uz
Feedback
TwanTay Royal Defence Force (TRDF)

TwanTay Royal Defence Force (TRDF)

Kanalga Telegram’da o‘tish

အ ဓမ္မ မှန်သမျှ မြေလှန် တော်လှန်ကြ

Ko'proq ko'rsatish
9 211
Obunachilar
-1224 soatlar
-207 kunlar
-9930 kunlar
Postlar arxiv
ဉာဏ်ကြီးရှင် မင်းအောင်လှိုင်၏ စီးပွားရေးအမျှော်အမြင်ကြောင့် စက်ရုံများ လုံးပါးပါးလာ 1 July 2026 By Ko Myo/ MPA ကုန်ကြမ်းအတွက်
ဉာဏ်ကြီးရှင် မင်းအောင်လှိုင်၏ စီးပွားရေးအမျှော်အမြင်ကြောင့် စက်ရုံများ လုံးပါးပါးလာ 1 July 2026 By Ko Myo/ MPA ကုန်ကြမ်းအတွက် သွင်းကုန်လိုင်စင်ချမပေးဘဲ စီးပွားရေးဖွံ့ဖြိုးချင်နေသည့် ဉာဏ်ကြီးရှင် မင်း အောင်လှိုင်၏ အမျှော်အမြင်ကြောင့် ရန်ကုန်မြို့ရှိ စက်ရုံများ လုံးပါးပါးနေပြီဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့စက်မှုဇုန်များရှိ စက်ရုံအချို့မှာ ပြည်ပမှ ကုန်ကြမ်းသွင်းရန်အတွက် သွင်းကုန်လိုင်စင် မရ သဖြင့် ပိတ်ထားရပြီး အချို့မှာမူ ဖြစ်သလို လည်ပတ်နေကြရကြောင်း ရန်ကုန်မြို့ရှိ အီလက် ထရော နစ်လုပ်ငန်းရှင်တစ်ဦးထံက သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/10654/

နေပြည်တော်တွင် စစ်တပ်က တော်လှန်ရေးတပ်များ၏   FPV ဒရုန်းတားဆီးရေး အရေးပေါ် အစည်းအဝေးခေါ်၊ တရုတ်လုပ်  Hawk Eye မော်နီတာ အပါ အဝင် တရုတ် ပစ္စည်းများဖြင့် FPV ဒရုန်းများ တပ်ဆင်အသုံးပြုနေမှုကိုတရုတ်ဘက်သို့ အသိပေးအကြောင်းကြား ရန်ကုန်၊ ဇူလိုင် ၁ တရုတ်နိုင်ငံဘက်မှ  Hawk Eye ဒရုန်းမော်နီတာ အပါအဝင် FPV(First-Person View)  ဒရုန်းများကို တော်လှန်ရေးတပ်များက အသုံးပြုနေမှုအပေါ် မြန်မာစစ်တပ်က တရုတ်ဘက်သို့ အကြောင်းကြားလိုက်ပြီး ယင်းပစ္စည်းများကို မြန်မာဘက်သို့ ဝင်ရောက်မှု မရှိစေရေး ထိန်းချုပ်ပေးရန် တောင်းဆိုထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ဇွန်လ ၂၃ ရက်နေ့ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာသို့ ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် စစ်ကူ လာပို့သော အကြမ်းဖက် စစ်တပ် ၏ Mi-17 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၁ စီး ကို တော် လှန်ရေးတပ်ဖွဲ့များက FPV ဒရုန်း ၂ စီးဖြင့် တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါရဟတ်ယာဉ်ကို တိုက်ခိုက်သော ဒရုန်းဗီဒီယိုများကို တော်လှန်ရေးတပ်များက ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ ဗီဒီယိုထုတ်ပြန်ချက်တွင် FPV ဒရုန်းမောင်းနှင်ရာတွင် အသုံးပြုသော ဒရုန်းမော်နီတာမှာ တရုတ်နိုင်ငံထုတ် Hawk Eye အမျိုးအစားဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာစစ်တပ်က တော်လှန်ရေးတပ်များ အသုံးပြုနေသော ဒရုန်းများတွင် တရုတ်ထုတ် ပစ္စည်းများ ပါဝင်နေသည့်အတွက် တရုတ်နိုင်ငံက ဒရုန်းပစ္စည်းများ ဝင်ရောက်နေမှုအပေါ်  ထိန်းချုပ်ပေးရန် တရားဝင် အသိပေးအကြောင်းကြားထားကြောင်း သိရှိရသည်။ " ရဟတ်ယာဉ်ကို FPV ဒရုန်းနဲ့ ဝင်ပစ်တဲ့ဗီဒီယိုထဲမှာ ဒရုန်းမော်နီတာက Hawk Eye အမျိုးအစား ။ အဲဒါက တရုတ်ထုတ်ပါ။ တရုတ်နိုင်ငံထုတ် ဒီလိုပစ္စည်းတွေ ဝင်ရောက်နေတာကို ထိန်းချုပ်ပေးဖို့ အသိ ပေး ကန့်ကွက်တယ်။ ဘယ်လို လမ်းကြောင်းကနေ ဝင်နေလဲ။ အဲဒီပစ္စည်းတွေကို တရုတ်-မြန်မာနယ်စပ်ကို မရောက်ရှိဖို့ တင်းတင်းကျပ်ကျပ် လုပ်ဆောင်ပေးဖို့ တောင်းဆိုထားတယ်" ဟု  နေပြည် တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ FPV ဒရုန်းများကို တရုတ်နိုင်ငံဘက်မှ ဝင်ရောက်သော ပစ္စည်းများဖြင့် တည်ဆောက်ပါက ဒရုန်း ၁ စီးလျှင် အမေရိကန်ဒေါ်လာ ၂၀၀၀ ဝန်းကျင်သာ ကျသင့်ပြီး တန်ဖိုးနည်းပြီး ထိရောက်သော ဒရုန်းနှင့် ဆက် စပ်ပစ္စည်းများ တရုတ်-မြန်မာနယ်စပ်နှင့် တော်လှန်ရေးတပ်များထံသို့ ရောက်ရှိမှု မရှိစေရေး တားဆီး ထိန်းချုပ်ပေးရန် အကြမ်းဖက်စစ်တပ်က တရုတ်နိုင်ငံသို့ ဆက်လက် တောင်းဆိုထားသည်။ လက်ရှိတွင် တော်လှန်ရေးတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များက တရုတ်လုပ် FPV ဒရုန်းများကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေမှုအပေါ် မြန်မာစစ်တပ်က အကြီးအကျယ် စိုးရိမ်နေပြီး FPV ဒရုန်းတားဆီးရေးအတွက် နေပြည်တော်တွင် အစည်းအဝေးခေါ်ယူ၍ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ FPV ဒရုန်းများသည် ဒရုန်းဖြတ်တောက်စက်  Jammer များဖြင့် တားဆီးရန်လည်း ခက်ခဲသဖြင့် ဒရုန်းနှင့်ဆက်စပ်ပစ္စည်းများ ဝင်ရောက်ရာ လမ်း ကြောင်းများကို ပိုထိန်းချုပ်နိုင်ရေးအတွက် အကြမ်းဖက်စစ်တပ်က ကြိုးစားနေကြောင်း သိရှိရသည်။

