uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Butterfly Effect (2023) ⭐TMDB: 60.0% User Score 🎬 #Music 🗓 2023 🎞 Movie 📺 #720p 💿 1.2 GB 🌎 #korea #SouthKorea ⏰ 1 နာရီ 34 မိနစ် 38 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Butterfly Effects ဆိုတာကို ကြားဖူးတဲ့သူ ရှိသလို မကြားဖူးတဲ့သူလည်း ရှိလောက်မှာမို သူ့အဓိပ္ပါယ်ကို အရင်ပြောပြချင်ပါတယ်လိပ်ပြာတောင်ပံခတ်တာက တိုင်ဖွန်းမုန်တိုင်းတောင် ဖြစ်စေတယ်တဲ့။ သေချာပေါက် လိပ်ပြ‌ာတောင်ပံ ခတ်သံတစ်ချက်နဲ့တော့ တိုင်ဖွန်းမုန်တိုင်းကြီး ဖြစ်မလာပါဘူး။ သိုသော်လည်း ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ လုပ်ဆောင်တဲ့ သေးငယ်တဲ့ အရာတွေကြောင့် ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရစေတာကို တင်စားပြောဆိုခြင်းပဲ ဖြစ်ပါတယ်။အခုတစ်ခါ GC Movie ဖန်တိုအတွက် ရည်မှန်းချက်ရောက်ဖို ကြုံလာသမျှကို ရင်ဆိုင် ဖြေရှင်းပြမယ့် Butterfly Effects ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေဂီတကို ရူးသွပ်တဲ့ လူငယ် ကောင်လေးနဲ့ ကောင်မလေးတို မဆုတ်မနစ်ကြိုးစားပုံတွေ မိဘက သဘောမတူလည်း ကိုယ်ယုံကြည်ရာကို ‌ရအောင်လျှောက်လှမ်းတာတွေကို ရိုက်ကူး တင်ဆက်ထားတာပဲဖြစ်ပါတယ်အားလပ်ရက်မှာ GC အနဲ့အတူ ‌ဇာတ်ကားကောင်းတွေကို ကြည့်ရှုခံစားနိုင်ဖိုအတွက် Gold Channel ကို join ထားဖို မမေ့ပါနဲ့နော်Review by ClaudiaTranslated by Sharon and ClaudiaEncoded by Cham...

Travel to the East (2023) ⭐TMDB: 30.0% User Score 🎬 #Action #Drama #Romance 🗓 2023 🎞 Movie 📺 #1080p #720p #480p 💿 2.1 GB ⦿ 1.0 GB ⦿ 367.2 MB ⦿ 403.5 MB 🌎 #⁉️️ #China ⏰ 1 နာရီ 26 မိနစ် 15 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 ⁉️...

Medusa's Venom (2023) ⭐IMDB: 4.1/10 (61 Votes) 🎬 #Horror 🗓 2023 🎞 movie 📺 #1080p #720p #480p 💿 2.0 GB ⦿ 1.0 GB ⦿ 392.9 MB 🌎 #UnitedKingdom ⏰ 1 နာရီ 24 မိနစ် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 The beast is back and her venom is deadlier than ever. When newcomer Lola is welcomed into Medusa’s circle, she endures a ritual to bring her closer to her new sisters....

In Your Eyes (2014) ⭐IMDB: 6.9/10 (32 k Votes) 🎬 #Fantasy #Romance #Drama #ScienceFiction 🗓 2014 🎞 movie 📺 #1080p #720p 💿 1.8 GB ⦿ 797.5 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Genre – Fantasy, RomanceIMDB – 6.9/10 အရမ်းကို ထူးခြားဆန်းကျယ်ပြီး ဆွတ်ပျံလွမ်းဆွေးဖွယ် ကြည်နူးရမယ့် စိတ်ကူးယဉ်အချစ်ဇာတ်ကားကောင်းလေးလို့ ပြောချင်ပါတယ်။ အကြိုက်ဆုံး Romantic ကားတွေထဲက တစ်ကားအပါအဝင် ဖြစ်ပါတယ်။ သူဆန်းကျယ်တာကျ Lake House တို့လို တစ်ယောက်နဲ့တစ်ယောက်က နေထိုင်တဲ့ ခုနှစ် မတူညီတာမျိုးမဟုတ်ဘူး About Time တို့ Time Traveler’s Wife တို့လို အချိန်ခရီးသွားလို့ ရတာလည်းမဟုတ် ပြန်ဘူး။ သူကကျ တစ်နေရာစီမှာရှိနေတဲ့လူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အာရုံငါးပါးလုံး ချိတ်ဆက်နေတာမျိုး တစ်ဖက်ကလူက နှင်းလျှောစကိတ်စီးရင်း မတော်မဆ ဖြစ်ရင် ဒီဖက်ကလူလည်း အလကားနေရင်း သူနာကျင်ရသလို လိုက်နာ ကျင်ရတာမျိုး။ တစ်ဖက်လူက မြင်တာ၊ ကြားတာ၊ အနံ့ရတာ၊ အရသာခံစားတာ အကုန်လုံးကို နှစ်ကိုယ့်တစ်စိတ် ဖြစ်နေတဲ့အပြင် အချင်းချင်းလည်း ဖုန်းတွေဘာတွေမလိုပဲ ဆက်သွယ်လို့ရနေတာမျိုးပါ။ ဒီလိုမျိုး ထူးဆန်းတဲ့အတွေးအခေါ်လေးနဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ကို ဖန်တီးပေးသွားတာကတော့ Avenger ပထမကား ဒုတိယကား ရိုက်ကူးခဲ့တဲ့ Joss Whedon တစ်ယောက်ပဲ ဖြစ်ပါတယ်။ မင်းသမီးလေး Zoe Kazan ချစ်စဖွယ်အပြုအမူလေးတွေနဲ့ ရိုက်လေ့ ရှိပြီး သူ့ကားတွေကတော့ စာအုပ်ထဲက အသက်ဝင်လာတဲ့ Ruby Sparks တို့ ရောဂါသည်လေးနဲ့ ဟာသလူပြက်အကြောင်း ရိုက်ထားတဲ့ Big Sick တို့ နာမည်ကြီးပါတယ်။ ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆိုရင် ကောင်လေးနဲ့ ကောင်မလေးပေါ့နော်။ ကောင်လေးကကျ ဖောက်ထွင်းမှုတွေကြောင့် ထောင်ကျထားပြီး လက်ရှိမှာတော့ ခံဝန်နဲ့ အစိုးရက ပေးထားတဲ့အလုပ် လုပ်နေပြီး ဘဝကို လိမ်လိမ်မာမာနဲ့ ဖြတ်သန်းနေရတာပေါ့။ ကောင်မလေး ကကျ အရာအားလုံးကို ကြောက်ရွံတဲ့စိတ်လေးရှိပြီး ဆရာဝန်အစ်ကိုကြီးကို အားကိုးဖို့ ယူထားတာပေမဲ့ သူ့ရဲ့ အလိုတော်ကျ လိုက်ကပြရတဲ့ ရုပ်သေးမလေးလိုသာ နေနေရတဲ့ဘဝပေါ့။ ဒီလိုနဲ့ နှစ်ယောက်သား ကျွန်တော် အပေါ်မှာရှင်းပြခဲ့သလို ချိတ်ဆက်မိပြီး အချင်းချင်း ရင်တွေဖွင့် ခင်မင်ရင်းနှီးလာကြတယ်ပေါ့လေ။ ကောင်မလေးက အိမ်ထောင်သည် ဆိုတော့လည်း ကောင်လေးက စိတ်ရှိသော်ငြားလည်း စည်းမကျော်ရဲ ဘူးပေါ့။ ဒါပေမဲ့ တဖြည်းဖြည်း သံယောဇဉ်တွေက ပိုမိုတိုးပွားလာပြီး တစ်ဦးအတွက် တစ်ဦးဖြစ်တည်နေပေးရတာကို သိလိုက်ကြတဲ့အခါမှာတော့….။ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရမလဲ၊ ပေါင်းစပ်နိုင်ကြပါ့မလား၊ တစ်ယောက်ချင်းစီရဲ့ ဘဝအခက်အခဲပြဿနာတွေကိုလည်း ဘယ်လိုတွေ ဖြေရှင်းပြီး ဘယ်လိုတွေ စွန့်စားကြမလဲဆိုတာကို ရိုမန်တစ်ဆန်ဆန်လေး ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်ဝင်တေးထဲကဆိုလည်း ဇာတ်ကားတစ်ဝက် လောက်မှာ ထည့်ထားတဲ့ Trouble I’m In ဆိုတဲ့ သီချင်းလေးက တော်တော်ကောင်းတာမို့ ကျွန်တော်ဆို ခုထိ နားထောင်ဖြစ်နေတုန်းပါ။ ခံစားနိုင်ကြပါစေ…..။ (  ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူကThura Aung  ဖြစ်ပါတယ် )...

