာသာ ကြိုးစားရမည်ဖြစ်သည်။ ~~~~ ~~~ "ကဲ ...ကဲ ဒီလောက်ဆိုတော်ပြီကွာ ... တော်ကြာ အရမ်းမူးသွားပြီး မှောက်သွားမှ နှစ်ယောက်လုံး ပြဿနက် တက်ကုန်မယ်ကွ ...ကဲ ဟို အလောင်းဆီကို သွား..သွား ..သွားကြ ...ကြ " စကားပြောနေရင်းမှပင် ခုံပေါ်သို့ ခေါင်းငိုက်စိုက်ကျသွားသော အစ်ကိုဖြစ်သူကို ကြည့်၍ နေလင်း သက်ပြင်းကိုချလိုက်ပြီး အစ်ကို၏အိထဲမှ သော့ကို လှမ်းယူလိုက်သည်။ ~~~~~~~ " ရှပ် ...ရှပ် ...ရှပ် "

ထွဋ်ခေါင်သည် ရွှေရည်ဝင်းကို ပြောလိုက်ပြီးသည်နှင့် ဆိုင်ကယ်ကို တရကြမ်းမောင်း၍ထွက်ခဲ့လေသည်။ ခြံထဲမှ ထွဋ်ခေါင်၏ ဆိုင်ကယ်မောင်းထွက်သွားသည်နှင့် ရွှေရည်ဝင်းသည် တိုက်ထဲသို့ ဝင်လာခဲ့ပြီးနောက် အခန်းရှိရာဆီသို့ တက်လာခဲ့သည်။ အခန်းထဲသို့ ရောက်သည်နှင့် ရွှေရည်ဝင်းသည် တင်းထားသမျှ စိတ်ကို လျှော့ချလိုက်ပြီး အခန်းထဲရှိပစ္စည်းများနှင့် နံရံကို ပစ်ပေါက်ပြီးအားပါးတရ ငိုကြွေးလိုက်မိသည်။အသက်နှစ်ဆယ့်ငါးနှစ်အရွယ်မှ ပထမဆုံးဖူးပွင့်ခဲ့သော အချစ်ပန်းလေးသည် အဖူးအငုံဘဝမှာပင် ပျက်စီးခဲ့ရပြီဆိုတာကို ရွှေရည်ဝင်းသိလိုက်ပါလေသည်။ထို့အတူ ကိုယ့်လောက်မှ မလှပသော၊ ငွေကြေးဥစ္စာမရှိသော သက်တူရွယ်တူ ညီမဝမ်းကွဲထံတွင် ရှုံးနိမ့်သွားခဲ့ပြီဆိုတာကို ရွှေရည်ဝင်းသိလိုက်လေ၏။ ~~~~~~ ထွဋ်ခေါင်ဆိုင်ကယ်ကို တရကြမ်းမောင်း၍သလင်းဖြူသွားတတ်သော နေရာအနှံ့သို့ လိုက်ရှာကြည့်ရုံမျှမကဘဲ လမ်းတွင် တွေ့သမျှလူတိုင်းကိုလဲ သလင်းဖြူအကြောင်းကို မေးကြည့်သည်။ သို့သော်ငြား သတင်းအစအနလေးပင် မသိခဲ့ရပါချေ။ "ဟယ်လို ....ဝေထွန် ဒီမှာ အခြေအနေမကောင်းဘူး .. သူပျောက်နေတယ် ... မင်းခိုင်းထားတဲ့ လူတွေကို အကူအညီတောင်းပြီး ဝိုင်းရှာခိုင်းပါအုံး .. သူ့ပုံကိုပို့ပေးလိုက်မယ် ... ပြီးတော့ ဦးမြင့်အေးတို့ ခြံထဲမှာ အလုပ်သမားအဖြစ် ခိုင်းထားတဲ့ ကောင်လေးဆီကရော ဘာသတင်းရသေးလဲ....ငါတို့ အမြန်ဆုံး လှုပ်ရှားမှ ဖြစ်မှာ ..မဟုတ်ရင် သူ့အတွက်စိုးရိမ်ရတဲယ် ..." ထွဋ်ခေါင်က ဝေထွန်းကို ဖုန်းထဲမှ တဆင့် အလောတကြီးနှင့် ပြောလိုက်သည်။ "အေး ဟုတ်ပြီ ...မင်းစိတ်အေးအေးထား ထွဋ်ခေါင် ... သူတို့ ကောင်မလေးကို ချက်ချင်းတော့ သတ်မှာ မဟုတ်ပါဘူး ... ငါ့စိတ်ထင် သူ့သူငယ်ချင်းဆိုတဲ့ကောင်ကို မသင်္ကာဘူး ...သူတို့တွေ့နေကျ ဘုရားကုန်းနောက်ကို မင်းသွားကြည့်ပြီးပြီလား ...." "ကြည့်ပြီးပြီ ... တစ်ရွာလုံးလဲ နှံ့နေပြီ ... ငါ အခု အိမ်ကိုပြန်ပြီး အိမ်ကလူတွေကို အကြောင်းစုံကို ဖွင့်ပြောရမှာပဲ .." "ဟေ့ကောင်ရ ..အဲ့လိုဆိုရင် တရားခံကို သတိပေးလိုက်သလို ဖြစ်သွားမှာပေါ့ ...တရားခံလွတ်သွားနိုင်တယ်နော် " ဝေထွန်း၏ စကားကြောင့် ထွဋ်ခေါင် တစ်ချက်တွေခနဲဖြစ်သွားသော်လည်း ချက်ချင်းပင် ဆုံးဖြတ်ချက်ကိုချလိုက်လေသည်။ "ခုချိန်မှာ တရားခံထက် အရေးကြီးတာက သလင်းဖြူအသက်ရှင်ဖို့ပဲကွာ ... အဓိက က ဘယ်နည်းလမ်းနဲ့ ဖြစ်ဖြစ် သူ လွတ်လာဖို့ပဲ ..." ဝေထွန်းဆီမှ ဖုန်းချသွားသည်နှင့် ထွဋ်ခေါင်ဆိုင်ကယ်ကို အိမ်ဘက်သို့ ပြန်၍ ဦးတည်မောင်းနှင်လိုက်လေသည်။ ~~~~~~ ဇက်ပိုးဆီမှ စူးစူးရှရှ နာကျင်မှုနှင့်အတူ သလင်းဖြူ ပစ္စုပ္ပန်ကို ပြည်လည်အမှတ်ရလာသည်။သတိဝင်လာသည်နှင့် တစ်ပြိုင်နက် သလင်းဖြူဆတ်ခနဲထထိုင်လိုက်မိသည်။ ထထိုင်လိုက်မိသည်နှင့် သလင်းဖြူ မြင်တွေ့လိုက်ရသည်မှာ ခပ်မှောင်မှောင် ဖြစ်နေသော အခန်းပင်ဖြစ်လေသည် ။ အခန်းသည် အုတ်များဖြင့် တည်ဆောက်ထားပြီးလျှင် တစ်ခုတည်းသောအပေါက်မှသစ်သားတံခါးကိုပိတ်ထားသည်ကိုပါတွေ့လိုက်ရလေသည်။သလင်းဖြူ ထိတ်ထိတ်လန့်လန့်နှင့်ပင် အားယူ ထလိုက်ပြီးလျှင် သစ်သားတံခါးဆီသို့ လျှောက်သွားပြီး တံခါးကို ခပ်ဖြည်းဖြည်းဖွင့်ကြည့်လိုက်သည် ။ ထိုအခါ တံခါးသည် လှုပ်သည်ဆိုရုံမျှသာ လှုပ်ခတ်သွားပြီး လက်ညှိုးတစ်ချောင်းစာသာပွင့်ဟ၍သွားလေသည်။ ဆက်၍ ဖွင့်မရတော့ပါချေ။ တံခါးအားအပြင်မှ သော့ခတ်ထားပုံရလေသည်။ထပ်မံကြိုးစားကြည့်သော်လည်း အချည်းနှီးသာဖြစ်ပြီးလျှင် သလင်းဖြူ မောဟိုက်လာလေသည်။ထို့ကြောင့် ခေတ္တမျှ နားလိုက်ပြီး လက်ညှိုးတစ်ချောင်းစာမျှ ဟနေသော တံခါးပေါက်မှ အပြင်သို့ ချောင်းကြည့်လိုက်ရာ အခန်းပြင်တွင် မှုန်ဝါးဝါး အလင်းကိုသာ တွေ့လိုက်ရလေသည်။အပြင်တွင် မိုးချုပ်သွားလေပြီလား။ သလင်းဖြူ မည်သည့်နေရာသို့ ရောက်ရှိနေပါသနည်း။ဘယ်လိုမှ စဉ်းစား၍ မရနိုင်ဘဲရှိလေသည်။ "ရှပ် ...ရှပ် ..ရှပ် ....ရှပ်" ထိုစဉ်မှာပင် ခပ်လှမ်းလှမ်းလောက်ဆီမှ ခြေသံများကို ကြားလိုက်ရသောကြောင့် သလင်းဖြူ အသာငြိမ်နေလိုက်ရသည်။အမှောင်ထဲတွင် ခြေသံများနှင့်အတူ ခပ်ဝါးဝါး လူရိပ်များကို တွေ့ရသော်လည်း ယောကျာ်း၊ မိန်းမ မည်သူမည်ဝါမှန်း မသဲကွဲဘဲရှိလေသည်။ " မင်းရူးနေပြီလား နေလင်း ... သူ့က ငါတို့ကို ထောင်ထဲ ထည့်မဲ့သူဆိုတာ မင်းမသိဘူး .....မင်းလုပ်တာတွေကို သူဋ္ဌေးသာသိသွားကြည့်ပါလား ... အဲ့ဒီဟာမလေးနေရမှာ မင်းသေသွားမှာကွ အရူးရ ရုတ်တရက် ထွက်ပေါ်လာလာသော စကားသံကြောင့် သလင်းဖြူ မလှုပ်မယှက် အနေအထားနှင့် အသံများကို နားထောင်နေမိသည်။ဦးစွာ ယောကျာ်းတစ်ယောက်၏ ဒေါသတကြီး ပြောဆိုနေသော အသံကို ကြားလိုက်ရလေသည်။ "မင်းရဲ့ တာဝန်က သူ့ဆီကသိရသမျှ အကြောင်းကို သတင်းပြန်ပေးဖို့ပဲ ....သူ့ကိုကာကွယ်စောင့်ရှောက်ဖို့ မဟုတ်ဘူး ... မင်းကြောင့် ငါပါဒုက္ခရောက်တော့မလို့ကွ ... အေး တကယ်လို့ ငါအဖမ်းခံရရင်တော့ မင်းကို သတ်ပြီးမှ ထောင်ထဲဝင်မှာ သိရဲ့လား နွားရဲ့..."

