cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qilingÂť, bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

Myanmar Young Generation Patriotic Organization🇲🇲

🇲🇲Myanmar Young Generation Patriotic Organization🇲🇲Public Channel မြန်မာတစ်မျိုးသားလုံးအကျိုးစီးပွားများဖွံ့ဖြိုးတိုးတက်‌ရေးဆိုင်ရာ သတင်းအချက်အလက်များနှင့် ဖျော်ဖြေတင်ဆက်မှုများအား တစ်နေရာတည်းမှာ ဖော်ပြပေးလျက်ရှိပါသည်။

Ko'proq ko'rsatish
Reklama postlari
334
Obunachilar
Ma'lumot yo'q24 soatlar
-27 kunlar
-430 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

Repost from Myanmar Newspapers
ဘားအံစက်မှုဇုန်၌ BAJA အမှတ်တံဆိပ် သုံးဘီးနှင့် မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ် ဘားအံ မေ ၁၆ ဘားအံစက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး အားပေးမြှင့်တင်နိုင်ရန်၊ နည်းပညာ၊ အရင်းအနှီးနှင့်ဈေးကွက်အထောက်အပံ့များ ရရှိနိုင်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၁၆ ရက်နံနက်ပိုင်းက အဆိုပါစက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Precision Auto Engineering Co.,Ltd ၏ ဘားအံစက်မှုဇုန်ရှိ BAJA အမှတ်တံဆိပ် သုံးဘီးနှင့်မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်သည့်စက်ရုံတွင် နေ့စဉ်အလုပ်သမား ၆၀ ခန့်ဖြင့် တစ်ရက်လျှင် BAJA RE နှင့် BAJA Maxima အမှတ်တံဆိပ်သုံးဘီးယာဉ် ၄၅ စီးခန့် တပ်ဆင်ထုတ်လုပ်၍ နိုင်ငံတစ်ဝန်း ဖြန့်ဖြူးရောင်းချပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ရေးစက်ပစ္စည်းအစိတ်အပိုင်းများ ပြည်ပမှ မှာယူတင်သွင်းမှုများကို လျှော့ချ၍ ပြည်တွင်း၌သာ ထုတ်လုပ်တပ်ဆင်အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံစက်မှုဇုန်ရှိ စောငမန်းရော်ဘာသစ်ပါးလွှာ စက်ရုံ၌ အလုပ်သမား ၄၀ ခန့်ဖြင့် အထပ်သားအခွံခွာ အကြမ်းစက်၊ အထပ်သားအချောစက်၊ ဓားသွေးစက်၊ ဖိသိပ်ထုပ်ပိုးစက်များဖြင့် ရော်ဘာသစ်ပါးလွှာ ထုတ်လုပ်ပုံအဆင့်ဆင့်၊ အရည်အသွေးခွဲခြားပါကင်ထုပ်ပိုးထားရှိမှုနှင့် ဈေးကွက်တင်ပို့မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါစက်မှုဇုန်ရှိ Kyaw-3 ကော်ပစ္စည်းမျိုးစုံ ထုတ်လုပ်ရေးလုပ်ငန်း၌ အလုပ်သမား ၃၀ ကျော်ဖြင့် တစ်ရက်လျှင်ကုန်ကြမ်းကော်စေ့ နှစ်တန်ခန့်အသုံးပြု၍ ကော်ပစ္စည်းမျိုးစုံထုတ်လုပ်နေမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဒေသတွင်းစွန့်ပစ်ပလတ်စတစ်နှင့် ကော်ပစ္စည်းများကို ကုန်ကြမ်းအဖြစ် ပြန်လည်သန့်စင်အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။ ဘားအံစက်မှုဇုန်သည် ၉၆၉ ဧကကျယ်ဝန်းပြီး စက်ရုံ၊ အလုပ်ရုံ ၂၉ ရုံ လုပ်ငန်းလည်ပတ်လျက်ရှိကာ တည်ဆောက်ဆဲစက်ရုံ ၁၄ ရုံနှင့် ဒေသခံပြည်သူ အလုပ်သမား ၃၇၀ ခန့်အား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားကြောင်း သိရသည်။ စောမျိုးမင်းသိန်း(ပြန်/ဆက်) https://t.me/myanmarnewspaper/130697 MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်- For Andriod shorturl.at/myABQ For IOS https://rb.gy/vgdhqc Subscribe to Myanmar Newspaper https://t.me/myanmarnewspaper Subscribe to The Global New Light of Myanmar https://t.me/gnlmon Subscribe to MOI https://t.me/iprdrnd
Hammasini ko'rsatish...
Repost from Myanmar Newspapers