Puppy Love (2012) ⭐IMDB: 6.1/10 (988 Votes) 🎬 #Comedy #Drama #Family #TVMovie #Romance 🗓 2012 🎞 tv movie 📺 #1080p #720p 💿 1.5 GB ⦿ 745.1 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb – 6.1/10 ဇာတ်လမ်းအညွှန်း single mother မီဂန်နိုလန်ဟာ သူ့ရဲ့ ၁၀နှစ်အရွယ်သမီးလေး ကိတ်လင်းနဲ့အတူ မြို့အသစ် အိမ်အသစ်ကို ပြောင်းရွှေ့လာပါတယ်။ အိမ်အသစ်မှာ ကိတ်လင်းအတွက် သူငယ်ချင်းအသစ်တွေရမယ်လို့ မျှော်လင့်ထားပေမယ့်လည်း တကယ်တော့ ကိတ်လင်းဟာ အိမ်နီးချင်းရဲ့ခွေးလေးနဲ့သာ ဆော့ကစားနေရပါတယ်။ စိတ်မကောင်း ဖြစ်မိတဲ့ မီဂန်က သူ့သမီးအတွက် ခွေးလေးမွေးစားဖို့ စိတ်ကူးလိုက် ပါတယ်။ အဲ့ဒီမှာ သူတို့က ခွေးထိန်းသိမ်းရေးစခန်းက ခွေးလေးကို မွေးလိုက်ကြပါတယ်။ ဒီခွေးလေးက ရိုးရိုးလမ်းဘေးခွေးလေးမဟုတ် ပါဘူး။ ဒီခွေးလေးရဲ့နာမည်က ဂျိတ်… သူ့သခင်က ဘေ့စ်ဘောအားကစားသမား ဘန်ဖူလာပါ။ ဘန်က ဘေ့စ်ဘောသွားကစားနေတုန်း ဂျိတ်ကို အိမ်မှာ ထားခဲ့ပေမယ့် ဂျိတ်က ဘန်နောက်ကိုလိုက်လာရင်း လမ်းမှာလမ်းပျောက် သွားတာပါ။ ဒါ့ကြောင့် ဘန်ဟာ သူ့ခွေးလေးကို လိုက်ရှာနေတယ်။ ဒီလိုနဲ့ ဘန်နဲ့ မီလန်တို့ သားသမီးနှစ်ယောက်နဲ့ ဆုံတွေ့သွားကြပြီး ဇာတ်လမ်းလေးတစ်ခု ပေါ်လာပါတော့တယ်။ ဘယ်လိုဇာတ်လမ်းလေး ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦးနော်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် )...

