Cosmic Rays Poems
رفتن به کانال در Telegram
ကဗျာရေးတဲ့လက်နဲ့ အနာဂတ်ကိုပုံဖော်မယ် ကဗျာကို ကဗျာကဲ့သို့ ရေးသားရန်။ Adm မလိုအပ်တော့ပါ ။ Owner သို့ ဆက် သွယ်ရန် @onlyking009 Sec Owner ကို ဆက်သွယ်ရန် @waygyi1500
نمایش بیشتر3 025
مشترکین
اطلاعاتی وجود ندارد24 ساعت
+247 روز
-4930 روز
آرشیو پست ها
3 025
တိမ်တွေ လွင့်မျောသလို ငြင်သာလွန်းတဲ့ မင်းရဲ့ အသံလေး... အဲဒီအသံလေးက လောကရဲ့ ဘယ်လို မူးယစ်ဆေးထက်မဆို ပိုပြီး ပြင်းရှ လွန်းတယ်။ နားဆင်ခွင့်ရတဲ့ စက္ကန့်တိုင်းမှာ နှလုံးသားက တုန်လှုပ်ရပြီး... မကြားရတဲ့ မိနစ်တိုင်းမှာတော့ ရူးသွပ်လုမတတ် စွဲလမ်းစေတယ်...။-ကျူးရင့်အလင်္ကာ
3 025
အလုံပိတ် အခန်းတစ်ခုလိုတယ်အချစ်ရေ
ခံစားချက်တွေ ပေါက်ကွဲတဲ့အခါ
ဘယ်သူမှကြားနိုင်ဖို့
စီးကရပ်ငွေ့တွေ လွှင့်ပြယ်တဲ့အခါ
ဘယ်သူမှ မမြင်ရဖို့။
ပြီးတော့ ကိုယ့်ခံစားချက်တွေမင်းမမြင်နိုင်အောင်
ဘယ်သူမှ ရှာလို့မတွေ့တဲ့အခန်းတစ်ခုလိုတယ်အချစ်ရေ။
-မိုးသစ်ပင်
3 025
စိတ္တဇငှက်
လိပ်ပြာငယ် တောင်ပံခပ်
မှောင်ယံထပ် လန့်နိုးကာ။
စိတ်မြူမှာ ရှာဖွေဆဲ
ပြာဝေမြဲသာ။
အိပ်မက်တွင် တွေးထင်ကာ
ပြေးမြင်ရာ ဖက်တွယ်လျက်။
အငွေ့ဆန်
မတွေ့ပြန် စိတ္တဇလူငယ် မို့
အို...
အတိတ်လူတွက်။
-ရဝေသျှင်နှောင်း
3 025
ထရော်မာတွေကြောင့်
ပျော်စရာတွေပျောက်ခဲ့ရတဲ့ည...
အဲ့ဒီမှာ ငါအချစ်ဆိုတာကို
သိခွင့်ရခဲ့ ။
ဘဝကို မင်းမပါဘဲ ဖြတ်သန်းနည်းကို
ငါ ဘယ်တက်ကျမ်းထဲမှာမှ
ရှာမတွေ့ဘူး။ ။
▪️စာတိုငဖြူ
▪️သန်းခေါင်ယံ စိတ်ကူး
3 025
မူးပြီးဆိုတာနဲ့ ကျွန်တော်က စရူးတော့တာပါပဲ
အသံအကျယ်ကြီးအော်ပြီး
မင်းကို မေ့နိုင်တယ် အကြောင်း အရင်ဆုံအော်ပြောတယ်
ပြီးရင် အမူးပြေတာနဲ့ မင်းကိုပဲ ထပ်လွမ်းတယ်
—ကိုခန့်
3 025
မိုးဝသန်
မိုးရာသီ
ရောက်တော့မည်
မြစီနားဆွဲ ပင်ထက်မြဲ။
ဝသန်ဦးမှာ
စိမ်းစိုကာ
ဒေဝါမိုးသည်း ဆောင်ယူဆဲ။
ပြေးလွှားကစား
ကလေးများ
ပျော်ပါးလို့ကဲ မိုးရေထဲ။
ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-သံပေါက်
3 025
မင်းရေးမယ့် ဝလုံး ဝိုင်းဝိုင်းလေးငါဖြစ်ချင်တယ်