ဧကြည်ဖြူ " အဝါရောင်ရဲတိုက် " အပိုင်း ( ၂၁) ***** သလင်းဖြူ၏ အထိတ်တလန့် အော်သံကိုသာကြားလိုက်ရပြီး နောက် အသံများ တိတ်ဆိတ်သွားကာ ဖုန်းပါကျသွားလေသည်။ထွဋ်ခေါင်ဖုန်းကိုထပ်ခေါ်ကြည့်လိုက်သည်။ထိုအခါ သလင်းဖြူ၏ ဖုန်းမှာ စက်ပါပိတ်သွားလေသည်။ထွဋ်ခေါင်၏ရင်ထဲ စိုးရိမ်စိတ်များဝင်ရောက်လာပြီး ဆိုင်ကယ်ရပ်ထားရာဆီသို့ အပြေးအလွှားထွက်လာခဲ့လိုက်သည်။ပြီးလျှင် ဆိုင်ကယ်ပေါ်သို့အမြန်တက်ပြီးမောင်းထွက်ခဲ့လိုက်သည်။ "ကိုထွဋ်ခေါင် ဘာဖြစ်လို့လဲ ... ဘယ်သွားမလို့လဲ " ရွှေရည်ဝင်းသည် ထွဋ်ခေါင်တစ်ယောက်ရေးကြီးသုတ်ပြာနှင့်ထွက်သွားသည်ကို တွေ့လိုက်ရသောကြောင့် လှမ်း၍ မေးလိုက်သော်လည်း ထွဋ်ခေါင်မှာ နောက်သို့မျှ လှည့်မကြည့်ဘဲ ဆိုင်ကယ်ကို ဝူးခနဲ မောင်ထွက်သွားသည်ကိုသာ တွေ့လိုက်ရလေသည်။ ~~~~~~ ထွဋ်ခေါင်သည် ခြံရှေ့သို့ ရောက်သည်နှင့် ဟွန်းကို အဆက်မပြတ်တီးလိုက် ပြီးလျှင် ဆိုင်ကယ်ပေါ်မှဆင်း၍ ဘဲလ်ကိုပါ အဆက်မပြတ် နှိပ်လိုက်သည်။သို့သော်လည်း ဖိုးထူးတစ်ယောက် တော်တော်နှင့်ထွက်မလာသဖြင့် ထွဋ်ခေါင် ရင်ထဲ၌ ဗလောင်ဆူ၍လာလေသည်။ထိုစဉ်မှာပင် ဒေါ်သုန်သည် မျက်နှာထား စူပုတ်ပုတ်နှင့် ခြံဝသို့လျှောက်လာသည်ကို တွေ့လိုက်ရလေသည်။ "ဘာများ အရေးကြီးနေလို့လဲ မောင်ရင် ... ဒီမှာ ဒေါ်ကြီးတို့ ညနေစာ ချက်နေရလို့ ...မအားကြလို့ပါကွယ် " " သလင်းဖြူ ...သလင်းဖြူ အိမ်မှာ ရှိလား အဒေါ် ...ဒါနဲ့ ဖိုးထူးရော ...ဖိုးထူး ဘယ်သွားလဲ " ထွဋ်ခေါင်သည် ခြံတံခါးသော့ကို ဖွင့်နေသော ဒေါ်သုန်ကို မေးခွန်းတွေအဆက်မပြတ်မေးနေမိလေသည်။ "ဒီမှာ မောင်ရင် ... သလင်းဖြူက အိမ်ပေါ်မှာပဲလား ...ဘယ်သွားလဲဆိုတာ ကျုပ်လဲမသိဘူး ...သူရှိ မရှိသိချင်ရင် စက်ဘီးကိုသာသွားကြည့်...ဖိုးထူးကလဲ ရက်ကန်းရုံက ခေါ်လို့ ဆိုပြီးထွက်သွားတာပဲ " ထွဋ်ခေါင်သည် ဒေါ်သုန်၏ စကားကို နားထောင်ပြီးနောက်ခြံတံခါးပွင့်သွားသည်နှင့် ဆိုင်ကယ်ကို ဂိုထောင် နားအထိ မောင်းသွားလိုက်ပြီး သလင်းဖြူ၏ စက်ဘီးထားရာနေရာသို့ သွားရောက်ကြည့်ရှုလိုက်သည်။နေရာတွင် စက်ဘီးကို မတွေ့ရသောအခါ ထွဋ်ခေါင်ရင်ထဲမှ ပူပန်မှုများက အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့လေသည်။ ထွဋ်ခေါင် ဆိုင်ကယ်ကို တိုက်ကြီး၏ ရှေ့သို့ ပြန်မောင်းလာခဲ့ပြီးနောက် အိမ်ပေါ်သို့ အပြေးအလွှားတက်ကြည့်လိုက်သည်။ "သလင်းဖြူ ...သလင်းဖြူ .... မင်းဘယ်မှာလဲ " သလင်းဖြူ၏ အိပ်ခန်း အပါအ၀င် အခြားလွတ်နေသော အခန်းများနှင့် ရေချိုးခန်း ၊ အိမ်သာ ၊ နောက်ဖေး လှေကားအခန်းပါမကျန် တစ်ခန်းပြီးတစ်ခန်းလိုက်ရှာကြည့်သော်လည်း သလင်းဖြူ၏အရိပ်အယောင်ကို မျှ မတွေ့ရဘဲရှိလေသည်။ "သလင်းဖြူ ...သလင်းဖြူ " အပေါ်ထပ်၊ အောက်ထပ်များအနှံ့ သလင်းဖြူ နာမည်ကို တကြော်ကြော် အော်ခေါ်ပြီး ထွဋ်ခေါင်လိုက်ရှာနေမိသည်။ "အစ်ကိုလေး ...မမဖြူလေးကိုရှာနေတာလား ...မမဖြူလေးက အိမ်မှာမရှိဘူးလေ ...အပြင်ကိုစက်ဘီးနဲ့ထွက်သွားတာ ပူစူး တွေ့လိုက်တယ် " အလုပ်သမားလေး ပူစူး၏စကားကြောင့်ထွဋ်ခေါင် ဆိုင်ကယ်ဆီသို့ အပြေးအလွှား ထွက်ခဲ့လိုက်သည်။ထိုသို့ ထွဋ်ခေါင်တစ်ယောက်ပျာယာခတ်နေစဉ်မှာပင် ရွှေရည်ဝင်းက ခြံထဲသို့ ဆိုင်ကယ်နှင့်ရောက်လာပြီး ထွဋ်ခေါင်ကို လှမ်း၍ မေးလိုက်လေသည်။ "ကိုထွဋ်ခေါင် ဘာဖြစ်တာလဲ ... ကိုထွဋ်ခေါင်ပုံစံက မထိတ်သာ မလန့်သာနဲ့ ဘာဖြစ်လို့လဲ ..ရွှေရည်တို့ကို ပြောပါအုံး " "သလင်းဖြူ ပျောက်သွားလို့ ရွှေရည် ... ခုနကိုယ်နဲ့ ဖုန်းပြောနေရင်းကနေ သူ့အော်သံကို ကြားလိုက်ရတယ် ...ပြီးတော့ သူ့ရဲ့ဖုန်းပါ စက်ပိတ်သွားတယ်...အဲ့ဒါ ရွှေရည် ကို့အိမ်က လူကြီးတွေကို အကြောင်းကြားပေးပါလား " ထွဋ်ခေါင်၏ အဖြေစကားကြောင့် ရွှေရည်ဝင်းရင်ထဲ၌ အောင့် သက်သက်ဖြစ်သွားရပြီး ထွဋ်ခေါင်ကို မကျေမနပ်နှင့် ပြောလိုက်လေသည်။ " ခုနပဲ ဖုန်းပြောနေတာဆိုရင် ...ရွာထဲမှာ ရှိမှာပေါ့ ကိုထွဋ်ခေါင် ... သူက အမြဲ စက်ဘီးတစ်စီးနဲ့ လျှောက်သွားနေတတ်ပြီး သူတစ်ယောက်တည်း အမျိုးမျိုးဖြစ်နေတာကို ကိုထွဋ်ခေါင်လဲ အသိပဲဟာ " ရွှေရည်ဝင်း၏ မကျေမနပ်ပြောဟန်ကြောင့် ထွဋ်ခေါင် စိတ်တိုသွားမိသော် စိတ်ကို ပြန်ထိန်းကာ ရွှေရည်ဝင်းကို သေချာ ရှင်းပြလိုက်သည်။ "မဟုတ်ဘူး ရွှေရည် ...သလင်းဖြူမှာ အသက်အန္တရာယ်ရှိနေပြီ ... ဖိုးထူး ဆိုတဲ့လူ ဘယ်မှာလဲ ...ရက်ကန်းရုံမှာလား... သူ့ကို တွေ့အောင် ရှာရမယ် ... သလင်းဖြူ ဘယ်မှာလဲ ဆိုတာ သူသိလိမ့်မယ် " ထွဋ်ခေါင်၏ စကားကြောင့် ရွှေရည်ဝင်း ငြိမ်သက်သွားရပြီးလျှင် ထွဋ်ခေါင်ကို မျက်နှာထားတင်းတင်းနှင့် ကြည့်လိုက်ပြီး "ဟုတ်ပြီလေ ... ကိုထွဋ်ခေါင် ပြောတာ မဖြစ်နိုင်ပေမဲ့လဲ ... သလင်းဖြူက ရွှေရည်တို့ဆီမှာ လာက်နေတဲ့သူဆိုတော့ ရွှေရည်တို့မှလဲ တာဝန်မကင်းဘူးပေါ့ ...ရွှေရည် လူကြီးတွေကို အကြောင်းကြားပေးပါ့မယ် " "ဟုတ်ပြီးလေ ... ဒါဆို ကိုယ် ရွာထဲမှာ သလင်းဖြူကို လိုက်ရှာကြည့်လိုက်အုံးမယ် ....ရွှေရည်က မိသားစုတွေဆီကို အကြောင်းကြားပြီး အကူအညီတောင်းထားပေးပါနော် "

" အရိပ်ကောင်းလိုက်တာဟယ် ...ဒါနဲ့ စိုင်းလွှမ်း ... မနက်တုန်းက.. နင် ငါ့ကို လိုက်ပို့ပြီး ငါအိမ်ပြန်ရောက်တော့လေ ... ငါ ဂိုထောင်သန့်ရှင်းရေးလုပ်ရင်း မြွေပေါက်ခံရမလို ဖြစ်ခဲ့သေးတယ် ... အဲ့ဒါ ငါသတိလစ်မလို ဖြစ်သွားတုန်းမှာ... နင်က မြွေကို သတ်လိုက်တာကို ငါမြင်လိုက်ရတယ် ... အဲ့ဒါ တကယ်ပဲ နင် မဟုတ်လားဟင် " သလင်းဖြူ၏ အမေးကြောင့် စိုင်းလွှမ်း၏ မျက်လုံးအစုံမှာ ပြူးကျယ်သွားပြီးလျှင် " ဘာ နင့် မြွေပေါက်ခံရတော့မလို့ဟုတ်လား ... နင်ဘာဖြစ်သွားသေးလဲ ဖြူလေး " စိုင်းလွှမ်းက သလင်းဖြူကို စိုးရိမ်တကြီးနှင့် မေးလိုက်သည်။ " ငါ ..ဘာမှ မဖြစ်ပါဘူး စိုင်းလွှမ်း...တကယ်ပဲ နင်ငါ့ဆီကို ရောက်လာလားပဲ ပြောစမ်းပါ " သလင်းဖြူက စိတ်မရှည်စွာပင် စိုင်းလွှမ်းကို ပြန်မေးလိုက်သည်။ " မဟုတ်တာ ...ငါမဟုတ်ပါဘူး....မင်း အမြင်မှားတာဖြစ်မယ် ဖြူလေး.... ခြံတံခါးကို သော့ခတ်ထားတာ ငါက ဘယ်လို ဝင်နိုင်မလဲ " စိုင်းလွှမ်းက သလင်းဖြူကို ကြည့်၍ အငြင်းစကား ဆိုလိုက်သည်။ " ငါသေချာ မြင်လိုက်ရတာ စိုင်းလွှမ်းရယ် ...နင်မဟုတ်ဘူးလား ...နင် ငါ့ကို ကယ်ခဲ့တာ မဟုတ်ဘူးလား ...ငါ့မျက်လုံးထဲမှာတော့ နင်က မြွေကြီးကို ဓါးနဲ့ပိုင်းလိုက်တာကို မြင်လိုက်ရတယ်ထင်တာပဲ ..ငါအမြင်မှားတာပေါ့နော် ...ဒါနဲ့ စိုင်းလွှမ်း ... ငါလေ (1 ဘာကိုသိလာခဲ့လဲ နင်သိလား " " မသိဘူးလေ " စိုင်းလွှမ်းက ခေါင်းကို ယမ်းခါပြပြီး ဖြေလိုက်သည်။ "ငါပြောပြမယ် ... ဒီနေ့ အဘိုးအဘွားတို့အုတ်ဂူနားက ရေတွင်းဟောင်းကို တွေ့ခဲ့တယ် ...အရင်နေ့တွေက သတိမထားမိခဲ့ဘူး ... ဒီနေ့မှ သတိထားမိတာ ... အိမ်က ကောင်မလေးကို အစ်အောက်ပြီး မေးကြည့်လိုက်တော့ ရေတွင်းကို ဖျက်ပြီး ပိတ်လိုက်တာ မကြာသေးဘူးပဲ ... ငါ့ အထင်ပြောရရင် ....တကယ်လို့ ဒေါ်လေးကိုသာ သူတို့သတ်ခဲ့ရင် ... သေချာတယ် ...ဒေါ် လေးရဲ့ အလောင်းက ရေတွင်းပျက်ထဲမှာ ရှိမှာပဲ " "ဘယ် ...ဘယ်လို ဖြူလေး ... ဒေါ်လေး အလောင်း ဟုတ်လား ..ဒေါ်လေးက သူ့ချစ်သူနဲ့လိုက်သွားတာဆို ... ပြီးတော့ အဲ့ဒီမှာ မင်းတို့ ဆွေမျိုးသားချင်းတွေပဲ ရှိတာလေ ... ဒါက ဖြစ်နိုင်ပါ့လား ...." စိုင်းလွှမ်းက သလင်းဖြူကို အထိတ်တလန့်နှင့် ပြောလိုက်သည်။ " ဖြစ်နိုင်တာပေါ့ ...ပြီးတော့ ဦးငယ်လဲ ပျောက် နေတယ် ...ဒါကိုလဲ ငါမသင်္ကာဘူး ...သူတို့ ဦးငယ်ကိုပါ တစ်ခုခုလုပ်လိုက်ကြပြီ ထင်တာပဲ " " ဟုတ် ... ဟုတ်ပါ့မလား ဖြူလေးရယ် ... မင်းထင်တာတွေကလဲ ကြောက်ဖို့ကောင်းလိုက်တာကွာ ..." သလင်းဖြူ၏ အထင်ကို စိုင်းလွှမ်းက အထိတ်တလန့်နှင့် ပြောလိုက်စဉ်မှာပင် သလင်း ဖြူ၏ ဖုန်းလေးက ထမြည်လာခဲ့လေသည်။ သလင်းဖြူက ဖုန်းကို ကောက်ကိုင်လိုက်ပြီးနောက် " ခဏလေးနော် စိုင်းလွှမ်း ...ဖုန်းခဏ ပြောလိုက်အုံးမယ် " "ဟယ်လို " သလင်းဖြူက စိုင်းလွှမ်း၏ ဘေးမှ ထလိုက်ပြီး ဖုန်းကို ပြောလိုက်သည်။ "မင်း ဘာဖြစ်လို့လဲ အဆင်ပြေရဲ့လား သလင်းဖြူ ...ဖုန်းတွေ ခေါ်ထားတာတွေ့လို့ .... " "ဘာမှမဖြစ်ဘူး ...ရှင့်ကို အရေးကြီးတဲ့ ကိစ္စတစ်ခုပြောမလို့ ကျွန်မတို့ ခဏလောက်တွေ့ကြမလား " သလင်းဖြူက စိုင်းလွှမ်းမကြားအောင် အသံကို ခပ်တိုးတို့ ပြောလိုက်သည်။ " ဟုတ်ပြီလေ ဆုံနေကြ ရွာစပ်နားမှာ ဆုံကြတာပေါ့ ...ကိုယ်လဲ မင်းသူငယ်ချင်းစိုင်းလွှမ်း ဆိုတဲ့လူက လွန်ခဲ့တဲ့သုံးနှစ်က သေသွားခဲ့တဲ့ အကြောင်းကို ပြောပြမလို့လေ...အဲ့ဒါ မင်းအပြင်ကို ထွက်လာတဲ့အခါ သူနဲ့ ဆုံခဲ့ရင် သတိထားအုံး " "ရှင် ... ဘာ ..ဘာပြောတယ် " ထွဋ်ခေါင်၏ စကားကြောင့် သလင်းဖြူ ထိတ်လန့်တုန်လှုပ်စွာပင် စိုင်းလွှမ်းကို လှမ်း၍ကြည့်လိုက်မိလေသည်။ထိုအခါ စိုင်းလွှမ်းကလည်း ဒေါသ အမျက်ထွက်နေသော မျက်နှာဖြင့် သလင်းဖြူ ရှိရာဆီသို့လျင်မြန်စွာလျှောက်လာသည်ကို တွေ့လိုက်ရလေသည်။ " အား " သလင်းဖြူ အံ့သြတုန်လှုပ်စွာပင် စိုင်းလွှမ်းကို သတိလက်လွတ်ပေးမောကြည့်နေမိစဉ်မှာပင် သလင်းဖြူ၏ ဇက်ပိုးကို ပြောင်းခနဲ အရိုက်ခံလိုက်ရပြီး နာကျင်လွန်းသောကြောင့် သလင်းဖြူသတိလက်လွတ် အော်ဟစ်လိုက်မိပြီးနောက် လောကကြီးတစ်ခုလုံး မှောင်အတိကျသွားလေသည်။ "သလင်းဖြူ ...သလင်းဖြူ ..မင်း....မင်းဘာဖြစ်တာလဲ " ထွဋ်ခေါင်သည် ဖုန်းထဲမှ သလင်းဖြူ၏ အော်သံကို ကြားလိုက်ရသောကြောင့် စိုးရိမ်တကြီးနှင့် မေးလိုက်သော်လည်း သလင်းဖြူ ထံမှ တုန့်ပြန်သံကို မကြားရဘဲရှိလေသည်။ ===================== အပိုင်း ( ၂၁ ) ဆက်ရန် ဧကြည်ဖြူ .