The Front Runner (2018) ⭐IMDB: 6.1/10 (14 k Votes) 🎬 #Biography #Drama #History 🗓 2018 🎞 movie 📺 #720p #1080p 💿 803.3 MB ⦿ 2.0 GB 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Genre – Drama, History, BiographyIMDB – 6.1/10 ၁၉၈၈ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ သမ္မတနေရာအတွက် ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော်အမတ်လောင်းတစ်ယောက်ရဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ အမတ်လောင်းနေရာကိုတော့ ကျွန်တော်တို့ မင်းသားကြီး Hugh Jackman က သရုပ်ဆောင်ထားပြီး Conjuring အပနှင် ကျွမ်းကျင်သူ Vera Famiga နဲ့ ဇာတ်ပို့မင်းသားကြီးဖြစ်တဲ့ JK Simmon တို့လည်း ပါဝင်ထားတဲ့ သမိုင်းနောက်ကြောင်းခံ နိုင်ငံရေးကားပါ။ ၁၉၈၄ ခုနှစ်မှာ ကော်လိုရာဒိုက လွှတ်တော်အမတ် ဂယ်ရီဟာ့တ်ဟာ တခြားတစ်ယောက်ဖြစ်သူကို ရှုံးနိမ့်ခဲ့ပြီးနောက် ၁၉၈၈ ခုနှစ်မှာ အမေရိကန်သမ္မတဖြစ်ဖို့အတွက် ဝင်ရွေးကောက်ပွဲ ပြိုင်ပါတော့တယ်။ ကမ်ပိန်းတလျှောက်လုံး အဆင်ပြေပြီး တစ်ပြေးနေတဲ့အချိန်ကျမှ သတင်းထောက်တစ်ယောက်ကို ဂယ်ရီ စိန်ခေါ်လိုက်ရာကနေ ပြဿနာတွေ ဖြစ်ပါတော့တယ်။ သူက အဲဒီသတင်းထောက်ကို ပိတ်ရက်တွေ ကမ်ပိန်းလုပ်မနေတဲ့အချိန် ဇရှိရင် နောက်ကလိုက်ကြည့်ပေါ့ မင်းပျင်းတောင်ပျင်းသွားမယ်ဆိုပြီး စိန်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီမှာ တစ်ဖက်မှာလည်း ဒီ အမတ်လောင်းနဲ့ ဖောက်ပြားနေတာရှိပါတယ်ဆိုပြီး သတင်းပေးတဲ့ လူတွေကလည်းပေးဆိုတော့ Miami Herald သတင်းစာတိုက်ကနေ နောက်ကွယ်ကချောင်းမြောင်းလိုက်ရာကနေ ဇနီးသည်မဟုတ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ အိမ်မှာ ညအချိန်ကုန်ဖြုန်းပါတယ်ဆိုပြီး သတင်းမပြည့်စုံရာကနေ အမြန်နာမည်ကြီးချင်တာနဲ့ တင်လိုက်တဲ့ အချိန်မှာတော့…။ လွှတ်တော်အမတ်လောင်းတစ်ယောက်ရဲ့ အခက်အခဲဒုက္ခတွေ ဖိအားတွေ၊ သတင်းစာတိုက်တွေရဲ့ စည်းမစောင့်မှုတွေ၊ နိုင်ငံရေးလောကက လူတွေရဲ့အကြောင်းတွေ ရိုက်ကူးထားတဲ့ နိုင်ငံရေးအခြေစိုက် ဖြစ်ရပ်မှန်ကားပါ။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းကိုတော့ Thura Aung မှ ရေးထားပြီးတော့ ဘာသာပြန်ထားတာကတော့  Thura Aung , Elizabeth Khant ဖြစ်ပါတယ် )...

As They Made Us (2022) ⭐IMDB: 5.8/10 (1 k Votes) 🎬 #Drama #Romance #Comedy 🗓 2022 🎞 movie 📺 #1080p #720p 💿 1.8 GB ⦿ 789.9 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 As They Made Us (2022) ~ Rotten Tomatoes – 81% ~ မင်းသားကြီး Dustin Hoffman ရဲ့ ဇာတ်ကားအသစ်ဖြစ်ပြီး သူ့အပြင် The Big Bang Theory ထဲက Howard အနေနဲ့ လူသိများခဲ့တဲ့ မင်းသား Simon Helberg ရဲ့ TBBT အလွန် Acting Skill တွေကိုပါ ရှုစားကြရပါလိမ့်မယ်။ ဒီကားကိုကြည့်ရင်းတွေးမိတာက အဘီဂေးရဲ့မိသားစုလိုမျိုးက လက်တွေ့မှာ လက်ညှိုးထိုးမလွဲများလွန်းတယ်လို့ပါပဲ။ မိဘတွေက သားသမီးကိုရွေးလို့ရတယ် သားသမီးက မိဘကိုရွေးလို့မရဘူး ဆိုတဲ့စကားအတိုင်းပါပဲ။ အဘီဂေးတို့မောင်နှမက မွန်းကြပ်ဖို့ကောင်းတဲ့မိဘတွေ ပိုင်ဆိုင်ထားတဲ့သူပါ။ ဒါပေမဲ့ အစ်ကိုဖြစ်သူက ကိုယ်လွတ်ရုန်းသွားတဲ့အချိန်မှာ ကိစ္စတွေက အကုန် အဘီဂေးခေါင်းပေါ်ကျလာပါတော့တယ်။ ကိုယ်ကလည်း ကလေးနှစ်ယောက်နဲ့ တစ်ခုလပ်ဖြစ်နေတဲ့အပြင် အဖေကလည်းနာမကျန်းဖြစ် အမေကလည်းတစ်မျိုးနဲ့ အဘီဂေးရဲ့ဘဝကို စိတ်၀င်တစားကြည့်ရမှာပါ။ အားလုံးပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီကားလေးက ရိုးရှင်းပေမဲ့ ငယ်ဘ၀ Trauma ရှိတဲ့သူတွေ၊ ပုံစံတူတဲ့မိသားစုကို ပိုင်ဆိုင်ထားတဲ့သူတွေအတွက်တော့ မျက်ရည်ဖြိုင်ဖြိုင်ကျအောင်လုပ်နိုင်ပါလိမ့်မယ်။ လူတိုင်းနီးပါးကတော့ အဖေနဲ့အမေစကားများရင် ချောင်တစ်ချောင်မှာကပ်ပြီး ခိုးငိုဖူးကြတဲ့သူတွေပဲမလား…) (ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...

