uz
Feedback
Cosmic Rays Poems

Cosmic Rays Poems

Kanalga Telegram’da o‘tish

ကဗျာရေးတဲ့လက်နဲ့ အ‌နာဂတ်ကိုပုံဖော်မယ် ကဗျာကို ကဗျာကဲ့သို့ ရေးသားရန်။ Adm မလိုအပ်တော့ပါ ။ Owner သို​့ ဆက် သွယ်ရန် @onlyking009 Sec Owner ကို ဆက်သွယ်ရန် @waygyi1500

Ko'proq ko'rsatish
3 025
Obunachilar
Ma'lumot yo'q24 soatlar
+247 kunlar
-4930 kunlar
Postlar arxiv
​တိမ်တွေ လွင့်မျောသလို ငြင်သာလွန်းတဲ့ မင်းရဲ့ အသံလေး... ​အဲဒီအသံလေးက လောကရဲ့ ဘယ်လို မူးယစ်ဆေးထက်မဆို ပိုပြီး ပြင်းရှ လွန်းတယ်။ ​နားဆင်ခွင့်ရတဲ့ စက္ကန့်တိုင်းမှာ နှလုံးသားက တုန်လှုပ်ရပြီး... ​မကြားရတဲ့ မိနစ်တိုင်းမှာတော့ ရူးသွပ်လုမတတ် စွဲလမ်းစေတယ်...။
​-ကျူးရင့်အလင်္ကာ

အလုံပိတ် အခန်းတစ်ခုလိုတယ်အချစ်ရေ ခံစားချက်တွေ‌ ပေါက်ကွဲတဲ့အခါ ဘယ်သူမှကြားနိုင်ဖို့ စီးကရပ်ငွေ့တွေ လွှင့်ပြယ်တဲ့အခါ ဘယ်သူမှ မမ
အလုံပိတ် အခန်းတစ်ခုလိုတယ်အချစ်ရေ ခံစားချက်တွေ‌ ပေါက်ကွဲတဲ့အခါ ဘယ်သူမှကြားနိုင်ဖို့ စီးကရပ်ငွေ့တွေ လွှင့်ပြယ်တဲ့အခါ ဘယ်သူမှ မမြင်ရဖို့။ ပြီးတော့ ကိုယ့်ခံစားချက်တွေမင်းမမြင်နိုင်အောင် ဘယ်သူမှ ရှာလို့မတွေ့တဲ့အခန်းတစ်ခုလိုတယ်အချစ်ရေ။ -မိုးသစ်ပင်

စိတ္တဇငှက် လိပ်ပြာငယ် တောင်ပံခပ် မှောင်ယံထပ် လန့်နိုးကာ။ စိတ်မြူမှာ ရှာဖွေဆဲ ပြာဝေမြဲသာ။ အိပ်မက်တွင် တွေးထင်ကာ ပြေးမြင်ရာ ဖက်တွယ်လျက်။ အငွေ့ဆန် မတွေ့ပြန် စိတ္တဇလူငယ် မို့ အို... အတိတ်လူတွက်။ -ရဝေသျှင်နှောင်း

ထရော်မာတွေကြောင့် ပျော်စရာတွေပျောက်ခဲ့ရတဲ့ည... အဲ့ဒီမှာ ငါအချစ်ဆိုတာကို သိခွင့်ရခဲ့ ။ ဘဝကို မင်းမပါဘဲ ဖြတ်သန်းနည်းကို ငါ ဘယ်တ
ထရော်မာတွေကြောင့် ပျော်စရာတွေပျောက်ခဲ့ရတဲ့ည... အဲ့ဒီမှာ ငါအချစ်ဆိုတာကို သိခွင့်ရခဲ့ ။ ဘဝကို မင်းမပါဘဲ ဖြတ်သန်းနည်းကို ငါ ဘယ်တက်ကျမ်းထဲမှာမှ ရှာမတွေ့ဘူး။    ။ ▪️စာတိုငဖြူ ▪️သန်းခေါင်ယံ စိတ်ကူး