သလင်းဖြူက သိချင်တာကို သွယ်ဝိုက်၍မေးလိုက်သည်။ "ဟုတ်တယ် အရင်ကဆို သွပ်ပြားကို လှန်ပြီး အမှိုက်တွေကို ရေတွင်းထဲကို ပစ်ချလိုက်တာပဲ ...နောက်တော့ ရေတွင်းကို ဖြိုလိုက်ပြီး အပေါ်က ကျော်က်ပြား ဖိလိုက်လို့ အမှိုက်တွေကို မီးပဲရှို့ပစ်ရတော့တာ " "ဟုတ်.... ဟုတ်လား ...ရေတွင်းကို ဘယ်တုန်းက ပိတ်ပစ်လိုက်တာလဲ ပူစူး " သိချင်သော အဖြေကို ရခါနီးပြီဖြစ်သောကြောင့် သလင်းဖြူ၏ ပေးသံမှာ အနည်းငယ်ပင် တုန်ယင်၍နေလေသည်။ " ကြာတော့ မကြာသေးဘူးထင်တယ်... အစ်ကို လေး စိုင်းရန်နိုင်မလာခင်က ထင်တာပဲ " " ဪ ... ဟုတ်လား ... ဘယ်သူက ပိတ်ခိုင်းတာလဲ ပူစူး " " မပြီးသေးဘူးလား ပူစူး ... အလုပ်မလုပ်ဘဲ စကားတွေ ပြောနေကြတာလား .....သလင်းဖြူက အနားမယူဘဲ ဘာလုပ်နေတာလဲ " သလင်းဖြူ မျှော်လင့်ကြီး မေးလိုက်စဉ်မှာပင် အခန်းထဲသို့ ဒေါ်သုန် ရောက်လာသောကြောင့်မျှော်လင့်ချက်များ ပျက်စီး သွားရလေသည်။သလင်း ဖြူလည်း ထိုင်နေရာမှ ထလာခဲ့ပြီး အပြင်သို့ ထွက်ခဲ့လိုက်သည်။ ~~~~~~ သလင်းဖြူ စက်ဘီးပေါ်တက်ခါနီးတွင် ထွဋ်ခေါင်ဆီသို့ ဖုန်းခေါ်ကြည့်လိုက်သည်။ ဖုန်းမှာ ယခုအချိန်ထိပင် မအားနိုင်ဘဲ ရှိလေသည်။စိတ်မရှည်လှသော သလင်းဖြူမှာ စက်ဘီးကို ရက်ကန်းရုံဘက်သို့ နင်းခဲ့လိုက်သည်။ ~~~~~~~ "ဖြူလေး ... ဖြူလေး " သလင်းဖြူ စက်ဘီးနင်းလာရာမှ လမ်းဘေးမှ ခေါ်သံသဲ့သဲ့ကို ကြားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်သောအခါ စိုင်းလွှမ်းကို တွေ့လိုက်ရသောကြောင့် စက်ဘီးပေါ်မှ ဆင်းလိုက်ပြီး လှမ်းခေါ်လိုက်သည်။ "ဟယ် စိုင်းလွှမ်း ... နင့်ကို တွေ့ချင်နေတာနဲ့ အတော်ပဲ....ဘယ်ကို လာရှာရမှန်းမသိလို့ စိတ်ညစ်နေတာ...." သလင်းဖြူက စိုင်းလွှမ်းဆီသို့ သွားပြီး ဝမ်းသာအားရ ပြောလိုက်မိလေသည်။ "လာလေ ... ငါနေတဲ့နေရာကို လိုက်ကြည့်မလား ... နည်းနည်းတော့ လှမ်းတယ် ...အိမ်က စုတ်နေလို့ အရင်က မခေါ်ခဲ့တာလေ ...အခုတော့ အခြားနေရာထက်စာရင် မင်းအတွက် ငါ့အိမ်က ပိုလုံခြုံမယ် ထင်တယ် " ပြောပြီးသည်နှင့် စိုင်းလွှမ်းက သလင်းဖြူကို စက်ဘီးနောက်တွင် ထိုင်ခိုင်းလိုက်ပြီး သူက စက်ဘီးကို တက်နင်းခဲ့လိုက်လေသည်။ စိုင်းလွှမ်း နင်းလာသော စက်ဘီးလေးသည် လျှိုချောက်သွားရာ လမ်းဆီသို့ ဦးတည်၍ နင်းသွားသည်ကို တွေ့လိုက်ရသောကြောင့် သလင်းဖြူက အလန့်တကြားနှင့် စိုင်းလွှမ်းကိုမေးလိုက်မိလေသည်။ "ဒါ ...ဒါက လျှိုချောက်ဘက်သွားတဲ့လမ်း မဟုတ်လား စိုင်းလွှမ်း ....အဲ့ဒီဘက်က သွားမလို့လား " " မသွားပါဘူး ဖြူလေးရယ် ... ဘေးရွာကို သွားတဲ့ လမ်းခွဲက သွားမှာပါ ... အန္တရာယ် မရှိစေရဘူး စိတ်ချပါ..." ~~~~~ "အဲ့ဒါဆို ဒီညဖြစ်ဖြစ် ... မနက်ဖြန်မနက်ဖြစ်ဖြစ် အရောက်လာခဲ့ကွာ .... သေချာတာက .. ဒီပုံအတိုင်းဆို ခြံထဲမှာပဲရှိမှာ ... ဒါပေမဲ့ အိမ်ကလဲ အကျယ်ကြီး ..ခြံကလဲ အကျယ်ကြီး ဆိုတော့ ငါတို့ အချိန်ယူရယ်ထင်တယ်.." ထွဋ်ခေါင်က မိမိထင်နေမိသည်ကို ဖုန်းထဲမှနေ ဝေထွန်းကို ပြောပြလိုက်သည်။ "အဲ့ဒါလဲ ဟုတ်တယ်...သက်သေခံမရရင်တောင် သဲလွန်စရမှာဖြစ်မှာ ...ဒါနဲ့ ကိုဇော်မျိုးကိုလဲ ပြောထားတယ် ...အဲ့ဒီဘက်က တာဝန်ရှိသူနဲ့ ညှိပြီး ကူညီမယ်လို့တော့ ပြောတယ် ... ကြားထဲမှာ သူတို့ဘက်က လက်ဦးသွားလို့တော့ မဖြစ်ဘူးနော် ....ဟိုတစ်ယောက်ကိုလဲ ကြည့်ပြောထားအုံး ....အလွဲလွဲအချော်ချော်တွေဖြစ်ကုန်မှာစိုးလို့ ...ဦးရန်နောင်ထွေးကိစ္စက သေချာသလောက်ပဲ ...ဒါပေမဲ့ သူကတော့ ခြံထဲမှာ မဟုတ်လောက်ဘူး ..` "အေးကွာ ... တစ်နေရာရာမှာ သက်ရှိထင်ရှား ရှိနေပါစေပဲ ဆုတောင်းရမှာပဲ " ထွဋ်ခေါင်က ဖုန်းကို နားတွင်ကပ်လျက် ခပ်တိုးတိုးပြောလိုက်သည်။ "အေး ...မင်းလဲ သတိထားအုံး ...ဒီကိစ္စက တစ်ဦးတစ်ယောက်တည်း ကျူးလွန်ထားတဲ့ ကိစ္စတော့မဟုတ်ဘူး ...အစွယ်အပွားတွေ များလောက်တယ် ... ငါတို့ကို တစ်ယောက်ယောက်က ရိပ်မိနေရင်လဲ ရိပ်မိနေနိုင်တယ် သတိတော့ထား ...ဒါပဲ ဖုန်းချလိုက်ပြီ " "ကိုထွဋ်ခေါင် အရေး ကြိကိစ္စရှိလို့လား... ဖုန်းပြောနေတာအကြာချည်းပဲ " " ဪ ...ရွှေရည် " ဝေထွန်းဆီမှ ဖုန်းချသွားသည်နှင့် တစ်ပြိုင်နက် အနားသို့ ရောက်လာသော ရွှေရည်ဝင်းကို ကြည့်ပြီး ထွဋ်ခေါင် ချက်ချင်းပင် မျက်နှာ အနေအထားကို ပြင်လိုက်ရသည်။ "အရေးကြီးတယ်ဆိုတာထက် ... ဟိုဘက်က ပွဲစီစဉ်သူနဲ့ စကားတွေပြောနေရတာ .. ဒါပေမဲ့ စိတ်မပူပါနဲ့ ရွှေရည်ရယ် အဆင်ပြေသွားမှပါ " ထွဋ်ခေါင် ရွှေရည်ဝင်းကို အလိုက်သင့် ပြန်ဖြေလိုက်ရင်းမှ ဖုန်းကို ကြည့်လိုက်ရာ သလင်းဖြူ ဖုန်းခေါ်ထားသည်ကို တွေ့လိုက်ရသောကြောင့် စိုးရိမ်ပူပန်သွားမိလေသည်။ "ရွှေရည် ခဏနော် ...ကိုယ် အိမ်ကို ဖုန်းခဏဆက်ချင်လို့ " ထွဋ်ခေါင် ပြောလိုက်သောအခါ ရွှေရည်ဝင်းသည် နှုတ်ခမ်းလေးကို မသိမသာကိုက်၍ သူမ၏ ရုံခန်းထဲသို့ ပြန်ဝင်သွားလေသည်။ ~~~~ သလင်းဖြူနှင့် စိုင်းလွှမ်းတို့ လျှိုချောက်လမ်းအနီးရှိ အရိပ်ကောင်းသော သစ်ပင်ကြီး အောက်တွင် စက်ဘီးကို ရပ်ပြီး အမောဖြေနေကြလေသည်။

ဧကြည်ဖြူ "အဝါရောင် ရဲတိုက် " အပိုင်း ၂၀ ***** ခြေသံလိုလို ကြားလိုက်ရသောကြောင့် သလင်းဖြူနောက်သို့ ဖျတ်ခနဲလှည့်ကြည့်လိုက်သော်လည်း နောက်ဘက်တွင် ဘာကိုမျှ မတွေ့ရသောကြောင့် သလင်းဖြူယောင်နနဖြစ်သွားမိသည်။ သလင်ဖြူ အသံကြားလိုက်ရသည်မှာ သေချာသည်။စိတ်က မကျေနပ်နိုင်ဘဲ အသံကြားရသည်ဟု ထင်မိသော နေရာကို လှည့် ပတ်ကြည့် ရှုမိပြန်သည်။ ထိုအခါ ခုတ်လှဲထားသော သစ်ပင်မှ ဖြတ်စသစ်တုံးကြီးများသာ အစီအရီ ရှိနေသည်ကိုတွေ့ရလေသည်။သစ်တုံးများကို ကြည့်ရင်း သလင်းဖြူ စိတ်ထဲ တစ်စုံတစ်ရာကို သတိရလိုက်မိသည်။ ထိုနေရာတွင် ရေတွင်းတစ်တွင်းရှိခဲ့သည်ကို အမှတ်ရလိုက်မိသည်။သလင်းဖြူတို့ ငယ်စဉ်တုန်းက ရွာတွင် မီးဆိုသည်မှာ ဝေးလာဝေး ရေပင်နွေရောက်လျှင် ဒုက္ခရောက်တတ်သည် ။ ထို့ကြောင့် အိမ်တိုင်းတွင် အနည်းဆုံး ရေတွင်းတစ်တွင်း သို့မဟုတ် ရေကန်တစ်ကန်တော့ရှိကြစမြပင်။တတ်နိုင်သူများက ရေတွင်းတူးပြီး ရေတွင်းကို အုတ်ပေါင်များဖြင့် ပြုလုပ်လေ့ရှိကြသည်။မတတ်နိုင်သူများကတော့ ရေကန်သာ တူးနိုင်ကြသည်။နွေပေါက်၍ မိမိတို့အိမ်ခြံဝင်းထဲရှိ ကန်ရေခန်းပြီး ဆိုလျှင် ရွာစာသင်ကျောင်းနားရှိ ရေတွင်းမှ ခပ်သုံးကြရသည်။သလင်းဖြူတို့ မိသားတစ်စုကတော့ ထိုစဉ်ကတည်းက ငွေကြေးလည်း အသင့်အတင့်ရှိကြသလို ခြံကလည်းကျယ်ပြီး မိသားစုတွေလည်းများသောကြောင့် ခြံထဲတွင် ရေတွင်းရော ရေကန်ကိုပါ တူးခဲ့ကြသည်။ထိုစဉ်ကတော့ ရေတွင်းရေက လူတွေ သုံးဖို့ ဖြစ်ပြီး ရေကန်က တိရစ္ဆာန်များ သုံးဖို့အတွက် ဖြစ်သည်။သလင်းဖြူ မှတ်မိသလောက်တော့ ရေတွင်းဘေးနှုတ်ခမ်းပေါင်မှာ သိပ်မမြင့်ဘဲခပ်ပုပုသာဖြစ်သည်။အဓိက က ကလေးများပါ ကိုယ့်ဘာသာရေခပ်ချိုးနိုင်ရန် အတွက် ထိုသို့ ပြုလုပ်ထားခြင်းပင်ဖြစ်သည်။ တဖြည်းဖြည်း ခေတ်စနစ်များ ပြောင်းလဲလာသည်နှင့်အမျှ ကျေးရွာများတွင် ရေတွင်း အစား ရေတုံကင်များ၊ ရေစုပ်စက်များတူးလာကြသောအခါ ရေတွင်း၊ ရေကန်တော်တော်များများမှာ မြေဖို့ခြင်း ခံလိုက်ကြရလေသည်။သလင်းဖြူတို့ ခြံထဲမှ ရေးတွင်းလေးသည်လည်း အဘိုးမဆုံးခင် သလင်းဖြူလာတုန်းကတော့ မြေဖို့ခြင်းမခံရသေးသော်လည်း သုံးစွဲသူမရှိဘဲ အပေါ်မှ သွပ်ပြားများ၊ သစ်ကိုင်းခြောက်များဖြင့် ဖုံးဖိထားသည်ကို