Mea culpa (2014) ⭐IMDB: 6.1/10 (3 k Votes) 🎬 #Action #Crime #Thriller 🗓 2014 🎞 movie 📺 #1080p #720p 💿 1.7 GB ⦿ 696.5 MB 🌎 #France #Belgium #UnitedStates ⏰ 1 နာရီ 31 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်လမ်အကျဉ်းလေးကတော့ ဆီမွန်ဟာ အရက်မူးပြီး ကားမောင်းတာကြောင့် ယာဉ်တိုက်မှု ဖြစ်ပြီး တစ်ဖက်ယာဉ်မှာ ပါလာတဲ့လူသုံးယောက်သေဆုံးခဲ့ ရပါတယ်၊ ဆီမွန်ဟာ ရဲဝန်ထမ်းဖြစ်ပြီး အခုကိစ္စအတွက် သူ့အပြစ်မကင်းဘူးဆိုတာသိပါတယ်၊ ပြစ်ဒဏ်ကြောင့် ထောင်ကျခဲ့ပေမယ့် လူသေဆုံးမှုအတွက် အမြဲတမ်းလိုလိုစိတ်ဒဏ်ရာရနေပါတယ်၊ ဇနီးနဲ့ သားရှိပေမယ့် ထောင်ကနေလွှတ်လာတော့ ကွာရှင်းလိုက်ပါတယ်၊ သူတို့နေထိုင်တဲ့မြို့လေးမှာ မူးယစ်ဆေးရောင်းဝယ်တာတွေ လိင်ကိစ္စတွေရှိနေပေမယ့် ရောင်းဝယ်တဲ့သူတွေ တစ်ယောက်ပြီး တစ်ယောက်သေဆုံးနေပါတယ်၊ ပြစ်မှုကျုးလွန်သူတွေကို ဘယ်သူဘယ်ဝါမှန်းမသိတဲ့ မျက်မြင်သက်သေလည်းမရှိတဲ့အတွက် ဖမ်းမရဖြစ်နေပါတယ်၊ တစ်နေ့မှာတော့ နွားရိုင်းသတ်ပွဲသွားကြည့်ကြတဲ့ ဆီမွန်ရဲ့သားဟာ သန့်စင်ခန်းသွားရင်အမှတ်မထင် လူသတ်နေတဲ့ သူတွေကိုတွေ့သွားပြီးထွက်ပြေးပါတော့တယ်၊ လူသတ်သမား တွေဟာ သူတို့လုပ်ရပ်ရဲ့ မျက်မြင်သက်သေကိုအပြတ်ရှင်းဖို့ ကြိုးစားခဲ့အခါ ဆီမွန်တစ်ယောက်ဘယ်လိုကာကွယ်ပေးမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး...

Anything for Her (2008) ⭐IMDB: 7.1/10 (10 k Votes) 🎬 #Crime #Drama #Thriller 🗓 2008 🎞 movie 📺 #1080p #720p 💿 1.5 GB ⦿ 583.3 MB 🌎 #France #Spain ⏰ 1 နာရီ 37 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်လမ်းနာမည်လေးအတိုင်း ဇနီးအတွက် ဘာမဆိုလုပ်ပေးမယ့် ယောကျာ်းတစ်ယောက်ကိုမြင်တွေ့ရမှာမယ့် ပြင်သစ် Crime Drama Thrillaကားလေးဖြစ်ပါတယ်… ဂျူလီယန် နဲ့ လီဆာဟာ ကလေးတစ်ယောက်နဲ့ သာမန်ပျော်စရာမိသားစု ဘဝလေးကို နေထိုင်နေကြသူတွေပါ…။ တစ်နေ့ကျတော့ သူတို့တိုက်ခန်းကို ရဲတွေ ဝင်စီးပြီး လီဆာကို ဖမ်းခေါ်သွားပါတယ်။ အမှု‌မေးတော့ လူသတ်မှုတဲ့…လီဆာမကျူးလွန်တဲ့လူသတ်မှု။ ဖြစ်နိုင်စရာမရှိပါဘူး။ ဘာလို့ဆို သူတို့က ရိုးရိုးအေးအေးနေတဲ့ လင်မယားစုံတွဲ၊ တစ်ယောက်က ကျောင်းဆရာ တစ်ယောက်က ရုံးဝန်ထမ်း…။ ပြစ်မှုကျူးလွန်ဖို့ ပူလောင်သောကရောက်စရာလည်းမရှိသူတွေပါ။ ဒါပေမဲ့ ကိုယ်ကျင့်တရားတွေ ဘယ်လောက်ကောင်းကောင်း ဥပဒေက အနိုင်ရစမြဲပဲ ဖြစ်နေတော့ လီဆာဟာ ထောင် နှစ် ၂၀ကျသွားပါတယ်။ ကိုယ်ချစ်တဲ့သူ တစ်ဦးတစ်ယောက် အပြစ်မရှိဘဲ ထောင်ထဲရောက်သွားရင် ဘယ်လိုနေမလဲ… ဘယ်လိုခံစားရမလဲ… ဘာတွေပြန်ကြိုးစားပေးမလဲ…။ ဒါကို လက်မခံနိုင်တဲ့ ယောကျာ်းဖြစ်သူ ကျောင်းဆရာက ဇနီးဖြစ်သူကို ထောင်ထဲက ခေါ်ထုတ်ဖို့အကွက်ချစီစဥ်ပါတော့တယ်… လူမိုက်လည်းမဟုတ် ဂိုဏ်းစတားလည်းမဟုတ်တဲ့ ရိုးရိုးသာမန်ကျောင်း ဆရာတစ်ယောက်က ဘယ်လိုတွေ အသေးစိတ်စီစဥ်ပြီး ဇနီးဖြစ်သူကို ကယ်တင်မလဲဆိုတော့ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။...

I Am Not A Dionysian (2022) ⭐TMDB: 50.0% User Score 🎬 #Comedy 🗓 2022 🎞 Movie 📺 #1080p #480p 💿 815.2 MB ⦿ 420.6 MB 🌎 #China ⏰ 1 နာရီ 20 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ I Am Not A Dionysian ( 2022 )ဟာသရုပ်ရှင်လေးကို ဘာသာပြန်ပေးလိုက်ပါတယ်…ဇာတ်လမ်းအကျဥ်းချုပ်လေးကတော့…. အရှေ့မြောက်ပိုင်း ဝိုင်အရက်စက်ရုံက ဝန်ထမ်း စုန့်ဟိုင်လျန် ကစက်ရုံမှူး ရဲ့ လှည့်စားမှုကြောင့် သူ့ရဲ့အလုပ်သမားတွေဆီမှာ အကြွေးတင်နေခဲ့ပါတယ်…. တောင်ပိုင်းရှိ ဝိုင်အရက်စပ်သမား ရှုံချူမော့ကလည်းအလုပ်မှာ ပေါ့ဆမှုကြောင့် အလုပ်ပြုတ်သွားခဲ့တယ်…. အလုပ်လက်မဲ့ဖြစ်နေတဲ့ သူ နှစ်ယောက်ရဲ့ မတော်တဆဖုန်းခေါ်ဆိုမှုကဆင့်တွေ့ဆုံခဲ့ကြပြီး သူဌေးအယောင်ဆောင်ပြီးတော့ဝိုင်အရက်စက်ရုံကြီးရဲ့ စီးပွားရေးအကြောင်း ပြောဖြစ်ကြရင်းတာပေါ့ ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက်လှည့်စားနေရင်းကနေနောက်ပိုင်းမှာတော့ရိုးသားစွာ အသက်ရှင်နေထိုင်ခြင်းဟာ ဘဝရဲ့အဓိပ္ပါယ်အစစ်အမှန်ဖြစ်ကြောင်း ဘယ်လိုမျိုးသိရှိလာခဲ့လဲဆိုတာကိုပုံဖေါ်ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်...

