cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

စွမ်းအားရှင် 🇲🇲 🕊

Ko'proq ko'rsatish
Reklama postlari
13 530
Obunachilar
-324 soatlar
-207 kunlar
-5230 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

ရှမ်းမြောက်သတင်းများ ================ လားရှိုးမြို့ ======= ( ၂၉ - ၆ - ၂၄ ) ရက်နေ့နံနက်ပိုင်းတွင် လားရှိုး - သိန်းနီ နယ်စပ် ဘုံမွန်ရွာ တွင် တိုက်ပွဲဖြစ်ပွား ခဲ့ပြီး ရန်သူအထိနာကာ မိမိဘက်မှ အလောင်း/ လက်နက်များရရှိခဲ့။ သီပေါမြို့နယ် =========== ( ၂၉ - ၆ - ၂၄ )ရက်နေ့ တွင် သီပေါမြို့ အား ဝိုင်းပတ်ပိတ်ဆို့ ထားသော TNLAနေရာများတွင် MNDAAများရောက်ရှိလာပြီး နေရာယူ တပ်စွဲထားကြောင်းသိရ။ ကျောက်မဲမြို့နယ် ============ စကခ. ( ၁ )ဌနခ နင့် ခမရ ( ၅၀၁)/ ( ၅၀၂ ) ဘက်တွင် တိုက်ပွဲ အနည်းငယ်သာ ဖြစ်ပွားခဲ့ပြီး မြို့တွင်းတွင် ငြိမ်သက်နေကြောင်းသိရ။ နောင်ချိုမြို့နယ် ========== နောင်ချိုမြို့တွင်းနှင့် ဂုတ်တွင်း တို့တွင် တိုက်ပွဲများဖြစ်ပွား နေဆဲဖြစ်ကြောင်းသိရ။ ကျန်မြို့နယ်များ =========== ထူးခြားမူ မရှိ။ #Fighter (KP)
Hammasini ko'rsatish...
👍 5
စစ်နိုင်ဖို့ကအဓိက ပလောင် TNLA ရဲ့ တစ်ကျော့ပြန် နယ်မြေကျူးကျော်မှုစစ်ပွဲတွေကို လေ့လာကြည့်တဲ့အခါ တပ်တွေကို ရှောင်ကွင်းပြီး မြို့ထဲကို အလုံးအရင်း နဲ့ ဝင်ကာ မြို့ကို ခြေကုတ်ရရှိရေး ကြိုးပမ်းလုပ်ဆောင်နေတာ တွေ့ရ တယ် ။ မြို့ထဲမှာခြေကုတ်ရောက်ပြီးကာမှ သက်ဆိုင်ရာ နယ်မြေခံတပ်တွေကို ပြန်လည် တိုက်ခိုက်ပြီး နယ်မြေဒေသ တစ်ခုလုံးကို အလုံးစုံထိန်းချုပ်နိုင်ရေး ဗျူဟာကို ကျင့်သုံး နေတာကိုလည်း တွေ့ရပြန်တယ်။ သဘောကတော့ မြို့ထဲကို သူတို့ခြေကုတ် ရရင်  အင်တာနက် ခေတ်မှာ ဓာတ်ပုံရိုက် ပြ ဝါဒ ဖြန့်ချိရုံနဲ့ စိတ်ဓာတ်ရေးအရအသာ စီး ရသွားပြီ ဖြစ်သလို ဒီပုံရိပ်တွေကြောင့် ပဲ မိမိတပ်တွေ ရော မိမိပြည်သူလူထုကပါ စိတ်ထိခိုက်မှုတွေ ဖြစ်လာစေခြင်းဖြင့် စိတ်ဓာတ်ရေးရာ အရ အသာစီးရဖို့  ဦးစွာ ကြိုးပမ်းလုပ်ဆောင်လာတဲ့ သဘောပဲ။ ဒါကလည်း ရှေ့မှာဖြစ်ခဲ့တဲ့ ၁၀၂၇ တုန်းက အတွေ့အကြုံတွေအရ လုံခြုံရေး တပ်တွေဟာ မြို့ပတ်လည် အပြည့်အဝ လုံခြုံရေး ယူနိုင်စွမ်းအားနည်း နေတာ ကို သိရှိခဲ့ခြင်း ၊  မြို့ထဲကို ခြေကုတ် ရပြီး ချိန်မှာ မိမိတပ်တွေ အနေနဲ့ မြို့နေ ပြည်သူလူထု ထိခိုက်မှာစိုးလို့ ပြင်းပြင်း