တေ့ခဲ့ရလေသည်။ယခုအခါ၌မူ ရေတွင်းလေးသည် မြေဖို့ခြင်းကို ခံလိုက်ရပြီဖြစ်လေသည်။ရေတွင်းရှိခဲ့ဖူးသော နေရာတွင် သစ်တုံးကြီးများကို တွေ့ရလေသည်။သလင်းဖြူ ကန်ပေါင်ပေါ်မှ ဆင်းလိုက်ပြီးလျှင် သစ်တုံးများ ရှိရာဆီသို့ လျှောက်သွားကြည့်လိုက်သည်။ပြီးလျှင် ငယ်စဉ်ကပျော်ရွှင်စွာဆော့ကစားခဲ့ဖူးသော ရေတွင်းဟောင်းနေရာလေးကို ဘာရယ်မဟုတ် သလင်းဖြူရှာကြည့်လိုက်မိလေသည်။ "ဟင် " သလင်းဖြူ သစ်တုံးများကြား ကုန်ကုန်းကွကွ လျှောက်ကြည့်နေရင်းမှ ရေတွင်းရှိရာနေရာကို တွေ့လိုက်ရလေသည်။သို့သော်လည်း ရေတွင်းဟောင်းရှိ ဘေးနှုတ်ခမ်းသားများကို ချိုးဖျက်ထားပြီးလျှင် အပေါ်မှ သွပ်ပြားတင်မဟုတ်ဘဲ ကျောက်ပြားပါ ပိတ်ထားသည်ကို တွေ့ရလေသည်။ ထိုမျှမကသေးဘဲ ထိုပေါ်မှ သစ်လုံးများပါ ကန့်လန့်ဖြတ်တင်ထားသည်ကို တွေ့ရလေ၏။ဒါသည် သိပ်တော့ မထူးဆန်းလှပါပေ။ရေတွင်းဟောင်းကို မသုံးတော့လျှင် အပေါ်မှ ဖုံးအုပ်ထားရမည်ပင်ဖြစ်လေသည်။ သို့သော်လည်း သလင်းဖြူက မသင်္ကာသော စိတ်ဖြင့် တရားခံရှာနေခြင်းဖြစ်သောကြောင့် မြင်မြင်သမျှ အရာတိုင်းတို့သည် သလင်းဖြူ မျက်ဝန်းထဲတွင်တော့ သဲလွန်စရှာရန်များသာဖြစ်နေလေသည်။ရေတွင်းကို ဖုံးအုပ်ထားသော ကျောက်ပြားသည် သစ်လွင်နေဆဲပင်ဖြစ်သည်။ကျောက်ပြားပေါ်တွင် ရေညှိရောင်မပေါက်သေးပေ။ဤကျောက်ပြားကို ဖယ်ရှား၍ ရေတွင်းဟောင်းထဲသို့ ကြည့်ရမည်ဆိုလျှင် တစ်ခုခုထူးထူးခြားခြား တွေ့ရလေမည်လား။သေချာသည်မှာ မည်သူကမျှတော့ ဤရေတွင်းဟောင်းကို အလုပ်ရှုပ်ခံပြီး တူးဖော်ကြည့်ကြမည်မဟုတ်သည်မှာ သေချာသည်။ ဤ ရေတွင်းဟောင်းထဲသို့ တစ်စုံတစ်ခုကို ဝှက်၍ ထားခဲ့မည်ဆိုလျှင် နောင်အနှစ်သုံးလေးငါးဆယ်ခန့်လောက်တော့ ဤရေတွင်းကို မည်သူမျှ စိတ်ဝင်စားကြမည်မထင်ပါချေ။သလင်းဖြူ ခေါင်းထဲ အတွေးပေါ်လာသည်နှင့် တစ်ပြိုင်နက် ထွဋ်ခေါင်ကို ပြေး၍ သတိရမိလိုက်သည်။ထိုသို့တွေးမိသည်နှင့် တစ်ပြိုင်နက် သလင်းဖြူ ဖုန်းကိုထုတ်ကာ ခေါ်လိုက်သည် ။ထိုအခါ ဖုန်းထဲမှ "လူကြီးမင်းခေါ်ဆိုနေသော ဖုန်းမှာ မအားသေးပါရှင် 'ဆိုသော အသံကိုကြားလိုက်ရလေသည်။သလင်းဖြူ သည် စိတ်မရှည်တတ်သူပီပီ ထိုနေရာမှ ထွက်ခွါခဲ့ပြီးလျှင် အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။ အိမ်ထဲသို့ ရောက်လျှင် ပူစူးကို ရှာလိုက်၏။ ထိုအခါ မီးဖိုခန်းတွင် ညနေစာ ချက်ရန်အတွက် ကြက်သွန်များ ခွါနေသော ပူစူးကို အလွယ်တကူပင် တွေ့ရလေသည်။ ပူစူးအနီး၌ မည်သူတစ်ဉ်း တစ်ယောက်မျှ မရှိသောကြောင့် သလင်းဖြူ ဝမ်းသာသွားမိလေသည်။ သလင်းဖြူသည် ပူစူးအနားတွင် ထိုင်ချလိုက်ပြီး စကားပြောကြည့်လိုက်သည်။ "ခုန မြွေကြီးကို တွေ့လိုက်လား ပူစူး " " မတွေ့ဘူး မမ ...ပူစူး အမှိုက်သွားပစ်တုန်း ဖြစ်တာလေ ' ပူစူးက ခေါင်းလေးကို ယမ်းခါးပြီး ပြန်ဖြေသည်။ "ဟုတ်သားပဲ ပူစူးက အမှိုက်သွားပစ်နေတာပဲ ...ဒါနဲ့ အမှိုက်တွေကို ဘယ်မှာ ပစ်လဲ ပူစူး ... ဟိုနှစ်တွေက မမလာလည်တော့ အမှိုက်ပစ်ရင် ရေတွင်းဟောင်းထဲကို ပစ်ချလိုက်တာပဲ "

"အေးကွယ် တော်သေးတာပေါ့ ...ကြီးကြီးတို့မှာ ...ငါ့တူမ သတိလစ်သွားတယ်လို့ ဒေါ်သုန်က ဖုန်းဆက်တာနဲ့ အူယားဖားယားနဲ့ ပြေးလာခဲ့ရတာ ... ရက်ကန်းရုံမှာ မြို့က အထည်ဝယ်သူတွေ ရောက်နေတာကွဲ့ ...ကြီးကြီးတို့ပြန်သွားလိုက်အုံးမယ် ...သမီးလဲ နားတော့ ..ဘာမှ မလုပ်နဲ့တော့ ..ကဲ သွားရအောင် သမီးရွှေရည် " ဒေါ်ကြည်အေးက သလင်းဖြူကို ပြောပြီးသည်နှင့် ရွှေရည်ဝင်းကိုပါ လှည့်၍ပြောလိုက်လေသည်။ "ဟုတ်ကဲ့ ကြီးကြီး ..သွားမယ်လေ ...ကိုထွဋ်ခေါင်ရော ဘယ်တုန်းကရောက်နေတာလဲ ...မသွားသေးဘူးလား " "ကိုယ်က ပစ္စည်းကျန်ခဲ့တာ ရှိလို့ လာပြန်ယူတာ ရွှေရည် ... သွားမယ်လေ " ရွှေရည်ဝင်းက ကြီးတော်ဖြစ်သူကို ဖြေလိုက်ပြီးနောက် ထွဋ်ခေါင်နှင့် သလင်းဖြူနှစ်ယောက်တည်း ကျန်ခဲ့မည်ကို မလိုလားသောကြောင့် ပေါ်တင်ပင် ထွဋ်ခေါင်ကို သွားကြရန်ပြောလိုက်လေသည်။ ~~~ အားလုံးထွက်သွားကြသောအခါတွင် သလင်းဖြူတစ်ယောက်တည်းကျန်ခဲ့ပြီး ခပ်စောစောကကြုံခဲ့ရသည်ကို ပြန်၍ စဉ်းစားကြည့်မိလေသည်။သေချာသည်မှာ သလင်းဖြူ သတိမလစ် ခင် အချိန်တွင် စိုင်းလွှမ်းကို မြင်လိုက်ရသည်မှာ သေချာပါလေသည်။ထို့အတူ နားထဲတွင် ထိုးကြိတ်သတ်ပုတ်သံများကိုလဲ ကြားလိုက်ရသလိုလို ထင်မိပြန်လေသည်။ ~~~~ သလင်းဖြူသည် ကန်ပေါင် နှုတ်ခမ်းရှိ လမ်းကျဉ်းလေးပေါ်တွင် လမ်းလျှောက်နေရင်းမှ အုတ်ဂူများရှိရာသို့ လှမ်းကြည့်လိုက်မိသည်။ ပြီးနောက် အနောက်ဘက်ခြံတံခါးပေါက်ဆီသို့ သွားရာ လမ်းကို မျှော်၍ ကြည့်မိပြန်လေသည်။ပြောရမည်ဆိုလျှင် သလင်းဖြူသည် ဤအိမ်ကြီးသို့ရောက်နေသည်မှာ ကြာပြီဖြစ်သော်လည်း ဤနေရာသို့ သုံးခေါက်ထက်ပို၍မလာခဲ့ပေ။ အကြောင်းမှာ ဤနေရာ ၊ ဤကန်ပေါင် အနီးသို့ ရောက်တိုင်း သလင်းဖြူ အလိုလိုနေရင်း ကြောက်ရွံ့နေမိခြင်းကြောင့်ဖြစ်ပါလေသည်။ယခုလည်း သလင်းဖြူ ကန်ပေါင်ပေါ်တွင် လမ်းလျှောက်နေရင်းမှ ကြက်သီးတွေ ထပြီး နောက်ကျောမလုံသလိုလို ။အနီးအပါးတွင် တစ်ယောက်ယောက်လိုက်ပါလာသလို ခံစားနေရလေသည်။သလင်းဖြူ ကြောက်ကြောက်နှင့်ပင် ပတ်ဝန်းကျင် အနှံ့သို့ လိုက်၍ ကြည့်နေမိပြီး ခပ်စောစောက ဖြစ်ပွားခဲ့သော ဂိုတောင်က အဖြစ်အပျက်များကို စဉ်းစားနေမိလေသည်။ဂိုထောင်တွင် မြွေတွေ့သည်မှာ တကယ်ပင် မတော်တဆ လေလား ။ သို့တည်းမဟုတ် တစ်ယောက်ယောက်၏ လုပ်ကြံမှုပေပဲလား ။ ပြီလျှင် သလင်းဖြူ သတိလစ်ခါနီး၌ စိုင်းလွှမ်းကို တွေ့ရခြင်းသည် စိတ်ထဲမှ မြင်ယောင်မိခြင်းပေပဲလား ။ သလင်းဖြူ ဘာကိုမျှ အသေအချာမဝေခွဲနိုင်ပါချေ။သီချင်စိတ်ကြောင့် စိုင်းလွှမ်းဆီသို့ သွားရန် စဉ်းစားမိသော်လည်း စိုင်းလွှမ်းက ကုက္ကိုစုကွင်းသို့ ထပ်မလာရန် ပြောထားသောကြောင့် မည်သည့်နေရာသို့ လိုက်ရှာရမည်ကိုမသိ၍ ဤသို့ စိတ်ပျက်လက်ပျက်နှင့် ကန်ပေါင်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပေသည်။ ထိုသို့ သလင်းဖြူတစ်ယောက်တည်း ကန်ပေါင် အနီးတွင် ရှိနေစဉ် အပေါ်ဆုံးထပ်ရှိ အခန်းတစ်ခန်း၏ ပြတင်းပေါက်မှနေ၍ လူတစ်ယောက်သည် သလင်းဖြူရှိရာဆီသို့ ခန်းစီးလိုက်ကာပစကြားမှ လှမ်း၍ ကြည့်နေသည်ကို သလင်းဖြူမှာ သတိမထားမိဘဲ ရှိလေသည်။ " ဖျပ် ...ဖျပ် ...ဖျပ် " သလင်းဖြူ ပတ်၀န်းကျင်အနှံ့သို့ လှည့်ပတ်ကြည့်ရှုနေမိရာမှ ခြေသံလိုလိုကြားလိုက်ရ၍ နောက်သို့ အထိတ်တလန့်ဖြင့် ဖျတ်ခနဲ လှည့်ကြည့်လိုက်မိလေသည်။ =============== ==== အပိုင်း ( 20 ) ဆက်ရန် ဧကြည်ဖြူ