Paraluman (2021) ⭐IMDB: 5.6/10 (187 Votes) 🎬 #Adult #Romance #Drama 🗓 2021 🎞 movie 📺 #1080p #720p 💿 1.2 GB ⦿ 606.7 MB 🌎 #Philippines ⏰ 1 နာရီ 31 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Paramulan 2021 ဒီဖိလစ်ပိုင်ကားလေးကို စကားလုံးတစ်ခုတည်းနဲ့ ဖော်ညွှန်းပေးရမယ်ဆိုရင်“စည်းခြားထားတဲ့အချစ်”လို့ပြောရမှာပါပဲ အဖေဆုံးသွားလို့ အကိုကြီးဆီမှာ ပြောင်းနေခဲ့တဲ့ မီယာဆိုတဲ့ဆယ်ကျော်သက်မြီးကောင်ပေါက်လေးဟာ ပီတာဆိုတဲ့အကိုကြီးကို တမ်းတမ်းစွဲကြွေသွားခဲ့ရတဲ့အကြောင်းပေါ့ ပီတာလိုမျိုး ဂစ်တာတီးသီချင်းလေးတွေ ဆိုပြတတ်ဓာတ်ပုံလှလှလေးတွေရိုက်ပေးတတ်တဲ့ အကိုကြီးကိုမီယာတစ်ယောက်ရင်ခုန်ရာကနေ တကယ်ချစ်မိသွားခဲ့တယ်ဒါပေမဲ့လည်း ပီတာဟာ အတူနေချစ်သူရှိနေတဲ့အခါ အချစ်ဆိုတာ ငှက်တစ်ကောင်လိုပဲလွတ်လပ်စွာပျံသန်းခွင့်ပေးလိုက်ပါကိုယ့်အတွက်ဆိုရင် ပြန်လာမှာပါပြန်မလာတော့ရင်လည်း လာတဲ့အထိစောင့်နေပါတဲ့….. သူပြန်မလာတော့မဲ့ ညိုကီတွေကိုလက်တို့ပေးချင်တာအဖော်အချွတ်ခန်းအနည်းငယ်ပါဝင်လို့ မိသားစုနဲ့ကြည့်ရှုဖို့မသင့်တော်ပေမဲ့တော်တော်ရိုတဲ့ အချစ်ကားလေးမို့ စော်ကိုလွမ်းရင်းငိုရင်း အားပေးကြပါလို့…....

Remi, Nobody's Boy (2018) ⭐IMDB: 7.0/10 (3 k Votes) 🎬 #Adventure #Drama #Family 🗓 2018 🎞 movie 📺 #1080p #720p 💿 2.7 GB ⦿ 753.1 MB 🌎 #France #Belgium ⏰ 1 နာရီ 48 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဟောင်းပေမဲ့လဲကောင်းနေဆဲဖြစ်တဲ့ဇာတ်ကားလေးတွေထဲက တစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဒီကားထဲကမင်းသား ဖြစ်တဲ့ကောင်လေးရဲ့ဘဝက ကိုးရီးယားဇာတ်ကားတွေ ဇာတ်နာတာတောင်လိုက် မမှီနိုင်လောက်အောင်အရမ်းသနားဖို့ ကောင်းပါတယ်။ ဇာတ်ကားလေးနာမည်ကတော့ Remi Nobody’s Boy ဖြစ်ပြီး ဘယ်သူ့ရဲ့သားမှမဟုတ်တဲ့ရမ်မီလို့အဓိပ္ပာယ်ရပါတယ်။ဘာလို့ ဇာတ်ကားနာမည်ကိုဒီလိုပေးရလဲဆိုတော့ ရမ်မီအသက်ဆယ်နှစ် ရောက်တဲ့အချိန်မှာသူ့ရဲ့မိဘတွေကသူ့ရဲ့မိဘအရင်းတွေမဟုတ်ဘဲ မွေးစားထားတာကိုသိခဲ့ရပါတယ်။အမေဖြစ်သူကတော့သူ့ရဲ့မွေးစား သားဖြစ်တဲ့ ရမ်မီကိုအရမ်းချစ်ပေမဲ့ မွေးစားအဖေဖြစ်သူကတော့ ငွေပဲမြင်တဲ့လူဖြစ်ပါတယ်။ ဒီလိုနဲ့မွေးစားအဖေဖြစ်သူကရမ်မီ့ကို မကျွေးမွေးချင်တော့မိဘမဲ့ဂေဟာကိုသွားပို့နေတဲ့အချိန်မှာ မာစတာဗတဲလက်စ်လို့ခေါ်တဲ့ နေရာအနှံ့လှည့်လည်သွားလာပြီး တိရစ္ဆာန်တွေနဲ့ဖျော်ဖြေတဲ့ လူတစ်ယောက်ကသူ့မွေးစားအဖေဆီက နေ ရမ်မီ့ကိုငှားရမ်းခဲ့ပါတော့တယ်။ဒါပေမယ့်ကံကောင်းစွာနဲ့ရမ်မီ့ရဲ့ သခင်ဖြစ်သွားတဲ့လူက သူ့အပေါ်မှာအဖေအရင်းလိုကြင်နာတဲ့သူ ဖြစ်နေပါတယ်။ ဒီလိုနဲ့ပျော်နေရတုန်းရှိသေးဝမ်းနည်းစရာကိစ္စတွေနဲ့ ထပ်ကြုံရပါတော့တယ်။ ဝမ်းနည်းစရာတွေကြုံပြီးတော့လဲပျော်စရာ တွေနဲ့ထပ်ကြုံရပါသေးတယ်။ ဒီလိုနဲ့ပျော်ရွှင်စရာတွေဝမ်းနည်းစရာ တွေနဲ့ဘဝက နိမ့်လိုက်ဖြစ်လိုက်တောက်လျှောက်ဖြစ်ပြီး နောက်ပိုင်းမှာ ရမ်မီ့အတွက်အဆုံးသတ်မှာသူ့မိဘရင်းတွေနဲ့ ပြန်တွေ့သွားမလား ဘယ်လိုဇာတ်သိမ်းမျိုးနဲ့အဆုံးသတ်သွားမယ်ဆိုတာ ကိုဒရာမာရသမျိုးစုံနဲ့ခံစားပြီးကြည့်ရှူရမှာပဲဖြစ်ပါတယ်။...