ရန်ကုန်-ပြည်လမ်းတွင် ယနေ့ နံနက်အစောပိုင်း တိုက်ပွဲပြင်းထန်ခဲ့ ရန်ကုန်၊ ဇူလိုင် ၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းတွင် ယနေ့ နံနက်အစောပိုင်း တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသပြည်သူများနှင့် ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီခန့်မှ စတင်ပြီး မင်းလှမြို့နယ်၊ ရန်ကုန်-ပြည် လမ်းဘေးရှိ အညာတန်းရွာ စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် စစ်တပ်ဘက်မှ လေကြောင်း ပစ်ကူများ ရောက်ရှိလာ၍ တိုက်ပွဲပြီးဆုံးခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က လူနာတင်ကားများ၊ ပရဟိတကားများဖြင့် ရုပ်အလောင်းများ လာရောက်ကောက်ယူသွားကြောင်း သိရှိရသည်။ "ဒီနေ့ နံနက် အစောပိုင်း မင်းလှမြို့နယ်အပိုင်ထဲက ရန်ကုန်-ပြည် လမ်းဘေးမှာရှိတဲ့ အညာတန်းရွာ စစ်တပ်ဂိတ်မှာ တိုက်ပွဲဖြစ်တာ သေနတ်သံတွေဆူညံနေတာပဲ တိုက်ပွဲကတော့ တော်တော်လေးကို ပြင်းထန်တယ်လို့ ပြောလို့ရတယ်။ နံနက် ၄ နာရီခွဲလောက်မှာ သေနတ်သံတွေ ငြိမ်သွားပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ ထို တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်ခေတ်သစ် သတင်းဌာနက ဒေသစစ်ရေးသတင်းရင်းမြစ်ကို ဆက်သွယ်မေးမြန်းခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အတည်ပြုပြောဆိုသော်လည်း ဖြစ်စဉ် အသေးစိတ်ကို ဖြေဆိုခြင်းမရှိပေ။