ထွဋ်ခေါင်သည် မိုးနှဲ ရွာသို့ ရောက်သည်မှာ မကြာသေးသော်လည်း ထွဋ်ခေါင်၏ ယောကျာ်းပီသပြီးချောမောသော ရုပ်ရည်သွင်ပြင်နှင့် ဖော်ဖော်ရွေရွေနှင့်လူတကာကို ပြောဆိုဆက်ဆံတတ်သော အကျင့်ကြောင့် မိုးနှဲ ရွာသားအချို့နှင့် ထွဋ်ခေါင်မှာ အတန်အသင့်ရင်းနှီးနေပြီ ဖြစ်လေသည်။ အထူးသဖြင့် ရွာလယ်ရှိ အအေးဆိုင်နှင့် လက်ဖက်ရည်ဆိုင် တွဲဖွင့်ထားသော ဆိုင်ရှင်နှင့် ထွဋ်ခေါင် အတော်လေး ရင်းနှီးခင်မင်နေပြီဖြစ်လေသည်။ ယခုလဲ ထွဋ်ခေါင်သည် လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့်ရင်းနှီးခင်မင်စွာ စကားပြောနေရင်းမှ စိုင်းလွှမ်း၏ အကြောင်းကို မေးမြန်းကြည့်လိုက်ရာ တစ်ဖက်လူ၏ အဖြေစကားကြောင့် ထွဋ်ခေါင်သည် ထိတ်လန့် အံ့သြခဲ့ရပြီး သလင်းဖြူကို ပြောပြရန်အတွက် သလင်းဖြူ ရှိရာသို့ ဆိုင်ကယ်ကို အမြန်မောင်း၍ ပြန်ခဲ့လေသည်။ ထွဋ်ခေါင် ဆိုင်ကယ် မောင်းနေရင်းမှ အသိမိတ်ဆွေ ပြောလိုက်သော စကားသံများကို နားထဲတွင် ထပ်ခါတလဲလဲ ကြားယောင်နေမိလေ သည်။ " စိုင်းလွှမ်း ဟုတ်လား ..ဒေါ်သီရဲ့နောက်အိမ်ထောင်က ပါတဲ့ စိုင်းလွှမ်းဟုတ်လား ... ဪ ဖိုးသက်ပြင်းကို မေးတာလား ဆရာ ..ဘာလဲ ဆရာရော သူ့ကို သိတာလား ...အင်း သူ့အကြောင်းကတော့ ရွာမှာ လူပြောများတဲ့ သနားစရာဇတ်လမ်းပဲပေါ့ ဆရာရယ် ...ငယ်ငယ်ကသေပြီထင်ပြီး သင်္ဂြိုဟ်ဖို့ လုပ်ခဲ့ပြီးမှ အသက်ပြန်ရှုခဲ့တယ် ... အရွယ်ရောက်လာတော့ ဖအေရင်းက မကြင်နာ ..မိတွေးက နှိပ်စက်နဲ့သူ့ခမျာ ကြီးပြင်းလာခဲ့ရတာ ...လွန်ခဲ့တဲ့သုံးနှစ်ကပေါ့ ဆရာရယ် ... သူတို့သူငယ်ချင်းတစ်စု ဘောလုံးကန်နေကြရင်း ဘောလုံးက သူ့အရှိုက် တည့်တည့်ကို မှန်ပြီး နေရာတင်ပစ်လဲသွားခဲ့တာလေ ... အစကတော့ အတူကစားနေတဲ့ သူငယ်ချင်းတွေက နောက်တယ် ထင်နေကြတာပေါ့ ...နောက်မှ ကြည့်လိုက်ကြတော့မှ နေရာမှာတင် ဆုံးသွားရှာတာ ...အင်း ပြောရရင် အဲ့ဒီနေရာက သူ့အမေ သတ်သေခဲ့တံ့နေရာနဲ့လဲ နီးတယ်လေ " "ဗျာ ...ဒါ ..ဒါဆိုရင် ...အဲ့ဒီ စိုင်းလွှမ်း ဆိုတဲ့လူက ဆုံးသွားပြီးပေါ့နော် " "ဟုတ်တယ်လေ ဆရာ " ထွဋ်ခေါင်သည် ဆိုင်ကယ်မောင်းနေရင်းမှ စိတ်ရှုပ်ထွေးနားမလည်နိုင်ဘဲ သလင်းဖြူထံသို့ အမြန်ရောက်ချင်စိတ်သာ ဖြစ်ပေါ်နေမိလေသည်။ ~~~~ " ပူစူးရေ ...အမှိုက်တွေ အရမ်းမများခင် သွားသွန်လိုက်အုံးနော် " သလင်းဖြူက ပူစူးကိုပြောလိုက်ပြီး ဆန်အိတ်တွေကြား ရှိနေသော ပိုးမျှင်များနှင့်ကြပ်ခိုးများကို တံမြက်စည်းနှင့် လှည်းရန်ပြင်လိုက်သည်။ထိုစဉ်မှာပင် သလင်းဖြူ၏ မျက်စိရှေ့တွင် ရိပ်ခနဲလှုပ်ရှားသွားသော အရာတစ်ခုကို မြင်လိုက်ရသော ကြောင့် ကြည့်လိုက်မိသောအခါ " အမယ်လေး ...မြွေ..... မြွေကြီး ..." သလင်းဖြူသည် မြွေကို အလွန်ကြောက်သူ ဖြစ်သောကြောင့် မြွေကို မြင်သည်နှင့် လူမှာ ကြောက်လန့်တကြားအော်ဟစ်လိုက်မိပြီး သတိလစ်လဲကျမလို ဖြစ်သွားလေသည်။ ထိုအခိုက်မှာပင် သလင်းဖြူအနားသို့ လူတစ်ယောက် ရောက်လာသည်ကို တွေ့လိုက်ရပြီးလျှင် မြွေ၏ ဦးခေါင်းကို ဓါးနှင့် ခုတ်ပိုင်းလိုက်သည်ကို တွေ့လိုက်ရသည်။ " စိုင်း ...စိုင်းလွှမ်းလား . " သလင်းဖြူသည် ထိုမြင်ကွင်းကို အားယူကြည့်ရှုနေရင်းမှ ထိုသူကို နှုတ်မှ ခပ်တိုး တိုးခေါ်ရင်း ဆန်အိတ်တွေအနီးသို့ လဲကျသွားခဲ့လေသည်။ ~~~~~ " အင်း ...အင်း ....." "သလင်းဖြူ ... မင်းသတိရလာပြီလား " " ကျွန်မ ... ကျွန်မ ဘာဖြစ်သွားတာလဲ ဟင် " သလင်းဖြူသည် သတိကို ပြန်လည်စုစည်းမိလိုက်သည်နှင့် ဖျတ်ခန် မျက်လုံးဖွင့်ကြည့်လိုက်မိသောအခါ မျက်စိရှေ့တည့်တည့်တွင် ထွဋ်ခေါင်ကို တွေ့လိုက်ရသောကြောင့် အလန့်တကြားနှင့် မေးလိုက်ပြီး လှဲနေရာမှ ဆတ်ခနဲထထိုင်လိုက်မိသည်။ "မင်း အကြောက်လွန်ပြီး သတိလစ်သွားတာပါ ...ဘာမှမဖြစ်ဘူး ... မြွေကိုလဲ ဖိုးထူးက သတ်လိုက်ပြီတဲ့ " " ဘာပြောတယ် ကိုထွဋ်ခေါင်... မြွေကို ဖိုးထူးကသတ်လိုက်တာ ဟုတ်လား ... မဖြစ်နိုင်ဘူး ...ဖိုးထူးသတ်တာမဟုတ်ပါဘူး ...စိုင်းလွှမ်း ...စိုင်းလွှမ်းကို ကျွန်မ ...." "ဘယ်လိုဖြစ်ရတာလဲ မင်းသမီးရယ် ... မြွေမြင်တာနဲ့ မေ့လဲသွားတယ်ဆို ...အဲ့ဒီလောက်တောင် အကြောက်ကြီးရလား ..ရှောင်ဖိုးတိမ်းဖို့တော့ မကြိုးစားဘူး ...တော်သေးတာပေါ့ ...ဖိုးထူး အနားမှာရှိနေလို့သာပေါ့ " သလင်းဖြူသည် ထွဋ်ခေါင်ပြောနေသည်ကို နားထောင်နေရင်းမှ ခေါင်းကို တွင်တွင် ခါယမ်းလိုက်ပြီး ငြင်းဆန်မည်ဟန် ပြုလိုက်စဉ်မှာပင် အသံနှင့်အတူ အခန်းထဲသို့ဝင်လာသော ကြီးတော်ဖြစ်သူနှင့် ရွှေရည်ဝင်းတို့ကြောင့် ပြောလက်စစကားမှာ ရပ်တန့်သွားရလေသည်။ "ကံကောင်းလို့ပေါ့အေ ... အဲ့ဒါကြောင့် ပြောတာ ဖိုးထူတို့ မောင်လုံးတို့ကို ဂိုထောင်ကို အမြဲလှည်းကျင်းပါလို့ ... သမီး ဖြူလေး နေရတာ အဆင်ပြေရဲ့လား ... ကြီးကြီးတို့ ဆရာဝန်ပင့်လိုက်ရမလား " ဒေါ်ကြည်အေးက မေးရင်း ပြောရင်း သလင်းဖြူလှဲနေသော အနီးရှိ ကျွန်းခုံကြီးတွင် ဝင်ထိုင်လိုက်လေသည်။ "ဟို ...ရပါတယ် ကြီးကြီး ...သမီးသက်သာသွားပါပြီ...သမီး ဘာမှမဖြစ်ပါဘူး ...ခဏလန့်သွားတာပါ ကြီးကြီး"

"အင်း ..ပြီးရော ...ပြီးရော " ထွဋ်ခေါင်၏စကားကို သလင်းဖြူက ခပ်ရွဲ့ရွဲ့ ပြန်ဖြေလိုက်ပြီး စက်ဘီးကို နင်း၍ ထွက်ခဲ့လေသည်။ ~~~~ " ဖြူလေး ဘယ်က ပြန်လာတာလဲ " "ဟင် ..စိုင်းလွှမ်း .. ဘယ်ကိုသွားမလို့လဲ " အပြန်လမ်းတွင် သလင်းဖြူ၏ စက်ဘီးရှေ့တွင် ပိတ်ရပ်ပြီးမေးလိုက်သော စိုင်းလွှမ်းကို တွေ့လိုက်ရသောကြောင့် သလင်းဖြူ ဝမ်းသာအားရနှင့် မေးလိုက်မိသည်။ "ဘယ်ကိုမှ မသွားဘူး ...မင်းကို တွေ့လို့ ရပ်စောင့်နေတာ ...ဒါနဲ့ ဘယ်က ပြန်လာတာလဲ ...တစ်ယောက်တည်း လျှောက်မသွားနဲ့လို့ ပြောထားတယ်လေ " စိုင်းလွှမ်း၏ ဒေါသတကြီး ပြောလိုက်သောအမူအရာကြောင့် သလင်းဖြူ ကြောင်အအနှင့် ဖြစ်သွားမိသည်။ "ဟို မြို့သားနဲ့ ဘယ်လို ပတ်သက်နေတာလဲ ...အဲ့ဒီကောင်က ရွှေရည်ဝင်းနဲ့ ကြိုက်နေတာမဟုတ်ဘူးလား ..." " မဟုတ်ပါဘူး ... ဘယ်သူပြောလဲ " စိုင်းလွှမ်း၏ စကားကို သလင်းဖြူ ငြင်းဆန်လိုက်မိပြီး ပြန်မေးလိုက်မိသည်။ ထိုအခါ အမြဲလိုလို ပြုံးရွှင်အေးချမ်း နေတတ်သော စိုင်းလွှမ်း၏မျက်နှာသည် ဒေါသထွက်နေဟန် ရှိသည်ကို သလင်းဖြူ တွေ့လိုက်ရလေသည်။ သလင်းဖြူ သက်ပြင်းကို မသိမသာ ချလိုက်ပြီး စကားလမ်းကြောင်းကို လွှဲလိုက်သည်။ "ကဲပါဟာ ... သူ့အကြောင်းထားလိုက်စမ်းပါ ...ဟိုနေ့က ငါတို့ကို ဆိုင်ကယ်နဲ့ တိုက်ဖို့လုပ်တဲ့သူရဲ့ သတင်းကို သိရပြီးလား " " အင်း ...ရွာထဲကမဟုတ်တာတော့ သေချာတယ် .. သတင်းအစအနလေးတောင် မကြားရဘူးလေ ..ဘေးရွာတွေမှာ ငါလိုက်စုံစမ်းနေပါတယ် " စိုင်းလွှမ်းက တင်းမာနေသော မျက်နှာကို အနည်းငယ်လျှော့၍ သလင်းဖြူကို ဖြေလိုက်သည်။ "ကဲ လာ ...ပြန်မှာ မဟုတ်လား ...ငါလိုက်ပို့ပေးမယ် " သလင်းဖြူနှင့် စိုင်းလွှမ်းတို့ နှစ်ယောက်အတူ လမ်းလျှောက်လာရင်းမှ သလင်းဖြူစိတ်ထင်၍ပဲလားမသိပေ။စိုင်းလွှမ်းကို ကြည့်ရသည်မှာ အရင်နေ့များနှင့်မတူဘဲ တစ်မျိုးတစ်ဖုံ ထူးခြားပြောင်းလဲနေသည်ဟု ထင်နေမိလေသည်။ "အိမ်မှာ ဘာထူးခြားသေးလဲ .... ညဘက်တွေလဲ ဟိုအခန်း ဒီအခန်းတွေ လျှောက်ကြည့် မနေနဲ့အုံးနော် " နှစ်ယောက်သားစက်ဘီးကို တွန်းပြီး လမ်းလျှောက်လာကြရင်းမှ စိုင်းလွှမ်းက သလင်းဖြူကို ပြောလိုက်လေသည်။ "အင်းပါ ... ငါ ဂရုစိုက်ပါတယ် ...ငါ့အတွက် စိတ်မပူနဲ့နော်.... " သလင်းဖြူလဲ စိတ်ထဲ စနိုးစနောင့် ဖြစ်နေသည်ကို ဖယ်ရှားလိုက်ပြီး စိုင်းလွှမ်းကို ပြုံး၍ ပြန်ပြောလိုက်သည်။ " အိမ်ရောက်ခါနီးနေပြီ ...ငါသွားတော့မယ်နော် " သလင်းဖြူက ခေါင်းငြိမ့်ပြလိုက်သောအခါ စိုင်းလွှမ်းသည် သလင်းဖြူကို ရီဝေသောမျက်လုံးများဖြင့် တစ်ချက်ငေးကြည့်ပြီး ထွက်သွားလေသည်။ သလင်းဖြူသည် ကျောခိုင်းထွက်သွားသော စိုင်းလွှမ်း၏ ကျောပြင်ကိုကြည့်ပြီး စိတ်ထဲမှ အလိုလို ရှုပ်ထွေးနေမိလေသည်။ ~~~~~~~ " ဖိုးထူးကိုပါ ဝိုင်းကူခိုင်းလိုက်တဲ့ ...