မူးပြီးဆိုတာနဲ့ ကျွန်တော်က စရူးတော့တာပါပဲ အသံအကျယ်ကြီးအော်ပြီး မင်းကို မေ့နိုင်တယ် အကြောင်း အရင်ဆုံအော်ပြောတယ် ပြီးရင် အမူးပြေတာနဲ့ မင်းကိုပဲ ထပ်လွမ်းတယ် —ကိုခန့်

မိုးဝသန် မိုးရာသီ ရောက်တော့မည် မြစီနားဆွဲ ပင်ထက်မြဲ။ ဝသန်ဦးမှာ စိမ်းစိုကာ ဒေဝါမိုးသည်း ‌ဆောင်ယူဆဲ။ ပြေးလွှားကစား ကလေးများ ပျေ
မိုးဝသန် မိုးရာသီ ရောက်တော့မည် မြစီနားဆွဲ ပင်ထက်မြဲ။ ဝသန်ဦးမှာ စိမ်းစိုကာ ဒေဝါမိုးသည်း ‌ဆောင်ယူဆဲ။ ပြေးလွှားကစား ကလေးများ ပျော်ပါး‌လို့ကဲ မိုးရေထဲ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-သံပေါက်

မင်းရေးမယ့် ဝလုံး ဝိုင်းဝိုင်းလေးငါဖြစ်ချင်တယ် ‎မင်းပါးဖောင်းဖောင်းလေးနမ်းခွင့်ရတဲ့သူ ငါဖြစ်ချင်တယ် ‎ငါ့ကဗျာရွတ်သံတွေနဲ့ မင်းရဲ့အိပ်ဖန်စောင့်ဖြစ်ဖို့ ‎ငါတို့နှစ်ယောက်ရဲ့ ပေါင်းကူးတံတားအဖြစ် ‎ငါကဗျာတွေနဲ့ မင်းကိုတင်တောင်းပါ့မယ် ‎ ‎#ခန့်ထည်

မင်းအတွက်ရည်ရွယ်ပြီး ပြုတဲ့ကုသိုလ်တွေထဲ မေတ္တာသုတ်အကြိမ်ကြိမ်မရွတ်ဝံ့တာ ခြွင်းချက်ပါကွယ် မင်းဆီဆူးမဲ့မေတ္တာတွေနဲ့ ကိုယ်ပြန်ပြ
မင်းအတွက်ရည်ရွယ်ပြီး ပြုတဲ့ကုသိုလ်တွေထဲ မေတ္တာသုတ်အကြိမ်ကြိမ်မရွတ်ဝံ့တာ ခြွင်းချက်ပါကွယ် မင်းဆီဆူးမဲ့မေတ္တာတွေနဲ့ ကိုယ်ပြန်ပြီးရူးစမ်းပါရစေ တစ်သက်လုံး မင်းနာမည်နဲ့နွံအိုင်လေးထဲမှာ အနစ်မွန်းခံပြီး ဆက်ချစ်သွားမယ် -စာတိုငဖြူ

ငါ့ဈာပန ကာရန်တွေလောင်ကျွမ်းသွားတဲ့အသံကို နောက်ဆုံးအနေနဲ့ မင့်တို့ကြားရလိမ့်မယ် ကဗျာတွေ လေထုထဲပျော်ဝင်သွားတာကို နောက်ဆုံးအနေနဲ့ မင်းတို့မြင်ရလိမ့်မယ်။ - နေညို။။။

vcenderဖြစ်နေလို့တောင်းပန်ပါတယ်ဗျာ

Vcမရတော့ဘူး

စာမျက်နှာထောင့်က သက်သေ မူးနောက်နေတဲ့ ကမ္ဘာကြီးကို ခဏဘေးဖယ်ပီး မင်းဆီကိုအချိန်တွေ အတင်းလုကာ ကိုယ်အရောက်စာပို့မိတယ် ငြင်းဆန်မရတ
စာမျက်နှာထောင့်က သက်သေ မူးနောက်နေတဲ့ ကမ္ဘာကြီးကို ခဏဘေးဖယ်ပီး မင်းဆီကိုအချိန်တွေ အတင်းလုကာ ကိုယ်အရောက်စာပို့မိတယ် ငြင်းဆန်မရတဲ့ ဒီအလုပ်များပြားမှုတွေကြားက မအားလို့ပါ" အလုပ်ရှုပ်နေတယ်" ဆိုတဲ့စကားလုံးတွေနဲ့ ပြစ်မထားရက်ပါဘူးအချစ်ရယ် အခုလို မအားလပ်တဲ့ကြားက ပို့လိုက်တဲ့ စာတစ်စောင်ဟာ ကိုယ့်ကမ္ဘာမှာ မင်းကိုပဲ အချစ်ဆုံးဆိုတဲ့ သက်သေပဲ - ဇေယံ(အရိပ်)