မြန်မာစစ်တပ်က FATF စည်းမျဉ်းများနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးမူဝါဒကို ပြည်သူများ၊ နိုင်ငံ ရေးအတိုက်အခံများနှင့် NGO များ၏ ဘဏ္ဍာရေးစီးဆင်းမှုကို ထိန်းချုပ်ရန် အဓိကအသုံးချနေဟု ISEAS သတိပေး ရန်ကုန်၊ ဇူလိုင် ၁ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် နိုင်ငံတကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး စံနှုန်းများ (AML/CFT) ကို အမှန်တကယ် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရန်ထက် ပြည်သူများ၊ နိုင်ငံရေးအတိုက်အခံများ၊ အရပ်ဘက်အဖွဲ့အစည်းများ (CSOs) နှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGOs/NPOs) ၏ ဘဏ္ဍာရေးနှင့် ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်ရန် နိုင်ငံရေးလက်နက်တစ်ခုအဖြစ် အသုံးချနေကြောင်း စင်ကာပူအခြေစိုက် ISEAS – Yusof Ishak Institute က ဇူလိုင် ၁ ရက်နေ့တွင် သတိပေးသည်။ ISEAS – Yusof Ishak Institute ၏ Myanmar Studies Programme မှ ဧည့်သုတေသီနှင့် Catalyst Economics ၏ Research Lead ဖြစ်သူ Jared Bissinger က ထိုသို့ သတိပေးလိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီက  FATF ၏ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပြသနေသော်လည်း လက်တွေ့တွင် ယင်းစည်းမျဉ်းများကို အာဏာတည်မြဲရေးနှင့် နိုင်ငံခြားငွေ ထိန်းချုပ်ရေးအတွက် အလွဲ သုံးစားလုပ်နေကြောင်း  ထုတ်ဖော်ပြောဆိုထားသည်။ မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် FATF ၏ Blacklist ထဲသို့ ထည့်သွင်းခံခဲ့ရပြီး လက်ရှိအချိန်အထိ Basel AML Index အရ ကမ္ဘာပေါ်တွင် ငွေကြေးခဝါချမှု အန္တရာယ်အမြင့်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရဆဲဖြစ်သည်။ စစ်ကောင်စီသည် FATF စည်းမျဉ်းများကို လိုက်နာနေသည်ဟု နိုင်ငံတကာသို့ ပြသနေသော်လည်း မြန်မာနိုင်ငံအတွင်း ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှုနှင့် တရားမဝင်ငွေကြေးလည်ပတ်မှုများမှာ ဆက်လက်ကျယ်ပြန့်နေဆဲဖြစ်ကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။ စစ်ကောင်စီက ဟွန်ဒီ (Hundi) ငွေလွှဲလုပ်ငန်းများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအမည်ဖြင့် အကြီးအကျယ် ဖမ်းဆီးအရေးယူနေသော်လည်း ယင်း၏ အဓိကရည်ရွယ်ချက်မှာ ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများကို စစ်ကောင်စီထိန်းချုပ်ထားသည့် ဘဏ်စနစ်အတွင်းသို့ အတင်းအကျပ် သွတ်သွင်းပြီး နိုင်ငံခြားငွေကို ထိန်းချုပ်ရန်ဖြစ်ကြောင်း သိရှိရသည်။ စစ်ကောင်စီက ပြင်ပဈေးကွက်ထက် များစွာနိမ့်သည့် တရားဝင်ငွေလဲနှုန်းကို သတ်မှတ်ထားပြီး ပို့ကုန်ရငွေများ၏ တစ်စိတ်တစ်ပိုင်းကို အစိုးရသတ်မှတ်ဈေးဖြင့် မဖြစ်မနေ လဲလှယ်ခိုင်းသလို၊ ပြည်ပရောက်မြန်မာလုပ်သားများကိုလည်း လစာ၏ ၂၅ ရာခိုင်နှုန်းအား တရားဝင်ဘဏ်လမ်းကြောင်းမှတစ်ဆင့် မဖြစ်မနေ လွှဲပြောင်းစေခြင်းများ ပြုလုပ်နေကြောင်း ထောက်ပြထားသည်။ ယင်းကဲ့သို့သော စီးပွားရေးမူဝါဒများကြောင့် လုပ်ငန်းရှင်များနှင့် ပြည်သူများသည် ဟွန်ဒီစနစ်နှင့် တရာ းမဝင်နယ်စပ်ကုန်သွယ်ရေးကို မဖြစ်မနေ အသုံးပြုလာရသော်လည်း စစ်ကောင်စီက ထိုစနစ်များကိုပင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအကြောင်းပြကာ နှိမ်နင်းနေခြင်းမှာ မိမိတို့ကိုယ်တိုင် ဖန်တီးထားသည့် ပြဿနာကို အကြောင်းပြပြီး ထိန်းချုပ်မှုတိုးချဲ့နေခြင်းသာဖြစ်ကြောင်း ISEAS က သုံးသပ်ထားသည်။ စစ်ကောင်စီက အကြမ်းဖက်မှုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (CFT) ဥပဒေများကိုလည်း နိုင်ငံရေးအတိုက်အခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများကို ဖိနှိပ်ရန် အသုံးပြုနေကြောင်း ဖော်ပြထားသည်။ အာဏာသိမ်းပြီးနောက် NGO များ၏ ဘဏ်အကောင့်များကို အေးခဲခြင်း၊ အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေသစ်ဖြင့် NGO နှင့် NPO များအပေါ် စောင့်ကြည့်ထိန်းချုပ်မှုများ တိုးမြှင့်ခြင်း၊ ပြည်ပမှ ရန်ပုံငွေလွှဲပြောင်းမှုများကို ကန့်သတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဆိုသည်။ ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ CRPH နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို "အကြမ်းဖက်အဖွဲ့" အဖြစ် သတ်မှတ်ကာ ၎င်းတို့နှင့် ဆက်စပ်သည်ဟု ယူဆရသည့် ငွေကြေးလွှဲပြောင်းမှုများကို အရေးယူခြင်း၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဂျင်မီကို ပြည်ပမှ ငွေကြေးရယူ၍ အကြမ်းဖက်မှုကို ထောက်ပံ့သည်ဟု စွပ်စွဲကာ သေဒဏ်ချမှတ်ကွပ်မျက်ခဲ့သည့် ဖြစ်ရပ်ကိုလည်း AML/CFT ဥပဒေများကို နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အသုံးချသည့် ဥပမာအဖြစ် ထည့်သွင်းဖော်ပြထားသည်။ ISEAS က ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ၏ National Risk Assessment တွင် NGO/NPO များကို ငွေကြေးခဝါချမှုအန္တရာယ် အနည်းဆုံးအုပ်စုအဖြစ် သတ်မှတ်ထားခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် ယင်းအဖွဲ့အစည်းများကို အဓိကပစ်မှတ်ထား ထိန်းချုပ်နေခြင်းမှာ နိုင်ငံရေးရည်ရွယ်ချက်ဖြစ်ကြောင်း သုံးသပ်ထားသည်။ ထို့ပြင် စစ်ကောင်စီက FATF သို့ လက်စွဲစာအုပ်များ၊ ကြီးကြပ်ရေးစနစ်များနှင့် နည်းပညာပိုင်းဆိုင်ရာ လိုက်နာမှုများကို တင်ပြနေသော်လည်း မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်မှာ စစ်အာဏာသိမ်းပြီးနောက် လွတ်လပ်မှုမရှိတော့သဖြင့် ယင်းလိုက်နာမှုများသည် အနှစ်သာရရှိသည့် ပြုပြင်ပြောင်းလဲမှုမဟုတ်ဘဲ "Performative Compliance" (ဟန်ပြလိုက်နာမှု) သာဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားသော်လည်း မလာပါက လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လုပ်သွားမည်ဟု အကြမ်းဖက် မင်းအောင်လှိုင်က ခြိမ်းခြောက် ရန်ကုန်၊ ဇူလိုင် ၁ အကြမ်းဖက် မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားသော်လည်း အဆိုပါ ဖိတ်ခေါ်မှုကို ငြင်းဆန်ပြီး မလာပါက လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောဆိုထားကြောင်း အကြမ်းဖက် မင်းအောင်လှိုင်၏ ပြောရေးဆိုခွင့်ရှိသူ အကြမ်းဖက် ခိုင်ခိုင်စိုးက ပြောဆိုသည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အကြမ်းဖက် ခိုင်ခိုင်စိုးက ထိုသို့ ပြောဆိုလာခြင်းဖြစ်သည်။ တိုင်းပြည်မငြိမ်သက်မှုများ၊ ဖွံ့ဖြိုးတိုးတက်မှုများ မရှိခြင်းမှာ ငြိမ်းချမ်းရေးမရှိခြင်းကြောင့် ဖြစ် ကြောင်း၊ လက်ရှိတွင် ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားကြောင်း၊ သို့ရာတွင် ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို လက်မခံဘဲ မငြိမ်းသက်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုများ မရှိအောင် ဆက်လက်လုပ်ဆောင်နေပါက လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သူက ပြောဆိုသည်။ "တိုင်းပြည်မဖွံ့ဖြိုးတာက တိုင်းပြည် မအေးချမ်းတဲ့ကိစ္စတွေ၊ တိုင်းပြည် မငြိမ်သက်မှုတွေကြောင့်ဖြစ်တယ်။ စည်းလုံးညီညွတ်မှုမရှိတာတွေကြောင့်ဖြစ်တယ်။ ဒီလိုကိစ္စမျိုးတွေကို ငြိမ်းချမ်းရေး  ဖိတ်ခေါ်ရဲ့သားနဲ့ မှ မလာဘူး ဒီလိုတွေ လုပ်မယ်ဆိုလို့ရှိရင်တော့ လုပ်သင့်လုပ်ထိုက်တာတွေ ဆက်ပြီး လုပ်သွားရမယ်ဆိုတာက သမ္မတကြီးရဲ့ မူဝါဒဖြစ်ပါတယ်" ဟု ခိုင်ခိုင်စိုးက ခြိမ်းခြောက် ပြောဆိုသည်။ တစ်ဖက်တွင်လည်း ငြိမ်းချမ်းရေးအတွက် ကြိုတင် သတ်မှတ်ချက်မထားဘဲ ဆွေးနွေးမည်ဟု မင်းအောင်လှိုင်က ပြောဆိုနေ သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာရန် အပါအဝင် စစ်တပ်၏ ငြိမ်းချမ်းရေး မူဝါဒ ၆ ချက်ကို ငြိမ်းချမ်းရေးဆွေးနွေးမှု၏ အခြေခံ စည်းမျဉ်းများအဖြစ် သတ်မှတ်ဆက်လက်ဆုပ်ကိုင်ရန် ညွှန်ကြားထားဆဲသည်။ စစ်တပ်က ချမှတ်ထားသော ငြိမ်းချမ်းရေး မူဝါဒ ၆ ချက်မှာ ငြိမ်းချမ်းရေးရယူရန် ဆန္ဒအမှန် ရှိရမည်၊ သဘောတူစာချုပ်ကတိကဝတ်များကို မဖောက်ဖျက်ရ၊ ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် အမြတ် မထုတ်ရန်၊ ဒေသခံများ အပေါ် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန်၊ တည်ဆဲဥပဒေများကို လေးစားလိုက်နာရန်၊ ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းနေမှုမှာ လိုက်ပါလုပ်ဆောင်ရန် တို့ဖြစ်သည်။ အကြမ်းဖက်စစ်တပ်က ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆောင်ရွက်နိုင်ရန်အတွက် အလွတ်သဘော ဆွေး နွေးပွဲများကို ဆက်တိုက် လုပ်ဆောင်နေပြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော အဖွဲ့ နှင့် အဖွဲ့ဝင်များက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို လိုက်လံ တွေ့ဆုံလျက်ရှိကြောင်း သိရှိရသည်။