မင်းတို့နှစ်ယောက်တည်း လုပ်နိုင်မှာ မဟုတ်ဘူးတဲ့ " ဒေါ်သုန်၏ တဲ့ဆိုသော အဆုံးသတ်စကားကြောင့် သလင်းဖြူ ဒေါ်သုန်ကို မော့ကြည့်လိုက်ပြီး ပြန်မေးလိုက မိသည်။ ဒေါ်သုန်၏ အဖြေကို စောင့်စားရင်း စိတ်ထဲမှလည်း တရားခံကို ဖမ်းနိုင်တော့မည်ဟုတွေးလိုက်မီသည်။ "ဘယ်သူ မှာခဲ့တာလဲ ဒေါ်ကြီး " " ဘယ်သူပြောခဲ့ရမလဲ ... မင်းရဲ့ ဘကြီးနဲ့ ကြီးတော်တွေက မှာသွားတာပေါ့ ... တစ်နေ့တည်း မပြီးလဲ ရတယ် ... အေးအေးဆေးဆေးရှင်းတဲ့ " ဒေါ်သုန်၏ စကားကြောင့် သလင်းဖြူ မကျေမနပ်ဖြစ်မိသွားမိသော်လည်း ဘာမှ မတတ်နိုင်ဘဲ ပူစူးနှင့် အတူ ဂိုထောင်ဘက်သို့ ထွက်ခဲ့လိုက်သည်။ ~~~~ "ပူစူးက မမလှည်းထားတဲ့ အမှိုက်တွေကို အမှိုက်တောင်းထဲထည့်ပြီး အမှိုက်တွေမီးရှို့တဲ့ နေရာမှာ သွားပစ်နော် ..ကိုဖိုးထူးက ခေါင်းမိုးက ပိုးမျှင်တွေကို တံမြက်စည်း နဲ့ လှည်းချပေးပါနော် ... ကျွန်မတို့ ထပ်ခိုးပေါ် အရင် တက်လှည်းကြမယ်လေ " သလင်းဖြူက ပြောလိုက်ပြီး ထပ်ခိုးပေါ်သို့တက်ခဲ့လိုက်သည်။မျက်လုံးကမူ ဖိုးထူးကို တစ်စက်မှ အလွတ်မပေး အကဲခတ်နေလိုက်သည်။ ထပ်ခိုးပေါ်သို့ ရောက်သောအခါ ငရုတ်သီးအိတ်များနှင့့်ပဲအိတ်များကိုသာတွေ့ရပြီး ထွေထွေထူးထူး ဘာကို မျှမတွေ့ရပေ။သတင်းဖြူ အောက်ထပ် ကို အမြန်ရှင်းချင်ဇောဖြင့် ထပ်ခိုးကို အမြန်ပင်ရှင်းလိုက်သည်။ အမှိုက်များရှင်းနေရင်းမှ သလင်းဖြူ ဖိုးထူးကို အကဲခတ်ကြည့်လိုက်သောအခါတိုင်း ဖိုးထူးသည်လည်း သလင်းဖြူကို မသိမသာ ပြန်၍ကြည့်နေသည်ကို သတိထားလိုက်မိလေသည်။ "ဒီမှာပြီးရင် အောက်ကိုရှင်းကြတာပေါ့ ကိုဖိုးထူး " သလင်းဖြူကပြောပြီး ဖိုးထူးကို ရှေ့မှ အရင်ဆင်းခိုင်းလိုက်ပြီး နောက်မှ လိုက်ဆင်းခဲ့လေသည်။ ဂိုထောင်၏ အောက်ထပ်၌မူ ပစွည်းများနှင့် ပြည့်နှက်နေပြီး ရှင်းလင်းရသည်မှာ မလွယ်ကူလှပေ။ သလင်းဖြူသည် ဆန်အိပ်များကြား ကုန်းကုန်းကွကွနှင့် လှည်းကျင်းနေရင်းမှ သက်သေခံပစ္စည်း တစ် ခုတစ်လေကို တွေ့လိုတွေ့ငြား ရှာဖွေကြည့်နေမိလေသည်။သို့သော်လည်း မသင်္ကာစရာဟူ၍ တစ်စုံတစ်ခုကို မျှ မတွေ့ရဘဲရှိလေသည်။ ~~~~

ဧကြည်ဖြူ "အဝါရောင်တိုက် " အပိုင်း ( ၁၉ ) ***** " တရားခံက ... လက်လွန်နေပြီမို့ သူ့လုပ်ရပ်တွေ မပေါ်အောင် နောက်ထပ် လူသတ်ဖို့ ဝန်လေးမှာမဟုတ်ဘူး ... အမှန်အတိုင်းပြောရရင် မင်းကို ဒီမှာမနေစေချင်တော့ဘူး သလင်းဖြူ " ထွဋ်ခေါင်းက သလင်းဖြူကို ကြည့်ပြီးပြောလိုက်သည်။ "ဟင့်အင်း ...ကျွန်မ မပြန်ဘူး ... အကြောက်တရားမရှိလို့ စုံလုံးကန်းနေတာတော့ မဟုတ်ဘူး...မတရားခံခဲ့ရပြီးမတရားသေခဲ့ရတဲ့လူတွေအတွက် အမှန်တံရားကို ဖော်ထုတ်ပြီးမှ ကျွန်မပြန်မယ် ..ဒါနဲ့ လူသတ်သမားက ဘယ်သူဖြစ်နိုင်လဲ ...တစ်ယောက်တည်းလား ...အားလုံးလား " သလင်းဖြူ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ပြောလိုက်သည်။ "ဘယ်သူဆိုတာ မကြာခင် ဖော်ထုတ်နိုင်မှာပါ .. မင်းရဲ့ ကြီးတော်တွေနဲ့ ဘကြီးအပါအဝင်အားလုံးမှာ ပြဿနာပေါင်းစုံ ရှိနေကြတာကို မင်းသိလား ... " "ဟင့်အင်း မသိဘူး ... ကျွန်မတို့ မိသားစုရန်ကုန်ကို ပြောင်းပြီးကတည်းက ... တစ်ခါတလေမှ အလည်လာဖြစ်တာ ....အိမ်တွင်းရေးတွေကိုသိလဲမသိခဲ့ဘူး " "အင်း ...မင်းတို့ကြီးတော်အပျိုကြီးက သူ့မှာပူပင်စရာ သားသမီးမရှိပေမဲ့ အလုပ်မှ အလုပ်ဖြစ်နေတဲ့သူ အလုပ်လုပ်မယ် ငွေကို ပွားသထက်ပွား များသထက်များ အောင်လုပ်ချင်နေတဲ့သူ ... မင်းဘကြီးလဲ သိပ်တော့ မထူးဘူး ....သူလဲ ငွေနဲ့ သြဇာအာဏာကို သဘောကျတာပဲ...သူတို့လုပ်နေတာ ခြံလုပ်ငန်း တင်မဟုတ်ဘူး... ပွဲရုံပါ ဖွင့်ထားတာ....ဒါပေမဲ့ ငွေကြေးစီမံမှုတွေကို မင်းတို့ကြီးတော် အပျိုကြီးကို တင်ပြရတယ်လေ...ပြီးတော့ နိုင်ငံခြား ရောက်နေတဲ့ သူ့ရဲ့ သားကြီးနဲ့ သားငယ်က ငွေအတော် ဖြုန်းတယ်တဲ့...သူလဲပြဿနာကတော့ များတယ် " "မင်းကြီးတော် ဒေါ်ခင်အေးကတော့ နိုင်ငံခြားက သမီးကလဲ ငွေပို့တယ် ...ကိုဇော်ထိုက်ကလဲ သူ့ရသမျှ ငွေကိုပေးတယ် ...သူတို့လင်မယားဦးစီးနေရတဲ့ ကုန်ခြောက်ဆိုင်ကြီးကလဲ ၀င်ငွေကောင်းပါတယ် ...ဒါပေမဲ့ လိုတာထက် ပိုပြီး လောဘကြီးတယ် ...သူများကို အပြစ် မြင်တတ်တယ် ...မင်းဦး ငယ်ကတော့ ...ကိုယ့်ဦးလေးနဲ့ သိပ်မကွာပါဘူး ..* "ရှင်ပြောသလိုဆိုရင် ဦးငယ်ကလွဲပြီး အားလုံးက လောဘကြီးတဲသူတွေပဲ ...အားလုံးပေါင်းပြီး ကြံစည်တာဖြစ်နိုင်လား " ထွဋ်ခေါင်ကို သလင်းဖြူက မေးလိုက်သည်။ " မပြောနိုင်သေးဘူး ...ဒါပေမဲ့ သူတို့တွေက တစ်ဖအေတစ်မအေ တည်းမွေးထားကြတဲ့ မောင်နှမအရင်းတွေလေကွာ ...အားလုံးကတော့ အဲ့ဒီလောက် ရက်စက်ကြမယ်မထင်ဘူး ... မကြာခင် အဖြေပေါ်တော့မှာပါ ...ဒီကြားထဲမှာ မင်းစိတ်ကိုထိန်းပါ ... စိတ်လိုက်မာန်ပါမလုပ်နဲ့ .. ဒီနေ့ ဂိုထောင်သန့်ရှင်းရေးလုပ်မယ်လို့ ပြောထားတယ်မဟုတ်လား .. ဂိုထောင်ထဲမှာ ဘာသဲလွန်စမှ မရှိနိုင်လောက်ဘူး...ဒါပေမဲ့ သတိတော့ထား...သူတို့ရဲ့အကြံအစည်က လူကိုစိုင်းရန်နိုင်လို မတော်တဆ သေဆုံးတဲ့ ပုံစံနဲ့ ကြံစည်မှာ ..." ထွဋ်ခေါင်က သလင်းဖြူကို စိုးရိမ်စ္စာနှင့်သတိပေးစကားပြောလိုက်လေသည်။ "စိတ်ချပါရှင် ... ကျွန်မလဲ သိပါတယ် ...သူတို့ကျွန်မကို သတ်ရင်တောင် မတော်တဆ သေတံ့ပုံစံမျိုးနဲ့ သေတဲ့ပုံစံမျိုးလုပ်မယ်ဆိုတာ ကျွန်မသိပါတယ် " " ဒါနဲ့ မင်းကို မေးရအုံးမယ် ... မင်းသူငယ်ချင်းဆိုတာလေ.. နာမည် ဘယ်သူတုန်း ...သူက ရွာထဲမှာ နေတာမဟုတ်ဘူးလား " ထွဋ်ခေါင်၏ အမေးစကားကြောင့် သလင်းဖြူက ထွဋ်ခေါင်ကို အံ့သြတကြီး ကြည့်လိုက်ပြီး ပြန်မေးလိုက်သည်။ "ကျွန်မ သူငယ်ချင်းကို ရှင်က ဘယ်လို သိတာလဲ ...သူက ရွာထဲမှာ မနေဘူးလေ ... သူ့မိဘနဲ့ အဆင်မပြေလို့ တခြားမှာနေတာ...သူနဲ့ကျွန်မက ငယ်သူငယ်ချင်းတွေ...ကျွန်မ ရွာကိုလာတုန်းကလဲ သူပဲလာကြိုပေးတာလေ " ထွဋ်ခေါင်က သလင်းဖြူ၏ စကားကို နားထောင်နေပြီးနောက် သူသိချင်တာကို မေးလိုက်သည်။ " မင်းတို့ တအားရင်းနှီးတာလား ...သူကိုရော ဘာအကြောင်းတွေ မင်းပြောမိသေးလဲ ... သူက စိတ်ချလို့ရော ရရဲ့လား " " ရတာပေါ့ ....ဒီရွာမှာ ကျွန်မအယုံကြည်ရဆုံးလူပဲလေ ..ပြီးတော့ သူက... ဟို အောက်လမ်း ဆရာမကြီးဒေါ်သီရဲ့ လင်ပါသားပေါ့ ... သူတို့ကြောင့် စိုင်းလွှမ်းက ရွာမှာ မနေနိုင်တာလေ..." "ဘယ် ..ဘယ်လို ...မင်းသူငယ်ချင်းက ဟိုမိန်းမကြီးရဲ့ သားပေါ့ ဟုတ်လား " သလင်းဖြူကို ထွဋ်ခေါင် တအံ့တသြနှင့် မေးလိုက်သည်။ "ဟုတ်တယ်လေ ... စိုင်းလွှမ်းဘဝက သိပ်သနားစရာကောင်းတာ ....ကျွန်မရန်ကုန်ပြန်ရင် ...ကျွန်မ သူငယ်ချင်းကိုပါ ခေါ်သွားမှာလေ .." "ဘယ်လို ..မင်းက သူ့ကို ခေါ်သွားမယ်ပေါ့ ...ပြောတော့ မင်းက နိုင်ငံခြားသွားမှာဆို " " အင်းလေ ...ငွေအဆင်ပြေရင် သွားမှာ ...စိုင်းလွှမ်းကို အလုပ်ရှာပေးပြီး... နေဖို့ပါအဆင်ပြေအောင်လုပ်ပေးခဲ့မှာပေါ့ " သလင်းဖြူပြောသော စကားကို နားထောင်ပြီး ထွဋ်ခေါင် ခပ်တွေတွေ စဉ်းစားနေ မိသည်။ ပြီးမှ သလင်းဖြူကို ကြည့်လိုက်ပြီး "ကိုယ်တို့ ပြန်ကြရအောင် ...ဘာပဲဖြစ်ဖြစ် မင်းသတိထားနေနော် ..ပြီးတော့ မင်းသူငယ်ချင်းကို ကိုယ့်အကြောင်းတွေ မပြောနဲ့ .... ဘယ်သူပဲဖြစ်ဖြစ် ကိုယ်တို့ အကြောင်းကိုမေးရင် ... ကိုယ်တို့နှစ်ယောက်က ချစ်သူရည်စားတွေလိုပဲ ဖြေလိုက် ကြားလား "