My Donkey, My Lover & I (2020) ⭐IMDB: 6.5/10 (3 k Votes) 🎬 #Adventure #Comedy #Romance 🗓 2020 🎞 movie 📺 #1080p #720p 💿 1.9 GB ⦿ 844.1 MB 🌎 #France #Belgium ⏰ 1 နာရီ 37 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Antoinette dans les Cévennes (2020) (My Donkey, My Lover & I) IMDb – 6.5/10 ဇာတ်လမ်းအညွှန်း ဇာတ်လမ်းလေးမှာ အန်တိုနက် ဆိုတဲ့ ကျောင်းဆရာမလေးက သူ့အတန်းထဲက ကလေးတစ်ယောက်ရဲ့အဖေဖြစ်သူဗလာဒီမီယာ နဲ့ တိတ်တိတ်ပုန်းတွဲနေတာပါ။ ကျောင်းအားလပ်ရက်မှာ အန်တိုနက်က ဗလာဒီမီယာနဲ့ အပန်းဖြေခရီးထွက်ချင်ပေမယ့် ဗလာဒီမီယာကတော့ သူ့မိန်းမစီစဉ်ထားတဲ့ မိသားစုအပန်းခရီးကိုပဲ သွားမှာဖြစ်ပါတယ်။ အဲ့တော့ အန်တိုနက်က သူတို့မိသားစုသွားမယ့် ခရီးစဉ်ကို တစ်ယောက်တည်းလိုက်လာဖို့ စီစဉ်လိုက်ပါတယ်။ ခရီးစဉ်ကတော့ ဆီဗန်နက်တောင်တွေဆီကို တောင်တက်ခြေလျင် ခရီးပဲဖြစ်ပါတယ်။ ခြေလျင်ခရီးစဉ်မှာ အန်တိုနက်တစ်ယောက် ပတ်ထရစ်ဆိုတဲ့မြည်းလေးနဲ့ အတူသွားဖို့ဖြစ်လာတော့ ဒီလိုခရီးစဉ် မျိုးနဲ့ အကျွမ်းဝင်မရှိတဲ့ အန်တိုနက်အတွက် ဘယ်လိုအခက်အခဲတွေ တွေ့ရမလဲ၊ ဗလာဒီမီယာနဲ့ရော တွေ့ရမလား၊ ဘာတွေဆက်ဖြစ်မလဲ ဆိုတာဆက်လက်ကြည့်လိုက်ကြပါနော်။ ခရီးစဉ်တစ်လျှောက် အန်တိုနက်နဲ့ မြည်းလေး “ပတ်ထရစ်”တို့ အကြား ဖြစ်ပေါ်လာတဲ့ သံယောဇဉ်တွေကို ဟာသတွေနဲ့ ကြည်ကြည် နူးနူးကြည့်ရမယ့်အပြင် ခရီးစဉ်ပြီးဆုံးအောင် သွားနိုင်ပြီးခရီးသွားခြင်းရဲ့ အရသာကိုအကြိုက်တွေ့သွားမယ့် အန်တိုနက်ကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ကျွန်တော်တို့ငယ်ငယ်တည်းက အသည်းစွဲဖြစ်ခဲ့ကြမယ့် “ရတနာကျွန်း”စာအုပ်ရဲ့ စာရေးဆရာရောဘတ်လူးဝစ်စတီဗင်ဆန် ရေးသားထားတဲ့ “Travels with a Donkey in the Cevennes” ဆိုတဲ့ စာအုပ်ကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ရယ်လည်းရယ်ရမယ့် romance/ comedy ပြင်သစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် )...

The Case of the Unknown (2020) ⭐TMDB: 0.0% User Score 🎬 #Action #Crime #Drama #Mystery 🗓 2020 🎞 Movie 📺 #1080p #480p 💿 825.0 MB ⦿ 368.1 MB 🌎 #China ⏰ 1 နာရီ 10 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ မှုခင်းဇာတ်လမ်းတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ရွာလေးတစ်ရွာမှာ (၅)လောင်းပြိုင်တစ်မိသားစုလုံးသတ်ခံရတဲ့အမှုဖြစ်ပွားခဲ့တယ်။ မြို့မှုခင်းရဲဌာနက အဖွဲ့မှူးဝမ်တို့ဟာစုံစမ်းစစ်ဆေးလိုက်တဲ့အခါမှာရွာလေးရဲ့အရှုပ်ထုပ်တွေကိုတစ်စပြီးတစ်စဆွဲထုတ်မိလာခဲ့ပါတယ်။ ဒီ(၅)လောင်းပြိုင်လူသတ်မှုရဲ့နောက်ကွယ်ကအမှန်တရားဟာဘယ်လိုရှိနေမလဲ……ရွာလေးရဲ့လျှို့ဝှက်ချက်တွေကရောဘာတွေရှိနေမလဲဆိုတာကို စိတ်ဝင်တစားနဲ့ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်...