တရုတ်ဆီမှာ ဦးသိန်းစိန်ပေါင်ထားတဲ့ ဧရာဝတီမြစ်ကြီးကို ဦးမင်းအောင်လှိုင်က အပြတ်ရောင်းလိုက်ပြီလို့ ပြောလာတဲ့ ဒေါက်တာပါကျဲ့။ နေပြည
တရုတ်ဆီမှာ ဦးသိန်းစိန်ပေါင်ထားတဲ့ ဧရာဝတီမြစ်ကြီးကို ဦးမင်းအောင်လှိုင်က အပြတ်ရောင်းလိုက်ပြီလို့ ပြောလာတဲ့ ဒေါက်တာပါကျဲ့။ နေပြည်တော် ဖေ ၁၀၀။ ယမန်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြဲရေးဆိုခွင့်ရှိသူ ဒေါက်တာပါကျဲ့က ယခုလိုရှင်းပြခဲ့တာပါ။ ဦးသိန်းစိန်လက်ထက်က အပေါင်ထားတဲ့ မြစ်ဆုံစီမံကိန်းကို ဦးမင်းအောင်လှိုင်က နောက်ထပ်နေရာတွေထပ်တိုးပြီး စာချုပ်ချုပ်ခဲ့တာလို့ဆိုပါတယ်၊ “အရင်က ပေါင်ထားခဲ့တာကို အခု အပြတ်ရောင်းလိုက်တဲ့သဘောပါ။ မီးမမှန်တော့ သူ့သားရောင်းတဲ့ EV တွေ အရောင်းထိုင်းတာကြောင့်လည်း ပါတာပေါ့။ တရုတ်ပြည်ကို အလကားသွားတာတော့မဟုတ်ဘူး။ ဘာလိုချင်လဲ၊ ဘာရှာလဲ သွားမေးတဲ့သဘောပါ” ဟု ရှင်းပြသွားခဲ့သည်။ ဒီကိစ္စကို အတွင်းကျကျသိထားသူတဦးကတော့ ဧရာဝတီမြစ်ကြီး မရှိတော့ရင် ဧရာဝတီတိုင်းက လယ်စိုက်တဲ့သူတွေ တပ်ထဲဝင်လာကျမှာလည်း ရှိသေးတယ်။ အခုက ရခိုင်နဲ့ စစ်ကိုင်းမှာ အရင်လို စစ်သားစုလို့မရတော့ဘူးလို့ ထင်မြင်ချက်ကို ပြောပြသွားပါတယ်။ သတင်းနှင့် ဓာတ်ပုံ - အိုင်မြတ်ခူး #အာရှနွားစာစဉ်2.0