လေးလေးသာတည်တည်တံ့တံ့ အိမ်ထောင်ပြုမယ်ဆိုရင် လေးလေးအတွက် စီးပွား ခွဲပေးဖို့ စီစဉ်ထားပြီးသားဆိုတာကို လေးလေးလဲသိနေတာပဲ ကိုယ်တို့ကို မဆက်သွယ်စရာ အကြောင်း မရှိဘူး...သေချာတာက သူတို့ လူပြည်မှာ မရှိတော့လို့သာ ကိုယ်တို့ဆီကို မဆက်သွယနိုင်တာလို့ ကိုယ်တွေးမိလာတယ် " "ဒါ ...ဒါဆိုရင် ...ဒေါ်လေးနဲ့ ရှင့်ဦး လေးက ...တ ...တကယ်ပဲ ..." သလင်းဖြူ ရှေ့ဆက်မပြောဝံ့သဖြင့် စကားကို ရပ်တန့်လိုက်သည်။ "မှန်တယ် ...လေးလေးနဲ့ မင်းရဲ့ဒေါ်လေးက လူ့ပြည်မှာမရှိကြတော့ဘူး .... ဒါပေမဲ့ ခက်တာက သူတို့ရဲ့ သက်မဲ့ ခန္ဓာကိုယ်တွေကိုပါ ရှာမရဘူးဖြစ်နေတယ် ... ဒါကြောင့် မင်းတို့ရဲ့ အမွေဆိုင်အိမ်ကြီးထဲကို ကြံဖန်ပြီး ရအောင် ၀င်လာခဲ့တာပဲ ... လူသတ်တရားခံရှိနေတဲ့ အိမ်ကြီးထဲကို ကိုယ်ရောက်လာခဲ့ပေမဲ့ ခုချိန်ထိ တရားခံကို ကွဲကွဲပြားပြားမသိရသေးဘူး ...သူနဲ့ကြံရာပါတွေဖြစ်တဲ့ ဖိုးထူး နဲ့ ဟိုနတ်ဆရာမကို ဖမ်းလဲ ဘာမှ ရေရေရာရာသိရမယ် မထင်ဘူး " " ဒါ ..ဒါဆို ... လူသတ် တရားခံက ဘကြီးနဲ့ ကြီးကြီးတို့လား...ဒါမှမဟုတ် ဦးငယ်လား ` သလင်းဖြူ ထိတ်လန့်တုန်လှုပ်စွာ မေးလိုက်မိသည်။ " အင်း အဓိက က ...မင်းဦးလေးအကြောင်းကို ပြောမလို့ မင်းကို ခေါ်လိုက်တာပဲ " " ဟင် ... ဟို ... တရားခံက ဦး ...ဦးငယ်လားဟင် ..မဟုတ်ပါဘူးနော် " သလင်းဖြူသည် ထစ်ထစ်ငေါ့ငေါ့နှင့် မေးလိုက်မိလေသည်။ "အဲ့ဒါကို စုံးစမ်းနေတုန်းပဲ ... သေချာတာက မင်းဦးလေးက ခရီးထွက်သွားတာ မဟုတ်ဘူးဆိုတာပဲ ...အနီးတစ်ဝိုက်ကရွာတွေနဲ့ မြို့ဝင်ဂိတ်တွေမှာ စုံစမ်းခိုင်းပြီးသွားပြီး ...မင်းဦးလေး သတင်းကို လုံး၀မကြားရဘူး .... ဖြစ်နိုင်တာက မင်းဦးလေးဟာ ဒီအိမ်ကြီးရဲ့ တစ်နေရာရာမှာ ပုန်းနေတာဖြစ်ဖြစ် ဒါမှမဟုတ်ရင် ...မင်းဦးလေးလဲ မင်းအစ်ကို စိုင်းရန်နိုင်လို နှုတ်ပိတ်ခံလိုက်ရပြီ ထင်တယ် .... ကိုယ် ခန်းမှန်းတွက်ချက်ရသလောက် ....ကိုစိုင်းရန်ကို အမွေခွဲပေးရမှာ ကြောက်လို့ သတ်လိုက်တာမဟုတ်ဘူး .... လူသတ်တရားခံကို ကိုစိုင်းရန်နိုင်က သိသွားခဲ့လို့ အသတ်ခံလိုက်ရတာပဲ " " ရှင်" ထွဋ်ခေါင်၏ အဖြေစကားကြောင့် သလင်းဖြူ ထိတ်လန့်တုန်လှုပ်စွာ ခန္ဓာကိုယ်မှာ ထိုင်နေရာမှ ပင် ယိုင်လဲမလိုဖြစ်သွားရလေသည်။ "ဟာ .. သတိထားလေ ...မင်းဒီလို အားပြတ်သွားလို့မဖြစ်ဘူး " သလင်းဖြူသည် ထွဋ်ခေါင်၏ စကားများကို နားထောင်နေရင်းမှ မျက်ရည်များ ပါးပြင်ပေါ်သို့ စီးကျလာမိသည်။ ================== အပိုင်း ( ၁၉ ) ဆက်ရန် ဧကြည်ဖြူ =

" သူတို့က အကြံပက်စက်လှချည်လားရှင် ... ကျွန်မကို အဲ့ဒီလောက်တောင်မုန်းနေတာကို ...သိမယ် အားလုံးကို ဖော်ထုတ်ပြီး ထောင်ထဲ ထည့်ပြမယ် " သလင်းဖြူသည် အံကို ခပ်တင်းတင်းကြိတ်၍ပြောလိုက်ပြီး နောက် ထွဋ်ခေါင်ကိုပါ မျက်နှာထားတင်းတင်းနှင့် ကြည့်လိုက်ပြီး မေးလိုက်သည်။ "ကဲ ဒါဆိုရင် ရှင်ကရော ဘယ်သူလဲ ဘာလဲဆိုတာကိုပြော ..ရှင်က ရွှေရည်ဝင်းနဲ့ တပူးတွဲတွဲလုပ်နေပြီး ကျွန်မကို ကူညီနေတယ်ဆိုတော့ ဘယ်လို နားလည်ရမလဲ ...ရှင်က ရော ကျွန်မကို သတ်ချန်နေတဲ့ မဖြစ်နိုင်ဘူးလား " "ဟေ့ ...မင်း တွေးချင်ရာ တွေးပြီး ထင်ချင်ရာထင်ချင်ရာ ထင်မနေနဲ့ ....အခု မင်းကို အားလုံး ရှင်းပြမယ် .... ကိုယ်ပြောပြပြီး သွားရင်တော့ ... ညကလိုပုံစံမျိုးတွေ မင်းလုပ်ချင်သလို လုပ်လို့ မရတော့ဘူးနော် " ထွဋ်ခေါင်က သလင်းဖြူကို ကြည့်ပြီး ပြောလိုက်သည်။ "ကဲပါ ပြောစမ်းပါ ရှင့် အကြောင်း ... ကျွန်မကို ညာဖို့တော့ မကြိုးစားနံ့နော်" သလင်းဖြူသည် နှုတ်မှသာ ထိုသို့ပြောလိုက်သော်လည်း မိမိ၏ မသိစိတ်အတွင်း၌ ထွဋ်ခေါင်ကို ယုံကြည်နေမိမှန်း ကိုယ့်ကိုယ်ကို သိနေလေသည်။ " ဒီမှာ ဒီပုံကိုကြည့် " ထွဋ်ခေါင်က ပြောရင်း ဓါတ်ပုံတစ်ပုံကို သလင်းဖြူလက်ထဲသို့ထည့်ပေးလိုက်သည်။ သလင်းဖြူ ထွဋ်ခေါင်ပေးသော ဓါတ်ပုံကိုကြည့်လိုက်သောအခါ ထွဋ်ခေါင်နှင့်အတူ အသက်လေးဆယ်ကျော်ခန့်ရှိမည်ထင်ရသော ခပ်ချောချော လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။သလင်းဖြူက ဓါတ်ပုံကို ကြည့်ရင်း နားမလည်တာမို့ ထွဋ်ခေါင်ကို ပြန်ကြည့်လိုက်သည်။ "အဲ့ဒီဓါတ်ပုံထဲက လူက ကိုယ့်ဦးလေးပဲ ... လေးလေးက ရုပ်ချောသလောက် မျက်နှာလဲ များချင်တယ် ...ပြီးတော့ လေးလေး ခရီးထွက်ရတာကို ဝါသနာပါတယ် ... အသက်လေးဆယ်ကျော်အထိ စီးပွားရေးလဲ စိတ်မ၀င်စားဘဲ သွားချင်ရာသွားပြီး နေချင်သလို နေခဲ့တဲ့ သူလေ ...အဲ့ဒါကြောင့် အမေတို့ မောင်နှမတွေက လေးလေးနဲ့ သိပ်အဆင်မပြေကြဘူး ... ပြောရရင် မနိုင်လို့လွှတ်ထားတာပေါ့ကွာ...ဒါပေမဲ့ လေးလေးပြန်လာလဲ အားလုံးက ကြည်ကြည်ဖြူဖြူ လက်ခံကြတာပါပဲ " သလင်းဖြူသည် ထွဋ်ခေါင်၏ စကားများကို နားထောင်ရင် နားမလည်နိုင်ဘဲ ဖြစ်နေမိလေသည်။သူ့ဦးလေးအကြောင်းသည် မိမိနှင့်ပတ်သက်စရာ အကြောင်း မရှိဟုလည်း ထင်လိုက်မိလေသည်။ " ကိုယ့် ဦးလေး အကြောင်းက ဘာဆိုင်လို့ ပြောနေတာလဲလို့ တွေးမ နေနဲ့နော် ...ကိုယ်ပြောတာကို နားထောင်အုံး " ထွဋ်ခေါင်သည် သလင်းဖြူ၏ မျက်နှာကို ကြည့်၍ သလင်းဖြူ အတွေးများကို ရိပ်မိသောကြောင့် ကြို၍ပြောလိုက်လေသည်။ "ပြောရရင် လေးလေးက ဆိုးချင်တဲ့ လူမျိုးပေါ့ ... သူကိုယ်၌က အိမ်မခင်တာ....ဒါပေမဲ့ လေးလေးက အခြားသူတွေ အပေါ်မှာ ဆိုးချင်ဆိုးမယ် အဆက်အသွယ်လုပ်ချင်မှ လုပ်မယ် သူ့တူဖြစ်တဲ့ ကိုယ့်ကိုယ်တော့ သိပ်ချစ်တာ .. ရောက်လေရာ အရပ်ကနေ ကိုယ့်ဆီကို ဆက်သွယ်တယ် ... ဒါနဲ့ တစ်နေ့တော့ လေးလေးက ပြောတယ် ...သူ့မှာ ချစ်ရတဲ့ ရှိနေပြီတဲ့ ...အဲ့ဒီ တစ်ယောက်ကို သူတကယ်ချစ်တာ လက်ထပ်ယူမှာလို့လဲ ပြောတယ် ... တစ်နေ့တော့ လေးလေးက မန္တလေးကို ပြန်ရောက်လာပြီး သူ့ချစ်သူရဲ့ ဆွေမျိုးတွေက သူနဲ့ သဘောမတူတာမို့ လိုက်တောင်းပေးပါဆိုပြီး သူ့အစ်ကိုတွေ အစ်မတွေကို ပြောတယ် .. အဲ့ဒီမှာ ကိုယ့်အမေနဲ့ ကိုယ့်ကြီး တော်...ကိုယ့်ဘကြီးတွေက အပြောင်းအလဲမြန်တတ်တဲ့ လေးလေးစိတ်ကို မယုံကြလို့ လိုက် မတောင်းပေးခဲ့ဘူးလေ... လေးလေးလဲ ပြောမရတော့ စိတ်တွေဆိုးပြီး ပြန်သွားတယ် ...နောက်တော့ ကိုယ့်ဆီကို ဆက်သွယ်တဲ့ ... သူမိန်းမခိုးတော့မလို့တဲ့လေ ...ဒါနဲ့ ကိုယ်လဲ ပြောလိုက်သေးတယ် ... လေးလေးမိန်းမ ခိုးလာရင်တော့ ..အမေတို့ ကြီးကြီးတို့ ဘာမှမတတ်နိုင်ပါဘူး ...သူတို့ တာဝန်ယူပေးလိမ့်မယ် ...အိမ်ကိုပဲ ခေါ်လာခဲ့ဖို့ ကိုယ်ပြောလိုက်တယ် ... ဒါပေမဲ့ အဲ့ဒီနေ့ နောက်ပိုင်းက စပြီး လေးလေးဆီက အဆက်အသွယ် လုံးဝမရတော့တာ ဒီနေ့အထိပဲလေ ...အခုဆိုရင် လေးလေးနဲ့ အဆက်အသွယ်မရတာ သုံးလကျော်ပြီ ...ဘယ်ကိုရောက်နေလဲဆိုတာလဲ စုံစမ်းလို့မရဘူး ...လူပျောက်လဲတိုင်းထားတယ် " အလင်းဖြူသည် ထွဋ်ခေါင် စကားများကို နားထောင်နေရင်းမှ ထွဋ်ခေါင်ကို ကြည့်လိုက်မိပြီး "ရှင့် လေးလေး အဖြစ်က ...ဒေါ်လေး အဖြစ်နဲ့ တူလိုက်တာ " "ဟုတ်တယ် တူမှာပေါ့ ...ကိုယ့် လေးလေးရဲ့ ချစ်သူဆိုတာ မင်းရဲ့ အဒေါ် ပဲလေ " " ရှင် ... ဘယ်လို " ထွဋ်ခေါင်၏ စကားကြောင့် သလင်းဖြူ ပါးစပ်အဟောင်းသားနှင့် ဖြစ်သွားမိလေသည်။ "ဟုတ်တယ် ... ကိုယ် လေးလေးဆီက ပို့ခဲ့ဖူးတဲ့စာတွေနဲ့ ဓါတ်ပုံတွေ အရ လိုက်စုံစမ်းခဲ့တော့ လေးလေးရဲ့ ချစ်သူဆိုတာ မိုးနှဲရွာက ဒေါ်ရင်အေးမှန်းသိခဲ့ရတယ် ... ဒါနဲ့ ဆက်စုံစမ်းကြည့်တော့ ... ဒေါ်ရင်အေးကလဲ ချစ်သူနောက်လိုက်သွားတယ်ဆိုပြီး သတင်းအစအနမကျန်အောင် ပျောက်နေခဲ့တယ် ...တကယ်ဆို ဒီဘက် အမျိုးတွေကို ကြောက်လို့ မဆက်သွယ်ရင်တောင် ...လေးလေးက သေချာပေါက် ကိုယ့်ဆီကို ဆက်သွယ်မှာပဲ ..ပြီးတော့ အမေတို့ကလဲ ...