Yellow Bird (2023) ⭐IMDB: 4.3/10 (220 Votes) 🎬 #Comedy 🗓 2023 🎞 movie 📺 #1080p #720p 💿 1.6 GB ⦿ 781.6 MB 🌎 #UnitedStates ⏰ 1 နာရီ 46 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Yellow Bird (2023) တစ်ခါက အောင်မြင်ခဲ့တဲ့ လုပ်ငန်းရှင်တစ်ယောက်ဟာ အခုအခါမှာတော့ စတိုးဆိုင်လေးတစ်ခုမှာ သာမန် အလုပ်သမားအဖြစ် အလုပ်ဝင်လုပ်နေရပါတယ်။ အိမ်ထောင်ကလည်းအဆင်မပြေသလို ကိုယ်တိုင်ကလည်း အရက်ဖြတ်ဖို့ ကြိုးစားနေရတဲ့အနေအထားပါ။ ဒီရုပ်ရှင်မှာ မြင်ရတာကတော့ အဘက်ဘက်က မြောင်းထဲကျနေတဲ့ဇာတ်လိုက်နဲ့ သူ့ကို ပိုနစ်ဖို့ ကူထိုးမယ့် ဝါးတွေကော၊ ဆယ်ဖို့ ကြိုးစားမယ့် လက်တွေကော၊ ကိုယ်တိုင်ကရော ပြန်တက်လာချင်ရဲ့လား မြောင်းထဲဆက်နေမလားဆိုတဲ့ ဆုံးဖြတ်ချက်ကော… တွေ့ရမှာပါ။ ပြောထားတာတွေက စိတ်ညစ်စရာတွေချည်းမို့ အထင်တော့မမှားလိုက်ပါနဲ့ဦး။ ဒီကားက ဟာသကားပါ။ အဲဒီလောက် စိတ်ညစ်စရာတွေကို ဘယ်လိုများရယ်ရအောင် ပြမလဲတော့ ကိုယ်တိုင်ပဲ ရှုစားတော်မူကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)...

Secret of the Wings (2012) ⭐IMDB: 7.0/10 (13 k Votes) 🎬 #Adventure #Animation #Family #Fantasy 🗓 2012 🎞 movie 📺 #1080p #720p 💿 1.6 GB ⦿ 788.0 MB 🌎 #UnitedStates #India #UnitedStatesofAmerica ⏰ 1 နာရီ 15 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tinkerbell : Secret of the Wings (2012)============================IMDb Rating – 7.0/10 Secret of the Wings ဆို Tinkerbell movie တွေထဲကလူကြိုက်အများဆုံးနဲ့ Scenario အလှဆုံးအပိုင်းလို့ပြောရင်လည်း မမှားပါဘူး။ နတ်သူငယ်မွေးဖွားခြင်းနိယာမကိုလွန်ဆန်တဲ့ Tinkerbell ရဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုအကြောင်းရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ Pixie Hollow ရဲ့ ဥတုလေးပိုင်းကွဲနေတဲ့ နယ်မြေတွေထဲမှာဆောင်းသစ်တောကတော့ ဘယ်အနွေးပိုင်းနတ်သားနတ်သမီးမဆို မြင်သာမြင် မကြင်ရဖြစ်နေတဲ့နေရာတစ်ခုပေါ့။အအေးပိုင်းနတ်သူငယ်တွေအနေနဲ့လည်း အနွေးပိုင်းနယ်မြေတွေဘက်ကိုလာခွင့်မရှိတဲ့အတွက် ဥတုနှစ်ခြမ်းက နတ်သားနတ်သမီးတွေအနေနဲ့ တစ်ဘက်မှာ ဖြူလား၊ မဲလားတောင်မသိတဲ့အထိပါပဲ။ စူးစမ်းနတ်သူငယ်ပီပီ စပ်စုတတ်တဲ့ Tinkerbellကတော့ ဆောင်းသစ်တောကို ကုန်တွေတင်မကဘဲ သူ့ကိုယ်သူပါအရောက်ပို့ချင်နေမိတာပါ။ တစ်နေ့မှာတော့ … နွေဦးရင်ပြင်ကတိရစ္ဆာန်လေးတွေကို ဆောင်းခိုဖို့အတွက် နယ်စပ်ကိုပြောင်းရွှေ့ပေးဖို့ဖြစ်လာပါတယ်။ Tinkerbell ကတော့ Fawn ကိုကူညီရင်းအလစ်မှာ ဆောင်းသစ်တောဘက်ခုန်ဝင်မိလို့ အတောင်ခဲတယ်အထင်ခံရပြီး ဆေးခန်းရောက်သွားပါတော့တယ်။ Tinkerbell ကတော့ အတောင်ခဲတာမဟုတ်ဘဲ သူ့အတောင်တွေအရောင်တောက်လာတာပါလို့ ပြောပေမယ့် ဘယ်သူမှမယုံကြပါဘူး။ ဒါပေမယ့် Tinkerbell ရဲ့စိတ်ထဲမှာ တစ်စုံတစ်ရာကို အခိုင်အမာခံစားလိုက်ရတာမို့လို့ ဆောင်းသစ်တောကို ခိုးသွားဖို့ကြံရာကနေ … ရှိလို့ရှိနေမှန်းတောင် မသိခဲ့ရတဲ့ ဘဝရဲ့ အရေးအပါဆုံးပျောက်ဆုံးပစ္စည်းလေးတစ်ခုကို ရှာတွေ့သွားတဲ့အခိုက်မှာတော့ … (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Hnin Wut Yi Myaing ဖြစ်ပါတယ်)...

Warhorse One (2023) ⭐IMDB: 4.8/10 (250 Votes) 🎬 #Action #Drama #War 🗓 2023 🎞 movie 📺 #1080p #720p #480p 💿 2.1 GB ⦿ 1.7 GB ⦿ 972.1 MB 🌎 #UnitedStates ⏰ 2 နာရီ 6 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အာဖဂန်နစ္စတန်စစ်ပွဲကိုဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ war & action movie အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းအစမှာတော့ စစ်ဖြစ်နေတဲ့အချိန် နိုင်ငံတွင်းမှာပိတ်မိနေတဲ့အမေရိကန်နိုင်ငံသားတွေကို ကယ်တင်ဖို့စစ်ဆင်ရေးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ် အဲဒီထဲမှာ Warhorse တပ်ဖွဲ့ကရဟတ်ယာဉ်ပျက်ကျရာကနေတပ်ဖွဲ့မှူးတစ်ယောက်ပဲအသက်ရှင်ကျန်တော့တဲ့အခြေအနေကိုရောက်သွားခဲ့ပြီး သူ့တစ်ယောက်ထဲရန်သူ့နယ်မြေမှာသွားလာရင်း တာဝန်ပေးထားတဲ့အမေရိကန်နိုင်ငံသားတွေကို‌ကယ်ထုတ်လာနိုင်ပါ့မလား၊ ရန်သူပတ်လည်ဝိုင်းနေတဲ့နေရာကနေသူတို့ဘယ်လိုလွတ်မြောက်အောင်တိုက်ထွက်ကြမလဲဆိုတာကိုစောင့်ကြည့်ရမှာပါ အာဖဂန်နစ္စတန်အကြောင်းရိုက်ထားတဲ့စစ်ကားတွေထဲမှာ ဒီနှစ်မှထွက်ထားတဲ့နောက်ဆုံးပေါ်ဇာတ်ကားတစ်ကားဖြစ်လို့မလွတ်တမ်း‌ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။...