ပြည်သူတွေကို မတရားလုပ်နေတဲ့ ဖားကန့်မြို့နယ် မှူးဆိုသူ အခုတော့ ပြည်သူတွေရဲ့ဓါးချက်အောက်မှာ လစ်သွားပြီ

ငှက်ပျောတောမယ်တော်ကြီးနှင့် သခင်မလော။ သခင်မလောက တကယ်တော့သူ့လင်ပါပဲ။ ငှက်ပျောတောမယ်တော်ကြီးက သူ့လင်ကို သိဒ္ဓိတင်တဲ့ဂါထာလေးက ခြ
ငှက်ပျောတောမယ်တော်ကြီးနှင့် သခင်မလော။ သခင်မလောက တကယ်တော့သူ့လင်ပါပဲ။ ငှက်ပျောတောမယ်တော်ကြီးက သူ့လင်ကို သိဒ္ဓိတင်တဲ့ဂါထာလေးက ခြေတံလက်တံတိုတာလေးကိုလည်း ကိုယ်စားပြုတယ်။ ပြည်သူကို နှိပ်စက်တာလေးလည်းပါတယ်။ ဂါထာလေးက ဒီလိုပါတဲ့။ “လိပ်ကလေးခြေတံတို မန်ကျည်းရွက်နဲ့ကျို ဆီတွေဝေလို့ဖိတ် ပေလို့မလိပ်။ မန်ကျီးပင်ခွကြား မောင်းဆင်လို့ထား ဟိုလူလာ ထောင်း ဒီလူလာ ထောင်း ငလုမမောင်း။” #အာရှနွားစာစဉ်2.0

မြောက်ဥက္ကလာပမှာ ဘုန်းကြီးကျောင်းအပါအဝင် အိမ်တစ်ရာကျော်အဖျက်ခံရ ~~~ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် ၂ ရပ်ကွက် သုဇိတာ ၁၃ လမ်းမှာ ဘုန်းကြီးကျောင်း တစ်ကျောင်းနဲ့ လူနေအိမ် တစ်ရာကျော်ကို ကျူးကျော်ဆိုတဲ့သတ်မှတ်ချက်နဲ့ ဇွန်လ ၁၅ ရက်နေ့မှာ ဖယ်ရှားလိုက်တဲ့အတွက် လူဦးရေ ၄၀၀ ကျော် နေရေးထိုင်ရေးခက်ခဲသွားတယ်လို့ အိမ်ဖျက်ခံရတဲ့သူတွေက RFA ကိုပြောပါတယ်။ အဲဒီအိမ်တွေကို ဇွန်လ ၁၇ ရက်နေ့ နောက်ဆုံးထားပြီးဖယ်ပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဇွန်လ ၁၂ ရက်မှာ အမိန့်စာပေးပို့ခဲ့တာပါ။ အဲဒီအိမ်တွေဟာ အများပြည်သူဆိုင်ရာချောင်းမြေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ဆောက်ထားတာလို့ဆိုပေမယ့် ဂရန်ပေါက်ပြီးသားအိမ်တွေလည်းပါနေပါတယ်။ လုံခြုံရေးအရ ဒေါ်သန်းရီ လို့ အမည်လွှဲထားတဲ့အမျိုးသမီးက သူ့အိမ် ဂရန်ပေါက်ပေမဲ့ ဖယ်ပေးရတာလို့ RFA ကို ပြောပါတယ်။ “အန်တီတို့နေလာတာ ၂၃ နှစ်ရှိပါပြီ။ တစ်ခါမှ ဒီလိုဖယ်ရှားမခံရဖူးဘူး။ ဂရန်လည်းပေါက်ပါတယ်။ တချို့တွေ လည်း ဂရန်မရှိဘဲ ဒီအတိုင်းနေနေကြတာရှိပါတယ်။ အန်တီတို့ဆို ဂရန်ပေါက်ပေမဲ့လည်း ဘာမှကိုပြောဆို ညှိနှိုင်းလို့မရဘဲ ဖယ်ရှားခံလိုက်ရတယ်" လောလောဆယ်မှာတော့ သူတို့မိသားစုဟာ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ မှီခိုနေရပြီး၊ တာဝန်ရှိသူတွေက အစားထိုးမြေနေရာ ပေးမလားဆိုတာ မျှော်လင့်နေပါတယ်။ ဖယ်ရှားခံလိုက်ရတဲ့အိမ်တွေမှာ ကျန်းမာရေးမကောင်းတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကျောင်းသားတွေလည်းရှိတဲ့အတွက် အခုလို အိမ်ဖျက်ခံရတဲ့အခါ ကလေးတွေ ကျောင်းမတက်နိုင်ကြတော့ဘူးလို့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။ “ကလေးတွေဆိုလည်း ကျောင်းဖွင့်ရာသီလည်း ဖြစ်တယ်။ ပြီးတော့ စားဝတ်နေရးကလည်း တအား ကြပ်တည်းတဲ့ ကာလဖြစ်တယ်။ လုပ်ငန်းကိုင်ငန်းတွေ အဆင်မပြေ ဖြစ်နေကြတယ်။ အားလုံး ဒုက္ခတွေ ရောက်နေတဲ့ အချိန်မှာ ဒီလိုတွေ လုပ်လို့ကျတော့ ပြည်သူကတော့ နစ်နာမှု များပြားလာတာပေါ့” NLD အစိုးရလက်ထက်က ရန်ကုန်မြို့မှာ ကျူးကျော်လို့သတ်မှတ်ခံရတဲ့ အိမ်ထောင်စုတစ်သိန်းကျော်ကို ယာယီနေထိုင်ခွင့် စမတ်ကဒ်ထုတ်ပေးထားခဲ့ပါတယ်။ အခုတော့ စစ်တပ်ခန့်အစိုးရအောက်မှာ စမတ်ကဒ်ရထားတဲ့သူတွေလည်းအိမ်ဖျက်ခံနေရတယ်လို့ ပြောကြပါတယ်။ ဖျက်မယ်ဆိုရင်တောင် အစားထိုးပြန်ပေးသင့်တယ်လို့ မြောက်ဥက္ကလာပမြို့ခံတစ်ဦးဖြစ်တဲ့ ကိုသန်းအောင်က ပြောပါတယ်။ “ဘယ်အစိုးရပဲ တက်လာတက်လာ သူလိုချင်တယ်ဆိုရင် ဒီနယ်မြေမှာ ပိုင်ဆိုင်မှု အထောက်ထား ရှိတဲ့သူဆို ထားခဲ့ ပိုင်ဆိုင်မှု အထောက်ထား မရှိတဲ့သူတွေကို ဖယ်။ အခုက ပိုင်ဆိုင်မှု ရှိရှိ မရှိရှိ ဒီမြေသည် သိမ်းတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သိမ်းနေတာ မတရား အဓမ္မ အများကြီးပဲ အဲဒီလိုမျိုးက မြောက်ဥက္ကလဘက်မှာရော ဟိုးပုလဲဘက်မှာရော ဖြစ်ခဲ့တယ်” အိမ်တွေဖယ်ရှားလိုက်တာနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရသူ ဦးနေလင်းထွန်းကို RFA က တယ်လီဖုန်း နဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။ နှစ်ရှည်နေထားတဲ့သူတွေအတွက် အိမ်တွေကိုဖျက်ရင် အစားထိုးနေရာပေးရမယ်ဆိုတာ ဥပဒေမှာ ပြဋ္ဌာန်းထားတယ်လို့ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။ “နိုင်ငံပိုင်မြေ လစ်လပ်ထားတဲ့ မြေ၊ ပလပ်ထားတဲ့မြေပေါ် ကျွန်တော်တို့ တက်နေတယ် နေရင်း နေရင်း နှစ်ပေါင်းများစွာ ကြာလာရင် ဂရန်ချပေးဖို့ သွားလျှောက်လို့ရသွားပြီ။ အနေကြာ ဖြစ်သွားတာ။ အကျုံးဝင်သွားတာပေါ့ အနှစ် ၂၀ အနှစ် ၄၀ ဆို ပြောစရာမလိုတော့ဘူးလေ" RFA မှတ်တမ်းတွေအရ စစ်တပ်အာဏာသိမ်းခဲ့တဲ့အချိန်ကစပြီး ငါးနှစ်ကျော်အတွင်း ရန်ကုန်တိုင်းမှာ မရမ်းကုန်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ ဒေါပုံ၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ သန်လျင်မြို့နယ်တွေက အိမ် သုံးသောင်း နီးပါး ဖယ်ရှားခံခဲ့ရတာတွေ့ရပါတယ်။ --- #RFABurmese