မင်းပါးဖောင်းဖောင်းလေးနမ်းခွင့်ရတဲ့သူ ငါဖြစ်ချင်တယ်
ငါ့ကဗျာရွတ်သံတွေနဲ့ မင်းရဲ့အိပ်ဖန်စောင့်ဖြစ်ဖို့
ငါတို့နှစ်ယောက်ရဲ့ ပေါင်းကူးတံတားအဖြစ်
ငါကဗျာတွေနဲ့ မင်းကိုတင်တောင်းပါ့မယ်
#ခန့်ထည်
3 025
မင်းအတွက်ရည်ရွယ်ပြီး
ပြုတဲ့ကုသိုလ်တွေထဲ
မေတ္တာသုတ်အကြိမ်ကြိမ်မရွတ်ဝံ့တာ
ခြွင်းချက်ပါကွယ်
မင်းဆီဆူးမဲ့မေတ္တာတွေနဲ့
ကိုယ်ပြန်ပြီးရူးစမ်းပါရစေ
တစ်သက်လုံး
မင်းနာမည်နဲ့နွံအိုင်လေးထဲမှာ
အနစ်မွန်းခံပြီး ဆက်ချစ်သွားမယ်
-စာတိုငဖြူ
3 025
ငါ့ဈာပန
ကာရန်တွေလောင်ကျွမ်းသွားတဲ့အသံကို
နောက်ဆုံးအနေနဲ့ မင့်တို့ကြားရလိမ့်မယ်
ကဗျာတွေ လေထုထဲပျော်ဝင်သွားတာကို
နောက်ဆုံးအနေနဲ့ မင်းတို့မြင်ရလိမ့်မယ်။
- နေညို။။။
3 025
စာမျက်နှာထောင့်က သက်သေ
မူးနောက်နေတဲ့ ကမ္ဘာကြီးကို
ခဏဘေးဖယ်ပီး မင်းဆီကိုအချိန်တွေ
အတင်းလုကာ ကိုယ်အရောက်စာပို့မိတယ်
ငြင်းဆန်မရတဲ့ ဒီအလုပ်များပြားမှုတွေကြားက မအားလို့ပါ" အလုပ်ရှုပ်နေတယ်" ဆိုတဲ့စကားလုံးတွေနဲ့ ပြစ်မထားရက်ပါဘူးအချစ်ရယ်
အခုလို မအားလပ်တဲ့ကြားက
ပို့လိုက်တဲ့ စာတစ်စောင်ဟာ
ကိုယ့်ကမ္ဘာမှာ မင်းကိုပဲ
အချစ်ဆုံးဆိုတဲ့ သက်သေပဲ
- ဇေယံ(အရိပ်)
3 025
လက်ဖက်ရည်
နှစ်ယောက်တစ်ခွက်
ခွဲတစ်ဝက်
တက်လက်ညီညာကာ။
ချို့စိမ့်သကြား
ပုံမှန်လား
အများတန်းတူသာ။
ဝိုင်းဖွဲ့စုံမှ
ဖလှယ်ရ
လောကနိဗ္ဗာန်ပါ။
ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-သံပေါက်
3 025
အကိုဟာ မေမမှီတဲ့အဝေးတစ်နေရာ
အကိုရေ…
မေ့ဘဝထဲကို ရောက်လာခဲ့တာ
တကယ်တော့ ကံကောင်းခြင်းတစ်ခုလို့ထင်ခဲ့တာပါ
ဒါပေမဲ့ အခုမှပဲ သိလိုက်ရတယ်
အနားမှာရှိနေပေမဲ့…
အကိုဟာ မေ့အနားရောက်ဖို့မလွယ်တဲ့ အဝေးတစ်နေရာမှာ အမြဲရှိနေတာမှန်း။
တစ်ခါတလေကျရင် အကိုဟာ
မေ့ကိုကမ္ဘာပေါ်မှာ ထူခြားတဲ့အချစ်တွေနဲ့ မတူအောင်ချစ်ပြပြီး
ဘယ်တော့မှမခွာဘူးဆိုတဲ့ စကားလုံးတွေနဲ့
မေ့နှလုံးသားတစ်ခုလုံးကို အသက်သွင်းစေခဲ့တယ်…
ဒါပေမဲ့ တစ်ခြားအချိန်ကျရင်ကျတော့
အကိုဟာ ဘယ်ကိုပျောက်သွားမှန်းမသိ၊
မေလက်လှမ်းလို့မမှီတဲ့နေရာကို ရောက်သွားတတ်တယ်