လက်ဖက်ရည် နှစ်ယောက်တစ်ခွက် ခွဲတစ်ဝက် တက်လက်ညီညာကာ။ ချို့စိမ့်သကြား ပုံမှန်လား အများတန်းတူသာ။ ဝိုင်းဖွဲ့စုံမှ ဖလှယ်ရ လောကနိဗ္ဗ
လက်ဖက်ရည် နှစ်ယောက်တစ်ခွက် ခွဲတစ်ဝက် တက်လက်ညီညာကာ။ ချို့စိမ့်သကြား ပုံမှန်လား အများတန်းတူသာ။ ဝိုင်းဖွဲ့စုံမှ ဖလှယ်ရ လောကနိဗ္ဗာန်ပါ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-သံပေါက်

အကိုဟာ မေမမှီတဲ့အဝေးတစ်နေရာ အကိုရေ… မေ့ဘဝထဲကို ရောက်လာခဲ့တာ တကယ်တော့ ကံကောင်းခြင်းတစ်ခုလို့ထင်ခဲ့တာပါ ဒါပေမဲ့ အခုမှပဲ သိလိုက်ရတယ် အနားမှာရှိနေပေမဲ့… အကိုဟာ မေ့အနားရောက်ဖို့မလွယ်တဲ့ အဝေးတစ်နေရာမှာ အမြဲရှိနေတာမှန်း။ တစ်ခါတလေကျရင် အကိုဟာ မေ့ကိုကမ္ဘာပေါ်မှာ ထူခြားတဲ့အချစ်တွေနဲ့ မတူအောင်ချစ်ပြပြီး ဘယ်တော့မှမခွာဘူးဆိုတဲ့ စကားလုံးတွေနဲ့ မေ့နှလုံးသားတစ်ခုလုံးကို အသက်သွင်းစေခဲ့တယ်… ဒါပေမဲ့ တစ်ခြားအချိန်ကျရင်ကျတော့ အကိုဟာ ဘယ်ကိုပျောက်သွားမှန်းမသိ၊ မေလက်လှမ်းလို့မမှီတဲ့နေရာကို ရောက်သွားတတ်တယ် အကို့ရဲ့စိတ်၊ အကို့ရဲ့အတွေး၊ အကိုဘာတွေခံစားနေလဲဆိုတာ မေဘယ်တော့မှ အပြည့်အဝနားလည်ခွင့်မရခဲ့ဘူး။ မေအကို့ကိုချစ်တာဟာ တစ်ဖက်သက်လားလို့ တွေးမိတဲ့ညတွေ အများကြီးပါ… ရှိနေပေးတယ်ဆိုပေမဲ့ မေလိုအပ်တဲ့အချိန်တိုင်းမှာ အကိုရှိခဲ့သလိုပဲ မေ့ရင်ထဲကနာကျင်မှုတွေကိုလည်း အကိုဘယ်တော့မှ သေချာမသိခဲ့ဘူး။ အကိုကိုချစ်တဲ့စိတ်ကြောင့်သာ အရာအားလုံးကို သည်းခံပြီး လက်ခံနေရတာပါ ဒီလိုနဲ့ပဲ အကို့ရဲ့အပြောင်းအလဲတွေကြားထဲက အကို့ကိုပဲ တစ်ယောက်တည်း ဆက်ချစ်နေမိမှာပါ… ဒါပေမဲ့ အကိုရေ… မေ့ရင်ထဲ ဘယ်လောက်နာကျင်ရလဲဆိုတာ တစ်ခါလောက်တော့ ဝင်ခံစားကြည့်ပါလား… -‌အက္ခရာမေ