သို့ပေမယ့် မြန်မာနိုင်ငံထဲက Activist လိုင်းက အဆက်အနွယ်တွေဟာ သာတူညီမျှရေး၊ တန်းတူညီမျှရေး စတဲ့ စကားလုံးတွေကို အလွန်ပြောပြီး တကယ့်တကယ် လက်တွေ့ အဖြေထုတ်ပေးရမယ့် အချိန် "နိုင်ငံတကာမိသားစု" ဆိုတာလောက်နဲ့တင် ရပ်သွားခဲ့တာ မြင်ရတာ ၁၉၈၈ ခုနှစ်ကတည်းကပဲ။ ဒီတော့ ဗမာဆိုရင် ဗမာလူမျိူးကြီးဝါဒ ဆိုတဲ့ စကားလုံးတွင်တွင်သုံးပြီး အလုပ်မဖြစ်တဲ့ စကားတွေ ထပ်ခါထပ်ခါ ပြောမယ့် ဇာတ်ရှုပ် ဇာတ်ပျက်တွေ အတွက် ဒီစကားထည့်ရတယ်။ ဒီ ဇာတ်ပျက်တွေကို အရေးမမူသော်ငြားလဲ ဒါတွေကို အဟုတ်မှတ်ပြီး ယုံကြည်သူပြည်သူတွေကိုတော့ အလေးထားရသေးတာကိုး။ ပြန်ဆက်ရရင်ဗမာတွေ အထာနပ်ရင်တော့ဖြင့် ကိုယ့်ဒေသက ချိတ်ထားတဲ့ ကုန်းမြေကြီးတွေကို နားလည်ပေလိမ့်မယ်။ အာဆီယံ သန်း ၉၀၀ နီးပါး၊ အိန္ဒိယ သန်း ၁၄၀၀ နီးပါး၊ တရုတ် သန်း ၁၃၀၀-၁၄၀၀ နီးပါး၊ ဘင်္ဂလားဒေ့ရှ် 177 သန်း၊ ပါကစ္စတန် ၂၅၆ သန်း နီးပါး လူဦးရေ ရှိတဲ့ ဒေသမှာ ရှိနေတဲ့ နိုင်ငံဆိုတာ နားလည်ရပေလိမ့်မယ်။ လုပ်တတ်ကိုင်တတ်ရင်တော့ ဖြင့် အတက် မြန်မှာပဲ။ အခုနောက်ပိုင်း မျိုးဆက်က ဗိုလ်ချုပ်နေဝင်းစနက်နဲ့ တံခါးပိတ်ဝါဒအောက်ကြီးလာရတယ်။ နိုင်ငံရေးကို မြင်တဲ့အခါ အဖြူနဲ့ အမည်း၊ မိတ်ဆွေ နဲ့ ရန်သူ စတဲ့ အရာတွေနဲ့ မြင်တယ်။ နိုင်ငံရေးဟာ နိုင်ငံ့အကျိူးစီးပွား Interest အတွက် ဆိုတဲ့ စဉ်းစားချက်မျိူး အများကြီး မတွေ့ရဘူး။ လုပ်တတ်ကိုင်တတ်ဖို့ ပြောကြတာပေါ့။ တယောက်သိသွား တယောက်စာ အမြတ်ပေါ့လေ။ ကိုယ့်ကို မွေးခဲ့ ကျွေးခဲ့သော မြေပေကိုး။ မျိုးဆက်မင်း #MyanmarDmo