Knight and Day (2010) ⭐IMDB: 6.3/10 (204 k Votes) 🎬 #Action #Adventure #Comedy 🗓 2010 🎞 movie 📺 #720p #1080p 💿 1.2 GB ⦿ 3.3 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tom Cruiseနဲ့Cameron Diazတို့ပါဝင်ထားတဲ့ဇာတ်ကားလေးပါ…နှစ်ယောက်လုံးကဝါရင့်တွေပီပီ ဇာတ်ကားတစ်လျှောက်လုံး ကြည့်ရှုသူအပေါင်းကို စိတ်ပါဝင်စားအောင် ဆွဲခေါ်သွားနိုင်ပါတယ်… ပေါ့ပေါ့ပါးပါး ဟာသဆန်ဆန် Action ကားကိုကြည့်မယ်ဆိုရင်အလိုက်ဖက်ဆုံးဇာတ်ကားပါ… Comedy Action ဆိုပေမယ့် IMdb Rating (6.3) ထိ ရရှိထားတာမလို့ ဘယ်လောက်ထိ ကြည့်ပျော်မယ်ဆိုတာ ခံစားကြပါဦး။...

Tinker Bell and the Great Fairy Rescue (2010) ⭐IMDB: 6.8/10 (9 k Votes) 🎬 #Adventure #Animation #Family #Fantasy 🗓 2010 🎞 video movie 📺 #1080p #480p #720p 💿 1.5 GB ⦿ 422.7 MB 🌎 #USA #UnitedStates #India #Canada #UnitedStatesofAmerica ⏰ 1 နာရီ 17 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tinker Bell and the Great Fairy Rescue (2010)=================================IMDb Rating – 6.8/10 “လက်တွေ့လောကမှာ မြင်နိုင်၊ ကြားနိုင်၊ လက်ဆုပ်လက်ကိုင်သက်သေပြနိုင်မှ ဖြစ်တည်မှုအစစ် ” လို့ လူကြီးသူမတွေကတထစ်ချယုံကြည်နေကြချိန် …” နတ်သမီးလေးတွေတကယ်ရှိတာပါ ” ဆိုသူ ကလေးငယ်လေးတွေလည်း ရှိကြတာပေါ့။နွေရာသီအစကိုရောက်ခဲ့ပြီ။ ပင်မနယ်မြေကို ဆောင်းကုန်ပြီးနွေကူးစေဖို့ တာဝန်ကျရာ နတ်သူငယ်တို့လည်း အသီးသီးရောက်လာကြချိန်ပေါ့။ Tinkerbell တို့စခန်းချထားတဲ့နေရာနားမှာတော့ Lizzy တို့သားအဖရဲ့ နယ်ခွဲအိမ်လေးပါပဲ။ စပ်စုတတ်တဲ့ Tinkerbell ကတော့သားအဖနှစ်ယောက်ရောက်ရောက်ချင်းမှာပဲ Lizzy အဖေရဲ့ ကားကိုမျက်စိကျပြီး အနီးကပ်သွားကလိပါတော့တယ်။ စခန်းကိုအပြန်လမ်းမှာ မြက်ခင်းထဲက နတ်သူငယ်အရွယ်နဲ့ ကွက်တိဖြစ်နေတဲ့အိမ်သေးသေးလေးတစ်လုံးထဲကို Tinkerbell ဝင်သွားပြီးနောက်မှာတော့ … ပန်းလေးတွေခူးပြီးပြန်ရောက်လာတဲ့ Lizzy လည်းသူ့နတ်သမီးအိမ်တံခါးလေးလှုပ်နေတာကို တွေ့လိုက်ရတဲ့အခါ …. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Hnin Wut Yi Myaing ဖြစ်ပါတယ်)...

Archaeology of Love (2022) ⭐IMDB: 7.8/10 (9 Votes) 🎬 #Drama #Uncategorized #Romance 🗓 2022 🎞 movie 📺 #1080p #720p 💿 2.6 GB ⦿ 908.0 MB 🌎 #SouthKorea #France ⏰ 2 နာရီ 44 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Archaeology of Love (2022) ****************************** ယောင်းရှီးနဲ့ အင်းရှစ်ဟာ တွေ့ဆုံပြီး ရှစ်နာရီအကြာမှာတင် တစ်ယောက်နဲ့တစ်ယောက် ချစ်မိသွားကြပါတယ်။ ​အင်းရှစ်က ယောင်းရှီးကို လွတ်လပ်မှုရှိတဲ့လူလို့ တထစ်ချယုံပြီး​ ဘယ်လိုအခြေအနေမျိုးမှာမဆို အတူရှိ​နေပေးဖို့ ကတိတစ်ခု ​တောင်းခံခဲ့တယ်။ အချိန်​တွေကြာလာတာနဲ့အမျှ အင်းရှစ်ရဲ့ ​ယောင်းရှီးနဲ့ပတ်သတ်တဲ့ စွဲလမ်းမှုက ဆိုးဝါးလာခဲ့ပြီး​ သူတို့ရဲ့ ၈နှစ်တာ ရှုပ်​ထွေး​နေတဲ့ ဆက်ဆံ​ရေးကြားမှာ ယောင်းရှီးတစ်ယောက် အင်းရှစ်ကို ​ပေးထားတဲ့ကတိကို တည်ဖို့ကြိုးစားနိုင်မလား…။ ဒါမှမဟုတ် လွတ်​မြောက်အောင်ကြိုးစားပြီး သူ့ရဲ့အချစ်သစ်ကိုပဲ စတင်မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော်…။...