Photo unavailableShow in Telegram
ဘားအံစက်မှုဇုန်၌ BAJA အမှတ်တံဆိပ် သုံးဘီးနှင့် မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်
Hammasini ko'rsatish...
Repost from Eleven Media Group
Photo unavailableShow in Telegram
ဗဟိုဘဏ်က ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် တရုတ်ယွမ် ၁၀ သန်း ထပ်မံရောင်းချပေးမည် မြန််မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် တရုတ်ယွမ် ၁၀ သန်းကို မေ ၂၀ ရက်တွင် ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က သတင်းထုတ်ပြန်ထားသည်။ ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် အ​မေရိကန်ဒေါ်လာ ငါးသန်းကို မေ ၉ ရက်ကလည်း ရောင်းချပေးခဲ့ကြောင်း သိရသည်။ ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း မေ ၇ ရက်က တရုတ်ယွမ် ၂ ဒသမ ၅ သန်းကို လ​ည်းကောင်း၊ ဒေါ်လာ ၅ ဒသမ ၃၈ သန်းကို ဖေဖော်ဝါရီ ၁၄ ရက်ကလည်းကောင်း၊ ဖေဖော်ဝါရီ ၈ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်၌ ဒေါ်လာရှစ်သန်း၊ ဖေဖော်ဝါရီ ၆ ရက်က ဒေါ်လာ ၁၁ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ဗဟိုဘဏ်က ထပ်မံထုတ်ရောင်းခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။ ■ Read More - - - >>> https://news-eleven.com/article/291764
Hammasini ko'rsatish...
Repost from Eleven Media Group
Photo unavailableShow in Telegram
မြန်မာနိုင်ငံတွင် ရေနက်ဆိပ်ကမ်းနှင့် ရေနံချက်စက်ရုံတည်ဆောက်ရေးအတွက် မြန်မာနှင့် ရုရှား ဆွေးနွေး မြန်မာနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းတွင် ထားဝယ်ရေနက်ဆိပ်ကမ်းတစ်ခုတည်ဆောက်ရေးအတွက် မြန်မာတပ်မတော်က ရုရှားနှင့် ဆွေးနွေးမှုများပြုလုပ်နေသည်ဟု construction world သတင်းဝက်ဘ်ဆိုက်တွင် မေ ၁၆ ရက်က ဖော်ပြထားသည်။ ■ Read More - - - >>> https://news-eleven.com/article/291765
Hammasini ko'rsatish...
Repost from Nay Zin Latt
. ☯️ တချိန်တုန်းက ငွေကြေးဖေါင်းဖွမှုမှာ ဇင်ဘာဘွေက နာမယ်ကြီးခဲ့တယ်၊ ရေနံထွက်တဲ့ ဗငိနီဇွဲလားက ဇင်ဘာဘွေထက်ပိုဆိုးတော့ အံ့ဩရတယ်ပေါ့၊ မူဝါဒတရပ်ဘယ်လောက်အရေးကြီးသလဲဆိုတာ ဗင်နီဇွဲလားကိုလေ့လာရင် သိသာထင်ရှားလွန်ပါတယ်၊ 2019 မှာ ဗင်နီဇွလား Inflation က 130,000% 2024 မှာ 107% အထိချပစ်နိုင်တာ... တကယ် Miracle ပဲဖြစ်ပါတယ်၊ ( ဘယ်နေရာကို ကိုင်လိုက်တယ်ဆိုတာ သင်သိပါသလား ❗) BaMg ☯️ .
Hammasini ko'rsatish...
Repost from Nay Zin Latt
Photo unavailableShow in Telegram
. ☯️ အမေရိကန် ဒေါ်လာစွန့်ခွာရေး ကြိုးစားကြရာမှာ "ရုရှား-တရုတ်' ကုန်သွယ်မှု 90% ဟာ ယွမ်/ ရူဗဲလ်နဲ့ ဖြစ်လာပြီလို့ ပူတင်ကပြောလိုက်ပါတယ်၊ ☯️
Hammasini ko'rsatish...
05:53
Video unavailableShow in Telegram
ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံလေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲ ကျင်းပသည်။(မေလ ၁၇)
Hammasini ko'rsatish...
၂.mp433.57 MB
01:21
Video unavailableShow in Telegram
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာနှင့်ပတ်သက်၍ အာရှ-ပစိဖိတ်ပူးတွဲအဖွဲ (Asia Pacific Joint Group - APJG) မျက်နှာချင်းဆိုင်အစည်းအဝေး တက်ရောက်သည်။(မေလ ၁၇)
Hammasini ko'rsatish...
၅.mp42.48 MB
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.