AYA Bank ကို ဟက်ကာအဖွဲ့ (Lapsus$ group) က ဟက်မှပဲ ဆဆရကတွေက အချက်အလက်တွေ အရေးကြီးတယ် ဘာဖြစ်တယ် ညာဖြစ်တယ် အော်နေကျတာ တကယ်က တနို
AYA Bank ကို ဟက်ကာအဖွဲ့ (Lapsus$ group) က ဟက်မှပဲ ဆဆရကတွေက အချက်အလက်တွေ အရေးကြီးတယ် ဘာဖြစ်တယ် ညာဖြစ်တယ် အော်နေကျတာ တကယ်က တနိုင်ငံလုံးက အချက်အလက်တွေက အွန်လိုင်မှာ ဖောင်းပွနေတာ ကြာပါပြီ၊ အချက်အလက်က တခါပဲ ပေါက်တာနဲ့ လုံလောက်နေပေမဲ့ မြန်မာနိုင်ငံမှာတော့ အခါခါပါပဲ၊ update တနှစ်တခါ လောက် လုပ်ပေးကျတာပေါ့ ရှေ့တလောတုန်းက Kpay, ဟိုမကြာသေးခင်က Wavepay, အဲဒီရှေ့နားတုန်းက Ooredoo, အဲထက်ရှေ့ကျတာက MPT စသဖြင့် ပြောမဆုံးနိုင်အောင် တခုပြီးတခု ပြသာနာတွေ ဖြစ်ခဲ့ကျတာကနေ အခုတော့ AYA ပေါ့ တကယ်လည်း သတင်အချက်အလက် လုံခြုံမှုက လူတိုင်လက်ထဲမှာ ရှိမနေပါဘူး အကျိုးအမြတ်ရှာတဲ့ လူတွေက ဒီချက်အလက်တွေကို ထပ်ခါထပ်ခါ သုံးပြီး ပြည်သူတိုင်းကို ဒုက္ခပေးလာတာ ပြည်သူတွေမှာ အခုခေတ်ပေါ် နည်းပညာတွေကို ဗဟုသုတနည်းပါးလွန်း လက်လှမ်းမှီဖို့ ဝေးစွာ စားဖို့ အနိုင်နိုင် ဘဝတွေ ဖြစ်နေလို့ မိအေး အခါခါနာပါပဲ ဒီအချက်အလက်တွေက Online မှာ ဖောင်းပွနေလွန်းလို့ မြန်မာပြည်က ပြည်သူတိုင်းဟာ ကျားဖျန်၊ slot games, lottery scammers တွေရဲ့ အမြဲ ဒုက္ခပေးမှုကို ရင်ဆိုင်လာရတာ ဘယ်နှနှစ်လောက် ရှိနေပြီလဲ ISP တွေကလည်း Scammer တွေရဲ့ SMS ဆိုတာ သိပေမဲ့ ပိုက်ဆံ အလုံးအရင်းရတော့ မသိကျိုးကျွံပြုကျတယ်၊ ငွေကြေးအဖွဲအစည်းတွေလည်း စီးပွါးဖြစ်ဖို့ တချို့ကိစ္စတွေကို မျက်ကွယ်ပြုထားတာတွေလည်း ရှိမယ်၊ တခြား မလိုအပ်တဲ့ တင်ကြပ်မှုတွေကြောင့်လည်း အခုလို လုပ်ငန်းကြီးတွေ ခက်ခဲကျတာ အမှန်ပဲ၊ နောက်ဆုံး ခံရတော့ ပြည်သူပေါ့၊ အခုဆိုရင် မြန်မာနိုင်ငံက နည်းပညာ အခြေခံ လုပ်ငန်းတွေဖြစ်တဲ့ ဘဏ်တွေ ဆက်သွယ်ရေးလုပ်ငန်းတွေ အင်တာနက် လုပ်ငန်းတွေ ကျန်မာရေးလုပ်ငန်းတွေ အားလုံး အားလုံးက အဟက်ခံရနိုင်တဲ့ အခြေအနေမှာ ရောက်နေပါပြီ၊ ပထမ အချက် နည်းပညာရှင်တွေ အိုင်တီသမားတွေ နည်းပါးလာပြီး နည်းစနစ်တည်ဆောက် ထိန်းသိမ်းမှုပိုင်း အားနည်းလာတယ်၊ ဘယ်လူငယ် နေရဲမလဲ ဒုတိယ အချက် အာဏာသိမ်းမှု ဖြစ်ပြီကတည်းက နိုင်ငံတကာက အဆင်မြင့် နည်းပညာ software တွေကို ဝယ်ယူခွင့် ကန့်သတ်လိုက်လို့ မရှိရှိတာနဲ့ ကာကွယ်နေရတယ် ဒေါ်လာစျေးတက်တာ စီးပွါးရေး မကောင်းတာတွေကြောင့် နိုင်ငံတကာက အဆင့်မြင့် ကာကွယ်ရေး စနစ်တွေကို Up to Date ဖြစ်အောင် ဝယ်ယူနိုင်ဖို့ လုံးပန်းနေရတယ် ၊ အမြတ်ရဖို့ထက် လည်ပတ်နိုင်ရေးက ပထမလေ၊ ဒီအရာတွေ အားလုံး တွေးကြည့်လိုက်ရင် ဒီအရာတွေရဲ့နောက်ကွယ်မှာ စီးပွါးဖြစ်နေတာက ၂လုံး ၃လုံး လောင် ကစားဂိမ်း၊ slot ဂိမ်းတွေနဲ့ လူလိမ်တွေပဲ ရှိတယ်၊ အဲလုပ်ငန်း လုပ်တဲ့သူတွေက ဘယ်သူမှလည်း ကြောက်စရာမလို၊၊ ဘာ standard မှ လိုက်စရာမလို၊ ဘာ policy မှလုပ်စရာမလိုနဲ့ ဖြစ်နိုင်ရင် အဲလိုဟာတွေကို အစိုးရက policy နဲ့ သေချာကျပ်မှတ်လိုက်ရင် ပိုက်ဆံတော်တော် ဝင်နိုင်တယ် အဲဒါတွေ လုပ်နေတဲ့ ရပ်ကွက်ကလည်း MLM လိုမျိုး Network တခုလို တည်ဆောက်ထားကျတာ၊ အတားအစီးမရှိ ကြီးထွားလာတာများ ဘဏ်က agent တောင် သူ့လောက်မများဘူး ပြောရမယ်၊ အိမ်ကြက်ချင်း အိုမဲသုတ်ခိုင်းထားကျတာ …. အဓိကကတော့ အရာအားလုံး ပိုက်ဆံနဲ့ ဖြေရှင်းနိုင်တဲ့ ခေတ်ပျက်ကြီးထဲကသားကောင်း ဖြစ်နေရတဲ့ ဒီနေ့ခေတ် ပြည်သူတွေပဲ ခံရတာပဲ ပြည်သူထဲက ပြည်သူတယောက် အာရှောင်ကွိ နိုင်ဇော်ထွန်း #MyanmarDmo