ထန်ထိန် ဗုံးကျဲတိုက်ခိုက်လေ့ မရှိတဲ့ အချက်ကို သိရှိခဲ့ခြင်း စတဲ့ အချက်တွေ ကို  အခွင့်အရေးတစ်ရပ်အနေဖြင့် အသုံးချ တိုက်ခိုက်နေတာတွေ့ရတယ်။ တလောက ၁၀၂၇ စစ်ပွဲအတွေ့အကြုံ နဲ့ ပတ်သက်ပြီး နမ့်ခမ်းမြို့မှာ နေခဲ့တဲ့ အမျိုးသမီးတစ်ယောက် ပြောတာကို သတိရမိတယ်။ နမ့်ခမ်းမြို့ ကို ပလောင်တွေဝင်တော့ တပ်က တော်တော်ညှာတယ်တဲ့ ။ လူတွေ အဆောက်အ ဦး တွေ ထိခိုက်မှာ စိုးလို့ ပြင်းပြင်းထန်ထန် တုံ့ပြန်မတိုက် ခိုက်ဖူးလို့ ဆိုပါတယ် ။မြို့ထဲကို လည်း လေယာ ဥ်နဲ့ ဗုံးလာမကျဲတော့ TNLA က တဖြည်းဖြည်းနဲ့ နေရာယူလာရာ ကနေ နောက်ဆုံး တစ်မြို့ လုံးကို ရောက်ကုန်တော့တာပဲ ။နောက်မှ နမ့်ခမ်းမြို့ပြင်မှာ ရှိတဲ့ တပ်မကုန်းကို ပလောင် က တိုက်ပါသတဲ့။မြို့တွင်း တိုက်ပွဲလို့ ပြောကြပေမယ့် ကျမ တို့ နမ့်ခမ်းမြို့ ကတော့ တအားကြီး မပျက်စီးလိုက်ပါဘူး လို့ ပြောပြပါတယ်။ အဲဒီလို ပြောပြတဲ့ အမျိုးသမီးက ရှမ်းတိုင်း ရင်းသူ တစ် ဦး ဖြစ်ပြီး အခုတော့ သူတို့ စီးပွားရေး အရ ဆိုင်ခန်းပြန်ဖွင့် တာ ပလောင် က တစ် လ သိန်း ၁၂၀ တောင်းလို့ မဖွင့်နိုင်တော့ဘဲ ရန်ကုန်ရှိ ဝန်ထမ်းဖြစ်တဲ့ သူယောကျာ်းဆီကို ပြန်ရောက်နေပါပြီ။ ဆိုတော့ ပြောချင်တာ က ရန်သူ့ဗျူဟာ ကို ကျွန်တော် တို့ သိပြီ ဖြစ်လို့ ဘာလုပ် သင့်တယ် ဆိုတာကို အကောင်းဆုံး ရွေးချယ်တုံ့ပြန်နိုင်ဖို့ လိုပါတယ်။ အဓိက တော့ ပြင်းပြင်းထန်ထန် ဗုံးကျဲ တိုက်ခိုက်ဖို့ လိုပါတယ် ။ အမေရိကန်တွေ တောင် မြို့သိမ်းတိုက်ပွဲတွေမှာ ဖွတ်ဖွတ် ညက်ညက်ကျေအောင် ဗုံးကျဲပြီး ကာမှ မြို့ကို သိမ်းပါတယ် ။ အလံတက် စိုက်ပါ တယ် ။ ၂၀၀၄ ခုနှစ် ဖာလူဂျာမြို့သိမ်း တိုက်ပွဲမှာ လူစည်ကားရာ ဈေးခေါင်းမိုး ပေါ်ကို ဗုံးကျဲချခဲ့လို့ လူ ၅၀၀ ကျော်ပြ ၁၀၀၀ နီးပါး  ဒဏ်ရာရခဲ့တာကို ကြည့်ရင် ကိုယ်တွေ လည်း ဘာမှ ညှာစရာမရှိပါ ဘူး။ စစ်နိုင်ဖို့ က သာ အဓိကပါ။ နပိုလီယန် ပြောခဲ့သလိုပဲ ၊ တိုင်းပြည် အတွက်အလုပ်လုပ်တာ  ဥပဒေချိုးဖောက် တယ် ဆိုတာ မရှိဘူး ဆိုတဲ့ အတိုင်းရဲရဲရင့်ရင့် တုံ့ပြန် ချေမှူန်းကြရမယ် ။ နယ်မြေကျူးကျော်ရန်စလာတဲ့ TNLA အကြမ်းဖက် သူပုန်တွေ ကို အမြစ်ပြတ် ချေမှူန်းကြရမယ့် တာဝန်ဟာ မိကောင်း ဖခင်သားသမီးများဖြစ်တဲ့ မြန်မာ တိုင်းရဲ့ တာဝန်  ဖြစ်တာမို့ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ် ညွတ်နဲ့ မြန်မာ့သွေးကို ပြကြပါ။ အောင်နိုင်သူ (ဇွဲကပင်)
Hammasini ko'rsatish...