ဘာမှမသိတာပဲကောင်းပါတယ် မဟုတ်ရင် မင်းလိမ်ထားတာသိသိနဲ့ ငါဆက်ချစ်နေအုံးမှာ အခုလဲဘာထူးလဲ အိပ်ချင်ယောင်ဆောင်တဲ့ ကြောင်မလေးအတွက် မန
ဘာမှမသိတာပဲကောင်းပါတယ် မဟုတ်ရင် မင်းလိမ်ထားတာသိသိနဲ့ ငါဆက်ချစ်နေအုံးမှာ အခုလဲဘာထူးလဲ အိပ်ချင်ယောင်ဆောင်တဲ့ ကြောင်မလေးအတွက် မနက်တိုင်း အလန်းဖြစ်ပေးနေတယ်...။ -စာတိုငဖြူ

နေတာကြာဖို့ နေကြာပင်လေးတွေ စိုက်ထားသလို သစ္စာမြဲဖို့ သစ္စာပန်းတွေလဲ စိုက်ထားပါတယ် ဟောအိမ်ရဲ့ တံစက်မြိတ် ငါရဲ့ နာကျင်ခြင်းတွေ စီးချလာပြန်ပြီ ♡ ခန့်ထည် ♡

11:30 ကောင်ကင်နဲ့မြေကြီးကွာခြားပုံကိုမသိရင်မင်းကဗျာမရေးနဲ့တဲ့ ဗိုလ်အောင်ကျော်လမ်းက ခိုတွေစိတ်နာသွားပုံရပါတယ် သူတို့အော်သံလေးတ
11:30 ကောင်ကင်နဲ့မြေကြီးကွာခြားပုံကိုမသိရင်မင်းကဗျာမရေးနဲ့တဲ့ ဗိုလ်အောင်ကျော်လမ်းက ခိုတွေစိတ်နာသွားပုံရပါတယ် သူတို့အော်သံလေးတွေမှာတောင် ဒဏ်ရာတွေနဲ့ ဟုတ်ကဲ့ ကျွန်တော် အောက်လမ်းလဲတက်ပါတယ် - ဇေယံ(အရိပ်)

မင်းပေးခဲ့တဲ့ အေးစက်ခြင်းနဲ့ ပူလောင်ခြင်းတွေအကြား ငါလိုချင်တာ မင်းဆီက နွေးထွေးမှုလေ ခင်...။ -အံ့လွန်းပျို