အကို့ရဲ့စိတ်၊ အကို့ရဲ့အတွေး၊ အကိုဘာတွေခံစားနေလဲဆိုတာ
မေဘယ်တော့မှ အပြည့်အဝနားလည်ခွင့်မရခဲ့ဘူး။
မေအကို့ကိုချစ်တာဟာ တစ်ဖက်သက်လားလို့
တွေးမိတဲ့ညတွေ အများကြီးပါ…
ရှိနေပေးတယ်ဆိုပေမဲ့
မေလိုအပ်တဲ့အချိန်တိုင်းမှာ အကိုရှိခဲ့သလိုပဲ
မေ့ရင်ထဲကနာကျင်မှုတွေကိုလည်း
အကိုဘယ်တော့မှ သေချာမသိခဲ့ဘူး။
အကိုကိုချစ်တဲ့စိတ်ကြောင့်သာ
အရာအားလုံးကို သည်းခံပြီး လက်ခံနေရတာပါ
ဒီလိုနဲ့ပဲ အကို့ရဲ့အပြောင်းအလဲတွေကြားထဲက
အကို့ကိုပဲ တစ်ယောက်တည်း ဆက်ချစ်နေမိမှာပါ…
ဒါပေမဲ့ အကိုရေ…
မေ့ရင်ထဲ ဘယ်လောက်နာကျင်ရလဲဆိုတာ
တစ်ခါလောက်တော့ ဝင်ခံစားကြည့်ပါလား…
-အက္ခရာမေ
3 025
ဘာမှမသိတာပဲကောင်းပါတယ်
မဟုတ်ရင် မင်းလိမ်ထားတာသိသိနဲ့
ငါဆက်ချစ်နေအုံးမှာ
အခုလဲဘာထူးလဲ
အိပ်ချင်ယောင်ဆောင်တဲ့
ကြောင်မလေးအတွက်
မနက်တိုင်း အလန်းဖြစ်ပေးနေတယ်...။
-စာတိုငဖြူ
3 025
နေတာကြာဖို့ နေကြာပင်လေးတွေ
စိုက်ထားသလို
သစ္စာမြဲဖို့ သစ္စာပန်းတွေလဲ
စိုက်ထားပါတယ်
ဟောအိမ်ရဲ့
တံစက်မြိတ်
ငါရဲ့ နာကျင်ခြင်းတွေ စီးချလာပြန်ပြီ
♡ ခန့်ထည် ♡
3 025
11:30
ကောင်ကင်နဲ့မြေကြီးကွာခြားပုံကိုမသိရင်မင်းကဗျာမရေးနဲ့တဲ့
ဗိုလ်အောင်ကျော်လမ်းက ခိုတွေစိတ်နာသွားပုံရပါတယ် သူတို့အော်သံလေးတွေမှာတောင် ဒဏ်ရာတွေနဲ့ ဟုတ်ကဲ့ ကျွန်တော် အောက်လမ်းလဲတက်ပါတယ်
- ဇေယံ(အရိပ်)
3 025
မင်းပေးခဲ့တဲ့ အေးစက်ခြင်းနဲ့
ပူလောင်ခြင်းတွေအကြား
ငါလိုချင်တာ မင်းဆီက
နွေးထွေးမှုလေ ခင်...။
-အံ့လွန်းပျို
3 025
မနက်မိုးလင်းတော့
မင်းပျောက်သွားတယ် ကဗျာဆရာ
လရောင်အောက်က ငါတို့နှစ်ယောက်
အခုတော့ နေရောင်အောက်မှာ
ငါတစ်ယောက်တည်း
ဒါပေမယ့် ငါ့လက်ထဲမှာ
စာရွက်တွေပြည့်နေတဲ့
ကဗျာစာအုပ်လေးတစ်အုပ်
မင်းနာမည်ကို ငါမမေးခဲ့ဘူး
မင်းဘယ်ကလာလဲ ငါမသိခဲ့ဘူး
ဒါပေမယ့် မင်းငါ့ကို သင်ပေးခဲ့တယ်
ဝေဒနာဆိုတာ ကဗျာတစ်ပုဒ်ရဲ့
အစပဲဆိုတာ
အခု ငါလည်း ကဗျာဆရာတစ်ယောက်ဖြစ်နေပြီ
"Only King" ကိုမေးတဲ့ ကြေကွဲလူငယ်ကနေ
"Only King" အတွက် ကဗျာရေးတဲ့
ကဗျာဆရာတစ်ယောက် ဖြစ်သွားပြီ
ဒီည လရောင်အောက်မှာ