" ဘယ်လို ....အဲ့ဒါဆို သူတို ဘာတွေ လုပ်နေတယ်ဆိုတာ ရှင်သိတာပေါ့...ရှင် ...ရှင်က ဘာလို့ ဒီကိစ္စတွေကို အဲ့လောက်လိုက်စုံစမ်းနေရတာလဲ ...ရှင် ဘယ်သူလဲ ...ရှင့် ကျွန်မဆီက ဘာလို့ ချင်လို့ ကျွန်မကို အယုံသွင်းနေတာလဲ " " ရှူး ... တိုးတိုးပြောလေ " သလင်းဖြူ ပြောလိုက်သော အသံမှာ အနည်းငယ်မျှ အသံကျယ်သွားသဖြင့် ထွဋ်ခေါင်က သလင်းဖြူ၏ လက်ကိုဆွဲကိုင်ပြီး သတိပေးလိုက်သည်။ "မင်းသိချင်တာတွေ အားလုံး မနက်ဖြန်ပြောပြမယ် ... မနက်ဖြန်နေ့လယ်လောက် ငါတို့ ဘုရားလေးမှာ ဆုံကြတာပေါ့ ....အခုတော့ အပေါ်ကို ပြန်တက်ကြိစို့ " သလင်းဖြူ စိတ်ထဲ မယုံသင်္ကာစိတ်နှင့် မဝေခွဲနိုင်ဖြစ်နေသော်လည်း ထွဋ်ခေါင်၏ စကားကြောင့် နှုတ်ဆိတ်လျက် နေခဲ့လိုက်သည်။ ~~~~~ မနက်ခင်း ထမင်းစားဝိုင်းသည် အနည်းငယ် တိတ်ဆိတ်ခြောက်ကပ်လျက်ရှိ လေသည်။ "မောင်ထွဋ်ခေါင် ညက ဘယ်အချိန်ရောက်တာလဲ .. မောင်ထွဋ်ခေါင်ကို နောက် သုံးလေးရက်နေမှ ရောက်မယ်လို့ ကြီးကြီး ခင်က ထင်နေတာကွံ့ " တိတ်ဆိတ်နေသော ထမင်းဝိုင်းတွင် ဒေါ်ခင်အေး၏ မေးသံ ထွက်ပေါ်လာလေသည်။ "ည ( ၁၀ ) နာရီကျော်လောက်က ရောက်တာကြီးကြီးခင် ... ဟိုမှာလဲ အလုပ်တွေပြီးသွားတာနဲ့ ပြန်လာခဲ့လိုက်တာ ကြီးကြီး ... ပွဲစီစဉ်တဲ့သူက ပြပွဲရက်ကို ရှေ့တိုးချင်တယ်ဆိုလို့ ရွှေရည်နဲ့ သေချာတိုင်ပင်ရအောင် ချက်ချင်းပြန်လာလိုက်တာကြီးကြီး " ထွဋ်ခေါင်၏ အဖြေစကားကြောင့် ဒေါ်ခင်အေး၊ ဒေါ်ကြူကြူ၀င်းနှင့် ရွှေရည်တို့မှာ အပြုံးမျက်နှာများနှင့် ရှိကြလေသည်။ဒေါ်ကြည်အေးနှင့် ဦးမြင့်အေးတို့မှာမူ သူတို့နှင့် မဆိုင်သကဲ့သို့ တိတ်ဆိတ်စွာပင် စားသောက်နေကြလေသည်။ သလင်းဖြူကတော့ စားနေရင်းမှ အားလုံးကို မသိမသာ အကဲခတ်နေမိလေသည်။ "ဒါနဲ့ သလင်းဖြူကိစ္စကိုရော ဘယ်လိုလုပ်ကြမှာလဲ .." ကောက်ခါငင်ခါ ထပြောလိုက်သော ဒေါ်ခင်အေး၏ စကားကြောင့် အားလုံးက နားမလည်နိုင်သော ဟန်ပန်များဖြင့် ဒေါ်ခင်အေးကို ကြည့်လိုက်ကြလေသည်။ " ဘာကိစ္စကို ပြောတာလဲ ခင်အေး " ဒေါ်ကြည်အေးနှင့် ဦးမြင့်အေးက ပြိုင်တူလိုလိုပင် ပြန်မေးလေသည်။ "ဘာကိစ္စ ရမှာလဲ ...အစ်မတို့ အစ်ကိုတို့ တူမက ... သူ့အခန်းထဲကို လူသတ်သမားဝင်တယ်ပြောလို့ပြော ... တော်ကြာနေ သူ့ကို ဆိုင်ကယ်နဲ့ လိုက်တိုက်ပါတယ် ပြောလို့ ပြော ... ဒီပုံအတိုင်းဆို ကြာရင် မလွယ်ဘူးလေ ....သူလိုချင်တဲ့ပိုက်ဆံမရလို့ အမျိုးမျိုးအဖုံဖုံလုပ်ပြနေတာကို သိကြတယ် မဟုတ်လား ...အဲ့ဒါကြောင့် ကျွန်မကတော့ ရှင်းရှင်းပဲ ပေးနိုင်သလောက်ပေးလိုက်ကြပြီး သူ့ကို ပြန်လွှတ်ဖို့လေ ..." "အမေ ဘယ်လိုပြောနေတာလဲ ..." ဒေါ်ခင်အေး၏ စကားကြောင့် သလင်းဖြူအပါအဝင် အားလုံး အံ့သြနေကြစဉ်မှာပင် ဇော်ထိုက်သည် မိခင်ဖြစ်သူကို ဟန့်တား ပြောဆို လိုက်လေသည်။ "ဟဲ့ ... ငါပြောတာ ဘာများမှားသွားလို့လဲ...သူလဲ ပိုက်ဆံလိုလို့ လာတောင်းတာလေ မဟုတ်ဘူးလား " "ဟာဗျာ တော်ပြီ အမေ့ကို ဘာမှမပြောတော့ဘူး ...ဖြူလေး အစ်ကိုနဲ့ ခြံထဲ လိုက်ခဲ့မလား " ဇော်ထိုက်သည် မိခင်ဖြစ်သူကို မကျေမနပ်ပြောဆိုလိုက်ပြီး သလင်းဖြူကို တဆက်တည်း မေးလိုက်လေသည်။ သလင်းဖြူမှာ အစ်ကိုဖြစ်သူ ဇော်ထိုက်ကိုကြည့်ပြီး ခေါင်းကို အသာခါယမ်းပြလိုက်ရင်းမှ အငြင်းစကား ဆိုလိုက်မိသည်။ "ဒီနေ့တော့ မလိုက်သေးဘူး အစ်ကိုဇော်ထိုက် ... ဒီနေ့ ဂိုထောင်ထဲမှာ သန့်ရှင်းရေးလုပ်မလို့ " သလင်းဖြူ၏ အဖြေမှာ မထူးဆန်းသော်လည်း အစ်ကိုဇော်ထိုက်၏ မျက်လုံး အကြည့်များ ပြောင်းလဲသွားသည်ကို သလင်းဖြူ သတိထားလိုက်မိလေသည်။ " ဂိုထောင်အကျယ်ကြီးကို တစ်ယောက်တည်းလုပ်ရမှာလား .. ဘယ်သူခိုင်းတာလဲ " "ဟဲ့ ငါတို့လဲ မခိုင်းပါဘူး ...ဘယ်သူခိုင်းလို့လဲ " ဇော်ထိုက်၏ အသံမှာ အနည်းငယ် လေသံမာနေခဲ့သောကြောင့် ဒေါ်ခင်အေးကပင် သားဖြစ်သူကို ဒေါသနှင့် ပြန်၍ဖြေလိုက်လေသည်။ "ဖြူလေးကို ဘယ်သူမှ မခိုင်းပါဘူး အစ်ကိုဇော်ထိုက် ... ဂိုထောင်ထဲမှာ ရှုပ်ပွနေလို့ ပူစူး နဲ့ အတူ ရှင်းမလို့ပါ " ကျန်လူများထံမှ မည်သည့် စကားသံမှ မထွက်လာမီ သလင်းဖြူက ဝင်ပြောလိုက်လေသည်။ " ဖိုးဇော် ပြောတာလဲ ဟုတ်တယ်... ဂိုထောင်က အကျယ်ကြီး ပြီးတော့ ဆန်အိတ်တွေနဲ့ ဆိုတော့ မင်းမလုပ်နိုင်လောက်ဘူး ...ရှင်းချင်တယ်ဆိုလဲ အလုပ်သမားတွေနဲ့ ရှင်းလေ " ဒေါ်ကြည်အေးက ဝင်ပြောလေသည်။ " ဟုတ်ကဲ့ ကြီးကြီး " သလင်းဖြူ ကြီးတော်ဖြစ်သူကို ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ထမင်းစားခန်းထဲမှ ဦးစွာ ထွက်သွားသော အစ်ကိုဖြစ်သူ ဇော်ထိုက်၏ ကျောပြင်ကို လှမ်းကြည့်လိုက်သည်။ ~~~~~~~ "ဘယ်လို ....ဒါ ...ဒါဆို အဲ့ဒီအမွှေးတိုင်က ကျွန်မကို သတ်နိုင်တာပေါ့ ဟုတ်လား " သလင်းဖြူ ထိတ်လန့် ချောက်ချားစွာ မေးလိုက်မိသည်။ "တိုက်ရိုက် သေစေနိုင်တာတော့ မဟုတ်ဘူးပေါ့ကွာ ..စိတ်ရူးပေါက်ပြီး စိတ်ထင်ရာ လုပ်မိတာမျိုးပေါ့ .." ထွဋ်ခေါင်၏ စကားကြောင့် သလင်းဖြူ မယုံကြည်နိုင်ခြင်း ၊နာကျည်းခြင်းများဖြင့် အံကို ကြိတ်ထားမိလေသည်။