စိတ်ကူးတောင်မယဥ်သင့်တဲ့စီမံကိန်း... သဘာဝဓာတ်ငွေ့တွေကို ပြည်ပရောင်းထုတ်ပြီး မီးစက်ဝယ်သုံးနေရတဲ့နိုင်ငံ..ဒါနဲ့အားမရသေးဘူး မြစ်ဆ
စိတ်ကူးတောင်မယဥ်သင့်တဲ့စီမံကိန်း... သဘာဝဓာတ်ငွေ့တွေကို ပြည်ပရောင်းထုတ်ပြီး မီးစက်ဝယ်သုံးနေရတဲ့နိုင်ငံ..ဒါနဲ့အားမရသေးဘူး မြစ်ဆုံစီမံကိန်းကို တိုင်းတပါးလက်ထိုးအပ်ပြီး မြန်မာပြည်ရဲ့ အသက်သွေးကြောကြီးတခုဖြစ်တဲ့ ဧရာဝတီမြစ်ကြီးကိုလည်း ကွပ်မျက်ဖို့ကြိုးစားပြန်ပြီ... အဆိုပါမြစ်ဆုံစီမံကိန်းများ လုပ်ခဲ့လျှင် မြန်မာပြည်ကရရှိမည့် အကျိုးအမြတ်က ဖုန်းအားသွင်းဖို့လောက်သာရရှိမှာဖြစ်ပြီး စီလုတ်က ၉၀% အကျိုးအမြတ်ရယူမှာပါ... ရရှိမည့် ၁၀ % ထက် ပေးဆပ်ရမည့်ဆိုးကျိုးက ချိန်ခွင်လျှာဇောက်ထိုး ပြည်သူအများရဲ့ အသက် အိုးအိမ်စည်းစိမ်တွေ များစွာဆုံးရှုံးကြမှာဖြစ်သလို ဂေဟစနစ်ကို ပြင်းထန်စွာထိခိုက်စေပြီး ဇီဝမျိုးကွဲ မျိုးစုံ အလွန်ပင်ပျက်စီးစေနိုင်ကြောင်း ပညာရှင်တွေ က ထောက်ပြထားပြီးသား..ငလပိန်းအာဏာရှင်တွေ ဒါတွေမသိကြဘူး... အထူးသဖြင့် ငလျင်ကြောကြီးပေါ်မှာရှိနေခြင်းကြောင့် မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်တွေအားလုံး အချိန်မရွေးအန္တရာယ်ကျရောက် သွားနိုင်ပါတယ်... ဆည်ကြီးလည်းပြီး ပြည်ကြီးလည်းပျက်မည့်ကိန်းပါ... ဒင်းတို့အာဏာအတွက် စီလုတ်ကိုမျက်နှာလိုချင်တာနဲ့ အဏုမြူတလုံးလိုဖျ-က်ဆီးမည့် စီမံကိန်းဆိုတာကို တချက်လေးတောင်ထည့်မတွက်ကြဘူး... စီလုတ်နိုင်ငံမှာတောင် ဆည်တာတမံတွေကြောင့် ပြည်သူတွေရဲ့အသက်ပေါင်းများစွာနှင့် တသက်လုံး ရှာဖွေထားသမျှစည်းစိမ်တွေ ဆုံးရှုံးလိုက်ရပြီ... ဒါ့ကြောင့်မြစ်ဆုံစီမံကိန်းဆိုတာ စိတ်ကူးနဲ့တောင် မလုပ်သင့်သောစီမံကိန်းကြီးတခုသာ ဖြစ်ပါတယ်... ဆရာမောင်စိန်ဝင်းကားနဲ့ပြောရလျှင် ဧရာဝတီမြစ်ဆိုတာ " သူများနိုင်ငံအလင်းရစေဖို့ ကိုယ့်ဘဝကိုစတေး လောင်ကျွမ်းပေးရမည့် ဖယောင်းတိုင်းမဟုတ်ဘူး..." Photo: မပြောကောင်းမဆိုကောင်း မြစ်ဆုံဆည်ကြီးသာပြီးစီးခဲ့ပါက နောင်တချိန် မိခင်ဧရာဝတီမြစ်ကြီး၏ အခြေအနေတရပ်အား ယခုလိုမြင်တွေ့ရနိုင်ကြောင်း နှိုင်းယှဥ်ထားခြင်း ဖြစ်ပါ၏... 🖊🖊🖊 အင်းဝသား ငထင် #ဇေရာလင်း

ဘယ်လိုလဲဟ စစ်ခွေးတွေပြောတော့ဒူးမထောက်လက်မမြှောက်အရူံးမပေးဘူးဆို အခုတော့အဖမ်းခံရတာတောင်ငိုသံကြီးနဲ့လာပြောနေပါလား

သေပြန်ပြီဟ စစ်ခွေးတွေ