"ကဗျာ" မမကို ချစ်တယ်။ - နေညို။။။

မနက်မိုးလင်းတော့ မင်းပျောက်သွားတယ် ကဗျာဆရာ လရောင်အောက်က ငါတို့နှစ်ယောက် အခုတော့ နေရောင်အောက်မှာ ငါတစ်ယောက်တည်း ဒါပေမယ့် ငါ့လက်ထဲမှာ စာရွက်တွေပြည့်နေတဲ့ ကဗျာစာအုပ်လေးတစ်အုပ် မင်းနာမည်ကို ငါမမေးခဲ့ဘူး မင်းဘယ်ကလာလဲ ငါမသိခဲ့ဘူး ဒါပေမယ့် မင်းငါ့ကို သင်ပေးခဲ့တယ် ဝေဒနာဆိုတာ ကဗျာတစ်ပုဒ်ရဲ့ အစပဲဆိုတာ အခု ငါလည်း ကဗျာဆရာတစ်ယောက်ဖြစ်နေပြီ "Only King" ကိုမေးတဲ့ ကြေကွဲလူငယ်ကနေ "Only King" အတွက် ကဗျာရေးတဲ့ ကဗျာဆရာတစ်ယောက် ဖြစ်သွားပြီ ဒီည လရောင်အောက်မှာ ငါ့ရဲ့ Only King အတွက် ကဗျာတစ်ပုဒ် ငါရေးမယ် ပြီးတော့ ငါ့လိုပဲ တစ်နေရာရာမှာ ငိုကြွေးနေတဲ့ ကြေကွဲလူငယ်တစ်ယောက်ကို ငါသွားရှာမယ် သူ့ကို ကလောင်တံတစ်ချောင်းနဲ့ စာရွက်ဖြူဖြူ ကမ်းလှမ်းဖို့ နှစ်ပေါင်းများစွာကြာတော့ ငါ့ဆီ လူငယ်တစ်ယောက်လာတယ် လရောင်အောက်မှာ ရပ်ပြီး ငါ့ကိုမေးတယ် "မင်းလား ကဗျာကလောင်နာမည်ခံတဲ့သူ" ငါပြုံးလိုက်မိတယ် နှစ်ပေါင်းများစွာက ငါ့ကိုလာမေးခဲ့တဲ့ ကဗျာဆရာလို ပြုံးမိတယ် ပြီးတော့ ငါပြောလိုက်တယ် "ငါလည်း မင်းလိုပဲ ကိုယ့်ဘုရင်ကို ဆုံးရှုံးခဲ့ရတဲ့သူပဲ ဒါပေမယ့် မင်းငိုနေတုန်းပဲလား ဒါမှမဟုတ် ကဗျာတစ်ပုဒ် စရေးပြီးပြီလား" လူငယ်လေး ငါ့ကိုကြည့်တယ် သူ့မျက်ဝန်းတွေထဲမှာ နှစ်ပေါင်းများစွာက ငါ့မျက်ဝန်းတွေလိုပဲ မျှော်လင့်ချက်မဲ့တဲ့အလင်း ဒါပေမယ့် တစ်စုံတစ်ခု ပြောင်းလဲသွားတယ် သူငါ့ကိုပြန်ပြောတယ် "ငါ စရေးချင်ပါတယ် ဒါပေမယ့် ဘယ်လိုစရေးရမှန်း မသိဘူး" ငါထသွားတယ် သူ့အနားကပ်ပြီး ကလောင်တံတစ်ချောင်းနဲ့ စာရွက်ဖြူဖြူ ကမ်းလှမ်းလိုက်တယ် "ဒီလိုပဲ စရေးလိုက်ပါ 'ချစ်ခြင်း' ဆိုတဲ့ စကားလုံးလေးနဲ့" လရောင်အောက်မှာ ငါတို့နှစ်ယောက် ကဗျာဆရာနဲ့ ကြေကွဲလူငယ် ဝေဒနာဆိုတဲ့ ကြိုးတစ်ချောင်းစီမှာ ပုတီးစေ့တွေလို ချိတ်ဆွဲထားမိတယ် ဒီတစ်ခါတော့ ငါက ကဗျာဆရာ သူက ကြေကွဲလူငယ် ငါ့လက်ထဲက ကလောင်တံလေး သူ့လက်ထဲကို ရောက်သွားတယ် ငါ့ရဲ့ Only King အတွက် ငါရေးခဲ့သလို သူလည်း သူ့ရဲ့ Only King အတွက် ကဗျာတစ်ပုဒ် ရေးလိမ့်မယ် ပြီးတော့ တစ်နေ့ သူလည်း ငါလိုပဲ နောက်ထပ် ကြေကွဲလူငယ်တစ်ယောက်ကို ကလောင်တံတစ်ချောင်း ကမ်းလှမ်းလိမ့်မယ် ဒီလိုနဲ့ ကဗျာတွေ ဆက်လက်စီးဆင်းနေမယ် ချစ်ခြင်းတွေ ဆက်လက်ရှင်သန်နေမယ် "Only King" ဆိုတဲ့ နာမည်လေးအောက်မှာ ကြေကွဲလူငယ်တွေရဲ့ မျက်ရည်စက်တွေဟာ ကဗျာစကားလုံးတွေအဖြစ် ပြောင်းလဲသွားမယ် ဘာဖြစ်လို့လဲဆိုတော့ ငါတို့အားလုံးဟာ တစ်နေ့မှာ ဆုံးရှုံးခဲ့ရတဲ့ ကိုယ့်ဘုရင်အတွက် ကဗျာရေးတဲ့သူတွေချည်းပဲလေ။ # ကြေကွဲလူငယ်တစ်ယောက်