👍 4
Photo unavailableShow in Telegram
ကောလင်းမြို့နယ် ကြူတောကျေးရွာအနီး အကြမ်းဖက် KIA/PDF များ၏ အလောင်း လက်နက် ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ 2024 June 30 ဇွန်လ ၂၉ ရက် နံနက် ၈ နာရီခွဲခန့်က ကောလင်းမြို့နယ် ကြူတောကျေးရွာအနီး နယ်မြေရှင်းရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက် KIA/PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ -အကြမ်းဖက် KIA/PDF ၁ လောင်း -ပစ္စတိုသေနတ် ၁ လက် -ကျည်အိမ် ၁ ခု -ကျည် ၈ တောင့် -အိုင်ကွန် ၁ လုံးတို့အား သိမ်းဆည်းရမိကြောင်း သိရပါသည်။
Hammasini ko'rsatish...
👍 4
နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ ပေကျင်း၌ တွေ့ဆုံဆွေးနွေး 🇲🇲🇨🇳
Hammasini ko'rsatish...
👍 5 1
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ     ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  အား                                                     ထိုင်းဘုရင့်တပ်မတော်မှ Lt. Gen. Prasan Saengsirirak ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့လာရောက်ဂါရဝပြုတွေ့ဆုံ
Hammasini ko'rsatish...
Photo unavailableShow in Telegram
🌷စိတ်ကောင်း ရှိထားမယ်ဆိုရင်🌷 ဘာယူရမလဲဆိုတာထက် ဘာပေးရမလဲစိတ်နဲ့နေထိုင်ပါ ။ လေးတယ်ဆိုတာ ကိုယ်ကယူလိုက်တာကြောင့်ပါ ။ မယူရင်လေးစရာလည်းမလိုသလို ပေးစရာလည်းမရှိနိုင်ပါဘူး ။ ပေးတတ်တဲ့အလေ့ရှိတဲ့သူဟာ ချစ်ခင်တဲ့သူတွေ ပေါများနိုင်ပါတယ် ။ တစ်စုံတစ်ယောက်က ကိုယ်ကိုမေတ္တာရှိပြီး ခင်တယ်ဆိုတာ ကိုယ့်မှာစိတ်ကောင်းလေးရှိနေလို့ပါ ။ ကိုယ့်မှာ စိတ်ဓာတ်သာညံ့မယ်ဆိုရင် ခေါ်ယူဆက်ဆံဖို့ နေနေသာသာ စကားတောင် အတူမပြောချင်ပါဘူး ။ အထူးသဖြင့်အကျင့်မကောင်းဘူးဆိုတာ သိသွားရင် အားလုံးဟာ ကြဉ်ဖယ်သွားကြတာသဘာ၀ပါ ။ ဒါကြောင့် ဘ၀မှာ ကောင်းကျိုးတွေများများရချင်ရင် ကုသိုလ်များများပြုကြဖို့လိုသလို မိတ်ဆွေကောင်းများလိုချင်ရင်လည်း ကိုယ်ကစိတ်ထားကောင်းဖို့လိုပါတယ် ။ 🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏 #မေတ္တာများစွာဖြင့်ပြန်လည်မျှဝေအပ်ပါသည်
Hammasini ko'rsatish...
🙏 12👍 1
Photo unavailableShow in Telegram
မင်္ဂလာနံနက်ခင်းပါ 🙏🙏🙏 သောကကင်းဝေး စိတ်အေးချမ်းမြ လိုရာမှန်သမျှ တတိုင်းရ ပြည့်စုံပါစေ။
Hammasini ko'rsatish...
🙏 20👍 1
05:04
Video unavailableShow in Telegram
(၃၆)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေး ပြုလုပ်သည်။(ဇွန်လ ၂၉)
Hammasini ko'rsatish...
၄.mp435.07 MB
👍 19😁 1
03:26
Video unavailableShow in Telegram
ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ၏ အစီရင်ခံစာပါ ရေးသားချက်များအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်ကို အဖွဲအစည်းအသီးသီးက ကြိုဆိုထောက်ခံကြောင်း သဘောထားများ ထုတ်ပြန်သည်။(ဇွန်လ ၂၉)
Hammasini ko'rsatish...
၃.mp45.15 MB
👍 11😁 3
03:19
Video unavailableShow in Telegram
နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပသော ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ် ချမှတ်သည့် နှစ်(၇၀)ပြည့် အထိမ်းအမှတ်အခမ်းအနား တက်ရောက်သည်။ (ဇွန်လ ၂၉)
Hammasini ko'rsatish...
၂.mp417.67 MB
👍 9😁 1
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.