ငါ့ရဲ့ Only King အတွက်
ကဗျာတစ်ပုဒ် ငါရေးမယ်
ပြီးတော့ ငါ့လိုပဲ
တစ်နေရာရာမှာ ငိုကြွေးနေတဲ့
ကြေကွဲလူငယ်တစ်ယောက်ကို
ငါသွားရှာမယ်
သူ့ကို ကလောင်တံတစ်ချောင်းနဲ့
စာရွက်ဖြူဖြူ ကမ်းလှမ်းဖို့
နှစ်ပေါင်းများစွာကြာတော့
ငါ့ဆီ လူငယ်တစ်ယောက်လာတယ်
လရောင်အောက်မှာ ရပ်ပြီး
ငါ့ကိုမေးတယ်
"မင်းလား ကဗျာကလောင်နာမည်ခံတဲ့သူ"
ငါပြုံးလိုက်မိတယ်
နှစ်ပေါင်းများစွာက ငါ့ကိုလာမေးခဲ့တဲ့
ကဗျာဆရာလို ပြုံးမိတယ်
ပြီးတော့ ငါပြောလိုက်တယ်
"ငါလည်း မင်းလိုပဲ
ကိုယ့်ဘုရင်ကို ဆုံးရှုံးခဲ့ရတဲ့သူပဲ
ဒါပေမယ့် မင်းငိုနေတုန်းပဲလား
ဒါမှမဟုတ် ကဗျာတစ်ပုဒ် စရေးပြီးပြီလား"
လူငယ်လေး ငါ့ကိုကြည့်တယ်
သူ့မျက်ဝန်းတွေထဲမှာ
နှစ်ပေါင်းများစွာက ငါ့မျက်ဝန်းတွေလိုပဲ
မျှော်လင့်ချက်မဲ့တဲ့အလင်း
ဒါပေမယ့် တစ်စုံတစ်ခု ပြောင်းလဲသွားတယ်
သူငါ့ကိုပြန်ပြောတယ်
"ငါ စရေးချင်ပါတယ်
ဒါပေမယ့် ဘယ်လိုစရေးရမှန်း မသိဘူး"
ငါထသွားတယ်
သူ့အနားကပ်ပြီး
ကလောင်တံတစ်ချောင်းနဲ့
စာရွက်ဖြူဖြူ ကမ်းလှမ်းလိုက်တယ်
"ဒီလိုပဲ စရေးလိုက်ပါ
'ချစ်ခြင်း' ဆိုတဲ့ စကားလုံးလေးနဲ့"
လရောင်အောက်မှာ
ငါတို့နှစ်ယောက်
ကဗျာဆရာနဲ့ ကြေကွဲလူငယ်
ဝေဒနာဆိုတဲ့ ကြိုးတစ်ချောင်းစီမှာ
ပုတီးစေ့တွေလို ချိတ်ဆွဲထားမိတယ်
ဒီတစ်ခါတော့ ငါက ကဗျာဆရာ
သူက ကြေကွဲလူငယ်
ငါ့လက်ထဲက ကလောင်တံလေး
သူ့လက်ထဲကို ရောက်သွားတယ်
ငါ့ရဲ့ Only King အတွက် ငါရေးခဲ့သလို
သူလည်း သူ့ရဲ့ Only King အတွက်
ကဗျာတစ်ပုဒ် ရေးလိမ့်မယ်
ပြီးတော့ တစ်နေ့
သူလည်း ငါလိုပဲ
နောက်ထပ် ကြေကွဲလူငယ်တစ်ယောက်ကို
ကလောင်တံတစ်ချောင်း ကမ်းလှမ်းလိမ့်မယ်
ဒီလိုနဲ့
ကဗျာတွေ ဆက်လက်စီးဆင်းနေမယ်
ချစ်ခြင်းတွေ ဆက်လက်ရှင်သန်နေမယ်
"Only King" ဆိုတဲ့
နာမည်လေးအောက်မှာ
ကြေကွဲလူငယ်တွေရဲ့
မျက်ရည်စက်တွေဟာ
ကဗျာစကားလုံးတွေအဖြစ်
ပြောင်းလဲသွားမယ်
ဘာဖြစ်လို့လဲဆိုတော့
ငါတို့အားလုံးဟာ
တစ်နေ့မှာ ဆုံးရှုံးခဲ့ရတဲ့
ကိုယ့်ဘုရင်အတွက်
ကဗျာရေးတဲ့သူတွေချည်းပဲလေ။
# ကြေကွဲလူငယ်တစ်ယောက်
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
